Welcome August

သြဂုတ်လ ပထမအပတ်လေးဟာဆိုရင် မိခင်နို့ချိုတိုက်ကျွေးခြင်း အထိမ်းမှတ်ရက်သတ္တပတ်ဖြစ်တာမို့ မိခင်နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်တဲ့ ဗဟုသုတ အချို့လေးကို မျှဝေပေးချင်ပါတယ်။

မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ အမေက ကလေးကို အာဟာရဖြည့်တင်းပေးရုံ တစ်ခုတည်းမဟုတ်ဘဲ ကလေးနဲ့ မိခင်ကြားက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ကျူးပေးခြင်းလည်း ဖြစ်ပါတယ်။

မိခင်နို့ချိုတိုက်ကျွေးနေသော မိခင်များအနေနဲ့ မိမိ အဆင်ပြေဆုံးပုံစံနဲ့ တိုက်ကျွေးလို့ရပါတယ်။ ဒါ့အပြင် မိခင်တွေရဲ့ မိခင်နို့ချိုတိုက်ကျွေးခြင်းခရီးစဉ်က တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနိုင်ပါတယ်ရှင့်။

တချို့ အလုပ်လုပ်နေရတဲ့ မေမေတွေဆို မိခင်နို့ကို Pumper နဲ့ ထုတ်ပေးခဲ့မယ်၊ အိမ်နေမိခင်နေအတွက်ဆို ကလေးနို့ဆာတိုင်းတိုက်မယ်၊ အလုပ်လုပ်ရင်း နို့တိုက်ကျွေးရတယ်ဆိုလည်း တိုက်ကျွေးလို့ရပါတယ်။ ဘယ်ဟာမှ အမှန်မရှိပါဘူး။ အရေးကြီးတာက ပတ်ဝန်းကျင် မိသားစုဝင်တွေအနေနဲ့ မေမေတွေကို ဂရုစိုက်ပေးဖို့နဲ့ ဝေဖန်အပြစ်တင်တာမျိုးမလုပ်ဘဲ မိခင်နို့ချိုတိုက်ကျွေးချိန် နို့တိုက်မိခင်ကို လိုအပ်တာလေးတွေကို ကူညီအားပေးဖို့လိုပါတယ်။

မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ ကလေးအတွက် ရောဂါကာကွယ်မှု စနစ်ကောင်းစေခြင်း၊ ဓာတ်မတည့်ခြင်းမှ ကာကွယ်ပေးခြင်းတို့ကို ဖြစ်ပေါ်စေပြီး ဘက်တီးရီယားပိုးဝင်ခြင်း၊ သက်ငယ်ဆီးချိုဖြစ်ခြင်း စသည့် ရောဂါများစွာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်ရှင်။ ဒါွအပြင် ကလေးငယ်များ ရုတ်တရတ် သေဆုံးခြင်း (SIDS) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

အခုချိန်ထိလည်း ကလေးအရွယ် (၆) လထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်းကို အကောင်းဆုံးလို့သတ်မှတ်ထားကြတာပါ။

ဒါ့အပြင် မေမေတွေအတွက်လည်း ရင်သား၊ သားဥနဲ့ သိုင်းရွိုက်ကင်ဆာဖြစ်ခြင်း၊ နှလုံးရောဂါများ၊ အရိုးပွခြင်း အစရှိတဲ့ ရောဂါများစွာကိုလည်း ကာကွယ်ပေးနိုင်ပြီး မိသားစုအနေနဲ့ နို့မှုန့်ဖိုး အကုန်ကျသက်သာစေပါတယ်ရှင်။

နောက်ဆုံးအနေနဲ့ အမေးများဆုံးမေးခွန်းက အမေနေမကောင်းရင် မိခင်နို့ချိုတိုက်ကျွေးလို့ရပါသလား ဆိုတာပါ။

Yes ပါ။ ရပါတယ်ရှင်။

ရိုးရိုးသာမန်နေမကောင်း (နှာစေး၊ ချောင်းဆိုး) လို့ သောက်ဆေးတွေသောက်နေရတဲ့ မိခင်တွေ မိခင်နို့တိုက်ကျွေးလို့ရလားဆိုလည်း ရပါတယ်ရှင်။ မေမေတွေအနေနဲ့ ကလေးမကိုင်မီ လက်ဆေးဖို့တော့ မမေ့ပါနဲ့နော်။

နောက်တစ်ခု မမေ့ဖို့က မေမေတွေအနေနဲ့ တစ်ခုခု မသေချာရင် ဆရာဝန်ကို သေချာမေးပါ။ တချို့ ​ကင်ဆာဆေးတွေ၊ Radioactive (ရေဒီယိုသတ္တုဓာတ်ကြွပစ္စည်း) ပါတဲ့ဆေးတွေ သုံးစွဲနေရရင်တော့ မိခင်နို့ချိုတိုက်ကျွေးပြုလုပ်လို့ မရပါဘူးရှင်။

မိခင်နို့ချိုတိုက်ကျွေးနေသော မေမေများအကုန် နို့ချိုတိုက်ခြင်း အဆင်ပြေကြပါစေရှင့်…။

Dr Cool
Telekyanmar

Ref : 📚
https:// www. unicef. org / parenting /health/breastfeeding-when-sick

https:// my. clevelandclinic. org / health/articles/15274-benefits-of-breastfeeding

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here