Generated by All in One SEO v4.9.3, this is an llms.txt file, used by LLMs to index the site. # တယ်လီကျန်းမာ တယ်လီကျန်းမာ လူတိုင်းအတွက်ပါ ## Sitemaps - [XML Sitemap](https://www.telekyanmar.org/sitemap.xml): Contains all public & indexable URLs for this website. ## Posts - [ဆေးလိပ်ကွမ်းယာကြောင့် မျိုးပွားမှုကို ထိခိုက်နိုင်ပါသည် (ဇန်နဝါရီ၊ ၂၀၂၆)](https://www.telekyanmar.org/ဆေးလိပ်ကွမ်းယာကြောင့်-မ/) - ဆေးလိပ်ကွမ်းယာကြောင့် မျိုးပွားမှုကို ထိခိုက်နိုင်ပါသည် နီကိုတင်းဓာတ်က မျိုးဥနှင့် သုတ်ကောင်ကို ပျက်စီးစေသည်။ အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံး၏ မျိုးပွားမှုကို ထိခိုက်နိုင်ခြေ ပိုများစေသည်။ ဆေးလိပ်ကွမ်းယာဖြတ်လိုက်ပါက ကလေးရနိုင်ခြေ တိုးတက်စေသည်။ ဆေးလိပ်ကွမ်းယာ ဖြတ်လိုက်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: WHO....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ဆီးချိုရောဂါကို ကာကွယ်ကုသပါ (ဒီဇင်ဘာ၊ ၂၀၂၅)](https://www.telekyanmar.org/ဆီးချိုရောဂါကို-ကာကွယ်က/) - ဆီးချိုရောဂါကို ကာကွယ်ကုသပါ သင့်တွင် ဆီးချိုရောဂါ ရှိပါက … မျက်စိနှင့် ခြေထောက်ကို ပုံမှန်စမ်းသပ်စစ်ဆေးပါ။ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ရန်နှင့် သင့်နှလုံး၊ ကျောက်ကပ်တို ထိခိုက်ခြင်းမှ ကာကွယ်နိုင်ရန် ကျန်းမာရေးစောင့်ရှောက်ပေးသူနှင့် တိုင်ပင်ကုသပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းတွင်လည်း အခမဲ့ ဆွေးနွေးကုသနိုင်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: WHO - [နှာချေ၊ ချောင်းဆိုးလျှင် ဖုံးအုပ်ပါ (ဒီဇင်ဘာ၊ ၂၀၂၅)](https://www.telekyanmar.org/နှာချေ၊-ချောင်းဆိုးလျှင/) - နှာချေ၊ ချောင်းဆိုးလျှင် ဖုံးအုပ်ပါ မိမိနှင့် အခြားသူများအား နာမကျန်းဖြစ်စေနိုင်သည့် ရောဂါပိုးများ ကူးစက်ပြန့်ပွားမှုကို ရပ်တန့်ရန်- နှာချေ၊ ချောင်းဆိုးပါက မိမိ၏ ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူးဖြင့် ဖုံးအုပ်ပါ။ သိုမဟုတ် လက်မောင်းဖြင့် ဖုံးအုပ်ပါ။ လက်ဖဝါးဖြင့် မဖုံးအုပ်ရ။ အသုံးပြုပြီးသော တစ်သျှူးကို အမှိက်ပုံးထဲသို စွန့်ပစ်ပါ။ လိုအပ်ပါက နှာခေါင်းစည်း တပ်သင့်လျှင် တပ်ရမည်။ နှာချေ၊ ချောင်းဆိုးပြီးပါက စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာ၊ ရေတိုနှင့် လက်ဆေးပါ။ သိုမဟုတ် လက်သန့်စင်ဆေးရည်ဖြင့် သန့်စင်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: USCDC - [သင့်စိတ်ကို ဂရုစိုက်ပါ။ (ဒီဇင်ဘာ၊ ၂၀၂၅)](https://www.telekyanmar.org/သင့်စိတ်ကို-ဂရုစိုက်ပါ။/) - သင့်စိတ်ကို ဂရုစိုက်ပါ။ သင့်ကိုယ်သင်နှင့် အခြားသူများကို ကြင်နာပါ။ အပြုသဘောဆောင်သော ခင်မင်ရင်းနှီးမှုများကို ဖန်တီးပါ။ ကျန်းမာရေးကောင်းမွန်စေသော အစားအစာများကို စားသုံးပါ။ သင့် စိတ်ခံစားချက်များကို ဖော်ထုတ်ပြသပါ။ အိမ်အပြင် ထွက်ပါ။ သင်၏ စိတ်ကျန်းမာရေးသည် အရေးကြီးပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: doe. sd. gov - [ကွမ်းယာကို များများနှင့် ပုံမှန်စားသုံးပါက (ဒီဇင်ဘာ၊ ၂၀၂၅)](https://www.telekyanmar.org/ကွမ်းယာကို-များများနှင့/) - ကွမ်းယာကို များများနှင့် ပုံမှန်စားသုံးပါက သွားနှင့် သွားဖုံးများ အရောင်ပြောင်းခြင်း (အချိုသူများတွင် နီညိုရောင် ပြောင်းခြင်း) ပါးစပ်တွင် အနာများဖြစ်ခြင်း၊ သွားဖုံးရောဂါဖြစ်ခြင်း ခံတွင်းကင်ဆာဖြစ်ခြင်း အစာအိမ်တွင် အနာဖြစ်ခြင်း နှလုံးရောဂါ ဖြစ်ခြင်း ကွမ်းယာစားသုံးသည့် အရေအတွက် ပိုတိုးလာခြင်း ကွမ်းယာ မစားရမနေနိုင်အောင် စွဲလမ်းခြင်း စီးပွားရေး၊ အလုပ်နှင့် လူမှုရေးပြဿနာများ ဖြစ်ပွားခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: adf. org. au - [မည်သည့် အရက်အမျိုးအစားကိုမဆို လုံးဝ ရှောင်ကြဉ်သင့်သူများ (ဒီဇင်ဘာလ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/မည်သည့်-အရက်အမျိုးအစားက/) - မည်သည့် အရက်အမျိုးအစားကိုမဆို လုံးဝ ရှောင်ကြဉ်သင့်သူများမှာ အသက် ၂၁ အောက် အရွယ်များ ကိုယ်ဝန်ဆောင်များ သိုမဟုတ် ကိုယ်ဝန်ရနိုင်ခြေရှိသူများ ကားမောင်းခြင်း သိုမဟုတ် မောင်းနှင်ရန် အစီအစဥ်ရှိခြင်း ကျွမ်းကျင်မှု၊ ညှိနှိင်းဆောင်ရွက်မှုနှင့် နိုးကြားမှုလိုအပ်သော လုပ်ငန်းများ အရက်နှင့် မတည့်သော ဆေးဝါးသောက်သုံးနေသူများ ကျန်းမာရေး ချိုယွင်းနေသူများ အရက်စွဲခြင်းမှ ပြန်လည်သက်သာလာသူများ အရက်သောက်သုံးသည့် ပမာဏကို မထိန်းချုပ်နိုင်သူများ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ - [HIV ပိုး ကူးစက်နိုင်တဲ့ အပြုအမူတွေက ဘာတွေလဲ (နိုဝင်ဘာလ၊ ၂၀၂၅)](https://www.telekyanmar.org/hiv-ပိုး-ကူးစက်နိုင်တဲ့-အပြ/) - HIV ပိုး ကူးစက်နိုင်တဲ့ အပြုအမူတွေက ဘာတွေလဲ ပိုးရှိသူနှင့် အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်ခြင်း (လိင်တူ/လိင်ကွဲ) ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသည့် ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနှင့် မူးယစ်ဆေး ထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း ပိုးရှိသော သွေး သွင်းမိရာမှ ကူးစက်ခြင်း ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို ကူးစက်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ - [ဆေးလိပ်သောက်ခြင်းနှင့် စိတ်ကျန်းမာရေး‎](https://www.telekyanmar.org/ဆေးလိပ်သောက်ခြင်းနှင့်/) - ဆေးလိပ်သောက်ခြင်းက အဆုတ်ရောဂါ၊ နှလုံးရောဂါနဲ့ လေဖြတ်ခြင်း‌ စတဲ့‌ရောဂါတွေကို ဖြစ်စေနိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် လူအများ သတိမမူမိကြတဲ့ အရေးကြီးတဲ့အချက်ကတော့ ဆေးလိပ်နဲ့ စိတ်ကျန်းမာရေးရဲ့ တိုက်ရိုက်ဆက်နွှယ်မှုပါ။‎‎လူအချို့က စိတ်ညစ်တဲ့အခါ၊ စိတ်ဖိစီးတဲ့အခါ ဒါမှမဟုတ် အာရုံစူးစိုက်မှုနဲ့ စိတ်ခံစားမှုပိုမို‌ကောင်းမွန်လာချင်တဲ့အခါ ဆေးလိပ်ကို "ထွက်ပေါက်" တစ်ခုအနေနဲ့ အသုံးပြုတတ်ကြပါတယ်။ ဆေးလိပ်သောက်လိုက်ရင် စိတ်အေးသွားသလို၊ တည်ငြိမ်သွားသလို ခံစားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိသူတွေဟာ သာမန်ထက် ပိုပြီးဆေးလိပ်သောက်မိတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ ခဏတာ ခံစားချက်မျှသာဖြစ်ပြီး ရေရှည်မှာတော့ စိတ်ကျန်းမာရေးကို ပိုမိုဆိုးရွားစေပါတယ်။‎……‎‎ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဟာ သောက်လိုက်ပြီး စက္ကန့်ပိုင်းအတွင်း ဦးနှောက်ထဲကို ရောက်ရှိသွားပါတယ်။ အဲဒီအခါ ဦးနှောက်ထဲက စိတ်ခံစားမှုကို ထိန်းချုပ်တဲ့ စိတ်ပျော်ဟော်မုန်း (Neurotransmitters) တွေကို အောက်ပါအတိုင်း ပြောင်းလဲပစ်လိုက်ပါတယ်။‎‎🌲ဒိုပါမင်း (Dopamine) စိတ်ကျေနပ်ပျော်ရွှင်မှုကို - [‌‎"As If" ကိုယ်ချင်းစာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးစေဖို‎့](https://www.telekyanmar.org/as-if-ကိုယ်ချင်းစာရင်းနဲ့/) - ‌‎"As If"ကိုယ်ချင်းစာရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးစေဖို့‎‎တစ်ခါတလေ စိတ်ညစ်စရာတွေ၊ နာကျင်မှုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ဆီကို လာပြောပြကြတဲ့အခါ ကျွန်မတို့လည်း သူတို့နဲ့အတူ ရင်ထဲမှာ လေးလံသွားတတ်ကြတယ် မဟုတ်လား။‎‎နားထောင်သူက တကယ်ကို စိတ်ပါလက်ပါနဲ့ ကိုယ်ချင်းစာတတ်တဲ့သူဆိုရင် တစ်ဖက်လူရဲ့ နာကျင်မှုကို ရင်ဘတ်ထဲထိ ပိုခံစားမိတတ်ကြပါတယ်။ ဒါကို Compassion Fatigue (စာနာမှုကြောင့် စိတ်ပင်ပန်းနွမ်းနယ်ခြင်း) လို့ ခေါ်ပါတယ်။‎ဒီလို မဖြစ်ရဖို့ဆိုရင် ကျွန်မတို့ သတိထားရမယ့် စကားလုံးလေးက "As If" ဆိုတာလေးပါ။‎.‎‎"As If" ဆိုတာ "သူ့နေရာမှာ ငါသာဆိုရင်…" လို့ တွေးပြီး နားလည်ပေးတာကို ပြောတာပါ။ ဒါပေမယ့် သတိထားရမှာက ကိုယ်ဟာ “သူ” ဖြစ်မသွားဖို့ပါပဲ။‎‎နားထောင်ပေးတာဟာ သူတို့ရဲ့ စိတ်ဝန်ထုတ်ဝန်ပိုးကို ကိုယ်က ကူသယ်လိုက်တာမျိုးမဟုတ်ဘဲ သူတို့ကိုယ်တိုင် ဒီဝန်ကို ချနိုင်အောင် - [အမေရိကန်နိုင်ငံ၏ အစားအသောက်ပုံစံပိရိမစ်အသစ်](https://www.telekyanmar.org/အမေရိကန်နိုင်ငံ၏-အစားအသ/) - မနေ့တစ်နေ့ကမှ Trump အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ အစားအသောက်ပုံစံပိရိမစ်ကို လူပြောများနေကြလို့ သိချင်နေကြမယ်ထင်ပါတယ်။ တကယ်တော့ food pyramid ဆိုတာ စားသောက်သင့်တဲ့ပုံစံကို ပုံလေးတစ်ပုံထဲမှာ အနှစ်ချုပ်ဖော်ပြထားတဲ့ ညွှန်းဆိုချက်ပါ။ Trump အစိုးရကတော့ သူ့ရဲ့မူဝါဒအတိုင်း အရာရာကို ပြန်စိစစ်ပြီး မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေ လျှော့ချနိုင်အောင်၊ တိုင်းပြည်ဘဏ္ဍာ အလဟာသမဖြစ်အောင် ရည်ရွယ်ပြီး နာတာရှည်ရောဂါတွေ၊ ဆီးချို၊ သွေးတိုး၊ အဝလွန် ရောဂါတွေ ဖြစ်နှုန်းကျလာအောင် စားသောက်နေထိုင်ပုံကို ပြင်သင့်ပြီလို့ မီးမောင်းထိုးပြလိုက်ပါတယ်။ ဘာလို့ဆို သူတို့ဆီမှာ အသက် ၁၂ ကနေ ၁၇ အရွယ်လူငယ် ၃ ယောက်မှာ ၁ ယောက်က ဆီးချိုအကြိုအဆင့် ဖြစ်နေပါတယ်တဲ့။ နောက်ပြီး အမေရိကန်တွေရဲ့ ၇၀% က အဝလွန်ရောဂါ ခံစားနေကြရပါသတဲ့။ ဒီတော့ - [ကလေးများနှင့် ဒစ်ဂျင်တယ်ဖန်သားမျက်နှာပြင် ကြည့်ရှုချိန် (Screen Time)](https://www.telekyanmar.org/ကလေးများနှင့်-ဒစ်ဂျင်တယ/) - ဖေဖေ ‎မေမေတို့ရေ….ကိုယ့်ရဲ့ကလေးလေးကို အကောင်းဆုံး ပျိုးထောင်ပေးချင်တာဟာ မေမေတို့၊ ဖေဖေတို့ရဲ့အနှိုင်းမဲ့ မေတ္တာတွေပါ။ ဒါပေမယ့် ပိုးလိုဥထားရတဲ့ နုနုနယ်နယ် ကလေးငယ်ကို ငယ်ရွယ်စဉ်မှာ screen (တီဗီ၊ တယ်လီဖုန်း၊ ကွန်ပြူတာ စသည်တို့) ပြသခြင်းဟာ ကန့်သတ်သင့်တဲ့ အရာတစ်ခုဆိုတဲ့အကြောင်းကိုတော့ အသိပေးပြောပြပါရစေနော်။‎‎"မွေးစကနေ တစ်နှစ်ခွဲအထိ ကလေးငယ်လေးတွေကို ဘာ screen မှ မပြသင့်ပါဘူး" တဲ့။‎‎သုတေသနစာတမ်းတွေအရ မွေးစကနေ ၆ လလောက်ထိ ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာ ငိုပြီဆိုရင် ဗိုက်ဆာလို့၊ ရှူးစိုလို့၊ အီးပေလို့၊ ဗိုက်နာလို့၊ လေထလို့၊ အိပ်ချင်လို့ စတဲ့အကြောင်းရင်းတွေကြောင့်သာ ဖြစ်ရပါတယ်။ ဒီတော့ အဲဒီပြဿနာတစ်ခုခုကို ဖြေရှင်းပေးလိုက်တာကသာ အငိုတိတ်‌စေမယ့်အဖြေ ဖြစ်ပါတယ်။‎‎တအားငယ်သေးတဲ့အချိန်မှာ မျက်လုံးရဲ့အမြင်အာရုံက မပြည့်စုံသေးပါဘူး။ Screen မှာ ပေါ်တာတွေကို ကောင်းစွာမမြင်ရသေးသလို ဘာလဲဆိုတာကို မသိကြသေးပါ။ - [အယူအဆအလွဲ (၂၅)](https://www.telekyanmar.org/အယူအဆအလွဲ-၂၅/) - ဓမ္မတာလာစဉ် ခေါင်းလျှော်လို့ ရသလား။ အယူအဆအလွဲ ❌ ဓမ္မတာ (ရာသီသွေး) လာနေစဉ်အတွင်း ခေါင်းလျှော်ခြင်းသည် သွေးဆင်းခြင်းကို ရပ်တန့်စေနိုင်သည်၊ ဗိုက်နာကျင်မှုကို ပိုဆိုးစေနိုင်သည်၊ သို့မဟုတ် ရာသီသွေးကို အတွင်းထဲသို့ ပြန်ဝင်စေနိုင်သည်ဟု ယူဆသောကြောင့် လုံးဝရှောင်ကြဉ်သင့်သည်။ အမှန် ✅ ဓမ္မတာလာစဉ် ခေါင်းလျှော်ခြင်းသည် လုံးဝစိတ်ချရပြီး ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်ကို မည်သည့်နည်းနှင့်မျှ မထိခိုက်စေပါ။ ရာသီသွေးဆင်းခြင်းသည် သားအိမ် (Uterus) မှဖြစ်ပြီး ခေါင်းလျှော်ခြင်း သို့မဟုတ် ခန္ဓာကိုယ် အပြင်ပိုင်း အပူချိန် ပြောင်းလဲခြင်းတို့နှင့် တိုက်ရိုက်ဆက်စပ်မှု လုံးဝမရှိပါ။ ခေါင်းလျှော်ရုံဖြင့် ရာသီသွေးကို ရပ်တန့်စေနိုင်ခြင်း မရှိပါ။ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (ဗိုက်အောင့်ခြင်း) သည်လည်း သားအိမ်ကြွက်သားများ ကျုံ့ခြင်း (Prostaglandins ဓာတ်ကြောင့်) သာဖြစ်ပြီး ခေါင်းလျှော်ခြင်းကြောင့် ပိုဆိုးရွားလာခြင်း - [ကလေးငယ်နှင့် မုန်ညင်းဆီ](https://www.telekyanmar.org/ကလေးငယ်နှင့်-မုန်ညင်းဆီ/) - အမေး။ ကလေးငယ်စဉ် လသားအရွယ်ထဲက မုန်ညင်းဆီလိမ်းပြီး ခြေထောက်ဖြောင့်ပေးရင် ကလေးခြေထောက်မခွင်စေဖို့ အထောက်အကူပြုပါသလား။ အဖြေ။ ကလေးငယ်များ၏ ပေါင်ရင်း၊ တင်ပါးဆုံတို့သည် လသားအရွယ်တွင် ကောင်းစွာ မဖွံဖြိုးသေးပါ။ ထို့ကြောင့် ပက်လက်အနေအထားတွင် ခြေကားယား လက်ကားယား ဖားပြုတ်လေးကဲ့သို့ ပုံစံသည် ပုံမှန် ဖြစ်ပါသည်။ လုံးဝ မပြင်ရပါ။ ဖြောင့်ပေးတာမျိုး မလုပ်ရပါ။ တင်ပါးဆုံ ပုံပျက်နိုင်ပါသည်။ မုန်ညင်းဆီလူးပါက ချွေးပေါက်ပိတ်ခြင်း၊ အသားလောင်ခြင်းများ ဖြစ်နိုင်ပါသဖြင့် ရာသီဥတုအေးပြီး ကလေးခြေထောက်တွင် အသားပတ်မှသာ baby oil လိမ်းပါ။ ညင်သာစွာ အားမပါဘဲ ခြေဖဝါးကို နှိပ်ခြင်း၊ ကြွက်သားနေရာကို နှိပ်ခြင်း၊ စက်ဘီးစီးသည့် ပုံစံဖြင့်လသားလေး၏ ခြေထောက်ကို လှုပ်ရှားပေးခြင်းတို့ကိုမူ ပြုလုပ်နိုင်ပါသည်။ .. .. ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ - [မျှော်လင့်ချက်ယောင်](https://www.telekyanmar.org/မျှော်လင့်ချက်ယောင်/) - ကျွန်မတို့ နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းမှာ တစ်ဖက်လူ စိတ်မကောင်းဖြစ်မှာစိုးလို့ ဒါမှမဟုတ် အားနာလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ "မျှော်လင့်ချက်အမှား (False Hope)" မျှော်လင့်ချက်ယောင်တွေ ပေးတတ်ကြပါတယ်။ တကယ်တော့ Motivation ပေးတာနဲ့ False Hope ပေးတာဟာ နီးစပ်သယောင်ရှိပေမယ့် ရလဒ်ကတော့ တအားကို ကွာခြားပါတယ်။ တွန်းအားပေးတယ်ဆိုတာ တစ်ဖက်လူရဲ့ ကြိုးစားချင်စိတ်ကို တိုးတက်အောင် အားပေးတာဖြစ်ပြီး၊ မျှော်လင့်ချက်အမှား ပေးတာကတော့ တကယ်မရှိတဲ့ အရာကို အဝေးကနေ လှမ်းပြပြီး လူတစ်ယောက်ကို စမ်းတဝါးဝါး လမ်းလျှောက်ခိုင်းတာနဲ့ တူပါတယ်။…… ကျွန်မ ရှစ်နှစ်သမီးလောက်က အဖေခရီးသွားတိုင်း ငိုယိုပြီး လိုက်ချင်တယ်လို့ ပူဆာတတ်တယ်။ အဖေက "အိမ်မှာ လိမ်လိမ်မာမာနေရင် စက်ဘီးဝယ်ပေးမယ်" လို့ ကတိပေးလေ့ရှိတယ်။ ကျွန်မက အဖေပြန်လာမယ့်ညနေတိုင်း မျှော်လင့်ချက်တွေနဲ့ စိတ်ကူးတွေနဲ့ အိမ်ရှေ့မှာ - [ဆေးလိပ်ပြတ်အောင်ဖြတ်ကြမယ်](https://www.telekyanmar.org/ဆေးလိပ်ပြတ်အောင်ဖြတ်ကြ/) - 🚭 ဆေးလိပ်ပြတ်အောင်ဖြတ်ကြမယ် 🚭 လူ့ဘဝမှာ လုပ်ရတာ ခက်ခဲတဲ့အရာတွေကို ပြောပါဆိုရင် စွဲလမ်းစေတဲ့အရာ‌တွေကို ဖြတ်ရတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာဆိုရင် လက်ရှိကြုံတွေနေရတဲ့ ဒုက္ခသုက္ခတွေ၊ စိတ်ဖိစီးမှုတွေကြောင့် စိတ်ထွက်ပေါက်ရလိုရငြား ကွမ်း၊ ဆေးလိပ်၊ အရက်နဲ့ အခြားသော မူးယစ်ဆေးတွေကို အသုံးများလာကြတော့တာပါပဲ။ စွဲလမ်းစေတတ်တဲ့အရာတွေက ခဏတာမှာတော့ နေလို့ထိုင်လို့ကောင်း စိတ်‌ကလေးအဆင်ပြေတယ်လို ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်စိတ်နဲ့ကိုယ်ကို ဒုက္ခပေးတော့တာပါပဲ။ ဒုက္ခပေးနေပြီဆိုတာကို စတင်ခံစားမိတဲ့အချိန်မှာတော့ စွဲလမ်းတဲ့အဆင့် (သူမရှိရင် မနေနိုင်တော့တာ) ကို ရောက်နေပြီဖြစ်တဲ့အတွက် ဖြတ်မရ အခက်တွေ့ပါပြီ။ ဖြတ်ဖို့ကြိုးစားတော့လည်း withdrawal symptoms (စွဲလမ်းစေတဲ့ပစ္စည်းများသုံးစွဲခြင်းကို ရပ်တန့်လိုက်တဲ့အခါ စိတ်နဲ့ခန္ဓာ နေမထိထိုင်မသာဖြစ်တဲ့ လက္ခဏာများ) ကို ကောင်းကောင်းကြီး ခံစားရနိုင်ပါတယ်။ အဲဒီလို ခံစားလာရတော့ ပြန်သုံးမိပါတယ်။ စိတ်ညစ်လို့ စသုံးမိတယ်၊ စွဲလမ်းတယ်၊ - [ကိုယ်၊ စိတ်၊ လူမှု ကျန်းမာတဲ့စနစ်အတွက် အကြံပြုချက် ၁၀ ချက်](https://www.telekyanmar.org/ကိုယ်၊-စိတ်၊-လူမှု-ကျန်း/) - ပြီးခဲ့တဲ့နှစ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်လည်စမ်းစစ်လေ့လာဖို့ တစ်နေ့က တိုက်တွန်းရေးသားခဲ့ပါတယ်။ အခုပိုစ့်ကတော့ ဒီနှစ်အတွက် အကျိုးရှိစေဖို့ အကြံပြုတိုက်တွန်းချက်များပါ။ ဒီနှစ်အတွက် လုပ်စရာတွေ တစ်ပုံတစ်ပင်ရှိနေနိုင်တဲ့အထဲကမှ ကျန်းမာတဲ့ အလေ့အထတွေကို တစ်ခုချင်းစီနဲ့ ဖြည်းဖြည်းချင်း လုပ်သွားကြရအောင်နော်။ ကိုယ့်ကျန်းမာရေးအတွက် မိမိလုပ်နိုင်လောက်မယ့် ဖြစ်နိုင်တာတွေကို နည်းနည်းချင်းစီလုပ်တာက လုံးဝ မလုပ်တာထက်တော့ ပိုကောင်းတယ်မို့လား။ ဒီတော့ ကိုယ်၊ စိတ်၊ လူမှု ကျန်းမာတဲ့စနစ်အတွက် အကြံပြုချက် ၁၀ ချက် ဖော်ပြပေးလိုက်ပါတယ်။…… အခု ဇန်နဝါရီလကစလို့ ၁။ အစားအသောက်တစ်ခုကို စားမယ်ဆို မိမိရဲ့အာရုံစူးစိုက်မှုအပြည့်နဲ့ စားသောက်ပါ။ မိမိမသိစေဘဲ တီဗီကြည့်ရင်း စားလိုက်မိတာမျိုး မလုပ်ပါနဲ့။ ဗိုက်မဆာဘဲနဲ့ စားတာမျိုးမလုပ်ပါနဲ့။ ဗိုက်တင်းနေလျက်နဲ့ အကျန်ရှင်းတာမျိုးလည်း မလုပ်ပါနဲ့။ ၂။ အသီးအရွက်တွေ ပိုစားကြမယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို ချက်ပြီးသား - [အရက်နာကျပြီးနောက် စားသင့်သောအစားအသောက်များ](https://www.telekyanmar.org/အရက်နာကျပြီးနောက်-စားသင/) - နှစ်သစ်ကူးကာလမှာ မေ့ပစ်ချင်တာတွေ များလို့ပဲဖြစ်ဖြစ်၊ ဘော်ဒါအပေါင်းအသင်းတွေ စုံလို့ပဲဖြစ်ဖြစ် နည်းနည်းပါးပါး သောက်ခဲ့ကြသူများ ရှိမှာပါ။ ဒီလိုနဲ့ သောက်အပြီး နောက်တစ်ရက်မှာ ခေါင်းမထူနိုင်ဖြစ်နေသူများလည်း ရှိကြမှာပါ။ ဒီလိုလူတွေ နှစ်သစ်မှာ အမြန်နာလန်ထူပြီး ခေါင်းကြည်ဖို့အပြင် နောင်တစ်ချိန် ကြုံလာခဲ့ရင်လည်း အားပြန်ရှိဖို့ စားသင့်တာလေးတွေ ဖော်ပြပေးသွားပါမယ်။…… အရက်နာကျတယ်လို့ပဲ လွယ်လွယ်သုံးလိုက်တော့မယ်နော်။ တစ်ခါတစ်ရံလေး social drink မိပေမယ့်လည်း alcohol ဟာ အားယုတ်စေပါတယ်။ ဘာလို့လဲဆိုတော့ ….. အရက်ကို ချေဖျက်ဖို့ ခန္ဓာကိုယ်ထဲက ဗီတာမင် ဘီ အုပ်စုများကို အသုံးပြုလိုက်ရပါတယ်။ ဒီတော့ အားနည်းလွယ်စေပါတယ်။ နှုတ်ခမ်းမှာ အနာဖြစ်တာမျိုး၊ နှုတ်ခမ်းကွဲတာ၊ လျှာတွေ တစ်မျိုးကြီးဖြစ်တာ၊ ခံတွင်းထဲ အနာဖုလေးဖြစ်တာတွေဟာ ဘီအုပ်စု ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေပါ။ ဒါကြောင့် အရက်သောက်ပြီးရင် ဘီအုပ်စုအစုံပါတဲ့ - [အယူအဆအလွဲ (၂၄)](https://www.telekyanmar.org/အယူအဆအလွဲ-၂၄/) - အလွဲ ❌ ရေအေးဖြင့် ခေါင်းလျှော်ခြင်းသည် ဆံသား၏အစိုဓာတ်ကို ထိန်းပေးပြီး ဆံပင်ကို တောက်ပြောင်စေသောကြောင့် ရေနွေးနွေးဖြင့် လုံးဝ မလျှော်သင့်။ အမှန် ✅ ဆံပင်အတွက် အကောင်းဆုံးမှာ ရေနွေးနွေး (Tepid Water) ဖြစ်ပြီး အလွန်အေးသောရေ သို့မဟုတ် အလွန်ပူသောရေ နှစ်မျိုးလုံးကို ရှောင်သင့်ပါသည်။ ဆံပင်လျှော်ရာတွင် ရေနွေးနွေးကို အသုံးပြုခြင်းသည် ဦးရေပြားရှိချွေးပေါက်များကို ပွင့်စေပြီး အဆီ၊ ဖုန်မှုန့်များနှင့် ခေါင်းလျှော်ရည် အကြွင်းအကျန်များကို ထိရောက်စွာ ဖယ်ရှားသန့်စင်ပေးနိုင်ပါသည်။ အလွန်ပူသောရေသည် ဆံသားနှင့်ဦးရေပြားကို ခြောက်သွေ့စေပြီး အဆီဓာတ်ကို ပိုမိုထုတ်လုပ်စေကာ ဗောက်ထခြင်းကို ပိုဆိုးစေနိုင်ပါသည်။ အလွန်အေးသောရေသည် ဦးရေပြားကို လုံလောက်စွာ သန့်စင်ပေးနိုင်ခြင်းမရှိဘဲ အဆီနှင့်အညစ်အကြေးများ ကျန်နေစေနိုင်ပါသည်။ သို့သော် ခေါင်းလျှော်ခြင်းကို အဆုံးသတ်သည့်အနေဖြင့် ရေအေးဖြင့် ဆေးကြောခြင်းသည် ဆံသား၏အပေါ်ယံလွှာကို ပိတ်စေပြီး - [အံကြိတ်ခြင်း](https://www.telekyanmar.org/အံကြိတ်ခြင်း/) - အံကြိတ်တယ်လို့ ပြောလိုက်ရင် စိတ်တိုတာ ဒါမှမဟုတ် တစ်ခုခုကို အာရုံစိုက်နေတုန်းမှာ သွားတွေကြိတ်နေမိတာအပြင် ကိုယ်တိုင်သတိမထားမိဘဲ ညဘက်အိပ်နေတုန်း အံကြိတ်တာ၊ တစ်နေ့တာ အချိန် တော်တော်များများမှာ အလိုအလျောက် သွားတွေကြိတ်မိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ပုံမှန်မဟုတ်တဲ့ အံကြိတ်ခြင်းကို အိပ်နေစဉ်အံကြိတ်ခြင်း (Sleep Bruxism) နဲ့ နိုးနေစဉ်အံကြိတ်ချင်း (Awake Bruxism) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။…… အံကြိတ်ခြင်း ဖြစ်ပွားနှုန်း (Prevalence of Bruxism) အံကြိတ်ခြင်းဟာ ကမ္ဘာတစ်ဝန်းမှာ အတော်လေးကို အဖြစ်များတဲ့ အခြေအနေတစ်ခုပါ။ ၂၀၂၄ ခုနှစ်ရဲ့ သုတေသန အချက်အလက်တွေအရ ကမ္ဘာ့လူဦးရေရဲ့ ၂၂% ကျော်ဟာ အံကြိတ်တတ်တဲ့ အလေ့အထ ရှိကြပါတယ်။ မြန်မာနိုင်ငံအတွက် အတိအကျ သုတေသနအချက်အလက်များ မတွေ့ရှိရသေးပေမယ့် အာရှတိုက်မှာတော့ နိုးနေစဉ်အံကြိတ်ခြင်း (awake - [ART ဆေး ခက်ခဲနေသူများနှင့် HIV ပိုးရှိလူနာများအတွက် အထွေထွေအကြံပြုချက်များ](https://www.telekyanmar.org/art-ဆေး-ခက်ခဲနေသူများနှင့်-hiv/) - လက်ရှိကာလမှာ အခြေအနေအမျိုးမျိုးကြောင့် အေအာတီဆေး ဆက်လက်ရရှိဖို့ခက်ခဲနေတဲ့ သောက်လက်စလူနာတွေ၊ ဆေးပြတ်သွားတာ ကြာနေတဲ့လူနာတွေ၊ ပိုးရှိမှန်းသိပေမယ့် ဆေးစသောက်ဖို့ကို လက်လှမ်းမမီသေးတဲ့သူတွေ အများကြီးရှိနေနိုင်မှာကို နားလည်ပါတယ်။ ဆေးကိစ္စအတွက် တွေးတောနေရရင်း ရောက်တဲ့နေရာဒေသအသစ်အသီးသီးမှာ ဖွင့်ပြောလိုက်ရင် ခွဲခြားဆက်ဆံမှု ရှိမလား/မရှိဘူးလားကို စိုးရိမ်နေကြတာတွေလည်း ရှိကြမှာပါ။ ဒီလိုမှန်းရခက်တဲ့ အခက်အခဲတွေကြားထဲမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတဲ့သူတွေ အများရှိတယ်ဆိုတာကို သိလည်းသိသလို ယုံလည်း ယုံကြည်ပါတယ်။ အချို့အရာတွေက ကိုယ်ထိန်းချုပ်ဖို့ ခက်ခဲတဲ့အရာတွေဆိုတာ မှန်ပေမယ့် ကျွန်မတို့ကိုယ်တိုင် လုပ်နိုင်တဲ့ အရာလေးတွေလည်း အများကြီးရှိပါသေးတယ်။ ဒီအတွက် အောက်ပါအချက်လေးတွေကို အကြံပြု တိုက်တွန်းလိုက်ပါရစေ။…… ဆေးသောက်လက်စလူနာတွေ နေရာဒေသ အပြောင်းအလဲ ဖြစ်သွားကြတယ်ဆိုရင် အဲဒီဒေသမှာရှိတဲ့ အေအာတီဆေးပေးတဲ့ နေရာတွေ သို့မဟုတ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အချိတ်အဆက် မပြတ်အောင်နေပါ။ ဆေးပြတ်တော့မယ်၊ ဆေးပြတ်နေပြီဆိုရင် ဆေးရရှိဖို့အတွက် ကိုယ်လက်ရှိရောက်နေတဲ့ - [မပေါ့သင့်တဲ့ အသည်းအဆီဖုံးခြင်း](https://www.telekyanmar.org/မပေါ့သင့်တဲ့-အသည်းအဆီဖု/) - အမေး။ အရက်သောက်သူတွေ သို့ ဘီပိုးစီပိုးရှိတဲ့သူတွေပဲ အသည်းကင်ဆာ ဖြစ်ကြတာလား။ အဖြေ။ အသည်းကိုထိခိုက်စေတဲ့ အရာတိုင်းက အသည်းကင်ဆာ ဖြစ်နိုင်ပါတယ်။ အသည်းခြောက်တဲ့သူတွေက ကင်ဆာပိုဖြစ်ကြပေမယ့် အသည်းမခြောက်လည်း ဖြစ်နိုင်ပါတယ်။ အသည်းကို ရေရှည်ထိခိုက်စေတာကတော့ အရက်၊ ဘီယာ၊ ယာမကာတွေ၊ ဘီပိုးစီပိုးတို့အပြင် အချိုရည်များလည်း ပါပါတယ်။ အသည်းအဆီဖုံးတာ ကြာရှည်လာပြီဆို အသည်းကို ထိခိုက်စေတာမို့ သူကလည်း အသည်းကင်ဆာ ဖြစ်စေပါတယ်။ ခုနောက်ပိုင်းမှာ ဘီပိုးကာကွယ်ဆေး ပေါ်လာတာရယ်၊ စီပိုးကို အရှင်းပျောက်အောင် ကုလို့ရလာတာတွေကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးခြင်းတွေက အသည်းကင်ဆာရဲ့ အဓိကလက်သည်အဖြစ် အရင်ကထက် အရှေ့ကို ပိုရောက်လာပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတာပဲဆိုပြီး မပေ့ါဆပါနဲ့။ ဝိတ်ချဖို့၊ သွေးတွင်းအဆီတွေချဖို့ စတဲ့ ဇီဝဖြစ်စဉ်တွေကို ပုံမှန်ပြန်ဖြစ်အောင် အစားအသောက်ဆင်ခြင်တာ၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ လူနေမှုပုံစံကို - [ပျော်ရွှင်စေသောငိုသံလေးများ](https://www.telekyanmar.org/ပျော်ရွှင်စေသောငိုသံလေ/) - ပျော်ရွှင်စေသောငိုသံလေးများ ခေါင်းစဉ်က တစ်မျိုးတော့ ဖြစ်နေနိုင်ပါသည်။ ငိုသံပါဆိုမှဖြင့် ဘယ်လိုပျော်ရွှင်စေပါလိမ့်။ ငိုကြွေးခြင်းကို ဝမ်းနည်းနာကျင်ရခြင်းဖြင့်သာ အများအားဖြင့် ဆက်စပ်မိကြသော်လည်း ဆေးရုံလုပ်ငန်းခွင်ရှိ ဆရာဝန်ဆရာမများအတွက်မူ ငိုသံလေးကြားရမှ ရင်အေးရသော၊ စိတ်ချမ်းသာရသော အခြေအနေများ အမှန်တကယ်ရှိပါသည်။ မီးဖွားခြင်းကိစ္စတွင် ရိုးရိုးဖြစ်စေ ခွဲသည်ဖြစ်စေ ကလေးငယ်၏ ငိုကြွေးသံမကြားမချင်း မွေးဖွားပေးသူအနေဖြင့် စိုးရိမ်ပူပန်ရမြဲဖြစ်သလို အသက်ရှူရပ်၊ နှလုံးခုန်ရပ်သွားသည့် ကလေးငယ်များအား ကုသရာတွင်လည်း တအဲ့အဲ့ငိုသံလေးကြားပါမှ ကိစ္စအောင်မြင်သည်ဟု မှတ်ယူကြရပါသည်။ မိမိ၏ ရှစ်နှစ်တာ သက်တမ်းသာရှိသေးသော ဆရာဝန်ငယ်ဘဝတွင်ပင် ဤအတွေ့အကြုံများ အမှတ်ရစရာ ရှိနေခဲ့ပါသည်။…… ဘွဲ့ရပြီးခါစတွင် နယ်စပ်မြို့တစ်မြို့၏ ပုဂ္ဂလိကဆေးရုံ၌ စတင်အလုပ်လုပ်ဖြစ်ခဲ့တုန်းက ဖြစ်သည်။ လူနာမှာ အသက်ငယ်ငယ် အမျိုးသမီးလေးဖြစ်ကာ ဗိုက်အောင့်သည်ဆို၍ ထိုဆေးရုံသို့ ရောက်လာခဲ့ခြင်းပင်။ ကိုယ်ဝန်ရှိနေမှန်းကို သတိမထားမိဟုဆိုသော်ငြား မိမိက ဗိုက်ကိုစမ်းသပ်ချိန်တွင် ၆ လနီးပါးမျှရှိမည်ဟု - [အယူအဆအလွဲ (၂၃)](https://www.telekyanmar.org/အယူအဆအလွဲ-၂၃/) - အလွဲ ❌ ညဘက်တွင် ခေါင်းလျှော်ပြီး ဆံပင်မခြောက်သွေ့သေးခင် ချက်ချင်း အိပ်ရာဝင်ပါက ဦးနှောက်ထိခိုက်ခြင်း၊ လေဖြတ်ခြင်း (သို့) အအေးမိခြင်းတို့ ဖြစ်စေနိုင်သည်။ အမှန် ✅ ဆံပင်မခြောက်သွေ့သေးခင် အိပ်ရာဝင်ခြင်းသည် ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်သော်လည်း ဦးနှောက်ကို ထိခိုက်စေခြင်း သို့မဟုတ် ဖျားနာခြင်းကို တိုက်ရိုက်ဖြစ်စေခြင်း မရှိပါ။ ဆံပင်စိုနေချိန်တွင် ဦးရေပြားအပူချိန် လျင်မြန်စွာကျဆင်းခြင်း သို့မဟုတ် ခေါင်းကို အေးစက်နေအောင် အချိန်ကြာကြာထားခြင်းသည် ခေါင်းကိုက်ခြင်း သို့ ဦးရေပြားပတ်ဝန်းကျင်ရှိ ကြွက်သားများ တင်းမာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ အအေးမိခြင်း သို့မဟုတ် တုပ်ကွေးမိခြင်းတို့သည် ဗိုင်းရပ်စ်ပိုးကြောင့်သာ ဖြစ်ပေါ်ခြင်းဖြစ်ပြီး စိုနေသော ဆံပင်ကြောင့် တိုက်ရိုက်ဖြစ်ခြင်း မဟုတ်ပါ။ သို့သော် ခန္ဓာကိုယ်၏အပူချိန် ရုတ်တရက်ကျဆင်းမှုသည် ကိုယ်ခံစွမ်းအားကို အနည်းငယ် လျော့ကျစေနိုင်ပါသည်။ ဆံပင်မခြောက်ဘဲ အိပ်ခြင်း၏ အဓိကပြဿနာမှာ - [စောင့်ရတာကို ဘာလို မုန်းတာလဲ](https://www.telekyanmar.org/စောင့်ရတာကို-ဘာလို-မုန်း/) - ⏳ စောင့်ရတာကို ဘာလို့ မုန်းတာလဲ တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ကို၊ ဘာကိုမှ တစ်ခါမှ မစောင့်ဖူးတဲ့သူဆိုတာ တော်တော်ရှားပါးပါလိမ့်မယ်။ ဘတ်စ်ကား စောင့်ရတာ၊ ချိန်းထားတဲ့ သူငယ်ချင်းကို စောင့်ရတာ၊ အွန်လိုင်းက မှာထားတဲ့ ပစ္စည်းလေး ရောက်လာဖို့ စောင့်ရတာ… ဒါတွေဟယ ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ အမြဲကြုံနေရတဲ့ ကိစ္စတွေပါ။ အဲဒီလို စောင့်နေရတဲ့အခါ သည်းမခံနိုင်တာ၊ စိတ်တိုတာ၊ စောင့်ရတာကို လုံးဝမုန်းတယ်လို့ မကြာခဏ ပြောမိ၊ ခံစားမိတတ်ကြပါတယ်။ ဒီမှာ အရေးကြီးတာက ဒီအခြေအနေကို သေသေချာချာ ခွဲခြားကြည့်တတ်ဖို့ပါပဲ။ 🔺စောင့်ရခြင်းရဲ့ အကြောင်းရင်းဘာကြောင့် ကိုယ်က စောင့်ဆိုင်းနေရတာလဲ (ပြင်ပအခြေအနေ) 🔹စိတ်မရှည်ရတဲ့ အကြောင်းရင်းဘာလို့ ဒီအလုပ်ကို သည်းညည်းမခံနိုင်အောင် စိတ်ထဲက ဖြစ်နေရတာလဲ (စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်း). ၁။ စောင့်ရတဲ့ အကြောင်းရင်းများ(ဘယ်သူ့ကြောင့်၊ ဘာကြောင့် - [အယူအဆအလွဲ (၂၂)](https://www.telekyanmar.org/အယူအဆအလွဲ-၂၂/) - အလွဲ ❌ နေ့စဉ်ခေါင်းလျှော်ခြင်းသည် ဦးရေပြားရှိ အဆီဓာတ် (Sebum) ကို ဖယ်ရှားလိုက်သောကြောင့် ဆံပင်ကိုခြောက်သွေ့စေပြီး ပျက်စီးစေကာ ပိုမိုကျွတ်စေသည်။ အမှန် ✅ ခေါင်းလျှော်သင့်သော အကြိမ်ရေသည် လူတစ်ဦးချင်းစီ၏ ဦးရေပြားအမျိုးအစား၊ ဆံပင်အမျိုးအစားနှင့် လူနေမှုပုံစံအပေါ်တွင် မူတည်ပါသည်။ ဆံပင်အမျိုးအစားများတွင် အဆီများသော ဦးရေပြား ရှိသူများ သို့မဟုတ် နေ့စဉ် ပြင်းထန်သော လှုပ်ရှားမှု/လေ့ကျင့်ခန်း လုပ်သူများသည် ခေါင်းကို နေ့စဉ် သို့မဟုတ် တစ်ရက်ခြားတစ်ခါလျှော်ရန် လိုအပ်နိုင်ပါသည်။ ဆံသားတွင် အဆီနှင့်ချွေးများ စုပုံနေခြင်းသည်သာ ဦးရေပြားနှင့်ဆံပင်ကို ပျက်စီးစေပါသည်။ ခေါင်းလျှော်ရည် ရွေးချယ်မှုတွင် ဆံသားကို ပျက်စီးစေသည်မှာ နေ့စဉ်လျှော်ခြင်းထက် ပြင်းထန်သော ဓာတုပစ္စည်းပါဝင်သည့် ခေါင်းလျှော်ရည် သို့မဟုတ် ပူလွန်းသောရေကို အသုံးပြုခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ဓာတုပစ္စည်းပါဝင်မှုနည်းသော၊ ပျော့သော ခေါင်းလျှော်ရည် (Gentle - [ထန်းလျက်နှင့် သကြားဓာတ်](https://www.telekyanmar.org/ထန်းလျက်နှင့်-သကြားဓာတ်/) - ပြီးခဲ့တဲ့အပတ်က သကြားဖြတ်တဲ့အကြောင်းဆောင်းပါးမှာ ထန်းလျက်အကြောင်း အမေးများလို့ ပြောပြပါရစေ။ ထန်းလျက်ဆိုတဲ့ မြန်မာချောကလက်ဟာဖြင့် တို့မြန်မာတွေ မကြိုက်တဲ့သူ မရှိလောက်ပါနော်။ အာဟာရရှုထောင့်အရ စောင်းငဲ့ကြည့်မယ်ဆိုရင်တော့ ထန်းလျက်ဟာ သကြားဓာတ်ပါ။ ဘာတွေ ပါဝင်လဲဆိုရင် glucose နဲ့ အခြားသကြားဓာတ်တွေ ပါပါတယ်။ ဒါဖြင့်ရင် ထမင်းစားအပြီး ထန်းလျက်ခဲလေး စားလိုက်တယ်ဆို ရင်ချောင်သွားတယ်၊ အစာကြေသွားတယ်လို့ ခံစားရတာကရော။ သကြားစားရင် ဒီလိုမဖြစ်ဘူးလေနော်။ ထန်းလျက်မှာ အခြားသောသတ္တုဓာတ် (magnesium, potassium, calcium) တို့ အနည်းငယ် ပါဝင်ပါတယ်။ သကြားမှာတော့ ဒီလိုမပါဝင်ပါဘူး။ ဒါပေမယ့် ကယ်လိုရီအရဆိုရင်တော့ ထန်းလျက်တစ်ခဲနဲ့ သကြားတစ်ဇွန်းက အတူတူပါပဲ။ ဆီးချိုတက်နှုန်းလည်း ခပ်ဆင်ဆင်ပါပဲ။ ပါဝင်တဲ့ သကြားဓာတ်ပမာဏလည်း အတူတူပါပဲ။ ဒီအတွက်ကြောင့် သကြားအစားထိုးချင်လို့ ထန်းလျက်ပြောင်းစားဖို့ရာ မသင့်တော်ပါဘူး။ ဘယ်သကြားဓာတ်ဖြစ်ဖြစ် လျှော့နိုင်တာက - [အယူအဆအလွဲ (၂၁)](https://www.telekyanmar.org/အယူအဆအလွဲ-၂၁/) - အလွဲ ❌ အမျိုးသမီးတစ်ဦး ရာသီသွေးဆင်းနေချိန်တွင် အတူနေပါက ကိုယ်ဝန်လုံးဝမရနိုင်ဟု ထင်မြင်ယူဆခြင်း။ အမှန် ✅ ရာသီလာနေစဉ် အတူနေပါက ကိုယ်ဝန်ရရှိနိုင်ခြေသည် နည်းပါးသော်လည်း လုံးဝမရှိဟု မဆိုနိုင်ပါ။ ဤအချိန်တွင်လည်း ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါသည်။ အကြောင်းမှာ . . . (၁) မျိုးဥကြိုထွက်ခြင်းမျိုးဥထွက်ခြင်း (Ovulation) သည် ဓမ္မတာစက်ဝန်း၏ အလယ်လောက်တွင် ပုံမှန်ဖြစ်ပေါ်လေ့ရှိသော်လည်း ဓမ္မတာစက်ဝန်း တိုတောင်းသူများ (ဥပမာ။ ၂၁ ရက်သာ ကြာသူများ) သို့မဟုတ် ဓမ္မတာမမှန်သူများတွင် ရာသီဆုံးပြီးမကြာမီ မျိုးဥကြိုထွက်နိုင်ပါသည်။ (၂) သုက်ပိုး၏ သက်တမ်းသုက်ပိုးများသည် အမျိုးသမီး၏ ခန္ဓာကိုယ်အတွင်း ၅ ရက်ခန့်အထိ အသက်ရှင်နိုင်ပါသည်။ ထို့ကြောင့် ရာသီလာစဉ် လိင်ဆက်ဆံပါက ရာသီဆုံးပြီး ရက်အနည်းငယ်အတွင်း မျိုးဥထွက်ချိန်နှင့် တိုက်ဆိုင်သွားပြီး သုက်ပိုးနှင့်မျိုးဥတွေ့ဆုံကာ - [သကြားအစားထိုးရန် ပျားရည်သုံးစွဲသင့်ပါသလား](https://www.telekyanmar.org/သကြားအစားထိုးရန်-ပျားရည/) - သကြားဖြတ်တဲ့အကြောင်း ရေးပြီးသကာလမှာ အများစုက မေးကြတယ်။ ပျားရည်ထည့်သောက်တယ် ရလား၊ ထန်းလျက်ပြောင်းစားတာ အဆင်ပြေသလား စသဖြင့် မေးခွန်းတွေကို အမေးများတာ တွေ့ရပါတယ်။ ဒီဆောင်းပါးကနေ ပျားရည်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြချင်ပါတယ်။ ပျားရည်ဟာ ပျားလေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ သဘာဝအတိုင်းရရှိလာတဲ့ သကြားဖြစ်ကာ လူသားတို့အနေနဲ့ အဆင်သင့် စားသုံးနိုင်တဲ့ အချိုဓာတ်ပေးတဲ့အရာ ဖြစ်ပါတယ်။ ပျားရည်က ရိုးရိုးသကြားထက်စာရင် သဘာဝအရ အနာကျက်စေ၊ အရောင်ကျစေတဲ့ အရာတွေပါဝင်တာမို့ သကြားအစားထိုး သုံးလာကြပါတယ်။ ဟိုး ဘီစီ ၂၀၀၀ ခန့်ထဲက အနာကျက်ဆေးအနေနဲ့ မှီဝဲခဲ့တဲ့ ပျားရည်ကို ယနေ့ခေတ် အနောက်တိုင်းဆေးပညာမှာ အနာကျက်လိမ်းဆေးတွေမှာ ပါဝင်ဖော်စပ်တာမျိုး၊ လည်ပင်းယားပြီး ချောင်းဆိုးတဲ့အခါ ရေနွေးနဲ့ပျားရည် ဖျော်သောက်စေတာမျိုး အကြံပြုထားပါတယ်။ ပျားရည်ကို ဆီးချ်ိုသမားတွေ မှီဝဲလို့ရတယ်လို့ အပြောကောင်းကြပါတယ်။ ဖြစ်စဥ်အမှန်က - [ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း](https://www.telekyanmar.org/ရင်ဆိုင်နေရတဲ့-ပြဿနာတို/) - 💔 ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း "လိုချင်တဲ့အရာ" လို့ ပြောလိုက်ရင် ပုံမှန်အားဖြင့် ကျွန်မတို့ဟာ လက်ထဲမှာ ကိုင်တွယ်လို့ရတဲ့၊ မျက်စိနဲ့ မြင်ရတဲ့ ဒြပ်ပစ္စည်းတွေပဲ အရင်ဆုံး ပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ စိတ်နှလုံးသားထဲမှာ အများစု တောင်းဆိုနေတာကတော့ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက် (Emotional Needs) တွေပါပဲ။ ဒီလိုအပ်ချက်လေးတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေလို မဟုတ်ဘဲ နူးညံ့သိမ်မွေ့လွန်းလို့ အများစုက သတိမထားမိဘဲ လျစ်လျူရှုထားမိတတ်ကြပါတယ်။ ကျွန်မတို့ နေ့စဉ်ဘဝမှာ ဖြစ်ပေါ်နေတဲ့ စိတ်ရှုပ်ထွေးမှုတွေ၊ အချင်းချင်းကြားက အဆင်မပြေမှုတွေနဲ့ ပဋိပက္ခလေးတွေဟာ တကယ်တမ်း ဘယ်သူ့ကိုမှ တိုက်ရိုက် အပြစ်တင်စရာ မလိုပါဘူး။ ဒီအရာတွေ ဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့ ကိုယ့်ရဲ့စိတ်ဝိညာဉ်က တကယ်တမ်း ဘာကို တောင့်တနေသလဲ (Need) ဆိုတာကို - [ရေချိုးမှားခြင်း](https://www.telekyanmar.org/ရေချိုးမှားခြင်း/) - မေး။ ရေချိုးမှားခြင်းသည် ဦးနှောက်သွေးကြောပြတ်ခြင်း (လေဖြတ်ခြင်း) ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသလား။ ဖြေ။ လူတို့၏ ဦးနှောက်ရှိအစိတ်အပိုင်းတွင် ခန္ဓာကိုယ်အစိတ်အပိုင်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်သောနေရာများ အသီးသီးရှိကြသည်။ ထိုနေရာများ ပုံမှန်အလုပ်လုပ်ရန်အတွက် သွေးထောက်ပံ့မှု လိုအပ်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောများပိတ်ခြင်း သို့ သွေးကြောများပေါက်ထွက်ခြင်းကြောင့် ထိုအစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှု ပြတ်လပ်သွားသည့်အခါ ယင်းနေရာများ အလုပ်မလုပ်နိုင်တော့သောကြောင့် သက်ဆိုင်ရာဦး‌နှောက်အစိတ်အပိုင်းများက ထိန်းချုပ်ထားသည့် ခန္ဓာကိုယ်အစိတ်အပိုင်း (ဥပမာ ခြေ၊ လက်၊ မျက်နှာ) များရှိ ကြွက်သားများအလုပ်မလုပ်နိုင်တော့ပေ။ ထိုသို့ဖြစ်ခြင်းကို မြန်မာအခေါ်အဝေါ်ဖြင့် လေဖြတ်ခြင်းဟု ခေါ်ပါသည်။ ရေချိုးခြင်းသက်သက်ဖြင့် ဦးနှောက်အတွင်းရှိသွေးကြောများ ပိတ်ခြင်း/ပေါက်ခြင်းကို တိုက်ရိုက်မဖြစ်စေနိုင်ပါ။ အဓိကအကြောင်းရင်းမှာ သွေးကြောများကို ပျက်စီးစေနိုင်သည့် သွေးတွင်းအဆီခဲများဖြင့် သွေးကြောကျဉ်းနေခြင်း၊ သွေးပေါင်တက်နေခြင်းနှင့် နှလုံးမှတစ်ဆင့် သွေးခဲများ ရုတ်တရက် လာပိတ်ခြင်းတို့ကြောင့်သာ ဖြစ်နိုင်ပါသည်။ သို့ကြောင့် - [သကြားဖြတ်ခြင်း](https://www.telekyanmar.org/သကြားဖြတ်ခြင်း/) - သကြားဖြတ်တာနဲ့ ပတ်သက်လို့ ပြောပါရစေ။ သကြားဖြတ်ရင် အသားအရေလှတယ်၊ ဝက်ခြံသက်သာတယ်၊ ကင်ဆာအားပေး မဖြစ်စေဘူးလို့ အများစုသိပြီးသား ဖြစ်မှာပါ။ ဟုတ်ပါတယ် … ဒီအတွက် နည်းနည်းလောက် ပိုတိိတိကျကျလေး ပြောပြချင်လို့ပါ။…… သကြားဖြတ်တာ ကောင်းလားဆို ကောင်းပါတယ်။ သကြားက ဘာလဲဆိုတော့ ရှူးဂါးပေါ့နော် (စတာပါ) အဓိကက free sugar ကိုဖြတ်ရမှာ ဖြစ်ပါတယ်။ စာစကားနဲ့ဆိုရင်တော့ monosaccharides, disaccharides တွေပေါ့။ Glucose, fructose, sucrose စတာတွေပါ။ ဒါဖြင့် ဒီသကြားက ဘယ်ထဲပါလဲ၊ ဖြတ်ရမှာ ဘာတွေလဲဆိုတော့ အရည်တွေကိုလျှော့၊ အဖတ်တွေကို ချင့်ချိန်ပါ။ အရည်တွေထဲမှာ အချိုရည်၊ ဖျော်ရည်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်ထဲထည့်တဲ့ သကြားများ၊ နို့ဆီများပေါ့။ (သကြားအဖြူဖြစ်ဖြစ် အညိုဖြစ်ဖြစ် အတူတူပါပဲ) ဘူးနဲ့ဝယ်တာဆို - [စပျစ်သီးလေးတွေ ချိုစပြုလာပြီ](https://www.telekyanmar.org/စပျစ်သီးလေးတွေ-ချိုစပြု/) - ဒီခေါင်းစဉ်ကို ရဖို့အတွက် တော်တော်လေး ဦးနှောက်စားခဲ့ရတယ်။ ပထမဆုံး စဉ်းစားမိတဲ့ ခေါင်းစဉ်က "ကျည်ပွေ့ အတက်ပေါက်ခြင်း"။ ကျွန်တော်ပြောပြချင်တဲ့ အကြောင်းအရာနဲ့ ကိုက်ညီသလိုပါ။ သို့သော် ဖန်တစ်ရာတေနေတဲ့ စကားပုံအဟောင်းကြီး။ ပြီးတော့ ကျွန်တော်ပြောချင်တာက အဲဒါထက် နည်းနည်းပိုတယ်လို့လည်း ထင်တယ်။ မကြိုက်ဘူး ပယ်တယ်ပေါ့။ နောက်‌ခေါင်းစဉ်တစ်ခု စဉ်းစားမိတယ် "ပညာလို၊ အိုသည်မရှိ"။ စကားပုံက ဟောင်းရုံတင်မက ကိုယ်ကိုယ်ကိုယ် အိုပြီလို့ပါ ပြောလိုက်ရသေး။ ကျွန်တော်ကမှ မအိုသေးတာ။ ပယ်တာပေါ့။ နောက်ခေါင်းစဉ်တစ်ခု "ခွေးကြီးမှ လက်ပေးသင်"။ ပိုဆိုးပေါ့။ လူစစ်စစ်ကနေ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန် ဖြစ်ခိုင်းရမှာ။ တိရစ္ဆာန်တောင်မှ ချစ်စရာ‌လေးလည်း မဟုတ်။ ခုခေတ်အခြေအနေနဲ့ဆို ပိုတောင်အဆင်မပြေသေး။ အနက်အဓိပ္ပာယ်အရ ဒီနာမ်က ရွံရှာစက်ဆုပ်ဖွယ် အစုအဖွဲ့တစ်ခုရဲ့ ကိုယ်ပိုင်နာမ် ဖြစ်သွားပြီလေ။ နောက်ဆုံးမှ စိတ်တိုင်းကျ - [အာရုံခံနိုင်မှုဆိုင်ရာ လှုံ့ဆော်မှုကြောင့် အမှတ်ရခြင်း Sensory-Evoked Memory](https://www.telekyanmar.org/အာရုံခံနိုင်မှုဆိုင်ရာ/) - သီချင်းသံစဉ်တစ်ခုကို ကြားလိုက်ရတဲ့အခါရနံ့တစ်ခုခုကို ရုတ်တရက် ရှူရှိုက်လိုက်မိတဲ့အခါ . . . အတိတ်မှာ ကြုံခဲ့ဖူးတဲ့အဖြစ်အပျက် ဒါမှမဟုတ် အမှတ်တရတွေကို ပြန်ခံစားမိတာမျိုး၊ အဲဒီတုန်းကအချိန်ကို ပြန်ရောက်သွားသလို ခံစားချက်မျိုး ကြုံဖူးကြတယ်မို့လား။ ဟုတ်ပါတယ်။ သီချင်းသံ၊ အနံ့တစ်ခုခုကြောင့် အတိတ်က အမှတ်တရတွေ၊ စိတ်ခံစားချက်တွေ ပြန်လည် နိုးထလာတာကို စိတ်ပညာမှာတော့ "အာရုံခံနိုင်မှုဆိုင်ရာ လှုံ့ဆော်မှုကြောင့် အမှတ်ရခြင်း" (Sensory-Evoked Memory) သို့ မှတ်ဉာဏ်၏ လှုံ့ဆော်မှု (Memory Triggers) လို့ အလွယ်ခေါ်လို့ရပါတယ်။ တချို့နေရာတွေမှာ အဲဒီခံစားချက် အဟောင်းတွေ ပြင်းထန်လွန်းရင်တော့ "စိတ်ခံစားမှုဆိုင်ရာ လျှပ်တစ်ပြက် ပြန်ခံစားမှု" (Emotional Flashback) လို့လည်း ခေါ်ဆိုတတ်ပါတယ်။. 🧠 ဘာကြောင့်ဖြစ်ရတာလဲ။ ဒီလိုဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်မတို့ ဦးနှောက်ရဲ့ မှတ်ဉာဏ်စနစ်နဲ့ - [အယူအဆအလွဲ (၂၀)](https://www.telekyanmar.org/အယူအဆအလွဲ-၂၀/) - အလွဲ ❌ ရာသီလာစဉ် ဗိုက်အောင့်ခြင်း သို့မဟုတ် ခါးကိုက်ခြင်းသည် အမျိုးသမီးတိုင်း ခံစားရသော သဘာဝဖြစ်စဉ်ဖြစ်ပြီး ခံနိုင်ရည်ရှိရမည်။ အမှန် ✅ ရာသီလာစဉ် နာကျင်ကိုက်ခဲမှု (Dysmenorrhea) သည် အနည်းငယ်ရှိတတ်သော်လည်း နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေလောက်အောင် အလွန်အမင်းနာကျင်ခြင်းသည် ပုံမှန်မဟုတ်သောအခြေအနေ ဖြစ်နိုင်ပါသည်။ ဓမ္မတာလာစဉ် အလွန်အမင်း နာကျင်ကိုက်ခဲခြင်းသည် သားအိမ်အတွင်းလွှာ ကြီးထွားခြင်း (Endometriosis)၊ သားအိမ်အသားလုံး (Fibroids) သို့မဟုတ် မမျိုးဥအိမ်တွင် ရေအိတ်တည်ခြင်း (Ovarian Cysts) ကဲ့သို့သော ကျန်းမာရေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်ပါသည်။ နာကျင်မှုကို သက်သာစေရန်အတွက် အကိုက်အခဲပျောက်ဆေးများ (ဥပမာ- NSAIDs)၊ ရေနွေးအိပ်ကပ်ခြင်း (သို့မဟုတ်) ဆရာဝန်ညွှန်ကြားသော ဟော်မုန်းဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်သည်။ 📌 အကယ်၍ နာကျင်ကိုက်ခဲမှုသည် တစ်လပြီးတစ်လ ပိုမိုဆိုးရွားလာပါက - [အယူအဆအလွဲ (၁၉)](https://www.telekyanmar.org/အယူအဆအလွဲ-၁၉/) - အလွဲ ❌ သောက်ဆေးများ အားလုံးကို ရေနွေးနွေးဖြင့် သောက်သုံးရမည်ဟု လူအများက ထင်မြင်ယူဆကြပြီး ရေအေးဖြင့် သောက်ပါက ဆေးအာနိသင် ပျက်ပြယ်မည် (သို့မဟုတ်) ဆေးပြားများ အရေပျော်မသွားဘဲ ဗိုက်ထဲတွင် ကျန်နေမည်ဟု ယူဆကြသည်။ အမှန် ✅ ဆေးဝါးအများစုကို ရေအေး (သို့မဟုတ်) အခန်းအပူချိန်ရှိသောရေဖြင့် သောက်သုံးနိုင်ပြီး ဆေးအာနိသင် ပျက်ပြယ်ခြင်း မရှိပါ။ ဆေးပြားများ၊ ဆေးတောင့်များ (Capsules) သည် အစာအိမ်အတွင်းရှိ အပူချိန်နှင့် အက်ဆစ်ဓာတ် ကြောင့် သာမန်အားဖြင့် အလွယ်တကူ အရည်ပျော်နိုင်ပါသည်။ ရေနွေး၏အန္တရာယ် >> ဆေးဝါးအချို့သည် အပူဒဏ်ကို ခံနိုင်ရည်မရှိပါ။ အထူးသဖြင့် ဆေးတောင့် (Capsule) များသည် ရေနွေးဖြင့် သောက်ပါက မြန်မြန်ပျော်ဝင်သွားပြီး ဆေးဓာတ်ကို လိုအပ်သောအချိန်ထက်စော၍ ထုတ်လွှတ်လိုက်သောကြောင့် ဘေးထွက်ဆိုးကျိုးများ - [အယူအဆအလွဲ (၁၈)](https://www.telekyanmar.org/အယူအဆအလွဲ-၁၈/) - အလွဲ ❌ ရာသီလာနေစဉ်အတွင်း လေ့ကျင့်ခန်း (အထူးသဖြင့် ပြင်းထန်သော လေ့ကျင့်ခန်းများ) လုပ်ခြင်းသည် ခန္ဓာကိုယ်ကို ပင်ပန်းစေပြီး သွေးဆင်းခြင်းကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် လုံးဝရှောင်သင့်သည်။ အမှန် ✅ ရာသီလာစဉ် ပုံမှန်အတိုင်း ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများကို ဆက်လက်ပြုလုပ်နိုင်ပြီး ၎င်းသည် ကျန်းမာရေးအတွက် အကျိုးရှိစေပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်မှ အန်ဒေါ်ဖင် (Endorphins) ဟော်မုန်းများ ထွက်လာစေပြီး ရာသီလာစဉ် ဖြစ်တတ်သည့် ဗိုက်အောင့်ခြင်း (Cramps)၊ စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်း (PMS လက္ခဏာများ) တို့ကို သက်သာစေပါသည်။ အလယ်အလတ်အဆင့် လေ့ကျင့်ခန်းများသည် သွေးဆင်းမှုပမာဏကို သိသိသာသာ ပြောင်းလဲစေခြင်းမရှိပါ။ 📌 သတိပြုရန်အကယ်၍ ရာသီလာစဉ် ပင်ပန်းလွန်းခြင်း သို့မဟုတ် နာကျင်လွန်းခြင်းကြောင့် လေ့ကျင့်ခန်းကို မလုပ်နိုင်ပါက အနားယူသင့်ပါသည်။ မိမိခံနိုင်ရည်အလိုက် လမ်းလျှောက်ခြင်း၊ - [အယူအဆအလွဲ (၁၇)](https://www.telekyanmar.org/အယူအဆအလွဲ-၁၇/) - အလွဲ ❌ ခန္ဓာကိုယ်အလေးချိန် လျှော့ချရန်အတွက် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အဆီကျဆေး (သို့မဟုတ်) ဝမ်းနုတ်ဆေးပြင်းပြင်းကို မှီဝဲခြင်းသည် ဘေးကင်းပြီး ထိရောက်သည်။ အမှန် ✅ ဆေးဆိုင်များမှ အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဝမ်းနုတ်ဆေးများ သို့မဟုတ် တရားမဝင် ရောင်းချနေသည့် အဆီကျဆေးများသည် ကိုယ်အလေးချိန်ကျဆင်းမှုကို မပေးနိုင်သည့်အပြင် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ ဝမ်းနုတ်ဆေးများကို အလွန်အကျွံ သုံးစွဲခြင်းသည် ရေဓာတ်ခမ်းခြောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ခန္ဓာကိုယ်အတွင်းရှိ ဓာတ်များ (Electrolytes) မညီမျှခြင်းတို့ကို ဖြစ်ပေါ်စေပြီး နှလုံးနှင့်ကျောက်ကပ်ကို ထိခိုက်စေနိုင်သည်။ တရားမဝင် အဆီကျဆေးများစွာတွင် တားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်လေ့ရှိပြီး ၎င်းတို့သည် နှလုံးခုန်မြန်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် နှလုံးဖောက်ခြင်းကဲ့သို့သော အသက်အန္တရာယ်ရှိသည့် ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ကိုယ်အလေးချိန် ထိရောက်စွာ လျှော့ချလိုပါက - [အယူအဆအလွဲ (၁၆)](https://www.telekyanmar.org/အယူလွဲ-၁၆/) - အလွဲ ❌ ကလေး ဝက်သက် (Measles) ပေါက်လျှင် ရောဂါကို ပိုမဆိုးစေရန်အတွက် ရေချိုးခြင်း၊ လေထုနှင့် ထိတွေ့ခြင်းနှင့် အချို့သော အစားအစာများကို လုံးဝ ရှောင်ကြဉ်ရမည်။ အမှန် ✅ ဝက်သက်သည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အပူအအေးရှောင်ခြင်း သို့မဟုတ် ရေမချိုးဘဲနေခြင်းဖြင့် ကုသ၍ မရပါ။ ဝက်သက်ကဲ့သို့သော ဗိုင်းရပ်စ်ရောဂါများသည် အများအားဖြင့် ရေဓာတ်ဖြည့်တင်းပေးခြင်း၊ လုံလောက်စွာ အနားယူခြင်းနှင့် အာဟာရပြည့်ဝသော အစားအစာများ စားသုံးခြင်းဖြင့်သာ ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးရန် လိုအပ်ပါသည်။ ဝက်သက်ပေါက်စဉ် ရေမချိုးဘဲ အဝတ်အစားများ မလဲလှယ်ဘဲနေပါက အရေပြားသန့်ရှင်းမှုကို ထိခိုက်စေပြီး အခြားပိုးဝင်မှုများ (Secondary Infection) ကို ဖြစ်စေနိုင်ပါသည်။ လူနာကို သက်တောင့်သက်သာ ရှိစေရန်အတွက် ရေနွေးနွေးဖြင့် အမြန်ရေချိုးပေးခြင်း သို့မဟုတ် ရေပတ်ဝတ် - [အရက်အဆိပ်သင့်ပြီး သေဆုံးစေနိုင်သော လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၅)](https://www.telekyanmar.org/အရက်အဆိပ်သင့်ပြီး-သေဆုံ/) - အရက်ပမာဏအများကြီးကို အချိန်တိုအတွင်း သိုမဟုတ် အလွန်လျင်မြန်စွာ သောက်သုံးပါက အရက်အဆိပ်သင့်၍ သေဆုံးနိုင်ပါသည်။ နှိး၍ မရခြင်း/ မနိုးထနိုင်တော့ခြင်း အန်ခြင်း အသက်ရှူနှုန်း နှေးခြင်း (တစ်မိနစ်လျှင် ၈ ကြိမ်အောက် နည်းခြင်း) အသက်ရှူ မမှန်ခြင်း (အသက်ရှူကြိမ် ၂ ခုကြား ဆယ်စက္ကန့် သိုမဟုတ် ပို၍ ကြာခြင်း) တက်ခြင်း ခန္ဓာကိုယ် အေးခြင်း (ကိုယ်အပူချိန် နိမ့်ကျခြင်း)၊ အသားအ ရေ ပြာနှမ်းလာခြင်း၊ ဖြူ ဖျော့ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: USCDC - [အရက်သောက်ပါက ကင်ဆာရောဂါပေါင်းများစွာ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါသည်။(နိုဝင်ဘာလ၊ ၂၀၂၅)](https://www.telekyanmar.org/အရက်သောက်ပါက-ကင်ဆာရောဂါ/) - လည်ချောင်းကင်ဆာ အူမကြီးကင်ဆာ ရင်သားကင်ဆာ (အမျိုးသမီးများတွင်) အသည်းကင်ဆာနှင့် အခြားကင်ဆာပေါင်းများစွာ… တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ - [ရိုးရှင်းစွာ အိပ်ပျော်စေသည့် နည်းလမ်းများ (နိုဝင်ဘာလ၊ ၂၀၂၅)](https://www.telekyanmar.org/ရိုးရှင်းစွာ-အိပ်ပျော်စ/) - ရိုးရှင်းစွာ အိပ်ပျော်စေသည့် နည်းလမ်းများ ▪️ မအိပ်ခင် မိနစ် (၃၀) ခန့် စော၍ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ TV စသည့် Screen များ အသုံးပြုချိန်ကို ရပ်ပါ။▪️ အိပ်ရာမဝင်ခင် အစာ များများစားခြင်းနှင့် အရက်သောက်ခြင်းတိုမှ ရှောင်ကြဉ်ပါ။▪️ သင့်အိပ်ခန်းကို အမှောင်ချ၍ အေးချမ်းတိတ်ဆိတ်နေအောင် ပြုလုပ်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်ဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: USCDC - [တိရစ္ဆာန်များနှင့် ထိစပ်အလုပ်လုပ်ရပါက … (နိုဝင်ဘာလ၊ ၂၀၂၅)](https://www.telekyanmar.org/တိရစ္ဆာန်များနှင့်-ထိစပ/) - တိရစ္ဆာန်များနှင့် ထိစပ်အလုပ်လုပ်ရပါက … ▪️ ဝတ်ရုံအကာအကွယ် ဝတ်ဆင်ပါ▪️ နှာခေါင်းစည်း တပ်ပါ▪️ မျက်လုံးအကာအကွယ် တပ်ဆင်ပါ▪️ ခေါင်းစွပ် စွပ်ပါ▪️ လည်တံရှည်ဖိနပ်/ လက်အိတ် ဝတ်ဆင်ပါ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန်ဖြစ်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်ဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: USCDC - [တီဘီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသည်။(အောက်တိုဘာ၊ ၂၀၂၅)](https://www.telekyanmar.org/တီဘီရောဂါကို-ပျောက်ကင်း/) - တီဘီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ပါသည်။ အောက်ပါအခြေအနေများ ဖြစ်ပေါ်ခဲ့လျှင် ဆရာဝန်ထံ ဆက်သွယ်ပါ။ ▪️ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်းနှင့် ကိုယ်အလေးချိန်ကျခြင်း ကဲ့သိုသော လက္ခဏာများ ရှိခဲ့လျှင်▪️ သင့်မိသားစု သိုမဟုတ် လုပ်ငန်းခွင်ရှိ တစ်စုံတစ်ဦးသည် တီဘီရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့လျှင်▪️ သင်သည် ဆီးချိုရောဂါရှိသူ၊ HIV ပိုးရှိသူ၊ သိုမဟုတ် အာဟာရချိုတဲ့သူ အစရှိသည့် ရောဂါဖြစ်နိုင်ခြေများသော အုပ်စုထဲတွင် ပါဝင်သူ ဖြစ်ခဲ့လျှင် တယ်လီကျန်းမာ အခမဲ့အွန်လိုင်ဆေးခန်းကျန်းမာရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ Ref: WHO - [ခံတွင်းရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေသော အချက်များ (အောက်တိုဘာ၊ ၂၀၂၅)](https://www.telekyanmar.org/ခံတွင်းရောဂါ-ဖြစ်ပွားနိ/) - ခံတွင်းရောဂါ ဖြစ်ပွားနိုင်ခြေ မြင့်မားစေသော အချက်များ ဆေးလိပ်သောက်ခြင်း၊ ကွမ်းယာစားခြင်း၊ ဆေးရွက်ကြီး သုံးစွဲခြင်း-အရက်သေစာ သောက်သုံးခြင်း-သကြားဓာတ်ပါဝင်မှု များသော ကျန်းမာရေးကို ထိခိုက်‌စေသည့် အစားအစာများ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization - [ခြင်အကြောင်း (အောက်တိုဘာလ၊ ၂၀၂၅)](https://www.telekyanmar.org/ခြင်အကြောင်း-အောက်တိုဘာ/) - ခြင်တွေ ဥ ဥဖို လက်ဖက်စားဇွန်း တစ်ဇွန်းစာ "ရေ" ရှိ‌နေဖိုပဲ လိုအပ်ပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: US CDC - [အယူအဆအလွဲ (၁၅)](https://www.telekyanmar.org/အယူအဆအလွဲ-၁၅/) - အလွဲ ❌ အသက်ကြီးသူများသည် လဲကျ/ချော်လဲနိုင်ခြေရှိသောကြောင့် ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းများ မလုပ်သင့်တော့ပါ။ ငြိမ်ငြိမ်နေခြင်းသည်သာ ဘေးအကင်းဆုံး ဖြစ်သည်။ အမှန် ✅ မှန်ကန်သော ကိုယ်လက်လှုပ်ရှားမှုနှင့် လေ့ကျင့်ခန်းပုံစံအမျိုးအစားသည် အသက်ကြီးသူများ၏ ကျန်းမာရေးအတွက် အလွန်လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းသည် နှလုံးသွေးကြောများကို ကျန်းမာစေခြင်း၊ ဆီးချိုနှင့် သွေးတိုးကို ထိန်းချုပ်နိုင်ခြင်းအပြင် စိတ်ဓာတ်ကျမှုကို လျှော့ချပေးခြင်းတို့အတွက် အရေးကြီးပါသည်။ ကိုယ်လက်လှုပ်ရှားမှုသည် ကြွက်သားထုကို တည်ဆောက်ခြင်းနှင့် ဟန်ချက်ညီမှုကို တိုးတက်စေခြင်းဖြင့် လဲကျနိုင်ခြေကိုပင် လျှော့ချပေးနိုင်ပါသည်။ ငြိမ်ငြိမ်နေခြင်းသည် ကြွက်သားနှင့် အရိုးများကို ပိုမိုအားနည်းစေပါသည်။ ထို့ကြောင့် အသက်ကြီးသူများအတွက် လမ်းလျှောက်ခြင်း၊ ထိုင်ပြီးလုပ်ရသော လေ့ကျင့်ခန်းများ သို့မဟုတ် ယောဂကျင့်ခြင်း စသည့် ပြင်းထန်မှုနည်းသော လေ့ကျင့်ခန်းများသည် ဘေးကင်းပြီး အလွန်အကျိုးရှိပါသည်။ မိမိ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေနှင့် ကိုက်ညီသော - [အယူအဆအလွဲ (၁၄)](https://www.telekyanmar.org/အယူအဆအလွဲ-၁၄/) - အလွဲ ❌ အဆစ်အမြစ်နာကျင်ခြင်း (အထူးသဖြင့် ဒူးနာခြင်း) သည် အသက်ကြီးသဖြင့် ဖြစ်လာခြင်းဖြစ်ပြီး ဆေးနှင့်ကုသ၍ မရနိုင်သည့်အတွက် နာကျင်မှုကို ကြိတ်မှိတ်ခံစားနေရုံသာ ရှိသည်။ အမှန် ✅ အဆစ်အမြစ်ရောင်ရမ်းနာ (Arthritis) သည် အသက်ကြီးသူများတွင် အဖြစ်များသော်လည်း ထိရောက်သော ကာကွယ်ထိန်းသိမ်းမှုများနှင့် ကုသမှုများ ရှိပါသည်။ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis) ကဲ့သို့သော အခြေအနေများသည် အသက်အရွယ်ကြောင့်ဖြစ်သော်လည်း နာကျင်မှုနှင့် မလှုပ်ရှားနိုင်မှုကို လျှော့ချရန်အတွက် နည်းလမ်းများစွာ ရှိပါသည်။ ကိုယ်အလေးချိန် လျှော့ချခြင်း (ဒူးပေါ်ရှိ ဖိအားကို လျှော့ချရန်) ကိုယ်လက်လှုပ်ရှားမှုနှင့် အကြောလျှော့လေ့ကျင့်ခန်းများ (အဆစ်များကို သန်မာစေရန်) ဆေးဝါးများ (နာကျင်မှု သက်သာစေရန်) နှင့် လိုအပ်ပါက ခွဲစိတ်ကုသခြင်းတို့ ပါဝင်ပါသည်။ နာကျင်မှုကို လျစ်လျူရှုခြင်းသည် လူနေမှုဘဝ အရည်အသွေးကို ကျဆင်းစေသည့်အပြင် - [လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ](https://www.telekyanmar.org/လူမှုဆက်ဆံရေးမှာ-ဖြစ်လေ/) - လူမှုဆက်ဆံရေးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပွတ်တိုက်မှုတွေကို ဘယ်လိုလျှော့ချမလဲ။ လူဆိုတာ ခံစားချက်ရှိတဲ့ သတ္တဝါပဲဖြစ်တာမို့ တစ်ဦးနဲ့တစ်ဦး ဆက်ဆံ‌ပြောဆို နေထိုင်ရတဲ့အခါ မိသားစု၊ အလုပ်ခွင်၊ မိတ်ဆွေ စတဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ပွတ်တိုက်မှု (Conflict) ဆိုတာမျိုးက အနည်းနဲ့အများတော့ ရှိစမြဲပါ။ စိတ်ခံစားချက်တွေ ရှိနေသရွေ့ အဖုအထစ်တွေ ဖြစ်ပေါ်နိုင်တာ သဘာဝပါပဲ။ ဒီပွတ်တိုက်မှုတွေကို လျော့နည်းအောင်လုပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး မထိခိုက်အောင် ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် EQ ဆိုတဲ့ (Emotional Quotient) စိတ်ခံစားမှု ဉာဏ်ရည်/စွမ်းရည် ကောင်းမွန်ဖို့က အဓိကကျပါတယ်။ ဒီနေ့ခေတ်မှာ IQ (ဉာဏ်ရည်) အပြင် EQ ကိုပါ တော်တော်လေး အလေးထားလာကြတာ တွေ့ရပါတယ်။ EQ ကောင်းတဲ့သူတွေမှာ ဒီလိုပွတ်တိုက်မှုတွေကို လျှော့ချနိုင်တဲ့ အတွေးအခေါ်နဲ့ အပြုအမူတွေရှိကြပါတယ်။ 🌟 EQ - [အယူအဆအလွဲ (၁၃)](https://www.telekyanmar.org/အယူအဆအလွဲ-၁၃/) - အလွဲ ❌ ရောဂါဝေဒနာတစ်ခုခု (ဥပမာ- ကင်ဆာ) ဖြစ်ပါက ထူးခြားသော အသီးအနှံများ၊ အမြစ်များ သို့မဟုတ် ရှားပါးသော ဓာတ်စာများကို အလွန်အကျွံ စားသုံးခြင်းဖြင့် ခေတ်မီဆေးဝါးကုသမှု (ဥပမာ- ဓာတုကုထုံး) မပါဘဲ လုံးဝပျောက်ကင်းအောင် ကုသနိုင်သည်။ အမှန် ✅ ဓာတ်စာများ၊ ဟင်းသီးဟင်းရွက် သို့မဟုတ် ဆေးဖက်ဝင်အပင်များတွင် ကျန်းမာရေးအတွက် အထောက်အကူပြုသော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (Antioxidants) ပါဝင်နိုင်သော်လည်း ၎င်းတို့သည် ဆေးဝါးကုသမှုကို လုံးဝ အစားထိုးနိုင်ခြင်း မရှိပါ။ အချို့သော ဓာတ်စာများ (ဥပမာ- သဘာဝ အမြစ်များ၊ အဖျော်ယမကာများ) ကို လွန်ကဲစွာ စားသုံးခြင်းသည် ကျောက်ကပ်နှင့် အသည်းတို့အပေါ် အဆိပ်အတောက်ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်၏ ပုံမှန်ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေနိုင်ပါသည်။ ခေတ်မီဆေးပညာဖြင့် ကုသရန် လိုအပ်သည့် ရောဂါများ - [အယူအဆအလွဲများ (၁၂)](https://www.telekyanmar.org/အယူအဆအလွဲများ-၁၂/) - အလွဲ ❌ အသက်ကြီးလာသည်နှင့်အမျှ အမြင်အာရုံ မကောင်းတော့ခြင်းသည် ရှောင်လွှဲမရသော သဘာဝတရားဖြစ်သည်။ အမှန် ✅ အသက်ကြီးလာသည်နှင့်အမျှ အမြင်အာရုံ အနည်းငယ် ပြောင်းလဲနိုင်သော်လည်း သိသိသာသာ မကောင်းဖြစ်လာခြင်း သို့မဟုတ် တစ်ခုခုကွယ်နေသည်ဟု ခံစားရခြင်းများသည် ကုသ၍ရသော ရောဂါများကြောင့်လည်း ဖြစ်နိုင်ပါသည်။ အသက်ကြီးသူများတွင် အမြင်အာရုံ သိသိသာသာ ထိခိုက်စေသည့် အဓိကရောဂါများမှာ မျက်စိအတွင်းတိမ် (Cataract)၊ ရေတိမ် (Glaucoma) နှင့် ဆီးချိုကြောင့် ဖြစ်သောမျက်စိရောဂါ (Diabetic Retinopathy) တို့ ဖြစ်ပါသည်။ ဤရောဂါများကို စောစီးစွာ စစ်ဆေးတွေ့ရှိပြီး ကုသပါက (ဥပမာ- အတွင်းတိမ် ခွဲစိတ်ခြင်း သို့မဟုတ် ရေတိမ်အတွက် ဆေးဝါး) အမြင်အာရုံ ဆုံးရှုံးမှုကို ကာကွယ်နိုင် သို့မဟုတ် ပြန်လည်ကောင်းမွန်စေနိုင် ပါသည်။ ထို့ကြောင့် အသက် - [အယူအဆအလွဲများ (၁၁)](https://www.telekyanmar.org/အယူအဆအလွဲများ-၁၁/) - အလွဲ ❌သွေးတိုးရောဂါရှိသူသည် ရောဂါလက္ခဏာ (ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်းစသည်တို့) ခံစားရမှသာ ဆေးသောက်ရန် လိုအပ်သည်။ အမှန် ✅သွေးတိုးရောဂါ (Hypertension) သည် များသောအားဖြင့် လက္ခဏာမပြဘဲ တိတ်ဆိတ်စွာ စွဲကပ်လေ့ရှိသော ရောဂါ ဖြစ်ပါသည်။ သွေးတိုးရောဂါ၏ လက္ခဏာများသည် အမြဲတမ်း ပေါ်လွင်နေသည်မဟုတ်ပါ။ သွေးပေါင်ချိန် မြင့်မားနေသော်လည်း လုံးဝ ပုံမှန်အတိုင်း ခံစားနေရနိုင်ပါသည်။ သွေးပေါင်ချိန်ကို ပုံမှန်မထိန်းသိမ်းပါက လက္ခဏာမပြသော်လည်း နှလုံး၊ ဦးနှောက်၊ ကျောက်ကပ်နှင့် သွေးကြောများ စသည့် အရေးကြီးသည့် ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါ သို့မဟုတ် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်က သွေးတိုးကျဆေး (သွေးထိန်းဆေး) ညွှန်ကြားထားပါက သွေးပေါင်ချိန် ပုံမှန်ဖြစ်စေကာမူ နှလုံးသွေးကြောများကို ကာကွယ်ရန်အတွက် နေ့စဉ် ပုံမှန်အချိန်တွင် - [အချိုရည်နှင့် စိတ်ကျရောဂါ](https://www.telekyanmar.org/အချိုရည်နှင့်-စိတ်ကျရော/) - 🥤 အချိုရည် သောက်တာနဲ့ စိတ်ကျရောဂါ သက်ဆိုင်မှုရှိသလား။ ဒီနေ့ခေတ်မှာ စိတ်ကျရောဂါဆိုတာ လူကြီးလူငယ်မရွေး ကြုံနေရနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဒီစိတ်ကျရောဂါနဲ့ ကျွန်မတို့ နေ့စဉ်သောက်နေကျ အချိုရည်တွေကြား ဆက်စပ်မှုရှိနေတယ်ဆိုတာကို စိတ်ဝင်စားဖွယ် တွေ့ရှိချက်လေးတစ်ခု ဖတ်လိုက်ရပါတယ်။…… သုတေသနက ဘာ‌တွေ တွေ့လဲ 🤔 ဂျာမနီနိုင်ငံမှာလုပ်တဲ့ လေ့လာမှုတစ်ခုမှာ စိတ်ကျရောဂါရှိသူတွေနဲ့ ကျန်းမာသူ စုစုပေါင်း ၉၀၀ ကျော်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုကနေ သိရတာက… အချိုရည် အများကြီး သောက်တဲ့သူတွေမှာ စိတ်ကျရောဂါဖြစ်နိုင်ခြေ ပိုများနေပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီးတောင် သိသာထင်ရှားတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အရေးကြီးဆုံး တွေ့ရှိချက်ကတော့… ဒီဖြစ်စဉ်ထဲမှာ ဗိုက်ထဲက ဘက်တီးရီးယား (Gut Microbiota) ဆိုတဲ့ သေးငယ်တဲ့အကောင်လေးတွေက အဓိက တာဝန်ရှိနေတယ်ဆိုတာပါပဲ။ - [အိပ်နေရင်း ထူးဆန်းတာတွေ လုပ်တတ်တဲ့ရောဂါ (Parasomnia)](https://www.telekyanmar.org/အိပ်နေရင်း-ထူးဆန်းတာတွေ/) - 😴 အိပ်နေရင်း ထူးဆန်းတာတွေ လုပ်တတ်တဲ့ရောဂါ (Parasomnia) ဆိုတာ ဘာလဲ။ Parasomnia ဆိုတာ တကယ်တော့ အိပ်နေတဲ့အချိန် ဒါမှမဟုတ် အိပ်ရာက နိုးခါနီးအချိန်မျိုးမှာ ကိုယ်က မသိလိုက်ဘဲ ထူးဆန်းတဲ့ အပြုအမူတွေ လုပ်မိနေတာ ကို ဆိုလိုတာပါ။ ရိုးရိုးရှင်းရှင်းပြောရရင် ကိုယ့်ခန္ဓာကိုယ်က အိပ်နေပေမယ့် ဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်းက နိုးနေတဲ့အခါ နိုးနေတဲ့သူလိုမျိုး အသိစိတ်တစ်ဝက်နဲ့ လှုပ်ရှားနေတာမျိုးပေါ့။ ဒါဟာ အိပ်မပျော်တာ (Insomnia) လိုမျိုး မဟုတ်ဘဲ အိပ်နေတုန်း ဖြစ်လာတဲ့ "အိပ်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး" လိုမျိုးပါပဲ။. ဘယ်လိုအပြုအမူတွေက Parasomnia လဲ။ လက်ရှိ ကျွန်မတို့ အများစု ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေနဲ့ တွဲပြီး ပြောပြရရင် စိတ်ဖိစီးမှု၊ ပင်ပန်းမှုတွေ များလေလေ ဒီလိုအဖြစ်အပျက်တွေ ပိုဖြစ်နိုင်ခြေ - [သေရည်အရက် လူကိုဖျက်၏](https://www.telekyanmar.org/သေရည်အရက်-လူကိုဖျက်၏/) - ဤရက်ပိုင်း အခါလွန်မိုးရက်များကား မကြုံစဘူး ထူးခြားရှည်လျားလှပါဘိတောင်း။ သို့အတွက်ကြောင့် အပျင်းတကာ့ထွဋ်ခေါင် အကျွန်ုပ် ဖွတ်မင်းနောင်မှာ အလုပ်မသွား အပျင်းတရားစီးဖြန်းရန်အလို့ငှာ ပူသည် အေးသည်၊ ဆာလောင်သည်နှင့် ပြည့်အင့်သည်၊ စောသည် နောက်ကျသည် ဤခြောက်ဖြာသော ချပ်ဝတ်တန်ဆာကိုသာ မြဲမြံစွာ ဝတ်ဆင်ထားတော့သည်။ စိတ်အစဥ်ဝယ် ယခင် ယမကာလုလင်ဘဝကိုလည်း ပြန်လည်အောက်မေ့သည် ဖြစ်မိ၏။ ယစ်ရွှေရည်အပေါ် စွဲလမ်းခြင်း အာသာရမ္မက် ဟုန်းဟုန်းတက်စေရန်အလို့ငှာ ညှို့ငင်မြှူဆွယ် တင့်တယ်သည့် အဆင်းရှိသော အရောင်းကိုယ်စားလှယ် နတ်မိမယ်လေးများကိုလည်း ပြန်လည်ရေတွက်နေမိတော့သည်။ အကျွန်ုပ်ဘဝ၌ သေရည်အရက်ကို လုံးဝရှောင်ရှားရန် ငြင်းဆန်ဖို့အရေး အလျင်းမပေးဘဲ တုတ်နှောင်ထွေးထားသော အလှပဂေး သူယောင်မယ်လေးများကို တန်းစီဖြတ်လျှောက် တစ်ခဏလောက် ပြောရမည်ဆိုပါလျှင် . . . အတာရေသဘင်အစ ဆေးပေါင်းခအဆုံး ဆယ့်နှစ်လရာသီ ဝှဲချီးကျင်းပကြသည့် ပျော်ရွှင်စရာ ပွဲတော်များနှင့်အတူ - [အယူအဆလွဲများ (၁၀)](https://www.telekyanmar.org/အယူအဆလွဲများ-၁၀/) - အလွဲ ❌ အရက်သောက်ခြင်းသည် ခန္ဓာကိုယ်အတွင်း အပူဓာတ်ကို ရရှိစေပြီး အချမ်းပြေစေသည်။ အမှန် ✅ အရက်သောက်ခြင်းကြောင့် ခန္ဓာကိုယ်ပူနွေးသည်ဟု ခံစားရခြင်းမှာ ယာယီသာဖြစ်ပါသည်။ အရက်သည် ခန္ဓာကိုယ်ရှိ သွေးကြောငယ်များကို ယာယီကျယ်စေပြီး သွေးများက အရေပြားမျက်နှာပြင်ဆီသို့ ပိုမိုများပြားစွာ စီးဆင်းသောကြောင့် ပူနွေးသည်ဟု ခံစားရခြင်းဖြစ်ပါသည်။ သို့သော် အရေပြားဆီသို့ သွေးများပိုမိုစီးဆင်းခြင်းကြောင့် ခန္ဓာကိုယ်၏ အတွင်းပိုင်းအပူဓာတ် (Core Body Temperature) သည် လျော့ကျသွားရပါသည်။ ထို့ကြောင့် အေးသောပတ်ဝန်းကျင်တွင် အရက်သောက်ခြင်းသည် ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်း (Hypothermia) ဖြစ်နိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် အရက်ကြောင့် ပူနွေးသည်ဟု အထင်မှားခံစားရသဖြင့် ပကတိအအေးဒဏ်ကို မသိတော့ခြင်းနှင့် ခန္ဓာကိုယ်၏ အပူထိန်းညှိမှုစနစ်ကို ထိခိုက်စေခြင်းတို့ကြောင့် ဖြစ်ပါသည်။ အမှန်မှာ အရက်သည် ခန္ဓာကိုယ်ကို အမှန်တကယ် ပူနွေးစေခြင်း - [ဆယ်ကျော်သက်များနှင့် စိတ်ကျန်းမာရေး](https://www.telekyanmar.org/ဆယ်ကျော်သက်များနှင့်-စိ/) - လူငယ်ဆယ်ကျော်သက်ဘဝဆိုတာ ပျော်စရာလည်း ကောင်းသလို ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကြီးထွားပြောင်းလဲမှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ခံစားချက်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေလည်း များလှတဲ့အရွယ်၊ အချိန်ကာလတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအရွယ်မှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်ဝန်းကျင်ကို ပိုပြီး သိချင်လာတယ်။ တစ်ခါတလေ စိတ်ရှုပ်ထွေးမှုတွေ၊ ဖိအားတွေ၊ ပင်ပန်းတာတွေ၊ ဘယ်သူမှ မသိနိုင်တဲ့ ကိုယ့်မှာပဲ ဖြစ်နေတဲ့ပြဿနာတွေလို့ ထင်မိတာတွေ ကြုံရတတ်ပါတယ်။ ဒါတွေဟာ ပုံမှန်ပဲဖြစ်ပြီး လူငယ်တိုင်း ကြုံတွေ့ရနိုင်တဲ့ ဘဝအစိတ်အပိုင်းတွေပါပဲ။…… စိတ်ဖိစီးမှု (Stress) နဲ့ စိုးရိမ်ပူပန်မှု (Anxiety) ကျောင်းစာ၊ စာမေးပွဲ၊ အောင်မြင်ရေး အဘက်ဘက်က ဖိအား၊ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး၊ ကိုယ့်ပုံပန်းသဏ္ဌာန်အပေါ် စိတ်ပူတာတွေကနေစပြီး စိတ်ဖိစီးမှုတွေ ဖြစ်စေတတ်ပါတယ်။ တစ်ခါတလေ အကြောင်းမဲ့ ရင်တွေတုန်ပြီး စိုးရိမ်ပူပန်နေတတ်တာမျိုးပေါ့။. စိတ်ဓာတ်ကျခြင်း (Depression) အရင်ကလို ပျော်ရွှင်မှု - [အယူအဆအလွဲများ (၉)](https://www.telekyanmar.org/အယူအဆအလွဲများ-၉/) - အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။ အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ခြင်းမရှိဘဲ မိမိသဘောနဲ့ ဆေးရပ်လိုက်ရင် သွေးပေါင်ချိန် ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်က ရုတ်တရက် ပြန်တက်လာပြီး လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း စတဲ့ အန္တရာယ်ကြီးတဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့် သွေးတိုး (သို့) ဆီးချိုရှိပါက သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်နေဖို့လိုပြီး ဆရာဝန်နဲ့ ပြသပြီးမှ ရက်ချိန်းမှန်မှန်ယူကာ ဆေးညှိခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ .. - [အယူအဆအလွဲများ (၈)](https://www.telekyanmar.org/အယူအဆအလွဲများ-၈/) - အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊ အချိုပွဲ) ကို မကြာခဏ အလွန်အကျွံ စားသုံးခြင်းသည် ကိုယ်အလေးချိန်တက်စေပြီး အင်ဆူလင် ခုခံအားကို ဖြစ်ပေါ်စေသောကြောင့် ဆီးချိုရောဂါ (အမျိုးအစား-၂) ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်။ သို့သော် ရောဂါဖြစ်ပွားခြင်းသည် သကြားတစ်မျိုးတည်းကြောင့် မဟုတ်ဘဲ ကာဗိုဟိုက်ဒရိတ်နှင့် ခန္ဓာကိုယ်၏ အင်ဆူလင်ဟော်မုန်းကို စနစ်တကျ မသုံးနိုင်ခြင်း သို့မဟုတ် လုံလောက်စွာ - [အမြည်းလေးတော့ စားပါ](https://www.telekyanmar.org/အမြည်းလေးတော့-စားပါ/) - ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို… ကိုလေးပေါ့ .. သေပြီလို့ ရွာတောင်ပိုင်းက ဆရာမက ပြောသွားတယ်။ ညတုန်းက အရက်သောက်ပြီး ပြန်လာကတည်းက အိပ်နေတာ တစ်နေ့လုံးပဲ။ ခု ညနေထိမနိုးလို့ သွားနှိုးတော့ မထတာနဲ့ ဆရာမ သွားခေါ်တာ။ လာကြည့်ပြီး သေပြီတဲ့ဆိုပြီး ဘာဆေးမှတောင် ထိုးမပေးတော့ဘဲ ပြန်သွားပြီ။ ကျန်တဲ့သူတွေလည်း အလောင်းပြင်နေကြပြီ။ ကျွန်မကတော့ မယုံဘူးဖြစ်နေတယ်။ သူ့ကြည့်ရတာ - [နတ်စားခြင်း](https://www.telekyanmar.org/နတ်စားခြင်း/) - "ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ ကြာရှည်သွား၍ အဖျားက တော်တော်နှင့်မကျ။ ဆေးပတ်လည်ရန်လိုသည်။ ဆေးအာနိသင်ရရန် တစ်ပတ် ဆယ်ရက်ကြာလျှင် ကြာမည်။ အခု ကလေးမလေးက အဖျားနည်းနည်းကျလာပြီ။ တိုးတက်မှုရှိသည်။ ဆေးရုံရောက်လျှင် ချက်ချင်းပျောက်မည်ဟု ထင်ကြသည်။ ရောဂါ အတိမ်အနက်ကို သူတို့မသိ။ ၃-၄ ရက်လောက်ကြာလျှင် မနေချင်တော့။ ခုလည်း နတ်စားချင်လို့တဲ့ တောင်းဆင်းနေသည်။ ဆရာဝန်လေး စိတ်ဆိုးလာသည်။ “နတ်က ဘာလို့စားရမှာလဲ အဒေါ်” - [အယူအဆအလွဲများ (၇)](https://www.telekyanmar.org/အယူအဆအလွဲများ-၇/) - အလွဲ ❌ နေမကောင်းရင် ရေချိုးလို့မရဘူး။ ရေချိုးရင် အပူပိုကြီးမယ်၊ ဖျားမယ်၊ အအေးမိမယ် ဒါမှမဟုတ် ဖျားတာ ပိုကြာမယ်။ အမှန် ✅ တကယ်တော့ ဖျားနေချိန်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးပေးခြင်းဟာ ကိုယ်ပူကျစေပါတယ်။ ရေနွေးငွေ့နဲ့ ရေရဲ့အပူဓာတ်က နှာခေါင်းပိတ်တာကိုသက်သာစေပြီး အသက်ရှူရ လွယ်ကူစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို ပြေလျော့စေတာကြောင့် ကိုက်ခဲနာကျင်မှုတွေနဲ့ အဖျားကြောင့်ဖြစ်တဲ့ မအီမသာဖြစ်မှုတွေကို သက်သာစေပြီး အိပ်ပျော်စေဖို့ အထောက်အကူပြုပါတယ်။…… ဘယ်လို ပြုလုပ်သင့်လဲ 🤗 ရေနွေးနွေးကိုသာ သုံးပါ။ရေခဲရေ (သို့) အရမ်းပူတဲ့ ရေနွေးကို ရှောင်ပါ။ အကြာကြီးမချိုးပါနဲ့။ခပ်မြန်မြန်လေးပဲ ချိုးပေးပါ။ ရေချိုးပြီးချိန် နွေးထွေးအောင်နေပါ။ရေချိုးပြီးတာနဲ့ ခန္ဓာကိုယ်ကို ချက်ချင်းခြောက်သွေ့အောင်သုတ်ပြီး အဝတ်အစားနွေးနွေးထွေးထွေး ဝတ်ပါ။(ကိုယ်အပူချိန် မြင့်တက်နေချိန် အဝတ်အစားအထူကြီးတွေ နှစ်ထပ်သုံးထပ် ဝတ်တာမျိုးကို မဆိုလိုပါ။ - [တစ်ထောင်နဲ့ တစ်သောင်း](https://www.telekyanmar.org/တစ်ထောင်နဲ့-တစ်သောင်း/) - တစ်ချိန်က ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင် ဖြစ်သည်။ ဆရာဝန်။ ဒေါ်ကြီး‌ရေ ဓာတ်မှန်နဲ့ သလိပ်စစ်ဆေးမှုတွေအရ ခင်ဗျားမှာ တီဘီရောဂါဖြစ်နေပြီ။ တီဘီဆေးသောက်ရမယ်။ အနည်းဆုံး ၆ လတော့ သောက်ရလိမ့်မယ်။ တီဘီတိုက်ဖျက်ရေးဌာနမှာ ဆေးသွားထုတ်ပါ။ စာရေးပေးလိုက်မယ်။ သူတို့ပြောတဲ့အတိုင်း ဆေးသောက်ပါ။ သလိပ်ပြန်စစ်ပါ။ ၂ လကြာရင် လာပြန်ပြနော်။ ဒေါ်…….။ တီဘီတိုက်ဖျက်ရေးဌာနဆိုတာ ဘယ်မှာလဲဆရာ။ ဆရာဝန်။ သိပ်မဝေးဘူး။ ဟိုဘက်လမ်းကူး။ မျက်စောင်းထိုးလောက်မှာရှိတယ်။ အချိန်မီသေးတယ် သွားနော်။ မြန်မြန်ဆေးသောက်ရင် မြန်မြန်ပျောက်မယ်။ သူများကိုလည်း မကူးတော့ဘူးလေ။ နှာခေါင်းပိတ်ကတော့ ဆက်တပ်ထားနော်။ ဆရာဝန်လည်း လူနာက တန်းစီနေ၍ သိပ်မရှင်းပြနိုင်။ ရေးစရာရှိတာရေးပြီး နောက်တစ်ယောက် ဆက်ကြည့်နေသည်။ နွမ်းနွမ်းပါးပါးနှင့် သည်အဒေါ်ကြီးတော့ ဆေးတော့ သွားထုတ်မှာပါလေ။ အပြင်မှာ ဆေးဝယ်လို့ရတယ်ဆိုပေမယ့် ဈေးကြီးသည် (အဲဒီအချိန်က အပြင်မှာ - [ကလေးငယ်တွေကို ကြောက်အောင်ခြောက်တဲ့အခါ](https://www.telekyanmar.org/ကလေးငယ်တွေကို-ကြောက်အော/) - နုနုနယ်နယ်ကလေးအရွယ်တွေကို "ဒေဝေါကြီး လာနေပြီ" ၊ "ဘီလူးကြီး လာဖမ်းလိမ့်မယ်" စသဖြင့် ကြောက်စရာတစ်ခုခုနဲ့ ခြောက်လှန့်တာမျိုးဟာ ကျွန်မတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အတော်လေး အမြစ်တွယ်နေတဲ့ အကျင့်တစ်ခုပါပဲ။ မိဘတွေ၊ အုပ်ထိန်းသူတွေရဲ့ ရည်ရွယ်ချက်က ကောင်းတယ်ဆိုရင်တောင် ဒီလိုလုပ်ရပ်ဟာ ကလေးစိတ်ထဲ ဘာတွေဖြစ်သွားမလဲ၊ ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲဆိုတာ သိထားဖို့ လိုပါတယ်။…… ၁။ ဒီလိုအချိန် ကလေး‌တွေရဲ့စိတ်ထဲမှာ ဘာတွေ ခံစားရမလဲ။ ကလေးငယ်တွေဟာ အစစ်အမှန်နဲ့ စိတ်ကူးယဉ်ဆိုတာကို ကောင်းကောင်း မခွဲခြားနိုင်သေးပါဘူး။ သူတို့အတွက် လူကြီးတွေပြောတဲ့ ဘီလူး၊ ဒေဝေါဆိုတာ တကယ်ရှိတဲ့ အရာတွေပါ။ ဒါကြောင့် အဲဒီလိုခြောက်လိုက်တဲ့အခါ ကလေးတွေဟာ… 💢 ကြောက်ရွံ့မှုနဲ့ စိုးရိမ်ပူပန်မှုတွေကို အကြီးအကျယ် ခံစားပါရတယ်။ ညဘက် အိပ်မရတာ၊ အိပ်မက်ဆိုးမက်တာ၊ တစ်ယောက်တည်းမနေရဲတာ၊ အမှောင်ကြောက်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။. - [အယူအဆ အလွဲများ (၆)](https://www.telekyanmar.org/အယူအဆ-အလွဲများ-၆/) - အလွဲ ❌ ထိခိုက်ဒဏ်ရာရရင် ချက်ချင်း ရေခဲကပ်ရမယ်။ အမှန် ✅ ဒဏ်ရာအမျိုးအစားပေါ် မူတည်ပါတယ်။ ရောင်ရမ်းတတ်တဲ့ ထိခိုက်ဒဏ်ရာများ (ဥပမာ။ ခြေကျင်းဝတ်လွဲခြင်း၊ ကြွက်သား သို့မဟုတ် အရွတ်စုတ်ပြဲခြင်း စတာတွေ) အတွက် ဒဏ်ရာရပြီး ပထမ ၄၈ နာရီအတွင်း ရေခဲကပ်ပေးခြင်းဟာ ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ရေခဲဟာ သွေးကြောတွေကို ကျဉ်းစေပြီး သွေးစီးဆင်းမှုကို နှေးစေလို့ပါ။ ဒါပေမယ့့် ပြတ်ရှဒဏ်ရာ၊ အရေပြားပွင့်ထွက်နေတဲ့ သွေးထွက်ဒဏ်ရာ၊ အရိုးကျိုးဒဏ်ရာ ဒါမှမဟုတ် အာရုံကြော ထိခိုက်ဒဏ်ရာတွေမှာတော့ ရေခဲကပ်ဖို့ လုံးဝ မသင့်တော်ပါဘူး။ အပူလောင်တာလိုမျိုး ဒဏ်ရာတွေမှာလည်း ရေခဲတိုက်ရိုက်ကပ်ခြင်းက ပိုပြီး ဆိုးရွားစေနိုင်ပါတယ်။…… ရေခဲ ဘယ်လိုကပ်ရမလဲ။ ရောင်ရမ်းတဲ့ဒဏ်ရာဆိုရင် ၁၅ မိနစ်ကနေ ၂၀ မိနစ်ခန့်ကို - [OG ပြောပြခဲ့ရတဲ့ မြွေပွေးကိုက်လူနာကို ကုသခြင်းအကြောင်း](https://www.telekyanmar.org/og-ပြောပြခဲ့ရတဲ့-မြွေပွေး/) - ၂၀၂၂ နဲ့ ၂၀၂၃ စပ်ကူးမတ်ကူးကာလမှာ ကန့်ဘလူ ချာချင်ဆေးရုံကို ရောက်ခဲ့တယ်။ မြွေပွေးအပေါ‌ဆုံးကတော့ မြန်မာပြည်မှာ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း အပူပိုင်းဒေသတွေပေါ့။ ချာချင်လည်း အပါအဝင်ပေါ့လေ။ မြွေပွေးကိုက်လူနာတွေ အများကြီးတွေ့ခဲ့ ကုခဲ့ရတာပေါ့။ မြွေပွေးကိုက်လူနာတွေ အများဆုံးသေကြတာက ရှေးဦးသူနာပြုစုနည်း မမှန်တာရယ်၊ ဆေးရုံကို စောစောမရောက်လို့ မြွေဆိပ်ဖြေဆေး စောစောမရတာရယ် အဲဒီနှစ်ခုက အဓိကပဲဗျ။ ချာချင်ဆေးရုံကိုရောက်ပြီး နှစ်ဝက်လောက်မှာပဲ ဓားဆရာဝန်ဆိုတော့ ခွဲစိတ်ကုသမှုတွေက ရာကျော်သွားပြီ။ ရလဒ်တွေက ကောင်းပါတယ်။ လက်ခံနိုင်ဖွယ်ပေါ့။ OG နဲ့မဆိုင်တာတွေပါ ခွဲရတာဆိုတော့ အဖိတ်အစဉ်တော့ ရှိသပေါ့။ လက်ခံနိုင်ဖွယ်ပါပဲ။ ဒါပေမယ့် မြွေပွေးကိုက်လူနာတွေကျတော့ ငါးဆယ်လောက်မှာ ဆယ်ယောက်လောက် သေတယ်။ လက်မခံနိုင်ဖွယ် ရလဒ်ပဲ။ ငါများ ဘာမှားနေသလဲ ဆန်းစစ်ကြည့်လိုက်တော့ ဘာမှမမှားဘူး။ မြွေဆိပ်ဖြေဆေးတစ်လုံးကို - [လူနည်းစုအသိုက်အဝန်းရဲ့ စိတ်ဖိစီးမှု (Minority Stress) နှင့် LGBT Community](https://www.telekyanmar.org/လူနည်းစုအသိုက်အဝန်းရဲ့/) - လူမှုအဖွဲ့အစည်းတစ်ခုမှာ လူနည်းစုတစ်ရပ်အနေနဲ့ ရှင်သန်နေထိုင်ရတဲ့အခါ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို Minority Stress လို့ ခေါ်ပါတယ်။ ကျွန်မကတော့ စိတ်ဖိစီးမှုထက် စိတ်ဒဏ်ရာလို့တောင် ဆိုချင်ပါတယ်။ အထူးသဖြင့် LGBT+ အသိုက်အဝန်း (Lesbian, Gay, Bisexual, Transgender,..) က လူတွေဟာ ဒီဖိစီးမှုကို အဓိက ခံစားရပါတယ်။ သူတို့ရဲ့ လိင်စိတ်ခံယူမှု ဒါမှမဟုတ် လိင်အသွင်အပြင် (gender identity) ဟာ လူအများစုနဲ့ မတူကွဲပြားနေတယ်၊ သဘာဝနဲ့မညီဘူး စတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေကြားမှာ ကြီးပြင်းလာခဲ့ရပါတယ်။ အခုခေတ်မှာတော့ လူတွေရဲ့ အမြင်တွေက ပိုကျယ်ပြန့်လာတယ်လို့ ပြောလို့ရပေမယ့် ရိုးရာဓလေ့နဲ့ ဘာသာရေးအချို့မှာတော့ ဒီလိုခွဲခြားဆက်ဆံမှု၊ ဖိနှိပ်ချုပ်ခြယ်မှုတွေဟာ ခုထိရှိနေဆဲပါ။ ဒါကြောင့်ပဲ အလွန်အမင်း ဝေဖန်ခံရတာ၊ လှောင်ပြောင်ခံရတာ၊ အနိုင်ကျင့်ခံရတာမျိုးတွေ - [အယူအဆအလွဲများ (၅)](https://www.telekyanmar.org/အယူအဆအလွဲများ-၅/) - အလွဲ ❌ ဗီတာမင်အားဆေး (Supplement) တွေသောက်ရင် အားရှိတယ်၊ ကျန်းမာတယ်။ အမှန် ✅ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်ပေမယ့် "စွမ်းအင်တိုးဆေး၊ အားတိုးဆေး" မဟုတ်ပါဘူး။ ခန္ဓာကိုယ်မှာ ဗီတာမင်ဓာတ်ချို့တဲ့မှု၊ ဆုံးရှုံးမှုရှိမှသာ အားဆေးသောက်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်အချို့နဲ့ အစာကောင်းကောင်းစားမဝင်တဲ့သူတွေမှာတော့ အားဆေးဆိုတာ လိုအပ်ကောင်းလိုအပ်နိုင်ပါတယ် ။ ဒါပေမယ့် ပုံမှန်ကျန်းမာတဲ့သူတွေ၊ အစားကောင်းကောင်း စားဝင်တဲ့သူတွေအနေနဲ့ မချို့တဲ့ဘဲ အလွန်အကျွံသောက်ရင် အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ ဥပမာ ဗီတာမင် A ၊ D ၊ သံဓာတ်တွေဟာ ခန္ဓာကိုယ်မှာ စုပုံပြီး ကောင်းစွာမစွန့်ထုတ်နိုင်ဘဲ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။…… ဒါဆို ဘယ်လိုနေထိုင်မလဲ 🤗 အာဟာရညီညွတ်မျှတအောင် စားပါ။ အနီရောင်၊ အဝါရောင်၊ အစိမ်းရောင်ရှိသော အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ - [နှိုင်းယှဉ်ခြင်း](https://www.telekyanmar.org/နှိုင်းယှဉ်ခြင်း/) - "Comparison is a thief of joy" "သူ့ကိုကြည့် ဘယ်လောက်တောင် ကံကောင်းလိုက်လဲ…. ငါ့မှာတော့ ဒီလောက်မရှိသေးဘူး… " "ငါ့ဘဝက ဘာမှမပြောင်းလဲသေးပါလား… ငါနဲ့ရွယ်တူတွေ ကြည့်ဦး၊ အောင်မြင်နေကြပြီ" ဒီအတွေး‌မျိုး ကျွန်မတို့ တွေးဖူးကြတယ်မလား။ တမင်မတွေးရင်တောင် ခေါင်းထဲရောက်လာတာမျိုး ကြုံဖူးကြမှာပါ။ ကျွန်မတို့ တစ်ဦးချင်းစီက တစ်ယောက်တည်း မွေးဖွားလာပြီး ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်လမ်းနဲ့ ရှင်သန်ရပ်တည်နေကြတာပါ။ ဒါပေမယ့် ဘာလို့များ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ဘဝကို သူများတွေနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကိုယ်ကို ပင်ပန်းအောင် လုပ်နေမိကြပါလိမ့်။ တချို့က သူများနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဥ်တာကို စံတစ်ခု သတ်မှတ်ပြီး ပိုကောင်းအောင် ကြိုးစားဖို့ တွန်းအားတစ်ခုအနေနဲ့ သုံးကြပါတယ်။ ဒါပေမယ့် အများစုကတော့ ဒီလိုနှိုင်းယှဥ်မှုကြောင့် ကိုယ့်ဘဝကို အားမလိုအားမရဖြစ်တာ‌တွေ၊ မလုံလောက်သေးဘူးလို့ - [အယူအဆအလွဲများ (၄)](https://www.telekyanmar.org/အယူအဆအလွဲများ-၄/) - "Antibiotic လို့ခေါ်တဲ့ ပဋိဇီဝဆေးဆိုတာ ကိုက်ခဲဖျားနာ ပျောက်ဆေးတစ်မျိုးပဲလား" အယူလွဲ >>> ဖျားလည်းဖျား၊ ချောင်းလည်းဆိုး၊ ကိုယ်လက်ကိုက်ခဲရင် ပိုးသတ်ဆေးသောက်မှ ပျောက်မယ်လို့ ထင်တတ်ကြပါတယ်။ အမှန် >>> Antibiotics ဆိုတာ ဘက်တီးရီးယားပိုး ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက်သာ အသုံးဝင်ပါတယ်။ ဒါတောင် ဘတ်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ပေးရတဲ့ ပိုးသတ်ဆေးတွေ ကွဲပြားပါသေးတယ် ။ ရာသီတုပ်ကွေး (Influenza) လို ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ရောဂါတွေ၊ အဖျားတက်တာတွေ နှာစေးချောင်းဆိုးတာတွေအတွက် Antibiotics ဟာ လုံးဝ မထိရောက်ပါဘူး။ မလိုအပ်ဘဲသောက်တဲ့အခါ ဆေးယဉ်ပါးမှု (Antibiotic Resistance) ဖြစ်စေပြီး နောက်တစ်ကြိမ် အမှန်တကယ် antibiotics ထိုးဖို့၊ သောက်ဖို့ လိုအပ်တဲ့အခါ ဆေးမတိုးတော့တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မှန်ကန်တဲ့ ဆေးပမာဏနဲ့ နေ့ရက်ပြည့်သည်အထိ - [ပန်းနာရင်ကျပ် ဖြစ်ပွားစေသော အရာများကို ရှောင်ကြဉ်ပါ (အောက်တိုဘာ၊ ၂၀၂၅)](https://www.telekyanmar.org/ပန်းနာရင်ကျပ်-ဖြစ်ပွားစ/) - ပန်းနာရင်ကျပ် ဖြစ်ပွားစေသော အရာများကို ရှောင်ကြဉ်ပါ။ ▪️ တုပ်ကွေး/ ရာသီဖျား အပါအဝင် ဗိုင်းရပ်စ်ကြောင့် ဖြစ်သော ကူးစက်ရောဂါများ▪️ ဆေးလိပ်ငွေ့▪️ လေထုညစ်ညမ်းခြင်း▪️ မြက်ပင်၊ သစ်ပင်များမှ ဝတ်ဆံ၊ ဝတ်မှုန်များ▪️ အနံ့ပြင်းသော/ စူးရှသော ဆပ်ပြာနှင့် ရေမွှေးကဲ့သို ရနံ့များ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုး Ref: World Health Organization - [ဒီနေ့ တစ်ရက်ပဲ ရှင်သန်ခွင့်ရတော့မယ်ဆိုရင် ဘာလုပ်မလဲ](https://www.telekyanmar.org/ဒီနေ့-တစ်ရက်ပဲ-ရှင်သန်ခွ/) - ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တဲ့အခါ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေ ဆန္ဒတွေကို တစ်ချက်လောက် သတိထားကြည့်ကြရအောင်။ မေးခွန်းက ကြောင်တောင်တောင်နိုင်နေမလား။ဝမ်းနည်းစရာ ကောင်းနေမလား။ဟာသတစ်ခု ဖြစ်နေမလား စတာတွေကို မစဉ်းစားဘဲ ရုတ်တရက်ပေါ်လာတဲ့ အတွေးပေါ်မှာပဲ အာရုံထားကြည့်ပါ။ သေချာပေါက်တော့ ဒီမေးခွန်းကို ကြားလိုက်ရင် လူအများစုရဲ့ ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးတွေက လုံးဝ တူညီကြမှာ မဟုတ်ပါဘူး။ တချို့က ချစ်ရသူဆီ အိမ်ပြန်ချင်တယ်၊ တစ်ယောက်ယောက်ကို တွေ့ချင်တယ်။ ဘဝတစ်လျှောက်လုံး မလုပ်ဖြစ်ခဲ့တဲ့၊ ရဲရဲတင်းတင်း မလုပ်ခဲ့ရတဲ့အရာတွေကို လုပ်ဖို့၊ မပြောခဲ့ရတဲ့ စကားတွေပြောမယ်၊ မလုပ်ဖြစ်ခဲ့တာတွေ လုပ်မယ်။ ဆန္ဒတွေကို ချက်ချင်းဖြည့်ဆည်းဖို့ တစ်နေ့လုံး ဈေးဝယ်ထွက်မယ်၊ စားချင်တာတွေစားပစ်မယ်။ ဘဝရဲ့အဆုံးသတ်ကို ငြိမ်းချမ်းစေဖို့ ဘုရားတရားပဲ လုပ်မယ်၊ ဒါမှမဟုတ် ချစ်ရသူတွေအတွက် စိတ်မပူရအောင် စုဆောင်းထားသမျှကို - [မီးပိုးကောင်အန္တရာယ် Paederus Dermatitis](https://www.telekyanmar.org/မီးပိုးကောင်အန္တရာယ်-paederus-dermatitis/) - မြန်မာလို အများအားဖြင့် "မီးပိုးကောင်” လို့ ခေါ်ကြတဲ့ Rove beetle ခေါ် Paederus မျိုးနွယ်ဝင် အင်းဆက် တစ်မျိုးရဲ့အဆိပ်ဟာ လူရဲ့ ခန္ဓာကိုယ်အရေပြားကို ရောင်ရမ်းမှုတွေ ဖြစ်စေတတ်ပါတယ်။ ဒါကို မီးပိုးကောင်လောင်ခြင်း (Paederus dermatitis) လို့ ခေါ်ပါတယ်။ ဒီပိုးကောင်တွေဟာ ကိုက်တာ၊ တုပ်တာ မလုပ်ပါဘူး။ ဒါပေမယ့် ပိုးကောင်နဲ့ မတော်တဆ ထိမိခြင်း၊ ပွတ်မိခြင်း၊ ပိုးကောင်ကို မတော်တဆ ခြေမွှပစ်မိခြင်း၊ အရေပြားပေါ် ပိုးကောင် ဖြတ်သွားခြင်းတို့ဟာ သူတို့ဆီက Pederin လို့ခေါ်တဲ့ အဆိပ်ဓာတ်နဲ့ ထိမိခြင်း ဖြစ်စေပါတယ်။ ဒီအခါ လူ့အရေပြားပေါ်မှာ Chemical burn ကဲ့သို့ ပြင်းထန်တဲ့ ရောင်ရမ်းမှုတွေကို ခံစားရပါတယ်။ အင်းဆက်အမတွေကပဲ ဒီအဆိပ်ထုတ်တာ တွေ့ရပါတယ်။ မီးပိုးကောင်တွေဟာ - [စိတ်ကျန်းမာရေးအကူအညီများရယူဖို့](https://www.telekyanmar.org/စိတ်ကျန်းမာရေးအကူအညီမျ/) - စိတ်ကျန်းမာရေးကုသမှုခံယူတာကို ရှက်စရာတစ်ခုလို့ မြင်နေကြတုန်းလား။ လူတိုင်းမှာ စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုတွေ ရှိတတ်ပါတယ်။ မရှိမှတော့ လူသားရယ်လို့ ဘယ်ခေါ်နိုင်တော့မလဲနော်။ အနည်းဆုံးတော့ ဖြေရှင်းလို့မတတ်တော့တဲ့ ပြဿနာတွေ၊ ကိုယ့်အတွေးနဲ့ကိုယ် ဒုက္ခ‌ရောက်တာတွေ၊ ဒီနေ့ မနက်စာကို ဘာနဲ့စားခဲ့လဲဆိုတာတောင် ရုတ်တရက်စဉ်းစားလို့ မရတော့အောင် အလုပ်ရှုပ်နေသူတွေ၊ မွန်းကျပ်နေသူတွေ ရှိနေကြတာပဲ မဟုတ်လား။ တချို့က ဒါတွေကို သူငယ်ချင်း သို့မဟုတ် မိသားစုနဲ့အတူ စကားပြောပြလိုက်ရုံနဲ့ နေသာထိုင်သာ ရှိသွားတာမျိုး ရှိသလို၊ တချို့အတွက်တော့ ဒီခံစားချက်တွေက နေ့စဉ်ဘဝကို နည်းမျိုးစုံနဲ့ အနှောင့်အယှက်ပေးလာတာမျိုးလည်း ရှိတတ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်စေ ကိုယ့်မိသားစုထဲမှာ ဖြစ်စေ ဒီလိုခံစားနေရသူတွေကို တွေ့တဲ့အခါ ကိုယ့်ဘက်က အကူအညီပေးနိုင်ဖို့ လိုပါတယ်။ ဒီလိုအကူအညီပေးတဲ့အခါမှာ အထူးသဖြင့် အသက်အရွယ်ကြီးသူတွေဟာ စိတ်ကျန်းမာရေးလို့ဆိုလိုက်တာနဲ့ "ဒါက စိတ်မနှံ့မှ - [ကလေးငယ်များ သေဆုံးစေခဲ့သော အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးရည်၏ နောက်ဆက်တွဲ သတင်းအချက်အလက်များ](https://www.telekyanmar.org/ကလေးငယ်များ-သေဆုံးစေခဲ့/) - သတင်းအရင်းအမြစ်များစွာကို စိစစ်လေ့လာပြီးနောက် တယ်လီကျန်းမာအနေဖြင့် အောက်ဖော်ပြပါ အချက်အလက်များကို သိရှိခဲ့ရပါသည်။ အဆိုပါ ချောင်းဆိုးပျောက်ဆေးရည်ကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးအထိ သေဆုံးစေခဲ့ပါသည်။ ချောင်းဆိုးပျောက်ဆေးတွင် ပါဝင်သော အဆိပ်အတောက်ပစ္စည်းမှာ 48.6% diethylene glycol ဖြစ်ပြီး ကျောက်ကပ်ပျက်စီးရာမှတစ်ဆင့် ကလေးငယ်များ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။ ချောင်းဆိုးပျောက်ဆေး၏အမည်မှာ "Coldrif" ဖြစ်ပြီး၊ Sresan Pharmaceuticals က ထုတ်လုပ်ကာ Kayson Pharma က တင်သွင်းဖြန့်ဖြူးပါသည်။ လက်ရှိတွင် အဆိုပါကုမ္ပဏီက ဖြန့်ဖြူးသော (အခြား) ဆေးရည်များအားလုံးကို ဈေးကွက်အတွင်း ရောင်းချခြင်း ပိတ်ပင်ထားပြီး စိစစ်မှုများ ဆက်လက်လုပ်ဆောင်နေပါသည်။ ကိုးကား >>> The Economic Times, AI Zazeera, The Hindu, NDTV, Indian - [အယူအဆအလွဲများ (၃)](https://www.telekyanmar.org/အယူအဆအလွဲများ-၃/) - အလွဲ >>> တစ်နေ့ကို ရေ ဖန်ခွက် ၈ ခွက် အတိအကျ သောက်ရမယ်။ အမှန် >>> လူတစ်ဦးချင်းစီအလိုက် လိုအပ်တဲ့ ရေပမာဏဟာ ကိုယ်အလေးချိန်၊ ရာသီဥတု၊ လှုပ်ရှားမှုပမာဏတွေပေါ်မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက် ကွာခြားပါတယ်။ မိမိတို့ကိုယ်ခန္ဓာဟာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပေမယ့့် တိကျတဲ့ပမာဏကို လိုက်နာနေစရာတော့ မလိုပါဘူး။ ရေဆာတဲ့အခါ သောက်ပေးဖို့နဲ့ ဆီးအရောင်ဖျော့နေဖို့ ဒါမှမဟုတ် ဆီးအရောင်က အရောင်မဲ့နေဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် ရေဓာတ်ပြည့်ဝဖို့ဆိုရင် ရေ ၈ ဖန်ခွက်ကို အတိအကျ ရေတွက်နေစရာမလိုဘဲ ရေဆာတဲ့အခါ သောက်ပေးမယ်၊ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံကို မျှတအောင် စားပေးမယ်၊ မိမိရဲ့ ဆီး‌အရောင်ကို စောင့်ကြည့်မယ် စတာ‌တွေကသာ မှန်ကန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ .. .. ❤️NUG, - [မွေးကင်းစကလေး အသားဝါရောဂါ Neonatal Jaundice](https://www.telekyanmar.org/မွေးကင်းစကလေး-အသားဝါရော/) - ဒီနေ့က Antenatal Care (ANC) နေ့။ ဗိုက်ကြီးသည်တွေကို ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးတဲ့နေ့။ ဗိုက်အပ်လက်ခံတဲ့နေ့ပေါ့ဗျာ။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေရဲ့ ဘယ်တော့မွေးမယ်မှန်းမသိ၊ ဘယ်လိုမွေးရမယ်မှန်းမသိ၊ မသိခြင်း မရေရာခြင်းများစွာနဲ့ စိုးတထိတ်ထိတ် မောလျအိပ်မက်မြူတွေကို၊ စိုးရိမ်သောကတွေကို နှစ်သိမ့်ဆွေးနွေး၊ အကြံပေးရတဲ့ အခါသမယပေါ့။ သားဦးကိုယ်ဝန်တွေဆို ပိုနှစ်သိမ့်‌ပေးရတာပေါ့။ အထူးသဖြင့် အသက် ၂၅ နှစ်အထက် သားဦးကိုယ်ဝန်တွေ။ သူတို့က ကျန်းမာရေးဗဟုသုတ အထိုက်အလျောက်ရှိတယ်။ ဘဝတစ်ခုကို အခိုင်အမာ တည်ဆောက်ပြီးမှ အိမ်ထောင်သားမွေးဘဝကို ရွေးချယ်ခဲ့သူတွေ။ ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား ဆိုပြီး hormonal drive ကြောင့် ၁၆ နှစ်နဲ့အိမ်ထောင်ကျပြီး ရလာတဲ့ (unplanned pregnancy) မဖိတ်ခေါ်ဘဲ ရလာတဲ့ကိုယ်ဝန် မဟုတ်ကြဘူး။ သူတို့တွေမှာ မေးခွန်းတွေ အများကြီးပဲ။ အဲဒါတွေထဲက သူတို့တအားစိုးရိမ်တဲ့ ကျွန်တော်ကြားဖူးနေကျ၊ - [အယူအဆအလွဲများ (၂)](https://www.telekyanmar.org/အယူအဆအလွဲများ-၂/) - အယူအဆအလွဲ >>> လက်ဆစ်ချိုးခြင်းက အဆစ်အမြစ်ရောင်ရောဂါကို ဖြစ်စေနိုင်တယ်။ အမှန် >>> လက်ဆစ်ချိုးတဲ့ အသံဟာ အဆစ်တွေထဲကအရည် (Synovial Fluid) မှာရှိတဲ့ ဓာတ်ငွေ့ပူဖောင်းလေးတွေ မြန်မြန်ဆန်ဆန် ထွက်သွားခြင်းကြောင့် ဖြစ်ပါတယ်။ လက်ဆစ်ချိုးခြင်းနဲ့ အဆစ်အမြစ်ရောင်ရောဂါ ဖြစ်ခြင်းကြားမှာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိဘူးလို့ ဆိုပါတယ်။ သို့သော် လက်ဆစ်ချိုးခြင်းဟာ အဆစ်အမြစ်ရောင်ရောဂါလို ကြီးမားတဲ့ရောဂါကို မဖြစ်စေနိုင်ပေမယ့် အလွန်အကျွံ အင်အားသုံးပြီး ကြမ်းကြမ်းတမ်းတမ်း ဆွဲချိုးတာမျိုး လုပ်မယ်ဆိုရင်တော့ အဆစ်ပတ်ပတ်လည်က အရွတ်တွေ (Ligaments) ကို ပျက်စီးစေနိုင်ခြေ ရှိတာမို့ အကျင့်တစ်ခုအနေနဲ့တော့ အမြဲမလုပ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့အဆစ်တွေကို တခြားသူတွေကို ချိုးစေတာမျိုး (ဥပမာ လူတစ်ဦးက တခြားလူတစ်ဦးကို ပွေ့မလျက် ခါးဆစ်ချိုးစေတာမျိုး) ဟာလည်း အဆစ်အမြစ်တွေကို ဒဏ်ဖြစ်စေတာကြောင့် ရှောင်ကြဥ်သင့်ပါတယ်။ - [အယူအဆအလွဲများ (၁)](https://www.telekyanmar.org/အယူအဆအလွဲများ-၁/) - အလွဲ >>> သွေးဆုံးပြီးတဲ့အခါ အရိုးပွရောဂါ (Osteoporosis) ကာကွယ်ဖို့အတွက် ကယ်လ်စီယမ် Calcium ဆေးသောက်တာကို ရပ်လိုက်လို့ရပြီ။. အမှန် >>> သွေးဆုံးပြီး အမျိုးသမီးတွေဟာ ကယ်လ်စီယမ်နဲ့ ဗီတာမင် D ကို အရင်ကထက် ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။ သွေးဆုံးချိန်မှာ အီစထရိုဂျင် (Estrogen) ဟော်မုန်း ဟာ သိသိသာသာ ကျဆင်းသွားတတ်ပါတယ်။ ဒီဟော်မုန်းဟာ အရိုးသိပ်သည်းဆကို ထိန်းသိမ်းရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်တဲ့အတွက် ဟော်မုန်းကျဆင်းတာနဲ့အတူ အရိုးပွနှုန်းကလည်း ပိုမိုမြန်ဆန်လာပါတယ်။ ဒါကြောင့် သွေးဆုံးပြီးနောက်ပိုင်းဟာ အမျိုးသမီးတွေအတွက်တော့ အရိုးပွရောဂါ (Osteoporosis) ဖြစ်နိုင်ခြေအများဆုံးအချိန်ပဲ ဖြစ်ပါတယ်။ အသက်ကြီးလာလေ အရိုးကျန်းမာရေးက ပိုအရေးကြီးလာလေ ဖြစ်တာကြောင့် ကယ်လ်စီယမ်အားဆေး သောက်သုံးမှုကို ရပ်မပစ်သင့်ပါဘူး။ အရိုးကို သန်မာစေဖို့နဲ့ အရိုးကျိုးနိုင်ခြေကို လျှော့ချဖို့အတွက်ဆိုရင် နေ့စဉ်လိုအပ်တဲ့ - [မိမိကိုယ်မိမိ ကြင်နာပါ။ (စက်တင်ဘာ၊ ၂၀၂၅)](https://www.telekyanmar.org/မိမိကိုယ်မိမိ-ကြင်နာပါ။/) - ▪️ မိမိကိုယ်မိမိ အခြားသူနှင့် နှိင်းယှဉ်ခြင်းကို ရပ်တန့်ပါ။▪️ အကောင်းမြင်ပါ။ ဖုန်း လျှော့သုံးပါ။▪️ မိမိကိုယ်မိမိ သတ်သတ်မှတ်မှတ် အချိန်ပေးပါ။▪️ မိမိ နှစ်သက်သည်များကို လုပ်ဆောင်ပါ။▪️ အရသာရှိပြီး အာဟာရပြည့်ဝသော အစာများကို နှစ်ခြိုက်စွာ စားသုံးပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုး Ref: World Health Organization - [ပထမအိပ်မက်](https://www.telekyanmar.org/ပထမအိပ်မက်/) - ရယ်ရမလို၊ ငိုရမလို ကြုံခဲ့ရတဲ့ ဟာသလိုလို ဘာလိုလို ဘယ်လိုခံစားမှူမျိုးလည်း ပြောမပြတတ်တဲ့ လူနာတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ တိုင်းပြည်ကြီး မကျန်းမာနေမှန်း၊ ပျော်စရာကောင်းမနေမှန်းလည်း သိပါတယ်။ ခဏစိတ်ထွက်ပေါက်ရပြီး တစ်ချက်ပြုံးလိုက်မိကြရင် တစ်ရက်အသက်ရှည်ပါစေဆိုတဲ့ ကျွန်တော့်လို guilty of survivors များအတွက်ပါ။. တစ်နေ့သ၌ပေါ့လေ။ ပြင်ပလူနာဌာန အရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန်က ဖုန်းနဲ့ လူနာတစ်ယောက်အကြောင်း တင်ပြလာပါတယ်။ အသက် ၃၈ နှစ် အမျိုးသမီး၊ လေးယောက်မြောက်ကိုယ်ဝန်၊ ယခင်ကလေးသုံး‌ယောက်လုံး သက်ရှိထင်ရှား ကျန်းကျန်းမာမာရှိ၊ ကိုယ်ဝန်သက်တမ်း ၂ လကျော်ကျော်မှာ သူ့ဘာသာသူ အပြင်ဆေးခန်းမှာ အာထရာဆောင်း (USG) သွားရိုက်တယ်တဲ့။ ဟ တော်တာပေါ့။ တော်တော်လေးကို ကျန်းမာရေး ဗဟုသုတရှိတဲ့ လူနာပဲ။ ကြည့်စမ်း တယ်လီကျန်းမာက ပညာပေးဆောင်းပါးတွေကို အတော်ဖတ်တယ်ထင်တယ်။ ကိုယ်ဝန်ရှိတယ်လို့ - [ပွင့်လင်းကြရအောင်](https://www.telekyanmar.org/ပွင့်လင်းကြရအောင်/) - အသက်ရှုဖို့မေ့‌လောက်အောင် စိတ်ပင်ပန်းနေတဲ့အခါ ဘယ်သူနဲ့မှ စကားမပြောချင်၊ ဘယ်သူ့ကိုမှလည်း မမြင်ချင် မ‌တွေ့ချင် ဖြစ်ဖူးကြလား။ ဒီခံစားချက်တွေကို အောင့်အီးထားရင်း ရင်ထဲမှာ တစ်နေကုန် လေးလံနေဖူးလား။ ဒီနေ့တော့ ရင်ထဲမှာရှိတာကို ပွင့်ပွင့်လင်းလင်း ဖော်ပြတတ်ခြင်းက ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးအတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာကို ပြောပြပါရစေ။…… "ပွေ့ဖက်ခြင်း" ချစ်ရတဲ့သူကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ ပြေးဖက်ချင်စိတ်မျိုး ဖြစ်ဖူးကြတယ်မလား။ ဒါမှမဟုတ် တစ်နေ့တာလုံး ပင်ပန်းလွန်းလို့ ကိုယ်ချစ်ရသူတစ်ဦးကို အားရပါးရ စိတ်ရောကိုယ်ပါ ပွေ့ဖက်ပြီး တစ်မိနစ်လောက်လေး ငြိမ်နေချင်ဖူးတယ်မလား။ အဲဒီလို အခိုက်အတန့်မှာ ဦးနှောက်က ဘာမှ အများကြီး မတွေးတော့ပါဘူး။ စိုးရိမ်ပူပန်မှုတွေ၊ မပြီးပြတ်သေးတဲ့ အလုပ်တွေ အားလုံး ခဏတာမေ့ထားရင်းပေါ့။ ဒါဟာလည်း တစ်ရက်တာအတွက် အားဖြည့်ခြင်းနည်းတစ်မျိုးလို့ ဆိုရပါမယ်။ ဥပမာ . . - [PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း](https://www.telekyanmar.org/prep-pre-exposure-prophylaxis-hiv-ကြိုတင်ကာကွယ်ဆေးအက/) - "PrEP (Pre-Exposure Prophylaxis) HIV ကြိုတင်ကာကွယ်ဆေးအကြောင်း" တုပ်ကွေးကာကွယ်ဆေး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးတွေလို PrEP ဆိုတာလည်း ကာကွယ်ဆေးတစ်မျိုးပါပဲ။ သူ့ကိုတော့ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ဖို့အတွက် ထုတ်လုပ်ထားတာပါ။ ဒါပေမယ့် PrEP ဆေးတွေဟာ ဆေးဝါးအသစ်တွေဖြစ်တာကြောင့် ဘယ်လိုလူတွေ သောက်သင့်လဲ၊ ဘယ်လိုကာကွယ်ပေးနိုင်လဲ၊ ခန္ဓာကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတဲ့ မေးခွန်းပေါင်းများစွာတော့ ရှိနေပါတယ်။ ဒီတော့ PrEP ဆေးဆိုတာ ဘာလဲ လေ့လာကြည့်ကြရအောင်ပါ။…… PrEP ဆေးဆိုတာ ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး HIV ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲမှာ မတွယ်ကပ်အောင် တားဆီးပေးပါတယ်။ နေ့စဉ်သောက်ဆေးနဲ့ တာရှည်ခံထိုးဆေးဆိုပြီး ပုံစံ ၂ မျိုးရှိပါတယ်။ ဆေးအမျိုးအစားများ (၁) Tenofovir disoproxil နှင့် Emtricitabine နှစ်မျိုးပေါင်းစပ်ထားသော နေ့စဉ်သောက်ဆေး (Truvada) ဖြစ်ပြီး - [အတိတ်ကို ထားခဲ့ပါ](https://www.telekyanmar.org/အတိတ်ကို-ထားခဲ့ပါ/) - ကျွန်မတို့အားလုံးနီးပါး "အချိန်ကိုသာ နောက်ပြန်လှည့်လို့ ရခဲ့ရင်" ဆိုတဲ့အတွေးမျိုး တစ်ခါတစ်လေတော့ ဝင်ဖူးကြမှာပါ။ အတိတ်ကို ပြန်လှည့်ပြီး ခဏတာလေးဖြစ်ဖြစ် ပြန်ရောက်သွားချင်တဲ့ အခိုက်အတန့်တွေပေါ့။နောင်တရလို့ဖြစ်စေ၊ တအားပျော်ရွှင်ခဲ့တဲ့ အချိန်တွေကို လွမ်းလို့ဖြစ်စေ၊ ဆုံးရှုံးသွားတဲ့သူတွေနဲ့ ပြန်ဆုံချင်လို့ဖြစ်စေ၊ အမှားတစ်ခုကို ပြန်ပြင်ဆင်ချင်လို့ ဖြစ်စေပေါ့။ လူရယ်လို့ဖြစ်လာရင် စိတ်ခံစားချက်ရှိလာပြီဆိုတာနဲ့ နောင်တဆိုတာနဲ့ ကင်းကြမှာ မဟုတ်ပါဘူး။ ပြန်ပြီး ပြင်ဆင်ချင်တာတွေ၊ ပြန်ပြီး ဖြည့်ဆည်းပေးချင်တာတွေ၊ လွဲချော်သွားတဲ့ အခွင့်အရေးတွေ၊ လူတွေနဲ့ ပြန်ဆုံရဖို့ စသဖြင့်ပေါ့လေ။ ဒီလို အတိတ်ကပုံရိပ်တွေဟာ ကျွန်မတို့ရဲ့ စိတ်ထဲမှာ ဖျက်ရခက်တဲ့ အမှတ်အသားတွေအဖြစ် တည်ရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း လက်တွေ့ဘဝကတော့ ရုပ်ရှင်တွေထဲကလို အချိန်ကို နောက်ပြန်လှည့်လို့ မရနိုင်ပါဘူး။ အဲဒီလိုလုပ်လို့ရရင် ကောင်းမှာပဲဆိုပြီး မကြာခဏ တွေးနေတာက ကျွန်မတို့ကို ပစ္စုပ္ပန်နဲ့ ဝေးစေသလို၊ အတိတ်မှာပဲ - [သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များနှင့် ကျန်းမာရေး (စက်တင်ဘာ၊ ၂၀၂၅)](https://www.telekyanmar.org/vegetables-and-health-september-2025/) - သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို သင် လုံလောက်အောင် စားသုံးပါသလား။ ကျန်းမာရေး ပိုမိုကောင်းမွန်စေရေးအတွက် တစ်နေ့လျှင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အနည်းဆုံး ၄၀၀ ဂရမ် (၂၅ ကျပ်သားခန့်) စားသုံးပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်) Ref: World Health Organization - [ရေဓာတ်ပြည့်ဝအောင်နေဖို သတိရပါ (စက်တင်ဘာ၊ ၂၀၂၅)](https://www.telekyanmar.org/ရေဓာတ်ပြည့်ဝအောင်နေဖို/) - ▪️ ရေ ပုံမှန်သောက်ပါ။▪️ သကြား၊ ကဖင်းဓာတ် (Caffeine) နှင့် အရက်ပါဝင်သော ဖျော်ရည်နှင့် ယမကာများကို ရှောင်ကြဉ်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization - [စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့](https://www.telekyanmar.org/စကားပြောဖို-မတွန့်ဆုတ်ပ/) - "စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်" တဲ့။ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။ ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက် တစ်ရက်ပါပဲ။…… ❓ဘာကြောင့် အရေးကြီးတာလဲ။ ကျွန်မတို့ လူမှုအသိုက်အဝန်းထဲမှာ "စိတ်ဓာတ်ကျတယ်"၊ "စိတ်အရမ်းပင်ပန်းတာပဲ" ဆိုတဲ့ စကားလုံးတွေကို သုံးဖြစ်နေကြပေမယ့်လည်း သိပ်အလေးအနက် မထားမိတတ်ကြပါဘူး။ "ပင်ပန်းလို့ ညည်းမိတယ်" လို့ပဲ လျှော့တွက်မိတတ်ကြပါတယ်။ ဒါပေမယ့် ခံစားရသူမှာ နေ့စဉ်နဲ့အမျှ ဒီခံစားချက်တွေက ပိုဆိုးရွားလာပြီး စိတ်ဓာတ်ကျရာကနေ ဘဝကို လက်လျှော့လိုက်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ အထိရောက်သွားနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) - [အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ (စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/အကြားအာရုံဆုံးရှုးခြင်/) - အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ နားထဲတွင် အဆက်မပြတ် အသံမြည်နေခြင်း အပြန်အလှန် စကားပြောနိုင်ရန် အလျင်မီအောင် ရုန်းကန်နေရခြင်း အမြင့်သံများကို ကြားရန် ခက်ခဲခြင်း ထပ်ခါထပ်ခါ ပြောပေးရန် အခြားသူများကို တောင်းဆိုနေရခြင်း အနိမ့်သံ (သာမန်အားဖြင့် တိုးလွန်းသော အသံ) များကို ကြားနေခြင်း မီဒီယာစက်များကို ပုံမှန်ထက် အသံကျယ်ကျယ် မြှင့်ပြီး အမြဲနားထောင်နေရခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization - [ကိုယ်ဝန်ဆောင်ချိန်တွင် အရေးကြီးသည့် ကျန်းမာရေးစစ်ဆေးခြင်းနှင့် စမ်းသပ်မှုများ (ဩဂုတ်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်ချိန်တွင်/) - ကိုယ်ဝန်ဆောင်ချိန်တွင် အရေးကြီးသည့် ကျန်းမာရေးစစ်ဆေးခြင်းနှင့် စမ်းသပ်မှုများ ▪️ ကိုယ်ဝန်ဆောင် တီဗီဓာတ်မှန်/အာထရာဆောင်း ရိုက်ခြင်း▪️ ဆီးစစ်ခြင်း▪️ သွေးစစ်ခြင်း▪️ သန္ဓေသား (ကလေး) ကြီးထွားမှုနှုန်း စောင့်ကြည့်စစ်ဆေးခြင်း▪️ သကြားဓာတ်တိုင်းတာခြင်း▪️ သွေးပေါင်ချိန်တိုင်းတာခြင်း ရောဂါဖြစ်ပွါးသည့်အချိန်တိုင်း သိသာသော ရောဂါလက္ခဏာများ ပြသမည်မဟုတ်ပါ။ ထို့ကြောင့် နေကောင်းကျန်းမာနေသည်ဟု ခံစားနေရလျှင်လည်း ဤစစ်ဆေးစမ်းသပ်မှုများ ပုံမှန်ပြုလုပ်ရန် အလွန်အရေးကြီးပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) နှင့် ကျန်းမာရေး](https://www.telekyanmar.org/𝑯𝑷𝑽-ဗိုင်းရပ်စ်ပိုး-𝑯𝒖/) - 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရပြီးရင် ရောဂါပိုးအမြဲရှိနေနိုင်လား။ ဗိုင်းရပ်ပိုးက (၂) နှစ်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ တဝဲလည်လည်နဲ့ ရှိနေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ရောဂါပိုးဖြစ်ပြီး ရောဂါစတင်သိရှိပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲ၊ ကျန်းမာရေးထိခိုက်နိုင်လား၊ ပျောက်ကင်းနိုင်လား အစရှိတဲ့ မေးခွန်းပေါင်းများစွာ အစီအရီပေါ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး သိရှိနားလည်ထားပြီး ကူးစက်ခံရပါက ရေရှည်သက်ရောက်မှုတွေကို လေ့လာကြည့်ခြင်းဖြင့် မေးခွန်းပေါင်းများစွာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။. 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက အလိုအလျောက် ပျောက်ကင်းနိုင်လား။ ရောဂါပိုးတော်တော်များကတော့ ကျန်းမာရေးပြဿနာမပေးဘဲ အလိုအလျောက် ပျောက်ကင်းနိုင်ပါတယ်။ ခုခံအားစနစ်ကောင်းပြီး ကျန်းမာတဲ့ လူအများစုကတော့ (၁) နှစ်၊ (၂) နှစ်အတွင်းမှာ 𝑯𝑷𝑽 - [ကျွန်မနှင့် ကြုံရဆုံရ ဆရာဝန်ဘဝ ✍️](https://www.telekyanmar.org/ကျွန်မနှင့်-ကြုံရဆုံရ-ဆရ/) - ဆရာဝန် စဖြစ်ကတည်းက “ရောဂါရာဇဝင် မေးမြန်းခြင်း (History taking)” ဆိုတဲ့ အနုပညာကို တတ်မြောက်အောင် သင်ကြားခဲ့ရပါတယ်။ သူက တကယ်လည်း အနုပညာဆန်ပါတယ်။ မေးတတ်မှပါ။ မမေးတတ်ရင် လိုရာမရောက်ဘဲ လမ်းချော်သွားရော။ ဒီအထဲကမှ ကျွန်မ ဆရာဝန်ပေါက်စဘဝ စကားပြော မကျွမ်းကျင်လို့ လွဲခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်လည်မျှဝေပေးချင်တာပါ။ အခုကတော့ လူနာတွေကလည်း အများကြီး သင်ပေးခဲ့ပြီဆိုတော့ ဘယ်မေးခွန်းကို ဘယ်လိုမေးရမယ်ဆိုတာ လက်တွေ့လုပ်ရင်းကိုင်ရင်းနဲ့ပဲ ကျွမ်းကျင်လာရပြီပေါ့။ ကြုံဆုံခဲ့ရတဲ့ ကျွန်မနဲ့ လူနာတွေအကြား ဆရာဝန်-လူနာ အတိုင်အဖောက်ညီနေခဲ့ပုံလေးများကတော့ . . .