အလွဲ ❌ နေမကောင်းရင် ရေချိုးလို့မရဘူး။ ရေချိုးရင် အပူပိုကြီးမယ်၊ ဖျားမယ်၊ အအေးမိမယ် ဒါမှမဟုတ် ဖျားတာ ပိုကြာမယ်။

အမှန် ✅ တကယ်တော့ ဖျားနေချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးခြင်းဟာ ကိုယ်ပူကျစေပါတယ်။ ရေနွေးငွေ့နဲ့ ရေရဲ့အပူဓာတ်က နှာခေါင်းပိတ်တာကိုသက်သာစေပြီး အသက်ရှူရ လွယ်ကူစေပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကိုက်ခဲနာကျင်မှုတွေနဲ့ အဖျားကြောင့်ဖြစ်တဲ့ မအီမသာဖြစ်မှုတွေကို သက်သာစေပြီး အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။

ဘယ်လို ပြုလုပ်သင့်လဲ 🤗

ရေနွေးနွေးကိုသာ သုံးပါ။
ရေခဲရေ (သို့) အရမ်းပူတဲ့ ရေနွေးကို ရှောင်ပါ။

အကြာကြီးမချိုးပါနဲ့။
ခပ်မြန်မြန်လေးပဲ ချိုးပေးပါ။

ရေချိုးပြီးချိန် နွေးထွေးအောင်နေပါ။
ရေချိုးပြီးတာနဲ့ ခန္ဓာကိုယ်ကို ချက်ချင်းခြောက်သွေ့အောင်သုတ်ပြီး အဝတ်အစားနွေးနွေးထွေးထွေး ဝတ်ပါ။
(ကိုယ်အပူချိန် မြင့်တက်နေချိန် အဝတ်အစားအထူကြီးတွေ နှစ်ထပ်သုံးထပ် ဝတ်တာမျိုးကို မဆိုလိုပါ။ ကိုယ်အပူမြင့်နေချိန် လေဝင်လေထွက်ကောင်းမွန်ပြီး ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်သင့်ပါတယ်)
.

မှတ်ချက်။ ကိုယ်ပူကြီးတယ်၊ အရမ်းအားမရှိဘဲ မလှုပ်နိုင်မကိုင်နိုင်လောက်အောင် ဖြစ်နေရင်တော့ ရေချိုးဖို့ အတင်းအကျပ် လုပ်မယ့်အစား ရေပတ်တိုက်တာမျိုးက ပိုပြီးသင့်တော်ပါတယ်။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here