ကလေးငယ်တွေကို ခဏခဏ ခေါင်းတုံး တုံးပေးခြင်းဟာ ဆံပင်ကို တကယ်သန်စေလား 🤔 ❓❓

တကယ်တော့ ကလေးခေါင်းတုံးတုံးတာနဲ့ ဆံပင်သန်တာက တိုက်ရိုက်မသက်ဆိုင်ပါဘူး‌။ ဒီလို ခေါင်းတုံးတုံးတိုင်း ဆံပင်သန်လာမယ်ဆိုတဲ့ အယူအဆဟာလည်း မမှန်ပါဘူးနော်။

ဆံပင်ထူတာ/ပါးတာ၊ သန်တာ/မသန်တာ စတဲ့အချက်တွေက ကလေးတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒါတွေက အဓိကအားဖြင့် ဒီအချက်တွေပေါ်မှာ မူတည်ပါတယ်။
👇👇👇

  • မျိုးရိုး (Genetics)

မိဘတွေရဲ့ ဆံပင်က ထူလား/ပါးလားဆိုတဲ့အပေါ်လိုက်ပြီးတော့ ကလေးရဲ့ဆံပင်ကလည်း ထူတာ၊ ပါးတာ ဖြစ်တတ်ပါတယ်။ တချို့ကလေးတွေ မွေးကတည်းက ဆံပင်နည်းနည်းလေးပဲ ရှိပေမယ့် တဖြည်းဖြည်းနဲ့မှ သန်လာတာမျိုးလည်း ရှိတတ်ပါတယ်။
.

  • အစားအသောက် (Nutrition)

ကလေးက အာဟာရဓာတ် ပြည့်ဝဖို့လိုပါတယ်။ အထူးသဖြင့် ဗီတာမင် ဒီ၊ သံဓာတ်၊ ပရိုတင်းနဲ့ Omega-3 တွေ လုံလောက်စွာမရရင် ဆံပင်ပါးတာမျိုး ဖြစ်နိုင်ပါတယ်။

ငယ်စဉ်အရွယ်မှာ မိခင်နို့ ဒါမှမဟုတ် ဖြည့်စွက်စာကနေရတဲ့ အာဟာရဓာတ်တွေကလည်း ဆံပင်သန်ဖို့အတွက် အရေးကြီးပါတယ်။
.

  • ကျန်းမာရေးအ​ခြေအနေ (Health Conditions)

တချို့အရေပြားပြဿနာတွေ၊ ဟော်မုန်း မညီမျှတာမျိုးတွေကြောင့်လည်း ဆံပင်ကျွတ်တာ၊ ပါးတာမျိုး ဖြစ်တတ်ပါတယ်။
.

  • ဆံပင်ဂရုစိုက်ပုံ (Hair Care)

ကလေးဆံပင်ကို အရမ်းကြမ်းကြမ်းဖြီးတာ၊ တင်းတင်းစီးတာ၊ ဒါမှမဟုတ် ဓာတုပစ္စည်းတွေပါတဲ့ ခေါင်းလျှော်ရည်တွေ သုံးတာမျိုးကလည်း ဆံပင်ကို ထိခိုက်ပြီး ပါးစေနိုင်ပါတယ်။

ဒါဆို ဘာလုပ်ပေးသင့်လဲ 🥰

  • အာဟာရပြည့်ဝအောင် ကျွေးပါ
    ဥပမာ- ဥ၊ ငါး၊ ဟင်းနုနွယ်လိုမျိုး အာဟာရပြည့်တဲ့ အစားအစာတွေ ကျွေးပါ။

*ဆံပင်ကို ညင်ညင်သာသာ ဂရုစိုက်ပါ
ပျော့ပျောင်းတဲ့ ဘီးသုံးပါ။ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည် အပျော့စားတွေကိုပဲ သုံးပါ။

  • ဆရာဝန်နဲ့ တိုင်ပင်ပါ
    ကလေးဆံပင် တအားကျွတ်တာ ဒါမှမဟုတ် ပုံမှန်မဟုတ်ဘူးလို့ထင်ရင် ဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်ယူသင့်ပါတယ်။
    .

အတိုချုပ်ပြောရရင် ကလေးခေါင်းတုံးတုံးတာက ဆံပင်သန်ခြင်းကို အားမပေးပါဘူး။

ဆံပင်သန်တာ/မသန်တာက မျိုးရိုး၊ အာဟာရဓာတ်ရရှ်ိမှုနဲ့ ဆံသားကိုဂရုစိုက်ပုံ စတာတွေပေါ်မှာပဲ အများဆုံးမူတည်ပါတယ်နော်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here