…… ၁။ကျွန်မ။ ညီမမှာ အရင်က တီဘီ ရှိဖူးလား။ လူနာ။ အိမ်မှာတော့ TV မရှိဘူး ဆရာမ။ ကြည့်တော့ ကြည့်ဖူးတယ်။ ဘာဖြစ်လို့လဲဟင်။ (မေးကတည်းက ရောဂါလို့ - [မကောင်းတဲ့အတွေးအမြင် ခံစားချက် Negative Thought Patterns](https://www.telekyanmar.org/negative-thought-patterns-september-2025/) - ကျွန်မတို့ ပုထုဇဥ်လူသားတွေဟာ အခြားလူတစ်ယောက်နဲ့ ပတ်သက်လို့ မကောင်းမြင်ဖူးတာဖြစ်ဖြစ်၊ ကတောက်ကဆဖြစ်ဖူးရင်ပဲဖြစ်ဖြစ်၊ တစ်ဆင့်စကားနဲ့ မကောင်းသတင်းကို ကြားဖူးရင်ဖြစ်ဖြစ် အဲ့လူအပေါ်မှာ negative အမြင်တွေ စွဲသွားတတ်ပါတယ်။ အခြားအကြောင်းအရာတွေပေါ်မှာလည်း ထိုနည်း၎င်းပါပဲ။ ကျွန်မဆိုလည်း ငြိမ်ငြိမ်လေး နေနေရင်းက ကြောင်ကုတ်တာ ခံရဖူးတယ်။ အဲဒါပြီးနောက်ပိုင်း အဲ့ကြောင်ကိုမြင်တိုင်း ကျွန်မကို ကုတ်တော့မယ်လို့ပဲ ထင်နေတာ။ သူအနားက ဖြတ်သွားလည်း ကျွန်မလန့်နေတယ်။ ကျွန်မကိုကြည့်ပြီး အော်ရင် တစ်ခုခုလုပ်တော့မယ်ပဲ စိတ်ထဲက ထင်နေတယ်။ ကြောင်ကလည်း တကယ်လုပ်ချင်လည်း လုပ်မယ်၊ မလုပ်ချင်လည်း မလုပ်ဘူးပေါ့နော်။ ဒါပေမယ့် စိတ်ထဲမှာ မကောင်းတဲ့အတွေးအမြင် ခံစားချက်က စွဲသွားတယ်။ ဒါကို စိတ်ပညာမှာ Negative Thought Pattern (သို့) Cognitive Bias (အသိဉာဏ်ဆိုင်ရာ ဘက်လိုက်မှု) လို့ ခေါ်ပါတယ်။ - [ကျန်းမာရေးနဲ့ လိမ်လည်လှည့်ဖျားမှုများ (ကျားဖျန့် နှင့် ဆေးအတုများ)](https://www.telekyanmar.org/ကျန်းမာရေးနဲ့-လိမ်လည်လှ/) - ကျွန်တော်တို့ပတ်ဝန်းကျင်ရဲ့ တီဗီ၊ အင်တာနက်၊ ကြော်ငြာတွေကနေ လူတစ်ဦးမဟုတ်တစ်ဦး မိနစ်တိုင်းမှာ ကျန်းမာရေး လိမ်လည်လှည့်ဖျားမှုတွေ ခံနေရပါတယ်။ ဒါကြောင့် ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေကို သိရှိပြီး သတိထားဆင်ခြင်နိုင်ဖို့ လေ့လာကြည့်ရအောင်။. ကျန်းမာရေး လိမ်လည်လှည့်ဖြားမှု ဆိုတာဘာလဲ။ လိမ်လည်လှည့်ဖြားပြီး ကျန်းမာရေးပစ္စည်းတွေ အတုရောင်းချကာ လိမ်ညာနေတာမျိုးတွေ ရှိသလို ဆေးခန်းအတု၊ ဆေးရုံအတုတွေကနေ ဆရာဝန်အတု ဆေးမှတ်တမ်းအတုတွေနဲ့ လိမ်ညာနေတာမျိုးတွေလည်း ရှိပါတယ်။ ကျန်းမာရေး လိမ်လည်လှည့်ဖြားမှုတွေရဲ့ လမ်းကြောင်းတွေကတော့ ခန္ဓာကိုယ်အလေးချိန် လျှော့ချခြင်း၊ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု၊ ကိုက်ခဲနာကျင်မှု၊ မှတ်ဉာဏ်နဲ့ အခြားဝေဒနာတွေကို ကူညီဖြေရှင်းပေးနိုင်မယ်လို့ ဦးတည်ရာကနေ လိမ်လည်လှည့်ဖြားပြီး အလျင်စလို တိုက်တွန်းလုပ်ဆောင်ခိုင်းလေ့ ရှိပါတယ်။ ကင်ဆာ၊ HIV နဲ့ အယ်လ်ဇိုင်းမားကဲ့သို ရောဂါပင်လျှင် ကူညီပေးနိုင်မယ့လို့ ကတိပြုလေ့ရှိပါတယ်။ တစ်စနဲ့တစ်စ ကျွန်တော်တို့မိသားစု၊ သူငယ်ချင်းမိတ်ဆွေများကိုပင်လျှင် - [မိခင်နို့တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားနည်း Lactational Amenorrhea Method](https://www.telekyanmar.org/မိခင်နိုတိုက်ကျွေးခြင်/) - ကလေးမွေးပြီး (၆) ပတ် မိခင်တစ်ယောက်အနေနဲ့ သားဆက်ခြင်းနည်းတွေ စဉ်းစားမယ်ဆိုရင် မိခင်နို့တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားနည်းက သိရှိထားသင့်ပြီး ထည့်သွင်းစဉ်းစားသင့်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် သားဆက်ခြားနည်း အကျုံးဝင်ဖို့ဆိုရင် အဓိကလိုအပ်ချက်တွေ ရှိပါတယ်။ ဘယ်လိုအချက်တွေ စဉ်းစားပြီး ဘယ်လိုအချက်တွေနဲ့ ကိုက်ညီမှုရှိရမယ်ဆိုရင် . . . ● မိမိရင်သွေးက အသက် (၆) လအောက်ဖြစ်ခြင်း ● မိခင်နို့တစ်မျိုးထဲသာ တိုက်ကျွေးနေခြင်း ● မိခင်နို့ ခဏခဏတိုက်ကျွေးခြင်း (တစ်ကြိမ်နှင့်တစ်ကြိမ် နေ့ဘက် ၄ နာရီထက် မခြားခြင်း၊ ညဘက် ၆ နာရီထက် မခြားခြင်း) ● မီးဖွားပြီးနောက် သွေးပြန်မပေါ်သေးခြင်း စတဲ့အချက်တွေနဲ့ ကိုက်ညီမှုရှိမယ်ဆိုရင် အသုံးပြုသင့်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိခင်နို့တိုက်ပေမယ့် ကလေးမွေးပြီး ၆ လအတွင်းသွေးပြန်ပေါ်တဲ့ အမျိုးသမီးတွေဟာ - [စိတ်လွတ်ကိုယ်လွတ် အော်ကြမယ်](https://www.telekyanmar.org/စိတ်လွတ်ကိုယ်လွတ်-အော်က/) - ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွေထဲမှာ မကြာခဏဆိုသလို မြင်ဖူးကြမှာပါ။ လူသူကင်းတဲ့ ကမ်းခြေ၊ တောင်ထိပ် ဒါမှမဟုတ် လယ်ကွင်းကျယ်ကြီးထဲမှာ ဇာတ်ကောင်တစ်ယောက်က မျက်နှာကိုမော့ပြီး အသံကုန် အော်ဟစ်ပစ်လိုက်တာမျိုး၊ ပြီးရင် ငိုချင်လည်း ငိုချပစ်လိုက်တာမျိုး‌ပေါ့။ ဒီလိုဇာတ်ဝင်ခန်းကို ကြည့်ပြီး "အင်း… ငါသာ ဒီလိုအော်ပစ်လိုက်ရရင် စိတ်ထဲမှာ တော်တော်ပေါ့သွားမှာပဲ" ဆိုတဲ့ ခံစားချက်မျိုး ရဖူးကြမှာပါ။…… တကယ်တော့ ဒီလိုခံစားချက်တွေက ကျွန်မတို့ရဲ့ လက်တွေ့ဘဝမှာလည်း ရှိပါတယ်။ တစ်ခါတလေ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေ၊ ဒေါသတွေ စုပြုံလာတဲ့အခါ၊ ရင်ထဲမှာပဲ ဖိနှိပ်ထားရတာ ကြာလာတဲ့အခါ၊ ဘာလုပ်လို့ လုပ်ရမှန်းမသိအောင် ဖြစ်လာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ တအားအော်ပစ်လိုက်ချင်တတ်ပေမယ့် လူတွေရှေ့မှာ အော်လို့မဖြစ်၊ ငိုလို့မဖြစ်ဘူးဆိုပြီး စိတ်ရဲ့အတွင်းထဲမှာပဲ မျိုသိပ်ထားလိုက်ရတာ များပါတယ်။ တကယ်တမ်း အော်ဟစ်ပစ်လိုက်ခြင်း (Screaming) ဟာ စိတ်ဖိစီးမှုကို - [ရင်ကွဲနာကျခြင်း Broken Heart Syndrome](https://www.telekyanmar.org/broken-heart-syndrome-august-2025/) - "ရင်ကွဲနာကျခြင်း" Broken Heart Syndrome ဆိုတဲ့လက္ခဏာစုကို ရင်ကွဲနာကျခြင်းလို့ပဲ မြန်မာမှုပြုလိုက်ချင်ပါတယ်။ အသည်းကွဲရောဂါ၊ နှလုံးကွဲရောဂါလို့တော့ မြန်မာမှုမပြုတော့ပါဘူး။ သင်တို့ရော ရင်ကွဲနာကျဖူးကြလား။……. ရင်ကွဲနာကျခြင်း (Broken Heart Syndrome) ဆိုတာဟာ စိတ်ထိရှခံစားစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေကြောင့် နှလုံးမှာဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကိုယ်ကျန်းမာရေးချို့ယွင်းမှု သို့မဟုတ် ခွဲစိတ်မှုတွေက ပိုဆိုးစေပါတယ်။ ရင်ကွဲနာကျခြင်းက ခဏတာ ဖြစ်ပွားခြင်းဖြစ်ပြီး တချို့လူတွေမှာတော့ နှလုံးက ပြန်ကောင်းသွားပေမယ့် လူက နေလို့ထိုင်လို့မကောင်းဘဲ ကျန်နေခဲ့တတ်ပါတယ်။ ရင်ကွဲနာကျတဲ့လူတွေမှာ ရုတ်တရက် ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နှလုံးထဖောက်ခြင်းလိုမျိုး ခံစားရတတ်ပါတယ်။ ဒါပေမယ့် ရင်ကွဲနာကျခြင်းဟာ နှလုံးတစ်စိတ်တစ်ပိုင်းကိုသာ သက်ရောက်ပြီး နှလုံးသွေးညှစ်ခြင်းကို အနည်းငယ်သာ နှောက်ယှက်မှု ဖြစ်စေတာပါ။ နှလုံး​ရဲ့ကျန်အစိတ်အပိုင်းတွေ ပုံမှန်လုပ်ဆောင်နေပြီး တစ်ခါတလေမှာတော့ နှလုံးကို - [ရင်ထဲက မောင်းတံလေးတွေ](https://www.telekyanmar.org/ရင်ထဲက-မောင်းတံလေးတွေ/) - "လူတိုင်းရဲ့ရင်ထဲမှာ မောင်းတံတစ်ခုစီတော့ ရှိကြတယ်။ အဲဒါကို ဆွဲ/မဆွဲဆိုတာက ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်တယ် " ဆိုတဲ့ စကားလေး . . . လတ်တလောကြည့်မိတဲ့ ရုပ်ရှင်ထဲက စာသားလေးပါ။ ကျွန်မအတွက် အဓိပ္ပါယ်ရှိပြီး အတွေးတွေများစေတဲ့ စကားစုလေး တစ်ခုပေါ့ ။ ကျွန်မတို့ နေ့စဉ်ဘဝမှာရော မောင်းတံလေးတွေနဲ့ ဘယ်နှစ်ကြိမ်များ ရင်ဆိုင်ခဲ့ကြပြီးပြီလဲ။ ဘဝမှာ သည်းမခံနိုင်လောက်အောင် စိတ်တို‌ဒေါသထွက်တာ၊ တအားဝမ်းနည်းတာ၊ စိတ်လိုက်မာန်ပါ လုပ်လိုက်ချင်တာမျိုးတွေ ဖြစ်လာတဲ့အခါမှာ ရင်ထဲကနေ ဝုန်းခနဲ ဖြစ်လာတဲ့ အဲဒီမောင်းတံလေးကို ဆွဲမိဖို့ဆိုတာ လွယ်ကူလှပါတယ်။ တကယ်ဆွဲမိတဲ့အခါလည်း ရှိသလို၊ အသိစိတ်နဲ့ပြန်ထိန်းလိုက်နိုင်တဲ့အချိန်တွေလည်း ရှိကြမှာပါပဲ။ ဒီမောင်းတံလေးကိုပဲ စိတ်ပိုင်းဆိုင်ရာ ပညာရှင်တွေက "Trigger" လို့ ခေါ်ကြပါတယ်။…… မောင်းတံကို ဆွဲလိုက်တဲ့အခါ ဘာတွေ ဖြစ်လာနိုင်သလဲ။ မောင်းတံကို - [တီတီနှင့် ဒေါက်ပီ](https://www.telekyanmar.org/တီတီနှင့်-ဒေါက်ပီ/) - "တီတီနှင့် ဒေါက်ပီ" တစ်ခုသော ညနေခင်း၏ ကျေးလက်ဆေးခန်းလေးတွင် ဖြစ်သည်။ ဒေါက်ပီတစ်ယောက် လူနာတွေ တစ်ယောက်ပြီးတစ်ယောက်ကြည့်နေရင်း အသက် ၂၀ ကျော်အမျိုးသမီးငယ်တစ်ဦး မွေးကင်းစ ကလေးငယ်ကိုချီပြီး ဆေးခန်းအဝတွင်ထိုင်ကာ အထဲသို့လှမ်းလှမ်းကြည့်နေသည်ကို သတိထားမိသည်။ မျက်နှာတွင်လည်း ကလေးငယ်ကို စိုးရိမ်နေသည့် ပုံစံတွေ့ရ၏။ ဤသို့ဖြင့် သိပ်မကြာခင် ထိုကလေးချီထားသော အမျိုးသမီးငယ် အလှည့်ရောက်၍ ဆေးခန်းထဲ ဝင်လာတော့သည်။ ဘေးတွင်လည်း အသက် (၅၀) ဝန်းကျင် အမျိုးသမီးတစ်ဦးပါလာ၏။ ဒေါက်ပီ။ ကလေးက ဘာဖြစ်လို့လဲဗျာ။ အမျိုးသမီးငယ်။ ကလေး ကိုယ်တော်တော်ပူနေလို့ပါ ဆရာ။ ဒေါက်ပီ။ ဟုတ်လား… ဖြစ်တာ ဘယ်နှရက်ရှိပြီလဲဗျ။ အမျိုးသမီးငယ်။ ၃ ရက်လောက်ရှိပါပြီ ဆရာ။ ဒေါက်ပီ။ တခြားရော ဘာဖြစ်သေးလဲ။ အမျိုးသမီးငယ်။ တခြားတော့ ဘာမှမဖြစ်ပါဘူးဆရာ။ ဒေါက်ပီ။ - [အိပ်တဲ့အခါ ဟောက်တာကို ဘယ်လိုကုသကြမလဲ (August 2025)](https://www.telekyanmar.org/အိပ်တဲ့အခါ-ဟောက်တာကို-ဘယ/) - အိပ်တဲ့အခါ ဟောက်တာကို ဘယ်လိုကုသကြမလဲ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိပါစေ။ စိတ်ငြိမ်ဆေးနဲ့ အိပ်ဆေး စွဲသောက်တာမျိုး ရှောင်ကြဥ်ပါ။ အရက်နဲ့ ဆေးလိပ် အလွန်အကျွံသောက်ခြင်းမှ ‌ရှောင်ကြဥ်ပါ။ နှာခေါင်းပိတ်တာ၊ နှာခေါင်းဓာတ်မတည့်တာရှိရင် ကုသပါ။ နှာခေါင်းတွင်း ဖြန်းဆေး၊ အစက်ချဆေးတွေ အလွန်အကျွံ မသုံးပါနဲ့။ လည်ပင်းအနေအထား အဆင်မပြေပါက ပျော့ပျောင်းတဲ့ Neck collar သုံးပြီး အိပ်ပါ။ လိုအပ်ပါက နှာခေါင်းတွင်း (သိုမဟုတ်) ပါးစပ်တွင်းထည့်ရတဲ့ ကိရိယာ အသုံးပြုပါ။ ပက်လက်အိပ်တာထက် စောင်းအိပ်တာက လေကြောင်းပိုပွင့်စေပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း (Counseling)](https://www.telekyanmar.org/စိတ်ပိုင်းဆိုင်ရာ-ဆွေးန/) - "စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ခြင်း (Counseling) ယူဖို့ ဘာကြောင့် တွန့်ဆုတ်ကြတာလဲ" လူတိုင်းနီးပါး ကိုယ့်ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန် စိတ်ဖိစီးမှုတွေ၊ ခေါင်းခဲရတဲ့ ပြဿနာတွေ ကြုံရတတ်ပါတယ်။ ကိုယ်တိုင်ဖြေရှင်းဖို့ ဘယ်ကစပြီး ဘယ်လိုကိုင်တွယ်ရမှန်း မသိအောင် ခက်ခဲလာတဲ့အခါ Counseling (စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်ကုသမှုခံယူခြင်း) ဆိုတာ အကူအညီတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် လူတော်တော်များများက counseling ယူဖို့ တွန့်ဆုတ်နေတတ်ကြပါတယ်။ ✅ "ပြဿနာအတွက် ဖြေရှင်းနည်းပဲ လိုချင်တယ်" လူအများစုက ပြဿနာတစ်ခုကြုံလာရင် ချက်ချင်းဖြေရှင်းနည်း (solution) ကို လိုချင်တတ်ကြပါတယ်။ ဥပမာ။ ရောဂါတစ်ခုဖြစ်ရင် ဘယ်ဆေးသောက်ရင် ချက်ချင်းပျောက်မလဲ ဆိုတာမျိုးပေါ့။ Counseling ဆိုတာကတော့ ကိုယ်ကြုံနေရတဲ့ ပြဿနာကို ချက်ချင်းအဖြေရှာ အကြံဉာဏ်ပေးတာမျိုးမဟုတ်ဘဲ၊ ကိုယ်ကိုယ်တိုင် ပြဿနာရဲ့ အရင်းအမြစ်ကို နားလည်ပြီး ကိုယ်တိုင် - [ရင်မောင်၊ သိန်းဆောင်နှင့် နံနံပင်](https://www.telekyanmar.org/ရင်မောင်၊-သိန်းဆောင်နှင/) - "နံနံလေးတွေ လှတယ်နော်" လက်ထဲကိုင်ထားသည့် နံနံပင်ကို ကြည့်ပြီးပြောတာလိုလို… ဈေးသည်ကောင်မလေးကို ကြည့်ပြီး ပြောတာလိုလိုဖြင့် သိန်းဆောင်တစ်ယောက် ဟိုဟိုဒီဒီလုပ်ရင်း ကောင်မလေး၏ မျက်နှာကို လှမ်းအကဲခတ်လိုက်သည်။ "ဟုတ်တယ် အစ်ကို… ဒီနေ့ နံနံတွေလတ်တယ်။ တခြားအရွက်တွေလည်း လှတယ်လေ။ ဒီနေ့ ဈေးကားရောက်တာစောသလို အသီးအနှံလည်းစုံတယ်။ ကြည့်ကြည့်ပါဦး" "ဟုတ်ပ ဟုတ်ပ… ဘာကြည့်ကြည့်… ဘယ်လိုကြည့်ကြည့်ကို လှနေတာ" ခံစားချက်တွေ တသီတပိုးဖြင့် မထိတထိ ပြောနေသည့် သိန်းဆောင်ကို ဟိုကလေးမက စိတ်မဝင်စား။ သူ့အာရုံက ဟိုဘက်က သံပုရာသီးဝယ်သူထံ လှည့်သွားပြီ။ ထိုစဥ်… "ဒါပေါ့ကွာ နံနံပင်ဟာ ကျန်းမာရေးအတွက် ကောင်းစေသလို အရွက်၊ ရိုးတံ၊ အမြစ်ကစလို့ အစေ့အထိအောင် အကုန်အသုံးတည့်သတဲ့။ ပဥစ္ဆငါးပါးဆိုပြီးတောင် ပြောကြသေး" ထူးထူးဆန်းဆန်းစကားတွေ ကြားလိုက်မိလို့ လှည့်ကြည့်လိုက်တော့ မိတ်ဆွေကြီး - [ကလေးမချစ်တတ်ခြင်း](https://www.telekyanmar.org/ကလေးမချစ်တတ်ခြင်း/) - ဒီရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ "လူတိုင်း ကလေးမချစ်တတ်ဘူး" ဆိုတဲ့ အကြောင်းအရာလေးကို ကျွန်မလည်း ဖတ်လိုက်ရပါတယ်။ အမှန်ပါပဲ။လူတိုင်းဟာ ကလေးတွေကို အလိုအလျောက် ချစ်တတ်ကြတာ မဟုတ်ပါဘူး။ ကြောင်မချစ်တတ်သူ ရှိသလို၊ ခွေးမချစ်တတ်သူလည်း ရှိပါတယ်။ ဒါဟာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင်စိတ်နေစိတ်ထားနဲ့ ခံယူချက်အပေါ် မူတည်ပါတယ်။ တချို့လူတွေမှာ အရင်က ကလေးတွေကို သိပ်မချစ်ပေမယ့် ကိုယ်တိုင် ကလေးရလာတဲ့အခါမှာတော့ သူတို့ရဲ့ခံစားချက်တွေ ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ့်ရဲ့သားသမီးကိုသာမက တခြားကလေးတွေကိုပါ ပိုပြီးချစ်တတ်၊ ဂရုစိုက်တတ်လာကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကိုယ်တိုင်ပြုစုပျိုးထောင်ရတဲ့အခါ ကလေးတွေရဲ့စိတ်နေစိတ်ထား၊ အပြုအမူတွေကို ပိုနားလည်လာလို့ပါပဲ။ ဒါပေမယ့် တချို့ကလေးတွေရဲ့ အပြုအမူတွေက လူကြီးတွေအတွက် စိတ်ရှုပ်စရာဖြစ်တတ်တယ်ဆိုတာလည်း မှန်ပါတယ်။ ဆော့ကစားတဲ့အခါ တအားလက်လက်ထတာ၊ အော်ဟစ်ဆူညံတာ၊ စကားနားမထောင်တာ၊ လူကြားထဲမှာ ငိုယိုသောင်းကျန်းတာမျိုးတွေဟာ တချို့လူကြီးတွေအတွက်တော့ သည်းမခံနိုင်စရာဖြစ်စေနိုင်တာပေါ့။ - [သင့် သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပါ (ဩဂုတ်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/သင့်-သွေးပေါင်ချိန်ကို-ပ/) - သင့် သွေးပေါင်ချိန်ကို ပုံမှန်တိုင်းပါ သွေးပေါင်ချိန် (၁၄၀/၉၀) mmHg နှင့်အထက် ရှိပါက သင် သွေးတိုးနေပြီ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization - [ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကို ရှောင်ကြဉ်ရန် (ဩဂုတ်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ရေမှတစ်ဆင့်ကူးစက်တတ်သေ/) - ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများကို မည်ကဲ့သို ရှောင်ကြဉ်မည်နည်း။ ▪️ အစာမစားခင်နှင့် အိမ်သာအသုံးပြုပြီးသည့်အခါတိုင်း လက်ကို သေချာ ဆေးပါ။▪️ သေချာပြင်ဆင်ချက်ပြုတ်ထားသော အစားအစာများကို စားသုံးပါ။▪️ သန့်ရှင်း၍ သန့်စင်ထားသော (သိုမဟုတ်) ပိုးကူးစက်ခြင်းမရှိသော ရေကို သောက်သုံးပါ။▪️ အသီးအနှံနှင့် အရွက်များကို ရေဖြင့် သေချာ ဆေးကြောပါ။▪️ ရေပိုက်များနှင့် ရေစည်များ၊ သိုလှောင်ကန်များကို ပုံမှန် သန့်ရှင်းပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization - [သွားပိုးပေါက် (Tooth Cavities) မဖြစ်အောင်… (ဩဂုတ်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/သွားပိုးပေါက်-tooth-cavities-မဖြစ်အေ/) - သွားပိုးပေါက် (Tooth Cavities) မဖြစ်အောင် ▪️ ဖလိုရိုက် (Fluoride) ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ အနည်းဆုံး တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။▪️ သကြားနဲ့ ကစီဓါတ်ပါတဲ့ အစားအသောက်တွေကို လျှော့စားပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [နားကျန်းမာရေးအတွက် ရှောင်ကြဉ်ရန် (ဇူလိုင်၊ ၂၀၂၅)](https://www.telekyanmar.org/နားကျန်းမာရေးအတွက်-ရှော/) - နားကျန်းမာရေးအတွက် ရှောင်ကြဉ်ရန် ၁။ နားအတွင်းသို အောက်ပါပစ္စည်းများ ထည့်သွင်းခြင်း ဂွမ်း နားကျပ်တံ ဆီ တုတ်ချောင်းများ ပင်အပ်များ/ တွယ်ချိတ်များ၂။ ညစ်ညမ်းသောရေတွင် ရေကူးခြင်း (သိုမဟုတ်) ထိုရေဖြင့် ဆေးကြောခြင်း၃။ ဖုန်းနားကြပ် (သိုမဟုတ်) နားဆိုများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်း၄။ ကျယ်လောင်သော အသံများ/ ဂီတသံများကို နားထောင်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization - [သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်ပါ (ဇူလိုင်၊ ၂၀၂၅)](https://www.telekyanmar.org/သွေးလွန်တုပ်ကွေးရောဂါမ/) - သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်ပါ ရောဂါကူးစက်စေသော ခြင်သည် နေ့ခင်းအချိန်တွင် အကိုက်များပြီး ညပိုင်းတွင်လည်း ကိုက်နိုင်သည်။ ▪️ခြင်နိုင်ဆေး လိမ်းပါ။▪️ အင်္ကျီရှည်နှင့် ဘောင်းဘီရှည် ဝတ်ဆင်ပါ။▪️ ခြင်လုံဆန်ခါတပ်ပါ၊ ပိုးလောက်လန်း နှိမ်နင်းပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: US CDC - [Mercy k-i-l-l-i-n-g](https://www.telekyanmar.org/mercy-k-i-l-l-i-n-g/) - "Mercy k-i-l-l-i-n-g" သနားသဖြင့် that လိုက်ခြင်းပေါ့။ တကယ်ကြုံခဲ့၊ လုပ်ပေးခဲ့ရပါတယ်။မှန်သလား၊ မှားသလား ကျွန်တော်လည်း မသိပါဘူး။ လုပ်ပြီးသွားပြီ။ မှန်သလား၊ မှားသလား လွတ်လပ်စွာ သဘောထား ကွဲလွဲလို့ရပါတယ်။ ခင်ဗျားတို့ ကြုံခဲ့ရရင်ရော ဘယ်လိုဆုံးဖြတ်မလဲ သိချင်မိပါတယ်။…… အသက်က ၁၆ နှစ်၊ သားဦးကိုယ်ဝန်၊ ကျွန်တော်တို့နဲ့ တစ်ခါမှ ဗိုက်အပ်မထားဘူးပါဘူး။ ကိုယ်ဝန်သက်တမ်း ၃၇ ပတ်ကျတော့မှ ကလေးမွေးဖွားရန် မှန်ကန်သော ဝမ်းနာခြင်း (true labour pain) စတင်ပြီးမှ ရောက်လာတယ်။ အဲဒီနေ့မှပဲ ultrasound လည်း ရိုက်လာခဲ့တယ်။ ကလေးလေးက hydrocephalus တဲ့ (ကလေးခေါင်းထဲမှာ ရေအိတ်တည်နေတယ်)။ ‌ကလေးခေါင်းက အဆမတန် ကြီးနေတယ်ပေါ့ဗျာ။ ကလေးခေါင်းရဲ့ အချင်း (biparietal diameter BPD) - [စိတ်ကျန်းမာရေးနှင့် Stigma](https://www.telekyanmar.org/mental-health-and-stigma-august-2025/) - "စိတ်ကျန်းမာရေးနှင့် Stigma" ✅ Stigma ဆိုတာဘာလဲ။ Stigma ဆိုတာ "စိတ်ရောဂါ ဝေဒနာခံစားနေရသူ၊ စိတ်ကျန်းမာရေး ချို့တဲ့သူတွေကို အားနည်းသူ၊ အန္တရာယ်ရှိသူ၊ ပြဿနာရှာသူ" အဖြစ် အထင်မှားပြီး ရှောင်ကြဉ်တာ၊ ကဲ့ရဲ့တာ၊ နှိမ့်ချတာ၊ ခွဲခြားဆက်ဆံတာ စတဲ့ အပြုအမူတွေလုပ်ခြင်းကို ဆိုလိုပါတယ်။ ဥပမာ . . . "စိတ်ဓာတ်ကျတယ်ဆိုတာ စိတ်ဓာတ်ပျော့ညံ့လို့ "ဒီလိုလူမျိုးနဲ့ မပေါင်းနဲ့၊ "စိတ်ပေါင်းကိုယ်ခွာနေ" "စိတ်ရောဂါဆိုတာ ကူးတတ်တယ်" "စိတ်ရောဂါသည်ဆိုတာ အချိန်မရွေး အန္တရာယ်ရှိတယ်" စသဖြင့် အမှတ်မှားကာ ဖယ်ကြဉ်ကြတာမျိုးပါ။ တချို့စိတ်ရောဂါတွေဟာ မျိုးရိုးလိုက်တတ်တာမျိုးရှိပေမယ့် ကူးစက်တတ်တဲ့ရောဂါတော့ မဟုတ်ပါဘူး ။ တကယ်တော့ စိတ်‌ဝေဒနာ ခံစားရသူတွေဟာ ရောဂါ‌အပြင် ဒီလို လူမှုရေးအထင်လွဲမှု (Stigma) ကြောင့် ပိုပြီး စိတ်ထိခိုက်ခံစားရတတ်ပါတယ်။ - [ညီလေး ကြီးဖို့မလို](https://www.telekyanmar.org/ညီလေး-ကြီးဖို့မလို/) - ကိုရင်မောင်တစ်ယောက် ဆယ့်ရှစ်အပေါင်း ဇာတ်ကားတွေကြည့်ရင်း စုပ်တသပ်သပ် တောက်တစ်ခေါက်ခေါက် ဖြစ်နေရှာသည်။ အကြောင်းကား ဇာတ်ကားထဲက မင်းသားများနှင့် နှိုင်းယှဉ်သော် သူ့ညီလေးမှာ အင်မတန်သိမ်ငယ်ရသည် မဟုတ်ပါလား။ သိမ်သာသိမ်ငယ်တာ ဇာတ်ကားတော့ အကြည့်မပျက်။ နေ့စဥ်ရက်ဆက် ဆယ့်ရှစ်အပေါင်းကားတွေ ကြည့်လိုက်၊ ကိုယ့်ညီလေးကိုယ် စိတ်တိုင်းမကျလိုက်နှင့် ကိုရင်မောင်ခမျာ စိတ်ဓာတ်တွေကျပြီး တမှိုင်မှိုင်တထွေထွေ ဖြစ်လာတော့သည်။ ယင်းအဖြစ်ကို လမ်းထိပ်က ကျော်ရီး သတိထားမိသွားသောအခါ . . . ကျော်ရီး။ ဟ ကိုရင်မောင်။ တမှိုင်မှိုင်တထွေထွေနဲ့ ခုတလော ဘာတွေဖြစ်နေတာလဲ။ ကိုရင်မောင်။ အင်း… ဒီလိုကွာ ဆယ်ရှစ့်အပေါင်းကားထဲက ကောင်တွေကျတော့ ကြီးလိုက်တာ။ ငါ့ညီလေးကျ သေးပေါက်ဖို့တောင် ဇာဂနာနဲ့ မနည်းလိုက်ရှာနေရတယ်လို့ တွေးမိလို့ဟေ့။ ဟုတ်တော့ မဟုတ်သေးဘူးဟာ။ ကျော်ရီး။ ဟားဟား အဲလောက်တောင် ဆိုးနေပြီလား။ - [လိင်အင်္ဂါ စီလီကွန်ဆေးထိုးခြင်း Penile Silicone Injection](https://www.telekyanmar.org/penile-silicone-injection-august-2025/) - "အမျိုးသားကျန်းမာရေးအတွက် ညီလေးကြီးဖို့ မလိုပါ" သင်ဟာ လိင်တံကြီးထွားအောင် ဆီလီကွန်ဆေးထိုးထားသူ တစ်ယောက်လား။ သင်ဟာ လိင်တံကြီးထွားအောင် ဆီလီကွန်ဆေး ဒါမှမဟုတ် အခြားဓာတုဆေးဝါးတစ်ခုခု ထိုးထားသူတစ်ယောက်ဆိုရင် ဆေးပညာရှင်များနဲ့ အမြန်ဆုံး တိုင်ပင်ဖို့လိုပါမယ်။ အထူးသဖြင့် လိင်တံပြန်လည်ပြုပြင်ခြင်းနှင့် ဆီလီကွန်ဖယ်ရှားခြင်း အတွေ့အကြုံရှိတဲ့ ခွဲစိတ်ဆရာဝန်နဲ့တိုင်ပင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး တိကျတဲ့လမ်းညွန်စောင့်ရှောက်မှုတွေ ပေးနိုင်မှာဖြစ်ပါတယ်။ စောလျှင်စွာသိရှိပြီး ကုသခြင်းက ဘေးထွက်ဆိုးကျိုးနည်းပြီး အခြားသော ပြဿနာများကို လျှော့ချပေးနိုင်ပါတယ်။ ဒဏ်ရာအမာရွတ်ကြီးပြီး ပုံပျက်ခြင်းကို စောလျှင်စွာ ကုသခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။…… လိင်အင်္ဂါ စီလီကွန်ဆေးထိုးခြင်းက ဘာတွေဖြစ်ပေါ်စေနိုင်သလဲ။ ● လိင်အင်္ဂါပုံပန်းသွင်ပြင် ပျက်စီးခြင်း● နာကျင်ရောင်ရမ်းခြင်း● လိင်တံထိပ် အရေပြားတင်းကျပ်ခြင်း၊ ပိတ်ခြင်း● လိင်အင်္ဂါပုပ်ခြင်း● ဆီလီကွန်ခဲ သွေးကြောပိတ်ခြင်း…… လိင်အင်္ဂါ စီလီကွန်ဆေးထိုးခြင်းရဲ့ ဆိုးကျိုးတွေ ဘယ်ချိန်စတင်ခံစားရမလဲ။ - [ဗွေ Hair Whorl](https://www.telekyanmar.org/hair-whorl-august-2025/) - "ဗွေနှစ်လုံးနဲ့ သားသားလေး မီးမီးလေး" အိမ်မှာ အဘွားဖြစ်သူကလည်း ဗွေနှစ်ခုနဲ့၊ သားသားကလည်း ဗွေနှစ်ခုနဲ့။ "မြေးလေးကတော့ သူ့အဘွားလို ခေါင်းမာတော့မှာပဲ" "နင့်သားလေး ဗွေနှစ်ခုနဲ့။ တော်တော်ထိန်းရမှာနော်" ကျွန်မတို့ပတ်ဝန်းကျင်မှာ ကြားဖူးနေကျ စကားတွေပါပဲ။ မိသားစုဝင်တွေက ရယ်စေမောစေနဲ့ စကြနောက်ကြတာရှိသလို တစ်ဖက်ကကြည့်ရင် ဒါဟာ လူမှုပတ်ဝန်းကျင်ရဲ့အမြင်၊ အစဥ်အလာကို ထင်ဟပ်နေပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ကလေးတစ်ယောက်ရဲ့ ဗွေ၊ ဆံပင်အနေအထား၊ မွေးရာပါအမှတ်လက္ခဏာတွေကို ကြည့်ပြီး သူတို့ရဲ့စရိုက်၊ ကံကြမ္မာ၊ အနာဂတ်အထိ ခန့်မှန်းဝေဖန်တတ်ကြပါတယ်။ "ဗွေနှစ်ခုပါတဲ့ကလေးက ခေါင်းမာတယ်" ဆိုတာမျိုး၊ "ဘယ်နားမှာ မှဲ့ပါရင်တော့ အိမ်ထောင်ရေးက ဘယ်လိုဖြစ်မှာ" ဆိုတာမျိုးပေါ့။ ဒီအယူအဆတွေဟာ ရိုးရာယုံတမ်းစကားတွေလို အမြစ်တွယ်နေကြဆဲပါ။ ဗွေတွေ ဆံပင်‌ပေါက်ပုံတွေဟာ ခုမှ လူ့လောကထဲရောက်လာတဲ့ ကလေးငယ်တွေရဲ့ စိတ်နေသဘောထားအပေါ် သက်ရောက်မှု ရှိမတဲ့လား။ ကျွန်မတို့ - [သွေးတိုးမှ သွေးကျဆေး သောက်ရမှာမဟုတ်ပါ](https://www.telekyanmar.org/သွေးတိုးမှ-သွေးကျဆေး-သော/) - မေး။ သွေးတိုးကျဆေးကို သွေးပေါင်တက်မှ သို့ ခေါင်းမူးမှသောက်နေတာက မှန်ကန်လား။ ဖြေ။ သွေးတိုးဆိုတာက ဆေးခန်းမှာသွေးပေါင်ချိန်လို့ အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ အထက်များနေတဲ့ အခြေအနေကို ခေါ်ပါတယ်။ ဒါပေမယ့် သွေးပေါင်တက်နေတာနဲ့တွဲဖက်အခြေအနေတွေပေါ်မူတည်ပြီး သွေးတိုးကျဆေး တိုက်/မတိုက်၊ တိုက်ရင်ဘယ်လိုဆေးမျိုးက စတိုက်မလဲဆိုတာတွေ ကွဲပြားပါတယ်။ သွေးပေါင်တစ်ခုတည်းကို ကြည့်တာမဟုတ်ဘဲ နောက်ဆယ်နှစ်မှာ လူနာရဲ့နှလုံးနဲ့ သွေးကြောရောဂါဖြစ်နိုင်ခြေနှုန်းကိုကြည့်ပြီး ဆေးကိုပေးရတာမို့ လူနာတိုင်းမှာ သွေးပေါင်ကျဆေး စသောက်ရမယ့်အခြေအနေနဲ့ သောက်ရတဲ့ဆေးအမျိုးအစားတွေ မတူကြပါဘူး။ ဆေးသောက်ရပြီဆိုရင်လည်း လက်ရှိသွေးပေါင်ကို ပုံမှန်အောက်ရောက်အောင် သောက်ရုံသက်သက်မဟုတ်ဘဲ နောင်ဆယ်နှစ်မှာ ဖြစ်လာနိုင်မယ့်အကျိုးဆက်ကို ရည်မှန်းပြီးသောက်ရတာမို့ ဆေးကိုသောက်လိုက်မသောက်လိုက်လုပ်ခြင်းက အကျိုးမရှိပါဘူး။ ဆေး‌ကိုလည်းလူနာတစ်ဦးချင်းစီရဲ့ လိုအပ်ချက်အလိုက် သတ်မှတ်သွေးပေါင်အောက်ရောက်အောင် သောက်ရမှာဖြစ်ပါတယ်။ ဆေးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း နေ့စဉ်မှန်မှန်သောက်ပြီး ရက်ချိန်းမှန်မှန်ဆက်ပြဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။ - [ခွေးရူးပြန်ရောဂါအကြောင်း Rabies](https://www.telekyanmar.org/ခွေးရူးပြန်ရောဂါအကြောင/) - ခွေးရူးပြန်ရောဂါဆိုတာ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး၊ ဦးနှောက်နဲ့အာရုံကြောအဖွဲ့အစည်းကို ထိခိုက်စေတဲ့ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဟာ သေစေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ခွေးရူးပြန်ရောဂါရှိနေတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးကနေတစ်ဆင့် ကူးစက်လာတဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ရပါတယ်။ ခွေးရူးပြန်ရောဂါရှိနေနိုင်တဲ့ တိရစ္ဆာန်တွေကတော့ လင်းနို့၊ မြေခွေးနဲ့ ဝံပုလွေအုပ်စုတွေဖြစ်ပြီး ဖွံဖြိုးဆဲ နိုင်ငံတွေမှာတော့ လမ်းဘေးခွေးတွေကနေ လူကိုကူးစက်တာ ပိုတွေ့ ရများပါတယ်။ ခွေးရူးပြန်ရောဂါ လက္ခဏပြလာပြီဆိုရင် ရာနှုန်းပြည့် သေဆုံးနိုင်ခြေ များပါတယ်။ ဒါကြောင့်မို့ ခွေးရူးပြန်ရောဂါ ကူးစက်ခံရနိုင်ခြေရှိသူတိုင်း ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး မဖြစ်မနေ ထိုးထားသင့်ပါတယ်။…… ခွေးရူးပြန်ရောဂါရဲ့ လက္ခဏာတွေကတော့ . . . ဖျားခြင်း ခေါင်းကိုက်ခြင်း ပျို့အန်ခြင်း စိတ်လှုပ်ရှားခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း စိတ်ရှုပ်ထွေးခြင်း ရုန်းရင်းဆန်ခတ်ဖြစ်ခြင်း အစာမျိုရခက်ခြင်း သွားရည်ယို - [ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး](https://www.telekyanmar.org/ဘယ်သူမှ-လာကယ်မှာမဟုတ်ဘူ/) - Accept "No one is coming to save you" တဲ့။ "ဘယ်သူမှ လာကယ်မှာမဟုတ်ဘူး" ဆိုတဲ့ စကား နားထောင်ရတာ ကြမ်းတမ်းသလို၊ ကြားရတာ ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုပါပဲ။ ဒါပေမယ့် ဒီအချက်ကို လက်ခံနိုင်ဖို့ဆိုတာဟာလည်း ကျွန်မတို့ဘဝရဲ့ အရေးကြီးဆုံးသင်ခန်းစာတွေထဲက တစ်ခုဖြစ်ပါတယ်။ မဖြစ်နိုင်တာတွေ၊ အံ့အားသင့်စရာကောင်းတာတွေ ဖြစ်လာဖို့ စောင့်နေမယ့်အစား ဒီအမှန်တရားကို ဘယ်လိုလက်ခံပြီး ရှေ့ဆက်ရမလဲဆိုတာကသာ လက်တွေ့ကျတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါလိမ့်မယ်။. 🍀ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်ဖို့ ကျွန်မတို့ အားလုံးဟာ တစ်ချိန်ချိန်မှာတော့ အကူအညီ လိုအပ်တတ်ကြပါတယ်။ ဒါပေမယ့် အမြဲတမ်း တစ်စုံတစ်ယောက်က လာပြီးကယ်တင်လိမ့်မယ်လို့ မျှော်လင့်နေမယ်ဆိုရင် ကိုယ့်ရဲ့ ရှိရင်းစွဲစွမ်းဆောင်ရည်တွေကို သတိမထားမိဘဲ ဖြစ်နေပါလိမ့်မယ်။ အခက်အခဲတွေနဲ့ ကြုံလာတဲ့အခါ ကိုယ်တိုင်ရုန်းကန်ဖြေရှင်းနိုင်စွမ်း ရှိတယ်ဆိုတာကိုလည်း ယုံကြည်ဖို့လိုပါတယ်။ - [အစားစားပြီး ဗိုက်တင်းဗိုက်နာခြင်း Postprandial Distress Syndrome - PDS](https://www.telekyanmar.org/postprandial-distress-syndrome-pds-august-2025/) - အစားစားပြီး ဗိုက်တင်းခြင်းဆိုတာ ထမင်းတွေ နှစ်ပန်းကန်သုံးပန်းကန် နင်းကန်စားပြီး ဗိုက်တင်းလာတာ၊ ဘူဖေးဆိုင်မှာ အဝစားပြီး ရင်ပြည့်တာကို ဆိုလိုတာ မဟုတ်ပါဘူးနော်။ စားပြီး ဗိုက်တင်းဗိုက်နာခြင်း (PDS) ဆိုတာ… အစားကို ပုံမှန်ပဲစား၊ နည်းနည်းပဲစားပြီးရင်တောင် ဗိုက်က အများကြီးစားသလို တင်းပြည့်နေသလို ခံစားရမယ်။ ရင်ဝနားမှာ ဖောင်းနေမယ်။ အစာမကြေဘဲ တောင့်နေသလို ခံစားချက်က တော်တော်နဲ့ ပျောက်မသွားတာမျိုးကို ဆိုလိုပါတယ်။ ဒါဟာ Functional Dyspepsia လို့ခေါ်တဲ့ အစာအိမ်လုပ်ဆောင်မှု မမှန်လို့ဖြစ်ရတဲ့ အစာမကြေရောဂါအုပ်စုထဲမှာ ပါဝင်ပြီး Disorder of Gut brain interaction (DGBI) ခေါ် အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်ဆက်နွယ်မှု ချို့ယွင်းခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေထဲက တစ်ခုပါ။ ကံကောင်းတာကတော့ ဒီရောဂါဟာ အသက်အန္တရာယ် မဖြစ်‌ပါဘူး။ - [ဗီဇနိုင်ငံရေး](https://www.telekyanmar.org/ဗီဇနိုင်ငံရေး/) - ၁။ သတင်းထူး ခုတလော အွန်လိုင်းစာမျက်နှာတွေမှာ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ကို တွေ့လာရတယ်။ CRISPR နည်းပညာဖြင့် Down Syndrome ကလေးငယ်တွေကို ကုသနိုင်ပြီတဲ့။ Cell တွေမှာ အပိုပါနေတဲ့ ခရိုမိုဇုန်း ၂၁ (Chromosome 21) ကို CRISPR နည်းပညာဖြင့် ဖြတ်တောက်ဖယ်ရှားလိုက်နိုင်ပြီတဲ့။ ဒီသတင်းကို ကြားတော့ ကျွန်တော် ပျော်မိတာပေါ့။ ဆရာဝန်တွေဟာ လူနာတွေကို ကရုဏာမျက်ဝန်းနဲ့ မြင်မိလေ့ရှိပါတယ်။ "ဒေါင်းရောဂါစု" ကလေးငယ်တွေဟာ သနားစရာပါ။ သူတို့လည်း ဘယ်ဖြစ်ချင်ပါ့မလဲ။ မမြင်မသိနိုင်အောင် ကျယ်ပြောလှတဲ့ ကံကြမ္မာအရ ဗီဇချို့ယွင်းချက်ပါလာခဲ့လို့သာ ဖြစ်ရတာ။ ဒီသတင်းအရဆို ဒီကလေးငယ်လေးတွေအတွက် ပျော်နိုင်ပြီပေါ့။ ဒီသတင်းဟာ အမှန်လားလို့ ကျွန်တော် ဆက်ရှာဖွေကြည့်ခဲ့ပါတယ်။…… ၂။ CRISPR ဆက်ရှာဖွေကြည့်တဲ့အခါ CRISPR အကြောင်း ဖတ်မိသွားတယ်။ - [မိခင်နို့ချိုတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ သိထားသင့်သော ဗဟုသုတများ](https://www.telekyanmar.org/မိခင်နို့ချိုတိုက်ကျွေ/) - Welcome August သြဂုတ်လ ပထမအပတ်လေးဟာဆိုရင် မိခင်နို့ချိုတိုက်ကျွေးခြင်း အထိမ်းမှတ်ရက်သတ္တပတ်ဖြစ်တာမို့ မိခင်နို့ချိုတိုက်ကျွေးခြင်းနဲ့ပတ်သက်တဲ့ ဗဟုသုတ အချို့လေးကို မျှဝေပေးချင်ပါတယ်။ မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ အမေက ကလေးကို အာဟာရဖြည့်တင်းပေးရုံ တစ်ခုတည်းမဟုတ်ဘဲ ကလေးနဲ့ မိခင်ကြားက ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှုကို ဖော်ကျူးပေးခြင်းလည်း ဖြစ်ပါတယ်။ မိခင်နို့ချိုတိုက်ကျွေးနေသော မိခင်များအနေနဲ့ မိမိ အဆင်ပြေဆုံးပုံစံနဲ့ တိုက်ကျွေးလို့ရပါတယ်။ ဒါ့အပြင် မိခင်တွေရဲ့ မိခင်နို့ချိုတိုက်ကျွေးခြင်းခရီးစဉ်က တစ်ယောက်နဲ့ တစ်ယောက်ကွဲပြားနိုင်ပါတယ်ရှင့်။ တချို့ အလုပ်လုပ်နေရတဲ့ မေမေတွေဆို မိခင်နို့ကို Pumper နဲ့ ထုတ်ပေးခဲ့မယ်၊ အိမ်နေမိခင်နေအတွက်ဆို ကလေးနို့ဆာတိုင်းတိုက်မယ်၊ အလုပ်လုပ်ရင်း နို့တိုက်ကျွေးရတယ်ဆိုလည်း တိုက်ကျွေးလို့ရပါတယ်။ ဘယ်ဟာမှ အမှန်မရှိပါဘူး။ အရေးကြီးတာက ပတ်ဝန်းကျင် မိသားစုဝင်တွေအနေနဲ့ မေမေတွေကို ဂရုစိုက်ပေးဖို့နဲ့ ဝေဖန်အပြစ်တင်တာမျိုးမလုပ်ဘဲ မိခင်နို့ချိုတိုက်ကျွေးချိန် နို့တိုက်မိခင်ကို လိုအပ်တာလေးတွေကို ကူညီအားပေးဖို့လိုပါတယ်။ - [နို့တိုက်မိခင်များ အဖြစ်များဆုံး နို့တိုက်နေချိန် ရင်သားတင်းမာမှုအကြောင်း Breast Engorgement, BE](https://www.telekyanmar.org/breast-engorgement-be-august-2025/) - မေမေများအားလုံး မင်္ဂလာပါရှင့် 🙏🏻 ဩဂုတ်လ ပထမအပတ်ဟာဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ပျော်ရွှင်ဖွယ် မိခင်နို့တိုက်ကျွေးသည့်ရက်သတ္တပတ် (Happy Breastfeeding Week) ဖြစ်ပါတယ်ရှင်။ ဒါကြောင့် နို့တိုက်မိခင်တွေများ အဖြစ်များဆုံး နို့တိုက်နေချိန် ရင်သားတင်းမာမှု (Breast Engorgement, BE) အကြောင်းလေးကို ပြောပြပေးမှာဖြစ်ပါတယ်။ ရင်သားတင်းမာခြင်းဟာဆိုရင် မေမေတို့ မိမိနို့ရည်ကို ပုံမှန်မဖယ်ပေးတာကြောင့် မိမိရဲ့ရင်သားမှာ နို့ရည်တင်းလာပြီး ရင်သားရောင်ရမ်းနာကျင်တာတွေ ဖြစ်စေတာပါရှင်။ အထူးသဖြင့် နို့ရည်တိုက်ကျွေးတဲ့ ပထမအပတ်မှာ အဖြစ်များဆုံးဖြစ်ပါတယ်ရှင့်။…… ဒါဆို ရင်သားတင်းမာခြင်းမဖြစ်အောင် ကျွန်မတို့ ဘယ်လိုကာကွယ်ရမလဲဆို . . . မိမိရဲ့နို့ရည်ကို မိမိကလေးအား (၂-၃) နာရီခြား အချိန်မှန် သေချာလေး တိုက်ပေးရပါမယ်။ ကလေးနို့တိုက်ချိန်မှာလည်း ပုံစံမှန်သော နို့တိုက်နည်းဖြင့် နို့တိုက်ရပါမယ်။ ကလေးရဲ့ပါးစပ်က မေမေတို့ရဲ့ နို့သီးခေါင်းကို - [လည်ပင်းတစ်စို့စို့ဖြစ်ခြင်း Globus Sensation](https://www.telekyanmar.org/globus-sensation-july-2025/) - လည်ပင်းထဲမှာ အစာစားပြီးရင် တစ်ခုခုကပ်နေသလို၊ တစ်စို့စို့ကြီးဖြစ်နေသလို နေရခက်တာမျိုး ကြုံဖူးကြပါသလား။ ဒါကို Globus sensation လို့ ခေါ်ပါတယ်။ ဒီဝေဒနာဟာ Functional esophageal disorders လို့ခေါ်တဲ့ အစာရေမျိုပြွန် လုပ်ဆောင်မှုမမှန်လို့ ဖြစ်ရတဲ့ ရောဂါများထဲက တစ်ခုပဲဖြစ်ပါတယ်။ လူတော်တော်များများက ဒီလက္ခဏာကို . . . လည်ပင်းထဲ တစ်ခုခုကပ်နေတာ တစ်စို့စို့ဖြစ်တာ လည်ပင်းထဲ ကျပ်ကျပ်ကြီးဖြစ်တာ တစ်ခုခု ခံနေသလိုဖြစ်တာ စူးနေသလိုဖြစ်တာ ချွဲကပ်သလို ဟပ်ထုတ်တယ်။ ထုတ်မရတာမျိုး ခံစားရတတ်ပါတယ်။ မိမိလည်ပင်း၊ လည်ချောင်းထဲမှာ အလုံးတစ်ခုခု ရှိနေတာလား ထင်တတ်ကြပါတယ်။ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ အစာအိမ်အူလမ်းကြောင်း ဆေးခန်းများမှာ လာပြတဲ့လူနာတွေရဲ့ ၄ ရာခိုင်နှုန်းအထိ ဒီလက္ခဏာက သက်ရောက်မှုရှိပါတယ်။ လူအတော်များများ (၁၀၀ - [ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်း Gestational Diabetes](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်ချိန်-ဆီးခ/) - ကိုယ်ဝန်ဆောင်ဆီးချို (Gestational diabetes) ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တတ်တဲ့ ဆီးချိုရောဂါ အမျိုးအစားတစ်ခုပါ။ သွေးထဲက သကြားဓာတ်တွေ တအားမြင့်တက်လာပြီး ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုဟာ များသောအားဖြင့် ကိုယ်ဝန်သက်တမ်း ၂၄ ပတ်နဲ့ ၂၈ ပတ်ကြားမှာ စတင်ဖြစ်ပွားလေ့ရှိပါတယ်။…… ❓ဘာလို့ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်တာလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကနေထွက်လာတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်မှာရှိတဲ့ အင်ဆူလင်ရဲ့ အလုပ်လုပ်ပုံကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အင်ဆူလင်က သွေးထဲက သကြားဓာတ်ကို ပုံမှန်အတိုင်း ထိန်းညှိမပေးနိုင်တော့ပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်လာရတာ ဖြစ်ပါတယ်။…… ❓ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေ ဘယ်သူတွေမှာ ပိုများသလဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေရှိတဲ့သူတွေမှာတော့ ဖြစ်နိုင်ခြေ ပိုများတတ်ပါတယ်။ ဒါတွေကတော့ . . . - [ဝမ်းနည်းစရာအဆုံးသတ်ကို ရွေးချယ်ဖို့ စဥ်းစားမိနေသူကို နွေးထွေးမှုနဲ့ လက်ကမ်းကူညီကြရအောင်](https://www.telekyanmar.org/ဝမ်းနည်းစရာအဆုံးသတ်ကို/) - 🖤 ဝမ်းနည်းစရာအဆုံးသတ်ကို ရွေးချယ်ဖို့ စဥ်းစားမိနေသူကို နွေးထွေးမှုနဲ့ လက်ကမ်းကူညီကြရအောင် ❤️__ သူတို့ဆီက စကားသံတွေ၊ နာကျင်မှုတွေကို နှလုံးသားနဲ့ နားမထောင်မိကြဘဲ . . . "သူရဲဘောကြောင်တာပဲ"၊ "စိတ်ဓာတ်ပျော့ညံ့လို့"၊ "အဖန် ၅၀၀ ငါးကမ္ဘာကိုမ‌ကြောက်ဘူးလား" စသဖြင့် လက်ညှိုးထိုးကြတဲ့အခါ… ဒါဟာ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နေသူအပေါ် ကျွန်မတို့ လူ့အသိုက်အဝန်းက ထပ်ပေးမိတဲ့ နာကျင်စရာ ထိုးနှက်ချက်တွေပါပဲ။ "သူရဲဘောကြောင်တယ်" ဆိုတဲ့ စကားကလည်း အရမ်းကို ရက်စက်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်လိုက်ဖို့အထိ စဥ်းစားနေမိတဲ့ သူတစ်ယောက်ဟာ ဘယ်လောက်အထိ စိတ်ဓာတ်ကျဆင်းနေမလဲ၊ ဘယ်လောက်အထိ နာကျင်နေမလဲဆိုတာကို တွေးကြည့်ဖူးကြပါရဲ့လား။ ဒါဟာ သူရဲဘောကြောင်လို့၊ စိတ်ဓာတ်ပျော့ညံ့လို့ မဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်ဝိညာဉ်ဟာ အဘက်ဘက်ကဖိအားတွေအပေါ် ခံနိုင်ရည်မရှိတော့တဲ့ အခြေအနေကို ရောက်သွားကြတာပါ။ - [ဆရာဝန်တွေက အိမ်ထောင်ရှိ/မရှိ မေးတယ်ဆိုတာရဲ့ ရည်ရွယ်ချက်](https://www.telekyanmar.org/ဆရာဝန်တွေက-အိမ်ထောင်ရှိ/) - Women of Child Bearing Age (WCBA)ကိုယ်ဝန်ရနိုင်သော အရွယ်ရှိ အမျိုးသမီးများ၊ အသက် ၁၅ - ၄၅ နှစ်ကြား အမျိုးသမီးများပေါ့ဗျာ။ အဲဒီအရွယ် အမျိုးသမီးတွေ ရောဂါဝေဒနာ တစ်ခုခုနဲ့ ဆေးရုံရောက်လာခဲ့ရင် ကျွန်တော်ငယ်ငယ် ဆေးရုံ လက်ထောက်ဆရာဝန်ဖြစ်ခါစက အတော်ဒုက္ခရောက်သဗျ။ သူတို့ကို ဘယ်လူနာဆောင်ကို တင်ပေးရမလဲ စဉ်းစားရတာ သုံးခုဖြစ်သွားတယ်လေ။ ဖျားနာကုသဆောင်လား၊ ခွဲစိတ်ကုသဆောင်လား၊ သားဖွား မီးယပ်ကုသဆောင်ကိုလား။ ၁၂ နှစ်အောက်ဆိုရင် ဘာမှ စဉ်းစားစရာမလိုဘူး။ ကလေးကုသဆောင်ကို တင်ပေးလိုက်။ ကိုယ့်တာဝန်ကျေ။ အေးဆေးပဲ။ ၁၀၀ % မှန်တယ်။ ၁၂ နှစ်အထက် ယောက်ျားလေးဆိုရင်လည်း ဖျားနာလား၊ ခွဲစိတ်လား နှစ်ခုပဲစဉ်းစားစရာရှိ။ လွဲရင်တောင်မှ ၅၀% ပဲလေ။ ၁၅ - ၄၅ - [အစာအဆိပ်သင့်ခြင်း (Food poisoning) ကို ဂရုပြုစေဖို့](https://www.telekyanmar.org/အစာအဆိပ်သင့်ခြင်း-food-poisoning-ကို/) - ဘာနဲ့ဘာ တွဲစား..မူးဝေအော့အန် ဝမ်းတွေတရပ်စပ်သွား။ ကိုယ်တွေ့။ (မနေ့က မေးကြည့်ခဲ့တဲ့ မေးခွန်းလေးအောက်က ကွန်မန့်တွေထဲ အတွေ့ရများတာလေးတွေပါနော်) အတွေ့အကြုံလေးတွေ ဖလှယ်ပေးလို့ အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ် 😍 ဒါပေမယ့်လည်း ဆရာဝန်တစ်ယောက်အနေနဲ့ တွေးစရာလေးတွေတော့ ပေါ်လာတာပေါ့။ ဘာဖြစ်လို့ ဒီလူနာကျ အဲဒီလိုဖြစ်ပြီး ကျန်တဲ့သူတွေကျ သူ့လိုမခံစားရတာလဲ။ ခန္ဓာကိုယ်တစ်ခုချင်းစီရဲ့ တုံ့ပြန်မှု ကွာခြားတာကြောင့်များလား။ ဒီလိုနဲ့ တွေးကြည့်တော့ အဖြေလေးတစ်ခု ရေးရေးပေါ်လာသလိုပါပဲ။…… မဆိုင်တာလေးကနေ အရင်စပါရစေနော်။ ဆေးဝါးတစ်ခုချင်းစီမှာ ဘေးထွက်ဆိုးကျိုးတွေ (side effects) ရှိနိုင်သလို ဆေးဝါးတချို့ဟာလည်း တစ်ခုနဲ့တစ်ခု တွဲမသောက်သင့်တာ၊ အချိန်ကာလခြားပြီးမှ သောက်သင့်တာမျိုးတွေ ရှိပါတယ်။ (စနစ်တကျ သုတေသနတွေလည်း လုပ်ထားပါတယ်) အတူတွဲသောက်ရင် ဆေးတစ်ခုရဲ့အာနိသင်ကို အခြားဆေးတစ်ခုက လျော့ကျစေတာမျိုး ဒါမှမဟုတ် ပိုပြီးအရှိန်မြှင့်လိုက်တာမျိုး ရှိသလို… နှစ်ခုပေါင်းသောက်ရင် - [အပူလောင်တဲ့အခါ သွားတိုက်ဆေးအုံတာ၊ လိမ်းတာဟာ မှန်ပါသလား](https://www.telekyanmar.org/အပူလောင်တဲ့အခါ-သွားတိုက/) - ဆီပူလောင်/ရေနွေးပူလောင် စသဖြင့် အပူလောင်တဲ့အခါ အပူသက်သာအောင်ဆိုပြီး သွားတိုက်ဆေး အုံခိုင်းတတ်ကြပါတယ်။ တကယ်တော့ ဒါဟာ မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ သွားတိုက်ဆေးမှာ ဓာတုပစ္စည်းတွေ (ဥပမာ fluoride, sodium lauryl sulfate) ပါဝင်တာကြောင့် အရေပြားကို ပိုမိုယားယံစေပြီး ရောင်ရမ်းစေနိုင်ပါတယ်။ ဒါ့အပြင် ပိုးဝင်နိုင်ခြေကိုပါ ပိုတိုးစေနိုင်ပါသေးတယ်။ နာကျင်မှုကိုလည်း ပိုဆိုးစေနိုင်ပါတယ်။ အချို့သွားတိုက်ဆေးတွေမှာပါဝင်တဲ့ ပူရှိန်းဓာတ်က အစပိုင်းမှာ အေးသွားတယ်လို့ ထင်ရပေမယ့် တကယ်တမ်းမှာ အရေပြားကို ပိုပြီးထိခိုက်နာကျင်စေနိုင်ပါတယ်။ ဒါကြောင့် အပူလောင်တာနဲ့ အရင်ဆုံး အပူကို ချက်ချင်းလျှော့ချဖို့ လုပ်ရပါမယ်နော်။ ၁။ အပူလောင်တဲ့နေရာကို ချက်ချင်း ရေအေး (ရေခဲရေမဟုတ်) နဲ့ အနည်းဆုံး ၁၀ မိနစ်ကနေ ၂၀ မိနစ်အထိ လောင်းပေးပါ။ နီးစပ်ရာရေပိုက်ခေါင်းကို ဖွင့်ပြီး ဆေးချတာ - [နို့တိုက်မိခင်တွေမှာဖြစ်တတ်တဲ့ နို့ခဲခြင်း (သို့) ရင်သားတင်းမာခြင်း](https://www.telekyanmar.org/နို့တိုက်မိခင်တွေမှာဖြ/) - နို့တိုက်ကျွေးနေချိန်မှာ ဖြစ်တတ်တဲ့ ရင်သားတင်းမာခြင်းဆိုတာကတော့ ရင်သားထဲမှာ နို့ရည်တွေပြည့်လျှံနေပြီး ရောင်ရမ်းတာ၊ နာကျင်တာ၊ မာကျောတင်းမာနေတာမျိုးကို ခေါ်တာပါရှင့်။ ဒါဟာ များသောအားဖြင့် ကလေးနို့တိုက်စ ရက်ပိုင်းတွေမှာ ခန္ဓာကိုယ်က နို့ထွက်နှုန်းကို အသားကျအောင် ညှိနေတဲ့အချိန်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းတွေမှာလည်း ကလေးက နို့ကို ကောင်းကောင်းမစို့လို့ နို့ကုန်စင်အောင် မထုတ်နိုင်တဲ့အခါမျိုးမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ရင်သားတင်းမာလာတဲ့အခါ ကလေးက နို့ကို ကောင်းကောင်းမငုံနိုင်တော့ဘဲ နို့စို့ရပိုခက်ခဲစေနိုင်ပါတယ်။ အဲဒီအခြေအနေကနေ Mastitis (ရင်သားရောင်ရမ်းတဲ့ ပြဿနာ) လိုမျိုးအထိ ဖြစ်လာနိုင်ပါတယ်။…… ❓နို့ခဲခြင်းရဲ့လက္ခဏာတွေကဘာလဲ။ နို့ခဲခြင်းရဲ့ လက္ခဏာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ✅ ရင်သားများ ရောင်ရမ်းပြီး မာကျောကာ နာကျင်ခြင်း။ ✅ ထိလိုက်တဲ့အခါ နာကျင်တာ ဒါမှမဟုတ် နွေးနေတာမျိုး ခံစားရခြင်း။ ✅ - [မိုးရာသီတွင် နားလမ်းကြောင်းပိုးဝင်ခြင်း](https://www.telekyanmar.org/မိုးရာသီတွင်-နားလမ်းကြေ/) - မိုးရာသီမှာဆိုရင် လေထုထဲမှာ စိုထိုင်းဆနဲ့ ရေငွေ့တွေ များလာတဲ့အတွက် ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ပွားဖို့ အကောင်းဆုံးအခြေအနေ ဖြစ်လာပါတယ်။ ဒီလို လေထုထဲမှာ ရေငွေ့များနေတာအပြင် မိုးမိတာ၊ ရေကူးတာတွေကြောင့် နားထဲကို ရေဝင်တဲ့အခါမှာ ‘Swimmer's Ear’ (နားအပြင်ပိုင်းရောင်ရမ်းခြင်း) လိုမျိုး နားပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။…… ဖြစ်စေသောအကြောင်းရင်းများ ❓ ✔ စိုထိုင်းဆများပြားခြင်း မိုးရာသီမှာ စိုထိုင်းဆများတာကြောင့် နားပြွန်ထဲမှာ ရေငွေ့တွေ ပိုများလာစေပြီး ဘက်တီးရီးယားနဲ့ မှိုတွေ ပေါက်ပွားဖို့ ပိုလွယ်ကူစေပါတယ်။. ✔ ရေဝင်ခြင်း မိုးရေ ဒါမှမဟုတ် ရေကူးရာကနေ ရေတွေက နားပြွန်ထဲကို ဝင်ပြီး ပိတ်မိနေတတ်ပါတယ်။ အထူးသဖြင့် ရေကို ကောင်းကောင်းမထုတ်နိုင်တဲ့အခါမှာ ပိုးဝင်တာတွေ ဖြစ်လာနိုင်ပါတယ်။. ✔ နားဖာချေးပိတ်ဆို့ခြင်း စိုထိုင်းတဲ့ရာသီဥတုက နားဖာချေးတွေကို ပျော့သွားစေပြီး - [မြွေကိုက်ခံရတဲ့ဒဏ်ရာအတွက် မလုပ်သင့်သည်များ (ဇူလိုင်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/မြွေကိုက်ခံရတဲ့ဒဏ်ရာအတ/) - မြွေကိုက်ခံရတဲ့ဒဏ်ရာကို .. ▪️ပါးစပ်နဲ့စုပ်တာ၊▪️ညှစ်တာ၊▪️ဓားနဲ့ ခွဲထုတ်တာမျိုးဟာ တခြားသောရောဂါပိုးတွေ ဝင်စေနိုင်တာနဲ့ မြွေဆိပ်ကို မြန်မြန်ပျံ့သွားစေနိုင်တာတွေကြောင့် အဆိုပါအပြုအမူများကို လုံးဝ ရှောင်ကြဉ်ရပါမယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အချိုစားတဲ့သူတွေမှာပဲ သွားပိုးစားတာလား](https://www.telekyanmar.org/အချိုစားတဲ့သူတွေမှာပဲ-သ/) - မေး။ အချိုစားရတာကြိုက်တဲ့သူ၊ ခဏခဏအချိုစားတဲ့သူတွမှာပဲ သွားပိုးစားခြင်းဖြစ်နိုင်တယ်ဆိုတာ မှန်ပါသလား။ ဖြေ။ အချိုများများစားတာနဲ့ ခဏခဏစားတာက သွားပိုးစားနိုင်ခြေကို မြင့်တက်စေသလို အချိုလုံး၀မစားတဲ့လူတွေမှာလည်း သွားပိုးစားနိုင်ပါတယ်။ ခံတွင်းထဲက ဘက်တီးရီးယားတွေဟာ သွားတွေမှာကပ်ကျန်နေတတ်တဲ့ အစာအကြွင်းအကျန်တွေကနေ အာဟာရယူပြီး Tooth Decay လို့ခေါ်တဲ့ သွားပိုးစားတာကိုဖြစ်စေမယ့် အက်ဆစ်ဓာတ်ကို ထုတ်လုပ်ပါတယ်။ Sucrose, Fractose စတဲ့ သကြားများတဲ့အစားအသောက်တွေကြောင့် သွားပိုးစားတာ ပိုဖြစ်နိုင်ပေမယ့်လည်း တခြား ဘယ်လိုစားကြွင်းစားကျန်ကြောင့်မဆို သွားပိုးစားတာကို ဖြစ်စေနိုင်တဲ့အတွက် အချိုပမာဏလျှော့စားဖို့၊ အချိုစားတဲ့အကြိမ်ရေ လျှော့ဖို့အပြင် စနစ်မှန်သွားတိုက်နည်းနဲ့ သွားသန့်ရှင်းရေးကို ဂရုစိုက်ပေးမှသာ သွားပိုးစားခြင်းကို ကာကွယ်နိုင်မှာပါ…။ .. .. ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️ 👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ *** - [သင့်စိတ်ကျန်းမာရေးအတွက် ဒါတွေရှောင်ပါ (ဇူလိုင်၊ ၂၀၂၅)](https://www.telekyanmar.org/သင့်စိတ်ကျန်းမာရေးအတွက/) - ▪️ မူးယစ်ဆေးဝါးများ▪️ အရက်▪️ ဆေးလိပ်နှင့် ဆေးရွက်ကြီး တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အူလမ်းကြောင်းနှင့် ဦးနှောက်အာရုံကြောများ ချိတ်ဆက်မှု ချိုယွင်းခြင်းကြောင့် ဖြစ်ရသောရောဂါများ Disorders of Gut-Brain Interaction](https://www.telekyanmar.org/disorders-of-gut-brain-interaction-july-2025/) - (ဤဆောင်းပါးသည် ယခင်ကဖော်ပြခဲ့ဖူးသော "Gut-Brain Axis ခေါ် အစာအိမ်အူလမ်း‌ကြောင်းနှင့် ဦးနှောက်အာရုံကြောများ၏ ချိတ်ဆက်မှုအကြောင်း" ပိုစ့်၏ အဆက်ဖြစ်ပါသည်။ မူလဆောင်းပါးကို အောက်တွင် ဖော်ပြထားသော link မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။) https://www.telekyanmar.org/mm/?s=gut+brain…… မကြာခဏ ဗိုက်အောင့်တာ၊ အစာမကြေ၊ လေပွ၊ ဝမ်းလျှောတာတွေကြောင့် အစားတွေ ရှောင်ရပေမယ့် ရောဂါလည်း မယ်မယ်ရရ ရှာမတွေ့ဘူးဆိုတာမျိုး ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံဖူးကြပါသလား။ ဒီလိုလက္ခဏာမျိုးဟာ အစာအိမ်အူလမ်း‌ကြောင်းနဲ့ ဦးနှောက်အာရုံကြောတွေအကြား ချိတ်ဆက်ထားမှုမှာ ပြဿနာတစ်ခုခု ဖြစ်နေတာကြောင့် ရောဂါခံစားနေရတာ ဖြစ်နိုင်ပါတယ်။ စိတ်ထင်တာမျိုး၊ စိတ်ကြောင့်ဖြစ်ရတာမျိုး မဟုတ်ဘဲတကယ်လက်တွေ့ ခံစားနေရတာဖြစ်ပြီး အစာခြေစနစ်မှာ လုပ်ဆောင်မှုချို့ယွင်းနေတဲ့ ရောဂါဖြစ်ပါတယ်။ ဒါဟာ တွေ့ရအလွန်များတဲ့ ရောဂါဖြစ်ပြီး လူ (၁၀) ဦးမှာ (၄) ဦးအထိက ဒီရောဂါမျိုး ရှိနေနိုင်ပါတယ်။…… 🔍 - [အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ရင်ဘတ်အောင့်ခြင်း Precordial Catch Syndrome](https://www.telekyanmar.org/precordial-catch-syndrome-july-2025/) - တစ်ခါလေ ကျွန်တော်တို့ရင်ဘတ်မှာ အကြောင်းအရင်းမရှိဘဲ ရုတ်တရက် စူးခနဲ ဓားနဲ့ထိုးသလို ခံစားရတတ်တယ်မို့လား။ အထူးသဖြင့် နှလုံးရှိတဲ့ ဘယ်ဘက်မှာပေါ့။ ဒီလို အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ရင်ဘတ်အောင့်တတ်တာကို ဆေးပညာအရ Precordial Catch Syndrome လို့ ခေါ်ပါတယ်။ (အောက်မှာ PCS လို့ ဆက်သုံးပါရစေ) Precordium ဆိုတဲ့ နှလုံးရဲ့အပေါ်ကနေ အကာအကွယ်ပေးထားတဲ့ နေရာနဲ့ဆိုင်လို့ အဲဒီလို ခေါ်တာပါ။ အောင့်တဲ့နေရာမှာ အရမ်းပြင်းပြီး တော်တော်နာကျင်ခံစားရခက်လို့ ဓားလို အချွန်တစ်ခုခုနဲ့ထိုးသလိုတောင် ဆင်ပါတယ်။ ဒါပေမယ့် အဲဒီနာကျင်မှုဟာ ခပ်မြန်မြန်ပဲ ပျောက်သွားလေ့ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာ ဘာနာကျင်မှုမှမဖြစ်လို့ စိုးရိမ်စရာအခြေအနေတော့ မဟုတ်ပါဘူး။ ဒီလိုရင်ဘတ်အောင့်ခြင်းဟာ နှလုံး၊ အဆုတ်စတဲ့ အင်္ဂါတွေနဲ့ သက်ဆိုင်မှုမရှိဘဲ အန္တရာယ်မဖြစ်စေတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာပါ။ အများအားဖြင့် - [ကလေးတွေကို ခေါင်းတုံးတုံးပေးတာ ဆံပင်သန်စေလား](https://www.telekyanmar.org/ကလေးတွေကို-ခေါင်းတုံးတု/) - ကလေးငယ်တွေကို ခဏခဏ ခေါင်းတုံး တုံးပေးခြင်းဟာ ဆံပင်ကို တကယ်သန်စေလား 🤔 ❓❓ တကယ်တော့ ကလေးခေါင်းတုံးတုံးတာနဲ့ ဆံပင်သန်တာက တိုက်ရိုက်မသက်ဆိုင်ပါဘူး‌။ ဒီလို ခေါင်းတုံးတုံးတိုင်း ဆံပင်သန်လာမယ်ဆိုတဲ့ အယူအဆဟာလည်း မမှန်ပါဘူးနော်။ ဆံပင်ထူတာ/ပါးတာ၊ သန်တာ/မသန်တာ စတဲ့အချက်တွေက ကလေးတစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒါတွေက အဓိကအားဖြင့် ဒီအချက်တွေပေါ်မှာ မူတည်ပါတယ်။👇👇👇 မျိုးရိုး (Genetics) မိဘတွေရဲ့ ဆံပင်က ထူလား/ပါးလားဆိုတဲ့အပေါ်လိုက်ပြီးတော့ ကလေးရဲ့ဆံပင်ကလည်း ထူတာ၊ ပါးတာ ဖြစ်တတ်ပါတယ်။ တချို့ကလေးတွေ မွေးကတည်းက ဆံပင်နည်းနည်းလေးပဲ ရှိပေမယ့် တဖြည်းဖြည်းနဲ့မှ သန်လာတာမျိုးလည်း ရှိတတ်ပါတယ်။. အစားအသောက် (Nutrition) ကလေးက အာဟာရဓာတ် ပြည့်ဝဖို့လိုပါတယ်။ အထူးသဖြင့် ဗီတာမင် ဒီ၊ သံဓာတ်၊ ပရိုတင်းနဲ့ Omega-3 တွေ လုံလောက်စွာမရရင် - [အစားစားပြီး ချက်ချင်းသွားတိုက်သင့်ပါသလား](https://www.telekyanmar.org/အစားစားပြီး-ချက်ချင်းသွ/) - အစားစားပြီး ချက်ချင်းသွားတိုက်သင့်ပါသလား။ တစ်ခုခုစားပြီးတဲ့အခါ ခံတွင်းထဲမှာရှိတဲ့ pH ဓာတ် အပြောင်းအလဲဖြစ်ပြီး အက်ဆစ်ဓာတ် (အချဉ်ဓာတ်) များလာပါတယ်။ အဲဒီအချဉ်ဓာတ်များတဲ့အချိန်မှာ ချက်ချင်းသွားတိုက်မယ်ဆိုရင် သွားကြွေလွှာတွေကို ပွန်းတီးစေနိုင်ပြီး ကြွေလွှာပြုန်းတီးတဲ့ပမာဏ များလာရင် သွားကျဉ်တဲ့ပြဿနာမျိုး ဖြစ်လာနိုင်ပါတယ်။ ပြောင်းလဲသွားတဲ့ pH ကို ခံတွင်းထဲက တံတွေးက သဘာ၀အလျာက် ပြန်ပြီးထိန်းညှိပေးပါတယ်။ ပုံမှန်အားဖြင့်တော့ အစာစားပြီး မိနစ် ၃၀ ခန့် (အကယ်၍ အချိန်ပေးနိုင်ပါက မိနစ် ၆၀ ခန့် ) စောင့်ပြီးမှ သွားတိုက်တာက အသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အစာစားပြီး ချက်ချင်းသွားတိုက်မိတာက သိသာတဲ့ပြဿနာမျိုး မဖြစ်စေပေမယ့် အမြဲတမ်းလုပ်မိနေရင်တော့ နောက်ဆက်တွဲပြဿနာမဖြစ်မီ သွားတိုက်တဲ့အကျင့်ကို ပြောင်းလဲဖို့ တိုက်တွန်းလိုပါတယ်…။ .. .. ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ - [‌ဟော်မုန်းအစားထိုးကုသမှု Hormone Replacement Therapy (HRT)](https://www.telekyanmar.org/hormone-replacement-therapy-hrt-july-2025/) - အရွယ်ဟိုင်းတွေကို သနပ်ခါးလိမ်းပေးရတဲ့ ကုသမှုပေါ့😅🙏🙏🙏။ စတာပါ။ စိတ်မဆိုးကြပါနဲ့နော်။ Old but gold လို့ပဲ ကျွန်တော်က ခံယူထားပါတယ်ဗျ။ ကမ္ဘာမှာ ကျွန်တော် အကြွေဆုံး အမျိုးသမီးတွေက J Lo, Kate Winslet, Shakira ပါ။ အသက် ၅၀ ကျော်တွေချည့်ပါပဲ။ အသက် ၅၀ ဝန်းကျင် အမျိုးသမီးများ ကိုယ်ရောစိတ်ပါ ပျော်ရွှင်ကျန်းမာလှပနေဖို့ ကြားဖူးနားဝရှိခဲ့တာလေး ပြောပြချင်လို့ပါ။…… အမျိုးသမီးတွေရဲ့ ဘဝမှာ အပြောင်းအလဲ ကြီးကြီးမားမားကြီးက နှစ်ခုရှိတယ်ဗျ။ ပထမအပြောင်းအလဲကတော့ အလွန်လှပပါပေတယ်ပေါ့ဗျာ။ သစ်ရွက်လှုပ်တာတောင် ရယ်ချင်တယ်ဆိုတဲ့ မြီးကောင်ပေါက်အရွယ် အပြောင်းအလဲလေ။ အပျိုဖေါ်ဝင်စအရွယ် အပြောင်းအလဲပေါ့။ ဆေးပညာစကားနဲ့ဆိုရင် puberty လို့ ခေါ်ပါတယ်။ သားဥအိမ်ကနေ အမျိုးသမီးဟော်မုန်း (အီစထရိုဂျင်) oestrogens တွေ စထွက်တယ်လေ။ - [ကလေးငယ်လေးတွေရဲ့ စိတ်ကူးယဉ်သူငယ်ချင်းများ](https://www.telekyanmar.org/ကလေးငယ်လေးတွေရဲ့-စိတ်ကူ/) - ကလေးငယ်လေးတွေမှာ "စိတ်ကူးယဉ်သူငယ်ချင်း" တွေရှိတတ်တယ်ဆိုတာက မိဘတွေအတွက်တော့ နားလည်ရခက်ပြီး စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်‌နေတတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ပုံမှန်အတိုင်းဖြစ်တတ်တဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပြီး အထွေအထူး စိုးရိမ်စရာမရှိပါဘူးလို့ ကလေးစိတ်ပညာရှင်တွေက ဆိုပါတယ်။. ☘️ Imaginary friends ဘယ်အရွယ်မှာ စရှိတတ်လဲ။ ကလေးတွေမှာ စိတ်ကူးယဉ်သူငယ်ချင်းတွေဟာ အများအားဖြင့် အသက် ၂ နှစ်ခွဲကနေ ၇ နှစ် ကြားမှာ ရှိတတ်ပါတယ်။ ဒီအရွယ်ဟာ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေ အကောင်းဆုံး ဖွံ့ဖြိုးနေတဲ့ အချိန်မို့ပါ ။ သူတို့လေးတွေရဲ့ ဦးနှောက်ဟာ စိတ်ကူးယဉ်ဆန်တဲ့ကမ္ဘာငယ်လေးတွေ ဖန်တီးဖို့နဲ့ အခြားအခန်းကဏ္ဍတွေကို စမ်းသပ်ကြည့်ဖို့၊ စူးစမ်းကြည့်ကြဖို့ အဆင်သင့်ဖြစ်နေကြတဲ့အရွယ်လည်း ဖြစ်ပါတယ် ။. 🍀 ဘာကြောင့် စိတ်ကူးယဉ်သူငယ်ချင်းတွေ ရှိလာရသလဲ။ ဖန်တီးနိုင်စွမ်း မြှင့်တင်ပေးဖို့ကလေးတွေဟာ - [ယေဘုယျအားဖြင့် သိသင့်သော Stress Hormones များအကြောင်း](https://www.telekyanmar.org/ယေဘုယျအားဖြင့်-သိသင့်သေ/) - Have you ever felt 'Butterflies in your stomach' ? Crush လေးနဲ့ first date၊ ဒါမှမဟုတ် စာမေးပွဲ‌ဖြေခါနီးအချိန်၊ Presentation လုပ်ခါနီးလိုအချိန်မျိုးမှာ ရင်တလှပ်လှပ်ခုန်တာမျိုး၊ အိမ်သာသွားချင်သလိုဖြစ်တာမျိုး လူတိုင်းကြုံဖူးကြပါလိမ့်မယ်။ အဲဒီလိုဖြစ်ရတာဟာ ဦးနှောက်က စိတ်လှုပ်ရှားစရာ၊ စိုးရိမ်စရာအခြေအနေတွေ တွေ့ကြုံရတဲ့အခါ ဇီ၀ကမ္မဖြစ်စဉ်တစ်ခုအနေနဲ့ ကိုယ်ခန္ဓာထဲကအခြေအနေတွေကို ပြောင်းလဲလိုက်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲတွေ ဘယ်လိုဖြစ်လာလဲဆိုတာ အောက်မှာဆက်ပြီးဖတ်ကြည့်ရအာင်ပါ။…… စိတ်လှုပ်ရှားစရာတစ်ခုခု ကြုံလာတဲ့အခါ ပထမဆုံးအနေနဲ့ 'Fight or Flight Response' လို့ခေါ်တဲ့ ရင်ဆိုင်ရမလား၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရှောင်ဖယ်သွားမလားဆိုတဲ့ တုံ့ပြန်မှုကို မသိစိတ်က အလို‌‌အလျောက်ရွေးချယ်လိုက်ပါတယ်။ ဒီဖြစ်စဉ်ဟာ လူသားအစကတည်းက ရှင်သန်ရပ်တည်မှုအတွက် မျိုးဆက်အဆင့်ဆင့်မှာ ပါလာတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီဖြစ်စဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ Adrenal Glands - [ဝမ်းချုပ်ခြင်းနှင့် သွားဖုံးရောင်ခြင်း](https://www.telekyanmar.org/ဝမ်းချုပ်ခြင်းနှင့်-သွာ/) - မေး။ ၀မ်းချုပ်တဲ့အခါ သွားကိုက်တာ၊ သွားဖုံးရောင်တာ ဖြစ်တတ်တယ်ဆိုတာ မှန်ပါသလား။ ဖြေ။ အရှေ့တိုင်းရင်းဆေးပညာမှာတော့ ၀မ်းချုပ်တဲ့အခါ ခန္ဓာကိုယ်မှာ အပူဓာတ်မမျှတတဲ့အတွက် အပူကန်ပြီး သွားနာတာ သွားဖုံးနာတာဖြစ်တယ်လို့ယူဆကြပါတယ်။ ဒီလို ရိုးရာဆေးပညာတွေအရ ၀မ်းချုပ်တာနဲ့ သွားနှင့်ခံတွင်းပြဿနာတွေမှာ ဆက်စပ်မှုရှိသလို Oral-Gut Axis လို့ခေါ်တဲ့ ခံတွင်းနဲ့၀မ်း ဆက်စပ်မှုကိုလေ့လာတဲ့ သုတေဿနတွေမှာလည်း ၀မ်းမကောင်းတာနဲ့ သွားနှင့်ခံတွင်းကြားမှာ အပြန်အလှန်သက်‌ရောက်မှုရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့် ၀မ်းချုပ်တာက သွားကိုက်တာ၊ သွားဖုံးနာ/ရောင်တာကို တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပါဘူး။ ၀မ်းချုပ်တဲ့အခါ အူလမ်းကြောင်းတစ်လျှောက် အကျိုးပြုဘက်တီးရီးယားတွေရဲ့အရေအတွက်၊ ဘက်တီးရီးယားအမျိုးအစား၊ သူ‌တို့ကထုတ်လိုက်တဲ့ ဓာတ်ပစ္စည်း‌တွေ အပြောင်းအလဲ‌ ဖြစ်ပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ရောင်ရမ်းနိုင်ခြေ အနည်းငယ်မြင့်တက်လာပါတယ်။ သွားနှင့်ခံတွင်းမှာ‌တော့ ပင်ကိုယ်ရှိပြီးသား သွားရောဂါ၊ သွားဖုံးရောဂါက ၀မ်းချုပ်တဲ့အခါ လက္ခဏာပြလာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ - [Introvert Vs Extrovert](https://www.telekyanmar.org/introvert-vs-extrovert/) - လူတိုင်းမှာ သူတို့ရဲ့ ပြင်ပသွင်ပြင်လက္ခဏာသာမကဘဲ စိတ်နေစိတ်ထား (Personality) တွေလည်း မတူကြပါဘူး။ အကြမ်းဖျင်းအားဖြင့်တော့ Introvert (I) နဲ့ Extrovert (E) ဆိုပြီး နှစ်မျိုးရှိတယ်လို့ ပြောနိုင်ပါတယ်။ တချို့က မွေးကတည်းက သူ့သဘာဝအတိုင်း Introvert သို့မဟုတ် Extrovert ဖြစ်နေပေမယ့်၊ တချို့ကတော့ ကြီးပြင်းလာပုံ၊ ပြုစုပျိုးထောင်ခံရပုံ (Nurturing & Parenting)၊ ပတ်ဝန်းကျင်နဲ့ အတွေ့အကြုံတွေကြောင့် I မှ E သို့မဟုတ် E မှ I ကို ပြောင်းလဲသွားတတ်ပါတယ်။ __ Introvert (I) ဆိုတာ ဘယ်လိုပုံစံမျိုးလဲ။ I တွေက အိမ်တွင်း/အခန်းတွင်းမှာပဲ အနားယူ/အားပြန်ဖြည့်ရတာကို အားသန်ပါတယ်။ လူအများကြီးနဲ့ စကားပြောတာ၊ ပွဲလမ်းသဘင်သွားတာမျိုးထက် တစ်ယောက်တည်း စာအုပ်ဖတ်တာ၊ - [ဘိန်းစာရွက် (Kratom) နဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးများ](https://www.telekyanmar.org/ဘိန်းစာရွက်-kratom-နဲ့-ပတ်သက်တ/) - သတင်းတစ်ခုမှာ ကျောင်းသားလူငယ်တွေ ဘိန်းစာရွက်ကို အသုံးများလာကြတာရယ်၊ ရောင်းတဲ့ဆိုင်တွေလည်း တိုးလာကြတယ်ဆိုတာ ဖတ်ရတော့ . . . ဘိန်းစာရွက် (Kratom) နဲ့ ပတ်သက်တဲ့ ကောင်းကျိုးဆိုးကျိုးလေးတွေအကြောင်း ရေးချင်စိတ်လေး ဖြစ်လာပါတယ်။ ___ 🍃 ဘိန်းစာရွက်လို့ခေါ်ကြတဲ့ (Kratom) ဟာ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်တဲ့အပင်တစ်မျိုးဖြစ်ပြီး၊ သိပ္ပံနာမည် ခရေတမ် (Kratom) လို့ လူသိများပါတယ်။ အရင်ကတော့ အချို့ဒေသတွေမှာ ရိုးရာဆေးဝါးအဖြစ် သုံးစွဲခဲ့ကြတာမျိုးရှိတယ်လို့ စာတွေမှာ ဖတ်ရပါတယ်။ အဓိကအားဖြင့် ကာယအားကို များစွာအသုံးပြုပြီး အလုပ်လုပ်ရတဲ့သူတွေ ကြွက်သားနာကျင်ကိုက်ခဲတာ သက်သာဖို့နဲ့ အပင်ပန်းခံနိုင်ဖို့အတွက် ရည်ရွယ်ပြီး အချင်းချင်း လက်ဆင့်ကမ်း အသုံးပြုကြတယ်လို့ ဆိုပါတယ်။ တချို့က ကျိုချက်ပြီး ဖျော်ရည်ပုံစံနဲ့ သောက်သုံးတာမျိုး၊ ဒါမှမဟုတ် ချောင်းဆိုးပျောက်ဆေးရည် ဒါမှမဟုတ် တခြားတိုင်းရင်းဆေးဝါးတွေနဲ့ - [ပန်းနာရင်ကျပ်နှင့် ရှူဆေး](https://www.telekyanmar.org/ပန်းနာရင်ကျပ်နှင့်-ရှူဆ/) - မေး။ ပန်းနာရင်ကျပ် ရောဂါသည်တွေမှာ ဂေါက်ဘူး (ရှူဆေး) သုံးတာဟာ တော်တော်ဆိုးတဲ့ အခြေအနေ (သို့) နောက်ဆုံးအဆင့်လို့ သတ်မှတ်တာလား။ ဖြေ။ အရင်ဆုံး ပန်းနာရင်ကျပ်ရောဂါလို့ သေချာသတ်မှတ်နိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်းတာ၊ လူကိုစမ်းသပ်တာအပြင် လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းတို့ကို ဆောင်ရွက်ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါဆိုတာ သေချာပြီးရင်တော့ ကုသတဲ့အခါ အကြမ်းဖျင်းအားဖြင့် အဆင့် ၁ ကနေ ၅ အထိရှိကြပြီး ရှူဆေး (ဂေါက်ဘူး) တွေကို အဆင့်တိုင်းမှာ အသုံးပြုရပါတယ်။ တစ်ကမ္ဘာလုံးမှာ လက်ခံအသုံးပြုနေတဲ့ ကုသမှုလမ်းညွှန်ချက်များအရ ပန်းနာရင်ကျပ်ရောဂါရှိမှန်း စသိတာနဲ့ စတင်အသုံးပြုရတဲ့ဆေးက ရှူဆေးပါပဲ။ ရောဂါရဲ့အဆင့်ပေါ်မူတည်ပြီးမှ ကျန်တဲ့သောက်ဆေးအမျိုးအစားတွေကို လိုအပ်သလို ထည့်ရပါတယ်။ ရှူဆေးမှာမှ ပါဝင်တဲ့ဆေးအမျိုးအစား ကွာခြားပြီးအာနိသင်တွေလည်း မတူကြလို့ ရှူရတဲ့ပုံစံလည်း ရောဂါရှိသူတိုင်းမှာ မတူညီကြပါဘူး။ ရှူဆေးတွေမှာ အများအားဖြင့် - [ကိုယ်ဝန်ဆောင်နှင့် ရေခဲရေ](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်နှင့်-ရေခဲ/) - မေး။ ကိုယ်ဝန်ဆောင်စဉ် ရေခဲရေ သောက်သုံးရင် ကလေးကို ထိခိုက်နိုင်တယ်ဆိုတာ ဟုတ်ပါသလား။ ဖြေ။ ကိုယ်ဝန်ဆောင်စဉ် ရေခဲရေ သောက်တာနဲ့ပတ်သက်ပြီး မြန်မာလူမျိုး တချို့ကြားမှာ ကိုယ်ဝန်ပျက်ကျတတ်တယ် ဒါမှမဟုတ် ကလေးကို ထိခိုက်စေတယ်ဆိုတဲ့ အယူအဆတစ်ခု ရှိပါတယ်။ တကယ်တော့ ဒီအယူအဆက သိပ္ပံနည်းကျ အထောက်အထား လုံးဝမရှိပါဘူး။ ကိုယ်ဝန်ဆောင်မိခင်‌တွေအနေနဲ့ သန့်ရှင်းပြီး ပိုးမွှားကင်းတဲ့ ရေခဲရေကို သောက်သုံးတာဟာ ဘာမှပြဿနာ မရှိပါဘူး။ အေးတဲ့အရည်တစ်ခုခု သောက်လိုက်တာနဲ့ သားအိမ်ကျုံတာ ဒါမှမဟုတ် ကလေးကို ထိခိုက်တာမျိုး လုံးဝမဖြစ်နိုင်ပါဘူး။ အဓိကအချက်က ရေခဲရေပဲဖြစ်ဖြစ်၊ ရိုးရိုးရေပဲဖြစ်ဖြစ် သောက်သုံးမယ့်ရေက သန့်ရှင်းမှုရှိဖို့ အရေးကြီးပါတယ်။ ပိုးမွှားတွေပါဝင်တဲ့ရေကို သောက်သုံးမိရင်တော့ ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ ဒါမှမဟုတ် အခြားသော ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ်မှာ ရေဓာတ်ပြည့်ဝနေဖို့အ‌ရေးကြီးတာမို့ - [မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်း စိတ်ဒဏ်ရာ (Intergenerational Trauma)](https://www.telekyanmar.org/မျိုးရိုးစဥ်ဆက်-လက်ဆင့်/) - ကျွန်မတို့ဘဝမှာ ဘယ်သူမဆို စိတ်ထိခိုက်နာကျင်စရာ အတွေ့အကြုံတွေ ကြုံဖူးကြပါတယ်။ ဒီလို နာကျင်စရာ ခံစားချက်တွေဟာ တစ်ခါတလေမှာ ကိုယ်တိုင်တင်မကဘဲ ကိုယ့်ရဲ့သားသမီး၊ မြေးမြစ်တွေအထိတောင် လက်ဆင့်ကမ်း သက်ရောက်သွားတတ်တာမျိုး ရှိပါတယ်။ ဒါကိုပဲ မျိးရိုးစဥ်ဆက် လက်ဆင့့်ကမ်း စိတ်ဒဏ်ရာ (Intergenerational Trauma) လို့ ခေါ်ပါတယ်။ရိုးရိုးလေးပြောရရင် မိဘ၊ ဘိုးဘွားတွေ ကြုံတွေ့ခဲ့ရတဲ့ နာကျင်စရာ အဖြစ်အပျက်တွေရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေက အလိုလိုနေရင်း နောက်မျိုးဆက်တွေဆီ ကူးစက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိတ်ဒဏ်ရာတွေ ဖြစ်လာတာမျိုးပါ။ Intergenerational trauma ကို အမျိုးအစားဘယ်နှမျိုးရှိတယ်ရယ်လို့တော့ ပုံသေကားချပ် သတ်မှတ်ထားတာမျိုး မရှိပေမယ့် အဓိကအားဖြင့် ပုံစံနှစ်မျိုးကို တွေ့ရတတ်ပါတယ်။ ၁။ Historical Intergenerational Trauma ဒီအမျိုးအစားကတော့ မျိုးနွယ်စုလိုက်၊ လူ့အဖွဲ့အစည်းလိုက် ကြုံတွေ့ခဲ့ရတဲ့ - [သိရှိထားသင့်တဲ့ ဆွံ့အနားမကြားခြင်းနဲ့ပတ်သက်တဲ့ မှတ်သားဖွယ် အထွေထွေဗဟုသုတများ](https://www.telekyanmar.org/သိရှိထားသင့်တဲ့-ဆွံ့အနာ/) - Ministry of Health, National Unity Government. - [‎စိုးရိမ်စိတ်လွန်ကဲလာရင်… (ဇွန်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/စိုးရိမ်စိတ်လွန်ကဲလာရ/) - ‎စိုးရိမ်စိတ်လွန်ကဲလာရင်… ‎(၁) စိုးရိမ်စိတ်ကို လက်ခံတာ‎(၂) စိုးရိမ်စိတ်ကို ခပ်ဝေးဝေးမှ ကြည့်တာ‎(၃) အပြုသဘော ပြောဆိုလုပ်ဆောင်တာ‎(၄) အထက်ပါအတိုင်း ထပ်ပြန်တလဲလဲ လုပ်ဆောင်တာ၊ စိုးရိမ်စိတ်ရှိနေချိန် အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေဖြစ်နိုင်တာကို စောင့်ကြည့်တာ‎(၅) အကောင်းဆုံးကို မျှော်လင့်တာ ဆိုတဲ့ နည်းလမ်းအဆင့်ဆင့်နဲ့ စိုးရိမ်စိတ်ကို လျှော့ချနိုင်ပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [ကလေးငယ်တွေကို အစားအသောက် ဝါးကျွေးသင့်လား](https://www.telekyanmar.org/ကလေးငယ်တွေကို-အစားအသောက/) - မေး။ ကလေးငယ်တွေကို အစားအသောက် ဝါးကျွေးသင့်လား 🤔 ဖြေ။ ကလေးငယ်တွေကို မိမိတို့ရဲ့ပါးစပ်နဲ့ဝါးပြီး ခွံ့ကျွေးတာဟာ အလွန်အန္တရာယ်များတဲ့ အပြုအမူတစ်ခုပါ။ အချို့မိဘဘိုးဘွားတွေက ကလေးတွေ အစာကြေလွယ်ဖို့ ဒါမှမဟုတ် အစာစားရန် လွယ်ကူစေဖို့လို့ ယူဆပြီး ဒီလိုဝါးကျွေးတတ်ကြပါတယ်။ ဒါဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် လုံးဝ လုံးဝ ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။…… မေး။ ဘာကြောင့် ဝါးမကျွေးသင့်တာလဲ 😬 ဖြေ။ 📍ရောဂါပိုး ကူးစက်ခြင်း- လူကြီးတွေရဲ့ပါးစပ်ထဲမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှို စတဲ့ရောဂါပိုးမွှားများစွာ ရှိနေနိုင်ပါတယ်။ ဒီရောဂါပိုးတွေဟာ အစာဝါးကျွေးခြင်းကြောင့် ကိုယ်ခံအားစနစ် မပြည့်ဝသေးတဲ့ ကလေးငယ်ရဲ့ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ ဥပမာအားဖြင့် သွားပိုးစားစေသော ဘက်တီးရီးယား (Streptococcus mutans) တွေဟာ ကလေးငယ်တွေရဲ့သွားကို ပျက်စီးစေနိုင်ပါတယ်။ ဒါ့အပြင် - [မေမေတွေကို မဆူမိပါစေနဲ့](https://www.telekyanmar.org/မေမေတွေကို-မဆူမိပါစေနဲ့/) - ကျွန်မဟာ ကလေးအမေဖြစ်လာမှ ကိုယ့်ကိုယ်ကိုယ် သတိထားမိတဲ့ မကောင်းတဲ့အချက်တစ်ချက် တွေ့လာရပါတယ်။ အဲဒါကတော့ public health မှာ တာဝန်ထမ်ဆောင်စဥ်ကာလမှာရော၊ ဒီကာလအတောအတွင်း မြေပြင်မှာ Health care ပေးစဥ်အချိန်မှာရော… ကလေးလေးတွေ (အထူးသဖြင့် ငါးနှစ်အောက်ကလေးလေးတွေ) မရူနိုင်မကယ်နိုင်ဖြစ်မှ ဆေးခန်းရောက်လာရင် ကလေးအတွက် စိတ်ပူတဲ့ဇောနဲ့ မိဘ (အထူးသဖြင့်) ရင်အုပ်မကွာ စောင့်ရှောက်ပေးရတဲ့မိခင်အပေါ် ဂရုဏာဒေါသော အပြစ်တင်မိတတ်တာပါပဲ။ ''ဘာလို့ ဒီလောက်အခြေနေဖြစ်အောင်ထိ ပေါ့ပေါ့လျော့လျော့ထားကြတာလဲ။ ကလေး ဒီလောက်ဖြစ်နေတာကို ဂရုမစိုက်ကြဘူးလား'' ဆိုတာမျိုးပေါ့။ နေမကောင်းပြီး ဖျားနေတဲ့ကလေးအများစု ဆေးခန်းရောက်လာလို့ တစ်နေကုန် ဘာအစာဝင်လဲ ဘာကျွေးလဲ မေးလိုက်ရင် တစ်ရာမှာ ကိုးဆယ့်ခုနှစ်ယောက်လောက်က ''သူက ဘာမှ မစားလို့/ စားရင်အန်လို့ ဘာမှကျွေးမရဘူး'' လို့ ပြောရင် ကျွန်မ သိပ်အသည်းယားတာ။ အဲလိုမျိုးဆို - [Trypophobia သိုမဟုတ် အပေါက်တွေကို ကြောက်တဲ့ စိတ်ဝေဒနာ](https://www.telekyanmar.org/trypophobia-သိုမဟုတ်-အပေါက်တွေကို/) - Trypophobia ဆိုတာ အပေါက်တွေအများကြီး တစ်နေရာတည်းမှာ စုနေတဲ့ပုံစံတွေကို မြင်တဲ့အခါ စိတ်ထဲမှာ မအီမသာဖြစ်တာ၊ ကြောက်တာ၊ ရွံတာ၊ စိတ်တိုတာ၊ အသည်းယားတာမျိုး ဖြစ်တတ်တဲ့ စိတ်ဝေဒနာတစ်မျိုးပါ။ ဒါဟာ တရားဝင် အသိအမှတ်ပြုထားတဲ့ ရောဂါတစ်ခုတော့ မဟုတ်သေးပေမယ့် လူတော်တော်များများမှာ ဖြစ်တတ်တာကိုတော့ သတိထားမိကြမှာပါ။…… ရိုးရိုးရှင်းရှင်းပြောရရင် Trypophobia ဆိုတာ သေးငယ်တဲ့ အပေါက်တွေ၊ အဖုအပိမ့်တွေ အစုလိုက်အပြုံလိုက် ဖြစ်နေတဲ့ပုံစံတွေကိုမြင်ရင် စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်တာ၊ နေရထိုင်ရခက်တာမျိုးကို ဆိုလိုတာပါ။ ဥပမာ။ ပျားအုံ၊ ကြာစေ့ကြာခွက်၊ မြေကြီးထဲက အပေါက်လေးတွေ၊ ဒါမှမဟုတ် တချို့သော အရေပြားရောဂါတွေမှာ တွေ့ရတတ်တဲ့ အဖုအပိမ့်လေးတွေ၊ လှိုက်စားနေတဲ့ အနာပေါက်တွေလိုမျိုးပေါ့။ Trypophobia ရှိသူတွေဟာ အဲဒီလို အပေါက်ပုံစံတွေကို မြင်ရရင် အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ 📌 စိတ်ထဲမှာ - [Gut-Brain Axis ခေါ် အစာအိမ်အူလမ်း‌ကြောင်းနဲ့ ဦးနှောက်အာရုံကြောတွေရဲ့ ချိတ်ဆက်မှုအကြောင်း](https://www.telekyanmar.org/gut-brain-axis-june-2025/) - သင်စားနေတဲ့ အစားအသောက်တွေက စိတ်ခံစားချက်ကို သက်ရောက်နိုင်တယ်ဆိုတာ သိပါသလား။ စိတ်ဖိစီးမှုက‌ရော ဝမ်းဗိုက်ကို ဘယ်လို လှုပ်ခတ်စေနိုင်တယ်ဆိုတာ သိကြပါလား။ အစာအိမ်အူလမ်းကြောင်းနဲ့ ဦးနှောက်အာရုံကြောတွေဟာ အပြန်အလှန် သက်ရောက်မှုရှိပါတယ်။ ဒီလိုချိတ်ဆက်မှုကို Gut-Brain Axis လို့ ခေါ်ပါတယ်။ သူတို့ဟာ နှစ်လမ်းသွားလမ်းမကြီးလို အသွားအပြန် ချိတ်ဆက်မှု လုပ်နေကြတာပါ။ ဆိုလိုတာကတော့ အစာအိမ်အူလမ်းကြောင်းမှာ ဖြစ်ပျက်နေတဲ့ ခံစားချက်တွေဟာ ဦးနှောက်နဲ့ စိတ်ခံစားချက်အပေါ် သက်ရောက်နိုင်ပါတယ်။ ဥပမာ။ အစာမကြေဖြစ်ရင် တစ်ကိုယ်လုံး နေလို့မကောင်းဘူး ခံစားရတာမျိုး။ ဒီလိုပဲ ဦးနှောက်မှာ ဖြစ်ပျက်ခံစား‌ရတာ‌တွေကြောင့်လည်း အစာအိမ်အူလမ်းကြောင်း ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ် (သို့မဟုတ်) ပိုဆိုးစေနိုင်ပါတယ်။ ဥပမာ။ အိပ်ရေးပျက်၊ အလုပ်ရှုပ်၊ စိတ်ဖိစီးမှုများနေတဲ့အချိန် ထမင်းစားလို့ မကောင်းတာမျိုး။ Gut-Brain Axis ဟာ အစာခြေခြင်းမှစလို့ စိတ်ခံစားချက်တွေအထိ - [ြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-Traumatic Stress Disorder) ခံစားနေရပါက … (ဇွန်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ြင်းထန်စိတ်ဖိစီးမှုဒဏ်/) - ပြင်းထန်စိတ်ဖိစီးမှုဒဏ်သင့်ဝေဒနာ (Post-Traumatic Stress Disorder) ခံစားနေရပါက စိတ်ကျန်းမာရေးအထူးကုဆရာဝန်နဲ့ ပြသ၍ ဆွေးနွေးကုသမှုခံယူသင့်ပြီး ▪️မိသားစု▪️သူငယ်ချင်းနှင့်▪️ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ဖေးမကူညီမှုများ (Social support) ကိုလည်း လိုအပ်ပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [COVID-19 ရောဂါနှင့် ရာသီတုပ်ကွေးရောဂါ မကူးစက်အောင် ကာကွယ်သည့် နည်းလမ်းများ (ဇွန်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/covid-19-ရောဂါနှင့်-ရာသီတုပ်ကွေ/) - COVID-19 ရောဂါနှင့် ရာသီတုပ်ကွေးရောဂါ မကူးစက်အောင် ကာကွယ်သည့် နည်းလမ်းများ ✅ ကာကွယ်ဆေးထိုးနှံခြင်း✅ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ခြင်း✅ လက်ကို မကြာခဏနှင့် စနစ်တကျ ဆေးကြောခြင်း✅ လူစုလူဝေး ရှောင်ရှားခြင်း✅ လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ရှားခြင်း✅ လူတစ်ဦးနှင့် တစ်ဦး (၆) ပေအကွာတွင် ခပ်ခွာခွာနေခြင်း✅ ချောင်းဆိုး၊ နှာချေတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံအောင် ဖုံးအုပ်ခြင်း✅ လူနာနှင့် လူအများ မကြာခဏ ထိတွေ့ကိုင်တွယ်လေ့ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် နေရာများကို ပိုးသတ်သန့်စင်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [Dexa (ဒက်ခ်ဆာ)ကို ခဏခဏ သောက်သင့်သလား](https://www.telekyanmar.org/dexa-ဒက်ခ်ဆာကို-ခဏခဏ-သောက်သင/) - မေး။ Dexa (ဒက်ခ်ဆာ) ကို စားဝင်အိပ်ပျော်ဖို့ ခဏခဏ သောက်ဖြစ်နေတယ်။ ဈေးလည်းသက်သာ၊ ဝယ်ရလည်းလွယ်တာမို့ အမြဲလိုသောက်ဖို့ သင့်တော်ပါသလား။ ဖြေ။ Dexamethasone (ဒက်ခ်ဆာမီသာဇုမ်း) ဟာ Steroid (စတီးရွိုက်) အုပ်စုဝင် ဆေးဝါးဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာ အခြားအသုံးများတဲ့ ဆေးတစ်မျိုးကတော့ Prednisolone (ပရက်ဒနီဆိုလုမ်း) လို့လည်း ခေါ်ပါတယ်။ ဒီအုပ်စုဝင်ဆေးဝါးတွေကို လိမ်းဆေး၊ သောက်ဆေး၊ ထိုးဆေး ပုံစံအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ ဒီဆေးတွေမှာပါဝင်တဲ့ ဓာတုဗေဒဒြပ်ပေါင်းတွေကို လူ့ခန္ဓာကိုယ်မှာလည်း ပုံမှန်အားဖြင့်ထုတ်လုပ်နေပြီး လူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ရာမှာ အရေးပါပါတယ်။ အဓိကအားဖြင့် ခန္ဓာကိုယ်တွင်းရှိ သွေးပေါင်ထိန်းညှိခြင်း၊ အချိုဓာတ်ထိန်းညှိခြင်း၊ သွေးတွင်းဆိုဒီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်များ ပုံမှန်ဖြစ်အောင်ထိန်းညှိခြင်းနဲ့ ခုခံအားစနစ် အလုပ်လုပ်တာတွေမှာ ကူညီပေးပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်ရဲ့ အရေးကြီးဒြပ်ပေါင်းတွေနဲ့ အလားတူအာနိသင်ရှိတဲ့ (ဒြပ်ပေါင်းပါဝင်တဲ့) - [အအေးမိခြင်း](https://www.telekyanmar.org/အအေးမိခြင်း/) - ဆရာဝန်။ မင်္ဂလာပါ… ကျွန်တော် တာဝန်ကျဆရာဝန်ပါ ခင်ဗျ။ ဆေးခန်းပြလိုတဲ့ အကြောင်းရင်းလေး ပြောပါဦးဗျ။ မေမေ။ ဆရာရေ ကျွန်မသားလေးကိုစိတ်ပူလို့ လာပြတာပါ။ ညနေက မိုးရေထဲကစားပြီးတဲ့နောက် နှာခဏခဏချေနေတယ် ဆရာ။ ညဆိုရင်တော့ နေမကောင်းဖြစ်တော့မယ် ထင်တယ်။ ဆရာဝန်။ ဟုတ်ကဲ့ပါဗျ။ အမေ စိုးရိမ်နေတာကိုနားလည်ပါတယ်။ မိဘအတော်များများလည်း ဒီလိုပဲစိတ်ပူတတ်ကြပါတယ်။ ဒါပေမယ့် မိုးရေထဲကစားပြီး ချက်ချင်းနှာချေတိုင်း နေမကောင်းဖြစ်တတ်တာတော့ မဟုတ်ပါဘူးဗျ အမေရေ။ မေမေ။ ဟုတ်လား ဆရာ။ ဒါပေမယ့် အအေးမိဖျားနာကြတာ မိုးရေထဲကစားလို့ပဲ မဟုတ်ဘူးလား ဆရာ။ ဆရာဝန်။ ဒီလိုပါ မေမေ။ တကယ်တော့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ အအေးမိတာ၊ တုပ်ကွေးဖျားနာကြတယ်ဆိုတာ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တာ။ မိုးစိုတာ၊ ရေစိုတာကြောင့် မဟုတ်ပါဘူး။ ကလေးက ဖျားနေသူတစ်ဦးဆီကနေ ဗိုင်းရပ်စ်နဲ့ထိတွေ့မှသာ အအေးမိဖျားနာနိုင်တာပါ။ - ["ချီးကျူးဖိုကို မတွန့်ဆုတ်ပါနဲ့…"](https://www.telekyanmar.org/ချီးကျူးဖိုကို-မတွန့်ဆ/) - ကျွန်မတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ တစ်နည်းအားဖြင့် ကျွန်မတို့ယဉ်ကျေးမှု Culture မှာ တစ်ယောက်ကိုတစ်ယောက် ချီးကျူးဂုဏ်ပြုဖို့၊ ချီးမွမ်းစကားပြောဖို့၊ အသိအမှတ်ပြုပေးဖို့ကို တော်တော်လေး အားနည်းကြတာကို တွေ့ရပါတယ်။ မိမိကလည်း Affirmation (ချီးကျူးဂုဏ်ပြုခြင်း/အသိအမှတ်ပြုခြင်း၊ ရိုးရိုးရှင်းရှင်းပြောရရင် အားပေးစကားပြောခြင်း) ဆိုတာမျိုးကို လုပ်လေ့မရှိသလို၊ သူများက ကိုယ့်ကို ချီးကျူးလာရင်လည်း ဘယ်လိုတုံ့ပြန်ရမှန်းမသိ၊ အနေခက်ပြီး "အပိုတွေပြောနေတာ" လို့တောင် ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ Affirmation ဆိုတာ လူမှုဆက်ဆံရေးနဲ့ စိတ်ကျန်းမာရေးအတွက် တကယ်ကို လိုအပ်တဲ့အရာပါ။ လူတစ်ယောက်ကို "တော်လိုက်တာကွာ"၊ "မင်းရဲ့ကြိုးစားမှုကို ငါမြင်တယ်" ဆိုတဲ့ အသိအမှတ်ပြုတဲ့ စကားလေးတွေက သူတို့ရဲ့ စိတ်အားတက်ကြွမှု၊ ယုံကြည်မှုနဲ့ ပျော်ရွှင်မှုကို တကယ်ပဲ မြှင့်တင်ပေးနိုင်ပါတယ်။ ကျွန်မတို့အများစုက ချီးမွမ်းတာကို "မြှောက်ပင့်ပြောဆိုတာ" ဒါမှမဟုတ် "လှည့်ဖြားတာ" လို့ - [သွေးတိုးက ကျွန်တော့်မိတ်ဆွေ အပိုင်း (၁)](https://www.telekyanmar.org/သွေးတိုးက-ကျွန်တော့်မိတ/) - သွေးတိုးရောဂါက ကျွန်တော့်မိတ်ဆွေကြီးဗျာ။ ဒီတော့ ရပ်ထဲရွာထဲ သူနဲ့ပတ်သက်ပြီး မဟုတ်တမ်းတွေ ပြောနေတာတွေ့ရင် ကျွန်တော်ငြိမ်မခံတတ်ဘူး။ တစ်ရက်… ကျွန်တော်စားနေကျ ထမင်းဆိုင်က အဒေါ်ကြီးကပြောတယ်။ "ခေါင်းတွေလေးပြီး ဇက်တွေတောင့်… တစ်ချက်တစ်ချက် နားထင်ကိုတောင် လာထိုးနေသလိုပဲ။ သွေးတွေများ တိုးနေသလား မသိဘူး ဒေါက်တာ" တဲ့။ လူကြည့်တော့ ဝဝဖိုင့်ဖိုင့်နဲ့။ မြင်ရသလောက် ပက်လက်ကုလားထိုင်မှာပဲ ထိုင်နေတတ်တဲ့ အန်တီကြီး။ ထိုင်ရာကမထ ဆိုင်ဝန်ထမ်းလေးတွေကို ပါးစပ်ကနေပဲ တတွတ်တွတ် ခိုင်းနေတတ်တဲ့ အမျိုးသမီးကြီးပေါ့။ အခုလို သူခံစားနေရတဲ့ ဝေဒနာတွေနဲ့ပတ်သက်ပြီး ကျွန်တော့်မိတ်ဆွေ သွေးတိုးကို စွပ်စွပ်စွဲစွဲတွေ လာပြောတော့ တွေ့ပြီလေ ကျွန်တော်နဲ့။ "အန်တီ လာလာ… ဒီနားလေး ခနမတ်တပ်ရပ်" "ဟင်… အင်း အင်း" "ဟုတ်ပြီ ခါးရော လည်ပင်းရော မတ်မတ်နေ။ လက်ကို - [ရုပ်ရှင်ကြည့်ပြီးတဲ့အခါ ခံစားရတဲ့ စိုးရိမ်ပူပန်မှု Post-Movie Anxiety](https://www.telekyanmar.org/post-movie-anxiety-or-post-cinematic-stress-anxiety-june-2025/) - မ‌နေ့က Facebook သုံးရင်းနဲ့ ရုပ်ရှင်ပရိုမိုးရှင်းဆင်းတဲ့ ပိုစတာတစ်ခုကို တွေ့လိုက်ရတော့ ဒီအကြောင်းလေး ခေါင်းထဲရောက်လာတာနဲ့ ဆောင်းပါးလေးချရေးဖြစ်ပါတယ်။ ပိုစတာက ဘယ်လောက်တောင် အသက်ဝင်လဲဆို တကယ်ဖြစ်‌နေတယ်ထင်ပြီး ဖုန်းဆက်အကူအညီတောင်းသူတွေတောင် ရှိကြသတဲ့။ သတင်းအမှန်ဟုတ်မဟုတ် မသေချာပေမယ့် ရုပ်ရှင်တွေဟာ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာပေါ် အတော်လေး လွှမ်းမိုးမှုရှိတာတော့ အမှန်ပါပဲ။ အထူးသဖြင့် ထိတ်လန့်ကြောက်မက်ဖွယ်ရာ ရုပ်ရှင်တွေ ကြည့်ပြီးသွားတဲ့အခါ ညဘက် အိပ်မပျော်တာမျိုး၊ လမ်းသွားရင်း ရုပ်ရှင်ထဲကလို အဖြစ်အပျက်မျိုး ကြုံရမှာကို စိုးရိမ်နေမိတာမျိုး၊ ဝမ်းနည်းကြေကွဲဖွယ်ရာ ရုပ်ရှင်တွေဆို အချိန်အကြာကြီးထိ စိတ်ထဲစွဲကျန်နေတာမျိုး ကျွန်မတို့ကိုယ်တိုင် ဖြစ်ဖူး၊ ခံစားဖူးကြတာပဲဆိုတော့လေ။ မြင်သာတဲ့ ဥပမာပြောရရင် Final Destination လို ရုပ်ရှင်မျိုးကြည့်ပြီးတဲ့အခါ ရိုလာကိုစတာ မစီးရဲတော့တာ၊ လမ်းသွားရင်း ဘတ်စ်ကားနဲ့ တိုက်မိမှာလား၊ လှေကားပေါ်က ပြုတ်ကျမှာလား စတဲ့အတွေးတွေ - [တစ်ကိုယ်ရေ လိင်အာသာဖြေခြင်းနှင့် စိတ်ကျန်းမာရေး](https://www.telekyanmar.org/masturbation-or-self-relaxation-and-mental-health-june-2025/) - Masturbation သို့မဟုတ် Self-relaxation and Mental health ဒီဆောင်းပါးကို စရေးမယ်လို့ စဉ်းစားလိုက်တော့ ဖြစ်မှဖြစ်ပါ့မလားဆိုတဲ့ အတွေးက အရင်ဝင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ လူ့အသိုင်းအဝိုင်းရဲ့ ရှေးရိုးစွဲအယူတွေ၊ ယဉ်ကျေးမှုတွေ၊ ခေတ်အဆက်ဆက် စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ လိင်ပညာပေးကဏ္ဍတွေ နည်းပါးခဲ့တဲ့ အတွက်ကြောင့်ပါပဲ။ ဒါပေမယ့်လည်း ဒီအကြောင်းအရာဟာ စိတ်ကျန်းမာရေးနဲ့ သက်ဆိုင်နေတဲ့ အရေးကြီးတဲ့ အပြုအမူတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ တကယ်တော့ တစ်ကိုယ်ရေ လိင်အာသာဖြေခြင်း (Self-relaxation) "Masturbation" ဆိုတာဟာ လူတိုင်းနီးပါး ကြုံဖူးလုပ်ဖူးကြတဲ့၊ သဘာဝဖြစ်စဥ်အ‌လျောက်ပေါ်လာတတ်တဲ့ အပြုအမူတစ်ခုပါပဲ။ အထူးသဖြင့် မည်သည့်လိင်မဆို အရွယ်ရောက်လာပြီဆိုရင် ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုသိလာပြီး လိင်စိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ဒီလိုလုပ်တာဟာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ လူငယ်တွေဆိုရင် ကိုယ့်လိင်စိတ်အကြောင်း စူးစမ်းလေ့လာရင်းနဲ့ ပိုလို့တောင် ဒါမျိုးကို လုပ်ကြည့်တတ်ကြပါတယ်။ - [မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စိတ်ကျန်းမာရေး](https://www.telekyanmar.org/မူးယစ်ဆေးဝါးသုံးစွဲမှု/) - မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ စိတ်ကျန်းမာရေးဟာ အပြန်အလှန် ဆက်စပ်နေပြီး တစ်ခုကတစ်ခုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို လက်ရှိပြည်တွင်းစစ်ဖြစ်နေတဲ့ အခြေအနေမျိုး၊ ဒုက္ခမျိုးစုံ ရင်ဆိုင်ခံစားနေကြရတဲ့ အခြေအနေမျိုးမှာ ဒီဆက်နွယ်မှုက ပိုပြီးတော့ သိသာထင်ရှားတာကို တွေ့နေရတယ်လို့ သုံးသပ်ကြပါတယ်။ စိတ်ကျန်းမာရေး ပြဿနာရှိသူတွေဟာ မူးယစ်ဆေးဝါးကို ပိုမိုသုံးစွဲတတ်ကြသလို၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေဟာလည်း စိတ်ကျန်းမာရေး ပြဿနာတွေ ပိုမိုကြုံတွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် စိတ်ဓာတ်ကျနေလို့ ဆေးသုံးရာကနေ ဆေးစွဲသွားတတ်ပြီး ဆေးစွဲတာကြောင့်လည်း စိတ်ဓာတ်ကျတာက ပိုဆိုးသွားတာမျိုး ဖြစ်နိုင်ပါတယ်။. ၁။ စိတ်ကျန်းမာရေး ပြဿနာကြောင့် မူးယစ်ဆေးဝါးသုံးစွဲခြင်း လူတွေဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဓာတ်ကျတာတွေ၊ စိတ်ခံစားမှုဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရတဲ့အခါ ဒီပြသနာတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နည်းလမ်းတစ်ခုအနေနဲ့ မူးယစ်ဆေးဝါးကို စတင်သုံးစွဲတတ်ကြပါတယ်။ အလွဲသုံးတတ်ကြပါတယ်။ ● စိတ်ဖိစီးမှုတွေများတဲ့အခါ စိတ်ဖိစီးမှုလျှော့ချဖို့အတွက် - [ကလေးနှင့် စိတ်ဒဏ်ရာ](https://www.telekyanmar.org/ကလေးနှင့်-စိတ်ဒဏ်ရာ/) - "ကလေးပဲ စိတ်ဒဏ်ရာရစရာလား""ကလေးပဲ စိတ်ညစ်စရာရှိမလား" ဆိုတာမျိုး အချို့လူကြီးတွေ ပြောတတ်လေ့ရှိတာကို မြင်ဖူးကြားဖူးကြပါလိမ့်မယ်။ အချို့ကလည်း ကလေးတွေရဲ့စိတ်ခံစားမှုကို အလေးမထားမိကြဘဲ "ကလေးပဲ ဘာသိဦးမှာလဲ" ဆိုတဲ့ အတွေးမျိုးနဲ့ လျစ်လျူရှုမိလိုက်ကြပါတယ်။ တကယ်တော့ ကလေးတွေမှာလည်း စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ အများကြီးရှိနိုင်ပါတယ်။ လူကြီးတွေရဲ့ ပြဿနာတွေလောက် မကြီးမားဘူးလို့ ထင်ရပေမဲ့ သူတို့ရဲ့ ကမ္ဘာငယ်လေးထဲမှာတော့ ဒါတွေဟာ တကယ်ကိုမှ ခံစားရခက်ပြီး ဝမ်းနည်းစိတ်ညစ်စရာကောင်းတဲ့ အရာတွေပါပဲ။ သူတို့ရဲ့ အချစ်ဆုံးအရုပ်လေး ပျောက်သွားတာအိမ်မွေးတိရစ္ဆာန်လေး ဆုံးရှုံးလိုက်ရတာသူငယ်ချင်းနဲ့ အဆင်မပြေတာသူငယ်ချင်းတွေနဲ့ ခွဲခွာရတာ (ကျောင်းပြောင်းတာ/အိမ်ပြောင်းတာ စသဖြင့်)ဆော့ကစားဖို့ အပြင်မထွက်ရတာမိဘတွေ ရန်ခဏခဏဖြစ်တာ (အိမ်တွင်းအကြမ်းဖက်မှု)ကျောင်းမှာ သို့မဟုတ် အနီးနားကလေးတွေဆီက အနိုင်ကျင့်ခံရတာမိဘအုပ်ထိန်းသူရဲ့ ဂရုစိုက်မှုနည်းပါးတာ (မိဘက အလုပ်များလို့ အချိန်မပေးနိုင်တာ၊ သားသမီးတွေအပေါ် တန်းတူညီမျှတဲ့ဆက်ဆံရေးမျိုး မရှိတာ) စတာတွေကလည်း ကလေးငယ်လေးတွေရဲ့ စိတ်ကို - [အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သောရောဂါနှင့် တစ်နေ့တာကာလများ](https://www.telekyanmar.org/အူလမ်းကြောင်း-လှုပ်ရှား/) - "အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သောရောဂါနှင့် တစ်နေ့တာကာလများ" ရေးသားသူ - ကိုဂျွန်၊ အသက် ၄၀ နှစ် ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်ဖြစ်တဲ့ အိမ်သာသွားရတာ ဟာ ကျွန်တော့်အတွက် စိတ်ဖိစီးစရာတစ်ခု ဖြစ်လိမ့်မယ်ဆိုတာ အရင်က မသိခဲ့ပါဘူး။ ဒီရောဂါပေါ်လာပြီးမှ စဖြစ်လာခဲ့တာပါ။ သုံးနှစ်လောက်တော့ ရှိနေပါပြီ။ ဗိုက်ခဏခဏနာတာ၊ ဝမ်းပျက်သလို မကြာခဏ ‌ဖြစ်တာတွေကို အစာမသန့်ဘဲ လမ်းဘေးစာ စားမိလို့လို့ပဲ ထင်မိခဲ့တယ်။ ဆရာဝန်ပြ ပိုးသတ်ဆေးပေးရင် သောက်နဲ့ပေါ့။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာပါတယ်။ စာစားပြီးတိုင်း ဝမ်းသွားချင်လာတယ်။ မသွားရရင် ဗိုက်ကြီးဖောင်းပြီး နေလို့မကောင်း။ အိမ်သာသွားပြန်တော့လည်း ဖြောင့်ဖြောင့်သွားလို့ရလားဆိုတော့ အမြဲ မရ။ တစ်ခါတလေ သွားထိုင်ပြီး ဗိုက်နာတာပဲ အဖတ်တင်တယ်။ တစ်ခါနဲ့သွားလို့လည်း မပြီးဘူး။ မနက်ခင်း စားပြီးတင် ၂ ကြိမ် ၃ - [ပဋိဇီဝဆေး (Antibiotics) နှင့် ဗိုင်းရပ်စ်ပိုး (မေလ၊ ၂၀၂၅)](https://www.telekyanmar.org/ပဋိဇီဝဆေး-antibiotics-နှင့်-ဗိုင်း/) - အအေးမိခြင်းနှင့် တုပ်ကွေးရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်ပိုးများအား ပဋိဇီဝဆေးများဖြင့် မကုသနိုင်ပါ။ ပဋိဇီဝဆေး မသောက်မီ ကျွမ်းကျင်သော ကျန်းမာရေးပညာရှင်ထံမှ အကြံဉာဏ်ရယူပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World Health Organization - [အမှန်တရား နည်းနည်းတော့ခါးမယ်](https://www.telekyanmar.org/အမှန်တရား-နည်းနည်းတော့ခ/) - အမှန်တရား၊ နည်းနည်းတော့ခါးမယ်။ ချက်ချင်းသေမယ့်ရောဂါတွေမှာ ဆေးမြီးတိုမရှိဘူး။ မမွေးနိုင်ရင် ဆေးရုံလာ၊ ခွဲမွေး၊ သွေးသွင်း အားလုံးအဆင်ပြေ။ ဧရာဝတီတိုင်းမှာ တိုက်နယ်ဆရာဝန် ဖြစ်ခဲ့စဉ် ၂၀၀၇ - ၂၀၀၈ ပတ်ဝန်းကျင်က မိုးကုန်ပြီး နောက်မိုးမကျခင် မတ်လနဲ့ ဧပြီလလောက်တွေမှာ…… ပြီးခဲ့တဲ့ မိုးရာသီတုန်းက လှောင်ထားခဲ့တဲ့ သောက်စရာ မိုးရေတွေလည်း တစ်ဆောင်းလုံးသောက်ခဲ့တာ ကုန်ပြီ။ နောက်မိုးကလည်း မေလလယ်လောက်မှ ရွာမယ်။ သောက်ကြပြီ ဒီရေဝင်တဲ့ ရေချိုရေငံစပ် ချောင်းရေတွေ။ ဖြစ်ကြပြီ ကာလဝမ်းရောဂါ (ကိုလရာ - cholera)။ ဘယ်ဆေးမြီးတိုနဲ့မှ မကုဘူး။ ဆေးရုံတန်းလာတယ်။ ခြေနှစ်ဖက်၊ လက်နှစ်ဖက်ကနေ အကြောဆေးပုလင်းကြီး လေးလုံးတစ်ပြိုင်တည်းသွင်း၊ လိုအပ်ရင်ညှစ်ချ။ တစ်နာရီအတွင်းမှာ 500 ml ပုလင်း အလုံးနှစ်ဆယ်လောက်ဝင်အောင် ညှစ်ချပေးခဲ့ရဖူးတယ်။ ရှင်တယ်လေ။ ပုလင်းကြီးတွေ - [လည်ပင်းကျီးပေါင်း Cervical Spondylosis](https://www.telekyanmar.org/cervical-spondylosis-may-2025/) - ဒီနေ့မှာတော့ ကျွန်မတို့‌တော်တော်များများ လည်ပင်းကျီးပေါင်းလို့ ခေါ်ကြတဲ့ (cervical spondylosis) ‌အကြောင်းလေး ပြောပြချင်ပါတယ်။ ◾️ ကျီးပေါင်း (spondylosis) ဆိုတာ ဘာလဲ။ ကျီးပေါင်းဆိုတာဟာ ရောဂါတစ်ခုဆိုတာထက် အသက်အရွယ်အလိုက် ကျောရိုးဆစ်တွေမှာ ပြောင်းလဲပျက်စီးလာတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျောရိုးဆစ်တွေဟာ ပွတ်တိုက်မှုဒဏ်တွေခံခဲ့ရပြီး အဆစ်တွေကြားက အရိုးပြားတွေမှာ အရည်ခန်းခြောက်ပြီး ကျုံ့သွားကြပါတယ်။ ဒီလိုကျုံ့သွားတဲ့အခါ ကျောရိုးဆစ်တွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မှုလည်း ပိုများလာပါတယ်။ နောက်တစ်ခါ ဒီအဆစ်တွေကြားက အရိုးပြားတွေ ကျွံထွက်နိုင်ပါသေးတယ်။ ခြောက်သွေ့သွားတဲ့ အရိုးပြားရဲ့အပြင်ဘက်မှာ အက်ကွဲရာတွေဖြစ်လာပြီး ပိုပြီးနူးညံ့တဲ့ အတွင်းပိုင်းကို အပြင်ဘက်ကို ညှစ်ထုတ်သလိုဖြစ်ပြီး အရိုးပြားတွေ ကျွံတာပါ။ ဒီလို ကျွံထွက်တဲ့အခါ ဘေးမှာရှိတဲ့ အာရုံကြောတွေကို သွားထိုးမိနိုင်ပါတယ်။ ဒီလိုမျိုး ကျောရိုးဆစ်ကို ထောက်ကန်ပေးထားတဲ့ အရိုးပြားတွေနဲ့ အဆစ်တွေ - [ပုံမှန်မဟုတ်တဲ့ ပုံမှန်](https://www.telekyanmar.org/ပုံမှန်မဟုတ်တဲ့-ပုံမှန်/) - ပုံမှန်မဟုတ်တဲ့ ပုံမှန်••••••• လေကြောင်းတိုက်ခိုက်လို့ ဘယ်နေရာမှာ လူဘယ်နှယောက် ဆုံးသွားပြီ။ ဘယ်တိုက်ပွဲမှာ ကိုယ့်လူဘယ်နှယောက် ကျဆုံးသွားပြီ။ ဘယ်ဒေသရဲ့ ဘယ်ရွာတွေ မီးလောင်ပြာကျသွားပြီ။ ဒီသတင်းဆိုးတွေ ကြားရတိုင်း ရင်ထဲမှာဝမ်းနည်းတယ်။ စိတ်ဆင်းရဲရတယ်၊ နာကျည်းတယ်၊ ခံပြင်းတယ်၊ ဒေါသလည်းထွက်တယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက ဒီအရာတွေကြားထဲမှာ ကျွန်မတို့ဟာ ပုံမှန်အတိုင်း အသက်ရှူနေကြတုန်းပဲ။ ထမင်းလည်း စားနိုင်တုန်းပဲ။ ရေငတ်ရင် ရေသောက်နိုင်တုန်းပဲ။ အိမ်မှုကိစ္စတွေကိုလည်း မေ့လျော့ဟန်ဆောင်ပြီး လုပ်နေနိုင်တုန်းပဲ။ ညရောက်ရင် အိပ်စက်နိုင်တုန်းပဲ။ မနက်မိုးလင်းရင် အိပ်ရာက ထနိုင်တုန်းပဲ။…… ဒီလို ပုံမှန်အတိုင်း အသက်ရှင်နေရတဲ့ ကိုယ့်ကိုယ်ကိုယ် မုန်းပါတယ်။ ဘာလို့လဲဆိုတော့ ပတ်ဝန်းကျင်မှာ ကြေကွဲစရာတွေ အများကြီးရှိနေပါလျက်နဲ့ ကိုယ်တစ်ယောက်တည်း ဘာမှမဖြစ်သလို နေနေရတာဟာ အပြစ်တစ်ခုလို ခံစားရလို့ပဲ။ နေ့တိုင်း ဒီအတွေးတွေနဲ့ပဲ အသက်ဆက်နေရတယ်။ တစ်ခါတလေ - [အရေပြား ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် (May, 2025)](https://www.telekyanmar.org/အရေပြား-ကူးစက်ရောဂါများ/) - အရေပြား ကူးစက်ရောဂါများ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ ရေ ပုံမှန်ချိုးခြင်း၊ အဝတ်အစားနှင့် အိပ်ရာ/အိပ်ရာခင်းများကို ပုံမှန်လျှော်ဖွပ်ခြင်း အစရှိသည့် တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အကျင့်ကောင်းများကို လေ့ကျင့်ဆောင်ရွက်ရန်ဖြစ်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: Wisconsin Department of Health Services - [စိတ်အမှိုက်ခြင်းတောင်း](https://www.telekyanmar.org/စိတ်အမှိုက်ခြင်းတောင်း/) - ကိုယ့်ရဲ့ အခန်း‌ထောင့်တစ်နေရာမှာ အဝတ်ဗီဒိုတစ်ခုရှိတယ်ဆိုပါစို့။ ဒီဗီဒိုထဲကို အင်္ကျီ‌တွေ၊ ဘောင်းဘီတွေ၊ ခြေအိတ်တွေ၊ ပဝါတွေ အားလုံးကို မခေါက်မသိမ်းဘဲ စုထည့်ပစ်မယ်။ ပြီးရင် တံခါးကို ပြန်စေ့ထားမယ်။ အဲလိုပဲ နောက်ရက်တွေလည်း လိုတာရှိရင် ထုတ်မယ်။ ဒီလိုပဲ ပြန်ထိုးထည့်ပြီး သိမ်းမယ်။ တံခါးကို ပြန်ပိတ်ထားမယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါ တစ်ရက် ဗီဒိုကိုဖွင့်လိုက်တော့ အထဲမှာရှိသမျှ အားလုံးက အပြင်ကို လျှံကျလာတယ်။ သိမ်းလို့လည်း မနိုင်တော့သလို အားလုံးက ပွစာကြဲကုန်တယ်။…… ကျွန်မတို့ရဲ့ စိတ်အတွင်းတစ်‌နေရာမှာလည်း အလားတူ ဗီဒိုလေးတစ်လုံး ရှိပါတယ်။ ငယ်စဉ်ကတည်းကရှိခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ ပျော်ရွှင်မှုတွေ၊ အထီးကျန်မှုတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ဝမ်းနည်းမှုတွေ၊ လက်ရှိ စိတ်ခံစားချက်တွေ၊ အဆင်မပြေတာတွေ၊ စိတ်ဖိစီးတာတွေကို တစ်ခါတည်း စုပြုံထည့်ထားမိတဲ့ ဗီဒိုလေးတစ်လုံးပေါ့။ ဒါတွေကို ကောင်းမွန်စွာ - [သူနာပြုကျောင်းသူဘဝ မွေးခန်းထဲကအမှတ်တရ](https://www.telekyanmar.org/သူနာပြုကျောင်းသူဘဝ-မွေး/) - "သူနာပြုကျောင်းသူဘဝရဲ့ အမှတ်တရဇာတ်လမ်း" ကျောင်းသူဘဝရဲ့ထုံးစံအတိုင်း Ward ထဲ စဆင်းရမယ့်အချိန်ပေါ့။ စာဆိုရင် စာကလေးခွေတောင် မကြိုက်တဲ့ကျွန်မ၊ ကျောင်းစာတွေမှာလည်း အပျင်းကြောထူတဲ့ကျွန်မ၊ လူနာ အယောက် ၄၀ ရအောင် case ယူရမယ်ဆိုတော့ မဗေဒါမြေလူးတဲ့အဖြစ်ထက် ကျွန်မအဖြစ်က ပိုဆိုးပါတယ်။ အဲဒီမှာ စပါပြီ။ ပထမဆုံး OG ward ထဲ အလှည့်ကျတယ်။ OG Ward ဆိုတာ သိတဲ့အတိုင်းလေ "အား….အား အမေရေ ယောက်ျားရေ" ၊ "မြန်မြန်ထွက်ပါတော့….ဒီကလေးလည်း” ၊ “ညှစ်ထား ညှစ်ထား ဒူးထောင်ထားဟ” ၊ “နင့်တင်ပါးကြီး အထက်ကိုကြွမထားနဲ့… အောက်ကို အောက်ချပါဟ” ဆိုတဲ့အသံတွေကြားရပြီးနောက် အဆောင်သူဘဝက အပြောကြီးခဲ့တဲ့ကျွန်မ လာရာလမ်းကနေတောင် လှည့်ပြန်ချင်စိတ်ပေါက်မိတယ်။ သူနာပြုသင်တန်းမတက်ခင်က ဆေးရုံနဲ့ပတ်သက်လို့ကြောက်တတ်သောကျွန်မ၊ ရွံတတ်သောကျွန်မအတွက် အတော့်ကို အားတင်းခဲ့ရတဲ့အချိန်ပေါ့။ - [မုဒိတာပွားဖို ခက်လာတဲ့အခါ….](https://www.telekyanmar.org/မုဒိတာပွားဖို-ခက်လာတဲ့အ/) - ဒီအကြောင်းကို မဖတ်ခင် အခုဆောင်ပါးဟာ တော်လှန်ရေးမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့ ပါဝင်ပတ်သက်ဆက်နွယ်နေကြတဲ့ ရင်ဘတ်ချင်း နီးသူတွေအတွက်သာ ရည်စူးရေးသားထားခြင်း ဖြစ်ကြောင်း ကြိုတင်အသိပေးပါရစေ။ _ _ _ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ လူတွေရဲ့စိတ်တွေဟာလည်း ပြောင်းလဲလာတတ်ကြပါတယ်။ အဲဒီအထဲမှာမှ အဖြစ်အများဆုံးက ကိုယ့်ထက် အဆင်ပြေနေတဲ့သူ‌တွေ၊ ပျော်နေတဲ့သူတွေ၊ ချမ်းသာနေတဲ့သူတွေကိုမြင်ရင် မုဒိတာ ပွားမပေးနိုင်တော့တာပါ။ ဒီကာလကြီးက စိတ်ပင်ပန်းမှုတွေ၊ ဒုက္ခတွေနဲ့ ရင်ဆိုင်ပြီးရင်း ရင်ဆိုင်နေရတဲ့ ငရဲလိုနေ့ရက်တွေ ဖြစ်ပါတယ်။ တော်လှန်ရေးမှာ ပါဝင်နေတဲ့လူတိုင်းနီးပါးရဲ့စိတ်တွေဟာ မီးသင့်‌ကျောက်လိုပဲ ပူလောင်နေရတယ်။ ကျဆုံးမှုတွေ အောက်မေ့ရင်း၊ အနာဂတ်အတွက် တိုးတိုးတိတ်တိတ် ငိုနေရင်း၊ မျှော်လင့်ချက်တွေပေါ်လာလိုက်၊ တစ်ခါ စိုးရိမ်ပူပန်မှုတွေနဲ့ ရောထွေးသွားလိုက်နဲ့မို့ ဒီလိုအချိန်မှာ တစ်ပါးသူကို မုဒိတာပွားဖို့ဆိုတာ မလွယ်ကူတဲ့အရာပါ။ ကိုယ်တိုင်လည်း ခံစားနေရတဲ့ ဝေဒနာအပူမီးတွေကြောင့် တစ်ခါတလေမှာ - [အတွင်းကြေ ရင်ဘတ်ဒဏ်ရာများ Blunt Chest Injury](https://www.telekyanmar.org/blunt-chest-injury-may-2025/) - ထိခိုက်ဒဏ်ရာ များစွာရှိတဲ့အထဲက Blunt force လို့ခေါ်တဲ့ မချွန်ထက်သော၊ တုံး‌သောမျက်နှာပြင် (သို့) ပြင်းထန်တဲ့အင်အားတစ်ခုနဲ့ ရင်ဘတ်နဲ့ အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများကို ရိုက်ခတ်မိခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အတွင်းကြေဒဏ်ရာများဟာ အဖြစ်များပါတယ်။ ပြင်ပမှာ ပေါက်ပြဲဒဏ်ရာမရှိရင်တောင်မှ အတွင်းပိုင်းကလီစာတွေမှာ ပြင်းစွာထိခိုက်နိုင်ပါတယ်။ ✔ နံရိုးကျိုးခြင်းများ (Rib Fractures) – ရင်ဘတ်ကို ပြင်းထန်စွာရိုက်မိ၊ ပိမိခြင်းကြောင့် နံရိုးများကို ကျိုးစေနိုင်ပါတယ်။ ပြင်ပဒဏ်ရာအနေနဲ့ မတွေ့ရသည့်တိုင် နာကျင်ခြင်းနဲ့ အသက်ရှုရခက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ နံရိုးများစွာကျိုးခြင်းဟာ အဆုတ်ရဲ့ အသက်ရှူခြင်းလှုပ်ရှားမှုကို အနှောင့်အယှက်ပေးပြီး (Flail chest injury ) ကြောင့် အရေးပေါ် အခြေအနေကို သက်ရောက်စေနိုင်ပါတယ်။ ကျိုးသွားတဲ့ နံရိုးများဟာ အတွင်းထဲက ကလီစာတွေကို ထိခိုက်စေနိုင်ပါတယ်။ ✔ အဆုတ်ထိခိုက်ခြင်း (Pulmonary Contusion) - [လူတွေပြောတဲ့ People Pleaser](https://www.telekyanmar.org/people-pleaser-may-2025/) - သင် People pleaser တွေနဲ့ ကြုံဖူးပါသလား။ဒါမှမဟုတ် သင်ကိုယ်တိုင်က people pleaser ဖြစ်နေသလား။ People pleaser ဆိုတာ ကိုယ့်ကိုယ်ကိုယ်ထက် အခြားသူ အဆင်ပြေစေရေး၊ စိတ်ကျေနပ်စေရေးကိုသာ အမြဲလိုလို ကြိုးစားပံ့ပိုးနေတတ်ကြသူတွေကို ခေါ်တဲ့ အသုံးအနှုန်းတစ်ခုပါ။ ဒီလူတွေဟာ အခြားသူတွေကို ပျော်စေဖို့၊ သဘောကျစေဖို့၊ အကောင်းမြင်စေဖို့ကိုပဲ အမြဲတစေ ကြိုးစားကြတာကြောင့် တစ်ဖက်မှာ မိမိရဲ့လိုအပ်ချက်တွေ၊ မိမိရဲ့ခံစားချက်တွေကို မမြင်တော့သလို မိမိကိုယ်ကိုယ် လျစ်လျူရှုထားသလို ဖြစ်တတ်ကြပါတယ်။ သူတို့ဟာ အခြားသူရဲ့ တောင်းဆိုမှုတိုင်း၊ အကူအညီတိုင်းကို လက်ခံတတ်ကြပြီး "No" လို့ပြောဖို့ ခက်တတ်ကြသူတွေပါ။ အခြားသူတွေရဲ့ မိမိအပေါ်သဘောထားအမြင်တွေကိုလည်း လိုတာထက်ပိုပြီး အာရုံစိုက်တတ်ကြတဲ့အတွက် လူတွေက ကိုယ့်ကိုသဘောကျဖို့ပဲ တွေးနေ ကြိုးစား‌နေတတ်ကြသူတွေပေါ့။…… တကယ်တော့ ထိုသူတွေဟာ အကြောင်းမဲ့သက်သက် လူတွေကို pleased - [အစာအိမ်ပိုး (Hpylori) ကိုယ်တွေ့ အတွေ့အကြုံ](https://www.telekyanmar.org/အစာအိမ်ပိုး-hpylori-ကိုယ်တွေ့/) - Hello အားလုံးပဲ နေကောင်းကြရဲ့လား။ ကျွန်မက အထွေထွေသမားတော် တစ်ယောက်ပါ။ ဒီနေ့တော့ ထူးထူးခြားခြား ပညာပေး‌ဆောင်းပါး မဟုတ်ဘဲ ကျွန်မကိုယ်တိုင် လူနာဖြစ်သွားတဲ့ ကိုယ်တွေ့အတွေ့အကြုံလေး ပြောပြချင်လို့ပါ။ ပညာပေး‌ဆောင်းပါး မဟုတ်တဲ့ ပညာပေးဆောင်းပါးလေးပါပေါ့။ ဖြစ်တာက ဒီလို… ကျွန်မက ပုံမှန် အစာအိမ်ရောဂါ လက္ခဏာတွေ မရှိတဲ့သူတစ်ယောက်ပါ။ ကျောင်းတက် ဆေးရုံဆင်းတုန်းကတောင် လမ်းဘေးစာတွေ အကုန်လျှောက်စား ဘာမှမဖြစ်တဲ့ သံမဏိဗိုက်ပါ။ လွန်ခဲ့တဲ့ ခြောက်လလောက်ထဲကပေါ့… အစားစားပြီးရင် ဗိုက်ကြီးက ပြည့်ပြည့်နာနာကြီး၊ လေပဲတက်ချင်သလို၊ ကိုယ့်ကိုယ်ကိုယ် စမ်းကြည့်တော့လည်း ဗိုက်က‌ ပျော့‌ပျော့လေး၊ ခံစားချက်မှာပဲ တင်းနေတာမျိုး။ ပြီးတော့လေ ရင်တွေပူတာ၊ တစ်ခုခုစိတ်ပူစရာကြားရင် ပိုဆိုးတာပေါ့။ ခံရတအားခက်တာ။ အသားသိပ်မစားတဲ့ ကျွန်မက ပဲပြုတ်တို့၊ အရွက်တို့၊ ရေစိမ်ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ တအားကြိုက်။ ခုက အဲဒါတွေ - [ဝက်သက်ရောဂါရောဂါလက္ခဏာများ (မေလ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ဝက်သက်ရောဂါရောဂါလက္ခဏာ/) - ဝက်သက်ရောဂါသည် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါသည်။ ရောဂါလက္ခဏာများကို သိပါသလား။ 🔸 အနီစက်များ မျက်နှာတွင် စတင်ပေါ်လာပြီးနောက်ခန္ဓာကိုယ်တစ်ခုလုံးသို ပျံ့သွားသည်။🔸 ဖျားခြင်း🔸 နှာရည်ယိုခြင်း🔸 ချောင်းဆိုးခြင်း🔸 မျက်လုံးနီ၍ မျက်ရည်ကျခြင်း🔸 ပါးစပ်အတွင်း ဘေးတစ်ဘက်ဘက်တွင် သေးငယ်သည့်အဖြူရောင်အစက်များရှိခြင်း သင့်ကလေးတွင် ဝက်သက်ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနများသို သွားပြပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အချိန်ဆွဲခြင်း (Procrastination) နှင့် ပျင်းရိခြင်း (Laziness)](https://www.telekyanmar.org/procrastination-and-laziness-may-2025/) - "အချိန်ဆွဲတာဟာ ပျင်းရိခြင်းလား" အချိန်ဆွဲခြင်း (Procrastination) နဲ့ ပျင်းရိခြင်း (Laziness) ဆိုတဲ့ အပြုအမူနှစ်ခုဟာ အပေါ်ယံကြည့်ရင် တူညီတယ်လို့ ထင်ရတတ်ပါတယ်။ ဘာလို့လဲဆို နှစ်ခုစလုံးမှာ ကိုယ်လုပ်စရာရှိတာကို မလုပ်ဘဲ ရွေ့ဆိုင်းတာ၊ ရှောင်ဖယ်နေတာမျိုးတွေ ရှိတတ်ကြလို့ပါ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ လေ့လာကြည့်မယ်ဆိုရင်တော့ ခြားနားချက်တွေ အများကြီးရှိပါတယ်။ အချိန်ဆွဲခြင်း (Procrastination) ဟာ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ ပဋိပက္ခတွေ၊ အခက်အခဲတွေကြောင့် ဖြစ်တတ်ပါတယ်။ ပျင်းရိခြင်းမှာတော့ အကြောင်းအရင်း မယ်မယ်ရရမရှိပါဘဲ မလှုပ်ရှားချင်တဲ့ ဆန္ဒတစ်ခုကြောင့်သာ ဖြစ်တယ်လို့ အကြမ်းဖျင်းမှတ်ယူလို့ရပါတယ်။…… Procrastination ကိုဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းအရင်း များစွာရှိပါတယ်။ ✍🏻 ကြောက်ရွံ့ခြင်း (Fear) ♦️ကျရှုံးမှာကြောက်တာ (Fear of Failure) ကိုယ် လုပ်လိုက်တဲ့အလုပ်က မအောင်မြင်မှာ၊ သူများထင်သလောက် - [ဘာမှ လုပ်မပေးနိုင်ခဲ့ဘူးဆိုတဲ့ ခံစားချက်](https://www.telekyanmar.org/ဘာမှ-လုပ်မပေးနိုင်ခဲ့ဘူ/) - လေးနှစ်ကျော်ခဲ့ပြီ… လေးနှစ်ဆိုတဲ့ အချိန်ကာလဟာ လူတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ပြောင်းလဲစေနိုင်လောက်တဲ့ အချိန်ကာလတစ်ခုဖြစ်ပါတယ်။ ဒီလေးနှစ်ကျော်အတွင်းမှာ ကျွန်မတို့တွေဟာ မရေမတွက်နိုင်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဆုံးရှုံးမှုတွေကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရပါတယ်။ စစ်ဘေး၊ ကပ်ဘေးတွေရဲ့ ရိုက်ခတ်မှုကြောင့် ဘဝတွေဟာလည်း အစိတ်စိတ်အမွှာမွှာ ကွဲကြေလို့ပေါ့။ မကြာသေးခင်က ကြုံခဲ့ရတဲ့ ငလျင်ဘေးဟာလည်း ဒီလူတွေရဲ့ ရင်ထဲမှာ မေ့မရနိုင်တဲ့ အနာရွတ်တစ်ခုအဖြစ် ကျန်ရစ်‌နေဦးမှာ မလွဲမသွေပါ။ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေ၊ မိသားစုဝင်တွေ ဆုံးရှုံးသွားသူတွေ၊ မိဘမဲ့သွားတဲ့ ကလေးငယ်လေးတွေရဲ့ ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ မြင်ကွင်းတွေဟာ တကယ်ပဲ ရင်ကိုကွဲ‌စေပါတယ်။ တစ်နိုင်ငံလုံးမှာ ဒုက္ခတွေ ဒီလောက်များနေတာကို ကြည့်ပြီး ငါ ဘာမှလုပ်မပေးနိုင်ဘူးလို့ ခံစားမိတော့ ရင်ထဲမှာ အားမလိုအားမရနဲ့ တကယ်ကို မွန်းကျပ်နေတာပါပဲ။…… ကျွန်မကိုယ်တိုင် အဲဒီလို အားမလိုအားမရဖြစ်တဲ့စိတ်ကို ခံစားရတာ တော်တော်လေးကြာခဲ့ပါတယ်။ - [ကိုယ့်ခံစားချက်ကို ငြင်းပယ်လက်မခံခြင်း Denial](https://www.telekyanmar.org/ကိုယ့်ခံစားချက်ကို-ငြင်/) - လူသားတိုင်းဟာ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ နှမြောတသဖြစ်မှု စတဲ့ စိတ်ခံစားချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့ရဲ့စိတ်ထဲမှာရှိတဲ့ ဒီလိုခံစားရမှုတွေ (emotions) ကနေ ကာကွယ်ဖို့ Defense Mechanism လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံကာကွယ်မှုယန္တရားတွေကို အလိုအလျောက် အသုံးပြုလေ့ရှိကြပါတယ်။ ဒီထဲကမှ အခြေခံကျပြီး လူတိုင်းနီးပါး အသုံးပြုဖူးတဲ့ ယန္တရားတစ်ခုကတော့ Denial လို့ခေါ်တဲ့ ကိုယ့်ခံစားချက်တွေကို ငြင်းပယ်ပြီး လက်မခံခြင်းပဲ ဖြစ်ပါတယ်။ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေ မသိလိုက်ဘဲ denial ကို သုံးမိတဲ့အချိန်တွေရှိပါတယ်။. ➡️ Denial (ငြင်းပယ်ခြင်း) ဆိုတာဘာလဲ။ Denial ဆိုတာက ကိုယ်မလိုချင်တဲ့၊ မဖြစ်စေချင်တဲ့ အခြေအနေတစ်ခု သို့မဟုတ် ဖြစ်စဉ်တစ်ခုရဲ့ ပကတိအမှန်တရားကို လက်မခံဘဲ ငြင်းဆန်ခြင်း/ရှောင်လွှဲခြင်း ဖြစ်ပါတယ်။ ဒီဖြစ်စဥ် (mechanism) ဟာ - [စိတ်ဒဏ်ရာကြုံခဲ့ရသူ လိုက်နာဆောင်ရွက်ရမည့်အချက်များ (မေလ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/စိတ်ဒဏ်ရာကြုံခဲ့ရသူ-လို/) - စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်နှင့် တွေ့ကြုံခဲ့ရလျှင် အောက်ပါတိုကို ဆောင်ရွက်သင့်ပါသည်။ ၁။ လက်ခံနိုင်ရန် သင့်ကိုယ်သင် အချိန်ပေးပါ။၂။ အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို သေချာလေ့လာပါ။၃။ တူညီသော အတွေ့အကြုံရှိသူများနှင့် ဆက်သွယ်ပါ။ တွေ့ဆုံစကားပြောပါ။၄။ အကူအညီတောင်းခံပါ။၅။ တစ်ယောက်တည်းနေရန် လိုအပ်ပါက အချိန်တစ်ခုယူကာ သီးသန့်နေပါ။၆။ အတွေ့အကြုံကို ဖွင့်ဟပြောဆိုပါ။၇။ နိစ္စဓူဝလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပါ။၈။ အခြားသူများနှင့် သာမန်ပေါ့ပေါ့ပါးပါးကိစ္စများ ဆောင်ရွက်ပါ။၉။ မိမိကိုယ်ကို ဂရုစိုက်ပါ။၁၀။ လိုအပ်ပါက ပညာရှင်အကူအညီကို ရယူပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [ဆိုးကျိုးပေးတဲ့ ဆက်ဆံရေး(သို့)Toxic Relationship](https://www.telekyanmar.org/toxic-relationship-may-2025/) - လူတိုင်းမှာ မိသားစု၊ မိတ်ဆွေ၊ ချစ်သူ စသဖြင့် တစ်ခုမဟုတ်တစ်ခုသော ဆက်ဆံရေး ရှိကြပါတယ်။ ဒါပေမယ့် ဆက်ဆံရေးတိုင်းက အဆင်ပြေချောမွေ့နေတာမျိုးတော့ မဟုတ်ပါဘူး။ တချို့ဆက်ဆံရေးတွေမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ၊ မနာလို သဝန်တိုမှုတွေ၊ ထိန်းချုပ်မှုတွေ၊ အပြစ်တင်တာတွေ၊ လေးစားမှုမရှိတာတွေဟာ Toxic Relationship ဖြစ်လာခြင်းရဲ့ အစပါပဲ။. ➡️ အမြဲတမ်း အပြစ်တင်ခံရခြင်း ကိုယ့်ရဲ့ အမှားသေးသေးလေးကအစ အမြဲတမ်း အပြစ်တင်ခံရတာ၊ ကိုယ့်ရဲ့ လုပ်ရပ်တိုင်းကို ဝေဖန်ခံနေရတာမျိုး။ ကိုယ့်ရဲ့ အောင်မြင်မှုတွေကိုလည်း ချီးကျူးမယ့်အစား၊ လျှော့တွက်တာ၊ မနာလိုတာမျိုး။. ➡️ ထိန်းချုပ်ခံရခြင်း ကိုယ့်ရဲ့ဘဝကို တစ်ဖက်လူက ထိန်းချုပ်ဖို့ ကြိုးစားတာမျိုး။ ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ ဖိအားပေးတာ၊ ကိုယ်သွားချင်တဲ့နေရာ၊ လုပ်ချင်တဲ့အရာတွေကို တားမြစ်တာမျိုး။. - [နှလုံးအားနည်းရောဂါအကြောင်း Heart Failure](https://www.telekyanmar.org/heart-failure-april-2025/) - နှလုံးဟာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုစနစ်ရဲ့ အဓိကအင်္ဂါ ဖြစ်ပါတယ်။ နှလုံးအားနည်းသွားပြီဆိုရင်တော့ သွေးလည်ပတ်မှုစနစ်ချို့ယွင်းပြီး နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်ပေါ်စေမှာမို့ "နှလုံးအားနည်းရောဂါ" အကြောင်း သိသင့်သိထိုက်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။. ❓ဘာကြောင့်ဖြစ်ရတာလဲ။ အဓိကကတော့…(၁) နှလုံးညှစ်အား မကောင်းတာရယ်(၂) နှလုံးသွေးဝင်ခန်းကကြွက်သားတွေ တောင့်တင်းပြီး သွေးပြန်ကြောမှပြန်လာတဲ့ သွေးတွေကို ကောင်းကောင်းလက်မခံနိုင်တာရယ်ကြောင့် နှလုံးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။. ❓ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ။ နှလုံးအားနည်းတဲ့ လက္ခဏာတွေကတော့ . . . (၁) မောခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပက်လက်လှဲအိပ်လျှင် အသက်ရှူပိုကျပ်ခြင်း (၂) ပင်ပန်းနွမ်းနယ်ပြီး အားမရှိခြင်း၊ အမောမခံနိုင်ခြင်း (၃) ရင်တုန်ခြင်း၊ မူးလဲမလို မိုက်ခနဲဖြစ်ခြင်း (၄) ခြေလက်များ ဖောရောင်ခြင်း၊ အိပ်ရာထဲ လဲနေသူများတွင် မြှီးညှောင့်ရိုးအနီးတစ်ဝိုက်နှင့် ဝမ်းဗိုက် ဖောရောင်ခြင်းတို့ ဖြစ်ပါတယ်။. ❓ဘယ်သူတွေမှာ - [မိဘဆွေမျိုး သေဆုံးမှုအတွက် အပြစ်ရှိသလို ခံစားရခြင်း](https://www.telekyanmar.org/မိဘဆွေမျိုး-သေဆုံးမှုအတ/) - ကျွန်မဦးလေးအရင်းခေါက်ခေါက် ဆုံးတော့ ကျွန်မဆေးကျောင်းဒုတိယနှစ် တက်နေတာထင်တယ်။ အမျိုးထဲမှာ ကျွန်မက သမီးဦး မြေးဦးလည်း ဖြစ်နေလို့ထင်တာပဲ ဦးလေးက ကျွန်မကို တော်တော်လေး ချစ်တယ်။ ကျွန်မကလည်း ချစ်ပါတယ် (ထုတ်တော့မပြဖြစ်ခဲ့ဘူးထင်တယ်) ဦးလေးက ပရဟိတွေလည်း တအားလုပ်တာ။ လမ်းထဲ၊ ရပ်ကွက်ထဲ၊ အလှူပွဲ၊ ပျော်ပွဲရွှင်ပွဲဆိုလည်း သူထိပ်ဆုံးကပဲ။ လွတ်လပ်ရေးနေ့ဆိုရင် မရှိရှိတာလေးတွေစုပြီး ကလေးတွေအတွက် အားကစားပြိုင်ပွဲလေးတွေလုပ်ပေးတယ်။ နိုင်တဲ့သူကို ဆုချတယ်။ တအားပျော်စရာကောင်းခဲ့တယ်။ ကျွန်မက သူ့ကို လေးလေးလို့ ခေါ်တယ်။ ကျွန်မ သိတတ်စအရွယ်တည်းက လေးလေးက အရက်တော့ အရမ်းသောက်တာ။ ဒါပေမယ့် အရက်သောက်ပြီး မူးရူးရမ်းကားနေတတ်သူတော့လည်း မဟုတ်ပြန်ဘူး။ သူဆုံးတော့လည်း ဒီအရက်ကြောင့်ပါပဲ။ လေးလေးဆုံးပြီးတည်းက သူ့အကြောင်းကို ကျွန်မနှုတ်ကနေ တစ်လုံးတစ်ပါဒမှ မပြောဖြစ်တော့ဘူး။ သူများပြောတာကြားရင်လည်း ကျွန်မ မကြားချင်ယောင်ဆောင်နေတယ်။ ကျွန်မက - [ခြေတု/လက်တု တပ်ဆင်ပြီးနောက် အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်လေ့လာခြင်း Vocational Training After Prosthesis](https://www.telekyanmar.org/vocational-training-after-prosthesis-april-2025/) - ကျွန်မနဲ့ သူတို့ရဲ့ ဆက်သွယ်မှုက ခုလိုအချိန်မှာ သိပ်‌တော့မထူးခြား။ သူတို့အတွက်တော့ ကျွန်မကို ဆရာမဆိုတာတစ်လုံးထက် ပိုမသိ။ နာမည် မသိ။ ဘယ်အရပ်က လာမှန်းမသိ။ သူတို့သိတာ တစ်ခုပဲ ရှိတယ်။ ဆရာမ လာရင် သူတို့ရင်ထဲက စကားတွေကို နားထောင်တယ်၊ သူတို့ဖြစ်ချင်တာကို နားလည်ပြီး ဖြည့်ဆည်းပေးဖို့ ကြိုးစားတယ်၊ သူတို့ကို ချော့လိုက် ခြောက်လိုက် ဆက်ဆံတယ်။…… တစ်နေ့ကားနဲ့ ခရီးထွက်နေရတုန်း လမ်းတစ်နေရာအရောက်… နယ်မြေတာဝန်ခံ။ ဆရာမရဲ့ ကလေး ၃ ယောက်ကို ဒီကို ပို့ထားတယ်။ ဆရာမ။ ဟုတ်လား… ကား ခဏရပ်ပေးလို့ ရမလား။ .