အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။
အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ ဖြစ်ပါတယ်။
ဆရာဝန်နဲ့ တိုင်ပင်ခြင်းမရှိဘဲ မိမိသဘောနဲ့ ဆေးရပ်လိုက်ရင် သွေးပေါင်ချိန် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ရုတ်တရက် ပြန်တက်လာပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း စတဲ့ အန္တရာယ်ကြီးတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် သွေးတိုး (သို့) ဆီးချိုရှိပါက သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်နေဖို့လိုပြီး ဆရာဝန်နဲ့ ပြသပြီးမှ ရက်ချိန်းမှန်မှန်ယူကာ ဆေးညှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.

