အလွဲ ❌ ရေအေးဖြင့် ခေါင်းလျှော်ခြင်းသည် ဆံသား၏အစိုဓာတ်ကို ထိန်းပေးပြီး ဆံပင်ကို တောက်ပြောင်စေသောကြောင့် ရေနွေးနွေးဖြင့် လုံးဝ မလျှော်သင့်။
အမှန် ✅ ဆံပင်အတွက် အကောင်းဆုံးမှာ ရေနွေးနွေး (Tepid Water) ဖြစ်ပြီး အလွန်အေးသောရေ သို့မဟုတ် အလွန်ပူသောရေ နှစ်မျိုးလုံးကို ရှောင်သင့်ပါသည်။
ဆံပင်လျှော်ရာတွင် ရေနွေးနွေးကို အသုံးပြုခြင်းသည် ဦးရေပြားရှိချွေးပေါက်များကို ပွင့်စေပြီး အဆီ၊ ဖုန်မှုန့်များနှင့် ခေါင်းလျှော်ရည် အကြွင်းအကျန်များကို ထိရောက်စွာ ဖယ်ရှားသန့်စင်ပေးနိုင်ပါသည်။
အလွန်ပူသောရေသည် ဆံသားနှင့်ဦးရေပြားကို ခြောက်သွေ့စေပြီး အဆီဓာတ်ကို ပိုမိုထုတ်လုပ်စေကာ ဗောက်ထခြင်းကို ပိုဆိုးစေနိုင်ပါသည်။
အလွန်အေးသောရေသည် ဦးရေပြားကို လုံလောက်စွာ သန့်စင်ပေးနိုင်ခြင်းမရှိဘဲ အဆီနှင့်အညစ်အကြေးများ ကျန်နေစေနိုင်ပါသည်။
သို့သော် ခေါင်းလျှော်ခြင်းကို အဆုံးသတ်သည့်အနေဖြင့် ရေအေးဖြင့် ဆေးကြောခြင်းသည် ဆံသား၏အပေါ်ယံလွှာကို ပိတ်စေပြီး ဆံပင်ကို ပိုမိုတောက်ပစေရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