------------------။ ။------------------. ဆရာမ။ ဟေးးးးး လူနာဟောင်း။ ဆရာမ မတွေ့တာ ကြာပြီ။ ကျွန်တော် တို့ ဆရာမကို - [Inner Child လေး နေကောင်းရဲ့လား](https://www.telekyanmar.org/inner-child-လေး-နေကောင်းရဲ့လား/) - ကျွန်မတို့ လူတစ်ဦးတစ်ယောက်စီတိုင်းမှာ ကိုယ့်ရဲ့ငယ်ဘဝ ဖြတ်သန်းခဲ့ရစဉ်ကာလက ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ ရှက်ရွံ့မှု၊ ကြောက်ရွံ့မှု၊ လွတ်လပ်မှု၊ ချစ်ခင်မှု စတဲ့ အမှတ်တရစိတ်ခံစားချက်လေးတွေ ရှိခဲ့ကြမှာ အသေအချာပါပဲ။ အဲဒါတွေနဲ့ဆက်စပ်နေတဲ့ ငယ်ဘဝအစိတ်အပိုင်းလေးဟာ ကျွန်မတို့ရဲ့ inner child လေးပဲ ဖြစ်ပါတယ်။ ဒီအမှတ်တရတွေဟာ ပြန်စဉ်းစားမိတဲ့အခါ ပြုံးမိတဲ့ အခိုက်အတံ့လေးတွေ ဖြစ်ချင်ဖြစ်မယ်၊ ပြန်သတိမရချင်တဲ့ မေ့ကောင်းစရာ အတိတ်တွေလည်း ဖြစ်ချင်ဖြစ်မယ်… ဒါတွေကို ကိုယ့်နည်းကိုယ့်ဟန် သယ်ပိုးကြီးပြင်းလာရင်းနဲ့ပဲ လက်ရှိလူကြီးဖြစ်တဲ့ ကျွန်မတို့ ဖြစ်လာကြပါတယ်။ Inner child လေးက ကျွန်မတို့ရဲ့ ဖန်တီးနိုင်စွမ်း စိတ်ကူးစိတ်သန်း‌တွေနဲ့ ‌ပျော်ရွှင်လိုစိတ် စူးစမ်းလိုစိတ်တွေကို လှုံ့ဆော်ပေးနိုင်တဲ့ အဓိက အစိတ်အပိုင်းလေးဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့်ပဲ ကျွန်မတို့ ကလေးဘဝရဲ့ လွှမ်းမိုးမှုတွေ၊ မှတ်ဉာဏ်တွေ၊ စိတ်ခံစားမှုတွေဟာ - [ကျန်းမာရေးဆောင်းပါးများ ရှာဖွေဖတ်ရှုရင်း ဖြစ်လာနိုင်သော စိတ်ဖိစီးမှု Cyberchondria](https://www.telekyanmar.org/ကျန်းမာရေးဆောင်းပါးမျာ/) - ကျန်းမာရေးဆောင်းပါးတွေ အထူးသဖြင့် စိတ်ကျန်းမာရေး‌နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကို ဖတ်မိတဲ့အခါ အဲဒီရောဂါ ကိုယ့်မှာဖြစ်နေသလိုမျိုး ရောဂါလက္ခဏာတွေက တိုက်ဆိုင်လိုက်တာဆိုပြီး ခံစားရတဲ့အချိန်တွေ ရှိတတ်ကြတယ်မို့လား။ အဲဒါထက်လွန်ကဲလာရင်တော့ အင်တာနက်မှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို အမြဲတစေရှာဖွေပြီး ကိုယ်ဖတ်မိတဲ့ ရောဂါလက္ခဏာတွေနဲ့ ကိုယ်ဖြစ်နေတဲ့ ဝေဒနာတွေ တိုက်ဆိုင်တဲ့အခါ အဲဒီရောဂါကြီး ကိုယ့်မှာစွဲကပ်နေပါပြီလို့ အလွယ်တကူယူဆတတ်ကြပါတယ်။ ဒါဟာ Cyberchondria လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမူတစ်မျိုး ဖြစ်ပါတယ်။…… Cyberchondria ရဲ့ အဓိက လက္ခဏာတွေကတော့ . . . အင်တာနက်သုံးတာနဲ့ ကျန်းမာရေးနဲ့ပတ်သက်တာတွေကိုပဲ အလွန်အကျွံရှာဖွေတာ ဖတ်မိတဲ့လက္ခဏာတွေနဲ့ ကိုယ်ဖြစ်နေတာတွေကို တိုက်စစ်ပြီး ကိုယ့်မှာ အဲဒီရောဂါရှိနေပြီလို့ အလွယ်တကူ ယူဆလိုက်တာ ရောဂါလက္ခဏာ တစ်ခုနှစ်ခုရှိရုံမျှနဲ့ အလွန်အမင်းစိုးရိမ်ပူပန်တတ်တာ ဆရာဝန်နဲ့မပြသဘဲ မိမိကိုယ်မိမိ ရောဂါနာမည်တပ်တာ ဆရာဝန်နဲ့ပြသပြီးရင်တောင် - [သင့်ကလေး‌ ကာကွယ်ဆေးထိုးသင့်တဲ့ အကြောင်းပြချက် (၅) ချက် (ဧပြီ၊ ၂၀၂၅)](https://www.telekyanmar.org/သင့်ကလေး-ကာကွယ်ဆေးထိုး/) - ကာကွယ်ဆေးထိုးနှံခြင်းက- ၁။ သင့်ကလေးရဲ့ အသက်နဲ့ ဘဝကို ကယ်တင်နိုင်ပါတယ်။၂။ အလွန်စိတ်ချရပြီး ထိရောက်ပါတယ်။၃။ သင်ချစ်ရတဲ့ အခြားသူတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။၄။ သင့်မိသားစုရဲ့ အချိန်နဲ့ ငွေကြေးကိုလည်း ကုန်ကျမှုသက်သာစေနိုင်ပါတယ်။၅။ အနာဂတ်မျိုးဆက်သစ်တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [သွေးတွင်းကိုလက်စထရော လျှော့ချနည်းများ (Lifestyle Modification)](https://www.telekyanmar.org/သွေးတွင်းကိုလက်စထရော-လျ/) - မပြောမပြီး မတီးမမြည်မို့ ပြောရပါဦးမယ်။ ဆရာမရဲ့သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးအကြောင်းပါ။ အသက်ကဖြင့် ၃၀ စွန်းစွန်း လူကလည်း ၀ိတ်မများဘူးနော်။ ပုံမှန် ၁၄၀ လောက်နဲ့ အရပ်ခပ်ရှည်ရှည်ပဲ။ အလုပ်ကတော့ ရုံးထိုင်ဆရာ၀န်အလုပ်ပေါ့။ သူ့ကိုယ်သူ ကျန်းမာတယ်ပဲထင်တာ။ ဒါနဲ့ အလုပ်က ကျန်းမာရေးအာမခံပါတော့ medical checkup လုပ်ရပါရောလား။ လားလား အဲဒီတော့မှ သွေးတွင်း ကိုလက်စထရော မတရားများနေတာ တွေ့ရော။ ၅၀၀ ကျော်ပါတဲ့။ အမှန်ဆို ၂၀၀ အောက်ပဲဖြစ်ရမှာကိုနော်။ သွေးတိုးနေလို့လည်း ပြန်နားပြီးတိုင်းရသေး။ ပြန်တိုင်းတော့ အပေါ်သွေး ၁၄၀ ဆိုတော့ နောက် ၃ လမှ ပြန်လာ စောင့်ကြည့်မယ်ပေါ့။ ကိုလက်စထရောကိုလည်း အစားအစာဆင်ခြင်၊ lifestyle ပြင်ပါပေါ့ ဆိုပြီး ပြောလိုက်တော့ ဆေးစစ်ပြီးအပြန် စိတ်ညစ်ပြီး ရင်လာဖွင့်ရှာတယ်။ သူ့အကြောင်းပြောပြတော့မှ နားချရတယ်… ဟယ် နင်က - [ကလေးထိန်းနည်း](https://www.telekyanmar.org/ကလေးထိန်းနည်း/) - "အသားနာမှ မှတ်မှာ" တဲ့။ ကလေးငယ်တွေအပေါ် လက်ပါတဲ့အခါ အုပ်ထိန်းသူမိဘတွေ ပြောတတ်လေ့ရှိတဲ့ စကားပါ။ အဲဒီအယူအဆဟာ ကလေးတွေကို ရိုက်နှက်ခြင်းအပေါ် ပိုပြီးအားပေးရာလည်း ရောက်ပါတယ်။ ဒါဟာ Physical abuse ပါပဲ။ ရိုက်နှက်ပြီးဆုံးမတာဟာ သင့်တော်တဲ့နည်းလမ်း၊ လိမ္မာအောင်သွန်သင်တဲ့ နည်းလမ်းလို့ မှားယွင်းစွာ လက်ဆင့်ကမ်းခဲ့ကြတာလည်း ပါတာပေါ့။ တချို့မိဘတွေဟာ ကလေးတွေကို လက်ပါမှသာ ဆုံးမရလွယ်တယ်လို့ ယုံကြည်ကြပါတယ်။ မိဘတွေ/အုပ်ထိန်းသူတွေမှာ ကလေးတွေကို ရိုက်နှက်ရခြင်း အကြောင်းအရင်းများစွာ ရှိပါတယ်။ များသောအားဖြင့် . . . ကိုယ်တိုင် ကြီးပြင်းလာပုံ မိမိပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု အလုပ်၊ ငွေရေးကြေးရေး၊ မိသားစုအရေးတွေ စိတ်ဖိစီးရမှုတွေ စိတ်ကျန်းမာရေး ပြဿနာတွေ (ဥပမာ စိတ်ကျရောဂါ၊ စိုးရိမ်မှုလွန်ကဲသောရောဂါ) စိတ်မွန်းကျပ်မှုကို ဘယ်လိုဖြေလျှော့ရမှန်း မသိသူတွေ စိတ်လိုက်မာန်ပါ - [ရာသီလာနောက်ကျခြင်း Late Menstruation](https://www.telekyanmar.org/late-menstruation-april-2025/) - " ရာသီလာတာ ဘာလို့နောက်ကျတာလဲ""ရာသီပုံမှန်မလာတာ ဘာကြောင့်လဲ" ဒီမေးခွန်းလေးတွေရဲ့ အဖြေကို ဆွေးနွေးရေးသားပေးလိုက်ပါတယ်နော်။👇👇…… ❓ရာသီက ဘယ်လောက်အထိ နောက်ကျနိုင်လဲ။ လူတချို့မှာ ရာသီလာချိန်က တိတိကျကျရှိပေမယ့် အများစုကတော့ အနည်းငယ် အပြောင်းအလဲရှိတတ်ပါတယ်။ ဒါကြောင့် ရာသီလာတာ တစ်ရက်၊ နှစ်ရက်လောက် နောက်ကျသွားရင် စိတ်မပူပါနဲ့။ ရာသီစက်ဝန်းဆိုတာ ရာသီစလာတဲ့ရက်ကနေ နောက်ရာသီစလာတဲ့ရက်အထိ ကြာချိန်ကို ခေါ်တာပါ။ ပျမ်းမျှအားဖြင့် ဒီစက်ဝန်းတွေက ၂၈ ရက် ကြာတတ်ပေမယ့် ၂၁ ရက်ကနေ ၃၅ ရက်အထိလည်း ဖြစ်နေနိုင်ပါတယ်။ ဆိုလိုတာက တစ်လမှာ ၂၈ ရက်စက်ဝန်းရှိပြီး နောက်တစ်လမှာ ၂၆ ရက်စက်ဝန်းရှိတာက စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် မိမိရာသီက အောက်ပါအခြေအနေတွေမှာဆိုရင်တော့ နောက်ကျတယ်လို့ ယူဆနိုင်ပါတယ် . . . ✅ နောက်ဆုံးရာသီလာပြီး - [ကိုယ်တိုင် မသိထားမိလိုက်ဘဲ ပြုလုပ်နေမိတဲ့ Overgeneralization](https://www.telekyanmar.org/ကိုယ်တိုင်-မသိထားမိလိုက/) - ကျွန်မတို့ လူသားတွေဟာ ကောင်းတဲ့အတွေးထက်စာရင် အဆိုးဘက်ကို ပိုပြီးတွေးမိ ခံစားမိတတ်ကြတာ သဘာဝပါပဲ။ အဲဒီလို အနုတ်သဘောဆောင်တဲ့ အတွေးတွေထဲကမှ overgeneralization လို့ခေါ်တဲ့ အတွေးကိုတော့ ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ပိုပြီးတွေးတတ် ပြုလုပ်တတ်ကြပါတယ် ။ မိမိကြုံတွေ့ခံစားလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုခု၊ အတွေ့အကြုံတစ်ခုခုကို အခြေခံပြီး ကိုယ့်အတွေးထဲမှာတင် ယေဘုယျသဘောမျိုး ခြုံငုံပြီး ကောက်ချက်ချလိုက်တာကို overgeneralization လုပ်တယ်လို့ ခေါ်ပါတယ်။ ဥပမာ၊ အလုပ်အင်တာဗျူးတစ်ခုမှာ မအောင်ခဲ့ဘူးဆိုပါတော့… "ငါဒီတစ်သက်တော့ အလုပ်မရတော့ဘူးထင်ပါတယ်" လို့ တွေးလိုက်တာ။ လူတစ်ယောက်‌ယောက်နဲ့ စကားပြောအဆင်မပြေတဲ့အခါ "ငါဟာ လူတိုင်းနဲ့ မတည့်တာပဲ" လို့ ကောက်ချက်ချလိုက်တာ။ ကိုယ်အားပေးတဲ့ ဘောလုံးပွဲတစ်ပွဲ ရှုံးသွားတဲ့အခါ "ငါ့အသင်းက ဘယ်တော့မှ မနိုင်တော့ဘူး" လို့ တွေးမိတာ။ မိသားစုဝင်တစ်ဦးဦးနဲ့ ကတောက်ကဆဖြစ်တဲ့အခါ "ငါ့မိသားစုက ငါ့ကို - [သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း Hypoglycemia](https://www.telekyanmar.org/သွေးတွင်းသကြားဓာတ်-ကျဆင/) - လူအတော်အများများက ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ် တက်တာကိုပဲ သတိပြုကြပြီး ကုသကြတာကို တွေ့ရပါတယ်။ သွေးတွင်းသကြားဓာတ်က လိုတာထက် ပိုကျသွားရင်လည်း ရောဂါလက္ခဏာတွေ ခံစားတတ်တာမို့ ဒီအကြောင်းကို သေချာသိရှိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။…… ▫️Hypoglycemia (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း) ဆိုတာက နာမည်အတိုင်းပါပဲ… ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ Glucose (ဂလူးကို့စ်) က ပုံမှန်ရှိသင့်တဲ့ ပမာဏထက် ကျဆင်းသွားတာမျိုး ဖြစ်ပါတယ်။. ◼️ ဘယ်လိုလူတွေမှာ ဖြစ်တာလဲ 🔺ဆီးချိုရှိတဲ့သူ ဟုတ်ပါတယ်၊ ဆီးချိုရောဂါ ကုသမှုခံနေရသူက ဆီးချိုကျဆေး အလွန်အမင်း သောက်မိတဲ့အခါ၊ Insulin ထိုးဆေးထိုးတဲ့သူဆိုရင်လည်း လိုတာထက် ပိုထိုးမိတဲ့အခါတွေမှာ၊ ဆေးထိုးပြီးနောက် အစားကိုပုံမှန်မစားဖြစ်တာဆိုရင် သကြားဓာတ်က ကျသင့်တာထက် ပိုကျပြီးတော့ Hypoglycemia ဖြစ်တတ်ပါတယ်။. 🔺ဆေးဝါတချို့သောက်သုံးနေရသူတွ (တချို့သော ဆေးဝါးတွေက သကြားဓာတ် - [ခါးနာခြင်း Back Pain](https://www.telekyanmar.org/ခါးနာခြင်း-back-pain/) - အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။ ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။ ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် . . . ခါးနာခြင်းက ၂ ပတ်ထက် ကျော်လာခြင်း ကိုယ်က အနားယူပေးသော်လည်း မသက်သာခြင်း ခြေထောက်တစ်ဖက် (သို့ ) နှစ်ဖက်လုံး နာကျင်ခြင်း၊ ထုံကျဥ်ခြင်း၊ လမ်းမလျှောက်နိုင်တော့ခြင်း ပုံမှန်မဟုတ်ဘဲ သိသိသာသာ ဝိတ်ကျလာခြင်း ခါးထိခိုက်ဒဏ်ရာ ရရှိထားခြင်း ဆီး (သို့) ဝမ်းများ မထိန်းနိုင်ခြင်း စတဲ့လက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးရောဂါရှာဖွေပြီး ကုသဖို့လိုအပ်ပါတယ်။ ကိုယ်က - [ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများ (ဧပြီ၊ ၂၀၂၅)](https://www.telekyanmar.org/ဦးနှောက်အမြှေးရောင်ရော/) - ဦးနှောက်နှင့် အာရုံကြောမကြီး ဘေးပတ်လည်ရှိ အသားစများ ရောင်ရမ်းခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းဟု ခေါ်ဆိုပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း ပျိုခြင်း အန်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [ကျောဘက်ဝက်ခြံပေါက်ခြင်း Back Acne](https://www.telekyanmar.org/ကျောဘက်ဝက်ခြံပေါက်ခြင်/) - ကျောဘက်ဝက်ခြံထွက်ခြင်းဆိုတာ ကျောပေါ်မှာဖြစ်တဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအပေါက်လေးတွေ (အပေါက်ငယ်လေးတွေ) က အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ချွေးတွေနဲ့ ဆီဘမ်လို့ခေါ်တဲ့ အဆီရည်တစ်မျိုးနဲ့ ပိတ်ဆို့သွားတဲ့အခါဖြစ်တတ်ပါတယ်။. ❓ဘာကြောင့် ကျောဘက်ဝက်ခြံ ပေါက်ရတာလဲ။ သင့်ခန္ဓာကိုယ်က အဆီကို အလွန်အကျွံထုတ်လုပ်တာ ဒါမှမဟုတ် အရေပြားကို သေချာမသန့်စင်ဘူးဆိုရင် အပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ - ✅ မျိုးရိုးလိုက်ခြင်း - သင့်မိသားစုမှာ ဝက်ခြံထွက်တဲ့ ရာဇဝင်ရှိရင် သင်လည်း ဝက်ခြံပိုထွက်နိုင်ပါတယ်။ ✅ ပွတ်တိုက်မှု - ချွေးစိုနေတဲ့အရေပြားနဲ့ ပွတ်တိုက်မိတဲ့ အင်္ကျီတွေ၊ ကျောပိုးအိတ်တွေ၊ အားကစားပစ္စည်းတွေနဲ့ တခြားအဝတ်အစားတွေက ကျောဝက်ခြံကို ဖြစ်စေနိုင်သလို ပိုဆိုးစေနိုင်ပါတယ်။ ✅ ဟော်မုန်းများ - ကိုယ်ဝန်ဆောင်တွေနဲ့ ဆယ်ကျော်သက်အရွယ် (အရွယ်ရောက်စ) လူငယ်တွေမှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် - [ဆီးချိုအကြိုရောဂါ Prediabetes](https://www.telekyanmar.org/ဆီးချိုအကြိုရောဂါ-prediabetes/) - ဆီးချိုအကြိုလက္ခဏာ ဆီးချိုအကြိုရောဂါ (prediabetes) ဆိုတာကတော့ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာဖြစ်ပြီး အမျိုးအစား (၂) ဆီးချိုအဆင့်ထိကိုတော့ မရောက်သေးပါဘူး။ ဒါပေမယ့် အရေးကြီးတာကတော့ ကိုယ့်ရဲ့နေထိုင်စားသောက်မှုပုံစံကို မပြောင်းလဲဘူးဆိုရင်တော့ အမျိုးအစား (၂) ဆီးချိုအဆင့်ကို လုံးလုံးလျားလျား ရောက်ရှိနိုင်ပါတယ်။ ဆီးချိုအကြိုရောဂါရှိနေပြီဆိုရင်တော့ နှလုံး၊သွေးကြောနဲ့ ကျောက်ကပ်တို့မှာ စတင်ထိခိုက်နိုင်ပါတယ်။ ကျန်းမာစေတဲ့ အစားအသောက်တွေ စားမယ်၊ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်မယ်၊ ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းမယ် အစရှိတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်ရင်းနဲ့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပြန်ရောက်အောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဆီးချိုအကြိုရောဂါက အများအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ ဖြစ်နိုင်တဲ့ လက္ခဏာတစ်ခုကတော့ လည်ပင်း၊ ချိုင်းနဲ့ ပေါင်ခြံတို့လိုနေရာတွေမှာ အရေပြားအရောင် မည်းလာတာပဲ ဖြစ်ပါတယ်။…… ဆီးချိုအကြိုကနေ ဆီးချိုကို လုံးလုံးလျားလျားပြောင်းလဲနေပြီဆိုတာကို သိနိုင်တဲ့အချက်တွေကတော့ . . . ခဏခဏရေဆာမယ် - [ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန် (ဧပြီလ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ရေမှတစ်ဆင့်-ကူးစက်တတ်သေ/) - ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ကာကွယ်နိုင်ရန် 💧 အစားအစာ ပြင်ဆင်ချက်ပြုတ်နေစဉ်၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ဆေးပါ။💧 သန့်ရှင်းသော ရေ (ကျိုချက်ထာသော ရေ) ကို သောက်သုံးပါ။💧 သန့်ရှင်းသော ရေဖြင့် ပြုလုပ်ထားသည့် ရေခဲချောင်းနှင့် ရေခဲများကိုသာ စားသုံးပါ။💧 သောက်သုံးရေကို အဖုံးပါပြီး သန့်ရှင်းသော အိုး၊ ဗူး၊ ကန်များတွင် သိုလှောင်ပါ။💧 ရေပိုက်များနှင့် ရေသိုလှောင်ကန်များကို ပုံမှန်ဆေးကြောပါ။💧 သေချာစွာ ချက်ပြုတ်ထားသော အစားအစာကိုသာ စားသုံးပါ။💧 အသီးအနှံများနှင့် အသီးအရွက်များကို သေချာစွာ ဆေးကြောပါ။💧 ယင်လုံအိမ်သာ အသုံးပြုပါ။ တွေ့ကရာနေရာတွင် မစင်မစွန့်ရ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အသက်ရှူလေ့ကျင့်ခန်း Breathing Exercise](https://www.telekyanmar.org/breathing-exercise-april-2025/) - "အသက်ရှူဖို့တောင်မေ့နေတယ်" ဆိုပြီး ကျွန်တော်တို့ ညည်းတွားပြောဆိုတတ်ကြတယ်။ တကယ်ကိုပဲ ကျွန်တော်တို့ ဖြစ်တတ်ကြပါတယ်။ ပြင်းထန်တဲ့ စိတ်ခံစားချက်တွေ၊ အာရုံစူးစိုက်မှုတွေ၊စိတ်ဖိစီးမှုတွေ၊ အစိုးရိမ်လွန်တာတွေ၊ အတွေးလွန်တာတွေ၊ အလွန်အမင်း အံ့အားသင့်မှုတွေ၊ အလုပ်ဖိစီးမှုတွေကြောင့် ခဏတာမျှ အသက်ရှူနှုန်းမမှန်တာ ဒါမှမဟုတ် အသက်ရှူဖို့ သတိမေ့သွားသလို ခံစားရတာကို တင်စားပြီး ပြောတဲ့စကားဖြစ်ပါတယ်။ စိတ်ဖိစီးတာတွေ၊ လုပ်ငန်းခွင်မှာ ဖိစီးတာတွေကြောင့် ရင်ထဲမှာ မွန်းကျပ်လာပြီး တစ်ခါတစ်ခါ အသက်ရှူဖို့တောင် မေ့သွားတဲ့အထိ ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အသက်ရှူဖို့ မေ့မသွားဖို့ သတိနဲ့အသိကို ကပ်ပြီးနေပေးဖို့ လိုပါတယ်။ အခုလို သဘာဝဘေးအန္တရယ်ကြုံတွေ့ကြပြီး စစ်မီးတောက်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်သူတွေမှာ စိတ်ဖိစီးမှုများစွာ ခံစားနေကြရတယ်။ စိတ်ရောကိုယ်ပါ လုံခြုံမှုမရှိကြတော့ ပိုလို့တောင် စိတ်ပင်ပန်းကြရတယ်။ ကြေကွဲစရာတွေများစွာ၊ စိတ်ဒဏ်ရာတွေများစွာနဲ့ နေ့စဉ်ကျော်ဖြတ်နေကြရတယ်။ အဲဒီတော့ အသက်ရှူမဝကြဘူး။ - [ငလျင်သတင်းများနှင့် Passive Absorption](https://www.telekyanmar.org/ငလျင်သတင်းများနှင့်-passive-absorption/) - ငလျင်ဒဏ်မခံရပေမယ့် ငလျင်သတင်းတွေကို ကြည့်ရင်းဖတ်ရင်းလည်း ကျွန်မတို့မှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်မှုလွန်ကဲခြင်းတွေ၊ စိတ်ဒဏ်ရာတွေ ရတတ်ပါတယ်။ အထူးသဖြင့် ခုလို crisis ကာလမှာ social media ကို တောက်လျှောက်အသုံးများနေတဲ့သူတွေမှာ ဒီလို စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုအဖြစ်များတတ်ပါတယ်။ ပုံမှန်အချိန်မှာတောင် သတင်းအမှားတွေ၊ ထိတ်လန့်စရာ ဗီဒီယိုတွေ၊ စိတ်ရှုပ်ထွေးစေတဲ့ content တွေဟာ social media တွေမှာ အများကြီးရှိပါတယ်။ ဒါတွေကို အဆက်မပြတ်ကြည့်မိရင် စိတ်ဖိစီးမှုတွေ ပိုများလာနိုင်ပြီး ခုရက်ပိုင်း ငလျင်သတင်းတွေလို သတင်းဆိုးတွေဆိုရင် ပိုဆိုးတာပေါ့။ ငလျင်သတင်းတွေရဲ့ ရိုက်ခတ်မှုကြောင့် ဦးနှောက်ကလည်း အလိုအလျောက် သတင်းဆိုးတွေကိုပဲ စုပ်ယူနေသလို ဖြစ်လာပါတယ်။ ဒါကို "passive absorption" လို့ ခေါ်ပါတယ်။ "Passive absorption" ကြောင့် စိတ်မချမ်းမြေ့စရာ သတင်းတွေဟာ - [Zero Suicide Hotline](https://www.telekyanmar.org/zero-suicide-hotline/) - ဖုန်းချလိုက်တဲ့အခါ အသံလှိုင်းလေးက တိတ်ဆိတ်သွားပေမယ့် နားထဲမှာတော့ စကားသံတွေက ပဲ့တင်ထပ်နေတုန်း။ ဝမ်းနည်းပူဆွေးမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေ၊ ကြေကွဲနာကျင်မှုတွေရဲ့ အသံတွေ။ တစ်ခါတလေ အသံက တိုးညှင်းလွန်းလို့ ‌ကောင်းကောင်းတောင် ကြားဖို့ခက်တဲ့ အသံတွေ။ ဒီလိုအသံတွေထဲမှာပဲ နားထောင်ပေးမယ့်သူကို လိုအပ်နေတဲ့ ခံစားချက်တွေ၊ အကူအညီမဲ့နေတဲ့ ဝေဒနာတွေ၊ မျှော်လင့်ချက်သေးသေးလေးကို ဆုပ်ကိုင်ထားတဲ့ လူသားတစ်ယောက်ရဲ့ ရုန်းကန်နေရတဲ့အသံတွေကို ရင်ထဲကြားနေရပါတယ်။…… ဒီလိုအသံတွေကို ကြားရတဲ့အခါတိုင်း ကျွန်မရင်မှာ အမြဲနာကျင်ရပါတယ်။ လူသားတစ်ယောက်ရဲ့ ဝေဒနာတွေကို အတိုင်းသားမြင်လိုက်ရတာကိုး။ သူတို့ရဲ့ဝမ်းနည်းမှုတွေ၊ နာကျင်မှုတွေက တစ်ခါတစ်ရံ ကျွန်မရင်ထဲကိုပါ စိမ့်ဝင်လာတတ်ပါ‌တယ်။ ဒါပေမဲ့ ကျွန်မကပါ လိုက်ငိုလို့မဖြစ်ဘူးမို့လား။ ကျွန်မကိုယ်တိုင်က သူတို့အတွက် အားကိုးရာတစ်ခုဖြစ်ရပါမယ်။ သူတို့ရဲ့ ဝေဒနာတွေကို နားထောင်ပေးပြီး အားပေးစကားလေးတွေနဲ့ နှစ်သိမ့်ပေးရပါမယ်။ ပူပန်မှုတွေကို ဖြေလျော့စေရပါမယ်။…… ဖုန်းချပြီးသွားတိုင်း ကျွန်မ တစ်ယောက်တည်း - [စိတ်ဖိစီးမှုကင်းစေရေး နေ့စဥ်ဂရုစိုက်ပေး](https://www.telekyanmar.org/စိတ်ဖိစီးမှုကင်းစေရေး-န/) - ဒီနေ့အချိန်အခါလို အစစအရာရာကျပ်တည်းပြီး ရုန်းကန်အသက်ရှင်နေရတဲ့အချိန်မှာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးလှတဲ့ စိတ်ကျန်းမာရေးကိုလည်း အတတ်နိုင်ဆုံး ကျန်းမာအောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။ နေ့စဉ် စားရေးသောက်ရေးမှစပြီး ဘဝမှာ စိတ်ဖိစီးမှုများစွာကို ကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် အချိန်ကြာအောင် စိတ်ဖိစီးမှုများတိုးလာတဲ့အခါ စိုးရိမ်စိတ်နှင့် စိတ်ဓာတ်ကျခြင်းစတဲ့ စိတ်ကျန်းမာရေးပြဿနာ များ သို့မဟုတ် နှလုံးနှင့် အူလမ်းကြောင်းဆိုင်ရာ ပြဿနာ (IBS) စတဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပြဿနာများ တိုးပွားလာစေနိုင်ပါတယ်။ ကံကောင်းစွာနဲ့ ဒီလိုစိတ်ဖိစီးမှုတွေကို လွယ်လွယ်ကူကူ အခကြေးငွေမကုန်ဘဲ ဖြေရှင်းလို့ရနေတာကို သတိမပြုမိကြဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာတော့ လွယ်ကူရိုးရှင်းတဲ့ စိတ်ဖိစီးမှုသက်သာစေရန် အချို့သော ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများကို အကြံဉာဏ်ပေးချင်ပါတယ်။…… 🔹မိမိကျန်းမာရေးအတွက်ကိုသာ ပဓာနဦးစားပေး၍ စားသောက်ခြင်း စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ တစ်နေ့တာအပြီးမှာ ဘီယာတစ်ခွက်ဖြစ်ဖြစ် သောက်ဖို့ ခြေလှမ်းလှမ်းနေပါသလား။ - [စိတ်ဖြေလျှော့နည်း (ပုံပြစာတို)](https://www.telekyanmar.org/စိတ်ဖြေလျှော့နည်း-ပုံပြ/) - စိတ်ခံစားချက်ပေါင်းစုံနဲ့ မွန်းကျပ်ရှုပ်ထွေးလာတဲ့အခါ အချိန် ၂- ၃ မိနစ်လောက်ပေးပြီး ဒီပုံလေးတွေထဲကအတိုင်း လုပ်ကြည့်ပေးနော်။ လက်တွေ့ အကျိုးရှိလာပါလိမ့်မယ် 😇 - [ငလျင်လှုပ်ခတ်ပြီးနောက် အဖြစ်များတတ်သော ကူးစက်ရောဂါများ (ဧပြီလ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ငလျင်လှုပ်ခတ်ပြီးနောက်/) - ငလျင်လှုပ်ခတ်ပြီးနောက် အဖြစ်များတတ်သော ကူးစက်ရောဂါများ 🦠 ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားသည့် ဝမ်းပျက်ဝမ်းလျှောရောဂါများ🦠 ဖုန်အမှုန်များကြောင့် ဖြစ်ပွားသည့် အသက်ရှုလမ်းကြောင်းနှင့် အဆုတ်ရောင် ကူးစက်ရောဂါများ🦠 အင်းဆက်ပိုးမွှားများကြောင့် ဖြစ်ပွားသည့် ငှက်ဖျားနှင့် အခြားကူးစက်ရောဂါများ🦠 မေးခိုင်ပိုးဝင်ခြင်း🦠 ဝက်သက်ရောဂါ🦠 အရေပြားကူးစက်ရောဂါ🦠 အသည်းရောင်အသားဝါ အေ နှင့် အီး တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း Traumatic Mutism](https://www.telekyanmar.org/traumatic-mutism-april-2025/) - ငလျင်ကြီးလိုမျိုး အပြင်းအထန် တုန်လှုပ်မှုတွေ ဖြစ်ပြီးတဲ့နောက်မှာ ကလေးငယ်တွေ စကားမပြောနိုင်တော့တာက တကယ်ဖြစ်တတ်တဲ့ အခြေအနေတစ်ခုပါပဲဒါကို "စိတ်ဒဏ်ရာကြောင့် စကားမပြောနိုင်ခြင်း (Traumatic Mutism)" လို့ ခေါ်ကြပါတယ်။အခုကတော့ ငလျင်ပြီးနောက်ဖြစ်တာမို့ "Post-earthquake Mutism " လို့ သတ်မှတ်ပါတယ် ။ ဒီ Topic ဟာ ကျွန်မ မရေးချင်ဆုံး ခေါင်းစဉ်တွေထဲက တစ်ခုပါ ။ ဒီလိုငယ်ရွယ်နုနယ်လှတဲ့ ကလေးငယ်တွေကို ကြီးမားတဲ့စိတ်ဒဏ်ရာတွေ မ‌ရစေချင်သလို အခုလို mutism ဖြစ်တဲ့အခါ မိဘဖြစ်သူတွေမှာ အလွန်ကို စိုးရိမ်သောက များရတာကို ကိုယ်ချင်းစာမိလို့ပါပဲ ။အချို့က တီတီတာတာ စကားတတ်စကနေမှ လုံးဝကို အသံမထွက်တော့တာမျိုးရှိသလို ၊ အချို့က စကားပြောတတ်ရင်းကာနေမှပဲ တစ်ခွန်းစနှစ်ခွန်းစပဲပြောတော့တာ လုံးဝမပြောတော့တာမျိုးတွေ ဖြစ်တတ်ကြပါတယ် ။ဘယ်လိုပဲဖြစ်ဖြစ် မိဘအုပ်ထိန်းသူတွေအဖို့ အရူးမီးဝိုင်းခံစားရကြပါတယ် - [ငလျင်နောက်ဆက်တွဲ မူးဝေခြင်း Earthquake Drunk](https://www.telekyanmar.org/earthquake-drunk-april-2025/) - ဒီနေ့ဆိုရင် ငလျင်ကြီးပြီး ၅ ရက် မြောက်ပါ။ ၇.၇ အားနဲ့ ငလျင်ကြီးကတော့ လှုပ်လို့ပြီးသွားပေမယ့် ကျွန်မတို့အများစုကတော့ ကိုယ်ရော စိတ်ပါ ရိုက်ခတ်မှုတွေ ရှိနေတုန်း ဖြစ်နေကြမှာပါ။ တယ်လီကျန်းမာမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေကလည်း ငလျင်နောက်ဆက်တွဲ ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး ပြဿနာတွေ ကုသ တိုင်ပင်ပေးဖို့ ဆေးခန်းချိန်တွေ တိုးဖွင့်ပြီး ည ၁၂ အထိ ကြည့်ရှုပေးလျက်ရှိပါတယ်။ တကယ့် တကယ်တမ်း ပြင်းပြင်းထန်ထန် ထိခဲ့တဲ့ နေရာတွေမှာ မီး၊ ရေ၊ ဖုန်းအား အခက်အခဲနဲ့ အင်တာနက် တက်ဖို့ ခက်နိုင်တာမှန်ပေမယ့် ခဏလေးပဲ လိုင်းတက်လို့ရလို့ တွေ့ရင်ပဲဖြစ်ဖြစ် အကျိုးရှိသွားအောင် စာတွေ၊ ဗဟုသုတတွေ ဆက်မျှဝေထားပါရစေ။ "ငလျင်နောက်ဆက်တွဲ မူးဝေခြင်း | Jishin-Yoi | - [ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်](https://www.telekyanmar.org/ကလေးငယ်များနှင့်-ငလျင်က/) - "ကလေးငယ်များနှင့် ငလျင်ကြောက်စိတ်" စိတ်မချမ်းမြေ့စရာ ငလျင်သတင်းတွေနဲ့ အတူ ကျွန်မတို့ဟာ မိနစ်တိုင်းစက္ကန့်တိုင်းနီးပါး စိတ်မသက်မသာဖြစ်မှုကို ခံစားနေကြရပါတယ်။ ရှင်သန်သူတွေမှာလည်း ရှင်သန်သူအလျောက် ၊ ငလျင်ဒဏ်မခံလိုက်ရပေမယ့် တက်လာတဲ့သတင်းတွေဖတ်ပြီး ကိုယ်သာ အဲ့နေရာမှာဆိုရင်စတဲ့ ကိုယ်ချင်းစာစိတ်တွေကြောင့် ရင်မောနေသူတွေဟာလည်း ဒီနိုင်ငံမှာ လူလာဖြစ်ရတာ ကံဆိုးလှချည်ရဲ့လို့ပင် မငြီးငြူနိုင်တော့လောက်အောင် ဝေဒနာမီးဟာ ကူးစက်မြန်ပါတယ် ။ ပြိုကျသွားတဲ့ မူကြိုက ကလေးအချို့ကို ကယ်ဆယ်နိုင်တဲ့ ဗီဒီယိုအပိုင်းအစလေး ညက ကြည့်လိုက်ရတယ်။ ကိုယ့်သားသမီးလေးသာဆိုရင် ဆိုတဲ့စိတ်ကြောင့် မျက်ရည်ကျမိတာလည်း အခါခါပါ။ တစ်ဆက်တည်းတွေးမိတာက ဒီကလေးတွေဟာ ကံသီလို့ အသက်ဘေးက လွတ်မြောက်ခဲ့ရပေမယ့်ဒီအရွယ်လေးနဲ့ ကပ်ဆိုးကပေးတဲ့ စိတ်ဒဏ်ရာတွေ ရခဲ့ကြပြီ ။ တချို့က မျှော်နေတဲ့ မိဘတွေ ရှိရင်ရှိလိမ့်ဦးမယ် တချို့က မိဘတွေပါ ငလျင်ကပ်ဆိုးထဲ ပါသွားလောက်မလား တချို့က မိခင်/ဖခင် တစ်ဦးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာမျိုးရှိကောင်းရှိမယ်ဘယ်အခြေအနေမျိုးဖြစ်ဖြစ် ဒီကလေးလေးတွေဟာ - [ခက်ခက်ခဲခဲကျော်ဖြတ်ကြရဦးမယ့် Survivor Guilt ](https://www.telekyanmar.org/ခက်ခက်ခဲခဲကျော်ဖြတ်ကြရ/) - ငလျင်ဘေးအပြီးမှာ အသက်ရှင်ကျန်ရစ်သူတွေ ခံစားရတတ်တဲ့ survivor guilt ဆိုတာဟာ အလွန်ကိုမှ ပင်ပန်းခက်ခဲလှတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါ။ တကယ်တော့ ငလျင်ကပ်ဘေးရယ်လို့မှ မဟုတ်ပါဘူး ကျွန်မတို့တစ်နိုင်လုံးအတိုင်းအတာနဲ့ကတော့ အကြမ်းဖက်မှုတွေ ၊ စစ်ပွဲတွေ ၊ တိုက်ခိုက်မှုတွေ စတဲ့ အဖြစ်အပျက်ဆိုးတွေကနေ ရှင်ကျန်ခဲ့ရသူတွေမှာလည်း ဒီ survivor guilt ကို ခံစားခဲ့ရဖူးသူတွေ၊ လက်ရှိခံစားနေရဆဲသူတွေ ဒုနဲ့ဒေး ရှိနေဆဲပါပဲ။ ဒီအခြေအနေကို ဖြတ်ကျော်နေရတဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းတွေပါ အပြင်းအထန် ထိခိုက်ခံစားရတတ်ပါတယ် ။ 🟥မိမိကိုယ်ကို အပြစ်ရှိတယ်လို့ အပြင်းအထန်ခံစားရခြင်း ။ ငါက ဘာလို့ အသက်ရှင်ကျန်ခဲ့ရတာလဲ၊ငါကြောင့် သူတို့ဆုံးပါးသွားရတာလားဘာလို့ သူများတွေ မဟုတ်ဘဲ ငါပဲ ရှင်ကျန်ရတာလဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတတ်ပါတယ်"ငါသာ ဒီလိုလုပ်ခဲ့ရင်… သူတို့ မသေဘဲ ရှိမှာပဲ" - [ကိုယ်ဝန်ဆောင်စဉ် လိုက်နာရန် (မတ်လ၊ ၂၀၂၅)](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်စဉ်-လိုက်န/) - ကိုယ်ဝန်ဆောင်စဉ် လိုက်နာရန် ဆေးလိပ်နှင့် မူးယစ်ဆေးဝါး ရှောင်ကြဉ်ပါ။ ဆေးခန်း ပုံမှန်ပြပါ။ တစ်ခုခုဖြစ်ပါက အကူအညီ ရှာဖွေပါ။ ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။ လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [Crush injury ကြောင့်ဖြစ်တဲ့ Crush Syndrome (Rhabdomyolysis)](https://www.telekyanmar.org/crush-injury-ကြောင့်ဖြစ်တဲ့-crush-syndrome-rhabdomyolysis/) - Crush Syndrome ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို လေးပင်တဲ့အရာတစ်ခုခုနဲ့ ကြာရှည်ဖိမိတာ (ဥပမာ - ငလျင်ကြောင့် အဆောက်အအုံ အပျက်အစီးအောက် မြုပ်နေသူ၊ accident တစ်ခုခုကြောင့် ညှပ်နေသူ ၊ အလေးအပင်အောက် ပိမိပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကြေမွနေသူ) ကြောင့် ကြွက်သားဆဲလ်တွေ ပျက်စီးပြီး အဆိပ်အတောက်ဓာတ်တွေ (ပိုတက်ဆီယမ် Potassium၊ မိုင်ယိုဂလိုဘင် Myoglobin၊ ဖော့စဖိတ် Phosphate )စတဲ့ဓာတ်တွေထွက်​နေရာက​နေ ပိ​နေတဲ့ ဖိထားတဲ့အရာ​တွေကို သတိမထား ပြင်ဆင်မှုမရှိဘဲ ဖယ်လိုက်တဲ့အခါ သွေးထဲကို ရုတ်တရက်အဆိုပါ အန္တရာယ်ရှိတဲ့ ဓါတ်​တွေ ရောက်ရှိပြီးနောက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲရောဂါ ဖြစ်ပါတယ်။**အသက်အန္တရာယ်ပေးနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ် ။ ➡️သူ့ရဲ့လက္ခဏာတွေက ဘာတွေလဲ -ကြွက်သားရောင်ရမ်းတာ-ကြွက်သားမာပြီး နာကျင်ကိုက်ခဲတာ-အရေပြားပေါ်မှာ သွေးခြေဥအညိုအမည်းစွဲတာ-​ခြေ သို့လက်ဆို ဖြူ​နေတာ၊ ​သွေးမ​လျှောက်လို့ ကိုင်ကြည့်ရင်​​အေး​နေတာ၊ ထုံကျင်တာ - [စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းများ PFA (Psychological First Aid)](https://www.telekyanmar.org/စိတ်ပိုင်းဆိုင်ရာရှေးဦ/) - အခုအချိန်မှာ လူတိုင်းနီးပါး လိုအပ်နေတဲ့ PFA (Psychological First Aid) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုနည်းလေးတွေကိုလည်း အကျဉ်းချုံးလေး မျှဝေပေးချင်ပါတယ်။ PFA ဆိုတာ တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေပဲ လုပ်လို့ရတဲ့အရာမျိုး မဟုတ်ပါဘူးမည်သူမဆို PFA ပေးလို့ရပါတယ်ပညာရှင်များသာမကပဲ စေတနာ့ဝန်ထမ်းတွေ ၊ အရေးပေါ်ကယ်ရေးဝန်ထမ်းတွေအပြင် ပြည်သူလူထုအချင်းချင်း ပေးလို့ရပါသေးတယ် ။မှန်ကန်တဲ့နည်းလမ်းနဲ့ ပေးနိုင်ဖို့တော့ လိုပါတယ် ။ PFAဆိုတာ ဖြစ်ရပ်ဆိုးနဲ့ ကပ်ဘေးတစ်ခုကြောင့် လောလောလတ်လတ် ထိခိုက်ခံစားနေရသူများကို ဖေးမကူညီပေးဖို့ ရည်ရွယ်ပါတယ်။ လူလုပ်တဲ့ ဘေးအန္တရာယ်အပြင် ယခုလို သဘာဝဘေးအန္တရာယ်ဖြစ်ရပ်ဆိုးတွေကို မိမိကိုယ်တိုင်ကြုံတွေ့ရသည်ဖြစ်စေ ၊ တဆင့်မြင်ရကြားရသည်ဖြစ်စေ ကျွန်မတို့မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေဖြစ်ပေါ်ခံစားရကြပါတယ် ။ အဲ့ဒီလို အရေးပေါ်အခြေအနေတွေမှာ ကျွန်မတို့အနေနဲ့ လူသားဆန်တဲ့ အထောက်အပံ့၊ အကူအညီ ၊ ပံ့ပိုးမှုတစ်ခုခုပေးလိုက်တာကို - [သဘာဝဘေးအန္တရာယ် ကြုံတွေ့ ခံစားခဲ့ရသူများတွင် ဖြစ်ပေါ်တတ်သော စိတ်ပိုင်းဆိုင်ရာလက္ခဏာများ](https://www.telekyanmar.org/သဘာဝဘေးအန္တရာယ်-ကြုံတွေ/) - ◾️သဘာဝဘေးအန္တရာယ် ကြုံတွေ့ပြီး (၂၄) နာရီအတွင်း ဖြစ်ပေါ်နိုင်သောလက္ခဏာများ စိတ်တင်းကျပ်ခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်း၊ အလွန် အမင်း ထိတ်လန့်ခြင်း စကားမေးမရတော့ဘဲ ငေးငိုင်သွားခြင်း မိမိကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို လက်မခံနိုင်၊ မယုံကြည်နိုင်ခြင်း ဂဏာမငြိမ်ခြင်း၊ စိတ်ရှုပ်ထွေးနေခြင်း ငိုကြွေးခြင်း လူအများနှင့်ရောနှောမနေတော့ဘဲ တသီးတခြားနေ လာခြင်း မိသားစုအတွင်း မိမိတစ်ဦးတည်း ရှင်သန်လွတ် မြောက်ခဲ့ရခြင်းအတွက် အပြစ်မကင်းသလို ခံစားရ ခြင်း…… ◾️သဘာဝဘေးအန္တရာယ်ကြုံတွေ့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ဖြစ်ပေါ်နိုင်သောလက္ခဏာများ အလွန်အမင်း ကြောက်လန့်ခြင်း ထိတ်ထိတ်ပျာပျာဖြစ်ခြင်း၊ စိတ်ပူပန်ခြင်း ငိုကြွေးခြင်း မျှော်လင့်ချက်များ ကင်းမဲ့သလို ခံစားရခြင်း မိမိကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များ အတွေး အာရုံအတွင်းသို့ ပြန်လည်ဝင်ရောက်လာတတ်ခြင်း ရှင်သန်လွတ်မြောက်ခဲ့ရခြင်းအတွက် အပြစ်မကင်း သလို ခံစားရခြင်း…… 💞 အပြုသဘောဆောင်သည့် တုံ့ပြန်ခံစားမှုများ မျှော်လင့်ချက်များရှိခြင်း၊ ဘဝရှေ့ရေးအတွက် စဉ်း - [စွဲလမ်းခြင်း၏ အခြားတစ်ဖက်](https://www.telekyanmar.org/စွဲလမ်းခြင်း၏-အခြားတစ်ဖ/) - စွဲလမ်းမှုလို့ပြောရင် အကောင်အထည်ပြလို့ရတဲ့ လူပုဂ္ဂိုလ်၊ အရာဝတ္တုတွေကို စွဲလမ်းကြတာမျိုး ရှိသလို လက်ဆုပ်လက်ကိုင် ပြလို့မရတဲ့ စိတ္တဇနာမ်တွေအပေါ်လည်း စွဲလမ်းတာမျိုးလည်း ရှိတတ်ကြပါတယ်။ ချစ်ရသူကို စွဲလမ်းမယ်။အတိတ်တွေကို စွဲလမ်းမယ်။စိတ်ကို မူးယစ်စေတဲ့အရာတွေကို စွဲလမ်းမယ်။နာကျင်ရတာကို စွဲလမ်းမယ် စသဖြင့်ပေါ့။ ဒီနေ့အဖို့ကတော့ မျက်စိနဲ့မမြင်ရ၊ ကိုင်တွယ်ထိတွေ့လို့မရတဲ့ အရာတွေအပေါ် စွဲလမ်းခြင်းအကြောင်းကိုပဲ ဆွေးနွေးသွားပါ့မယ်။…… လူအများစုက အတိတ်တွေထဲမှာ ပိတ်မိနေတတ်ကြတာ များပါတယ်။ ကျွန်မကိုယ်တိုင်လည်း အာဏာမသိမ်းခင်က လွတ်လပ်ပျော်ရွှင်ခဲ့ရတဲ့ ဆရာဝန်ဘဝကို ပြန်စဉ်းစားမိ လွမ်းမိနေတုန်းပါပဲ။ တစ်ခါတလေ အတိတ်ကို ပြန်တွေးမိတာဟာ သဘာဝပဲဆိုပေမယ့် ထပ်ခါတလဲလဲ စဉ်းစားမိပြီး ဒီအတိတ်တွေကနေ ရုန်းမထွက်နိုင်တော့ဘူးဆိုရင်တော့ ဒါကို အဖြေရှာပြီး ရှေ့ဆက်နိုင်ဖို့ လိုပါတယ်။ အတိတ်က ပျော်ရွှင်စရာတွေကို စွဲလမ်းနေတာ အတိတ်က နာကျင်ခဲ့ရတာတွေကို မမေ့နိုင်တာ အတိတ်က စိတ်ဒဏ်ရာတွေဆီကနေ ရုန်းထွက်မရတာ - [ခွေးအပါအဝင် တိရစ္ဆာန်အကိုက်ခံရပါက (မတ်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ခွေးအပါအဝင်-တိရစ္ဆာန်အက/) - ခွေးအပါအဝင် တိရစ္ဆာန်အကိုက်ခံရပါက 🐶 ဒဏ်ရာကို ဆပ်ပြာဖြင့် ချက်ချင်းဆေးကြောပါ။🐶 နီးစပ်ရာဆေးခန်းသို အမြန်ဆုံး သွားရောက်ပါ။🐶 ခွေးရူးပြန်ကာကွယ်ဆေး မဖြစ်မနေထိုးပါ။🐶 မိမိကို ကိုက်လိုက်သော တိရစ္ဆာန်တွင် ခွေးရူးပြန်လက္ခဏာ ပြ/မပြ စောင့်ကြည့်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [ကိုယ်က ဘယ်လို Personality မျိုး ရှိတဲ့သူလဲ](https://www.telekyanmar.org/ကိုယ်က-ဘယ်လို-personality-မျိုး-ရှိ/) - လူတစ်ယောက်ရဲ့ Personality ဆိုတာကတော့ သူ့ရဲ့အတွေးအမြင်၊ အပြုအမူ၊ စိတ်ခံစားချက်၊ စရိုက်လက္ခဏာပုံစံ စတာတွေကို ဆိုလိုတာဖြစ်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေသလို တစ်ယောက်နဲ့တစ်ယောက် personality traits တွေလည်း မတူနိုင်ပါဘူး။ ဒီလို မတူညီမှုတွေကြောင့်ပဲ လူမှုအသိုက်အဝန်းမှာ ဆက်ဆံကြတဲ့အခါ သဘောထားမတိုက်ဆိုင်တာတွေ၊ နားလည်မှုလွဲတာတွေ၊ ညှိနှိုင်းလို့မရတာတွေ၊ ပွတ်တိုက်မှုတွေ ရှိလာတတ်ကြတာပေါ့။ ကိစ္စတစ်ရပ်အပေါ်မှာ ယူဆပုံချင်း၊ တွေးမြင်ပုံချင်း၊ ကောက်ချက်ချပုံချင်း မတူကွဲပြားတဲ့အခါ .. လုပ်ငန်းခွင်မှာ ဆက်ဆံရေးတွေမပြေလည်လို့ ဒီပတ်ဝန်းကျင်မှာ မပျော်မွေ့တော့တဲ့အခါ.. မိသားစုအိမ်တွင်းရေးမှာ ကတောက်ကဆတွေနဲ့ ညှိနှိုင်းဖို့ခက်ကြတဲ့အခါ .. သမီးရည်းစား ချစ်သူဇနီးမောင်နှံတွေကြား သဘောထားမတိုက်ဆိုင်မှုတွေနဲ့အတူ တဖြည်းဖြည်းအက်ကွဲကြောင်းတွေထပ်လာတဲ့အခါ …. လူတွေမှာ ဘယ်လို Personality ဉာဥ်မျိုးတွေရှိတတ်လဲ၊ ကိုယ်ကရော ဘယ်အမျိုးအစားထဲမှာ ပါနေလဲဆိုတာ အကြမ်းဖျင်းနားလည်ထားရင် အပေါ်မှာပြောခဲ့တဲ့ မပြေလည်ခြင်းတွေကို အတိုင်းအတာတစ်ခုအထိ - [စိတ်ကိုလည်း ရေချိုးပေးပါ](https://www.telekyanmar.org/စိတ်ကိုလည်း-ရေချိုးပေးပ/) - "စိတ်ကိုလည်း ရေချိုးပေးပါ" ကျွန်တော်တို့တွေဟာ နေ့စဥ် မနက်အိပ်ရာကနိုးလာတဲ့အခါ မျက်နှာသစ်ကြတယ်။ သွားတိုက်ကြတယ်။ ကိုယ်လက်သန့်စင်တာတွေ လုပ်ကြတယ်။ ရေချိုးကြတယ်။ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ကြတယ်။ ရေချိုးလိုက်ရင် လန်းဆန်းတက်ကြွသွားတယ်။ မိုးလင်းတာနဲ့ ကျွန်တော်တို့တွေဟာ ခန္ဓာကိုယ်ကို သန့်ရှင်းအောင်လုပ်ကြသလို မျက်နှာကိုလည်း လှအောင်လုပ်ကြပါတယ်။ ဒါပေမယ့် မိမိရဲ့စိတ်ကို သန့်ရှင်းရေးလုပ်ဖို့၊ စိတ်ကိုရေချိုးပေးဖို့ကိုတော့ ကျွန်တာ်တို့ သတိမူဖို့ မေ့နေတတ်ကြတယ် မဟုတ်ပါလား။ စိတ်ကိုအလှဆင်ဖို့၊ စိတ်ကိုအလှပြင်ဖို့ဆိုတာလည်း တကယ်တော့ လိုအပ်လှပါတယ်။ ခန္ဓာကိုယ်သန့်ရှင်းရေး လုပ်ခြင်းအားဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ပြောလို့ရပါမယ်။ ဒါပေမယ့့် ကျွန်တော်တို့ရဲ့စိတ်အစဥ်ဟာ နေ့စဥ် ညစ်ထေးမှုတွေ ရှိပါတယ်။ဘယ်လောက်တောင် ညစ်ထေးလည်းဆိုရင် လက်နှီးစုတ်နဲ့တောင် ခိုင်းနှိုင်းကြတာတွေ့ရပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မာန၊ မနာလိုမှု၊ ဝန်တိုမှု၊ ကြောက်စိတ်၊ အငုံ့စိတ်၊ အားငယ်စိတ်၊ - [ကြွက်အန္တရာယ် (မတ်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ကြွက်အန္တရာယ်-မတ်လ၊-၂၀၂/) - ကြွက်အန္တရာယ် 🐁 ကြွက်များသည် ရောဂါကူးစက်ပြန့်ပွားစေနိုင်သည်။🐁 အစားအစာကို ညစ်ညမ်းစေပြီး လူသားတို၏ ပစ္စည်းဥစ္စာများကို ဖျက်ဆီးနိုင်သည်။🐁 အစားအစာများကို အဖုံးကျပ်ကျပ် ပိတ်ထားသော ပုံးများထဲတွင် သေချာစွာ သိမ်းဆည်းပါ။🐁 အစားအစာ၊ ရေနှင့် ကြွက်များ ခိုအောင်းနိုင်သည့် ပစ္စည်းများကို ကြွက်များနှင့် အဝေးတွင် သေချာစွာ သိမ်းဆည်းပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [ကျန်းမာတဲ့လူနေမှုပုံစံဆီသို့](https://www.telekyanmar.org/ကျန်းမာတဲ့လူနေမှုပုံစံ/) - အရင်အပတ်တွေတုန်းက ကျန်းမာတဲ့လူနေမှုပုံစံဆီကိုသွားဖို့ တစ်ဆင့်ချင်းစီ စရအောင်လို့ပြောခဲ့တာ မှတ်မိကြမလားမသိ။ မိမိတို့ ဘယ်လိုစားသောက်နေထိုင်ဖြစ်တယ်ဆိုတာရော သုံးသပ်ခဲ့ကြပြီးလား မသိနော်။ အခုကတော့ ကျန်းမာတဲ့လူနေမှုပုံစံ ဖြစ်လာဖို့အတွက် အကြံပြုချက်လေးတချို့ပါ။…… ပထမဆုံးအနေနဲ့ မိမိကိုယ်မိမိ ပြောင်းလဲချင်တဲ့ အချက်လေးတွေကို ချရေးလိုက်ပါ။ ဒီထဲက တစ်ခုခုကို စလုပ်နိုင်ဖို့ အောက်ပါအကြံပေးချက်များထဲ ထည့်သွင်းစဉ်းစားကြည့်ပါနော်။ အလေ့အကျင့်တစ်ခုဖြစ်ရအောင် ရှိပြီးသား အမြဲလုပ်နေကျ တစ်ခုခုနဲ့တွဲကြည့်ပါ… ဥပမာ တရားထိုင်တာကို စိတ်ကျန်းမာရေးသန်စွမ်းအောင် အကျင့်တစ်ခုလိုလုပ်ချင်တယ်။ ဒါပေမယ့်မလုပ်ဖြစ်နေဘူး။ အိပ်ခါနီးတိုင်းတော့ ဘုရားရှိခိုးဖြစ်တယ်ဆိုပါစို့။ ဒါဆိုရင် ဘုရားရှိခိုးပြီးရင် ၂ မိနစ်တရားထိုင်မယ်ဆိုပြီး ရည်စူးလိုက်ပါ။ အမြဲတစေဖြစ်မြောက်အောင် အကျင့်ကောင်းတစ်ခုမွေးမြူချင်တယ်ဆိုရင် ထုတ်ပြောရင် ပိုအောင်မြင်ခြေများပါတယ်တဲ့။ အားလုံးကို ကြေညာလိုက်တဲ့သဘောပေါ့။ Social media မှာတင်လည်း ရတယ်။ စာအုပ်ထဲချရေးလည်း ရတယ်။ တစ်ယောက်ယောက်ကိုပြောလည်း ရပါတယ်။ မိိမိအဆင်ပြေသလို ကြေညာပေါ့။. - [ကိုယ်ဝန်ဆောင်ဗိုက်ထဲက ကလေးလေး သေဆုံးရခြင်းအကြောင်း](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်ဗိုက်ထဲက-က/) - ဗိုက်ထဲက ကလေးလေးက ကိုယ်ဝန်သက်တမ်း ၂၂ ပတ်ကျော်ပြီးမှ ကြီးထွားမှုရပ်တန့်သွားခြင်း၊ တစ်နည်းပြောရရင် ကလေး ဗိုက်ထဲမှာသေသွားခြင်းပေါ့ဗျာ။ IUFD intrauterine fetal death လို့ခေါ်တယ်။ Breaking the bad news ထဲက တစ်ခုပေါ့ဗျာ။ အဲဒီလို ကလေး ဗိုက်ထဲမှာသေသွားခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အဓိကအမျိုးအစား ခွဲရမယ်ဆိုရင် . . . ၁။ ကလေးဘက်က ဥပမာ မွေးရာပါချို့ယွင်းချက် ကြီးကြီးမားမား ပါလာခြင်း။ ၂။ အမေဘက်က ဥပမာ ကိုယ်ဝန်ဆောင်သွေးဆိပ်တက် သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ စသည်ဖြင့်ပေါ့။ အချိန်မတိုင်မီ အချင်းကွာခြင်း Abruptio Placenta စသည်တို့လည်း ထည့်လို့ရတာပေါ့။ ၃။ ကိုယ်ဝန်ဆောင်စဉ် ပတ်ဝန်းကျင်အခြေအနေ ဥပမာ ကိုယ်ဝန်ဆောင်မိခင် ငှက်ဖျားရောဂါဖြစ်ခြင်းပေါ့ဗျာ။ - [ကွင်းဆင်းကုသခြင်း](https://www.telekyanmar.org/ကွင်းဆင်းကုသခြင်း/) - ပါမောက္ခဆရာဝန်ကြီးများ၏ ဆေးကုသရေးခရီးစဉ်ဆိုတာကြီးတွေ ပြန်လည်အသက်သွင်းနေတာတွေ့တော့ "အဲ…လုပ်ကြပြန်ပဟ" ဆိုပြီး အရင်အတိတ်ကို ပြန်သတိရသွားတယ်။ ပြည်နယ်ဆေးရုံကြီးတစ်ခုမှာ လက်ထောက်ဆရာဝန်အဖြစ် တာဝန်ကျတုန်းကပေါ့။ သင်ခဲ့ရတဲ့စာတွေနဲ့ လက်တွေ့စလုပ်ရတော့ အားလုံးဟာ ကိုယ့်အတွက် သင်ယူစရာတွေ၊ အတုယူစရာတွေ၊ အံ့သြစရာတွေ၊ မထင်မှတ်တာတွေ တွေ့ရတာ အများကြီးပေါ့။ အထူးကုကွင်းဆင်းကုသသွားဖို့ ဆရာကြီးတွေကပြောတော့ ရင်ခုန်စိတ်လှုပ်ရှားမိတယ်။ ဘာတွေလုပ်ရမှာလဲပေါ့။ လေ့လာစရာတွေအများကြီးရမယ်၊ ပြည်သူတွေလိုအပ်တာ လုပ်ပေးရတော့မယ်၊ တော်တော်အကျိုးရှိမယ့် ခရီးစဉ်ပဲလို့ မျှော်လင့်မိတာပေါ့လေ။…… ▪️အဲဒီသတင်းလည်းကြားရော ဆေးကုသဆောင်ထဲ လာနေကျဆေးကုမ္ပဏီတွေက ဝင်လိုက်ထွက်လိုက်ပဲ။ ဆေးရုံအုပ်ကြီးရုံးထဲရော အထူးကုကြီးတွေဆီရောပဲပေါ့။ အတွေ့အကြုံရှိ လက်ထောက်ဆရာဝန်တွေနဲ့ သူနာပြုတွေလည်း တာဝန်ခွဲဝေနေကြတာပေါ့။ “ဟဲ့… အဲဒီကိုသွားရမှာဆိုရင် ဧည့်ခံကြိုဆိုရေး‌ ကောင်းတယ်ဟ။ ငါတို့ ထမင်းကောင်းကောင်းစားရမှာတော့ သေချာတယ်။ ပြီးရင် စောစောသိမ်းပြီး ဟိုနေရာလေးတော့ ဝင်လည်ဖို့ ဆရာကြီးတွေကို‌ပြောရမယ်” ▪️“အင်း… ဒီတစ်ပတ်ပိတ်ရက် ငါခွဲဖို့လူနာတွေ - [အပြင်ထွက် သွားလာစဉ် အပူဒဏ်မှ ကာကွယ်ရန် (မတ်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/အပြင်ထွက်-သွားလာစဉ်-အပူဒ/) - အပြင်ထွက် သွားလာစဉ် အပူဒဏ်မှ ကာကွယ်ရန် ▪️ ရေများများ သောက်ပါ။▪️ နေလောင်ခံလိမ်းဆေး ပုံမှန်လိမ်းပါ။▪️ ပေါ့ပါးပြီး အရောင်ဖျော့တဲ့ အဝတ်အစား ဝတ်ပါ။▪️ အရိပ်ရတဲ့နေရာမှာ မကြာခဏ နားပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [မနက်ခင်းတွေကို ပိုဂရုစိုက်ပါ](https://www.telekyanmar.org/မနက်ခင်းတွေကို-ပိုဂရုစိ/) - နေ့တစ်နေ့ရဲ့ မနက်ခင်းအစဟာဆိုရင် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေမှာ အရေးကြီးတယ်လို့ ပြောရမှာပါ။ မနက်ခင်းကို မင်္ဂလာတရားတွေနဲ့ ပြည့်ဝအောင်နေဖို့ လူကြီးသူမတွေ ပြောဆိုဆုံးမတတ်ကြတာ ရှိကြပါတယ်။ မနက်စောစောကို မင်္ဂလာယူပါ၊ အမင်္ဂလာတွေ မဖြစ်ပါစေနဲ့ဆိုပြီး ပြောဆိုကြတာတွေရှိသလို မနက်မိုးလင်းစအချိန်တွေမှာ ဆူတာ၊ ဆဲဆိုကြိမ်းမောင်းတာတွေမလုပ်ဖို့ ဆုံးမကြတာတွေလည်း ရှိကြတာကို ကြားဖူးကြမှာပါ။ တကယ်လည်း မနက်ခင်းဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာလုံးအတွက် အရေးကြီးလှပါတယ်။ မနက်ခင်း အိပ်ရာထတဲ့အချိန်မှာ နေမကောင်းနေလို့ ခံစားချက်တွေ မကောင်းတာပဲဖြစ်ဖြစ်၊ ပြဿနာတစ်ခုခုဖြစ်လို့ ဒေါသစိတ်တွေ ဝင်လာတာပဲဖြစ်ဖြစ်၊ တစ်ခုခုကို စိတ်အလိုမကျနေလို့ပဲဖြစ်ဖြစ် အဲဒီလိုတွေဖြစ်ပေါ်လာရင် အဲဒီတစ်နေ့လုံးမှာ အဆင်မပြေတာတွေ၊ စိတ်မကြည်လင်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ အိမ်ကနေစပြီး အဆင်မပြေလိုက်တာဟာ လုပ်ငန်းခွင်ထိ ပါသွားတတ်ကြပါတယ်။ မနက်ခင်းအဆင်မပြေမှုလေးတစ်ခု၊ စိတ်အလိုမကျမှုလေးတစ်ခုကနေ လုပ်ငန်းခွင်အထိပါသွားမယ်၊ ကျောင်းအထိပါသွားမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်မှာ၊ ကျောင်းစာလေ့လာမှုတွေမှာ အကျိုးသက်ရောက်မှုတွေ ရှိလာကြမှာပါပဲ။ - [အစာအိမ်ပိုးအကြောင်း အမေးအဖြေ](https://www.telekyanmar.org/အစာအိမ်ပိုးအကြောင်း-အမေ/) - ဒီတစ်ခါတော့ ဖတ်ရလွယ်အောင် အစာအိမ်ပိုးအကြောင်းကို အမေးအဖြေပုံစံ (Q&A type) လေးနဲ့ ရေးထားပါတယ်။ ဗဟုသုတရအောင် ‌ဖတ်ကြည့်ကြပါဦးနော်။ Q❓: အစာအိမ်ပိုးဆိုတာ ဘာလဲ။ အစာအိမ်ပိုးဆိုတာ အစာအိမ်အက်ဆစ်တွေကြားမှာ ရှင်သန်နိုင်ပြီး အစာအိမ်နံရံကဆဲလ်များကို ပျက်စီးခြင်း၊ ရောင်ရမ်းခြင်းတွေ ဖြစ်‌စေနိုင်တဲ့ Helicobacter pylori ဆိုတဲ့ ဘက်တီးရီးယား (bacteria) ပိုးကို ခေါ်ခြင်းဖြစ်ပါတယ်။ H.pylori လို့လည်း ဆရာဝန်တွေ အတိုကောက်ခေါ်ကြပါတယ်။. Q❓ : အစာအိမ်ပိုးရှိတာ အရေးကြီးလား။ အရေးကြီးပါတယ်။ အစာအိမ်ပိုးက ဆဲလ်တွေကို ရောင်ရမ်းစေပြီး အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာအိမ်ဆဲလ်တွေ ပုံပြောင်းပုံပျက်ခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ မကုဘဲထားရင် အစာအိမ်ကင်ဆာထိ ဖြစ်စေနိုင်ပါတယ်။ H.pylori အစာအိမ်ပိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Class I carcinogen (ကင်ဆာကို သေချာပေါက်ဖြစ်စေတဲ့ဓာတ်ပေါင်းတစ်ခု) - [အစာအိမ်ပိုး(Helicobacter Pylori)ကို ရှာဖွေတွေ့ရှိခဲ့သော သမိုင်းကြောင်း](https://www.telekyanmar.org/အစာအိမ်ပိုးhelicobacter-pyloriကို-ရှာဖွ/) - ဗိုက်နာဗိုက်အောင့် မကြာခဏဖြစ်စေတတ်တဲ့ Helicobacter pylori လို့ခေါ်တဲ့ အစာအိမ်ပိုးအကြောင်း ကြားဖူး/သိဖူးကြရဲ့လား 🤔 ဒီနေ့မှာတော့ အစာအိမ်ပိုးအကြောင်း ပညာပေးတွေ ထက် အစာအိမ်ပိုးတွေ့ရှိခဲ့တဲ့ သမိုင်းကြောင်းလေးကို ဗဟုသုတရဖွယ် စိတ်ဝင်စားဖွယ် ပြောပြချင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ဆေးပညာသမိုင်းမှာ ဒီတွေ့ရှိမှုဟာ ကြီးကျယ်တဲ့ medical breakthrough တစ်ခုဖြစ်ခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ ပညာရှင်တွေဟာလည်း သူမတူတဲ့အားထုတ်မှုကို ပြုလုပ်ခဲ့တာမို့ အမြဲအမှတ်တရဖြစ်နေမယ့် တွေ့ရှိမှုဖြစ်တာကြောင့်ပါ။…… အစာအိမ်အနာလို့ ခေါ်တဲ့ Peptic ulcer ရောဂါကို သိကြမယ်ထင်တယ်နော်။ ဒီရောဂါဖြစ်ရင် ရင်ပူမယ်၊ ပျို့အန်မယ်၊ ဗိုက်နာမယ်၊ ဖြစ်တဲ့နေရာပေါ် မူတည်ပြီး အစာစားရင် ပိုဆိုးတာ၊ အဆာလွန်ရင် ပိုဆိုးတာတွေ ဖြစ်နိုင်ပါတယ်။ အစာအိမ်ပိုး Helicobacter pylori ကို မ‌တွေ့ရှိခင် (၁၉၈၀ ခုနှစ်မတိုင်ခင်) က - [တိုင်းပြည်မတိုးတက်စေတဲ့ စနစ်ပျက်တစ်ခုအကြောင်း (သို့) အလိမ်အညာ သတင်းအချက်အလက်များ](https://www.telekyanmar.org/တိုင်းပြည်မတိုးတက်စေတဲ/) - နိဒါန်း အလုပ်တစ်ခု အောင်မြင်ပြီးမြောက်မှုရှိသလား ဆိုတာသိရဖို့က လုပ်ငန်းဆောင်ရွက်ခဲ့မှုကိုဖော်ပြတဲ့ အချက်အလက်/ဒေတာ (data) တွေရှိဖို့ လိုအပ်ပါတယ်။ ဒီ data တွေပေါ်မူတည်ပြီး နောက်ထပ်လုပ်ရမယ့် လုပ်ငန်းတွေအတွက် စာရင်းဇယားတွေကနေ ထွက်ပေါ်လာတဲ့ သတင်းစကားတွေ အကြံပြုချက်တွေ ထွက်ပေါ်လာရမှာပါ။ ဒါ့အပြင်… ရရှိလာတဲ့ အချက်အလက်တွေဟာ ဘယ်လောက်အထိ တိကျမှုရှိလဲ၊ လုပ်ဆောင်မှုတွေကို ထင်ဟပ်စေနိုင်သလား၊ ဘယ်လောက်ထိရောက်စွာ လုပ်ခဲ့သလဲဆိုတာ ဖော်ပြနိုင်သလား… စတာတွေလည်း မေးခွန်းထုတ်ရမှာပါ။ သတင်းအချက်အလက် (data) တွေ တိကျမှန်ကန်နေဖို့ အမြဲအရေးကြီးပါတယ်။ အနာဂတ်ကိုပုံဖော်ဖို့နဲ့ သမိုင်းကိုပြောပြဖို့အတွက် သတင်းအချက်အလက်တွေဟာ အရေးပါကြောင်း ပညာရှင်တော်တော်များများ သိကြပါတယ်။ ဒါပေမယ့် ဒီသတင်းအချက်အလက်များ မှန်ကန်ပါ၏လောဆိုတာကို မှတ်ကျောက်တင်ဖို့လည်း လိုအပ်ပါတယ်။ အာမခံနိုင်ဖို့လည်း လိုအပ်ပါတယ်။ အသုံးချတတ်ဖို့လည်း လိုအပ်ပါတယ်။ သတင်းမှန်ကို တန်ဖိုးထားတတ်ဖို့လည်း လိုအပ်လှပါတယ်။ ကျွန်မတို့နိုင်ငံက - [ကိုယ်ဝန်သည်နှင့် သွေးချို၊ ဆီးချိုရောဂါ အပိုင်း(၁)](https://www.telekyanmar.org/pregnancy-with-diabetes-mellitus-d-m-part-1-february-2025/) - "ကိုယ်ဝန်သည်နှင့် သွေးချို၊ ဆီးချိုရောဂါ"Pregnancy with Diabetes Mellitus (D.M) သွေးချို၊ ဆီးချိုရောဂါအကြောင်းကတော့ လူအတော်များများ သိဖူးကြားဖူးကြမှာပါ။ ကိုယ်ဝန်သည်မှာလည်း သွေးချို၊ ဆီးချိုရောဂါနဲ့ တွဲတတ်လို့… တွဲရင် ဘာတွေဖြစ်တတ်တယ် ပြောပြချင်လို့ပါ။ နိဒါန်းအနေနဲ့ သွေးချို၊ ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရသလဲဆိုတာ ကျွန်တော်နားလည်သလောက်လေး၊ နားလည်သလိုလေး ကြိုးစားရေးကြည့်ပါမယ်နော်။ မှားနေရင်လည်း ပြင်ပေးကြပါဦး။…… သွေးချို၊ ဆီးချိုရောဂါဆိုတာ သွေးတွင်းသကြားဓာတ်၊ အချိုဓာတ် (Blood sugar level or Blood glucose level) တက်နေတာကို ခေါ်ပါတယ်။ ညဆယ်နာရီနောက်ပိုင်း ဘာမှမစားထားဘဲ နောက်တစ်နေ့နံနက် အိပ်ရာကထထချင်းလည်း ဘာမှမစားခင် မနက်ခြောက်နာရီမှာတိုင်းတဲ့ သွေးတွင်းသကြားဓာတ် glucose ပမာဏ Fasting Blood sugar (FBS) သည် 120 - [အသည်းရောင်အသားဝါရောဂါ A နှင့် E ကို ကာကွယ်ရန် (မတ်လ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/အသည်းရောင်အသားဝါရောဂါ-a-2/) - အသည်းရောင်အသားဝါရောဂါ A နှင့် E ကို ကာကွယ်ရန် ▪️ အစာကို မထိတွေ့မီနှင့် အိမ်သာတက်ပြီးတိုင်း လက်ဆေးပါ။▪️ ကျိုချက်ထားသောရေနှင့် ရေသန့်ကိုသာ သောက်သုံးပါ။▪️ ရေသန့်ဖြင့်ပြုလုပ်ထားသော ရေခဲချောင်းနှင့် ရေခဲများကိုသာ စားသုံးပါ။▪️ အစားအစာကို သေချာစွာ ချက်ပြုတ်သိမ်းဆည်းပါ။▪️ ယင်လုံအိမ်သာတွင်သာ မစင်စွန့်ပါ။ တွေ့ကရာနေရာ မစင်မစွန့်ရ။▪️ အသည်းရောင်ရောဂါ A ကာကွယ်ဆေးထိုးပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) - [ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ဝေနေယျဒုက္ခများ (အပိုင်း ၁)](https://www.telekyanmar.org/minor-illnesses-in-pregnancy-part-1-jan-2025/) - ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ပြဿနာအကြီးကြီးတွေအကြောင်းပဲ ပြောပြနေမိတော့ ကြောက်သွားကြလားဗျ။ ကြောက်ဖို့ပြောပြတာ မဟုတ်ပါဘူးနော်။ ကြုံလာခဲ့ရင် နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ သိထားရအောင်လို့ ပြောပြတာပါ။ ဒီတစ်ခါတော့ ကိုယ်ဝန်တိုင်းနီးပါး ကြုံတွေ့ရမယ့် အပရိက ဒုက္ခသေးသေးလေးတွေအကြောင်း ပြောပြပါမယ်။ ဗမာစကားပုံတောင် ရှိတယ်မလား။ ကိုယ်ဝန်ရှိတာကို မပေါ့မပါးဖြစ်နေပြီ၊ ကိုယ်လေးလက်ဝန်ဖြစ်နေပြီလို့ ပြောကြတယ်လေ။ ဝေနေယျဒုက္ခလို့လည်း ခေါ်သလားလို့။ ချိုမြိန်ဒုက္ခလေးတွေပေါ့။ ဆေးပညာစကားနဲ့ကတော့ Minor illnesses in pregnancy နဲ့ Normal physiological changes in pregnancy ရယ်လို့ ရှိတယ်။ နှစ်မျိုးစလုံးပေါင်းပြီး ရောချလိုက်မယ်နော်။…… ကိုယ်ဝန်ပထမသုံးလ First trimester၊ ဒုတိယသုံးလ Second trimester၊ တတိယသုံးလ Third trimester မှာကြုံမယ့် ဒုက္ခသေးသေးလေးတွေဆိုပြီး ခွဲခြားစဉ်းစားကြည့်ရအောင်နော်။ - [ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ဝေနေယျဒုက္ခများ (အပိုင်း ၂)](https://www.telekyanmar.org/minor-illnesses-in-pregnancy-part-2-february-2025/) - ကိုယ်ဝန်လရင့်လာရင် လိပ်ခေါင်း ပေါ်လာတတ်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးလာတတ်ပါတယ်။ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ရတာပေါ့ဗျာ။ မခွဲမဖြစ်ဆိုရင်တော့လည်း ကိုယ်ဝန်ကြီးနဲ့ ခွဲရတာပေါ့။ သိပ်မဆိုးရင်တော့ ဆေးဝါး၊ အစားအသောက်နဲ့ထိန်း၊ မွေးပြီးရင် သက်သာသွားမယ်ပေါ့။…… ဒါနဲ့ဆက်စပ်ပြီးပြောရရင် ခန္ဓာကိုယ်မှာ ကြွက်သားသုံးမျိုးရှိတယ်ဗျ။ ၁။ Gym ဆော့ရင် ကိတ်တဲ့ကြွက်သား (skeletal muscle)၂။ ကိုယ်တွင်းကလီစာ နံရံကြွက်သားတွေ (သားအိမ်၊ အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်နဲ့ ဆီးအိမ်ဆက်ထားတဲ့ ဆီးပြွန်စသည်တို့ရဲ့ နံရံကြွက်သားတွေ smooth muscle)၃။ နှလုံးကြွက်သား (cardiac muscle) ကိုယ်ဝန်ခိုင်မြဲဖို့ အချင်းကထုတ်တဲ့ progesterone ဟော်မုန်းရဲ့ နောက်ထပ်အလုပ်တစ်ခုက သားအိမ်နံရံကြွက်သားတွေကို ကိုယ်ဝန်ကိုးလလုံးလုံး ကလေးမွေးထွက်သည်အထိ အားထည့်မညှစ်ဖို့ တားထားတာပဲ။ ကိုယ်ဝန် ခြောက်လ၊ ခုနှစ်လလောက်ကတည်းကတော့ သားအိမ်နံရံကြွက်သားတွေက စညှစ်ကြည့်နေပါပြီ။ အမေက ဗိုက်သားအိမ်ကြီးက - [ကိုယ်ဝန်သည်နှင့် သွေးချို၊ ဆီးချိုရောဂါ အပိုင်း(၂)](https://www.telekyanmar.org/ကိုယ်ဝန်သည်နှင့်-သွေးချ/) - ကိုယ်ဝန်သည်နှင့် သွေးချို၊ ဆီးချိုရောဂါ ပတ်သက်ပုံ သုံးမျိုးရှိနိုင်တယ်လို့ ပြောပြခဲ့ပါတယ်နော်။ ၁။ ကလေးဘဝကတည်းက အင်ဆူလင်နေ့တိုင်းထိုး အသက်ရှင်နေရပြီး ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ်ကိုရောက်လာတဲ့ အမျိုးသမီးလေးများ။ အမျိုးအစား တစ် သွေးချို၊ ဆီးချိုရောဂါ။ ၂။ ကိုယ်ဝန်မဆောင်မီမှာတင် မျိုးရိုးဗီဇအရ အမျိုးအစား နှစ် သွေးချို၊ ဆီးချိုရောဂါကို အသက်ငယ်ငယ်မှာရပြီး OHA ဆေးတွေကို နေ့စဉ်သောက်နေရသူ အမျိုးသမီးများ။ ၃။ ကိုယ်ဝန်မဆောင်ခင်ကတော့ သွေးချို၊ ဆီးချိုရောဂါမရှိသေး။ သို့သော် မျိုးရိုးဗီဇအရ အသက်အရွယ်ရလာရင် အမျိုးအစား နှစ် သွေးချို၊ ဆီးချိုရောဂါဖြစ်မယ့်သူတွေ။ သူတို့ကိုယ်ဝန်ဆောင်လို့ လရင့်လာရင် အချင်းကထုတ်တဲ့ အင်ဆူလင်ရဲ့ အလုပ်ကိုနှောင့်ယှက်တဲ့ ဟော်မုန်းတွေကြောင့် သွေးချို၊ ဆီးချိုရောဂါ အစမ်းဖြစ်မယ့်သူတွေ။ (Gestational Diabetes Mellitus) မွေးပြီးရင် ခဏပြန်ပျောက်မယ်။ အသက်ကြီးမှ အတည်ဖြစ်မယ့်သူတွေ။ - [သည်းရောင်အသားဝါ A အဖြစ်များနေခြင်းအကြောင်း](https://www.telekyanmar.org/သည်းရောင်အသားဝါ-a-အဖြစ်မ/) - ရန်ကုန်မှာ အသည်းရောင်အသားဝါ A ရောဂါတွေ အဖြစ်များနေကြသတဲ့။ မြေပြင်အခြေအနေတွေအရ သိရတာပါ။ ဘယ်သတင်းဌာနမှာမှ တင်ဆက်ထားတာတော့ မတွေ့ရသေးပါဘူး။ (ကိုယ်မဖတ်မိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့) ဖတ်မိတာကတော့ ရုရှားက ဝက်မွေးမြူရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်ပေးဖို့ မြန်မာပြည်ကလုပ်သားတွေကို စေလွှတ်မယ်ဆိုပဲ။ အဲဒီ ကြင်စိုးတို့တစ်သိုက်ကတော့ မြန်မြန် expired ဖြစ်မှ အေးမှာပါ။ ထားပါတော့လောလောဆယ်တော့… လတ်တလော အဖြစ်များနေတဲ့ အသည်းရောင်အသားဝါ A ရောဂါနဲ့ပတ်သက်ပြီး အများပြည်သူ အသေးစိတ်သိရှိထားသင့်တဲ့အချက်လေးတွေကို ဒီရက်ပိုင်းအတွင်း ဖော်ပြပေးသွားပါမယ်နော်။ အခုကတော့… အသည်းရောင်အသားဝါ A ရောဂါဆိုတာ အနီးကပ်နေထိုင်သူအချင်းချင်း ကူးစက်တယ်။ အစားအသောက်ကနေတစ်ဆင့်လည်း ကူးစက်နိုင်တယ်။ ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့်၊ တကယ်တမ်း လူကြီးတွေမှာဖြစ်ပွားလာရင် ရောဂါပိုပြင်းထန်တယ်။ ဆေးရုံတက်ရတဲ့အခြေအနေတွေအထိ ဖြစ်လာနိုင်ပေမယ့် အသက်သေဆုံးမှုနှုန်းကတော့ အင်မတန်နည်းပါးတယ်။ ရောဂါအခံ (အထူးသဖြင့် အသည်းရောဂါတစ်ခုခု) ရှိနေသူတွေက - [အရိုးကျန်းမာရေး ဂရုစိုက်ပေး](https://www.telekyanmar.org/အရိုးကျန်းမာရေး-ဂရုစိုက/) - အရိုးများဟာ ခန္ဓာကိုယ်ကိုထောက်ပံ့ပေးတဲ့ ထောက်တိုင်များဖြစ်ပါတယ်။ ကျန်းမာတဲ့အရိုးများရှိနေဖို့လိုအပ်တာကို တော်ရုံသတိမထားမိတတ်ကြဘဲ ရောဂါဖြစ်မှ သတိရတတ်ကြပါတယ်။. ⚫ အရိုးတွေဟာ ခန္ဓာကိုယ်အတွက် ဘယ်လိုအရေးပါလဲ ⚫ အရိုးတွေက ခန္ဓာကိုယ်ကိုတည့်မတ်အောင် ထောက်ပံ့ပေးတယ်။ လှုပ်ရှားမှုတွေမှာ ပါဝင်တယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေ ပုံမှန်ဖြစ်ပေါ်နေစေဖို့ ခန္ဓာကိုယ်တွင်း pH ထိန်းညှိပေးတဲ့နေရာမှာလည်း ပါတယ်ဆိုတာ သိကြပါရဲ့လား။ ခန္ဓာကိုယ်တွင်း cells တွေနဲ့ ဇီဝဖြစ်စဥ်‌တွေဟာ မှန်ကန်တဲ့ pH အနေအထားတစ်ခုမှာမှ အကောင်းဆုံး လုပ်ဆောင်နိုင်တာပါ။ pH ကျဆင်းတဲ့အခါ ခန္ဓာကိုယ်ဟာ အရိုးတွေထဲက alkali တွေကို ထုတ်ပြီး pH ကို ပြန်ညှိယူရပါတယ်။ ကျွန်မတို့ အသက် ၃၀ လောက်အထိ အရိုးဆဲလ်တွေ ဖြစ်နှုန်းဟာ မြန်ဆန်ပါတယ်။ အဲဒီအတွက် pH ထိန်းညှိတဲ့ဖြစ်စဉ်မှာ - [လက်ဆေးပါ (ဖေဖော်ဝါရီလ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/လက်ဆေးပါ-ဖေဖော်ဝါရီလ၊-၂/) - လက်ဆေးပါ 🧼 ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး မကြာခဏ လက်ဆေးပါ။🧼 ဆပ်ပြာနဲ့ ရေ အသုံးပြုဖိုမလွယ်ရင် အယ်လ်ကိုဟော ပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပါ။🧼 တစ်ခါသုံးလက်အိတ်ကို အသုံးပြုရင်လည်း လက်ဆေးပြီးမှ အသုံးပြုပါ။🧼 ကူးစက်ရောဂါတွေရဲ့ ၈၀% က လက်နဲ့ ထိတွေ့ခြင်းကတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အသည်းရောင်အသားဝါ A ရောဂါအကြောင်း](https://www.telekyanmar.org/အသည်းရောင်အသားဝါ-a-ရောဂါ/) - (အခု ရန်ကုန်မှာ အဖြစ်များနေတဲ့)"အသည်းရောင်အသားဝါ A ရောဂါအကြောင်း" အသည်းရောင်အသားဝါ A ရောဂါဟာ ကူးစက်မြန် အသည်းရောင်ရောဂါမျိုးဖြစ်ပြီး Hepatitis A virus ကြောင့် ဖြစ်ရပါတယ်။ သူက အခြားအသည်းရောင် Virus ညီအစ်ကိုတွေဖြစ်တဲ့ Hepatitis B, Hepatitis C တို့လို နာတာရှည်အသည်းထိခိုက်ခြင်း မရှိပေမယ့် ဝေဒနာတွေတော့ အတော်ခံစားရနိုင်တဲ့ ရောဂါတစ်ခုပါ။. 🟡 Virus အကြောင်း 🟡 HAV ဟာ ခံနိုင်ရည်အားပြင်းတဲ့ virus တစ်မျိုးပါ။ သူရှိနေတဲ့ ပတ်ဝန်းကျင်မှာ အချိန်ကြာကြာ နေနေတတ်ပြီး သာမန်အပူပေးခြင်းနဲ့ သန့်စင်ဆေးရည်တွေရဲ့ ဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ အစားအသောက်သန့်ရှင်းရေး၊ အစားအသောက်ပိုးသတ်ရေး လုပ်ရိုးလုပ်စဉ် process တွေကိုလည်း ခံနိုင်ရည်ရှိတယ်လို့ဆိုပါတယ်။ ရောဂါဖြစ်ပွားသူရဲ့ ဝမ်းနဲ့သွေးထဲမှာ ပိုးတွေ - [လဲကျတိုင်း ပြန်ထနိုင်ဖို့](https://www.telekyanmar.org/လဲကျတိုင်း-ပြန်ထနိုင်ဖိ/) - It's OK not to be OK ✌🏻 "ကျရှုံးသွားလည်းရတယ်" ဆိုတဲ့စကားနောက်မှာ"ပြန်ထနိုင်ဖို့သာ အရေးကြီးတာ" ဆိုပြီး ကျွန်မတို့ အများအားဖြင့် ပြောတတ်ကြတယ်မို့လား။ မှန်ပါတယ်။ တကယ်တမ်းလဲကျသွားသူတွေမှာ ပြန်ထဖို့အတွေးက ရှိပြီးသားပါ။ ဒါပေမယ့် ပြန်ထဖို့၊ ထူထောင်ဖို့၊ အားယူဖို့၊ ပြန်စတင်ဖို့ အချိန်ကြာခြင်း၊ နှေးခြင်း/မြန်ခြင်းတွေကတော့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ်လိုက်ပြီး ကွာခြားသွားတတ်ကြပါတယ်။ ဒါဟာ ကျွန်မတို့က ကျရှူံးသွားတဲ့အရာတွေပေါ်မှာ မိမိကိုယ်ကိုယ် အပြစ်တင်စိတ်၊ အားမလိုအားမရဖြစ်စိတ်၊ နှမြောတသစိတ်၊ ဝမ်းနည်းမှု၊ နောင်တ စတဲ့စိတ်ခံစားချက်တွေကြားထဲ ထပ်ပြီးပြိုဆင်းသွားမိလို့ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုတွေကို ခံရတော့မှာလား၊ အသစ်က စရတော့မှာလား၊ ကိုယ့်ကို ကွယ်ရာမှာ ဘာတွေပြောကြမလဲ၊ ငါဘာလို့ ဒါလေးတောင် ဖြစ်မြောက်အောင် မလုပ်နိုင်ရတာလဲ စတဲ့စိုးရိမ်စိတ်၊ အပြစ်တင်စိတ်တွေရဲ့ မေးခွန်းပေါင်းများစွာကလည်း - [ခံစားချက်တွေဟာ ဘယ်အချိန်မှာ ပေါက်ကွဲတတ်ပါသလဲ](https://www.telekyanmar.org/ခံစားချက်တွေဟာ-ဘယ်အချိန/) - "ဘာဖြစ်ဖြစ် နားလည်သည်းခံ" တဲ့…လူမှန်းသိတတ်စတည်းက နားရည်ဝနေတဲ့စကား။ "နားလည်ပေးရမယ် "ဆိုတဲ့စကားက အတန်အသင့် ကျိုးကြောင်းဆီလျော်ပေမယ့် အရာရာကို ကိုယ်ကပဲ သည်းခံရမယ်ဆိုတာကတော့ ခံရတဲ့သူအတွက်က မတရားပါဘူး။ မှားမှားမှန်မှန်… အထက်လူကြီးနဲ့ အဆင်ပြေအောင် သည်းခံ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေအောင် သည်းခံ အိမ်ထောင်တစ်ခုကွဲမှာစိုးလို့ သည်းခံ ကိုယ့်ထက်လူကြီးမိဘမို့ သည်းခံ မိန်းကလေးမို့ သည်းခံ ယောက်ျားလေးမို့ သည်းခံ အရာရာကို ကိုယ့်ဘက်ကချည်းသည်းခံဖို့ သင်ပြခြင်းခံရပြီး လက်ဆင့်ကမ်းလာတဲ့ ဒီ culture က ခံရသူအဖို့ စိတ်ဖိစီးမှုတွေ များလာတာကလွဲရင် ဘယ်သူတွေအတွက်များ ကောင်းကျိုးဖြစ်စေပါသလဲ။ ဒီနေရာမှာ ပြဿနာအကြောင်းအရာတစ်ခုခုကို ရိုင်းပျစွာတုံ့ပြန်ခြင်းနဲ့ မှန်တာကိုပြောရဲတဲ့သတ္တိနဲ့က အဓိပ္ပါယ်ချင်းမတူသလို သက်ရောက်ပုံချင်းလည်း မတူကြပါဘူး ငယ်စဉ်ကတည်းက သင်ကြားမှုတွေ မှားယွင်းတဲ့အခါမှာ ကလေးငယ်ဘဝကနေစပြီး အရွယ်ရောက်လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း… မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်း၊ လေးစားမှု - [ကိုယ်လက်လှုပ်ရှား အားကစား (ဖေဖော်ဝါရီလ၊ ၂၀၂၅ ခုနှစ်)](https://www.telekyanmar.org/ကိုယ်လက်လှုပ်ရှား-အားကစ/) - ကိုယ်လက်လှုပ်ရှားမှုတိုင်းသည် ရောဂါကာကွယ်ခြင်းမှ စိတ်ကျန်းမာရေး မြှင့်တင်ခြင်းအထိ အကျိုးသက်ရောက်မှု ရှိစေသည်။ အရွယ်ရောက်ပြီးသူများသည် သီတင်း (၁) ပတ်အတွင်းတွင် ▪️ အလယ်အလတ် အေရိုးဗစ် ကိုယ်လက်လှုပ်ရှားမှုများကို မိနစ် ၁၅၀ မှ ၃၀၀ မိနစ်အထိ အနည်းဆုံး(သိုမဟုတ်)▪️ ပြင်းထန်သော အေရိုးဗစ် ကိုယ်လက်လှုပ်ရှားမှုများကို ၇၅ မိနစ်မှ ၁၅၀ မိနစ်အထိ အနည်းဆုံးပြုလုပ်သင့်ပါသည်။ ကြွက်သားများ သန်မာစေသည့် လှုပ်ရှားမှုများကိုလည်း တစ်ပတ်လျှင် အနည်းဆုံးနှစ်ကြိမ် ပြုလုပ်ခြင်းဖြင့် ထပ်တိုး ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အစားအသောက်ဒိုင်ယာရီ](https://www.telekyanmar.org/အစားအသောက်ဒိုင်ယာရီ/) - မင်္ဂလာပါ 🥰 ဇန်နဝါရီတစ်လတော့ ကုန်သွားပါပြီ။ ဒီနှစ်မှာ… ငါကျန်းမာမှဖြစ်မယ်၊ ငါပိန်မှရမယ်၊ ငါသွေးတိုးထိန်းနိုင်မှရမယ်၊ ငါဆီးချိုထိန်းနိုင်မှရမယ် စသဖြင့် မိမိကိုယ်မိမိ ရည်စူးထားကြသူတွေ ရှိကြမှာပါ။ ဒီလိုသတ်မှတ်ချက်တွေရော အောင်မြင်ရဲ့လားဆိုတာ ပြန်သုံးသပ်ကြပါစို့နော်။ အရင်ဆုံး မိမိကိုယ်မိမိ သတိထားမိဖို့လိုပါတယ်။ တစ်ခါတလေကျ သိလျက်နဲ့လည်း ရှောင်ပြေးနေမိတာမျိုး ဖြစ်တတ်ပါတယ်။ ဥပမာ၊ သွေးတိုးရှိတယ်ဆိိုပါစို့။ အငန်တွေလျှော့စားရမယ်ဆိုတာလည်း သိတယ်၊ ငါးပိိရည်ရှောင်ရမယ်ဆိုလို့ ရှောင်တယ်၊ သို့ပေသိ အပြင်ကဝယ်စားတာ များနေမိတယ်။ ဆိုင်ဟင်းတွေက အချိုမှု့န်၊ ငံပြာရည် တအားသုံးတာလေ။ နောက်ပြီး အသီးအရွက်များများစားပေးတာ ကောင်းမှန်းသိပေမယ့် မစားဖြစ်နေဘူး စသဖြင့်ပေါ့။ ကျန်းမာရေးနဲ့ညီညွတ်တာတွေက ပြောတော့သာ ကြားကောင်းတာ တကယ်ကျ ရင်ခုန်စရာမကောင်းနေဘူးလေ။ ဒီတော့ ဘယ်လိုလုပ်ရင် ကျန်းမာရေးနဲ့ ညီညွတ်တာတွေ လုပ်မိမလဲဆိုတာ ဆွေးနွေး တင်ပြလိုပါတယ်။…… အရင်ဆုံး မိမိတစ်နေ့တာနိုးတဲ့အချိန်ကနေ - [မိမိကိုယ်ကိုယ် အဆုံးစီရင်ခြင်းသည် လွတ်မြောက်မှုတစ်ခုမဟုတ်ပါ Suicide is not an Escape](https://www.telekyanmar.org/မိမိကိုယ်ကိုယ်-အဆုံးစီရ/) - "Suicide is not an Escape …" ကျွန်မ ဒီရက်အနည်းငယ်အတွင်းမှာတင် ကိုယ်နဲ့ သိကျွမ်းသူလူငယ်နှစ်ဦး အဆုံးစီရင်သွားတယ်ဆိုတဲ့ သတင်းတွေကို ရှေ့ဆင့်နောက်ဆင့်ကြားသိရတယ်။ အရင်းစစ်ရင်တော့ အမြစ်မြေက အာဏာရူးတစ်သိုက်ကြောင့်ဖြစ်မှာ မလွဲမသွေပါ။ ခံပြင်းရတာတွေ၊ ဝမ်းနည်းရတာတွေကိုတော့ စာရှည်မှာစိုးလို့ ထည့်မရေးတော့ပါဘူး။ အဲဒီမှာ ကျွန်မ ဘာကိုသွားပြီး သတိထားမိသလဲဆိုတော့ အပြင်မှာရော social media မှာပါ ဝမ်းနည်းကြောင်းပြောကြသူတွေမှာ တူညီတာတစ်ခုက "မထင်ရဘူး" "မထင်ထားဘူး" ဆိုတဲ့စကားလုံးကို မှတ်ချက်ပေးကြတာပါပဲ။ ကာယကံရှင်ဟာ သာမန်လူငယ်တစ်ယောက်ပဲ ဖြစ်မယ်။ ပုံမှန်လိုပဲ လှုပ်ရှားသွားလာနေမယ်။ စကားတွေပြောနေမယ်။ ပြုံးနေ ပျော်နေသလို ထင်ရမယ်။ ထွေထွေထူးထူးပူပန်စရာမရှ်ိနေသလို ဒီလိုနည်းနဲ့ နှုတ်ဆက်ထွက်ခွာသွားမယ်လို့ မထင်ရက်စရာ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဆိုလိုတာက အပြင်ပန်းမှာ မသိသာပေမယ့် စိတ်ကျရောဂါဆိုတာ အဲဒီလို ပုံမှန်ပဲလို့ထင်ရတဲ့သူတွေဆီမှာလည်း - [ရင်သားကင်ဆာ (ဖေဖော်ဝါရီလ၊ ၂၀၂၅)](https://www.telekyanmar.org/ရင်သားကင်ဆာ-ဖေဖော်ဝါရီလ/) - ▪️ ရင်သားကင်ဆာကို စောစောသိရှိပြီး စောစောကုသပါက ရောဂါပျောက်ကင်းနှုန်း မြင့်မားပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [Hepatitis B (အသည်းရောင် အသားဝါ B ပိုး) ရောဂါအကြောင်း အမေးအဖြေ](https://www.telekyanmar.org/hepatitis-b-အသည်းရောင်-အသားဝါ-b-ပိုး/) - အသည်းရောင်အသားဝါ B ပိုးရောဂါသည် Hepatitis B virus ပိုးကြောင့်ဖြစ်သော ရောဂါဖြစ်ပြီး အသည်းကို အဓိကထိခိုက်စေပါသည်။ ဤရောဂါသည် ကာလတိုရောဂါ (acute illness) ဖြစ်နိုင်သလို ကာလရှည်ရောဂါ (chronic illness) လည်းဖြစ်နိုင်ပြီး အသည်းပျက်စီးခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာတို့ကို ဖြစ်စေနိုင်ပါသည်။. ၁။ အသည်းရောင်အသားဝါ B ပိုးက မည်သို့ကူးစက်တတ်သလဲ။ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း ဆေးထိုးအပ် အတူသုံးစွဲမှုများမှတစ်ဆင့် ကူးစက်ခြင်း ရောဂါပိုးရှိမိခင်မှ ကလေးသို့ ကူးစက်ခြင်း ရောဂါပိုးရှိသူ၏အနာ၊ သွေးတို့နှင့် ထိတွေ့မိခြင်းမှတစ်ဆင့် ကူးစက်ခြင်း ရောဂါပိုးရှိသူ၏ သွေးပေနေသော သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓားတို့ကို သုံးစွဲမိခြင်းမှ ကူးစက်ခြင်း တက်တူးထိုးခြင်း၊ နားပေါက်ဖောက်ခြင်း စသည်တို့တွင် သုံးစွဲသော ပိုးသေချာမသတ်ထားသော ကိရိယာများကို သုံးစွဲမှုများမှတစ်ဆင့် ကူးစက်ခြင်းတို့ - [အာရုံကြောမကြီးထိခိုက်လူနာအား လမ်းပြန်လျှောက်နိုင်အောင် ကုသမှုမှတ်တမ်း](https://www.telekyanmar.org/အာရုံကြောမကြီးထိခိုက်လ/) - Spinal Cord Injury လို့ ခေါ်တဲ့ အာရုံကြောမကြီး ထိခိုက်မိရင် ပြန်ကောင်းနိုင်ပါ့မလား လို့ စိတ်ပူကြရပါတယ်။ ဒါကတော့ ရဲဘော်တစ်ယောက် Airstrike ကြောင့် Cervical Spinal Cord Injury ရပြီး Quadriplegia လို့ခေါ်တဲ့ လေးဘက်လုံး လှုပ်လို့ မရတော့တဲ့ လူနာ ကို ၄ လ အတွင်း လမ်းပြန်လျှောက်နိုင်အောင် (ASIA B to ASIA D in 4 months) ကုသမှုပေးခဲ့တဲ့ မှတ်တမ်းလေး ဖြစ်ပါတယ်။ "ကျွန်မ နာမည် နန ပါ။ ကျွန်မက ရဲဘော် တစ်ယောက်ပါ။ တစ်ရက်မှာ လေယာဉ်ဗုံးကြဲ ခံရပြီး လည်ပင်းအာရုံကြောမကြီး ထိခိုက်ပြီး လက်တွေ ခြေထောက်တွေ - [ကိုယ်တိုင်တပ်ထားတဲ့ တံဆိပ်တွေကို သတိပြုမိဖို့ ဂျာနယ်ရေးသားခြင်း Self-Labeling Journaling](https://www.telekyanmar.org/self-labeling-journaling-february-2025/) - မိမိကိုယ်ကိုယ် ပိုမိုနားလည်ဖို့…ကိုယ်တိုင်တပ်ထားတဲ့ တံဆိပ်တွေကို သတိပြုမိဖို့…ဂျာနယ်ရေးကြည့်ကြရအောင်။ 🌱 A Week of Self-Labeling Journaling: A Journey to Self-Awareness 🌱 🔹 မိမိကိုယ်ကိုယ် တံဆိပ်ကပ်ခြင်းဆိုတာ ဘာလဲ။(What is Self-Labeling?) Self-labeling (မိမိကိုယ်ကိုယ် တံဆိပ်ကပ်ခြင်း) ဆိုတာ ကိုယ့်ကိုယ်ကိုယ် ရှင်းပြတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ အပြုအမူ သို့မဟုတ် မိမိခံစားချက်ကို စကားလုံးနဲ့ ဖော်ပြတာပါ။ တစ်ခါတလေ “ငါကမကောင်းဘူး” “ ငါက မသန်မာဘူး” “ငါက ဘယ်တော့မှ အသုံးကျမှာ မဟုတ်ပါဘူး” ဆိုပြီးတွေးနေမိတာမျိုး သတိထားမိဖူးပါသလား။ ကျွန်တော်တို့ နေ့စဉ်လူနေမှုဘဝမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ ပေါ်မူတည်ပြီး ကိုယ့်ဟာကိုယ် ဖော်ပြလေ့ရှိတဲ့ ဝေါဟာရစကားတစ်လုံး၊ စာကြောင်း - [စိုးရိမ်မှုလွန်ကဲခြင်း](https://www.telekyanmar.org/စိုးရိမ်မှုလွန်ကဲခြင်း/) - ဖြစ်မလာသေးတဲ့အရာတွေကို မကြာခဏ တွေးပူမိနေလား 🥺 လူရယ်လို့ဖြစ်လာရင် စိတ်ပူတာ၊ စိုးရိမ်တာ၊ မဖြစ်သေးတဲ့အရာတွေကို တွေးပူနေတတ်တာ သဘာဝပါ။ စိတ်ခံစားချက်ရှိကြတဲ့ လူသားတွေဖြစ်တဲ့အတွက် ဒီလိုတွေးပူတတ်တာဟာ အပြစ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အလွန်အမင်းတွေးပူတာ၊ လိုအပ်တာထက်စိုးရိမ်မှုများလွန်းတာဆိုရင်တော့ stress ဆိုတဲ့ စိတ်ဖိစီးမှုတွေများလာပြီး လက်ရှိဘဝကို မခံစားနိုင်တော့ဘဲ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကနေမှတစ်ဆင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါ ဖြစ်လာနိုင်ပါတယ်။ ဥပမာ၊ အလုပ်တစ်ခုရတယ်ဆိုပါစို့။ အလုပ်သစ်မှာ အဆင်ပြေပါ့မလား၊ လုပ်ဖော်ကိုင်ဖက်ကိုင်တွေက ကိုယ့်အပေါ်ကောင်းပါ့မလား၊ အလုပ်ကို အမှားမရှိအောင်လုပ်နိုင်ပါ့မလားလို့ တွေးပူမိပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေတာမျိုး။ မဖြစ်သေးတဲ့ရောဂါတစ်ခုခုကို ငါ့မှာဖြစ်ရင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုကုမှာလဲ၊ ကုလို့ရောရနိုင်မှာလား၊ ဘယ်လောက်ကုန်ကျမှာလဲ စသဖြင့်တွေးပူပြီး ရတတ်မအေးဖြစ်နေတာမျိုး။ လူတွေက ကိုယ့်ကိုမုန်းနေလား၊ ကြည့်မရဖြစ်နေမလား၊ အထင်သေးနေမလား စသဖြင့် သေချာခိုင်လုံတဲ့ အကြောင်းပြချက်မရှိပါဘဲ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ညစ်နေပြီး - [အမေးများသော ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း (အပိုင်း ၂)](https://www.telekyanmar.org/faqs-about-rabies-part-2-february-2025/) - ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာပေါ်လာပြီဆိုရင် ကုသလို့မရဘဲ ၁၀၀% သေဆုံးနိုင်တဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီအကြောင်းကို အရင်ပထမပို့စ်ထဲမှာ ရောဂါနဲ့ပတ်သက်တဲ့ အခြေခံအချက်တွေ၊ တစ်ဦးချင်းရောဂါကူးစက်ခြင်းလမ်းကြောင်းတွေနဲ့အတူ ကာကွယ်ဆေးရဲ့အရေးပါမှုတွေပါ အသေးစိတ်ရှင်းပြထားခဲ့ပြီးလည်း ဖြစ်ပါတယ်။(မဖတ်ရှုရသေးသူတွေအတွက် 👉👉 click here ) အခုကတော့ အဲဒီပို့စ်တင်ပြီးတဲ့နောက် တယ်လီကျန်းမာ messenger ကို နောက်ဆက်တွဲမေးခွန်းတွေ အများအပြား လာရောက်မေးမြန်းကြတာကြောင့်…. ခွေးရူးပြန်ရောဂါနဲ့ ကာကွယ်ဆေးအကြောင်း ပိုမိုနားလည်ကြစေဖို့အတွက် အမေးများတဲ့ နောက်ဆက်တွဲမေးခွန်းတွေနဲ့ ဖြေကြားချက်တွေကို အများပြည်သူသိရှိအောင် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။…… ၁။ ကြောင်ကုတ်တာခံရတယ်။ ခြစ်ရာပဲရှိတယ်။ ဆေးထိုးစရာ လိုမလား။ ခွေးရူးပြန်ရောဂါဆိုတာ တံတွေးမှတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ လက်သည်းမှတစ်ဆင့် ကူးစက်နိုင်ခြေ အလွန်ကိုနည်းပါတယ်။ ဒါပေမယ့် ဒဏ်ရာနက်ရင်၊ လမ်းဘေးကြောင်ဖြစ်ရင်၊ ကြောင်ရဲ့လက်ရှိအခြေအနေက မူမမှန်ရင်တော့ ဆေးထိုးထားတာ ပိုစိတ်ချရပါတယ်။ ကုတ်တာရော၊ ကိုက်တာပါ - [မူးယစ်ဆေး (ဘိန်း) လွန်ခြင်း (Opioid Overdose) ဖြစ်စေနိုင်သော အချက်များ (February 2025)](https://www.telekyanmar.org/မူးယစ်ဆေး-ဘိန်း-လွန်ခြင/) - မူးယစ်ဆေး (ဘိန်း) လွန်ခြင်း (Opioid Overdose) ဖြစ်စေနိုင်သော အချက်များ ၁။ ကျန်းမာရေးဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းမပါဘဲ မူးယစ်ဆေး (ဘိန်း) သုံးစွဲခြင်း၂။ မူးယစ်ဆေး (ဘိန်း) ပမာဏ အမြောက်အမြား သုံးစွဲခြင်း၃။ ကာလကြာရှည် ဆေးဖြတ်ပြီးမှ မူးယစ်ဆေး (ဘိန်း) ပြန်လည်သုံးစွဲခြင်း၄။ သွေးကြောတွင်းသို့ မူးယစ်ဆေး (ဘိန်း) ထိုးသွင်းသုံးစွဲခြင်း၅။ ရောဂါအခံရှိခြင်း၆။ မူးယစ်ဆေး (ဘိန်း) ကို အခြားမူးယစ်ဆေးဝါး (သို့မဟုတ်) ဆေးဝါးများနှင့် အတူပေါင်းစပ်၍ အသုံးပြုခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ - [ရုတ်တရက်နှလုံးထိခိုက်ခြင်းတွင် အဖြစ်များသော လက္ခဏာများ (ဇန်နဝါရီ၊ ၂၀၂၅)](https://www.telekyanmar.org/ရုတ်တရက်နှလုံးထိခိုက်ခ-2/) - ရုတ်တရက်နှလုံးထိခိုက်ခြင်းတွင် အဖြစ်များသော လက္ခဏာများ ရင်ဘတ်တဝိုက်တွင် အောင့်ခြင်း သိုမဟုတ် မအီမသာဖြစ်ခြင်း။ လက်မောင်း၊ ဘယ်ပခုံး၊ တံတောင်ဆစ်၊ မေးရိုးနှင့် နောက်ကျော နာကျင်ခြင်း။ ရင်ပူခြင်း အသက်ရှူရခက်ခဲ၍ မောကျပ်ခြင်း ရင်တုန်ခြင်း/ နှလုံးခုန်မြန်ခြင်း ဖြူဖတ်ဖြူလျော် ဖြစ်လာခြင်း ချွေးစေးပြန်ခြင်း အန်ခြင်း၊ ပျိုခြင်းတိုနှင့်တွဲ၍ အားနည်းခြင်း သိုမဟုတ် မူးဝေခြင်းတို ခံစားရခြင်း (အမျိုးသမီးများတွင် နောက်ကျော သိုမဟုတ် မေးရိုးနာကျင်ခြင်း၊ ပျိုခြင်း၊ အန်ခြင်းနှင့် အသက်ရှူရခက်ခဲ၍ မောကျပ်ခြင်းတိုကို ပိုမိုခံစားရနိုင်ပါသည်) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ - [စိတ်ခံစားချက်တွေကို နာမည်ပေးကြည့်ရအောင်](https://www.telekyanmar.org/စိတ်ခံစားချက်တွေကို-နာမ/) - စိတ်ခံစားချက်တွေကို နာမည်ပေးကြည့်ရအောင်Let’s name our emotions!!! စိတ်ခံစားချက်တွေဆိုတာ ကျွန်တော်တို့ရဲ့ ဘေးပတ်ဝန်းကျင်နဲ့ ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေအပေါ်မူတည်ပြီး နှလုံးသားနဲ့ ဦးနှောက်ကနေပို့လွှတ်တဲ့ ကိုယ့်ဆီမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိစေတဲ့ မက်ဆေ့ဂျ်လေးတွေပါ။ စိတ်ခံစားချက်တွေဆိုတာ လူသားတစ်ယောက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့နဲ့ လောကကြီးကိုနားလည်စေဖို့ ကူညီပေးပါတယ်။ စိတ်ခံစားချက်တွေကို ရာသီဥတုလို့ သဘောထားလိုက်ရင် . . . ပျော်ရွှင်မှုက နေရောင်လှစေတဲ့ နေ့တစ်နေ့နဲ့တူတယ် ☀️ ဝမ်းနည်းမှုက မိုးရွာတဲ့အချိန်နဲ့တူတယ် 🌧️ ဒေါသထွက်မှုက အလွန်ပြင်းထန်တဲ့ မုန်တိုင်းနဲ့တူတယ် ⛈️ ကြောက်ရွံ့မှုက လေတိုက်ပြင်းထန်သော ညနဲ့တူတယ် 🌬️ စိတ်လှုပ်ရှားမှုက မိုးသည်းပြီးနောက်ပေါ်လာတဲ့ စိမ်းလန်းနေသော သက်တံလေးနဲ့တူတယ် 🌈 ရာသီဥတုက ပြောင်းလဲတတ်သလို စိတ်ခံစားချက်တွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။…… စိတ်ခံစားချက်တွေက - [ကလေးဘဝ စိတ်ဒဏ်ရာ](https://www.telekyanmar.org/ကလေးဘဝ-စိတ်ဒဏ်ရာ/) - "စိတ်ဒဏ်ရာရသွားတယ်""ငါတော့ စိတ်ဒဏ်ရာရနေပြီ" ဆိုပြီး စိတ်ဒဏ်ရာဆိုတဲ့ စကားလုံးကို ကျွန်မတို့ လွယ်လွယ်ကူကူပဲ သုံးတတ်ပြောတတ်ကြပါတယ်။ တကယ်တမ်း စိတ်ဒဏ်ရာဆိုတာ ဘာလဲ။ စိတ်ဒဏ်ရာဆိုတာ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း ထိခိုက်မှု၊ ခြိမ်းခြောက်မှုတစ်ခုခုကို ကြုံပြီးတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေကို ဆိုလိုတာပါ။ အထူးသဖြင့် ကလေးဘဝမှာ ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေဟာ အရွယ်‌ရောက်ကြီးပြင်းလာတဲ့အထိ လူမှုဘဝအပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအထိ ဆိုးကျိုးတွေ သက်ရောက်တတ်ကြပါတယ်။…… ဒါဆို ဘယ်လိုအပြုအမူ/ ဖြစ်ရပ်တွေက ကလေးတွေကို စိတ်ဒဏ်ရာဖြစ်စေနိုင်သလဲ။ မျိုးရိုးစဥ်ဆက် လက်ဆင့်ကမ်းလာမိတဲ့ စိတ်ဒဏ်ရာတွေ ကြမ်းတမ်းစွာပြစ်ဒဏ်ပေးခံရခြင်း၊ ပြောဆိုဆက်ဆံခံရခြင်း လိင်ပိုင်းဆိုင်ရာ ထိခိုက်စော်ကားပြုမူခံရခြင်း မရည်ရွယ်ဘဲဖြစ်စေ/ တမင်ဖြစ်စေ အုပ်ထိန်းသူထံမှ လစ်လျူရှုခံရခြင်း သဘာဝဘေးအန္တရာယ်ဆိုးများ၊ ကပ်ဆိုးများ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများ အသားအရောင်၊ လူမျိုး၊ - [သိုင်းရွိုက်ဟော်မုန်းများခြင်းအကြောင်း (Hyperthyroidism)](https://www.telekyanmar.org/သိုင်းရွိက်ဟော်မုန်းမျ/) - သိုင်းရွိုက်ဟော်မုန်းများတဲ့ရောဂါဆိုတာ သိုင်းရွိုက်ဂလင်း (Thyroid gland) အလွန်အလုပ်လုပ်ခြင်းကြောင့်ဖြစ်လာတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဆိုတာ လည်ပင်းရှေ့တည့်တည့် အောက်ခြေနားလောက်မှာရှိတဲ့ လိပ်ပြာပုံစံဂလင်း (gland) ပါ။ သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းအားလုံး ဇီဝကမ္မဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်လုပ်ဆောင်ဖို့အတွက် အလွန်အရေးကြီးတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်ပေးနေပါတယ်။ အဓိကသိုင်းရွိုက်ဟော်မုန်းတွေကတော့ triiodothyronine (T3), thyroxine (T4) နဲ့ thyroid stimulating hormone (TSH) တို့ပဲ ဖြစ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းများလာပြီဆိုရင် ကိုယ့်ရဲ့ဇီဝကမ္မဖြစ်စဥ်တွေမြန်လာပြီး ကျန်းမာရေးပါ အမျိုးမျိုးထိခိုက်စေပါတယ်။…… ❓သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေက ဘာတွေလဲ။ ✅ စိတ်လှုပ်ရှားခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မောပန်းနွမ်းနယ်ခြင်း✅ လက်တုန်ခြင်း✅ အစားအသောက် ပုံမှန်စားနေပေမယ့် ကိုယ်အလေးချိန် သိသိသာသာကျလာခြင်း✅ ဝမ်းလျှောခြင်း၊ ခဏခဏဝမ်းသွားခြင်း✅ ချွေးထွက်များခြင်း၊ ရာသီဥတုအပူဒဏ် မခံနိုင်ခြင်း✅ ဆံပင်ကျွတ်ခြင်း✅ အိပ်မပျော်ခြင်း✅ - [နေ့စဉ်သောက်သုံးရမည့် ရေပမာဏ Daily Water Intake](https://www.telekyanmar.org/နေ့စဉ်သောက်သုံးရမည့်-ရေ/) - တစ်ရက်မှာ ရေဘယ်လောက်သောက်ရမလဲ၊ တစ်လီတာာလား သုံးလီတာလား၊ နည်းလား များလား၊ ကျန်းမာရေးထိခိုက်မှာလား စသဖြင့်တွေးပူနေကြတဲ့အပေါ် ဒီတစ်ပတ်ရှင်းပြပါရစေရှင့်။ “ရေအသက် တစ်မနက်” တဲ့။ ဟုတ်ပါတယ်… ရေက အလွန်ကိုအရေးကြီးတာပေါ့။ အရသာလည်း မယ်မယ်ရရမရှိပါဘဲ သူ့ကိုမသောက်ရမနေနိုင် သူမရှိရင် မဖြစ်ပေါ့။ ဟုတ်တယ်နော်။ ကဲ… လိုရင်းကိုဆက်ပါမယ်။ ရေဆိုတာထက် တစ်နေ့တာလုံးအတွက် အရည်ဖြစ်စေမယ့်အရာတွေကို ဆိုလိုတာပါ။ ဥပမာ ဟင်းချို၊ စွတ်ပြုတ်၊ အချိုရည်၊ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်၊ အအေး၊ အသီး စတာတွေလည်း အကျုံး၀င်ပါတယ်။ ရေကို သဘောတရားအရတော့ သာမန်လူတစ်ယောက်၊ ကိုယ်တွင်းဇီ၀ဖြစ်စဥ် အလယ်အလတ် မျှခြေရှိတဲ့သူတစ်ယောက်၊​ ချွေးတအားထွက်ထားတာမျိုး မရှိဘူး၊ ကလေးမဟုတ်၊ ကိုယ်၀န်ဆောင်မဟုတ်၊ အားကစားသမားမဟုတ်တဲ့သူ၊ သွေးတိုး၊ ကျောက်ကပ်၊ နှလုံး၊ အသည်း စတဲ့ကိုယ်တွင်းကလီစာတွေလည်း အကုန်ကောင်း၊ - [ရေလိုအပ်ချက်အား ပြန်လည်ရှင်းပြခြင်း](https://www.telekyanmar.org/ရေလိုအပ်ချက်အား-ပြန်လည်/) - ပြီးခဲ့တဲ့စနေနေ့ကတင်ခဲ့တဲ့ အာဟာရရှုထောင့်ပိုစ့်လေး (Detox နည်းလမ်းတွေဟာ ကျန်းမာရေးအရ မလိုအပ်ကြောင်း) ရေးသားထားတဲ့အထဲမှာ… လူတစ်ဦးဟာ တစ်နေ့ကို ရေတစ်လီတာခန့် လိုအပ်ကြောင်း၊ ရေငတ်ရင် ပိုသောက်သင့်ကြောင်း၊ ချွေးထွက်ရင်လည်း ပိုသောက်သင့်ကြောင်း ဖော်ပြပေးခဲ့ပါတယ်။ ဒါပေမယ့် ဒါကိုလက်မခံတဲ့ ကွန်မန့်တချို့ကို တွေ့ခဲ့ရသလို၊ ပြန်လည်မျှဝေရာမှာလည်း တယ်လီကျန်းမာ စာဖတ်သူတွေအပြင် တချို့ဆရာဝန်တွေကပါ အပြန်အလှန်ဆွေးနွေးနေခဲ့ကြတာကို သတိထားမိပါတယ်နော်။…… ဟုတ်ပါတယ်… ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အပါအဝင် ကျန်းမာရေးနဲ့သက်ဆိုင်သူ တော်တော်များများက လူတစ်ဦးဟာ တစ်နေ့ကို ရေ (၂) လီတာခန့် သောက်သင့်ကြောင်းအကြံပြုထားချိန် ဘာလို့များ တယ်လီကျန်းမာရဲ့ပိုစ့်ထဲမှာ တစ်လီတာခန့် လိုအပ်ကြောင်း၊ ရေငတ် ချွေးထွက်ရင်တော့ ပိုသောက်သင့်ကြောင်း ရေးသားထားသလဲလို့ မင်မင်ကိုယ်တိုင် ပိုစ့်မတင်ခင်မှာ စဥ်းစားမိပါသေးတယ်။ တကယ်တော့ အခုကိစ္စဟာ စာအရေးအသားအရ ဒွိဟဖြစ်သွားစေတာပါ။ နားလည်မှုလွဲသွားနိုင်ပါတယ်။ အမှန်တကယ်တော့ - [သတင်းဆိုး Breaking The Bad News](https://www.telekyanmar.org/သတင်းဆိုး-breaking-the-bad-news/) - "သတင်းဆိုး" ကျွန်တော်တို့ဆရာဝန်တွေ ကိုယ်တိုင်ကလည်း မပြောချင်၊ လူနာကိုလည်း နားမထောင်‌စေချင်သော သတင်းစကား‌ပေါ့ဗျာ။ သို့သော်လည်း မပြောမပြီး၊ မတီးမမြည်ဆိုသလို ဆိုရေးရှိက ဆိုအပ်လှ၏ဆိုပြီး လူနာအား ဖွင့်ဆိုရှင်းပြရခြင်းတစ်ခု။ Breaking the bad news လို့ ဆေးစာအုပ်တွေထဲမှာ ရေးကြတယ်။ ကျွန်တော်တို့ဆရာဝန်တွေ ရှောင်လွှဲလို့ မရနိုင်တဲ့ အလုပ်တစ်ခုပေါ့။ ဆေးပညာဘာသာရပ်တိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့ OG မှာလည်း ရှိတာပေါ့။ အများကြီးပဲ။ အဲဒါတွေထဲက တစ်ခုဖြစ်တဲ့ Anencephaly ဆိုတဲ့အကြောင်း ပြောပြချင်လို့ပါ။…… Anencephaly ဆိုတာ လူနာကို ရှင်းပြရ တော်တော်ဆိုးတဲ့ ရောဂါဗျ။ OG ဘဝမှာ တစ်နှစ်ကို တစ်ယောက်၊ နှစ်ယောက်လောက် ကြုံရလေ့ရှိပါတယ်။ ဘာဖြစ်တာလဲဆိုတော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဗိုက်ထဲက ကလေးလေးက ဗိုက်ထဲမှာရှိနေသမျ အချင်းအားကိုးနဲ့ - [ရာသီလာချိန် ဗိုက်အောင့်ခြင်း၊ ကိုက်ခဲခြင်း Menstrual Cramps](https://www.telekyanmar.org/ရာသီလာချိန်-ဗိုက်အောင့်/) - အမျိုးသမီးတော်တော်များများက ရာသီလာချိန် ဗိုက်အောင့်တာ၊ ခါးအောက်ပိုင်း အထူးသဖြင့်ဆီးခုံံနားကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဗိုက်အောင့်တာအပြင် ပျို့ချင်အန်ချင်တာပါ တွဲဖြစ်တတ်ပါတယ်။ ရာသီမလာခင်တစ်ရက်အလို (သို့) ရာသီစလာတဲ့နေ့မျိုးမှာ ဖြစ်တတ်ပြီး ၂ ရက် ၃ ရက်အကြာမှာသက်သာလာတတ်ပါတယ်။ တချို့သူတွေမှာတော့ နေ့စဥ်လှုပ်ရှားမှုများ ထိခိုက်သည်အထိ နာကျင်ကိုက်ခဲတတ်ပါတယ်။. ❓ဘာကြောင့် ဗိုက်အောင့်၊ ကိုက်ခဲရတာလဲ။ (၁) သဘာဝအတိုင်းနာကျင်ကိုက်ခဲခြင်းရာသီလာတယ်ဆိုတာ ကိုယ်ဝန်ဆောင်စရာမလိုတာကြောင့် သားအိမ်နံရံတွေ ကွာကျတဲ့ဖြစ်စဥ်ပါ။ သားအိမ်အနားသတ်တွေကို စွန့်ထုတ်ဖို့ သားအိမ်ကျုံ့ရပါတယ်။ နာကျင်မှု၊ ရောင်ရမ်းမှုတွေဖြစ်စေတဲ့ ပရိုစတာဂလမ်ဒင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးဟာ သားအိမ်ကြွက်သားများကို ကျုံ့စေပါတယ်။ ပရိုစတာဂလမ်ဒင်ပမာဏများလေလေ၊ နာကျင်မှုပိုလေလေ ဖြစ်ရပါတယ်။ ရာသီစလာတာနဲ့ ပရိုစတာဂလမ်ဒင်ပမာဏ ကျလာပြီး ရက်ပိုင်းအတွင်း နာကျင်ကိုက်ခဲတာ သက်သာလာပါတယ်။ ( ၂) အခြားအကြောင်းရင်းများကြောင့် နာကျင်ကိုက်ခဲခြင်း✅ သားအိမ်တစ်သျူးနေရာမှားခြင်း (Endometriosis)✅ သားအိမ်တွင်းအလုံးဖြစ်ခြင်း - [အသည်းရောင်အသားဝါ B ပိုးကူးစက်ခံရပြီဆိုလျှင် ပြုလုပ်ရသော ဓာတ်ခွဲခန်း စစ်ဆေးစမ်းသပ်ချက်များ အကြောင်း](https://www.telekyanmar.org/အသည်းရောင်အသားဝါ-b-ပိုးက/) - ၁။ သွေးထဲရှိ ဗိုင်းရပ်စ်၏ပြင်ပအလွှာ Hepatitis B surface antigen test (HBsAg) ဒီစစ်ဆေးချက် positive ဖြစ်လျှင် မိမိတွင် အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံနေရပြီဖြစ်ပြီး ကာလတိုရောဂါလည်း ဖြစ်နိုင်သလို၊ ကာလရှည်ရောဂါလည်း ဖြစ်နိုင်ပါသည်။ စစ်ဆေးချက် negative ဖြစ်လျှင် မိမိတွင် အသည်းရောင်အသားဝါ B ပိုး ကူးစက်ခံရခြင်းမရှိပါ။ ဤစစ်ဆေးချက်သည် ကာလတို အသည်းရောင်အသားဝါ B ပိုးရောဂါတွင်သာမက ကာလရှည် အသည်းရောင်အသားဝါ B ပိုးရောဂါတွင်ပါ positive ဖြစ်သဖြင့် ရောဂါပိုးရှိ/မရှိ သိရှိရန် ပထမဆုံးစစ်ဆေးရမည့် စစ်ဆေးချက်ဖြစ်ပါသည်။ စစ်ဆေးချက်သည် ရောဂါပိုး စတင်ကူးစက်ခံရသည့် တစ်ပတ်မှ ၁၀ ပတ်အတွင်း positive ဖြစ်နိုင်ပြီး ကာလတို အသည်းရောင်အသားဝါ B - [စိတ်ကျန်းမာရေးဆိုင်ရာ အတွေ့အကြုံ Mental Health Experience](https://www.telekyanmar.org/စိတ်ကျန်းမာရေးဆိုင်ရာ-အ/) - ကျွန်မ ဒေါက်တာမီပါ… တယ်လီကျန်းမာရဲ့ပိုစ့်တွေ/စာတွေ ပုံမှန်ဖတ်နေသူတွေဆိုရင် ကျွန်မရဲ့ စိတ်အာဟာရ စာစုလေးတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။ ဒီတစ်ခေါက်တော့ ကျွန်မက စိတ်ခွန်အားပေးဖို့မဟုတ်ဘဲ စာဖတ်သူတို့ကို ရင်ဖွင့်ချင်တာပါ။ ဒီလိုပါ…၂၀၂၁ မှာ ကျွန်မ CDM လုပ်ပြီးနောက်ပိုင်း ဘဝရဲ့ အချိုးအဆစ်များစွာကို ကြုံခဲ့ရပါတယ်။အထူးသဖြင့် ဆုံးရှုံးမှုတွေ၊ အိပ်မက်တွေပျောက်ဆုံးမှုတွေပေါ့။ အဲဒီထဲမှာ အဆိုးဆုံးက စိတ်ဓာတ်ကျတဲ့ရောဂါ…စိတ်ကျရောဂါ (Depression) ပေါ့။ ၂၀၂၁ မတ်လမှာ ဝန်ထမ်းအဆောင်ကနေ ဆင်းခဲ့ရတယ်။ ကိုယ့်ချွေးနဲစာနဲ့ ရှာဖွေစုဆောင်းထားတာလေးတွေ ထားပစ်ခဲ့ရတယ်။ ဘယ်သူမှ မသိလောက်မယ့်နေရာမှာ အခန်း‌လေးငှားနေရင်း စိတ်လုံခြုံမှုတွေ ကင်းမဲ့ခဲ့တယ်။ ကြိတ်ငိုရတာအခါခါ ..အားတင်းရတာအခါခါ။အဲဒီကြားထဲ ဆန္ဒတွေပြလိုက်၊ ကျည်ဆန်တွေကြား ပြေးလိုက်လွှားလိုက်၊ ပုန်းလိုက်ကွယ်လိုက်နဲ့ နေ့ရက်တွေလည်း ရှိခဲ့တာပေါ့လေ။ နောက်ပိုင်းကျတော့လည်း နေ့စဉ်ထပ်တလဲလဲ ခေါက်ရိုးကျိုးနေတဲ့ ဘဝကြီးမှာ မိုးလင်းကနေ မိုးချုပ် အရာရာဟာ - [ခွေးရူးပြန်ရောဂါနှင့် ပတ်သက်သော အမေးအဖြေများ FAQs about Rabies](https://www.telekyanmar.org/faqs-about-rabies-jan-2025/) - မြန်မာနိုင်ငံဟာ လမ်းဘေးခွေးလေခွေးလွင့်တွေ အင်မတန်ပေါများရုံသာမက ဒီကတစ်ဆင့်ဖြစ်လာနိုင်တဲ့ ခွေးရူးပြန်ရောဂါဆိုတာဟာလည်း အလွန်ကြောက်စရာကောင်းတဲ့ရောဂါ ဖြစ်ပါတယ်။ ဖြစ်လာရင် အသက်ဆုံးရှုံးရုံမှအပ အခြားမရှိပါ။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားဆေးရုံတစ်ခုရဲ့ ခွေးရူးပြန်ရောဂါအကြောင်း ပညာပေးဆောင်းပါးမှာဆိုရင် အကိုက်ခံရလား အကိုက်မခံရဘူးလား မသဲကွဲတာမျိုး၊ မိမိအခန်းထဲ လင်းနို့ဝင်လာတာမျိုး… ဒီလိုမျိုးမသေချာတဲ့ အခြေအနေတွေမှာကို ကာကွယ်ဆေးထိုးဖို့ အကြံပေးထားတဲ့အထိ ကြိုတင်ကာကွယ်ကုသမှုက အရေးကြီးပါတယ်။ ဒီအတွက် တယ်လီကျန်းမာ messenger ကို ခဏခဏလာမေးကြတဲ့ (အမေးအများဆုံးလို ဖြစ်နေတဲ့) ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်တဲ့ အမေးအဖြေတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်နော်။ အများပြည်သူအနေနဲ့ ဗဟုသုတအလို့ငှာ ဖတ်ရှုသိရှိထားသင့်ပါကြောင်း အကြံပြုလိုက်ပါရစေ…။…… ၁။ ခွေး သို့ တိရစ္ဆာန်အကိုက်ခံရရင် ပထမဆုံးဘာလုပ်ကြမလဲ။ ပထမဆုံး ကိုက်ခံရတဲ့အနာကို ဆပ်ပြာနဲ့သေချာဆေးကြောပြီး ရေနဲ့ ၁၅ မိနစ်ခန့် အနာပေါ်လောင်းပေးဖို့လိုပါမယ်။ ပြီးရင် ဆေးဝါ (betadine - [အငန် လျှော့စားပါ (ဇန်နဝါရီလ၊ ၂၀၂၅)](https://www.telekyanmar.org/အငန်-လျှော့စားပါ-ဇန်နဝါ/) - အငန် လျှော့စားပါ ▪️ တစ်နေ့လျှင် အများဆုံး လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာထက် မပိုအောင် ဆား လျှော့စားခြင်းသည် သင့်နှလုံး ရုတ်တရက်ထိခိုက်နိုင်ခြေကို လျှော့ချနိုင်ပါသည်။▪️ အငန်ဓာတ်လျော့နည်းသည့် အစားအစာဖြင့် သင့်ကျန်းမာရေးကို ကာကွယ်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [အူလမ်းကြောင်းမှ အဆိပ်တွေကို Detox (ဒီတောက်စ်)လုပ်ဖို့လိုအပ်ပါသလား?](https://www.telekyanmar.org/အူလမ်းကြောင်းမှ-အဆိပ်တွ/) - မင်္ဂလာပါရှင် ထူးခြားဆန်းကြယ်အံ့သြဖွယ် အစားအစာနဲ့အူလမ်းကြောင်း အဆိပ်ထုတ်တဲ့အကြောင်းကို အများပြည်သူတချို့ အမှတ်မှားနေတာလေးတွေ မြင်တွေ့နေရလို့ အာဟာရဆရာဝန်တစ်ဦးအနေနဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတလေးတွေကို ရှင်းပြပေးပါရစေနော်။…… ပထမဆုံးအနေနဲ့ လူ့ခန္ဓာကိုယ်မှာ စားသောက်မိတာ/ ရှူရှိုက်မိတာတွေထဲမှာ အဆိပ်ဖြစ်စေတဲ့အရာတွေ၊ ခန္ဓာကိုယ်အတွက် အကျိုးမရှိတဲ့ပစ္စည်းတွေ ရှိနေမယ်ဆို သင်တို့အနေနဲ့ တကူးတကဖယ်ထုတ်ပစ်ဖို့ မလိုပါကြောင်း ဦးဆုံးအနေနဲ့ ဗဟုသုတမျှဝေပါရစေ။ ဘာကြောင့်လဲဆို သင့်ခန္ဓာကိုယ်မှာ ဒီလိုမျိုးအဆိပ်နဲ့အမှိုက်တွေကို ဖယ်ရှားပေးဖို့ သဘာ၀အတိုင်း အော်တို စစ်စတန် (Auto-system) ချိန်ထားပြီးသားမို့ပါ။ ဥပမာ ဆီးကနေ မလိုတဲ့အရာတွေ စွန့်ထုတ်မယ်။ ၀မ်းကနေ မလိုတာတွေ စွန့်ထုတ်တယ်။ ဒါ့အပြင် အရေပြားကနေတောင် အဆိပ်အတောက်တချို့က ချွေးနဲ့အတူ အငွေ့ အသွင် စွန့်ထုတ်ပစ်နိုင်စွမ်းရှိပါတယ်တဲ့။ ဒီလိုပဲ ပြင်ပက ပိုးမွှားတွေကိုတောင် သင့်ခန္ဓာကိုယ်က တားဆီးနိုင်ပါတယ်နော်။ ဒီတော့ အဆိပ်တွေကို (ဒီတောက်စ်) - [အချင်း ကွာထွက်ခြင်း Abruptio Placenta](https://www.telekyanmar.org/အချင်း-ကွာထွက်ခြင်း-abruptio-placenta/) - ကိုယ်ဝန်သက်တမ်း ၂၄ ပတ်ပြည့်ပြီးနောက် ကလေးမွေးမထွက်မီ မွေးလမ်းကြောင်းမှ သွေးသွန်ခြင်းရဲ့ နောက်ထပ်ကြောက်စရာကောင်းတဲ့ အကြောင်းရင်းတစ်ခုအကြောင်း… အချင်း ကွာထွက်ခြင်းAbruptio Placenta(Premature separation of the normally sited placenta)…… ပုံမှန်အတိုင်းဆိုရင် အချင်းက သားအိမ်အတွင်းနံရံရဲ့ အပေါ်ဘက်၊ အပေါ်ဘက်ရှေ့ဘက် သို့ အပေါ်ဘက်နောက်ဘက်မှာ ကပ်ရတယ်။ အမေ့ဆီက အောက်စီဂျင်နဲ့ အစာအာဟာရတွေကို စုပ်ယူပြီး ချက်ကြိုးကတစ်ဆင့် ကလေးဆီကိုပို့တယ်။ ကလေးတစ်ကိုယ်လုံး မွေးထွက်သွားပြီးပြီဆိုမှ ဘုရားပြီး ငြမ်းဖျက်ဆိုသလို အချင်းက သားအိမ်နံရံကနေ ကွာထွက်ပြီး နောက်ကလိုက်ထွက်လာရတယ်။ ပြီးတော့ မြေမြှုပ်စွန့်ပစ်လိုက်ကြတာပေါ့။ Abruptio Placenta ဆိုတာ သားအိမ်အတွင်းနံရံ ပုံမှန်ကပ်ရမယ့်နေရာမှာ ကပ်တဲ့အချင်းပါပဲ။ ဘာမှားသွားတာလဲဆိုတော့ ကလေးမွေးမထွက်မီ သားအိမ်ထဲမှာရှိနေတုန်း အချင်းကွာရမယ့်အချိန်မတိုင်မီ ကွာသွားတာကို ခေါ်ပါတယ်။ ဘာလို့ နေရာမှန်မှာရှိတဲ့အချင်းက - [စိတ်၏တွင်းနက်များ](https://www.telekyanmar.org/စိတ်၏တွင်းနက်များ/) - Black hole အကြောင်းကို စာဖတ်သူတို့ ကြားဖူးဖတ်ဖူးကြမယ် ထင်ပါတယ်။ မြန်မာလိုဆို တွင်းနက်/ကျင်းနက်လို့ ခေါ်ကြမလားမသိပါ။ သိပ်သည်းဆ အလွန်များပြီး၊ gravity ဆွဲအား အလွန်အားကောင်းတဲ့အတွက် အလင်းလိုအရာကိုတောင် ဆွဲငင်နိုင်စွမ်းရှိတယ်လို့ ဆိုကြပါတယ်။ သူ့အနီးအနား ပတ်ဝန်းကျင်က အရာတွေကို ဆွဲယူဖမ်းစားရင်း အရွယ်အစားလည်း ကြီးလာတတ်ကြတာတဲ့လေ။ ထားပါ..