Pregnancy and Folic Acid ( ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်ဆစ်) (November, 2022)

” ကိုယ်ဝန်ဆောင်နှင့် Folic acid “

ကျန်းမာတဲ့ကလေးလေးရှိခြင်းက သင်ကိုယ်တိုင်ကလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုလိုပါတယ်။ အဲ့တော့ သင့်ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းခြင်းတွေ မဖြစ်အောင်ကာကွယ်ဖို့ အရေးကြီးဆုံးအချက်ကတော့ လုံလောက်တဲ့ဖောလစ်အက်ဆစ်ပမာဏကို ကိုယ်ဝန်ဆောင်ဖို့ဆုံးဖြတ်လိုက်ချိန်မှစ၍ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး နေ့စဉ်ပုံမှန်သောက်သုံးဖို့ပါပဲ။

အရင်ဆုံး ဖောလစ်အက်ဆစ် (Folic acid) ဆိုတာဘာလဲ ပြောပြပါမယ်။

Folic acid ဟာ ဗီတာမင် ဘီ အုပ်စုဝင် ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဗီတာမင် B9 ပါ။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်နဲ့ ပဲတောင့်ရှည်လို အစိမ်းရင့်ရောင်အသီးအရွက်များနဲ့ အစေ့အဆန်တွေမှာ Folic acid ဓာတ် အများဆုံးပါဝင်ပါတယ်။

Folic acidသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ?

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် Folic acid ဓာတ် 400 မိုက်ခရိုဂရမ်ကို ကိုယ်ဝန်မရခင်ထဲကနေ ကိုယ်ဝန်ရပြီး ၃လတောက်လျှောက်လောက်ကို နေ့စဉ်သောက်သုံးရပါမယ်။ အဲ့လိုသောက်သုံးပေးခြင်းက မွေးဖွားလာမယ့်သန္ဓေသားမှာ မွေးရာပါချို့ယွင်းခြင်းများ ( Neural tube defects ) စတဲ့ဆိုးကျိုးတွေကို ရှောင်ရှားပေးနိုင်ပါတယ်။

Neural tube defects ဆိုတာကတော့ မွေးရာပါဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းများ ဖြစ်ပါတယ်။ Neural tube defects ထဲမှာ ပါဝင်တာတွေကတော့….

* Spina bifida – မွေးရာပါ အာရုံကျောရိုးမကြီး ချို့ယွင်းခြင်း

* Anencephaly – မွေးရာပါ ဦးခေါင်းခွံနှင့် ဦးနှောက်အစိတ်အပိုင်းများ မပါလာခြင်း

* Encephalocele – ဦးနှောက်အစိတ်အပိုင်းတွေက ချို့ယွင်းချက်ရှိတဲ့ ဦးခေါင်းခွံမှတစ်ဆင့် အပြင်ဘက်သို့ထွက်နေခြင်း တို့ဖြစ်ပါတယ်။

အဲ့လိုမွေးရာပါချို့ယွင်းခြင်းရောဂါတွေဟာ ကိုယ်ဝန်သက်တမ်း ၂၈ ရက်အတွင်း သန္ဓေသားမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်သက်တမ်း ၂၈ ရက်ဆိုတာ အမျိုးသမီးအများစုက မိမိကိုယ်ကိုတောင် ကိုယ်ဝန်ရှိမှန်း မသိကြသေးတဲ့အချိန်ဖြစ်ပါတယ်။

အဲ့ဒါကြောင့်မို့ ကိုယ်ဝန်ယူဖို့စဉ်းစားထားသူတွေနဲ့ အရွယ်ရောက်ပြီးအမျိုးသမီးတိုင်းဟာ Folic acid ဓာတ် လုံလုံလောက်လောက်ရရှိဖို့ အရေးကြီးပါတယ်။

Folic acid ဟာ မွေးရာပါဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းတွေကို ကာကွယ်ပေးတဲ့နေရာမှာ ဘာလို့အရေးပါရသလဲဆိုရင် Folic acid က ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေ ကြီးထွားဖွံ့ဖြိုးစေသလို တစ်သျှူးဖြစ်ပေါ်လာအောက်လည်း လုပ်ဆောင်ပေးလို့ပါ။

Folic acid ဓာတ် ပြည့်ဝအောင် ဘယ်လိုလုပ်ကြမလဲ ?

