ကလေးငယ်တွေမှာဖြစ်တဲ့ ဒေါသူပုန်ထခြင်း (tantrum) ကို ဘယ်လို ကိုင်တွယ်ကြမလဲ 🤔

ကလေးငယ်တွေမှာ ဒေါသူပုန်ထတယ်ဆိုတာ ဆိုးချင်လို့၊ ရိုင်းချင်လို့ မဟုတ်ပါဘူး။ သက်သက်ဂျီကျတာလည်း မဟုတ်ပါဘူး။ တကယ်တော့ သူတို့ရဲ့စိတ်ခံစားချက်ကို သူတို့ကိုယ်တိုင် ကောင်းစွာ နားမလည်နိုင်သေးပါဘူး။ တစ်ခုခုတော့ အဆင်မပြေဖြစ်နေပြီဆိုတာကို ခံစားရပြီး၊ စိတ်ရှုပ်ပြီး ထွက်ပေါက်ရှာရခက်တဲ့ ခံစားချက်မျိုး ဖြစ်တာပါ။

ကလေးတွေရဲ့ အဆင်မပြေမှု အကြောင်းခံဖြစ်တဲ့ အိပ်ရေးမဝခြင်း၊ ပင်ပန်းလွန်းခြင်း၊ ဗိုက်ဆာခြင်းတို့ကြောင့် ဖြစ်လွယ်ပါတယ်။ နောက်တစ်ခုက သူတို့ရဲ့ စိတ်ခံစားမှုတွေ ဖွံ့ဖြိုးလာပြီး သူများကို မနာလိုစိတ်၊ ကြောက်စိတ် စတာတွေစပြီးခံစားရချိန်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။

မိမိကလေးငယ် tantrum ဖြစ်ပြီဆိုရင် . . .

ပထမဦးဆုံး အသက်ပြင်းပြင်းရှူပြီး မိမိစိတ်ကို ငြိမ်အောင်လုပ်ပါ။

ကလေးက လမ်းလယ်ခေါင်မှာဖြစ်နေတယ်၊ ထိခိုက်မိနိုင်တဲ့ နေရာမှာဖြစ်နေတယ်ဆို သူတို့ကို လုံခြုံတဲ့နေရာကို ရွှေ့ပေးပါ။

သူတို့က ဒေါသကြောင့် ခေါင်းနဲ့ဆောင့်တာ၊ ပစ်လှဲချတာမျိုးတွေ လုပ်တာမို့ အနားမှာ ခိုက်မိမယ့်အရာရှိရင် ဖယ်ပေးပါ။

ဒီနောက် ကလေးကို လွယ်ကူတဲ့ အာရုံလွှဲနည်းနဲ့ စပြီးအာရုံပြောင်းကြည့်ပါ။ ဥပမာ ဟယ် ဟိုမှာကြည့်စမ်း ငှက်ကလေး နားနေတယ်၊ ဝုတ်ဝုတ်သေးသေးလေးရောက်နေပြီ၊ လိပ်ပြာလှလှလေး စတာမျိုးပါ။

ဒါပေမယ့် ကလေးကို အော်တာ ငေါက်တာ၊ တွေ့တယ်မို့လား ဖြစ်ပြီမို့လား စတဲ့ မလိုအပ်တဲ့ရှင်းပြမှုတွေ၊ ခနဲ့တာတွေနဲ့ မတုံ့ပြန်ပါနဲ့။

ကလေးရဲ့ခံစားချက်ကို အမည်တပ်ပေးပါ။ ဥပမာ ဖုန်းကြည့်ရာက သိမ်းလိုက်လို့ ငိုချင်းချနေတာဆိုရင် သမီးဝမ်းနည်းသွားတာလား၊ စိတ်မကောင်းဖြစ်သွားတယ်ပေါ့ စသဖြင့်ပြောပြပေးရင် သူတို့ရဲ့ ဘာဖြစ်မှန်းမသိဖြစ်နေတာကို အဖြေရှာတွေ့စေပါတယ်။

မရသေးရင် အဲဒီဖြစ်စဉ်ဖြစ်တဲ့ နေရာကနေ ပြောင်းပါ။ ဥပမာ အိမ်ရှေ့မှာဖြစ်တာဆို အိမ်နောက်ကိုခေါ်သွားပြီး ပန်းကန်တွေ ခွက်တွေနဲ့ အာရုံလွှဲတာ၊ ဆော့စေတာမျိုးပါ။

ပုံမှန် ၅ မိနစ် ၁၀ မိနစ်ဆို ပြီိးတတ်ပါတယ်။ နာရီဝက်နီးပါးကြာနေရင်တော့ အဖြေရှာသင့်ပါတယ်။

ဖြစ်ရခြင်း အရင်းခံတွေက ဗိုက်ဆာခြင်း၊ အိပ်ရေးမဝခြင်း၊ ပျင်းလို့၊ ပင်ပန်းလို့တွေကြောင့် ဖြစ်တာမို့ ဒီအရာတွေ မဖြစ်အောင် ဂရုစိုက်ပေးနိုင်ရင် ဒေါသူပုန်ထခြင်း အကြိမ်ရေ နည်းလာနိုင်ပါတယ်။

ပြန်ငြိမ်သွားတဲ့အချိန်မှာ သူတို့ကို ထွေးပွေ့ပေးတာ၊ ချစ်ကြောင်းပြောပြတာ လုပ်ပါ။

ခုနကဖြစ်တဲ့ ခံစားချက်ကို အမည်တပ်ပေးပါ။ “သမီး ဗိုက်ဆာလို့ စိတ်တိုလာတာ။ ဒါကြောင့် အလိုမကျတာ” စသဖြင့် တိုတိုတုပ်တုပ် ရှင်းပြပေးပါ။ “မေမေတို့လည်း ဖြစ်တယ်။ ဘယ်လိုလုပ်လိုက်တာ ကောင်းသွားတာ” စသဖြင့်ပေါ့။

သူတို့ရဲ့ နိစ္စဓူဝကနေ သွေဖည်လာပြီဆို ကလေးတွေက အဆင်သင့်မဖြစ်သေးကြပါဘူး။ ဒါကြောင့် အပြင်ထွက်ဖြစ်တဲ့နေ့မှ ဖြစ်တာမျိုး၊ စူပါမားကတ်အလယ်မှာ လှဲချပစ်တာမျိုး ဖြစ်ကြတာပါ။

ဒါကြောင့် သူတို့ရဲ့ ပုံမှန်ကနေ ရွေ့သွားမယ်ဆို ကြိုပြင်ဆင်ထားပေးပါ။ ရှော့ပင်းကို လိုတာဝယ် မြန်မြန် ပြန်ထွက်တာ၊ သူတို့မောနေပြီဆို ထိုင်နားစရာမှာ ရေခဲမုန့်ကျွေးတာလိုမျိုးပေါ့။

ကလေးငယ်တွေရဲ့ ဦးနှောက်မှာ ထိန်းချုပ်နိုင်တဲ့ အပိုင်းက ၅ နှစ်လောက်မှ ဖွံ့ဖြိုးလာကြတာပါ။ ဒီမတိုင်ခင်တော့ ဒေါသူပုန်ထခြင်းဟာ ဖွံ့ဖြိုးဆဲကာလမို့လို့ နားလည်ပေးပြီး မိမိရဲ့ဒေါသတွေကို ချုပ်တည်းနိုင်အောင် ကြိုးစားကြပါစို့….။

Ref: 📖 https:// www. nhs. uk/ baby/ babys-development/ behaviour/ temper-tantrums/

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here