။ အဓိကပြောချင်တာက ကျွန်မတို့မှာလည်း စိတ်ရဲ့ Emotional Black Hole ဆိုတာ ရှိတတ်ကြတဲ့အကြောင်းပါ။ စိတ်ရဲ့အတွင်းဆုံး အနက်ရှိုင်းဆုံးနေရာမှာ ကိန်းအောင်းတည်ရှိနေပြီး ရုန်းလည်းမထွက်နိုင် ရှောင်ဖယ်လို့လည်း မရနိုင်ဘဲ တစ်စတစ်စ ဝါးမျိုခြင်းခံနေရတဲ့ အရာတွေပေါ့။ တစ်နည်းအားဖြင့် လုံးဝသည်းမခံနိုင်လောက်‌အောင် ဘဝဟာ ပင်ပန်းနေပေမယ့် လွတ်မြောက်ဖို့လမ်း မတွေ့သလို အဲဒီအတွေးတွေကပဲ အထပ်ထပ်အခါခါ ရစ်ပတ်ရင်း ရုန်းမထွက်နိုင်ကြတော့တဲ့ အခြေအနေမျိုးကို ဆိုလိုတာပါ။…… ဘာတွေကြောင့် စိတ်ရဲ့တွင်းနက်တွေ - [ကလေးဘဝ ကင်ဆာရောဂါများ၏ သတိပေးလက္ခဏာများ (ဇန်နဝါရီလ၊ ၂၀၂၅)](https://www.telekyanmar.org/ကလေးဘဝ-ကင်ဆာရောဂါများ၏-သ/) - ကလေးဘဝ ကင်ဆာရောဂါများ၏ သတိပေးလက္ခဏာများ ▪️ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း▪️ အကြောင်းရင်းမသိရဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း▪️ အကြောင်းရင်းမသိရဘဲ ဖျားခြင်း▪️ အရိုးနှင့် အဆစ်များ နာခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [နှစ်သစ်မှာ ပိုကျန်းမာအောင် နေထိုင်ဖို့](https://www.telekyanmar.org/နှစ်သစ်မှာ-ပိုကျန်းမာအေ/) - အားလုံး မင်္ဂလာပါရှင့်…. သက္ကရာဇ်တွေ ပြောင်းလဲလာတာနဲ့အတူ မနှစ်ကထက် ဒီနှစ်မှာ ပိုကျန်းမာအောင် နေကြပါစို့လားနော်။ ဒီအတွက်၂၀၂၅ မှာ ကျန်းမာရေးအသိရှိရှိနဲ့ ပိုဂရုစိုက်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပေးချက် ၁၀ ချက်ကို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ် 😇😇…… (၁) ကျန်းမာရေးနဲ့ ပိုညီညွတ်တဲ့ ရွေးချယ်မှုတွေလုပ်ကြစို့။ အစားအစာကစလို့ ကျန်းမာရေးကို အလေးပေးကြစို့။ ကျန်းမာတဲ့အစားအစာဆိုတာ အာဟာရတန်ဖိုးများတဲ့ အစားအစာတွေကို အစာအုပ်စု စုံစုံလင်လင်နဲ့ စားခြင်းကို ဆိုလိုတာပါ။ လွယ်အောင်ထပ်ရှင်းရရင် တစ်နေ့တစ်နေ့ စားနေတဲ့အထဲမှာ အသီးအနှံတွေလည်းပါမယ်၊ ဟင်းသီးဟင်းရွက်တွေလည်းပါရပါမယ်။ တစ်နေ့တာ စားသင့်တဲ့ပမာဏအားဖြင့်ဆိုရင် ပန်းကန်လုံးနဲ့ အသီးအနှံတစ်ပန်းကန်၊ ဟင်းသီးဟင်းရွက်လည်း ပန်းကန်လုံး တစ်လုံးစာခန့်ပါ။ အလွယ်၀ယ်လို့ရတဲ့ မုန့်ထုပ်တွေ၊ မုန့်ပဲသွားရည်စာတွေထက်စာရင် သစ်သီး၀လံတွေ​ ရာသီပေါ် အစားအစာတွေ စားတာမျိုးပေါ့။ Readymade ဖျော်ရည်တွေသောက်တာထက် အုန်းရည်လေးသောက်တာမျိုး၊ တွန်းလှည်းနဲ့ - [အချင်းရှေ့ရောက်ခြင်း၊ အချင်းက သားအိမ်အဝကို ပိတ်ထားခြင်း Placenta Praevia](https://www.telekyanmar.org/အချင်းရှေ့ရောက်ခြင်း၊-အ/) - "အချင်းရှေ့ရောက်ခြင်း၊ အချင်းက သားအိမ်အဝကို ပိတ်ထားခြင်း (Placenta Praevia)" ဘယ်လိုခေါ်ခေါ်ပါ… အဲဒီလိုဖြစ်ရင် ကလေးမွေးမထွက်မီ မွေးလမ်းကြောင်းက သွေးသွန်တတ်တယ်။ မိခင်ရော ကလေးရော နှစ်ယောက်စလုံးအတွက် အသက်အန္တရာယ် ရှိနိုင်တယ်။ အရေးပေါ် ခွဲစိတ်မွေးဖွားရဖို့၊ သွေးသွင်းကုသမှုခံရဖို့ ဖြစ်နိုင်ခြေများတယ်။ မပေါ့ဆကြပါနဲ့နော်။ အချင်းပုံမှန်တွယ်ကပ်တဲ့ နေရာတွေက သားအိမ်အတွင်းနံရံရဲ့အပေါ်ဘက် (Fundus) ၊ အပေါ်ဘက်ရှေ့ဘက် (Fundoanterior) နဲ့ အပေါ်ဘက်နောက်ဘက် (Fundoposterior) နေရာတွေပါ။ ဒါမှ ရိုးရိုးသဘာဝမွေးလမ်းကြောင်းက မွေးတဲ့အခါ ကလေးက အရင်ထွက်၊ ပြီးမှအချင်းထွက် ဒီလိုဖြစ်ရမှာလေ။ ဘာကြောင့် အချင်းက ကလေးရှေ့ရောက်သွားပြီး သားအိမ်ဝကို ပိတ်နေရသလဲ။ ဘာကြောင့် Placenta Praevia ဖြစ်ရတာလဲ ရှင်းပြထားတဲ့ သီအိုရီလေးခုရှိပါတယ်။ ၁။ Grandmultipara ကလေးတွေ အများကြီးမွေးလို့ပါတဲ့။ အချင်းရဲ့သဘာဝက - [အထက်တန်းစား ရောဂါသည်](https://www.telekyanmar.org/အထက်တန်းစား-ရောဂါသည်/) - ရောဂါတစ်ခုရလာပြီ ဝေဒနာတစ်မျိုးမျိုး ခံစားနေရပြီဆိုရင် အတော်အောက်ကျနောက်ကျ နိုင်ပါတယ်။ တခြားမကြည့်နဲ့ အိတ်ဇ်ပတ်စ်ကားစီးကြည့်။ ကားမူးတတ်တဲ့သူနဲ့ ဘယ်သူမှ ဘေးနားအတူမစီးချင်ဘူး။ ကိုယ့်နားက ကားမူးနေတဲ့သူက မူးလိုက်တာမှ ဥဩတွေတောင်ဆွဲနေရင် ဘယ်လိုလဲ။ ဆားအတို့ခံရတဲ့ တီကောင်လို ဖျတ်ဖျတ်ကို လူးနေမှာပဲ။ ဒါကြောင့် ရောဂါသည်တစ်ယောက်ဖြစ်ပြီဆိုရင် ကိုယ့်အပေါ် နားလည်ပေးနိုင်တဲ့သူတွေ လိုတယ်လို့။ တစ်ခါက အဒေါ်ကြီးတစ်ယောက် ရှိတယ်… အပျိုကြီး။ မောင်ဝမ်းကွဲအိမ်မှာ ဝိုင်းလုပ်ဝိုင်းစားပေါ့။ တူတွေ တူမတွေအကုန် သူ့လက်ပေါ်မှာပဲ ကြီးလာတာ။ "ကျွေးမွေးသုတ်သင် သက်ဆုံးပင်" တောင် ဆိုရနိုင်တယ်။ မိခင်တစ်ယောက်လိုပါပဲ။ ယောင်းမဖြစ်သူက မွေးပေး။ သူကကျွေးဆိုတော့ ကျွေးမိခင်ပေါ့။ နီတာရဲကနေ လူပျိုအပျိုဖားဖားဖြစ်တဲ့အထိ တစ်ယောက်ပြီး တစ်ယောက် ငါးယောက်လောက် ထိန်းကျောင်းပေးခဲ့တယ်။ မောင်ဖြစ်တဲ့သူ နာမကျန်းဖြစ်၊ ကွယ်လွန်အနိစ္စရောက်တော့ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်မယ်ပေါ့။ ဒါပေမယ့် - [Dr.Harry နှင့် လက်နက်ကြီးမှန် လူနာ](https://www.telekyanmar.org/dr-harry-နှင့်-လက်နက်ကြီးမှန်-လူ/) - Helloကျွန်တော် Dr Harry ပါ။ တစ်ချိန်လုံး ဗိုက်ပြဿနာကြီးပဲ ရေးနေရတော့ ဒီတစ်ခေါက် ဗိုက်အကြောင်းမပြောတော့ပါဘူး 😁 အချိန်က ပြီးခဲ့တဲ့မိုးတွင်း ရေကြီးနေတဲ့အချိန်တုန်းကပါ။ မိုးတအားများပြီး ရေတွေတက်လာတာ ခွဲခန်း လျှောက်လမ်းအထိရောက်လို့ ကျွန်တော်တို့အဖွဲ့တွေ တိုင်ပတ်နေတဲ့အချိန်ကြီးပေါ့။ ခွဲခန်းရှိတဲ့ ဆေးခန်းပတ်ချာလည်တစ်ဝိုက် ရေက ပေါင်လောက်အထိရောက်နေတော့ ခွဲခန်းသွားရင် ကားကို ရေလွတ်တဲ့နေရာမှာရပ်ခဲ့ပြီး လူက ရေထဲကဖြတ်သွားရပါတယ်။ အရေးပေါ် ကလေးခွဲမွေးပြီး ရေတက်နေတာနဲ့ ကျွန်တော်နေတဲ့ဆေးခန်းကို ပြန်လို့မရတော့ ခွဲခန်းမှာပဲ အိပ်ကြဖို့ပြင်နေတုန်း ည ၉ နာရီလောက်မှာ ဖုန်းဝင်လာပါတယ်။ လူနာက ကိုယ်တွေဘက်က ရဲဘော်ပါ။ လက်နက်ကြီး ထိလို့ ဆေးခန်းကိုခေါ်လာနေပြီလို့ အကြောင်းကြားပါတယ်။ ဖုန်းလိုင်းတွေက မကောင်းတော့တာကြောင့် သေချာမကြားရဘဲ အခြေအနေကို မသိရပါဘူး။ ဖုန်းဆက်တဲ့သူကလည်း တစ်ဆင့်ခံမို့ လူနာအခြေအနေကို အသေးစိတ်မသိပါဘူး။ - [အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်တဲ့ Human metapneumovirus (HMPV) အကြောင်း](https://www.telekyanmar.org/အသက်ရှူလမ်းကြောင်းဆိုင/) - ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံမှာ Human Metapneumovirus လို့ခေါ်တဲ့ HMPV virus ကို တွေ့ရှိမှုများလာတဲ့အကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ မလေးရှားနိုင်ငံမှာလည်း ယခင်နှစ်ကထက် HMPV virus တွေ့ရှိနှုန်းများလာတယ်လို့ ဆိုပါတယ်။ အိန္ဒိယနဲ့ မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကတော့ Virus ပိုးရဲ့အခြေအနေကို အနီးကပ် စောင့်ကြည့်နေဆဲဖြစ်ကြောင်း၊ ဒါပေမယ့် ဒီပိုးဟာ ခုမှတွေ့ရှိရတဲ့ ပိုးလည်းမဟုတ်ဘဲ ရာသီဖျားနာ Virus ပိုးမျိုး ဖြစ်ကြောင်း ဖော်ပြထားကြပါတယ်။ နိုင်ငံတကာ ခရီးသွားလာခွင့် ကန့်သတ်ချက်တွေလုပ်တာ၊ နိုင်ငံတွင်း ရောဂါပြန့်ပွားမှုတားဆီးရေး အစီအစဉ်တွေ လုပ်တာတွေလည်း မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတယ်မရှိလေနော်…ဒီရောဂါနဲ့ပတ်သက်ပြီး သတိထားရင် မမှားပါဘူး။…… ဒီ Human metapneumovirus (HMPV) ဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ virus ပိုးတစ်မျိုးပါ။ - [ဝမ်းပျက်ဝမ်းလျှောရောဂါ၏ နောက်ဆက်တွဲပြဿနာများ (January, 2025)](https://www.telekyanmar.org/ဝမ်းပျက်ဝမ်းလျှောရောဂါ-2/) - ဝမ်းပျက်ဝမ်းလျှောရောဂါ၏ နောက်ဆက်တွဲပြဿနာများ ▪️မကုသပါက ရေဓာတ်ခန်းခြောက်နိုင်ပါသည်။▪️ပြင်းထန်စွာ ရေဓာတ်ခန်းခြောက်ပါက ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း၊ သွေးလန့်ခြင်း (Shock) နှင့် သတိလစ်ခြင်း သိုမဟုတ် မေ့မျောခြင်း (Coma) တို ဖြစ်ပွားနိုင်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ကိုယ်ဝန်သက်တမ်း ၂၄ ပတ်နောက်ပိုင်း ကလေးမမွေးဖွားမီ မွေးလမ်းကြောင်းမှ သွေးဆင်းခြင်းအကြောင်း Antepartum Haemorrhage](https://www.telekyanmar.org/ကိုယ်ဝန်သက်တမ်း-၂၄-ပတ်နေ/) - တစ်နေ့က လူနာတစ်ယောက် ရောက်လာလို့ပါ။ အသက် ၂၄ နှစ်၊ ဒုတိယကိုယ်ဝန်၊ ၃၆ ပတ်မှာ သွေးနည်းနည်းဆင်းတယ်တဲ့။ ၁၇ ပတ်မှာရိုက်ထားတဲ့ အာထရာဆောင်း (USG) ကလည်း အချင်းရှေ့ရောက်နေတယ် (Placenta Praevia) လို့ပြောထားတယ်။ ကြားထဲလည်း တစ်ခေါက်မှ လာမပြဘူး။ သွေးဆင်းဆင်းချင်းလည်း မလာဘူး။ ဗိုက်မနာလို့တဲ့။ အိမ်မှာတင် နှိပ်နေတယ်တဲ့ဗျာ။ ဘယ်နေရာ၊ ဘယ်နားကို နှိပ်သလဲလို့တောင် မမေးရဲလို့ မမေးလိုက်ပါဘူး။ ဗိုက်ကိုနှိပ်ပါတယ်ဖြေရင် ကျွန်တော့်ပါးစပ်က ဖရုဿဝါစာ၊ အယုတ္တ၊ အနတ္တ စကားတွေ ထွက်လာမှာစိုးလို့။ သွေးပေါင်ကျ shock ရလောက်အောင် အများကြီးဆင်းမှ ညတစ်နာရီကြီး ရောက်လာတယ်။ အရေးပေါ် ခွဲမွေးရရုံတင်မက သွေးပြန်သွင်းဖို့ သွေးပါရှာရသေးတယ်။ ခွဲတာကလည်း လက်ကုန်၊ ပညာကုန်ပဲ။ အချင်းကွာတဲ့နေရာကနေ သွေးထပ်မထွက်ဖို့ သေချာဖို့ - [လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါများနှင့် ကွန်ဒုံး၊ အကာအကွယ်အကြောင်း STD & Condom](https://www.telekyanmar.org/လိင်မှတဆင့်-ကူးစက်တတ်တဲ/) - 🔞 လူအတော်အများက Condom (ကွန်ဒုံး၊ အကာအကွယ်) ကို ကိုယ်ဝန်မရအောင် ကာကွယ်ပေးတယ်ပဲ ထင်နေကြပါတယ်။ ကွန်ဒုံးက ကိုယ်ဝန်မရအောင် ကာကွယ်ပေးတာမှန်ပေမယ့် တခြားသော ကူးစက်ရောဂါတွေ မဖြစ်ရန်အတွက်လည်း Condom ကို အသုံးပြုသင့်ပါတယ်။ ဘယ်လိုရောဂါတွေ ကာကွယ်ပေးလဲဆိုတော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါ (Sexually Transmitted Diseases) တွေကို ကာကွယ်ပေးပါတယ်။…… 🔸လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဆိုတာ သူ့ရဲ့ နာမည်အတိုင်းပဲ လိင်ဆက်ဆံမိရာမှတစ်ဆင့် ကူးစက်တတ်တာမျိုးပဲ ဖြစ်ပါတယ်။ ဘယ်လိုရောဂါတွေလဲဆိုရင် အားလုံးသိကြတဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်တဲ့ AIDS ဆီးပူညောင်းကျ ဂနိုရောဂါ (Gonorrhea) ကာလသားရောဂါ (Syphilis) ရေယုန် (Herpes) လိင်အင်္ဂါကြွက်နို့ရောဂါ (Warts) အသည်းရောင်အသည်းဝါရောဂါ (Hepatitis B,C) တစ်ခါတလေ အချို့အမျိုးသမီးတွေမှာ သားအိမ်ခေါင်းကင်ဆာရောဂါကိုလည်း ဖြစ်စေတတ်ပါတယ်။…… - [အကြောပြတ်ရာများအကြောင်း သိကောင်းစရာ](https://www.telekyanmar.org/အကြောပြတ်ရာများအကြောင်/) - ကဲ… ဒီတစ်ခါတော့ ကိုယ်ခန္ဓာပေါ်က အကြောပြတ်ရာတွေအကြောင်း ရှင်းပြချင်ပါတယ်ဗျာ။ ဒီစာလေးဖတ်ပြီးသွားတဲ့နောက် လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ အကြောပြတ်ရာတွေတွေ့တိုင်း မဟုတ်တမ်းတွေ လျှောက်မပြောကြဖို့တော့ မျှော်လင့်မိပါတယ်။…… အရေပြားပေါ်မှာတွေ့ရတဲ့ အကြောပြတ်ရာတွေဆိုတာတွေက အမာရွတ်ပုံစံတစ်မျိုးပဲတဲ့ဗျ။ အရေပြားဆိုတဲ့အရာကလည်း ဆန့်လိုက်ကျုံ့လိုက်နဲ့ဆိုတော့ ကြာတော့လည်း အရာထင်လာတဲ့သဘောပေါ့လေ။ များသောအားဖြင့်တော့ အကြောပြတ်ရာတွေကို အရေပြားပေါ်မှာ အမာရွတ်ပုံစံနဲ့ အမြောင်းလိုက်လေးတွေ တွေ့ရတတ်တာပေါ့။ အရောင်အားဖြင့်တော့ အစုံတွေ့ရတတ်ပြီး တစ်ခါတလေကျ နေလောင်ရာလို ညိုညိုလေးတွေ ဖြစ်နေတတ်ပါတယ်။ ဘယ်နေရာတွေမှာ အကြောပြတ်ရာတွေရှိတတ်လည်း ဆိုတော့ ဝမ်းဗိုက်၊ ပေါင်၊ တင်ပါးဆုံ၊ ရင်သား၊ လက်မောင်းနဲ့ နောက်ကျောဘက်ခြမ်း ပြီးတော့ တင်သား စတဲ့နေရာတွေမှာ အဖြစ်များတတ်သတဲ့ဗျာ။…… လူမှန်ရင် အချစ်ကမ္ဘာကို ရှာစမြဲပေါ့လေ…. အဲ ရောကုန်ပြီလူမှန်ရင် အကြောပြတ်ရာရှိစမြဲလို့ ပြောချင်တာပါ။ ဒါပေမယ့် ဘယ်သူတွေမှာ ပိုဖြစ်တတ်သလဲဆိုတော့ မီးဖွားမယ့်မေမေတွေဆို မြေကြီးလက်ခတ်မလွဲ - [နှစ်ဟောင်းနဲ့အတူ လွှတ်ချသင့်တာတွေကို လွှတ်ချပြီး ရှေ့ဆက်ကြဖို့](https://www.telekyanmar.org/နှစ်ဟောင်းနဲ့အတူ-လွှတ်ခ/) - အကြောင်းအမျိုးမျိုးကြောင့် တစ်နင့်တစ်ပိုး ထမ်းပိုးလာခဲ့ရတဲ့ ဝန်ထုပ်ဝန်ပိုး‌တွေ… ဆုံးရှုံးမှာကြောက်လို့ အလန့်တကြားဆုပ်ကိုင်ထားမှုတွေ… မိသားစုဆွေမျိုး၊ အလုပ်အကိုင် စတဲ့ဆက်နွယ်မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ နှောင်ကြိုးတွေ… အထူးသဖြင့် လေးနှစ်တာနီးပါး ခံစားနေခဲ့ရတဲ့ ကျွန်မတို့ရဲ့ဝမ်းနည်းမှုသောကတွေ၊ ခံပြင်းမှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်မှုတွေ၊ ဆုံးရှုံးမှုတွေ၊ ပျက်လုဆဲဆဲ မျှော်လင့်ချက်တွေ၊ မရေရာတဲ့အနာဂတ်တွေ…. စတဲ့အချက်တွေကြောင့် ရှေ့ဆက်မတိုးနိုင်ခြင်း၊ ရှေ့ဆက်တိုးဖို့ ခွန်အားမရှိခြင်း၊ ရှေ့ဆက်ဖို့ကြောက်ရွံနေခြင်းတွေကို ကျွန်မတို့တွေအများစု ခံစားနေကြရမယ်ထင်ပါတယ်။…… ဖြစ်ရပ်ဆိုးတွေကြောင့် ပေါ်ပေါက်လာတဲ့ မကောင်းတဲ့အတွေးတွေနဲ့ ခံစားချက်တွေဟာ အချိန်အကြာကြီး မကုစားဘဲထားမိရင် ကျွန်မတို့ရဲ့ စိတ်ကျန်းမာရေးကို တမြေ့မြေ့နဲ့ လှိုက်စားတတ်ပါတယ်။ ကျွန်မတို့ကိုဆွဲချနေတဲ့ အတိတ်တွေ၊ ကျွန်မတို့ကိုပိတ်လှောင်ထားတဲ့ လက်ရှိအခြေအနေတွေ၊ ချုပ်နှောင်ထားတဲ့ အပြစ်ရှိစိတ်‌တွေကို လက်ခံပေးပြီးတစ်ပြိုင်နက်တည်းမှာ လွှတ်ချလိုက်ခြင်းဟာ ရှေ့ဆက်ဖို့လမ်းစတွေကို မြင်လာနိုင်စေပါတယ်။ ဒီလို လွှတ်ချခြင်းမှာလည်း သတ္တိရှိဖို့လိုအပ်ပါတယ်။ ဆိုရိုးလေးတစ်ခုလိုပါပဲ… "ကောင်းကင်မှာ ပျံသန်းဖို့အတွက် - [အိပ်ရေးမဝခြင်း Sleep Deprivation](https://www.telekyanmar.org/အိပ်ရေးမဝခြင်း-sleep-deprivation/) - လူတိုင်း အိပ်ရေးပျက်ဖူးကြမှာပါ 🥺🥺 အလုပ်ကြောင့်၊ စာဖတ်နေတာကြောင့်၊ စိတ်ဖိစီးမှုတွေကြောင့် အိပ်ချိန်လုံလောက်စွာမရတာမျိုးတွေလည်း ကြုံဖူးကြမှာပါ 🥱 ⏰ အိပ်စက်ရာမှာ အသက်အရွယ်အလိုက် လိုအပ်တဲ့ အိပ်သင့်တဲ့ကြာချိန်တွေ ရှိပါတယ်။ ဥပမာ၊ မွေးကင်းစ ကလေးငယ်တစ်ဦးဟာ ၁၄ နာရီကနေ ၁၇ နာရီလောက် အိပ်ဖို့လိုသလို အရွယ်ရောက်လူကြီးတစ်ဦးအနေနဲ့လည်း ၆ နာရီကနေ ၈ နာရီ လောက် အိပ်ဖို့လိုပါတယ်။…… 🔹ဘာတွေကနေ အိပ်ရေးမဝတာ ဖြစ်စေနိုင်လဲ အလုပ်ကြောင့်၊ စိတ်ဖိစီးမှုတွေ များနေတာကြောင့်၊ ကျောင်းသားဆို စာဖတ်ချိန်နောက်ကျနေရခြင်းကြောင့်၊ ကော်ဖီတွေအများကြီး သောက်ထားတာကြောင့်၊ အိပ်ချိန်မမှန်ခြင်းကြောင့်၊ ရောဂါအခံတစ်ခုခု ရှိနေခြင်းကြောင့်၊ ဆေးဝါးတချို့ မှီဝဲနေရခြင်းကြောင့်၊ အရက်သေစာနဲ့ မူးယစ်ဆေးတွေ သုံးစွဲခြင်းကြောင့် စသဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ရံဖန်ရံခါဖြစ်တတ်တာဟာ ကိစ္စမရှိပေမယ့် ခဏခဏ အိပ်ရေးပျက်တာ၊ - [ပွင့်သောပန်းတိုင်း လန်းစေချင်](https://www.telekyanmar.org/ပွင့်သောပန်းတိုင်း-လန်း/) - ကလေးငယ်တွေဟာ သူတို့ကြီးထွားဖွံ့ဖြိုးလာတဲ့ အသက်အရွယ်အပိုင်းအခြားပေါ်မူတည်ပြီး သူတို့ရဲ့ ကိုယ်စိတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့အတူ အမူအကျင့်၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေပါ လိုက်ပါတိုးတက်ပြောင်းလဲလာကြပါတယ်။ ဒီလို တိုးတက်ပြောင်းလဲခြင်းမရှိဘဲ နှောင့်နှေးနေမယ်ဆိုရင်တော့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ အမူအကျင့်ဆိုင်ရာ၊ စိတ်ခံစားချက်ဆိုင်ရာတွေမှာ ပြဿနာရပ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ ဒီပြဿနာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ လူမှုဝန်းကျင်မှာ မဝင်ဆံ့တာ၊ စာသင်ကြားရခက်ခဲတာအပြင် စိတ်ပိုင်းဆိုင်ရာရောဂါတွေကိုပါ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဖြစ်စေတတ်တာမို့ ဒီလိုလက္ခဏာရပ်တွေကို မိဘအုပ်ထိန်းသူတွေအနေနဲ့ သိရှိထားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ။…… 🔷 ကလေးငယ်နှင့် ဆယ်ကျော်သက်များတွင် တွေ့ရတတ်သော ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာများ (Developmental disorders) 🔺 အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်ကာယဖွံ့ဖြိုးမှုမရှိတာ၊ ပုံမှန်ဖွံ့ဖြိုးမှုမှတ်တိုင် (Developmental milestones) မပြည့်မီတာမျိုးတွေ…. ဥပမာ။ ကလေးသဘာဝ ပြုံးရယ်ခြင်း၊ ထိုင်ခြင်း၊ လမ်းလျှောက်ခြင်း၊ စကားပြောခြင်း၊ အခြားသူများနှင့် ဆက်သွယ်ခြင်း - [ကိုယ်ပိုင်အချိန် Personal Space or Me time](https://www.telekyanmar.org/ကိုယ်ပိုင်အချိန်-personal-space-or-me-time/) - ချစ်သူသမီးရည်းစား ဇနီးမောင်နှံတွေမှာရော Personal space ဆိုတာ လိုအပ်ပါသလား။ Personal space လို့ပြောလိုက်ရင် ကိုယ်ပိုင်ဆိုင်တဲ့ လုံခြုံတဲ့နေရာလေး၊ ကန့်သတ်ထားတဲ့ အရိပ်အမြုံလေး၊ ဘယ်သူမှမသိအောင် လျှို့ဝှက်သိမ်းဆည်းချင်တဲ့အရာလေး၊ ကိုယ်တစ်ဦးတည်းရှိနေချင်တဲ့ အချိန်အပိုင်းအခြားတစ်ခု စသဖြင့် အမျိုးမျိုးဖွင့်ဆိုကြပါတယ်။ Healthy and Happy Relationship တစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် ကျွန်မတို့ဟာ နှစ်ဦးကြား personal space တစ်နည်းအားဖြင့် me time လေး ထားဖို့လိုအပ်ပါတယ်။ ဒီလိုထားခြင်းဟာ ကတိသစ္စာတွေ ဖောက်ဖျက်ဖို့၊ တစ်ဦးကိုတစ်ဦး မချစ်တော့လို့၊ သံယောဇဉ်မရှိတော့လို့၊ သွေးအေးသွားလို့ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူးနော်။ ကျွန်မတို့ဟာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ကြတယ်၊ မှီခိုကြတယ်၊ ကောင်းခြင်းဆိုးခြင်းတွေကို မျှဝေရင်းနဲ့ပဲ ကတောက်ကဆတွေ ဖြစ်တတ်ကြတာ သဘာဝပါ။ တစ်ဦးနဲ့တစ်ဦး ကြီးပြင်းလာတဲ့ အလေ့အကျင့်၊ - [ခဲဓာတ်ထိတွေ့မှု (ခဲဆိပ်သင့်မှု) ၏ ရေရှည်အကျိုး သက်ရောက်မှုများ (ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/ခဲဓာတ်ထိတွေ့မှု-ခဲဆိပ်-2/) - ခဲဓာတ်ထိတွေ့မှု (ခဲဆိပ်သင့်မှု) ၏ ရေရှည်အကျိုး သက်ရောက်မှုများ လေဖြတ်ခြင်း IQ နှင့် မှတ်ဉာဏ်စွမ်းဆောင်ရည် ကျဆင်းခြင်း နှလုံးသွေးကြောကျဉ်းရောဂါ သန္ဓေသားဖွံဖြိုးမှုဆိုင်ရာ ပြဿနာများ သေဆုံးခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ဗိုက်ထဲကသန္ဓေသားမှာ ဒေါင်းရောဂါစု (Down Syndrome) ဖြစ်နိုင်ချေကို စစ်ဆေးခြင်း](https://www.telekyanmar.org/သန္ဓေသားမှာ-ဒေါင်းရောဂါ/) - အရင် ၃ ပတ်လောက်က… Dating Scan နဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြပါမည်လို့ ဆောင်းပါးတစ်ပုဒ်ကို အဆုံးသတ်ပြီးနောက်ပိုင်း…. ဘာကိုအရင်စရေးရမလဲ စဉ်းစားမရဖြစ်နေတုန်းမှာ FB က friend တစ်ယောက်ဆီကနေ အတွေးတစ်စရခဲ့တယ်။ သူက ကျွန်တော့်ကို မေးခွန်းတစ်ခု လှမ်းမေးတယ်။ သူက မြန်မာနိုင်ငံသူ အခုနိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နေထိုင်နေသူပါတဲ့။ အသက်လေးဆယ်နားနီးမှာ ကိုယ်ဝန်ရလို့ အဲဒီနိုင်ငံကဆေးရုံမှာ ကိုယ်ဝန်သွားအပ်ပါတယ်တဲ့။ ဆေးရုံက ဆရာဝန်တွေက ပြောတယ်တဲ့။ အသက်အရွယ်အရ သန္ဓေသားသည် ခရိုမိုဇုန်း မညီမျှတဲ့ (chromosomal abnormalities) ရောဂါတွေဖြစ်တဲ့ Down's syndrome, Edward's syndrome, Patau's syndrome တွေ ဖြစ်နိုင်ခြေရှိတယ်။ အဲဒီလိုရောဂါတွေ ဗိုက်ထဲကသန္ဓေသားလေးမှာ ပါလာ/ မပါလာလား စစ်ချင်သလားလို့ အမေးခံရတယ်တဲ့။…… Down's syndrome ဒေါင်းရောဂါစု - [ခန့်မှန်းမွေးဖွားရက် (EDD) တွက်ချက်ခြင်း (Dating Scan)](https://www.telekyanmar.org/ခန့်မှန်းမွေးဖွားရက်-တွ/) - လူ့ဘဝဆိုတာ မသေချာခြင်းတွေကနေစတယ်။ ဘယ်နေ့က ကိုယ်ဝန်ရသွားသလဲ ဘယ်သူမှ မသိပါဘူး။ ဘယ်နေ့မွေးမလဲ ဘယ်သူမှ တပ်အပ်မှန်အောင် မပြောနိုင်ပါဘူး။ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို "တစ်ခါတည်းပါ" ဆိုရင်တော့ အဲဒီနေ့က ကိုယ်ဝန်ရတဲ့‌နေ့ပေါ့။ ထားပါလေ ဒါကရယ်စရာ ပြောတာပါ။ ကျွန်တော်တို့ သားဖွားပညာမှာ ကိုယ်ဝန်သက်တမ်းကို လနဲ့မပြောပါခင်ဗျ။ ရက်သတ္တပတ်နဲ့ပဲ ပြောပါတယ်။ အတိအကျ ပြောတာပါ။ ဥပမာ ဆယ့်သုံးပတ်နဲ့ နှစ်ရက်ရှိပြီ စသည်ဖြင့်ပေါ့။ ဟင် ခုနကပြောတော့ မသေချာခြင်းကစတယ်။ ဘယ်နေ့ဗိုက်ကြီးမှန်း ဘယ်သူမှ မသိနိုင်ဘူးပြောတယ်။ ခုကျတော့ ကိုယ်ဝန်သက်တမ်းကို ရက်သတ္တပတ် ၇ ရက်တစ်ပတ် ၇ ရက်တပတ်နဲ့ စုစုပေါင်း ဘယ်နှစ်ပတ်နဲ့ ဘယ်နှစ်ရက်ရှိပြီ အတိအကျပြောတယ်လည်း ပြောပြန်တယ်။ မျက်စိရှုပ်သွားလားဗျ။ ခဏနားပြီး ဆက်ဖတ်ပါနော်။…… ကိုယ်ဝန်ရနေပြီလို့ သံသယဖြစ်ဖွယ် ပထမဆုံးပြတဲ့လက္ခဏာကတော့ - [ခန္ဓာကိုယ်အနေအထားပေါ်မူတည်ပြီး ရုတ်တရက်ခဏတာ သွေးပေါင်ကျခြင်း Postural Hypotension](https://www.telekyanmar.org/ခန္ဓာကိုယ်အနေအထားပေါ်မ/) - ထိုင်ရာကနေ ဆတ်ခနဲ ထလိုက်တဲ့အခါ မိုက်ခနဲ၊ မူးခနဲ ဖြစ်သွားတာ၊ မျက်စိတွေ ပြာသွားတာတွေကို လူတော်တော်များများ ကြုံဖူးကြမှာပါ။ အဲဒီလိုဖြစ်စဥ်မျိုးကို Orthostatic Hypotension သို့မဟုတ် Postural Hypotension လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အနေအထားပေါ်မူတည်ပြီး ရုတ်တရက်ခဏတာ သွေးပေါင်ကျသွားတာပေါ့။…… 🔹 ဒီလိုမျိုးဝေဒနာကိုဖြစ်စေတဲ့ အကြောင်းအရင်းများအနေနဲ့ . . . ပထမအချက်ကတော့ အိပ်ရေးပျက်တာများရင် ဖြစ်တတ်ပါတယ်။ အိပ်ရေးသေချာဝအောင် မအိပ်ဘဲ အိပ်ရေးပျက်တာ များလာတဲ့အခါ အားမရှိသလိုဖြစ်ပြီး မူးတာ၊ နုံးတာမျိုး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ရေသောက်နည်းခြင်းကြောင့် ဖြစ်စေ၊ ချွေးထွက်များလွန်းခြင်းကြောင့်ဖြစ်စေ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေတတ်ပြီး အဲဒီကနေမှတစ်ဆင့် မူးဝေခြင်း၊ နုံးခြင်းတို့ ဖြစ်လာတတ်ပါတယ်။ သွေးပေါင်ကျလွန်းခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ နှလုံးအားနည်းတဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။ နှလုံးအားနည်းခြင်းကြောင့် - [HIV ပိုးရှိ/မရှိ သွေးစစ်ဆေးလို အဖြေညှိ (ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/hiv-ပိုးရှိ-မရှိ-သွေးစစ်ဆေး/) - HIV ပိုးရှိ/မရှိ သွေးစစ်ဆေးလို့ အဖြေညှိ (ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်) မိမိမှာ HIV ပိုး ရှိ/မရှိ သိရှိခြင်းဟာ ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် ပထမအဆင့် ဖြစ်ပါတယ်။ ထို့အတွက် HIV ပိုးရှိ/မရှိ သိရှိရန် သွေးစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ HIV ဆိုတာ လူတစ်ဦးမှ တစ်ဦး🩸 ပိုးရှိသူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း (လိင်တူ/လိင်ကွဲ)🩸 ပိုးရှိသူ အသုံးပြုပြီးသော မသန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများကို မျှဝေသုံးစွဲခြင်း🩸 ပိုးရှိသော သွေးသွင်းမိခြင်း🩸 ပိုရှိသော ကိုယ်ဝန်ဆောင် မိခင်မှ သန္ဓေသားသို့ ကူးစက်နိုင်သောရောဂါ ဖြစ်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် - [ဆောင်းတွင်းဝင်လာတာနဲ့အမျှ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ရိုတာဗိုင်းရပ်စ် Rotavirus](https://www.telekyanmar.org/ဆောင်းတွင်းဝင်လာတာနဲ့အ/) - ဆောင်းတွင်းဝင်လာတာနဲ့အမျှ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ ရိုတာဗိုင်းရပ်စ် (Rotavirus) လည်း တဖန်ပေါ်လာတတ်ပါတယ်။ ဆောင်းရာသီမှာဖြစ်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရိုတာဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပြီး ဒီဗိုင်းရပ်စ်ပိုးဟာ အသက် ၅ နှစ်အောက် ကလေးငယ်တွေမှာ အများဆုံးကူးစက်တတ်တဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ ဗိုင်းရပ်စ််တစ်မျိုးပဲ ဖြစ်ပါတယ်။…… 🦠 ကူးစက်ပုံ ကူးစက်တဲ့ပုံကတော့ အဓိကအားဖြင့် လက်ကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ သန့်စင်ခန်းကထွက်လာပြီး လက်မဆေးတာ၊ ကလေးရဲ့ ဒိုက်ပါ လဲပေးပြီး လက်မဆေးတာမျိုးကနေတစ်ဆင့် အဲဒီလက်နဲ့ အစားအစာကိုင်တွယ်တာ၊ အစာကျွေးတာမျိုးတွေ လုပ်မိရာကနေ ကူးတတ်တာဖြစ်ပါတယ်။…… 🦠 ဝေဒနာလက္ခဏာများ ▪️ ရောဂါကူးစက်ရင် လက္ခဏာက ၁-၂ ရက်အတွင်း ပြတတ်ပြီး ခံစားရမှာတွေကတော့. . . ကနဦးအနေနဲ့ ဖျားနာမယ် အော့အန်မယ် ဝမ်းအကျဲတွေ သွားမယ်။ (ဝမ်းသွားတာ - [Achalasia Cardia (အကလေးစီးယား ကာဒီယာ)](https://www.telekyanmar.org/achalasia-cardia-အကလေးစီးယား-ကာဒီယာ/) - “ကျွန်တော် အစာစားရင် အစာမာဆို မျိုရခက်တယ်… ရေနဲ့ မျှောချရတယ်။ ညဘက်လှဲအိပ်ရင်လည်း အစာတွေက ပါးစပ်ထဲ နှာခေါင်းထဲကနေ ပြန်ထွက်တယ်” ဒီလိုဝေဒနာမျိုး ကြားဖူးကြပါလား။ ဒီရောဂါဟာ လူတစ်သိန်းမှာ တစ်ယောက်လောက်သာ ဖြစ်တတ်တာမို့ သိပ်တော့ကြုံဖူးကြမယ်မထင်ပေမယ့် ဗဟုသုတအဖြစ် ဖတ်ကြည့်ပါဦးနော်။…… Achalasia Cardia (အကလေးစီးယား ကာဒီယာ) လို့ခေါ်တဲ့ ဒီရောဂါကို မြန်မာလိုဘာသာပြန်ထားတာ မရှိသေးပါဘူး။ ဒီနိုင်ငံမှာလည်း တွေ့ရတာရှားပေမယ့် ရောဂါရှိနေသူတွေတော့ ရှိပါတယ်။ ဒီရောဂါရှိနေတဲ့ ရောဂါရှင်တွေအနေနဲ့ ကိုယ့်ရောဂါရဲ့အခေါ်အဝေါ်ကို ပြန်ပြောပြတတ်အောင် မှတ်ထားဖို့ (သို့) ရေးမှတ်ထားဖို့ဟာလည်း အရေးကြီးပါတယ်။…… ကျွန်မတို့ ပုံမှန်လူတွေမှာ အစာစားလိုက်ရင် အစာတွေက ပါးစပ်ကနေ အစာရေမျိုပြွန်… ပြီးရင် အစာအိမ်ထဲကို တဖြည်းဖြည်းကျသွားပြီး အစာအိမ်ထဲမှာ အစာချက်ခြင်းလုပ်ငန်းစဉ်ကို စလုပ်ရမှာပါ။ Achalasia ရောဂါရှင်တွေမှာတော့ စားလိုက်တဲ့ - [အဆင်မပြေဘူး...](https://www.telekyanmar.org/အဆင်မပြေဘူး/) - "အဆင်မပြေဘူး" ဒီစကားကို ကျွန်မတို့ ပြောဖူးကြလား၊ ပြောခဲ့ကြလား၊ ပြောဖြစ်ခဲ့လား…ဟုတ်တယ် အဆင်ပြေမနေဘူး။အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဘူး။အကြောင်းအရင်းမယ်မယ်ရရမရှိဘဲ အဆင်ပြေမနေဘူး။ ကျွန်မတို့ အဆင်မပြေကြောင်း ကျွန်မတို့ယုံကြည်ရတဲ့သူတွေကို ပြောပြဖူးလား၊ ပြောပြခဲ့လား၊ ပြောပြဖြစ်လား။ဟုတ်တယ် အဆင်ပြေမနေဘူး။ အသက်ရှူရတာကိုက အဆင်မပြေဘူး။နောက်ကိုပြန်ကြည့်ရင်လည်း အဆင်မပြေခဲ့ဘူး။ရှေ့ကိုမျှော်ပြန်တော့လည်း အဆင်ပြေမနေသေးဘူး။ တစ်ခါတလေ အဆင်မပြေချိန်မှာ အဆင်မပြေကြောင်းပြောဖို့ တစ်စုံတစ်ယောက်ကို လိုအပ်ပါတယ်။တကယ်ကို လိုအပ်ပါတယ်။နားထောင်ပေးမယ့် တစ်စုံတစ်ယောက်ရှိရုံနဲ့ လုံလောက်တယ်။ အဲဒီအချိန် ကျွန်မတို့ကြားချင်တဲ့စကားဟာလည်းတစ်ခွန်းပဲဖြစ်မယ်။တစ်ခွန်းတည်းနဲ့ လုံလောက်ပါတယ်။"အဆင်ပြေသွားမှာပါ" "အချိန်က စကားပြောမှာပါ" ဆိုတာထက်… "ပင်ပန်းနေပြီလား" ဆိုတဲ့စကားပဲဖြစ်တယ်။ ကျွန်မတို့ဟာ အဆင်မပြေမှုတွေကြားမှာသိုသိပ်နေခဲ့ကြတယ်။တောင့်ခံနေခဲ့ကြတယ်။မောဟိုက်နေခဲ့ကြတယ်။မွန်းကျပ်နေခဲ့ကြတယ်။ "နင် ပင်ပန်းနေပြီလား" "နင် အဆင်ပြေရဲ့လား" ဆိုတဲ့ သာမန်စကားလေး‌တစ်ခွန်းအောက်မှာတော့ငိုချင်လျက် လက်တို့ဆိုတာမျိုး ထင်ပါရဲ့အိတ်သွန်ဖာမှောက် တင်းထားသမျှ အရာရာ ပြိုဆင်းလာပါတော့တယ်။မငိုရတာကြာတော့ ငိုလို့ကောင်းသလိုတစ်ခုခုကို လွမ်းဆွတ်သလို၊ ဆုံးရှုံးလိုက်ရသလိုဒါမှမဟုတ် တစ်ခုခုကို ရရှိလိုက်ရသလို၊ လက်ခံလိုက်ရသလို - [ခဲဓာတ်သည် အဆိပ်ဖြစ်သည် (ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/ခဲဓာတ်သည်-အဆိပ်ဖြစ်သည်/) - ခဲဓာတ်သည် အဆိပ်ဖြစ်သည် လူတိုင်းအတွက် အန္တရာယ်ရှိပြီး အောက်ပါ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို ပျက်စီးစေသည်။ ▪️ မျိုးပွားမှုစနစ်▪️ ကျောက်ကပ်▪️ အသည်း▪️ သွေး▪️ ဦးနှောက် တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [လူနာနဲ့ဆရာဝန်ကြားက ဆက်ဆံရေးတစ်ခု](https://www.telekyanmar.org/လူနာနဲ့ဆရာဝန်ကြားက-ဆက်ဆ/) - "လာ ငိုပြမနေနဲ့နော်… ဒီမှာ ရှင့်ကို ငိုလို့သနားမယ့်သူ မရှိဘူး" ဆိုပြီး အသံနက်နက်ကြီးကို ကင်ဆာပြင်ပလူနာဆောင်ကနေ ကျွန်မစကြားလိုက်တော့ နည်းနည်းတော့လန့်သွားတယ်။ အဲဒီအချိန်က ကျွန်မက အလုပ်သင်ဆရာဝန် ကင်ဆာဌာနမှာ တာဝန်ကျနေတာပါ။ ကျွန်မလည်း ဘယ်အကြီးက အော်နေလည်းကြည့်လိုက်မှ အထူးကုမဟုတ်၊ သာမန် လက်ထောက်ဆရာဝန်အစ်မ Dr A ပါ။ ကျွန်မစိတ်ထဲ "ဪ… အထူးကုတောင်မဖြစ်သေး ပါဝါပြလှချည်လားပေါ့" နောက် ကျွန်မအခန်းထဲဝင်သွားတော့ Dr A က "House surgeon ညီမလေး ဟိုနား စာအုပ်တွေချ၊ Case တွေ ရသလောက် ကိုယ်ဘာသာလိုက်ကြည့်ချင်ကြည့် … မဟုတ် အစ်မနားလာကြည့်" တဲ့။ ကျွန်မ ကြောက်လည်းကြောက် ဘာမှလည်းမလုပ်တတ်သေးတော့ အဲဒီအစ်မနားသွားထိုင် လိုက်ကြည့်ပေါ့။ Dr A လည်း - [HIV ရောဂါပိုး ကူးစက်ပုံနှင့် စစ်ဆေးပုံ](https://www.telekyanmar.org/hiv-ရောဂါပိုး-ကူးစက်ပုံနှင/) - HIV အကြောင်း သင်သိထားတာတွေ ပြည့်ရောပြည့်စုံရဲ့လား။ သိထားသင့်ပြီး တကယ်မသိတာတွေများ ရှိနေသေးလား 🤔 ကိုယ်မသိသေးတာ ဘာတွေများထွက်လာမလဲလို့ ဖတ်ကြည့်ရအောင်လေနော်။ တကယ် မသိသေးတာတွေလည်း ထွက်လာမှာပါ။ အကျိုးလည်း ရှိစေမှာပေါ့။ စမယ်နော်…👇👇👇…… ပထမဆုံးအနေနဲ့ အများစု သိထားပြီးသားတွေဖြစ်တဲ့… အရေပြားချင်းထိတွေ့တာ (ဥပမာ - လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာ) အိမ်သာ ရေချိုးခန်း ဘုံသုံးတာ ထမင်းစား ပန်းကန်ခွက်ယောက် မျှဝေသုံးစွဲတာ တစ်ဆက်တည်း တံတွေး၊ မျက်ရည်၊ ချွေးတို့ကနေတော့ HIV ပိုးက မကူးစက်နိုင်ပါဘူး။ (ဒါတွေက တော်တော်များများ သိထားပြီးသားတွေပါ) နောက်ထပ် social kissing လို့ခေါ်တဲ့ ဥရောပစတိုင် နှုတ်ဆက်အနမ်း ပေးသလိုမျိုးကနေလည်း မကူးစက်နိုင်ပါဘူး။ deep kissing ကိုမှ ၂ ဦး ၂ - [ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်စစ် (Folic acid) အရေးကြီးပုံ](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်နှင့်-ဖောလ/) - သင့်ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းချက်တွေ မဖြစ်အောင်ကာကွယ်မယ်ဆိုရင်တော့ အရေးကြီးဆုံးအချက်က လုံလောက်တဲ့ဖောလစ်အက်ဆစ်ပမာဏကို ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ချိန်ကစပြီး ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး နေ့စဉ်ပုံမှန်သောက်သုံးဖို့ပါပဲ။ ဒါကြောင့် ဖောလစ်အက်ဆစ် (Folic acid) ဆိုတာဘာလဲဆိုတာ လေ့လာကြရအောင်ပါ။ Folic acid ဟာ ဗီတာမင် B အုပ်စုဝင် ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဗီတာမင် B9 ပါ။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်နဲ့ ပဲတောင့်ရှည်လို အစိမ်းရင့်ရောင်အသီးအရွက်များနဲ့ အစေ့အဆန်တွေမှာ ဖောလစ်အက်စစ်ဓာတ် အများဆုံးပါဝင်ပါတယ်။…… ဖောလစ်အက်စစ်ဖြည့်စွက်ဆေးသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် ဖောလစ်အက်စစ် ၄၀၀ မိုက်ခရိုဂရမ်ကို ကိုယ်ဝန်မရခင်တည်းကနေ ကိုယ်ဝန်ရပြီး ၃ လအထိ တောက်လျှောက်လောက်ကို နေ့စဉ်သောက်သုံးရပါမယ်။ ဒီလိုသောက်သုံးပေးခြင်းက မွေးဖွားလာမယ့်သန္ဓေသားမှာ မွေးရာပါချို့ယွင်းချက်တွေ အထူးသဖြင့် (Neural tube defects) လိုမျိုး - [နှလုံးခုန်မမှန်ခြင်းရောဂါများအတွက် သိကောင်းစရာ ဗဟုသုတများ](https://www.telekyanmar.org/နှလုံးခုန်မမှန်ခြင်းရေ/) - “ကျွန်‌တော့်မှာ/ကျွန်မမှာ နှလုံးအားနည်းတဲ့ရောဂါ ရှိတယ်” ဆိုပြီး လူနာတော်တော်များများက ပြောတတ်ကြပါတယ်။ နှလုံးအားနည်းတယ်ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တာမို့လို့ သမားတော်တစ်ယောက်အနေနဲ့ ကျွန်မက ဘာဖြစ်တာလဲ၊ ဘာရောဂါလဲလို့ တိတိကျကျပြန်မေးရင်တော့ သေချာပြန်မဖြေတတ်ဘဲ ဖြစ်ကြပြန်ပါရော။ ဒါကြောင့် ခေါင်းစဥ်တပ်ထားတဲ့ နှလုံးခုန်မမှန်ခြင်းရောဂါတွေအကြောင်းမပြောခင် နှလုံးမှာအခြေတည်ပြီးဖြစ်တဲ့ ရောဂါတွေအကြောင်း အကြမ်းဖျင်းလေး အရင်ဆုံးပြောပြပါရစေ။…… နှလုံးရောဂါတွေကို ဖြစ်တဲ့နေရာပေါ်လိုက်ပြီး ခွဲလို့ရပါတယ်။ ဒီအထဲမှာမှ နှလုံးမှာရှိတဲ့သွေးကြောရောဂါတွေထဲမှာ နှလုံးသွေးကြောကျဉ်း/သွေးကြောပိတ်ရောဂါကတော့ နာမည်ကြီးပေါ့။ သူက နာတာရှည်‌ဆေးသောက်ရမယ့်ရောဂါမျိုးဖြစ်ပြီး သွေးကြောပိတ်သွားတာကိုကျ heart attacks လို့ ခေါ်ကြပါတယ်။ သူကတော့ အရေးပေါ်ပြဿနာပါ။ နှလုံးက အလွှာ ၃ လွှာ ရှိပါတယ်။ အပေါ်ဆုံးအမြှေးပါး (Pericardium) မှာဆိုရင် virus ပိုးတချို့ကြောင့် ရောင်ရမ်းပြီး ရင်ဘတ်အောင့်တာမျိုး ဖြစ်တတ်ပါတယ်။ ရောင်ရမ်းတာဆိုးရင် နှလုံးအပြင်ဘက် ရေဝိုင်းတဲ့ရောဂါ - [သွေးဆုံးချိန်အကူးအပြောင်း လက္ခဏာများ (ဒီဇင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/သွေးဆုံးချိန်အကူးအပြော/) - သွေးဆုံးချိန်အကူးအပြောင်း လက္ခဏာများ ▪️ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ အရေပြား စသည်တို၌ ပူနွေးနီရဲ၍ ချွေးထွက်ခြင်း▪️ အိပ်မပျော်ခြင်း▪️ မိန်းမကိုယ် ခြောက်သွေ့ခြင်း▪️ စိတ်အပြောင်းအလဲမြန်ခြင်း▪️ စိုးရိမ်စိတ်များခြင်း▪️ စိတ်ဓာတ်ကျခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း Psychological First Aid for Children and Adolescents](https://www.telekyanmar.org/ကလေးသူငယ်များအတွက်-စိတ်/) - ကလေးသူငယ်များအတွက် စိတ်ပိုင်းဆိုင်ရာရှေးဦးသူနာပြုစုခြင်း (Psychological first aid for children and adolescents) ဘေးအန္တရာယ်ကျရောက်စဉ်ကာလအတွင်း ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်လူရွယ်တွေလည်း လူကြီးတွေလိုပဲ စိတ်ဆင်းရဲ ပူပန်သောကရောက်တတ်ကြပါတယ်။ အခက်အခဲနဲ့ရင်ဆိုင်နေရတဲ့ ကလေးသူငယ်တွေကို ၎င်းတို့နဲ့ အနီးကပ်ပြုစုစောင့်ရှောက်ပေးနေတဲ့ မိသားစုဝင်၊ ဆရာ/ဆရာမတွေက စိတ်ပိုင်းဆိုင်ရာကူညီပံ့ပိုးပေးနိုင်ဖို့အတွက် အခုပိုစ့်လေးကို တင်ပြလိုက်တာ ဖြစ်ပါတယ်။…… "စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်း" စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုခြင်းဆိုတာ အခက်အခဲနဲ့ ကြုံကြိုက်ကြရတဲ့ ကလေးသူငယ်၊လူရွယ်လူကြီးအားလုံးအတွက် ကနဦးအားပေးကူညီစောင့်ရှောက်ပေးခြင်းပါ။ ကိုယ်ခန္ဓာမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ရှေးဦးသူနာပြုစုနည်းတွေသုံးပြီး ပြုစုကုသပေးကြသလိုပဲ လတ်တလော စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခံစားနေရသူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ရှေးဦးသူနာပြုစုနည်းများသုံးပြီး စောင့်ရှောက်ပေးနိုင်ပါတယ်။ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်း၊ မြေပြိုခြင်း၊ မီးတောင်ပေါက်ကွဲခြင်း စတဲ့သဘာ၀ဘေးအန္တရာယ် တွေအပြင် စစ်ပွဲများဖြစ်ပွားခြင်း၊ မီးလောင်ခြင်း၊ ပိုင်ဆိုင်မှုများဆုံးရှုံးခြင်း၊ ချစ်ခင်ရသူများနဲ့ သေကွဲ/ရှင်ကွဲ ကွဲကွာရခြင်း - [မျက်ကြည်လွှာခြောက်ခြင်း Dry Eye](https://www.telekyanmar.org/မျက်ကြည်လွှာခြောက်ခြင်/) - Dry eye ဆိုတာ မိမိမျက်လုံးက လုံလောက်အောင် မျက်ရည်မထွက်နိုင်လို့ ဖြစ်လာတာပါ။ သူက အမြင်ကိုဆုံးရှုံးတဲ့အထိပါ ဖြစ်စေပါတယ်။ ကျွန်မဆို ကိုယ့်မျက်လုံးကို ဂရုမစိုက်မိရာကနေ တော်တော်ဆိုးတဲ့အခြေအနေရောက်မှ စသိရလို့ လူတိုင်း သတိလေးထားစေချင်ပါတယ်။ ကျွန်မက အရင်က မျက်လုံးယားတာ နီတာလောက်ဖြစ်တဲ့အခါ ကိုယ်ဘာသာ မျက်ရည်တုထည့်လိုက်ရုံနဲ့ အဆင်ပြေနေတယ် ထင်နေတာ။ တစ်ကယ်ကျ Dry eye လက္ခဏာတွေဖြစ်တဲ့ . . . မျက်လုံးမှာ ယား၊ နာ၊ ပူခြင်း မျက်ဝတ်တင်ခြင်း မျက်ရည်ကျလာခြင်း မျက်လုံးနီခြင်း မျက်လုံးထဲ တစ်ခုခု (ဖုန်ဝင်သလို) ခံစားရခြင်း ရုတ်တရက် မျက်လုံးကျိန်းစပ်ပြီး မခံနိုင်အောင်နာခြင်းလာခြင်း စတဲ့လက္ခဏာအကုန်လုံးနီးပါး ခံစားလာရပြီး အမြဲလိုလို ရုတ်တရတ်မခံနိုင်အောင် ရက်ဆက်အောင့်နာလာတော့မှ စပြီး Dry eye ကို - [ရေဓာတ်ခန်းခြောက်ခြင်းနှင့် ကိုယ်ခံအားစနစ်](https://www.telekyanmar.org/ရေဓာတ်ခန်းခြောက်ခြင်းန/) - "ရေဓာတ်ခန်းခြောက်ခြင်းနှင့် ကိုယ်ခံအားစနစ်" နေကလည်း ပူလိုက်တာနော်… လူတော်တော်များများက ဒီလိုရာသီဥတုမှာ ရေဓာတ်မခန်းခြောက်အောင် ဂရုစိုက်ရမယ်....ရေများများသောက်ရမယ်ဆိုတာ သတိရှိကြပါတယ်။ ဒါပေမယ့် ရေဓာတ်ခန်းခြောက်ခြင်းဟာ မိမိတို့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပြုပြင်ပြောင်းလဲနိုင်တယ် ဆိုတာတော့ သေချာသိလိမ့်မယ် မထင်ပါဘူး… အဲ့ဒီအကြောင်းလေး ပြောပြမယ်နော် ။ .. .. ကျွန်မတို့ ခန္ဓာကိုယ်ကြီးရဲ့ ပျမ်းမျှအားဖြင့် ၆၀% ခန့်ကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာပါ ။ ခန္ဓာကိုယ်ရဲ့ အချို့အစိတ်အပိုင်းတွေမှာ ရေဓာတ်ဟာ ပိုမိုများပြားစွာ ပါဝင်ကြပါတယ်။ ဒီအစိတ်အပိုင်းတွေကတော့ ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်းနဲ့‌ ကျောက်ကပ် စတဲ့ အရေးကြီးတဲ့ နေရာတွေပါ။ "ထမင်းအသက် (၇) ရက်၊ ရေအသက် တစ်မနက်" ဆိုသလို ရေမရှိဘဲ အသက်ဆက်ရှင်ဖို့ရာ ခဲယဉ်းပါတယ်။ အဲဒီ့လိုပဲ ရေဓာတ်ဟာ - [စစ်ရှောင်အမျိုးသမီးတစ်ဦးရဲ့ သုံးမွှာပူးကိုယ်ဝန်](https://www.telekyanmar.org/စစ်ရှောင်အမျိုးသမီးတစ်/) - Helloကျွန်တော် Dr Harry ပါ။ ဒီတစ်ခါ စာရေးဖို့အချိန်ရောက်လာတာနဲ့ ရေးစရာ အကြောင်းအရာကလည်း ကွက်တိကျနေတာနဲ့ မှတ်တမ်းလေးလည်းကျန်အောင် ကြိုးစားပြီးရေးလိုက်ပါတယ်။ Case ကတော့ ထုံးစံအတိုင်း ကလေးမွေးတဲ့ကိစ္စပါပဲ။ ဒါပေမယ့် ပုံမှန်မွေးနေကျလိုမဟုတ်ဘဲ သုံးမွှာပူးဖြစ်နေတာပါ။ လူနာက စစ်ရှောင်ပါ။ အသက် ၃၆ နှစ် လေးကြိမ်မြောက်ကိုယ်ဝန်ကို ကျွန်တော့်ဆေးခန်းမှာ ဇွန်လ လောက်က ကိုယ်ဝန်စအပ်ပါတယ်။ သူ ရာသီပျောက်တဲ့ရက်နဲ့ဆို ကိုယ်ဝန်က အပတ် ၂၀ ဝန်းကျင်ပေမယ့် သူ့ဗိုက်က ၃၄ ပတ်အရွယ်လောက် ဖြစ်နေပါတယ်။ စမ်းကြည့်တော့လည်း အမွှာကိုယ်ဝန် သံသယရှိတာနဲ့ တစ်ခါတည်းပဲ အာထရာဆောင်းရိုက်ပေးလိုက်ပါတယ်။ စကြည့်တော့ ပုံမှန်အမွှာပဲထင်ပြီး နောက် ကြည့်ရင်းနဲ့မှ ခေါင်းကသုံးလုံးဖြစ်နေမှန်း သတိထားမိလိုက်တယ်။ ကိုယ်လည်း သုံးမွှာပူးကို အာထရာဆောင်းမှာ ပထမဆုံးအကြိမ် ကြည့်ဖူးတာပါပဲ။ အဲဒါနဲ့ - [စိတ်ရောကိုယ်ပါ လေးလံပြီး ပင်ပန်းနွမ်းနယ်ခြင်း Burn Out](https://www.telekyanmar.org/စိတ်ရောကိုယ်ပါ-လေးလံပြီ/) - ဘဝမှာ ရှင်သန်နေထိုင်လာရင်း အရမ်းကိုမှ ခြေကုန်လက်ပန်းကျတဲ့ အချိန်ဆိုတာ ရှိတတ်ကြတယ်မို့လား။ ဘာဆို ဘာကိုမှ မလုပ်ချင်လောက်အောင် ခြေပစ်လက်ပစ် နုံးခွေသွားတာမျိုးပေါ့။ မျက်လုံးဖွင့်ပြီး အသက်ရှုနေတာကလွဲရင် စိတ်ရောကိုယ်ပါလေးလံပြီး မလှုပ်ချင်လောက်အောင် နွမ်းနယ်နေသလို၊ ယုတ်စွဆုံး အိပ်နေရင်တောင်မှ ပင်ပန်းမှုက ပျောက်မသွားတတ်တာမျိုး ခံစားရတတ်ကြတယ်မို့လား။ ဒါပေမယ့်လည်း စားဝတ်နေရေး၊ အိမ်မှုကိစ္စ၊ အလုပ်ကိစ္စ၊ လူမှုကိစ္စ စသဖြင့် မလစ်ဟင်းချင်တဲ့အခါ အနားယူဖို့ကို လစ်လျူရှုပြီး နောက်မှဆိုတဲ့ ဆင်ခြေတွေပေးရင်း အချိန်တွေ ကုန်ဆုံးသွားတတ်တာကိုတော့ ကျွန်မတို့ သတိမထားမိလိုက်ကြပါဘူး။ ဒီလိုနဲ့ပဲ တဖြည်းဖြည်းနဲ့ မခံနိုင်လာတဲ့အခါ စိတ်သွားတိုင်းကိုယ်မပါတော့သလို လုပ်နေကျအလုပ်တွေမှာ စိတ်မပါတော့ဘဲ ကိုယ့်ရဲ့တာဝန်ဝတ္တရားတွေကို ရှောင်လွှဲချင်လာမယ်။ ဒါ့အပြင် . . . လူတွေနဲ့အဝေးမှာ နေချင်လာမယ်။ တစ်ခုခုလုပ်ဖို့ကို အချိန်ဆွဲချင်လာမယ်။ ပုံမှန်မဟုတ်တဲ့နည်းလမ်းနဲ့ ဒါကိုကုစားဖို့ လုပ်လာမယ် - [အဲဒီဘဝတွေဆီ...](https://www.telekyanmar.org/အဲဒီဘဝတွေဆီ/) - ကျွန်တော် လက်ထောက်ဆရာဝန်ဖြစ်ခါစက ကြုံခဲ့ရတဲ့ လူနာအမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြမယ်နော်။ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကပေါ့။ ရေကူးသင်ပေးတာများ လွယ်လွန်းလို့။ ရေထဲကန်ချလိုက်ရုံပေါ့ ဆိုသလိုပေါ့ဗျာ။ ညနေလေးနာရီကျော်ရင် ခုတင် ၁၀၀ ဆန့် နယ်မြို့ခရိုင်မြို့ဆေးရုံတစ်ခုမှာ အရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန် တစ်ယောက်ပဲကျန်တယ်။ ဆရာဝန်အင်အားကလည်း အထူးကုဆရာဝန်ကြီးတွေပါ ရှိရှိသမျှအကုန်ပေါင်းမှ ဆယ်ယောက်ဝန်းကျင်ပဲကိုးဗျ။ ကုသဆောင်ကလည်း လေးခုပဲရှိတယ်။ ဆေးပညာဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်နဲ့ ကလေးကုသဆောင် ဒါပဲ။ ဂျပေါင်ကု အာ- ဏာ - မလုမီ ကာလကလို ခုတင် ၁၀၀ ဆေးရုံတစ်ခုမှာ ဆရာဝန်စုစုပေါင်း အယောက်ငါးဆယ်လောက်လည်း မခန့်ထားနိုင်ခဲ့ဘူး။ အဲဒီတော့ ညနေလေးနာရီနောက်ပိုင်း တစ်ညနေ တစ်ညလုံး အရေးပေါ်ဆရာဝန် တိုင်တိုင်ပင်ပင် လုပ်စရာ စုစုပေါင်း ငါးယောက်ချထားတယ်လို့လည်း လုပ်မရဘူး။ ခုလို လက်ကိုင်ဖုန်းမပြောနဲ့ ကြိုးဖုန်းတောင်မရှိကြလို့ - [Serotonin ဟော်မုန်းပမာဏ အလွန်များခြင်းကြောင့် ဖြစ်ပေါ်သောရောဂါ Serotonin Syndrome](https://www.telekyanmar.org/serotonin-syndrome-november-2024/) - Happy hormone လို့ လူအများသိကြတဲ့ ဟော်မုန်းတွေထဲက serotonin ဟော်မုန်းလေးကိုတော့ လူအများကြားဖူးကြမယ် ထင်ပါတယ်။ social media တွေမှာဆိုရင် လူငယ်တော်တော်များများက တစ်စုံတစ်ယောက်ကြောင့်၊ တစ်စုံတစ်ခုကြောင့် ပျော်ရွှင်ရတယ်ဆို “You are my serotonin booster” ဆိုပြီး တင်စားသုံးစွဲကြတာကိုလည်း တော်တော်များများ တွေ့ဖူးကြမှာပါ။ Serotonin ဟော်မုန်းဆိုတာကတော့ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်းထုတ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်းဟာ အာရုံကြောဆဲလ်တွေနဲ့ ဦးနှောက်ဆဲလ်တွေ အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ဟော်မုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဒီဟော်မုန်းဟာ လေ့လာသင်ယူတာ၊ ပျော်ရွှင်တဲ့စိတ်ခံစားမှုကိုဖြစ်စေတာ၊ အူမှာဆိုရင် အစာခြေပေးတာ၊ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတာ အစရှိတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးတဲ့အတွက်လည်း အရေးကြီးတဲ့ chemical တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒီဟော်မုန်းနည်းနေတယ်ဆိုရင် စိတ်ဓာတ်ကျတာ၊ စိတ်လှုပ်ရှားတာ၊ - [ကင်ဆာ၊ ဆီးချို၊ အဆုတ်နှင့် နှလုံးရောဂါများ၊ လေဖြတ်ခြင်းတိုမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/ကင်ဆာ၊-ဆီးချို၊-အဆုတ်နှင/) - ကင်ဆာ၊ ဆီးချို၊ အဆုတ်နှင့် နှလုံးရောဂါများ၊ လေဖြတ်ခြင်းတို့မှ ကာကွယ်ရန် ▪️ကျန်းမာစေသော အစားအစာများကို စားသောက်ပါ▪️အရက် လျှော့သောက်ပါ▪️တက်ကြွလှုပ်ရှားပါ▪️ဆေးလိပ် မသောက်ရ▪️လေထုညစ်ညမ်းမှုနှင့် ထိတွေ့မှုကို လျှော့ချပါ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ဆေးလိပ်နှင့် အစားအသောက်ပုံစံ](https://www.telekyanmar.org/ဆေးလိပ်နှင့်-အစားအသောက်/) - ဒီကာလထဲ စိတ်တွေလည်း ပျော်မနေဘူး။ စိတ်ဖိအားတွေ သိပ်ကိုများတယ်။ ဘာရယ်လို့လည်း ခေါင်းစဥ်မည်မည်ရရ မတပ်တတ်ဘူး။ ဒီတော့ စိတ်ရှုပ်စရာတွေကို အခိုးအငွေ့တွေနဲ့ လွှင့်ပစ်ဖို့ စီးကရက်ကိုခဲ၊ အသက်ကိုပြင်းပြင်းရှူပြီး ဆေးလိပ်သောက်နေမိတယ်။ ညသန်းခေါင် အိပ်လို့လည်းမရ၊ စကားပြောဖို့ သူငယ်ချင်းအဖော်လည်း မရှိ။ ကိုယ့်ကိုနားလည်နိုင်မှာ သူတစ်ယောက်ပဲရှိတယ် ဘာညာအတွေးတွေပွားရင်း ပိုသောက်မိပြန်ရော။…… အခုလိုမျိုးဖြစ်ရပ်တွေ ဒီကာလထဲ ပိုအဖြစ်များကြမယ် ထင်တယ်နော်။ ဆေးလိပ်သောက်တာ မကောင်းမှန်းသိပေမယ့် ဒါပဲဖြေသာစရာရှိလို့ ပိုသောက်မိကြတာလည်း ပါတာပေါ့။ ဆေးလိပ်ရဲ့ ကျန်းမာရေးဆိုးကျိုးတွေပြောရရင်ဖြင့် ဓာတ်ပြားဟောင်းကြီး ဖွင့်မိသလိုဖြစ်မယ်မို့ အခုဆောင်းပါးမှာတော့ ဆေးလိပ်သောက်တဲ့အခါ အစားအစာပုံစံ ဘယ်လိုကြောင့်ပြောင်းလဲသွားလဲ၊ မိမိခန္ဓာကိုယ်ရဲ့တုံ့ပြန်ပုံဘယ်လိုရှိလဲဆိုတာတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားပါမယ်နော်။…… (၁) ဆေးလိပ်သောက်သူတစ်ယောက်က မီတင်တွေလုပ်၊ အစည်းအဝေးတွေတက်ရရင် တစ်ဘူးလုံးကုန်အောင်သောက်မိတယ်တဲ့။ ခေါင်းတွေအရမ်းပူလာလို့ ပိုသောက်မိတာထင်တယ်လို့ ပြောပါတယ်။ စိတ်မှာအတွေးတွေ များလာတယ်၊ ဘယ်အတွေးစကို - [စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့](https://www.telekyanmar.org/စိတ်ပင်ပန်းမှုတွေ-ပြေပျ/) - လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး ခဏလောက်ပဲဖြစ်ဖြစ် အနားယူလိုက်ပါ။ တစ်ရေးလောက်အိပ်လိုက်တာဖြစ်ဖြစ်၊ မိနစ်ပိုင်းလောက် အနားယူလိုက်တာဖြစ်ဖြစ် ပင်ပန်းမှုကို လျှော့ချလို့ရပါတယ်။ (၂) မိသားစု၊ ချစ်ရသူ၊ သူငယ်ချင်းအပေါင်းသင်းများနဲ့တွေ့ဆုံပြီး စကားပြောတာ၊ ဆော့ကစားတာ၊ အပြင်လျှောက်လည်တာတွေ လုပ်ခြင်းကလည်း စိတ်ပင်ပန်းမှုကို သက်သာစေနိုင်ပါတယ်။ (၃) မိမိနှစ်သက်ရာ ဝါသနာတွေ ဥပမာအားဖြင့် သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ အားကစားလုပ်တာ စတာတွေလုပ်ခြင်းတွေကလည်း စိတ်ကို ပေါ့ပါးစေပါတယ်။ (၄) - [သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease](https://www.telekyanmar.org/သွေးကြောတွေရောင်စေတဲ့-က/) - "သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki ရောဂါဖြစ်ပြီဆို ကလေးမှာ ဘယ်လိုလက္ခဏာတွေပြလဲဆို . . . ဖျားမယ်၊ အကျိတ်တွေကြီးလာမယ်၊ မျက်လုံးနီလာမယ်၊ လျှာလေးတွေ စတော်ဘယ်သီးလေးလို ရဲတွတ်လာမယ်၊ ပါးစပ်အတွင်းသားတွေ ရောင်လာမယ်၊ နှုတ်ခမ်းလေးတွေ ခြောက်မယ် ကွဲအက်လာမယ်၊ လည်းချောင်းနာမယ်၊ ခြေဖဝါးနဲ့လက်ဖဝါး အရေခွံလန်လာပါမယ်။ တချို လူနာကလေးတွေမှာ ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ အဆစ်မြစ်ကိုက်တာ၊ အော့အန်တာဖြစ်တတ်ပါတယ်။ သူရဲ့အကြောက်ရဆုံးဆိုးကျိုးကတော့ - [အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/အဝလွန်ခြင်းမှ-ကာကွယ်ရန်/) - အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း](https://www.telekyanmar.org/ဗိုက်တာမင်-ဘီ-ဝမ်း-vit-b1ချို့/) - ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး ဆဲလ်တွေကနေ စွမ်းအင်ထုတ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပြီးတော့ နှလုံး၊ ကြွက်သား၊ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေကို အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် အစာခြေစနစ်ရှိ ဂလင်းများ (Gland) များနဲ့ ကြွက်သားတွေကိုပါ ထိန်းချုပ်ပေးပါတယ်။.... ▪️B1 ချို့တဲ့ရင် ဘာတွေဖြစ်မလဲ❔ အဓိကအားဖြင့် Beriberi (ဘယ်ရီဘယ်ရီ) ရောဂါ ဖြစ်ပွားနိုင်ပါတယ်။ ဒါ့အပြင် . . . နှလုံးခုန်နှုန်းတွေ မြန်လာမယ်။ - [စောစောဗိုက်လာအပ်စေချင်](https://www.telekyanmar.org/စောစောဗိုက်လာအပ်စေချင်/) - ဒီနေ့ အရေးပေါ်ခွဲစိတ်မှုနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ခွဲစိတ်မှု နှစ်မျိုးလုံးလုပ်ခဲ့ရတယ်။ အရေးပေါ်ကတော့ အားလုံးသိတဲ့အတိုင်း ရုတ်ချည်းဝရုန်းသုန်းကားနဲ့ ဟော့ဟော့ဒိုင်းဒိုင်းပေါ့။ ကြိုတင်ပြင်ဆင်ထားတဲ့ခွဲစိတ်မှု (Elective operation) ကတော့ ရောဂါအကြီးအသေးနဲ့မဆိုင်၊ သူ့ဟာသူ ကြီးချင်ကြီး သေးချင်သေး ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိတာပေါ့။ သိစေချင်တာက ဒီလိုဗျ။ ဥပမာ အေးအေးငြိမ်း၊ အိအိငြိမ်း ရင်ချင်းဆက်အမွှာကို တစ်ယောက်ချင်းစီဖြစ်သွားဖို့ ခွဲစိတ်ပေးရမယ်။ ခွဲစိတ်မှုက အကြီးကြီး။ အဲဒီခွဲစိတ်မှုကိုလုပ်နိုင်ဖို့အတွက် ဆရာဝန်အရေအတွက် ဆယ်ဂဏန်းကြီးကြီးနဲ့ ကြိုတင်ညှိနှိုင်း ပြင်ဆင်ကြရတယ်။ လနဲ့ချီကြာတာနော် ပြင်ဆင်တာနဲ့တင်။ အဲဒီလိုခွဲစိတ်မှုက အရေးပေါ် (Emergency) မဟုတ်ဘူး။ ခုချက်ချင်းခွဲမပေးလို့ လူနာမသေနိုင်ဘူး။ အားလုံးကြိုတင်ပြင်ဆင် ညှိနှိုင်းပြီးမှ ကလေးလေးနှစ်ယောက်လုံး ခွဲစိတ်မှုဒဏ်၊ မေ့ဆေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ သူတို့ရဲ့ကျန်းမာရေးနဲ့ ခံနိုင်ရည်အား အမြင့်ဆုံးဖြစ်အောင် ကလေးအထူးကုဆရာဝန်ကြီး‌တွေက တည်ဆောက်ပြီးမှ ခွဲပေးမယ့် ဆရာကြီး ဆရာမကြီးတွေ၊ - [ရေခဲရေ သို့မဟုတ် ရေခဲတွေ ထည့်ပြီး ရေစိမ်ခြင်း၊ ရေချိုးခြင်း Ice Bath or Cold Water Immersion (CWI)](https://www.telekyanmar.org/ice-bath-or-cold-water-immersion-cwi-november-2024/) - 🧊 အရင်တစ်ခေါက်က ရေနွေးငွေ့နဲ့ ရေချိုးတဲ့အကြောင်း ပြောပြီးပြီမို့ အခုတစ်ခါတော့ Ice Bath အကြောင်းလေး ထပ်မံတင်ပြလိုက်ပါတယ်နော်။ 🔹Ice Bath ဆိုတာ ဘာလဲ Ice Bath or Cold Water Immersion (CWI) ဆိုတာ သူ့ရဲ့နာမည်အတိုင်းပဲ ရေခဲရေ သို့မဟုတ် ရေခဲတွေ ထည့်ပြီး ရေစိမ်ခြင်း၊ ရေချိုးခြင်း တစ်မျိုးပါပဲ။ သူ့ကို အအေးချိန် 50°F ကနေ 59°F ကြား ထားလေ့ရှိပြီး အားကစားသမားတွေ အဓိကအသုံးပြုလေ့ရှိကြပါတယ်။. 🔹အခုလို ရေစိမ်တာက ကျန်းမာရေးအတွက် ဘာတွေ အကျိုးပြုလဲ (၁) ကြွက်သားတင်းမာခြင်းတွေ၊ နာကျင်ခြင်းတွေ၊ ကြွက်သားရောင်ရမ်းခြင်းတွေကို သက်သာစေတယ်။ အအေးဓာတ်က သွေးကြောတွေကို ကျုံ့စေပြီး ကြွက်သားတွေဆီသွားတဲ့ သွေးစီးဆင်းမှုကို လျော့နည်းစေတဲ့အတွက် - [အတွေးလွန်ခြင်း (သို့) မိမိကိုယ်ကို ချည်နှောင်နေသောကြိုးများ](https://www.telekyanmar.org/အတွေးလွန်ခြင်း-သို့-မိမ/) - အတွေးလွန်ခြင်း (သို့) မိမိကိုယ်ကို ချည်နှောင်နေသောကြိုးများ~~~Overthinking Kills Your Happiness လူဆိုတဲ့ သဘောက ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေး ထိုင်နေရင်တောင် ဦးနှောက်ထဲမှာရှိတဲ့ အတွေးတွေက ယောက်ယက်ခပ်ပြေးလွှားနေတတ်တဲ့သဘာဝ ရှိပါတယ်။ နေထိုင်စားသောက်ဖို့အတွက် တွေးကြတယ် လက်ရှိအတွက် တွေးကြတယ် မနက်ဖြန်အတွက်‌ တွေးကြတယ် မဖြစ်သေးတဲ့အနာဂတ်အတွက် တွေးကြတယ် အတိတ်က ပြုခဲ့ဖြစ်ခဲ့ဖူးတာတွေကို တွေးကြတယ် စသဖြင့် အတွေးတွေ တွေးနေတတ်တာဟာ ပုံမှန်ပါ။ ဒါပေမယ့် အဲဒီအတွေးတွေဟာ ရပ်တန့်လို့မရနိုင်တော့ဘဲ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းတွေမှာ အာရုံစိုက်မရခြင်းနဲ့အတူ လုပ်ငန်းခွင်ကိုပါ ထိခိုက်လာမယ်၊ မိမိ မပျော်ရွှင်ရခြင်းရဲ့အကြောင်းအရင်းတွေ ဖြစ်လာမယ်၊ ကိုယ်တင်မကဘဲ ကိုယ်ပတ်ဝန်းကျင်က လူတွေကိုပါ မကောင်းမြင်လာမယ်၊ စိတ်တွေဆတ်လာမယ်၊ နေ့စဉ်လူမှုဘဝကိုပါ ရိုက်ခတ်လာတယ်ဆိုရင်တော့ ကျွန်မတို့ အနေနဲ့ ဒါတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်လာပါပြီ။ ဥပမာ၊ မဖြေဆိုရသေးတဲ့ - [ညအိပ်ယာဝင်ခါနီးတွင် စားသောက်ခြင်းကြောင့် ဖြစ်တတ်သော ကျန်းမာရေးပြဿနာများ](https://www.telekyanmar.org/ညအိပ်ခါးနီးစားသောက်ခြင/) - 🍝 ညဘက် သူများတွေအိပ်ချိန်ရောက်မှ အစာအိမ်က နိုးကြားတက်ကြွပြီး ထထစားတတ်တဲ့သူတွေရှိကြလား😏 ညကြီးမင်းကြီးမှ စားတာသောက်တာက ကျန်းမာရေးနဲ့ညီညွတ်လားဆို မညီညွတ်ပါဘူး။ ဆိုးကျိုးတွေရှိနေပါတယ်။ ဒါတွေကတော့ . . .👇👇👇…… ℹ️ အစာမကြေတဲ့ပြဿနာတွေ ဖြစ်စေတယ်။ ဗိုက်တင်းပြီး မအီမသာဖြစ်တာ၊ လေတက်တာ၊ လေပွတာတွေ၊ ရင်ပူတာတွေ ဖြစ်စေပါတယ်။ စားပြီးပြီးချင်း အိပ်ရာပေါ်တန်းလှဲပစ်လိုက်တဲ့သူတွေမှာဆို ဒီဝေဒနာတွေက ပိုဆိုးစေပါတယ်။. ℹ️ အိပ်မရအောင် နှောင့်ယှက်နိုင်တယ်။ အိပ်ခါနီးမှ စားသောက်တာက အိပ်စက်ခြင်းကိုအား‌ပေးတဲ့ဟော်မုန်း (Sleep Hormones) တွေထွက်ဖို့ ခဲယဉ်းသွားစေပါတယ်။ ဒါကြောင့် အိပ်မပျော်သေးလို့ ထစား၊ စားလိုက်တော့ ပိုအိပ်မပျော်နဲ့ သံသရာလည်ပြီး အိပ်ချိန်ထချိန် မှားတာတွေ ဖြစ်စေပါတယ်။ အိပ်ချိန်ထိခိုက်တဲ့အတွက် အာရုံစိုက်မရတာ၊ သတိမေ့တာတွေလည်း ဖြစ်နိုင်ပါတယ်။. ℹ️ သွေးတွင်းသကြားဓာတ်ကို တက်စေတယ်။ ညဘက် - [ကစီဓာတ်များနှင့် ကယ်လိုရီတွက်ချက်ပုံအကြောင်း](https://www.telekyanmar.org/ကစီဓာတ်များနှင့်-ကယ်လို/) - နန်းနန်း မန်းမန်းတို့ရဲ့ ကစီဓာတ်တွေနဲ့ ကယ်လိုရီတွက်ချက်ပုံတွေအကြောင်း ရှင်းပြချင်ပါတယ်။ အခြားတော့ မဟုတ်ပါဘူး… နန်းကြီး၊ နန်းလတ်၊ နန်းသေး၊ ခေါက်ဆွဲ၊ ကြက်ဥခေါက်ဆွဲ၊ စပါဂတ်တီ၊ ထမင်းဖြူ၊ ထမင်းညို စတဲ့ မစေးတဲ့ဆန်တွေ ခေါက်ဆွဲဖတ်တွေအကြောင်းပေါ့။ သူတို့တွေက ချက်ပြီးသားဆိုရင် ထမင်းခူးဇွန်းတစ်ဇွန်းပမာဏမှာ ကယ်လိုရီ ၈၀၊ ကစီဓာတ် ၁၈ ဂရမ်၊ ပရိုတင်းဓာတ် ၂ ဂရမ် ပါဝင်ပါတယ်။ ထမင်းခူးဇွန်းတစ်ဇွန်းဆိုတာ တိတိကျကျပြောရရင်တော့ ၇၀ ဂရမ် သို့ ၅ ကျပ်သားမပြည့်တပြည့် အလေးချိန်ပေါ့။ ထမင်းစားဇွန်း စတီးဇွန်းတစ်ဇွန်းနဲ့ချိန်မယ်ဆို မောက်မောက်ကြီးမဟုတ်ဘဲ ကွက်တိလောက်ဖြစ်တဲ့ဇွန်း ၅ ဇွန်းလောက်နဲ့ သွားညီပါမယ်။ ထမင်း ၅ လုတ် ကယ်လိုရီ ၈၀ လို့ အလွယ်မှတ်လို့ ရပါတယ်။ ပေါင်မုန့်နဲ့ နံပြားတို့လို - [ခဲဓာတ်ထိတွေ့မှု (ခဲဆိပ်သင့်မှု) ၏ အစောပိုင်း လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/ခဲဓာတ်ထိတွေ့မှု-ခဲဆိပ်သ/) - ခဲဓာတ်ထိတွေ့မှု (ခဲဆိပ်သင့်မှု) ၏ အစောပိုင်း လက္ခဏာများ ခေါင်းကိုက်ခြင်း အမူအကျင့် ပြောင်းလဲခြင်း အန်ခြင်း သွေးအားနည်းခြင်း ကျောက်ကပ်ဆိုင်ရာပြဿနာများ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ မွန်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ကာလဝမ်းရောဂါ (Cholera) နှင့် လူနာကုသမှု အတွေ့အကြုံများ](https://www.telekyanmar.org/ကာလဝမ်းရောဂါ-cholera-နှင့်-လူန/) - ကျွန်တော် ၂၀၀၇- ၂၀၀၈ လောက်က ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာတိုက်နယ်ဆေးရုံမှာ တာဝန်ကျခဲ့တုန်းက ပြင်းထန်ကာလဝမ်းရောဂါ (cholera) လို့ ထင်ရတာတွေ အများကြီးကြုံခဲ့ရပါတယ်။ ကောင်းသွားတာတွေလည်းရှိသလို အသက်ဆုံးရှုံးသွားတာတွေလည်း ရှိပေါ့ဗျာ။ ဧရာဝတီတိုင်းမှာ ဘယ်အချိန် cholera ဖြစ်သလဲဆိုတော့ မတ်လ၊ ဧပြီလလောက်မှာဗျ။ တစ်မိုးတွင်းလုံးကတော့ မိုးရေပဲသောက်ကြရတယ်။ တစ်ဆောင်းလုံးလည်း မိုးတွင်းကသိုလှောင်ထားတဲ့ရေကိုပဲ သောက်ကြတယ်။ ဧရာဝတီတိုင်းမှာ သူဌေးလား ဆင်းရဲသားလားခွဲဖို့ တအားလွယ်တယ်။ အဲဒီအချိန် ၂၀၀၇-၂၀၀၈ အချိန်ကပေါ့။ အိမ်မှာ မိုးရေလှောင်စရာ ရာဝင်အိုးကြီး ဆယ်လုံးအထက်ရှိနေရင် သထိန်းပဲ။ မတ်၊ ဧပြီလောက်ရောက်ရင် တစ်မိုးလုံး သိုလှောင်ထားခဲ့တဲ့ သောက်သုံးရေ မိုးရေတွေက ကုန်သွားပြီ။ နောက်မိုးက မကျသေး။ အဲဒီတော့ ရေချိုရေငန်အစပ် ချောင်းရေကိုပဲ ကျောက်ချဉ်ခပ်၊ ကြည်အောင်လုပ်ပြီး ရေသန့်သွားတယ်ဆိုပြီး သောက်ကြတာလေ။ - [ချို့ယွင်းမှု ၄ မျိုးဖြင့် ပြာနှမ်းနေသော မွေးရာပါ နှလုံးရောဂါ Tetralogy of Fallot (TOF)](https://www.telekyanmar.org/tetralogy-of-fallot-tof-november-2024/) - မွေးရာပါ နှလုံးရောဂါတွေထဲက အခုပြောချင်တာလေးက ပြာနှမ်းနေတဲ့ မွေးရာပါနှလုံးရောဂါထဲက တစ်ခုဖြစ်တဲ့ TOF အကြောင်းဖြစ်ပါတယ်။ TOF လို့ခေါ်တဲ့ မွေးရာပါနှလုံးရောဂါမှာ . . . (၁) အဆုတ်သို့သွားသော သွေးကြော၏အဝတွင် ကျဉ်းနေခြင်း (Right Ventricular Outflow Tract Obstruction) (၂) ထိုကျဥ်းသော သွေးကြောရှိရာ ညာဘက်နှလုံးအခန်းက ပိုမိုအလုပ်လုပ်ရသည့်အတွက် နှလုံးညာဘက်အခန်း ကြီးလာခြင်း (Right Ventricular Hypertrophy) (၃) Aorta ဟူသော သွေးလွှတ်ကြောမကြီးသည် နှလုံးအောက်ဘက်အခန်းနှစ်ခုလုံးမှ ခွ၍ထွက်လာသည့် ပုံစုံဖြစ်နေခြင်း (Overriding of aorta) (၄) ထို့ကြောင့် နှလုံးအောက်ဘက်အခန်းနှစ်ခုကို ကာထားသည့်နံရံတွင် အပေါက်ဖြစ်ကျန်ခဲ့ခြင်း (Ventricular septum defect) စတဲ့ အချက် ၄ ခုကို - [ရုတ်တရက်နှလုံးထိခိုက်ခြင်း (Heart Attack) လက္ခဏာများ (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/ရုတ်တရက်နှလုံးထိခိုက်ခ/) - ရုတ်တရက်နှလုံးထိခိုက်ခြင်း (Heart Attack) လက္ခဏာများ ရင်ဘတ်အလယ်တွင် နာခြင်း၊ မအီမသာဖြစ်ခြင်း အန်ခြင်း ဖြူဖျော့လာခြင်း လက်မောင်းများ၊ ဘယ်ဘက်ပခုံး၊ တံတောင်ဆစ်၊ မေးရိုး သို့မဟုတ် ကျောဘက်တွင် နာခြင်း၊ မအီမသာဖြစ်ခြင်း အသက်ရှူကျပ်ခြင်း၊ မြန်ခြင်း စိုးရိမ်ထိတ်လန့်ခြင်း၊ ဇောချွေးပြန်ခြင်း ခေါင်းမူးခြင်း၊ မူးဝေခြင်း အဆိုပါလက္ခဏာများခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူသင့်သည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… - [မနာမကျင် မပူမစပ်ဘဲ ရိုးရိုးမွေးဖွားခြင်း Painless Labour](https://www.telekyanmar.org/painless-labour-november-2024/) - နေ့စေ့လစေ့ ဗိုက်ကြီးသည်လူနာတစ်ယောက်က လုံးဝ ဗိုက်နာခြင်းမရှိဘဲ ကလေးလေးကို သဘာဝမွေးလမ်းကြောင်းကနေ ရိုးရိုးမွေးဖွားမယ်တဲ့။ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ ပထမဆုံးပြောပြချင်တာကတော့ နာကျင်မှုကိုခံစားရပုံချင်းက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးဗျ။ Emotion လို့ခေါ်တဲ့ စိတ်ခံစားမှု၊ စိတ်ဓာတ်လုံခြုံမှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်လည်း မူတည်သလို Pain threshold မြင့်တယ်နိမ့်တယ်၊ ဒီနာကျင်မှူကိုပဲ တစ်ယောက်က အေးဆေး၊ တစ်ယောက်က ကမ္ဘာပျက်သလို စသည်ဖြင့်က တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။ လက်မကြားအပ်စိုက် တူနဲ့ထုပြီး နောက်မတွန့်သူ၊ ကျွန်တော်တို့ ပညာရပ်စကားနဲ့ ပြောရရင် pain threshhold မြင့်သူတွေကို သူရဲကောင်းအဖြစ် ရွေးချယ်ခဲ့ကြတယ်လို့ ကျွန်‌တော်တို့ သမိုင်းမှာသင်ခဲ့ရဖူးပါတယ်။ ကျွန်တော့်အတွေ့အကြုံအရပြောရရင် အသားဖြူသူတွေက နာကျင်မှုကို အေးအေးဆေးဆေး ခံစားနိုင်တယ်။ အသားမည်းသူတွေက အနာမခံနိုင်ကြဘူး။ ကျွန်တော်တို့ အသားဝါတွေကတော့ တချို့က အဖြူနဲ့တူ၊ တချို့က - [ကိုယ်ဟာ စိတ်တိုဒေါသထွက်လွယ် ပေါက်ကွဲလွယ်သူ တစ်ယောက်လား](https://www.telekyanmar.org/ကိုယ်ဟာ-စိတ်တိုဒေါသထွက်/) - "ကိုယ်ဟာ စိတ်တိုဒေါသထွက်လွယ် ပေါက်ကွဲလွယ်သူ တစ်ယောက်လား" လောကဓံရဲ့ ရိုက်ခတ်မှုတွေကြားမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က အဆင်မပြေမှုတွေကို ကျွန်မတို့ဟာ ကြံ့ကြံ့ခံရင်ဆိုင်တဲ့အခါ စိတ်၏ကြံ့ခိုင်ခြင်းဟာ အရေးပါတဲ့ရှုထောင့်တစ်ခုအနေနဲ့ ပါဝင်လာပါတယ်။ ပင်ကိုယ်စိတ်အခြေအနေ ကောင်းမွန်နူးညံ့တဲ့သူတွေတောင်မှ စိတ်ဖိစီးမှုတွေကို ကြာရှည်စွာကြုံတွေ့ရတဲ့အခါ အပြုအမူပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ စိတ်ခံစားချက်တွေ၊ အကျင့်တွေ ပြောင်းလဲလာတာကို ကျွန်မတို့ကိုယ်တိုင်သာမက ကိုယ့်ပတ်ဝန်းကျင်မှာပါ တွေ့ဖူးမြင်ဖူး ခံစားဖူးကြမှာပါ။ ကျွန်မတို့ဟာ အသက်ရှင်ရပ်တည်ဖို့အတွက် လိုအပ်တဲ့ အခြေခံအကျဆုံးဖြစ်တဲ့ basic needs (အခြေခံစားဝတ်နေရေး) ကိုတောင် လုံလောက်အောင် မရကြတဲ့အခါ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှုဒဏ်ကို အလူးအလဲ ခံစားရပါတော့တယ်။ တစ်ကိုယ်စာ လုံခြုံရေး၊ အစာရေစာ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှု စသဖြင့် ဒီကာလမှာ အရာအားလုံးကို ဆုံးရှုံးနေကြရတယ် မဟုတ်ပါလား။ ဒါတွေကြောင့်ပဲ ကျွန်မတို့ဟာ - [ကလေးသူငယ်များ၏ အသက်အရွယ်အလိုက် ခံစားတုံ့ပြန်မှုများ](https://www.telekyanmar.org/ကလေးသူငယ်များ၏-အသက်အရွယ/) - ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်တဲ့အခါမှာ ၎င်းတို့ရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးမှုအပေါ် အခြေခံပြီး ၎င်းတို့ရဲ့ခံစားချက်တွေ၊ တုံ့ပြန်မှုတွေကို နားလည်လက်ခံပေးဖို့ အရေးကြီးပါတယ်။ ကလေးတွေဟာ လူကြီးတစ်ယောက်နည်းတူ ထိခိုက်ခံစားကြရပေမယ့် လူကြီးတစ်ယောက်ကဲ့သို့ တုံ့ပြန်ပြုမူနိုင်မှာ မဟုတ်ဘူးဆိုတာကိုလည်း သတိပြုကြဖို့ လိုပါတယ်။ ယေဘုယျအားဖြင့် ကလေးသူငယ်တွေ ဘေးအန္တရာယ်နဲ့ကြုံတွေ့ရတဲ့အခါ အောက်ပါအပြုအမူတွေ ဖြစ်ပွားတတ်ပါတယ်။ (၁) စိုးရိမ်ကြောက်လန့်တဲ့ လက္ခဏာတွေပေါ်ခြင်း (မျက်နှာသွင်ပြင်မှာ ကြောက်ရွံ့တဲ့အမူအရာပေါ်ခြင်း၊ ခြေဖျားလက်ဖျား အေးစက်တုန်ယင်ခြင်း၊ ရင်တုန်ခြင်း၊ ဇောချွေးပြန်ခြင်း စသဖြင့်) (၂) ၎င်းတို့ချစ်ခင်အားကိုးရသူများ ထိခိုက်နာကျင်မှာကို စိုးရိမ်ခြင်း (၃) ၎င်းတို့ ချစ်ခင်တွယ်တာသူတွေနှင့် ခွဲခွာ၊ ကွဲကွာရမှာကို တွေးတောပူပန်ခြင်း (၄) ၎င်းတို့နေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင် အသိုက်အမြုံ ပျက်စီးတာ (သို့မဟုတ်) ဖျက်ဆီးခံရတာကို မြင်တွေ့ခံစားရတဲ့အတွက် အံ့ဩတုန်လှုပ်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း စတဲ့ခံစားချက်တွေ ဖြစ်ပေါ်ခြင်း - [ခွေးကိုက်ခံရခြင်းမှ ကာကွယ်ရန် (အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/ခွေးကိုက်ခံရခြင်းမှ-ကာက/) - ခွေးကိုက်ခံရခြင်းမှ ကာကွယ်ရန် ▪️ ခွေးကို မနှောင့်ယှက်ပါနှင့်။ မခြောက်လှန့်ပါနှင့်။ (အထူးသဖြင့် ခွေး အစာစားစဉ် (သို့မဟုတ်) ကြိုးဖြင့် ချည်ထားစဉ်)▪️ ခွေး ဒေါသထွက်ချိန် (သို့မဟုတ်) ကြောက်လန့်ချိန်တွင် ခွေးနှင့် ဝေးဝေး နေပါ။▪️ မိမိ အနီးသို့ ခွေး ချဉ်းကပ်လာပါက လုံးဝ မလှုပ်ရှားဘဲ ငြိမ်နေပါ။▪️ ခွေးအနားသို့ ဖြည်းဖြည်းနှင့် တိတ်ဆိတ်စွာ ချဉ်းကပ်ပါ။▪️ ခွေးကိုက်ခံရလျှင် ဒဏ်ရာကို ဆပ်ပြာ၊ ရေတို့ဖြင့် ချက်ချင်း ဆေးကြောပြီး ဆေးရုံဆေးခန်းသို့ အမြန်သွားပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ - [ပါဆယ်တစ်ထုပ် အဆိပ်တစ်ခွက်](https://www.telekyanmar.org/ပါဆယ်တစ်ထုပ်-အဆိပ်တစ်ခွ/) - စိတ်တွေလေနေလို့ ထွေထွေထူးထူး မီးဖိုချောင်မဝင်တော့ဘဲ လူပျိုကြီးတစ်ယောက် လမ်းထိပ်ဟင်းဆိုင်က ထမင်းဟင်းပါဆယ်လေး ၂၀၀၀ ဖိုး သွားပြေးဝယ်လိုက်တယ်။ ဆိုင်ရှင်က ပူပူနွေနွေး ဘဲဥအာလူးဟင်း အနှစ်စိုစိုလေးကို ပလတ်စတစ်အိတ်ထဲထည့်ပြီး ချည်ပေးလေရဲ့။ ထမင်းပူပူကိုတော့ ဖော့ဘူးလေးနဲ့ပေါ့။ ဒီကိစ္စမှာ လူပျိုကြီး သတိမထားမိတဲ့ ကျန်းမာရေးအန္တရာယ်တွေက မနည်းမနောပါလားနော်။…… ဒါကြောင့် လူပျိုကြီးလိုလူတွေ ဆင်ခြင်နိုင်ဖို့ ဒီတစ်ပတ်ရဲ့အာဟာရပိုစ့်လေးမှာ အကြံပေးလိုက်ပါရစေ။👇👇👇 ရိုးရိုးပလတ်စတစ်အိတ်တွေဟာ အပူနဲ့ထိရင်ပျော့သွားတာ သတိထားမိကြမှာပါ။ ဒီအခါ BPA လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပြီး ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေတာ၊ ကင်ဆာဖြစ်စေတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘူးခွက်နဲ့ အစားအစာထည့်စရာပစ္စည်းတွေအပြင် ပါးစပ်နဲ့ထိမယ့်အရာမျိုးတွေမှာ BPA free ဆိုပြီး ရေးထားတဲ့အရာတွေကိုသာ ရွေး၀ယ်ဖို့လိုပါတယ်။ (BPA မပါ၀င်ဖို့လိုတယ်လို့ ဆိုလိုတာပါ) စျေးဆိုင်တော်တော်များများက ရိုးရိုးပလတ်စတစ်အိတ်အပါး (၅x၉) အိတ်လေးတွေနဲ့ ထည့်ပေးနေတာဟာ - [ဆရာဝန်တွေ မချမ်းသာကြပါ](https://www.telekyanmar.org/ဆရာဝန်တွေ-မချမ်းသာကြပါ/) - ကျွန်တော်တို့မြန်မာပြည်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အကြောင်းပြောပြမယ်နော်။ ကျွန်တော်တို့ ဆရာဝန်တွေကို အရမ်းသိက္ခာချနေသူတွေ သိအောင်လို့ပါ။ မြန်မာပြည်က ဆရာဝန်တွေ တစ်ယောက်မှ (ကျွန်‌တော်ဆိုတာက အဝေးကြီး၊ ကျွန်တော့်ရဲ့အထက်က ဆရာ့ဆရာကြီးတွေအပါအဝင်) အလွန်ဆုံးချမ်းသာမှ America made hammer jeep စီးနိုင်တယ်။ အဲဒါထက်မပိုပါဘူး။ အာဆီယံအဆင့်တောင် ချမ်းသာတဲ့သူ တစ်ယောက်မှမရှိပါဘူး။ ဒါပေမယ့် သေချာပါတယ် မြန်မာပြည်မှာ မန်ချက်စတာယူနိုက်တက်လို ဘောလုံးအသင်းကို ဝယ်နိုင်တဲ့သူတွေ အများကြီးရှိတယ်နော။ ဆရာဝန်တစ်ယောက်မှမပါဘူး။ ဟိုက ဒီမိုကရေစီနိုင်ငံတွေမို့ ငွေမည်းကို ငွေဖြူမပြနိုင်လို့ ဝယ်မရတာ။ ဝယ်လို့ရမယ်ဆို ကျွန်တော်တို့နိုင်ငံသားတွေထဲက တန်းစီရွတ်ပြရရင် ဘယ်သူတွေဖြစ်မလဲ နားလည်ကြမယ် ထင်ပါတယ်။ ဆိုလိုတာက ဘယ်လောက်ချမ်းသာပါစေ မှန်မှန်ကန်ကန်မဟုတ်ခဲ့ရင် ဘောင်မဝင်ဘူး။ ဒါကိုသိစေချင်ပါတယ်။ ပြီးတော့ နိုင်ငံတစ်ခုရဲ့ ကဏ္ဍအလိုက် ဘတ်ဂျတ်ခွဲဝေမှု။ ဒါကိုလည်း ပြည်သူတိုင်း သိထားသင့်တယ်။ - [အရေပြားလေးဖက်နာအကြောင်း (SLE)](https://www.telekyanmar.org/အရေပြားလေးဖက်နာအကြောင်/) - ဒီနေ့မှာတော့ လက်ရှိ အမျိုးသမီးသတ်လတ်ပိုင်းတွေအကြား တကယ်ကိုနာမည်ကြီးပြီး celebrity ဖြစ်တဲ့၊ အဖြစ်များရောဂါတစ်ခုဖြစ်တဲ့ အရေပြားလေးဖက်နာ (SLE) နဲ့ပတ်သက်တဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်လို့ပါရှင်။ အမှန်တော့ SLE အကြောင်း အသေးစိတ်ပြည့်ပြည့်စုံစုံကို ကျွန်မတို့ရဲ့ တယ်လီကျန်းမာ Youtube channel မှာ "ဆရာ ဆုတောင်းပြည့်" က တင်ဆက်ထားဖူးလို့ ဒီ Youtube link လေးမှာ ကြည့်လို့ရပါတယ်။ ကျွန်မကတော့ SLE အကြောင်း အကျဉ်းချုပ်နဲ့ လက်ရှိ SLE လူနာတွေရဲ့ လူတွေကြား ခွဲခြားဆက်ဆံခံရတာ … Shaming လုပ်ခံရတဲ့အကြောင်း တင်ပြချင်ပါတယ်ရှင်။…… Systemic Lupus Erythematosus SLE ဆိုတာကတော့ သူ့နာမည်တိုင်း Systemic လူကိုယ်ခန္ဓာတစ်ခုလုံး အသက်ရှူဆိုင်ရာ၊ ဆီးနှင့်ကျောက်ကပ်၊ အာရုံကြော စတဲ့စနစ်အားလုံးကို - [လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း Elephantiasis or Lymphatic Filariasis](https://www.telekyanmar.org/လူသိနည်းနေတဲ့-ဆင်ခြေထော/) - "လူသိနည်းနေတဲ့ ဆင်ခြေထောက်ရောဂါအကြောင်း"(Elephantiasis or Lymphatic filariasis) ဆင်ခြေထောက်ရောဂါဆိုတာ ခြင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ခြင်မှတစ်ဆင့်ကူးစက်တဲ့ filarial worm ကြောင့် ဖြစ်တာပါ။ ဆင်ခြေထောက်ရောဂါက အရေပြားကို ထူထဲရောင်ရမ်းစေပြီး ပုံပျက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ဆင်ခြေထောက်ရောဂါပိုးဟာ လူ့ခန္ဓာကိုယ်ထဲက ပြန်ရည်ကြောစနစ်ထဲမှာ ရှင်သန်ကြီးထွားတာဖြစ်ပြီး သွေးကြောမှတစ်ဆင့် မျိုးပွားပျံ့နှံ့ကြပါတယ်။ ပြန်ရည်ကြောစနစ်ထဲမှာ ပိတ်နေနိုင်ပြီး ပြန်ရည် (Lymph) တွေ စုနေတာမျိုး ဖြစ်စေနိုင်ပါတယ်။…… ❓ဘယ်ဒေသတွေမှာ အဖြစ်များသလဲ ဆင်ခြေထောက်ရောဂါဟာ အပူပိုင်းနဲ့ သမပိုင်းဇုံတို့မှာ နေထိုင်သူတွေမှာ အဖြစ်များပါတယ်။ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတို့မှာ အဖြစ်များပါတယ်။…… ❓ရောဂါကူးစက်ခံရရင် လက္ခဏာတွေက ဘာတွေလဲ ရောဂါကူးစက်ခံရတဲ့လူ သုံးပုံနှစ်ပုံလောက်မှာ လက္ခဏာအပြင်းအထန် မရှိတတ်ပါဘူး။ ရောဂါပိုးက ကိုယ်ခံအားကို ကျဆင်းစေပါတယ်။ အချို့လူတွေမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရောင်ရမ်းပြီး - [ကော်လဂျင်များအကြောင်း (Collagen)](https://www.telekyanmar.org/ကော်လဂျင်အကြောင်း-collagen/) - Skin care လုပ်တဲ့သူတွေ၊ beauty blogger တွေဟာ အခုနောက်ပိုင်းမှာ ကော်လဂျင် (collagen) ကို သောက်သုံးလာကြတာ တွေ့ဖူးကြမှာပါ။ အလှအပရေးရာကုမ္ပဏီတွေလည်း အသားအရေလှဖို့၊ အိုမင်းရင့်ရော်မှု သက်သာစေဖို့၊ ပိုပြီးဝင်းလက်စိုပြေလာဖို့ စသဖြင့် collagen ကို အမျိုးမျိုးရောင်းချလာကြပြီး သောက်သုံး သုံးစွဲသူလည်း အတော်ပဲများပြားလာပါတယ်။ ဒါကြောင့် collagen ဟာ တကယ်ပဲ အကျိုးအာနိသင် ဖြစ်စေလား၊ ဘေးထွက်ဆိုးကျိုးတွေရှိလားဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။…… ▪️Collagen ဆိုတာ ဘာလဲ Collagen ဆိုတာက ခန္ဓာကိုယ်ထဲမှာတည်ရှိနေတဲ့ ပရိုတိန်းတစ်မျိုးပါ။ သူက ခန္ဓာကိုယ်ထဲမှာ ၃ ပုံ ၁ ပုံ နေရာယူထားပါတယ်။ သူ့ကို အရေပြားနဲ့ အရွတ်တွေ၊ အရိုးအဆစ်တွေ၊ ကြွက်သားတွေထဲမှာ အများဆုံးတွေ့ရတတ်ပါတယ်။ Collagen က - [ခွေးကိုက်ခံရပါက (အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/ခွေးကိုက်ခံရပါက-အောက်တိ/) - ခွေးကိုက်ခံရသော အနာကို၁) ရေ၂) ဆပ်ပြာ၃) ရောဂါပိုးသတ်ဆေးရည်တို့ဖြင့်ချက်ချင်းဆေးကြောပါ။ အနည်းဆုံး ၁၅ မိနစ်ကြာအောင် ဆေးကြောပါ။ ထို့နောက် ဆရာဝန်/ကျန်းမာရေးဝန်ထမ်းနှင့် ချက်ချင်းတိုင်ပင်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [မီးဖိုချောင်သုံး အိုးခွက်များနှင့် ကျန်းမာရေးရှုထောင့်](https://www.telekyanmar.org/မီးဖိုချောင်သုံး-အိုးခွ/) - ဟင်းချက်တဲ့အခါသုံးနေတဲ့ အိုးခွက်၊ ဇွန်း၊ ယောက်ချိုတွေက စိတ်ချရရဲ့လား။ တချို့အိုးတွေ၊ ဇွန်းတွေက မီးအပူပြင်းပြင်းနဲ့ချက်တဲ့အခါ ဓာတုပစ္စည်းတွေလွင့်ထွက်လာတာ၊ အစားအစာထဲမှာပါသွားပြီး စားမိတဲ့အခါ အဆိပ်သင့်တာမျိုးဖြစ်စေနိုင်တာ ကြားဖူးကြရဲ့လား။ ဒီနေ့တော့ ဘယ်လိုအိုးခွက်တွေကို ရွေးချယ်သင့်တယ်ဆိုတာကို ကျန်းမာရေးဗဟုသုတအနေနဲ့ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။…… အကောင်းဆုံးကတော့ သံအိုးနဲ့စတီးအိုးတွေမှာ တက်ဖလွန် (teflon) ပါတဲ့ non stick အိုးမျိုးတွေ၊ ဒန်အိုးမှာမှ အပေါစားမျိုးတွေက သတ္တုဓာတ်တွေစိမ့်ထွက်နိုင်လို့ မသုံးသင့်ပါဘူး။ ဇွန်းနဲ့ခွက်ယောက်တွေမှာလည်း ကော်နဲ့လိုလို အမဲရောင် non stick အိုးနဲ့ တွဲသုံးဖို့လာတာမျိုးတွေ ရှိပါတယ်။ အဲဒါတွေကလည်း အပူချိန်မြင့်မြင့်နဲ့ ကြာရှည်ထိတွေ့တဲ့အခါ ပျော်သွားတာမို့၊ အဆိပ်သင့်နိုင်တဲ့အရာတွေ စိမ့်ထွက်စေတာမို့ မသုံးသင့်ပါလို့ သုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်။ Non stick အတွက်ဆို ကော်နဲ့ထက် သစ်သားနဲ့လုပ်တဲ့ ယောက်မတို့ဘာတို့ကို သုံးလို့ရပါတယ်။ - [အသားအရေထိန်းသိမ်းလှပစေသည့် ထုတ်ကုန်များတွင် ပါဝင်သော Salicylic Acid ၏ ကောင်းကျိုးနှင့် သတိပြုရမည့်အချက်များ](https://www.telekyanmar.org/အသားအရေထိန်းသိမ်းလှပစေ/) - ဒီပိုစ့်ကတော့ ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက်တွေအပြင် လှချင်ပချင်တဲ့ ပျိုပျိုအိုအိုတို့ အားလုံးအတွက် ရည်ရွယ်တဲ့ပိုစ့်ပါနော် 😃 အသားအရေထိန်းသိမ်းလှပစေတဲ့ ထုတ်ကုန်တွေ အထူးသဖြင့် မျက်နှာသစ်ဆေး၊ Toner၊ မျက်နှာလိမ်းဆေးတွေမှာ Salicylic Acid ဆိုပြီး ပါတာကို သတိထားမိကြမှာပါ။ သူက ဘာတွေကောင်းစေလဲ၊ အသားအရေကို ဘယ်လိုအထောက်အကူပြုစေလဲ၊ ဆိုးကျိုးဘာတွေရှိလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Salicylic Acid ဆိုတာက Beta Hydroxy Acid (BHA) လို့ခေါ်တဲ့ ဓာတုဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ ပင်မအရင်းအမြစ်ကတော့ သစ်ခေါက်တွေ အထူးသဖြင့် မိုးမခပင်ကနေ ရရှိပါတယ်။ သူ့ကို အသားအရေထိန်းသိမ်းတဲ့ Skin Care တွေ၊ အထူးသဖြင့် မျက်နှာနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေမှာ အဓိကသုံးစွဲကြပါတယ်။…… 🔹ဘာကောင်းကျိုးတွေရှိလဲဆိုရင်တော့ . . . အဓိကအနေနဲ့ - [စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းက ရှက်စရာလား . . .](https://www.telekyanmar.org/စိတ်ပိုင်းဆိုင်ရာ-တိုင်/) - စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေး ကုသမှုခံယူခြင်းက ရှက်စရာလား . . . 🤔 ကျွန်မတို့ ခန္ဓာကိုယ်လေး ကိုက်ခဲနာဖျားကြသလို ထင်မှတ်မထားဘဲ ရာသီတုပ်‌ကွေးဝင်လာတတ်သလို အချိုမစားရပါဘဲ ဆီးချိုရောဂါဖြစ်လာတတ်သလို . . . စိတ်၏ဖျားနာခြင်းဆိုတာကလည်း မဖိတ်ခေါ်ရပါဘဲ တိတ်တိတ်လေး ကျွန်မတို့ဆီ ရောက်လာတတ်ကြပါတယ်။…… ဖျားနာခေါင်းကိုက်တဲ့အခါ ဆေးထိုးဆေးသောက်လုပ်ကြ၊ ဆေးရုံဆေးခန်း သွားပြကြသလို . . . ကျွန်မတို့ စိတ်လေးမကျန်းမာတဲ့အခါ ကျွန်မတို့ ဘယ်ကိုသွားပြီး ဘာတွေလုပ်ကြပါသလဲ။ ကျွန်မတို့စိတ်လေး မူမမှန်ဖြစ်နေတာ‌ကိုတောင် ကျွန်မတို့ သတိထားမိပါရဲ့လား။ အစဉ်အဆက်လက်ဆင့်ကမ်းလာခဲ့တဲ့ အယူအဆအမှားတွေကြောင့် ကျွန်မတို့ဟာ စိတ်ကျန်းမာရေးနဲ့ပတ်သက်လာရင် တိုင်ပင်ဆွေးနွေးဖို့၊ တစ်စုံတစ်ယောက်ကို ပြောပြဖို့ကို အင်မတန်မှ ဝန်လေးတတ်ကြပါတယ်။ လူမှုအသိုင်းအဝိုင်းအတွင်းမှာ စိတ်ကျန်းမာရေးအားနည်းသူများဟာ ခွဲခြားဆက်ဆံခံရခြင်း၊ ဖယ်ကျဉ်ခံရခြင်းနဲ့အတူ ကာကယံရှင်ကိုယ်တိုင်ကလည်း ရှက်ကြောက်ခြင်း၊ သိမ်ငယ်ခြင်း၊ - [သွားပိုးပေါက်များအကြောင်း Tooth Cavities](https://www.telekyanmar.org/tooth-cavities-october-2024/) - သွားမှာ အလွှာ (၃) ခု ရှိပါတယ်။ (၁) သွားရဲ့အပြင်ဆုံးကြွေလွှာ (Enamel Layer)(၂) အပြင်ဆုံးရဲ့အောက်မှာရှိတဲ့ ဆင်စွယ်နှစ်လွှာ (Dentin Layer)(၂) အာရုံကြောနဲ့ သွေးကြောတွေရှိတဲ့ အတွင်းဘက်ဆုံး (Pulp Layer) ဖြစ်ပါတယ်။ သွားပိုးပေါက်ဆိုတာ သွားတွေပျက်စီးပြီး ဖြစ်လာတဲ့ အပေါက်တွေ ဖြစ်ပါတယ်။ ပါးစပ်ထဲမှာရှိတဲ့ ဘတ်တီးရီးယားနဲ့ အစာကြွင်းကျန်တွေကနေ ထွက်လာတဲ့အက်စစ်ဓာတ်က မာကြောတဲ့ သွားရဲ့အပြင်ဆုံးကြွေလွှာ (enamel) ကို တိုက်စားသွားပြီး သွားပိုးပေါက်တွေ ဖြစ်လာပါတယ်။ သွားနှင့်ခံတွင်းကို ပုံမှန်သန့်ရှင်းရေး လုပ်ပေးခြင်းဖြင့် သွားပိုးပေါက်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ Tooth Cavities ကို Dental Caries လို့လည်း သုံးနှုန်းကြပါတယ်။…… ◾️သွားပိုးပေါက် အမျိုးအစားများ အပေါက် (cavity) ဖြစ်တဲ့နေရာပေါ်မူတည်ပြီး (၃) မျိုးရှိပါတယ်။ (၁) - [စိတ်ကျန်းမာရေးကို မြှင့်တင်ဖို အချက် (၆) ချက် (အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/စိတ်ကျန်းမာရေးကို-မြှင့/) - စိတ်ကျန်းမာရေးကို မြှင့်တင်ဖို့ အချက် (၆) ချက် ၁။ ကျန်းမာသော ဘဝနေထိုင်နည်းလမ်းများကို လိုက်နာပါ။၂။ သဘာဝနေရာများနှင့် အဆောက်အအုံပြင်ပမှာ နေထိုင်ချိန်ပေးပါ။၃။ မိသားစုနှင့် မိတ်ဆွေများကို စကားပြောပါ။၄။ အိပ်ရေးဝအောင် အိပ်ပါ။၅။ စိတ်ဖိစီးမှုကို စီမံပါ၊ အန္တရာယ်များသော အခြေအနေများကို ကန့်သတ်ပါ။၆။ စိတ်ကျန်းမာရေးပြဿနာများ ပေါ်ပေါက်လာပါက တိုင်ပင်ဆွေးနွေးပါ။ လိုအပ်လျှင် အကူအညီ ရယူပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) - [ကလေးငယ်များ ဝမ်းချုပ်ခြင်းအတွက် သိထားသင့်သော ဆောင်ရန်၊ရှောင်ရန်များ](https://www.telekyanmar.org/ကလေးငယ်များ-ဝမ်းချုပ်ခြ/) - ကြုံဖူးကြတဲ့သူတွေလည်း ရှိလိမ့်မယ် . . . ကလေးငယ်တွေ၀မ်းချုပ်ရင် သိပ်သနားစရာကောင်းတာ၊ ၀မ်းညှစ်ရင်းနဲ့ မျက်ရည်တွေကျ၊ ၀မ်းသွားရင်းနဲ့ စအိုကွဲတာတွေ ဖြစ်တတ်ကြ၊ သွေးလေးတွေ တစို့စို့နဲပေါ့။ ဒီအတွက် ဆောင်ရန်/ရှောင်ရန် ဗဟုသုတလေးတွေ မျှဝေပေးချင်လို့ပါ 😇…… မိခင်နို့တစ်မျိုးတည်း သောက်စဥ်မှာတော့ ကလေးတွေက ၀မ်းချုပ်ခဲပါတယ်။ မိခင်နို့ရည်ဟာ လုံလောက်တဲ့ရေဓာတ်ပမာဏပါ၀င်ပြီး အူလမ်းကြောင်းကျန်းမာစေတဲ့ ပိုးလေးတွေနဲ့ အာဟာရဓာတ်မျိုးစုံ ပါ၀င်တာကြောင့် ကလေးတွေ ဝမ်းချုပ်ခဲပါတယ်။ ဒါပေမယ့် ဖြည့်စွက်စာ စကျွေးချိန်မှာတော့ ကလေးအချို့မှာ ၀မ်းချုပ်တာဖြစ်လွယ်ပါပြီ။ အကြောင်းအရင်းကတော့ အဖတ်ကိုကြိတ်ထားတာကို စားရတာ​မို့ အူလမ်းကြောင်းအနေနဲ့ ရင်းနှီးမှုမရသေးတာကြောင့်သော်လည်းကောင်း၊ ဆန်နဲ့လုပ်တဲ့ ဖြည့်စွက်စာများ၊ ready made ဖြည့်စွက်စာများမှာ fiber ပါ၀င်မှု မလုံလောက်တာကြောင့်သော်လည်းကောင်း၊ ရေတိုက်တာမလုံလောက်သောကြောင့်သော်လည်းကောင်း ၀မ်းချုပ်တတ်ကြပါတယ်။…… ဘယ်လိုဆိုရင် ၀မ်းချုပ်တယ်လို့ သတ်မှတ်လို့ရသလဲဆိုရင်တော့… ကလေးလေးက - [မွေးဖွားရန် မှန်ကန်သောဝမ်းနာခြင်း မစတင်မီ စော၍ရေမြွှာပေါက်ခြင်း Pre labor Rupture of Membrane (PROM)](https://www.telekyanmar.org/မွေးဖွားရန်-မှန်ကန်သောဝ/) - မွေးဖွားရန် မှန်ကန်သောဝမ်းနာခြင်း မစတင်မီ စော၍ရေမြွှာပေါက်ခြင်း (Pre labor Rupture of Membrane) (PROM) နှစ်မျိုးရှိပါတယ်။Term PROM နဲ့ Preterm PROM Term PROM ဆိုတာက နေ့စေ့လစေ့ကိုယ်ဝန်မှာ ဗိုက်မနာမီ ရေမြွှာပေါက်သွားတာပေါ့ဗျာ။ နေ့စေ့လစေ့ဆိုတာ ကိုယ်ဝန်သက်တမ်း ၃၇ ပတ်ကျော်ပြီးချိန်ကို (၈ လခွဲကို) ဆိုလိုပါတယ်။ လူနာက ရေဆင်းလို့ဆိုပြီး လာပါတယ်။ ဘယ်လိုဆင်းသလဲဆိုရင် ဆန်ဆေးရည်လို အရည်ကြည်ကြည်တွေ အများကြီး လုံချည်တစ်ထည်လုံး ရွှဲနစ်သွားအောင် ဆင်းပါတယ်။ ပထမဆုံးလုပ်ရမှာကတော့ ကိုယ်ဝန်သက်တမ်းကို သေချာအောင် ပြန်စိစစ်ဖို့ပါ။ နေ့စေ့လစေ့ သေချာရဲ့လား။ အရင်က ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု မှတ်တမ်းတွေ၊ USG ရိုက်ထားတာတွေကို ပြန်ကြည့်ပြီးစစ်ဆေးပါတယ်။ ဒုတိယ သို့သော် အမြန်ဆုံးလုပ်ရမယ့် နောက်တစ်ခုက - [Dr Harry နှင့် ကိုယ်ဝန်ဆောင်လူနာ](https://www.telekyanmar.org/dr-harry-နှင့်-ကိုယ်ဝန်ဆောင်လူန/) - Helloကျွန်တော် Dr Harry ပါ…မအားလို့ စာမရေးဖြစ်တာ ကြာသွားပြန်ပြီ။ ခွဲခန်းနဲ့ဆေးခန်းက နေရာမတူတော့ တစ်ရက်တစ်ရက်ဟိုပြေးဒီပြေးနဲ့ စာရေးဖို့အချိန်မရတာနဲ့ မရေးဖြစ်တာပါ။ ကျွန်တော့်ဆေးခန်းလေးက လူနာများပေမယ့် အကြောင်းကြောင်းကြောင့် ခွဲခန်းလုပ်ဖို့အဆင်မပြေတာနဲ့ မိနစ် ၃၀ လောက် ကားမောင်းသွားရတဲ့နေရာမှာ ခွဲခန်းလုပ်ဖြစ်ပါတယ်။ အဲဒီတော့ ဆေးခန်း ၂ ခုကို ပြေးလွှားပြီးလုပ်နေရတော့ အသက်တောင်မနည်းလုရှူနေရတယ်။ ဒီတစ်ခါအကြောင်းအရာကလည်း ထုံးစံအတိုင်း ဗိုက် ပြဿနာပါပဲ။ လူနာက အသက် ၄၄ နှစ် ၆ ယောက်မြောက်ကိုယ်ဝန်ပါ။ ကိုယ်ဝန်အစပိုင်းမှာ ဆေးခန်းမှာပုံမှန်လာပြနေပြီး လစေ့တော့ ပေါ်မလာတော့ပါဘူး။ ၄၄ ပတ်ရောက်မှ အိမ်မှာ တစ်ညလုံး လက်သည်နဲ့သမနေပြီး မနက် ၈ နာရီလောက်မှာ ဆေးခန်းကိုရောက်လာပါတယ်။ ကျွန်တော်က ခွဲခန်းဘက်မှာအရေးပေါ်ရှိလို့ ညသွားအိပ်ရတော့ သူရောက်ချိန်မှာ ဆေးခန်းမှာရှိမနေပါဘူး။ ဆေးခန်းက - [ကိုယ်ချစ်ခင်ရတဲ့ တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ…](https://www.telekyanmar.org/ကိုယ်ချစ်ခင်ရတဲ့-တစ်စုံ/) - မမျှော်လင့်ဘဲဖြစ်စေ၊ ပြင်ဆင်ထားပြီးပဲဖြစ်စေ ကိုယ်တန်ဖိုးထားရတဲ့သူ ချစ်ခင်နှစ်သက် မြတ်နိုးအားကိုးရသူ တစ်ဦးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့အခါ…. ကိုယ့်ရဲ့တန်ဖိုးထားစုဆောင်းလာရတဲ့ အိုးအိမ် ပစ္စည်းဥစ္စာ၊ ပိုင်ဆိုင်မှုတွေကို မထင်မှတ်ဘဲ ဆုံးရှုံးလိုက်ရတဲ့အခါ… ကျွန်မတို့ ရှင်ကျန်ရစ်သူတွေအနေနဲ့ စိတ်ပိုင်း ခန္ဓာကိုယ်ပိုင်ဆိုင်ရာ ဘာတွေခံစားရပါသလဲ။ ကျွန်မတို့ အတူတူ ဆန်းစစ်ကြည့်ရအောင်….။…… ဦးစွာ… ထိတ်လန့်ခြင်း ဝမ်းနည်းခြင်း ပူဆွေးသောကရောက်ခြင်း မိမိကိုယ်ကိုယ် အပြစ်တင်ခြင်း အရှိတရားကို လက်မခံနိုင်ခြင်း၊ ငြင်းဆန်မိခြင်း၊ ရှောင်လွှဲမိခြင်း စိုးရိမ်ပူပန်ခြင်း အစားအသောက်ပျက်ခြင်း ဝင်္ကပါလို အတွေးထဲ ပိတ်မိနေခြင်း မစဉ်းစားရပါဘဲ ခေါင်းထဲပြန်ပေါ်လာခြင်း မရည်ရွယ်ပါဘဲ ထပ်ထပ်ခါခါတွေးမိနေခြင်း၊ အိပ်မက်ဆိုး‌မက်ခြင်းတွေနဲ့အတူ… အိပ်မရတာတွေ ဘာကိုမှ အာရုံမစိုက်နိုင်တော့တာတွေ တစ်စုံတစ်ခုအပေါ် အာရုံစိုက်ဖို့ခက်ခဲလာတာတွေ အများနဲ့ဝေးရာ တစ်ယောက်တည်းသီးသန့်နေချင်တာ စကားတွေနည်းလာတာ၊ ငြိမ်သက်လာတာ၊ စိတ်နဲ့လူနဲ့ မကပ်တော့တာ ပြင်ပဒဏ်ရာမရှိပါဘဲ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာက - [ဆယ်ကျော်သက်လူငယ်များအတွက် အိပ်စက်ခြင်းနှင့်ကျန်းမာရေး (February, 2024)](https://www.telekyanmar.org/sleep-and-health-for-teenagers-february-2024/) - ကိုယ်စိတ်နှစ်ပါး ကျန်းမာစေဖို့ လုံလောက်တဲ့ ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဟာ လူတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေအတွက်တော့ အိပ်စက်ခြင်းက ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက်ပါ အရေးကြီးပါတယ်။ လုံလောက်တဲ့အိပ်ချိန်မရတဲ့ ကလေးငယ်တွေနဲ့ လူငယ်တွေမှာ ကျန်းမာရေးပြဿနာမျိုးစုံ ကြုံတွေ့နိုင်ရုံသာမက ကလေးရဲ့ပညာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါ၊ စိတ်ကျရောဂါလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ၊ စိတ်ထိခိုက်ဒဏ်ရာရတာ‌တွေ၊ စိတ်အာရုံစိုက်မှုဆိုင်ရာ ပြဿနာ၊ စိတ်နေစိတ်ထားနဲ့ အမူအကျင့်ဆိုင်ရာပြဿနာ စတာတွေက အိပ်ချိန်မလုံလောက်မှုနဲ့ ဆက်နွယ်မှုရှိပါတယ်။ ... ... အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့... - အနာကျက်ခြင်းနှင့် ဖျားနာပြီး နာလန်ထခြင်းများကို ပိုမိုမြန်ဆန်စေခြင်း။ - ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေခြင်း။ - ဟော်မုန်းများထွက်စေခြင်းဖြင့် လက်သည်း၊ ခြေသည်း၊ ဆံပင်၊ အရိုးတို့ကို ကြီးထွားစေခြင်း။ - အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်ခြင်း။ - - [နေ့ဘက်တွေမှာအိပ်ငိုက်တတ်တဲ့ ရောဂါအကြောင်း Narcolepsy Disease (February, 2024)](https://www.telekyanmar.org/narcolepsy-disease-february-2024/) - ညဘက်တွေမှာ အိပ်မပျော်တာဟာ မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သလို နေ့ဘက်တွေမှာ ခဏခဏ အိပ်ငိုက်တတ်တာကလည်း သတိထားရမယ့် ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Narcolepsy လို့ခေါ်တဲ့ နေ့ဘက်တွေမှာအိပ်ငိုက်တတ်တဲ့ ရောဂါအကြောင်းကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီရောဂါမှာ ကာယကံရှင်ဟာ ရုတ်တရက်အိပ်ပျော်သွားတတ်တဲ့ အခြေအနေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ အနှောင့်အယှက် ဖြစ်လာနိုင်ပါတယ်။ ... ... ▪️လက္ခဏာတွေကတော့.... ???? နေ့လယ်ဘက်တွေမှာ ရုတ်တရက် အိပ်ပျော်သွားတတ်တာ - Narcolepsy ရှိတဲ့သူတွေက ဘာလက္ခဏာမှမပြဘဲ နေ့အချိန်တွေမှာ အိပ်ပျော်သွားလေ့ရှိပါတယ်။ ပျင်းရိပြီး လုပ်စရာမရှိတဲ့အချိန်မှာ အိပ်ပျော်တတ်တာလည်း ဖြစ်နိုင်သလို အလုပ်လုပ်နေချိန်အတွင်းမှာ ရုတ်တရက် အိပ်ပျော်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ အန္တရာယ်မရှိနိုင်ဘူးလို့ ထင်ရပေမယ့် ကားမောင်းနေတုန်း ရုတ်တရက် အိပ်ပျော်သွားတာမျိုးကတော့ - [မိမိတို့ရဲ့ ဆန္ဒပန်းတိုင်တွေ ပြည့်စုံအောင်မြင်စေဖို့ Vision board ကို အသုံးပြုကြည့်ရအောင် (January,2024)](https://www.telekyanmar.org/vision-board-january2024/) - ???? မိမိတို့ရဲ့ ဆန္ဒပန်းတိုင်တွေ ပြည့်စုံအောင်မြင်စေဖို့ Vision board ကို အသုံးပြုကြည့်ရအောင် ◾ပထမဆုံးအနေနဲ့ vision board ဆိုတာ ဘာလဲ။ Vision board ဆိုတာက မိမိတို့ ဖြစ်ချင်တဲ့ဆန္ဒတွေ၊ အောင်မြင်မှုတွေ၊ ပန်းတိုင်တွေကို နေ့စဉ်နေ့တိုင်း မျက်လုံးထဲမှာ မြင်ယောင်နေစေဖို့ ဓာတ်ပုံတွေ၊ စာသားတွေကို စုစည်းထားတာဖြစ်ပါတယ်။ ဒါတွေကို နေ့စဉ်ကြည့်ပေးခြင်းဖြင့် မိမိတို့ လိုအင်ဆန္ဒတွေကို သေချာသိလာမယ်။ လမ်းမလွဲတော့ဘူး၊ မမေ့တော့ဘူးပေါ့။ Vision board ကို ကိုယ်မြင်ရတဲ့နေရာမှာ ထားခြင်း၊ နေ့စဉ်ကြည့်ခြင်းဖြင့် မိမိရည်မှန်းချက်၊ ဆန္ဒတွေကို သေချာသိပြီး အမြန်ဆုံး ကိုယ်ဖြစ်ချင်တဲ့ပုံရိပ်အတိုင်း ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ ... ... ◾ဘာလို့ vision board က ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေ မြန်မြန်ဖြစ်စေတာလဲ။ ပထမဆုံးအချက်က - [ပြင်းထန်သော အစာအဆိပ်သင့်ခြင်း၏ လက္ခဏာ (၅) ရပ် (အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/ပြင်းထန်သော-အစာအဆိပ်သင့/) - အောက်ပါရောဂါလက္ခဏာတစ်ခုခု ဖြစ်ပွားပါက ဆရာဝန်နှင့် ပြသပါ။ ▪️ ဝမ်းသွားသည့်အခါ သွေးပါခြင်း (သွေးဝမ်းသွားခြင်း)▪️ အပူချိန် ၁၀၂°F အထက် ဖျားခြင်း▪️ မကြာခဏအန်ပြီး အရည်ဆုံးရှုးမှု များခြင်း▪️ အရည်ဓာတ် ခန်းခြောက်ခြင်း▪️ သုံးရက်ထက်ပိုပြီး ဝမ်းလျှောခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အကြောပြတ်ရာ Stretch Marks or Straie](https://www.telekyanmar.org/အကြောပြတ်ရာ-stretch-marks-or-straie/) - ကျွန်မ အကြောပြတ်ရာအကြောင်း ရေးဖြစ်သွားတာက ကျွန်မရဲ့အမျိုးသမီးလူနာတချို့ရဲ့ အဓိက Complaint က သူတို့ရောဂါထက် သူတို့အကြောပြတ်ရာရှိလို့ အပျိုမဟုတ်ဘူးတို့၊ ကလေးမွေးဖူးတယ်တို့ စသည်ဖြင့် ပြောဆိုခံရတဲ့ချိန် သူတို့က တအားကို စိတ်ဓာတ်ကျရပါတယ်။ တချို့ဆို ရောဂါအခံကလည်း ရှိ၊ ဆေးကလည်းသောက်ရ ဒါကြောင့်အကြောပြတ်ရာ တွေရတော့ ပိုပြီးစိတ်ဖိစီးမှုရကြပါတယ်ရှင့်။ ဒါကြောင့်အကြောပြတ်ရာက ဘယ်လိုအကြောင်းကြောင့်ရလဲ ပြောပြချင်ပါတယ်။ အကြောပြတ်ရာဆိုတာ လူခန္ဓာတစ်ခုလုံး အထူးသဖြင့် ဝမ်းဗိုက်၊ ရင်သား၊ ပေါင်၊ တင်ပါး၊ လက်မောင်းတို့မှာ အနီရောင် (သို့) အညိုရောင် အစင်းလိုက်ပေါ်နေတတ်ပါတယ်။ အကြောပြတ်ရာဟာ နာကျင်ခြင်း၊ အန္တရာယ်ပေးခြင်းမရှိတဲ့အတွက် ကုသမှုလည်းခံယူစရာမလိုပါဘူး။ ဒါပေမယ့် အကြောပြတ်နေရာကို အဆီ (Body oil) ဒါမှမဟုတ် လိမ်းဆေး (Body cream) လူးပေးခြင်းကြောင့် ဖြစ်စေ၊ တစ်ခါတစ်ရံ သူဘာသာသူဖြစ်စေ - [လူတို့၏ အစာအိမ်နှင့် အူလမ်းကြောင်းရှိ ပိုးမွှားစနစ်အကြောင်း Human Gut Microbiota](https://www.telekyanmar.org/လူတို့၏-အစာအိမ်နှင့်-အူလ/) - လူတွေရဲ့ အူအတွင်းမှာ (Human gut microbiota) ဆိုတဲ့ ဘက်တီးရီးယားကဲ့သို့ ထရီလီယံပေါင်းများစွာသောပိုးမွှားတွေ နေထိုင်တည်ရှိနေပါတယ်။ ၎င်းတို့နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုတော့ (Microbiome) လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ ပိုးမွှားအများစုဟာ အသုံးဝင်ပေမယ့် ဟန်ချက်မညီတဲ့အခါ အန္တရာယ်ဖြစ်လာနိုင်ပါတယ်။ . 🦠 Human Microbiome ဆိုတာဘာလဲ။ လူသားတစ်ဦးစီမှာ 10 trillion နှင့် 100 trillion ကြား ပိုးမွှားဆဲလ်တွေ ရှိနိုင်ပါတယ်။ အချို့သော သုတေသနပြုချက်တွေအရ လူ့ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ပိုးမွှားဆဲလ်တွေဟာ လူ့ဆဲလ်ထက် ၁၀ ဆ ပိုများတယ်လို့ ခန့်မှန်းထားကြပါတယ်။ ခန္ဓာကိုယ်ကျန်းမာနေသရွေ့ ရောဂါပိုးမွှားတွေဟာ လူတွေကို အကျိုးပြုပါတယ်။ ခန့်မှန်းချက်တွေအရ လူ့ခန္ဓာကိုယ်မှာ သေးငယ်တဲ့ဇီဝသက်ရှိ (ပိုးမွှား) မျိုးစိတ်ပေါင်း ၁၀၀၀ ကျော် ရှိနိုင်ပါတယ်။ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မူတည်ပြီး - [ဒစ်ဂျင်တယ်ကိရိယာများနှင့် မျက်စိကျန်းမာရေး Digital Devices and Your Eyes](https://www.telekyanmar.org/ဒစ်ဂျင်တယ်ကိရိယာများနှ/) - တစ်နေ့သ၌ ကျွန်ုပ်၏ဆေးခန်းသို့ ကိုလှဖေတစ်ယောက် မျက်လုံးလေးပုတ်ခပ်ပုတ်ခပ်ဖြင့် ရောက်လာပြီး “ဆရာ…ကျွန်တော် အမြင်အာရုံတွေ အားနည်းနေသလို ခံစားရလို့ ဆရာ့ဆီ လာပြတာပါ” ဟု ဆိုလေသည်။ ကျွန်ုပ်လည်း “ကိုင်းလာဗျာ…ဖြစ်ပုံကို လင်းပါဦး” ဟုဆို၍ ကိုလှဖေအား ရောဂါလက္ခဏာအခြေအနေများ မေးမြန်းစရာရှိတာမေး၊ စမ်းသပ်စရာရှိတာ စမ်းသပ်ပြီးနောက် အဖြေရှာကြည့်ရာ ကြီးကြီးကျယ်ကျယ်မဟုတ်ဘဲ ဖုန်း၊ ကွန်ပျူတာ အကြည့်များပြီး မျက်စိဒဏ်ပိလေခြင်းသာ ဖြစ်လေ၏။ “ကဲ…ကိုလှဖေရေ ခင်ဗျားမျက်စိက ပကတိအကောင်းပါဗျာ။ ခင်ဗျားက မနားမနေ အွန်လိုင်းမီဒီယာကနေ တိုက်ပွဲဝင်နေတော့ မျက်စိအနားပေးဖို့ လိုနေရုံပါပဲ။ လိုအပ်တဲ့ ဆေးဝါးလေးတွေ ညွှန်ပေးလိုက်ပါ့မယ်။ မျက်စိကိုတော့ သိပ်အလုပ်မခိုင်းနဲ့ဦးပေါ့ဗျာ” “ဟုတ်ကဲ့ပါ ဆရာ…ကျွန်တော်လည်း အရေးတော်ပုံအောင်ဖို့အရေး စိတ်လောပြီး နေ့ရောညပါ မီဒီယာအပိုင်းရော ဘဏ္ဍာငွေရှာဖွေရေးအပိုင်းပါ ဝင်ကူပေးနေရတော့ မျက်စိကို အနားပေးဖို့ မေ့နေမိတယ် ဆရာရေ။ - [သွေးကြောမွေးခြင်း AV Fistula Creation](https://www.telekyanmar.org/သွေးကြောမွေးခြင်း-av-fistula-creation/) - လူနာတစ်ယောက် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပြီ/ ကျောက်ကပ်ပျက်စီးပြီဆိုရင် အသက်ဆက်ရှင်ဖို့အတွက် ကျောက်ကပ်ဆေးရပါတော့မယ်။ ဒီအခါ ကျောက်ကပ်ဆေးဖို့အတွက် ရေရှည်အသုံးပြုမယ့် သွေးကြော/ လမ်းကြောင်း လိုအပ်လာပါမယ်။ ဒါကြောင့် သွေးကြောမွေးရပါမယ် (AV Fistula creation)။ ဒါမှသာ အကောင်းဆုံး၊ အမြဲသုံးနိုင်သလို၊ ဆိုးကျိုးလည်းအနည်းဆုံး ဖြစ်မှာမို့ပါ။…… ❓(AV fistula creation) သွေးကြောမွေးတယ်ဆိုတာ ဘာလဲ။သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော ဆက်တာပါ။ ❓ဘယ်သူကလုပ်ပေးနိုင်လဲ။သွေးကြောခွဲစိတ်ဆရာဝန်က ပြုလုပ်ပေးပါတယ်။ ❓ကိုယ်ရဲ့ဘယ်နားမှာ သွေးကြောမွေးရတာလဲ။အများစုက လက်မှာမွေးပါတယ်။. ❓သွေးကြောမွေးတော့ ဘာလုပ်လို့ရနိုင်လဲ။ သွေးလွှတ်ကြောကသွေးတွေ သွေးပြန်ကြောထဲ တိုက်ရိုက်ဝင်စေကာ သွေးပြန်ကြောထဲမှာ သွေးလည်ပတ်မှုများလာစေမယ်။ ဒါမှတစ်ဆင့် သွေးပြန်ကြောတွေ ကြီးထွားလာစေမယ်။ ဒါဆိုရင် ကျောက်ကပ်ဆေးဖို့အတွက် သွေးပြန်ကြောကို ရေရှည်အသုံးပြုလို့ရပါပြီ။. ❓သွေးကြောမွေးတာ ဘာတွေကောင်းလဲ။ အချိန်အကြာကြီး အသုံးပြုနိုင်ပါတယ်။ ကိုယ်ထဲကို ပြင်ပမှ ဘာပစ္စည်းမှမထည့်တဲ့အတွက် ပိုးဝင်တာ/ - [သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချရန် (စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/သွေးတိုးရောဂါ-ဖြစ်နိုင-2/) - သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချရန် ▪️ အသီးအရွက်များ၊ သစ်သီးများကို အမျိုးစုံအောင် ပုံမှန်စားပါ။▪️ အငန် လျှော့စားပါ။▪️ ဆီ လျှော့စားပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁)မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [သွေးတွင်းကိုလက်စထရော ကျဆင်းစေရန် ဘယ်လိုဆင်ခြင်စားသောက်သင့်သလဲ](https://www.telekyanmar.org/သွေးတွင်းကိုလက်စထရော-ကျ/) - သွေးတွင်းကိုလက်စထရော များနေတာတွေ အသက်၂၀ ကျော်လေးတွေမှာတောင် အခုတလော အတွေ့များလာရပါတယ်။ သွေးတွင်းကိုလက်စထရောများခြင်းကို ဘာလို့ ဆရာ၀န်တွေအရေးတယူ ပြောကြလဲဆိုရင်ဖြင့် နှလုံးသွေးကြောကျဥ်းခြင်းအပါအဝင် အခြားသွေးကြောများကျဥ်းခြင်းကို ပိုဖြစ်နိုင်စေလို့ပါ။ ဒါနဲ့အတူ သွေးတိုး၊ ဆီးချိုစတာတွေနဲ့ အတူတွဲနေရင်တော့ နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများလာပါတယ်။ ဒီတော့ အစားအစာထဲမှာ ဘယ်လိုဆင်ခြင်စားသောက်ရင် သွေးတွင်းကိုလက်စထရော ကျစေနိုင်မလဲဆိုတာ ဖော်ပြပေးသွားပါမယ်။…… ကိုလက်စထရောဟာ တိရစ္ဆာန်ကရတဲ့ အစားအစာတွေမှာသာ ပါ၀င်ပါတယ်။ အထူးသဖြင့် တိရစ္ဆာန်အဆီတွေမှာပါ။ ဒီတော့ အသီးအရွက်များများစားပြီး အသားတွေ၊ အဆီတွေ၊ အကြော်တွေ လျှော့စားသင့်တာလို့ အလွယ်မှတ်ရင်တော့ရပါတယ်။ ရှောင်သင့်တာ၊ လျှော့သင့်တာတွေက… ၀က်အူချောင်း၊ ကြက်အူချောင်း၊ အသားပြားတို့လို အသင့်စားတာရှည်ခံအထုပ်တွေက အသားမျိုးတွေ အသားလုံးတွေ (မိမိဘာသာ အသားကို လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး လုပ်တာမဟုတ်ဘဲ စျေးကွက်ထဲက အသင့်စားတွေကို ဆိုလိုတာပါ) တိရစ္ဆာန်အဆီ၊ အရေပြား၊ - [ကိုယ်ဝန်ဆောင်ကာစ ပျို့အန်ခြင်း Morning Sickness and Hyperemesis Gravidarum](https://www.telekyanmar.org/morning-sickness-and-hyperemesis-gravidarum-september-2024/) - Morning Sickness and Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စမှာ ပျို့အန်ခြင်းပေါ့ ။ ရုပ်ရှင်တွေထဲမှာလည်း မြင်ဖူးကြပါတယ်။ မင်းသမီး ကိုယ်ဝန်ရသွားပြီလို့ ပြချင်ရင် ပျို့အန်ပြလိုက်တာပဲလေ။ အရပ်ခေါ်တော့ ဝမ်းကြီးနာစွဲတယ်လို့ ခေါ်ကြတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ ပျို့တယ်၊ အန်တယ်၊ အစားအသောက်ပျက်တယ်၊ အစားအသောက်ရွေးတယ်၊ ချဉ်ချင်းတပ်တယ်၊ မူးတယ်မော်တယ် စသည်ဖြင့်ပေါ့။ ဒီရောဂါက ကိုယ်ဝန်သည်တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်တဲ့ပမာဏ မတူကြဘူး။ တချို့ဆို သိတောင်မသိလိုက်ဘူး။ တချို့အများစုကတော့ နည်းနည်းမအီမသာဖြစ်၊ ခံတွင်းလိုက် ချဉ်ချင်းတပ်တဲ့ အစာလေးတွေရွေးစား၊ ဘီတာမင် B6 နဲ့ အအန်ပျောက်ဆေးလေးသောက်၊ folic acid သောက်၊ အဲဒီလောက်နဲ့တင် ကိုယ်ဝန်သုံးလေးလလောက်ဆို အလိုလိုပျောက်သွားရော။ အဲဒီလောက်အခြေအနေဆို အင်္ဂလိပ်လို Morning Sickness လို့ခေါ်ပါတယ်။ တချို့အနည်းစုကတော့ ဆိုးဆိုးဝါးဝါးကို - [ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ တိုက်ဖိုက်မျိုးစိတ် Salmonella ရောဂါပိုးအကြောင်း](https://www.telekyanmar.org/ဝမ်းပျက်ဝမ်းလျှောရောဂါ/) - Salmonella ဆိုတာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ Salmonella ကူးစက်မှုရဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ အဖျားတက်ခြင်းနဲ့ အော့အန်ခြင်းတို့ပါ။ Salmonella ဘက်တီးရီးယား မျိုးကွဲအမျိုးအစားများစွာရှိပြီး ၎င်းတို့ဟာ တိုက်ဖွိုက်အဖျားနဲ့ အစာအိမ်ရောဂါအပါအဝင် ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ Salmonella ကူးစက်ခံရသူအများစုဟာ ရောဂါလက္ခဏာမပြင်းထန်တာကြောင့် ကုသမှုမခံယူဘဲ ပြန်လည်ကောင်းမွန်လာကြပြီး အချို့ကတော့ ဆေးရုံတက်ရတဲ့အထိ ပြင်းထန်တတ်ပါတယ်။ မသန့်ရှင်းတဲ့အစားအစာ သို့မဟုတ် ရေနဲ့ ထိတွေ့မိတဲ့အခါ ရောဂါကူးစက်ခံရတတ်ပါတယ်။. 🦠 Salmonella ပိုးကူးစက်ခံရတဲ့အခါ ဘယ်လိုရောဂါလက္ခဏာတွေ တွေ့ရနိုင်လဲ ရောဂါလက္ခဏာတွေဟာ အများအားဖြင့် ကူးစက်ခံရပြီးနောက် ၄ နာရီမှ ၆ ရက်ကြား ပေါ်လာတတ်ပြီး၊ ၄ ရက်မှ ၇ ရက်ခန့်အထိ ခံစားရနိုင်ပါတယ်။ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ ရုတ်တရက်ဖျားခြင်း၊ - [Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းထဲဝင်ခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများ](https://www.telekyanmar.org/sauna-and-health-benefits-september-2024/) - 💧ကိုရီးယားစီးရီးတွဲတွေမှာ ရေနွေးကန်ထဲစိမ်တာ၊ ချွေးထုတ်ခန်းထဲဝင်တာတွေ မြင်ဖူးကြမှာပါ။ ဒီလိုလုပ်တာတွေက ဘယ်လိုအကျိုးရှိတယ်၊ ဘယ်လိုတွေ အထောက်အကူပြုတယ်ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ✨ ✨အရင်ဦးဆုံး သူ့ရဲ့အဓိပ္ပာယ်ကို ပြောပြပါမယ်။Sauna လို့ခေါ်တဲ့ ရေနွေးချိုးခန်း၊ ချွေးထုတ်ခန်းဆိုတာက ပတ်ဝန်းကျင်ရဲ့အပူချိန်ကို ပြောင်းလဲပြီးတော့ အပူကုထုံးတစ်ခုအဖြစ်နဲ့ လုပ်ဆောင်ပေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့အပူချိန်က များသောအားဖြင့် ၈၀ မှ ၁၀၀ ဒီဂရီ စင်တီဂရိတ်အထိ ရှိတတ်ပြီး အခန်းအပူချိန်၊ စိုစွတ်မှုတွေက မြင့်တက်နေတတ်ပါတယ်။. ✨ကျန်းမာရေးအတွက်ကို ဘာတွေကောင်းမွန်စေသလဲ အဓိကအားဖြင့်ကတော့… နှလုံးနှင့် သွေးကြောဆိုင်ရာကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ သူက နှလုံးခုန်ကို မြန်စေတာမို့လို့ နှလုံးကြွက်သားကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ ချွေးထွက်ခြင်းကြောင့် ခန္ဓာကိုယ်ထဲက မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးစေပါတယ်။ ချွေးထွက်တာကြောင့်မို့လို့ အရေပြားပေါ်က ဆဲလ်အသေတွေ ဖယ်ရှားပစ်စေပြီး အသားအရေကိုလည်း - [Mpox ကျောက်ရောဂါ ကာကွယ်ရန်နည်းလမ်းများ (စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/mpox-ကျောက်ရောဂါ-ကာကွယ်ရန်န/) - ✅ လူနာနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။✅ လက်ကို ရေနှင့် ဆပ်ပြာ သို့မဟုတ် အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည်ဖြင့် မကြာခဏ ဆေးကြောပါ။✅ မိမိတွင် ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက အနာဖေးများ ကွာကျပြီး အရေပြား အလွှာသစ် ဖြစ်ပေါ်လာသည်အထိ တစ်ဦးတည်း သီးသန့်ခွဲခြား၍ နေထိုင်ပါ။✅ လူနာအနားတွင် အခြားသူများရှိပါက အနာများကို ဖုံးအုပ်ထားပါ။ နှာခေါင်းစည်း တပ်ဆင်ပါ။✅ အရာဝတ္ထုပစ္စည်းများ၊ မျက်နှာပြင်များ၊ အခန်းနေရာများကို မကြာခဏ ပိုးသတ်သန့်စင်ပါ။✅ လိင်ဆက်ဆံပါက ရောဂါသက်သာအပြီး ၃ လကြာသည်အထိ ကွန်ဒုံးကို သတိကပ်၍ အသုံးပြုပါ။✅ တိရစ္ဆာန် အသားများကို မစားသုံးမီ သေချာစွာ ချက်ပြုတ်ပါ။✅ တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။✅ အရည်ကြည်ဖုအနာများကို မကုတ်ခြစ်ရ။✅ ရောဂါကူးစက်နိုင်ခြေ ရှိသူများကို ကာကွယ်ဆေးထိုးနှံခြင်း။ - [အူကျရောဂါလူနာတွေ များလာရခြင်းအကြောင်း](https://www.telekyanmar.org/အူကျရောဂါလူနာတွေ-များလာ/) - ခုတော်လှန်ရေးကာလ မြေပြင်ရှေ့တန်းဆေးရုံမှာ ကျွန်တော် Reducible indirect inguinal hernia အမျိုးသားအူကျရောဂါတွေ အများကြီးခွဲခဲ့ရတယ်။ ရောဂါရာဇဝင်မေးကြည့်တယ်။ ဖြစ်နေတာဘယ်လောက်ကြာပြီလဲဆိုတော့ ငါးနှစ်နဲ့အထက်တွေချည်းပဲ။ တော်လှန်ရေးမတိုင်ခင်ကာလကတည်းက ဖြစ်နေကြတာ။ ဘာလို့ခုမှ လာခွဲကြသလဲ ဆန်းစစ်ကြည့်တော့ ငယ်ငယ်က ဖတ်ဖူးခဲ့တာလေး သွားသတိရတယ်။ မြန်မာပြည်မှာ လူနာလည်းမရှားဘူး။ ဆရာဝန်လည်း မရှားဘူးတဲ့။ ဘာကရှားနေတာလဲဆိုတော့ ဆရာဝန်နဲ့ လူနာတွေ့ဖို့ အခွင့်အရေးပါတဲ့။ အကြောင်းရင်းတွေက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအသိ၊ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေး၊ ဆေးရုံအဆင့်နဲ့ လွှမ်းခြုံမှုပေးရမယ့် လူဦးရေမညီမျှမှု စတာတွေလို့ ထင်မိတယ်။ စစ်ရေးအမြင်ကြီးနဲ့ ခရိုင်မြို့ပေးပစ်လိုက်တယ်။ နောက်ကလိုက်ရပြီပေါ့ ခရိုင်အထူးကုဆေးရုံကြီး။ ဆရာဝန် ၂၀ ကျော် အဲဒီနေရာမှာ ပိတ်မိနေရော။ လွှမ်းခြုံတဲ့လူဦးရေက နည်းနည်းလေး။ တချို့မြို့နယ်ဆေးရုံတွေမှာ မြို့နယ်ဆရာဝန် ၁ ယောက်၊ လက်ထောက်ဆရာဝန် - [ကလေးများ ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် သတိပြုရမည့်အချက်များ](https://www.telekyanmar.org/ကလေးများ-ဝမ်းပျက်ဝမ်းလျ/) - ကလေးတွေ ဝမ်းပျက်ဝမ်းလျှော ဖြစ်လာကြရင်… အခုတလော ကလေးတွေရော လူကြီးတွေပါ ဝမ်းပျက်ဝမ်းလျှောဖြစ်နေကြတာမို့ ဝမ်းလျှောတဲ့ကလေးငယ်တွေအတွက် သတိပြုရမယ့်အချက်‌ကလေးတွေ ပြန်ပြောပြချင်ပါတယ်။ ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လျော့နည်းသွားပါတယ်။ ကလေးငယ်တွေဟာ ရေဓာတ်ခန်းခြောက်မှုကို လူကြီးတွေလို ခံနိုင်ရည်မရှိပါဘူး။ ဒါ့ကြောင့် အရေးအကြီးဆုံးက ရေဓာတ်မခန်းခြောက်စေဖို့ပါ။ အဝင်အထွက်မျှရပါမယ်။ ခန္ဓာကိုယ်ကထွက်သလောက် (ဝမ်းလျှောသလောက်/အန်သလောက်) အရည်ပြန်ဝင်အောင် တိုက်သင့်ပါတယ်။ အရည်များများ တိုက်ပေးဖို့အရေးကြီးပါတယ်။ ဓာတ်ဆားရည်၊ ဆန်ပြုတ်၊ စွပ်ပြုတ်၊ လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ တိုက်လို့ရပါတယ်။ ဝမ်းလျှောတဲ့အခါ အန်လည်းအန်တတ်တာမို့ အရည်ကို ပမာဏနည်းနည်းနဲ့ ခဏခဏဝင်အောင် တိုက်ရပါမယ်။ ဒါ့အပြင် ဝမ်းလျှောနေတဲ့က‌လေးကို ပူပူနွေးနွေး သန့်သန့်ရှင်းရှင်း အစာကြေလွယ်စေမယ့် အစားအသောက်တွေ ကျွေးလို့ရပါတယ်။ မိခင်နို့တိုက်နေတဲ့ကလေးကို မိခင်နို့ဆက်တိုက်ပါ။. ❓ ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘယ်လိုတွေခံစားရမလဲ သွေးပေါင်တွေ ကျလာမယ်။ နှလုံးခုန်နှုန်းတွေ မြန်လာမယ်။ - [စိတ်ဝင်တစား နားထောင်ပေးခြင်းသည် ကုသမှုတစ်ခုဖြစ်ကြောင်း](https://www.telekyanmar.org/စိတ်ဝင်တစား-နားထောင်ပေး/) - "စိတ်ဝင်တစား နားထောင်ပေးခြင်းဟာလည်း ကုသမှု မည်ပါတယ် " ကျွန်မတို့ဟာ တစ်စုံတစ်ယောက်ရဲ့ ရင်ဖွင့်ပြောဆိုခြင်းတွေကို စိတ်ဝင်တစား အလေးအနက်ထားပြီး နားထောင်ပေးဖူးပါသလား။ ရင်ဖွင့်သူအပေါ် အကဲဖြတ်ခြင်းတွေ၊ အလျင်စလိုကောက်ချက်ချခြင်းတွေ၊ ဝေဖန်အကြံပြုခြင်းတွေမပါဘဲ အရှိအတိုင်းလက်ခံပြီး နားထောင်ပေးဖူးပါသလား။ တစ်ဖက်သား ရင်ဖွင့်ပြောဆိုတဲ့ အကြောင်းအရာကို မိမိအနေဖြင့် သဘောမတူသည့်တိုင် ကိုယ်ချင်းစာစိတ်ဖြင့် စိတ်ရှည်စွာ နားထောင်ပေးဖူးပါသလား။ တကယ်တော့ အခြားသူတစ်ယောက်ကို ကိုယ့်ရဲ့အတွင်းရေး၊ စိတ်ခံစားချက်၊ အဖြစ်အပျက်၊ လျို့ဝှက်ချက်တွေကို ယုံယုံကြည်ကြည့်နဲ့ ဖွင့်ဟပြောဆိုဖို့ဆိုတာ အင်မတန်မှခက်ခဲတဲ့ ကိစ္စတစ်ခုပါ။မွန်းကျပ်မှုတွေ များလာတဲ့အခါ၊ အဖြေကို ရှာမတွေ့နိုင်တော့ဘူးလို့ ထပ်ခါထပ်ခါစဉ်းစားမိတဲ့အခါ၊ အကူအညီတစ်ခုကို လိုအပ်လာပြီလို့ ယူဆတဲ့အခါမျိုးမှာ ရင်ဖွင့်ဖို့သူဆိုတာ လိုအပ်လာပါတယ်။ တချို့ကလည်း ရင်ဖွင့်တဲ့အဆင့်ကို မရောက်ဘဲ တစ်သက်လုံး တစ်ယောက်တည်း မျိုသိပ်ရင်း ထမ်းပိုးသွားတဲ့သူတွေလည်း ရှိကြတာပေါ့။ ဒီလိုနဲ့ ပြင်းထန်လာတဲ့အခါ မိမိကိုယ်ကိုယ် - [Mpox ကျောက်ရောဂါ ကူးစက်ပြန့်ပွားပုံ (စက်တင်ဘာလ၊ ၂၀၂၄ ခုနှစ်)](https://www.telekyanmar.org/mpox-ကျောက်ရောဂါ-ကူးစက်ပြန့/) - 🦠 လိင်မှုဆိုင်ရာ ထိတွေ့မှုမှတစ်ဆင့် ကူးစက်ခြင်း (အများဆုံးကူးစက်သည့် နည်းလမ်း)🦠 လူလူချင်း အနီးကပ်ထိတွေ့ခြင်း🦠 လူနာထိတွေ့ကိုင်တွယ်ထားသော အရာဝတ္ထုများနှင့် မျက်နှာပြင်များကို ထိတွေ့ခြင်း🦠 လူနာနှင့် မျက်နှာချင်းဆိုင် စကားပြောခြင်း သိုမဟုတ် နီးကပ်စွာ ထိုင်၍ အသက်ရှူခြင်း🦠 မိခင်မှ သန္ဓေသားသို ကူးစက်ခြင်း🦠 ရောဂါပိုးရှိသော တောရိုင်းတိရစ္ဆာန်အချိုနှင့် ထိတွေ့ခြင်း လူနာတွင် အနာဖေးများ ကွာကျပြီး အရေပြား အလွှာသစ် ဖြစ်ပေါ်လာသည်အထိ မတိုင်မီ အခြားသူသို ကူးစက်စေနိုင်ပါသည်။ အနာများ ကျက်ရန်အချိန်မှာ ၂ ပတ်မှ ၄ ပတ်အထိ ကြာမြင့်နိုင်ပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အစားအသောက်များနဲ့ ဓာတ်မတည့်ခြင်းအကြောင်း](https://www.telekyanmar.org/အစားအသောက်များနဲ့-ဓာတ်မ/) - ပင်လယ်ကမ်းခြေကို သွားပေမယ့် ပင်လယ်စာနဲ့မတည့်လို့ ကြက်ဥကြော်ပဲ စားခဲ့ရတဲ့သူတွေ ရှိလား….. 