ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွေထဲမှာ မကြာခဏဆိုသလို မြင်ဖူးကြမှာပါ။ လူသူကင်းတဲ့ ကမ်းခြေ၊ တောင်ထိပ် ဒါမှမဟုတ် လယ်ကွင်းကျယ်ကြီးထဲမှာ ဇာတ်ကောင်တစ်ယောက်က မျက်နှာကိုမော့ပြီး အသံကုန် အော်ဟစ်ပစ်လိုက်တာမျိုး၊ ပြီးရင် ငိုချင်လည်း ငိုချပစ်လိုက်တာမျိုး‌ပေါ့။

ဒီလိုဇာတ်ဝင်ခန်းကို ကြည့်ပြီး “ အင်း… ငါသာ ဒီလိုအော်ပစ်လိုက်ရရင် စိတ်ထဲမှာ တော်တော်ပေါ့သွားမှာပဲ” ဆိုတဲ့ ခံစားချက်မျိုး ရဖူးကြမှာပါ။

တကယ်တော့ ဒီလိုခံစားချက်တွေက ကျွန်မတို့ရဲ့ လက်တွေ့ဘဝမှာလည်း ရှိပါတယ်။

တစ်ခါတလေ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ဒေါသတွေ စုပြုံလာတဲ့အခါ၊ ရင်ထဲမှာပဲ ဖိနှိပ်ထားရတာ ကြာလာတဲ့အခါ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ တအားအော်ပစ်လိုက်ချင်တတ်ပေမယ့် လူတွေရှေ့မှာ အော်လို့မဖြစ်၊ ငိုလို့မဖြစ်ဘူးဆိုပြီး စိတ်ရဲ့အတွင်းထဲမှာပဲ မျိုသိပ်ထားလိုက်ရတာ များပါတယ်။

တကယ်တမ်း အော်ဟစ်ပစ်လိုက်ခြင်း (Screaming) ဟာ စိတ်ဖိစီးမှုကို သဘာဝကျကျ လျှော့ချနိုင်တဲ့ ထိရောက်တဲ့ နည်းလမ်းကောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။

ဒီလိုအော်ဟစ်ပစ်လိုက်ခြင်းအားဖြင့် . . .

  • စိတ်ထဲက “ အဆိပ်အတောက်” တွေကို ရှင်းထုတ်ပေးနိုင်တယ်။

ဒေါသ၊ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှုတွေဟာ အချိန်ကြာကြာသိမ်းထားရင် စိတ်ပင်ပန်းရုံသာမကဘဲ ခန္ဓာကိုယ်ကိုပါ ထိခိုက်လာနိုင်ပါတယ်။ အော်ပစ်လိုက်ခြင်းက ဒီခံစားချက်တွေကို အပြင်ကို ထုတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။
.

  • ခန္ဓာကိုယ်ကို “ Reset” လုပ်သလို ဖြစ်စေတယ်။

အသံကျယ်ကျယ်အော်ပြီးရင် အသက်ရှူတာ ပိုမြန်လာမယ်။ နှလုံးခုန်နှုန်း တိုးလာမယ်။ ဒါဟာ ခန္ဓာကိုယ်ကို နှိုးဆွလိုက်သလိုမျိုးဖြစ်ပြီး စိတ်ဖိစီးမှုဟော်မုန်းတွေ (Cortisol) ကို လျော့ကျစေပါတယ်။
.

  • ကိုယ့်ရဲ့ခံစားချက်ကို လက်ခံလိုက်တာကြောင့် ပေါ့ပါးသွားတယ်။

“ ငါ ဒီလိုခံစားနေရတယ်” ဆိုတာကို ကိုယ်တိုင်အသိအမှတ်ပြုလိုက်တာကြောင့် စိတ်ထဲက ဖိအားတွေ ပေါ့ပါးသွားစေပါတယ်။

ဘယ်လိုနေရာမှာ အော်ပစ်ကြမလဲ။

ဒါပေမယ့် တွေ့ကရာနေရာမှာတော့ အော်လို့မရဘူးပေါ့။

ကိုယ့်အတွက် အန္တရာယ်ကင်းပြီး သင့်တော်တဲ့ နေရာတွေကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။

  • လူသူကင်းတဲ့နေရာကို ရွေးပါ။

တောင်ပေါ်၊ ရေကန်၊ ကိုယ့်အိမ်ထဲက အခန်းတစ်ခုခု (ဥပမာ။ စောင်နဲ့ ခေါင်းအုံးကို ဖုံးပြီး အသံပိတ်အော်တာမျိုး)၊ ကားထဲမှာ သီချင်းအကျယ်ကြီးဖွင့်ပြီး အော်တာမျိုး လုပ်လို့ရပါတယ်။
.

  • စကားလုံးမပါဘဲ အော်ပါ။

“ အား….” ၊ “ အာ….” စတဲ့ အာမေဋိတ်လိုမျိုး အသံသက်သက်နဲ့ အော်ပစ်လိုက်တာက ပိုပြီးထိရောက်ပါတယ်။
.

  • ငိုချင်ရင် ငိုလိုက်ပါ။

အော်ပြီးရင် ရင်ထဲက ခံစားချက်တွေ ပေါ်လာပြီး ငိုချင်လာရင် ရှက်မနေဘဲ ငိုချလိုက်ပါ။ ငိုပြီးရင် စိတ်တကယ်ပေါ့သွားပါလိမ့်မယ်။
.

  • အော်ပြီးရင် ရေအေးအေးလေးသောက်၊ အသက်ပြင်းပြင်းရှူပြီး စိတ်ကို ပြန်လည်တည်ငြိမ်အောင်ထားပါ။
    .

ဒီနည်းလမ်းဟာ အထူးတလည် အချိန်ပေးစရာမလိုဘဲ လွယ်လွယ်ကူကူနဲ့ ရိုးရှင်းတဲ့နည်းလမ်းလေးမို့ တစ်ခါလောက်တော့ စိတ်ထဲမှာ ပိတ်မိနေတဲ့ အရာတွေကို အသံနဲ့အတူ လွှတ်ချကြည့်ကြဖို့ အကြံပြုလိုက်ပါရစေရှင်…။

သင့်၏စိတ်ကလေး ကျန်းမာစေဖို့
ဒေါက်တာမီ

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here