“ အေသုံးလုံးနှင့် စူပါဆန်းဒေး”
တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။
ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။
“ အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။ အခုတော့ CT ရိုက်ဖို့ စောင့်နေပါတယ်။ သွေးတောင်းထားတယ်။ လိုတာတွေ စစ်ထားတယ်။ လူနာကတော့ ဗိုက်နာ၊ ခါးနာ နှစ်ရက်နဲ့ သတိကောင်းပါတယ်။ သွေးပေါင် ၁၀၀/၅၅၊ အောက်ဆီဂျင် ၉၈%၊ နှလုံးခုန်နှန်း ၁၁၂ ပါ” တဲ့။
…
…
ကဲ
ဒါနဲ့ပဲ အရေးပေါ်ကို Ward ထဲက တာဝန်ကျဆရာဝန်တွေနဲ့အတူ သွားကြည့်တဲ့အခါ . .
လူနာက ၆၇ နှစ် အမျိုးသား
ဗိုက်/ကျော နာနေတယ်။
သွေးတိုးရှိတယ်
ဆေးလိပ်သောက်တယ်။
အခု CT ခန်းထဲမှာမို့ (တစ်ခါထဲသွားကြည့်ရာ)
CT ဓာတ်မှန်ပုံတွေလည်း မြင်ရရော လူနာနဲ့ လူနာရှင်ကို ရှင်းပြရပါတော့သည်။ လူနာက ဘာရောဂါလဲ၊ ဘာလုပ်ရမလဲဆိုတာ။
———။ ။———
(အေသုံးလုံး)
Abdominal Aortic Aneurysm (AAA)
ဘာဖြစ်တာလဲ 🤔
ဝမ်းဗိုက်ရှိ ပင်မသွေးလွှတ်ကြောဖောင်းခြင်််း။
ခန္ဓာကိုယ်၏ ပင်မသွေးလွှတ်ကြောကြီးသည် နှလုံးမှထွက်လာပြီး တစ်ကိုယ်လုံးကို သွေးလည်ပတ်မှု ကောင်းစွာပေးနိုင်သော သွေးကြောကြီး ဖြစ်သည်။
ထိုသွေးကြောမကြီးသည် အကြောင်းအမျိုးမျိုးကြောင့် ဖောင်းလာနိုင်သည်။
အခုကတော့ အဲဒီထဲက ဝမ်းဗိုက်နေရာရှိ သွေးကြောမကြီး ဖောင်းနေခြင်းဖြစ်သည်။
CT မှာ သွေးကြောက သွေးယိုစိမ့်နေတာလည်း တွေ့ရတယ်။
- ခွဲရမယ် အရေးပေါ် *
ဒါနဲ့ပဲ ခွဲလိုက်တယ် . . .လူနာသဘောတူညီချက် ရယူပြီး။
လူနာကောင်းသွားပါတယ်။
ခွဲစိတ်တာ အောင်မြင်တယ်။ လူနာလည်း အဆင်ပြေပါတယ်။
ခွဲခန်းထဲမှ လူနာထွက်
အဆင်ပြေ/ စိတ်ချရတဲ့အချိန် နာရီကြည့်တော့
၆ နာရီကျော်ပေါ့။
စူပါဆန်းဒေးပါပဲ။
…
…
နည်းနည်းပြောမယ်
ဒီရောဂါက ဘယ်သူတွေ ဖြစ်နိုင်ခြေများလဲဆိုတာ။
၁။ အသက် ၆၅ နှင့်အထက်
၂။ အမျိုးသားတွေ
၃။ ဆေးလိပ်သောက်သူ
၄။ သွေးတိုးရှိသူ
၅။ မိမိ၏မျိုးရိုးတွင် သွေးကြောမကြီးဖောင်းသည့် ရောဂါရှိသူ
၆။ နှလုံးသွေးကြောရောဂါရှိသူ
၇။ သွေးကြောတွေ ရောင်တဲ့ရောဂါရှိသူ
၈။ သွေးတွင်းအဆီဓာတ် ပုံမှန်မဟုတ်သူတွေ
…
…
ရောဂါဖြစ်ရင် ဘာတွေဆက်ဖြစ်နိုင်လဲ 🤔
သွေးကြောဖောင်းတာ အရွယ်ကြီးရင် ကြီးသလို ပေါက်ထွက်တာ ဖြစ်နိုင်တယ်။ ပေါက်သွားပြီဆိုရင်တော့ ရုတ်တရက် အသက်အန္တရာယ်ရှိပါတယ်။
…
…
ရောဂါရှိရင် ဘာတွေခံစားရနိုင်လဲ 🤔
၁။ အရွယ်အစားသေးရင် ဘာရောဂါလက္ခဏာမှ မပြတတ်ဘူး ဖြစ်နိုင်တယ်။
၂။ ဗိုက်/ခါး နာတာ
၃။ ခြေထောက်သွေးကြောတွေ ပြဿနာပေးတာ
၄။ တစ်စုံတစ်ခုကြောင့် အာထရာဆောင်း ရိုက်ရင်းနဲ့ သွေးကြောဖောင်းနေတာကို တွေ့တာဖြစ်နိုင်တယ်။
၅။ ဗိုက်မှာ အလုံးစမ်းမိတာ/ အလုံးက နှလုံးခုန်သလို လှုပ်နေတာမျိုး
၆။ အသက်ရှူမဝတာ၊ သတိလစ်တာ ဖြစ်နိုင်တယ်။
…
…
အရွယ်အစားသေးရင် ဘာလုပ်သင့်လဲ 🤔
- နှစ်စဥ် ပုံမှန် အာထရာစောင်းရိုက်တာ၊ သွေးစစ်တာတွေ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လုပ်ရပါမယ်။
- သွေးကျဆေး/ အဆီဓာတ်ထိန်းဆေး အစရှိသဖြင့် စွဲသောက်ရပါမယ်။
- ဆေးလိပ်သောက်တာ ရပ်ရပါမယ်။
…
…
အရွယ်အစားကြီးလို့ ခွဲသင့်တယ်ဆိုရင် အောင်မြင်နိုင်လား 🤔
လူနာအခြေနေပေါ် မူတည်ပါတယ်။ ခွဲသင့်တဲ့ အရွယ်၊ ခွဲလို့လည်း ရတယ်ဆိုရင်တော့ ခွဲရပါမယ်။
…
….
ခွဲပြီးရင်ရော ဆေးရုံမှာ ဘယ်နှရက်နေရမလဲ 🤔
ဘာပြဿနာမှ ထူးထူးခြားခြားမရှိရင် တစ်ပတ် ဆယ်ရက်ခန့်ကြာရင် ဆေးရုံဆင်းနိုင်ပါပြီ။
——-။ ။——–
ဒီလောက်သိပြီဆိုရင်
လူနာတွေ ရောဂါတွေ့ပြီဆိုရင် အမြန်ဆုံး ကုသမှုခံယူသင့်ပါတယ်။
*သွေးကြောဖောင်းနေတယ်ဆိုတာ ကြောက်ဖို့ကောင်းပါတယ်။ သတိထားရပါမယ် *
ဆရာဝန်နဲ့ ပြချင်တယ်ဆိုရင်တော့. . .
လူနာကိုယ်တိုင် တယ်လိီကျန်းမာ ဆေးခန်းမှာ အခမဲ့ ပြသနိုင်ပါတယ်။
AAA
နှလုံးခွဲစိတ်ဆရာဝန်တစ်ဦး
Telekyanmar
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