🤔 ဒီနေ့မှာတော့ ပင်လယ်စာအပါအဝင် တခြားသော အစားအသောက်တွေနဲ့ ဓာတ်မတည့်ခြင်း အကြောင်းအရာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ လူဆယ်ယောက်မှာ နှစ်ယောက်ကတော့ အချို့သော အစားအသောက်နှင့် ဓာတ်မတည့်ခြင်းပြဿနာကို ကြုံတွေ့နေရတတ်ပါတယ်။ဓာတ်မတည့်တာမှာ အများအားဖြင့်တော့ ပင်လယ်စာ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အခွံမာအစားအစာတွေ၊ မြေပဲ၊ သစ်ဥသစ်ဖုတွေတို့ ပါဝင်ပါတယ်။…… ❓ဘာကြောင့် ဓာတ်မတည့်တာတွေ ဖြစ်တာလဲ အဓိကအားဖြင့်တော့ ကိုယ်တွင်းထဲမှာရှိတဲ့ ခုခံအားစနစ်က အပြင်းအထန် တုံ့ပြန်လာမှုကြောင့် ဖြစ်ပါတ​ယ်။ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်အတွင်းထဲ ဝင်လာတဲ့အရာကို အန္တရာယ်ရှိတယ်လို့ သတ်မှတ်ပြီး ပြန်လည်တိုက်ထုတ်နိုင်ဖို့အတွက် Antibody တစ်မျိုးဖြစ်တဲ့ Immunoglobin E (IgE) ကို ထုတ်လွှတ်လိုက်ပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကနေ Histamine လို့ - [နေရာလွဲသန္ဓေတည်ခြင်း (၂)](https://www.telekyanmar.org/နေရာလွဲသန္ဓေတည်ခြင်း-၂/) - (နေရာလွဲမှား သန္ဓေတည်ခြင်းဆောင်းပါး၏အဆက်…) အခု အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ဆက်ပြောပြပါဦးမယ်။ ပုံမှန်သန္ဓေတည်ရမည့်နေရာ သားအိမ်အတွင်း တည်တဲ့ကိုယ်ဝန်များလည်း ပျက်ကျတတ်ပါသည်။ miscarriage လို့ခေါ်တယ်နော။ ယေဘူယျသဘော ပြောရရင် miscarriage မှာ သွေးအရင်ဆင်းတယ်။ ပြီးမှ ဆီးစပ်ကနာတယ်။ ဆက်မကြီးထွားတော့တဲ့ ပျက်သွားတဲ့ သားအိမ်ထဲက သန္ဓေသားကနေ သွေးဆင်းတယ်။ ပြီးမှ အကုန်ထွက်ကျသွားအောင် သားအိမ်ကညှစ်ထုတ်တယ်။ ကလေးမွေးသလိုပဲ နာတယ်။ နောက်တော့ သားအိမ်ကညှစ်ချလိုက်၊ နာလိုက်၊ အတုံးအခဲ အသားစလေးတွေ ဆင်းသွားလိုက်၊ ခဏ နာတာသက်သာသွားလိုက် ဒီလိုဖြစ်တာ။ ဒါ့ကြောင့် ရိုးရိုးသားပျက်တာဆိုရင် အစမှာ သွေးအရင်ဆင်း၊ ပြီးမှ သားအိမ်ညှစ်လို့ ဆီးစပ်ကနာတယ် (Bleeding followed by pain) လူနာရဲ့မျက်ခမ်း၊ လျှာ၊ လက်တို့ကိုကြည့်ခန့်မှန်းတဲ့ သွေးအားနည်းတဲ့ anaemia ပမာဏနဲ့ မွေးလမ်းကြောင်းက - [နေရာလွဲသန္ဓေတည်ခြင်း (၁) Ectopic Pregnancy](https://www.telekyanmar.org/နေရာလွဲသန္ဓေတည်ခြင်း-ectopic-pregnancy/) - ကိုယ်ဝန်လနုနုမှာ မိခင်လောင်းကို အသက်အန္တရာယ်ပေးနိုင်သော ရောဂါများထဲကတစ်ခုပေါ့။ ကျွန်တော်ရှေ့ကရေးခဲ့တဲ့ ကိုယ်ဝန်ဘယ်လိုရသလဲ အပိုင်း (၁)၊ (၂)၊ (၃) ကိုပြန်ဖတ်ကြည့်ရင် ဒီ နေရာလွဲသန္ဓေတည်ခြင်းအကြောင်းကို ပိုသဘောပေါက်မယ် ထင်ပါတယ်။ သဘာဝကိုသိမှ သဘာဝလွန်ရောဂါကို ပိုနားလည်မယ်လေ။ ကျွန်တော်တို့လည်း သင်ခဲ့ရတယ်။ Normal ကိုသိမှ Abnormal ကိုသိမယ်တဲ့။ နည်းနည်းလေး အစကနေ ပြန်ကောက်ရရင် သားဥအိမ်ကနေ ကြွေကျလာတဲ့ မမျိုးဥလေးက သားပို့ပြွန် (သို့) ချစ်သူလမ်းကြား (သို့) သားကြောလေးရဲ့ထိပ်မှာ စောင့်နေတယ်။ အဖိုမျိုးစေ့၊ သုက်ပိုးများက သားဥလေးစောင့်နေတဲ့ နေရာအထိရောက်အောင် သူ့ထက်ငါ အမြန်ပြေးသွားပြီး အရင်ဆုံးရောက်တဲ့သုက်ပိုးနဲ့ ပေါင်းစပ်သန္ဓေအောင်တယ်။ သန္ဓေခဲလေး ဖြစ်သွားတယ်။‌ သားကြောထိပ်က သန္ဓေခဲလေးဟာ ၇ ရက်အတွင်း သားအိမ်အတွင်းသို့ရောက်အောင် ပြန်သွားပြီး သားအိမ်အတွင်းနံရံ အပေါ်ဖက်၊ ရှေ့ဖက် - [ကိုယ်ဝန်ဘယ်လိုရသလဲ အပိုင်း (၁) (သို့မဟုတ်) ဥနှစ်လုံး၏ ရာဇဝင်](https://www.telekyanmar.org/ကိုယ်ဝန်-ဘယ်လိုရသလဲ-သို/) - ဒါကိုအရွယ်ရောက်ပြီး အမျိုးသား အမျိုးသမီးတိုင်း သိထားသင့်တယ်လို့ ထင်ပါတယ်။ ကိုယ်ဝန်အစ ဥ နှစ်လုံးကပါ။ အမျိုးသားများမှာ ဥ နှစ်လုံးပါသလို အမျိုးသမီးများမှာလည်း ဥ နှစ်လုံးပါပါတယ်။ အမျိုးသားများရဲ့ ဥ နှစ်လုံးကတော့ တွဲလဲလေး အားလုံးမြင်သာထင်သာ ရှိသည့်အတွက် လူတိုင်းသိကြပါတယ်။ အမျိုးသမီးများရဲ့ ဥ နှစ်လုံးကတော့ ဝမ်းဗိုက်ခေါင်း အောက်အတွင်းပိုင်း တင်ပါးဆုံရိုးခွေအတွင်း သားအိမ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ ရှိနေတာမို့ မိန်းမတွေ ဥ နှစ်လုံးပါတယ်ဆိုတာကို ခန္ဓာဗေဒ မသင်ဘူးရင် မသိကြပါဘူး။ ... ... အမျိုးသားများရဲ့ မျိုးပွားအင်္ဂါစု အဖွဲ့အစည်းက ရှင်းပါတယ်။ ဥ နှစ်လုံး (ဝှေးစေ့၊ ဂွေးစိ၊ testes) နဲ့ ယောက်ျားလိင်တံ (ပဲမြစ်၊ penis) တို့ပဲ ဖြစ်ပါတယ်။ ဥ နှစ်လုံးရဲ့အလုပ်က အဖိုမျိုးစေ့ - [ကိုယ်ဝန်ဘယ်လိုရသလဲ အပိုင်း (၂)](https://www.telekyanmar.org/ကိုယ်ဝန်ဘယ်လိုရသလဲ-အပို/) - အမျိုးသားမျိုးပွားအင်္ဂါများ အလုပ်လုပ်ပုံ နည်းနည်းလေး ထပ်အသေးစိတ်မယ်နော်။ ယောင်္ကျားလေးအများစုသည် နေ့စဉ် ကလေးအဖေ ဖြစ်နိုင်စွမ်းရှိပါသည်လို့ ကျွန်တော်ပြောခဲ့တယ်။ ညိုကီတို့ စိတ်ကြီးဝင်သွားမှာစိုးလို့ ကိုယ့်စကားကိုယ် ပြန်ဖြည်ရဦးမယ်။ အများစုသည် နေ့စဉ်လို့ ပြောထားတာဆိုတော့ အနည်းစုသည် နေ့စဉ် သို့မဟုတ် လုံးဝ ကလေးအဖေ မဖြစ်နိုင်ဘူးလို့လည်း ရှိနိုင်ပါတယ်နော်။ ပင်နီဆလင်ဆေးထိုးတာ တွေ့ဖူးကြမှာပါ။ ဆေးအမှုန့်ကို မိုးရေနဲ့ဖျော်ပြီးမှ ထိုးရတာပါ။ ပဲမြစ်ကလေးက သုက်ပိုး၊ အဖိုမျိုးစေ့ကို ထိုးထည့်ပေးတာလည်း အဲလိုပါပဲ ခင်ဗျ။ ဥ နှစ်လုံးက ထုတ်လုပ်ပေးလိုက်တဲ့ သုက်ပိုးများက ဆေးမှုန့်ပေါ့ဗျ။ ဒါဆို မိုးရေက ဘယ်ကရသလဲဆိုရင် ပုံမှာကြည့်ပါဗျ။ သုက်ပိုးသိုလှောင်အိပ် (seminal vesicle) နဲ့ ဆီးအိမ်အောက်အကျိတ် (prostate gland) တို့ကနေ အဓိကရပါတယ်။ ဒါကြောင့် ပဲမြစ်ကနေ တစ်ကြိမ်မှာထွက်လာတဲ့ - [Mpox ကျောက်ရောဂါ လက္ခဏာများ](https://www.telekyanmar.org/mpox-ကျောက်ရောဂါ-လက္ခဏာများ/) - ▪️ အရေပြားနှင့် ခန္ဓာကိုယ်အနှံ့အပြားတွင် အနီစက်၊ အနီကွက်များ၊ အရည်ကြည်ဖုများ၊ ပြည်ဖုများထွက်ခြင်း▪️ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း▪️ ကြွက်သားများ ကိုက်ခဲခြင်း၊ ကျောအောင့်ခြင်း▪️ အားအင်ကုန်ခမ်းခြင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံ စသည်တို့တွင် အဖုအကျိတ် ထွက်ခြင်း▪️ အချို့သူများတွင် အစာဟောင်းအိမ်အတွင်း ရောင်ရမ်းခြင်းကြောင့် ပြင်းထန်စွာ နာကျင်ခြင်းနှင့် လိင်အင်္ဂါများ ရောင်ရမ်းခြင်းကြောင့် ဆီးသွားရခက်ခဲခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း - [နှင်းကိုက်ခြင်း Frostbite](https://www.telekyanmar.org/နှင်းကိုက်ခြင်း-frostbite/) - နှင်းကိုက်တယ်ဆိုလို့ အနှင်းကိုက်တာကို ပြောတာမဟုတ်ဘူးနော်။ Snow လို့ခေါ်တဲ့ တကယ်နှင်းကိုက်တာကို ပြောတာပါ 😁။ နှင်းကိုက်ခြင်းဟာ အရမ်းအေးတဲ့နေရာမှာ အကြာကြီးနေလိုက်တဲ့အခါ ဖြစ်ပေါ်လာတဲ့ လက္ခဏာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ နေရာအများစုနဲ့ကျ သိပ်ပြီးမရင်းနှီးကြပေမယ့် UK တို့လို့ အရမ်းအေးတဲ့ အနောက်နိုင်ငံတွေမှာတော့ ဆောင်းတွင်းရောက်ပြီဆိုရင် အိမ်ခြေယာမဲ့ (Homeless) တွေမှာ အတွေ့များတတ်ပါတယ်။.... နှင်းကိုက်ခြင်းမှာ လူ့ခန္ဓာကိုယ်အရေပြားနဲ့ နှင်းလိုရေခဲမျိုးက အချိန်တစ်ခုကြာအောင် တိုက်ရိုက်ထိတွေ့ခြင်းဟာ အဖြစ်အများဆုံး အကြောင်းရင်းပါ။ ကျွန်မတို့က နှင်းနဲ့ထိလို့ ဖြစ်တာဆို သိပ်မဆိုးပါဘူး ထင်နေတတ်ပေမယ့် နှင်းကိုက်ခြင်းဟာ မီးလောင်ခြင်းလိုမျိုး အရေပြားအတွင်းထိ (တချို့ဆို အရိုးထိပါ) ထိခိုက်တာမျိုး ရှိပါတယ်။.... နှင်းကိုက်ခြင်းရဲ့ လက္ခဏာတွေကတော့ လက်တွေ ထုံကျဥ်လာမယ်။ လက်ဖျား၊ ခြေဖျား၊ နှာထိပ်လေးတွေ နီလာမယ်၊ ပြာလာမယ်၊ ညိုလာပါမယ်။ ပြီးရင် - [စိတ်ကျန်းမာရေးအတွက် Safety Planning](https://www.telekyanmar.org/စိတ်ကျန်းမာရေးအတွက်-safety-planning/) - လတ်တလော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အကျပ်အတည်းတွေကြားမှာ ကျွန်မတို့ဟာ စိတ်မလုံခြုံမှုတွေကြောင့် ကြောက်စိတ်တွေ၊ စိုးရိမ်စိတ်တွေ၊ ပူပန်မှုတွေများပြီး စိတ်ပင်ပန်းလူပင်ပန်း ဖြစ်နေကြမှာပဲနော်။ မိမိရဲ့နေ့စဉ်ဘဝမှာ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ၊ မကောင်းတဲ့အရာတွေနဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာတဲ့အခါ အလွယ်တကူ စိတ်ထိခိုက်နိုင်ပါတယ်။ ပိုပြီးစိတ်တိုတာ စိတ်ဆတ်တာတွေ ဖြစ်နိုင်သလို၊ ပူပန်မှုတွေ၊ အတွေးတွေ ထိန်းမရတာမျိုး၊ အိပ်မက်ဆိုးမက်တာ၊ ညအိပ်မပျော်တာ‌တွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါတွေကိုဖြေရှင်းဖို့ ရိုးရှင်းတဲ့အဖြေ မရှိတဲ့အခါ ချောင်ပိတ်မိသလိုဖြစ်ပြီး ခံနိုင်ရည်မရှိလောက်အောင် နာကျင်ခံစားရနိုင်ပါတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ၊ တိုးမြင့်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ စက်သုံးဆီ အခက်အခဲတွေ၊ အနာဂတ်ရဲ့ မသေချာမှုတွေကို ‌တွေးပူရတာကြောင့် အချို့အတွက် ပင်ပန်းလွန်းလာရင် ဒီဘဝမှာ မနေပျော်တော့ဘူးလို့တောင် တွေးမိလာနိုင်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ဆေးကုသမှု ခံယူတတ်ကြပေမယ့် စိတ်ကျန်းမာရေးကိုတော့ ဂရုစိုက်မိတဲ့သူ နည်းပါလိမ့်မယ်။ - [သားအိမ်ပြင်ပ သန္ဓေတည်ခြင်းအကြောင်း Ectopic Pregnancy](https://www.telekyanmar.org/သားအိမ်ပြင်ပ-သန္ဓေတည်ခြ/) - ဒီအပတ်မှာတော့ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း (Ectopic pregnancy) အကြောင်းကို ပြောပြချင်ပါတယ်။ အမျိုးသမီးတစ်ဦးကိုယ်ဝန်ဆောင်ရတဲ့အခါ မျိုးအောင်ခြင်းကနေ မီးဖွားခြင်းအထိ သူ့ရဲ့ ခန္ဓာကိုယ်မှာ အဆင့်များစွာ ဖြစ်ပေါ်ပါတယ်။ ဒီအဆင့်တွေထဲကတစ်ခုမှာ မျိုးအောင်ပြီးတဲ့ မမျိုးဥဟာ သားအိမ်မှာ ကပ်တွယ်ရပါတယ်။ သားဥအိမ်ပြင်ပကိုယ်ဝန်မှာတော့ မျိုးအောင်ပြီးတဲ့မျိုးဥဟာ သားအိမ်ပြင်ပဖြစ်တဲ့ သားအိမ်ပြွန်၊ ဝမ်းဗိုက်အတွင်း သို့မဟုတ် သားအိမ်ခေါင်းမှာ ကပ်တွယ်နေတတ်ပါတယ်။ ကိုယ်ဝန်စမ်းသပ်ကြည့်တဲ့အခါ အမျိုးသမီးမှာ ကိုယ်ဝန်ရှိနေကြောင်းကို စမ်းသပ်သိရှိနိုင်သော်လည်း မျိုးအောင်တဲ့မျိုးဟာ သားအိမ်မှလွဲပြီး အခြားဘယ်နေရာမှာမှ ကောင်းစွာမကြီးထွားနိုင်ပါဘူး။ American Academy of Family Physicians (AAFP) ရဲ့ အဆိုအရ သားအိမ်ပြင်ပကိုယ်ဝန်ဟာ ကိုယ်ဝန်ဆောင် အယောက် 50 မှာ 1 ယောက် (1,000 မှာ 20) လောက် ဖြစ်ပွားတတ်တယ်လို့ - [ကင်ဆာရောဂါအတွက် အရေးပါလှ‌သော ကုထုံးတစ်မျိုးဖြစ်တဲ့ ဓာတ်ရောင်ခြည်ကုထုံးအကြောင်း](https://www.telekyanmar.org/ကင်ဆာရောဂါအတွက်-အရေးပါလ/) - ဓာတ်ရောင်ခြည်ကုထုံးကို အချို့က ဓာတ်ကင်တယ်ဆိုပြီး အလွယ်ခေါ်ကြပါတယ်။ ဒီအသုံးအနှုန်းကို ကြားရင်ဖြစ်‌‌စေ၊ ကင်ဆာရောဂါဖြစ်တယ်ဆိုတာ သိရရင်ဖြစ်စေ လူနာတွေအနေနဲ့ ရောဂါနဲ့ကုသမှုတွေကို စိတ်ပူကြကြောက်ကြမှာ အမှန်ပါပဲ။ ဓာတ်ကင်ရမယ်ပြောရင် မသိနားမလည်တဲ့လူနာတွေက နာမည်ကြားရုံနဲ့ ကုသမှုကိုလန့်သွားတတ်ပြီး ငြင်းဆန်တတ်ကြပါတယ်။ ကင်ဆာရောဂါကို မလွဲရှောင်သာ ကြုံတွေ့ရတဲ့အခါ ကုသမှုတွေကို မကြောက်ကြဖို့ ဦးစွာပြောလိုပြီး၊ ဓာတ်ရောင်ခြည်ကုထုံးဟာ အကျိုးများတဲ့ကုထုံးမို့ အငြင်းမစောဘဲ သေချာလေးလေ့လာပြီး ခံယူစေချင်ပါတယ်။ ဓာတ်ရောင်ခြည်ကုထုံးအကြောင်း အကြမ်းဖျင်းလေးသိရှိအောင် ဆက်လက်ဖတ်ကြည့်ကြပါစို့နော်။…… ☢️ ဓာတ်ရောင်ခြည်ကုထုံးဆိုတာဘာလဲ ဓာတ်ရောင်ခြည်ကုထုံးကို ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဝှေးစေ့ကင်ဆာနဲ့ အခြားသော ကင်ဆာရောဂါတွေမှာ ကုထုံးအနေနဲ့ တွင်ကျယ်စွာ သုံးလေ့ရှိပါတယ်။ ဓာတ်ရောင်ခြည်ဖြာထွက်မှု မြင့်မားတဲ့အလင်းတန်းများကို ကင်ဆာတစ်ရှူးများရှိတဲ့နေရာမှာ စုစည်းကျရောက်စေခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေခြင်း (သို့မဟုတ်) ကင်ဆာဆဲလ်ပွားများမှုကို ရပ်တန့်စေခြင်းကို ဖြစ်စေပါတယ်။. ☢️ ဓာတ်ရောင်ခြည်ကုထုံးကို ရောဂါပေါ်လိုက်ပြီး… - [အရေပြားပေါ်မှာ တွေ့ရတတ်သော အနီရောင် အစက်အပျောက် အဖုလေးများအကြောင်း Cherry Angioma](https://www.telekyanmar.org/အရေပြားပေါ်မှာ-တွေ့ရတတ်/) - ဒီနေ့မှာတော့ ချယ်ရီသီးလေးတွေအကြောင်း ပြောပြချင်ပါတယ်။ စားစရာချယ်ရီသီးတော့ မဟုတ်ပေမယ့် ကျွန်တော်တို့အရေပြားပေါ်မှာ တွေ့ရတတ်တဲ့ cherry angioma ဆိုတဲ့ အနီရောင် အစက်အပျောက်လိုလို အဖုလေးတွေလိုလိုအရာတွေအကြောင်းကို ပြောပြပေးမှာပါ။ Cherry angiomas ဆိုတာ အရေပြားပေါ်မှာ တွေ့ရလေ့ရှိတဲ့ အနီရောင်အဖုသေးသေးလေးတွေပါ။ ဒီအဖုလေးတွေဟာ အသက် ၃၀ ကျော်မှာ အရေပြားပေါ်မှာ ပေါ်လာတတ်ပြီး အန္တရာယ်လည်းမရှိသလို ဖယ်ရှားပစ်လို့လည်း ရပါတယ်။ Cherry Angioma လေးတွေကို အများအားဖြင့် ခန္ဓာကိုယ်ရဲ့ ရင်ဘတ်၊ ဝမ်းဗိုက်နဲ့ ကျောဘက်တွေမှာ တွေ့ရတတ်သလို ခြေထောက်နဲ့ လက်တွေမှာလည်း ရှိတတ်ပါတယ်။ သူတို့ရဲ့ပုံစံက ဝိုင်းဝိုင်းသေးသေး၊ အနီဖျော့ဖျော့ကနေ အနီရင့်ရင့် အရောင်အမျိုးမျိုးနဲ့ ရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့လည်း အရေပြားပေါ်မှာတွေ့ရတဲ့ အရောင်အဆင်းနဲ့ ပုံသဏ္ဍာန်အတိုင်း “ချယ်ရီ” ဆိုပြီး သုံးနှုန်းထားတာပါ။ ဒါ့အပြင် - [စိတ်ခံစားချက်တွေကို ရေးမှတ်ရအောင် Journaling](https://www.telekyanmar.org/စိတ်ခံစားချက်တွေကို-ရေး/) - စိတ်ခံစားချက်တွေကို ရေးမှတ်ခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ရေးချလိုက်တာဟာ ကိုယ့်ရဲ့ယုံကြည်စိတ်ချရတဲ့၊ နှုတ်လုံတဲ့၊ ချစ်ရတဲ့ မိတ်ဆွေတစ်ဦးကို ရင်ဖွင့်လိုက်ရတာနဲ့တူပါတယ်။ နောက်ပြီး ကိုယ်တိုင်ရဲ့ မသိစိတ်ထဲကနေတောင် အဖြေရှာမရတဲ့ ကိုယ့်အတွေးထဲမှာ ရှုပ်ထွေးနေတဲ့ အကြောင်းအရာတွေ၊ အဖြစ်အပျက်တွေနဲ့ ခံစားချက်တွေကို ချရေးလိုက်ခြင်းအားဖြင့် ကောင်းမွန်တဲ့၊ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုနည်းလမ်းတွေဆီ ဦးတည်စေပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ခံစားမှု၊ သိမှု တစ်ခုစီဟာ အမှန်တကယ် ဖြစ်တယ် (valid ဖြစ်တယ်) ဆိုတဲ့ စိတ်လုံခြုံမှုကို ရစေပါတယ်။ Journaling လုပ်ရတာရဲ့ အကောင်းဆုံးအချက်ကတော့ ဘဝရဲ့အမှတ်တရတွေကို အသေးအဖွဲလေးကစလို့ အရေးကြီးဘဝမှတ်တိုင်တွေအထိ နေ့စဥ် မှတ်တမ်းတင်ခွင့်ရတာပါပဲ။…… Journaling helps to reduce stress ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ချရေးလိုက်ခြင်းက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်တဲ့။ လေ့လာမှုတစ်ခုမှာ - [မျက်လုံးညောင်းခြင်း နှင့် ခေါင်းကိုက်ခြင်းများကို ရှောင်ရှားရန် ၂၀- ၂၀- ၂၀ နည်းလမ်း](https://www.telekyanmar.org/မျက်လုံးညောင်းခြင်း-နှင/) - မျက်လုံးညောင်းခြင်း နှင့် ခေါင်းကိုက်ခြင်းများကို ရှောင်ရှားရန် ၂၀- ၂၀- ၂၀ နည်းကို လိုက်နာပါ။ ▪️ ကွန်ပြူတာ/ ဖုန်း/ TV ဖန်သားပြင်ကို မိနစ် (၂၀) ကြာ ကြည့်ပြီးသည့်အခါတိုင်း အနားယူရန် အချိန်ပေးပါ။▪️ အနားယူချိန်တွင် ပေ (၂၀) (၆မီတာ) အကွာမှာရှိသည့် အရာဝတ္ထုတစ်ခုကို လှမ်းမျှော်ကြည့်ရှုပါ။▪️ အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် ကြည့်ရှုပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ .. .. အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား ((၁၀)) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ - [ရပ်ရွာဓလေ့ထုံးစံတွေအရ အပမီတယ်၊ စုန်းပြုစားခံရတယ်၊ အောက်လမ်းအတတ်၊ ပယောဂအတတ်နဲ့ နှောင့်ယှက်ခံရတယ်လို အထင်မှားလေ့ရှိကြတဲ့ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါအကြောင်း](https://www.telekyanmar.org/ရပ်ရွာဓလေ့ထုံးစံတွေအရ-အ/) - ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ ရောဂါတစ်မျိုးဖြစ်ပေမယ့် ဖြစ်လာရင်တော့ ပြင်းထန်တဲ့စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးဟာ ကလေးသူငယ်တွေနဲ့ ဆယ်ကျော်သက်အရွယ်တွေရဲ့ လက်တွေ့ဘဝကို အနှောင့်အယှက်ပေးတဲ့၊ ထိခိုက်နိုင်တဲ့ ရောဂါတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ကလေးသူငယ် စိတ်ကစဥ့်ကလျားရောဂါဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ အပြုအမူပိုင်းဆိုင်ရာနဲ့ ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာတွေ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်ထင်ယောင်ထင်မှားဖြစ်တာ၊ စိတ်ချောက်ချားတာ၊ အတွေးအခေါ်တွေက အလွန်အမင်းကို ဗြောက်သောက်ဖြစ်နေတာနဲ့ မူမမှန်တဲ့ပြဿနာတွေ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ကလေးသူငယ် စိတ်ကစဥ့်ကလျားဖြစ်တဲ့ရောဂါဟာ လူကြီးတွေမှာဖြစ်တဲ့ စိတ်ကစဥ့်ကလျားဖြစ်တာနဲ့ အတူတူပါပဲ။ ကလေးသူငယ်တွေမှာတော့ ဆယ်ကျော်သက်အရွယ်တွေမှာ စဖြစ်တတ်ပြီး ကလေးရဲ့ဖွံ့ဖြိုးမှုနဲ့ အပြုအမူတွေမှာ ကြီးမားတဲ့ မူမမှန်မှုတွေ သက်ရောက်နေပါတယ်။ အထူးသဖြင့် အသက် ၁၅ နှစ် ပတ်လည်ခန့်မှာ ရောဂါလက္ခဏာ စပေါ်တတ်ပြီး ကနဦးရောဂါလက္ခဏာတွေဟာ စိုးရိမ်စိတ်လွန်ကဲခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ စိတ်အားငယ် စိတ်ဓာတ်ကျတဲ့လက္ခဏာတွေနဲ့ - [ဆီးချိုရောဂါရှိပါက စစ်ဆေးရန်လိုအပ်သည့်အရာများ Examinations for DM Patients in Ethnic Languages](https://www.telekyanmar.org/examinations-for-dm-patients-in-ethnic-languages-august-2024/) - သင့်တွင် ဆီးချိုရောဂါ ရှိနေပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာများအတွက် အောက်ပါတို့ကို ပုံမှန် စစ်ဆေးဆောင်ရွက်ပါ။ ကျောက်ကပ်ရောဂါ စစ်ဆေးခြင်း မျက်စိအား ပုံမှန်စမ်းသပ်စစ်ဆေးခြင်း ခြေထောက်အား စစ်ဆေးခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [အစာအဆိပ်သင့်ခြင်း Food Poisoning](https://www.telekyanmar.org/food-poisoning-august-2024/) - အစာအဆိပ်သင့်ခြင်းဆိုတာ ညစ်ညမ်းတဲ့အစားအစာတွေကို စားသုံးမိခြင်းကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ အများအားဖြင့် ရောဂါမပြင်းထန်တတ်ပါဘူး။ လူအများစုက ကုသမှုမခံယူဘဲ ရက်အနည်းငယ်အတွင်း ကောင်းလာတတ်ကြပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်း အများစုကတော့ အစားအသောက်တွေမှာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် စတဲ့ရောဂါပိုးတွေ ပါနေတာကြောင့်ဖြစ်ပါတယ်။ အဖြစ်များတဲ့ ပိုးမွှားတွေကတော့ Campylobacter, Salmonella, Escherichia coli, Norovirus နဲ့ Listeria တို့ဖြစ်ကြပါတယ်။.... 🦠 အစာအဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ အစာအဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့… ဖျားနာခြင်း ပျို့အန်ခြင်း သွေး၊ ချွဲများပါသော ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း အားအင်ချည့်နဲ့ခြင်း အစာစားချင်စိတ်ပျောက်ဆုံးခြင်း အပူချိန် 38‘C အထက် အဖျားကြီးခြင်း ကြွက်သားများနာကျင်ကိုက်ခဲခြင်း ချမ်းတုန်ဖျားခြင်းတို့ ဖြစ်ပါတယ်။ အစာအဆိပ်သင့်ခြင်းလက္ခဏာတွေဟာ မသန့်ရှင်းတဲ့ အစားအစာစားပြီး ၁ ရက်မှ ၂ - [နို့ဦးရည် (Colostrum) အကြောင်း သိကောင်းစရာ](https://www.telekyanmar.org/နို့ဦးရည်-colostrum-အကြောင်း-သိက/) - မိခင်နို့တိုက်ကျွေးခြင်းဟာ မိခင်နဲ့ မွေးကင်းစကလေးငယ်ကြား အရေပြားချင်းထိတွေ့ပြီး ရင်းနှီးမှုရစေတဲ့အပြင် မိခင်နို့ဟာ ကလေးအတွက် အကောင်းဆုံး အာဟာရအရင်းအမြစ်လည်း ဖြစ်ပါတယ်။ မီးဖွားပြီးပြီးချင်း ပထမရက်အနည်းငယ်မှာ colostrum လို့ခေါ်တဲ့ နို့ဦးရည်ကို ထုတ်ပေးပါတယ်။. 🔸 Colostrum နို့ဦးရည်ဆိုတာ ဘာလိုမျိုးလဲ နို့ဦးရည်က များသောအားဖြင့် ရွှေဝါရောင်ဖြစ်ပြီး ကြက်ဥအနှစ်နဲ့ ဆင်တူပါတယ်။ မွေးကင်းစကလေးငယ်တွေအတွက် လိုအပ်တဲ့ အာဟာရများစွာ ပါဝင်တာကြောင့် liquid gold လို့လည်း ခေါ်ဆိုကြပါတယ်။ နို့ဦးရည် အဝါရောင်ဖြစ်နေရခြင်းက carotenoid လို့ခေါ်တဲ့ အဆီမှာပျော်ဝင်နိုင်ပြီး ဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါတလေ အရောင်မရှိတာမျိုး၊ အဖြူရောင် သို့မဟုတ် ခရင်မ်အနှစ်လိုမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်မိခင်နို့ သို့မဟုတ် နွားနို့ထက် ပိုပြီးပျစ်ချွဲနေတတ်ပါတယ်။ တစ်ခါတလေ သွေးလေးတွေပါလာတတ်တာကြောင့် သွေးထွက်နေတာမျိုးမဟုတ်ရင်တော့ စိုးရိမ်စရာမရှိပါဘူး။. - [ရေမှတဆင့်ကူးစက်တတ်သော ရောဂါများအကြောင်း Waterborne Diseases](https://www.telekyanmar.org/ရေမှတဆင့်ကူးစက်တတ်သော-ရ/) - 🌧️မိုးရာသီရောက်လာတာနဲ့အမျှ ရေကြီးတာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာကြစမြဲပါပဲ…… မိမိတို့‌ နေထိုင်တဲ့အရပ်မှာ ရေဝင်လာတဲ့အခါ၊ ရေကြီးတဲ့နေရာတွေကို သွားရတဲ့အခါမှာဆိုရင် ရေကနေကူးစက်တတ်တဲ့ ရောဂါတွေအကြောင်းကို သိထားပြီး သတိထားမိစေနိုင်ဖို့အတွက် အဖြစ်အများဆုံး ရောဂါ (၃) မျိုးကို တင်ပြပေးလိုက်ပါတယ်နော်။…… နှစ်စဥ်တိုင်းလိုလို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူဦးရေ အတော်များများဟာ ရေကနေ ကူးစက်တဲ့ရောဂါတွေကို ခံစားနေကြရပါတယ်။. ❓ရေကနေဘယ်လိုကူးစက်တာလဲ…… ရေမှပေါက်ဖွားတဲ့ သို့မဟုတ် ရေထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေမှတစ်ဆင့် အဆိုပါရေကို သောက်သုံးမိသည်ဖြစ်စေ၊ ထိတွေ့မိသည်ဖြစ်‌စေ၊ အဲလိုကနေ ကူးစက်လာတာဖြစ်ပါတယ်။. ❓ဘယ်လိုရောဂါတွေ အဖြစ်များလဲ…… ၁။ ပထမဆုံးကတော့ အားလုံးသိတဲ့အတိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါ (Cholera) ဖြစ်ပါတယ်။ သူက Vibrio Cholerae ဆိုတဲ့ ဘက်တီးရီးယားကနေ ကူးစက်လာတာဖြစ်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ကတော့ ဝမ်းလျှောတာ၊ ပျို့အန်တာ၊ ရေဓာတ်ချို့တဲ့တာနဲ့ - [ကျန်းမာရေးနှင့်အညီ သတိပြုစားသောက်ခြင်း Healthy and Mindful Eating](https://www.telekyanmar.org/ကျန်းမာရေးနှင့်အညီ-သတိပ/) - ကျွန်မက ကျန်းမာရေးဝန်ထမ်းတစ်ယောက်ပါ။ ကျွန်မရဲ့ကျန်းမာရေးအတွက် တယ်လီကျန်းမာက အာဟာရဆရာဝန်နဲ့ ပြဖြစ်ရာမှာ ဆရာမရဲ့အကြံပြုချက်ကို အနီးစပ်ဆုံးလေ့ကျင့်ရင်း ကျန်းမာရေး အတော်တိုးတက်လာတာမို့ တစ်ဆင့်ပြန်လည်မျှဝေလိုစိတ် ဖြစ်ပေါ်လာတာပါ။ ဒီပိုစ့်လေးရဲ့ရည်ရွယ်ချက်ကတော့ သွေးတိုး၊ ဆီးချို၊ သွေးတွင်းအဆီများခြင်း၊ အသည်းအဆီဖုံးရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ လိုအပ်သည့်ပမာဏထက် လွန်ကဲစွာစားသောက်ခြင်း စတဲ့ကျန်းမာရေးပြဿနာတစ်ခုခုကို ခံစားနေရသူ သို့မဟုတ် ကာကွယ်လိုသူတွေ အတွက် အစားအသောက်နဲ့ လူနေမှုပုံစံအချို့ကို မျှဝေလိုခြင်း ဖြစ်ပါတယ်။…… ဆရာမအနေနဲ့ ကျွန်မကို အဓိကအားပေးတာက ကိုယ်ရောစိတ်ပါ ကျန်းမာသော လူနေမှုပုံစံ အတွက် အလွန်အရေးပါတဲ့ healthy & mindful eating (ကျန်းမာရေးနဲ့ညီတဲ့ပုံစံ စားသောက်ခြင်းနဲ့ သတိလေးကပ်ပြီး စားသောက်ခြင်း) အကြောင်းပါ။ ဂရုပြုဖွယ်ရာ အချက်တွေကတော့… စားသောက်ရင် သတိလေးကပ်ဖို့ ကျန်းမာရေးနဲ့ညီတဲ့ အချိုးအဆအတိုင်း စားဖို့ (ကစီဓာတ်ဖြစ်တဲ့ - [နေရာတစ်ခုခုတွင် ပိတ်မိမည်ကို စိုးရိမ်ကြောက်ရွံ့ခြင်း Agoraphobia](https://www.telekyanmar.org/နေရာတစ်ခုခုတွင်-ပိတ်မိမ/) - လူတော်တော်များများမှာ phobia လို့ခေါ်တဲ့ တစ်စုံတစ်ခုကို ထူးထူးခြားခြား တခြားသောအရာတွေထက်ပိုပြီး ကြောက်လန့်တတ်တဲ့ စိတ်လှုပ်ရှားမှုရောဂါတွေ ရှိကြပါတယ်။ တချို့က အမှောင်ကို ကြောက်တယ်။ တချို့က အင်းဆက်ပိုးမွှားတွေကို ကြောက်တယ်။ တချို့က အမြင့်ကို ကြောက်တယ်။ ဒီနေ့မှာတော့ အဲဒီလို phobia တွေထဲက နေရာတစ်ခုခုမှာ ပိတ်မိမှာကိုကြောက်တဲ့ Agoraphobia လို့ခေါ်တဲ့ ရောဂါတစ်ခုအကြောင်း ပြောပြပေးသွားပါမယ်။ Agoraphobia ရှိတဲ့သူ‌တွေဟာ ဥပမာပြောရရင် public transportation တွေစီးတဲ့အခါ လူကျပ်တာ၊ အလုံပိတ်နေရာတွေ၊ လူအများကြီးတန်းစီရတဲ့အခါ၊ လူတွေပြည့်ကျပ်နေတဲ့နေရာတွေ ရောက်တဲ့အခါ အဲဒီနေရာတွေမှာ ပိတ်မိသွားမှာကို ကြောက်ရွံ့တာဖြစ်ပါတယ်။ အဓိကအကြောင်းအရာကတော့ အဲဒီလိုနေရာတွေရောက်သွားတဲ့အခါ စိတ်လှုပ်ရှားမှုလွန်ကဲပြီး မလွတ်မြောက်နိုင်မှာ၊ အကူအညီမရနိုင်မှာကို ကြောက်ရွံတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုမျိုး လူများတဲ့နေရာတွေ၊ အလုံပိတ်နေရာတွေ သွားရတော့မယ်ဆိုရင် မိသားစု ဒါမှမဟုတ် - [သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချရန်](https://www.telekyanmar.org/သွေးတိုးရောဂါ-ဖြစ်နိုင်/) - ▪️ ခန္ဓာကိုယ်အလေးချိန်ကို ကျန်းမာအောင် ထိန်းသိမ်းပါ▪️ ကိုယ်ကာယ လှုပ်ရှားတက်ကြွစွာ နေထိုင်ပါ▪️ အထိုင်လျှော့ပြီး သွားသွားလာလာ ပိုမိုပြုလုပ်ပါ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [မိန်းမကိုယ်လေထွက်ခြင်း Queefing](https://www.telekyanmar.org/မိန်းမကိုယ်လေထွက်ခြင်း-q/) - ကျွန်မဆီကို အမျိုးသမီးငယ်လေးတချို့က အမျိုးသားနဲ့တူတူနေတဲ့အခါ မိန်းမကိုယ်ကလေထွက်လို့ OG သွားပြတာ OG ကဆူလိုက်လို့နဲ့၊ ဘာဆေးမှမပေးလို့နဲ့၊ Online က ဘယ် မိန်းမကိုယ်ဆေးသုံးသင့်လား စသည်ဖြင့် လာတိုင်ပင်ဆွေးနွေးတတ်ကြပါတယ်။ အမှန်က မိန်းမကိုယ်လေထွက်ခြင်းဟာ နာကျင်တာမရှိဘူး၊ ပုံမှန်မဟုတ်တဲ့ အရည်တွေမဆင်းဘူးဆိုရင် ပုံမှန် အမျိုးသားနဲ့တူတူနေတဲ့အခါနဲ့ အောက်ပိုင်းလေ့ကျင့်ခန်း (ဥပမာ - Kegal Exercise) ဆော့တဲ့အခါ မိန်းမကိုယ်လေထွက်ခြင်း ဖြစ်တတ်တာမို့ စိုးရိမ်စရာမရှိပါဘူး။ ဒါဆို ဘာလို့ မိန်းမကိုယ်လေထွက်ရလည်းဆို မိန်းမကိုယ်ထဲ အကြောင်းအမျိုးမျိုးကြောင့် လေဝင်လို့ပဲ ဖြစ်ပါတယ်။ အဖြစ်များဆုံးက အမျိုးသားနဲ့တူတူနေတာ (သို့) တစ်ကိုယ်ရေ Sex toy တို့နဲ့ အဝင်အထွက်လုပ်လို့ လေခိုစေပါတယ်။ ဒါ့အပြင် အမျိုးသမီးလစဉ်သုံး Tampon/Menstrual cup တွေကလည်း လေခိုစေပါတယ်။ နောက်ပြီး သွေးဆုံးပြီးအမျိုးသမီးတွေ၊ - [ညှော်နံ့၊ ညှော်ငွေ့များနှင့် အနာရင်းခြင်းအကြောင်း](https://www.telekyanmar.org/ညှော်နံ့၊-ညှော်ငွေ့များ/) - "ဒီမှာ ညှော်နံ့ရတယ် ဝေးဝေးနေ…အနာရင်းနေလိမ့်မယ်" စသဖြင့် ပြောကြတာတွေကို ကြားဖူးကြမှာပါ။ ဒါက တကယ်ပဲ အမှန်ပဲလား 🤔 ဆိုတော့ အဲဒီ ညှော်နံ့၊ ညှော်ငွေ့တွေထဲမှာ ဘာတွေ ပါလဲ၊ ဘာတွေဖြစ်စေလဲ ဦးစွာပြောပြပေးပါမယ်။. ❓မီးဖိုကထွက်တဲ့ ညှော်နံ့ထဲမှာ ဘာတွေပါလဲ အဓိကအားဖြင့်တော့ Nitrogen dioxide, Carbon monoxide, Carbon dioxide အပြင် တခြားသော ဓာတုပစ္စည်း၊ ဓာတုဓာတ်ငွေ့များစွာ ပါဝင်ပါတယ်။. ❓အဲဒီအနံ့တွေ ရှူမိရင် ဘာဖြစ်တတ်လဲ ရှူပြီး ချက်ချင်းမသိသာပေမယ့် ရှုမိတာ များလာတဲ့အခါ သို့မဟုတ် ထိတွေ့တာများလာတဲ့အခါမှာ ဆိုရင်တော့ အဆုတ်ရောင်ခြင်း ပန်းနာရင်ကြပ်ဖြစ်ခြင်း သွေးတွင်းအောက်ဆီဂျင်ဓာတ် လျော့နည်းလာခြင်းတွေ ဖြစ်နိုင်တဲ့အပြင် အဆိုးဆုံးအနေနဲ့ အဆုတ်ကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ (အထူးသဖြင့် nitrosamine ဓာတ် ပါဝင်မှုများပြားတဲ့ - [ကလေးယူတော့မယ်ဆိုရင် သိထားသင့်တဲ့ Window of Opportunity, 1000 days](https://www.telekyanmar.org/ကလေးယူတော့မယ်ဆိုရင်-သိထ/) - လူသားတစ်ယောက်ရဲ့ တစ်ဘ၀လုံးကို ပုံဖော်ပေးနိုင်တာ လူရယ်လို့စဖြစ်လာတဲ့ ပထမဆုံးရက်ကနေ ရက် ၁၀၀၀ အထိလို့ သိပ္ပံပညာက ဆိုပါတယ်။ ဖေဖေ့သုက်ပိုးနဲ့ မေမေ့မမျိုးဥ တွေ့ဆုံအပြီး ကလေးလေးဖြစ်လာမယ့် ဆဲလ်လေးတစ်ခု စတင်ဖြစ်လာချိန်ကနေ စပြီးရေတွက်တာပါ။ မေမေ့ဗိုက်ထဲမှာက ကိုးလလွယ် ဆယ်လဖွားဆိုတော့ ရက်၂၈၀ ခန့်၊ နောက်ပြီး မွေးစကနေ အသက် ၂ နှစ်ထိဆိုတော့ ၃၆၅ ရက် ၂ ခါ အားလုံးပေါင်း ရက်ပေါင်းတစ်ထောင်ခန့်ပါ။ ဒီရက်ပေါင်းတစ်ထောင်မှာ ခန္ဓာကိုယ်ဟာ တည်ဆောက်ဆဲကာလဖြစ်တာမို့ ဘေးကပတ်၀န်းကျင် ရေခံမြေခံအခြေအနေတွေကို ကောင်းအောင်ပြုလုပ်ပေးနိုင်ရင် ကလေးရဲ့ဘဝတစ်သက်စာအထိ ကောင်းကျိုးတွေ ဖြစ်ထွန်းလာမှာပါ။ ဒါဖြင့်ရင် အခုစာဖတ်နေသူတွေကော မိမိကိုယ်မိမိ အချိန်နှောင်းပြီလို့ မယူဆပါနဲ့နော်။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံဖြိုးမှုဟာ မိခင်၀မ်းထဲ ၁၆ ရက်သာရှိသေးတဲ့ သန္ဓေသားဘ၀ကတည်းက စပါတယ်။ တကယ်တော့​ - [စိတ်ဖိစီးမှုကြောင့် အလွန်အကျွံစားသောက်ခြင်း Overeating due to Stress](https://www.telekyanmar.org/overeating-due-to-stress-august-2024/) - ကျွန်တော်တို့စားတဲ့ အစားအသောက်တွေထဲမှာ ဗိုက်ဆာလို့စားတဲ့ အစားအသောက်နဲ့ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်ဆိုပြီး နှစ်မျိုးခွဲလို့ ရပါတယ်။ စိတ်ခံစားချက်နောက်လိုက်ပြီးစားတဲ့ အစားအသောက်မျိုးကို emotional eating လို့လည်း ခေါ်ပါတယ်။ အခြေအနေအကြောင်းအရင်း အမျိုးမျိုးကြောင့် စားကြတာရှိပေမယ့် ဒီနေရာမှာ ကျွန်တော် အဓိကအလေးပေး တင်ပြသွားမယ့်အပိုင်းက မိမိစိတ်ခံစားချက် အတက်အကျကြောင့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားတတ်ကြတဲ့သဘောနဲ့ ဘယ်လို ပြုပြင်ထိန်းချုပ်ယူကြမလဲ ဆိုတဲ့အကြောင်းပါ။ ငြီးငွေ့မှု၊ စိတ်ဖိစီးမှု စတဲ့စိတ်ခံစားချက်မျိုးစုံဟာ ကျွန်တော်တို့အားလုံး နေ့စဉ် သိသိသာသာရော မသိမသာရော နိစ္စဓူဝ ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေပါ။ သည်လိုကြုံရတဲ့အခါ ကျွန်တော်တို့တွေဟာ စိတ်လမ်းလွှဲ၊ စိတ်ထွက်ပေါက်အနေနဲ့ အစားအသောက်ဘက်ကို စိတ်ရောက်တတ်ကြပါတယ်။ အဲဒီအခါမှာလည်း ကျွန်တော်တို့ဦးနှောက်က အရသာပြင်းပြင်းကိုမှ တောင့်တတတ်ကြပါတယ်။ အများအားဖြင့် junk food လို့ခေါ်တဲ့ အရသာကဲပြီး - [မနက်ကျေးငှက်၊ ညဇီးကွက် Early Bird, Night Owl](https://www.telekyanmar.org/မနက်ကျေးငှက်၊-ညဇီးကွက်/) - အင်္ဂလိပ်လိုဆိုရင်…. early bird, night owlမြန်မာလို ဆီလျော်အောင်ပြန်ရရင်“မနက်ကျေးငှက်၊ ညဇီးကွက်” ဆိုတာလေး ကြားဖူးကြမယ်ထင်ပါ့။ လူအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းဟာ စောစောအိပ် စောစောနိုးတတ်တဲ့ပုံစံ (type) ထဲပါဝင်ပြီး ၃၀ ရာခိုင်နှုန်းလောက်ကတော့ နောက်ကျအိပ် နောက်ကျထတတ်တဲ့ အိပ်စက်ခြင်းပုံစံတွေ အသီးသီးရှိပါတယ်တဲ့။ ကျန်တဲ့ ၃၀ ရာနှုန်း ကတော့ စာတွေထဲ ထည့်မပြောထားလို့ ကျွန်မလည်း သေချာမသိလို့ ချန်ထားလိုက်မယ်နော်။ ဒါတွေဟာလူတွေက တမင်လုပ်ယူနေတာမျိုး မဟုတ်ဘဲ မျိုးရိုးဗီဇလက္ခဏာ (genetics) ရဲ့ လွှမ်းမိုးမှုအောက်ထဲ အများကြီးပါပါတယ်။ညဇီးကွက်သမားတွေဟာ စောစောအိပ်ဖို့ ဘယ်လောက်ကြိုးစားကြိုးစား အိပ်မပျော်နိုင်တာမျိုး ဖြစ်တတ်ပြီး မနက်ထစရာရှိလို့ အစောကြီးထရရင်လည်း မလန်းဆန်းဘဲ အိပ်ချင်မူးတူး ဖြစ်နေတတ်ပါတယ်။ ဒီလိုဖြစ်တာဟာ မျက်လုံးရဲ့အပေါ်မှာရှိနေတဲ့ ဦးနှောက်ရဲ့တစ်စိတ်တစ်ပိုင်း “Prefrontal Cortex” (နဖူးရဲ့နောက်၊ ဦးနှောက်ရဲ့ - [ပန်းနာရင်ကျပ်ရောဂါ လက္ခဏာများ](https://www.telekyanmar.org/ပန်းနာရင်ကျပ်ရောဂါ-လက္ခ/) - အသက်ရှူရခက်ခြင်း ချောင်းဆိုးခြင်း ရင်ဘတ် တင်းကျပ်ခြင်း အသက်ရှူရာတွင် ဝီစီသံကဲ့သို အသံမြည်ခြင်း ပန်းနာရင်ကျပ် ဖြစ်နေချိန်တွင် အဆိုပါလက္ခဏာများ ပိုမိုဆိုးဝါးလာသည်။ ပန်းနာရင်ကျပ် ဖြစ်ပွားမှုများသည် သေစေတတ်သော်လည်း ကောင်းစွာ ကာကွယ်ကုသနိုင်ပါသည်။ တယ်လီကျန်းမာ အခမဲ့ဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ - [မနက်ခင်းတွင် ညီလေးနိုးထခြင်းနှင့် ကျန်းမာရေး Morning Wood](https://www.telekyanmar.org/morning-wood-august-2024/) - မနက်ရောက်ရင် လူထက် ဖွားဖက်တော်ညီလေးက အရင်နိုးနှင့်နေတဲ့ အမျိုးသားတွေ ရှိကြတယ်မို့လား။ အဲဒီလို ညီလေးတွေ နိုးနှင့်နေတာက ရှက်စရာကိစ္စမဟုတ်ဘဲ ကျန်းမာရေးကောင်းမွန်တာကို ပြသနေတာဖြစ်ပါတယ်။ မနက်ခင်းမှာ ခဏတာ လိင်တံထောင်မတ်ခြင်းကို (Morning Wood) သို့မဟုတ် (Nocturnal Penile Tumescence) လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ဒီကိစ္စဟာ ယောက်ျားလေးတွေမှာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် ကျားဟော်မုန်းပမာဏ (Testosterone level) အမြင့်ဆုံးရှိတဲ့ ငယ်ရွယ်သူတွေမှာတော့ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ညီလေးနိုးတာက ကျန်းမာရေးရဲ့ သဘာဝဖြစ်စဥ်သာ ဖြစ်ပြီးတော့ တခြား လိင်စိတ်နိုးကြွစေသော အတွေးများ၊ အိပ်မက်များနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။…… ❓ ညီလေးက ဘာကြောင့်နိုးလဲ…… ၁။ အိပ်စက်မှု စက်ဝန်း - မနက်ခင်းမှာ ညီလေးနိုးထခြင်း (Morning wood) - [သတိလွတ်လွတ်သွားတဲ့ အတက်ရောဂါ Absence Seizure](https://www.telekyanmar.org/သတိလွတ်လွတ်သွားတဲ့-အတက်/) - အတက်ရောဂါအမျိုးမျိုးရှိတဲ့အထဲကမှ Absence seizure ဆိုတဲ့ သတိလွတ်လွတ်သွားတဲ့ အတက်ရောဂါအကြောင်းကို ဒီကနေ့ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီရောဂါကတော့ လူကြီးတွေထက်စာရင် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ . Absence seizure ဖြစ်တဲ့အခါမှာ ရောဂါရှင်ဟာ နေရာတစ်ခုကို သတိမရှိသလို စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေတတ်ပါတယ်။ ပြီးမှ အလျင်အမြန် သတိပြန်ဝင်လာတာဖြစ်ပါတယ်။ အသက်အန္တရာယ်မရှိပေမယ့် ကားမောင်းနေတဲ့အချိန်လိုမျိုး၊ ယာဥ်ရထားတွေမောင်းနှင်နေတဲ့အချိန်လိုမျိုးမှာ သတိလွတ်ခဲ့ရင်တော့ ထိခိုက်ဒဏ်ရာရတာ၊ အသက်ဆုံးရှုံးရတာတွေ ဖြစ်လာနိုင်ပါတယ်နော်။…… Absence seizure ရဲ့ လက္ခဏာတွေကတော့ ရုတ်တရက် လုပ်ကိုင်ပြုမူနေတဲ့အလုပ်တွေ ရပ်သွားတာ လျှာသပ်တာ မျက်တောင် တဖျပ်ဖျပ်ခတ်တာ တစ်ခုခုကို ဝါးနေတာ လက်ချောင်းတွေ ပွတ်တိုက်နေတာ အစရှိတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလက္ခဏာ‌တွေအပြင် သတိပြန်ဝင်လာချိန်မှာ အတက်ဖြစ်စဥ်တုန်းက မိမိပြုမူခဲ့တာတွေကို သတိမရတော့ဘဲ ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာတော့ ဒီအတက်ရောဂါဟာ - [မိသားစုစီမံကိန်း သို့မဟုတ် ကိုယ်ဝန်တားခြင်း၊ သားဆက်ခြားခြင်း နည်းလမ်းအဖြာဖြာ](https://www.telekyanmar.org/မိသားစုစီမံကိန်း-သို့မဟ/) - လောကမှာ သက်ရှိတိုင်းဟာ သဘာ၀တရားအရ မျိုးဆက်ပွားခြင်းဆိုတဲ့ ဖြစ်စဉ်မှာ ပါ၀င်လုပ်ဆောင်ကြရတယ်။ မွေးလာတဲ့ ကလေးတွေဟာ ဘယ်အချိန်မှာ မွေးဖွားမယ်ဆိုတာကို ရွေးချယ်ခွင့်မရပေမယ့် မိဘတွေကတော့ ကလေးယူမယ်၊ မယူသေးဘူးနဲ့ ဘယ်အချိန်မှာ မွေးဖွားမယ် ဆိုတာကို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်းဆုံမှ လူသားတစ်ယောက်ဖြစ်လာတာ မဟုတ်ရပါ။ လိင်ဆက်ဆံမှုရှိမယ်ဆိုရင် ကလေးလေးတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရှိနေပီဆိုတာဟာ အသေအချာပါပဲ။. ဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ ရွေးချယ်စရာတွေလည်း အရမ်းများလာပီ ဖြစ်ပါတယ်။ ခေတ်မီဆေးပညာတွေ၊ နည်းပညာတွေကို လက်လှမ်းမီ ရယူနိုင်ဖို့ဆိုတာဟာ အခြေခံကျတဲ့ လူ့အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်က ကလေးတစ်ဒါဇင်လောက် လိုချင်တယ်ဆိုရင်တောင် မိခင်ရော၊ ကလေးရော ကျန်းမာဖို့အတွက် ကလေးတစ်ယောက်နဲ့ တစ်ယောက်ကြား ရိုးရိုးမွေးရင် အနည်းဆုံးနှစ်နှစ်၊ ခွဲမွေးရင် အနည်းဆုံးသုံးနှစ်ကြာအောင် သားဆက်ခြားသင့်ပါတယ်။ ဒီလိုပဲ - [သွေးတိုးရောဂါကို မထိန်းချုပ်နိုင်ပါက နောက်ဆက်တွဲဖြစ်ပွားလာနိုင်သည်များ](https://www.telekyanmar.org/သွေးတိုးရောဂါကို-မထိန်း/) - သွေးတိုးရောဂါကို မထိန်းချုပ်နိုင်ပါက အောက်ပါတို့ ဖြစ်ပွားလာနိုင်သည် နှလုံးဖောက်ခြင်းနှင့် လေဖြတ်ခြင်း ကျောက်ကပ် ပျက်စီးခြင်း အမြင်အာရုံ ထိခိုက်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကချင်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ကလေးငယ်များအတွက် သွားကျန်းမာရေး](https://www.telekyanmar.org/dental-health-for-children-august-2024/) - ကလေးငယ်များ၏ ကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ခြင်းမှာ အလွန်အရေးပါသည့် အရာတစ်ခုဖြစ်ပါသည်။ မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို သွားနှင့် ခံတွင်း သန့်ရှင်းမှုရှိစေရန် ငယ်စဉ်ကတည်းက အလေ့အကျင့်ကောင်းများသင်ပေးခြင်းမှာလည်း အထူးအရေးကြီးလှပါသည်။…… ကလေးငယ်များ၏ သွားကျန်းမာရေး ထိန်းသိမ်းမှုအတွက် ပြုလုပ်ရမည့်အချက်များ ▪️ နေ့စဉ် ပုံမှန်သွားတိုက်ခြင်း နေ့စဉ် တနေ့ နှစ်ကြိမ် ပုံမှန်သွားတိုက်ရန် ကလေးငယ်များကို အလေ့အကျင့်ပြုလုပ်ပေးထားရပါမည်။ သွားကို ပုံမှန်တိုက်ခြင်းသည် သွားပိုးစားခြင်း (သွားဆွေး​​မြေ့ခြင်း) ကို ကာကွယ်ပေးပြီး သွားရည်ကျခြင်းကိုလည်း လျော့နည်းစေပါသည်။… ▪️ သွားတိုက်တံနှင့် သွားတိုက်ဆေးရွေးချယ်ခြင်း ကလေးများအတွက် အထူးပြုလုပ်ထားသော သွားတိုက်တံ၊ အမျှင်ပျော့‌​ပျောင်း‌ သောသွားတိုက်တံနှင့် ဖလိုရိုက်သတ္တုဓာတ် (Fluoride) ပါဝင်သော သွားတိုက်ဆေးများကို အသုံးပြုရန် လိုအပ်ပါသည်။ သွားတိုက်တံအမျှင်များဖွာထွက်‌‌နေပြီဆိုလျှင် အသစ်တစ်ချောင်းလဲလှယ်ပေးရန် လိုအပ်ပါသည်။… ▪️ မှန်ကန်သော - [ပျား၀တ်မှုန် ဖြည့်စွက်စာအကြောင်း အာဟာရဆရာ၀န်ရှုထောင့်မှ မြင်ကြည့်ခြင်း Bee Pollen Supplement](https://www.telekyanmar.org/ပျား၀တ်မှုန်-ဖြည့်စွက်စ/) - ပျား၀တ်မှုန် ဖြည့်စွက်စာအကြောင်း အာဟာရဆရာ၀န်ရှုထောင့်မှ မြင်ကြည့်ခြင်း (Bee pollen supplement) အမှန်အတိုင်း၀န်ခံရရင် ပျား၀တ်မှုန်ကို ဘာမှန်းတောင် မသိခင်ထဲက ဆေးတောင့်လေး သောက်ခဲ့ဖူးပါတယ်။ ငယ်ငယ်တုန်းက စာရေးသူမှာ ခဏခဏဖျား၊ ဆေးခန်းစုံ၊ ဘာသာရေးဆရာစုံပြီး ဆေးပေါင်းလည်း ခခဲ့ဖူးတယ်။ ကိုယ်ခံအားကောင်းစေတယ်ဆိုတဲ့ ကြော်ငြာချက်နဲ့ ကလေးနေကောင်းစေချင်ဇောဆိုတဲ့မိခင်သောကကို မားကတ်တင်းသမားတွေ အမိအရကိုင်ဆုပ်ခဲ့ဖူးဟန် တူပါတယ်။ အရသာလေးကတော့ ခပ်ချိုချိုလေး။ သနပ်ခါးမှုန့်လေးတွေလိုလို့ မှတ်မိတာပဲ။ ကုမ္ပဏီတစ်ခုနဲ့တစ်ခုတော့ ထုတ်လုပ်ပုံ၊ ထုတ်ပိုးပုံ၊ ဆေးပုံစံနဲ့ အရသာတွေ ကွာနိုင်မယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါလေ ပျား၀တ်မှုန်ကို ဆေးပညာအရ တအားအစွမ်းထက်တဲ့ နတ်ဆေးဆိုပြီး ကြော်ငြာကြတယ်။ ကင်ဆာသမားတွေ အသည်းအားနည်းသူတွေကအစ ရောဂါသက်သာစေတယ်ဆို ကြော်ငြာကြလေတော့ တကယ်ဆေးကုသမှု လိုအပ်သူတွေက ဆရာ၀န်ပေးတဲ့ ရှုပ်ထွေးတဲ့ဆေးတွေ ကုသမှုတွေကို ငြင်းဆန်ပြီး ပျား၀တ်မှုန်သာသောက်ကြသတဲ့။ ဆေးတွေက စျေးကြီးပေမယ့် - [ကြုံခဲ့တဲ့ ဆီးကျောက်လူနာ](https://www.telekyanmar.org/ကြုံခဲ့တဲ့-ဆီးကျောက်လူန/) - ညက တစ်ညလုံး မအိပ်လိုက်ရတဲ့ ဆီးကျောက် အကြောင်းလေး ပြောပြချင်လို့။ ဆရာ Surgeon (ခွဲစိတ်ဆရာဝန်) တို့ ကျွန်တော်မှားနေရင်လည်း ပြင်ပေးကြပါဦးနော။ ဆီးလမ်းကြောင်းက ကျောက်ကပ်နှစ်ခုက စတယ်ဗျ။ သူတို့နှစ်ခု ဘယ်မှာနေလဲတော့ သိကြတယ်ဟုတ်။ အောက်ဆုံးနံရိုးနဲ့ ဗိုက်နဲ့အဆက် ခါး‌ဘေးတစ်ဖက်တစ်ချက်မှာ နေကြတယ်။ ကျောက်ကပ်တွေထဲကို ဝင်လာပြီး သွေးတွေလာပို့တဲ့ သွေးကြောတစ်ခုစီရှိတယ်။ Renal artery လို့ခေါ်တယ်။ ဒီသွေးကြောတွေမှတစ်ဆင့် ရောက်လာသောသွေးတွေကို ကျောက်ကပ်များက အညစ်အကြေး၊ အဆိပ်အတောက်ဆီးနဲ့ သန့်စင်ပြီးသွေးအဖြစ် ခွဲထုတ်ပေးတယ်။ ဆီးတွေက ကျောက်ကပ်က ထွက်လာတဲ့ ဆီးပြွန် Ureter ကနေ အောက်ကို စက္ကန့်နဲ့အမျှ တစ်စက်စက်ကျနေတယ်။ သန့်စင်ပြီးသွေးတွေကတော့ ကျောက်ကပ်သွေးပြန်ကြော Renal vein ကနေ ပြန်ထွက်သွားတယ်။ ဆိုတော့ ကျောက်ကပ်ထဲကို အဝင်က Renal - [မိုးရာသီနှင့် မှိုပိုးများအကြောင်း](https://www.telekyanmar.org/မိုးရာသီနှင့်-မှိုပိုးမ/) - "တစ်နှစ်တစ်ခါပေါ်လို့လာ၊ ငါသာမင်းလောင်း ထီးဖြူဆောင်း" ဆိုသလို ခုလို မိုးရာသီအချိန်အခါဟာ မှိုပွင့်လေးတွေ ပေါ်ပေါက်ချိန်ပါပဲ။ မိုးရာသီဟာ ဒီလိုမျိုး လူသားတွေကို အာဟာရအကျိုးပြုတဲ့ မှိုတွေပေါ်ထွက်ရုံသာမက သာမာန်လူမျက်စိနဲ့မမြင်နိုင်တဲ့ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်နိုင်တဲ့ မှိုပိုးတွေ အမြောက်အများပေါ်ထွန်းရာ၊ မှိုပိုးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားလေ့ရှိရာ ရာသီတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ ပူနွေးစွတ်စိုတဲ့ ရာသီဥတု​က မှိုပိုးတွေပေါက်ဖွားစေဖို့ အားပေးတဲ့နေရာ ဖြစ်နေစေလို့ မိုးရာသီရောက်ပြီဆိုရင် မှိုနဲ့ပတ်သက်တဲ့ရောဂါတွေ ပေါ်ပေါက်လာတတ်စမြဲပါပဲ။ အဖြစ်များတတ်ကြတာကတော့… -ခြေသဲဝဲစားရောဂါ (Athlete's foot) ပွေးယားနာ (Ringworm) လက်သည်း၊ ခြေသည်း မှိုစွဲရောဂါ (Fungal nail infection) စတဲ့ အရေပြားယားနာရောဂါမျိုးတွေအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုပါ ဖြစ်စေတတ်ပါတယ်။…… ဒီတော့ မိုးရာသီမှာ မှိုပိုးနဲ့ဆက်စပ်တဲ့ရောဂါတွေ မဖြစ်ပွားရလေအောင်…. (၁) တစ်ကိုယ်ရေသန့်ရှင်းရေး အလေးပေးပါ ချွေး၊ ဖုန်မှုန့်၊ အဆီတွေဟာ - [စိုးရိမ်စိတ်လွန်ကဲမှုရောဂါအကြောင်း ၄ ချက်](https://www.telekyanmar.org/စိုးရိမ်စိတ်လွန်ကဲမှုရ/) - ၁။ လူတိုင်းသည် အခါအားလျော်စွာ စိုးရိမ်ကြောင့်ကြမှု ခံစားရတတ်သည်။ သို့သော် စိုးရိမ်စိတ်လွန်ကဲမှုရောဂါရှိသူများသည် ကြောက်ရွံ့စိုးရိမ်မှုကို ပြင်းထန်လွန်ကဲစွာ ခံစားရသည်။ ၂။ စိုးရိမ်စိတ်လွန်ကဲမှုရောဂါသည် အဖြစ်အများဆုံး စိတ်ရောဂါများထဲတွင် ပါဝင်သည်။ ၃။ စိုးရိမ်စိတ်လွန်ကဲမှု လက္ခဏာများသည် ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင် စတင်ခံစားရလေ့ရှိသည်။ ၄။ စိုးရိမ်စိတ်လွန်ကဲမှုရောဂါကို ကုသရန် စကားပြောကုထုံးများ၊ ဆေးဝါးများနှင့် လေ့ကျင့်ခန်းများကဲ့သို့ ထိရောက်သည့် နည်းလမ်းများစွာ ရှိပါသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၈) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကယား၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) - [လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး Sexual and Reproductive Health](https://www.telekyanmar.org/sexual-and-reproductive-health-july-2024/) - “ရှောင်မလွှဲနိုင်တဲ့၊ တစ်ချိန်ချိန်မှာ ကြုံလာနိုင်ခြေရှိတဲ့ သဘာ၀တရားကြီးနဲ့ ကြုံလာတဲ့အခါ ကိုယ့်အတွက် အန္တရာယ်ဆိုးကျိုးတွေ မဖြစ်စေဖို့နဲ့ နောင်တရတာတွေ၊ ပူပန်ရတာတွေ မရှိစေဖို့ ဘယ်လိုပြင်ဆင် ကာကွယ်ကြမလဲ” ခေါင်းစဉ်ကြည့်ပြီး ဘာပါလိမ့်ပေါ့။ သဘာ၀တရားတဲ့။ ရေကြီးတာလား၊‌ မြေပြိုတာလား။ ငလျင်လှုပ်တာလား။ ဘာလားညာလား မထင်ပါနဲ့။ တို့ပြောမှာ အဲဒီထက်နက်နဲတယ် (အယ်လယ်)။ သိုင်းလောက အရှုပ်တော်ပုံတော့ မဟုတ်ဘူး။ လိင်နှင့်မျိုးဆက်ပွားဆိုင်ရာ ကျန်းမာရေး။ ဟင်… ပိုဆိုးသွားပြီ။ ဘာလဲဟ။ တို့ရဲ့ မီယမ်မာနိုင်ငံမှာ လိင်ဆိုတဲ့အကြောင်း ကြားတာနဲ့ "အို.. မကြား၀ံ့ မနာသာ ဘာတွေလဲ။ ပြောစရာလား၊ မရှက်ဘူးလား" အဲဒီလို အလွဲအမှားများနဲ့ စကြုံပါလေရော။ ဘာမတောင် မပြောရသေးဘူး ဟုတ်တယ်မို့လား။ အမှန်တော့ လိုအပ်တယ်နော်။ ဆက်ဖတ်ပေးနော်။ တကယ်က တိုးတက်တဲ့နိုင်ငံတိုင်းမှာ အရွယ်ရောက် လာတဲ့ လူသားတိုင်းကို - [ပျားဝတ်မှုန်နှင့် ကျန်းမာရေး Bee Pollen and Health](https://www.telekyanmar.org/bee-pollen-and-health-july-2024/) - ပျားဝတ်မှုန်မှာ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပြီး လူသားတွေရဲ့ ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးကာ အနာကျက်ခြင်းကိုလည်း ကူညီမြှင့်တင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ပျားဝတ်မှုန်တွေကို အများအပြားစုဆောင်းခြင်းက ပျားတွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ ပျားဝတ်မှုန်ဆိုတာ ပျားတွေက စစ်ထုတ်တဲ့အရည်၊ ပျားရည်၊ အင်ဇိုင်း၊ ဖယောင်းနဲ့ ပန်းဝတ်မှုန်တို့ ရောနှောပါဝင်ပြီး ပျားတွေအတွက် အစာအာဟာရ ထောက်ပံ့ပေးတာပါ။ လူအများစုက ပျားဝတ်မှုန်ကို အာဟာရဓာတ်များစွာပါဝင်တာကြောင့် superfood လို့ ထင်ကြပါတယ်။ အချို့ကတော့ အရောင်ကျစေခြင်း၊ ပိုးသတ်စေနိုင်ခြင်းတို့ကြောင့် သဘာဝကုထုံးထုတ်ကုန်အနေနဲ့ မြင်ကြပါတယ်။ ပန်းဝတ်မှုန်နဲ့ ဓာတ်မတည့်သူတွေ၊ ပျားဆိပ်နဲ့ ဓာတ်မတည့်သူတွေကတော့ ပျားဝတ်မှုန်ကို မစားသုံးသင့်ပါဘူး။ …… 🐝 ပျားဝတ်မှုန်ဆိုတာ ဘာလဲ ပျားတွေဟာ အပင်အမျိုးမျိုးမှ ဝတ်မှုန်တွေကို စုဆောင်းကြပြီး ပျားအုံဆီပြန်လာတဲ့အခါ ဝတ်မှုန်တွေကို ပျားအုပ်အတွက် အစားအစာအနေနဲ့ သိမ်းဆည်းကြပါတယ်။ - [ကိုယ်ဝန်လနုနုမှာ မိခင်လောင်းအသက်ကို အန္တရာယ်ပေးနိုင်သော ပြဿနာများ Early Pregancy Problem](https://www.telekyanmar.org/early-pregancy-problem-july-2024/) - ကိုယ်ဝန်လနုနုမှာဖြစ်တတ်တဲ့ မိခင်လောင်းအသက်ကို အန္တရာယ်ပေးနိုင်တဲ့ ပြဿနာတွေ။ ဘာတွေဖြစ်မလဲ။ အဲဒါတွေက သားဖွားစာအုပ်ကျမ်းကြီးတွေထဲမှာ မရေးထားဘူးနော်။ မီးယပ်ကျမ်း စာအုပ်တွေထဲမှာ ရေးထားတာ။ (၁) သားပျက်၊ သားလျောခြင်း (spontaneous miscarriage) နှင့် ကိုယ်ဝန်ဖျက်ချခြင်း (termination of pregnancy and Illegal abortion) (၂) သားအိမ်ပြင်ပတွင် နေရာလွဲ သန္ဓေတည်ခြင်း ( Ectopic pregnancy) (၃) သားစပျစ်ခိုင်ကိုယ်ဝန် တစ်နည်း ကလေးမပါဘဲ အချင်းချည်းဖြစ်သောကိုယ်ဝန် (H. mole) ဟူ၍ သုံးခုရှိပါသည်။ အဖြစ်အများဆုံး၊ အတွေ့ရအများဆုံးမှစ၍ အစဉ်လိုက် စီစဉ်ရေးသားထားသည်ဟု မီးယပ်ရောဂါ ကျမ်းစာအုပ်များက ဆိုပါသည်။ နံပါတ်တစ် သားလျော၊ သားပျက်ခြင်းသည် အတွေ့ရအများဆုံးဖြစ်သည်က အငြင်းပွားစရာမရှိပါ။ နံပါတ်နှစ်နှင့် နံပါတ်သုံးကတော့ ဦးတည်လေ့လာသည့် - [နှလုံးကြွက်သားအားနည်းခြင်း Cardiomyopathy](https://www.telekyanmar.org/cardiomyopathy-july-2024/) - Cardiomyopathy ဆိုတာ နှလုံးကြွက်သားအားနည်းတဲ့ရောဂါတွေဖြစ်ပြီး ဒီရောဂါတစ်ခုခု ရှိနေသူတွေမှာ နှလုံးကနေ ခန္ဓာကိုယ်အနှံ့ဆီသို့ သွေးတွေကို ညှစ်ထုတ်ပေးဖို့ ခက်ခဲစေပါတယ်။ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ (CDC) ရဲ့အဆိုအရ လူ ၅၀၀ မှာ ၁ ယောက်ဟာ cardiomyopathy ဖြစ်ပွားနိုင်ပေမယ့် ရောဂါနေရှိမှန်း မသိတတ်ကြပါဘူး။ Cardiomyopathy ရောဂါတွေဟာ အချိန်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လာနိုင်သလို၊ မွေးရာပါရောဂါအဖြစ်လည်း ရှိနေနိုင်ပါတယ်။…… 🫀ဘယ်လိုရောဂါလက္ခဏာတွေ တွေ့ရမလဲ အပျော့စား cardiomyopathy တွေမှာတော့ ရောဂါလက္ခဏာတွေ မတွေ့ရတတ်ပါဘူး။ ပြင်းထန်လာရင်တော့ ပြင်းထန်မှုအဆင့်ပေါ် မူတည်ပြီး အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ပင်ပန်းနွမ်းနယ်ခြင်း အသက်ရှူကျပ်ခြင်း ခြေထောက်များ ဖောရောင်ခြင်း နှလုံးတုန်ခြင်း မူးဝေခြင်း မူးမေ့ခြင်း…… 🫀ဘယ်လိုအကြောင်းရင်းတွေက cardiomyopathy ကို ပိုဖြစ်စေနိုင်လဲ Cardiomyopathy ဖြစ်ရတဲ့ အကြောင်းရင်းကို - [အမေရဲ့အနမ်း Mother Kiss](https://www.telekyanmar.org/mother-kiss-or-fb-in-nose-july-2024/) - အမေရဲ့အနမ်း ဘယ်လောက် အသုံးဝင်လည်းဆိုတာလေး ပြောပြပေးသွားမှာပါနော် ကလေးငယ်လေးတွေက ဆော့ကစားရင်း နှာခေါင်းထဲကို ပစ္စည်းအသေးတွေ၊ ကစားစရာအသေးတွေ ထည့်တတ်ကြပါတယ်။ ဒါ့အပြင် ဓာတ်ခဲအဝိုင်းပြားအသေးတွေ၊ သံလိုက်တွေဟာ နှာခေါင်းထဲက ဆဲလ်တွေကို ပိုမို ပျက်စီးလွယ်တတ်ပါတယ်။ များသောအားဖြင့် နှာခေါင်းထဲ ပြင်ပပစ္စည်းဝင်တာ ကလေးတွေမှာဖြစ်ကြပေမယ့် လူကြီးစိတ်ရောဂါသမားတွေ၊ အသက်ကြီးပြီး သတိသိပ်မကောင်းတဲ့ လူနာတွေ တချို့လည်း တွေ့ဖူးပါတယ်ရှင်။ ကလေးလေးတွေ နှာခေါင်းထဲ ပစ္စည်းဝင်တာ အလွန်အရေးကြီးပါတယ်။ ထုတ်လို့လွယ်တာတွေက ကိစ္စမရှိပေမယ့် ကလေးကထုတ်ဖို့ငြင်း၊ ပစ္စည်းကလည်း ထုတ်ရခက်နေရင် နှာခေါင်းအနောက်ဘက်မှတစ်ဆင့် အသက်ရူလမ်းကြောင်းထဲဝင်ပြီး အသက်အန္တရာယ်ထိခိုက်နိုင်ပါတယ်ရှင်။ ဒါကြောင့် ကလေးငယ်နှာခေါင်းထဲ ပစ္စည်းဝင်တယ်ဆို ပထမဆုံး ကလေးငယ်ကို မဝင်တဲ့ဘက်ကိုပိတ်ပြီး ပစ္စည်းဝင်တဲ့ဘက်ကို နှာညှစ်သလို ညှစ်ခိုင်းကြည့်ပါ။ အဆင်မပြေရင် ကလေးကို သက်တောင့်သက်သာနေရာမှာ ထိုင်ခိုင်းပြီး ပစ္စည်းမဝင်တဲ့ နှာခေါင်းဘက်ကို လက်တစ်ဖက်ကပိတ်ပြီး - [ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း Child Growth](https://www.telekyanmar.org/child-growth-july-2024/) - “သားကလေး တီတာတာ၊ မေမေ့အနားလာ” ဆိုပေမယ့် တီတာတာ မပြောနိုင်သေးလို့၊ မေမေ့အနား မလာနိုင်သေးလို့ စိုးရီမ်ပူပန်ကြတာမျိုးတွေ၊ ကောင်းကောင်းမဖွံ့ဖြိုးသေးလို့ဆိုပြီး မိခင်အချင်းချင်း ဆွေးနွေးမေးမြန်းတာမျိုးတွေ ကြုံဖူးကြမှာပါ။ ဒီနေ့မှာတော့ ကလေးငယ်လေးတွေရဲ့ ဖွံ့ဖြိုးမှုနဲ့ပတ်သက်တာကို ပြောပြချင်ပါတယ်။ 🤍…… ▫️ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘာလဲ မိခင်ရဲ့ဝမ်းဗိုက်ထဲမှာ သန္ဓေတည်သည့်အချိန်မှစပြီး ကလေးငယ်များဟာ သူ့အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဥ်အဆင့်ဆင့်ကို ဖြတ်သန်းရပါတယ်။ လမ်းလျှောက်ရမယ့်အချိန်မှာ လမ်းလျှောက်ပြီး၊ စကားပြောရမယ့်အချိန်မှာ စကားပြောရပါမယ်။ ဒါကို ကလေးငယ်များရဲ့ ဖွံ့ဖြိုးတိုးတက်မှုလို့ ခေါ်ပါတယ်။ …… ▫️ ဘယ်အရာတွေက ဖွံ့ဖြိုးမှုကို အားပေးလဲ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက လွှမ်းမိုးနေတဲ့ နှစ်ခုကတော့ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် ဖြစ်ပါတယ်။ မျိုးရိုးဗီဇဆိုတဲ့အတိုင်း မျိုးဆက်အဆင့်အဆင့် လက်ဆင့်ကမ်းလာတဲ့ ဗီဇလက္ခဏာတွေနဲ့ ဗီဇဆိုင်ရာရောဂါတွေ ပါဝင်ပါတယ်။ - [မသန့်ရှင်းသော ဆေးထိုးအပ်ကြောင့်ဖြစ်သော အနာ Injection Abscess](https://www.telekyanmar.org/injection-abscess-july-2024/) - Injection Abscess မြန်မာလို ဘယ်လိုပြောရမလဲမသန့်ရှင်းသော ဆေးထိုးအပ်ဖြင့်၊ မထိုးသင့်သောဆေးကို၊ မထိုး‌ပေးသင့်သော လူနာအား၊ ဆေးထိုးခွင့်မရှိသော အပ်ပုန်းရမ်းကုများက လူနာ၏တင်ပါးတွင် ထိုးပေးပြီးနောက် တင်ပါးတွင် အသားဆွေးပြည်တည်နာ ဖြစ်ခြင်း။ အံမယ်လေး မောတာ ရှင်းပြရတာ…ခု အဲဒီလိုလူနာ ရောက်နေလို့ဗျ။ အသက်က ငါးဆယ်ကျော် မိန်းမကြီး။ ကလေးက ဆယ်ယောက်မွေးထားတယ်။ စစ်ကြည့်လိုက်တော့ ဆီးချိုရှိတယ်။ ဝ တာက တရားလွန်။ ကလေးဆယ်ယောက်လုံးကို ရိုးရိုးမွေးထားတော့ သားအိမ်ကြီးက မွေးလမ်းကြောင်းကနေ အပြင်ဘက်ကို ကျွံကျနေတယ်။ ဖင်ကနေ လိပ်ခေါင်းကြီး ပြူထွက်နေတာထက် အများကြီးဆိုး။ မွေးလမ်းကြောင်းအဝမှာ ပန်းသီးကြီး သီးနေသလိုပဲ။ ကုသမှုအစစ်က ဘာဖြစ်ရမှာလဲ။ ဆီးချိုအတွက် အစားအသောက်ရှောင်၊ ကိုယ်အလေးချိန်လျှော့၊ လေ့ကျင့်ခန်းလုပ်၊ ဆီးချိုသွေးချိုထိန်းဆေး မှန်မှန်သောက်။ ဒါက တစ်ဖြတ်။ သားအိမ်ကျွံတာအတွက်က လောလောဆယ် - [B6 နှင့် Dimenhydrinate ဆေးနှစ်မျိုး၏ ကွာခြားချက်များအကြောင်း](https://www.telekyanmar.org/b6-နှင့်-dimenhydrinate-ဆေးနှစ်မျိုး၏-ကွ/) - ခရီးသွားရမှာ ကားမမူးအောင် B6 လေး သောက်သွားနော်ဆိုပြီး အဝါရောင်ဆေးကဒ်လေး ဆောင်ကြ၊ သောက်ကြတာကို မြင်ဖူးကြမှာပါ။ ဒါက အမှန်ပဲလားဆိုရင် လုံးဝ မဟုတ်ပါဘူးနော်။ 🟡 သူတို့က ပုံသဏ္ဍာန်အားဖြင့် အဝါရောင်ဆေးပြားလေးတွေအဖြစ် တူနေပေမဲ့ သက်ရောက်မှုကတော့ လုံးဝ ကွာခြားပါတယ်။. 🔹 B6 (Pyridoxine) ဆိုတာက ဗိုက်တာမင် ဘီ (Vitamin B) အုပ်စုတွေထဲက တစ်ခုဖြစ်တဲ့ ဗိုက်တာမင်တစ်မျိုးပါ။ B6 ကို ဘယ်နေရာတွေမှာ သုံးလဲဆိုရင် အကြောအားဆေးအနေနဲ့ အများစုအသုံးပြုကြပါတယ်။. 🔹 B6 က ဘာတွေကောင်းလဲဆိုရင် ကိုယ်ခံအား ကောင်းစေတယ် အာရုံကြောတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေတယ် ဦးနှောက်ကျန်းမာရေးအတွက် အထောက်အကူပြုတယ် စိတ်ကျန်းမာရေး၊ စိတ်ခံစားချက်တို့ကို ကောင်းမွန်စေတယ် အမျိုးသမီးတွေ လစဥ်ဓမ္မတာ မလာခင် - [သွေးလွန်တုပ်ကွေး ဖြစ်သူကို ပြုစုစောင့်ရှောက်ခြင်း](https://www.telekyanmar.org/သွေးလွန်တုပ်ကွေး-ဖြစ်သူ/) - မပြင်းထန်သော သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေသူကို အိမ်တွင် ပြုစုကုသနိုင်ပါသည်။ 1️⃣ များများအနားယူရန် လိုအပ်ပါသည်။ 2️⃣ အရည်များများ သောက်ပေးပါ။ 3️⃣ အနားယူသည့်အခါ/ အိပ်သည့်အခါ ခြင်ထောင်ဖြင့် အိပ်ပါ၊ ခြင်နိုင်ဆေး အသုံးပြုပါ။ 4️⃣ Paracetamol သည် အဖျားနှင့် နာကျင်မှုကို သက်သာစေနိုင်သည်။ Aspirin သို့မဟုတ် Ibuprofen မသောက်ရပါ။ 5️⃣ ပြင်းထန်သော သွေးလွန်တုပ်ကွေး သတိပေးလက္ခဏာများ ရှိလာပါက ဆေးရုံသို့ ချက်ချင်းပို့ဆောင်ပါ။ 6️⃣ အခြားသူများကို ပြုစုစောင့်ရှောက်နေစဉ် ပေါ့ပါးသော အင်္ကျီလက်ရှည် ဝတ်ဆင်ပါ၊ ခြင်နိုင်ဆေး အသုံးပြုပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၉) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် - [သားလေးလား သမီးလေးလား](https://www.telekyanmar.org/သားလေးလား-သမီးလေးလား/) - ရှေးခေတ်က ရှိခဲ့ဖူးတယ်။ သားယောက်ျားလေးမွေးမှ မြင့်မြတ်တာ။ သမီးမိန်းကလေးပဲ မွေးနေရင် ဒီမိန်းမ မမြင့်မြတ်ဘူး နိမ့်ကျတယ်ဆိုတဲ့ အယူအဆ။ အထူးသဖြင့် ရှင်ဘုရင်ခေတ်တွေမှာ ပိုဆိုး။ ထီးမွေနန်းမွေ ဆက်ခံမယ့် အိမ်ရှေ့မင်းသား အလောင်းအလျာမှ မွေးမပေးနိုင်ရင် ဒီမိဖုရား အလကား အာပလာ ချောင်ထိုးခံရပြီမှတ်။ ပြောရရင် ပဒေသရာဇ်ခေတ်က စခဲ့တဲ့ ကျား/မ ခွဲခြားဆက်ဆံရေး ခေါ်မလား၊ ကျား/မ အခြေပြု အကြမ်းဖက်ဖိနှိပ်မှု ဆိုရမလား။ အမှန်တော့ ပြဿနာရဲ့ တကယ့်အရင်းအမြစ်က ယောက်ျားတွေကိုယ်တိုင်မှာ ဖြစ်နေတာ။ သမီးမိန်းကလေး မွေးလာမလား၊ သားယောက်ျားလေး မွေးလာမလားဆိုတာ အမျိုးသမီးတွေနဲ့ မဆိုင်။ ဖခင်ဖြစ်သူနဲ့သာ ပိုသက်ဆိုင်တာကိုး။ အဖြစ်ကဒီလို……… လူရယ်လို့ဖြစ်လာရင် ခန္ဓာကိုယ်ရဲ့ ဆဲလ်လေးတွေမှာ chromosome လို့ခေါ်တဲ့ ပစ္စည်းလေးတွေရှိတယ်။ တိတိကျကျပြောရရင် chromosome ၂၃ - [ဝမ်းပျက်ဝမ်းလျှောဖြစ်လျှင် စားသုံးသင့်သော အစားအစာများ Foods for Diarrhoea](https://www.telekyanmar.org/foods-for-diarrhoea-july-2024/) - အခုလတ်တလော ကြုံတွေ့နေရတဲ့ ၀မ်းပျက်၀မ်းလျှောရောဂါများမှ ကင်းလွတ်ကြပါလေစ…. အစားအသောက် အာဟာရနဲ့ပတ်သက်ပြီး အရင်ကပြောပြခဲ့တဲ့ ကျန်းမာရေးဆောင်းပါးတွေအပြင် ထပ်ဆောင်းဖြည့်စွက် ပြောချင်တာလေးတွေနဲ့ အများသူငါကြားထဲ ပြောပြောနေကြတဲ့ ဓာတ်ဆားနဲ့ပတ်သက်တာလေးတွေ ရှင်းပြချင်လို့ပါ။ စမပြောခင် အိိမ်စာလုပ်ရဲ့လား ပြန်စစ်ချင်လို့ပါ။ အိမ်တွင်း ဓာတ်ဆားဖျော်နည်းလေးကို ပြောပြဖူးတာ မှတ်မိကြရဲ့လား မသိ။ (မှတ်မိသူများရှိရင် ကွန်မန့်မှာ ပြန်ပြောပြပေးသွားကြပါဦးနော်) အခုကတော့ ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အမေးများတဲ့ ဓာတ်ဆားနဲ့ပတ်သက်တာလေးတွေ ပြောပြမလို့ပါ။…… ၁။ အချို့သူများက ၀မ်းသွားရင် သကြားရည်ဖျော်သောက်လို့ ပြောလေ့ရှိကြပါတယ်။ ၀မ်းသွားတဲ့အခါ ဆုံးရှုံးတာ ရေရော ဆားဓာတ်တွေရော (ဆိုဒီယမ်၊ ပိုတက်စီယမ်နှင့် အခြားသတ္တုဓာတ်များ) ပါ။ ဒီတော့ သကြားရည်ဖျော်သောက်ရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုရမယ်၊ ဆားဓာတ်တွေတော့ ပြန်မပြည့်လာတဲ့အတွက် အလွန်အကျွံ၀မ်းသွားပြီး သွေးတွင်းဆားဓာတ် ကမောက်ကမဖြစ်နေသူအဖို့ သကြားရည်ချည့်သောက်ခြင်းက ပိုဆိုးစေနိုင်ပါတယ်။ ရှိစုမဲ့စု - [အစားအစာများ ဘေးကင်းစေရေး အချက် ၅ ချက်](https://www.telekyanmar.org/အစားအစာများ-ဘေးကင်းစေရေ/) - ▪️မီးဖိုချောင်သုံးပစ္စည်းများကို သန့်ရှင်းစွာ ထားပါ၊ လက်ဆေးပါ။▪️ ကျက်အောင် ချက်ပြုတ်ပါ။▪️ အစိမ်းနှင့် အကျက်ကို သီးခြားစီ ခွဲထားပါ။▪️ ဘေးကင်းသော အပူချိန်၌ အစားအစာကို သိမ်းဆည်းပါ (5 °C အောက် သို့မဟုတ် 60 °C အထက်)။▪️ ဘေးကင်းသော ရေနှင့် အစာကုန်ကြမ်းများကို အသုံးပြုပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ကျောရိုးဆစ်များအကြား တွယ်ဆက်ထားသော အရိုးနုပြား ကျွံထွက်ခြင်း Herniated Disk](https://www.telekyanmar.org/herniated-disk-july-2024/) - ◾️Herniated Disc ဆိုတာ ဘာလဲ Herniated Disc ဆိုတာ ကျောရိုးတိုင်မှာဖြစ်တဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကျောရိုးတိုင်လို့ပြောရင် ဦးခေါင်ခွံရဲ့ အောက်ခြေမှ မြီးညှောင့်ရိုးအထိ ကျောရိုးဆစ် စုစုပေါင်း ၃၃ ဆစ် ရှိပါတယ်။ ကျောရိုးဆစ် တစ်ခုနဲ့တစ်ခုကြားမှာ (intervertebral disc) လို့ခေါ်တဲ့ အရိုးနုပြားတွေရှိပြီး ကျောရိုးတိုင်လှုပ်ရှားမှုကို လွယ်ကူချောမွေ့ စေပါတယ်။ မျက်စိထဲ မြင်အောင်ပြောရရင် လူအများ စားဖူးနေတဲ့ ကြက်လည်ပင်းရိုးဟာ တောင့်တင်းမနေဘဲ အနည်းငယ်လှုပ်ရှားလို့ရအောင် အဆစ်တစ်ခုနဲ့တစ်ခုအကြား ပျော့ပျောင်းတဲ့တစ်ရှူးတွေ ရှိနေတာကို မြင်ယောင်ကြည့်နိုင်ပါတယ်။ ဒီအရိုးနုပြားလေးတွေဟာ အလယ်မှာ ဂျယ်လီကဲ့သို့ပျော့ပြီး အပြင်ပိုင်းက ပိုပြီးမာကြောပါတယ်။ ဒီအပြင်ပိုင်းက အချိန်ကြာလာတာနဲ့အမျှ အားနည်းပျော့ပျောင်းလာပြီး အက်ကွဲနိုင်ပါတယ်။ ဒီအခါ အတွင်းပိုင်းမှ ဂျယ်လီကဲ့သို့သော ပစ္စည်းတွေက အက်ကွဲကြောင်းမှတစ်ဆင့် တိုးထွက်ပြီး အာရုံကြောတွေကို - [အကျိတ်ရောင်အဖျားရောဂါ Kissing Disease](https://www.telekyanmar.org/kissing-disease-july-2024/) - Kissing Disease မြန်မာလိုဆို အနမ်းရောဂါဆိုတော့ တခြားမတွေးပါနဲ့နော်။ သူရဲ့မြန်မာလို တကယ်အတိအကျက အကျိတ်ရောင်အဖျားရောဂါ (Glandular Fever) ပါ။…… ဘယ်သူတွေမှာ အတွေ့များလဲ ❓❓❓ အသက်အားဖြင့် အသက် (၁၅-၂၄) နှစ်ကြား တွေ့ရပါတယ်။…… ရောဂါလက္ခဏာတွေက ❓❓❓ အဓိကလာမယ့် လက္ခဏာ (၃) ခုက (၁) ကိုယ်ပူပြီး ဖျားမယ်(၂) အာသီးရောင်မယ်၊ အာသီးနား အဖြူဖတ်တွေကပ်နေသလိုတွေ့မယ်(၃) လည်ပင်းနားတစ်ဝိုက် အကျိတ်ရောင်မယ် နာမယ် စတာတွေဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ချိုင်းကြားနဲ့ ပေါင်ခြံမှာလည်း အကျိတ်ထွက်တတ်ပါတယ်ရှင်။ ဒါအပြင် လူနာက နုံးမယ်၊ အစားပျက်မယ်၊ ပင်ပန်း နွမ်းနယ်မယ်။ တစ်ခါတစ်ရံ လည်ချောင်းနာလို့ Amoxicillin လို ပိုးသတ်ဆေးသောက်ပြီးမှ အနီကွက်အပြင်လိုက် အရေပြားမှာ ပေါ်တတ်ပါသေးတယ်။ အသည်းနဲ့ဘေလုံးလည်း ကြီးတတ်ပါသေးတယ်။…… - [လေလည်ခြင်းနှင့် ကျန်းမာရေး](https://www.telekyanmar.org/လေလည်ခြင်းနှင့်-ကျန်းမာ/) - ဘာကြောင့် အလွန်အကျွံ လေလည်ကြသလဲ။ လေလည်တယ်ဆိုတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်တွင်းက အစာအိမ်အူလမ်းကြောင်းမှာ ဂတ်စ်တွေ ရွေ့လို့ပဲ ဖြစ်ရသဗျ။ တကယ်တော့ လေလည်တယ်ဆိုတာ ကျွန်တော်တို့ရဲ့ အစာခြေစနစ်မှာ ပုံမှန်အစိတ်ပိုင်းတစ်ခုပါပဲ။ အစာစားပြီးရင်ဖြစ်ဖြစ် ဒါမှမဟုတ် စားနေတုန်းဖြစ်ဖြစ် လေလည်နိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကို အကြိမ် ၂၅ ကြိမ်လောက်ထိ လေလည်ကြပါသတဲ့။ တစ်ခါတစ်ရံ အဲဒီထက်တောင် ပိုကောင်းပိုနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကျွန်တော်တို့ လေလည်တာဟာ ထိန်းမရအောင် ရှိတတ်ကြပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ ဂတ်စ်ပါတဲ့ အရည်တွေ သောက်သုံးခြင်း၊ ဓာတ်မတည့်တဲ့ အစားအစာတွေ စားမိခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ကဲ ဒါဆိုရင် အလွန်အကျွံလေလည်ခြင်းအကြောင်းတွေအပြင် ဘယ်လိုအချိန်မှာတော့ဖြင့် ဆရာဝန်နဲ့ ပြသင့်ပြီလဲဆိုတာ ဆက်ဖတ်ကြည့်ကြပါဗျား။…… (၁) ကာဗွန်ပါသော ဖျော်ရည်ယမကာများ ကာဗွန် သို့မဟုတ် - [ဗိုက်ပြင်ခြင်း](https://www.telekyanmar.org/ဗိုက်ပြင်ခြင်း/) - ဗိုက်ပြင်တယ်တဲ့အရပ်ထဲမှာ အရပ်လက်သည်တွေ လုပ်နေကြတာ ကြားဖူးရုံမက ကြုံဖူးသွားပြီ။ သူတို့လက်သည်တွေက ဘယ်လိုဗိုက်ကြီးသည်တွေကို၊ ဘာရည်ရွယ်ချက်နဲ့၊ ကိုယ်ဝန်ဘယ်နှလမှာ၊ ဘယ်လိုဗိုက်ပြင်ကြသလဲတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ OG တွေသိတဲ့ ဗိုက်ပြင်တာကို ပြောပြမယ်နော်။ External Cephalic Version (ECV) လို့ ခေါ်တယ်။ မွေးဖွားခါနီး၊ နေ့စေ့လစေ့ ကိုယ်ဝန်သည်ရဲ့ ဗိုက်ထဲကကလေး (ကွန်မန့့်ကပုံမှာ ပြထားတဲ့အတိုင်း) အမေ့မွေးလမ်းကြောင်းထိပ်မှာ ကလေးဦးခေါင်းရှိမနေရင် လုပ်ခဲ့ကြတာပါ။ ကလေးခေါင်းကို မွေးလမ်းကြောင်းထိပ် ရောက်သွားအောင် အပြင်ကနေ ဗိုက်ကိုကိုင်ပြီး လှည့်ပေးတာ။ ရည်ရွယ်ချက်က ကလေးအနေအထား မှန်သွားပြီး သဘာဝအတိုင်း ရိုးရိုးမွေးဖွားဖို့။…… သားအိမ်နံရံ ကြွက်သားတွေက ညှစ်အားပေးမယ်။ သားအိမ်အဝ ပွင့်လာမယ်။ သားအိမ်နဲ့ မွေးလမ်းကြောင်း တစ်ဆက်တည်း ပွင့်သွားမယ်။ ကလေးခေါင်းဆင်းလာမယ်။ စကားပုံရှိတယ်လေ။ ခေါင်းဝင်ကိုယ်ဆံ့တဲ့။ ခေါင်းထွက်သွားပြီးရင် - [လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် အကြမ်းဖက်ခြင်း Sexual Explioitation and Abuse](https://www.telekyanmar.org/sexual-explioitation-and-abuse-july-2024/) - ကမ္ဘာတစ်ဝှမ်းမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခြင်း၊ လိင်အကြမ်းဖက်ခြင်းတို့က ယခုထက်ထိ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ နေ့စဥ်နှင့်အမျှ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုခြင်း ပြဿနာတွေက ကျား/မ မရွေး၊ အသက်အရွယ်မရွေး ဖြစ်ပွားနေပေမယ့့် များသောအားဖြင့် အမျိုးသမီးများနဲ့ ကလေးငယ်များမှာ ပိုပြီးအဖြစ်များလေ့ ရှိပါတယ်။ . 🔹 လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခြင်းဆိုတာက တစ်ဖက်သားသူကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ အသားယူနှောင့်ယှက်ခြင်း၊ တစ်ဖက်သူရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်ကို အသုံးချပြီး မိမိအတွက် အကျိုးအမြတ်ရယူခြင်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ယုံကြည်မှု၊ ပါဝါမညီမျှမှုနှင့် ခုခံနိုင်မှုအားနည်းခြင်းကို အသုံးချကျူးလွန်ခြင်း၊ လိင်ဆက်ဆံခြင်းအားဖြင့် အလုပ်ပေးခြင်း၊ ငွေကြေး လက်ဆောင်အပေါ် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ရန် ခြိမ်းခြောက်ခြင်းတို့ ပါဝင်ပါတယ်။. 🔹 လိင်ပိုင်းဆိုင်ရာ - [ရင်ကွဲနာ Broken Heart Syndrome](https://www.telekyanmar.org/broken-heart-syndrome-july-2024/) - အသည်းကွဲတယ်ဆိုတဲ့ စကားလုံးလေးကတော့ နေရာတိုင်းမှာ ခဏခဏကြားဖူးကြမှာပါ။ အဲဒီလိုပဲ နှလုံးကွဲတယ်ဆိုတာလည်း တကယ်ရှိပါတယ်။ သဘောတရားကတော့ အတူတူပါပဲ။ နှလုံးကွဲတယ် မြန်မာလိုဆိုရင်တော့ ရင်ကွဲနာကျတယ်လို့ ခေါ်ဆိုနိုင်တဲ့ broken heart syndrome ဟာ စိတ်ခံစားမှုတစ်ခုခု၊ စိတ်ဖိစီးမှု ပြင်းထန်တဲ့အခြေအနေတွေမှာ ဖြစ်တတ်လေ့ရှိပါတယ်။ ဒါ့အပြင် တခြား ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့်၊ ခွဲစိတ်မှုတို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နှလုံးကြွက်သားအချို့ ခဏတာ အားနည်းသွားပြီး တခြားကောင်းနေတဲ့ ကြွက်သားတွေက ပိုပြီးအလုပ်လုပ်ပေးရပါတော့တယ်။ နှလုံးကြွက်သားတွေ အားနည်းသွားတဲ့အတွက်ကြောင့် သွေးကောင်းကောင်းမညှစ်ပေးနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ဆဲလ်တွေဟာ သွေးကနေတစ်ဆင့် သယ်ဆောင်လာတဲ့ အောက်ဆီဂျင်မရတော့တာကြောင့် ဒုက္ခရောက်ပါတော့တယ်။ . ရင်ကွဲနာလို့ခေါ်ကြတဲ့ broken heart syndrome မှာ တခြားသောနာမည်တွေ ရှိပါသေးတယ်။ ဒါတွေကတော့… Takotsubo cardiomyopathy Apical ballooning cardiomyopathy - [စီနီယာဘဝနဲ့ ကြွက်သား Sarcopenia](https://www.telekyanmar.org/စီနီယာဘဝနဲ့-ကြွက်သား-sarcopenia/) - စိန်ရတုမွေးနေ့ကလေးကို ကျော်လာရင် စီနီယာ စီတီဇင်ဆိုပြီး လူတန်းစားတစ်ရပ်ထဲ စာရင်းဝင်သွားကြပါတယ်။ နိုင်ငံတကာမှာတော့ စီနီယာ စီတီဇင်ဆိုရင် ကားခ၊ ရထားခ၊ ဝင်ကြေး စတာတွေကို လျှော့ပေး၊ နေရာအတော်များများမှာ ဦးစားပေးတာကို ခံရပါတယ်။ ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်ကတော့ ဘာတစ်ခုမျှ မျက်နှာသာ မပေးပါ။ ပျက်စီးယိုယွင်းမှုတွေသာ တစ်ခုပြီးတစ်ခု တိုးလာပါတယ်။ အဲဒီလို ပျက်စီးယိုယွင်းမှုတွေထဲမှာ လူအများ အလေးမထားမိတာ တစ်ခုကတော့ ကြွက်သားတွေ ကြုံလှီလာပြီး အားလျော့လာတာပါ။ Sarcopenia လို့ခေါ်ပါတယ်။ အဒီလို ကြွက်သားတွေ ကြုံလှီအားပျော့လာတာက အသက်ကြီးရင့်လာခြင်း ဇရာကြောင့်ဖြစ်ရတဲ့ အပြောင်းအလဲတစ်ခုဖြစ်ပြီး လူတိုင်းကြုံရတာဖြစ်ပေမယ့် ဘယ်လောက်ထိ ကြုံလှီအားပျော့သွားတယ်၊ နိစ္စဓူဝလုပ်ငန်းတွေကို ဘယ်လောက်ထိခိုက်တယ် ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် မတူပါ။ အသက် ၆၀ ကျော် စီနီယာတွေရဲ့ ၅% ကနေ ၁၃% လောက်အထိမှာ - [နားထဲ ပိုးကောင်ဝင်ရင် ဘယ်လိုဆောင်ရွက်ရမလဲ Foreign Body in Ear](https://www.telekyanmar.org/foreign-body-in-ear-july-2024/) - နားထဲ ပိုးကောင်ဝင်ရင် ဘယ်လိုဆောင်ရွက်ရမလဲ ❓❓❓ နား၊ နှာခေါင်း၊ လည်ချောင်းဌာန (ENT) မှာ ကျွန်မစိတ်အညစ်ရဆုံးက ပြင်ပပစ္စည်းတွေ နားထဲဝင်/နှာခေါင်းထဲဝင်တဲ့ ပြဿနာတွေပါပဲ။ နားထဲ အကောင်ဝင်၊ ပစ္စည်းဝင်လာရင် ပုံမှန်အတိုင်းတောင်မှ နားက ကြည့်ရခက်တဲ့ထဲ ပါပါတယ်ဆို လူနာတွေက အချွန်တွေ၊ ညှပ်တံတွေနဲ့ကို ဆွဲထုတ်လာတတ်တော့ နားထဲသွေးထွက်၊ ရောင်နေတတ်ပြီး ကြည့်ရပိုခက်ရော။ ဒါကြောင့် နားထဲ ပြင်ပပစ္စည်း ဒါမှမဟုတ် အကောင်တွေဝင်ရင် လိုက်နာရမယ့် ဆောင်ရန် /ရှောင်ရန်တွေကို တင်ပြပေးသွားပါမယ်ရှင့်။…… ကလေးငယ်အများစုက ကစားစရာသေးသေးတွေ ဆော့ကစားရင်း နားထဲထည့်လိုက်ပေမယ့် သူတို့က ထုတ်မပြောတတ်ကြလို့ နားကိုက်တာ၊ နားထဲက အရည်ထွက်တာ၊ နားလေးတဲ့ပုံစံဖြစ်မှ မိဘ (သို့) စောင့်ရှောက်သူတွေက နားထဲကြည့်ပြီး သတိထားမိတတ်ကြပါတယ်။ လူကြီးအများစုကတော့ ပြင်ပစ္စည်းဝင်တာထက် ပိုးကောင်းအသေးလေး နားထဲဝင်တာ - [မိုးရာသီနှင့် ကျန်းမာရေး (၃)](https://www.telekyanmar.org/မိုးရာသီနှင့်-ကျန်းမာရ-3/) - မိုးရာသီတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးခြင်းဆိုင်ရာ အရေးပေါ်သတိပေးချက်များ၊ ထုတ်ပြန်ချက်များကို အမြဲစောင့်ကြည့်ပါ။ နိုးနိုးကြားကြားရှိပါစေ။ ဘေးကင်းပါစေ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း၊ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ပြင်းထန်ကာလဝမ်းရောဂါနှင့် အခြားဝမ်းပျက်ဝမ်း‌လျှောရောဂါများကို ကာကွယ်ရန်အတွက် လိုက်နာရမည့်အချက်များ](https://www.telekyanmar.org/ပြင်းထန်ကာလဝမ်းရောဂါနှ/) - လတ်တလောမှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များတဲ့သတင်းတွေ တွေ့ရတာကြောင့် ရောဂါ ဖြစ်ပွားမှု လျှော့ချနိုင်အောင် ကာကွယ်ရေးပညာရေးအနေနဲ့ လှုံ့ဆော်ရေးသားလိုက်ပါတယ်။ ရောဂါကို ကြိုတင်စိုးရိမ် အထိတ်တလန့်ဖြစ်ခြင်းထက် ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို သိမှတ် လိုက်နာခြင်းက ပိုမိုထိရောက်ပါတယ်။ ကာလဝမ်းအပါအဝင် ဝမ်းလျှောရောဂါ ကာကွယ်ရေးမှာ အောက်ဖော်ပြပါ သန့်ရှင်းရေးအချက် (၅) ချက်ကို လိုက်နာပါ။ …… (၁) ရေသန့် သောက်ရေနဲ့ ဟင်းချက်ရာမှာ အသုံးပြုတဲ့ရေကို ရေသန့်ပုလင်းများ၊ ကလိုရင်းခတ်ထားသောရေ၊ ကျိုချက်ထားသောရေ သို့မဟုတ် သေချာစွာစစ်ထားသောရေကိုသာ အသုံးပြုပါ။ ရေပိုက်မှရေကို မကျိုချက်ဘဲ သောက်တာ၊ အပြင်မှာ ရောင်းချတဲ့ အလုံမပတ်ထားတဲ့ ရေဘူးများ၊ ခွက်များ သို့မဟုတ် အိတ်များနဲ့ထည့်၍ ရောင်းချတဲ့ အချိုရည်များနဲ့ ရေခဲများကို သောက်သုံးခြင်းမှ ရှောင်ပါ။ သောက်ရန်၊ သွားတိုက်ရန်၊ ဆေးကြောရန်နှင့် အစားအစာပြင်ဆင်ရန်အပြင် ရေခဲ သို့မဟုတ် - [ပြင်းထန် ကာလဝမ်းရောဂါအကြောင်း သိမှတ်ဖွယ်ရာ Cholera](https://www.telekyanmar.org/ပြင်းထန်-ကာလဝမ်းရောဂါအက/) - ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်စေတဲ့ ဘက်တီရီးယား၊ ဗိုင်းရပ်စ်၊ toxins, food poisoning စသဖြင့် ‌အကြောင်းအရင်းများစွာ ရှိပါတယ်။ အဲဒီအထဲကမှ Cholera လို့ခေါ်တဲ့ ကာလဝမ်းရောဂါဟာ ကူးစက်မြန်ပြီး ရောဂါပြင်းထန်တာမို့ သေချာမကုသရင် နာရီပိုင်းအတွင်း အသက်အန္တရာယ်ထိခိုက်တဲ့ရောဂါ ဖြစ်ပါတယ်။ . 🚨 ဘာကြောင့် ဖြစ်ရတယ် ပြင်းထန် ဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ Vibrio Cholerae ကြောင့်ဖြစ်ပွားတဲ့ ဒီရောဂါဟာ မသန့်ရှင်းတဲ့ ရေနဲ့ အစားအစာတွေကြောင့် ကူးစက်ရခြင်း ဖြစ်ပါတယ်။ Vibrio cholerae ဘက်တီးရီးယားဟာ မျိုးကွဲပေါင်းများစွာရှိပေမယ့် မျိုးကွဲ O1 နဲ့ O139 ကသာ အစုလိုက်အပြုံလိုက် ပြန့်ပွားမှုတွေ ဖြစ်စေတာပါ။ မျိုးကွဲပေမယ့် ဖြစ်ပွားတဲ့ လက္ခဏာတွေကတော့ အတူတူပါပဲ။ . 🚨 ရောဂါကူးစက်ပုံနှင့် လက္ခဏာများ ရောဂါပိုးပါဝင်တဲ့ ရေ၊ အစားအစာ၊ - [သွားပိုးစားခြင်းနှင့် သွားပိုးချခြင်း](https://www.telekyanmar.org/သွားပိုးစားခြင်းနှင့်-သ/) - ယနေ့ချိန်ထိ တွေ့နေရသော သွားပိုးချသည့်လုပ်ရပ်သည် မှန်ကန်သောကုသမှု မဟုတ်ပါ။ သွားပိုးစားရောဂါသည် ပိုးကောင်ကိုက်ခြင်းကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ ခံတွင်းထဲရှိ သာမန်အားဖြင့်မမြင်နိုင်သောဘတ်တီးရီးယားများက အစာကြွင်းကျန်များကိုချေဖျက်ရာမှထွက်လာသော အက်စစ်ဓာတ်ကြောင့်ဖြစ်ပါသည်။ ထိုကြောင့် သွားပိုးစားရောဂါကြောင့်သွားကိုက်ဝေဒနာခံစားရပြီဆိုလျှင် တတ်ကျွမ်းနားလည်သော သွားနှင့်ခံတွင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ .. .. ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️ 👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ *** ပိတ်ရက်မရှိပါ *** ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။ https://m.me/telehealthmm (နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ) ... ... 👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်.... မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ Zero Suicide - [အရက်ကြောင့်အသည်းရောင်ခြင်း Alcoholic Hepatitis](https://www.telekyanmar.org/alcoholic-hepatitis-july-2024/) - သစ္စာရှိတဲ့ အရက်….. 🍾 ဟုတ်ပါတယ် အရက်က သစ္စာရှိပါတယ်… ကျန်းမာရေးကို ဒုက္ခပေးဖို့အတွက် ဆိုရင်ပေါ့ 🤔 "အရက်သောက်ခြင်းသည် သင်၏ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်""အရက်သောက်ရင် ဘေးဥပါဒ်ဖြစ်တယ်""အရက်ဆိုတာ မကောင်းဘူး" စတာတွေက လူတိုင်း သိဖူးကြားဖူးနေကျ စကားတွေပါပဲ။ ကျွန်တော်ပြောပြမှာကလည်း အရက်ကြောင့် ကျန်းမာရေးထိခိုက်စေတဲ့ထဲက တစ်ခုဖြစ်တဲ့ အရက်ကြောင့်အသည်းရောင်ခြင်း (Alcoholic Hepatitis) အကြောင်းပဲ ဖြစ်ပါတယ်။ …… အရက်က လူ့ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ အသည်းကို ထိခိုက်စေတာ အတော်အများ သိကြမှာပါ။ အရက်ကြောင့် လူတိုင်း အသည်းရောဂါမရနိုင်ပေမယ့် အသည်းရောဂါရတဲ့ လူဦးရေအများစုကတော့ အရက်ကြောင့်ပဲ ဖြစ်ပါတယ်။ အသည်းကို ဘယ်လိုထိခိုက်စေတာလဲဆိုတော့…. အရက်သောက်လိုက်တဲ့အခါ အရက်ထဲမှာ ပါတဲ့ Ethanol (CH3CH2OH) က အသည်းမှာရှိတဲ့ ဆဲလ်တွေထဲကို - [ပိုက်ဆံတစ်ပြားမျှမကုန်တဲ့ ဦးနှောက်အားဆေး](https://www.telekyanmar.org/ပိုက်ဆံတစ်ပြားမျှမကုန်/) - ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဖြင့် နှလုံး၊ အဆုတ်၊ အရိုးနဲ့ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေတယ်ဆိုတာ အများသိကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရွယ်ရောက်သူတိုင်း အလယ်အလတ်ပြင်းထန်မှုရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး (နှလုံးခုန်မြန်ပြီး ချွေးထွက်တဲ့အထိ အမြန်လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်းမျိုး) ရက်သတ္တပတ်တစ်ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အသက် ၁၈ နှစ်အောက် လူငယ်တွေကတော့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု (ပြေးလွှား၊ အားကစား၊ စက်ဘီးစီး၊ ရေကူး စသည်) တနေ့လျှင် အနည်းဆုံးတစ်နာရီ လုပ်သင့်တာပါ။ ဦးနှောက်နဲ့ အာရုံကြောပညာရှင်တွေကတော့ သင်ဘာပဲလုပ်လုပ်၊ ဘယ်လောက်ပဲလုပ်လုပ် လုပ်သမျှကိုယ်လက်လှုပ်ရှားမှုက ဦးနှောက်ကျန်းမာရေးကို အားပေးတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မှတ်ဉာဏ်နဲ့ တွေးခေါ်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်စေပါတယ်။ ပြဿနာတွေကို ဖြေရှင်းနိုင်ခြင်း၊ သင်ယူနိုင်စွမ်း၊ စိတ်ခံစားမှုအပိုင်းမှာ မျှတစေမှု စသည်တို့ကို ပိုမိုကောင်းမွန်စေပြီး စိတ်ပူပန်မှုနဲ့ စိတ်ကျခြင်းတို့ကိုလည်း - [ရာသီတုပ်ကွေး ရောဂါလက္ခဏာများ](https://www.telekyanmar.org/ရာသီတုပ်ကွေး-ရောဂါလက္ခဏ/) - ▫️ ဖျားခြင်း▫️ ချောင်းခြောက်ဆိုးခြင်း (၂ ပတ်နှင့်အထက် ကြာနိုင်)▫️ ခေါင်းကိုက်ခြင်း▫️ ကြွက်သားနှင့် အဆစ်များ ကိုက်ခဲခြင်း▫️ နေလို့ မကောင်းခြင်း▫️ လည်ချောင်းနာခြင်းနှင့် နှာစေးခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း၊ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ကလေးတွေအတွက် ကျောင်းထမင်းဘူးပြင်ဆင်သင့်ပုံ](https://www.telekyanmar.org/ကလေးတွေအတွက်-ကျောင်းထမင/) - ဒီတစ်ပတ်တော့ ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းဘူးထည့်ပေးဖို့အတွက် အရာရာကိုဂရုစိုက်တတ်တဲ့ လေးမေတစ်ယောက် ဘယ်လိုစဥ်းစားပြီး အကောင်းဆုံး စီစဥ်ဆောင်ရွက်တယ်ဆိုတာလေး ပြောပြချင်လို့ပါ အိမ်ရှင်မတို့ရေ။ တကယ်တော့ ကလေးနှစ်ယောက်နဲ့ လင်ယောက်ျားရဲ့ ဝေယျာဝစ္စတွေရှိနေတော့ တစ်နေ့တစ်နေ့ မအားရ။ ဒီကြားထဲ ကလေးတွေ ထမင်းဘူးက ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ်ဆိုပြီး လိုင်းပေါ်မှာ ဂယက်တွေထတော့ လေးမေမှာ ဝင်အာချောင်ချင်ပေမယ့် တကယ့် လက်တွေ့ကျ တစ်နေ့တစ်နေ့ ထမင်းဘူး အလျင်မီအောင်လုပ်ရတာနဲ့၊ ကိုယ်ခွဲမရှိတာနဲ့ မအားဘူးရယ်။ ကလေးတွေရဲ့ထမင်းဘူးထဲ အရုပ်ပုံလေးတွေ လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် လေးမေက ထမင်းဘူး လှလှလေး လုပ်ဖြစ်ဖို့ထက် အာဟာရစုံစုံလေးဖြစ်အောင် သတိထားပြင်ဖြစ်ပါတယ်။ ဘာမဆို အလေးအနက်ထားတတ်တဲ့ လေးမေအဖို့တော့ ကလေးတွေ ကျန်းမာဖို့အတွက် အိမ်ပြန်လာလို့ ထမင်းဘူးကုန်ရင်ကို ပီတိဖြာမဆုံး။ လေးမေထည့်ပေးတဲ့ ထမင်းဘူးလေးကို ကြည့်လိုက်ရင် - [အမြွှာကိုယ်ဝန်များအကြောင်း](https://www.telekyanmar.org/အမြွှာကိုယ်ဝန်များအကြေ/) - "အမြွှာကိုယ်ဝန်များအကြောင်း" High Risk Pregnancyအန္တရာယ်များသော ကိုယ်ဝန်များပေါ့။ သားဖွား၊ မီးယပ် ဘွဲ့လွန်ကျောင်းသားများ ကိုးကားဖတ်ရှုဖို့ ရည်ညွန်းထားတဲ့ ပြဌာန်းစာအုပ် နာမည်ပါ။ ယူသုံးမိတာ စိုးရွံ့မိပါတယ်။ ကျွန်တော်တို့ မြန်မာစကားပုံမှာလည်း ရှိပါတယ်။ယောက်ျားဖောင်စီး၊ မိန်းမမီးနေတဲ့။ ကိုယ်ဝန်ဆောင်တာနဲ့ကို အန္တရာယ်ရှိပါပြီဆိုတဲ့ သဘောပေါ့။ high risk နဲ့ low risk ပဲကွာမယ်။ no risk လို့ မရှိပါဘူးလို့ ဆိုလိုထားတာပဲနော။ အခု အန္တရာယ်များသော ကိုယ်ဝန်များထဲက တစ်ခုဖြစ်တဲ့ အမြွှာကိုယ်ဝန်တွေအကြောင်း ပြောပြချင်ပါတယ်။ အမြွှာကိုယ်ဝန်လို့ ပြောလိုက်ရင် ကာယကံရှင်လူနာနဲ့ သူ့မိသားစု အသိုက်အဝန်းက ဝမ်းသာကြ၊ ပျော်ရွှင်ကြတာများတယ်။ ဒီကိုယ်ဝန်ကို စောင့်ရှောက်မွေးဖွားပေးရမယ့် ကျွန်တော်တို့ကတော့ စိတ်ညစ်တယ်။ High risk pregnancy ဖြစ်သွားပြီကိုးဗျ။ အမြွှာကိုယ်ဝန်တွေကို အဓိကအုပ်စုကြီး - [မိုးရာသီနှင့် ကျန်းမာရေး (၂)](https://www.telekyanmar.org/မိုးရာသီနှင့်-ကျန်းမာရ-2/) - မိုးများ ရွာသွန်းပြီးနောက် အစားအစာနှင့် ရေညစ်ညမ်းမှုကြောင့်ဖြစ်သော ရောဂါများ ဖြစ်ပွါးနိုင်ခြေကို ပိုမို တိုးမြင့်စေနိုင်ပါသည်။ ▪️မချက်ပြုတ်မီ (သို့မဟုတ်) မစားသုံးမီ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ ဆေးကြောပါ။▪️လက်ကို စနစ်တကျ ပုံမှန် ဆေးကြောပါ။▪️လမ်းဘေးအစားအစာများ၊ အထူးသဖြင့် လှီးဖြတ်ပြီးသား သီးနှံများကြောင့် ဖြစ်လာနိုင်သော ရောဂါဘေးအန္တရာယ်များကို သတိထားပါ။ နိုးနိုးကြားကြားရှိပါစေ။ ဘေးကင်းပါစေ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ.... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း - [စိတ်ဓာတ်ကျနေလား၊ စကားပြောကြစို့](https://www.telekyanmar.org/စိတ်ဓာတ်ကျနေလား၊-စကားပြ/) - ▫️အသက်အရွယ်မရွေး စိတ်ကျဝေဒနာ ကြုံတွေ့နိုင်ပါတယ်။▫️ စကားပြောလိုက်တာက ဝေဒနာသက်သာစေဖို့ ပထမခြေလှမ်းပါ။▫️ သင် ရင်ဖွင့်လို့ရတဲ့ တစ်စုံတစ်ယောက်ဆီမှာ စကားပြောပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ.... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [သွေးလှူခြင်းကပေးတဲ့ ကျန်းမာရေးကောင်းကျိုးများ](https://www.telekyanmar.org/သွေးလှူခြင်းကပေးတဲ့-ကျန/) - ကျွန်တော်တို့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ သွေး ၅-၆ လီတာခန့် ပမာဏရှိပြီး သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား စတဲ့ သွေးဆဲလ်များ၊ သွေးရည်ကြည် စတာတွေ ပါဝင်ပါတယ်။ သွေးဟာ ကိုယ်ခန္ဓာအတွင်း အောက်ဆီဂျင်ဓာတ်နဲ့ အစာအာဟာရပစ္စည်းတွေကို လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သယ်ယူပို့ဆောင်ပေးဖို့၊ မလိုအပ်တဲ့ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ကနေ စွန့်ထုတ်ပေးဖို့ အပါအဝင် ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့လုပ်ငန်းဆောင်တာ တော်တော်များများကို ပြုလုပ်ပေးပါတယ်။ သွေးလှူတဲ့အခါ ထို ၅-၆ လီတာပမာဏရှိတဲ့ များပြားတဲ့သွေးပမာဏထဲက တစ်ကြိမ်လှူလျှင် ၅၀၀ မီလီလီတာ ပမာဏကိုသာ ထုတ်ယူတာဖြစ်လို့ သွေးလှူရှင်အပေါ် ကြီးကြီးမားမားထိခိုက်မှု မဖြစ်စေတတ်ဘဲ မိမိလှူဒါန်းလိုက်တဲ့ သွေးတစ်ထုပ်ဟာ အကြမ်းအားဖြင့် လိုအပ်နေတဲ့ လူသုံးယောက်အတွက် အသက်ကယ်တင်ပေးနိုင်တာဖြစ်လို့ အင်မတန် ပီတိဖြစ်ဖွယ် - [ရာသီတုပ်ကွေးအတွက် အာဟာရ](https://www.telekyanmar.org/ရာသီတုပ်ကွေးအတွက်-အာဟာရ/) - “မိုးရာသီနဲ့တုပ်ကွေး ခွဲလို့မှရသေးရဲ့လားတော်” ဟု မလေးမေတစ်ယောက် သူ့ယောက်ျားကိုကြည့်ရင်း ညီးတွားမိသည်။ ဟုတ်လည်း ဟုတ်သည်။ အေးဖေနဲ့ လေးမေက အင်မတန်ချစ်ကြတဲ့ လင်မယား။ ဒါပေမယ့် နာမည်သာ ရှေ့သွားနောက်လိုက်ညီပေသည့် အမူအကျင့်တွေကျ တခြားစီ။ အေးဖေက တကယ့်ကို အေးအေးဆေးဆေးသမားဖြစ်သလို ဘာမဆို ဖြစ်ချင်ရာဖြစ် သိပ်ဂရုစိုက်တာ မဟုတ်။ သူ့မိန်းမ လေးမေကတော့ အရာရာကို လေးလေးနက်နက်နဲ့ အင်မတန်ဂရုတစိုက် ရှိတတ်သူ။ အခုပဲကြည့်… ဖြစ်ချင်ရာဖြစ်ဆိုတဲ့ အေးဖေက မိုးကောင်းကောင်း မကျသေး ဖျားပြီ။ တုပ်ကွေးဖြစ်ပြီ။ ဒီတော့လည်း လေးမေပဲ ပြုစုရပြန်ရော။ "အရမ်းပူလို့ မိုးလေးကို မမျှော်လိုက်နဲ့ နေမကောင်းတာတွေက စတော့တာပဲ" ဟု လေးမေ ညီးတွားရင်း လင်တော်မောင်အတွက် ကျွေးမွေးပြုစုစရာတွေ စီစဥ်ပြင်ဆင်နေချိန်… အေးဖေကတော့ အေးဆေး။ အားလည်း မငယ်။ - [ကြိုတင်ကာကွယ် အသည်းရောင်အသားဝါ (ဘီ) ပိုး အန္တရာယ်](https://www.telekyanmar.org/ကြိုတင်ကာကွယ်-အသည်းရောင/) - အသည်းရောင်အသားဝါ (ဘီ) ပိုးဟာ သွေးနဲ့ ကိုယ်ခန္ဓာအရည်များမှတစ်ဆင့် အဓိကကူးစက်တတ်သောရောဂါဖြစ်ပြီး အသည်းကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒါကြောင့်လည်း အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးကို အသည်းကင်ဆာ ကာကွယ်ဆေးရယ်လို့တောင် ဆိုကြပါတယ်။ အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှုအများစုဟာ မည်သည့်ရောဂါလက္ခဏာမှ မပြတတ်ဘဲ ဖြစ်လေ့ရှိတာမို့ ဆေးစစ်ကြည့်ခြင်းကသာ မိမိမှာ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခုပါ။…… ◾️အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်နိုင်သော နည်းလမ်းများ သွေးနဲ့ ကိုယ်ခန္ဓာအရည်တွေကနေတစ်ဆင့် အဓိက ကူးစက်ပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ရောဂါပိုးရှိသော သွေးသွင်းခံရခြင်း ကူးစက်နိုင်တဲ့ မုတ်ဆိတ်ရိတ် စက်/ဓား၊ ဆေးထိုးအပ်၊ သွားတိုက်တံ စတာတွေ အတူဝေမျှသုံးစွဲခြင်း ရောဂါပိုးရှိသောမိခင်မှ ကလေးငယ်သို့ မွေးလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်း - [မြန်မာပြည်က OG တွေ မပိုင်ခဲ့ရသော ချစ်သူလမ်းကြားလေးအကြောင်း](https://www.telekyanmar.org/မြန်မာပြည်က-og-တွေ-မပိုင်ခ/) - သားဆက်ခြားနည်းတွေထဲက ပြုလုပ်ပြီးရင် ပြန်လည်ပြင်ဆင်ဖို့ခက်ခဲတဲ့ အမျိုးသမီးသားကြောဖြတ်ခြင်းအကြောင်း ဆွေးနွေးကြရအောင်နော်။ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ အောက်ဆုံးမှာ မွေးလမ်းကြောင်း (vagina)၊ အထက်တက်လာရင် သားအိမ်ခေါင်းနဲ့ သားအိမ်လည်တံ (cervix and cervical canal)၊ သားအိမ်အတွင်းခန်း (uterine cavity)၊ သားပို့ပြွန် (သို့) သားကြော (သို့) ချစ်သူလမ်းကြား (fallopian tube)၊ ထိပ်ဆုံးမှာ သားဥအိမ် (ovary) အထိ တိုးလျိုပေါက်ကြီးလို့ ပြောပြဖူးပြီးသားနော။ သားဥအိမ် (ovary) ကနေ တစ်လ တစ်လုံး ထုတ်လုပ်ပေးလိုက်တဲ့ မမျိုးဥ (ovum) လေးဟာ လုံးဝမရွေ့လျားနိုင်ဘူး။ သားပို့ပြွန် (သို့) သားကြော (သို့) ချစ်သူလမ်းကြားလေးရဲ့ထိပ်မှာ စောင့်နေတယ်။ အမျိုးသားက အမျိုးသမီးရဲ့ မွေးလမ်းကြောင်းထဲသို့ ထည့်ပေးလိုက်သော အဖိုမျိုးစေ့၊ သုက်ပိုးများ - [မိုးရာသီနှင့် ကျန်းမာရေး (၁)](https://www.telekyanmar.org/မိုးရာသီနှင့်-ကျန်းမာရေ/) - မိုးများ ရွာသွန်းပြီးနောက် သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားကဲ့သို ရောဂါပိုးမျိုး သယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တက်သည့် ရောဂါများဖြစ်ပွါးနိုင်ခြေကို ပိုမို တိုးမြင့်စေနိုင်ပါသည်။ ▫️ခြင်ပေါက်ပွါးမှုကို ကာကွယ်တားဆီးနိုင်သော နည်းလမ်းများပြုလုပ်ပါ။▫️ခြင်နိုင်ဆေး သုံးပါ။▫️ခြင်ထောင်ထောင်ပြီး အိပ်ပါ။ အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်ဝတ်ဆင်ပြီး ခြင်မကိုက်အောင် ကာကွယ်ပါ။ နိုးနိုးကြားကြားရှိပါစေ။ ဘေးကင်းပါစေ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [ဆီကြော်စာများ](https://www.telekyanmar.org/ဆီကြော်စာများ/) - ဆီကြော်တွေစားလို့ စော်ကြည်နိုင်သလား 🤔. ဟုတ်ကဲ့ပါ….ဆီကြော်မုန့်တွေ၊ Fast Food၊ Junk Food တွေစားလို့ စော်တော့မကြည်နိုင်ပေမယ့် ဘေးထွက်ဆိုးကျိုး (side effect) တွေတော့ ကြည်နိုင်ပါတယ်။ ကျွန်တော်တို့အများစုက ဆီကြော်မုန့်တွေ၊ Fast Food တွေဟာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာကို သိလျက်နဲ့ စားကောင်းနေကြဆဲ ဖြစ်ပါတယ်။ ဆီကြော်မုန့်တွေမှာ ပြည့်ဝဆီတွေ၊ သကြားဓာတ်တွေ အများကြီး ပါဝင်နေပြီး တစ်ခါတစ်ရံစားရင်တော့ ဘာမှမဖြစ်ပေမယ့် ခဏခဏစားလာတဲ့အခါ၊ အများကြီးစားလာတဲ့အခါမှာဆိုရင် ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ ဘယ်လိုမျိုးတွေ ထိခိုက်စေနိုင်လဲဆိုတော့ အားလုံးသိတဲ့အတိုင်း … အဝလွန်လာပြီး မအီမသာ ဖြစ်လာမယ်။ ကိုယ်အတွင်းကလီစာတွေကို အဆီတွေဖုံးသွားမယ်။ သွေးတွင်းကိုလက်စထရောတွေ မြင့်တက်လာမယ်။ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်မယ်။ ဆီးချိုရောဂါ၊ သွေးတိုးရောဂါတွေ ဖြစ်မယ်။ အစာမကြေ၊ နေထိုင်မကောင်းတာတွေ - [အစားအသောက်မှတ်တမ်း Food Diary](https://www.telekyanmar.org/food-diary-june-2024/) - အွန်လိုင်းကနေ အခမဲ့ ဆွေးနွေးတိုင်ပင်ပေးတဲ့ ဆရာမတို့ရဲ့ အာဟာရဆေးခန်းလေးဟာ ဖွင့်လှစ်လာတာဆိုရင် တစ်နှစ်ခွဲလောက် ဖြစ်လာပါပြီ။ လူနာလည်းအတန်အသင့်ရှိသလို "သိသူဖော်စား မသိသူကျော်သွား" တွေလည်း ရှိတာပေါ့နော်။ ဆေးခန်းမှာ အများဆုံးလာပြကြတာတော့ ၀ိတ်လျှော့ဖို့၊ ၀ိတ်တက်ချင်လို့၊ အရပ်ရှည်ချင်လို့၊ ဆီးချိုရှိလို့၊ ကိုယ်၀န်ဆောင်မို့၊ ကလေးပိန်နေလို့ အစားစားပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ကျန်းမာရေးဗဟုသုတမဟုတ်ဘဲ အာဟာရအတွက် ဆေးခန်းလာပြတဲ့အခါ ဘယ်လိုအချက်အလက်တွေက ဆရာ၀န်အတွက် သိဖို့အရေးကြီးလဲ၊ လူနာဘက်က ဘာတွေပြောပြရမလဲ၊ ဆရာ၀န်နဲ့ လူနာအကြားဘယ်လို ဆွေးနွေးကြမယ်ဆိုတဲ့အကြောင်းကို ပြောပြချင်ပါတယ်။…… တခြားရောဂါတွေနဲ့ မတူတာက ရောဂါရှိမှမဟုတ်ဘဲ လူကောင်းတွေ၊ ပုံမှန်လူတွေ မည်သူမဆို လူနေမှုပုံစံ (lifestyle) ပိုကောင်းမွန်အောင် အကြံလိုချင်သူတွေအနေနဲ့ တိုင်ပင်ပြသနိုင်ပါတယ်။ အထွေထွေရောဂါဆေးခန်းတွေက သိချင်တဲ့ သွေးခုန်နှုန်း၊ အသက်ရှုနှုန်း၊ သွေးတွင်းအောက်ဆီဂျင်တို့၊ သွေးပေါင်ချိန်တို့က ဆရာမတို့ဆေးခန်းမှာတော့ တအားအရေးကြီးတဲ့ - [အီလက်ထရောနစ် စီးကရက် (e-cigarettes) သောက်သုံးခြင်း၏ အန္တရာယ်များ](https://www.telekyanmar.org/အီလက်ထရောနစ်-စီးကရက်-e-cigarettes-သ/) - ▫️နှလုံးသွေးကြောနှင့် အဆုတ်၏ ကျန်းမာရေးကို ထိခိုက်ခြင်း▫️ပေါက်ကွဲမှုများကြောင့် မီးလောင်ဒဏ်ရာအပါအဝင် ထိခိုက်ဒဏ်ရာများ ရရှိနိုင်ခြင်း▫️ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးပါက သန္ဓေသားလောင်း၏ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း▫️ပါဝင်သော အရည်ကို မတော်တဆ သောက်သုံးမိခြင်းကြောင့် ကလေးငယ်များကို အဆိပ်သင့်စေနိုင်ခြင်း▫️နီကိုတင်း၊ အလွန်သေးငယ်သော အမှုန်များနှင့် အခြားဘေးအန္တရာယ်ရှိ ပစ္စည်းများပါဝင်သည့် အမှုန်အမွှားများကို တစ်ဆင့်ခံ ရှူသွင်းမိစေနိုင်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ…… အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်… 😊) - [သွေးပေါင်ချိန်ကျခြင်း Hypotension](https://www.telekyanmar.org/hypotension-june-2024/) - သွေးပေါင်ချိန်တက်တဲ့ သွေးတိုးရောဂါအကြောင်းလည်း တော်တော်များများ သိထားကြမယ်ဆိုတော့ သွေး‌ပေါင်ချိန်ကျတယ်ဆိုတဲ့ အခြေအနေကိုလည်း သိထားဖို့လိုမယ် ထင်ပါတယ်။ သွေးပေါင်ချိန်ကျတယ်ဆိုတာကတော့ သွေးပေါင်ချိန်တိုင်းကြည့်တဲ့အခါမှာ ယေဘုယျအားဖြင့် အပေါ်သွေး 90 mmHg နှင့်အောက်၊ အောက်သွေး 60 mmHg နှင့်အောက် ဖြစ်နေတဲ့အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ သွေးပေါင်ကျခြင်းက တစ်ယောက်နဲ့တစ်ယောက် သက်‌ရောက်တာချင်းလည်း မတူပါဘူး။ အချို့သူတွေမှာတော့ ဘာလက္ခဏာမှ ခံစားရခြင်းမရှိဘဲ တချို့သူတွေမှာတော့ ‌ခေါင်းမူးတာ၊ သတိမေ့တာအထိ ခံစားရနိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သွေးပေါင်ကျတာဟာ အသက်အန္တရာယ်ရှိတဲ့ အခြေအနေအထိလည်း ရောက်တတ်ပါတယ်။…… သွေးပေါင်ကျတာကို အောက်ပါအတိုင်း အမျိုးအစားတွေ ခွဲခြားနိုင်ပါတယ်။ (၁) Orthostatic hypotension - ဒါကတော့ ထိုင်ရာကနေ ဒါမှမဟုတ် လဲလျောင်းရာကနေ မတ်တပ်ထရပ်လိုက်တဲ့အခါမှာ ရုတ်တရက် သွေးပေါင်ထိုးကျသွားတာကို ဆိုလိုတာဖြစ်ပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်း၊ နာတာရှည် - [ရောဂါရာဇဝင်မေးမြန်းခြင်း](https://www.telekyanmar.org/ရောဂါရာဇဝင်မေးမြန်းခြင/) - တတိယနှစ် ဆေးကျောင်းသားဘဝမှာ စတင်ထိတွေ့ခွင့်ရခဲ့တဲ့ အနုပညာ…ဆေးသိပ္ပံပညာထဲက အနုပညာ။ ဆေးသိပ္ပံပညာက သင်တာပေါ့။ ဒုတိယနှစ် ကတည်းက… ငှက်ဖျားရောဂါအကြောင်း။ ငှက်ဖျားပိုးသယ်ဆောင်တဲ့ ခြင်ကိုက်ခံရလို့ဖြစ်တယ်။ အနောဖိလိ ခြင်မက ကိုက်တယ်။ သူ့ရဲ့မျိုးဥတွေ မျိုးအောင်ဖို့ရန် လူရဲ့သွေးကိုလိုလို့ ကိုက်တယ်။ လူကိုကိုက်ပြီး သွေးမစုပ်ယူခင်မှာ ခြင်မက သူ့ရဲ့တံတွေးကို လူထဲကို အရင်ထိုးသွင်းလိုက်တယ်။ သူ့တံတွေးနဲ့ လူ့သွေးနဲ့ရောသွားတဲ့ သွေးကျဲကျဲကိုမှ စုပ်ယူနိုင်တယ်။ အဲဒီအချိန် သူ့တံတွေးထဲမှာပါလာတဲ့ ငှက်ဖျားပိုးတွေက လူ့ခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ခဲ့တယ်။ အဲဒီငှက်ဖျားပိုးတွေက အကိုက်ခံရတဲ့ လူ့အသည်းထဲမှာ သွားခိုအောင်းပြီး ပွားများတယ်။ အင်အားအပြည့်ဖြစ်လာတဲ့အခါ အသည်းထဲကထွက်လာပြီး သွေးနီဥတွေထဲကို ဝင်ရောက်တယ်။ ငှက်ဖျားပိုး ဝင်ရောက်ခြင်းခံရတဲ့ သွေးနီဥတွေက အချိန်မတိုင်မီ ပေါက်ကွဲပျက်စီးကြရပြီး အဲဒီသွေးနီဥ အပျက်အစီးတွေထဲက ထွက်လာတဲ့ ဓာတုပစ္စည်းတွေကြောင့် ငှက်ဖျားရဲ့ လက္ခဏာတွေဖြစ်တဲ့ အချိန်မှန် - [Sunscreen နေလောင်ခံဆေးကို ဘယ်လိုရွေး၊ ဘယ်လိုလူးမလဲ](https://www.telekyanmar.org/sunscreen-နေလောင်ခံဆေးကို-ဘယ်လို/) - ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နည်းတွေထဲမှာ နေလောင်ခံဆေး (Sunscreen) သုံးတာလည်း တစ်ခုပါပါတယ်။ အထူးသဖြင့် ပင်လယ်ကမ်းခြေတွေ သွားကြတဲ့အခါ၊ ရေကူးကြ ရေကစားကြတဲ့အခါ ခန္ဓာကိုယ်ကို ဖုံးကာထားတဲ့ အဝတ်တွေက သေးလေတော့ နေလောင်ခံဆေးကို အားထားကြပါတယ်။. ◾️နေလောင်ခံဆေး (Sunscreen) ဆိုတာ ခရမ်းလွန်ရောင်ခြည်ကို အလင်းပြန်စေခြင်း (သို့) စုပ်ယူခြင်းဖြင့် အရေပြားကိုရောက်ရှိတဲ့ ပမာဏကို လျော့နည်းအောင် လုပ်ပေးစေနိုင်တဲ့ ပစ္စည်းတွေနဲ့ အရေပြားပေါ်မှာဖုံးထားဖို့ ထုတ်ထားတဲ့ လူးဆေး၊ ဖျန်းဆေးတွေပါ။ (Chemical) ဓာတုနည်းနဲ့ ကာကွယ်ပေးတဲ့ (Organic) ဆေးနဲ့ (Physical) ရူပနည်းနဲ့ ကာကွယ်ပေးတဲ့ (Inorganic) ဆိုပြီး အကာအကွယ်ပေးတဲ့ပစ္စည်း နှစ်မျိုးထဲက တစ်မျိုး သို့မဟုတ် နှစ်မျိုးလုံး ပါရှိတတ်ပါတယ်။ Chemical ဆေးတွေ မျိုးစုံရှိရာမှာ လူတချို့ရဲ့အရေပြားတွေကတော့ တချို့ Chemical - [ခရမ်းလွန်ရောင်ခြည် (UV ray) နှင့် ကျန်းမာရေး](https://www.telekyanmar.org/uv-ray-and-health-june-2024/) - လူသားတွေဟာ မျက်စိနဲ့မမြင်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို သဘာဝနေရောင်ခြည်ထဲမှသာမက လူလုပ်ပစ္စည်းတွေဖြစ်တဲ့ တချို့သော မီးလုံး၊ မီးချောင်း၊ အသားအရည် အရောင်တင်ပေါင်းအိုး sunbeds စတာတွေကနေလည်း ထိတွေ့ကြပါတယ်၊. 🔹ခရမ်းလွန်ရောင်ခြည်က လူသားတွေအတွက် အကျိုးပြုသလား ခရမ်းလွန်ရောင်ခြည် အနည်းငယ်နဲ့ ထိတွေ့ခြင်းက အရိုးတွေကို သန်မာစေတဲ့ ဗီတာမင်ဒီကို ထုတ်လုပ်ဖို့ ကူညီလို့ အကျိုးရှိပါတယ် (မနက်စောနဲ့ ညနေစောင်း ၁၅ မိနစ်မှ မိနစ် ၃၀ ခန့်)။ ရောဂါပိုးတွေကို သတ်ဖို့လည်း ခရမ်းလွန်ရောင်ခြည်ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုများလွန်းခြင်းက ကျန်းမာရေးပြဿနာများကို ပေးပါတယ်။. 🔺ခရမ်းလွန်ရောင်ခြည်နဲ့ အရေပြားကျန်းမာရေး တစ်ခဏတာ ထိတွေ့မှုများတာက အရေပြားနေလောင်တာမျိုးသာဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ ဒီ UV ရောင်ခြည်များများနဲ့ ထိတွေ့မိရင်တော့ Melanoma, Basal Cell Carcinoma - [အရေးပေါ်သန္ဓေတားခြင်း နည်းလမ်းများ](https://www.telekyanmar.org/အရေးပေါ်သန္ဓေတားခြင်း-န/) - ကျွန်တော် ပြောခဲ့ဖူးသလားလို့… ကိုယ်ဝန်တားခြင်း၊ တစ်နည်း သားဆက်ခြားခြင်းသည် ကြိုတင်ကြံစည်မှုပါလို့။ လူရွှင်တော် ကိုမောစ့်နဲ့ ဦးမိုးဒီ ပြက်လုံးကို သွားသတိရတယ်။ ဦးစာကလေး၊ ဒေါ်ကြွက်မတို့ရဲ့သမီး ဂျီကြီးမကို ကြည့်ပြီး မောင်တုတ်ကြီးက ကြက်ဥလေးလုံး သောက်တဲ့အမှုတဲ့။ ဘာပုဒ်မ တပ်ရပါမလဲခင်ဗျား ဆိုတော့ ကြိုတင်ကြံစည်မှုတဲ့။ ရီလိုက်ရတာ။ ခု ငါးဆယ်တန်းတွေဆိုရင်တော့ အဲဒီပြက်လုံး ကြားဖူးကြမှာပါ။ မိုးဒီနဲ့ မောစ့်ရယ်လို့ ပထမဆုံး မြန်မာကျော်သွားတဲ့ ပြက်လုံးထဲက ဇာတ်အပိတ်ပြက်လုံး။ ကြက်ဥသောက်တာတင် ကြိုတင်ကြံစည်ရမည် မဟုတ်ပါဗျ။ မလိုချင်သေးဘူးဆိုရင်လည်း ကိုယ်ဝန်တားဖို့ပါ ကြိုတင်ကြံစည်ကြပါဗျ။ ယောက်ျားနဲ့ မိန်းမ လူသားချင်း အရင်းနှီးဆုံးဆက်ဆံရေးဆီကို ဦးတည်နေကြတဲ့ စုံတွဲတိုင်း ကြက်ဥသောက်တာအပြင် မလိုချင်သေးရင် ကိုယ်ဝန်မရအောင် ကြိုတင်တားထားတဲ့ ကြိုတင်ကြံစည်မှုကို လုပ်ထားသင့်ပါတယ်။ အရေးပေါ် သန္ဓေတားခြင်းဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရရင် - [ဗိုက်ထဲက မြည်သံများ](https://www.telekyanmar.org/ဗိုက်ထဲက-မြည်သံများ/) - ဗိုက်ဆာတာ မဟုတ်ဘဲနဲ့ ဗိုက်ထဲက တဂွီဂွီ မြည်သံတွေ အများကြီးထွက်နေတာ ကြုံဖူးကြမယ် ထင်ပါတယ်။ တချို့ကလည်း ဗိုက်ထဲက အသံတွေမြည်တာ တစ်ခုခုဖြစ်မှာစိတ်ပူပြီး ဆရာဝန်ကို လာပြတတ်ကြပါတယ်။ အဲဒီအကြောင်း ပြောပြမယ်နော်……… ပုံမှန်အားဖြင့်တော့ ဆာလောင်လာတယ်ဆိုရင် ဗိုက်ထဲကနေ အချက်ပြသံတွေ ထွက်လာတတ်ပါတယ်။ ဒါပေမယ့် မဆာတဲ့ချိန်တွေ၊ အစားစားပြီးတဲ့ အချိန်တွေမှာလည်း ဗိုက်က အော်နေတတ်ပြန်ပါတယ်။ အဲဒီတော့ ဘာဖြစ်တာလဲဆိုပြီး စိုးရိမ်တတ်ကြတာပေါ့။ ဗိုက် တဂွီဂွီမြည်တာဟာ ဘယ်အချိန်မဆို ဖြစ်နိုင်ပါတယ်။ အဲဒါကို ဆေးပညာစကားနဲ့ Borborygmi လို့ခေါ်ပါတယ်။ မျက်စိထဲမြင်အောင် ပြောရရင် အစာအိမ်ကြီးက ရှေ့‌နောက်လှုပ်ရှားပြီး အတွင်းထဲက ရေတွေ၊ လေတွေကို ရွေ့လျားအောင် လုပ်နေတာပါ။ တဂွီဂွီမြည်သံတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်း လှုပ်ရှားနေတဲ့အသံတွေဖြစ်ပြီး အစာခြေမှုလုပ်ငန်းစဉ်မှာ အစာတွေကို ရေနဲ့ရောတာ၊ အစာခြေအင်ဇိုင်းတွေနဲ့ ရောပြီး - [ကလေးများနှင့် အားဆေး](https://www.telekyanmar.org/ကလေးများနှင့်-အားဆေး/) - က​လေးအထူးကုဆရာ​ဝန်တစ်​ယောက်အ​နေနဲ့ ကျွန်မအ​မေးအခံရဆုံးမေးခွန်းတစ်ခုက​တော့... "က​လေးကို ဘာအား​ဆေးတိုက်ရမလဲ" ဆိုတဲ့ ​မေးခွန်းပါပဲ... က​​လေးမိဘ (၁၀​​) ယောက်မှာ (၈​) ယောက်​လောက်က ​မေး​လေ့ရှိကြပါတယ် မ​မေးတဲ့ (၂​) ယောက်ထဲက တ​စ်ယောက်ကလည်း ဆရာဝန်ညွှန်ကြားလို့ဖြစ်​စေ၊ က​​လေးမိဘချင်းက အကြံ​ပေးလို့ဖြစ်​စေ၊ ​ကြော်ငြာကြောင့်ဖြစ်​စေ အား​ဆေးတစ်မျိုးမျိုးကို တိုက်​နေပြီးသားမို့ မ​မေးတာပါ။ က​​လေးက ပိန်​နေလို့ အစား​ကောင်း​ကောင်းမစားလို့ အား​ဆေးတိုက်ချင်ကြတာ များပါတယ်။ မကြာခဏ ဖျားနာတတ်လို့ အား​ဆေးတိုက်ချင်တဲ့ မိဘ​တွေလည်းရှိပါတယ်။ က​လေးဥာဏ်​ကောင်း​အောင် ဘာအား​ဆေးတိုက်ရမလဲလို့ ​မေးတဲ့ မိဘ​တွေလည်း မနည်းပါဘူး။ တချို့မိဘ​တွေက​တော့ ဘာရယ်မဟုတ်...သူများက သူတို့ကလေး​တွေကို တိုက်နေကြတာမြင်တော့ ကိုယ်ကလည်း ကိုယ့်က​လေးကို တိုက်ချင်တတ်ကြတာပေါ့ သားသမီး​အတွက်ဆိုရင် အ​ကောင်းဆုံးဖြည့်ဆည်း​ပေးချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပဲလေ။ အား​ဆေးမတိုက်လို့များ ကိုယ့်က​​လေးက မကြီးထွားဘဲ​နေ​လေမလား ၊ ဥာဏ်မ​ကောင်းဘဲ ​နေ​လေမလား စိုးရိမ်တတ်ကြပါတယ် - [ကလေးတီဘီရောဂါ Childhood TB](https://www.telekyanmar.org/childhood-tb-october2023/) - ကလေးတီဘီရောဂါ (Childhood TB) လွန်ခဲ့တဲ့ ၂ ပတ်လောက်က တယ်လီကျန်းမာ ကလေးအထူးကုဆေးခန်းကို လာပြတဲ့ ကလေးလေးတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။ ကလေးမိဘများက အိမ်နီးချင်းနိုင်ငံတစ်ခုမှာ အလုပ်လုပ်နေကြသူတွေပါ။ ၅ နှစ်အရွယ် ကလေးလေးက မကြာမကြာ ဖျားတယ်၊ ချောင်းဆိုးတယ်၊ ဆေးခန်းသွားပြရင် ချောင်းဆိုးပျောက်ဆေးတွေ ပိုးသတ်ဆေးတွေ ပေးလိုက်ရင် သက်သာသွားပြန်ရော... နောက် ၂ ပတ် ၃ ပတ်နေရင် တစ်ခါပြန်ဖြစ်နဲ့ လုံးလည်လိုက်နေတာ ၁ နှစ်နီးပါး ရှိပါပြီတဲ့။ ကိုယ်အလေးချိန် မေးကြည့်တော့လည်း သိပ်အဆိုးကြီးမဟုတ်ပေမယ့် သူ့အသက်နဲ့ယှဉ်ရင် ရှိသင့်တာထက်တော့ နည်းနေပါတယ်။ ရောဂါရာဇဝင်မေးပြီး လိုအပ်တဲ့ သွေးစစ်ဆေးမှုတချို့နဲ့ ရင်ဘတ်ဓာတ်မှန်ရိုက်ပြီးတဲ့အခါမှာတော့ တရားခံကို တွေ့ရပါပြီ။ ရန်သူတော်ဟောင်းကြီး တီဘီရောဂါပါ။ တီဘီ (Tuberculosis) ဆိုတဲ့နာမည်ကို ကြားတာနဲ့ ကျွန်မကို မေးခွန်းတွေ - [ကလေးတွေကို အစာကျွေးရလွယ်စေမယ့် အချက် (၁၀) ချက်](https://www.telekyanmar.org/ကလေးတွေကို-အစာကျွေးရလွယ/) - အာဟာရနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေကို အပတ်စဥ် မျှဝေပေးခဲ့တဲ့အနက် ဒီတစ်ပတ်မှာတော့ ကလေးတွေ အစားကျွေးရ ပိုလွယ်အောင်၊ အစာချေးမများအောင် လုပ်ဆောင်ဖို့အချက် (၁၀) ချက်ကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ဒါလေးတွေကတော့... . (၁) ကလေးတွေ မီးဖိုချောင်ကို လာရှုပ်တဲ့အခါ (ဒါမှမဟုတ်) ဟင်းချက်နေတာကို လာစပ်စုတဲ့အခါ သူတို့လုပ်နိုင်တာလေးတွေ၊ အန္တရာယ်မဖြစ်တဲ့ဟာတွေ ပေးလုပ်ခြင်းအားဖြင့် အစားအစာကို ပိုရင်းနှီးလာအောင် လုပ်နိုင်ပါတယ်။ (၂) ကျန်းမာရေးနဲ့မညီညွတ်တဲ့ မုန့်တွေ၊ တအားချိုတာတွေ၊ လေဖောင်းမုန့်တွေ၊ အရသာမှုန့် အများကြီးပါတဲ့ အာလူးကြော်ထုပ်တွေ၊ ကြာရှည်ခံ အသားချောင်း၊ ၀က်အူချောင်း၊ ​ကြက်အူချောင်းတွေ၊ အားဖြည့်အချိုရည်တွေ သောက်ခြင်းစားခြင်းကို ထိန်းချုပ်ပါ။ အကန့်အသတ် ထားပါ။ (၃) သရေစာအနေနဲ့ အသီးအနှံ များများစားတတ်အောင် သူတို့ပတ်၀န်းကျင်မှာ ထားထားပါ။ ကျွေးကြည့်ပါ။ စကျွေးခါစမှာ ငြင်းတာပုံမှန်ပါ။ အစားအစာအသစ်တစ်ခုကို - [ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သာမန်အဖျားကြီး၍ တက်ခြင်း Febrile Convulsion](https://www.telekyanmar.org/febrile-convulsion-december2023/) - ဒီနေ့ ပြောပြမှာကတော့ ကလေးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) အကြောင်း ဖြစ်ပါတယ်။ ကလေးမွေးကင်းစကနေစပြီး အသက်ကြီးသည်အထိ ဖြစ်ပေါ်တတ်တဲ့ အတက်ရောဂါမျိုးစုံရှိပြီး ရောဂါဖြစ်ပွားတဲ့ ဦးနှောက်အစိတ်အပိုင်းနေရာပေါ် မူတည်ပြီး အတက်‌ပုံစံတွေဟာလည်း လက္ခဏာမျိုးစုံ ကွဲပြားကြပါတယ်။ ????ကလေးတွေမှာ တက်ရတဲ့ အဓိကအကြောင်းအရာတွေကတော့... (၁) သာမန်အဖျားကြီး၍ တက်ခြင်း (၂) ဦးနှောက်ထဲကို ပိုးဝင်သောကြောင့် တက်ခြင်းနဲ့ (၃) အတက်ရောဂါတို့ပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အဖြစ်အများဆုံးဖြစ်တဲ့ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) အကြောင်းကို ပြောပြသွားမှာပါ။ ... ... ????‍♂️ သာမန်အဖျားကြီး၍ တက်ခြင်း (febrile convulsion) ဆိုတာ ကလေးငယ်တွေ အဖျားကြီးတဲ့အချိန်မှာ ဖြစ်လေ့ရှိတဲ့ အတက်ရောဂါ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ - [ကလေးအတွက် သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု Kangaroo Care](https://www.telekyanmar.org/kangaroo-care-december2023/) - “သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု” ကလေးငယ်လေး မိခင်ဝမ်းကထွက်လာပြီးနောက် ကလေးကို မိဘ၊ အဘိုး၊ အဘွားတို့ရဲ့ ရင်ဘတ်ပေါ်တင်ပေးပြီး အရေပြားအချင်းချင်း ထိတွေ့မှုလုပ်ပေးခြင်းကို သားပိုက်ကောင် ပြုစုစောင့်ရှောက်မှု (kangaroo care) လို့ ခေါ်ပါတယ်။ ဒီလိုမျိုး အရေပြားအချင်းချင်း ထိတွေ့မှုရှိခြင်းဟာ မိဘနဲ့ ကလေးအကြား သံယောဇဉ်တိုးစေခြင်း၊ လမစေ့ကလေးငယ်များ သေဆုံးနှုန်းကျဆင်းစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများစွာ ရရှိ‌စေနိုင်တဲ့အတွက် ဒီနည်းလမ်းကို ကျင့်သုံးလာကြတာပါ။ . . ????သားပိုက်ကောင်ပိုက်နည်း ဖြစ်ပေါ်လာပုံ သားပိုက်ကောင်ပိုက်နည်းကို ၁၉၇၀ ခုနှစ်မှာ ကိုလံဘီယာနိုင်ငံ၊ ဘိုဂတားမြို့ ဆေးရုံတစ်ရုံရှိ ဆရာဝန် ၂ ဦးက လမစေ့ဘဲမွေးဖွားခဲ့တဲ့ ကလေးတွေရဲ့ သေဆုံးနှုန်းကိုကျဆင်းစေဖို့ စတင်တွေ့ရှိ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ မွေးဖွားချိန်မှာ လမပြည့်တဲ့ကလေးရော၊ နေ့စေ့လစေ့ ကလေးတွေမှာပါ ကျင့်သုံးလာကြပါတယ်။ - [ခံတွင်းရောဂါ ကာကွယ်ပါ](https://www.telekyanmar.org/ခံတွင်းရောဂါ-ကာကွယ်ပါ/) - ◻️ ဖလိုရိုက် (Fluoride) ပါဝင်သော သွားတိုက်ဆေးဖြင့် နေ့စဉ် သွားတိုက်ပါ။ ◻️ သကြား (အချို) ကို အကန့်အသတ်ဖြင့်သာ စားသုံးပါ။ ◻️ ဆေးလိပ်၊ ကွမ်းယာ၊ ဆေးရွက်ကြီး သုံးစွဲမှုအားလုံးကို ရပ်တန့်ပါ။ ◻️ အရက်သောက်သုံးခြင်းကို လျှော့ချပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၉) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...🙏 (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... 😊) - [နို့တိုက်ကလေး လေထခြင်းနဲ့အမေအစားအစာ](https://www.telekyanmar.org/နို့တိုက်ကလေး-လေထခြင်းန/) - နို့စို့ကလေးငယ် လေထတာဟာ ကလေးတိုင်းနီးပါး ဖြစ်ဖူးကြပြီး သနားစရာလည်းကောင်း၊ တစ်ခါတလေ လူကြီးတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ ဖြစ်တတ်ကြပါတယ်။ တချို့က ကလေးလေထတာ အမေဘာတွေစားလို့လဲ လို့ မေးတတ်​ တွေးတတ်ကြပါသေးတယ်။ မေမေ စားတာတွေက မိခင်နို့ရည်မှတစ်ဆင့် ကလေးဆီကို ရောက်တာမို့ပါ။ မေမေစားတဲ့ အရသာကို ကလေးတွေလည်း နို့မှတစ်ဆင့် ရနိုင်ပါတယ်။ ငယ်ငယ်ထဲက အစားအစာအစုံနဲ့ ရင်းနှီးအောင်ရော၊ အာဟာရဓာတ်စုံအောင်ရော မေမေတွေအနေနဲ့ အစုံစားသင့်ပါတယ်။ ကလေးလေထတာ မေမေစားတာကြောင့်လည်း ဖြစ်နိုင်သလို နို့တိုက်အပြီး လေမထုတ်ဖြစ်တာ၊ နို့တိုက်တဲ့အခါ သေချာငုံမစို့ဘဲ လေတွေ၀င်တာတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးလေထရင်တော့ ထုံးစံအတိုင်း ကလေးက ထူးထူးဆန်းဆန်း အော်နေတာ၊ ချော့မရတာ၊ ဗိုက်ကယ်နေပုံပေါ်တာ၊ လေထပုံပေါ်တာ၊ ခြေစုံကန်ပြီး အော်ဟစ်နေတာမျိုးတွေက ဖြစ်နိုင်ပါတယ်၊ ဘာကြောင့် ဖြစ်လဲဆိုတာကို ပြန်စမ်းစစ်ကြည့်ပြီး - [သားဥအိမ် ကင်ဆာရောဂါအကြောင်း သိကောင်းစရာ Ovarian Carcinoma](https://www.telekyanmar.org/ovarian-carcinoma-may-2024/) - ယောက်ျားလေးတွေမှာ ဥနှစ်လုံးပါသလို မိန်းကလေးတွေမှာလည်း ဥနှစ်လုံးပါတယ် ဆိုတဲ့အကြောင်း ကျွန်တော်ပြောပြခဲ့ပြီးပြီနော်။ မှတ်မိကြမယ် ထင်ပါတယ်။ ယောက်ျားလေးတွေရဲ့ ဥနှစ်လုံးက တွဲလဲလေးဆိုတော့ မြင်သာထင်ရှားရှိတယ်။ မိန်းကလေးတွေရဲ့ ဥနှစ်လုံးက ဗိုက်ထဲမှာ။ သားအိမ်ရဲ့ဘေးတစ်ဖက်တစ်ချက်မှာ နေကြတယ်။ ပုံနဲ့တကွ ပြပြီးပါပြီ။ သားဥအိမ် (ovary) လို့ ခေါ်တယ်လို့လည်း ပြောပြပြီးပြီနော့။ အဲဒီ သားဥအိမ်ကနေ ကင်ဆာဖြစ်နိုင်တယ် (ovarian carcinoma) ဆိုတဲ့အကြောင်းလေး ပြောပြချင်လို့ပါ။ ... ... ❓သားဥအိမ် ဘယ်နေရာက ကင်ဆာဖြစ်မှာလဲ။ သားဥအိမ်က ပိန္နဲသီးနဲ့တူတယ်လို့ ကျွန်တော်ပြောခဲ့သလားလို့။ အပေါ်ဆုံး အခွံရှိမယ်။ အထဲမှာ အမြွှာတွေရှိမယ်။ အမြွှာတွေကို (follicle) လို့ ခေါ်တယ်။ အလယ်အစေ့က မမျိုးဥ၊ ဘေးက စားရတဲ့အလွှာတွေက အခြွေအရံတွေ။ အမျိုးသမီးဟော်မုန်းဓာတ်တွေ (oestrogen and - [ကလေးငယ်များအတွက် သွားကျန်းမာရေး](https://www.telekyanmar.org/ကလေးငယ်များအတွက်-သွားကျ/) - ကလေးငယ်များရဲ့ အထွေထွေကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ခြင်းဟာလည်း အလွန်အရေးပါတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ မိဘများအနေဖြင့် မိမိတို့၏ကလေးငယ်များကို သွားနှင့်ခံတွင်း သန့်ရှင်းမှုရှိစေရန် ငယ်စဉ်ကတည်းက အလေ့ကျင့်ကောင်းများ သင်ပေးဖို့လည်း အထူးအရေးကြီးလှပါတယ်။.... ကလေးငယ်များ၏ သွားကျန်းမာရေး ထိန်းသိမ်းမှုအတွက် ပြုလုပ်ရမည့်အချက်များ ▪️ နေ့စဉ် ပုံမှန်သွားတိုက်ခြင်း နေ့စဉ် မနက်စာစားပြီးတစ်ကြိမ်နှင့် ညမအိပ်မီတစ်ကြိမ် ပုံမှန်သွားတိုက်ရန် ကလေးငယ်များကို အလေ့အကျင့် ပြုလုပ်ပေးထားရပါမယ်။ သွားကို ပုံမှန်တိုက်ခြင်းဟာ သွားပိုးစားခြင်း (သွားဆွေးမြေ့ခြင်း) မှ ကာကွယ်ပေးပြီး သွားရည်ကျခြင်းကိုလည်း လျော့နည်းစေပါတယ်။. ▪️ သွားတိုက်တံနှင့် သွားတိုက်ဆေးရွေးချယ်ခြင်း ကလေးများအတွက် အထူးပြုလုပ်ထားသော သွားတိုက်တံ၊ အမျှင်ပျော့‌ပြောင်း‌သော သွားတိုက်တံနှင့် Fluoride ပါဝင်သော သွားတိုက်ဆေးများကို အသုံးပြုရန် လိုအပ်ပါတယ်။ သွားတိုက်တံအမျှင်များ ဖွာထွက်‌‌နေပြီဆိုလျှင် အသစ်တစ်ချောင်း လဲလှယ်ပေးရန် လိုအပ်ပါတယ်။. - [လက်၊ ခြေနှင့် ပါးစပ်နာ ရောဂါ Hand, Foot and Mouth Disease (HFMD)](https://www.telekyanmar.org/hand-foot-and-mouth-disease-hfmd-may-2024/) - အခုတစ်လော ကလေးတွေမှာ အဖြစ်များနေတဲ့ လက်၊ ခြေနဲ့ ပါးစပ်မှာ အနာတွေ၊ အရည်ကြည်ဖုတွေ ဖြစ်တဲ့ရောဂါဟာ Hand, Foot and Mouth disease (HFMD) လို့ခေါ်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်ပါတယ်။…… ဘာကြောင့်ဖြစ်တာလဲ…. ဗိုင်းရပ်စ်ပိုးကြောင့်ပါ။ တစ်မျိုးမကတဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ အဖြစ်များတာက Coxsackievirus နဲ့ Enterovirus ဆိုတဲ့ ဗိုင်းရပ်စ်အုပ်စုတွေပါ။. ဘယ်လိုမျိုး ကူးစက်နိုင်သလဲ…. အလွန်ကူးစက်လွယ်ပါတယ်။ ကိုဗစ် ၁၉ လိုပဲ နှာချေတာ၊ ချောင်းဆိုးတာကနေထွက်လာတဲ့ အမှုန်တွေထဲမှာ ပါလာတဲ့ဗိုင်းရပ်စ်တွေကို အနားမှာရှိတဲ့သူတွေက ရှူမိတာ ပိုးရှိတဲ့ သွားရည်၊ ဝမ်း၊ အနာဖုကအရည် စတာတွေကို ထိမိ/ကိုင်မိပြီး လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်း၊ မျက်စိတွေကို ထိမိ/ကိုင်မိတာ ရောဂါရှိတဲ့သူကို ပွေ့ဖက်တာ၊ နမ်းတာ ပန်းကန်၊ - [အဝလွန်ခြင်းကို ကာကွယ်ရန် အဆင့် (၃) ဆင့်](https://www.telekyanmar.org/အဝလွန်ခြင်းကို-ကာကွယ်ရန/) - 1️⃣ အဆီနှင့် သကြားကို အကန့်အသတ်ဖြင့် စားသုံးပါ။ 2️⃣ အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို များများ စားသုံးပါ။ 3️⃣ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန် ပြုလုပ်ပါ။ (ကလေးများအတွက် တစ်ရက်လျှင် (၆၀) မိနစ် နှင့် လူကြီးများအတွက် တစ်ပတ်လျှင် (၁၅၀) မိနစ်) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...