Folic acid ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားသုံးပေးရပါမယ်။ အကယ်လို့ မိမိစာသုံးတဲ့အစားအစာမှာ Folic acid ဓာတ်ပါဝင်မှု နည်းနေမယ်ဆိုရင် ဖြည့်စွက်အားဆေးတွေ သောက်သုံးပေးရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ကတော့ ကိုယ်ဝန်ဆောင်အားဆေးတွေအပြင် Folic acid ကို နေ့စဉ်ပုံမှန် သောက်ကိုသောက်သုံးရပါမယ်။ အကောင်းဆုံးကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ Folic acid ဓာတ်ပမာဏကို ပုံမှန်သောက်သုံးပေးရပါမယ်။ သင်ဟာ အရင်က မွေးရာပါအာရုံကြောချို့တဲ့ကလေးတစ်ယောက် မွေးခဲ့ဖူးမယ်ဆိုရင် Folic acid ဓာတ်ပမာဏကို သူများထက် ပိုလိုအပ်နိုင်ပါတယ်။

Reference: ????
https://kidshealth.org/en/parents/preg-folic-acid.html

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#Folic_acid#ဖောလစ်အက်စစ်

Ministry of Health,

National Unity Government.

Published on: 9 November 2022
Last Updated: 9 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား

မနက်နိုးနိုးချင်း ကော်ဖီ အပြေးအလွှား သောက်နေပြီလား ☕️☕️ မနက်ခင်း အိပ်ရာကနိုးတာနဲ့ လူက လန်းလန်းဆန်းဆန်း ဖြစ်လာအောင်ဆိုပြီး ကော်ဖီတစ်ခွက်ကို အမြန်ဆုံး ဖျော်သောက်ပြီးမှ အလုပ်စတတ်ကြတယ်မို့လား။ ဒါပေမယ့် တကယ်တော့... မနက်နိုးနိုးချင်း ကော်ဖီချက်ချင်းသောက်တာဟာ ကော်ဖီရဲ့အာနိသင်ကို အပြည့်အဝ မရရှိစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ သဘာဝစနစ်ကိုပါ ကမောက်ကမ ဖြစ်စေတယ်ဆိုတာ အာရုံကြောသိပ္ပံနည်းအရ...

အယူအဆလွဲများ (၃၂)

❌ အယူအဆလွဲ >>> အလုပ်လုပ်ရက်တွေမှာ တစ်နေ့ ၄-၅ နာရီပဲအိပ်ပြီး ပိတ်ရက်ရောက်မှ တစ်နေ့လုံး အိပ်လိုက်ရင် ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားမယ်။ ☑️ အမှန် >>> အိပ်စက်ခြင်းဆိုတာ ဘဏ်အကောင့်ထဲ ငွေစုသလိုမျိုး မဟုတ်ပါဘူး။ အလုပ်ရက်တွေမှာ ဆုံးရှုံးသွားတဲ့ "အိပ်စက်မှု အကြွေး" (Sleep...

အဆိပ်အတောက်ဆန်တဲ့ အသိတရားတွေကို လက်ဆင့်မကမ်းမိကြစေဖို့

ဒီဘက်ခေတ် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ “Date Girl” လုပ်ရတာ အဆင်ပြေကြောင်း၊ ပိုက်ဆံအလွယ်ရကြောင်းနဲ့ လူမှုပတ်ဝန်းကျင်မှာ အထာကျကျ နေထိုင်နိုင်ကြောင်း ရေးသားဖော်ပြနေတဲ့ အဆိပ်အတောက် (Toxic) ဖြစ်စေမယ့် စာသားတွေကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။ အထူးသဖြင့် လောကအကြောင်း နားမလည်သေးတဲ့ လူငယ်လေးတွေအတွက် ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ ‌ကျော့ကွင်းတစ်ခုလိုပါပဲ။ ဒီအပေါ်မှာ...

အသည်းရောင်အသားဝါ A ရောဂါအကြောင်း

အသည်းရောင်အသားဝါ A ရောဂါကူးစက်မှုတွေက အဖြစ်များလာတာမို့ ဂရုစိုက်ဆင်ခြင်နိုင်ဖို့ မျှဝေလိုက်ရပါတယ်။ ဒီရောဂါဟာ Hepatitis A ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ အသည်းရောင်ရောဂါ ဖြစ်ပါတယ်။ ✓ ဗိုင်းရပ်စ်ရဲ့ သဘာဝ အသည်းရောင်အသားဝါ အေ ဗိုင်းရပ်စ်ဟာ ပတ်ဝန်းကျင်မှာ ခံနိုင်ရည် အလွန်မြင့်မားတဲ့ ပိုးဖြစ်ပါတယ်။ အပြင်ဘက်မှာ အဆီအမြှေးပါးမရှိတဲ့ ဗိုင်းရပ်စ်ဖြစ်လို့ အရက်ပြန်ပါတဲ့...