ကိုရင်မောင်တစ်ယောက် ဆယ့်ရှစ်အပေါင်း ဇာတ်ကားတွေကြည့်ရင်း စုပ်တသပ်သပ် တောက်တစ်ခေါက်ခေါက် ဖြစ်နေရှာသည်။ အကြောင်းကား ဇာတ်ကားထဲက မင်းသားများနှင့် နှိုင်းယှဉ်သော် သူ့ညီလေးမှာ အင်မတန်သိမ်ငယ်ရသည် မဟုတ်ပါလား။

သိမ်သာသိမ်ငယ်တာ ဇာတ်ကားတော့ အကြည့်မပျက်။ နေ့စဥ်ရက်ဆက် ဆယ့်ရှစ်အပေါင်းကားတွေ ကြည့်လိုက်၊ ကိုယ့်ညီလေးကိုယ် စိတ်တိုင်းမကျလိုက်နှင့် ကိုရင်မောင်ခမျာ စိတ်ဓာတ်တွေကျပြီး တမှိုင်မှိုင်တထွေထွေ ဖြစ်လာတော့သည်။

ယင်းအဖြစ်ကို လမ်းထိပ်က ကျော်ရီး သတိထားမိသွားသောအခါ . . .

ကျော်ရီး။ ဟ ကိုရင်မောင်။ တမှိုင်မှိုင်တထွေထွေနဲ့ ခုတလော ဘာတွေဖြစ်နေတာလဲ။

ကိုရင်မောင်။ အင်း… ဒီလိုကွာ ဆယ်ရှစ့်အပေါင်းကားထဲက ကောင်တွေကျတော့ ကြီးလိုက်တာ။ ငါ့ညီလေးကျ သေးပေါက်ဖို့တောင် ဇာဂနာနဲ့ မနည်းလိုက်ရှာနေရတယ်လို့ တွေးမိလို့ဟေ့။ ဟုတ်တော့ မဟုတ်သေးဘူးဟာ။

ကျော်ရီး။ ဟားဟား အဲလောက်တောင် ဆိုးနေပြီလား။

ကိုရင်မောင်။ ဇာဂနာမရှိရင် သေးပေါက်ရတဲ့ခက်တဲ့အဆင့် ရောက်နေပြီလို့တောင် ပြောရမယ်။

ကျော်ရီး။ အံမယ် ဒီလောက်လည်း ဇာမချဲ့စမ်းပါနဲ့။ စိတ်မပူပါနဲ့ဟ။ ငါ ကြီးဆေးထိုးထားတာရှိတယ်။ မင်းလည်း ထိုးမလား။ မင်းထိုးကြည့်မယ်ဆို ခေါ်သွားမယ်။

ကိုရင်မောင်။ ဟာ ဟုတ်လား… မိုက်တာပေါ့။ ထိုးမယ်လေ။

ကျော်ရီး။ အေး လာမြန်မြန်သွားကြမယ်…။

ဒီလိုနဲ့ ကိုရင်မောင်တစ်ယောက် ကျော်ရီးနောက်ကို ကောက်ကောက်ပါလိုက်သွားပြီး ကြီးဆေးထိုးလိုက်ပါတော့တယ်။

ဆေးထိုးပြီး သိပ်မကြာခင်မှာပဲ ကိုရင်မောင်တစ်ယောက် အပြင်းဖျားပါရော။ သူ့ညီလေးလည်း တစ်ခုလုံးနီရဲကိုက်ခဲပြီး ကိုရင်မောင်ခမျာ လှုပ်မရပြုမရ။ အရင်လို ဆယ့်ရှစ်အပေါင်း ဇာတ်ကားတွေလည်း ကြည့်မရတော့ဘဲ ငြိမ်နေရရှာ၏။

ထိုးခဲ့တဲ့ ဆေးထိုးအပ်ကပဲ မသန့်တာလား၊ ထိုးတဲ့ဆေးတွေကြောင့်ပဲလား ဘာကြောင့်မှန်းမသိ ဆေးထိုးပြီးနောက် ပိုးဝင်ပြီး ပိုဆိုးလာသည်။ ပြည်သငံရည် ထွက်သည့်အဆင့်သို့ပင် ရောက်လာတော့သည်။

ထိုအခါမှ ကိုရင်မောင်ခမျာ ကြောက်လန့်ပြီး ဆေးခန်းပြဖို့ စဉ်းစားကြည့်သော်လည်း ဖြစ်နေသည့်ပြဿနာကို ဆေးခန်းပြရမှာ ရှက်သည့်အတွက် စိတ်ဓာတ်သာကျနေပြန်ပါရော။

ဤသို့ဖြင့် ကိုရင်မောင်တစ်ယောက် စိတ်ညစ်ညစ်ဖြင့် ဖုန်းလျှောက်ပွတ်နေစဥ် ညီလေးတွေ ကျန်းမာဖို့ဆိုသည့် တယ်လီကျန်းမာ ပိုစ့်လေးတစ်ခုကို တွေ့သွားလေ၏။ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို ညီလေးတွေ ကျန်းမာဖို့ဖတ်အပြီးနောက်…

“တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

  • ပိတ်ရက်မရှိပါ *
    ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ၏ messenger သို့ ဆက်သွယ်ပါ
    (နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )” ဆိုသော ကြော်ငြာကိုပါ တွေ့ရှိသွားပြီး တစ်ခါတည်း တန်း၍ဆေးခန်းပြလိုက်လေတော့သည်။

ဆရာဝန်။ ကဲ ပြောပါဦး ဘာဖြစ်လို့လဲ။

ကိုရင်မောင်။ ညီလေး နေမကောင်းလို့ပါ။ အတော်ဆိုးပါတယ်။

ဆရာဝန်။ ဆရာတို့က လူနာကို online ကပဲ တတ်နိုင်သလောက်အဆင်ပြေအောင် ကုပေးရတာ။ လူနာစမ်းသပ်တာ ဘာညာလည်း သေချာမလုပ်နိုင်တော့ ဆေးခန်းပြရင် လူနာကိုယ်တိုင်ပြပေးပါနော်။ ညီလေး ကို ဖုန်းပေးလိုက်ပါဗျ။

ကိုရင်မောင်။ ညီလေးက စကားပြောလို့မရဘူး ဆရာ။

ဆရာဝန်။ ဒါဆို အခြေအနေအတော်ဆိုးနေပြီပဲ။ ညီလေးကို ဆေးရုံခေါ်သွားလိုက်တော့နော်။

ကိုရင်မောင်။ အဲဒီလို ညီလေးမဟုတ်ဘူး ဆရာ။

ဆရာဝန်။ ညီလေးမဟုတ်ရင် ညီမလေးလား။ ညီမလေးလည်း ခေါ်လာခဲ့လေ။

စိတ်မရှည်နိုင်တော့သည့်အဆုံး ကိုရင်မောင်လည်း အားခဲပြီးရိုက်ထားသည့် ဓာတ်ပုံကို ဆရာဝန်ထံသို့ ပို့လိုက်တော့သည်။

ဆရာဝန်။ ဪ စောစောက ပြောရောပေါ့ဗျာ။

ကိုရင်မောင်။ ကျွန်တော်ပြောတယ်လေ ဆရာ။

ဆရာဝန်။ ကဲပါ ထားလိုက်ပါတော့။ အနေအထားကတော့ အတော်ဆိုးနေပြီ။ ခင်ဗျားကို ကျွန်တော်ဆေးတွေ ညွှန်းပေးလိုက်မယ်။ တစ်ပတ်ပြည့်အောင် သောက်ပါ။ ဆေးထည့်ဖို့လည်း ညွှန်းပေးမယ်။ ဆေးလည်း သေချာထည့်။

တစ်ခုပဲ မှာလိုက်မယ်။ ခင်ဗျာအနာက ရှင်ရင်ရွှေထီး သေရင်မြေကြီးဆိုသလိုပဲ မကောင်းရင်တော့ အရင်းကနေ ပြုတ်ကျသွားလိမ့်မယ်။ အဲခါကျ ပြန်လာပြပေါ့။ ကောင်းသွားရင်တော့ ဒဏ်ရာအမာရွတ်တွေနဲ့ ကျန်ခဲ့မယ်။

ကိုရင်မောင်။ ဟင်…။

ညီလေးကျန်းမာရေး မကောင်းတဲ့ ကိုရင်မောင်အတွက် အွန်းလိုင်းဆေးခန်းမှာ လူသိခံစရာမလိုဘဲ ဆေးခန်းပြလိုက်ရလို့ အပူတစ်ခုလျော့သွားပေမယ့် ငယ်ထိပ်က ပတ်တီးကြောင့် သူ့ခမျာ ဒီရက်ပိုင်း ဆယ့်ရှစ်အပေါင်း ဇာတ်ကားတွေတော့ ကြည့်လို့မရဘူးပေါ့။

တစ်ပတ်အကြာ ဆေးထည့် ဆေးသောက်လုပ်ရင်း အနာက ပြန်ကောင်းသွားပေမယ့် ထိုးထားတဲ့ silicon တွေကို ခွဲစိတ်ပြီး ဖယ်ထုတ်ဖို့လိုတယ်လို့ ဆရာဝန်မှာလိုက်တာကို ရင်တထိတ်ထိတ်နဲ့တွေးရင်း၊ ညီလေးရဲ့ဒဏ်ရာအမာရွတ်တွေကိုလည်း ကြည့်ရင်း 😬

ကိုရင်မောင်ရဲ့ နောက်ဆုံးစကားလက်ဆောင်ကတော့ . . .

“ညီလေး ကြီးဖို့မလို၊ ကျန်းမာဖို့သာ လိုပါတယ်” တဲ့….။
.

ဒေါက်ပီ(တယ်လီကျန်းမာ)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here