MENU

စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းက ရှက်စရာလား . . .

စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းက ရှက်စရာလား . . . 🤔

  • ကျွန်မတို့ ခန္ဓာကိုယ်လေး ကိုက်ခဲနာဖျားကြသလို
  • ထင်မှတ်မထားဘဲ ရာသီတုပ်‌ကွေးဝင်လာတတ်သလို
  • အချိုမစားရပါဘဲ ဆီးချိုရောဂါဖြစ်လာတတ်သလို . . .

စိတ်၏ဖျားနာခြင်းဆိုတာကလည်း မဖိတ်ခေါ်ရပါဘဲ တိတ်တိတ်လေး ကျွန်မတို့ဆီ ရောက်လာတတ်ကြပါတယ်။

ဖျားနာခေါင်းကိုက်တဲ့အခါ ဆေးထိုးဆေးသောက်လုပ်ကြ၊ ဆေးရုံဆေးခန်း သွားပြကြသလို . . . ကျွန်မတို့ စိတ်လေးမကျန်းမာတဲ့အခါ ကျွန်မတို့ ဘယ်ကိုသွားပြီး ဘာတွေလုပ်ကြပါသလဲ။

ကျွန်မတို့စိတ်လေး မူမမှန်ဖြစ်နေတာ‌ကိုတောင် ကျွန်မတို့ သတိထားမိပါရဲ့လား။

အစဉ်အဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ အယူအဆအမှားတွေကြောင့် ကျွန်မတို့ဟာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် တိုင်ပင်ဆွေးနွေးဖို့၊ တစ်စုံတစ်ယောက်ကို ပြောပြဖို့ကို အင်မတန်မှ ဝန်လေးတတ်ကြပါတယ်။

လူမှုအသိုင်းအဝိုင်းအတွင်းမှာ စိတ်ကျန်းမာရေးအားနည်းသူများဟာ ခွဲခြားဆက်ဆံခံရခြင်း၊ ဖယ်ကျဉ်ခံရခြင်းနဲ့အတူ ကာကယံရှင်ကိုယ်တိုင်ကလည်း ရှက်ကြောက်ခြင်း၊ သိမ်ငယ်ခြင်း၊ ကုသမှုအတွက် ကုန်ကျစရိတ်ကို စိုးရိမ်ပူပန်ခြင်းတွေဟာ ကုသမှုမခံယူလိုခြင်းရဲ့ အကြောင်းအရင်းအချို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ဟာ မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်ကိုပါ စိတ်ကျန်းမာရေးဟာ ဘယ်လောက်အရေးကြီးကြောင်း သတိပြုမိလာစေဖို့ အသိပညာတွေ မျှဝေပေးဖို့ လိုအပ်ပါတယ်။

ကျွန်မတို့စိတ်လေးဟာလည်း ခန္ဓာကိုယ်ဖျားနာသလို နာဖျားတတ်တယ်။ ထိခိုက်တတ်တယ်။ နာကျင်တတ်တယ်။ ပင်ပန်းနွမ်းနယ်တတ်တယ်ဆိုတာ သတိမူမိဖို့လိုပါတယ်။ အထူးသဖြင့် ယခုလိုကာလတွေမှာ လူအများစုဟာ ပဋိပက္ခတွေ၊ ဖိနှိပ်ခံရမှုတွေ၊ အကြမ်းဖက်မှုတွေ၊ လူအခွင့်အရေးချိုးဖောက်ခံရမှုတွေကို ပိုမိုကြုံတွေ့ခံစားနေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုတွေကို ခပ်စိပ်စိပ် တွေ့ရှိလာရပါတယ်။

ဒါကြောင့် မိမိစိတ်ခံစားချက်တစ်ခုခု မူမမှန်တာမျိုးကို ခံစားလာရပြီဆိုရင် ချက်ချင်းတိုင်ပင်ဆွေးနွေးမှုခံယူဖို့ကို ဝန်မလေးကြဖို့ ထပ်မံတိုက်တွန်းပါရစေ။ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေပေးဖို့အတွက် အခမဲ့တိုင်ပင်ဆွေးနွေးပေးမယ့် ကျွန်မတို့ တယ်လီကျန်းမာကလည်း အမြဲတမ်းရှိနေပါတယ်လို့လည်း အသိပေးပါရစေ။

ဒီလ အောက်တိုဘာလရဲ့ ၁၀ ရက်နေ့ဟာ “ World’s Mental Health Day ” ဖြစ်တဲ့အတွက် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုပြီးသတိပြုမိလာစေရန်ရည်ရွယ်ပြီး ဤဆောင်းပါးလေးကို ရေးသားတင်ပြလိုက်ရပါတယ်။

စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းဟာ ရှက်စရာတစ်ခု မဟုတ်ပါရှင်….။
.

