မေး။ ပန်းနာရင်ကျပ် ရောဂါသည်တွေမှာ ဂေါက်ဘူး (ရှူဆေး) သုံးတာဟာ တော်တော်ဆိုးတဲ့ အခြေအနေ (သို့) နောက်ဆုံးအဆင့်လို့ သတ်မှတ်တာလား။

ဖြေ။ အရင်ဆုံး ပန်းနာရင်ကျပ်ရောဂါလို့ သေချာသတ်မှတ်နိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်းတာ၊ လူကိုစမ်းသပ်တာအပြင် လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းတို့ကို ဆောင်ရွက်ရပါတယ်။

ပန်းနာရင်ကျပ်ရောဂါဆိုတာ သေချာပြီးရင်တော့ ကုသတဲ့အခါ အကြမ်းဖျင်းအားဖြင့် အဆင့် ၁ ကနေ ၅ အထိရှိကြပြီး ရှူဆေး (ဂေါက်ဘူး) တွေကို အဆင့်တိုင်းမှာ အသုံးပြုရပါတယ်။

တစ်ကမ္ဘာလုံးမှာ လက်ခံအသုံးပြုနေတဲ့ ကုသမှုလမ်းညွှန်ချက်များအရ ပန်းနာရင်ကျပ်ရောဂါရှိမှန်း စသိတာနဲ့ စတင်အသုံးပြုရတဲ့ဆေးက ရှူဆေးပါပဲ။ ရောဂါရဲ့အဆင့်ပေါ်မူတည်ပြီးမှ ကျန်တဲ့သောက်ဆေးအမျိုးအစားတွေကို လိုအပ်သလို ထည့်ရပါတယ်။

ရှူဆေးမှာမှ ပါဝင်တဲ့ဆေးအမျိုးအစား ကွာခြားပြီးအာနိသင်တွေလည်း မတူကြလို့ ရှူရတဲ့ပုံစံလည်း ရောဂါရှိသူတိုင်းမှာ မတူညီကြပါဘူး။

ရှူဆေးတွေမှာ အများအားဖြင့် နေ့စဉ်ရှူရတာနဲ့ ရင်ကျပ်မှရှူရတာဆိုပြီး ၂ မျိုးခွဲပြီးလည်း သုံးကြရပါတယ်။

ဒါကြောင့်မို့ ဒီရှူဆေးကို စအသုံးပြုတာနဲ့ ကိုယ့်ရောဂါကျွမ်းနေတာလားတို့၊ နောက်ဆုံးအဆင့်တို့လို ထင်နေတာတွေက မှားယွင်းတဲ့အယူအဆ ဖြစ်ပါတယ်။

ရှူဆေးကို အသုံးပြုပြီဆိုရင်လည်း ရှူပုံရှူနည်းမှန်ကန်မှ ဆေးအငွေ့က အဆုတ်ထဲကို မှန်မှန်ကန်ကန်ရောက်ပြီး ရောဂါလက္ခဏာကို ထိထိရောက်ရောက် သက်သာစေမှာမို့ ရှူနည်းကိုဂရုစိုက်ဖို့ကလည်း အရေးကြီးပါတယ်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here