“ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ တွေ့ရများသော အယူအဆအလွဲများ”

၁။ စိတ်ကျရောဂါ (Depression) နှင့် ပတ်သက်၍ . . .

အယူအဆအလွဲ ❌ စိတ်ကျရောဂါဆိုတာ စိတ်အားငယ်တာ၊ ဝမ်းနည်းတာပဲ။ ကိုယ့်ဘာသာ စိတ်တင်းထားရင် ပျောက်သွားမှာပါ။

အမှန် ✅ စိတ်ကျရောဂါဟာ စိတ်ဓာတ်ပျော့ညံ့ခြင်းမဟုတ်ဘဲ ဦးနှောက်အတွင်းက ဓာတုဗေဒပစ္စည်း မမျှတမှုကြောင့်ဖြစ်ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ “ အားတင်းထားပါ” လို့ ပြောရုံနဲ့ မသက်သာနိုင်ဘဲ ကျွမ်းကျင်သူနဲ့ပြသဖို့ လိုအပ်ပါတယ်။
.

၂။ စိတ်ကျန်းမာရေးအတွက် ဆေးခန်းပြခြင်းနှင့် ပတ်သက်၍ . . .

အယူအဆအလွဲ ❌ စိတ်ကျန်းမာရေး အကူအညီယူတယ်၊ ဆရာဝန်ပြတယ်ဆိုရင် အဲဒီလူက “ ရူးနေတာ” ဖြစ်မယ်။

အမှန် ✅ ကိုယ်လက်မအီမသာဖြစ်ရင် ဆေးခန်းပြသလိုပဲ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်တာ၊ စိုးရိမ်ပူပန်တာတွေအတွက် အကူအညီရယူခြင်းဟာ မိမိကိုယ်ကိုယ် ဂရုစိုက်ခြင်းတစ်မျိုးသာ ဖြစ်ပါတယ်။ လူတိုင်းဟာ ဘဝရဲ့တစ်ချိန်ချိန်မှာ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ လိုအပ်တတ်ကြပါတယ်။
.

၃။ ကလေးများနှင့် စိတ်ကျန်းမာရေး

အယူအဆအလွဲ ❌ ကလေးတွေမှာ ဘာပူစရာရှိလို့လဲ၊ သူတို့ စိတ်ညစ်တယ်ဆိုတဲ့ကိစ္စတွေက ကလေးကလားတွေပါ။

အမှန် ✅ ကလေးတွေမှာလည်း လူကြီးတွေလိုပဲ စိုးရိမ်စိတ်လွန်ကဲတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ဖော်ပြပုံက လူကြီးတွေနဲ့မတူဘဲ ဆိုးချင်တာ၊ ကျောင်းစာမလိုက်နိုင်လာတာ ဒါမှမဟုတ် ရန်လိုတာမျိုးတွေနဲ့ ပြသတတ်ပါတယ်။
.

၄။ စိတ်ဒဏ်ရာ (Trauma) နှင့် ပတ်သက်၍ . . .

အယူအဆအလွဲ ❌ အချိန်ကြာလာရင် အားလုံးမေ့သွားမှာပါ။ အချိန်က ဆေးပဲလေ။ ကုစားပေးသွားမှာပါ။

အမှန် ✅ အချိန်ကြာတာ တစ်ခုတည်းနဲ့တော့ စိတ်ဒဏ်ရာတွေ မပျောက်ကွယ်သွားနိုင်ပါဘူး။

လိုအပ်တဲ့ ကုသမှုမခံယူဘဲ လစ်လျူရှုထားတဲ့ စိတ်ဒဏ်ရာတွေဟာ နှစ်ပေါင်းများစွာကြာတဲ့အထိ လူတစ်ယောက်ရဲ့ အပြုအမူနဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဆိုးကျိုးတွေ ပေးနေတတ်ပါတယ်။ မှန်ကန်တဲ့ ကုထုံး (Therapy) နဲ့ ကုသဖို့ လိုအပ်ပါတယ်။

အနှစ်ချုပ်

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ လိုအပ်ရင် နားထောင်ပေးမယ့်သူ ဒါမှမဟုတ် ကျွမ်းကျင်သူနဲ့ တိုင်ပင်ဖို့ ဝန်မလေးပါနဲ့…..။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here