💞 သင်၏ စိတ်ကလေးကျန်းမာစေဖို့ 💞

ဒေါက်တာမီ
(စိတ်ပညာလေ့လာသူဆရာဝန်တစ်ဦး)

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎စိုးရိမ်စိတ်လွန်ကဲခြင်းကို ရင်ဆိုင်ခြင်း

‎စိုးရိမ်စိတ်လွန်ကဲခြင်းကို ရင်ဆိုင်ခြင်း‎‎ဘဝတွင် တစ်ခါတစ်ရံ စိုးရိမ်ပူပန်မှုဖြစ်ရခြင်းမှာ သဘာဝဖြစ်သော်လည်း ထိုစိုးရိမ်မှုသည် အကြောင်းရင်းမရှိဘဲ လွန်ကဲလာကာ မိမိ၏ နေ့စဉ်ဘဝနှင့် အလုပ်အကိုင်ကို အနှောင့်အယှက်ပေးလာပြီဆိုလျှင် တတ်သိနားလည်သော ပညာရှင်များနှင့် တိုင်ပင်ဆွေး‌နွေးပြီး ကုသမှုခံယူရန် လိုအပ်လာပါပြီ။‎…‎…‎‎🍀 စိုးရိမ်လွန်ကဲမှု ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများ 🍀‎‎စိုးရိမ်စိတ် (Anxiety) ဆိုသည်မှာ ခန္ဓာကိုယ်၏...

ချစ်ခြင်းတရားလေးလည်း ကျန်းမာစေလို

‎"ချစ်ခြင်းတရားလေးလည်း ကျန်းမာစေလို"‎‎ချစ်ခြင်းတရားလို့ ပြောလိုက်ရင် အမျိုးမျိုးသော ချစ်ပုံချစ်နည်းတွေ၊ သံယောဇဉ်ဆက်နွယ်မှုတွေကို ပြေးမြင်ကြပါလိမ့်မယ်။ မိဘနဲ့ သားသမီး၊ သူငယ်ချင်းအပေါင်းအသင်း၊ ချစ်သူရည်စား ဒါမှမဟုတ် ကိုယ့်ပတ်ဝန်းကျင်က လူသားတွေအပေါ်ထားရှိတဲ့ မေတ္တာတရားတွေပေါ့။‎‎စုန်ရေ၊ ဆန်ရေလို အပြန်အလှန် ချစ်ခြင်းမျိုးတွေတင်မက ဖြူစင်တဲ့၊ ပြင်းပြတဲ့၊ နူးညံ့တဲ့၊ ပေးဆပ်တဲ့ ချစ်ခြင်း‌တွေဟာ ကျွန်မတို့ရဲ့...

စိုးရိမ်စိတ်၏ လှည့်စားမှုများ

စိုးရိမ်စိတ်၏ လှည့်စားမှုများ "ဆရာဝန်တွေကသာ ရှာမတွေ့တာ… ကျွန်တော့်မှာ နှလုံးရောဂါ တကယ်ရှိနေတာပါ" "ခုအတိုင်းဆို ငါ လမ်းသွားရင်း မူးလဲသွားရင် ဘယ်လိုလုပ်မလဲ…" "ငါ အိပ်လိုက်ရင် ပြန်နိုးလာပါ့မလား…" ဤကဲ့သို့သော အတွေးများသည် သင့်ခေါင်းထဲတွင် နေ့စဉ်နှင့်အမျှ ခြောက်လှန့်နေပါသလား။ ဆေးရုံဆေးခန်း ပေါင်းစုံသွား၊ နှလုံးဓာတ်မှန်ရိုက်၊ သွေးစစ်၊ အီးစီဂျီ (ECG) ဆွဲ၊ ကွန်ပြူတာဓာတ်မှန်နဲ့ သံလိုက်စက်ကွင်းဓာတ်မှန်...

နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ (Nipah virus) ကူးစက်မှုမှ ကာကွယ်ရန် (ဖေဖော်ဝါရီ၊ ၂၀၂၆)

ရောဂါကူးစက်ခံရသူ ၁၀ ယောက်တွင် ၄ ယောက်မှ ၇ ယောက် ခန့်အထိ သေဆုံးနိုင်သည်။ ကပ်အသွင်ကူးစက်ဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူ သိုမဟုတ် ထိုဒေသသို ခရီးသွားမည်ဆိုပါက 👉 ဆပ်ပြာနှင့် ရေ အသုံးပြု၍ ပုံမှန် လက်ဆေးပါ။👉 လင်းနို သိုမဟုတ် နာမကျန်းဖြစ်နေသော ဝက်များကို ထိတွေ့ခြင်းမှ...