ပုံမှန်မဟုတ်တဲ့ ပုံမှန်
•••••••

လေကြောင်းတိုက်ခိုက်လို့ ဘယ်နေရာမှာ လူဘယ်နှယောက် ဆုံးသွားပြီ။ ဘယ်တိုက်ပွဲမှာ ကိုယ့်လူဘယ်နှယောက် ကျဆုံးသွားပြီ။ ဘယ်ဒေသရဲ့ ဘယ်ရွာတွေ မီးလောင်ပြာကျသွားပြီ။

ဒီသတင်းဆိုးတွေ ကြားရတိုင်း ရင်ထဲမှာဝမ်းနည်းတယ်။ စိတ်ဆင်းရဲရတယ်၊ နာကျည်းတယ်၊ ခံပြင်းတယ်၊ ဒေါသလည်းထွက်တယ်။

ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီအရာတွေကြားထဲမှာ ကျွန်မတို့ဟာ ပုံမှန်အတိုင်း အသက်ရှူနေကြတုန်းပဲ။ ထမင်းလည်း စားနိုင်တုန်းပဲ။

ရေငတ်ရင် ရေသောက်နိုင်တုန်းပဲ။

အိမ်မှုကိစ္စတွေကိုလည်း မေ့လျော့ဟန်ဆောင်ပြီး လုပ်နေနိုင်တုန်းပဲ။

ညရောက်ရင် အိပ်စက်နိုင်တုန်းပဲ။

မနက်မိုးလင်းရင် အိပ်ရာက ထနိုင်တုန်းပဲ။

ဒီလို ပုံမှန်အတိုင်း အသက်ရှင်နေရတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းပါတယ်။ ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်မှာ ကြေကွဲစရာတွေ အများကြီးရှိနေပါလျက်နဲ့ ကိုယ်တစ်ယောက်တည်း ဘာမှမဖြစ်သလို နေနေရတာဟာ အပြစ်တစ်ခုလို ခံစားရလို့ပဲ။

နေ့တိုင်း ဒီအတွေးတွေနဲ့ပဲ အသက်ဆက်နေရတယ်။ တစ်ခါတလေ အသက်ရှူရတာတောင် ပင်ပန်းလာတယ်။

သက်ပြင်းတစ်ခါချလို့ အသက်တစ်ရက်တိုရကြေးဆိုရင် ဘဝတွေလည်း အလီလီပြောင်းနိုင်ရဲ့။

ဘာအတွက် ဆက်ရှင်သန်နေရတာလဲဆိုတဲ့ မေးခွန်းက ခေါင်းထဲမှာ အချိန်တိုင်း လွှမ်းမိုးနေတုန်း။
….
….

ဒါပေမဲ့ တစ်ဖက်မှာလည်း မသိစိတ်ထဲက မျှော်လင့်ချက်သေးသေးလေးတစ်ခု ရှိနေသေးတယ်။

တစ်နေ့တော့ ဒီအရာတွေ အားလုံးပြီးဆုံးသွားလိမ့်မယ်။ တစ်နေ့တော့ ငြိမ်းချမ်းတဲ့ မနက်ခင်းတစ်ခုကို ရောက်လာလိမ့်မယ်။

တစ်နေ့တော့ ငါတို့ အိမ်ပြန်နိုင်ကြမယ်။

တစ်နေ့တော့ ငါတို့ ပြန်ဆုံနိုင်ကြမယ်။

အဲဒီနေ့မှာ ဒီအသက်ရှင်ခြင်းဟာ အပြစ်တစ်ခုမဟုတ်တော့ဘဲ တန်ဖိုးရှိတဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ချင်တယ်။

လောလောဆယ်တော့ ဒီဝေဒနာတွေ၊ ဒီအတွေးတွေနဲ့ပဲ ရုန်းကန်နေရဦးမယ်။

နာကျင်မှုတွေကြားက လုပ်နိုင်တာကို ဆက်လုပ်နေရင်းနဲ့ပဲ အသက်ဆက်ရှင်သန်ရစ်ရခြင်းရဲ့အကြောင်းတရားဆီကို လျှောက်လှမ်းနေရလိမ့်ဦးမယ်။

ပုံမှန်မဟုတ်တဲ့ ပုံမှန်ဘဝကို ဖြတ်သန်းရင်းနဲ့ပေါ့ ….။

ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here