🙏 (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... - [မိုးအေးအေးနဲ့ သရက်သီး ဆီးချို](https://www.telekyanmar.org/မိုးအေးအေးနဲ့-သရက်သီး-ဆီ/) - ကဲ... မုတ်သုန်လေးက ၀င်လာပြီ၊ သရက်သီးလေးတွေလည်း ချိုလာပြီတဲ့။ မြန်မာပြည်မှာနေပြီး အပူခံနေရကျိုးနပ်အောင် အပူပိုင်းဒေသရဲ့ ချိုမြတဲ့သရက်သီးလေးတော့ စားလိုက်ဦးမှဆိုပြီး ကိုရင်မောင်တစ်ယောက် တွေးနေလောက်ပါပြီ…။ ("အချိုကြိုက်တဲ့ ကိုရင်မောင်... ဆီးချိုဖြစ်တဲ့ကောင်" ဆိုပြီး ကွန်မန့်မှာရေးထားတာ တွေ့ဖူးလို့ အခုအာဟာရပိုစ့်လေးထဲမှာ ကိုရင်မောင်ကို ဆီးချိုဖြစ်ပေးလိုက်ပါတယ်) ... ... ကိုရင်မောင်ဆိုသည်မှာလည်း ဆီးချိုဆေးတော့သောက်ပါရဲ့… စားချင်တာရှိပြီဆိုလည်း ဖြေမဆည်နိုင်အောင် ကြိတ်ပစ်လိုက်တာမျိုး။ အရင်အပတ်တွေတုန်းကတော့ မချစ်စု အစိမ်းလေးတွေ ဟင်းလုပ်ပြီး စားပစ်လိုက်သလို အခုတစ်ပတ်ထဲမှာလည်း မိန်းမကို စိန်တစ်လုံးတွေ မဟားဒယားမှာခိုင်းပြီး သူချည်း ကလေးတွေနဲ့အပြိုင် လုစားနေတော့တာ။ ဟော နောက်ရက်တွေကျ အလုပ်လည်း မသွားနိုင်ဘဲ အိပ်ချည်းနေပါလေရော။ ပြီးတော့ မိုးအေးလို့ ကွေးချင်တာဆိုပြီး မိန်းမကို နှိပ်ခိုင်းတာပေါ့။ ဒီလိုနဲ့ ၃-၄ ရက်ဆက် ခေါင်းတွေမူးသလိုလို ခြေလက်တွေထုံသလိုလို - [အမျိုးအမည်မသိ မြွေ/အကောင် အကိုက်ခံရလျှင် Unknown Snake Bite](https://www.telekyanmar.org/unknown-snake-bite-may-2024/) - “ရေကူးရင်း ဗိုက်ကို မြွေလာပတ်ပြီး ကိုက်ခံလိုက်ရတာ မြွေမမြင်လိုက်ရဘူး” “လယ်ထဲ လမ်းလျှောက်နေရင်း ခြေထောက်မှာ ဆစ်ခနဲ ဖြစ်သွားတယ်၊ အကောင်ရှည် ကိုက်ခံရပြီ ထင်တယ်” “ညဘက် လမ်းလျှောက်ရင်း မြွေတက်နင်းမိလို့ ကိုက်ခံလိုက်ရတယ်။ မြွေသေချာပေမယ့် ဘာမြွေမှန်း မသိလိုက်ဘူး” အဲဒီလိုမျိုး ဖြစ်ရပ်တွေ ရပ်ထဲရွာထဲ ကြုံဖူးကြမယ် ထင်ပါတယ်နော်။ Unknown bite (Unknown snake bite) လို့ခေါ်တဲ့ အမျိုးအစားမသိ မြွေ/အကောင် ကိုက်ခံရခြင်းအကြောင်းနဲ့ ဆောင်ရန် ရှောင်ရန်လေးတွေကို ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။ ... ... WHO အဖွဲ့ကြီးရဲ့ ဒေတာအရ တစ်နှစ်ကို လူပေါင်း (၅) မီလီယံလောက်ကို မြွေကိုက်ခံရတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ‌တော့ ၂၀၂၀ လေ့လာမှုတစ်ခုအရ မြွေကိုက်ခံရတဲ့နှုန်းဟာ လူတစ်သိန်းမှာ ၂၈၀ - [ဆေးလိပ်၊ ကွမ်းယာ၊ ဆေးရွက်ကြီး သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ](https://www.telekyanmar.org/ဆေးလိပ်၊-ကွမ်းယာ၊-ဆေးရွက/) - ◽ဆေးရွက်ကြီးဝါးခြင်း (ကွမ်းစားခြင်း/ ဆေးငုံခြင်း) သည် သွားများ ဆုံးရှုံးခြင်း၊ သွားအရောင်များ ညိုခြင်းနှင့် သွားဖုံးရောဂါတို့ကို ဖြစ်ပွားစေနိုင်သည်။ ◽ဆေးလိပ်၊ ကွမ်းယာ၊ ဆေးရွက်ကြီး သုံးစွဲခြင်းမှ ရှောင်ကြဉ်ခြင်းသည် သင်၏ ခံတွင်းကျန်းမာရေးနှင့် သန့်ရှင်းမှုကို တိုးတက်စေသည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ .. .. အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...🙏 (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... 😊) - [သိပ်ပူပြီး ချွေးထွက်လာရင် သုတ်ပစ်သင့်သလား](https://www.telekyanmar.org/သိပ်ပူပြီး-ချွေးထွက်လာရ/) - "သိပ်ပူပြီး ချွေးထွက်လာရင် သုတ်ပစ်သင့်သလား...." ဆိုတဲ့ မေးခွန်းလေးကို မေးမိကောင်း မေးဖူးကြမှာပါ။ တွေးမိကောင်း တွေးဖူးကြမှာပါ။ တကယ်တော့ ခန္ဓာကိုယ်ရဲ့အပူချိန်ကို လျှော့ချပေးဖို့ ထွက်လာတဲ့ချွေးကို မသုတ်ပစ်ရပါဘူး။ ဖျားပြီးကိုယ်ပူတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်ထားတာ၊ ရာသီဥတုကြောင့် ပူအိုက်နေတာ စတဲ့အခြေအနေတွေမှာ ကိုယ်ထဲကအပူချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးဖို့အတွက် ခန္ဓာကိုယ်ရဲ့ အလိုအလျောက် လုပ်ဆောင်မှုတစ်ခုအနေနဲ့ ချွေးထွက်တာဟာ ဖြစ်ပေါ်လာပါတယ်။ အဲဒီချွေးက အငွေ့ပျံသွားတဲ့အခါ အနားကအပူကို စုပ်ယူပြီး အငွေ့ပျံတာကြောင့် ချွေးတွေကပ်နေတဲ့ အရေပြားမှာ အပူချိန်လျော့သွားပါတယ်။ တကယ်တော့ ကိုယ်ထဲက အပူဓာတ်တွေကို အရေပြားဆီ ရောက်လာအောင် သွေးလှည့်ပတ်မှုက သယ်လာပေးပါတယ်။ ယူလာတဲ့ (အရေပြားကို ရောက်လာတဲ့) အပူကို ချွေးက အငွေ့ပျံခြင်းမှတစ်ဆင့် လျှော့ချပေးပါတယ်။ ဒီလိုမျိုးနဲ့ ကိုယ်တွင်းက အပူချိန်ကို လျှော့ချတာပါ။ ဒါကို - [Hiking သို့မဟုတ် သဘာဝ၏ရင်ခွင်ထဲတွင် လမ်းလျှောက်ခြင်း နှင့် ကျန်းမာရေးအကျိုးကျေးဇူးများ](https://www.telekyanmar.org/hiking-သို့မဟုတ်-သဘာဝ၏ရင်ခွင်/) - Hiking ဆိုတာဘာလဲ.... Hiking ဆိုတဲ့စကားလုံးကို အပျော်တမ်းတောင်တက်ခရီးတွေမှာ သုံးလေ့ရှိကြလို့ တောင်တက်ခြင်းလို့ အမှတ်မှားတတ်ပါတယ်။ တကယ်တော့ Hiking ဆိုတာ တောတောင်သဘာဝ ပတ်ဝန်းကျင်ထဲကို ခပ်ကြာကြာလေး လမ်းလျှောက်သွားတာလို့ ဆိုနိုင်ပါတယ်။ သဘာဝသစ်တောဥယျာဉ်တွေထဲက တောလမ်းလေးတွေမှာ၊ တောထဲတောင်ထဲက လူသွားလမ်း၊ တောင်ပေါ်လမ်းလေးတွေမှာ နေ့ချင်းပြန်၊ တစ်ညအိပ်/နှစ်ညအိပ် ခရီးတို လမ်းလျှောက်တာမျိုးပါ။ တောင်ကုန်းတွေပေါ် အတက်အဆင်းလေးတွေလည်း ရှိနိုင်ပါတယ်။ သူနဲ့ခပ်ဆင်ဆင် စကားလုံးက Trekking (လမ်းကြမ်းခြေလျင်ခရီးသွားခြင်း) ပါ။ Trekking မှာတော့ သွားတဲ့ခရီးလမ်းက ပိုကြမ်းတမ်းပြီး ပိုလည်းရှည်ပါတယ်။ သွားစရာလမ်းက ရှိချင်မှရှိပါလိမ့်မယ်။ လမ်းခရီးမှာ တဲထိုးအိပ်ကြမယ်။ အတက်အဆင်းကြမ်းမယ်။ လမ်းမှာ နှစ်ည/သုံးညမက အိပ်ကြရမယ်ဆိုတဲ့ ညအိပ်ခရီးတွေ ဖြစ််တတ်ကြပါတယ်။ ... ... Hiking (သဘာဝ၏ရင်ခွင်ထဲတွင် လမ်းလျှောက်ခြင်း) က ကျန်းမာရေးအတွက် - [အလွန်မြင့်သောပတ်ဝန်းကျင်တွင် ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာစု Altitude Sickness Syndrome](https://www.telekyanmar.org/altitude-sickness-syndrome-may-2024/) - ကျွန်‌တော်တို့ရဲ့ပတ်ဝန်းကျင်မှာ အမြင့်ပိုင်းကို တက်တဲ့အခါ အပူချိန်ကျလာပြီး ပိုအေးလာသလို လေထုဖိအားဟာ တဖြည်းဖြည်း နည်းနည်းလာရုံတင်မကဘဲ လေထဲမှာ အောက်ဆီဂျင်ပါဝင်မှုလည်း ကျဆင်းလာတယ်ဆိုတာကိုတော့ အများစုက သိပြီးသားဖြစ်ကြမှာပါ။ မြေပြန့်ကနေ အလွန်မြင့်တဲ့ ပတ်ဝန်းကျင်ကို ရုတ်တရက် ပြောင်းလဲရောက်ရှိသွားတဲ့အခါ ခန္ဓာကိုယ်က အဲဒီလို လေထုပါး၊ ဖိအားနည်းပြီး အောက်ဆီဂျင်နည်းတဲ့ ပတ်ဝန်းကျင်မှာ ပုံမှန်လုပ်ငန်းတွေကို လုပ်ဆောင်နိုင်စွမ်းမရှိတော့ဘဲ နေထိုင်မကောင်းဖြစ်တာကို Altitude sickness syndrome လို့ ခေါ်ပါတယ်။အဲဒီထဲမှာ Acute Mountain sickness ဆိုတဲ့ သိပ်မဆိုးတဲ့လက္ခဏာတွေကနေ HACE လို့ခေါ်တဲ့ မြင့်မားတဲ့ဒေသမှာဖြစ်တဲ့ ဦးနှောက်ရောင်ခြင်းနဲ့ HAPE လို့ခေါ်တဲ့ မြင့်မားတဲ့ဒေသမှာဖြစ်တဲ့ အဆုတ်ရောင်ခြင်း‌အထိ ဖြစ်လာနိုင်ပြီး အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်ပါတယ်။ တောင်ပေါ်ဒေသတွေကို သာမန်သွားရုံနဲ့တော့ ဒီ Altitude sickness syndrome ကို - [တခဏတာမှေးစက်ခြင်း Cat Nap, Power Nap](https://www.telekyanmar.org/cat-nap-power-nap-may-2024/) - နေ့ခင်းဘက်မှာ ဆယ်မိနစ်ကနေ နာရီဝက်လောက် တစ်ခဏတာမှေးစက်ခြင်းက ကျန်းမာရေးအတွက် အကျိုးများစွာရှိပါတယ်။ ဒီလိုမှေးစက်ခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများကတော့... - ကိုယ်စိတ်နှစ်ပါး တင်းကျပ်ဖိစီးနေတာတွေကို ဖြေလျှော့ပေးနိုင်ခြင်း - ပင်ပန်နွမ်းနယ်ခြင်းကို လျှော့ချပေးခြင်း - ပိုမိုလန်းဆန်းစေခြင်း - စိတ်ကိုကြည်လင်စေ နိုးကြားတက်ကြွစေခြင်း - မှတ်ဉာဏ်၊ တုံ့ပြန်မှု စသည်လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေခြင်း - စိတ်အာရုံစိုက်မှုပိုကောင်းမွန်စေခြင်း... စတာတွေ ဖြစ်ပါတယ်။ ... ... ဘယ်အချိန်မှာ မှေးစက်သင့်သလဲ၊ နေ့ဘက်မှာ ဘယ်လောက်ကြာ ဘယ်လို မှေးစက်သင့်သလဲ • ပင်ပမ်းနွေးနယ်လာလျှင် • အိပ်ငိုက်လာလျှင် • အကြောင်းကြောင်းကြောင့် အိပ်ရေးပျက်လာလျှင် • ကျန်းမာရေးအတွက် တစ်ခဏတာမှေးစက်ခြင်းကို ပုံမှန်လုပ်ဆောင်ချက်တစ်ခုလို လုပ်တော့မယ်လို့ ဆုံးဖြတ်ထားလျှင်.... နေ့ခင်းမှာ ခဏတာမှေးစက်အနားယူပါ။ ... ... - [OG ရဲ့ ရည်းစားငါးယောက်](https://www.telekyanmar.org/og-ရဲ့-ရည်းစားငါးယောက်/) - ဘွဲ့လွန်ကျောင်းသားဘဝတုန်းက Professor ကပြောဖူးတယ်... ငါတို့ OG တွေက ရည်းစားငါးယောက် ထားရမယ်တဲ့။ မေ့ဆေးဆရာ၊ ခွဲစိတ်ဆရာ၊ ကလေးဆရာ၊ သမားတော်၊ ဓာတ်မှန်ဆရာတဲ့။ အားလုံးမှာ အရေးပေါ်ဆိုတာရှိပေမယ့် အခြားဌာနအရေးပေါ်တွေက ပဋိဇီဝဆေး (ပိုးသတ်ဆေးပေါ့)၊ အကိုက်အခဲပျောက်ဆေး၊ နှာခေါင်းပိုက်၊ ဆီးပိုက်၊ ပတ်တီးစည်း၊ ကျောက်ပတ်တီးခံ၊ သွေးသွင်း စတာတွေနဲ့ ခဏတော့ အချိန်ဆွဲထားလို့ ရသေးတယ်တဲ့။ ငါတို့ ဗိုက်ခွဲမွေးတာက (အရေးပေါ်ကို ဆိုလိုပါသည်) ခုဆိုခုမှတဲ့။ 🔺အရေးပေါ်ခွဲစိတ်မွေးဖွားခြင်း (Emergency LSCS) ကို သုံးမျိုးထပ်ခွဲတယ်ဗျ။ Crash LSCS ခွဲမွေးမယ်လို့ ဆုံးဖြတ်ပြီး နာရီဝက်အတွင်း ကလေးထွက်ပြီး ဖြစ်ရမယ်။ Urgent LSCS ခွဲမွေးမယ်လို့ဆုံးဖြတ်ပြီး နှစ်နာရီ- သုံးနာရီအတွင်း ကလေးထွက်ပြီး ဖြစ်ရမယ်။ Schedule LSCS နှစ်ဆယ့်လေးနာရီအတွင်း - [ဆားနှင့် သကြား လျှော့၍ စား](https://www.telekyanmar.org/ဆားနှင့်-သကြား-လျှော့၍-စ/) - ဆား (အငန်) နှင့် သကြား (အချို) ကို ပမာဏများစွာ စားသုံးပါက နှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ဆီးချိုရောဂါနှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်သည်။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...🙏 (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ မွန်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... 😊) - [ဥတစ်လုံး နတ်ကွပ်ခြင်း (သို့) အောက်သို့မဆင်းသည့် ဝှေးစေ့များအကြောင်း Undescended Testicle](https://www.telekyanmar.org/undescended-testicle-may-2024/) - အရပ်အခေါ် ဥတစ်လုံး နတ်ကွပ်ထားတယ်လို့ ပြောလေ့ရှိတဲ့ ဝှေးစေ့တစ်ခု (သို့) နှစ်ခုစလုံးဟာ ပုံမှန်ရှိနေရမယ့်နေရာဖြစ်တဲ့ ကပ်ပယ်အိတ်ထဲမရှိဘဲ ဗိုက်ခေါင်းထဲ ကျန်နေခြင်းကို Undescended testicle (Cryptorchidism) လို့ ခေါ်ပါတယ်။ တကယ်တော့ အမျိုးသမီးတွေရဲ့ မမျိုးဥအိမ်တွေ ဝမ်းဗိုက်အတွင်း တည်ရှိနေသလိုမျိုး အမျိုးသားတွေရဲ့ ဝှေးစေ့တွေဟာလည်း သန္ဓေသားဘဝမှာ ဝမ်းဗိုက်အတွင်း ရှိနေခဲ့တာပါ။ မီးဖွားခါနီး တစ်လအလိုလောက်မှာမှ ဝှေးစေ့တွေ အောက်ကိုဆင်းလာပြီး ကပ်ပယ်အိတ်အတွင်း ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အောက်သို့မဆင်းတဲ့ ဝှေးစေ့ (Undescended testicle) တွေကို လမစေ့မီ မွေးဖွားတဲ့ ယောက်ျားလေးတွေမှာ ပိုပြီးအတွေ့ရများလေ့ ရှိပါတယ်။ ... ... ◼️ဘယ်သူတွေမှာ ဖြစ်နိုင်ခြေများလဲ • လမစေ့မီ မွေးဖွားတဲ့ ကလေးငယ်တွေ • မိသားစုမျိုးရိုးထဲ - [ခွေးရူးရောဂါအကြောင်း](https://www.telekyanmar.org/ခွေးရူးရောဂါအကြောင်း/) - ၁၂ နှစ်အရွယ် ကိုရင်လေး ဆေးရုံရောက်တာ တစ်ပတ်ရှိပြီ။ ဒီတစ်ပတ်အတွင်း ဆေးရုံပေါ်မှာ အဖျားလည်း အဲဒီလောက်မတက်၊ တခြားပြောပလောက်စရာဆိုလို့ ချောင်းဆိုးချင်တာ၊ အစားပျက်တာ၊ နှုံးခွေနေတာပဲ ရှိသည်။ အရင်က တက်တက်ကြွကြွ စာအံနေတတ်ပြီး ကျောင်းကအလုပ်တွေကို မညည်းမညူ ဝိုင်းလုပ်ပေးနေတတ်သဖြင့် အားလုံးက ဝိုင်းချစ်နေကြတဲ့ ကိုရင်လေးကို ပြီးခဲ့တဲ့တစ်ပတ်ဆယ်ရက်လောက်က မလန်းမဆန်း မှိုင်နေပြီး အစားမစား၊ ရွှင်ရွှင်ပျပျမရှိလို့ ကျောင်းကဦးဇင်းတွေက ဆေးရုံခေါ်လာခဲ့ခြင်း ဖြစ်သည်။ အဖျားငွေ့ငွေ့လည်းရှိ သွေးလွန်တုတ်ကွေးရာသီလည်း ဖြစ်တော့ ကလေးအထူးကုက ဆေးရုံခေါ်ထားပြီး စောင့်ကြည့်ရန်၊ သွေးတွေစစ်ဆေးရန် ခေါ်ထားလိုက်ခြင်းဖြစ်သည်။ စစ်ဆေးမှုတွေက ပုံမှန်ဖြစ်ပေမယ့် ကိုရင်က ဒီအတိုင်းမသက်သာ၊ ပိုးသတ်ဆေးတွေ ထိုးပြီးခါမှ ဂယောက်ဂယက် ဖြစ်လာသည်။ ဆေးလာထိုးသည့် ဆရာမတွေကို ရန်ရှာသည်။ လူနာလာမေးသောသူငယ်ချင်း ကိုရင်များ ဦးဇင်းများကို မမှတ်မိသလိုလို ပြောချင်ရာတွေ - [ခံတွင်းထဲမှာပေါက်တဲ့ အပူနာ Apthous Ulcer](https://www.telekyanmar.org/apthous-ulcer-may-2024/) - ခံတွင်းထဲမှာပေါက်တဲ့ အပူနာ (Aphthous ulcer) ဟာ နူးညံ့တဲ့ခံတွင်းသားမှာ ပေါက်တာကြောင့် နည်းနည်းလေးများ ထိလိုက်ရင် မျက်ရည်တွေ ဝဲတက်လာရလောက်အောင်ထိနာမှန်း သိပြီးသားဖြစ်ကြမှာပါ။ သူဟာ ခံတွင်းသားနေရာစုံမှာ ပေါက်လေ့ရှိပြီး အောက်နှုတ်ခမ်းနဲ့ သွားကြားက သွားဖုံးနေရာမှာ ပိုပြီးအဖြစ်များပါတယ်။ ဒါပေမယ့် ရေယုန်ရောဂါ ဒါမှမဟုတ် ကင်ဆာကြောင့် ဖြစ်ရတဲ့အနာတွေတော့ မဟုတ်ပါဘူး။ ခံတွင်းထဲမှာပေါက်တဲ့ အပူနာ (Aphthous ulcer) ဟာ အကျယ် ၂-၃ မီလီမီတာလောက်ပဲ ရှိတတ်ပြီး အနက်က တိမ်တိမ်လေးပဲ ရှိပါတယ်။ အဝါရောင် ဒါမှမဟုတ် မီးခိုးရောင်လေးကိုမှ ဘေးကနေ အနီတောက်တောက်လေးက ဝိုင်းထားတာမျိုး တွေ့ရမှာပါ။ ... ... ဘယ်သူတွေမှာ ဖြစ်တတ်လဲ.... လူတိုင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်တွေ၊ လူငယ်တွေမှာ ဖြစ်တတ်ပြီး အမျိုးသမီးတွေမှာ - [အဖြစ်များသော တီဘီရောဂါလက္ခဏာများ Symptoms of TB in Ethnic Languages](https://www.telekyanmar.org/symptoms-of-tb-in-ethnic-languages-may-2024/) - ◽ချောင်းဆိုးခြင်း ◽ရင်ဘတ်အောင့်ခြင်း ◽ကိုယ်အလေးချိန်လျော့ကျခြင်း ◽ဖျားခြင်း ◽ညပိုင်းချွေးထွက်ခြင်း Mycobacterium tuberculosis ဘက်တီးရီးယားပိုးကြောင့် တီဘီရောဂါ ကူးစက်ဖြစ်ပွားပြီး အဆုတ်ကို အဓိက ထိခိုက်စေသည်။ ကုသကာကွယ်နိုင်သော ရောဂါဖြစ်သည်။ #EndTB တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...🙏 (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ မွန်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... 😊) - [ပိုးသတ်ဆေးများနှင့် ထိတွေ့မှုကို ကန့်သတ်ထိန်းချုပ်နိုင်ရန်](https://www.telekyanmar.org/ပိုးသတ်ဆေးများနှင့်-ထိတ/) - - ပိုးသတ်ဆေးမဟုတ်သော အခြားနည်းလမ်းများကို အသုံးပြုပါ။ - လိုအပ်သည်ထက် ပိုမသုံးစွဲရ။ - ထုတ်ကုန်ဖော်ပြချက်ကို ဖတ်ပါ။ - ထုတ်ကုန်ဖော်ပြချက်ပါ ညွှန်ကြားချက်များကို လိုက်နာပါ။ - ပိုးသတ်ဆေးများကို ကလေးများနှင့် အိမ်မွေးတိရစ္ဆာန်များမှ ဝေးရာတွင်ထားပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ... - [လေဖြတ်ရောဂါနှင့် ပတ်သတ်သော သိကောင်းစရာများ Stroke](https://www.telekyanmar.org/လေဖြတ်ရောဂါနှင့်-ပတ်သတ်/) - လေဖြတ်ရောဂါဟာ (၂၀၁၉) ခုနှစ် ဒေတာများအရကမ္ဘာပေါ်မှာ ဒုတိယမြောက် သေနှုန်းအမြင့်ဆုံးရောဂါ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဖွံဖြိုးဆဲနိုင်ငံတွေမှာ အသက်သေဆုံးနှုန်းနဲ့ နာတာရှည်အနေနဲ့ ကိုယ်လက်အင်္ဂါ မသန်စွမ်းဖြစ်ကျန်ခဲ့တဲ့နှုန်း များတဲ့ရောဂါပါ။ လေဖြတ်ရောဂါကို အဓိက (၃) မျိုး ခွဲခြားနိုင်ပါတယ်။ • ဦးနှောက်သွေးကြောပိတ်လို့ လေဖြတ်ခြင်း (Ischaemic stroke)၊ • သွေးကြောပေါက်လို့ ဦးနှောက်တွင်း သွေးခဲခြင်း (Haemorrhagic stroke) နှင့် • ၂၄ နာရီအတွင်း ပြန်ကောင်းသွားသော လေဖြန်းခြင်း (Transient Ischaemic Attacks) ဆိုပြီး ဖြစ်ပါတယ်။ လေဖြတ်ရောဂါဟာ အဖြစ်များတဲ့ရောဂါ ဖြစ်သလို ရောဂါနဲ့ပတ်သက်တဲ့ အယူအဆမှားတွေလည်း များစွာရှိပါတယ်။ ဒီအယူအဆမှားတွေကို ပြင်ဆင်နိုင်မှသာ လေဖြတ်ရောဂါကြောင့် ကျန်းမာရေးထိခိုက်မှု နည်းပါးမှာဖြစ်ပါတယ်။ အဲဒါကြောင့် လေဖြတ်ရောဂါနဲ့ ပတ်သက်ပြီး - [သားအိမ်ခေါင်းကင်ဆာ ကာကွယ်ပါ](https://www.telekyanmar.org/သားအိမ်ခေါင်းကင်ဆာ-ကာက-2/) - သားအိမ်ခေါင်းကင်ဆာသည် လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်သော ရောဂါပိုးတစ်မျိုးဖြစ်သည့် လိင်အင်္ဂါကြွက်နို့ဗိုင်းရပ်စ်ပိုး မျိုးစိတ် ၁၆ နှင့် ၁၈၊ Human papillomavirus type 16 & 18 (HPV 16 & 18) ကူးစက်ခံရမှု၏ နောက်ဆက်တွဲကြောင့် ဖြစ်ရသည်ဟု အတိအကျ သိရှိပြီးဖြစ်ပါသည်။ ထိုအကြောင်းကို ရှာဖွေတွေ့ရှိခဲ့သူမှာ ဂျာမန်လူမျိုး ဆရာဝန်ကြီးတစ်ယောက်ဟု သိရပါသည်။ ဆေးပညာဆိုင်ရာ နိုဗယ်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်ဟုလည်း သိရပါသည်။ ရောဂါအကြောင်းရင်းကို သိပြီးသွားတော့ ကာကွယ်ဖို့ လွယ်သွားပြီပေါ့ဗျာ။ HPV ပိုးကြောင့်ဖြစ်တာဆိုတော့ HPV ပိုးကာကွယ်ဆေး ကြိုထိုးထားရုံပဗျာ။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးလို့ အများနားလည်အောင် ပြောကြတာပေါ့။ အဲဒီဆေးထဲမှာ ဘာတွေပါသလဲဆိုတော့ HPV ပိုးအသေတွေ တစ်နည်းအားဖြင့် ရောဂါပေးနိုင်စွမ်းအဆိပ်ကို ထုတ်ထားတဲ့ ပိုးအသေတွေ။ ဒီဆေးကို ထိုးပေးလိုက်တာ - [အရက်ဒဏ်ခံနေရတဲ့ ကလေးလေး Fetal Alcohol Spectrum Disorder](https://www.telekyanmar.org/fetal-alcohol-spectrum-disorder-april-2024/) - ဘာဆိုဘာမှ မသောက်ရပါဘဲ အရက်ရဲ့ဒဏ်ကို ခံနေရတဲ့ ကလေးတွေအကြောင်း ပြောပြချင်လို့ပါ။ ဟုတ်ပါတယ်... အမေ့ရဲ့ဗိုက်ထဲမှာ ကွေးကွေးလေးနေပြီး အမေသောက်သမျှ အရက်၊ ဘီယာ၊ ဆိုဂျူး၊ ဝိုင်၊ စပိုင် စတာတွေရဲ့ဒဏ်ကို ခံစားနေရတဲ့ ရင်သွေးငယ်လေးတွေအကြောင်းပေါ့။ Fetal Alcohol Spectrum Disorder (FASD) လို့ ခေါ်ပါတယ်။ အနီးစပ်ဆုံး ဘာသာပြန်ရရင်တော့... အရက်ကြောင့် ရင်သွေးငယ်တွေမှာ ထိခိုက်ခံစားရသော လက္ခဏာဝေဒနာများ ဆိုရမလား။ အမှန်တော့ ဗိုက်ထဲမှာတင်မဟုတ် မွေးအပြီးနောက်ပိုင်း တစ်သက်လုံး ချို့ယွင်းချက်လေးတွေနဲ့ ရှင်သန်နေထိုင်သွားရတဲ့ အကြောင်းလေးပါ။ (အမေက ကိုယ်ဝန်ရှိလျက်နဲ့ အရက်သောက်လို့လေ 🥺) မိခင်လောင်းတွေအတွက် သတိပေးဆောင်းပါးလေးပါနော်....။ .... .... ခုခေတ်မှာ အမျိုးသမီးတွေကြား အယ်လ်ကိုဟော ပါဝင်တဲ့ ယမကာတစ်မျိုးမျိုး (မည်သည့်အမျိုးအစားမဆို) သောက်သုံးတယ်ဆိုတာ အထူးအဆန်း - [နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့](https://www.telekyanmar.org/နှစ်နှစ်ခြိုက်ခြိုက်-အိ/) - မနက်တိုင်း မနက်တိုင်း အိပ်ရာထပြီးနောက် အားအင်ကုန်ခမ်းနေသလို မလန်းမဆန်း ခံစားရဖူးပါသလား။ တစ်ခါတလေ အိမ်ကနေ အလုပ်ကိုတောင် မသွားရသေးဘူး၊ တစ်နေ့တာအတွက် အားမရှိသလို ခံစားနေရပါသလား။ ဒီလိုဖြစ်နေတယ်ဆိုရင် သင်တစ်ယောက်ထဲ မဟုတ်ပါဘူးနော်။ တစ်နေ့တာအတွက် သတ်မှတ်ထားတဲ့ အိပ်စက်အနားယူချိန်ဟာ ၇ နာရီကနေ ၉ နာရီ ဖြစ်ပေမယ့် လူလတ်ပိုင်း ၃ ယောက်မှာ တစ်ယောက်ဟာ ဒီလိုအိပ်စက်ချိန် ပြည့်ဝစွာမရတဲ့အတွက် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အခုပြောပြသွားမှာကတော့ အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့ကြီး (American Heart Association) ရဲ့ Healthy For Good (အမြဲတမ်း ကျန်းမာစေရေး) အစီအစဉ်ကနေ ပညာပေးထုတ်ပြန်ထားတဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်‌ပျော်စေဖို့ (Sleep Well) ဆိုတဲ့ စာစဉ်မှာပါတဲ့ ကောင်းစွာအိပ်ပျော်စေရန်အတွက် တစ်လတိတိ လိုက်နာဖွယ်အချက်များကို - [ဒဏ်ရာ အနာကျက်လာတဲ့အခါ ယားယံခြင်း Itchy Wound](https://www.telekyanmar.org/itchy-wound-may-2024/) - ထိခိုက်ရှနာ ဒဏ်ရာ၊ ခွဲစိတ်ထားတဲ့ ချုပ်ရိုး စတဲ့နေရာတွေမှာ အနာကျက်လာတဲ့အခါ (အသားတက်လာတဲ့အခါ) ယားယံတာမျိုးကို ခံစားရတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် အနာကို ခန္ဓာကိုယ်က ပြန်လည်ပြုပြင်တဲ့အချိန် ထွက်ပေါ်လာတဲ့ အချို့သော ဓာတ်ပစ္စည်းတွေကြောင့်ပါ။ Cytokines, histamine စတဲ့ ဓာတ်ပစ္စည်းတွေဟာ အနာရဲ့ဘေးနားမှာရှိတဲ့ အာရုံကြောတွေကို နှိုးဆွမိသွားတာကြောင့် ဦးနှောက် (အသိစိတ်) မှာ ယားယံတယ်လို့ ခံစားရတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ယားလို့ဆိုပြီး အနာကို ကုတ်ဖဲ့ပွတ်သပ်တာမျိုး မလုပ်ရပါဘူးနော်။ ကုတ်တာ ပွတ်တာတွေဟာ အာရုံကြောတွေကို ထပ်မံနှိုးဆွမိသလို ဖြစ်သွားတာကြောင့် ယားယံတာကို ပိုဆိုးစေတဲ့အပြင် အခန့်မသင့်ရင် အနာထဲကို ရောဂါပိုးတွေ ဝင်ရောက်စေပြီး အနာကျက်တာကို ပိုဆိုး/ပိုနှေးစေလို့ပါ။ ယားယံမှုကို သက်သာစေဖို့အတွက်ဆို ရေခဲကပ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ အနာနဲ့ ရေခဲ တိုက်ရိုက်မထိတွေ့ရပါ။ - [သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း Intrauterine Contraceptive Device](https://www.telekyanmar.org/intrauterine-contraceptive-device-april-2024/) - သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း Intrauterine contraceptive device (IUCD or IUD) အမျိုးအစားများမှာ.... (၁) Copper T Cu 380 A IUD ပုံတွင်ပြထားသော ပစ္စည်းဖြစ်ပါသည်။ (၂) Multilobe Copper IUD Copper T နှင့် ဆင်ဆင်တူပါသည်။ T ၏ ကန့်လန့်အပေါ်တန်းလေးမှာ ကွေးကွေးလေးဖြစ်သွားပြီး ၎င်းတွင် အဖုလေးများပါပြီး ကြေးနန်းကြိုး မပတ်ထားတော့ပါ။ (၃) Lippie loop IUD ပထမဆုံးပေါ်ခဲ့သော IUD ဖြစ်ပါသည်။ ယခုအသုံးမပြုတော့ပါ။ (၄) သုံးလခံထိုးဆေး၊ လက်မောင်းအရေပြားအောက် ထည့်ရသော ဆေးတောင့်များကဲ့သို့ ပရိုဂျက်စတီရုန်းဟော်မုန်းပါဝင်သော IUD။ စာထဲတွင်သာ တွေ့ဖူးပါသည်။ လက်တွေ့မမြင်ဘူး၊ မသုံးဖူးပါ။ ... ... - ["အောက်ဆုံးက ခြေနင်းဖိနပ်နဲ့ သူ့တန်ဖိုး"](https://www.telekyanmar.org/အောက်ဆုံးက-ခြေနင်းဖိနပ/) - လူအများစုက ဖိနပ်ထက် အဝတ်အစားအတွက် ငွေကို ပိုပြီးသုံးသလို အရေအတွက်လည်း များများပိုဝယ်ဖြစ်ကြပါတယ်။ တစ်စုံချင်း၊ တစ်ရံချင်း ယှဉ်ရင်တော့ ဖိနပ်တစ်ရံကို စီးထားချိန်စုစုပေါင်းက အဝတ်တစ်စုံကို ဝတ်ထားချိန်စုစုပေါင်းထက် အများကြီးကို ပို‌နေမှာပါ။ အဝတ်တွေ အရောင်လွင့်လာရင် ဒါမှမဟုတ် ဒီဇိုင်းအောက်သွားရင် အသစ်လဲပေမယ့် ဖိနပ်ကိုတော့ ပျက်တဲ့အထိ စီးတတ်ကြပါတယ်။ အဝတ်အစားလို ဦးစားပေးမခံရတဲ့ ဖိနပ်က‌လေးဟာ စီးသူရဲ့ကျန်းမာရေးအတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သတိမူမိသူနည်းသလို ဖိနပ်ဝယ်ဖို့ရွေးတဲ့အခါမှာလည်း ကျန်းမာရေးအတွက် လိုအပ်ချက်ကို ထည့်သွင်းစဉ်းစားတာမျိုး မရှိသလောက် နည်းကြပါတယ်။ ဒါကြောင့် မိမိခြေထောက်မှာ အံဝင်ခွင်ကျရှိမှု၊ မိမိရဲ့လှုပ်ရှားမှု (ဥပမာ - လမ်းလျှောက်များတာ၊ အားကစားလုပ်တာ၊ ကခုန်တာ၊ တစ်နေကုန်မတ်တပ် အလုပ်လုပ်ရတာ)၊ အနင်းများတဲ့ မျက်နှာပြင်နဲ့ ပတ်ဝန်းကျင်အနေအထားတွေ (မာ​ကျောတဲ့ ကွန်ကရစ်အခင်း၊ စိုစွတ်ပြီးချောတဲ့မျက်နှာပြင်၊ မညီမညာမျက်နှာပြင်)၊ - [အဝလွန်ခြင်းကြောင့် ဖြစ်ပွားစေနိုင်သော ရောဂါများ Diseases Caused by Obesity in Ethnic Languages](https://www.telekyanmar.org/diseases-caused-by-obesity-in-ethnic-languages-april-2024/) - - ကင်ဆာရောဂါများ - နှလုံးရောဂါများ - လေဖြတ်ခြင်း - ဆီးချိုရောဂါ (အမျိုးအစား - ၂) - ကြွက်သားနှင့် အဆစ်အမြစ်ပြဿနာများ - သွေးတိုးခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ မွန်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [အသက်အရွယ်အပိုင်းအခြားအလိုက် လုပ်ဆောင်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ](https://www.telekyanmar.org/အသက်အရွယ်အပိုင်းအခြားအ/) - ဒီအကြောင်းကို မပြောပြခင် လေ့ကျင့်ခန်းလေးတွေကို အမျိုးအစား ခွဲပြချင်ပါတယ်။ ◾ပုံမှန်ထက် ပိုမိုအားစိုက်ရတဲ့ လေ့ကျင့်ခန်း (Vigorous Activity) တွေကတော့ ပြေးခြင်း၊ ဘောလုံးကန်ခြင်းတွေ ဖြစ်ပါတယ်။ ◾ကြွက်သားများ သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကတော့ ဒိုက်ထိုးခြင်း၊ ထိုင်ထလုပ်ခြင်း၊ သစ်ပင်၊ နံရံ စတာတွေကို အထိန်းဖြင့် တွယ်တက်ခြင်း၊ ယောဂ (Yoga) လေ့ကျင့်ခြင်းတွေ ဖြစ်ပါတယ်နော်။ ◾ပြီးတော့ အရိုးများ သန်စွမ်းစေတဲ့ လေ့ကျင့်ခန်းတွေကတော့ ကျွမ်းဘားဆော့ခြင်း၊ ကြိုးခုန်ခြင်း၊ တောင်တက်ခြင်း၊ ကခုန်ခြင်း၊ ဘတ်စကတ်ဘော၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ တင်းနစ်စတဲ့ အားကစား တစ်ခုခုကို ပုံမှန်လုပ်တာ ဖြစ်ပါတယ်။ ... ... ဒါဆို ဘယ်အသက်အရွယ်မှာ ဘယ်လို ကိုယ်လက်လှုပ်ရှားမှုမျိုးကို လုပ်သင့်သလဲဆိုတာ ကြည့်လိုက်ကြရအောင်.... ????ကျောင်းမတက်ခင် မူကြိုအရွယ် (အသက် - [ဝမ်းလျှောတဲ့အခါ လုပ်ဆောင်သင့်တာ](https://www.telekyanmar.org/ဝမ်းလျှောတဲ့အခါ-လုပ်ဆော/) - ----|| ဝမ်းလျှောတဲ့အခါ ဘာတွေလုပ်ရမလဲ ||---- ဝမ်းလျှောလူနာနဲ့ ကြုံရတဲ့အခါ ဘာတွေလုပ်ပေးသင့်လဲလို့ မနေ့ကမေးကြည့်ခဲ့ရာမှာ စိတ်ဝင်တစားနဲ့ ပါဝင်ဖြေဆိုပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်နော် ???? အဖြေလေးတွေထဲကမှ ပြန်ပြီး ရှင်းပြစရာလေးတွေလည်း တွေ့နေရလို့ပါ။ တကယ်တော့ ဝမ်းလျှောတဲ့အခါ ရေနဲ့ဓာတ်ဆား လုံလောက်အောင် ပြန်လည်ဖြည့်တင်းမယ်။ လူနာနဲ့ လူနာကို ကိုင်တွယ်ပြုစုသူတွေအနေနဲ့ သန့်သန့်ရှင်းရှင်းနေမယ်။ အထူးသဖြင့် လက်ကို သေချာစွာဆေးကြောမယ်။ ဒါလောက်ဆိုရင် ရပါပြီနော်။ အခြားဘာမှ နောက်ထပ် မလိုအပ်ပါ။ ... ... ဟင်... ဒါဆို ဝမ်းပိတ်ဆေးက မတိုက်ရဘူးလား ???? ဟုတ်ပါတယ်။ မတိုက်ရပါဘူးနော်... ဝမ်းပိတ်ဆေးဆိုတာက အူတွေ ကောင်းကောင်းမညှစ်အောင်၊ မလှုပ်ရှားအောင် ပြုလုပ်တဲ့ ဆေးတစ်မျိုးပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့သာ အသုံးပြုရတာပါ။ ဒီနိုင်ငံမှာ ဝယ်လို့ရနေပေမယ့် နိုင်ငံခြားမှာဆို ဆရာဝန်ဆေးစာပါမှသာ ရောင်းချခွင့်ရှိတဲ့ဆေး - [သန္ဓေတားထိုးဆေး](https://www.telekyanmar.org/သန္ဓေတားထိုးဆေး/) - သန္ဓေတားဆေး ထိုးဆေး (သုံးလခံထိုးဆေး) Inj: Depo.M (MPA) ============================= Medroxyprogestrone acetate 150 mg ပါ ထိုးဆေးပုလင်းများအဖြစ် လာပါသည်။ တချို့တံဆိပ်များတွင် 3 ml ပါပြီး တချို့တွင်တော့ 1 ml ပါပါသည်။ သို့ရာတွင် ပါဝင်သော ဆေးပမာဏကတော့ 150 mg ချည်းပါပဲဗျ။ တချို့လူနာများက 1 ml ပုလင်းကို ကြိုက်ကြပါသည်။ ဆေးရည်ပမာဏနည်းတော့ အနာသက်သာလို့ပါတဲ့။ ကျွန်တော်ကတော့ 3 ml ပါပုလင်းများကို ပိုကြိုက်ပါသည်။ စဉ်းစားကြည့်ပါ။ 1 ml ထဲမှာ 150 mg နှင့် 3 ml ထဲမှာ 150 mg။ ပုလင်းထဲကနေ ဆေးထိုးပြွန်ထဲ စုပ်ယူတဲ့အချိန် - [အပူရှပ်ခြင်း/အပူကြောင့် သတိလစ်ခြင်း Heat Stroke](https://www.telekyanmar.org/heat-stroke-april-2024/) - လက်ရှိအချိန်မှာ ရာသီဥတုက တအားပူနေပြီ ဖြစ်တဲ့အတွက် ဂရုစိုက်သင့်တဲ့၊ အဖြစ်များတတ်ကြတဲ့ အပူကြောင့် သတိလစ်ခြင်း (Heat stroke) အကြောင်းကို ပြောပြချင်ပါတယ်နော်။ ဒီအကြောင်းကို မပြောပြခင်မှာ အပူကြောင့်ဖြစ်ရတဲ့ နာမကျန်းမှုတွေ (Heat illnesses) အကြောင်းကိုလည်း အရင်ဆုံး ​သိထားသင့်ပါတယ်။ အပူကြောင့်ဖြစ်ရတဲ့ နာမကျန်းမှုတွေ (Heat illnesses) ဆိုတာဟာ မြင့်မားတဲ့အပူချိန် (Temperature) နဲ့ စိုထိုင်းဆ (Humidity) ကြောင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေကို ဆိုလိုတာပါ။ အဓိကအနေနဲ့ကတော့... - မိတ်ထွက်တာ (Heat rash or miliaria) - အပူကြောင့် ကြွက်တက်တာ (Heat cramps) - အပူကြောင့် အားအင်ကုန်ခမ်းတာ (Heat exhaustion) - အပူကြောင့် - [ခရမ်းလွန်ရောင်ခြည်ကြောင့် သင့် အရေပြားနှင့် မျက်စိတို့ကို မထိခိုက်စေရန်](https://www.telekyanmar.org/how-to-protect-from-uv-rays-in-ethnic-languages-april-2024/) - ☀️ နေရောင်ခြည်ကို ကာကွယ်နိုင်သည့် အဝတ်အစားများကို ဝတ်ဆင်ပါ။ ☀️ အရိပ်အောက်မှာ နေထိုင်ပါ။ ☀️ ထီး သို့မဟုတ် အနားကျယ်ပြန့်သော ဦးထုပ်ကို ဆောင်းပါ။ ☀️ နေကာမျက်မှန် တပ်ပါ။ ☀️ နေလောင်ခံလိမ်းဆေး လိမ်းပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တစ်ကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ မွန်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... ????) - [အမြန်ဆုံးအဆီကျ ဝိတ်ကျနည်း](https://www.telekyanmar.org/အမြန်ဆုံးအဆီကျ-ဝိတ်ကျနည/) - ကျွန်မ အခုတစ်လော Social media မှာ မင်းသား၊ မင်းသမီး၊ Influencers ကိုယ်တိုင်က ဒီ Detox လေးသောက်တာ... ဒီ အဆီကျလိမ်းဆေးလေး လိမ်းတာ... Waist Trainer လေး ဝတ်လိုက်တာ... ဘယ်လို ဝိတ်ကျသွားတယ် စသည်ဖြင့် Before Vs After ပုံတွေနဲ့ ကြော်ငြာလာကြတာကို တွေ့ရပါတယ်။ ဒါလေးတွေတွေ့တော့ ကျွန်မလည်း လက်ထောက်ဆရာဝန် (AS) ဖြစ်ခါစ ကျွန်မ (၆) လအတွင်း (၅၅) ပေါင်နီးပါး ဝိတ်ချခဲ့တာတောင် သတိရ။ ကျွန်မတို့မျိုးရိုးက အဖေဘက်ရော အမေဘက်ရော အဝလွန်ကြတယ်။ ဆီးချို၊ သွေးတိုးရှိကြတဲ့ မျိုးရိုးပါ။ ကျွန်မလည်း AS ဖြစ်တော့ ညဘက် Night duty ဆင်းရင်း အစားအသောက်သောင်းကျန်း၊ - [လေဖြတ်ခြင်း၏ အဖြစ်များသော လက္ခဏာများ](https://www.telekyanmar.org/လေဖြတ်ခြင်း၏-အဖြစ်များသ/) - - မျက်နှာ၊ လက်၊ ခြေထောက် သို့မဟုတ် ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းတွင် ရုတ်တရက် အားနည်းခြင်း သို့မဟုတ် ထုံကျဉ်ခြင်း။ - စိတ်ရှုပ်ထွေးခြင်း၊ စကားပြောရ ခက်ခဲခြင်းနှင့် ပြောစကားကို နားလည်ရန် ခက်ခဲခြင်း။ - မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးတွင် ကြည့်ရခက်ခဲခြင်း။ - လမ်းလျှောက်ရ ခက်ခဲခြင်း၊ မူးဝေခြင်း၊ ဟန်ချက်ပျက်ခြင်း သို့မဟုတ် ဟန်ချက်ထိန်းရန် ခက်ခဲခြင်း။ - အကြောင်းရင်းမရှိဘဲ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။ - သတိလစ်ခြင်း သို့မဟုတ် မေ့မြောခြင်း။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တစ်ကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် - [ခါစည်း/ ဗိုက်စည်း Waist Trainer](https://www.telekyanmar.org/waist-trainer-april-2024/) - ခါးကို သေးသွယ်လှပစေတဲ့ Waist Trainer လို့ ပြောလိုက်ရင် သင်ဘာတွေသိလဲ ???? 1️⃣ Waist Trainer ဆိုတာ အလွယ်ဆုံးပြောရရင်... ခါးကို အချိန်တိုတွင်း အမြန်ဆုံးချပေးတဲ့ မြန်မာလိုဆို ခါးစည်းခေါ်မလား ဗိုက်စည်းခေါ်ရမလားနော်။ Waist trainer ပေါ်တာလည်း ကြာပြီ။ ကမ္ဘာအနှံ့မှာလည်း သုံးနေကြပါတယ်။ သူက ကလေးမွေးအပြီးသုံးတဲ့ ဗိုက်စည်းမျိုး မဟုတ်ပါဘူးနော်။ သူအပတ်မှာ metal bone လို့ခေါ်တဲ့ သံချောင်းပတ်ပတ်လည်ပါပါတယ်။ 9-16-25 bone (သံချောင်း) စသည်ဖြင့် ပါတတ်ပါတယ်။ သူက တစ်နေ့ကို အနည်းဆုံး (၈~၁၂) နာရီ ဝတ်ပေးရင် ခါးသေးလာစေတာပါ။ Waist trainer ရောင်းတဲ့ ကုမ္ပဏီတွေက မော်ဒယ်လ်တွေနဲ့ WT ဝယ်ပြီး ဝတ်ရင် ကိုယ်အလေးချိန်ကျမယ်၊ - [ရာသီလာခြင်းကို postpone လုပ်ခြင်း Postponement of Menstruation](https://www.telekyanmar.org/postponement-of-menstruation-april-2024/) - ပြသနာလေးအချို့ တင်ပြပါရစေ။ တစ်ခုက ရေကူးအားကစားမယ်တစ်ယောက် အတော်အဆင့်မြင့်တဲ့ပြိုင်ပွဲကြီးတစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရမယ်။ ဗိုလ်စွဲဖို့လည်း အတော်ရေပန်းစားနေတယ်။ ချန်ပီယံတံဆိပ်က သူ့အတွက်။ အားလုံးက အဲဒီလို ကြိုတင်ခန့်မှန်းထားကြတယ်။ ပြဿနာက ပြိုင်ပွဲကျင်းပမယ့်နေ့က သူ ရာသီလာမယ့်နေ့။ ဘာလုပ်ကြမတုန်း။ ပြိုင်ပွဲရက်လည်း ရွှေ့ပေးလို့မရ။ သူကလည်း ပြိုင်ပွဲထဲက နှုတ်ထွက်လို့မရ။ ရေကူးကန်ထဲက ရေတွေလည်း အနီရောင်ပြောင်းသွားလို့ မရ။ ဘာလုပ်ကြမတုန်း။ နောက်တစ်ခုက (ခုခေတ်တော့ တော်တော်ရှားပါပြီလေ) မင်္ဂလာဆောင်တဲ့နေ့နဲ့ မင်္ဂလာဦးည တစ်ထပ်တည်းကျတဲ့ စုံတွဲတွေ။ မင်္ဂလာဆောင်ဖို့ ရက်မြတ်မင်္ဂလာကို လူကြီးသူမတွေ၊ ဗေဒင်ဆရာတွေ၊ ဆရာတော်ဘုရားကြီးတွေက သတ်မှတ်ပေးကြတယ်။ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ လူကြီးတွေရွေးပေးတဲ့ရက်က သူတို့သမီး ရာသီလာမယ့်ရက်နဲ့ တည့်တည့်တိုးနေတယ်။ ဘာလုပ်ကြမလဲ။ သူတို့သမီးက ရက်ရွှေ့ပေးပါလို့ ဘယ်သူ့ကို သွားပြောရဲမလဲ။ နောက်တစ်ခုက ခုတော်လှန်ရေးကာလ ရဲမေတွေ။ - [ဆရာဝန်တွေ ဘယ်လို အလုပ်လုပ်ကြသလဲ](https://www.telekyanmar.org/ဆရာဝန်တွေ-ဘယ်လို-အလုပ်လု/) - ၉၆ ပါး မကသောရောဂါတွေကို ဆရာဝန်တွေ ဘယ်လို ရောဂါနာမည်တပ်ကြသလဲ၊ နာမကျန်းမှုကို သက်သာအောင် ဘယ်လိုမျိုး ဆေးတွေပေးကြသလဲဆိုတာ တွေးကြည့်ဖူးကြပါသလား ???? ဖျားတယ်၊ ဟိုနားလေးကအောင့်တယ် ၊ ခေါင်းကိုက်တယ်၊ ခါးနာတယ် အစရှိတဲ့ များပြားလှတဲ့ ရောဂါ လက္ခဏာတွေထဲက တစ်ခုခုနဲ့ လူနာတစ်ယောက် ဆေးခန်းရောက်လာပြီဆိုပါစို့... ပထမဆုံးအနေနဲ့ ဆရာဝန်တစ်ယောက်ဟာ လူနာရဲ့ ရောဂါလက္ခဏာ အပြည့်အစုံကို မေးရပါတယ်။ အကြမ်းဖျင်းအားဖြင့်... • လူနာ ဆေးခန်းလာရတဲ့ အကြောင်းအရင်း (presenting complaint) • လူနာရဲ့ရောဂါလက္ခဏာ ဘယ်လိုစဖြစ်လဲ၊ ဘယ်အချိန်မှာ ဖြစ်သလဲ၊ ဘယ်လိုနေရင် သက်သာလဲ၊ ဘယ်အချိန်မှာ ပိုဆိုးသလဲ၊ သူနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေရှိလား၊ ဖြစ်နိုင်တဲ့ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ ရောဂါလက္ခဏာတွေ (history of presenting complaints) - [အတက်လူနာအတွက် ရှေးဦးစောင့်ရှောက်မှု](https://www.telekyanmar.org/အတက်လူနာအတွက်-ရှေးဦးစော/) - ???? သတိလစ်ပြီး တက်နေတဲ့လူနာနဲ့ ကြုံရတဲ့အခါ လွယ်ကူစွာ လုပ်ဆောင်ပေးရမယ့် အချက်လေးတွေ ???? ◾မိမိစိတ်ကို တည်ငြိမ်အောင်ထားပါ ဘယ်သူမဆို တက်နေတဲ့လူနာနဲ့ လက်တွေ့ကြုံရတဲ့အခါ "ဟဲ့ လာကြပါဦး။ လုပ်ကြပါဦး...." စသဖြင့် အလန့်တကြားတွေ ဖြစ်တတ်ကြပါတယ်။ ဒီလို မဖြစ်ပါစေနဲ့နော်။ စိတ်အေးအေးထားပါ။ တက်နေတဲ့လူနာတွေဟာ များသောအားဖြင့် မိနစ်ပိုင်းအတွင်း သူ့အလိုလို အတက်ရပ်သွားပါလိမ့်မယ်။ ဒီအချိန်တိုအတွင်း သူ့ကို ဘာတွေကူညီပေးနိုင်မလဲဆိုတာတွေကိုပဲ စိတ်အေးအေးနဲ့ လုပ်ပေးဖို့ လိုပါတယ်။ ပြာယာမခတ်ပါနဲ့နော်။ အစိုးရိမ်လည်း မလွန်ကြပါနဲ့။ ... ... ◾လူနာဘေးမှာ အန္တရာယ်ရှိနိုင်တဲ့အရာတွေရှိရင် ရှင်းထုတ်ပါ လူနာ သူ့ဟာသူ လွတ်လွတ်လပ်လပ် တက်ပါစေ။ ဘေးနားမှာ မာကျော/ချွန်ထက်တဲ့အရာဝတ္ထုတွေ (ဥပမာ။ ကျောက်တုံး၊ စားပွဲခုံ၊ မီးဖို၊ ဓား စတာတွေ) ရှိရင် ရှင်းထုတ်ပေးပါ။ - [မဟော်မုန်းနှစ်မျိုးပါ သန္ဓေတားဆေးလုံးများကိုသောက်ခြင်းဖြင့် သန္ဓေတားခြင်းအပြင် အခြားရရှိနိုင်သော အကျိုးကျေးဇူးများ Non- contraceptive benefits of c.o.c pills](https://www.telekyanmar.org/မဟော်မုန်းနှစ်မျိုးပါ-သ/) - (၁) ရာသီကို မှန်စေပါတယ်။ အောက်ဆုံးတန်း သုံးလေးလုံးမြောက်လောက်ရောက်ရင် ရာသီပေါ်တယ်လေ။ အသက်နှစ်ဆယ်ကျော် အစိတ်ပိုင်း အရွယ်တော်တစ်ဆိတ်ဟိုင်းနေတဲ့ ရာသီမမှန်တဲ့ အပျိုကြီးများကို ဒီ c.o.c pills နဲ့ ရာသီမှန်စေနိုင်ပါတယ်။ ရှင်းတော့ပြရမှာပေါ့။ မဟုတ်ရင် အပျိုစစ်စစ်ကို ကိုယ်ဝန်တားဆေး ပေးရလားလို့ စိတ်ဆိုးခံရနိုင်ပါတယ်။ အပျိုဖော်ဝင်ခါစ ဆယ်ကျော်သက်လေးတွေ ရာသီမမှန်တာကတော့ များသောအားဖြင့် ကုစရာမလိုပါဘူး။ အရင်ကပြောခဲ့သလိုပဲ။ ခန္ဓာကိုယ်အတွင်း အထက်အောက် အပြန်အလှန် အမိန့်ပေးသတင်းပြန်ပို့မှု ဖြစ်စဉ်တွေ တိုင်ပင်မကိုက်သေးလို့ပါ။ တဖြည်းဖြည်း မှန်လာမှာပါ။ ဒီလိုရှင်းပြ စိတ်မပူအောင် နားချရုံပါပဲ။ အရပ်ရှည်ကြီးထွားမှု မပြီးဆုံးသေးခင် c.o.c pills တွေ သောက်လိုက်ရင် အရပ်ရှည်ကြီးထွားမှု ရပ်သွားနိုင်လို့ပါ။ ... ... (၂) ရာသီလာရက် ရှည်လွန်းသူများ၊ ရာသီသွေးဆင်းများလွန်းသူများ (heavy and - [ရုတ်တရက် နှလုံးဖောက်ခြင်း၏ အဖြစ်များသော လက္ခဏာများ](https://www.telekyanmar.org/ရုတ်တရက်-နှလုံးဖောက်ခြင/) - - ရင်ဘတ် အလယ်နားတွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း။ - လက်မောင်း၊ ဘယ်ပခုံး၊ တံတောင်ဆစ်၊ မေးရိုး သို့မဟုတ် နောက်ကျောတွင် နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်း။ - အသက်ရှူကျပ်ခြင်း။ - အော့အန်ခြင်း။ - ရုတ်တရက် သတိလစ်ခြင်း သို့မဟုတ် မူးမေ့လဲခြင်း။ - ချွေးစေးပြန်ခြင်း။ - ဖျော့တော့တော့ဖြစ်ခြင်း။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ ... ... အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့လည်း ပုံလေးတွေနဲ့တစ်ကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ - [ခြေလှမ်းတစ်သောင်း](https://www.telekyanmar.org/ခြေလှမ်းတစ်သောင်း/) - တစ်နေ့ကို ခြေလှမ်းတစ်သောင်း လမ်းလျှောက်ရုံနဲ့ ကျန်းမာရေး ‌ပိုကောင်းမှာလား ???? တစ်နေ့ကို ခြေလှမ်းတစ်သောင်း လမ်းလျှောက်ရမယ် ဆိုပြီး ပြောကြတာ၊ လိုက်လုပ်ကြတာတွေ သိမယ်ထင်ပါတယ်နော်။ ခြေလှမ်းတစ်သောင်း ‌ပြည့်အောင် လျှောက်ဖို့ smart watch တွေ၊ Footsteps tracker တွေသုံးပြီး လျှောက်နေကြတဲ့သူတွေ ရှိလား။ ဒီလို ခြေလှမ်းအရေအတွက်ရအောင် လျှောက်လိုက်တာနဲ့တင် တကယ်ရော ကျန်းမာရေးနဲ့ညီတာလား ပြောပြပါမယ်နော်။ ... ... ၁၉၆၀ ပြည့်နှစ် တိုကျိုအိုလံပစ်ကို ကြိုဆိုနေတဲ့အချိန်တုန်းကပေါ့။ ဂျပန်ကုမ္ပဏီတစ်ခုက ခြေလှမ်း‌တွေကို ရေတွက်တဲ့ electronic device တစ်ခုကို 10000 Steps ဆိုတဲ့ နာမည်နဲ့ ဈေးကွက်ထဲ စတင်ချပြခဲ့ပါတယ်။ အဲဒီ device နောက်ပိုင်းမှာ ဒီဂဏန်းကို Fitness device တွေမှာ - [လေ့ကျင့်ခန်းသရေစာ Exercise Snacking](https://www.telekyanmar.org/exercise_snacking-april-2024/) - အထိုင်များတာဟာ ကျန်းမာရေးအရ မကောင်းတဲ့အကြောင်းကို ပြောပြပြီးပြီမို့ ဒီနေ့မှာတော့ နေ့စဉ်ဘဝထဲမှာ အလွယ်တကူ ထည့်သွင်းပြီး လုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေအကြောင်းကို ပြောပြမယ်နော်။ (အရှေ့ကပို့စ်ကို မဖတ်ရသေးရင် >>> click here) . အရင်ဆုံးအနေနဲ့ Exercise Snacking (လေ့ကျင့်ခန်းသရေစာ) ဆိုတာကို ဘယ်လို ထင်ကြလဲဟင်.... Exercise ဆိုတာ လေ့ကျင့်ခန်း၊ Snacking ဆိုတာ သရေစာစားတာလို့ အဓိပ္ပါယ်ဖွင့်ဆိုကြတာမို့ ပေါင်းလိုက်ရင် လေ့ကျင့်ခန်းလုပ်နေရင်း သရေစာ ထထစားတာမျိုးလား....။ မဟုတ်ပါဘူးနော် ???? “Exercise Snacking” ဆိုတာ စားစရာမပါဝင်တဲ့ “လေ့ကျင့်ခန်းသရေစာ” လေးတွေပါ။ တစ်နေ့ တစ်နေ့ မနက်စာ၊ နေ့လည်စာ၊ ညစာအပြင် ကြားထဲမှာ သရေစာတွေ ထထစားလေ့ရှိကြတယ် ဟုတ်တယ်မလား.... အဲလိုသဘောမျိုးပဲ အားကစားတစ်ခုခုကို အချိန်ပေးပြီး - [မသန်စွမ်းသူတွေ (People with disabilities PWDs) ကို ကူညီနိုင်တဲ့နည်းလမ်းများ](https://www.telekyanmar.org/how-to-help-people-with-disabilities-pwds-march-2024/) - မသန်စွမ်းသူတွေ (People with disabilities PWDs) ကို ကူညီနိုင်တဲ့နည်းလမ်းများ ???? ၁။ သင့်လျော်တဲ့ အခေါ်အဝေါ်ကို အသုံးပြုပါ.... မသန်စွမ်းသူတွေ (People with disabilities PWDs) နဲ့ ပြောဆိုဆက်ဆံရာမှာ သင့်လျော်တဲ့ အခေါ်အဝေါ်တွေကိုသာ အသုံးပြုရပါမယ်။ ဥပမာ - အရင်က "မသန်မစွမ်း" လို့ သုံးစွဲခဲ့တာမှန်ပေမယ့် ဒါဟာ "မသန်သလို မစွမ်းဆောင်နိုင်ဘူး" ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပြီး စော်ကားသလို ဖြစ်သွားစေနိုင်တာကြောင့် အခုအခါမှာ "မသန်စွမ်း" ဆိုပြီး "မသန်ပေမယ့်လည်း စွမ်းပါတယ်" အဓိပ္ပါယ်အဖြစ် ပြောင်းလဲသုံးစွဲရတာမျိုးပါ။ ဒီလိုပါပဲ... "ဉာဏ်ရည်မမီ" လို့ သုံးမယ့်အစား "ဉာဏ်ရည်ချို့တဲ့" ၊ "လက်တွန်းလှည်းနဲ့ သွားရရှာတဲ့ ဦးလေးကြီး" အစား "ဘီးတပ်ကုလားထိုင်နဲ့ သွားလာနေတဲ့ ဦးလေး" - [အသုံးများကြသည့် မဟော်မုန်းနှစ်မျိုး ပေါင်းစပ်ထားသော သန္ဓေတား သောက်ဆေးအကြောင်း](https://www.telekyanmar.org/combined-oral-contraceptive-pills-march-2024/) - "အသုံးများကြသည့် မဟော်မုန်းနှစ်မျိုး ပေါင်းစပ်ထားသော သန္ဓေတား သောက်ဆေးအကြောင်း" Combined oral contraceptive pills (c.o.c pills) မြှားကဒ်၊ နေ့စဉ်သောက်ရသော သန္ဓေတား သောက်ဆေးကဒ်ဟု လူသိများပါသည်။ ဈေးကွက်အတွင်း အလွယ်တကူ ဝယ်ယူရရှိနိုင်သော တံဆိပ်များမှာ marvelon 28, Sure (စိတ်ချ), Ok စသည်တို့ဖြစ်သည်။ တစ်တန်းလျှင် ဆေးလုံး ၇ လုံးပါအတန်း ၄ တန်း၊ စုစုပေါင်း ဆေးလုံး ၂၈ လုံးပါ ဆေးကဒ်များအဖြစ် လာပါသည်။ အပေါ်သုံးတန်း စုစုပေါင်း ၂၁ လုံးသည် ဟော်မုန်းဆေးများဖြစ်ပြီး အဖြူရောင်ဆေးလုံးများအဖြစ် လာပါသည်။ အောက်ဆုံးတန်း ဆေး ၇ လုံးသည် သံဓာတ်အားဆေးဖြစ်ပြီး အချို့တံဆိပ်များတွင် အနီရောင်၊ အချို့တွင် အပေါ်သုံးတန်းပါ ဆေးလုံးများထက် - [လက်ဆေးဖို့အကြောင်း Hand Washing Poster in Ethnic Language](https://www.telekyanmar.org/hand-washing-poster-in-ethnic-language-december-2022/) - လက်ဆေးဖို့ အကြောင်းလေးကို ကချင် ၊ ကယား ၊ စကောကရင် ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရခိုင် ၊ ရှမ်း.... စုံလင်စွာ တင်ဆက်ပေးလိုက်ပါတယ် Ministry of Health, National Unity Government. - [စိတ်ဒဏ်ရာအကြောင်း Trauma in Ethnic Language](https://www.telekyanmar.org/trauma-in-ethnic-language-november-2022/) - မေတ္တာရပ်ခံပါရစေနော်... ကိုယ်က တစ်လုံးမှ မဖတ်တတ် နားမလည်ပေမယ့် အခုပိုစ့်လေးကို....ကိုယ့်မိတ်ဆွေတွေထဲက တိုင်းရင်းသား(လူမျိုးစု)တွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ သူတို့အတွက် အင်မတန်အကျိုးရှိတဲ့ကိစ္စပါ ကူညီကြပါဦးလို့ မေတ္တာရပ်ခံပါတယ်???????? စိတ်ဒဏ်ရာအကြောင်းလေးကို ရေးထားတာပါ ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် ????????) စိတ်ဝင်စားရင်လည်း ဗမာလို ရေးထားတာလေး ဖတ်ကြည့်ကြပေါ့နော် ???? Ministry of Health, National Unity Government. - [ရာသီတုပ်‌ကွေးရောဂါ (Seasonal Influenza) ကာကွယ်ရေး နည်းလမ်းများ](https://www.telekyanmar.org/ethnic-language-prevention-seasonal-influenza-november-2022/) - တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေနဲ့ ကျန်းမာရေးပညာပေးပို့စ်တွေ တယ်လီကျန်းမာမှာ တင်မယ်ဆိုတာ ကြိုပြောခဲ့ပါတယ်နော် ...။ ဒီအစီအစဉ်လေး အခုဆိုရင် အထမြောက်လာပြီဖြစ်ပါတယ် ...။ လောလောဆယ်တော့ တစ်ပတ်ကို (အပတ်စဉ် တနင်္ဂနွေနေ့တိုင်း) ကျန်းမာရေးပညာပေးတစ်ခု တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေနဲ့ တင်ဆက်သွားပါ့မယ်။ တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေကိုလည်း အခုထက် ပိုမိုစုံလင်အောင် ထည့်သွင်းပေးပါ့မယ်။ အခက်အခဲတွေကြားကနေ ကြိုးစားရတာမို့ (ဆင်ခြေပေးတာ မဟုတ်ရပါဘူး) လိုအပ်တာလေးတွေရှိရင်လည်း မငြိုငြင်ပါနဲ့လို့ ...။ ဒီတစ်ပတ်မှာတော့ ဆောင်းလည်းဝင်လာပြီမို့ "ရာသီတုပ်‌ကွေးရောဂါ (Seasonal Influenza) ကာကွယ်ရေး နည်းလမ်းတွေ" ကို အောက်က တိုင်းရင်းသား (လူမျိုးစု) ဘာသာစကားတွေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ - ချင်း - ကရင်နီ - အရှေ့ပိုးကရင် - အနောက်ပိုးကရင် - [အဖြစ်များ​သော တုပ်​ကွေးရောဂါလက္ခဏာများ Flu Symptoms in Ethnic Languages](https://www.telekyanmar.org/flu-symptoms-in-ethnic-languages-march-2024/) - တုပ်ကွေးရောဂါဆိုတာ အဖြစ်များတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ တုပ်ကွေးရောဂါဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပွားရတာဖြစ်ပြီး တုပ်ကွေးပိုးရှိသူက နှာချေ၊ ချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရာကတစ်ဆင့် ဒါမှမဟုတ် အမှုန်အမွှားတွေကို လက်နဲ့ထိတွေ့မိပြီး အဲဒီလက်နဲ့ နှာခေါင်းတို့၊ ပါးစပ်တို့ကို ထိတွေ့မိရာကတစ်ဆင့် ကူးစက်ပါတယ်။ ဒီတစ်ပတ်မှာတော့ “အဖြစ်များ​သော တုပ်​ကွေးရောဂါလက္ခဏာများ” ကို ဗဟုသုတအဖြစ် လူမျိုးပေါင်းစုံဘာသာစကား (၁၀) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) - [သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်းနှင့် အလွှဲများ](https://www.telekyanmar.org/သွေးဆုံးပြီးမှ-သွေးပြန်/) - သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာနဲ့ ပတ်သက်ပြီး လက်ထောက်ဆရာဝန်ဘဝက ငိုအားထက် ရယ်အားသန်ခဲ့ရတဲ့ အလွဲလေးတစ်ခုအကြောင်း ပြောပြမယ်နော်။ အရင်ဆုံး အခြေခံဗဟုသုတလေးက စပါရစေ... အမျိုးသမီးများ သွေးဆုံးပြီလို့ ဘယ်တော့မှ တစ်ထစ်ချ သေချာပေါက် ရဲရဲပြောဝံ့သလဲဆိုရင် ရာသီမမှန်စေသော မဟော်မုန်းပါ ကိုယ်ဝန်တားဆေးများ လုံးဝမသုံးဘဲ သဘာဝအတိုင်း ရာသီမပေါ်တာ တစ်နှစ်တင်းတင်းပြည့်မှ ပြောရဲပါတယ်။ မြန်မာအမျိုးသမီးများရဲ့ သွေးဆုံးသောပျမ်းမျှအသက်သည် ၄၈ - ၅၅ လို့ ဆိုပါတယ်။ ဒါကြောင့် အသက် ၃၅ - ၄၀ ကျော်ရင် မဟော်မုန်းပါ သန္ဓေတားနည်းတွေကိုသုံးဖို့ အားမပေးတော့ဘဲ ရက်ရှောင်နည်း၊ အမျိုးသားလိင်တံအစွပ်သုံးနည်း၊ သားအိမ်အတွင်းထည့်ရသော သန္ဓေတားပစ္စည်းသုံးနည်း၊ စိတ်ပိုင်းဖြတ်နိုင်ပြီး နောက်ထပ် လုံးဝကိုယ်ဝန်မယူတော့ဟု သေချာလျှင် အမျိုးသမီး၏ ချစ်သူလမ်းကြားလေးကို ဖြတ်တောက်သောနည်း စသည်တို့ကို ပြောင်းလဲအသုံးပြုရန် အကြံပြုရပါသည်။ - [လျော့ထိုင်ကြရအောင်](https://www.telekyanmar.org/လျော့ထိုင်ကြရအောင်/) - ခုခံအားကျဆင်းမှုကူးစက်ရောဂါပိုး (HIV) နဲ့ အဲဒီရောဂါကို ကုသတဲ့ဆေး (ART) အကြောင်းတွေကို ရေးနေကျကနေ ဒီတစ်ခါတော့ အထွေထွေ ကိုယ်လက်လှုပ်ရှားအားကစားနဲ့ လေ့ကျင့်ခန်းအကြောင်းလေးတွေကို ရေးပါ့မယ်နော်။ ART၊ HIV နဲ့ပတ်သတ်ပြီး မေးစရာ တိုင်ပင်စရာတွေ ရှိလာရင်တော့ တယ်လီကျန်းမာရဲ့ TeleRed ဆေးခန်းကိုသာ ဘွတ်ကင် လှမ်းတင်ထားလိုက်ပါ။ စာကမရေးရသေးဘူး၊ ကြော်ငြာကအရင်ဝင်တယ် ဒီဆရာဝန်။ ???? ... ... ဒါဆိုရင် အထိုင်များတဲ့အကြောင်းနဲ့ ပတ်သက်ပြီး စလိုက်ကြရအောင်.... ကိုဗစ်ကာလနဲ့ ကိုဗစ်အလွန်ကာလမှာ အိမ်ကနေပဲ အလုပ်လုပ်ရတဲ့သူအ‌ရေအတွက်ဟာ များလာသလို လုံခြုံရေးနဲ့ အခြေအနေ အကြောင်းအမျိုးမျိုးအရ အိမ်တွင်းပဲအောင်းပြီး ထိုင်ရတာများတဲ့သူတွေ တိုးလာတာကို လိုက်ရေကြည့်စရာတောင် မလိုဘူးထင်ပါတယ်နော်။ တယ်လီကျန်းမာအွန်လိုင်းဆေးခန်းကနေ လူနာကြည့်ပေးနေတဲ့ ဆရာဝန်တွေ၊ လူနာတွေကို ကူညီပေးနေတဲ့ အရေးပေါ် ဟော့လိုင်း (Hotline) - [ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများ Climate Change](https://www.telekyanmar.org/ရာသီဥတုဖောက်ပြန်ပြောင်/) - ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းဟာ လူတွေရဲ့ကျန်းမာရေးကို နည်းအမျိုးမျိုးနဲ့ သက်ရောက်မှုရှိပါတယ်။ ရာသီဥတုနဲ့ ပတ်ဝန်းကျင်မှာ လွန်ကဲစွာပြောင်းလဲမှုတွေဟာ ရှိရင်းစွဲကျန်းမာရေးပြဿနာတွေကို တိုးလာစေနိုင်တဲ့အပြင် ရောဂါပြဿနာအသစ်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ... ... ???? ရာသီဥတုပြောင်းလဲမှုတွေဟာ လူ‌တွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲ.... ရာသီဥတုပြောင်းလဲခြင်းနဲ့ အပူချိန်လွန်ကဲခြင်း၊ လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်တွေတိုးလာခြင်းနဲ့ အစားအစာမဖူလုံခြင်း စတာတွေဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေဟာ လူတွေရဲ့ ကျန်းမာရေးကိုလွှမ်းမိုးတဲ့ အဓိကအကြောင်းရင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ - အမိုးအကာလုံခြုံမှု - လေထုအရည်အသွေး - သောက်သုံးရေ အရည်အသွေး၊ စိတ်ချရမှုနဲ့ အထောက်အပံ့ - အစားအစာရရှိနိုင်မှု - အစားအစာတွင် ပါဝင်သော အာဟာရအဆင့်များ စတဲ့အချက်တွေပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ ... ... - [ရာသီလာချိန် အဆုတ်ထဲမှာပါ သွေးထွက်ပြီး၊ ချောင်းဆိုးသွေးပါ ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေတစ်မျိုး Thoracic Endometriosis](https://www.telekyanmar.org/thoracic-endometriosisaugust2023/) - ရာသီလာချိန် အဆုတ်ထဲမှာပါ သွေးထွက်ပြီး၊ ချောင်းဆိုးသွေးပါ ဖြစ်စေနိုင်တဲ့ ရောဂါအခြေအနေတစ်မျိုးဟာ တကယ်ကြီးရှိနေပြီး အဲဒါကို (Thoracic Endometriosis) လို့ ခေါ်ပါတယ်နော်... အဲဒီတော့... TE အကြောင်းကို မပြောခင် Endometriosis ဆိုတာလေးကို အရင်ဆုံးရှင်းပြဖို့ လိုမယ်ထင်ပါတယ်။ Endometriosis ဆိုတာကတော့ သားအိမ်ရဲ့ အတွင်းနံရံတစ်သျူးအချို့ဟာ သားအိမ်အတွင်းမှာ ရှိမနေဘဲ တခြားတစ်နေရာမှာ သွားပြီးရှိနေတာကို ဆိုလိုချင်တာပါ။ များသောအားဖြင့် ဝမ်းဗိုက်အောက်ပိုင်း တင်ပါးဆုံအတွင်းက တခြားအင်္ဂါအစိတ်အပိုင်းတွေမှာ ရှိနေတတ်ပြီး၊ အဓိကကတော့ သားဥအိမ်နဲ့ သားဥပြွန်မှာ အဖြစ်အများဆုံးပါပေါ့။ Endometriosis ဟာ အမျိုးသမီးတွေရဲ့ (၆ - ၁၀%) အထိ ဖြစ်တတ်ကြတယ်လို့လည်း ဆိုပါတယ်။ .. .. အဲဒီတော့ ပြဿနာက ဘာလဲ ???? ပြဿနာက ဘာလဲဆိုတော့ - [ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ Anaemia in Pregency](https://www.telekyanmar.org/anaemia-in-pregencyaugust2023/) - “ကိုယ်ဝန်ဆောင် သွေးအားနည်းရောဂါ” ကိုယ်ဝန်ဆောင်စဉ်မှာ မိခင်တွေဟာ သွေးအားနည်းတတ်လေ့ရှိပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်စဉ် မိခင်အတွက်ရော သန္ဓေသားဖွံ့ဖြိုးမှုအတွက်ပါ သွေးနီဥနဲ့ ဆဲလ်တွေ ပိုထုတ်ရလို့ ဖြစ်ပါတယ်။ ဒီလိုအချိန် သွေးနီဥတွေ လုံလောက်စွာ ထုတ်လုပ်ဖို့ အာဟာရဓာတ်တွေ လုံလောက်မှုမရှိတဲ့အခါ (သို့) ခန္ဓာကိုယ်မှ ဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာ သွေးအားနည်းရောဂါ ခံစားရနိုင်ပါတယ်။ .. .. ❕သွေးအားနည်းရောဂါ အမျိုးအစားများ သွေးအားနည်းရောဂါ ဖြစ်စေတဲ့ အကြောင်းအချက်တွေ အများကြီးရှိတဲ့အနက် ကိုယ်ဝန်ဆောင်စဥ် အဖြစ်များတာတွေကတော့... သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖောလစ်အက်စစ်ချို့တဲ့ သွေးအားနည်းရောဂါ ဗီတာမင် B12 ချို့တဲ့သော သွေးအားနည်းရောဂါတို့ပဲ ဖြစ်ပါတယ်။ ???? ကိုယ်ဝန်ဆောင်စဉ်မှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဟာ အဖြစ်များလေ့ရှိပါတယ်။ ???? သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါမှာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင်ပို့ပေးတဲ့ ကောင်းမွန်တဲ့ - [သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (October,2023)](https://www.telekyanmar.org/သားအိမ်ခေါင်းကင်ဆာ-ကာကွ/) - သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ယောက်ျားလေးတွေမှာလည်း ထိုးလို့ရပါတယ်နော်။ ဘာကြောင့်လဲဆို မြန်မာလိုနာမည်အရ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး" ဖြစ်နေပေမယ့် တကယ်တမ်းတော့ သူဟာ (Human Papilloma Virus) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်ပေးတဲ့ ကာကွယ်ဆေးမို့လို့ပါ။ ဒီဗိုင်းရပ်စ်အမျိုးအစားတွေဟာ အဓိကအားဖြင့် သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတတ်တာမို့ မြန်မာမှု ပြုလုပ်တဲ့အခါ "သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး" ဆိုပြီး ဖြစ်သွားပေမယ့်... သူတို့တွေဟာ.... - ကြွက်နို့ပေါက်တာ - မိန်းမကိုယ် ယောနိကင်ဆာ - မိန်းမကိုယ် အပြင်ပိုင်းကင်ဆာ - အမျိုးသား လိင်တံကင်ဆာ - စအိုကင်ဆာ - အာခေါင်နဲ့ လည်ပင်းကင်ဆာ စတာတွေကိုလည်း ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးဆိုပေမယ့် ဒီလိုမျိုး အခြားကင်ဆာတွေကိုလည်း ကာကွယ်ပေးတာမို့ အမျိုးသားတွေမှာလည်း ထိုးလို့ရတယ်လို့ - [ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆီးချိုရောဂါ Diabetes & Pregnancy (October,2023)](https://www.telekyanmar.org/diabetes-pregnancy-october2023/) - ကိုယ်ဝန်ဆောင်ခြင်းနှင့် ဆီးချိုရောဂါ အမျိုးသမီးများဟာ ကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုဖြစ်စဉ်များစွာ ‌ဖြစ်ပေါ်ပါတယ်။ ဒီအပြောင်းအလဲတွေထဲ သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်းဆိုင်ရာ အပြောင်းအလဲသည်လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။ အချို့အမျိုးသမီးများဟာ နဂိုက ဆီးချိုရောဂါအခံမရှိပါဘဲ ကိုယ်ဝန်ဆောင်ချိန်ရောက်မှ သွေးတွင်းသကြားဓာတ်များခြင်း ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအကြောင်းကို ဖတ်ကြည့်လိုက်ရအောင်နော်။ ... ... ကိုယ်ဝန်ဆောင်ခြင်းဟာ ဆီးချိုရောဂါအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေလဲ အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်တဲ့အခါ ခန္ဓာကိုယ်ထဲက သကြားဓာတ်တွေကို ထိန်းဖို့အတွက် အင်ဆူလင် လိုအပ်မှုက နဂိုထက် တိုးလာပါတယ်။ ဆီးချိုရောဂါရှိပြီးသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဒီအချိန်မှာ သောက်‌နေကျဆေးကို ပိုတိုးဖို့ လိုအပ်လေ့ရှိပါတယ်။ ဆီးချိုကို ကောင်းစွာမထိန်းသိမ်းနိုင်ရင် မိခင်အတွက်ရော သန္ဓေသားအတွက်ပါ ဆိုးကျိုးတွေရှိပါတယ်။ ဆီးချိုရောဂါရှင်တစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်ကို ပိုမိုပြသပြီး ဆီးချို မှန်မှန်စစ်ဖို့ လိုပါမယ်။ - [ကွန်ဒုံးအသုံးပြုနည်း](https://www.telekyanmar.org/ကွန်ဒုံးအသုံးပြုနည်း/) - သားဆက်ခြားနည်း နောက်တစ်နည်းဖြစ်တဲ့ အမျိုးသားလိင်တံအစွပ် Condom အသုံးပြုနည်းအကြောင်း (Barrier Method) ပြောကြရအောင်နော်။ သမိုင်းကို ပြန်လှန်ကြည့်ရမယ်ဆိုရင် condom ဆိုတာ BC 300 လောက်ကတည်းက ပေါ်ခဲ့တာတဲ့။ စပေါ်ခါစက သိုးတွေ၊ ဆိတ်တွေရဲ့ ဆီးအိမ်၊ အူသိမ်စသည်တို့ဖြင့် ပြုလုပ်ခဲ့ကြပါတယ်တဲ့။ အဲဒီအချိန်ကတည်းက လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများကို ကာကွယ်ရန်နှင့် ကိုယ်ဝန်တားရန် ရည်ရွယ်ချက်နှစ်ခုစလုံးဖြင့် အသုံးပြုပါတယ်တဲ့။ AD ၁၇ ရာစုခန့်မှာတော့ ရာဘာကို စတင်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်တဲ့။ Condom ကို ပြင်သစ်တွေက English Raincoat လို့နောက်ပြောင်ခေါ်ကြပြီး အင်္ဂလိပ်တွေက French Leather လို့ နောက်ပြောင်ခေါ်ကြပါတယ်တဲ့။ Dr Alexander Fleming က ပင်နယ်စလင် ပိုးသတ်ဆေး (Penicillin) ကို ရှာမတွေ့မီကာလက - [နှလုံးသားကလေးကျန်းမာစေဖို့](https://www.telekyanmar.org/နှလုံးသားကလေးကျန်းမာစေ/) - ကျွန်တော်တို့ကို အသက်ဆက်နေနိုင်အောင် အမြဲမပြတ် ခုန်လှုပ်ပေးနေရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကလေးတစ်ခု ရှိပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ "နှလုံးသားကလေး" ပါပဲ။ နှလုံးသားလေးဟာ အသက်အရွယ် ကြီးရင့်လာလို့ဖြစ်စေ၊ ကျွန်တော်တို့ရဲ့ ကျန်းမာရေးမလိုက်စားမှု၊ မဆင်ခြင်မှုတွေကြောင့်ဖြစ်စေ တစ်နည်းနည်းနဲ့ နာမကျန်းဖြစ်တတ်ပါတယ်။ ဒီတော့ နှလုံးသားကလေး ကျန်းမာနေစေဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်တွေကို ဖတ်ရှုလိုက်ကြရအောင်နော်။ ... ... ????နှလုံးရောဂါဟာ ဘာတွေကြောင့် ဖြစ်နိုင်သလဲ.... - နှလုံးရောဂါနဲ့ပတ်သက်ပြီး မျိုးရိုးရှိရင် - အသက် (၄၅) နှစ်ကျော်လာရင် - ဆေးလိပ်သောက်တတ်သူဖြစ်ရင် - ကိုယ်လက်လှုပ်ရှားမှု အားနည်းသူဖြစ်ရင် - ကိုယ်အလေးချိန် မထိန်းသိမ်းရင် - ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ မဟုတ်ရင် နှလုံးရောဂါဖြစ်လာဖို့ အခွင့်အလမ်း ပိုများပါတယ်။ ... ... အဖြစ်များတဲ့ နှလုံးရောဂါတွေက - [အပေါ်လမ်းကြောင်း အောက်လမ်းကြောင်း](https://www.telekyanmar.org/အပေါ်လမ်းကြောင်း-အောက်လ/) - "ဆရာမရေ ကျွန်မသမီးကို ကြည့်ပေးပါဦး...." ဟူသော စကားသံနှင့်အတူ မျက်စိမျက်နှာပျက်နေသည့် အမေဖြစ်သူက အသက်ဆယ့်‌ခြောက်နှစ်အရွယ် သနားကမားမိန်းကလေးတစ်ယောက်ကို လက်ဆွဲ၍ ဝင်လာလေသည်။ ကလေးမလေးခမျာ မျက်နှာချောင်ကျနေရုံသာမက လူကလည်း ဖြူပတ်ဖြူရော်ဖြစ်နေ‌၏။ ဆေးခန်းထဲဝင်လာကတည်းက တဟွတ်ဟွတ်နှင့် ချောင်းဆိုးနေသည်မှာလည်း မြင်မကောင်းလှပေ။ "ဘယ်လိုဖြစ်တာလဲ အဒေါ်ရေ ပြောပါဦး" "ဒါ ကျွန်မသမီးလေးပါ ဆရာမ။ ချောင်းဆိုးတာ သွေးတွေပါလာလို့ မီးယပ်ပေါ်အောင် သွေးပေါ်ဆေးလေးထိုးဖို့ ခေါ်လာခဲ့တာပါ" "ဟင်... ရှင့်သမီးဖြစ်တာက ချောင်းဆိုးပြီး သွေးပါတာဆို။ ဘယ်လိုဖြစ်ပြီး မီးယပ်က ပေါ်ချင်တာတုန်း အဒေါ်ရဲ့" "ဪ ဆောရီးပါ... ဆရာမရေ။ ကျွန်မက ပျောက်ချင်ဇော လောကြီးသွားလို့ပါ။ ဆရာမ ဆုံးဖြတ်ရတာလည်း လွယ်သွားအောင် အတိုချုံ့ပြီးပြောမိသွားတာ။ ဒီလိုပါ... သမီးလေးက ရာသီထိမ်တာ သုံးလလောက်ရှိပြီ ဆရာမရဲ့။ အပျိုလေးဆိုတော့ စိတ်ပူလိုက်ရတာ။ - [ဟန်ချက်ကို အာရုံခံသူများ](https://www.telekyanmar.org/ဟန်ချက်ကို-အာရုံခံသူမျာ/) - ခန္ဓာကိုယ်ရဲ့ဟန်ချက်ကို အဓိကအာရုံခံပြီး ထိန်းညှိဖို့လုပ်ဆောင်ပေးနေတာက မျက်စိ၊ နားနဲ့ ကြွက်သား/အဆစ်တွေမှာ ရှိနေတဲ့ အာရုံကြောတွေ ဖြစ်ပါတယ်နော်။ မျက်စိကတော့ ရှင်းပါတယ်။ သူမြင်နေသမျှအားလုံးကို ဦးနှောက်ဆီ သတင်းပို့တာမို့ ကိုယ့်ခန္ဓာကိုယ်ဟာ အတည့်လား/ဇောက်ထိုးထား၊ ရပ်နေတာလား/ရွေ့နေတာလား အစရှိသဖြင့် သိနေရတာပေါ့။ ကြွက်သားနဲ့ အဆစ်အမြစ်တွေမှာရှိတဲ့ အာရုံကြောတွေကတော့ သူတို့ရဲ့ပုံစံအနေအထားကို အာရုံခံပြီး ဦးနှောက်ဆီ အမြဲသတင်းပို့ပေးနေပါတယ်။ ဒါကြောင့် မျက်စိမှိတ်ထားပြီး ဘာမှမမြင်ရရင်တောင်မှ ခြေထောက်ဟာ ကွေးနေသလား/ဆန့်နေသလား၊ ခါးကွေးထားလား/ဆန့်နေသလား၊ လှုပ်ရှားသွားလာနေသလား/ရပ်တန့်နေသလား အစရှိသဖြင့် ခန္ဓာကိုယ်အနေအထားကို အလိုလို သိရှိနေတာပေါ့။ နားကတော့ နည်းနည်းရှုပ်ပါတယ်နော်။ သူက အကြားအာရုံနဲ့ ခန္ဓာကိုယ်အနေအထားကို အာရုံခံတာ မဟုတ်ပါဘူး။ နားရဲ့အတွင်းပိုင်းမှာ စက်ဝိုင်းခြမ်းလို ကွေးကွေးလေးဖြစ်နေတဲ့ (အရည်အချို့ ပါဝင်နေတဲ့) ပြွန်လေး (၃) ခုနဲ့ အရည်အိတ်လေး (၂) ခု - [ဒေါက်တာ Harry နှင့် Hemopneumothorax](https://www.telekyanmar.org/ဒေါက်တာ-harry-နှင့်-hemopneumothorax/) - Hello ကျွန်တော် Dr Harry ပါ ဒီတလော လူနာအရမ်းများပြီး ရှုပ်နေတာနဲ့ စာမရေးဖြစ်တာ တော်တော်လေး ကြာသွားတယ်။ ပုံမှန် တစ်လ တစ်ကြိမ်လောက် ကြိုးစားပြီးရေးပေမယ့် ပြီးခဲ့တဲ့လက ပြဿနာတွေများလွန်းလို့ စိတ်ရောလူရော အရမ်းပင်ပန်းပြီး စာရေးတဲ့ဘက်ကို ဘယ်လိုမှ အာရုံမစိုက်နိုင်တာနဲ့ စာမူလာတောင်းတာကို အသာလေး မသိချင်ယောင် ဆောင်ထားလိုက်မိသွားတယ်???? ဆေးခန်းက ပြင်ပလူနာ တစ်ရက်ကို ၆၀ ကနေ ၁၀၀ လောက်နဲ့ တစ်ပတ်မှာ ၆ ရက်ကြည့်ပါတယ်။ အရေးပေါ်တွေ၊ မွေးလူနာတွေကတော့ ၂၄ နာရီ ၇ ရက်လုံး လာချင်သလို လာကြပါတယ်။ အဲ့ဒီတော့ Sunday တစ်ရက်ဟာ ကျွန်တော်အတွက် နားရက်ပေါ့လေ။ နားရက်ဆိုလို့ အေးဆေးနားနေရတယ်တော့ မထင်ပါနဲ့... မနက်နိုးတာနဲ့ ကော်ဖီတစ်ခွက်သောက်ပြီး ဆေးခန်းမှာတင်ထားတဲ့ - [ထမင်းစားတဲ့အခါ အာဟာရမျှတပြီး ကျန်းမာအောင်စားနည်း 50-25-25 Meal](https://www.telekyanmar.org/50-25-25-meal-august-2023/) - ❤️ အစာလည်းဆေး၊ ဆေးလည်းအစာ ❤️ ဆိုတဲ့ စကားလေးအတိုင်း ခုခေတ်မှာ အစားအသောက် ပုံစံမှန်ဖို့ အားပေးလာကြပါတယ်။ အစားအသောက်ပုံမှန် မမှန်ခြင်းကြောင့် အဝလွန်တာ၊ သွေးတိုး၊ ဆီးချို ၊ နှလုံး အစရှိတဲ့ရောဂါတွေလည်း အဖြစ်များလာကြပါတယ်။ ဒါကြောင့် ထမင်းစားတဲ့အခါ အာဟာရမျှတပြီး ကျန်းမာအောင်စားတဲ့ ပုံစံလေးတစ်ခုကို ပြောပြချင်တာပါ... ????️ ဒါကတော့ 50-25-25 Meal ပုံစံပါ။ ဒီ Meal plan က ဆီးချိုသမားအများစုနဲ့ ရင်းနှီးမယ်ထင်ပါတယ်ရှင်.... .. .. အာရှနိုင်ငံအများစုဟာ အများအားဖြင့် ထမင်းကို အဓိကစားတဲ့နိုင်ငံတွေဖြစ်သလို အထူးသဖြင့် မြန်မာပြည်မှာ ကြားရတာအများဆုံးက စည်းကမ်းရှိအောင်ထမင်းစားရင် ဟင်းအများကြီးမစားရဘူး ဆိုတာပါ။ ငယ်ငယ်ထဲက ထမင်းချည့် လှိမ့်စားလာကြရတတ်ပါတယ်။ အိမ်က အဖေအမေ လူကြီးတွေကအစ ဟင်းစားနည်းတဲ့အကျင့်ဟာ - [သံပုရာရည်နှင့် သွေးပေါင်ချိန် Lemon Juice and BP](https://www.telekyanmar.org/lemon-juice-and-blood-pressure-june-2023/) - ဆေးခန်းမှာ မိုးကလေးက စိုတိုတိုနဲ့ ဖျားလို့နာလို့ လာပြတဲ့ ကလေးငယ်တွေကြည့်အပြီးမှာတော့ ဒေါ်ညိုမြ အလှည့်ရောက်လာပါပြီ… ဆရာ။ ကဲ ဒီမှာထိုင်ပါဦး ... ဘယ်လိုဖြစ်တုန်း အဒေါ်ရ......ဟုပြောပြောဆိုဆိုဖြင့် သွေးပေါင်ချိန်ရန် လက်ပတ်ကို လူနာ၏လက်မောင်းမှာ ပတ်ရွယ်လိုက်သည်။ ဒေါ်ညိုမြ။ ဆရာရေ အဒေါ်က သွေးတိုးရှိတော့လေ ဒီနေ့ အရမ်းသွေးပေါင်တက်နေလားမသိဘူး၊ ခေါင်းတွေ တအားအုံနေတာပဲ အိပ်ရာနိုးကတည်းက … သံပုရာ ရည်လည်း ၂ ခွက်ရှိပြီ သောက်ထားတာ မသက်သာသေးဘူး… ငုံ့လိုက်တာနဲ့ ခေါင်းက လေးလေးကျိန်းကျိန်းကြီးဖြစ်လာတာ …ရင်ထဲတောင်နေမထိဘူး ဆရာရေ။ ဆရာ။ ဖြစ်ရမယ် အဒေါ်ရေ သွေးပေါင်က တော်တော်ကို တက်နေတာ … အပေါ်သွေး ၁၈၀ အောက်သွေး ၁၁၀ တောင်၊ ဒါနဲ့ ခေါင်းအုံတာအပြင် အခု ပါးတစ်ခြမ်းရွဲ့တာ၊ - [ကျောက်ကပ်ရောဂါ နောက်ဆုံးအဆင့် End Stage Renal Disease](https://www.telekyanmar.org/end-stage-renal-disease-june-2023/) - အသက် ၇၁ နှစ်ကျော်အထိ သန်တုန်းမြန်တုန်း ဦးကြိုင်တစ်ယောက် ခုတလော အသားတွေ ယားယားနေသည်မှာ သုံးလခန့်ရှိနေပြီ ဖြစ်သည်။ အဖုတွေအပိန့်တွေလည်း မယ်မယ်ရရမထွက်ဘဲ ယားလေကုတ်လေနဲ့ သံသရာလည်နေ၏။ လူက ပိန်ပိန်ပါးပါးပေမယ့် အရင်ကလည်း ရောဂါကြီးကြီးမားမား မဖြစ်ဖူးခဲ့ ... တစ်ခါမှလည်း မစစ်ဖူးခဲ့။ သွေးပေါင်တောင် ငယ်ငယ်ကချိန်ဖူးတာ တစ်ခါလားပဲမသိ။ ဦးကြိုင်က ကွမ်းနဲ့ဆေးလိပ်တော့ အလွန်ကြိုက်သည်။ တစ်ခါတလေ အားနည်းချင်သလို ညောင်းသလိုဖြစ်လာရင် သူများညွှန်းသလို ဆေးရွက်လေးတွေ ပြုတ်သောက်၊ စပ်ဆေးလေးသောက်ပေါ့။ အခုတော့ အယားက ဘယ်လိုမှမပျောက်။ ဒီရက်ပိုင်း အရင်ကထက် နည်းနည်းအမောမခံနိုင်ဖြစ်ပြီး အစားအသောက် ပျက်လာသည်။ ဆီးသွားတာနည်းပြီး ခြေကျင်းဝတ်‌လေးများလည်း နည်းနည်းဖောနေတာ သတိထားမိသည်။ ဒီလိုနဲ့ မနက်စောစောတစ်ခုတွင်တော့ ဦးကြိုင်တစ်ယောက် ခေါင်းတွေအလွန်မူးပြီး အန်ပါတော့သည်။ သုံးခါလောက်ထိုးအန်ပြီး ခေါင်းမထူနိုင်လို့ အိပ်ရာထဲလဲသွားတော့ - [သွေးလွန်တုပ်ကွေး ဖြစ်ရင် ဘယ်လိုစားသောက်နေထိုင် ပြုမူသင့်သလဲ? Dengue and Diet](https://www.telekyanmar.org/dengue-and-diet-june-2023/) - မိုးလေးက ညိုညို၊ တုပ်ကွေးလေးက တကြိုကြို ဖြစ်တဲ့ရာသီ ရောက်လာပါတော့မယ်နော်…. မိုးဦးပေါက်ပြီဆိုတာနဲ့ တုပ်ကွေးလေးတွေ စလာကြပါပြီ။ တို့မြန်မာပြည်လို အပူပိုင်းသမဇုန်ထဲကျနေတဲ့ နိုင်ငံအဖို့တော့ ခြင်တွေက ပေါတယ်လေနော်။ ဒီတော့ ခြင်ကကူးတဲ့ တုပ်ကွေးကို မမေ့စေလိုပါဘူး။ အဲဒါကတော့ သွေးလွန်တုပ်ကွေးပေါ့… တစ်နှစ်တစ်နှစ် တို့ရင်သွေးနုနုလေးတွေကို ဇီ၀ိန်ခြွေတဲ့အထိဆိုးနိုင်တဲ့ သွေးလွန်တုပ်ကွေးအကြောင်းကို အထူးတလည်တော့ မရှင်းတော့ပါဘူး...မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ အဲဒါကလည်း ခြင်မပေါက်အောင်လုပ်မှ အကိုက်မခံရအောင်လုပ်မှ ဖြစ်မှာနော်။ ပူကလည်း ပူ၊ မိုးကလည်း ညိုနဲ့ ခြင်မတော်တဆကိုက်သွားလို့ သွေးလွန်တုပ်ကွေး ဖြစ်သွားပြီဆိုရင်တောင် အဆိုးရွားကြီးမဖြစ်အောင် ဘယ်လိုစားသောက်နေထိုင် ပြုမူသင့်တယ်ဆိုတာလေး ပြောပြပေးသွားမှာပါ။ .. .. အရေးကြီးတဲ့ သိသင့်တဲ့အချက်လေးတွေကတော့ သွေးလွန်တုပ်ကွေးကာကွယ်ဆေးဟာ USA နဲ့ ဆက်စပ်နေရာအချို့မှာသာ ထိုးလို့ရနိုင်ပါတယ်။ နေရာတော်တော်များများအတွက်တော့ ထိုးဖို့မလွယ်သေးပါဘူး...ခြင်မကိုက်အောင်သာ ဂရုစိုက်ရမှာပါ။ ကလေးတွေမှာအဖြစ်များပေမယ့် - [ချောင်းဆိုးတဲ့အခါ ဆံပင်တွေထွက်လာတာနဲ့ ဆံခြည်မျှင်တွေ အန်တတ်တဲ့အကြောင်း Trichoptysis and Trichobezoar](https://www.telekyanmar.org/trichoptysis-and-trichobezoar-march-2023/) - ချောင်းဆိုးတဲ့အခါ သလိပ်တွေ မထွက်ဘဲ... ဆံပင်တွေ ထွက်လာတာ... အဆီခဲ အဆီဖတ်တွေ ထွက်လာတာ… ကျောက်ခဲလိုမျိုးလေးတွေ ထွက်လာတာ... အဲ့လို ရောဂါအခြေအနေမျိုးက တကယ်ရှိပါတယ်နော် ရှိတော့ရှိတယ် ရှားတယ် ဆိုသလိုမျိုးပေါ့။ ရင်ဘတ်ထဲမှာ အကျိတ်တည်တယ်...အဲ့အကျိတ်ကလည်း လေပြွန်တွေနဲ့ ဆက်နေပြီး နည်းနည်းပေါက်ပြဲသွားတဲ့အခါ အကျိတ်ထဲမှာရှိတဲ့ ဆံပင်တွေဟာ ချောင်းဆိုးရာကတစ်ဆင့် အပြင်ကို ထွက်လာပါသတဲ့ ဘယ်လို...ဘယ်လို... အကျိတ်ထဲ ဘယ်လိုလုပ် ဆံပင်တွေ ရှိရတာတုန်း ???? ? ... ... ဒီလို ဒီလို... မမျိုးဥအိမ်တို့ (အမျိုးသားတွေမှာဆို ဝှေးစေ့တို့) အဲ့လိုနေရာမှာ ဖြစ်တတ်တဲ့ အကျိတ်တစ်မျိုး။ သူက မျိုးပွားဆဲလ် (germ cell) တွေကနေ အကျိတ်ဖြစ်လာတာ... မျိုးပွားဆဲလ် ဆိုတဲ့အတိုင်း သူ့ဆီမှာ လူဖြစ်လာနိုင်တဲ့ အင်္ဂါအစိတ်အပိုင်း တော်တော်များများပါတယ်။ - [အမျိုးသမီးများ သားဥအိမ်ရေအိတ်တည်လျှင် ဘယ်လို စားသောက်ဆင်ခြင်သင့်သလဲ ?](https://www.telekyanmar.org/အမျိုးသမီးများ-သားဥအိမ်/) - စနေနေ့တိုင်း အပတ်စဥ်တင်ဆက်ပေးနေကျ အာဟာရနဲ့သက်ဆိုင်တဲ့ပိုစ့်လေးတွေအတွက် ဒီတစ်ပတ်မှာတော့......အမျိုးသမီးများအတွက် သတိပြုစရာ သားဥအိမ်ရေအိတ်တည်ရင် ဘယ်လို စားသောက်ဆင်ခြင်သင့်တယ်ဆိုတာလေး ပြောပြပေးသွားမှာပါ။ ဘာရောဂါမှန်းသေချာမသိသူတွေ ဘာကြောင့် ဘယ်လိုဖြစ်တယ်ဆိုတာ ပြန်နွှေးချင်ရင်တော့ အရင်က တင်ဖူးတဲ့ ပိုစ့်လေးကို ပြန်ဖတ်ကြည့်လို့ရပါတယ် >>> click here . . PCOS လို့ခေါ်တဲ့ ဒီရောဂါမှာ အ၀လွန်ခြင်း ၊ သွေးတွင်းအချိုဓာတ်မထိန်းနိုင်ခြင်းတို့နဲ့ တွဲတတ်ပါတယ်။ Lifestyle လို့ ခေါ်တဲ့ မိမိနေ့စဥ်ဘ၀ရဲ့ အလေ့အထလေးတွေကို ဂရုတစိုက်ပြုပြင်ပြီး ကျန်းမာအောင်လုပ်သွားလို့ရပါတယ် PCOS ဖြစ်လာရင် ပထမဆုံးကုသမှုကလည်း healthy lifestyle ဖြစ်အောင် လုပ်ဆောင်ခြင်းပါပဲ... ကိုယ်အလေးချိန် ရှိရင်းစွဲထက် ၅% လောက် ကျသွားရင်ကို အရည်အိတ်တွေပြန်သေးသွားတာတို့ ၊ ရာသီမှန်လာတာတို့၊ ကိုယ်၀န်ဆောင်နိုင်လာတာတို့အပြင် ဆီးချိုဖြစ်နိုင်ခြေတွေကိုလည်း လျော့ချနိုင်ပါတယ်။ ဒါ့ကြောင့် - [သဘာဝအလျောက် ပြောင်းလဲနေသည့် နှာခေါင်းအတွင်းမှ ဖြစ်စဥ်တစ်ခု Nasal Cycle](https://www.telekyanmar.org/nasal-cycle-march-2024/) - သင့်ရဲ့နှာခေါင်း (၂) ပေါက်ဟာ လေကို ညီတူညီမျှ ရှူသွင်းနေတာ မဟုတ်ဘဲ တစ်ဖက်ဖက်က ပိုပြီး ရှူသွင်းရှူထုတ် လုပ်နေတယ်ဆိုတာ သိပါရဲ့လား။ (မယုံရင် နှာခေါင်းပေါက်တစ်ခုစီရှေ့ လက်ဖျားလေးနဲ့ အာရုံခံကြည့်လို့ ရပါတယ်) ဘယ် (သို့) ညာ တစ်ဖက်က ပိုအလုပ်လုပ်နေပြီး ဒီလိုဖြစ်နေတာဟာ အမြဲတော့မဟုတ်ဘဲ နာရီပိုင်းအလိုက် သူတို့လည်း ဂျူတီချိန်းကြပါတယ်။ ဥပမာ - မနက်ခင်းမှာ ဘယ်ဖက်က ပိုရှူနေပေမယ့် ညနေခင်းကျ ညာဖက်က ပိုရှူတာမျိုးပေါ့။ ဒါကို Nasal Cycle လို့ ခေါ်ဆိုပါတယ်။ ဒီဖြစ်စဥ်ကို ယောဂ လေ့ကျင့်တဲ့ ရှေးခေတ်အိန္ဒိယလူမျိုးတွေက စတင်သတိထားမိပြီး သိပ္ပံပညာရှင်တွေကတော့ သီပေါမင်း ပါတော်မူပြီးခါစ ၁၈၉၅ ခုနှစ်မှာ စနစ်တကျ သုတေသနပြု လေ့လာနိုင်ခဲ့ပါတယ်။ တွေ့ရှိချက်တွေအရ လူ - [LGBTQ+ နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ](https://www.telekyanmar.org/lgbtq-related-health-problems-july-2023/) - ---- "ရုန်းမထွက်ခင်အချိန်တွေက ကိုယ့်ကိုကိုယ် သေကြောင်းကြံဖို့အထိပါ တွေးခဲ့ဖူးပါတယ်" ---- (ဆောင်းပါးတစ်ပုဒ်ပါ LGBTQ+ တစ်ဦး၏ ပြောစကား) ဒီလိုမျိုးပြောစကားပါဝင်တဲ့ ဆောင်းပါးလေးကို အဆုံးထိဖတ်အပြီးမှာတော့ ကျွန်တော့်ရဲ့စိတ်တွေ အတွေးနယ်ချဲ့မိပါတော့တယ်... ... ... ကျွန်တော်တို့တွေဟာ ဘယ်အသက်အရွယ်ကစလို့ ကိုယ့်ကိုကိုယ် ကျား/မ အဖြစ် သတ်မှတ်ခဲ့ကြပါသလဲ ? မွေးကတည်းက မိဘဆွေမျိုးတွေရဲ့... "သူကတော့ဖြင့် ယောင်္ကျားလေး၊ သူကတော့ မိန်းကလေး" စသဖြင့် သတ်မှတ်ခံရပြီး (ပြုစုပျိုးထောင်ခံရပြီး) ကြီးပြင်းလာခဲ့ရတယ် မဟုတ်ပါလား။ ယောင်္ကျားလေး အဝတ်တွေ ဆင်ပေးတယ်.. မိန်းကလေး အဝတ်တွေ ဆင်ပေးတယ်.. ယောင်္ကျားလေးလို နေခိုင်းတယ် မိန်းကလေးလို နေခိုင်းတယ် ဒီလို သတ်မှတ်ချက်တွေအကြား... တကယ်အရေးကြီးတဲ့ ကိုယ့်ကိုကိုယ် ကျားဖြစ်တယ်၊ မဖြစ်တယ်ဆိုတဲ့ စိတ်ကလေးကရော ဘယ်အချိန်က စပြီးဖြစ်လာခဲ့ပါသလဲ...? မူကြိုအရွယ်ကလား... - [HIV and PEP (November,2023)](https://www.telekyanmar.org/hiv-and-pep-november2023/) - ဆေးတွေအကြောင်းပြောပြီးတဲ့အခါ “P” လေးတွေအကြောင်း ဆက်ပြောမယ်နော်။ ပီလေးတွေဆိုလို့ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေတဲ့ ဟီးရိုး ပီလေးတွေတော့ မဟုတ်ဘူး။ ကိုယ့်ခန္ဓာကိုယ်ထဲ HIV ပိုး မရောက်အောင် တန်ပြန်ကာကွယ်ပေးမယ့် ပီလေးတွေ အကြောင်းပါ။ သူတို့ကတော့ “PEP - ပီအီးပီ (ပက်)”, “PrEP - ပီအာအီးပီ (ပရပ်)” နဲ့ “PMTCT - ပီအမ်တီစီတီ” တို့ပါ။စာရှည်တယ် စာရှည်တယ်ဆိုပြီး ကျားမလေး ပွစိပွစိ ပြောလွန်းလို့ ဒီနေ့တော့ အရှည်ကြီးမဟုတ်ဘဲ Post Exposure Prophylaxis – PEP အကြောင်း တစ်ဖြတ် အရင်ပြောမယ်နော်။ ????……PEP ဆိုတာဘာလဲ ???? ?PEP ဆိုတာ အင်္ဂလိပ်လို post-exposure prophylaxis (ပို့စ် အိတ်စပိုရှာ - [HIV and ART (November,2023)](https://www.telekyanmar.org/hiv-and-art-november2023/) - ရှေ့ရက်တွေမှာ ဥပမာတွေ ရှုပ်ယှက်ခတ်အောင် ပေးပြီး စီဒီဖိုးတွေ ဘိုင်ရယ်လုတ် (viral load) တွေ ပြောထားပြီးပြီဆိုတော့ ဒီနေ့တော့ အေအာတီဆေးလေးတွေဘက် နည်းနည်းသွားမယ်နော်။ အေအာတီဆိုလို့ လျှာလိပ်အောင် အသံထွက်ရတဲ့ ဆေးတွေဆိုပြီး မလန့်သွားပါနဲ့… အဲဒါတွေ အသေးစိတ် မပြောပါဘူး ခေါင်းရှုပ်သွားမှာစိုးလို့။ဒါပေမယ့် ယေဘုယျတော့ ပြောပြချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ “ကိုယ်စီးတဲ့မြင်း အထီးလား အမလား သိပါစေ” ဆိုသလိုမျိုး ကိုယ်သောက်တဲ့ဆေး ဘာလေးလဲဆိုတာတော့ အကြမ်းဖျဥ်းသိနေမှ အဆင်ပြေမှာကိုး။ ဒါ အေအာတီ သောက်နေရတဲ့ လူနာတွေကိုပဲ ပြောတာမဟုတ်ဘူးနော်… ကျန်းမာရေးပြဿနာမျိုးစုံကို ထိန်းချုပ်နိုင်အောင် ဆေးတွေသောက်နေရတဲ့သူတွေ အကုန်ပါတယ်။ ဆီးချို၊ သွေးတိုး၊ အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာ၊ အသည်းရောင်အသားဝါဘီ ကစလို့ ပိုးဝင်နေမကောင်းလို့ ပိုးသတ်ဆေး တစ်ပတ် ဆယ်ရက်လောက် ခဏသောက်ရတဲ့သူတွေလည်း ပါပါတယ်။“ဆရာ/ဆရာမတို့ - [၆လတစ်ကြိမ် သန်ချရန် (December,2023)](https://www.telekyanmar.org/၆လတစ်ကြိမ်-သန်ချရန်-december2023/) - ကလေးက ဘယ်နှစ်နှစ် ရှိပြီလေ…အဲဒါ သန်ချဆေး တိုက်လို့ရလား…လူကြီးကရော သန်ချဆေး သောက်လို့ရလား…ဒါမျိုးလေးတွေက မကြာခဏ အမေးများတဲ့ မေးခွန်းလေးတွေပါနော်။ဘာကြောင့်များ သန်ချဆေး တိုက်ရ/သောက်ရမှာကို စိုးရိမ်ပြီး မေးမြန်းနေကြပါလိမ့် ???? ?ငယ်ငယ်က ပြောကြတဲ့…သန်ချဆေးသောက်အပြီး နှာခေါင်းထဲက၊ နားရွက်ထဲက၊ ပါးစပ်ထဲက သန်ကောင်တွေ ထွက်လာလိမ့်မယ် ကြောက်စရာကြီးဆိုတဲ့ အယူအဆမှားတွေကြောင့်များ ဖြစ်နေမလား မသိနော်။……ဘာကြောင့်မှန်း မသိပေမယ့် ပြောစရာရှိတာကိုတော့ ရဲရဲကြီး ပြောလိုက်ပါရစေ…သန်ချဆေးကို တိုက်လို့/သောက်လို့ ရပါတယ်။ဘယ်အရွယ်နေနေ ၄ လ (သို့) ၆ လ တစ်ကြိမ် သန်ချဆေး သောက်သင့်ပါတယ်… ကြိုတင်ကာကွယ်တဲ့အနေနဲ့ပါ။သောက်ရမယ့် ပမာဏနဲ့ ဆေးအမည်ကတော့… ၁ နှစ်နဲ့ ၂ နှစ်ကြား ကလေးဆိုရင် Albendazole 200mg ၂ နှစ်အထက်ကစပြီး ဟိုးလူကြီးတွေအထိဆိုရင် Albendazole 400mg…. - [ဖျားနေသူကို အပူမထုတ်ရ (January,2024)](https://www.telekyanmar.org/ဖျားနေသူကို-အပူမထုတ်ရ-january2024/) - ဖျားနေသူကို ရိုးရာဆေးမှုန့်လေးတွေနဲ့ ရေနွေးပူပူလေးတိုက်၊ အနွေးထည်ထူထူ ဝတ်ပေး၊ စောင်အထပ်ထပ်ခြုံပြီး အပူကို အပူနဲ့တိုက်... အဲဒီလိုသာ အပူထုတ်လိုက်ရင် ချွေးတွေလည်းထွက် အဖျားတွေလည်းကျပြီး နေလို့ထိုင်လို့ ကောင်းသွားရော... ဟုတ်တယ်မို့လား။ ဒါပေမယ့် ဆရာဝန်တွေ ဘာလို့များ အဲဒီလို နည်းလမ်းတွေ မလုပ်ခိုင်းကြပါလိမ့် ???? ... ... အမှန်က ဒီလိုပါနော် ဘာကြောင့် အပူမထုတ်ခိုင်းရလဲဆိုရင် အရင်ဆုံးတော့ ဖျားတာနဲ့ ပတ်သက်တဲ့ အခြေခံလေး ​သိထားသင့်ပါတယ်။ ကိုယ်အပူချိန်တက်တယ် (ဖျားတယ်) ဆိုတာဟာ အများအားဖြင့် ခန္ဓာကိုယ်အတွင်း ရောဂါပိုးတွေကိုဖြစ်စေ၊ တခြားအရာတွေကိုဖြစ်စေ တိုက်ထုတ်ရာကတစ်ဆင့် ထွက်ပေါ်လာတဲ့ ဓာတ်ပစ္စည်းလေးတွေရဲ့ အကျိုးသက်ရောက်မှုကြောင့်ပါ။ ဒါကြောင့် အဲဒီဓာတ်ပစ္စည်းလေးတွေရဲ့ အာနိသင်လျော့ကျသွားအောင် ပါရာစီတမောလို အဖျားကျဆေးမျိုးကိုပဲ ဆရာဝန်တွေက ညွှန်လေ့ရှိကြပါတယ်။ အပူထုတ်ခိုင်းတာမျိုးတွေ မလုပ်ကြပါဘူး။ ဘာကြောင့်လဲဆိုရင်... သာမန်လူတွေမှာ - [ရောဂါပိုးရှိသော ကမျဥ်းနီကောင် အကိုက်ခံရခြင်းမှ ကူးစက်သော အဖျားရောဂါ Scrub Typhus](https://www.telekyanmar.org/scrub-typhus-june-2023/) - ကိုမောင်တစ်ယောက် တောထဲ ထင်းခုတ်သွားပြီး သိပ်မကြာဘူး ဖျားပါတော့တယ်။ မိုးကလည်း စပြီး တဖြိုက်နှစ်ဖြိုက်ရွာနေတော့ မိုးမိလို့ ဖြစ်တယ်ပဲထင်ပြီး အစပိုင်း ပေါ့ပေါ့လျော့လျော့နေမိတာ....တဖြေးဖြေးနဲ့ အဖျားတွေ ကြီးလာရင်း အိပ်ရာထဲ လဲပါလေရော... ကိုယ်ကလည်း ခြစ်ခြစ်တောက်ပူပြီး တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို နာနေတယ်။ ခေါင်းထဲလည်း ထိုးကိုက်နေပြီး လည်ပင်းမှာတောင် အကျိတ်လေးတွေ ထွက်နေသလိုပဲ။ ဆေးမြီးတိုလေးတွေနဲ့ ကုနေရင်း တစ်ပတ်ကျော်လောက်အထိ အဖျားကမကျတော့ တစ်နေ့တခြား လူက နုံးချိလာပြီး ခပ်မျော့မျော့ပဲကျန်တော့တဲ့ အခြေဆိုက်လာပြီ... ဒါနဲ့ပဲ နောက်ဆုံးမှာတော့ ကိုမောင့်ကို လုပ်အားပေးဆရာဝန်တွေရှိတဲ့ ဟိုးအဝေးကရွာတစ်ရွာရဲ့ ဆေးခန်းကို ပို့ဆောင်ဖို့ စီစဥ်ရတော့တာပေါ့။ သည်ခေတ်ကြီးထဲ တစ်နေရာနဲ့ တစ်နေရာ ကူးရ‌တာ အရင်လို လွယ်တာမဟုတ်....ပျူ ရန်ရှိလား စစ်‌ကြောင်းရှိလား စုံစမ်းရနဲ့ ကြောက်နေရတာ။ ဒါပေမယ့်လည်း ကျန်းမာရေးက - [ကျန်းမာသော မျက်လုံးများဖြစ်စေရန် လိုက်နာရမည့်အချက်များ Eye Care in Ethnic Languages(August,2023)](https://www.telekyanmar.org/eye-care-in-ethnic-languagesaugust2023/) - ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာ မျက်လုံးဟာ အလွန်အရေးပါတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း တစ်ခုဖြစ်သလို မျက်လုံးကျန်းမာရေးဟာလည်း လူသားတိုင်းအတွက် အလွန်အရေးပါလှပါတယ်။ ဒါကြောင့် ဒီအပတ်မှာတော့ "ကျန်းမာသော မျက်လုံးများဖြစ်စေရန် လိုက်နာရမည့်အချက်များ" ကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [ကျန်းမာရေးနှင့် အစားအစာ](https://www.telekyanmar.org/ကျန်းမာရေးနှင့်-အစားအစာ/) - "အစားအသောက်ဆိုတာ လူနဲ့တည့်တယ်" လို့ တော်တော်များများက ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် "တန် ဆေး၊ လွန် ဘေး" ဆိုသလို ကျန်းမာရေးကောင်းမွန်စေဖို့ ဘယ်အစားအစာတွေကတော့ ဘယ်လောက်ပမာဏပဲ စားသင့်တယ်ဆိုတာ ရှိသလို၊ လိုအပ်တာထက် ပိုမိုစားသောက်တာကလည်း ကြာလာရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ အစားအသောက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေမယ့် အကြံကောင်းလေးတွေကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry - [သွေးတိုးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ](https://www.telekyanmar.org/သွေးတိုးရောဂါ၏-နောက်ဆက်/) - ဦးဘယ်သူလေ မနေ့ကမှ စကားပြောနေသေး... အခု တီဗီကြည့်ပြီး အိပ်ပျော်နေရင်း ဆုံးသွားလို့။ ဒေါ်ဘယ်၀ါပေါ့ မနက်ကအကောင်းကြီးကို ညနေကျချော်လဲပြီး ဆုံးသွားပြီတဲ့... ကြားဖူးကြတဲ့ ဖြစ်ရပ်လေးတွေပါ။ ဒီဖြစ်ရပ်လေးတွေရဲ့ နောက်ကွယ်က တရားခံအစစ်ကတော့ သွေးတိုးရောဂါပါပဲ။ သွေးတိုးရောဂါဟာ တော်ရုံနဲ့ လက္ခဏာမပြတတ်လို့ သေချာမထိန်းရင် နောက်ဆက်တွဲရောဂါတွေနဲ့ ရုတ်တရက် အသက်ဆုံးရှုံးရတတ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါကို အသံတိတ် လူသတ်သမား (silent killer) လို့ ခေါ်လေ့ရှိကြပါတယ်... ဆိုတော့ ဒီအပတ်မှာတော့ "သွေးတိုးရောဂါကို သေချာမကုသခဲ့ရင် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေအကြောင်း" ကို တိုင်းရင်းသားဘာသာစကား (၁၁) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ - [ဆေးလိပ်ဖြတ်ပြီးနောက် ရရှိနိုင်သည့် အကျိုးကျေးဇူးများ](https://www.telekyanmar.org/ဆေးလိပ်ဖြတ်ပြီးနောက်-ရရ/) - "ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်" ဆိုတဲ့ စာသားကိုမြင်လည်း ဆေးလိပ်ကတော့ အသောက်မပျက်.... "အခုမှ ဖြတ်လည်း ဘာထူးမှာလဲ" ဆိုတဲ့ အတွေးတွေရှိနေရင်တော့.... အခုပဲ ဖယ်လိုက်ပါနော်။ ဆေးလိပ်ဖြတ်လိုက်တဲ့ နာရီ၊ ရက်အပိုင်းအခြားလေးနဲ့တင် ကောင်းကျိုးတွေရှိလာပြီး....ဆိုးကျိုးတွေ လျော့ကျသွားတာ လက်တွေ့ပဲမို့..... အခုပဲ ဆေးလိပ်ဖြတ်တဲ့ကိစ္စ စလိုက်ကြရအောင်ပါ... .. .. "ဆေးလိပ်ဖြတ်ပြီးနောက်ပိုင်း ရရှိနိုင်သော အကျိုးကျေးဇူးများ.." ကိုတော့ အရေးကြီးလွန်းလို့ တိုင်းရင်းသားဘာသာစကား (၁၁) မျိုးနဲ့ ဖော်ပြပေးထားပါတယ်။ ကိုယ့်မိတ်ဆွေတိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... - [ကလေးမရနိုင်ခြင်း (သို့) မျိုးမပွားနိုင်ခြင်းကို ဖြစ်စေနိုင်သည့်အချက်များ](https://www.telekyanmar.org/ကလေးမရနိုင်ခြင်း/) - "လိုတာမရ ရတာမလို" ဆိုသလိုပဲ အချို့သောစုံတွဲတွေမှာ အိမ်ရဲ့ဆည်းလည်းလေးတွေရဖို့ ခက်ခဲနေတတ်ကြပါတယ်... ဒီလိုမျိုး ကလေးမရနိုင်တာကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းလေးတွေ သိထားရင်....အိမ်ထောင်မပြုခင်တည်းက ကြိုတင်သတိပြု ‌ဂရုစိုက်နေထိုင်ရင်း တစ်ချိန်မှာ ပျော်ရွှင်တဲ့ မိသားစုကမ္ဘာလေး ပိုင်ဆိုင်ရမှာပါ။ ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့.. "ကလေးမရနိုင်ခြင်း (သို့) မျိုးမပွားနိုင်ခြင်းကို ဖြစ်စေနိုင်သည့်အချက်များ.." ဆိုတဲ့အကြောင်းလေးကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားပါတယ်။ အခုပိုစ့်လေးကို....မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အမြင်မစိမ်းတော့ဘူးဆိုတော့ ဘာသာလေးတေ စဉ်ကြည့်ပါလားနော်... ???? အပျော်ပေါ့ ... ????) Ministry of - [အဝလွန်ခြင်းကြောင့် ဖြစ်ပွားစေနိုင်သော ရောဂါများ](https://www.telekyanmar.org/အဝလွန်ခြင်းကြောင့်-ဖြစ်/) - "၀လို့ လှလို့" ဆိုတာ ဟာသအနေနဲ့သာ ကောင်းတာပါ။ တကယ်တော့ ၀လာရင် နောက်ဆက်တွဲရောဂါတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့.. "အ၀လွန်ခြင်းကြောင့် ဖြစ်ပွားစေနိုင်သောရောဂါများ.." ဆိုတဲ့အကြောင်းလေးကို ဗဟုသုတအနေနဲ့ ဖော်ပြပေးထားပါတယ်။ ကိုယ်အလေးချိန်ကို ရှိသင့်တဲ့ အတိုင်းအတာအတွင်း ထိန်းထားမယ်ဆိုရင် သက်ရှည်ကျန်းမာဖြစ်မှာ မလွဲပါဘူး... ဒီအကြောင်းအရာလေးဟာ ကိုယ့်အတွက်သာမက ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးအတွက် အကျိုးရှိတဲ့ ကိစ္စလေးတစ်ခုဖြစ်တာကြောင့်... အခုပိုစ့်လေးကို....မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity - [ခြင်အန္တရာယ်မှ ကာကွယ်ပါ](https://www.telekyanmar.org/ခြင်အန္တရာယ်မှ-ကာကွယ်ပါ/) - ခုလို စိုစွတ်တဲ့ မိုးရာသီအခါမျိုးမှာ ခြင်တွေ အလွယ်တကူပေါက်ဖွားနိုင်သလို ခြင်ကိုက်ခြင်းကြောင့်လည်း ရောဂါတွေကူးစက်နိုင်ပါတယ်။ .. ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့.. "ခြင်ကိုက်ခံရခြင်းမှ ကာကွယ်ပါ..." ဆိုတဲ့အကြောင်းလေးကို ဖော်ပြပေးထားပါတယ်။ ခြင်းကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ စတာတွေနဲ့ တခြားသော ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ ရောဂါတွေကို ကူးစက်စေပါတယ်။ ဒီလိုရောဂါတွေ အလွယ်တကူမဖြစ်စေဖို့ ခြင်အကိုက် မခံရအောင် ကာကွယ်ဖို့ လိုအပ်ပါတယ်… ခြင်ကိုက်မခံရအောင် ဘယ်လိုအဝတ်တွေ ဝတ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ်၊ ဘယ်လိုတွေကာကွယ်ရမယ် စတာတွေကို သေချာရှင်းပြပေးထားတာပဲ ဖြစ်ပါတယ်။ .. .. ဆိုတော့ကာ.... ဒီအကြောင်းလေးဟာ ကိုယ်ကိုယ်တိုင်သာမက ပြည်ထောင်စုဖွား တိုင်းရင်းသားတွေအားလုံးအတွက် အကျိုးရှိတဲ့ ကိစ္စလေးတစ်ခုဖြစ်တာကြောင့် အခုပိုစ့်လေးကို....မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ - [ပန်းနာရင်ကျပ်ဝေဒနာရှင်များ ရှောင်ကြဥ်ရန်အချက်များ](https://www.telekyanmar.org/ပန်းနာရင်ကျပ်ဝေဒနာရှင်/) - အပတ်စဉ် တိုင်းရင်းသား ဘာသာပြန် ကျန်းမာရေး အသိပညာပေး ပိုစ့်လေး အချိန် ရောက်လို့လာပါပြီ။ ဒီတစ်ပတ်မှာတော့.. "ပန်းနာရင်ကျပ် ဝေဒနာရှင်များ ရှောင်ကြဉ်ရန် ပန်းနာထစေနိုင်သည့် အရာများ ..." အကြောင်းလေး ရေးပေးထားပါတယ်နော် .. .. ပန်းနာရင်ကျပ် ဝေဒနာရှင်များ ရောဂါလက္ခဏာများ ပိုဆိုးမလာစေရန် ရှောင်ကြဉ်ရမည့် အကြောင်းအရာများကို ဖော်ပြပေးလိုက်ပါတယ်။ .. .. (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် ) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲ) ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမ တိုင်းရင်းသားအားလုံးအတွက်လည်း အကျိုးရှိတဲ့ အချက်အလက်တွေဖြစ်တာကြောင့် ဗဟုသုတရရှိစေဖို့ အခုပိုစ့်လေးကို ပြန်လည်မျှဝေ (share ပေးကြဖို့) မေတ္တာရပ်ခံ အကူအညီတောင်းပါတယ်နော် - [အရက်သောက်ခြင်းကြောင့် ဖြစ်ပွားသော ရောဂါများ](https://www.telekyanmar.org/အရက်သောက်ခြင်းကြောင့်-ဖ/) - အသည်းကွဲလို့ဖြစ်ဖြစ်… စိတ်ညစ်လို့ဖြစ်ဖြစ်... ပျော်လို့ဖြစ်ဖြစ် အကြောင်းပြချက်မျိုးစုံနဲ့ အရက်သောက်တတ်ကြတဲ့ သူတွေ ရှိကြလား.. ဒီတစ်ပတ်မှာတော့.. "အရက်သောက်ခြင်းကြောင့် ဖြစ်ပွားသော ရောဂါများ..." အကြောင်းလေး ရေးပေးထားပါတယ်နော် .. .. အရက်သောက်တယ်ဆိုတာ အနည်းငယ် တစ်ခါတစ်ရံ သောက်တာမျိုးက ကျန်းမာရေးအပေါ် ပြင်းထန်စွာ သက်ရောက်မှုမရှိနိုင်ပေမယ့် အရက်ကို အလွန်အကျွံသောက်သုံးခြင်းက ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။ ဒါ့ကြောင့် အရက်သောက်ခြင်းကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ .. .. (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် ) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲ) ကိုယ့်ရဲ့ ညီအစ်ကိုမောင်နှမ တိုင်းရင်းသားအားလုံးအတွက်လည်း အကျိုးရှိတဲ့ အချက်အလက်တွေဖြစ်တာကြောင့် ဗဟုသုတရရှိစေဖို့ အခုပိုစ့်လေးကို - [မကူးစက်နိုင်သော ရောဂါများကို ကာကွယ်ရန်](https://www.telekyanmar.org/မကူးစက်နိုင်သော-ရောဂါမ-2/) - ဒီတစ်ပတ်မှာတော့.. "မကူးစက်နိုင်သော ရောဂါများကို ကာကွယ်ရန်..." အကြောင်းလေး ရေးပေးထားပါတယ်နော် .. .. မကူးစက်နိုင်တဲ့ ရောဂါဆိုတာ … နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါ နှင့် ဆီးချိုရောဂါ စတဲ့ ရောဂါတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို မကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ ဘယ်လိုနေထိုင်ရမယ် ဘာတွေလုပ်ဆောင်ရမယ်ဆိုတဲ့ အကြောင်းရာလေးတွေကို တိုင်းရင်းသား ဘာသာအစုံ နဲ့ နားလည်ရလွယ်အောင် သေချာစွာ ရှင်းပြပေးထားပါတယ်။ .. .. (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် ) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲ) ကိုယ့်ရဲ့ ညီအကိုမောင်နှမ တိုင်းရင်းသားအားလုံးအတွက်လည်း အကျိုးရှိတဲ့ အချက်အလက်တွေဖြစ်တာကြောင့် ဗဟုသုတရရှိစေဖို့ - [HIV ပိုးကူးစက်ခံရခြင်းအတွက် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ How To Prevent HIV/AIDS in Ethnic Languages (December,2023)](https://www.telekyanmar.org/how-to-prevent-hiv-aids-in-ethnic-languages-december2023/) - HIV ဆိုတာ ကူးစက်ရောဂါပိုးတစ်မျိုးဆိုပေမယ့် ဒီရောဂါပိုး ကိုယ့်ဆီကူးစက်ခြင်းမခံရအောင် ကြိုတင်ကာကွယ်နိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာ HIV ပိုးကူးစက်နိုင်တဲ့ အဓိကနည်းလမ်းတွေကို ဖော်ပြခဲ့ပြီးဖြစ်တာကြောင့်... အခုတစ်ပတ်မှာတော့ HIV ပိုးကူးစက်ခံရခြင်းအတွက် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ပြည်သူလူထု သိရှိနိုင်အောင် လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း၊ စကောကရင်၊ အနောက်ပိုးကရင်၊ အရှေ့ပိုးကရင်ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေ Floods and Water Borne Disease in Ethnic Languages](https://www.telekyanmar.org/floods-and-water-borne-disease-in-ethnic-languagesaugust2023/) - အခုလို မုတ်သုံရာသီမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်တတ်သလို၊ ဒီလို ရေကြီးရေလျှံမှုတွေကြောင့်လည်း ရေမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဟာ ပိုမိုဖြစ်ပွားလာနိုင်ပါတယ်။ အခန့်မသင့်လို့ ဒီလိုအဖြစ်အပျက်တွေ ကြုံလာခဲ့ရင်တော့ ကူးစက်ရောဂါတွေ မဖြစ်ပွားစေဖို့အတွက် ကြိုတင်ကာကွယ်ထားဖို့ကလည်း အင်မတန်အရေးကြီးလှပါတယ်။ ဒါကြောင့် ဒီအပတ်မှာတော့ "ရေကြီးခြင်း​ကတစ်ဆင့် ကူးစက်ရောဂါတွေ ပိုမိုဖြစ်ပွားမှုကို ကာကွယ်နိုင်ဖို့ သောက်ရေ၊ သုံးရေကို ဘယ်လို စနစ်တကျ အသုံးပြုရမယ်" ဆိုတဲ့ အကြောင်းအရာလေးကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်... - [ဆီးချိုရောဂါကို မကုသပါက ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲ အခြေအနေများ Diabetes Mellitus in Ethnic Languages](https://www.telekyanmar.org/diabetes-mellitus-in-ethnic-languages/) - ဆီးချိုရောဂါဆိုတာ လူတိုင်းနဲ့ ရင်းနှီးပြီးသား ရောဂါအမည်တစ်ခုပါ။ ဆီးချိုရောဂါဖြစ်လျှင် ပေါ့ပါ့ဆဆ မနေသင့်သလို သေချာစွာ ထိထိရောက်ရောက် ကုသမှုခံယူဖို့လည်းလိုအပ်ပါတယ်။ ဆီးချိုရောဂါကို သေချာစွာမကုသလျှင် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ဖြစ်နိုင်သလို အသက်န္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီအပတ်မှာတော့ ဆီးချိုရောဂါကို မကုသပါက ဖြစ်ပွားနိုင်တဲ့ နောက်ဆက်တွဲ အခြေအနေများကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [အဆု‌တ်ရောင်နမိုးနီးယားရောဂါ How To Prevent Pneumonia in Ethnic Languages](https://www.telekyanmar.org/how-to-prevent-pneumonia-in-ethnic-languages/) - ခုလိုမိုးတွင်းကာလမှာ အဆု‌တ်ရောင်နမိုးနီးယားရောဂါဟာ ကလေးတွေမှာ အဖြစ်များပါတယ်။ မိမိတို့ရဲ့ သားငယ် သမီးငယ်၊ တူ/တူမလေးတွေမှာ ဒီလိုရောဂါမဖြစ်ရလေအောင် လူကြီးတွေအနေနဲ့ သတိထားပြီး ဂရုစိုက်ရှောင်ကြဉ်လို့ရတဲ့ အချက်လေးတွေလည်း ရှိနေတာကြောင့် မှတ်သားဖွယ်ရာဗဟုသုတအဖြစ် လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [ကလေးဘ၀မှာ ဖြစ်ပွားနိုင်တဲ့ ကင်ဆာရောဂါလက္ခဏာ Warning Signs of Childhood Cancer in Ethnic Languages](https://www.telekyanmar.org/warning-signs-of-childhood-cancer/) - "ကင်ဆာ" လို့ကြားလိုက်တဲ့အခါ လူကြီးမှ အသက်ကြီးမှ ဖြစ်တာလို့ ထင်ရင်တော့ မှားပါလိမ့်မယ်...ကလေးတွေမှာလည်း ကင်ဆာရောဂါ ဖြစ်နိုင်ပါတယ်။ ကလေးကင်ဆာရောဂါတွေကို လွယ်လွယ်သတိမထားမိကြတာမို့ ဂရုမစိုက်မိရင် အသိနောက်ကျနိုင်ပါတယ်။ ကလေးကင်ဆာရောဂါတွေဟာ - မျက်လုံးမှာ၊ သွေးရောဂါမှာ၊ ဦးနှောက်မှာ၊ ကျောက်ကပ်မှာ၊ အသည်းမှာ စသဖြင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် "ကလေးဘ၀မှာ ဖြစ်ပွားနိုင်တဲ့ ကင်ဆာရောဂါလက္ခဏာ" တွေကို ဗဟုသုတအလို့ငှာ လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry - [ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပါ Cholera Prevention In Ethnic Languages (May, 2023)](https://www.telekyanmar.org/cholera-prevention-in-ethnic-languages-may-2023/) - ဒီတစ်ပတ်ရဲ့ တိုင်းရင်းသားဘာသာပြန် ကျန်းမာရေး ပညာပေးပိုစ့်လေးကတော့ “ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပါ…” ဆိုတဲ့အကြောင်းလေးကို ဖော်ပြပေးထားပါတယ်။ .. ဒီထဲမှာတော့..ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ပတ်သက်ပြီး * ရောဂါ ဘယ်လိုကူးစက်ပြန့်ပွားသလဲ * ရောဂါလက္ခဏာတွေက ဘာတွေလဲ * ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်နိုင်လဲ * ဘယ်လိုကုသရမလဲ စတာတွေကို သေချာရှင်းပြပေးထားတာပဲ ဖြစ်ပါတယ်။ ( ဗမာ ၊ ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် ) ( ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်… ???? ) Ministry of Health, - [မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများ Diseases Caused by Drinking Contaminated Water in Ethnic Languages](https://www.telekyanmar.org/diseases-caused-by-drinking-contaminated-water-in-ethnic-languages/) - ခုလိုကာလ တိုင်းပြည်နေမကောင်းချိန်မှာ စစ်ဘေးရှောင်ဦးရေတွေလည်း တိုးပွားနေတာမို့ နေရာအသီးသီးမှ စစ်ဘေးရှောင်အားလုံးအတွက် မသန့်ရှင်းသောရေကြောင့် ရောဂါဘယများဖြစ်နိုင်တယ်ဆိုတာ ဂရုပြုမိအောင် ဒီအပတ်မှာတော့ "မသန့်ရှင်းသောရေကို သောက်သုံးခြင်းကြောင့် ဖြစ်ပွားနိုင်သောရောဂါများ" အကြောင်းကို တိုင်းရင်းသားဘာသာစကား (၁၁) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် Prevention of Diarrhoeal Disease in Ethnic Languages (March, 2023)](https://www.telekyanmar.org/prevention-of-diarrhoeal-disease-in-ethnic-languages-march-2023/) - အပတ်စဉ် တိုင်းရင်းသား ဘာသာပြန် ကျန်းမာရေး အသိပညာပေး ပိုစ့်လေး အချိန် ရောက်လို့လာပါပြီ။ ဒီအပတ်ကတော့ ... "ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန်..." ပဲ ဖြစ်ပါတယ် ???? ဆိုတော့ ထုံးစံအတိုင်းပဲ ...မေတ္တာရပ်ခံပါရစေနော်... ကိုယ်က တစ်လုံးမှ မဖတ်တတ် နားမလည်ပေမယ့် အခုပိုစ့်လေးကို....ကိုယ့်မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ သူတို့အတွက် အင်မတန်အကျိုးရှိတဲ့ကိစ္စပါ ကူညီကြပါဦးလို့ မေတ္တာရပ်ခံပါတယ်???????? ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရန် ကျွန်တော်တို့ လိုက်နာ လုပ်ဆောင်ရမယ့် အကြောင်းအရာလေးတွေကို ရေးထားတာပါ။ ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ဗမာ ၊ မွန် ၊ ထားဝယ် - [ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပွားစေရန်](https://www.telekyanmar.org/ပဋိဇီဝဆေးယဉ်ပါးမှု-မဖြစ/) - ဒီတစ်ခါတော့....အားလုံးစိတ်ဝင်စားအောင်... ဗမာလိုလေး အရင်ဦးဆုံး ဖော်ပြပေးလိုက်ပါတယ်ဗျို့ ???? ကွကိုယ်ဖတ်ကြည့်ပြီး.... ကိုယ့်ရဲ့ ညီအကိုမောင်နှမ တိုင်းရင်းသားအားလုံး ဗဟုသုတရရှိစေဖို့ ပြန်လည်မျှဝေ (share ပေးကြဖို့) မေတ္တာရပ်ခံ အကူအညီတောင်းပါတယ်နော် ???? ဒီတစ်ပတ်ရဲ့ တိုင်းရင်းသားဘာသာပြန် ကျန်းမာရေး ပညာပေးပိုစ့်လေးပါ....???? "ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပွားစေရန် ..." အကြောင်းလေး ရေးပေးထားပါတယ်။ .. .. အကျဥ်းချုပ်အားဖြင့်တော့.... ကျွန်တော်တို့တွေ နေ့စဉ် သတိမမူမိဘဲ မိမိကိုယ်မိမိ ရောဂါနာမည်တွေသတ်မှတ်ပြီး ပဋိဇီဝဆေးဝါးတွေကို (မလိုအပ်ဘဲ) မိမိသဘောနဲ့မိမိ သောက်သုံးမိနေတတ်ကြပါတယ်။ ဒီလိုလုပ်မိတဲ့ နောက်ဆက်တွဲအဖြစ် ပဋိဇီဝဆေးယဉ်ပါးမှုတွေ ဖြစ်ပွားပြီး အမှန်တကယ် ကုသဖို့လိုအပ်လာတဲ့အချိန်တွေမှာ ဆေးမတိုးတော့တာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလို ဆေးယဉ်ပါးမှုတွေကြောင့် ရောဂါကုသရာမှာ အာနိသင်ပြင်းတဲ့ဆေးဝါးတွေကို အသုံးပြုရတဲ့အခါ ဘေးထွက်ဆိုးကျိုးတွေလည်း ပိုပြီးခံရတတ်ပါတယ်။ ဒါ့ကြောင့် ပဋိဇီဝဆေးယဉ်ပါးမှု မဖြစ်ပွားစေဖို့အတွက် - [တီဘီရောဂါနဲ့ပတ်သက်ပြီး သတိထားရမယ့် အခြေအနေတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်တဲ့ အခြေအနေများ Tuberculosis in Ethnic Languages(August,2023)](https://www.telekyanmar.org/tuberculosis-in-ethnic-languagesaugust2023/) - တီဘီရောဂါဟာ ကူးစက်နိုင်တယ်ဆိုပေမယ့် ပျောက်ကင်းအောင် ကုသလို့ရတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီ့အတွက် မိမိမှာ တီဘီရောဂါဖြစ်နေလား ဆိုတာကိုတော့ သတိထားမိဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဒီအပတ်မှာတော့ တီဘီရောဂါနဲ့ပတ်သက်ပြီး သတိထားရမယ့် အခြေအနေတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူသင့်တဲ့ အခြေအနေများကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်... - [အရက်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေ Alcohol and Health in Ethnic Languages (September,2023)](https://www.telekyanmar.org/alcohol-and-health-in-ethnic-languages-september2023/) - လူတွေဟာ အရက်သောက်တာကို အကြောင်းပြချက်တွေ အမျိုးမျိုးပြပြီး သောက်လေ့ရှိကြပါတယ်။ တစ်ခါတလေကျ စိတ်ညစ်လို့ တစ်ခါတလေကျတော့ ပျော်လို့ တစ်ခါတလေကျပြန်တော့ အသည်းကွဲလို့ အကြောင်းပြချက်တွေ စုံလို့ပါပဲ ….။ ဘာကြောင့်ပဲ သောက်သောက် အရက်ကို အလွန်အကျွံ သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် မကောင်းသကဲ့သို့ တစ်ခါတစ်ရံ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့ အရက်သောက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) - [ကိုလက်စထရောအဆီဓာတ် မမြင့်မားအောင် Cholesterol & Health in Ethnic Languages (October,2023)](https://www.telekyanmar.org/cholesterol-health-in-ethnic-languages-october2023/) - ကိုလက်စထရောဆိုတဲ့ သွေးတွင်းအဆီတွေဟာ ခန္ဓာကိုယ်အတွင်းမှာ ရှိသင့်တဲ့ပမာဏထက် ကျော်လွန်နေရင် လေဖြတ်လေဖြန်းခြင်းနဲ့ နှလုံးရောဂါအမျိုးမျိုးကို ဖြစ်စေတဲ့အပြင်၊ တစ်ခါတစ်ရံမှာ အသက်အန္တရာယ်ကို ထိခိုက်သည်အထိလည်း ဒုက္ခပေးတတ်ပါတယ်။ ဒါ့ကြောင့် ကိုလက်စထရောအဆီဓာတ် မမြင့်မားအောင် ဘယ်လိုအစားအသောက်တွေကို လျှော့စားရမယ်၊ ဘာတွေကိုတော့ ရှောင်ကြဉ်ရမယ်၊ ဘယ်လိုနေထိုင်ရမယ် စတဲ့ ကာကွယ်ရမယ့် အချက်လေးတွေကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ဆိုတဲ့ အကြောင်း Burnout Awareness in Ethnic Languages](https://www.telekyanmar.org/burnout-awareness-in-ethnic-languages-october2023/) - လာမယ့် အောက်တိုဘာလ (၁၀) ရက်နေ့ဟာ World Mental Health Day ဖြစ်ပါတယ်။ လူသားတွေအတွက် ကိုယ်ခန္ဓာကျန်းမာရေးဟာ အရေးကြီးသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာလည်း အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်ဘဝမှာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေအတွက် ရုန်းကန်လှုပ်ရှားကြရင်း သတိမထားမိဘဲ စိတ်ဖိစီးမှုတွေ များပြားလာတတ်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေ တ​ဖြည်းဖြည်းများလာတဲ့အခါမှာတော့ ဘယ်အရာကိုမှ မတွေးတောနိုင်တော့ဘဲ နောက်ဆက်တွဲ စိတ်ဓာတ်ကျခြင်းတွေအထိ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်ကိုသေချာနားလည်ပေးနိုင်ပြီး အကြံပေးနိုင်တဲ့ စိတ်ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပေးနိုင်သူ (သို့မဟုတ်) အဖွဲ့အစည်းတွေနဲ့ သေချာစွာ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ဆိုတဲ့ အကြောင်းအရာလေးကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း - [လေဖြတ်ခြင်းအန္တရာယ်ကို ဘယ်လိုလျှော့ချမလဲ How To Reduce The Risk of Stroke(October,2023)](https://www.telekyanmar.org/how-to-reduce-the-risk-of-strokeoctober2023/) - ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ဦးနှောက်ဟာ အရေးကြီးဆုံး ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေရဲ့ သတိမမူမိတဲ့ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံလေးတွေကြောင့် ဦးနှောက်နဲ့ နှလုံးကို ထိခိုက်နိုင်ပြီး၊ ထိုမှတစ်ဆင့် ဦးနှောက်မှာရှိတဲ့သွေးကြောလေးတွေမှာ ထိခိုက်လာရင်တော့ လေဖြတ်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ လေဖြတ်ခြင်းအန္တရာယ်ကို ဘယ်လိုလျှော့ချမလဲဆိုတဲ့ အကြောင်းအရာလေးကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်...????) Ministry of Health, National Unity - [သွေးအားနည်းခြင်း၏ အတွေ့ရများသော လက္ခဏာများ Signs of Anaemia in Ethnic Languages (November,2023)](https://www.telekyanmar.org/signs-of-anaemia-in-ethnic-languages-november2023/) - အရွယ်ရောက်ပြီး လူသားတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်မှုမှာ သွေးပမာဏာဟာ ၄၅၀၀ မီလီလီတာမှ ၅၇၀၀ မီလီလီတာအထိ ပါဝင်ပါတယ်။ သွေးထဲမှာပါဝင်နေတဲ့ သွေးနီဥဆဲလ်လေးတွေဟာ ပုံမှန်လုပ်ဆောင်ချက်တွေကို မလုပ်ဆောင်နိုင်တဲ့အခါ (သို့မဟုတ်) သွေးနီဥဆဲလ်ပမာဏဟာ ရှိသင့်သလောက် မရှိဘဲ လျော့နည်းလာတဲ့အခါ သွေးအားနည်းခြင်းရဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။ သွေးအားနည်းခြင််းရဲ့ လက္ခဏာတွေကို ခံစားရတဲ့အခါ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီးကုသသင့်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ သွေးအားနည်းခြင်း၏ အတွေ့ရများသော လက္ခဏာများ အကြောင်းကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ - [လေဖြတ်စေသော အကြောင်းအရင်းများ Causes of Stroke in Ethnic Languages (November,2023)](https://www.telekyanmar.org/causes-of-stroke-in-ethnic-languages-november2023/) - လေဖြတ်တယ်ဆိုတာဟာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးပေါင်ချိန် မြင့်တက်ခြင်း၊ ဆေးလိပ်၊ ကွမ်းယာ၊ ဆေးရွက်ကြီး သုံးစွဲခြင်းတွေဟာ လေဖြတ်စေတဲ့ အခြေခံအကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် အထက်ပါ အကြောင်းအရာ/ အပြုအမူတွေကို တတ်နိုင်သမျှပြုပြင်ပြီး လေဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဒီတစ်ပတ်မှာတော့ လေဖြတ်စေသော အကြောင်းအရင်းများအကြောင်း လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများ Air Pollution Awareness in Ethnic Language (December,2023)](https://www.telekyanmar.org/air-pollution-awareness-in-ethnic-language-december2023/) - လေထုညစ်ညမ်းခြင်းက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေးနဲ့ ပတ်ဝန်းကျင် ရာသီဥတုကို ခြိမ်းခြောက်လျက်ရှိတဲ့ အကြီးမားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ကျန်းမာရေး အန္တရာယ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လေထုသန့်ရှင်းဖို့၊ ကမ္ဘာကြီးအပူချိန်ကို လျှော့ချဖို့၊ ကျန်းမာတဲ့အနာဂတ် ဖန်တီးနိုင်ဖို့ အားလုံးပဲ သန့်ရှင်းသောလေကို ရှူရှိုက်နိုင်ဖို့ ကျွန်တော်တို့ လူသားအားလုံးမှာ တာဝန်ရှိပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ လေထုညစ်ညမ်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာများကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry - [စိုးရိမ်စိတ်လွန်ရောဂါတွေအတွက် ထိရောက်တဲ့ ကုသမှုတွေ Effective Treatments for Anxiety Disorders in Ethnic Languages (December,2023)](https://www.telekyanmar.org/effective-treatments-for-anxiety-disorders-in-ethnic-languages-december2023/) - လူတိုင်းမှာ Anxiety လို့ခေါ်တဲ့ စိုးရိမ်စိတ်နဲ့အတူ စိတ်ပင်ပန်းဆင်းရဲမှုတွေလည်း အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ အခုလိုအချိန်မျိုးမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေအပြင် အလုပ်အကိုင်တွေ ရှားပါးတာနဲ့ ငွေကြေးကျပ်တည်းတာတွေကြောင့် စိုးရိမ်စိတ်လွန်ကဲမှုတွေကို ပြည်သူအများစု တွေ့ကြုံရနိုင်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ စိုးရိမ်စိတ်လွန်ရောဂါတွေအတွက် ထိရောက်တဲ့ ကုသမှုတွေကို ပြည်သူလူထု သိရှိနိုင်အောင် လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ဖြစ်လာတဲ့အခါ ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်မလဲ How to Deal with Burnout in Ethnic Languages (January,2024)](https://www.telekyanmar.org/how-to-deal-with-burnout-in-ethnic-languages-january2024/) - လူတိုင်းဟာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေအတွက် အချိန်အတော်ကြာတဲ့အထိ ကိုယ်ရောစိတ်ပါ အနားမပေးဘဲ ဆက်တိုက်လုပ်ဆောင်လာတဲ့အခါ စိတ်ရောကိုယ်ရော ပင်ပန်းနွမ်းနယ်ပြီး အဲဒီအလုပ်တွေကို လုပ်ဖို့စိတ်မပါတာ၊ စိတ်ကုန်နေတာမျိုး ဖြစ်လာတတ်ပါတယ်။ အဲဒီအခြေအနေကို ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ဖြစ်တယ်လို့ ခေါ်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ အလုပ်တာဝန်များကြောင့် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်ခြင်း (Burnout) ဖြစ်လာတဲ့အခါ ဘယ်လိုကိုင်တွယ် ဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲဒီအစဉ်အတိုင်းပါပဲနော်... - [ငှက်ဖျားရောဂါအပါအဝင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်တဲ့ အချက်တွေ Malaria Prevention in Ethnic Languages (January,2024)](https://www.telekyanmar.org/malaria-prevention-in-ethnic-languages-january2024/) - ငှက်ဖျားရောဂါဆိုတာဟာ အချို့သော ခြင်အမျိုးအစားတွေ အကိုက်ခံရခြင်းမှတစ်ဆင့် လူကိုကူးစက်နိုင်ပြီး အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်နိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းဖြင့် ငှက်ဖျားရောဂါ အပါအဝင် တခြား ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကိုလည်း ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ ငှက်ဖျားရောဂါအပါအဝင် ခြင်ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်တဲ့ အချက်တွေကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာများ](https://www.telekyanmar.org/စိတ်ဖိစီးမှုကြောင့်-ဖြစ/) - လူရယ်လို့ဖြစ်လာတဲ့အခါ အသိဉာဏ်ဆင်ခြင်တတ်တဲ့အရွယ်ကစလို့ ဘဝမှာ စိတ်ဖိစီးတာတွေကို နေ့စဉ်ခံစားနေကြရပါတယ်။ ယေဘူယျအားဖြင့်တော့ စိတ်ဖိစီးတာတွေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ကြတတ်ပေမယ့် ပုံမှန်မဟုတ်တဲ့ စိတ်ဖိစီးမှုတွေက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ သက်ရောက်မှုများစွာ ရှိပါတယ်။ စိတ်ဖိစီးမှု ဆက်တိုက်ခံစားနေရလာပြီဆိုရင်တော့ ကျန်းမာရေးချို့တဲ့တာတွေကို ဖြစ်လာစေပါတယ်။ စိတ်ဖိစီးနေသူအတွက် အပန်းဖြေအနားယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ ကုသမှုတွေအတွက် တယ်လီကျန်းမာရဲ့ ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ "စိတ်ဖိစီးမှုကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာများ" နှင့် စိတ်ဖိစီးမှုကို လျှော့ချရာတွင် ကူညီပေးနိုင်တဲ့ အကြောင်းရာလေးတွေကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ - [နွေရာသီတွင် ပြုလုပ်ရမည့် ကြိုတင်ကာကွယ်မှုများ](https://www.telekyanmar.org/နွေရာသီတွင်-ပြုလုပ်ရမည့/) - နွေရာသီဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာပါတယ်။ ဒီနှစ်နွေရာသီဟာ အယ်လ်နီညို အဖျားခတ်မယ့်နှစ် ဖြစ်သလို အခုရက်ပိုင်းအတွင်း ရာသီဥတုအပူချိန် မြင့်တက်လာတဲ့အတွက် အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ အပူဒဏ်လွန်ကဲ၍ သတိလစ်ခြင်း၊ အပူငုပ်ခြင်းနှင့် အပူရှပ်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ယခုတစ်ပတ်မှာတော့ ပြည်သူလူထုအ​နေနဲ့ အပူဒဏ်ကြောင့်ဖြစ်ရသော ကျန်းမာရေးပြဿနာများကို ကြိုတင်ကာကွယ်နိုင်​​စေရန် "နွေရာသီတွင် ပြုလုပ်ရမည့် ကြိုတင်ကာကွယ်မှုများ" ကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of - [သိကောင်းစရာ အရိုးကင်ဆာ Osteosarcoma](https://www.telekyanmar.org/osteosarcoma-march-2024/) - ???? အရိုးကင်ဆာဟာ ဘယ်အသက်အရွယ်တွေမှာ ဖြစ်လေ့ရှိသလဲ.... အရိုးကင်ဆာဟာ ဆယ်ကျော်သက်အရွယ်တွေနဲ့ သက်လတ်ပိုင်းတွေမှာ အဓိက ပိုပြီးအဖြစ်များလေ့ရှိပြီး ကလေးငယ်တွေနဲ့ သက်ကြီးပိုင်းတွေမှာလည်း ဖြစ်လေ့တော့ရှိပါတယ်။ ... ... ???? အရိုးကင်ဆာဟာ ဘယ်အရိုးတွေမှာ အဖြစ်များသလဲ၊ ဘာကြောင့် ဖြစ်ရပါသလဲ.... အရိုးကင်ဆာဟာ ​ခြေထောက်မှာရှိတဲ့ ပေါင်ရိုးလို အရိုးရှည်အမျိုးအစားတွေမှာ အဓိကဖြစ်ပွားပါတယ်။ လက်မှာရှိတဲ့ အရိုးတွေအပါအဝင် တခြားအရိုးတွေမှာလည်း အရိုးကင်ဆာဟာ ဖြစ်ပွားနိုင်ပါသေးတယ်။ ဘာလို့ဖြစ်ရတယ်ဆိုတာကိုတော့ တိတိကျကျ မသိကြရသေးပါဘူး။ တချို့ကတော့ အရိုးဆဲလ်ထဲမှာရှိတဲ့ DNA လို့‌ ခေါ်တဲ့ မျိုးရိုးဗီဇ (Genes) ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ရတယ်လို့ ဆိုပါတယ်။ အရိုးဆဲလ်တွေရဲ့ ပုံမှန်မဟုတ်တဲ့ အဆမတန် ပွားများမှုကြောင့် အရိုးမှာ အလုံးအကျိတ်ဖြစ်ပွားပြီး အဲကနေတစ်ဆင့် နီးစပ်ရာအရိုးနဲ့ အရိုးတစ်ဝိုက်ကို ပျံ့ပွားဖျက်ဆီးပစ်ပါတယ်။ ဒီလိုနဲ့ အရိုးကင်ဆာ - [ခံတွင်းကျန်းမာရေး အလေးပေး Oral Health](https://www.telekyanmar.org/oral-health-march-2024/) - ???? ခံတွင်းကျန်းမာရေးဟာ တကယ်တော့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးပါပဲ။ ခံတွင်းလို့ဆိုရာမှာ ကျွန်တော်တို့ စားဖို့သောက်ဖို့၊ အသက်ရှူဖို့၊ စကားပြောဆိုဖို့ကစလို့ နောက်ဆုံး မိမိကိုယ်ကိုယ် ယုံကြည်မှုရှိရှိ ပြုံးဖို့အဆုံး အသုံးပြုရတဲ့ သွား၊ ပါးစပ်၊ အာခေါင်၊ အာသီး အကုန်ပါဝင်ပါတယ်။ ခံတွင်းဟာ နိစ္စဓူဝ စားသောက်ဖို့အတွက် အသုံးပြုရသလို လေရှူသွင်း၊ လေရှူထုတ်ဖို့အတွက်လည်း ကနဦးအစ ဝင်ပေါက်‌နေရာဖြစ်တာမို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အရေးအတွက် ခံတွင်းကျန်းမာရေးက အခရာပါပဲ။ ... ... ???? အဖြစ်များတဲ့ ခံတွင်းရောဂါတွေက ဘာတွေလဲ.... ခံတွင်းကျန်းမာရေး ယိုယွင်းလာရင်တော့ - သွားပိုးစားရောဂါ (ခေါ်) သွားဆွေးမြေ့ခြင်း - သွားဖုံးရောဂါ - သွားမျက်နှာပြင် ပွန်းပဲ့ပျက်စီးခြင်း - ခံတွင်းကင်ဆာ စတဲ့ ခံတွင်းဆိုင်ရာရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။ ... - [နှလုံးရပ်သေဆုံးခြင်းနှင့် လေဖြတ်ခြင်းတို့ မဖြစ်ပွားရလေအောင်](https://www.telekyanmar.org/နှလုံးရပ်သေဆုံးခြင်းနှ/) - "နှလုံးရပ်သေဆုံးခြင်းနှင့် လေဖြတ်ခြင်းတို့ မဖြစ်ပွားရလေအောင်" အပတ်စဉ် တိုင်းရင်းသား ဘာသာပြန် ကျန်းမာရေး အသိပညာပေး ပိုစ့်လေး အချိန် ရောက်လို့လာပါပြီ။ ဒီအပတ်ကတော့ ... ရုတ်တရက် နှလုံးရပ်သေဆုံးခြင်းနှင့် လေဖြတ်ခြင်းတို့ ကြိုတင်ကာကွယ်နိုင်ရန် နေ့စဉ် ဘယ်လိုမှန်ကန်စွာ စားသောက် ပြုမှုနေထိုင်ရမယ်ဆိုတဲ့ အချက်လေးတွေကို အသိပညာမျှဝေပေးထားပါတယ်။ ဆိုတော့ ထုံးစံအတိုင်းပဲ ... ကိုယ်က တစ်လုံးမှ မဖတ်တတ် နားမလည်ပေမယ့် တိုင်းရင်းသားတွေအတွက် အင်မတန်အကျိုးရှိတဲ့ကိစ္စလေးတစ်ခုဖြစ်တာကြောင့် အခုပိုစ့်လေးကို....ကိုယ့်မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???????? ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် - [Lead Poisoning ခဲဆိပ်သင့်ခြင်း](https://www.telekyanmar.org/lead-poisoning-july-2023/) - မပေါ့ကြနဲ့နော်.... ဒီဟာက ဖြစ်လာရင် ကုရခက်တယ်တဲ့ ???????????? Ministry of Health, National Unity Government. - [ဆေးရုံက အချစ်ပုံပြင် Love Story in Hospital](https://www.telekyanmar.org/ဆေးရုံက-အချစ်ပုံပြင်-love-story-in-hospital/) - "Love story in Hospital …" တစ်ခါက ဆေးရုံက အချစ်ပုံပြင်လို့ပြောရမလား ... ကျွန်မတို့ ဆရာဝန်တွေ အလှည့်ကျတာဝန်ကျတော့ ကျွန်မက ဦးနှောက်နဲ့ အာရုံကြောဌာန (Neuro ward) ရောက်သွားတယ်ပေါ့။ Neuro ward က လူနာအများစုက မတော်တဆ ထိခိုက်ဒဏ်ရာမျိုး ကားမှောက်တာ၊ ပြုတ်ကျတာ စသည်ဖြင့်ပေါ့ ပြောရရင် လူငယ်ယောကျာ်းလေး များပါတယ်။ တစ်ရက် ကျွန်မတို့ ward ရဲ့ လူနာတစ်ယောက် ဦးနှောက်ဓာတ်မှန်ရိုက်ဖို့လိုက်ရင်း အရေးပေါ်ဌာနမှာ လေသွားပစ်နေတုန်း... အသက် (၂၃) နှစ် အမျိုးသားတစ်ဦး ဆိုင်ကယ်မှောက်လို့ ဦးနှောက်မှာ သွေးခဲအကြီးကြီးဖြစ်လို့ နယ်ကနေ လွှဲလိုက်တာတဲ့။ ကောင်လေးရယ် ဘေးက သူ့အမျိုးသမီး အနေအထားကြည့်ရတာ နွမ်းပါးတဲ့ပုံစံပါ။ သူအကြောင်း သက်ဆိုင်ရာဆရာဝန်က ရာဇဝင်မေးတော့ - [ကျွန်မနှင့် Ultrasound အလွဲများ](https://www.telekyanmar.org/ကျွန်မနှင့်-ultrasound-အလွဲများ/) - ✌️ဆရာဝန်ပေါက်စဘဝ နဲ့ Ultrasound အလွဲများ ဒီ Post လေးက ကျွန်မဘဝ ပထမဆုံး အမှားကြီးဖြစ်သလို နောက်ပိုင်း သတိအမြဲထားဖြစ်တဲ့ အကြောင်းအရာလေးပါ။ ကျွန်မ ဆရာဝန်ပေါက်စဘဝက OG မှာ ပင်ပန်းပေမယ့် အင်မတန်ပျော်၊ အင်မတန်လည်းစိတ်ဝင်စားတော့ အမြဲ Senior OG အမတွေနောက် အမြဲလိုက်ကြည့်... ဝိုင်းကူပေါ့။ တစ်နေ့ အမျိုးသမီးတစ်ယောက်က အာထရာဆောင်း USG အဖြေအရ ညာဘက်သားဥမှာ ရေအိတ်ရယ်၊ POD fluid (မိန်းမကိုယ်နား အရည်ရှိတာ) နဲ့ ပြင်ပလူနာလာပြရော။ ရေအိတ်ကြောင့် ဗိုက်အောင့်လို့ လာပြတာပါတဲ့။ ကျွန်မလည်း ရောဂါရာဇဝင် အသေးစိတ်မေးပေါ့။ သူက ရာသီကျော်လို့ ဆီးစစ်တာ ကိုယ်ဝန်မရှိ၊ ပြီးတော့ ရာသီပြန်ပေါ်တယ်... အခု ဗိုက်အောင့်အောင့်နေပြီး သွေးနည်းနည်းဆင်းတယ်ပေါ့။ ကျွန်မက - [အဖြစ်များနေသော မျက်စိနာခြင်း Adenoviral Conjunctivitis](https://www.telekyanmar.org/အဖြစ်များနေသော-မျက်စိနာ/) - ဒီရက်ပိုင်း အများကြီးကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နေပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။ ????ဘာတွေ ခံစားရမလဲ မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။ တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။ .. .. ????ဘယ်လို ကုသရမလဲ ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။ ဆောင်ရွက်ရန် ၁။ - [သဘာဝနည်းဖြင့် ကိုယ်ဝန်တားခြင်း](https://www.telekyanmar.org/သဘာဝနည်းဖြင့်-ကိုယ်ဝန်တ/) - (နှိုက်နှိုက်ချွတ်ချွတ် ရေးပြသည်ကို ရိုင်းသည်ဟု မထင်စေလိုပါ။ ရှင်းရှင်းလင်းလင်းသိမှ ဖြစ်မည့်အရာများဖြစ်ပါသဖြင့် ရှေ့မျက်နှာနောက်ထား၍ ရေးလိုက်ခြင်း ဖြစ်ပါသည်) ???????????? ... ... ကိုယ်ဝန်တားနည်းများထဲမှ ပထမဆုံးအနေဖြင့် သဘာဝနည်းလမ်းများကို ဆွေးနွေးကြည့်ပါရစေ။ လူသိများသော သဘာဝနည်းလမ်းများမှာ... ၁။ အမျိုးသားသုက်ရည်ကို အပြင်သို့စွန့်ထုတ်သောနည်း (coitus interruptus) ၂။ မျိုးဥကြွေနိုင်သောရက်များတွင် လိင်ဆက်ဆံခြင်းမပြုဘဲ ရှောင်သောနည်း၊ တိုတိုပြောရရင် ရက်ရှောင်သောနည်း (Clander Method) ဟူ၍ ရှိပါသည်။ အထက်ပါနည်းနှစ်ခုစလုံး၏ ရည်ရွယ်ချက်မှာ မမျိုးဥလေးနှင့် သုက်ပိုးများ မတွေ့ဆုံ မပေါင်းစပ်ရလေအောင် သဘာဝအတိုင်းကာကွယ်ခြင်း ဖြစ်ပါသည်။ ... ... အမျိုးသားနှင့်အမျိုးသမီး လိင်ဆက်ဆံမှုသည် တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်ရသောဖြစ်စဥ် ဖြစ်ပါသည်။ပထမဆုံးအဆင့်အနေဖြင့် နှစ်ယောက်စလုံးတွင် ဆက်ဆံလိုသောဆန္ဒ (desire) စတင်ဖြစ်ပေါ်ရမည် ဖြစ်ပါသည်။ အမျိုးသားများတွင် ဤဆန္ဒသည် - [နွေရာသီနှင့် မိတ်ဖုယားနာ](https://www.telekyanmar.org/နွေရာသီနှင့်-မိတ်ဖုယားန/) - နွေရာသီနှင့် မိတ်ဖုယားနာ ☀️ နွေရောက်ပြီဆိုတော့ နွေနေပူပူနဲ့ အတူတွဲပြီး ကြုံရလေ့ရှိတာကတော့ မိတ်ပေါက်ခြင်းပါပဲ။ မိတ်က ဘာလို့ပေါက်ရတယ်။ ဘယ်သူတွေမှာ အဖြစ်များတယ်။ မိတ်ပေါက်တဲ့အခါ ဘယ်လိုကုသရမယ် စတာတွေကို လေ့လာဖတ်ရှုရင်း နွေရာသီမှာ အဖြစ်များလှတဲ့ မိတ်ယားနာကို အနိုင်ယူကြရအောင်နော်.... ... ... ☀️ မိတ်ဘာလို့ပေါက်ရသလဲ.... မိတ်ပေါက်တာဟာ အဖြစ်များလှတဲ့ အရေပြားယားနာတစ်ခုပါ။ မွေးကင်းစကလေးငယ်တွေ၊ ကလေးသူငယ်တွေနဲ့ လူကြီးပါမကျန် ကျား/မ မရွေး မိတ်ပေါက်နိုင်ပါတယ်။ - အဓိကအားဖြင့် ချွေးပေါက်တွေ ပိတ်ဆို့ရင် - အပူပိုင်းဒေသတွေမှာ နေထိုင်ရင် - ပူနွေးစိုစွတ်တဲ့ ရာသီဥတုအခြေအနေနဲ့ ကြုံရရင် - လေဝင်လေထွက် မကောင်းတဲ့၊ ထူထပ်သိပ်သည်းတဲ့ အဝတ်အစားတွေ မကြာခဏဝတ်မယ်ဆိုရင် - အပြင်းအထန် ကိုယ်လက်လှုပ်ရှားတာမျိုး လုပ်လေ့ရှိပြီး ချွေးထွက်များတတ်ရင် - [ခြင်ပိုကိုက်ခံရသူတွေ](https://www.telekyanmar.org/ခြင်ပိုကိုက်ခံရသူတွေ/) - "ခြင်တွေက အခြားလူတွေနား မသွားဘဲ ဘာကြောင့် ငါ့နားပဲ တဝဲလည်လည် လုပ်နေကြလဲ မသိဘူးကွာ" ကြုံဖူးကြမယ် ထင်ပါတယ်နော်။ လူ ၃-၄ ယောက် အတူရှိနေချိန်မှာတောင် တစ်ဦးတစ်ယောက်နားကိုပဲ ခြင်တွေပိုရှိနေ၊ ပိုကိုက်နေတာမျိုး။ ဒါဟာ ဘာကြောင့်လဲဆိုရင် အဲဒီလူဆီမှာ ခြင်တွေကို စွဲဆောင်နိုင်တဲ့ (ခြင်တွေကြိုက်တဲ့) အချက်တွေ ရှိနေလို့ပါတဲ့ ???? ... ... ခြင်တွေဟာ ဘာတွေကို ကြိုက်သလဲဆိုရင်... (၁) ကာဗွန်ဒိုင်အောက်ဆိုက် - လူတွေ အသက်ရှူထုတ်လိုက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကို ခြင်တွေက အင်မတန် အာရုံခံနိုင်ပါတယ်။ အကွာအဝေး ပေ ၁၅၀ ကျော်ကနေကို အာရုံခံသိရှိနိုင်စွမ်းရှိပြီး အဲဒီလူရှိရာကို အရောက်လာနိုင်ပါတယ်တဲ့။ ဒါကြောင့် အခြားသူတွေထက် အသက်ရှူထုတ်နှုန်း ပိုများပြီး CO2 - [အကာကွယ်မဲ့ လိင်ဆက်ဆံခြင်း Unprotected Sex](https://www.telekyanmar.org/unprotected-sex-march-2024/) - လိင်ဆက်ဆံခြင်း/အတူနေခြင်းဆိုတာဟာ အဖိုအမဆိုင်ရာ သဘာဝတရားပါ။ ဒါပေမယ့် နှစ်ဦးသဘောတူ ချစ်ကြည်နူးပြီး ကောင်းမွန်တဲ့ခံစားချက်နဲ့ အတွေ့အကြုံရဖို့အပြင် အန္တရာယ်မရှိဘဲ လုံခြုံစိတ်ချရတဲ့ အတူနေဆက်ဆံခြင်း ဖြစ်ဖို့ကလည်း တကယ်ကို အရေးကြီးပါတယ်။ ... ... အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ.... - အကာအကွယ်ဖြစ်တဲ့ ကွန်ဒုံး (Condom) မပါဘဲ အတူနေတာ - သန္ဓေတားဆေးမသောက်ဘဲ အတူနေတာ/အတူနေပြီး တားဆေးမ‌သောက်တာကို ဆိုလိုပါတယ်။ . ဒီလို အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတွေကို များသောအားဖြင့်... - အရက်သေစာ၊ မူးယစ်ဆေးဝါး သောက်စားမိပြီး ကြိုတင်စီစဉ်ထားတာမရှိဘဲ အတူနေမိတာ - အကာအကွယ်အဖြစ် ကွန်ဒုံးသုံးပေမယ့် ပေါက်ပြဲသွားတာ ဒါမှမဟုတ် ရက်လွန်နေတာ - အကာအကွယ်ကွန်ဒုံး အသုံးပြုပုံ မမှန်တာ - သန္ဓေတားဆေးသောက်သုံးဖို့ မေ့သွားတာ - - [ရာသီလာချိန်နှင့် အစားအသောက်များ](https://www.telekyanmar.org/ရာသီလာချိန်နှင့်-အစားအသ/) - ဟဲ့... ဟိုဟာဖြစ်နေတုန်း အချဥ်တွေ မစားရဘူးလေ... ဗိုက်နာတတ်တယ်၊ ထိန်သွားတတ်တယ်၊ နေလို့မကောင်းဖြစ်တတ်တယ်.... စသဖြင့် ဒါမျိုးလေးတွေ... ကြားဖူးကြမယ် ထင်ပါတယ်နော် တကယ်တမ်းမှာလည်း... တို့တွေနိုင်ငံသာမက အရှေ့အာရှ နိုင်ငံတော်တော်များများမှာပါ ရာသီလာနေချိန် ဟိုဟာမစားရ၊ ဒီဟာ မစားရ... ဟိုဟာ မလုပ်သင့်၊ ဒီဟာ မလုပ်သင့် စတဲ့ အယူအဆအစွဲလေးတွေ ရှိတတ်ကြပါတယ်။ ဒီအထဲကမှ ရာသီလာစဥ် ခေါင်းမလျှော်သင့်ဘူး ဆိုတဲ့အကြောင်းလေးနဲ့ ပတ်သက်တာရယ်၊ ရာသီစက်ဝန်းအလိုက် ဘယ်လိုအချိန်တွေမှာ မိမိဆံသားကို ဂရုစိုက်သင့်ကြောင်း ဆိုတာလေးရယ်က ပြောပြဖူးပါတယ်နော် click here အခုပြောချင်တာကတော့ ရာသီလာခါနီးနဲ့ ရာသီလာချိန်မှာ ဘာကြောင့် အချိုတွေ၊ အချဥ်တွေ စားချင်စိတ် ဖြစ်လာရသလဲ ဆိုတာနဲ့... စားသင့်/မစားသင့် ဆိုတဲ့အကြောင်းလေးပါ။ စိတ်ဝင်စားကြမယ် ထင်ပါတယ်နော် ???????? ... ... - [ကလေးများနှင့် သန်ချဆေး](https://www.telekyanmar.org/ကလေးများနှင့်-သန်ချဆေး/) - ကလေးကို မဖြစ်မနေ သန်ချပေးရမှာလား... မြေကြီးပေါ် ဆင်းမကစားခိုင်းရင်ရော သန်ချပေးရမှာပဲလား ???? ဘယ်အရွယ်ကစပြီး သန်ချပေးရမှာလဲ... ဘာဆေးတွေတိုက်ရမှာလဲ... စသည်ဖြင့် မိဘများမေးတတ်ကြပါတယ်။ ... ... သန်ကောင်တွေအကြောင်း အရင်ပြောကြရအောင်ပါ။ သန်ကောင်များဟာ ခန္ဓာကိုယ်သေးငယ်ကြပေမယ့် ကလေးများအတွက်တော့ ရန်သူတော်ကြီးများပါပဲ။ သန်ကောင်၊ တုတ်ကောင်၊ တုတ်ပြားကောင် စသည်ဖြင့် သန်ကောင်အမျိုးအစား အများအပြားရှိပြီး အားလုံးကတော့ ခန္ဓာကိုယ်ကို ဒုက္ခပေးကြတာချည်းပါပဲ။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ဗိုက်အောင့် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ပိန်သွားခြင်းတို့ ဖြစ်ပါတယ်။ အချို့က ကလေးတို့ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ကလေးတို့ရဲ့ အာဟာရအချို့ကို လုယူစားသောက်တတ်ကြပါတယ်။ အူလမ်းကြောင်းတစ်လျှောက်မှာ ကပ်တွယ်ပြီး ကလေးတွေရဲ့ သွေးကို စုပ်ယူတတ်ကြတဲ့ သန်ကောင်အမျိုးအစားများလည်း ရှိပါတယ်။ ကလေးတို့ရဲ့ စအိုနဲ့ လိင်အင်္ဂါတစ်ဝိုက် ယားယံစေတတ်တဲ့ - [ပဲ နဲ့ အာဟာရ](https://www.telekyanmar.org/ပဲ-နဲ့-အာဟာရ/) - တို့မြေ တို့ရေမှာ ပဲဆိုတာ သိပ်ဖြစ်ထွန်းတာ…တောင်သူအများစုရဲ့ သူငယ်ချင်းပေါ့။ ပဲဆိုတာလည်း အမျိုးမျိုးကို ထွက်တာ... ပဲနီ၊ ပဲ၀ါ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြား၊ ပဲကွန်၊ ပဲတီစိမ်း စသဖြင့်ပေါ့။ ပြည်ပ၀င်ငွေရရှိတဲ့ ထွက်ကုန်တစ်ခုလည်း ဖြစ်လေပြန်‌ရော… ပဲစားရင် အားရှိပြီး ကြီးထွားစေတယ်ဆိုတာ အားလုံးကြားဖူးနား၀ ရှိပြီးသားပါ။ အစားအစာအထူးပြု မလေ့လာခင်တုန်းကတော့ ပဲဆိုတာ အသားဓာတ်ပေးတယ်ပေါ့ ဒီလောက်ပဲသိတာ… တကယ်တော့ ချက်ပြုတ်ပြီးသား ပဲ ပန်းကန်လုံး တစ်လုံးစာမှာ အာဟာရကယ်လိုရီတန်ဖိုး ၂၂၀ ခန့်၊ ကစီဓာတ် ၄၅ ဂရမ်၊ အဆီဓာတ် မပါသလောက်နည်း၊ အသားဓာတ် ၁၅ ဂရမ် (အသားတုံး လက်တစ်၀ါးစာမှာပါတဲ့ ပမာဏနီးပါး) ၊ အမျှင်ဓာတ် ၁၅ ဂရမ် ပါ၀င်ပါသတဲ့ … ဒါ့အပြင် - [ဘလူးဘယ်ရီစားသုံးခြင်း၏ ကျန်းမာရေးအကျိုးများ Health Benefits of Blueberries](https://www.telekyanmar.org/health-benefits-of-blueberries-january2024/) - ဘလူးဘယ်ရီစားသုံးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ ဘလူးဘယ်ရီသီးတွေဟာ ချိုချိုချဉ်ချဉ်အရသာရှိပြီး လူသိများတဲ့အသီးလည်း ဖြစ်ပါတယ်။ အရသာလည်းရှိတဲ့အပြင် ကယ်လိုရီပါဝင်နှုန်းလည်း နည်းတာကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဒါဆို ဘလူးဘယ်ရီသီးစားသုံးခြင်းရဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့အချက် ၁၀ ချက်ကို ဖတ်ကြည့်လိုက်ရအောင်…. ... ... (၁) ကယ်လိုရီပမာဏနည်းပြီး အာဟာရဓာတ် ကြွယ်ဝပါတယ်။ ဘလူးဘယ်ရီမျိုးစိတ်တွေ အများအပြားရှိပေမယ့် တွေ့ရအများဆုံးကတော့ အမေရိကန်နိုင်ငံမှာ စိုက်ပျိုးတဲ့ Highbush blueberries နဲ့ antioxidants ကြွယ်ဝတဲ့ Lowbush or wild blueberries တွေပဲ ဖြစ်ပါတယ်။ ဘလူးဘယ်ရီသီးတစ်ခွက်စာမှာ Vitamin C 24%, Vitamin K 36%, Manganese 25%, အမျှင်ဓာတ် 4 grams နဲ့ အခြားသောအာဟာရဓာတ်တွေ ပါဝင်ပါတယ်။ - [ပင်မှည့်သီးနှင့် ကျန်းမာရေးအကျိုးကျေးဇူးများ](https://www.telekyanmar.org/passion-fruit-and-health-december2023/) - ☝️ ပင်မှည့်သီးလေးကိုခွဲ သကြားနဲ့ ခေါက်သောက်ရတာ သဘောကျသူတွေရှိလား... အနံ့အရသာနဲ့ ပြည့်စုံတဲ့ ပင်မှည့်သီး (ဖျော်ရည်သီး) လေးများအကြောင်း တင်ဆက်ပေးချင်ပါတယ်။ ... ... ????ပုံမှန်အရွယ် ပင်မှည့်သီး (၁) လုံးမှာ - - ဗီတာမင်အေ - ဗီတာမင်စီ - သံဓာတ် - ပိုတက်ဆီယမ် - မဂ္ဂနီဆီယမ် - ကယ်လ်ဆီယမ် - အမျှင်ဓာတ်နဲ့ - ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ... ... ????ပင်မှည့်သီးကရနိုင်တဲ့ ကောင်းကျိုးများ ➤ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လုံလောက်စွာပါဝင်တဲ့အတွက် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးတာမို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသက်ကြီးလာချိန် ဖြစ်တတ်တဲ့ နှလုံးရောဂါနဲ့ အခြားနာတာရှည်ရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ . - [ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီး စားလို့ရလား](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်ချိန်-သင်္/) - ❓ကိုယ်ဝန်ဆောင်ချိန် သင်္ဘောသီး စားလို့ရလား ကိုယ်ဝန်ဆောင်ချိန်မှာ သင်္ဘောသီး စားလို့ရပါတယ်။ ဒါပေမယ့် အသီးက ဝါပြီး အမှည့်ဖြစ်ရပါမယ်။ သင်္ဘောသီးမှည့်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကောင်းမွန်ပေမယ့် သင်္ဘောသီးအစိမ်းကိုတော့ မစားသင့်ပါဘူး။ မြန်မာလူမျိုးအများစုဟာ သင်္ဘောသီးကို အမှည့်ရော အစိမ်းရော ၂ မျိုးစလုံး စားလေ့ရှိကြပါတယ်။ အများအားဖြင့် အမှည့်ကို သရေစာ၊ ဖျော်ရည် လုပ်သောက်ကြပြီး အစိမ်းကိုတော့ သင်္ဘောသီးသုပ်၊ သင်္ဘောသီးထောင်းအဖြစ် လုပ်စားလေ့ရှိကြပါတယ်။ အဝါရောင်ရှိတဲ့ သင်္ဘောသီးအမှည့်မှာ.... - Beta-carotene - Choline - Fiber - Folate - Potassium နဲ့ - Vitamin A, B, C တို့ သဘာဝအတိုင်းပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ အစိမ်းရောင်ရှိသော သင်္ဘောသီးအစိမ်းမှာတော့... - [ရာသီစာ ထောပတ်သီးအကြောင်း သိကောင်းစရာ (December,2023)](https://www.telekyanmar.org/ရာသီစာ-ထောပတ်သီးအကြောင်/) - ဆောင်းတွင်းရောက်လာပြီဆိုတာနဲ့ ထောပတ်သီးရာသီစပြီမို့ စျေးကွက်ထဲမှာ ထောပတ်သီး အမျိုးစုံ၊ အရွယ်အစားစုံ တွေ့လာရပါပြီ။ ထောပတ်သီးကို နည်းလမ်းမျိုးစုံနဲ့ အရသာရှိအောင် လုပ်စားလေ့ရှိကြတာမို့ ထောပတ်သီးရဲ့ အာဟာရအကျိုးပြုပုံကို အနည်းငယ် ဖော်ပြလိုက်ပါတယ်။ ... ... ???? ပုံမှန်အရွယ်အစား ထောပတ်သီးတစ်လုံးမှာ * ကယ်လ်လိုရီ ၃၂၂ * ကာဗွန်ဟိုက်ဒရိတ် ၁၇ ဂရမ် (g) * ပရိုတင်းဓာတ် ၄ ဂရမ် (g) * အမျှင်ဓာတ် ၁၄ ဂရမ် (g) * ဗီတာမင် C * ဗီတာမင် K * ဗီတာမင် B * ဖောလစ်ဓာတ် (folate) * ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် * beta-carotene - [ဆရာဝန် မဟုတ်သော အပ်ပုန်းများ](https://www.telekyanmar.org/ဆရာဝန်-မဟုတ်သော-အပ်ပုန်း/) - "ဆရာဝန် မဟုတ်သော အပ်ပုန်းများ" ~~~~~~~~~~~~~~~~~~~~~~ ကျွန်မ တယ်လီကျန်းမာမှာ လူနာကြည့်ရင်း အခုတလော အတွေ့များလာတာက... " ဆရာမရေ ကျွန်မ နှာခေါင်းပြင်လိုက်တာ ... အခုထိ ပြည်ထွက်နေလို့" "ကျွန်မ အဆီစုပ်လုပ်တာ ... ဗိုက်တစ်ပြင်မာခဲပြီး ဖျားလာလို့" "ကျွန်တော် အကြောဆေးသွင်းလိုက်တာ... သွင်းတဲ့နေရာက အင်ပျဥ်ထွက်လာပြီး မာမာအခဲကြီးဖြစ်လာလို့" စသည်ဖြင့် လာပြရင်…. ရောဂါရာဇဝင် သေချာမေးလိုက်တဲ့အခါ (ဆရာဝန်မဟုတ်ဘဲ) ဘယ်ကမသိ Diploma စာရွက်လေးနဲ့ လုပ်စားနေတဲ့ အပ်ပုန်းတွေ.... တချို့ဆို (၃) လ သင်တန်းတက်၊ ဆေးခန်းအကူ (၂) ပတ်လုပ်ပြီး အကြောဆေး/အသားဆေး လိုက်ထိုးနေတာတောင် တွေ့ဖူးပါတယ်။ ဒါမျိုးတွေ တွေ့တော့... ကျွန်မတို့ မြန်မာပြည်မှာသာ ဖြစ်ချင်တိုင်းဖြစ်နေတာ... နိုင်ငံကြီးတွေမှာဆို Over the counter - [သင့်စိတ်ကိုပျော်ရွှင်စေသော ဟော်မုန်းတွေထွက်ရှိအောင်](https://www.telekyanmar.org/သင့်စိတ်ကိုပျော်ရွှင်စ/) - သင့်စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းတွေထွက်အောင် ဘယ်လိုနေထိုင်ပြုမူကြမလဲ ? ဟော်မုန်းတွေဟာ ခန္ဓာကိုယ်အနှံ့ရှိ ဂလင်းအမျိုးမျိုးမှ ထုတ်လုပ်တဲ့ဓာတုပစ္စည်းများ ဖြစ်ပါတယ်။ ၎င်းတို့ဟာ သွေးကြောများမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ရောက်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာများစွာမှာ ပါဝင်ကြပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေထဲမှာ စိတ်ခံစားချက်ကို ထိန်းညှိပေးတာလည်းပါပါတယ်။ အချို့ဟော်မုန်းတွေဟာ ပျော်ရွှင်မှုအပါအဝင် အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို မြှင့်တင်ဖို့ကူညီပေးကြောင်း လူသိများပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် သီချင်းနားထောင်ခြင်းကဲ့သို့သော ရိုးရှင်းတဲ့လုပ်ဆောင်မှုတွေဟာ စိတ်ခံစားမှုကောင်းစေတဲ့ဟော်မုန်းထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီလို “ပျော်ရွှင်စေတဲ့ဟော်မုန်းများ" ကတော့ - ???? Dopamine စိတ်ခံစားမှုကောင်းစေတဲ့ဟော်မုန်းလို့ လူသိများတဲ့ Dopamine ဟာ ဦးနှောက်ရဲ့ reward system က ထုတ်ပေးတာဖြစ်ပြီး လေ့လာသင်ယူမှု၊ မှတ်ဉာဏ်နှင့် ပျော်ရွှင်ဖွယ်ခံစားမှုများနှင့် ဆက်စပ်နေပါတယ်။ . ???? Serotonin စိတ်ခံစားချက်ကို ထိန်းညှိပေးတဲ့အပြင် အိပ်စက်ခြင်း၊ အစာစားချင်စိတ်၊ - [ပုရစ်ကြော်ရဲ့ အာဟာရ](https://www.telekyanmar.org/fried-crickets-nutritional-value-june-2023/) - "ပုရစ်ကြော်ရဲ့အာဟာရ" ------------------------------------ ပုရစ်ကြော် (Fried Crickets) ဟာ အရှေ့တောင်အာရှတစ်ခွင်မှာ နာမည်ကြီးတဲ့ Street Food ခေါ် လမ်းဘေးအစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ ခုလို မိုးဦးကျပြီ၊ မိုးဝင်ပြီဆိုရင် ပုရစ်သံတညံညံကြားရသလို ပုရစ်ကြော်ရောင်းတဲ့ဆိုင်တွေလည်း တစ်စတစ်စပိုများလာကြပါတယ်။ တကယ်တော့ ပုရစ်ဆိုတာ နှယ်နှယ်ရရမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေမှာ စပြီးစားကြရာကနေ ခုဆို မြောက်အမေရိကနဲ့ဥရောပနိုင်ငံတွေမှာပါ ပုရစ်မွေးမြူရေးခြံတွေတည်ဆောက်ပြီး ကျယ်ကျယ်ပြန့်ပြန့် စားသုံးလာကြပြီ။ ပုရစ်ကို ကြော်ချက်ရုံသာမက Superfood supplement ရယ်ဆိုပြီး ပုရစ်အခြေခံဂျုံမှုန့်တောင် ထုတ်လုပ်ထားပါသေးတယ်။ နောက်ပိုင်းမှာ Protein Bar တွေတောင်ထုတ်ဖို့ ကြံစည်နေကြပါသေးတယ်။ ပုရစ်ကို ဒီလောက်ထိသည်းသည်းလှုပ်စားကြတဲ့ အဓိကအကြောင်းရင်းက အသားဓာတ်ကြွယ်ဝမှုပဲ ဖြစ်ပါတယ်။ ပုရစ်တစ်ကောင်လုံးရဲ့ (၆၅- ၆၉) % ဟာ အသားဓာတ်တွေ ဖြစ်ပါတယ်။ ကြက်ရင်အုံမှာ(၃၂)% ၊ - [ဒေါက်တာလီယိုနှင့် ဇိုးဘဲများ](https://www.telekyanmar.org/ဒေါက်တာလီယိုနှင့်-ဇိုးဘ/) - "ဒေါက်တာလီယိုနှင့် ဇိုးဘဲများ" ဂျီပီဆရာဝန်အနေနှင့် ကုသပေးရသော အရက်သမား လူနာတို့မှာ များလှပြီ။ များလွန်းလို့ အရက်သမားဆိုရင် မျက်စိမှိတ် ကုလို့ရပြီ... အခုလည်း လာပါပြီ။ ကိုယ်တော်ချောက အသက် ၃၀ ကျော်... ပိန်ပိန်ပါးပါး၊ ကတုန်ကယင်၊ အစာမဝင်ဘူး၊ စားချင်စိတ် မရှိဘူး၊ ဗိုက်အောင့်တယ်၊ အိပ်မပျော်ဘူး.. ခြေလက်ထုံတယ်။ စမ်းသပ်လိုက်တဲ့အခါ မျက်လုံးမဝါသေး၊ သွေးမအန်သေး၊ ဝမ်းအမည်း မသွားသေး၊ ညာဘက် နံရိုးအောက်မှာ နာတယ်။ ကုသမှုက Drip ချိတ်၊ ဗီတာမင် B1 ပါအောင်ပေး။ အစာအိမ်ဆေးပေး...အအန်ပျောက်ဆေးပေး...ဒိုင်ယာဇီပင် ပေး။ ဒီအထိ အားလုံး အိုကေပါပဲ။ ဒါပေမဲ့ လူနာရှင်တို့ရဲ့ ထုံးစံအတိုင်း လူနာအား အရက်ဖြတ်ဖို့ တိုက်တွန်းစေချင်တယ်။ "ဆရာပြောမှ ရတာ။ သူက ကျမတို့ဆို နားမထောင်ဘူး" - [ကိုယ်ဝန်ဆောင်နှင့် နာနတ်သီး](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်နှင့်-နာနတ/) - ကိုယ်ဝန်ရှိလာတဲ့အခါ မိဘဆွေမျိုး၊ မိတ်​ဆွေသူငယ်ချင်း၊ အိမ်နီးနားချင်းတွေကအစ သူတို့ရဲ့အကြံဉာဏ်၊ အတွေ့အကြုံ၊ အတွေးအမြင်တွေ မျိုးစုံအောင် ကြားရပါလိမ့်မယ်။ အချို့အကြောင်းအရာ အချက်အလက်တွေက အသုံးဝင် မှန်ကန်နိုင်ပေမယ့်၊ အခြားမှားယွင်းနေတဲ့ အယူအဆတွေလည်း ရှိနိုင်ပါတယ်။ ဥပမာ - တစ်စုံတစ်ဦးက သင့်ကို "ကိုယ်ဝန်သည်က နာနတ်သီးနဲ့ မတည့်ဘူး၊ စားလို့မရဘူး။ ကိုယ်ဝန်ပျက်ကျတတ်တယ်၊ ဗိုက်​စောစောနာပြီး ကလေးစောမွေးတတ်တယ်" ဆိုတဲ့ ယုံတမ်းစကားမျိုးကို တချို့တွေ ကြားဖူးကြမှာပါ။ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ အသီးအနှံကို နောက် ၉ လလောက်အထိ မရှောင်ခင်မှာ အောက်ပါအချက်လေးတွေကို လေ့လာကြည့်ရအောင် ။ .. .. ကိုယ်ဝန်ဆောင်နေချိန် နာနတ်သီး စားလို့ရပါသလား ? နာနတ်သီးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးရန်ဘေးကင်းပြီး ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ နာနတ်သီးက - [အိမ်မက်ဆန်တဲ့ဘဝတွေ](https://www.telekyanmar.org/အိမ်မက်ဆန်တဲ့ဘဝတွေ/) - “အိပ်မက်ဆန်တဲ့ ဘဝတွေ” =================== “ဆေးရုံမှာ နောက်ဆုံးကြည့်ခဲ့တဲ့ လူနာကို မှတ်မိလား” တဲ့.... ပုံမှန်မေးနေကျ Just a routine conversation လေးပါပဲ။ “ဟင့်အင်း မမှတ်မိဘူး” လို့ ပြန်ဖြေပေမယ့် စိတ်ထဲမှာတော့ "ဆေးရုံလို့သမုတ်ထားတဲ့နေရာမှာ လူနာမကြည့်ဖြစ်တာ... ရိုးရိုးသားသားပြောရရင် မကြည့်နိုင်ခဲ့တာ ကြာပြီ” လို့ တွေးရင်း လက်က ၁..၂..၃ စသည်ဖြင့် ရေမိတယ်။ လက်တစ်ဘက်မှာရှိတဲ့ လက်ချောင်းတွေအကုန်မှာ ဆေးရုံလိုနေရာမျိုးမှာ ကျွန်တော် လူနာမကြည့်ဖြစ်တဲ့ လတွေရဲ့ အရေအတွက်ကပေါ်လာတယ်။ လူကိုယ်တိုင်ကလည်း ဆေးရုံလို့ ကိုယ်တွေသတ်မှတ်ထားတဲ့နေရာကနေ ဝေးနေပြီးတော့ ရွေ့လျားဆေးကုခန်းလေးတွေ၊ ခရီးသွားဟန်လွဲတွေပဲ ကုနေရတာကြာနေပြီကိုး... နောက်ဆုံးစားခဲ့တဲ့အရာကို စဥ်းစားရတာတောင် လွယ်ပါဦးမယ်။ နောက်ဆုံးကြည့်ခဲ့တဲ့လူနာက မှတ်ဉာဏ်ထဲမှာ ပျောက်နေတယ်။ မှတ်ဉာဏ်တွေဆိုတာကလည်း ပရုတ်လုံးလေးတွေလို တဖြည်းဖြည်း ပါးလျသွားပြီး ပျောက်သွားတတ်တဲ့ - [​ကြောက်စရာ စိတ်ကင်ဆာ](https://www.telekyanmar.org/ကြောက်စရာ-စိတ်ကင်ဆာ/) - "ကြောက်စရာ စိတ်ကင်ဆာ" ကျွန်မ ဆရာဝန်ပေါက်စဘဝက ... Night Duty တစ်ညမှာ...ကိုယ်ဘာသာ သေကြောင်းကြံစည်တဲ့ လူနာ အမျိုးသမီးတစ်ဦးနဲ့ ဆုံခဲ့ဖူးပါတယ်။ လူနာက အကောင်းအတိုင်းမို့... သူနဲ့ သူ့အဖော်အမျိုးသားကို ကျွန်မလည်း ဖြစ်ပျက်ပုံ History စမေးပါတော့တယ်။ လူနာက အသက် (၁၉) နှစ် ... သူ့အမျိုးသား အသက် (၂၀) ပါ... အိမ်ထောင်ကျတာ (၁) နှစ်မပြည့်သေးပါဘူး။ လူနာ အမျိုးသမီးက ငယ်သေးတာရော...အရမ်းရိုးအေးပြီး...ထမင်းချက်၊ အိမ်အလုပ်၊ စီးပွားရေး ဘာတစ်ခုမှ အဆင်ပြေအောင် မလုပ်နိုင်တော့... အမျိုးသားကရော အမျိုးသားအိမ်ဘက်ကပါ ... သူ့ကို အသုံးမကျကြောင်း...ဆန်ကုန်မြေလေး စသဖြင့် ပြောတာကို စိတ်ညစ်လာလို့... သူသတ်သေဖို့ကြံစည်တာပါဆိုပြီး ... လူနာငိုပြီးပြောပါတယ်။ ကျွန်မက ဘာဆေး သောက်လာလည်းမေးတော့... သူအစာအိမ်နာလို့ - [တစ်မူးပိုသူများ Risky Group for Drug Toxicity](https://www.telekyanmar.org/risky-group-for-drug-toxicity-june-2023/) - "တစ်မူးပိုသူများ" ဘာပဲလုပ်လုပ် သူများထက် တစ်မူးပိုလိုက်ရမှလို့ ရပ်ထဲရွာထဲမှာ တချို့သောသူတွေကို ရည်ညွှန်းပြောဆိုလေ့ရှိကြပါတယ်... ဒီနေ့ဆောင်းပါးထဲမှာတော့ အစားအစာကိုပဲဖြစ်ဖြစ်၊ ဆေးဝါးတွေကိုပဲဖြစ်ဖြစ်၊ တခြားသဘာ၀နည်းလမ်းတွေကိုပဲဖြစ်ဖြစ် အသုံးပြုတဲ့အခါ သတိမူမိဖို့ အရေးကြီးတဲ့ ထူးကဲနေသူ (လူအုပ်စုတွေ) ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ သူတို့တွေကတော့.... .. .. (၁) ကိုယ်၀န်ဆောင်သည်တွေ ကိုယ်၀န်ဆောင်ကာလဟာ နုနုနယ်နယ် ကလေးငယ်ကို ၀မ်းနဲ့လွယ်ထားရတာကြောင့် အလွန်အရေးကြီးပါတယ်။ တချို့မေမေတွေဆိုရင်တော့ ကိုယ့်ရင်သွေးလေးအတွက် အသေးစိတ်ကအစ ဂရုစိုက်ပေးကြပါတယ်။ သိပ်ကိုကောင်းပါတယ်။ မျက်နှာပေါ်လိမ်းမယ့် skincare တောင် ကိုယ်၀န်ဆောင် သီးသန့်သုံးလို့ရတယ် ရေးထားတာတွေကို ရွေး၀ယ်အသုံးပြုကြတဲ့အထိပါ။ တကယ်လည်း ကိုယ်၀န်ဆောင်ချိန်မှာ ၀က်ခြံထွက်တဲ့အခါ retinol လိုမျိုး ၀က်ခြံသက်သာဆေးတွေကို မသုံးစွဲသင့်ပါဘူး။ တစ်ချို့ ဆေးနဲ့ ဒြပ်ပေါင်းတွေက အချင်းကိုဖြတ်ပြီး ရင်သွေးဆီရောက်နိုင်တာမို့ပါ။ ဆေးဝါးတွေအသုံးပြုမယ်ဆိုရင် ကိုယ်၀န်ဆောင်အတွက်စိတ်ချရတဲ့ - [Antihistamine ဆေးတွေရဲ့ တန်ဆေး လွန်ဘေး](https://www.telekyanmar.org/antihistamine-ဆေးတွေရဲ့-တန်ဆေး-လွန်ဘ/) - Antihistamine ဟာ နှာချေခြင်း၊ နှာရည်ယိုခြင်းနဲ့ ယားယံခြင်း စတဲ့ဓာတ်မတည့်တဲ့ လက္ခဏာတွေကို ကုသပေးတဲ့ ဆေးအမျိုးအစားဖြစ်ပါတယ်။ အချို့သော antihistamines တွေကိုတော့ အိပ်ပျော်စေဖို့ကူညီပေးတာ၊ အအေးမိတုပ်ကွေးဖြစ်တာနဲ့ ကားမူးတာ/သင်္ဘောမူးတာ/လေယာဥ်မူးတာလိုမျိုး (motion sickness) တွေကို ကုသတဲ့အနေနဲ့လည်း အသုံးပြုပါတယ်။ လူသိများတဲ့ antihistamine တွေကတော့ ဘာမီတွန် (Chlorpheniramine)၊ စီထရင်း (Cetirizine)၊ လိုရာတဒင်း (Loratadine) စတာတွေဖြစ်ပါတယ်။ .. .. ???? Antihistamine အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ? Antihistamines တွေမှာ First generation (အိပ်ငိုက်စေတတ်) နဲ့ Second generation (အိပ်မငိုက်စေနိုင်) ဆိုပြီး အမျိုးအစား (၂) မျိုးရှိပါတယ်။ အလွန်အကျွံသောက်မိရင်တော့ ဒီဆေးအမျိုးအစား (၂) မျိုးဟာ မတူညီတဲ့တုံ့ပြန်မှုတွေကို - [အိမ်တွင်းဓာတ်ဆားဖျော်နည်း](https://www.telekyanmar.org/အိမ်တွင်းဓာတ်ဆားဖျော်န/) - ???? ရာသီဥတုက တအားပူတယ်။ ချွေးထွက်များရင် ဓာတ်ဆားရည် ပြန်‌သောက်နော်... ????️ ၀မ်းလျှောနေလို့ လူလည်း မျော့နေပြီ။ မအန်ဘူးမလား.....မအန်ရင် ၀မ်းလျှောသလောက် နောက်က ဓာတ်ဆားပြန်လိုက်သောက်လေ... ဓာတ်ဆား... ဓာတ်ဆား..ဓာတ်ဆား. - ဓာတ်ဆားက ခုညဘက်ကြီး ၀ယ်လို့မလွယ်ဘူး... ???? - တစ်ယောက်တည်းနေတာ သွား၀ယ်ပေးမယ့်သူမရှိဘူး ...???? - တောထဲ ဓာတ်ဆားရဖို့မလွယ်ဘူး...???? - နယ်က ဆေး၀ယ်ဖို့ခက်နေတယ်...???? - ပိုက်ဆံမရှိဘူး...???? ဒီလို အရေးကြီး ဓာတ်ဆားကို ကိုယ့်အိမ်မှာကိုယ် အလွယ်တကူဖျော်စပ်နိုင်ဖို့ နည်းလမ်းလေး မျှဝေပေးပါ့မယ်။ ခုချိန်ခါမှာလည်း နေပူလို့၊ ၀မ်းပျက်၀မ်းလျှောလို့ ဓာတ်ဆားလိုအပ်ချက်တွေလည်း များနေမှာပဲ။ ????ကဲ....ဒါကြောင့် အိမ်မှာ ဘယ်လိုလေးဖျော်ကြမလဲ ကြည့်ရအောင်နော်... .. .. ???? အိမ်တွင်း အလွယ်တကူ ဓာတ်ဆားဖျော်နည်းကတော့ - [တညင်းသီးနှင့် ကျန်းမာရေးဆိုးကျိုး](https://www.telekyanmar.org/တညင်းသီးနှင့်-ကျန်းမာရေ/) - "တညင်းသီး" တွေပေါများတဲ့ရာသီရောက်ရင် မစားရမနေနိုင်၊ စားရင်လည်း များများလေးတွယ်လိုက်ရမှ အားရကျေနပ်တဲ့သူတွေရှိကြလား ? ဒီနေ့မှာတော့ "တညင်းသီး"က ကျန်းမာရေးကို ဘယ်လိုဆိုးဆိုးရွားရွား ထိခိုက်စေနိုင်လဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်။ .. .. တညင်းပင်ရဲ့မူလအစက Pea (ပဲစေ့) မျိုးနွယ်ဝင်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဘင်္ဂလားဒေ့ရှ်တွေမှာ ဖြစ်ထွန်းလေ့ရှိပါတယ်။ သူ့သဘာဝအရ မိုးသည်းသည်းထန်ထန်ရွာတဲ့မြေပေါ်မှာ ပေါက်တတ်ပါတယ်။ ဒါကြောင့် ခုလိုမိုးဦးကျကာလကို တညင်းသီးရာသီလို့ ခေါ်ကြပါတယ်။ တညင်းသီးရဲ့ ပုံပန်းသွင်ပြင်က အားလုံးရင်းနှီးပြီးသားမို့လို့ ထွေထွေထူးထူး ပြောဖို့လိုမယ်မထင်ပါဘူး။ တကယ်တမ်း အားလုံးသိထားသင့်တာက တညင်းသီးမှာပါဝင်တဲ့ djenkolic acid ဆိုတာပါပဲ။ တညင်းသီးမှာ ကျန်းမာရေးကို အကျိုးပြုတဲ့ ဗီတာမင်ဓာတ်တွေပါဝင်မှုမရှိဘဲ Djenkolic Acid သာ များများစားစား ပါဝင်ပါတယ်။ Djenkolic acid - ["အသည်းရောင်အသားဝါရောဂါ (A) နှင့် (E) တို့မှ ကာကွယ်ပါ"](https://www.telekyanmar.org/အသည်းရောင်အသားဝါရောဂါ-a/) - အပတ်စဉ် တိုင်းရင်းသား ဘာသာပြန် ကျန်းမာရေး အသိပညာပေး ပိုစ့်လေး အချိန် ရောက်လို့လာပါပြီ။ ဒီအပတ်ကတော့ ... ကျွန်တော်တို့ နေ့စဉ် သတိမထားမိဘဲ မသန့်ရှင်းသော ရေ နှင့် အစားအစာတွေကို စားသောက်မိရင် ဖြစ်တက်တဲ့ အသည်းရောင်အသားဝါရောဂါ (A) နှင့် (E) တို့ကို ဘယ်လို မှန်ကန်စွာ နေထိုင် စားသောက်ပြီး ကာကွယ်နိုင်မလဲဆိုတာကို အသိပညာမျှဝေပေးထားပါတယ်။ ဆိုတော့ ထုံးစံအတိုင်းပဲ ... ကိုယ်က တစ်လုံးမှ မဖတ်တတ် နားမလည်ပေမယ့် တိုင်းရင်းသားတွေအတွက် အင်မတန်အကျိုးရှိတဲ့ကိစ္စလေးတစ်ခုဖြစ်တာကြောင့် အခုပိုစ့်လေးကို....ကိုယ့်မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???????? ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ - [ကျွန်တော်နှင့် အဆိပ် (၄)](https://www.telekyanmar.org/ကျွန်တော်နှင့်အဆိပ်-အပ/) - ကျွန်တော်နှင့် အဆိပ် (၄) အဆိပ်အကြောင်း မရေးဖြစ်တာ ကြာနေပါပြီ။ ခုတလော‌တော့ တိုက်ဆိုင်တာလေးတွေ ရှိနေလို့ ပြန်ရေးလိုက်တာပါ။ ကျွန်တော်တို့ ဆေးရုံမှာ လုပ်တုန်းကဆို အဆိပ်သင့်လူနာတွေ ခဏခဏ ကြုံတွေ့ရတာ‌ပေါ့။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတဲ့ ဓာတုဆေးတွေအပြင် နေ့စဉ်ဆေးကုသမှုမှာ အသုံးပြုတဲ့ အင်္ဂလိပ်သောက်ဆေးတွေ၊ မြန်မာဆေးတွေ အဆိပ်သင့်တာလည်း ပါဝင်ပါတယ်။ မိမိဘာသာ တမင်သောက်တာလည်း ရှိသလို မှားသောက်မိတာတွေလည်း ရှိတတ်ပါတယ်။ ဆေးတွေ တမင်တကာ သောက်ခြင်းဟာ Deliberate self-harm လို့ခေါ်တဲ့ မိမိကိုယ်ကို ထိခိုက်နာကျင်စေလိုလို့ လုပ်တဲ့လုပ်ရပ်တွေမှာ အကျုံးဝင်ပါတယ်။ လုပ်ရခြင်းဟာလည်း အကြောင်းမဲ့ လုပ်တာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ မွန်းကျပ်မှု၊ ထိခိုက်မှုတွေ၊ ငယ်ဘဝ စိတ်ဒဏ်ရာတွေနဲ့ လက်ရှိဘဝမှာ ထွက်ပေါက်ပိတ် မွန်းကျပ်မှုတွေနဲ့ သက်ဆိုင်တတ်ပါတယ်။ ဒီလိုလူတွေကို - [ကျွန်တော်နှင့် အဆိပ် (၁)](https://www.telekyanmar.org/ကျွန်တော်-နှင့်-အဆိပ်/) - တယ်လီကျန်းမာရဲ့ လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေက ကိုယ်တွေ့အဖြစ်အပျက်‌တွေ ရေးနေကြတော့ ကျွန်တော်လည်း အမှတ်ရနေတဲ့ လူနာလေးတစ်ယောက်အကြောင်း ရေးချင်စိတ် ပေါက်လာပါတယ်.... ကျွန်တော်ကတော့ တယ်လီကျန်းမာမှာ လုပ်အားပေးနေတဲ့ စီဒီအမ် အထူးကုတစ်ယောက်ပါ လုပ်သက်လေးလည်း အတော်ရခဲ့ပြီဆိုတော့ လူနာအမျိုးမျိုး၊ ကေ့စ် အမျိုးမျိုးနဲ့ တွေ့ခဲ့ဖူးတာပေါ့ဗျာ။ ဒီအထဲကမှ လူနာလေးတစ်ယောက်အကြောင်း ရေးချင်မိတာပါ.... လတ်တလောမှာ ကျွန်တော်က ဝါသနာပါရာ အပင်‌လေးတွေ ပျိုးနေတာမို့ ပိုးသတ်ဆေးနဲ့ အဆိပ်တွေအကြောင်း သတိရသွားရင်း အခုစာလေး ကောက်ရေးလိုက်တယ်ဆိုလည်း မမှားပါဘူး ဒီစာကို ဖတ်ကြည့်ရင်း ခံစားမှုရသလည်း ရ ၊ သင်ခန်းစာဗဟုသုတလည်း ရမယ်ဆို ကျွန်တော် ရေးရကျိုးနပ်တာပေါ့ဗျာ။ ... ... ဇာတ်လမ်းလေးက ဒီလို... ... ------------------။ ။-------------------- " ကျွန်တော် နှင့် အဆိပ် " - [ကိုယ်ဝန်ဘယ်လိုတားမလဲ](https://www.telekyanmar.org/ကိုယ်ဝန်ဘယ်လိုတားမလဲ/) - ကိုယ်ဝန်ဘယ်လိုရသလဲ ပြီးသွားတော့ ကိုယ်ဝန်ဘယ်လိုတားမလဲဆိုတဲ့ဆီ ဆက်သွားကြရအောင်နော်။ သဘာဝအတိုင်း ဘာအကာအကွယ်မှ မယူရင်တော့ စုံတွဲတစ်ရာမှာ စုံတွဲ (၇၀) ကျော်သည် တစ်နှစ်အတွင်း ကိုယ်ဝန်ရနိုင်ပါတယ်။ ကိုယ်ဝန်တားဖို့အတွက်က ရှင်းရှင်းလေးပဲ။ • သားပို့ပြွန်၊ ချစ်သူလမ်းကြားလေးရဲ့ထိပ်မှာ မမျိုးဥ (ovum) လေး ဆင်းစောင့်မနေအောင်၊ တစ်နည်းပြောရရင် မျိုးဥကြွေခြင်း (ovulation) မဖြစ်အောင် • မျိုးဥကြွေလာခဲ့ရင်လည်း အောက်ကတက်လာမယ့် အဖိုမျိုးစေ့ (spermatozoa) တွေနဲ့ မတွေ့ဆုံ မပေါင်းစပ်နိုင်အောင် • အကယ်၍ ပေါင်းစပ်ပြီး သန္ဓေခဲလေး ဖြစ်သွားရင်လည်း ပြန်ဆင်းလာတဲ့ သန္ဓေခဲလေးကို လက်ခံနိုင်ဖို့ သားအိမ်အတွင်းနံရံက စိုအိထူထဲ မနေအောင် (implantation မဖြစ်အောင်) ကြိုတင်ကြံစည် လုပ်ဆောင်ထားကြတာပါပဲ။ ယေဘုယျသဘော အရင်ပြောရရင် ကိုယ်ဝန်တားခြင်းသည် ကြိုတင်ကြံစည်မှု ဖြစ်ပါတယ်။ ကိုယ်ဝန်မရချင်သေးသော - [Menstrual Hygiene Day အကြောင်း](https://www.telekyanmar.org/menstrual-hygiene-day-အကြောင်း/) - ရာသီလာခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဟာ အမျိုးသမီးတိုင်းရဲ့ကျန်းမာရေးအတွက် အလွန် အရေးကြီးပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီးတိုင်းကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အမျိုးသမီးလစဥ်သုံးပစ္စည်းတွေကို သုံးစွဲခွင့်မရကြပါဘူး။ ဒါ့အပြင် ရှေးရိုးစွဲအယူအဆတွေကြောင့် အမျိုးသမီးတွေဟာ ရာသီလာခြင်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကိုလည်း ပွင့်ပွင့်လင်းလင်းပြောဆိုနိုင်ခြင်း မရှိကြပါဘူး။ အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာဆိုရင် ရာသီလာတာနဲ့ပတ်သတ်ပြီး​တော့ ထုတ်ပြောရမှာကို ရှက်ရွံ့တာ၊ ကြောက်တာမျိုးတွေ ရှိနေကြတုန်းပါပဲ။ ဒါကြောင့်မို့ ဒီလို အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်လေးတွေအနေနဲ့ ရာသီလာစဉ်မှာ တစ်ကိုယ်ရေသန့်ရှင်းမှုကိို ထိန်းသိမ်းနိုင်စေဖို့နဲ့ ရာသီလာတယ်ဆိုတာ ရှက်စရာမဟုတ်ကြောင်း လူတိုင်းသိအောင် အမှတ်တရအနေနဲ့ ဒီနေ့မှာကျရောက်တဲ့ "ရာသီလာစဥ် တကိုယ်ရေသန့်ရှင်းမှု ဂရုပြုစရာနေ့" (Menstrual Hygiene Day) မှာ မျှဝေလိုက်ပါတယ်။ .. .. Menstrual Hygiene Day ဖြစ်ပေါ်လာပုံ Menstrual Hygiene day ကို - [အရိုးပါး‌ခြင်း Osteoporosis (July,2022)](https://www.telekyanmar.org/osteoporosis-july2022/) - အရိုးပါး‌ခြင်း (Osteoporosis) • လူလတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ် အမျိုးသမီးတွေကို အဓိကခြိမ်းခြောက်နေတဲ့ ရောဂါတစ်ခု ကတော့ “အရိုးပါးခြင်း” ပဲဖြစ်ပါတယ်။ အမျိုးသမီးတွေသာမက အမျိုးသားတွေမှာလည်း တွေ့ရတတ်ပါတယ်။• အရိုးအဆစ်များအတွက် အဓိကကျတဲ့ Calcium (ကယ်လ်ဆီယမ်) ဓာတ် လျော့နည်းချို့တဲ့လာခြင်း ကြောင့် အရိုးရဲ့ထုထည်ပါးလာပြီး ထိခိုက်လွယ် အားနည်းတတ်ပါတယ်။• အပေါ်မှာ ပြောခဲ့တဲ့အတိုင်း အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အထူးသဖြင့် အာရှတိုက်မှာရှိတဲ့ အမျိုးသမီးတွေမှာ အရိုးပါးရောဂါ အဖြစ်များတတ်ပါတယ်။ ❓အရိုးပါးခြင်းဟာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ?• မျိုးရိုးထဲမှာ အရိုးပါးရောဂါ ဖြစ်ဖူးသူတွေ• ခန္ဓာကိုယ် သွယ်လျသူတွေ• ဆေးလိပ်/အရက်သောက်သူတွေ• Caffeine (ကာဖင်း) ဓာတ် အလွန်အမင်းသောက်သူတွေ (ကော်ဖီတစ်နေ့ကို သုံးခွက် အထက် သောက်သူတွေ)• ကိုယ်လက်လှုပ်ရှားမှုနည်းသူတွေ• Calcium (ကယ်လ်စီယံ)ဓာတ် လုံလောက်အောင် မစားသုံးသူတွေ• - [အရိုးပါး/အရိုးပွရောဂါ Osteoporosis ( May, 2022 )](https://www.telekyanmar.org/osteoporosis-may-2022/) - အရိုးပါး / အရိုးပွရောဂါ အရိုးပွရောဂါဆိုတာက ဘာလဲ ? အရိုးပွရောဂါကို လွယ်လင့်တကူ မှတ်ရရင်တော့ အပေါက်များနှင့်အရိုးလို့ မှတ်နိုင်ပါတယ်။ ကယ်လဆီယမ် ဆုံးရှုံးခြင်းကြောင့် အရိုးတွေ အားနည်းကြွပ်ဆတ်လာပြီး အရိုးတွေပါးလာခြင်းပဲဖြစ်ပါတယ်။ အရိုးထုထည်သိပ်သည်းမှုက အသက်၂၀ကနေ ၄၅နှစ်အထိ အများဆုံးဖြစ်ပြီးတော့ အသက် ၅၀နောက်ပိုင်းမှာ တဖြည်းဖြည်းလျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။ ဘယ်သူတွေမှာ ဖြစ်တတ်လဲ ? အဓိကအားဖြင့်တော့ ရာသီသွေးဆုံးပြီး သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အမျိုးသမီးတွေမှာ အတွေ့ရဆုံးဖြစ်ပြီးတော့ အမျိုးသားတွေမှာလဲ ဖြစ်တတ်ပါတယ် ။ အမျိုးသမီးတွေမှာ ၃ယောက်မှာ ၁ယောက်ဖြစ်လေ့ရှိပြီး အမျိုးသားတွေမှာတော့ ၅ယောက်မှာ ၁ယောက် ဖြစ်လေ့ရှိပါတယ်။ အရိုးပွနိုင်ခြေအများဆုံးသူတွေကတော့ အသားဖြူလူမျိုး နဲ့ အာရှလူမျိုးတွေ အရိုးပွ‌ရောဂါ မိသားစု ရာဇဝင်ရှိတဲ့သူတွေ စီးကရက် ၊ အရက် ၊ ကော်ဖီ - [အရိုးပွခြင်းအတွက် အစားအသောက်အနေအထိုင် အကြံပြုချက်များ](https://www.telekyanmar.org/အရိုးပွခြင်းအတွက်-အစားအ/) - Osteoporosis လို့ခေါ်တဲ့ အရိုးပွခြင်းကြောင့် (၂) မိနစ်မှာ လူ (၁) ယောက်နှုန်း အရိုးကျိုးနေကြပါသတဲ့...???? (ယူကေမှာပေါ့....ဒို့ဆီမှာလည်း များမှာပဲ) မာ​ကျောသလောက် "ဂလောက်"ဆို "ဂျွတ်"ခနဲ ကျိုးနိုင်တာလည်း ဒီအရိုးပဲဖြစ်ပါတယ်။ ကလေးတွေ ဆော့ရင်းနဲ့ကျိုးလို့ ကျောက်ပတ်တီးစည်းကြရသလို အရွယ်ရောက်ပြီးသူတွေရော၊ သက်ကြီးပိုင်းလူကြီးတွေပါ အရိုးကျိုးနိုင်ခြေရှိတာပေါ့။ အထူးသဖြင့် အရိုးပွနေတာမျိုးဆို ပိုကျိုးနိုင်တာပေါ့။ သာမန် ဘာမဟုတ်တဲ့အားလေးနဲ့ ချော်လဲကျလိုက်လို့ သာသာလေးထောက်လိုက်တာတောင် ကျိုးသွားကြတာတွေ ရှိတာပဲလေ။ .. .. ဘယ်လိုလူတွေက အရိုးပိုကျိုးလွယ်လဲ...အရိုးပွ ပိုဖြစ်လွယ်လဲ ? - အရက်သေစာ အသောက်အစားများသူတွေ - သွေးဆုံးတာကြာပြီဖြစ်တဲ့ အမျိုးသမီးတွေ (ဒီလိုအမျိုးသမီးတွေမှာတော့ ပဲပိစပ် စားပေးခြင်းဖြင့် အီစတိုဂျင်လို ဓာတ်များလာနိုင်ပြီး အရိုးပွတာကို အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်) - အတက်ကျဆေးလိုမျိုး အရိုးပွစေတဲ့ဆေးတွေ ကြာရှည်သောက်နေရသူတွေ - [ဓာတ်ရောင်ခြည် ထိတွေ့မှုတွေအကြောင်း](https://www.telekyanmar.org/ဓာတ်ရောင်ခြည်-ထိတွေ့မှု/) - "ဓာတ်ရောင်ခြည်ထိတွေ့မှုတွေအကြောင်း" ကျွန်ုပ်တို့ဟာ နေ့စဉ်ဘဝမှာ ဓာတ်ရောင်ခြည် (ionizing radiation) ပမာဏအနည်းငယ်နဲ့ အမြဲလို ထိတွေ့နေရပါတယ်။ ဘာလို့လဲဆိုရင် မြေကြီး၊ ကျောက်ဆိုင်၊ လေထုနဲ့ အာကာသက ပုံမှန်အားဖြင့်ကို ပမာဏနည်းတဲ့ ionizing radiation တွေ ထုတ်လွှတ်နေတာကြောင့်မို့ပါ။ ဥပမာတစ်ခုအနေနဲ့ပြောရရင် ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးမှာဆိုရင်တောင် ပိုတက်ဆီယမ်ဓာတ်အချို့က ပင်ကိုယ်ရေဒီယိုသတ္တိကြွဓာတ် ရှိပါတယ်။ ဒါပေမယ့် ဒီပမာဏဟာ ကမ္ဘာကြီးရဲ့သဘာဝ radiation နောက်ခံနဲ့ ယှဉ်လိုက်ရင် အလွန်သေးငယ်တဲ့ပမာဏဖြစ်တာကြောင့် စိုးရိမ်စရာတော့ မရှိပါဘူး။ .. .. ???? ဓာတ်ရောင်ခြည် (radiation) တွေကို ဘယ်လိုတိုင်းတာကြသလဲ ? ဓာတ်ရောင်ခြည်တွေကို တိုင်းတာနိုင်တဲ့ ကိရိယာကို Geiger counter လို့ခေါ်ပါတယ်။ Geiger counter ဟာ ionizing radiation တွေကို - [ထမင်းစားရင်း ငါးအရိုးစူးတဲ့အခါ](https://www.telekyanmar.org/ထမင်းစားရင်း-ငါးအရိုးစူ/) - "ဖြစ်လေ့ရှိတတ်တဲ့ ငါးအရိုးစူးခြင်း" ငါးအရိုးစူးတယ်ဆိုတာ အဖြစ်များလေ့ရှိတဲ့ ပြဿနာတစ်ခုပါပဲ။ ငါးကြင်း၊ ငါးပြေမ၊ ငါးသလောက် စတဲ့ အရိုးများတဲ့ ငါးဟင်းတွေစားတဲ့အခါ အဓိကဖြစ်တတ်ပါတယ်။ ငါးအရိုးစူးနိုင်ခြေများတဲ့အုပ်စုထဲမှာ သွားအံကပ်တပ်ထားတဲ့သူတွေ၊ ကလေးငယ်‌တွေနဲ့ သက်ကြီးပုဂ္ဂိုလ်တွေ အဓိကပါဝင်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ငါးဟင်းကျွေးတဲ့အခါမှာ လူကြီးတစ်ယောက်က သေချာစောင့်ကြည့် ကြပ်မတ်ပေးသင့်တာပါ။ .. .. တကယ်လို့ ငါးအရိုးစူးခဲ့ရင်လည်း သိပ်ပြီးစိုးရိမ်‌ သောကပွားစရာ မလိုပါဘူး။ စနစ်တကျဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အောက်မှာတစ်ခုချင်းစီ တင်ပြပေးသွားပါမယ်။ (၁) Marshmallow သည်နိုင်ငံမှာတော့ သိပ်စားလေ့မရှိပေမယ့် ငါးအရိုးစူးတဲ့အခါ Marshmallow စားပေးတာဟာလည်း အကောင်းဆုံးဖြေရှင်းနည်းထဲက တစ်ခုပါပဲ။ Marshmallow ရဲ့ ကပ်စေးစေးသကြားဓာတ်က ငါးအရိုးကို သွားကပ်တဲ့အတွက် မျိုချလိုက်တဲ့အခါ ငါးအရိုးပါ တစ်ပါတည်းပါသွားပါတယ်။ ဒါ့ကြောင့် ငါးအရိုးစူးလေ့ရှိသူတွေအနေနဲ့ အိမ်မှာ Marshmallow - [အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ](https://www.telekyanmar.org/instant-noodles-and-health-problems-may-2023/) - "အသင့်စားခေါက်ဆွဲခြောက်များနဲ့ ကျန်းမာရေးပြဿနာ" ဝယ်ရလွယ်ကူတာ၊ ပြင်ဆင်ရလွယ်ကူတာ၊ ဈေးသက်သာတာ၊ အရသာရှိတာ စတဲ့အကြောင်းမျိုးစုံနဲ့ အသင့်စားခေါက်ဆွဲခြောက်တွေကို စွဲလန်းစွာ စားသုံးနေသူတွေ အများအပြားပါပဲ။ ညတိုင်း ဒရာမာလေးတွေကြည့်ရင်း ခေါက်ဆွဲပြုတ်လေးစားလိုက်ရမှ နေသာထိုင်သာရှိသူတွေ၊ မိုးလေးအေးလာတော့ ခေါက်ဆွဲပူပူလေးစားချင်ကြသူတွေ၊ ဘာရယ်မဟုတ် ခေါက်ဆွဲကြိုက်ကိုကြိုက်သူတွေ စသဖြင့် အစားတစ်လိုင်းတွေကလည်း နည်းနည်းနောနောမဟုတ်ပါလားနော်။ .. .. တကယ်တော့ ဒီအသင့်စားခေါက်ဆွဲခြောက်တွေဟာ ရေရှည်စားသုံးရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပေးနိုင်တာကြောင့် စားဖို့ရာမသင့်တော်ပါဘူး။ အရင်ဆုံး ဘာကြောင့်မကောင်းဘူး ပြောရသလဲ‌ဆိုတာ ဖတ်ကြည့်ရအောင် ! . (၁) ဆိုဒီယမ်ပမာဏများပြားခြင်း ခေါက်ဆွဲခြောက် (၁၀၀) ဂရမ်မှာ ဆိုဒီယမ် (၃၉၇- ၃၆၇၈) မီလီဂရမ်အထိ ပါဝင်ပါတယ်။ အချို့ခေါက်ဆွဲတွေမှာ ဒီထက်တောင်များပါသေးတယ်။ ကိုယ်ဝယ်တဲ့ ခေါက်ဆွဲခြောက်ရဲ့အထုပ်ပေါ်မှာ ဖော်ပြထားတဲ့ ဆိုဒီယမ်ပမာဏကို ဂရုပြုကြည့်ရှုနိုင်ပါတယ်။ ဆိုဒီယမ်ဆိုတာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်အတွက် - [သွေးချို အတက်/အကျ မတည်မငြိမ်ဖြစ်စေတဲ့ အချက် (၁၀) ချက်](https://www.telekyanmar.org/သွေးချို-အတက်-အကျ-မတည်မင/) - ဆီးချိုသွေးချိုဖြစ်ရင် သွေးတွင်းဂလူးကို့စ် တက်ခြင်း/ကျခြင်း မငြိမ်ဖြစ်တတ်ကြပါတယ်။ ဒီတစ်ပတ်မှာတော့ သွေးတွင်းဂလူးကို့စ် (လက်ထိပ်ဖောက်တဲ့အဖြေ) အပေါ် သက်ရောက်မှုရှိပြီး သွေးချို အတက်/အကျဖြစ်စေတဲ့ အချက် (၁၀) ချက်ကို ပြောပြပေးသွားမှာပါ။ .. .. ၁။ အစားအစာ အစားအစာထဲမှာ သွေးချိုကို အဓိကတက်စေတာကတော့ ကာဗိုဟိုက်ဒရိတ်ပေါ့။ ဒါပေမယ့်လည်း အစာခြေဖျက်မှုနှေးစေတဲ့ အမျှင်ဓာတ်ပါတဲ့ ကစီဓာတ်အစားအစာတွေစားရင်တော့ သွေးချိုကို အတက်နှေးစေ၊ တန့်နေစေပါတယ် (ဥပမာ- ငှက်ပျောအူ၊ ကညွှတ်၊ ကန်စွန်းရိုး ) အဆီစားရင် တိုက်ရိုက် သွေးချိုမတက်စေပေမယ့် စားပြီး (၄-၆) နာရီလောက်ကြာတော့မှ အတက်ကြာစေပါတယ်။ ဥပမာ - ဒံပေါက်ထမင်း တစ်ပန်းကန်စားတာနဲ့ ထမင်းဖြူ တစ်ပန်းကန်စားတာနဲ့မှာ ထမင်းဖြူက စားပြီးပြီးချင်းတက်ပေမယ့် နောက်နေ့အထိ မကြာစေပါဘူး။ ဒံပေါက်ထမင်းကတော့ စားပြီးရင်လည်း တက်သလို၊ - [ရင်ဝမ်းခြားကြွက်သားဖြင့် အသက်ရှူနည်း Diaphragmatic Breathing](https://www.telekyanmar.org/diaphragmatic-breathing-may-2023/) - “ရင်ဝမ်းခြားကြွက်သားဖြင့် အသက်ရှူနည်း (Diaphragmatic Breathing) " ◼️ရင်ဝမ်းခြားကြွက်သားဆိုတာ ဘာလဲ ? ရင်ဝမ်းခြားကြွက်သား (Diaphragm) ဆိုတာဟာ အသက်ရှူခြင်းအတွက် အရေးပါဆုံး ကြွက်သားဖြစ်ပါတယ်။ Diaphragm ဟာ ကြီးမားပြီး အမိုးခုံးပုံစံနဲ့ အဆုတ်တွေရဲ့အောက်ခြေမှာ တည်ရှိနေပါတယ်။ ဝမ်းဗိုက်ကြွက်သားတွေက Diaphragm လှုပ်ရှားဖို့ကို ကူညီပေးနေပြီး၊ အဆုတ်ကို သန့်စင်ဖို့ အထောက်အကူဖြစ်စေပါတယ်။ . ◼️Diaphragmatic Breathing ဆိုတာ ဘာလဲ? Diaphragmatic Breathing ဆိုတာ ရင်ဝမ်းခြားကြွက်သားကို မှန်ကန်စွာအသုံးပြုပြီး အသက်ရှူတဲ့ အသက်ရှူနည်း ဖြစ်ပါတယ်။ Diaphragmatic breathing ဟာ.... - ရင်ဝမ်းခြားကြွက်သား (Diaphragm) ကို သန်မာအားကောင်းစေပါတယ်။ - အသက်ရှူနှုန်းကို လျော့နည်းစေခြင်းဖြင့် အသက်ရှူခြင်းဖြစ်စဥ်ကို ပေါ့ပေါ့ပါးပါး ​ဖြစ်စေပါတယ်။ - - [ကျန်းမာရေးအတွက် ဆားလျှော့စားစို့](https://www.telekyanmar.org/ကျန်းမာရေးအတွက်-ဆားလျှေ/) - ဆားလျှော့စားပါလို့ ဆရာဝန်တွေက ပြောတတ်ကြတယ်... တစ်နေ့ကို ဆား ဘယ်လောက်စားရမလဲ ? ချက်ပြုတ်၊ လက်သုပ်၊ အတို့အမြှုပ် ဘာပဲလုပ်လုပ် အရသာရှိဖို့ မပါမပြီးတာကတော့ "ဆား" ပါ။ ဆိုဒီယမ်ကလိုရိုက် (NaCl) ဆိုတဲ့ အိမ်သုံးဆားဟာ အစားအသောက်တွေမှာသာ မပါမပြီးတာမဟုတ်၊ လူ့ခန္ဓာကိုယ်ရဲ့ နိစ္စဓူဝလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့လည်း မရှိမဖြစ်လိုအပ်ပါတယ်။ အထူးသဖြင့်တော့ ဆိုဒီယမ် (Natrium/ Sodium) ဆိုတဲ့ဓာတ်ပါ။ လူ့ခန္ဓာကိုယ်မှာ ဆိုဒီယမ်ဓာတ် အနည်းငယ်လျော့နည်းရင် ဘာလက္ခဏာမှမပြတတ်ပေမယ့်၊ သိသိသာသာ လျော့နည်းနေရင်တော့… - ပျို့ချင်၊ အန်ချင်တာ - ခေါင်းကိုက်တာ - ဇဝေဇဝါဖြစ်တာ - နုံးချိတာ - သွေးပေါင်ချိန်ကျတာ - အားအင်ကုန်ခမ်းတာ - ကြွက်သားတွေ အားနည်းတာ၊ အကြောဆွဲတာ၊ ကြွက်တက်တာ - - [နေပူထဲ အလုပ်လုပ်နေသူများအတွက် သတိထားစရာအချက်များ](https://www.telekyanmar.org/နေပူထဲ-အလုပ်လုပ်နေသူမျာ/) - ဒီကာလ နေပူကြီးထဲ အလုပ်လုပ်နေသူများသို့... ❄️ ရာသီဥတုနွေအပူရော၊ ရင်ထဲကအပူရော အပူတွေစုနေတဲ့ ဒီခေတ်ကာလကြီးထဲ ၀မ်းရေးအတွက် မဖြစ်မနေ နွေနေပူအောက်မှာ အလုပ်လုပ်နေကြရတဲ့သူတွေ (ပစ္စည်းပို့သူ၊ တက္ကစီသမား၊ ကာယလုပ်သား) ၊ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ၊ ရောဂါအခံရှိသူတွေ၊ အရက်သောက်သူတွေ၊ စစ်ဘေးရှောင်တွေအဖို့ အပူဒဏ်ကြောင့် အသက်အန္တရာယ်ရှိတဲ့အထိ ဒုက္ခဖြစ်တတ်ပါတယ်။ ❄️ အခုချိန်က မီးပါမမှန်တော့ အပြင်နေရောင်အောက်တင်မက အိမ်ထဲကလူတွေပါ အရင်ကထက် အပူဒဏ်အန္တရာယ် ပိုများလာပါတယ်။ ဒီ့အတွက် လိုက်နာ/ ရှောင်ကြဥ်သင့်တာလေးတွေကို အကျဥ်းချုံး ပြောပါရစေ... .. .. ❄️(၁) ရာသီဥတုနဲ့ ကိုယ့်ခန္ဓာကိုယ်အကြောင်းသဘောပေါက်ပါ။ ☃️ ပူပြီးခြောက်သွေ့တဲ့ရာသီဥတုမှာ ခန္ဓာကိုယ်က မြင့်တက်လာတဲ့အပူကို ချွေးထွက်စေပြီး ကိုယ်တွင်းအပူချိန်ကို ပြန်ထိန်းပါတယ်။ ပူနေပေမယ့် ချွေးထွက်လာတဲ့အခါ ကိုယ်က အေးအေးလေးဖြစ်လာပါတယ်။ ချွေးတအားရွှဲလာရင်တော့ အ၀တ်လဲပေးပါ။ - [မြန်မာပြည်က ပညာတတ်များ](https://www.telekyanmar.org/မြန်မာပြည်က-ပညာတတ်များ/) - "မြန်မာပြည်က ပညာတတ်များ" ကျွန်မ လက်ထောက်ဆရာဝန်ဘဝတုန်းက တာဝန်ကျတဲ့ OG ward မှာ ကျွန်မ အင်မတန်လေးစားရတဲ့အပြင် ကျွန်မ အလွန်သဘောကျတဲ့ Consultant OG ၂ ယောက်ရှိပါတယ် ... (Personal အရကို တအားကိုသဘောကျတဲ့ အစ်မတွေပါ) သူတို့ ၂ ယောက်လုံးက အသက်ကသာ ၄၀ ကျော် တာ ... ၂ ယောက်လုံး ရုပ် အင်မတန်နုတယ်... တအားလည်းချောတယ်။ ကလေးတွေလည်း မွေးထားပေမယ့်... ကလေးတာဝန် အပြည့်ယူရတာတောင်... အလုပ်တာဝန် မလစ်ဟင်းအောင် လုပ်ပေးလို့ Reputation ကောင်းတဲ့အစ်မတွေပါ။ ဒါအပြင် ... England က MRCOG ဘွဲ့ပါရထားတယ်.။ Senior Consultant (SC) အစ်မက မြန်မာပြည် ဘွဲ့လွန် - [ကျွန်တော်နှင့် အဆိပ် (၃)](https://www.telekyanmar.org/ကျွန်တော်နှင့်-အဆိပ်-၃/) - "ကျွန်တော်နှင့် အဆိပ်...အပိုင်း (၃)" တစ်နေ့သောအခါကပေါ့.. ကျွန်တော်အားနေလို့ facebook ပေါ်မှာ ဟိုကြည့်ဒီကြည့်လုပ်နေရင်း စိတ်ဝင်စားစရာသတင်းလေး သွားတွေ့တယ်ခင်ဗျ။ အဲ့ဒါကတော့ " Paraquat Lawsuit" (ပါရာကွက် အဆိပ်နှင့်ပတ်သက်သော တရားခွင်) ဆိုတဲ့ အကြောင်းပါ။ သေချာလေးရှာဖတ်ကြည့်တော့ Paraquat (ပါရာကွက်) ဆိုတဲ့ ပေါင်းသတ်ဆေးကို ရေရှည်ထိတွေ့ရင် အာရုံကြောတွေတုံ့ဆိုင်းပြီး ခန္ဓာကိုယ်ကို တောင့်တင်းနှေးကွေးစေတဲ့ ပါကင်ဆန်ရောဂါ (Parkinson's disease) ကို ပိုဖြစ်စေတယ်ဆိုတဲ့ အဆိုပြုချက်တွေအရ၊ ယူအက်စ်က ဥပဒေလုပ်ငန်းတွေက မိမိရဲ့ပတ်ဝန်းကျင်မှာ အဲ့လိုအဖြစ်အပျက်မျိုးရှိရင် အကြောင်းကြားဖို့ အပြိုင်အဆိုင်ကြေညာထားကြပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေကလည်း အဲ့အကြောင်း အသိပေးပြောကြားထားတာ တွေ့ရပါတယ်။ ပါရာကွက် အဆိပ်သင့်တာကို ဆေးရုံမှာ ခဏခဏမြင်ဖူးနေတော့ ကိုယ့်နိုင်ငံကပြည်သူတွေကလည်း ဒီဆေးကို တွင်တွင်ကျယ်ကျယ်သုံးနေတာမို့ ပူပင်မိတယ် ခင်ဗျ။ အဲ့တာကြောင့် ပါရာကွက် - [ဒေါက်တာနို နှင့် ကျိန်စာသင့် အဖြူရောင်မင်းသမီးလေး](https://www.telekyanmar.org/ဒေါက်တာနို-နှင့်-ကျိန်စာ/) - “ကျိန်စာသင့် အဖြူရောင်မင်းသမီးလေး” ============================== အားလုံးပဲ မင်္ဂလာပါခင်ဗျ။ ကျွန်တော်က ဒေါက်တာနို ပါ။ ပျောက်နေတာတော့ ကြာပါပြီ။ တော်လှန်နယ်မြေတွေထဲမှာ ခရီးတွေပတ်ထွက်နေတာမို့လို့ ပျောက်နေတာပါ။ အခုတော့ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ ပြန်လာပါပြီခင်ဗျ။ အားလုံးပဲ မီးလေး တစ်ချက်မှိတ်ပေးပါ... (မှိတ်စရာ မီးမလာတာကိုတော့ ကြင်စိုးကို မေတ္တာသာ ပို့ကြပါခင်ဗျ) ... ... ဒီဇာတ်လမ်းလေးက မနှစ်က အခုလိုအချိန်မှာ ဖြစ်ခဲ့တာပါ။ ကျွန်တော်ရှိနေတဲ့နေရာတွေမှာက စားစရာတွေကို ကျွန်တော်တို့မြို့ပေါ်မှာလို ဝယ်စားကြတာမဟုတ်ပါဘူး။ စိုက်ကြတယ်၊ မွေးကြတယ်၊ အဲ့လို မလုပ်ဖြစ်ရင်တောင် တောင်ယာ/လယ်ထဲသွားရင်း တွေ့တဲ့ အသီးအရွက်တွေ ခူးလာပြီး စားကြတဲ့ ဓလေ့လေးတွေ ရှိတဲ့နေရာပေါ့။ လတ်လတ်ဆတ်ဆတ်နဲ့ မြေသြဇာတွေ မပါဘဲ သဘာဝကို နီးနီးကပ်ကပ် ခံစားသိရှိနိုင်တဲ့ နေရာတွေလို့ ပြောရမှာပါ။ မိုးလေးတွေ တစ်ပြိုက်နှစ်ပြိုက်လောက် - [ရင်သားကင်ဆာ ဖြစ်နိုင်ချေကို လျှော့ချနည်းများ](https://www.telekyanmar.org/ရင်သားကင်ဆာ-ဖြစ်နိုင်ချ/) - အပတ်စဉ် တိုင်းရင်းသား ဘာသာပြန် ကျန်းမာရေး အသိပညာပေး ပိုစ့်လေး အချိန် ရောက်လို့လာပါပြီ။ ဒီအပတ်ကတော့ ... "ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနည်းများ..." ပဲ ဖြစ်ပါတယ် ဆိုတော့ ထုံးစံအတိုင်းပဲ ...မေတ္တာရပ်ခံပါရစေနော်... ကိုယ်က တစ်လုံးမှ မဖတ်တတ် နားမလည်ပေမယ့် အခုပိုစ့်လေးကို....ကိုယ့်မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ သူတို့အတွက် အင်မတန်အကျိုးရှိတဲ့ကိစ္စပါ ကူညီကြပါဦးလို့ မေတ္တာရပ်ခံပါတယ်???????? ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့အတွက်အတွက် ပြုမှုနေထိုင်ပုံနှင့် ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို ရေးထားတာပါ။ ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ - [မြွေကိုက်မခံရအောင် ကာကွယ်ပါ](https://www.telekyanmar.org/မြွေကိုက်မခံရအောင်-ကာကွ/) - မေတ္တာရပ်ခံပါရစေနော်... ကိုယ်က တစ်လုံးမှ မဖတ်တတ် နားမလည်ပေမယ့် အခုပိုစ့်လေးကို....ကိုယ့်မိတ်ဆွေတွေထဲက တိုင်းရင်းသားတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်အောင် မျှဝေပေးကြပါဦးလို့ သူတို့အတွက် အင်မတန်အကျိုးရှိတဲ့ကိစ္စပါ ကူညီကြပါဦးလို့ မေတ္တာရပ်ခံပါတယ်???????? မြွေကိုက်မခံရအောင် ကာကွယ်ဖို့ အကြောင်းလေးကို ရေးထားတာပါ ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် ???????? ) စိတ်ဝင်စားရင်လည်း ဗမာလို ရေးထားတာလေးလည်း ဖတ်ကြည့်ကြပေါ့နော် ???? ( အခက်အခဲတချို့ကြောင့် ရှမ်းဘာသာပြန်စာသားလေး ပါမလာနိုင်သေးတာကိုလည်း နားလည်ခွင့်လွှတ်ပေးကြပါလို့ ကြိုတင်မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်နော် - [သင်... ဆေးလိပ်ကို အခု ဖြတ်!](https://www.telekyanmar.org/သင်-ဆေးလိပ်ကို-အခု-ဖြတ်/) - တယ်လီကျန်းမာလည်း တစ်လုံးမှ နားမလည်ဘူး...ဖတ်တဲ့သူတွေလည်း နားလည်မှာ မဟုတ် ဒါပေမယ့် share ပေးရမှာ ကိုယ်တို့ တာဝန်နော် ???????????? ဆေးလိပ်ဖြတ်ဖို့အကြောင်းလေးကို ကချင် ၊ ကယား ၊ စကောကရင် ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ထားဝယ် ၊ ရှမ်း....ဘာသာစကားတွေနဲ့ ကြိုးစား တင်ဆက်ပေးထားပါတယ် ကိုယ့်အသိထဲက နားလည်တဲ့ တိုင်းရင်းသားတစ်ဦးဦး ဖတ်မိရင်ကို ကြိုးစားခဲ့ရတာ ကျေနပ်ပါတယ်နော်...???????? မကြာခင် ရခိုင်ဘာသာစကားလေးလည်း လာဖို့ရှိပါတယ်လို့...❤️ Ministry of Health, National Unity Government. - [Dr. Harry's တစ်ရက်တာ အရှုပ်ဇာတ်လမ်း](https://www.telekyanmar.org/dr-harrys-တစ်ရက်တာ-အရှုပ်ဇာတ်လမ/) - Hello ကျွန်တော် Dr Harry ပါ ဆေးခန်းမှာ နေ့ရောညရော လူနာအရမ်းများနေတာနဲ့အချိန်မရလို့ စာမရေးဖြစ်တာ တော်တော်ကြာသွားတယ်။ ဒီတစ်ခါတော့ ကျွန်တော့်ရဲ့တစ်ရက်တာ အရှုပ်ဇာတ်လမ်းကို ပြောပြပါမယ်။ အဲ့နေ့က Tuesday ပါ။ ပုံမှန်ဆိုရင်တော့ Monday မှာလူနာများလေ့ရှိပြီး Tuesday ကတော့ နည်းနည်းလေးမဆိုစလောက် လူနာပါးတတ်ပါတယ်။ အရင်ညက သိပ်မအိပ်ရတော့ ကျွန်တော် မနက် (၉) နာရီမှ နိုးပါတယ်။ ဆေးခန်းထဲရောက်တော့ လူနာတွေအများကြီးရောက်နေပါပြီ။ အရင်ရက်က ရေမွှာပေါက်ထားပြီး ဗိုက်မနာသေးတဲ့ သားဦးကိုယ်ဝန် မဗိုက်တစ်ယောက်ကို အရင်စမ်းလိုက်ပါတယ်။ သားအိမ်က 4cm အကျယ် ပွင့်နေပြီဆိုတော့ ဗိုက်ပိုနာလာအောင် သားအိမ်ညှစ်ဆေး သွင်းဖို့ပြင်ပါတယ်။ အဲ့အချိန်မှာပဲ ပုံမှန်ဗိုက်လာအပ်နေကျ အမွှာကိုယ်ဝန်က ရောက်လာပါတယ်။ သူဗိုက်တော့မနာဘူး ဒါပေမယ့် အီးပါချင်သလို ခါးနာသလိုဖြစ်လို့ ပြန်လာပြတာပါတဲ့။ - [အသည်းအဆီဖုံးတဲ့အခါ ဘယ်လိုနေထိုင်စားသောက်ရမလဲ](https://www.telekyanmar.org/အသည်းအဆီဖုံးတဲ့အခါ-ဘယ်လ/) - တယ်လီကျန်းမာအွန်လိုင်းဆေးခန်းကို လာပြတဲ့လူနာတွေထဲမှာ အသည်းအဆီဖုံးလို့ ဘယ်လို စားသောက်နေထိုင်ရမလဲလို့ ခပ်စိပ်စိပ် မေးလာကြတာတွေ့ရပါတယ်။ ဒါကြောင့် အသည်းအဆီဖုံးတဲ့အခါ ဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာလေးကို ဒီတစ်ပတ်ရဲ့ အာဟာရကဏ္ဍလေးမှာ ပြောပြပေးသွားပါမယ်နော်... .. .. တကယ်လည်း မြန်မာလူမျိုးတွေ အသက်လေးငါးဆယ်လောက်ဖြစ်လာတဲ့အခါ ဗိုက်ပူခါးတုတ်တွေ ဖြစ်၊ သွေးတိုးဆီးချိုလေး စ၀င်လာပြီး လူကလေးလံ၊ နေလို့ထိုင်လို့မကောင်း၊ အိမ်အလုပ်အပြင် အထွေအထူး အပြင်ထွက်တာတို့ ကိုယ်လက်လှုပ်ရှားမှုတို့ သိပ်မလုပ်ဖြစ်တော့တာ များပါတယ်။ ဒီ့အတွက် နောက်ဆက်တွဲ အမှုတွဲကတော့ အသည်းအဆီဖုံးပေါ့....။ ဒီလို လူနေမှုပုံစံကြောင့် သွေးလှည့်ပတ်မှုကို နည်းစေပြီး သွေးတွင်းအဆီတွေနဲ့ တခြားရောင်ရမ်းစေတဲ့ ဟော်မုန်းတွေပါ စုဝေးလာပြီး အသည်းတွင်းမှာပါ အဆီတွေ စုလာစေပါတယ်။ မြင်သာအောင်ပြောရရင်တော့ အသည်းက အစာချက်တဲ့ မီးဖိုဆောင်လိုပါဘဲ။ နိစ္စဓူဝ စားသမျှသောက်သမျှကို သူက ဒိုင်ခံချက်ပြုတ်၊ ဆေးကြောရပြီး ပြန်လည် - [ဝမ်းမှန်မှန်သွားအောင် ဘယ်လိုလေးတွေ နေထိုင်ရမလဲ](https://www.telekyanmar.org/ဝမ်းမှန်မှန်သွားအောင်-ဘ/) - လူနာ။ "ဆရာရေ ကျွန်မကလေ ဝမ်းတစ်အားချုပ်တတ်လို့ဆရာ။ အဲ့ဒါ နေလို့ထိုင်လို့လည်း မကောင်းဘူး။ ဝမ်းနူတ်ဆေးတွေလည်း ခဏခဏ မသောက်ချင်ဘူး ဆရာရယ်။ ဝမ်းပုံမှန်သွားအောင် ဘယ်လိုလုပ်ရမလဲဆရာ" ဒါကတော့ တယ်လီကျန်းမာဆေးခန်းကို လာပြတဲ့လူနာတွေထဲက (၅) ယောက်မှာ (၂) ယောက်လောက်က မေးနေကျ... ကိုယ်ပဲ တိုင်ဆိုင်တာလားမသိ ???? .. .. ဒါကြောင့် ဒီနေ့မှာတော့ ဝမ်းမှန်မှန်သွားအောင် ဘယ်လိုလေးတွေ နေထိုင်ရမလဲ ဆိုတာလေး ပြောပြချင်ပါတယ်။ ဝမ်းချုပ်စေတဲ့အကြောင်းကတော့ အများကြီးပါ။ အစားအသောက် အနေအထိုင်နဲ့ တခြားသောရောဂါအခံတွေလည်း အများကြီးပါပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ဝမ်းမချုပ်အောင် နေထိုင်ရမယ့် နည်းလမ်းလေးတွေပဲ အဓိက ပြောပြချင်ပါတယ်။ ပထမဆုံး အရေးကြီးတာကတော့ အစားအသောက်နဲ့ နေထိုင်မှုပါပဲ။ နေ့စဉ် စားသောက်နေတဲ့အထဲမှာ အစာကြေဖို့မလွယ်တဲ့ fiber တွေ - [ဒေါက်တာလီယိုနှင့် မစ္စတာတက်တူး](https://www.telekyanmar.org/ဒေါက်တာလီယိုနှင့်-မစ္စတ/) - " ဒေါက်​​တာလီယိုနှင့် မစ္စတာတက်တူး " ဂျီပီတစ်​ယောက်၏ တစ်​နေ့တာတွင် ထိခိုက်ဒဏ်ရာလူနာတစ်​ယောက်​တော့ အနည်းဆုံး လာတတ်သည်။ လူဆိုသည်မှာ ကူးစက်​ရောဂါများကို ကာကွယ်​ဆေးထိုး၍ ရ​သော်လည်း ထိခိုက်ဒဏ်ရာ မရ​စေရန်​တော့ ကာကွယ်​ဆေး မရှိ။ တစ်​နေ့တွင် အသက် ၃၀ အရွယ် လူငယ်တစ်​ယောက် ဆိုင်ကယ်လဲ၍ ​ခြေ​ဖမိုးစုတ်ပြဲဒဏ်ရာ ရထားသည်။ သူ့သူငယ်ချင်းနှစ်​ယောက်က ​ဆေးခန်းထဲ တွဲ​ခေါ်လာသည်။ ဒဏ်ရာကို ချုပ်ရန် ပြင်ဆင်​ကြသည်။ "အစ်ကိုတို့ အပြင် ခဏထွက်​ပေးလို့ရလား" သူနာပြုအကူဆရာမ​လေးက လူနာ​စောင့်များကို ​ပြောသည်။ "ဟာ၊ ကျွန်တော် ကြည့်ချင်လို့ပါ" "​သွေးမြင်ရင် မူးမှာ စိုးလို့ပါ" "ကျ​နော်က ​မ​ကြောက်တတ်ပါဘူး" ​ဒေါက်​တာလီယိုလည်း ဘာမှ ​ပြောမ​နေဘဲ လူကို တစ်ချက်အကဲခတ်လိုက်သည်။ ကြည့်ချင်သည်ဆိုသည့် လူနာ​စောင့်ပုံစံက ကျားကျားယားယား၊ လက်​မောင်းနှင့် လက်ဖျံမှာ - [ကော်လာဂျင် (Collagen) အကြောင်း](https://www.telekyanmar.org/ကော်လာဂျင်-collagen-အကြောင်း/) - ဒီတစ်ပတ်မှာတော့ အာဟာရအပြင် အလှအပရေးရာနဲ့ပါဆိုင်တဲ့ ကော်လာဂျင် (collagen) အကြောင်းလေးကို တင်ဆက်ပေးသွားပါမယ်နော်... ဦးဆုံးအနေနဲ့ မိတ်ဆက်ပေးရရင် Collagen ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပရိုတင်းတစ်မျိုးပါ။ ခန္ဓာကိုယ်ထဲ အများဆုံးရှိတဲ့ ပရိုတိန်းတွေထဲကမှ တစ်ခုပေါ့။ ကော်လာဂျင် အမျိုးအစားပေါင်း (၂၈) မျိုးလောက်ရှိပါသတဲ့။ အဲဒီ့ထဲက အများဆုံးကတော့ Type I collagen ပေါ့။ တစ်ကိုယ်လုံးမှာရှိတဲ့ collagen တွေရဲ့ ၉၀% ပါ။ ကော်လာဂျင်ဟာ တစ်ရှူးတွေရဲ့ တည်ဆောက်ပုံဆိုင်ရာ အထောက်အပံ့ကို ပြုလုပ်ပေးတာဖြစ်လို့ တွယ်ဆက်တစ်သျှူးတွေ၊ အရေပြားနဲ့ အရွတ်တွေ၊ အရိုးနဲ့ အရိုးနုတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ လွယ်လွယ်ပြောရရင် အဆောက်အဦးတွေ တည်ဆောက်တဲ့အခါ ဘိလပ်မြေလိုမျိုး၊ ဆေးသုတ် ဆေးမှုတ်တဲ့အခါ ပတ်တီးဖို့သလိုမျိုး ခန္ဓာကိုယ်က အစိတ်အပိုင်းတွေကို တင်းတင်းရင်းရင်း၊ တောင့်တောင့်တင်းတင်းနဲ့ - [စိတ်ခွန်အား ပေးစွမ်းနိုင်မည့် နည်းလမ်းများ](https://www.telekyanmar.org/စိတ်ခွန်အား-ပေးစွမ်းနို/) - ဘဝမှာ လူတွေဟာ ခက်ခဲတဲ့အချိန်တွေကို​ ဖြတ်ကျော်ရတတ်ပါတယ်... ကိုယ်တိုင်ကျော်ဖြတ်ရချိန်မှာ ပတ်ဝန်းကျင်က ကိုယ့်ကို ကူညီတတ်ကြသလို....တစ်ချိန်ချိန်မှာတော့ ကိုယ့်မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ စိတ်ကျန်းမာရေးအတွက် ကိုယ်ကပြန်ပြီး စိုးရိမ်ပူပန်ရတယ်ဆိုတာလည်း ရှိတတ်ပါတယ်။ ???? အဲလိုအချိန်အခါမျိုးမှာ မိမိတို့အနေနဲ့ ကိုယ်ချစ်ခင်ရတဲ့သူတွေကို ကူညီဖို့နည်းလမ်းတွေ အများကြီးရှိပါတယ်ဆိုတာလေး မျှဝေပေးချင်တာပါ ???? .. .. ❓တစ်ပါးသူ စိတ်ကျန်းမာရေးထိခိုက်ခံစားနေကြောင်း ဘယ်လိုသိနိုင်မလဲ တစ်ခါတလေမှာ လူတစ်ယောက် စိတ်ကျန်းမာရေး ထိခိုက်တဲ့အထိ ခံစားနေရကြောင်း သိဖို့မလွယ်ပေမယ့်၊ သူဟာ အခက်အခဲတွေ ကြုံတွေ့ဖြတ်သန်းနေရကြောင်းကတော့ လက်တွေ့ကျကျ သိသာထင်ရှားပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ သူဟာ စိတ်ကျန်းမာရေး ထိခိုက်နေတယ်/မထိခိုက်နေဘူး သိစရာမလိုပါဘူး။ သူတို့ကို ရောဂါအမျိုးအမည် (burnout, overdue stress, anxiety, depression, PTSD etc.) ဖော်ထုတ်ဖို့ထက် အခက်အခဲကြုံတွေ့နေရတဲ့သူကို အလိုက်အထိုက် - [နွေရာသီနှင့် အစားအသောက် အာဟာရ](https://www.telekyanmar.org/နွေရာသီနှင့်-အစားအသောက်/) - ဒီတစ်ပတ်ရဲ့ အာဟာရပညာပေး အစီအစဥ်မှာတော့ ခါတိုင်းလို diet အကြောင်းမဟုတ်ဘဲ အစားအစာကို လုံခြုံစိတ်ချရအောင် ဘာတွေ သတိထားရမလဲ၊ ပိုပြီးတာရှည်ခံအောင် ဘယ်လိုလုပ်ကြမလဲ၊ နွေရာသီမှာ ၀မ်းပျက်၀မ်းလျှောမဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ . ဒီရက်ပိုင်းမှာ ရာသီဥတုက အရမ်းကိုပူလာတာကြောင့် ခဏလေးနဲ့ အစားအစာတွေ သိုးလွယ်လာတာ သတိထားမိကြမှာပါ။ ရေခဲသေတ္တာထဲ ထည့်ဖို့ကလည်း မီးကမမှန်လေတော့ ရှိစုမဲ့စု ပိုက်ဆံလေးချွေတာ၊ ၀ယ်ထားတာတွေ ချက်ပြီး သိုးသွားလည်း နှမြောစွာစားရတဲ့ အဖြစ်တူတွေ ရှိမယ်ထင်ပါတယ်နော်.... ဒါ့ကြောင့် ဒီလိုအဖြစ်မျိုးတွေ မဖြစ်ရလေအောင်၊ အစားအစာတွေ ပိုတာရှည်ခံအောင် အောက်ပါနည်းလမ်းတွေက ကူညီနိုင်ကြောင်း အကြံပြုပါရစေ... .. .. (၁) စပြီး၀ယ်ကတည်းက လတ်ဆတ်တာကို ရွေး၀ယ်ပါ ဥပမာ- နေရောင် တိုက်ရိုက်မထိုးတဲ့ - [ဘိန်းဖြူနဲ့ ကြုံခဲ့ရတဲ့အကြောင်း](https://www.telekyanmar.org/ဘိန်းဖြူနဲ့-ကြုံခဲ့ရတဲ့/) - ဘိန်းဖြူ ဆေးလွန်တဲ့အကြောင်းလေး ပြောပြချင်လို့ပါ။ ကျွန်တော် ခန္တီးမှာတာဝန်ကျတုန်းက ကြုံခဲ့ရတာလေး... မှတ်မှတ်ရရ သင်္ကြန်အကြိုနေ့ကြီးဗျ။ လူငယ်တွေရန်ဖြစ်ပြီး ခေါင်းရိုက်ခွဲခံရတဲ့ လူငယ်လေးတစ်ယောက် ဆေးရုံရောက်လာတယ်။ ရဲအရေးပိုင်တဲ့အမှု ခေါ်မလား။ ဆေးမှုခင်းနဲ့ပတ်သက်တဲ့ လူနာပေါ့ဗျာ။ဆေးရုံအခေါ်ဝေါ်အရ (Police case) လို့ ခေါ်တယ်။ လူနာရဲ့ထိခိုက်ဒဏ်ရာ အတိမ်/အနက် အကြီး/အသေး ပေါ်မူတည်ပြီး ရိုက်တဲ့တရားခံရဲ့ကျခံရမဲ့ပြစ်ဒဏ်ပုဒ်မက ပြေင်းလဲတယ်လေ။ သာမန်ဒဏ်ရာ (Simple hurt)၊ ပြင်းထန်ဒဏ်ရာ (grievous hurt) ဆိုတဲ့ ဆရာဝန်ရဲ့ထင်မြင်ချက်ကလည်း အရေးပါလာပြီပေါ့။ ဆရာဝန်တွေ ပဲလှော်ကြား ဆားညှပ်သလို ခံစားရတဲ့ပြဿနာတွေပေါ့။ တရားခံဘက်ကလည်း သာမန်ဒဏ်ရာပါလို့ ပြောပေးစေလိုကြတယ်။ အရိုက်ခံရသူဘက်ကလည်း ပြင်းထန်ဒဏ်ရာလို့ ပြောပေးစေလိုကြတယ်။ နှစ်ဖက်စလုံးက ဆရာဝန်ကို ဖိအားတွေဝိုင်းပြီး ပေးနေကြတယ်။ အထူးသဖြင့် မှုခင်းဆေးဆရာဝန်မရှိတဲ့ နယ်ဆေးရုံသေးသေးလေးတွေဆို ပိုဆိုးပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ဆေးပညာအမြင်အရပဲ - [အေးချမ်းသက်သာစွာ သွားခွင့်ပြုပါ Do-Not-Resuscitate (DNR)](https://www.telekyanmar.org/do-not-resuscitate-march-2024/) - အေးချမ်းသက်သာစွာ သွားခွင့်ပြုပါ {Do-Not-Resuscitate (DNR)} Do-Not-Resuscitate (DNR) အကြောင်းကို မပြောပြခင် Resuscitation ဆိုတာ ဘာလဲဆိုတာကို အရင်ရှင်းပြပါရစေ။ Resuscitation ဆိုတာ တကယ်တော့ ဒီနေရာမှာ သေခါနီးအသက်ကယ်တာ {Cardiopulmonary resuscitation (CPR)} ကို ဆိုလိုတာပါ။ ဗြိတိသျှနိုင်ငံ (UK) မှာတော့ ပိုပြည့်စုံအောင် Do not attempt cardiopulmonary resuscitation (DNACPR) decisions လို့ သုံးပါတယ်။ သေခါနီးအသက်ကယ်တာ (CPR) ဆိုတာ လူတစ်ယောက် ရုတ်တရက် အသက်ရှူရပ်၊ နှလုံးခုန်ရပ်သွားတဲ့အခါ အသက်ပြန်ရှူ၊ နှလုံးပြန်ခုန်အောင် အသက်ကယ်ဆောင်ရွက်ပေးတာကို ပြောတာပါ။ ရင်ဘတ်ကို စည်းချက်ညီညီဖိပြီး နှလုံးကိုနှိုးဆွပေးတာ၊ နှာခေါင်းနဲ့ပါးစပ်ထဲ လေမှုတ်သွင်းပေးတာ စတဲ့ အခြေခံအသက်ကယ်နည်းတွေ {Basic Life - [ဆရာမယိမ်းင် နှင့် သွေးတိုးလူနာအဘွား](https://www.telekyanmar.org/ဆရာမယိမ်းင်-နှင့်-သွေးတိ/) - ဒီနေ့အတွက် လူနာရှင်းနေသဖြင့် ဆရာမယိမ်းင်တစ်ယောက် Zoom lecture များ ပြန်ကြည့်ရင်း ပေါ့ပေါ့ပါးပါးဖြင့် သီချင်းနားထောင်နေစဥ် ဆေးခန်းဝသို့ အဘွားအိုတစ်ဦး တောင်ဝှေးတစ်ချောင်း ထောက်လျက် ရောက်ရှိလာပါတော့သည်။ ဒါနဲ့ပဲ အဘွားကို နှုတ်ဆက်စကားဖြင့် ခရီးဦးကြိုပြုရင်း လူနာမှတ်တမ်းတွင်ဖြည့်လိုက်ပြီး လူနာကုတင်သို့ ကူတွဲတက်စေကာ.... "ကဲ ပြောပါဦး အဘွား ဘယ်လိုနေသေးလဲ'' လို့ ပြုံးရင်း မေးလိုက်၏။ အဘွားဟာ ပြီးခဲ့သော နှစ်ရက်ခန့်က ခေါင်းမထူနိုင်အောင် ဇက်တွေထိုးနေလို့ဆိုတဲ့ အကြောင်းပြချက်ဖြင့် ဆေးခန်းသို့လာပြဖူးပြီး ဖြစ်သည်။ ထိုစဥ်က မေးမြန်းစမ်းသပ်ကြည့်ခဲ့ရာတွင် သွေးပေါင်ချိန် 180/110 mmHg ဖြစ်နေသဖြင့် ဆီးချိုပါ တစ်လက်စတည်း စစ်ကြည့်ပေးခဲ့ပြီး သွေးကျဆေးနှစ်ရက်စာ ပေးထားပြီး ပြန်ချိန်းထားသော လူနာပင်။ "ဘယ်လိုမှတော့ မနေပါဘူး။ ခေါင်းတော့ တစ်ချက်တစ်ချက် ရိပ်တိပ်တိပ်ဖြစ်တယ်။ ဆရာမက - [ဒေါက်တာလီယိုနှင့် ဘုရားပေးတဲ့ဆေး (သကြားဆေး ငိငိ)](https://www.telekyanmar.org/ဒေါက်တာလီယိုနှင့်-ဘုရား/) - " ဒေါက်​တာလီယိုနှင့် ဘုရားပေးတဲ့ဆေး " ​ဆေးခန်းအတွင်း တိတ်ဆိတ်ခြင်းကို လူတစ်စုက ဖြိုခွင်းလိုက်သည်။ "ကယ်ပါဦး ဆရာ။ အ​ဖေ မူးလဲ သွားလို့ပါ။" ဝင်လာသူများကို ကြည့်ရသည်မှာ ထူးခြား​နေသည်။ ချိတ်ထမီဝတ်ကာ မိတ်ကပ်အ​ဖွေးသားနှင့် အမျိုးသမီးက နှစ်​ယောက်။ ပိုးပုဆိုးဝတ်ကာ စတစ်​ကော်လာအင်္ကျီနှင့် အမျိုးသားက သုံး​ယောက်။ သူတို့ မျက်ဝန်းတွေမှာလည်း စိုးရိမ်မှု​တွေ အပြည့်။ လူနာကို ခုတင်​ပေါ် တင်ပြီး​နောက် ​ဘာမှ ​မေးမ​နေဘဲသွေး​ပေါင်ချိန်တိုင်း၊ ဆီးချို​ဖောက်လိုက်သည်။ ​သွေး​ပေါင်ချိန် 100/70 mmHg ​သွေးတွင်းသကြားဓာတ် 50 mg/dl 50 % Glucose ၂လုံး ချက်ချင်းထိုးလိုက်သည်။ လူနာ သတိပြန်လည်လာသည်။ .. .. xxxxxxxxxxxxxxxxxxxxxxxxx ယခုဖြစ်ပျက်ပုံက သည်လို။ "လူနာက အလှူလုပ်မယ်၊ ဒုလ္လဘဝတ်မယ် - [အစ္စလာမ်ဘာသာ၀င်တွေရဲ့ ဥပုသ်လမှာ ကျန်းမာရေးနဲ့ ပိုသင့်တော်အောင် ဘယ်လိုစားသောက်ပြုမူကြမလဲ](https://www.telekyanmar.org/အစ္စလာမ်ဘာသာ၀င်တွေရဲ့-ဥ/) - ဒီတစ်ပတ်မှာတော့ အစ္စလာမ်ဘာသာ၀င်တွေရဲ့ အထွတ်အမြတ်လဖြစ်တဲ့ ဥပုသ်လမှာ ကျန်းမာရေးနဲ့ ပိုသင့်တော်အောင် ဘယ်လို စားသောက်ပြုမူကြမလဲ ဆိုတာကို အခြေခံအချက် (၁၀) ချက်နဲ့ ပြောပြပေးသွားမှာပါ…. . ၁။ အရည်များများသောက်ပါ ပဲဟင်း (ဟာလင်မ်) ကို သောက်တာဟာ ရေဓာတ်လည်းရသလို ကစီဓာတ်နဲ့ ပရိုတင်းပါ လုံလောက်စွာရရှိစေနိုင်တာကြောင့် ကျန်းမာရေးအတွက် လွန်စွာကောင်းပါတယ်။ ဥပုသ်လမှာပဲရတဲ့ အစားအစာတွေဟာ အခြားဘာသာဝင်တွေပါ ကြိုက်နှစ်သက်ရတဲ့အထိ ကောင်းမွန်ပါတယ်။ ဥပမာ - ပဲသုတ်၊ ဟာလင်မ်၊ ကြက်ကောင်လုံးပေါင်း (အခါရ်မွရ်ကီး) စသဖြင့်ပါ။ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်စောင့်တဲ့အခါ ရေမသောက်ရတာကြောင့် အခုလို နွေရာသီနဲ့ ဝါတွင်းတိုက်တဲ့အခါ ရေဓာတ်ခမ်းခြောက်တာဟာ အင်မတန်ဖြစ်လွယ်ပါတယ်။ အပူရှပ်တာ၊ သတိလစ်တာနဲ့ တခြားအရေးပေါ်အခြေအနေတွေမှာ ကျန်းမာရေးအရ ဆရာဝန်က ရေသောက်ဖို့ ညွှန်ကြားရင် (ဒါမှမဟုတ်) ဥပုသ်ဖျက်ဖို့ - [ကျွန်တော်နှင့် အဆိပ် (၂)](https://www.telekyanmar.org/ကျွန်တော်နှင့်-အဆိပ်-၂/) - " ကျွန်တော်နှင့် အဆိပ် (၂) " စီဒီအမ်အထူးကု ကျွန်တော်တစ်ယောက် အိမ်မှာပဲ အပင်တွေ စိုက်နေတယ် ပြောခဲ့ပါကောလားဗျ။ အခုကတော့ သူ့ရဲ့အဆက် ဒုတိယပိုင်းလေး ဆက်ပါရစေဗျာ... .. .. ဇာတ်လမ်းလေးက ဒီလိုပေါ့... . တစ်နေ့သ၌ အရွက်တွေဝေဆာစ ဘူးစင်လေးကို ကြည့်ရင်း ပီတိတွေဖြာမလို့ လုပ်နေတုန်း… ဘူးရွက်ပေါ်မှာ အစိမ်းရောင်သေးသေးလေးတွေနဲ့ တချို့ အရွက်တွေအောက်မှာကျ အဖြူကောင်သေးသေးလေးတွေကို တွေ့တော့ လန့်သွားမိတယ်။ အဖြူကောင် သေးသေးလေးတွေကိုတော့ သိတယ်...အဲ့တာ ပိုးစေးနှဲတဲ့။ ဟိုအစိမ်းလေးတွေတော့ ဘာလဲ မသိ။ သူတို့ကို ပုရွက်ဆိတ်တွေကလည်း လာစားသေးဗျ။ တချို့ ဘူးရွက်လေးတွေလည်း ဝါနေတော့… "ဟဲ့ ခုမှ စစိုက်တာ ငါ့အပင်သေလို့မဖြစ်ဘူး" ဆိုပြီး ထိတ်ထိတ်ပြာပြာ ဖြစ်တာပေါ့။ တောင်သူဦးကြီးတွေကိုလည်း ကိုယ်ချင်းစာသွားမိပါတယ်ဗျာ။ - [ဝိတ်လျော့ဖို့ ချင့်ယုံသင့်တဲ့ အချက် (၁၀) ချက်](https://www.telekyanmar.org/ဝိတ်လျော့ဖို့-ချင့်ယုံသ/) - " ဝိတ်လျော့ဖို့ နည်းလမ်းတွေ၊ diet plan တွေနဲ့ ချင့်ယုံသင့်တဲ့ အချက် (၁၀) ချက် " သတင်းအချက်အလက်တစ်ခု တွေ့တဲ့အခါ ယုံကြည်သင့်ရဲ့လား၊ မိမိအတွက်အကျိုးရှိမလား (ဒါမှမဟုတ်) သူတို့ကိုယ်ကျိုးအတွက် ကိုယ့်ကို အသုံးချနေတာလား ပြန်ချင့်ချိန်သင့်ပါတယ်။ ကျန်းမာရေးနဲ့ဆိုင်တာဆို ပိုလို့တောင် အရေးကြီးပါတယ်…. ဘယ်လိုအချက်တွေက ဝိတ်ချတာနဲ့ ပတ်သက်ပြီး ဆင်ခြင်သင့်တာလဲ…. . (၁) မြန်မြန်ကြီး ဝိတ်ကျစေတယ်လို့ ကြော်ငြာတာ ဝိတ်ကျအောင် ကြိုးစားဖူးသူတိုင်း သိမှာပါ။ အဆီ တစ်ပေါင်လောက် လောင်ကျွမ်းဖို့က ဘယ်လောက်ခက်လဲဆိုတာ….. GYM မှာ တစ်နေ့ တစ်နာရီ မနားတမ်းဆော့တောင် တစ်လ ၄~၅ ပေါင်လောက်သာ ကျနိုင်တာပါ။ အဲဒါကို နည်းလမ်းအမျိုးမျိုးနဲ့ ကြော်ငြာတဲ့သူတွေက တစ်ပတ်နဲ့ ၆ ပေါင် ကျတယ်ပြော၊ - [ယိမ်းင် - ရွာက ဆရာမ](https://www.telekyanmar.org/ယိမ်းင်-ရွာက-ဆရာမ/) - " ဆရာမရေ...ဆရာမ....ဆေးခန်းပြချင်လို့ " အညာနွေ၏ တဖြည်းဖြည်း မြင့်သထက်မြင့်လာနေသော အပူရှိန်များအကြား... အခန်းအပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏ ခေါ်သံ… ထိုအသံကြောင့် ကျွန်မလည်း အမျိုးသမီးတို့၏ လစဥ်ခံစားနေကျ နာကျင်မှုသက်သာစေရန် အိပ်ရာထက်တွင် လဲလျောင်းနေသည်မှ ထ၍ အခန်းအပြင် ထွက်ကြည့်လိုက်ရတော့သည်။ " မနက်ကတော့ မလာဘဲနဲ့ နေပူကျဲတဲကြီးမှ ရွေးလာရသလား " ပါးစပ်ကလည်း ပွစိပွစိပြောရင်း ရောက်လာသူတို့ကို ဆေးခန်းရှိရာသို့ ဦးဆောင်ခေါ်လာမိသည်။ စိတ်မကြည်လင်စွာ ပြောလိုက်မိသည်ကို ဗွေမယူဘဲ....လသားအရွယ် ကလေးငယ်ကို ခါးထစ်ခွင်ချီလျှက် ခြောက်နှစ်သားခန့် ကလေးကို လက်ဆွဲထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသမီးက ကျွန်မကို ပြုံးရင်း ပြန်ပြောရှာသည်... " မနက်က ကလေးက စာသင်နေရလို့ ဆရာမရေ... ခုမှ ရေချိုးလာရင်း ဆေးခန်းတစ်ခါတည်း ဝင်လာပြတာ " ... ... - [မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်အောင် ကာကွယ်ခြင်း Prevention of Mother to Child Transmission of HIV (March, 2023)](https://www.telekyanmar.org/prevention-of-mother-to-child-transmission-of-hiv-march-2023/) - မိခင်မှ သန္ဓေသားသို့ HIV ပိုး မကူးစက်အောင် ကာကွယ်ခြင်းPrevention of Mother to Child Transmission of HIV ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရမတ်လ၊ ၂၀၂၃ ခုနှစ်----------------------- တယ်လီကျန်းမာ အခမဲ့ အွန်လိုင်းဆေးခန်းhttps://facebook.com/telehealthmm Ministry of Health, National Unity Government. - [Dr Harry တောကဆရာဝန်](https://www.telekyanmar.org/dr-harry-တောကဆရာဝန်/) - Hello... ကျွန်တော် Dr Harry ပါ စာရေးရမယ့်အချိန် ရောက်‌လာတော့ ဒီတစ်ခါ ဘာအကြောင်းများ ရေးရမလဲ တွေးရင်း... တောမှာ ဆရာဝန်တစ်ယောက်အနေနဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ရေးဖို့ စိတ်ကူးရတယ်။ ကိုယ့်ထက် ခက်ခဲတဲ့နေရာက သူတွေကိုလည်း လေးစားအားနာရပါတယ်။ တော်လှန်ရေး ကာလကလည်း ၂ နှစ် ကျော်လာပြီး ဒီဘက်မှာလည်း လူနာကြည့်ရတာ ကြာလာပြီဆိုတော့ အခက်အခဲတွေ အများကြီးနဲ့ နေသားတကျ ဖြစ်လာပါပြီ။ ဒါပေမယ့် စိတ်တော့ညစ်ရတာပေါ့လေ... ပထမဆုံးအခက်အခဲကတော့ ဘာသာစကား ‌အခက်အခဲပါပဲ။ နေ့စဉ် လူနာအများကြီးကို ရောဂါ ရာဇဝင်မေးရတဲ့အခါ အတော်ခက်ခဲပါတယ်။ ဘာသာပြန်ပေးတဲ့ ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေကတစ်ဆင့် ကိုယ်သိချင်တာတွေကို တစ်ချက်ချင်း စိတ်ရှည်လက်ရှည် မေးရတယ်။ သူတို့ ပြန်ဖြေတာကို လည်း တစ်ဆင့်ပြန်နားထောင်ပြီး - [ကိုယ်ဝန်ဆောင်ဆီးချိုနှင့် အာဟာရ](https://www.telekyanmar.org/ကိုယ်ဝန်ဆောင်ဆီးချိုနှ/) - ကိုယ်၀န်ဆောင် ဆီးချိုနဲ့ အာဟာရဆိုင်ရာ အကြံပြုချက်.....ကလင်...ကလင်.... ???????????? ကိုယ်၀န်ဆောင် ဆီးချို (Gestational Diabetes) ဆိုတာ တကယ်တော့ ကိုယ်၀န်ဆောင်မှ ဆီးချို ဖြစ်လာတာကို ပြောတာဖြစ်ပြီး အရင်ထဲက ဆီးချိုရှိပြီးသားလူနာက ကိုယ်၀န်ဆောင်တာကို မဆိုလိုပါဘူး.... ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိမိသွေးထဲမှာ အချိုဓာတ်များနေခြင်းဟာ ဗိုက်ထဲက ကလေးလေးအပေါ် အများကြီး ထိခိုက်စေပါတယ်... ကိုယ်၀န်ဆောင်သည် တစ်ယောက်အနေနဲ့ သွေးတွင်းအချိုဓာတ်ဟာ - ဘာမှ မစားထားရင် ၉၅ အောက် - စားပြီး တစ်နာရီဆို ၁၄၀ အောက် - စားပြီး ၂ နာရီဆို ၁၂၀ အောက် ရှိကိုရှိရပါမယ် အခြား နှစ်ရှည် ဆီးချိုလူနာတွေလို ၂၀၀ လောက်အထိ တစ်ခါတလေဖြစ်တာ ကိစ္စမရှိပါဘူးဆိုပြီး ထားလိုက်လို့မရပါ... - [ပြန်ရည်ကြောယိုစိမ့်ခြင်းနဲ့ အဆီမပါတဲ့ အစားအစာ](https://www.telekyanmar.org/ပြန်ရည်ကြောယိုစိမ့်ခြင/) - မင်္ဂလာပါ... အပတ်စဥ် စနေနေ့တိုင်း တင်ဆက်ပေးနေကျ "အာဟာရ ဗဟုသုတကဏ္ဍ" လေးအတွက် ဒီတစ်ပတ်မှာတော့.... "ပြန်ရည်ကြော ယိုစိမ့်ခြင်းနဲ့ အဆီမပါတဲ့ အစားအစာ" ဆိုတဲ့အကြောင်းလေးကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ . ဦးစွာအနေနဲ့ ပြန်ရည်ကြောဆိုတာ ဘာလဲလို့ သိထားဖို့ လိုအပ်ပါတယ်။ လူသားတွေရဲ့ ခန္ဓာကိုယ်မှာ... • သွေးလွှတ်ကြောဆိုတဲ့ အောက်ဆီဂျင်သယ်ပို့တဲ့ သွေးကြော (artery) • သွေးပြန်ကြောဆိုတဲ့ ခန္ဓာကိုယ်က မလိုအပ်တော့တဲ့ အရာတွေကို ပြန်သယ်ပေးတဲ့ သွေးကြော (vein) • ပြန်ရည်ကြောဆိုတဲ့ အဆီ၊ ချေဖျက်ထားတဲ့ အစားအစာတွေနဲ့ ကိုယ်ခံအားပစ္စည်းတွေ သယ်ပို့ပေးတဲ့ သွေးကြော (lymphatic vessels) ဆိုပြီးသွေးကြော (၃) မျိုး ရှိပါတယ်။ .. ပြန်ရည်ကြောရဲ့ အဓိကတာ၀န်ကတော့ ချေဖျက်ထားတဲ့ အဆီတွေကို - [ဆီးကျောက်တည်ရင် ဘယ်လိုအစားအသောက်တွေ ရှောင်ရမလဲ၊ ဘာတွေစားရမလဲ ?](https://www.telekyanmar.org/ဆီးကျောက်တည်ရင်-ဘယ်လိုအ/) - " ဆီးကျောက်တည်ရင် ဘယ်လိုအစားအသောက်တွေ ရှောင်ရမလဲ၊ ဘာတွေ စားရမလဲ….? " ခါးနာတယ်... ဆီးကျောက်တည်တယ်ဆိုတာ လူတော်တော်များများနဲ့ ရင်းနှီးပြီးသား ဖြစ်မယ်လို့တော့ ထင်ပါတယ်။ ဆီးကျောက်တည်တာဟာ... - မျိုးရိုးလိုက်တာ (ဥပမာ - ခန္ဓာကိုယ်ထဲ ကယ်လ်စီယမ်ဓာတ်တွေ အလိုလိုများနေတာ) - ဆီးပိုးခဏခဏဝင်တာ - စားသောက်မှု ပုံစံမမှန်တာ ( ဥပမာ - ရေသောက်နည်းတာ၊ ကျောက်ဖြစ်စေတဲ့ သတ္တုဓာတ်တွေ (ဆိုဒီယမ်ဆား) အစားများတာ )....စတာတွေကြောင့် ဖြစ်တတ်ပါတယ်။ အခုဆောင်းပါးမှာတော့ ဆီးကျောက်တည်ခြင်း၀ေဒနာ ရှိသူတွေအနေနဲ့ ဘယ်လို အစားအသောက်မျိုးတွေ ရှောင်သင့်တယ် ၊ ဘယ်လို နေထိုင်ပြုမူသင့်တယ်ဆိုတာလေးတွေ ပြောပြပေးသွားမှာမို့ ဆက်လက်ဖတ်ရှု ပေးကြပါဦး ... ... ဆီးကျောက်တည်တဲ့သူတွေမှာ အထက်ပါ ပြောခဲ့သလို ခဏခဏ ဆီးပိုး၀င်တာကြောင့် - [ဒေါက်တာနို၏ မုန့်ဟင်းခါး အိုးဘဲဥတစ်ပွဲ](https://www.telekyanmar.org/ဒေါက်တာနို၏-မုန့်ဟင်းခါ/) - မုန့်ဟင်းခါး အိုးဘဲဥတစ်ပွဲ ================== မုန့်ဟင်းခါး အရသာဟာ မြို့တစ်ခုနဲ့တစ်ခုမှာ ကွာခြားကြတယ်။ ကျွန်တော့ဇာတိမှာ အရသာ တစ်မျိုး၊ ကျောင်းတက်တော့ သွားရတဲ့မြို့မှာ အရသာက တစ်မျိုး၊ ခရီးတွေဘာတွေ ထွက်ဖြစ်တုန်း စားဖြစ်ရင် အရသာက တစ်မျိုးစီပေါ့။ နေရာဒေသကို လိုက်ပြီး အစားအစာတွေရဲ့ အရသာတွေ မတူကြပါဘူး။ တစ်ခါတလေ အခေါ်အဝေါ်တွေတောင် မတူညီကြတာ ကြုံဖူးပါရဲ့... အဲ့ဒီလိုမျိုးပဲ။ ကျွန်တော်တို့ ဆေးကုတဲ့ဆီမှာလည်း နေရာဒေသပေါ်လိုက်ပြီး ရောဂါတစ်ခုရဲ့ ဖြစ်ပွားနှုန်းတွေ၊ ကူးစက်နှုန်းတွေ၊ ထိခိုက်စေမှုတွေ မတူကြပါဘူး။ ဥပမာပေးရရင် တောင်ပေါ်ဒေသတွေမှာ အိုင်အိုဒင်းချို့တဲ့တဲ့ ပြဿနာတွေများပြီး တောတောင် ပေါများတဲ့နေရာမှာ ငှက်ဖျားတွေ အဖြစ်များသလိုပေါ့... တစ်ခါတလေမှာ ရောဂါတစ်ခုတည်း ဖြစ်ပေမယ့် သူ့ကြောင့်ဖြစ်ရတဲ့ အထိအခိုက်တွေ၊ သူ့ရဲ့ နောက်ဆက်တွဲ ပြဿနာတွေဟာ နေရာဒေသပေါ် မူတည်ပြီး - [ဗိုက်ပူခြင်း Central Obesity](https://www.telekyanmar.org/central-obesity-february-2023/) - " ဗိုက်ပူခြင်း (Central Obesity) " ဗိုက်ပူခြင်းအကြောင်း မပြောခင် အရင်ဆုံး စာဖတ်သူတို့ကို နည်းနည်းမေးကြည့်ချင်ပါတယ် ???? BMI ဆိုတာ မှတ်မိကြသေးလားရှင့် ? (မမှတ်မိသူများနဲ့ မဖတ်ရသေးသူများအတွက် BMIအကြောင်းကို ဒီမှာ ဖတ်ရှုလို့ရပါတယ်နော်click here ) BMI ကို ခန္ဓာကိုယ် ဝခြင်း၊ ပိန်ခြင်း တိုင်းတာဖို့ ယေဘူယျပေတံလို့ ပြောခဲ့တာပါ.... BMI ရဲ့ ညွှန်းကိန်းနှစ်ခု (ကိုယ်အ‌လေးချိန်နဲ့ အရပ်အမြင့်) ထဲက တစ်ခုဖြစ်တဲ့ ကိုယ်အလေးချိန်ဟာ ခန္ဓာကိုယ်ထဲရှိ အဆီပမာဏ (Total body fat) ကို ယေဘူယျအားဖြင့် ညွှန်ပြပါတယ်။ ပုံမှန်ရှိရမယ့် ခန္ဓာကိုယ်အလေးချိန် (Ideal body weight) ထက်များပြီး ဝနေတဲ့အမျိုးသားတွေမှာ အဆီ ၂၀ ရာခိုင်နှုန်း - [ပိန်အောင် ဘာလုပ်ရမလဲ Weight Loss Tips](https://www.telekyanmar.org/ပိန်အောင်-ဘာလုပ်ရမလဲ-weight-loss-tips/) - ပြီးခဲ့တဲ့အပတ်က ၀အောင် ဘယ်လိုကြိုးစားကြည့်လို့ရတယ်ပြောတော့ ပိန်ချင်လို့ပါဆိုတဲ့ ယူတို့ရေ...ဒီအပတ် ယူတို့အတွက်လာပါပြီ.... ဝိတ်ကျစေရန်အကြံပြုချက်များပါ......ယူတို့ပေါ်မလာရင်တော့ အိုင် စိတ်ကောက်ပြီနော်......ဒီတစ်ပတ်ကတော့ရှယ်နော်...ဝိတ်ကျဖို့ မစားနဲ့ပြောမှာမဟုတ်ဘူး...စားပါစားပါလို့ အကြံပေးမှာ... စိတ်၀င်စားရင်ဆက်လက်ကြည့်ပေးသွားပါအုံး.... တကယ်တော့ ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးက လူတိုင်းမှာရှိပါတယ်.... စမှတ်ရယ် ဘ၀ရဲ့ပေးထားချက်တွေ မတူပေမယ့် လူသားတိုင်းမှာ အဆုံးသတ်လှဖို့ အခွင့်အရေးရှိပါတယ် လို့.... ကဲ.... ရေသောက်တိုင်းလည်း ၀၊ လေရှူတိုင်းလည်း ၀တယ်လို့ ရင်ဖွင့်လာသူလေးရေ …. ကျန်းမာလှပအောင် တူတူကြိုးစားကြပါစို့.... ဝိတ်ကျအောင် ယေဘူယျ အကြံပေးချက်များနဲ့အတူ မမတို့အတွက် အသုံး၀င်မယ့် စတိုင်လေးတစ်ခုကိုလည်း မိတ်ဆက်ပေးလိုပါတယ်... (ကိုကြီးတွေ ၊ မောင်လေးတွေလည်း လိုက်လုပ်လို့ရတယ်နော်...) စပြောတော့မယ်နော ဝိတ်ချရမယ့်နည်းလေးကို အဲဒီနည်းကို Mindful Eating လို့ခေါ်ပါတယ်...သတိဖြင့် စားသောက်နေထိုင်ခြင်းလို့ ဘာသာပြန်ရမလားပဲနော်..... ဒီနည်းလေးက လွယ်လဲလွယ် - [ဝခြင်း/ပိန်ခြင်း နှင့် ယေဘုယျ ပေတံ BMI](https://www.telekyanmar.org/how-to-define-bmi-february-2023/) - ဝခြင်း/ပိန်ခြင်း နှင့် ယေဘုယျ ပေတံ BMI “ဝလို့… လှလို့ …”ဆိုတဲ့ မြန်မာဆိုရိုးက ရှိသကိုး..... ဝတယ်၊ ပိန်တယ်ဆိုတာက သေချာပြန်တွေးကြည့်ရင် တကယ်တော့ အလွန်ယေဘုယျ ဆန်တဲ့ အသုံးအနှုန်းပါ.... အများစုက နှုတ်ဆက်စကားအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် တွေ့တာနဲ့ နှုတ်ကျိုးနေတဲ့ “ဟယ်..ဝလာတယ်နော်”၊ “ဟယ်.. ပိန်သွားတယ်နော် ...နေကောင်းရဲ့လား” အစရှိသဖြင့် ပိန်ရင်လဲ ပိန်လို့ ဝရင်လဲ ဝလို့ အမျိုးမျိုး ပြောကြပြန်ပါကော.... ကြားရသူအဖို့မှာတော့ မည်မျှပင် ကျန်းမာနေသူဖြစ်လင့်ကစား ... ဟယ် ငါ တကယ်များ တအား ဝနေတာလား ဆိုပြီး စိတ်ဖိစီးရတယ်.... နဂိုပိန်သူများကလည်း ငါ့ရုပ်က လူမမာရုပ်များပေါက်နေပြီလား ဆိုပြီး မိမိကိုယ်ကို စိတ်မလုံခြုံ ပိုလို့ကိုဖြစ်ရတယ်။ စာဖတ်သူတို့ကို စကားပါးလိုတာကတော့ မိမိမှာ အသိမိတ်ဆွေများကို - [ဆေးလိပ်ငွေ့ ကင်းစင်သော ပတ်ဝန်းကျင်](https://www.telekyanmar.org/smoke-free-community-march-2024/) - "ဆေးလိပ်ငွေ့ ကင်းစင်သော ပတ်ဝန်းကျင်" ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နဲ့ စီးကရက်အမျိုးမျိုး သောက်သုံးခြင်းကြောင့် နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ အဆုတ်ကင်ဆာဖြစ်ခြင်း စတဲ့ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်ခြင်းဟာ မိမိကိုယ်ကိုယ် ထိခိုက်ရုံသာမက မိမိပတ်ဝန်းကျင်နဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူရှိုက်မိတဲ့ လူထုကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်၀န်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေ အနီးအနား ဆေးလိပ်သောက်ခြင်းဟာ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ "ဆေးလိပ်ငွေ့ ကင်းစင်သော ပတ်ဝန်းကျင်" ကို ဖန်တီးနိုင်ဖို့အတွက် လိုက်နာ/ရှောင်ကြဥ်ရမယ့်အချက်တွေကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ - [အသည်းကွဲသူရဲ့ နှလုံးဒဏ်ရာ Broken Heart Syndrome](https://www.telekyanmar.org/broken-heart-syndrome-march-2024/) - ရုပ်ရှင်တွေထဲမှာ အိမ်ကအဘိုးကြီးက အတွင်းရေးမှူးမလေးနဲ့ တွဲခုတ်နေတာကို ရုတ်တရက် မြင်လိုက်ရတဲ့အခါ (ဒါမှမဟုတ်) သမီးအပျိုလေးက ယောကျာ်းနောက် လိုက်သွားတယ်လို့ သိရတဲ့အခါ ရင်ဘတ်လေးဖိပြီး လဲကျသွားတဲ့ မေမေကြီးတွေကို မကြာခဏတွေ့ဖူးကြမှာပါ။ အဲဒီလို အပြင်းအထန် စိတ်ထိခိုက်ရတာကို အသည်းကွဲတယ်လို့ တင်စားပြောကြပေမယ့် တကယ်တော့ အသည်းက ဘာမှမဖြစ်ဘဲ (စိတ်ညစ်ပြီး အရက်အလွန်အကျွံသောက်ရင်တော့ အသည်းထိပါတယ်) နှလုံးသားမှာ တကယ်ဒဏ်ရာအနာတရ ဖြစ်သွားတာကို အသည်းကွဲသူရဲ့ နှလုံးဒဏ်ရာ (Broken heart syndrome) လို့ ခေါ်ပါတယ်။ Stress cardiomyopathy (သို့) Takotsubo cardiomyopathy လို့လည်းခေါ်ကြပါတယ်။ ... ... အဲဒီလို နှလုံးသားဒဏ်ရာရစေတဲ့ အခြေအနေတွေကတော့.... - ဆိုးရွားတဲ့ ပန်းနာရင်ကျပ်၊ ကိုဗစ်ရောဂါ (COVID-19) တို့လို လူကို ရုတ်တရက်ဒုက္ခပေးတဲ့ - [မြွေပွေးအန္တရာယ်](https://www.telekyanmar.org/မြွေပွေးအန္တရာယ်/) - အဆိပ်မရှိသောမြွေ ဖြစ်ပါစေဦး။ သွားချေးဆိပ်တော့ တက်နိုင်ပါသေးသည်။ ရှင်းပါအံ့။ မြွေများသည် လူကိုမကိုက်မီ သွားမတိုက်ကြပါ။ ပါးစပ်သန့်ဆေးရည်ဖြင့် ပလုတ်မကျင်းကြပါ.... အသေးစိတ် ဖတ်ရှုရန် ???????????? ... ... "မြွေပွေးအန္တရာယ် သိမှတ်ဖွယ်" မြွေပွေးကိုက်ခံရနိုင်သော ကျေးလက်တောရွာတွင် နေထိုင်ကြကုန်သော၊ တောင်သူလယ်လုပ် ဓားမခုတ်အလုပ်ကို လုပ်ကိုင်ကြကုန်သော ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ၊ ညီလေး၊ ညီမလေး အပေါင်းတို့ခင်ဗျား... မြွေပွေးအစစ်က ခင်ဗျားတို့ကို မိမိရရ ကိုက်ခဲ့လျှင် မြွေဆိပ်ဖြေဆေးအပါအဝင် အခြားမှန်ကန်ထိရောက်သော ကုသမှုများကို အကိုက်ခံရပြီး နာရီပိုင်းအတွင်း စောနိုင်သမျှစောစွာ နေ့မကူးမီ ဆေးပေးခန်း၊ ဆေးရုံများသို့ အလျင်အမြန် လာရောက်ကုသမှု ခံယူသင့်ပါသည်။ သို့မဟုတ်ပါက အကိုက်ခံရပြီး သုံးရက်မှ ဆယ်ရက်အတွင်း အသက်ဆုံးရှုံးနိုင်ပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်းသည်ဟူသော ဆိုရိုးစကား ရှိပါသည်။ - [ပဋိဇီဝဆေး/ ပိုးသတ်ဆေးတွေအကြောင်း Antibiotic](https://www.telekyanmar.org/ပဋိဇီဝဆေး-ပိုးသတ်ဆေးတွေ/) - Antibiotics လို့ခေါ်တဲ့ ပဋိဇီဝဆေး/ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်ပြီး သိရှိထားသင့်တဲ့ အကြောင်းတွေ ဘတ်တီးရီးယား (Bacteria) ပိုးမွှားတွေက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်၊ ပတ်ဝန်းကျင်မှာသာမက ထိတွေ့တဲ့နေရာတိုင်းလိုလိုမှာ တည်ရှိကြပါတယ်။ တချို့ဘတ်တီးရီးယားပိုးတွေက ခန္ဓာကိုယ်အတွက် အကျိုးရှိပြီး တချို့ကတော့ အန္တရာယ်ပေးနိုင်ကြပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ ဘတ်တီးရီးယားပိုးတွေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေမှာ ပိုးသတ်ဆေးတွေကို အသုံးပြုကြပါတယ်။ ... ... ????ပိုးသတ်ဆေးတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ.... - ဘတ်တီးရီးယား‌တွေ ရှင်သန်ဖို့လိုတဲ့ သူတို့ရဲ့နံရံ (Cell wall) တွေ၊ DNA တွေကို ပိုးသတ်ဆေးတွေက ဖျက်ဆီးပြီး ဘတ်တီးရီးယားတွေကို သေစေနိုင်တဲ့ပုံစံအပြင် - ဘတ်တီးရီးယားတွေရဲ့ ကြီးပွားရှင်သန်မှုလုပ်ငန်းစဉ်ကို နှောင့်ယှက်နှေးကွေးစေနိုင်တဲ့ပုံစံတွေနဲ့ ပိုးသတ်ဆေးတွေက အလုပ်လုပ်ကြပါတယ်။ ... ... ????ပိုးသတ်ဆေးတွေကို ဘယ်လိုအသုံးပြုကြသလဲ.... ဆေးပြား၊ ဆေးတောင့်တွေအဖြစ် ပါးစပ်ကနေသောက်သုံးတာ၊ - [Dr. Harry's Video call နှင့် သားဖွားခန်း](https://www.telekyanmar.org/dr-harrys-video-call-နှင့်-သားဖွားခန်း/) - Hello ကျွန်တော် Dr Harry ပါ အခုတလော ဆေးခန်းမှာ လူနာအရမ်းများတာရော၊ အရေးပေါ်တွေ၊ မွေးလူနာတွေနဲ့ရှုပ်နေတော့ အချိန်မရတာနဲ့ စာမရေးနိုင်ဘူးဖြစ်နေတာ ဒီတစ်ခါတော့ ဆေးခန်းမှာကိုယ်မရှိတုန်းလာတဲ့ အရေးပေါ် မွေးလူနာကို Video Call နဲ့ ဘယ်လိုတွေလှမ်းပြီး လောင်ရလဲ ပြောပါအုံးမယ် ပြီးခဲ့တဲ့လက ဒီဘက်မှာ အလုပ်လုပ်နေတဲ့ဆရာဝန်တွေကို foreignကနေ လာသင်ပေးတဲ့ သားဖွားမီးယပ်နဲ့မေ့ဆေး ရက်တိုသင်တန်းတစ်ခုကို နယ်စပ်မှာ သွားတက်ရတယ်။ ကိုယ်လည်း တစ်နှစ်တိတိ နေ့ရော ညရော ယောက်ယက်ခတ်ပြီး အလုပ် လုပ်နေရတဲ့ နေရာကနေ တစ်ပတ်လောက် အနားရမယ့်ကိစ္စဆိုတော့ ပျော်ပျော်ကြီးသွားတက်တာပေါ့... ဆေးခန်းမှာတော့ ကျွန်တော်သင်တန်းသွားမယ့်နေ့မှ အသစ်ရောက်လာတဲ့ ဒေသခံ ဆေးမှူးဆရာနဲ့ ကျွန်တော်နဲ့ အလုပ်လုပ်နေကျ လူထုကျန်းမာရေးလုပ်သားလေးတွေ ကျန်ခဲ့ပြီး လူနာဆက်ကြည့်ကြတယ်။ ကိုယ်လည်း online ကိုအမြဲဖွင့်ထားမယ် - [ဝအောင် ဘာလုပ်ရမလဲ](https://www.telekyanmar.org/ဝအောင်-ဘာလုပ်ရမလဲ/) - ကဲ ပြီးခဲ့တဲ့အပတ်က ပေးခဲ့တဲ့ မျှော်လင့်ချက်လေး လာပါပြီ…… ကလင် ကလင်…. ဘယ်လောက်စားစား မ၀လို့….ပိန်နေလို့ ၀ချင်တယ်… ၀အောင်ဘာလုပ်ရမလဲ….ပြည့်ပြည့်လေးဖြစ်ချင်တယ်...စသဖြင့် မေးထားသူတွေအတွက် ပို့စ်လေးလာပါပြီ…. .. .. ပထမဆုံးအနေနဲ့… ၀ိတ်မတက်လာတဲ့ ဖြစ်နိုင်ခြေလေးတွေ အရင်ပြောပြပါမယ်နော်…. . (၁) တစ်နေ့တာ ကယ်လိုရီ လိုအပ်ချက် များတာကြောင့် - အသက်ကြီးလာရင် အလိုလို ၀လာတယ်ဆိုတာ တကယ်ဗျ….. ငယ်တုန်းဆို ဇီ၀ဖြစ်စဉ်တွေက မြန်မှမြန်... စားပြီးတာနဲ့ အကုန်ပြာကျသလိုပဲ ကိုယ်ထဲဘာမှမကျန်ဘူး… အဆီပိုတွေမစုဘူးပေါ့... အဲ့တော့ ငယ်တုန်းက မ၀ဘူး ၊ အသက်၂၅ နှစ်ကျော်လာရင်တော့ အလိုလို ၀လာတာ… စားတာ ဒီပမာဏပဲ… ဒါမယ့် ၀ိတ်ကတော့ တက်လာရော... ဒါဟာ ကိုယ်တွင်းဇီ၀ဖြစ်စဉ်တွေ နှေးသွားတော့ ကယ်လိုရီနည်းနည်းပဲ လိုတော့တာကြောင့်ပါ - [နှလုံးနှင့် သွေးကြောရောဂါများ](https://www.telekyanmar.org/နှလုံးနှင့်-သွေးကြောရော/) - နှလုံးအထူးကုတွေ ပြောလေ့ရှိတဲ့ ဆောင်ပုဒ်လေးတစ်ခု ရှိပါတယ်..... "Of all the ailments which may blow out life´s little candle, heart disease is the chief." မြန်မာလို အတတ်နိုင်ဆုံး ဆီလျော်အောင် ဘာသာပြန်ရရင်တော့..... "ဘဝရဲ့ ရှင်သန်ခြင်း ဖယောင်တိုင်လေးကို ငြှိမ်းသတ်ပစ်နိုင်တဲ့ ရောဂါဘယပေါင်းစုံထဲမှာ နှလုံးရောဂါကတော့ တကယ့်ကို ထိပ်သီးခေါင်းဆောင်ပါပဲ" လို့ ဘာသာပြန်ရမလား မသိ။ တကယ်လည်း နှလုံးရောဂါတွေဟာ လူတစ်ယောက်ရဲ့ အသက်ဇီဝိန်ကို ချုပ်ငြိမ်းစေနိုင်တဲ့အထိ အသက်အန္တရာယ် များလှပါတယ်။ ဒါကြောင့် အခုဆောင်းပါးလေးမှာတော့ နှလုံးနဲ့ သွေးကြောရောဂါတချို့အကြောင်း ကြားဖူးနားဝရှိအောင် အကျဥ်းချုပ်သဘောလေး ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ် ???? . ………..........…………။ ။............................ . - [ရာသီသွေးဆင်းခြင်းဖြစ်စဥ်/ ဓမ္မတာဖြစ်စဉ် Menstrual Cycle](https://www.telekyanmar.org/menstrual-cycle-june-2023/) - ???? Menstruation (ရာသီသွေးဆင်းခြင်း) ဆိုတာ ဘာလဲ ? လစဉ် သားအိမ်အတွင်းနံရံမှ တစ်သျှူးများ ကွာကျခြင်းကို ရာသီသွေးဆင်းခြင်း (Menstruation) လို့ခေါ်ပါတယ်။ (Menses, Menstrual Period, Menstrual Cycle နဲ့ Period လို့လည်း ခေါ်ကြပါတယ်) ရာသီသွေးမှာ သွေးနဲ့အတူ သားအိမ်အတွင်းမှ တစ်သျှူးတွေလည်း ပါဝင်ပါတယ်။ ရာသီသွေးဟာ သားအိမ်ခေါင်း (cervix) ကို ဖြတ်ပြီး မွေးလမ်းကြောင်း (vagina) မှတစ်ဆင့် ခန္ဓာကိုယ်ရဲ့ပြင်ပကို စီးထွက်ပါတယ်။ ရာသီသွေးဆင်းခြင်းကို မျိုးပွားခြင်းနဲ့ဆိုင်တဲ့ဟော်မုန်းတွေက ထိန်းချုပ်လုပ်ဆောင်ပေးပါတယ်။ ဟော်မုန်းဆိုတာကတော့ ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့ ခန္ဓာကိုယ်အတွင်းမှ ဓာတုပစ္စည်းတွေ (chemical messengers) ဖြစ်ပါတယ်။ ဦးနှောက်မှာရှိတဲ့ pituitary gland နဲ့ သားအိမ်မှာရှိတဲ့ သားဥအိမ် (ovaries) - [အစာအိမ်ကင်ဆာ](https://www.telekyanmar.org/stomach-cancer-june-2023/) - "အစာအိမ်ကင်ဆာ" ဟုတ်ပါတယ်... စားထားတဲ့အစာတွေကို သိုလှောင်တဲ့အိတ် (အစာအိမ်မှာ) ကင်ဆာဖြစ်တာပါ။ အစာအိမ်ရဲ့ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ . ❓ အစာအိမ်ကင်ဆာ ဘာလို့ဖြစ်တာလဲ ? ဘယ်လိုလူတွေမှာ အဖြစ်များလဲ ? အစာအိမ်ကင်ဆာ ဘာလို့ဖြစ်လဲ အတိအကျပြောရခက်ပေမယ့် အစာအိမ်နံရံတွေကို ထိခိုက်စေရာကနေပဲ စတာပါ။ - အစာအိမ်ပိုးရှိတာ - စားချဉ့်ပြန်တာ - အကင်တွေ၊ ဆားနယ်ထား/သိပ်ထားတဲ့ အစားအစာတွေ စားတာ - အသီးအရွက်၊ အသီးအနှံ အစားနည်းတာ - ဆေးလိပ်သောက်တာ - မိသားစုမျိုးရိုးရှိတာ - အခြားသော မျိုးရိုးလိုက်တတ်တဲ့ genetic ရောဂါတွေနဲ့ ဆက်စပ်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ .. .. ပုံမှန်အားဖြင့်တော့ အစာအိမ်ကင်ဆာဟာ နောက်ကျမှ သိတာများလို့ အရှင်းပျောက်အောင် - [ကြွက်သေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Leptospirosis](https://www.telekyanmar.org/leptospirosis-june-2023/) - ခုဆိုရင် မိုးဦးကျကာလလည်း ရောက်နေပြီဆိုတော့ ခြင်၊ ယင်၊ ကြွက်တွေ ပိုပေါများလာတဲ့အတွက် အဲဒီလို တိရစ္ဆာန်တွေကနေတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို အထူးသတိထားဖို့ လိုအပ်ပါတယ်။ အခုကတော့ မိုးရာသီမှာ အထူးသတိထားရမယ့် ကြွက်ရဲ့သေးကနေတစ်ဆင့် ကူးစက်တတ်တဲ့ Leptospirosis ဆိုတဲ့ ရောဂါအကြောင်း ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီရောဂါကတော့ လူတွေမှာတင်မကဘဲ တိရစ္ဆာန်တွေမှာပါ ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ Leptospira လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ကူးစက်တဲ့ရောဂါလည်း ဖြစ်ပါတယ်။ ဒီရောဂါကို မကုသဘဲထားမယ်ဆိုရင်တော့ ကျောက်ကပ်နဲ့အသည်း ပျက်စီးတာ၊ ဦးနှောက်အမြှေးပါးရောင်တာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအပြင် နောက်ဆုံး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်တဲ့အတွက် အလွန့်အလွန်ကို အရေးကြီးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ . ???? ရောဂါ ဘယ်လိုကူးလဲ ? ဒီရောဂါဟာ ဘယ်ကနေကူးစက်သလဲဆိုရင် ကြွက်ရဲ့သေးကနေတစ်ဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ကြွက်ရဲ့သေးမှာရှိနေတဲ့ - [အစာမကြေခြင်း Indigestion](https://www.telekyanmar.org/indigestion-june-2023/) - အစာမကြေဘူးဆိုတဲ့ လက္ခဏာရပ်ဟာ ကမ္ဘာပေါ်မှာ လူတိုင်းကြုံဖူးကြမယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ရောဂါကြောင့် မစာမကြေခံစားရတာ ဖြစ်နိုင်သလို တစ်ခါတစ်ရံလည်း ရောဂါကြောင့်မဟုတ်ဘဲ မိမိရဲ့ စားသောက်နေထိုင်မှုမမှန်လို့ အစာမကြေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ လူတိုင်း မလွဲမသွေကြုံတွေ့ရနိုင်တာကြောင့် အစာမကြေခြင်းနဲ့ပတ်သက်ပြီး သိထားဖို့တော့ လိုအပ်ပါတယ်။ အစာမကြေဖြစ်တဲ့ လူတစ်ယောက်မှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ ဗိုက်နာတာ၊ အစာစစားတဲ့အချိန်မှာ ဗိုက်ပြည့်သလို ခံစားတာတွေပဲ ဖြစ်ပါတယ်။ .. .. ???? ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ? • အစားအများကြီး မစားဘဲနဲ့ စောစောစီးစီး ဗိုက်ပြည့်သွားတာ • စားပြီးနောက်ပိုင်းမှာလည်း အချိန်ကာလအကြာကြီး ဗိုက်ပြည့်နေတာ • ဝမ်းဗိုက်အပေါ်ပိုင်းမှာ မသက်မသာ ခံစားရတာ၊ ပူပူလောင်လောင် ခံစားရတာ ဒါမှမဟုတ် ဖောင်းကားတင်းနေတာ • - [လက်သည်းခြေသည်း မှိုစွဲခြင်း Nail Fungus](https://www.telekyanmar.org/nail-fungus-june-2023/) - အခုလို အလှအပရေးရာကို ဦးစားပေးလာကြတဲ့ ခေတ်အခါမှာ ကိုယ့်ရဲ့ခြေသည်းလက်သည်းလေးတွေကလည်း သန့်ရှင်းပြီးလှပနေဖို့ အရေးကြီးတာပေါ့... ဒါကြောင့် မိမိရဲ့ခြေသည်းလက်သည်းလေးတွေ သန့်ရှင်းနေ‌အောင် အမြဲဂရုစိုက်နေဖို့ကလည်း အရေးကြီးပါတယ်။ ဒီနေ့မှာတော့ လူတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ လက်သည်းခြေသည်း မှိုစွဲတာနဲ့ပတ်သက်ပြီး ပြောပြပေးမှာ ဖြစ်ပါတယ်။ လက်သည်းခြေသည်း မှိုစွဲတာက အဖြစ်များတဲ့ ရောဂါပြဿနာတစ်ခု ဖြစ်ပါတယ်။ မှိုစွဲတဲ့အတွက်ကြောင့် ခြေသည်းလက်သည်းတွေဟာ ဝါလာတာ၊ ဒါမှမဟုတ် အဝါနဲ့အညိုရောင်သန်းတဲ့ဘက်ကို အရောင်ပြောင်းလဲလာကြပါတယ်။ မှိုစွဲတာ ကြာလာတဲ့အခါမှာတော့ အဲဒီခြေသည်းလက်သည်းက အရောင်ပြောင်းရာကနေ ထူလာမယ်။ အဆုံးမှာ အနားသားတွေပဲ့ပြီး ကြွေကျသွားတတ်ပါတယ်။ .. .. ????မှိုစွဲတာကြောင့် ဘာလက္ခဏာတွေ တွေ့နိုင်လဲ ? မှိုစွဲနေတဲ့ ခြေသည်းလက်သည်းတွေဟာ... - ထူလာမယ် - အရောင်ပြောင်းလာမယ် - ကြွပ်ဆတ်ပြီး ကြွေကျမယ်၊ အနားသားတွေ မညီမညာဖြစ်နေမယ် - [နားအူခြင်း Tinnitus](https://www.telekyanmar.org/tinnitus-june-2023/) - နားအူတဲ့ပြဿနာဟာ ကျွန်မတို့ရဲ့နေ့စဥ်ဘဝမှာ လူတိုင်း တစ်နည်းမဟုတ်တစ်နည်း ကြုံတွေ့နိုင်တဲ့ပြဿနာ ဖြစ်ပါတယ်။ နားအူတဲ့အခါမှာ မိမိရဲ့နားတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ တဝီဝီမြည်နေတာမျိုး၊ ဒါမှမဟုတ် တခြားဆူညံနေတဲ့အသံတွေကို ကြားနေရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီ ဆူညံသံတွေဟာ အပြင်မှာတကယ်ဆူညံနေလို့ ကြားနေရတာမျိုးမဟုတ်ဘဲ မိမိတစ်ယောက်တည်းကသာ ကြားနေရတာမျိုး ဖြစ်ပါတယ်။ လူအယောက် (၁၀၀) မှာ (၁၅) ယောက်၊ အယောက် (၂၀) လောက်က နားအူတဲ့ပြဿနာကို ပုံမှန်အားဖြင့် ခံစားရလေ့ရှိပါတယ်။ အထူးသဖြင့် နားအူတာက အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ .. .. ????လက္ခဏာတွေက ဘာတွေလဲ ? တဝီဝီမြည်သံတွေ၊ ဆူဆူညံညံ အော်သံတွေ၊ ညည်းသံ၊ တရှူးရှူးမြည်သံ အစရှိသဖြင့် ကြားနေရတတ်ပါတယ်။ ကြားရတဲ့အသံကလည်း တိုးတိုးလေးကြားရတဲ့အခါ ရှိသလို တစ်ခါတလေ ဆူဆူညံညံ ကျယ်ကျယ်လောင်လောင်လည်း - [နှလုံးအမြှေးပါးအတွင်း သွေး/အရည်ဖုံးခြင်း Cardiac Tamponade](https://www.telekyanmar.org/cardiac-tamponade/) - ခန္ဓာကိုယ်အတွင်းမှာ နှလုံးကို pericardium လို့ ခေါ်တဲ့ နှလုံးအမြှေးပါးနဲ့ အိတ်သဖွယ် ဖုံးအုပ်ထားပါတယ်။ Pericardium မှာ အလွှာနှစ်ခုရှိပြီး၊ အလွှာနှစ်လွှာကြားမှာတော့ pericardial fluid လို့ခေါ်တဲ့ အရည်အနည်းငယ် ရှိပါတယ်။ Cardiac tamponade ဆိုတာ pericardium ထဲမှာ သွေး (သို့မဟုတ်) တခြားအရည်တွေ ပုံမှန်ထက်များစွာ ပိုစုပုံလာပြီး နှလုံးကို ဖိအားပေးလာတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလို ဖိအားများလာခြင်းက နှလုံးရဲ့ကျုံ့ခြင်း၊ ဆန့်ခြင်းကို အဟန့်အတားဖြစ်လာပြီး နှလုံးအခန်းတွေမှာ သွေး​ပြည့်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။ နှလုံးအခန်းတွေထဲမှာ သွေးမပြည့်တဲ့အခါ ခန္ဓာကိုယ်အနှံ့ သွေးပို့လွှတ်မှုပမာဏ နည်းသွားပြီး သွေးဖိအား ကျသွားပါတယ်။ ဒီအခါ ခန္ဓာကိုယ်ကို သွေးများများပို့နိုင်ဖို့ နှလုံးခုန်နှုန်း မြန်လာပါတယ်။ တချို့သော ရောဂါတွေ၊ ကင်ဆာနဲ့ - [နှင်းခူ Atopic Eczema](https://www.telekyanmar.org/atopic-eczema-june-2023/) - Atopic dermatitis လို့ခေါ်တဲ့ နှင်းခူကတော့ နီရဲ၊ ‌ရောင်ရမ်းပြီး အရေပြားယားယံတဲ့ ရောဂါဖြစ်ပါတယ်။ Atopy ဆိုတာကတော့ အရေပြားမှာဖြစ်တတ်တဲ့ ဓာတ်မတည့်တဲ့ရောဂါကို ဆိုလိုတာဖြစ်ပြီးတော့ ဒီရောဂါမှာဆိုရင် ပန်းနာရင်ကြပ်၊ အရေပြားနဲ့ဓာတ်မတည့်တဲ့ရောဂါတွေ ပါဝင်ပါတယ်။ နှင်းခူက အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီးတော့ လူဦးရေရဲ့ (၅) ရာခိုင်နှုန်းလောက်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကူးစက်တတ်တဲ့ ရောဂါတော့ မဟုတ်ပါဘူး။ .. .. ???? လက္ခဏာတွေက ဘာတွေလဲ ? သိပ်မပြင်းထန်ရင်တော့ အရေပြားက နီရဲနေမယ်။ ယားယံမယ်။ ဒီလို လက္ခဏာတွေက မျက်နှာနဲ့ ဦးရေပြားမှာ စပေါ်လာပြီး ပြင်းထန်ခဲ့မယ်ဆိုရင်တော့ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကို ပျံ့သွားတတ်ပါတယ်။ ဒါတွေအပြင် ရေကြည်ဖုတွေ ဖြစ်လာမယ်။ တော်တော်လေး ယားယံလာပြီးတော့ အဲ့ဒီအဖုတွေက အက်ကွဲလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေကြောင့် - [ဆီးမထိန်းနိုင်ခြင်း Urinary Incontinence](https://www.telekyanmar.org/urinary-incontinence-june-2023/) - ဆီးမထိန်းနိုင်တဲ့ ပြဿနာဟာ ကျား/မ မရွေး ဖြစ်နိုင်တဲ့ရောဂါလက္ခဏာတစ်ခုဖြစ်တဲ့အပြင် ကာယကံရှင်ကိုယ်တိုင်ကလည်း ရှက်ရွံ့စရာလို့ ခံစားရတတ်ပါတယ်။ ဘယ်လောက်ထိ ဆီးမထိန်းနိုင်သလဲဆိုတာကတော့ ခံစားရသူအလိုက် ကွာခြားတတ်ပါတယ်။ တချို့သူတွေမှာတော့ ချောင်းဆိုး၊ နှာချေလိုက်တဲ့ အချိန်တွေမှာ ဆီးအနည်းငယ် ထွက်သွားတာရှိသလို တစ်ချို့သူတွေမှာတော့ ရေအိမ်ထိသွားဖို့တောင် မမီလိုက်တဲ့အထိကို ဆီးအများကြီး ထွက်ကျတာမျိုးလည်း ရှိပါတယ်။ အသက်ကြီးလာတဲ့အခါမှာ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို တော်တော်များများ မလွဲမသွေ ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ်ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့လောက်အောင်အထိ ဆီးမထိန်းနိုင်ဘူးဆိုရင်တော့ မပေါ့ဆပါနဲ့… ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ဖို့ လိုအပ်ပါတယ်။ .. .. ???? ဆီးမထိန်းနိုင်တာကို အမျိုးအစားအများကြီး ခွဲလို့ရပါတယ်။ Stress incontinence - ဒီအမျိုးအစားကတော့ ခန္ဓာကိုယ်တွင်း ဖိအားများလာတဲ့ အချိန်မျိုးတွေမှာ ဆီးထွက်ကျတာကို ပြောတာ ဖြစ်ပါတယ်။ - [မျက်ခွံရောင်ခြင်း Blepharitis](https://www.telekyanmar.org/blepharitis-june-2023/) - Blepharitis ဆိုတာ နာတာရှည် မျက်ခွံရောင်ရမ်းစေတဲ့ မျက်စိရောဂါတစ်မျိုးပါ။ မျက်တောင်၊ မျက်စိအဖြူသား၊ မျက်ခွံနဲ့ မျက်စိကိုချောမွေ့စေတဲ့ အဆီထုတ်လုပ်ပေးတဲ့ Meibomian glands လို့ဆိုတဲ့ အကျိတ်လေးတွေအပါအဝင် မျက်ခွံတစ်ဝိုက် ရောင်ရမ်းနာကျင်စေတာပါ။ . ????️ နာတာရှည် မျက်ခွံရောင်တဲ့အခါ... ????မျက်ခွံတစ်ဝိုက်မှာ နာတာရှည် ကြည့်ရဆိုးတဲ့ ကြမ်းရှရှ အဖြူအဖတ်ဖတ် ချပ်ပြားတွေဖြစ်ပေါ်လာပါမယ်။ မျက်ခွံတစ်ဝိုက်၊ မျက်စိတစ်ဝိုက် နာကျင်ခံခက်ဖြစ်စေပါတယ်။ ပိုဆိုးလာရင် ကွာကျတာ၊ သွေးထွက်သွေးယိုတာတွေ ဖြစ်စေတတ်တယ်။ ဒါ့အပြင်.. ????မျက်ခွံတစ်ဝိုက် အဆီတွေ ကပ်ခဲနေတတ်မယ်။ ????မျက်တောင်ကျွတ်မယ်။ ????မျက်စိထဲ ခိုးလို့ခုလု ဖြစ်နေစေတတ်တယ်။ ????မျက်သားခြောက်မယ်။ ????အလင်းစူးတာတွေ ကြည့်ရခက်စေတယ်။ ????မျက်ခွံတွေ၊ မျက်စိအဖြူသားတွေ ရောင်ရမ်းမှုဖြစ်စေပါတယ်။ .. .. ????️ နာတာရှည် မျက်ခွံရောင်ရမ်းခြင်းဟာ အခြားသော အရေပြားရောဂါတွေ၊ Autoimmune - [လိင်တံထိပ်ဖျားမှာဖြစ်တဲ့ (Paraphimosis) ရောဂါ](https://www.telekyanmar.org/paraphimosis-june-2023/) - Paraphimosis ဆိုတာ ဆေးပညာဆိုင်ရာ အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပါတယ်။ လိင်တံထိပ်အရေပြား (foreskin) တစ်စိတ်တစ်ပိုင်း ဖြတ်ထားသူ (ဒါမှမဟုတ်) လုံးဝမဖြတ်ထားသူတွေမှာ ဖြစ်တတ်ပါတယ်။ အရေပြားဟာ လိင်တံထိပ်ပိုင်း (glans) ရဲ့နောက်မှာ ကပ်ကျန်ရစ်ပြီး လိင်တံထိပ်ကို ဖုံးအုပ်နိုင်ခြင်း မရှိတော့တဲ့အတွက် Paraphimosis ဖြစ်လာပါတယ်။ Paraphimosis အပြင်းအထန်ဖြစ်ရင် လိင်တံထိပ်မှာ သွေးလည်ပတ်မှု ပြတ်တောက်ပြီး တစ်သျှူးပျက်စီးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ . ????Paraphimosis အဖြစ်များလား? အသက် (၄) လနဲ့ (၁၂) နှစ် အရွယ်ကြား လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းမရှိတဲ့ ကလေးအယောက် (၁၀၀၀) မှာ (၂) ယောက်နှုန်းနဲ့ တွေ့ရတတ်ပါတယ်။ ​(၁၆) နှစ် အထက်တွေမှာတော့ အယောက် (၁၀၀) မှာ (၁) ယောက် - [မိမိကိုယ်မိမိ ဝ နေသည်ဟုသာ ထင်မြင်၍ အစားလျှော့ပြီးရင်း လျှော့ခြင်း Anorexia Nervosa](https://www.telekyanmar.org/anorexia-nervosa-june-2023/) - Anorexia Nervosa ဆိုတာ ဘာလဲ ? လူတော်တော်များများက ကိုယ်အလေးချိန်တက်လာမှာကို စိုးရိမ်ကြပါတယ်။ ဒါပေမယ့် တချို့လူတွေမှာတော့ စိုးရိမ်ပူပန်မှုဟာ စွဲလမ်းမှုတစ်ခုဖြစ်လာပြီး anorexia nervosa လို့ခေါ်တဲ့ ကိုယ်အလေးချိန်တက်မှာကိုကြောက်တဲ့ စိတ်ရောဂါအခြေအနေတစ်ခုဖြစ်လာပါတယ်။ Anorexia nervosa ဆိုတာ အလွန်အမင်းကိုယ်အလေးချိန်ကျခြင်းကို ဖြစ်စေနိုင်တဲ့ အစာမစားတဲ့စိတ်ရောဂါအခြေအနေတစ်ခုဖြစ်ပါတယ်။ Anorexia ရှိသူဟာ ကိုယ်စားသုံးတဲ့ ကယ်လိုရီပမာဏနဲ့ ကိုယ်အလေးချိန်ကို စိတ်ထဲအရမ်းစွဲထားတတ်ပြီး ကယ်လိုရီအလွန်နည်းတဲ့ အစားအသောက်ကိုသာ ရွေးချယ်စားလေ့ရှိကြပါတယ်။ ကိုယ်အလေးချိန်ကျတဲ့အခါ သူတို့ဟာ သူတို့ကိုယ်သူတို့ ပိုကြည့်ကောင်းလာတယ်လို့ ခံစားတတ်ကြတာမို့ ဝိတ်ကျစေမယ့် လေ့ကျင့်ခန်းတွေကိုလည်း အတိုင်းထက်အလွန် လုပ်တတ်ကြပါတယ်။ .. .. ???? ဘယ်သူတွေမှာဖြစ်လေ့ရှိလဲ ? Anorexia ဟာ ဆယ်ကျော်သက်အမျိုးသမီးတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး သက်ကြီးရွယ်အိုနဲ့ သက်လတ်ပိုင်း အမျိုးသမီး၊ အမျိုးသားတွေမှာလည်း တွေ့ရှိရတတ်ပါတယ်။ - [သည်းခြေအိတ် ကင်ဆာ Carcinoma Gallbladder](https://www.telekyanmar.org/carcinoma-gallbladder-june2023/) - သည်းခြေအိတ်ကင်ဆာဆိုတာ မပြောခင် သည်းခြေအိတ်အကြောင်းလေး အနည်းငယ် ပြောပြချင်ပါတယ်... ???? သည်းခြေအိတ်ဆိုတာ အသည်းကထုတ်ပေးတဲ့ အစာခြေပေးတဲ့သည်းခြေရည်ကို (အစာစားချိန်မှ အူလမ်းကြောင်းထဲ ထုတ်ပေးနိုင်ဖို့) ကြားကာလမှာ ယာယီအားဖြင့် သိုလှောင်ပေးတဲ့ အိတ်ငယ်လေးပါ။ ချက်အပေါ် ဗိုက်ရဲ့ညာဘက် အသည်းအောက်ခြေနားမှာ ကပ်တွယ်နေတာပါ။ . ???? သည်းခြေအိတ်ရဲ့ ရောဂါ/ပြဿနာတွေကတော့... - ကျောက်မရှိဘဲ သည်းခြေအိတ်ရောင်ခြင်း - သည်းခြေကျောက်တည်ခြင်း - သည်းခြေ‌ကျောက်ကြောင့် သည်းခြေအိတ်ရောင်ခြင်း - သည်း‌ခြေအိတ် ပြည်တည်ခြင်း - သည်း‌ခြေအိတ် ပြည်တည်နာပေါက်ခြင်း - သည်း‌ခြေအိတ် ခဏခဏရောင်ခြင်းနဲ့ - သည်းခြေအိတ် ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ နောက်ဆုံးမှ ရေးထားသလိုပဲ သည်းခြေအိတ်ကင်ဆာဟာ အဖြစ်လည်း နည်းပါတယ်။ စောစောသိရင် ခွဲစိတ်ပြီး ပျောက်ကင်းအောင် ကုသနိုင်ခြေအခွင့်အလမ်းကောင်း ရှိပါတယ်။ - [လိင်တံထိပ်အရေပြားကို နောက်ပြန်ဆွဲမရခြင်း Phimosis](https://www.telekyanmar.org/phimosis-june-2023/) - Phimosis ဆိုတာ လိင်တံထိပ်အရေပြား (foreskin) ဖြတ်တောက်ထားခြင်းမရှိတဲ့ လူတွေမှာတွေ့ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ Phimosis ဖြစ်ရင် လင်တံထိပ်အရေပြား (foreskin) ကို ဆွဲသိမ်းလို့ မရတော့ပါဘူး။ လိင်တံထိပ်မှာ အရေပြားကွင်းပုံစံ ဖြစ်နေတတ်ပါတယ်။ Phimosis က အမြဲတမ်းတော့ ရောဂါလက္ခဏာ ပြဿနာတွေ မဖြစ်ပါဘူး။ Phimosis ဆိုးဆိုးဝါးဝါးဖြစ်ပြီး လိင်တံအရေပြားထိပ်မှာ အပ်ပေါက် (pinhole) အရွယ်မျှသာပွင့်ပြီး ရောဂါလက္ခဏာတွေ ခံစားရတဲ့အခါမှသာ ပြဿနာဖြစ်လေ့ရှိတာပါ။ .. .. Phimosis (၂) မျိုးရှိပါတယ်။ ငယ်ရွယ်စဉ်မှာဖြစ်လေ့ရှိတဲ့ (physiologic) နဲ့ ရောဂါကြောင့်ဖြစ်တဲ့ (pathologic) ဆိုပြီး ရှိပါတယ်။ Physiologic က ကလေးဘဝမှာ phimosis ဖြစ်ပြီး အသက်ကြီးလာတာနဲ့အမျှ သူ့အလိုလို ပြန်ကောင်းသွားပါတယ်။ Pathologic ကတော့ - [မျက်နှာပေါ်က အမည်းစက်အကြောင်း](https://www.telekyanmar.org/မျက်နှာပေါ်က-အမည်းစက်အက/) - 1️⃣ မျက်နှာပေါ်က အမည်းစက်က ဘာလဲ ❓ အမည်းစက်ဆိုတာ နေရောင်ခြည်နဲ့ အသားအရေ အထိများတဲ့အချိန်မှာ... မျက်နှာပေါ် ခပ်သေးသေး အမည်းရောင်အစက်လေးတွေ ပေါ်လာတတ်တာပါ။ အထူးသဖြင့် ပူပြင်းတဲ့နွေရာသီမှာ အဖြစ်များတတ်ပါတယ်။ အမည်းစက်က လူအများစုမှာ ဖြစ်လေ့ရှိပါတယ်။ .. .. 2️⃣ အမည်းစက် ဘယ်လိုပေါ်လာတာလဲ ❓ ခန္ဓာကိုယ်ရဲ့ အရေပြားမှာရှိတဲ့ melanin ဆိုတာ အမည်းရောင်ဖြစ်ပေါ်စေတဲ့ pigment တစ်မျိုးပါ။ နေရောင်ခြည်က melanocytes ဆိုတဲ့ ဆဲလ်လေးတွေကိုထိတဲ့အခါ melanin တွေထွက်လာပြီး အမည်းစက်တွေ ဖြစ်စေတတ်ပါတယ်။ Melanin က အသားအရောင်ရင့်စေတယ်ဆိုပေမယ့် နေရောင်ခြည်နဲ့ UV rays တွေကိုကာကွယ်ပေးနိုင်ပါတယ်။ တစ်ခါတစ်ရံ မျိုးရိုးဗီဇကြောင့်ရယ်၊ ရှားပါးရောဂါ Xeroderma pigmentosum ဆိုတဲ့ နေရောင်ခြည်မခံနိုင်တဲ့ရောဂါသည်တွေမှာလည်း အမည်းစက်တွေ - [အရောင်ခွဲခြားမြင်နိုင်စွမ်းမဲ့ရောဂါ Color Blindness](https://www.telekyanmar.org/color-blindness-june-2023/) - လူအများ ကြားဖူးနားဝရှိကြတဲ့ Color Blindness ဆိုတာ ဘယ်လိုမျက်စိရောဂါမျိုးလဲ ဒီကနေ့မှာ တင်ဆက်ပေးလိုက်ပါတယ်။ ????️ Color Blindness ဆိုတာ အရောင်တွေကို ခွဲခြားဖို့ခက်ခဲတဲ့ မျက်စိရောဂါတစ်ခုပါ။ ဒါဟာ မျိုးရိုးလိုက်တတ်ပြီး၊ အရောင်တွေကို ခွဲခြားဖို့ခက်ခဲလို့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ကြီးကြီးမားမား ထိခိုက်စေတာတော့ မရှိပါဘူးတဲ့။ ????️ အရောင်တွေကို ခွဲဖို့ခက်တယ်ဆိုရာမှာ ????အနီရောင်နဲ့ အစိမ်းရောင် မကွဲတဲ့ Red-Green Color Blindness ????အပြာရောင်နဲ့ အဝါရောင် မကွဲတဲ့ Blue-Yellow Color Blindness ????အရောင်တွေကို မြင်နိုင်စွမ်းမရှိဘဲ အဖြူ၊ အမည်းသာ မြင်ရတဲ့ အလွန်ရှားပါးတဲ့ Total Color Blindness ဆိုပြီး အမျိုးအစားတွေ အများအပြား ရှိပါသေးတယ်။ … … ????️ Color - [ခရုဖျား Schistosomiasis](https://www.telekyanmar.org/schistosomiasis-may-2023/) - "ထူးခြားတဲ့...ခရုဖျား (Schistosomiasis)" ဒီနေ့မှာတော့ မိုးရာသီကာလအတွင်း ကူးစက်ပျံ့ပွားမှုများတတ်တဲ့ ခရုဖျားဆိုတဲ့ Schistosomiasis ရောဂါအကြောင်းလေးကို ဗဟုသုတအနေနဲ့ ပြောပြပေးသွားမှာပါ... ဦးစွာအနေနဲ့....ခရုလေးတွေဟာ (ကျန်းမာရေးအရ) မိကျောင်းတို့၊ ငါးမန်းတို့ထက်ကို ကြောက်စရာကောင်းတယ်ဆိုတာရော သိကြပါရဲ့လား ??? ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်မှာ တစ်နှစ်ကို ငါးမန်းကိုက်ခံရလို့ သေဆုံးသူ ၆ ယောက်ခန့်ပဲ ရှိပြီး၊ မိကျောင်းကိုက်လို့ သေဆုံးသူဟာ ၄၅၀၀ ခန့်ပဲ ရှိပါတယ်။ ဒါပေမယ့် ခရုလေးတွေကြောင့် ရောဂါဖြစ်ပြီးသေဆုံးသူတွေကတော့ တစ်နှစ်ကို လူနာ ၂ သောင်းကျော်ခန့် ရှိနေပါသတဲ့... ဒါဟာ တစ်နည်းအားဖြင့် ခရု (ရေချို ခရုမျိုးစိတ်) တွေဟာ Schistosoma မျိုးစိတ်လို့ခေါ်တဲ့ သန်ပြားကောင်ကို သယ်‌ဆောင်လာပြီး၊ လူတွေဆီကို ရောဂါပိုးကူးလာလို့ Schistosomiasis ရောဂါဖြစ်ပြီး အန္တရာယ်များတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ - [အရိုးပျော့နာ Rickets](https://www.telekyanmar.org/rickets-may-2023/) - ကလေးတွေအတွက် မွေးကင်းစ ငယ်စဥ်ဘဝကနေစလို့ လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် အစရှိတဲ့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ဒါမှသာလျှင် ကိုယ်ခံအားတည်ဆောက်နေတဲ့ ကလေးငယ်လေးတွေမှာ ရောဂါပိုးကူးစက်တာ၊ အာဟာရချို့တဲ့တာတွေကို ကာကွယ်နိုင်မှာဖြစ်တဲ့အပြင် အရေးကြီးဆုံးဖြစ်တဲ့ ခန္ဓာကိုယ် အသက်အရွယ်နဲ့အလိုက် ကြီးထွားဖွံ့ ဖြိုးဖို့ရယ်နဲ့ ဉာဏ်ရည်တိုးတက်ဖွံ့ဖြိုးဖို့အတွက်ပါ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ အာဟာရဓာတ်တွေ မလုံလောက်ခဲ့ရင်တော့ ငယ်စဥ်ကတည်းက ရောဂါတွေ ဝင်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ ကလေးတွေမှာ ဗီတာမင် D ချို့တဲ့တာကြောင့်ဖြစ်တဲ့ အရိုးပျော့နာလို့ခေါ်လေ့ရှိကြတဲ့ rickets ရောဂါအကြောင်းကို ပြောပြပေးသွားမှာပါ။ Rickets ဆိုတာကတော့ သူ့ရဲ့နာမည်အတိုင်း အရိုးတွေပျော့ပြီး အားနည်းတဲ့ရောဂါကို ဆိုလိုတာဖြစ်ပါတယ်။ ဗီတာမင် D ချို့တဲ့တာကြောင့်အပြင် တခြားရှားပါးတဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ ရောဂါအများစုမှာလည်း အရိုးပျော့နာ ဖြစ်တတ်ပါတယ်။ ဗီတာမင် D - [ကိုယ်၀န်သည်တို့ ပျို့အန်ခြင်း Hyperemesis Gravidarum](https://www.telekyanmar.org/hyperemesis-gravidarum-may-2023/) - ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့အနေနဲ့ အထိုင်အထခက်တာ၊ ခါးနာကျောနာတာ၊ စိတ်အတက်အကျဖြစ်တာ စတဲ့အပြောင်းအလဲတွေနဲ့အတူ ဖြစ်လေ့ရှိတာကတော့ ပျို့ခြင်း၊ အန်ခြင်းပါပဲ။ ကိုယ်ဝန်ဆောင်ချိန် ပျို့အန်တာဟာ ပုံမှန်ဖြစ်ပြီး အထူးအဆန်းမဟုတ်ပေမယ့် ဆေးပညာအခေါ်အရ Hyperemesis Gravidarum လို့ခေါ်တဲ့ နေ့စဥ်ဆက်တိုက် အလွန်အမင်း ပျို့အန်နေပြီဆိုရင်တော့ ဂရုစိုက်ဖို့လိုလာပါပြီနော်။ .. .. ???? ကိုယ်ဝန်ဆောင်တွေ အလွန်အမင်း ပျို့အန်ရတာဟာ.. (၁) ကိုယ်ဝန်ဆောင်ချိန်မှာ အများအပြား ထုတ်လေ့ရှိတဲ့ HCG ဟော်မုန်း၊ မ ဟော်မုန်း (Oestrogen) စတဲ့ ဟော်မုန်းတွေကြောင့် (၂) အမွှာကိုယ်ဝန်လွယ်ရတဲ့အခါ (၃) စပျစ်သီးသန္ဓေလို့ခေါ်တဲ့ အမျိုးသမီးရောဂါတွေကြောင့် ကိုယ်ဝန်ဆောင်ချိန် အလွန်အမင်း ပျို့အန်ခြင်းကို ဖြစ်စေပါတယ်။ .. .. ???? ဘယ်လို မိခင်လောင်းတွေမှာ ပိုအဖြစ်များလဲ.. ????သားဦးကိုယ်ဝန် ????သက်ကြီးကိုယ်ဝန် - [ဗီတာမင်အေ အဆိပ်သင့်ခြင်း Hypervitaminosis A](https://www.telekyanmar.org/hypervitaminosis-a-may-2023/) - ဗီတာမင်အေ (Vitamin A) ဟာ အမြင်အာရုံကောင်းမွန်စေရုံသာမက ကိုယ်ခံအားစနစ်၊ မျိုးပွားမှု၊ ကြီးထွားဖွံ့ဖြိုးမှုတွေနဲ့ သားအိမ်အတွင်းရှိ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုကို ကူညီပေးတာတွေအပါအဝင် ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်များစွာအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်အေက သင့်နှလုံး၊ အဆုတ်နဲ့ အခြားကိုယ်အင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်ဖို့အတွက်လည်း ကူညီပေးပါတယ်။ ဒါပေမယ့် "တန်ဆေး လွန်ဘေး" ဆိုတဲ့ စကားအတိုင်း ဗီတာမင်အေကို အလွန်အကျွံ စားသုံးမိရင်တော့ ဆေးမဖြစ်ဘဲ ဘေးအန္တရာယ် ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် မေမေတွေက သားသမီးကလေးငယ်တွေကို "မျက်လုံးအားကောင်းတယ်၊ ကိုယ်ခံအားကောင်းတယ်" ဆိုပြီး ဗီတာမင်အေကြွယ်ဝတဲ့ ဖြည့်စွက်စာ၊ ဆေးဝါး၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို လိုအပ်တာထက် ပိုကျွေးမိတယ်ဆိုရင် ဗီတာမင်အေ အဆိပ်သင့်ခြင်း Hypervitaminosis A (Vitamin A toxicity) ဖြစ်နိုင်ပါတယ်။ .. - [နားငြီးမခံနိုင်တဲ့ရောဂါ Misophonia](https://www.telekyanmar.org/misophonia-may-2023/) - Misophonia ဆိုတာက အသံတစ်ခုကို ကြားလိုက်ရချိန်မှာ စိတ်ခံစားချက်အရဖြစ်စေ၊ ခန္ဓာကိုယ်က အလိုအလျောက်ဖြစ်စေ မခံမရပ်နိုင်အောင် တုံ့ပြန်လိုက်မိခြင်းပဲ ဖြစ်ပါတယ်။ ဒီရောဂါကို တစ်ခါတစ်ရံ Selective Sound Syndrome လို့လည်း ခေါ်ပါသေးတယ်။ Misophonia ကို ခံစားနေရသူတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ ခံတွင်းကထွက်တဲ့အသံတွေဖြစ်တဲ့ အခြားသူ အစားစားနေတဲ့အသံ၊ အသက်ရှူသံ၊ တဂျွတ်ဂျွတ်မြည်အောင်ဝါးနေသံတွေကို မခံနိုင်ကြပါဘူး။ အချို့ကကျ ကွန်ပြူတာပေါ်လက်ကွက်ရိုက်သံ၊ လက်ညှိုးတတောက်တောက်ခေါက်သံတွေလို ထပ်ခါထပ်ခါထွက်ပေါ်နေတဲ့ အသံတွေကို အတော်လေးမခံမရပ်နိုင် ဖြစ်တတ်ကြပါတယ်။ ကျွမ်းကျင်သူတွေရဲ့ လေ့လာတွေ့ရှိချက်အရ Misophonia ကို ခံစားနေရသူတွေရဲ့ဦးနှောက်ဟာ အသံတွေကိုခွဲခြမ်းစိတ်ဖြာရာမှာ ပြဿနာတစ်ခုခုရှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဦးနှောက်တစ်ခုလုံးကို MRI Scan ရိုက်ကြည့်တဲ့အခါ အများစုမှာ Myelin လို့ခေါ်တဲ့ အရာလေးတွေ များနေတာကိုတော့ တွေ့ရပါတယ်။ (Myelin ဆိုတာ - [မိတ်ပေါက်ခြင်း Heat Rash](https://www.telekyanmar.org/heat-rash-march-2023/) - အခုလို အပူချိန်လွန်ကဲတဲ့ နွေရာသီမှာ ကလေးကအစ သက်ကြီးရွယ်အိုတွေအထိ အပူချိန်နဲ့ပတ်သက်တဲ့ ကျန်းမားရေးပြဿနာတွေကို ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ လျှပ်စစ်မီးတွေက မမှန်ရတဲ့ကြားထဲ ကျန်းမာရေးပြဿနာတွေကပါ ဆင့်ကဲပိုမိုခံစားရတဲ့အချိန် မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ကြဖို့ အထူးလိုအပ်ပါတယ်။ အပူချိန်လွန်ကဲတာကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲကမှ နွေရာသီနဲ့ ဘယ်လိုမှ ခွဲခြားလို့မရတဲ့ မိတ်ရောဂါအကြောင်းကို ပြောပြသွားပါမယ်။ နွေရာသီနဲ့ မိတ်ပေါက်တာ၊ မိတ်ပေါက်တာနဲ့ နွေရာသီဆိုတာ မြန်မာလူမျိုးတွေအတွက်တော့ ဘယ်လိုမှ ခွဲလို့မရတဲ့ မကြုံချင်ရဆုံး ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ကလေးငယ်လေးတွေမှာ အများဆုံးပေါက်တတ်ကြပေမယ့် လူကြီးတွေမှာလည်း ဖြစ်တတ်တာကို သတိထားရပါမယ်။ .. .. ◼️ဘာကြောင့် မိတ်ပေါက်ရသလဲဆိုရင်… အပူချိန်လွန်ကဲတဲ့အတွက် အရေပြားထဲမှာ ချွေးတွေသွားစုနေ၊ ပိတ်နေရာကနေ မိတ်ဖုတွေအဖြစ် ထွက်လာရတာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ သေးငယ်တဲ့ ‌ရည်ကြည်ဖုလေးတွေကနေ ရောင်ရမ်းနေတဲ့အဖုကြီးတွေအဖြစ် - [တီဘီရောဂါအကြောင်း အခြေခံ သိရှိထားသင့်သည့် အချက်များ](https://www.telekyanmar.org/တီဘီရောဂါအကြောင်း-အခြေခ/) - တီဘီရောဂါသည် မျက်စိဖြင့်မမြင်နိုင်သော မိုင်ကိုဘက်တီရီးယား (???????????????????????????????????????????????????? ????????????????????????????????????????????????) ဟုခေါ်သော ဘက်တီရီးယားပိုး ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ တီဘီရောဂါသည် ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် ဆင်းရဲ၍ လူနေစီးပွားနိမ့်ကျသော နေရာများတွင် ဖြစ်ပွားမှု ပိုမိုများပြားသည်။ အဆုတ်တွင် အများဆုံးဖြစ်ပွားပြီး ခန္ဓာကိုယ်၏ တခြားအင်္ဂါအစိတ်အပိုင်းများ (ပြန်ရည်ကျိတ်၊ အူ၊ ဦးနှောက်အမြှေးပါး၊ ကျောရိုး၊ အရေပြား စသည်) တွင်ဖြစ်ပွားတတ်သည်။ .. .. ????"ရောဂါဖြစ်နိုင်ခြေ များသူများ" အထူးသဖြင် အောက်ပါပုဂ္ဂိုလ်များတွင့် တီဘီရောဂါ ဖြစ်နိုင်ခြေများသည်။ - ပိုးတွေ့ တီဘီရောဂါရှိသူနှင့် အနီးကပ်နေထိုင်သူ - HIV ပိုးရှိသူ - ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှု ခံယူထားသူ - ဆီးချိုရောဂါရှိသူ - ကိုယ်ခံအားစနစ်ထိခိုက်စေသည့် ဆေးဝါးများ သောက်သုံးနေရသူများ - [TB- tuberculosis (တီဘီရောဂါ)ကို မေ့နေကြပြီလားနှင့် ဆေးယဉ်ပါးတီဘီ](https://www.telekyanmar.org/tb-tuberculosis-mdr-tb-october-2022/) - ????တီဘီရောဂါပိုးဟာ တစ်ခေတ်တစ်ခါက ကြောက်မက်ဖွယ်ကောင်းတဲ့ရောဂါဆိုးတစ်ခုလို နာမည်ဆိုးခဲ့ပြီး နောက်ပိုင်းမှာတော့ ကုသမှု guidelinesတွေ စနစ်တကျပေါ်လာတယ်၊ ထိထိရောက်ရောက် DOTS programတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လာနိုင်လို့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ခုထိတော့ မရှားသေးသလို ယခုအခါမှာ လူတွေက တဖန်ပြန်ပေါ့ဆသလိုဖြစ်လာတာမို့ ဆေးယဉ်ပါးတီဘီတွေ ပိုများလာလို့ အိမ်စာလေး ပြန်နွှေးလိုက်ရပါတယ်။ ????တီဘီရောဂါပိုးဟာ အားလုံးသိကြသလို အဆုတ်မှာအဓိကထား ဖြစ်တယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာလည်း တွေ့ရတတ်ပါတယ်။ (ဥပမာ-အရိုးတီဘီ၊ တီဘီ ဦးနှောက်အမြှေးပါးရောင်၊ အူတီဘီ၊ တီဘီကျောက်ကပ်၊ တီဘီအကျိတ်၊တီဘီ ဂရင်ဂျီနာ စသည်ဖြင့်ပါ။) တီဘီရောဂါရှိတိုင်း နေမကောင်းမဖြစ်ပါဘူး။ ဒါကြောင့် တီဘီရောဂါပိုးကို (၁) ပုန်းတီဘီ (အငုပ်/ပုန်းလျှိုးနေသောတီဘီ) နဲ့ (၂) တီဘီရောဂါဆိုပြီး အကြမ်းဆိုလို့ရပါတယ်။ တီဘီရောဂါက ဖြစ်လာခဲ့ရင် ကြောက်စရာမလိုပေမယ့် သေချာမကုရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ - [အမျိုးသား သားကြောဖြတ်ခြင်း Vasectomy](https://www.telekyanmar.org/vasectomy-march-2023/) - Vasectomy ဟာ အမျိုးသားတွေမှာ လုပ်လေ့ရှိတဲ့ သားကြောဖြတ်ခြင်း နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ Vasectomy မှာ vas deferens လို့ ခေါ်တဲ့ သုက်ပို့ပြွန် ၂ ခုကို ဖြတ်ပြီး ချည်လိုက်ရပါတယ်။ ဒီလို ဖြတ်လိုက်ခြင်းဟာ ဝှေးစေ့တွေကနေ လိင်တံဆီ သုက်ကောင်တွေ စီးဆင်းမှုကို တားဆီးလိုက်ခြင်း ဖြစ်ပြီး သုက်လွှတ်တဲ့အခါမှာ သုက်ရည်ထဲ သုတ်ကောင်တွေ မပါတော့ပါဘူး။ .. .. ????Vasectomy ကို ဘယ်လို လုပ်ကြလဲ ? ဒီခွဲစိတ်မှုဟာ ရိုးရှင်းပါတယ်။ ထုံဆေး (သို့) မေ့ဆေး သုံးနိုင်ပြီး ခွဲစိတ်ချိန် မိနစ် ၃၀ ခန့်သာ ကြာတတ်ပါတယ်။ Vasectomy လုပ်တဲ့အခါ … ကပ်ပယ်အိတ်ရဲ့ တစ်ဖက်တချက်ဆီမှာ အသေးစား ခွဲစိတ်မှု - [ရင်ခေါင်းအတွင်းသို့ အစာအိမ်အပေါ်ပိုင်း အနည်းငယ်ကျွံခြင်း Hiatus Hernia](https://www.telekyanmar.org/hiatus-hernia-february-2023/) - Hiatus hernia ဆိုတာ အစာရေမျိုပြွန်နဲ့ တစ်စပ်တည်းဖြစ်နေတဲ့ အစာအိမ်ရဲ့အထက်ပိုင်းဟာ ရင်ဝမ်းခြားကြွက်သားမှာရှိတဲ့ hiatus လို့ခေါ်တဲ့ အပေါက်ကနေတစ်ဆင့် ရင်ဘတ်ပိုင်းကို ကျွံထွက်သွားတာ ဖြစ်ပါတယ်။ Hiatus hernia ဟာ အဖြစ်များပြီး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်မှာ ဖြစ်နိုင်ပါတယ်။ .. .. ????ရောဂါလက္ခဏာတွေ လူအများစုမှာ hiatus hernia ကြောင့် ပြဿနာမဖြစ်တတ်ပေမယ့် အစာအိမ်အတွင်းက အက်စစ်ဓာတ်ပါတဲ့အရည်တွေ အပေါ်ကိုပြန်ထွက်တဲ့အခါ (တစ်နည်းခေါ်ရရင်) စားချဉ့်ပြန်တဲ့အခါမှာ ရင်ပူတတ်ပါတယ်။ ရင်ထဲမှာ ပူလောင်နာကျင်ပြီး တစ်ခါတစ်ရံမှာ လည်ချောင်းအထိ ခံစားရတတ်ပါတယ်။ လှဲချတဲ့အခါ (ဒါမှမဟုတ်) ခါးကုန်းတဲ့အခါ ပျို့ပြီး အက်စစ်ပါတဲ့အရည်တွေဟာ ပါးစပ်ထဲထိ ရောက်လာတတ်ပါတယ်။ အထူးသဖြင့် ညအိပ်တဲ့အခါ အနှောင့်အယှက် ဖြစ်စေပြီး ပြန်နိုးစေပါတယ်။ . တခြားရောဂါလက္ခဏာတွေ အနေနဲ့ - [ဆေးရုံ/ဆေးခန်း ကြောက်တဲ့ရောဂါ Nosocomephobia](https://www.telekyanmar.org/nosocomephobia-march-2024/) - ဆေးရုံ/ဆေးခန်းသွားရတာကို မနှစ်သက်နိုင် ဖြစ်ရတာ၊ စိတ်မသက်မသာ ဖြစ်ရတာဟာ ပုံမှန်စိတ်ခံစားချက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆေးရုံ/ဆေးခန်းကို ကြောက်လွန်းလို့ မိမိရဲ့ဆေးကုသမှုလိုအပ်ချက်အတွက်တောင် မသွားရဲတာမျိုး၊ နာမကျန်းဖြစ်နေတဲ့ ချစ်ရသူတွေဆီ လူနာသတင်း‌လေး သွားမေးဖို့တောင် ဝန်လေးနေတာမျိုးဆိုရင်တော့ သင့်မှာ ဆေးရုံ/ဆေးခန်းကြောက်တဲ့ စိတ်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ... ... ???? ရောဂါရဲ့ သဘောသဘာဝ - ဆေးရုံ/ဆေးခန်းတွေကို ရှောင်မယ်။ - ဆေးရုံ/ဆေးခန်း‌တွေရဲ့ အကြောင်းကို တွေးမိတာ၊ စိတ်ကူးမိတာနဲ့တင် ကြောက်ရွံ့စိတ် ဖြစ်ပေါ်လာတတ်တယ်။ - ဆေးရုံ/ဆေးခန်းသွားရဖို့ အကြောင်းဖန်လာမှာကိုလည်း ကြိုတွေးပြီး ကြောက်နေတတ်သေးတယ်။ - ဆေးရုံတက်ပြီး ကုသမှုခံယူနေရတဲ့ ချစ်ရသူတွေဆီ လူနာသတင်းမေးဖို့တောင် မသွားနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကြောက်စိတ်ဝင်လာချိန်မှာ - နှလုံးခုန်မြန်တာ - အသက်ရှူနှုန်းမြန်လာတာ - [သတိထားစရာ အရိုးပိုးဝင်ရောင်ရမ်းရောဂါ (Osteomyelitis)](https://www.telekyanmar.org/osteomyelitis-february-2023/) - အသေးစားအရေပြားပြတ်ရှရာကလေးတစ်ခု၊ တိရစ္ဆာန်ကိုက်ရာကလေးတစ်ခု၊ စူးမိတဲ့ဖိနပ်သံကလေးတစ်ခုကနေ ခြေ၊လက်အင်္ဂါအစိတ်အပိုင်းတွေ ဖြတ်တောက်ပစ်ရတဲ့အထိ ဆိုးစေတတ်တဲ့ အရိုးရောဂါတစ်ခုကို ပြပါဆိုရင် အရိုးပိုးဝင်ရောင်ရမ်းရောဂါ (Osteomyelitis) ကို ပြရပါလိမ့်မယ်...... ♦️ အရိုးပိုးဝင်ရောင်ရမ်းရောဂါ (Osteomyelitis) ဆိုတာ အရိုးထဲ ပိုးဝင်ပြီး ရောင်ရမ်းရာကနေ ပြည်တစိုစိုနဲ့ အရိုးတစ်ရှူးဆဲလ်တွေ ပျက်စီးသေဆုံးပြီး နောက်ဆုံး ခန္ဓာကိုယ်အနှံ့ကိုပါ ပိုးပျံ့စေတတ်တဲ့ အရိုးရောဂါတစ်ခုပါ။ ♦️ Osteomyelitis ရဲ့ တရားခံကတော့Staphylococcus လို့ ခေါ်ဆိုတဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် အရိုးပိုးဝင်ရောင်ရမ်းစေပါတယ်။ ဒီ ဘတ်တီးရီးယားမျိုးစိတ်ဟာ အရိုးထဲနည်းမျိုးစုံနဲ့ ရောက်ရှိပျံ့နှံ့ပြီး ရောဂါဖြစ်စေပါတယ်။ အခန့်မသင့်ရင် ခန္ဓာကိုယ်အနှံ့ပျံ့စေတတ်ပါသေးတယ်။ ♦️ ရောဂါဖြစ်စေတဲ့အကြောင်းတရားတွေ ဒီ ဘတ်တီးရီးယားပိုးတွေ အရိုးထဲဘယ်လိုများရောက်ရှိပြီး အရိုးကို ဒုက္ခပေးကြပါသလဲ .... ????အရိုးကိုယ်တိုင်က ပြဿနာ အရိုးကိုယ်တိုင်က မကောင်းတာကြောင့်ရောဂါပိုးစတင်ဖြစ်ပွားတတ်တယ်။ အရိုးကျိုး၊ အရိုးအက်ရာကနေလည်း ပိုးဝင်ဖို့ အားပေးစေတယ်။ နောက်... - [မျက်စိစွေခြင်း (Squint)](https://www.telekyanmar.org/မျက်စိစွေခြင်း-squint/) - ????️ မျက်စိစွေတယ်ဆိုတာ မျက်စိစွေတယ်ဆိုတာ မျက်စိနှစ်ဖက်မှာရှိတဲ့ မျက်လုံးကိုထိန်းချုပ်တဲ့ ကြွက်သားကလေးတွေ အတူတကွ အလုပ်မလုပ်ကြတော့တာပါ။ တစ်နည်းဆိုရရင် နှစ်လုံးထဲရှိတဲ့ မျက်လုံးလေးတွေက ဂိုဏ်းကွဲပြီး သူတလူငါတမင်း ဖြစ်နေကြတဲ့အခြေအနေပါ။ ကောင်းတဲ့မျက်လုံးလေးတစ်ဖက်က ကြည့်လိုတဲ့နေရာ တည့်တည့်ကို ကြည့်နေနိုင်တဲ့အချိန်မှာ စွေနေတဲ့ဖက်က မျက်လုံးလေးဟာ အထက်ကိုဖြစ်စေ၊ အတွင်းထောင့်ကပ်လို့ဖြစ်စေ၊ အောက်ကိုကပ်လို့ဖြစ်စေ၊ အပြင်ထောင့်ကပ်လို့ဖြစ်စေ တည်ရှိနေတာမျိုးပါ။ မျက်စိစွေတယ် ဆိုတာ ကိုယ်တိုင်လည်း ကိုယ့်ဝန်းကျင်မှာ မြင်ဖူးတွေ့ဖူး ရင်းနှီးဖူးပြီးသားဖြစ်တဲ့ စိတ်ဝင်စားစရာ မျက်စိအခြေအနေတစ်ခုဖြစ်တဲ့အတွက် ဆက်လက်ဖတ်ရှုလိုက်ရအောင်နော်။ . ????️ မျက်စိကလေး ဘာလို့စွေရတာလဲ? ???? မွေးရာပါအနေနဲ့ မျက်စိစွေရောဂါပါလာတာ ???? မိသားစုထဲ မျက်စိစွေမျိုးရိုးရှိပြီး မျိုးရိုးလိုက်တာ ???? ဦးနှောက် နှင့် ဦးနှောက်အာရုံကြောတွေကို ထိခိုက်မိတာ ???? ကလေးငယ်မှာ အနီးမှုန်မျက်စိရောဂါ (Farsightedness) ရှိတဲ့အခါ - [ဆီးအိမ်ကင်ဆာ (Bladder Cancer)](https://www.telekyanmar.org/bladder-cancer-february-2023/) - ဆီးအိမ်ကင်ဆာ(ခေါ်) Bladder cancer ဟာ အဖြစ်အများဆုံး ကင်ဆာစာရင်းရဲ့ နံပါတ် (၇) မှာ ရှိနေပါတယ်။ အသက် (၅၀) အောက်မှာ ဖြစ်တာနည်းပေမယ့် အသက် (၇၀) နဲ့အထက် အထူးသဖြင့် အမျိုးသားတွေမှာ အများဆုံး ဖြစ်ပါတယ်။ ဆီးအိမ်ကင်ဆာဖြစ်နေတဲ့ လူနာတွေရဲ့ (၈၀) ရာခိုင်နှုန်းကျော်ဟာ ဆီးထဲသွေးပါတာ (haematuria) ဖြစ်တတ်ပါတယ်။ ကင်ဆာအများစုက ဆီးအိမ်ရဲ့ အတွင်း မျက်နှာပြင်မှာရှိတဲ့ ဆဲလ် (transitional cells)မှာ စဖြစ်တာပါ။ ဆေးလိပ်သောက်ခြင်းဟာ ဆီးအိမ်ကင်ဆာနဲ့ ဆက်စပ်နေတဲ့ အရေးကြီးဆုံးအချက်တစ်ချက် ဖြစ်ပါတယ်။ .. .. ???? ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရလဲ ? - ဆီးထဲ သွေးပါတာ (သွေးထွက်တဲ့အခါ နာကျင်မှုမရှိတာ များပါတယ်) - - [ရာသီလာချိန် ခေါင်းလျှော်သင့် မလျှော်သင့်](https://www.telekyanmar.org/ရာသီလာချိန်-ခေါင်းလျှော/) - ရာသီလာချိန် ခေါင်းလျှော်သင့် မလျှော်သင့်ဆိုတဲ့ မေးခွန်းလေးမေးလာရင်တော့ ဒီလိုလေး ပြန်ဖြေလိုက်ချင်တာပါပဲ... အိုကွယ်... စင်္ကာပူမှာတော့ လျှော်လို့ရတယ်.. ထိုင်းကဟာမတွေလည်း လျှော်နေကြတာပဲ.. အင်္ဂလိပ်မတွေနဲ့ အမေရိကန်မတွေလည်း လျှော်တယ်.. တစ်ကမ္ဘာလုံးမှာ ခေါင်းလျှော်လို့ရပေမယ့်... မြန်မာမှာတော့ ရာသီလာချိန် ခေါင်းလျှော်လို့ မရပါဘူးလို့ ???? ... ... ဟုတ်တယ်လေ ဒို့လူမျိုးတွေက အင်မတန် အစွဲအလမ်းကြီးတာနော့ ရှေးလူကြီးပြောစကားတွေကို လက်ဆင့်ကမ်းသယ်ကြတယ် ဟုတ်၏...မဟုတ်၏ မှန်၏...မမှန်၏ အကျိုးသင့် အကြောင်းသင့် သိပ်မစဥ်းစားတော့ဘူး လူကြီးစကား မပယ်ရှားသင့်... " စလောင်းဖုံး နှစ်ချပ်တီးရင် ကျားကြီးကိုက်လိမ့်မယ် " သတိထားကြ ဒါပဲ ... ... ဒို့ကတော့ လူကြီးစကား ဆန့်ကျင်တာ မဟုတ်ပါဘူး တွေးကြည့်တာပါနော်... အဲ့ ပြောခဲ့တဲ့ လူကြီးတွေခေတ်ကို ကြည့်ကြည့်လေ.. ယောကျာ်းဆို - [မိခင်တွေရဲ့ဗိုက်ထဲ သန္ဓေသားလေးတွေရဲ့ တည်ရှိနေပုံ (Fetal presentation)နဲ့ ကလေးအနေအထား တင်ပါးဆုံပိုင်းဖြစ်ခြင်း ( Breech presentation ) အကြောင်း](https://www.telekyanmar.org/fetal-presentation-and-breech-presentation-january-2023/) - . သားအိမ်ထဲမှာ ကလေးငယ်လေးတွေက ဘယ်လိုအနေအထားမျိုးနဲ့ နေနေသလဲဆိုတာကို Fetal presentation လို့ခေါ်ပါတယ်။ ကိုယ်ဝန်ရင့်လာတဲ့အခါ (ဒါမှမဟုတ်) မီးဖွားချိန်နီးလာတဲ့အခါ မွေးလမ်းကြောင်းအတိုင်း ပထမဆုံးထွက်လာမယ့် ကလေးရဲ့အစိတ်အပိုင်းအပေါ်မူတည်ပြီး အမျိုးအစားခွဲကြပါတယ်။ (၉၇%) သော ကလေးငယ်တွေဟာ မွေးဖွားချိန်မှာ မိခင်ရဲ့တင်ပါးဆုံပိုင်းနဲ့ ကလေးငယ်တို့ရဲ့ဦးခေါင်းတွေ ထိနေတတ်ကြပါတယ်။ ကိုယ်ဝန် (၃၇) ပတ်ကျော်လာတဲ့အခါ ကလေးရဲ့အနေအထားနဲ့ပတ်သက်ပြီး ဆရာဝန်က စမ်းသပ်စစ်ဆေးပြီး ဘယ်လိုမွေးဖွားသင့်သလဲဆိုတာ ဆုံးဖြတ်ရပါတယ်။ . ???? ကိုယ်ဝန်ဆောင်ချိန် ကလေးအနေအထား ဘယ်လိုအမျိုးအစားတွေ ရှိသလဲ ? (၁) ကလေးရဲ့ဦးခေါင်းက မွေးလမ်းကြောင်းဝနားမှာရှိနေပြီး မျက်နှာကလည်း မိခင်ရဲ့ကျောရိုးဘက်ကို လှည့်နေတဲ့အနေအထားကို Anterior position လို့ခေါ်ပြီး ဒီအနေအထားဟာ အတွေ့ရအများဆုံးဖြစ်သလို ရိုးရိုးမွေးရအလွယ်ကူဆုံးလည်း ဖြစ်ပါတယ်။ . (၂) ဒီအနေအထားမှာတော့ ကလေးရဲ့ဦးခေါင်းက မွေးလမ်းကြောင်းဝနားမှာရှိနေပေမယ့် - [" တင်ပဆုံဖွားကိုယ်ဝန်သည်များ (သို့မဟုတ်) ဆုံပိုင်းကျ ကိုယ်ဝန်သည်မေမေများနှင့် ဗိုက်ပြင်ခြင်း "](https://www.telekyanmar.org/pregnancy-breech/) - " တင်ပဆုံဖွားကိုယ်ဝန်သည်များ (သို့မဟုတ်) ဆုံပိုင်းကျ ကိုယ်ဝန်သည်မေမေများနှင့် ဗိုက်ပြင်ခြင်း " "ဆရာမရေ ကျွန်မ ကလေး ဆုံပိုင်းကျလို့ လက်သည် ဗိုက်ပြင် ပေးလိုက်တာ အဆင်ပြေသွားပြီ... " ဒီလိုအသံဟာ ကျွန်မ အိပ်မက်ထဲထိ ချွေးပြန် လန့်နိုးစေတဲ့ အသံပါ။ အဓိကကတော့... " ကိုယ်ဝန်သည် ဗိုက်ပြင်တယ် "ဆိုတာပါပဲ ကျွန်မ လက်ထောက်ဆရာဝန်စဖြစ်ထဲက OG ward မှာ တာဝန်ကျတာများတယ် နယ်ကဆိုတော့ အသိတွေ ကိုယ်ဝန်စဆောင်ပြီဆို...အာထရာဆောင်း ရိုက်လို့ ကလေးက ဆုံပိုင်းကျတယ်ပြောတာနဲ့...လက်သည်ခေါ်လှည့်ရတာနဲ့ ...Youtube က လေ့ကျင့်ခန်းလေး လုပ်လိုက်ရတာနဲ့ ...ဆရာ့၊ ဆရာကြီးတွေရဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာနဲ့... ဆရာမရေ ကလေးက ခေါင်းပိုင်းပြန်လည် သွားပြီဆိုပြီး လာပြောတိုင်း ကျွန်မ သက်ပြင်းလေးချ... ဘာပြောရမလဲမသိပါနော် - [အဆုတ်ကျန်းမာစေဖို့ နည်းလမ်းကောင်းများ](https://www.telekyanmar.org/အဆုတ်ကျန်းမာစေဖို့-နည်း/) - ခန္ဓာကိုယ်ရဲ့အဓိကလုပ်ငန်းဆောင်တာတွေ လုပ်ဆောင်တာနဲ့ အသက်ရှင်ဖို့ရာမှာ အဆုတ်က အရေးကြီးတဲ့ကဏ္ဍက ပါဝင်တာကြောင့် အဆုတ် ကျန်းမာအောင် လုပ်ရမယ့်နည်းလမ်းတချို့ကို ပြောပြပေးပါမယ်။ . (၁) ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာနဲ့ နာတာရှည်အဆုတ်ရောဂါ စတာတွေကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ဆေးလိပ်ငွေ့တွေက လေပြွန်လမ်းကြောင်းကို ကျဉ်းစေပြီး အသက်ရှူရခက်စေတာကြောင့် နာတာရှည်လေပြွန်ရောင်ရမ်းတာတွေကို ဖြစ်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ အဆုတ်တစ်သျှူးတွေ ပျက်စီးလာပြီး ကင်ဆာရောဂါ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့် ဆေးလိပ်စွဲသောက်တဲ့သူတွေ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားသင့်ပါတယ်။ . (၂) အိမ်တွင်း (သို့) လုပ်ငန်းခွင်အတွင်း လေထုညစ်ညမ်းတာကို ရှောင်ပါ။ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိသူတွေ၊ ဓာတုငွေ့တွေ၊ ဖုန်မှုန့်အညစ်အကြေးထူထပ်တဲ့နေရာတွေမှာ အလုပ်လုပ်ရတဲ့သူတွေမှာ အဆုတ်ရောဂါဖြစ်နိုင်ခြေပိုများပါတယ်။ အဲ့ဒါကြောင့် လေထုညစ်ညမ်းမှုများတဲ့နေရာတွေ ဆေးလိပ်သောက်တတ်တဲ့သူတွေ အနားမှာ မနေဘဲ ရှောင်ရှားသင့်သလို လေထုညစ်ညမ်းတဲ့နေရာမျိုးမှာ အလုပ်လုပ်နေရသူတွေ - [ဆေးမတိုးသော ရောဂါပိုး](https://www.telekyanmar.org/ဆေးမတိုးသော-ရောဂါပိုး/) - ဆေးယဉ်ပါးတီဘီဆိုတာ ကြားဖူးကြလားဟင်... ဆေးမတိုးတော့တဲ့ ရောဂါပိုးဆိုတာရော ကြားဖူးကြလား....မသိ ? ( ကြားဖူးတဲ့သူကို မုန့်ကျွေးပါမယ်... အဲ....မကြားဖူးတဲ့သူတွေလည်း မုန့်ကျွေးပါမယ် စာကိုတော့ ဆုံးအောင်ဖတ်ပေးကြပါပေါ့ ????) ဒီလိုပါ... . ရန်သူကို ရှင်းလင်းတဲ့အခါ.. " ကျူပင်ခုတ် ၊ ငုတ်မကျန်အောင် " ရှင်းရသလို.... ရောဂါပိုးတွေ တိုက်တဲ့အခါလည်း အမြစ်ပါမကျန်အောင် တိုက်ရပါတယ်... တို့တိတို့နန်း မလုပ်ရပါဘူး... အဲ့လိုသွားလုပ်ရင် ဟိုက ကိုယ့်ကိုပြန်ဆော်သွားရောတဲ့ အဲဒါလေးကို နည်းနည်းပြောချင်တာပါ . . အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ ဝင်လာရင် ခန္ဓာကိုယ်ကပဲ ဒီကောင်တွေကို ပြန်တိုက်ရပါတယ် တစ်ကယ်လို့ တိုက်ပွဲက အခြေအနေမကောင်းရင် (ဒါမှမဟုတ်) ကြာနေရင်တော့...စစ်ကူ လွှတ်ရတာပေါ့...လက်နက်တွေ ထောက်ပံ့ရတာပေါ့... ဟုတ်ပါတယ် ပိုးသတ်ဆေးတွေ သောက်တယ် ၊ - [Dr Harry ၏ လူနာ refer ကိုယ်တွေ့ အတွေ့အကြုံ](https://www.telekyanmar.org/dr-harry-၏-လူနာ-refer-ကိုယ်တွေ့-အတွေ့အ/) - Hello... ကျွန်တော် Dr Harry ပါ ကလေးမွေးရင်း လောင်ရတာ နည်းနည်းရိုးလာတော့ ဒီတစ်ခါ တခြားကေ့စ်နဲ့ ယောက်ယက်ခတ်ရတာလေးတွေ ပြောင်းရေးပါအုံးမယ်... ပြီးခဲ့တဲ့နှစ် ဒီအချိန်လောက်ပဲ ဖြစ်မယ်ထင်တယ်... အဲ့ဒီအချိန်က ဆေးခန်းမှာကဆရာဝန် ၃ယောက်ရှိတယ်... တစ်နေ့လုံး လူနာကြည့်အပြီး ညနေမှာ ကျွန်တော်နဲ့ mobile tour ထွက်ရင်းရောက်နေတဲ့ သူငယ်ချင်း ဒေါက်တာနို က ဆေးခန်းနဲ့ခပ်လှမ်းလှမ်းက ချောင်းဘေးတံတားမှာ ဘီယာသောက်ကြမယ်ဆိုပြီး ထွက်လာလိုက်တယ် ဆိုင်မှာ ဘီယာဝယ်နေကြတုန်း ဖုန်းဝင်လာတယ်။ ဆရာ ရောက်တဲ့နေရာကနေ အခုချက်ချင်းပြန်လာပါတဲ့... ဘာကိစ္စမှန်းသေချာမသိပေမယ့် အရေးတကြီး လှမ်းခေါ်တာဆိုတော့ မသောက်ဖြစ်တော့ဘဲ ဆေးခန်းကိုချက်ချင်းပဲ ပြန်လာခဲ့လိုက်တယ် ရောက်တော့ လူတွေအများကြီးဆေးခန်းထဲမှာ ပြာယာခတ်နေကြတယ် လူနာက ၃ ယောက်၊ မိုင်းစမ်းသပ်ရင်း မတော်တဆ ဖြစ်ရာကနေ ဒဏ်ရာရကြတာတဲ့...နေ့လည် ၁ - [နည်းနည်းနဲ့ မကြာမကြာ စားသောက်ဖို့](https://www.telekyanmar.org/နည်းနည်းနဲ့-မကြာမကြာ-စား/) - မနက်စာ ၊ နေ့လည်စာ ၊ ညစာ...ဘယ်ဟာကို အပီဆွဲတာက ကျန်းမာရေးနဲ့ ညီညွတ်လဲလို့ မေးကြည့်လိုက်တာနော်.... အမလေး... ညလယ်စာတွေရော သန်းခေါင်စာတွေရော... ကိုယ့်ဆရာတွေ တစ်နေ့ ၄ ၊ ၅ ကြိမ်ကို အပီအပြင် ဝါးတီးကြိတ်နေကြတာပါလား ???? တကယ်တော့လေ... အဲ့မေးခွန်းက ထောင်ချောက် သိလား ? ဟုတ်တယ်.... ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် ဘယ်ဟာကိုမှ တနင့်တပိုးမစားရဘူး.... တစ်ခါစား သင့်ရုံစား ၊ နည်းနည်းစား ၊ ဗိုက်ပြည့်ရုံလောက်ပဲစား.... ဗိုက်ကြီးတင်းအောင် မစားရဘူးနော်... ( ရောဂါတွေ ဖြစ်တတ်တယ် မှတ်ထား ) တစ်ဘက်ကလည်း အဆာမလွန်စေနဲ့..... မနက် ၊ နေ့လည်နဲ့ ညစာတွေကြား...ဗိုက်ဆာရင် snackဆိုတဲ့ အဆာပြေ light foodလေးတွေ ဝယ်စားလို့ရတယ်...အရသာလည်း - [အိမ်ထောင်ရေးပြဿနာများ အဆင်ပြေစေဖို့](https://www.telekyanmar.org/အိမ်ထောင်ရေးပြဿနာများ-အ/) - "အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည် စုတ်ထိုး ချက်မပိုင် နောင်ပြင်ရန် ခက်တဲ့အမျိုး" ချစ်သူရည်းစား စုံတွဲတစ်တွဲ လက်ထပ်ကြတဲ့အခါ ချစ်ခြင်းမေတ္တာနှောင်ကြိုး(Bond of love)က အများအားဖြင့် ပါရှိနေတတ်ပါတယ်။ အိမ်ထောင်ရေးဆိုတာ နှင်းဆီခင်း မဟုတ်တဲ့အတွက်ကြောင့် ဒီနှောင်ကြိုးဟာ တစ်ခါတစ်လေ အစမ်းသပ်ခံဖြစ်သွားမှာပါ ဇနီးမောင်နှံအများစုအတွက် ချစ်ခြင်းကအစပြုတဲ့ ဒီသံယောဇဉ်တွေဟာ တစ်စတစ်စကြီးမားခိုင်ခံ့လာပြီး ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာ ပျော်ရွှင်စရာ အရင်းအမြစ်တစ်ခု ဖြစ်လာပါလိမ့်မယ်… ဒါပေမယ့်လည်း တချို့ဇနီးမောင်နှံတွေကတော့ အတူနေထိုင်ခြင်းရဲ့ ပြဿနာတွေကို ကောင်းကောင်း မဖြေရှင်းနိုင်ကြပါဘူး… အိမ်ထောင်ရေးမှာ လမ်းခွဲခြင်းက ဆိုးရွားသောဆုံးရှုံးမှုတစ်ခု ဖြစ်ပါတယ်။ အထူးသဖြင့် သားတွေ၊ သမီးတွေအတွက်ပေါ့။ ဘယ်လိုပဲဆိုပါစေ အခက်အခဲကြုံနေကြတဲ့ တချို့ ဇနီးမောင်နှံတွေဟာ မျှဝေနေထိုင်ခြင်းရဲ့ အ​ခြေခံအချက်တွေကို လိုက်နာရင်းနဲ့ပဲ ​ကြီးမားတဲ့ပျော်ရွှင်မှုကို ပြန်လည်ရရှိကြပါတယ် . . အိမ်ထောင်ရေးအောင်မြင်မှုအတွက် အဓိက - [Dr. Olivia's တော်လှန်ရေးအတွေ့အကြုံနှင့်သံဓိဋ္ဌာန်](https://www.telekyanmar.org/dr-olivias-တော်လှန်ရေးအတွေ့အကြု/) - ကျွန်မက CDM ဆရာဝန်တစ်ယောက်ပါ။ တယ်လီကျန်းမာမှာ ကူညီပေးနေတဲ့ ဆရာဝန်တစ်ဦးဆိုရင်လည်း မမှားပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ရက်နေ့မှာ နိုင်ငံရေးအကြောင်း ဘာမှသိပ်မသိတဲ့ ကျွန်မ CDM စလုပ်ခဲ့တယ်။ ဆေးရုံကနေ CDM လုပ်ပြီး ထွက်ချလာလိုက်ကထဲက ရည်ရွယ်ချက်က တစ်ခုထဲပဲရှိတာ။ စစ်ကောင်စီနဲ့ တစ်သက်လုံး အဆက်အဆံမလုပ်ဘဲ စစ်ခွေးတွေကို နိုင်အောင် ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်မယ်လို့ ဆုံးဖြတ်ခဲ့တာလေ။ ဒီလိုနဲ့ တော်လှန်ရေးစစချင်းမှာ ဆေးအဖွဲ့တွေနဲ့ ချိတ်ဆက်ခဲ့ပြီး ဆန္ဒဖော်ထုတ်နေတဲ့ပြည်သူတွေအတွက် မြေပြင်ဆေးကုသတာတွေ ကူညီလုပ်ဆောင်ခဲ့တယ်။ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေသုံးပြီး ဆန္ဒပြပြည်သူတွေကို ဖြိုခွဲနေတဲ့ ကာလတုန်းက ကျွန်မနဲ့ ဆရာတစ်ယောက်ပဲကျန်ခဲ့တဲ့ မြေပြင်ဆေးခန်းကို စစ်ခွေးအုပ်စုရောက်လာပြီး မောက်မာတဲ့လေသံတွေနဲ့ ကျွန်မတို့ကို သေနတ်နဲ့ချိန်တဲ့သူကချိန် ၊ Video ရိုက်တဲ့သူကရိုက်ပေါ့။ မုန်းလွန်းလို့ မျက်ထောင့်နီကြီးနဲ့ သူတို့ရဲ့ - [ဒေါက်တာနို's ကလေးမွေးခြင်းရဲ့ နောက်ဆက်တွဲစာမျက်နှာတစ်ခု](https://www.telekyanmar.org/ဒေါက်တာနိုs-ကလေးမွေးခြင/) - ကျွန်တော့သူငယ်ချင်း Dr harry က လွတ်မြောက်နယ်မြေမှာ ကလေးမွေးတဲ့အတွေ့အကြုံတွေ ရေးနေတော့ ကျွန်တော်ကလည်း ကြုံခဲ့ဖူးတဲ့ “ကလေးမွေးခြင်းရဲ့ နောက်ဆက်တွဲစာမျက်နှာတစ်ခု" အကြောင်းကို ဖောက်သည်ချလိုက်ပါဦးမယ်။ (အချစ်ရဲ့ နောက်ဆက်တွဲ စာမျက်နှာနဲ့တော့ မဆိုင်ဘူးနော်) အရင်ဆုံး ကျွန်တော့ကို ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော့နာမည်က “ဒေါက်တာနို” ပါ... CDM ဆရာဝန်တစ်ယောက်ပါ ခင်ဗျ.... လွတ်မြောက်နယ်မြေတစ်ခုမှာ ဆေးကုနေတာ လာမယ့်သင်္ကြန်ဆိုရင် နှစ်နှစ်ပြည့်ပါတော့မယ်။ ကိုယ်တတ်တာလည်း ဒါပဲ ရှိတာဆိုတော့ ခုထိ ဆေးကုနေဆဲပေါ့လေ... အခုပြောမယ့်လူနာက ဗိုက်နာ ၊ ဗိုက်ဖောင်းပြီး လာတာပါ။ ပြဿနာက ခုမှကလေးမွေးပြီးခါစလေး ဖြစ်နေတာပေါ့...မွေးထားတာ (၇) ရက်ပဲ ရှိပါသေးတယ်... ဗိုက်ကြီးက ပြန်ဖောင်းလာတာ ဝမ်းမသွား၊​ လေမလည်တာ (၃) ရက်ရှိပြီတဲ့။​ စမ်းကြည့်တော့ ဖျားနေတယ်၊ - [ကင်ဆာရောဂါကာကွယ်ဖို့ Prevention of Cancer in Ethnic Language (January, 2023)](https://www.telekyanmar.org/prevention-of-cancer-in-ethnic-language-january-2023/) - ကင်ဆာရောဂါကာကွယ်ဖို့ အကြောင်းလေးကို ရေးထားတာပါ ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် ???????? ) Ministry of Health, National Unity Government. Published on: 29 January 2023Last Updated: 29 January 2023 - [ကင်ဆာဝေဒနာရှင်များအတွက် အာဟာရ အပိုင်း(၂)](https://www.telekyanmar.org/ကင်ဆာဝေဒနာရှင်များအတွက/) - " ကင်ဆာဝေဒနာရှင်များအတွက် အစားအသောက်နှင့် အာဟာရဆိုင်ရာအကြံပြုချက် အပိုင်း (၂) " ????ကင်ဆာဝေဒနာ ခံစားနေရပြီး အစားအလွန်နည်းတဲ့ လူနာတွေအတွက်ဆိုရင်……. အာဟာရမှု့န့်နဲ့ အသင့်သောက် အာဟာရအရည်တွေ သောက်လို့ရပါတယ်။ ပရိုတင်းကြွယ်၀တဲ့ အစားအစာတွေ ၊ ကယ်လိုရီများတဲ့ အစားအစာတွေကို စားပါ။ ဥပမာ - ပဲ၊ ကြက်သား၊ငါး၊ အသား၊ ဒိန်ချဥ်၊ ကြက်ဥ၊ အာဟာရမှုန့်များနဲ့ နို့တို့ကို အဓိကစားပေးလို့ရပါတယ်။ အဆာပြေများကို နည်းနည်းစီ တစ်နေ့တာလုံး မကြာခဏစားသင့်ပါတယ်။ အဆာပြေအတွက် သစ်သီးများ ၊ ကိတ်မုန့်များ ၊ မုန့်များ ၊ ပူတင်း စတာတွေစားနိုင်ပါတယ်။ မတည့်တာရှောင်မယ့်အစား စားနိုင်ရင်စားနိုင်သလို များများ၀င်အောင် ကျွေးပါ။ တစ်နေ့တာအစားအစာ အလွန်အ၀င်နည်းတာ ကြာရှည်လာရင်တော့ အစာပိုက်ထည့်သင့် ထည့်ရပါမယ် . . - [ကင်ဆာဝေဒနာရှင်များအတွက် အာဟာရ အပိုင်း(၁)](https://www.telekyanmar.org/ကင်ဆာဝေဒနာရှင်များအတွက-2/) - " ကင်ဆာဝေဒနာရှင်များအတွက် အစားအသောက်နှင့် အာဟာရ " ကင်ဆာဝေဒနာ ခံစားနေရသောသူတွေဟာ အစားနည်းလာတာ ၊ စားချင်စိတ်မရှိတာ ၊ ခံတွင်းတစ်၀ိုက်မှာ အနာတွေ ဖြစ်လွယ်တာ ၊ ဓာတ်ရောင်ခြည်ကုထုံး ကြောင့် အရေပြားနဲ့ ခံတွင်းတွေ လောင်သလိုမျိုးဖြစ်တာတွေ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ကင်ဆာလူနာတွေဟာ အာဟာရချို့တဲ့ပြီး ပိန်လှီဖို့ အတော်ဖြစ်နိုင်ခြေရှိတဲ့သူတွေထဲမှာ ပါပါတယ်။ ရောဂါကလည်းပြင်း ၊ ဆေးတွေကလည်းပြင်း ၊ ကုသမှုဒဏ်တွေလည်းခံရတဲ့အပြင် အာဟာရချို့တဲ့မှုကြောင့် ပိုချုံးချုံးကျလာပါတယ်။ ကိုယ်ခံအားပြန်ကောင်းအောင် ကင်ဆာကို အန်တုဖို့ အာဟာရပြည့်၀ဖို့က အရေးကြီးပါတယ်။ ကင်ဆာလူနာတွေ ဘာစားလို့ရလဲ ၊ ဘာနဲ့တည့်လဲလို့ မေးရင် အရင်ဆုံးဖြေမိမှာကတော့ အကုန်စားလို့ရတယ် ၊ အကုန်တည့်တယ်လို့ ဖြေမိမှာသေချာပါတယ်။ ကင်ဆာ ခံစားရတဲ့အခါ စိတ်ဓာတ်ကျလွယ်ပါတယ်။ သေမင်း လက်မှတ်ဖြတ်လိုက်သလို ခံစားရကြတယ်။ ဒါ့ကြောင့် - [အကျပ်အတည်း ရင်ဆိုင်ဖြေရှင်းနည်း (၁၀)ချက်](https://www.telekyanmar.org/အကျပ်အတည်း-ရင်ဆိုင်ဖြေရ/) - " အကျပ်အတည်းတစ်ခုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နည်းလမ်း (၁၀) ခု " ဘယ်လောက်ပဲ စိတ်ရောလူပါ ကျန်းမာတဲ့လူတစ်ယောက်ဖြစ်နေပါစေ...လူ့ဘဝသက်တမ်းတစ်လျှောက်မှာ အခက်အခဲအကျပ်အတည်းကာလ (သို့) ကပ်ဆိုက်ခြင်းတစ်ခုခုကို ရင်ဆိုင်ကြုံတွေ့ရနိုင်ခြေ ရှိပါတယ် . ❓ဘယ်အရာတွေကြောင့် ဖြစ်စေတာလဲ - တဖြည်းဖြည်းစုပုံပြီး များလာ​​တဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်နိုင်သလို - မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်သွားတဲ့ အဖြစ်အပျက်တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ် ( ဥပမာ : ရာဇဝတ်မှုတစ်ခုရဲ့ သားကောင်ဖြစ်လာခြင်း ၊ ကိုယ့်အတွက် အဖိုးတန်တဲ့တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ရုတ်တရက်ဆုံးရှုံးလိုက်ရလို့ ပူဆွေးခြင်း ) . ????ပုံမှန်တုံ့ပြန်မှုတွေအနေနဲ့ • သဘာဝအလျောက် တုန်လှုပ်ခြင်းကို ခံစားရမယ် • မယုံကြည်နိုင်ခြင်းနဲ့အတူ အရင်ဖြစ်လေ့မရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတွေ ဖြစ်လာပါလိမ့်မယ် . - [Appendicitis ( အူအတက်ရောင်ခြင်း )](https://www.telekyanmar.org/appendicitis-march-2022/) - အူအတက်ရောင်ခြင်း အူအတက်ဆိုတာ ညာဘက်ဝမ်းဗိုက်အောက်ဖက်နား အူသိမ်နဲ့ အူမကြီးဆက်တဲ့နေရာမှာ ထွက်နေတဲ့ အတက်ကလေးဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ရင် ကိုယ်ခန္ဓာအတွက်ဘာမှလုပ်မပေးဘဲ ၊ သူနေမကောင်းဖြစ်နေတာ ပေါ့ပေါ့ဆဆလုပ်မိရင်တော့ အသက်အန္တရာယ်အထိပေးတတ်တဲ့ အစိတ်အပိုင်းတစ်ခုပါ။ လွယ်လွယ်ပြောရရင် ကောင်းကျိုးမပေး ဆိုးကျိုးပဲပေးတဲ့ အမှိုက်ပိုတစ်ခုဖြစ်လို့ ခန္ဓာကိုယ်ကနေ သူ့ကို ဖယ်ထုတ်လိုက်ရင်လဲ ဘာပြဿနာမှ မရှိပါဘူး။ - [မျက်စိစွန်ခြင်း Stye( March, 2022 )](https://www.telekyanmar.org/stye-march-2022/) - မျက်စိစွန်ခြင်း မျက်စိစွန်တယ်ဆိုတာ မျက်တောင်မွှေးအခြေနား မျက်ခမ်းအစပ်မှာ နာကျင်ရောင်ရမ်းနေတဲ့ အလုံး(အဖု) ဖြစ်လာတာပါ။ ❓ဘာကြောင့်ဖြစ်တာလဲ - ဖြစ်ရတဲ့ အကြောင်းအရင်းတိတိပပပြောလို့မရပါဘူး။- ဖြစ်နိုင်ခြေရှိတာက မျက်လုံးကို လက်နဲ့ပွတ်လို့ပါ။- မျက်ခမ်းသားတွေ မျက်လုံးသားတွေဟာအရမ်းနုနယ်တဲ့အတွက် လက်နဲ့ပွတ်တဲ့အခါ သာမာန်မျက်စိနဲ့ မမြင်ရနိုင်တဲ့ ပွန်းပဲ့သွားတာမျိုးဖြစ်သွားပါတယ်။- အရေပြားပေါ်မှာ ကပ်နေလေ့ရှိတဲ့ ရောဂါပိုးမွှားတွေက သာမန်အချိန် ဘာပြဿနာမှမပေးပေမယ့် ပွန်းပဲ့သွားတဲ့အရေပြားလွှာလေးကတစ်ဆင့် မျက်တောင်အမြစ်အိတ်ကလေးတွေထဲ ဝင်သွားတဲ့အခါ ပိုးတွေပွားလာပြီး ရောင်ရမ်းတာ၊ ပြည်တည်တာတွေဖြစ်စေပါတယ်။ ❗ရောဂါလက္ခဏာများ - မျက်ခမ်းအစပ်နေရာမှာ အလုံးသေးသေးလေးစဖြစ်ပါတယ်။- အလုံးလေးက ရောင်လာပြီး နာလာပါမယ်။ နီလာပါမယ်။ တဖြည်းဖြည်းကြီးလာပါမယ်။- မျက်တောင်ထွက်တဲ့ အခြေနေရာကနေ ပြည်လိုက်လာပါမယ်။- မျက်လုံးက နေရတာ ခိုးလိုးခုလုခံစားရပါမယ်။ ❓ဘာဆက်ဖြစ်နိုင်လဲ အများအားဖြင့် - ပြည်ဖုက သူ့ဘာသာပေါက်ထွက်သွားပြီး ရောင်ရမ်းတာသက်သာသွားပါမယ်။ ရက်အနည်းငယ်အကြာမှာ ပျောက်သွားမယ်။- ကိုယ်ခန္ဓာရဲ့ - [ရေယုန်/ခါးပတ်ရေယုန် Herpes Zoster (Shingles)( April, 2022 )](https://www.telekyanmar.org/herpes-zoster-shingles-april-2022/) - ရေယုန် / ခါးပတ်ရေယုန် ❓ ဘာကြောင့်ဖြစ်တာလဲ ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့်တော့ ကိုယ်ခန္ဓာတစ်ခြမ်းမှာ အနီပြင်တွေပတ်ပြီးဖြစ်တတ်လို့ ခါးပတ်ရေယုန်လို့ ခေါ်လေ့ရှိပြီး ခန္ဓာကိုယ်တခြားနေရာတွေမှာဖြစ်ရင် ရေယုန်လို့ခေါ်ကြပါတယ်။ ❓ ဘယ်လိုဖြစ်တာလဲ ရေကျောက်ဖြစ်ဖူးတဲ့သူဆိုရင် ဗိုင်းရပ်ပိုးက ကိုယ်ခန္ဓာထဲကို တခါဝင်ပြီးရင် တစ်သက်လုံးမပျောက်တော့ဘဲ ဦးနှောက်၊ ကျောရိုးအာရုံကြောမကြီးရဲ့ တစ်နေရာမှာ ဗိုင်းရပ်စ်ပိုးက ဝင်အောင်းနေလေ့ရှိပြီး စိတ်ပင်ပန်းချိန်၊ ကိုယ်ခံအားကျဆင်းတဲ့ အချိန်မျိုးတွေမှာ ရေယုန်အနေနဲ့ ငုပ်နေရာက ပေါ်လာတတ်ပါတယ်။ ရေကျောက်မဖြစ်ဘူးသူ/ ကာကွယ်ဆေးလဲထိုးမထားသူတွေမှာတော့ ရေယုံဖြစ်နေသူရဲ့အရည်ကြည်ဖုထဲက အရေတွေနဲ့ ထိမိရင်ကူးနိုင်ပါတယ်။ ❓ ဘယ်နေရာတွေမှာဖြစ်လဲ ခန္ဓာကိုယ် ဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်။ ကိုယ်ခန္ဓာတစ်ခြမ်းမှာပဲဖြစ်ပါတယ်။ အဖြစ်အများဆုံးကတော့ -နို့အုံအောက်-ဝမ်းဗိုက်-မျက်နှာ ???? ရောဂါလက္ခဏာများ ၁။ သာမာန်နာကျင်မှုနဲ့မတူတဲ့ စူးရှတဲ့နာကျင်မှုမျိုး - အပေါ်မှာရှင်းပြထားသလိုဘဲ ဗိုင်းရပ်ပိုးက အောင်းနေရာကတဆင့် ပြန်ကြွလာတဲ့ - [Constipation ( ဝမ်းချုပ်ခြင်း ) ( June, 2022 )](https://www.telekyanmar.org/constipation-june-2022/) - "ဆီးချုပ် ဝမ်းချုပ်မခံနဲ့" "ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး" အစရှိသဖြင့် လူတွေပြောတတ်ကြပါတယ်။ ဆေးပညာအရ ဝမ်းချုပ်တယ်ဆိုတာဘာလဲ၊ ဘာတွေဆက်ဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်ဖြေရှင်းမလဲ ဆိုတာတွေအတွက် ဆက်လက်ဖတ်ရှုပေးပါနော် ????ဘယ်အခါ ၀မ်းချုပ်တယ်လို့ ဆိုနိုင်မလဲ? လူတစ်ယောက်ဟာ... (၁) ၀မ်းသွားတဲ့ အကြိမ်ရေဟာ တစ်ပတ်ကို (၃) ခါထက်နည်းမယ်။(၂) ၀မ်းမာမယ်။(၃) ၀မ်းသွားဖို့ အားစိုက်ပြီး ညှစ်ရမယ်။(၄) ၀မ်းသွားဖို့ကို စအိုထဲ တစ်ခုခု စို့နေ ပိတ်နေ တစ်နေသလို ခံစားရမယ်။(၅) စအိုထဲကို လက်နဲ့ နှိုက်ပြီး စမြင်းတွေ ကလော်ထုတ်ရမယ်။ ဒီလို အချက်တွေ (၂) ခုနဲ့အထက်ကို (၃) လလောက် ခံစားနေရပြီဆိုရင်တော့ ရေရှည် ၀မ်းချုပ်နေပြီလို့ ဆိုနိုင်ပါတယ်။ ????ဘာကြောင့် ခုလို ၀မ်းချုပ်တာလဲ? - စအိုကွဲနာရှိရင် နာလို့ ၀မ်းမသွားရဲတာ- - [နာတာရှည် လေပြွန်ကျဉ်းခြင်း Chronic Obstructive Pulmonary Disease ( COPD ) ( June, 2022 )](https://www.telekyanmar.org/chronic-obstructive-pulmonary-disease-copd-june-2022/) - နာတာရှည် လေပြွန်ကျဉ်းခြင်း (COPD) ????ဆေးလိပ်ကို တစ်နေ့တစ်နေ့အလိပ်ပေါင်းများစွာ၊ နှစ်ရှည်သောက်ခဲ့ပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေပြီဆိုရင်တော့ နာတာရှည်လေပြွန်ကျဉ်းနေပြီလား ဆိုပြီးစဉ်းစားရပါတယ် ????ဆေးလိပ်က အသက်ရှူလမ်းကြောင်းကို ဘယ်လိုထိခိုက်စေလဲဆိုရင်... - လေပြွန်ကိုထိခိုက်စေကာ ရောင်ရမ်းစေခြင်း- လေပြွန်အတွင်းအချွဲ(mucous)များစွာထွက်စေခြင်း- နောက်ပိုင်းတွင် လေပြွန်ကျဥ်းသွားခြင်း- အဆုတ်အတွင်းရှိ လေအိတ်များ ပျက်စီးစေခြင်းတို့ဖြစ်စေပါတယ်။ ????ဆေးလိပ်အပြင်- ခြင်ဆေး၊ အမွှေးတိုင်က အငွေ့တွေ- သစ်ရွက်/ အမှိုက်မီးရှို့တဲ့အခါထွက်လာတဲ့ မီးခိုးငွေ့တွေ- အလုပ်ရုံ/စက်ရုံတွေထဲမှာ ဓာတုဓာတ်ငွေ့တွေ အချိန်ကြာရှူရခြင်းတို့ကြောင့်လည်း နာတာရှည်လေပြွန်ကျဉ်းစေပါတယ် ????အသက်ငယ်ငယ် ပိန်ပိန်ရှည်ရှည်နဲ့ နာတာရှည်လေပြွန်ကျဉ်းရောဂါဖြစ်ခဲ့ရင်တော့ Alpha 1 anti-trypsin ဆိုတဲ့ enzyme ချို့တဲ့ခြင်း​ကြောင့်လည်းဖြစ်နိုင်ပါတယ် ????နာတာရှည်လေပြွန်ကျဉ်းခြင်းကို အမျိုးအစား(၂)မျိုးခွဲထားပါတယ် (၁)နာတာရှည်လေပြွန်ရောင်ခြင်း (Chronic bronchitis)(၂)အဆုတ်အတွင်းရှိ လေအိတ်များပျက်စီးခြင်း (emphysema) ????ရောဂါလက္ခဏာတွေကတော့ - ချောင်းဆိုးပြီး သလိပ်ထွက်ခြင်း( ၃လနဲ့အထက် ၂နှစ်ဆက်တိုက်ကြာအောင်ဆိုးနေခြင်း)- အသက်ရှူရာတွင် - [G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ "G6PD Deficiency" ( June, 2022 )](https://www.telekyanmar.org/g6pd-deficiency-june-2022/) - G6PD ချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ (G6PD Deficiency) ❓ G6PD ချို့တဲ့တယ်ဆိုတာ ဘာလဲ G6PD ဆိုတာ Glucose-6-Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းတစ်မျိုးပါ။ G6PD အင်ဇိုင်းဟာ ကျွန်တော်တို့ခန္ဓာကိုယ်မှာရှိတဲ့ သွေးနီဥတွေရဲ့ လုပ်ငန်းဆောင်တာတွေအတွက် လိုအပ်တဲ့ စွမ်းအင်ထုတ်လုပ်တဲ့ဖြစ်စဥ်မှာပါဝင်ပြီး ၊ သွေးနီဥတွေကိုအလွယ်တကူ မပြိုကွဲမပျက်စီးအောင် ကာကွယ်ပေးထားတဲ့ အရေးကြီးတဲ့အလုပ်ကိုလုပ်ရပါတယ်။ ဒီ G6PD အင်ဇိုင်းဓာတ်ချို့တဲ့တဲ့အခါ သွေးနီဥတွေဟာ ပြင်ပက ဓာတ်တိုးပစ္စည်း (Oxidants)တွေနဲ့တွေ့တဲ့အခါ အလွယ်တကူ ပျက်စီးပြိုကွဲပြီး အကျိုးဆက်အနေနဲ့ သွေးအားနည်းတာ၊ အသားဝါတာ၊ ဆီးမည်းမည်းသွားတာစတဲ့ G6PD ချို့တဲ့တဲ့ လက္ခဏာတွေဖြစ်လာရပါတယ်။ ဒါဟာ မျိုးရိုးလိုက်တဲ့ အခြေအနေတစ်ခုဖြစ်ပြီး ယောင်္ကျားလေးတွေမှာ အဓိကအဖြစ်များပါတယ်။ ????ကမ္ဘာပေါ်ရှိ လူသန်းပေါင်း ၄၀၀ လောက်မှာ G6PD အင်ဇိုင်းချို့တဲ့ကြပါတယ်။ ယောင်္ကျားလေးတွေမှာ - [ကြွက်နို့အကြောင်း သိကောင်းစရာ Warts ( June, 2022 )](https://www.telekyanmar.org/warts-june-2022/) - ကြွက်နို့အကြောင်း သိကောင်းစရာ (Warts) ကြွက်နို့ဆိုတာ Human Papillomavirus ​(HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ ​ခန္ဓာကိုယ်ခြေလက်အနှံ့နဲ့ လိင်အင်္ဂါတစ်ဝိုက်ပါမကျန်ဖြစ်ပွားတဲ့ အရေပြားရောဂါတစ်ခုပါ။ ❓ကြွက်နို့ဘာလို့ဖြစ် ကြွက်နို့ဟာ Human Papillomavirus (HPV ဗိုင်းရပ်စ်)ကြောင့်ဖြစ်ရတယ်။ HPV ဗိုင်းရပ်စ်မျိုးကွဲပေါင်း ရာနဲ့ချီရှိတဲ့အနက် ဖြစ်ပွားတဲ့ခန္ဓာကိုယ်နေရာနဲ့ ကြွက်နို့အမျိုးအစားပေါ်မူတည်ပြီး HPV ဗိုင်းရပ်စ် အမျိုးအစားကွဲတွေလည်း မတူတတ်ကြပါဘူး။ အရေပြားမှာ ပွန်းပဲ့ရာ/ပြတ်ရှရာလေးကနေတောင် အဆိုပါဗိုင်းရပ်စ်ပိုးဟာ အလွယ်တကူဝင်ရောက်ပွားများနိုင်ပြီး ကြွက်နို့ဖြစ်ပွားပါတယ်။ ????ကြွက်နို့ဟာ အသက်အရွယ်၊ ကျား/မ မရွေး ဖြစ်ပွားပါတယ်။ အရွယ်ရောက်ပြီးသူတွေထက် ကလေးတွေနဲ့ ဆယ်ကျော်သက်မြီးကောင်ပေါက်အရွယ်တွေမှာ ပိုအဖြစ်များတာတွေ့ရပါတယ်။ ❓ဘယ်လိုနည်းလမ်းတွေကတစ်ဆင့် ကူးစက်တတ်သလဲ ကြွက်နို့ရှိသူရဲ့ ကြွက်နို့ကို ကိုင်တွယ်မိလို့ မိမိမှာပါ ကြွက်နို့ကူးနိုင်ပါတယ်။ ကြွက်နို့အနာက ထွက်တဲ့/ကွာကျတဲ့ ဆဲလ်သေတွေကို ထိတွေ့မိရာကလည်းကူးနိုင်ပါတယ်။ နောက်ဆုံး မိမိကိုယ်တိုင်လည်းပြန်ကူးတတ်ပါသေးတယ်။ ( - [ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း Sprained ankle( June, 2022 )](https://www.telekyanmar.org/sprained-ankle-june-2022/) - "Sprained ankle" ခြေကျင်း၀တ်လည်ခြင်း/ခေါက်ခြင်း ❓ဘာကို ခြေကျင်း၀တ်ခေါက်ခြင်း (Sprained ankle) လို့ခေါ်ပါသလဲ? ????ခြေကျင်း၀တ်နားမှာ တွယ်ဆက်ထားတဲ့ အရွတ်ပြားတွေဒဏ်ဖြစ်ခြင်းကို​ sprained ankle လို့ခေါ်ခြင်းဖြစ်ပါတယ်။ အရွတ်ပြားရဲ့ အမျှင်တွေကို စွဲဖြဲသကဲ့သို့ တင်းလာပြီး ပြတ်ထွက်ခြင်းနဲ့ အတွင်းထဲ သွေးစီးယိုထွက်ခြင်းတို့ကို ထပ်ဆင့် ဖြစ်နိုင်ပါတယ်။ ရရှိလာတဲ့ဒဏ်ပေါ်မူတည်ပြီး အနည်းငယ်စုတ်ပြဲခြင်းနဲ့ အရွတ်ပြားတစ်ခုလုံးနီးပါးစုတ်ပြဲခြင်း ဆိုပြီး ကွာခြားနိုင်ပါတယ်။ ❓ဘယ်လိုအပြုအမူတွေက ခြေကျင်း၀တ်ခေါက်ခြင်းကို ဖြစ်ပေါ်စေပါသလဲ? ????အများအားဖြင့် ခြေကျင်း၀တ်အတွင်းဘက် ခေါက်ပြီးလဲခြင်းကြောင့် တွေ့ကြုံကြရတတ်ပါတယ်။ အဲဒီ့အခါ ခြေကျင်း၀တ်အပြင်ဘက်ပိုင်းမှာရှိတဲ့အရွတ်ပြားတွေဆွဲတင်းကာ ပျက်စီးမှုဒဏ်တွေကို ခံစားရတတ်ပါတယ်။ တစ်ခါတရံ ခြေကျင်း၀တ်အပြင်ဘက်ခေါက်လဲခြင်းကြောင့်လည်း အတွင်းဘက်ပိုင်းရှိ အရွတ်တွေ နာကျင်ခြင်းကို ခံစားရနိုင်ပါတယ်။ ❓ခြေကျင်း၀တ်လည်ခြင်းကြောင့် ဘာတွေ ခံစားရနိုင်ပါသလဲ? ????အရွတ်ပြားပျက်စီးမှု အနေအထားပေါ်မူတည်ပြီး ဝေဒနာခံစားရနိုင်မှုတွေ၊ ပျောက်ကင်းရန်ကြာချိန်တွေ၊ ဆရာ၀န်ရဲ့ကုသမှုပုံစံတွေ စသဖြင့် အမျိုးမျိုးကွာခြားသွားနိုင်ပါတယ်။ - [နှင်းခူ အကြောင်းသိကောင်းစရာ Eczema/ Atopic Dermatitis( June, 2022 )](https://www.telekyanmar.org/eczema-atopic-dermatitis/) - “နှင်းခူ အကြောင်းသိကောင်းစရာ (Eczema/ Atopic Dermatitis)” နှင်းခူဆိုတာ အရေပြားနီရဲယားယံရောင်ရမ်းတဲ့ အခြေအနေတစ်ခုပါ။ ကလေးငယ်တွေသာမက အရွယ်ရောက်ပြီးသူတွေပါမကျန် အဖြစ်များလှတဲ့ အရေပြားရောဂါတစ်ခုဖြစ်ပါတယ်။ ❓နှင်းခူဘာလို့ဖြစ်ရတာပါလဲ? ????အရေပြားဓာတ်မတည့်မှုဖြစ်လို့ အရေပြားရောင်ရမ်းရတာဖြစ်ပါတယ်။ သဲ၊ ဖုန်မှုန့်၊ ဓာတ်မတည့်တဲ့ ဆပ်ပြာ၊ အစွန်းချွတ်ပစ္စည်းတွေ၊ တိရစ္ဆာန်အမွှေးတွေနဲ့ထိတွေ့မိတာ၊ အရေပြားကို ကြမ်းရှပွတ်တိုက်မှုဖြစ်စေတဲ့ အဝတ်အစားတွေဝတ်တာက အရေပြားရောင်ရမ်းတာကို ပိုမိုဆိုးရွားစေပါတယ်။ ????နှင်းခူဟာ အဖြစ်များသော်လည်း မကူးစက်နိုင်တဲ့ အရေပြားရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းမှာ နှင်းခူရှိကြပါတယ်။ တစ်နှစ်အောက်ကလေးငယ်တွေပါမကျန် ဖြစ်တတ်ကြပါတယ်။ တချို့ကလေးငယ်တွေမှာ နှင်းခူဖြစ်ရင် နှစ်အနည်းငယ်ကြာတဲ့အခါ ပျောက်ကင်းသက်သာသွားတတ်ပေမယ့် တချို့ကတော့ အရွယ်ရောက်တဲ့အထိ မပျောက်ဘဲ ဆက်လက်ကျန်ရှိနေနိုင်ပါတယ်။ ❓ဘယ်သူတွေမှာ နှင်းခူပိုဖြစ်နိုင်ပါသလဲ? စိတ်ဖိစီးမှုကြောင့်လည်း နှင်းခူပိုဖြစ်စေပါတယ်။ ပူနွေးစွတ်စိုတဲ့ရာသီဥတုမှာနေရသူတွေ။ ကိုယ်ခန္ဓာခုခံအားနည်းနေသူတွေ (ဥပမာ Steriod စတီးရွိုက်ဆေးတွေသုံးနေရတာ၊ HIV/AIDS ရောဂါရှိတာ - [လက်မ စုပ်တဲ့ကလေး Thumb Sucking Baby ( June, 2022 )](https://www.telekyanmar.org/thumb-sucking-baby/) - “လက်မ စုပ်တဲ့ကလေး” ကလေးပိစိလေး လက်မ (သို့) လက်ချောင်းလေးတွေ စုပ်နေရင် မေမေတို့အတွက် ချစ်စရာကောင်းတယ်ထင်သမျှ နည်းနည်းလေးကြီးလာလို့ ဒီအကျင့်က ဆက်ရှိနေသေးရင် မေမေတို့ စိတ်ထဲမှာ သရိုးသရီဖြစ်လာပါပြီ။ ကလေးလက်စုပ်တာနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကလူတွေရဲ့ ဝေဖန်သံတွေ၊ အကြံပြုခေါင်းလောင်းသံတွေ စမြည်လာပါပြီ။ အဲဒီအခါ ကလေးက လက်မစုပ်နေတာနဲ့ အတင်းဆွဲဖြုတ်၊ ကလေးလေးကစိတ်ဆိုးပြီး အော်ငို၊ အဲလိုဖြစ်လေ မေမေတို့ကလဲ “ဒီအကျင့်ဖျောက်ကိုဖျောက်ပေးရမယ်”ဆိုတဲ့ စိတ်ပိုဝင်လေနဲ့ ဘေဘီလေးတွေနဲ့မေမေတို့ကြား တိုက်ပွဲဆင်နွှဲနေရတတ်ပါတယ်။ မေမေတို့အနေနဲ့ ကလေးလေးလက်မလေးစုပ်နေတာကို ရုတ်တရက် ဆွဲမဖြုတ်ခင် ဘေဘီလေးတွေ ဘာလို့ လက်မစုပ်တာလဲဆိုတဲ့ အကြောင်းရင်းကို သိထားဖို့လိုပါတယ်။ အရင်ဆုံးမေးခွန်းတစ်ခုမေးချင်ပါတယ်။ ❓မေမေတို့ မျက်လုံးလေးမှိတ်ပြီး သီချင်းလေးနားထောင်ရင်း ငြိမ့်နေတဲ့အချိန် တစ်ယောက်ယောက်က မပြောမဆို ရုတ်တရက် သီချင်းလာပိတ်သွားရင် ဘယ်လိုခံစားရမလဲ? အဲဒီအတိုင်းပါပဲ။ ကလေးလေးတွေဟာ လက်မလေးစုပ်နေတဲ့အချိန် သူတို့ကိုယ်သူတို့ - [ကစီဓာတ် (Carbohydrates) အကြောင်း (August,2023)](https://www.telekyanmar.org/carbohydratesaugust2023/) - "လူတွေ သိပ်မသိကြသေးတဲ့ ကစီဓာတ် (Carbohydrates) အကြောင်း" ကစီဓာတ်ဆိုတာ အစာအုပ်စုကြီး (၃) ခုထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်ကို အဓိက ဦးဆောင်ထုတ်လုပ်ပေးနေတဲ့ အစာအုပ်စုကြီး ဖြစ်ပါတယ်။ ကလေးတွေ ခန္ဓာကိုယ် ဖွံဖြိုးကြီးထွားစေဖို့အတွက်လည်း အဓိကနေရာက ပါဝင်ပါတယ်။ ကစီဓာတ်ကို ရွေးချယ်ရာမှာ - ကောင်းတဲ့ကစီဓာတ် (Complex Carbohydrates) နဲ့ - ရိုးရိုးကစီဓာတ် (Simple Carbohydrates) ကို ခွဲခြားသိဖို့ လိုအပ်ပါတယ်။ အလွယ်ပြောရရင်တော့... ကောင်းတဲ့ကစီဓာတ် (Complex Carbohydrate) ဆိုတာဟာ သဘာဝအတိုင်း မပြုပြင်ထားတဲ့ အစားအသောက်မျိုး ဖြစ်ပါတယ်။ Complex ဆိုတဲ့ နာမည်အတိုင်း ရှုပ်ထွေးတဲ့တည်ဆောက်မှုကြောင့် သူ့ကိုစားအပြီး အစာခြေချိန်ပိုကြာတဲ့အတွက် အဆာပိုခံတဲ့အပြင်၊ သွေးတွင်းသကြားဓာတ်ကိုလည်း ဖြည်းဖြည်းချင်းသာ တက်သွားစေပါတယ်။ ဒါကြောင့် - [ရုံးအလုပ်ကြောင့်ဖြစ်တဲ့ရောဂါများ Office Syndrome (Video) (October,2023)](https://www.telekyanmar.org/office-syndrome-video-october2023/) - ရုံးအလုပ်ကြောင့်ဖြစ်တဲ့ရောဂါများ (Office syndrome) ဒီနေ့ခေတ်မှာ ကွန်ပျူတာတစ်လုံးနဲ့ တကုပ်ကုပ်ထိုင်လုပ်နေရတဲ့ ရုံးအလုပ်လုပ်သူတွေ ပိုများလာပါတယ်။ ဒီ video မှာတော့ ရုံးအလုပ်လုပ်သူတွေ၊ ထိုင်ပြီးတော့ အချိန်ကြာမြင့်စွာ အာရုံစူးစိုက်လုပ်ရတဲ့သူတွေမှာ ဘယ်လိုရောဂါလက္ခဏာတွေ ဖြစ်ကြသလဲ၊ ဘာကြောင့်ဖြစ်ကြသလဲ၊ ဘယ်လိုအခြေအနေအထိ ဆိုးနိုင်သလဲ၊ ဘယ်လိုကာကွယ်ရမလဲ စတဲ့ စိတ်၀င်စားဖွယ် အကြောင်းအရာတွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. - [ကလေးအူစွပ်ခြင်း Childhood Intussusception ( April, 2022 )](https://www.telekyanmar.org/intussusception/) - ကလေးအူစွပ်ခြင်း ကလေးအူစွပ်တယ်ဆိုတာ အရမ်းအဖြစ်များတဲ့ ရောဂါတွေထဲ မပါပါဘူး။ ဒါပေမယ့် ဖြစ်ရင်လည်း အသက်အန္တရာယ်ရှိလို့ အရေးကြီးပါတယ်။ အချိန်မှီသိပြီးကုသမှုခံယူရင် လုံးဝပျောက်ကင်းအောင်ကုသလို့ရတဲ့ ရောဂါပါ။ အများအားဖြင့် သုံးလကနေ တစ်နှစ်အတွင်းကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဘယ်လိုဖြစ်တာလဲ ??ပုံမှန်ရွေ့လျားနေတဲ့ အူတစ်စိတ်တပိုင်းက အကြောင်းတစ်ခုခုကြောင့် လှုပ်လျားမှုကမောက်ကမဖြစ်ပြီးနောက် အူတစ်ပိုင်းထဲကို ကျန်အူက တယ်လီစကုပ်လိုမျိုး စွပ်ဝင်သွားတာပါ။ အဲဒီ့စွပ်ဝင်သွားတဲ့ အူရဲ့ သွေးလည်ပတ်မှု နည်းလာပြီး အူနံရံတွေက တဖြည်းဖြည်းဖေါင်းလာပြီးနောက်ဆုံးမှာ အူပိတ်သွားတာပါ။ ဖြစ်ရတဲ့အကြောင်းအရင်း အများအားဖြင့် သေချာမသိပါဘူး။ တချို့ကလေးတွေမှာတော့ ဝမ်းလျော၊ ဖျားနာပြီးစ အချိန်တွေမှာ ဖြစ်တတ်ပါတယ်။ အများအားဖြင့် သုံးသပ်ကြတာကတော့ အူနားမှာရှိတဲ့ အကြိတ်လေးတွေရောင်လာပြီး အူနံရံကိုဖိလို့ပါ။ အရေးကြီးတာတစ်ခုက ကလေးကို (၆)လမပြည့်ခင်အစာကျွေးတာနဲ့ အူစွပ်တာပါ။ (၆)လမပြည့်ခင် ကလေးရဲ့အူနံရံတွေက အစာကိုကောင်းကောင်းမစုပ်နိုင်သေးပါဘူး။ အဲ့ဒီအချိန်မှာ တခြားအစာတွေကျွေးရင် အူတွေ၊ - [သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ Cervical Cancer( April, 2022 )](https://www.telekyanmar.org/cervical-cancer/) - သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ သားအိမ်ခေါင်းကင်ဆာဟာ ၂၀၂၁ခုနှစ် စစ်တမ်းများအရ ကမ္ဘာပေါ်ရှိ အမျိုးသမီးများတွင် တတိယအဖြစ်အများဆုံးသော ကင်ဆာဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသေအပျောက်များသော ကင်ဆာများတွင်တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဆိုရရင် အမျိုးသမီးအားလုံးဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။ အသက်၃၀ကျော်လာရင် အဖြစ်ပိုများပါတယ်။ ????သားအိမ်ခေါင်းကင်ဆာ ဘာလို့ဖြစ်တာပါလဲ? သားအိမ်ခေါင်းကင်ဆာဟာ Human Papilloma Virus (HPV) လို့ခေါ်တဲ့ virus တစ်မျိုး ကြာရှည်ရှိနေခြင်းကနေ ဖြစ်စေပါတယ်။ အဲဒီ virusဟာ လူတစ်ယောက်ကနေ တယောက်ကို လိင်ဆက်ဆံရာကနေ ကူးစက်နိုင်ပါတယ်။ လိင်ဆက်ဆံမှုများသူများရဲ့ တစ်၀က်လောက်မှာ ပိုးရှိတတ်ပြီး၊ အဲ့ထဲကမှ အမျိုးသမီးတချို့က သားအိမ်ခေါင်းကင်ဆာ ဖြစ်ပြီး၊ အမျိုးသားတွေမှာတော့ လိင်တံထိပ်မှာ ကင်ဆာဖြစ်ပါတယ်။ ????ဘယ်သူတွေမှာ ဖြစ်နိုင်ပါသလဲ? ကိုယ်တိုင်က လိင်ဆက်ဆံမှုများရင်ဖြစ်စေ၊ လိင်ဆက်ဆံမှုများသော အဖော်နဲ့ ဆက်ဆံမိရင် ဖြစ်စေပိုး၀င်နိုင်ပါတယ်။ ထိုမှတစ်ဆင့် - [နှလုံးခုန် စည်းချက်မမှန်ခြင်း Atrial Fibrillation ( April, 2022 )](https://www.telekyanmar.org/atrial-fibrillation/) - နှလုံးခုန် စည်းချက်မမှန်ခြင်း ( Atrial Fibrillation ) နှလုံးခုန် စည်းချက်မမှန်တဲ့ရောဂါတွေထဲမှာ Atrial Fibrillation ( A Fib )ဟာ အင်မတန်မှအတွေ့ရများတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါရဲ့ အဆိုးဆုံး နောက်ဆက်တွဲဆိုးကျိုးတွေကတော့(၁) လေဖြတ်ခြင်း နဲ့(၂) နှလုံးညှစ်အားနည်းခြင်း/ နှလုံးအားနည်းခြင်း ( Heart Failure )တို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့် လေဖြတ်ရတာလဲ ?? နှလုံခုန်စည်းချက်မမှန်ခြင်း ( A Fib )ကြောင့် နှလုံးရဲ့အခန်းတစ်နေရာမှာ သွေးခဲလေးတွေ ဖြစ်ပေါ်လာပါတယ်။ ဒီသွေးခဲလေးတွေဟာ နှလုံးထဲကနေပြုတ်ထွက်ပြီး ဦးနှောက်ရဲ့သွေးကြောတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုတဲ့သွေးကြောတွေကို သွားပိတ်မိတဲ့အခါမှာ လေဖြတ်ပါတော့တယ်။ ဦးနှောက်သွေးကြော နှစ်ခု သုံးခုကို သွားပိတ်နိုင်တာကြောင့် ၊ ( A Fib )ကြောင့်ဖြစ်တဲ့လေဖြတ်ခြင်းဟာ - [နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ( April, 2022 )](https://www.telekyanmar.org/ear-problems/) - နားထဲရေ၀င်ပြီး နားအူခြင်း ၊ နားပြည်ယိုခြင်း နှင့် နားမှိုစွဲခြင်း ဘယ်အချိန်တွေမှာ (သို့) ဘာလုပ်ရင် ဖြစ်တတ်ပါ သလဲ?️???? အဓိကကတော့ နားထဲ ပိုး၀င်သွားလို့ပါ။ ဘာကြောင့်ပိုး၀င်လဲဆိုတော့ မသန့်တဲ့ရေတွေ နားထဲ၀င်တာနဲ့ နား​ကလော် နားကြပ်တာတွေ၊ ရေကူးတဲ့သူတွေ (swimmer's ear)၊ ရေလွှာလှိုင်းစီးတဲ့သူတွေမှာ ( surfer's ear) အဖြစ်များပါတယ်။ ကလိုရင်း ခပ်ထားတဲ့ရေက ဆားငံရေထက်နားကို ပိုထိခိုက်စေပါတယ်။ ရာသီဥတု ပူပြီး စိုထိုင်းထိုင်းဆိုရင်လည်း ပိုဖြစ်ပါတယ်။ ဘာလို့ဖြစ်တာပါလဲ????? နားစည်အပြင်ဘက်ခြမ်း နားအတွင်း (external acoustic canal)ထဲ၀င်သွားတဲ့ ရေ‌တွေဟာ ပြန်ထွက်ရမယ့်အပေါက်ကနေ အလွယ်တကူ မထွက်နိုင်တဲ့အခါ ရေ၀ပ်ပြီး ပိုးပေါက်တာ၊ ရောင်တာတွေဖြစ်စေတာပါ။ အဓိကကတော့ ဘက်တီရီးယားပိုးတွေ၊ မှိုတွေ၊ နဖားချေးကလော်တာ နားကြပ်တာကြောင့် ဖြစ်တတ်ပါတယ်။ နားစည်အပြင်ဘက်ခြမ်း - [နို့တိုက်မိခင်များတွင်ဖြစ်လေ့ရှိသော နို့ခဲခြင်းနှင့် နို့ပြည်တည်နာ ( April, 2022 )](https://www.telekyanmar.org/breast-abscess/) - နို့တိုက်မိခင်များတွင်ဖြစ်လေ့ရှိသော နို့ခဲခြင်းနှင့် နို့ပြည်တည်နာ နို့တိုက်မိခင်တွေမှာ အထူးသဖြင့် သားဦးကလေးတွေမှာ နို့ခဲခြင်းနဲ့ နို့ပြည်တည်နာရောဂါဟာ အင်မတန်အဖြစ်များပါတယ်။ နို့ခဲခြင်းကတော့ နို့ထွက်များတဲ့ မိခင်တွေ၊ ကလေးကို နည်းစနစ်တကျနို့မတိုက်တဲ့ မိခင်တွေ၊ နို့တိုက်နည်းတဲ့ မိခင်တွေမှာ နို့အုံထဲ နို့များနေပြီး နို့ချောင်းပိတ်ရာကနေ ဖြစ်ပါတယ်။ နို့ပြည်တည်နာ ကတော့ နို့ခဲတာကို သေချာဂရုမစိုက်ရာကနေ နို့သီးခေါင်းအကွဲရှိသူတွေ( crack nipple)မှာ ကလေးပါးစပ်တွင်းမှ ပိုးများ၀င်ရောက်ပြီး နို့ရောင်ခြင်း( mastitis) ဖြစ်ပွားပြီး၊ ထို့နောက်တွင်မှ နို့ပြည်တည်နာအဖြစ်ကူးပြောင်းသွားခြင်းဖြစ်ပါတယ်။ ❓ဘယ်လိုလူတွေမှာ အဖြစ်များသလဲ ဘယ်လိုမိခင်တွေမှာ အဖြစ်များလဲဆိုတာကတော့ အပေါ်မှာဆွေးနွေးခဲ့သလို နို့ထွက်များတဲ့ မိခင်တွေ၊ကလေးကို နည်းစနစ်တကျနို့မတိုက်တဲ့ မိခင်တွေ၊ နို့တိုက်နည်းတဲ့ မိခင်တွေမှာ အဖြစ်များပါတယ်။ နို့ခဲတာကို ဂရုတစိုက်သေချာမချေခဲ့ရင် ၊ ပိုး၀င်ရင် နို့ရောင်ပါတယ်။ နို့ရောင်တာကို ၄၈နာရီအတွင်းသေချာဂရုတစိုက်မကုသရင် နို့ပြည်တည်နာအဖြစ်ကူးပြောင်းနိုင်ပါတယ်။ - ["စိတ်ကျရောဂါ ဂရုစိုက်ပါ"Depression (April, 2022)](https://www.telekyanmar.org/depression-april-2022/) - "စိတ်ကျရောဂါ ဂရုစိုက်ပါ" လက်ရှိခေတ်ရဲ့ အနေအထားအရ နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ စိတ်ကျရောဂါခံစားရသူ ဦးရေဟာ များပြားလာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ ဒီတော်လှန်ရေးကာလမှာ ဖြစ်ပွားမှုနှုန်း ပိုများလာပါတယ်။ ကမ္ဘာမှာ အမျိုးသမီး ၄ ယောက်မှာ တစ်ယောက်/ အမျိုးသား ၆ ယောက်မှာ တစ်ယောက်ဟာ သူ့သက်တမ်းမှာ စိတ်ကျရောဂါခံစားရနိုင်ခြေရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် ‌အဖြစ်များလာတဲ့ စိတ်ကျရောဂါနဲ့ပတ်သက်ပြီး ဆွေးနွေးတင်ပြလိုက်ရပါတယ်။ ????စိတ်ကျရောဂါဆိုတာ ဘာလဲ? လူအများစု နိစ္စဓူဝကြုံတွေ့နေရတဲ့ ခဏတစ်ဖြုတ် ၀မ်းနည်းတာ၊ မပျော်တာ၊ စိတ်ဓါတ်ကျတာဟာ စိတ်ကျရောဂါနဲ့ မတူပါဘူး။ အဲတာကိုလည်း စိတ်ကျရောဂါလို့ မခေါ်ပါဘူး။ စိတ်ကျရောဂါဆိုတာဟာ အမှန်တကယ်ကို ရောဂါအမျိုးအစားတစ်ခုပါ။ စိတ်ရော၊ ခန္ဓာကိုယ်ပါ ထိခိုက်စေပါတယ်။ အဲဒီ့ စိတ်ကျရောဂါကြောင့် အလုပ်လုပ်ဖို့ စွမ်းအင်တွေ လျော့နည်းလာမယ်၊ အဖော်နဲ့ - [ခြေစွယ်ငုပ်ခြင်း Ingrown Toenail ( April, 2022 )](https://www.telekyanmar.org/ingrown-toenail/) - ခြေစွယ်ငုပ်ခြင်း ခြေစွယ်ငုပ်ခြင်းဟာ ခုနောက်ပိုင်း ရှူးဖိနပ်တွေ စီးတဲ့ ‌ခေတ်ပိုင်းတွေမှာ ပိုအဖြစ်များလာပါတယ်။ အဓိကကတော့ ခြေသည်းညှပ်တဲ့ပုံစံမှားယွင်းလို့ ခြေသည်းက အသားထဲစိုက်၀င်ရာကနေ ခဏခဏနာ၊ ရောင် ၊ ပိုး၀င်ပြီး ပြည်တည်တဲ့အထိဖြစ်လာတတ်ပါတယ်။ အဲလိုပိုး၀င်တဲ့အခါ အနာဆုံးပါ။ ✅ခြေသည်းညှပ်နည်း ခြေသည်းညှပ်ရာမှာ ခြေသည်းထောင့်တွေကို ပုံပါအတိုင်း ထောင့်ကျကျညှပ်ရမယ်၊ ဘေးထောင့်က ခြေထောက်အသားကိုကျော်အောင် အရှည်ထားပြီးညှပ်ရမှာ ဖြစ်ပါတယ်။ ခြေသည်းအသားကို ကျော်အောင်မညှပ်ရင် ခြေသည်းရှည်လာတဲ့အခါ‌ ထောင့်ကအသားထဲ စိုက်၀င်ပြီးခြေစွယ်ငုပ်ပါတယ်။ ဝိုက်ဝိုက်ကလေးလည်း မညှပ်ရပါ။ ထောင့်ကျကျ ပုံပါအတိုင်း ညှပ်ဖို့လိုပါတယ်။ ခြေသည်းလက်သည်းညှပ်ရင် ရေချိုးပြီးကာစ ခြေသည်းလက်သည်းပျော့ပျောင်းချိန်မှာ ညှပ်တာ ပိုအဆင်ပြေပါတယ်။ ခြေသည်းထောင့်တွေကို အချွန်တွေနဲ့ ခဏခဏ မကလော်ရပါ။ ခိုက်မိ/သွေးထွက်ပြီး ပိုး၀င်ရင် ပြည်တည်နိုင်ပါတယ်။ အထူးသဖြင့် ဆီးချိုသမားများ မနာဘူးဆိုပြီး ခြေထောက်တအား မကလိရပါ။ သူများထက်လည်း - [နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း Epistaxis ( May, 2022 )](https://www.telekyanmar.org/epistaxis-may-2022/) - နှာခေါင်းသွေးလျှံခြင်း/နှာခေါင်းသွေးယိုခြင်း ❓ဘာကြောင့် နှာခေါင်းသွေးယို/လျှံကြတာပါလဲ နှာခေါင်း သွေးယိုခြင်းသည် ထိပ်ကပ်နာရှိသူများတွင် ပိုး၀င်၍သော်လည်းကောင်း၊ နှာခေါင်းခဏခဏနှိုက်ခြင်း ကြောင့်သော်လည်းကောင်း၊ နှပ်ခဏခဏ ညှစ်၍သော်လည်းကောင်း၊ အပူအအေးပြောင်းလဲလျင်သော်လည်းကောင်း၊ သွေးတိုးလျင်သော်လည်းကောင်း၊ နှာခေါင်းတွင်းကင်ဆာအမျိုးမျိုး၊ သွေးကြောထုံးအကြိတ်တို့ကြောင့် ဖြစ်တတ်ပါတယ်။ ❓နှာခေါင်းသွေးယို/လျှံရင် အရေးကြီးပါသလား၊ ဘယ်လိုဖြစ်တတ်ပါသလဲ နှာခေါင်းသွေးယိုခြင်းကို ရုတ်တရက် နှာခေါင်းပေါက်တစ်ဖက်မှ ယိုစီးလာတာကို စခံစားရတတ်ပါတယ်။ နှစ်ဘက်လုံးလဲ ယိုနိုင်ပါတယ်။ နှာခေါင်းသွေးယိုခြင်းက တစ်ခါ၊ နှစ်ခါလောက် ယိုလိုက်တိတ်လိုက်ဖြစ်တတ်သလို တစ်ပတ်အတွင်းမှာ ကြိမ်ဖန်များစွာလည်း ဖြစ်ပေါ်တတ်ပါတယ်။ နှာခေါင်းသွေးယိုခြင်းဟာ သွေးပမာဏ အနည်းငယ်သာ ဆုံးရှုံးတတ်ပီး အသက်အရွယ်မရွေးခံစားရနိုင်ပါတယ်(ကလေးငယ်တွေမှာ ဖြစ်ပွားနှုန်း ၂ဆပိုများပါတယ်)။ အများအားဖြင့်တော့ အရေးမကြီးပါ။ ဆေးခန်းမသွားဘဲ အဆင်ပြေလေ့ရှိပါတယ်။ဒါပေမယ့် သွေးကျဲဆေးသောက်နေသူတွေ( aspirin)၊ သွေးရောဂါရှိသူတွေ( hemophilia)၊ ပြင်းပြင်းထန်ထန် ယာဉ်တိုက်မှုဖြစ်ပြီး နှာခေါင်းသွေးလျှံသူတွေမှာတော့ အရေးကြီးပါတယ်။ ❓နှာခေါင်းသွေးယိုရင် ဘာလုပ်ရမလဲ ဘာကြောင့်ပဲ - [ကလေးငယ်များဖျားပြီး တက်ခြင်း Febrile Convulsion ( May, 2022 )](https://www.telekyanmar.org/febrile-convulsion-may-2022/) - ကလေးငယ်များဖျားပြီး တက်ခြင်း မိမိကလေးငယ်ဖျားပြီးတက်နေရင် စိတ်ပူရတဲ့မေမေဖေဖေတို့အတွက် ဖျားပြီးတက်တဲ့ febrile convulsion အကြောင်းလေးတင်ပြလိုက်ပါတယ်။ ❓ဖျားပြီးတက်တာ ဘယ်လိုကလေးငယ်တွေမှာဖြစ်တတ်တာလဲ များသောအားဖြင့် ၆လအရွယ်မှ၆နှစ်အရွယ်အထိကလေးငယ်တွေ သားယောင်္ကျားလေးတွေမှာအဖြစ်များပါတယ် မေမေဖေဖေတို့ငယ်ငယ်တုန်းကလည်း ထိုနည်းတူစွာဖျားပြီးတက်ခဲ့တဲ့ရာဇဝင်ကို တွေ့လေ့ရှိပါတယ် ❓ဘယ်လိုအဖျားမျိုးကတက်စေတာလဲ ဖွံဖြိုးဆဲဖြစ်တဲ့ကလေးရဲ့ဦးနှောက်က အဖျားတက်တာကို တုံ့ပြန်မှုလွန်ကဲတာကြောင့် တက်တာပါ။ အများအားဖြင့် အဖျား 100°Fကျော်တဲ့အခါ (သို့) ရုတ်တရက် အဖျားတက်တဲ့အခါမျိုးမှာ တက်တတ်ပါတယ်။ ရာသီတုပ်ကွေးအပါအဝင် virusတော်တော်များများကြောင့် အဖျားတက်တဲ့အခါ ဖြစ်နိုင်ပါတယ်။ ❓ဘယ်လိုပုံစံမျိုးတက်တာက ရိုးရိုးဖျားပြီးတက်တာလဲ စပြီးဖျားတဲ့ ပထမ(၂၄)နာရီအတွင်း ကလေးအပူမြင့်ချိန်မှာ တက်တာပါ။ ပုံမှန် အားဖြင့်တစ်ကြိမ်ပဲတက်လေ့ရှိပြီး တစ်ကိုယ်လုံးတက်သွားတာပါ။ ကြာချိန်က အများအားဖြင့် မိနစ်ပိုင်းပါပဲ။ ( ရှားရှားပါးပါးတစ်ခါတရံ ၁၅မိနစ်လောက်အထိတော့ ဖြစ်တတ်ပါတယ် ) တက်ပြီးသွားရင်လည်း ကလေးက လန်းလန်းဆန်းဆန်းပဲ ပြန်ဆော့ကစားနိုင်ပါတယ်။ ❓ကလေးကဖျားပြီးတက်တော့ နောက်ပြန်ဖြစ်မှာလား၊ - [ဗောက်ထခြင်းအကြောင်း သိကောင်းစရာ Dandruff ( May, 2022 )](https://www.telekyanmar.org/dandruff-may-2022/) - ဗောက်ထခြင်းအကြောင်း သိကောင်းစရာ ❓ဗောက်ထတယ်ဆိုတာ ဘာလဲ လူ့ခန္ဓာကိုယ်မှာ epidermis လို့ခေါ်တဲ့ အရေပြားရဲ့ အပေါ်ဆုံးအလွှာက ဆဲလ်အသေ(dead cells)တွေဟာ တစ်လတစ်ခါ ပုံမှန် မသိမသာကွာကျလေ့ရှိပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဦးရေပြားမှာလဲ ထိုနည်းတူပါပဲ။ ဒါပေမယ့် ဦးရေပြားက dead cells တွေ ပုံမှန်ထက် ပိုကွာကျလာတဲ့အခါ ဗောက်ထခြင်းဆိုတာ ဖြစ်လာပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်လောက်ဟာ သိသိသာသာ ဗောက်ထတတ်ကြပါတယ်။ ❓ဗောက်ထခြင်းက အန္တရာယ်ရှိသလား ဗောက်ထခြင်းက အဖြစ်များတဲ့ သာမာန်ဖြစ်စဥ် တစ်ခုဖြစ်ပြီးတော့ ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး ။ လူတိုင်း အတိုင်းအတာတစ်ခုထိ ဗောက်ထတတ်ကြပြီး တစ်ချို့တွေက အနက်ရောင်အဝတ်အစားဝတ်တဲ့အခါ အဝတ်ပေါ်မှာ ဗောက်တွေကျနေတာကို မြင်ပြီးတော့မှ ဗောက်ထနေတာကို သတိထားမိတတ်ကြတာမျိုးပါ။ ဗောက်ထခြင်းက ကူးလည်းမကူးစက်နိုင်သလို ထိပ်ပြောင်ခြင်းကိုလည်း မဖြစ်စေနိုင်ပါဘူး။ ဗောက်ထခြင်းကြောင့် - [ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine ( May,2022 )](https://www.telekyanmar.org/migraine-may2022/) - ခေါင်းတစ်ခြမ်းကိုက်ခြင်း????(Migraine) လူ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်.... ❓Migraine ကဘယ်သူတွေမှာ ဖြစ်တတ်တာလဲ - များသောအားဖြင့် အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပြီး- အသက် (၂၀) နဲ့ (၅၀)ကြားမှာလက္ခဏာပိုပြတတ်ပါတယ်- မျိုးရိုးလည်းလိုက်တတ်ပါတယ် ❓ဘယ်လိုလက္ခဏာတွေပြတာက Migraine လို့ပြောလို့ရလဲ ခေါင်းမကိုက်ခင်ဖြစ်တတ်တဲ့ ( Aura )ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့ - ပျို့အန်တာ- အမြင်အာရုံမှာ တဖျတ်ဖျတ်လင်းခနဲဖြစ်တာ ၊ zigzag line တွေပေါ်လာတာ၊ အလင်းစူးတာ- လျှာလေး အာလေးသွားတာ- ခြေတွေလက်တွေလေးသွားတာ၊ တက်သွားတာစသည်ရှိတတ်ပါတယ်။ auraရဲ့ကြာချိန်ကတော့ (၁၅)မိနစ်ကနေ နာရီဝက်လောက်ကြာတတ်ပါတယ်။(Common Migraine အမျိုးအစားမှာတော့ဒီလိုရှေ့ပြေးလက္ခဏာများ မရှိတတ်ပါဘူး) ❓ဘယ်လိုပုံစံနဲ့ ခေါင်းတစ်ခြမ်းကိုက်တာလဲ - ခေါင်းကိုက်တဲ့ပုံစံကတော့ ထိုးထိုးပြီးကိုက်တာပါ- ကြာချိန်ကတော့ (၄)နာရီကနေ (၃)ရက်လောက်အထိကြာတတ်ပါတယ်- ခဏခဏလည်းပြန်ဖြစ်ပါတယ် - [ထိပ်ကပ်နာ Sinusitis ( May, 2022 )](https://www.telekyanmar.org/sinusitis-may-2022/) - ထိပ်ကပ်နာ (Sinusitis) ထိပ်ကပ်နာ (ခေါ်) Sinuses ရောင်ခြင်းဆိုတာဘာလဲ မပြောခင်....Sinusesဆိုတာ ဘာလဲ ၊ ဘာတွေလုပ်ပေးတာလဲ ၊ ဘယ်နေရာမှာရှိတာလဲဆိုတဲ့အကြောင်းလေး အရင်ဆုံးပြောချင်ပါတယ်။ Sinuses ဆိုတာဟာ ဦးခေါင်းခွံအတွင်းက အမှေးပါးလေးတွေအုပ်ထားတဲ့ ဂလိုင်ပေါက်လေးတွေဖြစ်ပြီး ၊ နှာခေါင်းကိုစ်ိုစွတ်အောင် အချွဲရည် (mucous) တွေထုတ်ပေးပါတယ်။ sinuses ရှိတဲ့နေရာတွေကတော့ Frontal sinuses ( မျက်လုံးအပေါ်ပိုင်းရှိ နဖူး ) Ethmoidal sinuses ( မျက်လုံးနှစ်လုံးကြား ) Maxillary sinuses ( နှာခေါင်းဘေးနှစ်ဖက် ) Sphenoidal sinuses ( နှာခေါင်းအနောက် မျက်လုံးကြား ) မှာရှိပါတယ်။ အဲဒီ့ Sinuses လေးတွေရောင်ပြီး အရည်တွေနဲ့ပိတ်သွားတဲ့အခါ ထိပ်ကပ်နာ (Sinusitis)လို့ခေါ်လိုက်ပါတယ်။ ❓Sinuses - [ခြေထောက်သွေးပြန်​ကြော သွေးခဲခြင်း Deep Vein Thrombosis ( May, 2022 )](https://www.telekyanmar.org/deep-vein-thrombosis-may-2022/) - ခြေထောက်သွေးပြန်​ကြော သွေးခဲခြင်း (Deep Vein Thrombosis) DVTဆိုတာမပြောခင် အရင်ဆုံးတော့ သွေးပြန်ကြော(Vein)ရဲ့ပုံမှန်အလုပ်လုပ်ပုံလေး သိထားသင့်ပါတယ်။ သွေးပြန်ကြောဟာ သူ့နာမည်အတိုင်း ခန္ဓာကိုယ်အနှံ့ကသွေးတွေကို နှလုံးထဲပြန်ရောက်အောင် သယ်ပေးတာပါ။ သွေးပုံမှန်စီးဆင်းနေပြီး သွေးမခဲသွားအောင် သွေးပြန်ကြောဘေးတလျောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ညှစ်အားနဲ့ ပြန်ကြောအတွင်းရှိအဆို့ရှင်(Valves)လေးတွေက ကူညီပေးကြပါတယ်။ ❓ဘယ်လိုအချိန်မှာသွေးခဲမှာလဲ အကြောင်းအမျိုးမျိုးကြောင့် သွေးလည်ပတ်မှုပျက်သွားရင်တော့ သွေးခဲခြင်း(thrombosis)ဖြစ်ပါတယ်။ခြေသလုံးအတွင်းရှိသွေးပြန်ကြောအတွင်း သွေးခဲခဲ့ရင်တော့ Deep vein thrombosis လို့ခေါ်ပါတယ်။ ❓ဘယ်လိုလူတွေမှာဖြစ်တတ်လဲ - ခြေထောက်လှုပ်ရှားမှုနည်းတဲ့သူ( လတ်တလော အကြီးစားခွဲစိတ်ခံထားရသူ၊ တင်ပဆုံပတ်လည်ခွဲစိတ်ခံထားရသူ၊ ကုတင်ပေါ်မှာအကြာကြီးလှဲနေရသူ၊ လေယာဥ်အကြာကြီးစီးထားသူ )- အသက်ကြီးသူ- အဝလွန်သူ- ကိုယ်ဝန်တားဆေး၊ oestrogen ဟော်မုန်းသောက်နေရသူ- ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးခါစအချိန်- ဆေးလိပ်သောက်သူ- ရေဓာတ်ခန်းခြောက်သူ- ရောဂါအခံရှိသူ( ကင်ဆာ၊ နှလုံးအားနည်းရောဂါ )- ခြေထောက်သွေးကြောထုံး(varicose vein) ရှိသူ- သွေး​ခဲလွန်ရောဂါ - [မျောက်ကျောက်ရောဂါ Update on Monkeypox Virus Infection (May,2022)](https://www.telekyanmar.org/update-on-monkeypox-virus-infection-30-5-2022/) - ???? မျောက်ကျောက်ရောဂါ နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးနှိုးဆော်ခြင်း (၃၀-၅-၂၀၂၂) ???? မျောက်ကျောက်ရောဂါ (Monkeypox Virus Infection) သည် တိရစ္ဆာန်များမှတစ်ဆင့် သယ်ဆောင်လာသည့် ဗိုင်းရပ်စ်ပိုး Orthopoxvirus က လူသို့ ကူးစက်ရာမှ ဖြစ်ပွားသော ကျောက်ရောဂါတစ်မျိုး ဖြစ်ပါသည်။ မျောက်ကျောက်ရောဂါသည် ယခင်က အာဖရိကနိုင်ငံများတွင်သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ ယခင်မဖြစ်ဘူးသော အာဖရိကပြင်ပနိုင်ငံများထိ ကူးစက်ဖြစ်ပွားလာနေသည်ကို တွေ့ရှိရပါသည်။ ယခုအချိန်ထိ မြန်မာနိုင်ငံတွင် မျောက်ကျောက်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိရသေးသော်လည်း နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ခရီးသွားလာမှုများကြောင့် ရောဂါဖြစ်ပွားနေသောနိုင်ငံများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာနိုင်ခြေလည်း ရှိပါသည်။ သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ စိုးရိမ်မှုလွန်ကဲရန် မလိုသော်လည်း NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော မျောက်ကျောက်ရောဂါဆိုင်ရာ ထုတ်ပြန်ချက်များ၊ ရောဂါ ကူးစက်ပုံများ၊ ရောဂါလက္ခဏာများနှင့် ရောဂါကာကွယ်ရေး - [ဂရုပြုစရာ စိတ်ကြွစိတ်ကျရောဂါ BIPOLAR AFFECTIVE DISORDER (June, 2022 )](https://www.telekyanmar.org/bipolar-affective-disorder-june-2022/) - ဂရုပြုစရာ စိတ်ကြွစိတ်ကျရောဂါ (BIPOLAR AFFECTIVE DISORDER) ❓ Bipolar disorder ဆိုတာဘာလဲ ???? စိတ်ကြွစိတ်ကျရောဂါ (Bipolar disorder) ဆိုတာ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့ Mood disorder တစ်မျိုးဖြစ်ပြီး စိတ်ကြွနေတဲ့အချိန် (Mania) နဲ့ စိတ်ကျနေတဲ့အချိန် (Depression) ဆိုပြီး အစွန်းနှစ်ဖက် ရှိလို့ Bipolar disorder လို့ ခေါ်ဆိုပါတယ်။ စိတ်ကြွစိတ်ကျရောဂါ (Bipolar disorder) ဟာ ကုသမှုမခံယူရင် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်မှု (Suicide)ပြုလုပ်နိုင်တဲ့အထိ နောက်ဆက်တွဲဆိုးကျိုးများလှတဲ့ အထူးတလည် ဂရုပြုရမယ့် ပြင်းထန်စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Bipolar disorder ရှိတဲ့သူတွေဟာ တီထွင်ဖန်တီးနိုင်စွမ်း အလွန်ကောင်းတဲ့လူတွေဖြစ်နိုင်ကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ❓ Bipolar Disorder ဘယ်လောက်အဖြစ်များသလဲ လူတစ်ဦးရဲ့ ဘဝသက်တမ်းမှာ - [ပန်းနာရင်ကြပ်ရောဂါ Asthma(June,2022)](https://www.telekyanmar.org/ပန်းနာရင်ကြပ်ရောဂါ-asthma/) - ပန်းနာရင်ကြပ်ရောဂါ (Asthma) ❓ပန်းနာရင်ကြပ်ဆိုတာဘာလဲ ပန်းနာရင်ကြပ်ခြင်းဆိုတာဟာ သူများတွေထက်မိမိတို့ရဲ့လေပြွန်(bronchus)က ပိုတုန့်ပြန်မှုအားကောင်းပြီး ယာယီကျဥ်းသွားတာပါ ကျဥ်းသွားတယ်ဆိုတာဟာ (၁) လေပြွန်ရောင်ခြင်း (၂) လေပြွန်ပတ်လည်ရှိ ကြွက်သားညှစ်ထားခြင်း (၃) လေပြွန်အတွင်း အချွဲ(mucous) များနေခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ❓ဘယ်လိုအရာတွေက လေပြွန်ကျဥ်းတာကိုလှုံ့ဆော်ပေးတာလဲ ဓာတ်မတည့်ခြင်း (ဖုန်မှုန့်၊ ပိုလန်၊ မှို) အလုပ်လုပ်ရာတွင် အိမ်သုတ်ဆေး၊ ဖျန်းဆေး၊ ဓာတုဆေးဝါး တို့နဲ့ထိတွေ့ခြင်း၊ ရှူမိခြင်း ဆေးလိပ်ငွေ့နှင့် အခြားသောအငွေ့များ(ခြင်ဆေး၊သစ်ရွက်မီးရှို့ခြင်း၊ ဖယောင်းတိုင်) ရာသီဥတုအပြောင်းအလဲမြန်ခြင်း၊ အအေးမိခြင်း အေးတဲ့အချိန်တွင် အားကစားပြုလုပ်ခြင်း မတည့်သောအစာများ စားမိခြင်း(ပင်လယ်စာ၊ မြေပဲ)၊ ဆိုးဆေး၊ ရသာမှုန့်ပါသောအစာများစားမိခြင်း စိတ်ဖိစီးမှုများခြင်း အချို့သောဆေးများ(aspirin) တို့ကြောင့်ဖြစ်စေပါတယ်။ - ကလေးတွေမှာဆိုရင်တော့ မိသားစုမျိုးရိုးမှာလည်း ပန်းနာရင်ကြပ်ဖြစ်တဲ့ရာဇဝင်ရှိတတ်ပြီး နို့ပွေး၊ နှင်းခူ၊ မနက်မနက်နှာရည်ကျတာတွေနဲ့တွဲဖြစ်တတ်ပါတယ်။ ❓ရင်ကြပ်ခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ ရင်ဘတ်တင်းကြပ်ခြင်း - [ရေများနေတဲ့ ဦးခေါင်း Hydrocephalus ( June, 2022 )](https://www.telekyanmar.org/hydrocephalus-june-2022/) - လူတော်တော်များများ ဦးခေါင်းခွံကြီးပြီး ခေါင်းမထောင်နိုင်တဲ့ မွေးကင်းစလေးတွေ တွေ့ဖူးကြမယ်ထင်ပါတယ်။ ဒီရောဂါကိုတော့ Hydrocephalus လို့ခေါ်ပါတယ်။ Hydro ဆိုတာကတော့ “ရေ”ကိုဆိုလိုတာဖြစ်ပြီး Cephalus ဆိုတာကတော့ “ဦးခေါင်း”ကို ပြောတာပါ။ အကြမ်းဖျင်းဘာသာပြန်ရရင်တော့ ရေများနေတဲ့ ဦးခေါင်းလို့ ဆိုလိုတာပေါ့။ ဒီနေ့မှာတော့ ဒီ Hydrocephalus ဆိုတဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဗဟုသုတပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ဦးနှောက်မှာ ventricle လို့ခေါ်တဲ့ ဦးနှောက်အခန်းတွေ ရှိပါတယ်။ ပုံမှန်အားဖြင့် အဲ့ဒီအခန်းတွေနဲ့ ပင်မကျောရိုးတိုင်အတွင်းမှာ cerebrospinal fluid (CSF) လို့ခေါ်တဲ့ အရည်တမျိုး စီးဆင်းနေပါတယ်။ အဲ့ဒီအရည်လေးတွေ ပုံမှန်အတိုင်း စီးဆင်းနေရာကနေ အကြောင်းတစ်ခုခုကြောင့် မစီးဆင်းနိုင်တော့ဘဲ ဦးနှောက်အခန်းတွေအတွင်းမှာ ပိတ်ဆို့များပြားနေတဲ့အတွက် ဦးနှောက်ခန်းတွေ ကျယ်လာရပါတော့တယ်။ အဲ့ဒီရောဂါကို Hydrocephalusလို့ ခေါ်ပါတယ်။ ???? CSF - [Tetanus ( မေးခိုင်ရောဂါ ) ( June, 2022 )](https://www.telekyanmar.org/tetanus-june-2022/) - မေး - ဟိုတစ်ရက်က ဦးလေးဦးကျော်တစ်ယောက် ခြံထဲမှာ သံရိုက်နေရာကနေ အမှတ်တမဲ့ သံစူးသွားတယ်တဲ့။ တော်တော်နက်နက်စူးပြီး သွေးတွေအများကြီးထွက်တယ်လို့လည်း ကြားတယ်။ ဘာမှမဖြစ်ပါဘူးဆိုပြီး အမှုမဲ့ အမှတ်မဲ့နေရာကနေ တစ်ပတ်လောက်ကြာတော့ ပါးစပ်လည်းဖွင့်မရ တစ်ကိုယ်လုံးတောင့်သွားတယ်လို့ ပြောသံကြားတယ်။ အဲ့ဒါ ဘာဖြစ်တာလဲ မသိဘူးနော်။ ဖြေ - အဲ့ဒါ မေးခိုင်ပိုးဝင်တာလေ။ မေး - မေးခိုင်ဆိုတာဘာလဲ ? ဖြေ - ကဲ မသိသေးဘူးဆိုရင် မေးခိုင်ရောဂါအကြောင်းကို ပြောပြမယ်နော် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ❓မေးခိုင်ရောဂါဆိုတာဘာလဲ • မေးခိုင်ရောဂါဆိုတာကတော့ clostridium tetani လို့ခေါ်တဲ့ မေးခိုင် ဘက်တီးရီးယားပိုးကနေ ကူးစက်တတ်တဲ့ အသက်အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အဓိကကတော့ ရောဂါပိုးရှိတဲ့၊ မသန့်ရှင်းတဲ့ အရာဝတ္ထုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိပြီး အနာကနေတစ်ဆင့် ဖြစ်တတ်တဲ့ - [စားချဉ့်ပြန်ရောဂါ Gastro-Esophageal Reflux Disease ( GERD )( July, 2022 )](https://www.telekyanmar.org/gastro-esophageal-reflux-disease-gerd-စားချဉ့်ပြန်ရောဂ/) - “ စားချဉ့်ပြန်ရောဂါ " “အမလေး ရင်ပူလိုက်တာ” လို့ လူတိုင်း ညည်းဖူးကြမယ်ထင်ပါတယ်။ ဒါပေါ့ မာလာရှမ်းကောတွေ၊ အာလူးကြော်တွေ၊ ပူပူလောင်လောင် ဟော့ပေါ့တွေစားပြီးရင် တစ်ခါတလေ ရင်ထဲပူစပ်ပူလောင်တာလိုလို၊ အောင့်တောင့်တောင့် ဖြစ်နေတာမျိုးလေ။ လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အစာအိမ်ထဲကနေ အပူအစပ်တွေ၊ အက်ဆစ်တွေက အစာရေမျိုပြွန်အထိ ဆန်တက်လာလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါလို့နာမည်တပ်ရတဲ့အထိ ပမာဏများများတက်လာရင်တော့ မကောင်းပါဘူး။ ဒါကြောင့် ဒီနေ့မှာတော့ အပူအစပ်တွေ အရမ်းစားလွန်းတဲ့ ကိုကိုမမတို့အတွက် Gastroesophageal Reflux Disease (GERD) မြန်မာလိုဆိုရင်တော့ အစာအိမ် စားချဉ့်ပြန်ရာဂါလို့ခေါ်တဲ့ အစာအိမ်ရောဂါတစ်မျိုးအကြောင်း သိမှတ်ဖွယ် ဖော်ပြပေးလိုက်ပါတယ်။ စားချဉ့်ပြန်ရောဂါဆိုတာ ဘာလဲ? • အစာအိမ်က အက်ဆစ်တွေက အစာရေမျိုပြွန်ဆီကို ပြန်လျှံတက်တဲ့ ရောဂါကို ဆိုလိုတာပါ။• လူဦးရေရဲ့ (၅)%လောက်ကတော့ - [မြင်းခွာပုံ ကျောက်ကပ် Horse Shoe Kidney( July, 2022 )](https://www.telekyanmar.org/horse-shoe-kidney-july-2022/) - မြင်းခွာပုံ ကျောက်ကပ် ( Horse shoe kidney ) ကျောက်ကပ်၏အလုပ်? ကျောက်ကပ်သည် သွေးအတွင်းရှိ စွန့်ပစ်ရမည့်ပစ္စည်းများကို စွန့်ပစ် ၊ ပြန်စုပ်ယူရမည်တို့ကို ပြန်စုပ်ပေးပါသည်။ ခန္တာကိုယ်အတွက် အရေးပါသော ဓာတ်များကို ထိန်းညှိပေးပါသည်။ ခန္တာကိုယ်အတွက် မလိုအပ်တော့သည့်ရေနှင့်အညစ်အကြေးတို့ကို ဖယ်ရှားသန့်စင်ပေးပါသည်။ မြင်းခွာပုံကျောက်ကပ်ဆိုတာ ဘာလဲ? မြင်းခွာပုံကျောက်ကပ်ဆိုသည်မှာ မွေးရာပါရောဂါတစ်မျိုး ဖြစ်ပါသည်။ ကလေးငယ်သည် ကျောက်ကပ် ၂ လုံးသပ်သပ်စီပါရမည့်အစား ထို ၂ လုံးမှာ ဆက်နေပြီး မြင်းခွာပုံသဏ္ဏန်ရှိနေခြင်း ဖြစ်သည်။ ကျောက်ကပ်၏တည်နေရာသည် ခါးဘေးတစ်ဖက်တစ်ချက် ခန္တာကိုယ် အနောက်ပိုင်းတွင် တည်ရှိပါသည်။ မြင်းခွာပုံကျောက်ကပ်သည် ထိုနေရာတွင် မဟုတ်တော့ဘဲ တင်ပဆုံကွင်းအတွင်း ခန္တာကိုယ်အရှေ့ဘက်ပိုင်းတွင် ဖြစ်တည်ပါသည်။ ထိုရောဂါ ဘယ်လောက်အဖြစ်များတတ်သလဲ? အယောက် ၅၀၀ တွင် တစ်ယောက်သော ကလေးသည် - [ကလေးများ အကြားအာရုံချို့ယွင်းခြင်း Hearing Problem in Children ( July, 2022)](https://www.telekyanmar.org/hearing-problem-in-children-july-2022/) - ကလေးများ အကြားအာရုံချို့ယွင်းခြင်း ချစ်ရတဲ့ရင်သွေးငယ်‌တွေမှာ မွေးရာပါ (သို့) အကြောင်းတစ်ခုခုကြောင့် အကြားအာရုံဆုံးရှုံးတဲ့ ပြဿနာကို ကြုံတွေ့ရမယ်ဆိုရင် ဒါဟာမိဘတွေ အတွက် အတော်လေးကိုချောက်ချားစရာကိစ္စပါ။ မွေးရာပါဖြစ်လာတဲ့ပြဿနာအပြင် တချို့ကျ ကလေးမှာအဖြစ်များတဲ့ မကြာခဏနားပိုးဝင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ နားပြွန်ချောင်းအလယ်မှာ အရည်ပိတ်ဆို့ရင်းက‌နေ နားမကြားပြဿနာပါ ဆက်ဖြစ်တတ်တဲ့အတွက် မိဘတွေအနေနဲ့ ဒါကို ဂရုပြုသင့် သိထားသင့်ပါတယ်။ ဒါပေမယ့် အရမ်းတော့စိတ်မပူစေချင်တာက ဒီလိုပြဿနာကြုံလာရပြီဆိုလည်း ဒီနေ့ခေတ်မှာ ကလေးငယ်တွေအတွက် နည်းအမျိုးမျိုးနဲ့ကူညီပေးတဲ့အဖွဲ့အစည်းတွေ နည်းလမ်းတွေ ရှိလာပြီမို့လို့ ပုံမှန်ကလေးလိုကြီးပြင်းဖို့ အခွင့်အလမ်းတွေ အများကြီးရှိနေတယ် ဆိုတာပါပဲ။ အရင်ဆုံးအ‌နေနဲ့ ကလေးတစ်ယောက်ရဲ့ ပုံမှန် အကြားအာရုံ ဖွံ့ဖြိုးမှု ဖြစ်စဉ်လေးကို ရှင်းပြပါရစေ။ - တစ်လသားအရွယ်မှာ ရုတ်တရက်ကြားလိုက်ရတဲ့ အသံတွေကို သတိပြုမိတဲ့အရိပ်အယောင် ပြရပါမယ်။ ဒါပေမယ့် ဒါဟာသိမ်မွေ့လွန်းတာကြောင့် မိဘတွေအနေနဲ့ အကဲဖမ်းဖို့ခက်မယ်ထင်ပါတယ်။ - သုံးလသားအရွယ်လောက်လည်း - [အရေပြားလေးဘက်နာ Systemic Lupus Erythematosus (SLE)( July, 2022 )](https://www.telekyanmar.org/sle-july-2022/) - SLE (သို့) အရေပြားလေးဘက်နာ အရေပြားလေးဘက်နာရောဂါ ကို ဆေးပညာလို ( Systemic Lupus Erythematosus) လို့ ခေါ်ပြီး အတိုကောက်အနေနဲ့ SLE / Lupus လို့ မှတ်ထားနိုင်ပါတယ် ။ မိမိရဲ့ ခုခံကာကွယ်စနစ်က မိမိရဲ့ကိုယ်တွင်းဆဲလ်‌တွေကိုပြန်တိုက်နေလို့ ခုခံအားကမောက်ကမ ဖြစ်တဲ့ (Autoimmune disease) ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဖြစ်ရတဲ့ အကြောင်းအရင်း အကြောင်းရင်းကို တိတိပပ မသိရသေးပေမယ့် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်အခြေအနေ၊ ဟော်မုန်းတွေကြောင့်လို့ ယူဆကြပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပြီး အသက် ၁၅ နှစ် ကနေ ၄၄ နှစ်ကြားတွေမှာ ပိုတွေ့ရတတ်တယ်။ အမျိုးသားတွေမှာ SLE ဖြစ်တာ ရှား‌တော့ရှားပေမယ့် ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာများ အရွယ်ခပ်ငယ်ငယ်ထဲက လက္ခဏာ စ ပြတတ်ပြီး - [ခါးနာခြင်း ၊ ခါးကိုက်ခြင်း Backache ( August, 2022 )](https://www.telekyanmar.org/back-pain-august-2022/) - ခါးနာခြင်း ၊ ခါးကိုက်ခြင်း ( Backache ) ကျွန်တော်တို့လူသားတွေဟာ နေ့စဉ်နဲ့အမျှ သွားလာလှုပ်ရှား အလုပ်လုပ်နေရတတ်ပါတယ်။ ဒီလိုအလုပ် လုပ်တဲ့အခါ ပုံစံမမှန်တဲ့ ကိုယ်အနေအထားနဲ့ လုပ်ခဲ့ရင် ( ဒါမှမဟုတ် ) ကိုယ်ပုံစံအနေအထားတစ်မျိုးတည်းကို အချိန်အကြာကြီးလုပ်နေခဲ့ရရင် ကိုယ်ခန္ဓာမှာရှိတဲ့ ခြေလက် ၊ ကျောခါးများ နာကျင်လာတတ်ပါတယ်။ ဒါကြောင့် ခါးနာခြင်း၊ ခါးကိုက်ခြင်း အကြောင်းနဲ့ ဘယ်လိုလုပ်ရင် သက်သာမလဲ ဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ် ။ ???? ✳️ခါးနာခြင်း၊ ခါးကိုက်ခြင်း ( Backache) ဆိုတာ ဘာလဲ ? - ကျောဘက်ရှိ ကြွက်သားများ၊ အရွတ်များ အနည်းငယ်ဒဏ်ဖြစ်တဲ့အခါ ခါးနာခြင်း၊ ခါးကိုက်ခြင်း တို့ကိုဖြစ်စေပါတယ် ။- ဒါပေမယ့် တချို့သောအခြေအနေမှာ ခါးအရမ်းနာတယ်ဆိုရင် တခြားရောဂါကြောင့် (သို့မဟုတ်) ခါးရိုးဆစ်မှာ - [မပေါ့ဆသင့်သည့် နှလုံးအောင့်ခြင်း Angina ( August, 2022 )](https://www.telekyanmar.org/angina-august-2022/) - မပေါ့ဆသင့်သည့် နှလုံးအောင့်ခြင်း ( Angina ) ● နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးလည်ပတ်စီးဆင်းအောင် လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။● နှလုံးမှာ ရောဂါတစ်ခုခုဖြစ်လာခဲ့ရင် အသက်အန္တရာယ်ကိုပါ ဖြစ်စေတတ်ပါတယ် ။● ဒါ့ကြောင့် နှလုံးရောဂါမဖြစ်ခင် ရှေ့ပြေးနိမိတ်ကိုကြိုသိထားရ် ရောဂါအခြေအနေမဆိုးအောင် ကာကွယ်နိုင်ပြီး အသက်အန္တရာယ်လျော့ပါးသွားမှာဖြစ်ပါတယ်။● ဒီနေ့မှာတော့ နှလုံးနဲ့ပတ်သတ်ပြီး ရောဂါအမျိုးမျိုးရှိတဲ့အနက် နှလုံးသွေးကြောပိတ်ရောဂါရဲ့ ရှေ့ပြေးနိမိတ်ဖြစ်တဲ့ “ နှလုံးအောင့်ခြင်း” အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ ✅နှလုံးအောင့်ခြင်းဆိုတာဘာလဲ ? - နှလုံးအောင့်ခြင်းကိုဆေးပညာစကားအရ Angina လို့ခေါ်ပါတယ်။- နှလုံးရှိကြွက်သားများဟာ အောက်စီဂျင် အလုံအလောက်မရရှိတဲ့အတွက် နှလုံးအောင့်ခြင်းကိုဖြစ်စေပါတယ်။- နှလုံးဟာ စက္ကန့်နဲ့အမျှ ခန္ဓာကိုယ်တစ်ခုလုံးကိုသွေးပို့ပေးနေတဲ့ အစိတ်အပိုင်းဖြစ်သလို ၊ သူကိုယ်တိုင်အတွက်လည်း အာဟာရနှင့် အောက်စီဂျင်ရရှိနိုင်မယ့် ကိုယ်ပိုင်နှလုံးသွေးကြောတွေရှိပါတယ်။- အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် နှလုံးသွေးကြောတစ်ခုခုပိတ်သွားခဲ့ရင် နှလုံးဆီ - [ခြေဖနောင့်အရွတ်ရောင်ခြင်း Plantar Fasciitis (August, 2022)](https://www.telekyanmar.org/plantar-fasciitis-august-2022/) - ခြေဖနောင့်အရွတ်ရောင်ခြင်း (Plantar Fasciitis) ခြေဖနောင့်အရွတ်ရောင်တာဟာ ခြေ‌ဖနောင့်နာရတဲ့အဖြစ်အများဆုံး အကြောင်းရင်းပါ။ ခြေဖနောင့်နဲ့ ခြေချောင်းအရိုးလေးတွေကြား ဆက်သွယ်ထားတဲ့ အရွတ်ရောင်တာပါ။ ဘယ်လိုခံစားရပါလဲ? အများအားဖြင့် စူးစူးပြီးနာပါတယ်။ ဖနောင့်နား ခြေဖဝါးကပါ။ မနက်နိုးနိုးချင်း စလှမ်းတဲ့ ပထမဆုံးခြေလှမ်းမှာ နာလေ့ရှိပါတယ်။ နောက်ပိုင်း ထပြီး လှုပ်ရှားသွားလာရင်တော့ တဖြည်းဖြည်းသက်သာလာလေ့ရှိပါတယ်။ ဒါပေမယ့်လည်း အကြာကြီး မတ်တပ်ရပ်ရင်၊ ထိုင်ရာကနေ ထရပ်လိုက်ရင် ပြန်နာလာတတ်ပါတယ်။ ဘာလို့ဖြစ်တာလဲ? ဘာလို့နာလဲဆိုတာကတော့နားလည်ရခက်ပါတယ်။ ဒါပေမယ့် အရွတ်ဟာခြေချောင်းအရိုးလေးတွေနဲ့ ခြေဖနောင့်ကို တွယ်ထားတာဖြစ်လို့ လမ်းလျှောက်ချိန်မှာ ထိန်းညှိပေးတဲ့အရာမို့ အဲ့အရွတ်လေး အသုံးများ tensionများရင် အရွတ်လေး ပြဲနိုင်ပါတယ်။ ကြိမ်ဖန်များစွာဖြစ်လာရင်တော့ ရောင်လာနိုင်ပါတယ်။ အဲလိုအကြမ်းဖျင်း ယူဆနိုင်ပါတယ်။ အဖြစ်များတာကတော့ အပြေးသမားတွေ၊ ၀တဲ့သူတွေမှာ တွေ့ရပါတယ်။ ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲ? ဖြစ်စေတဲ့ အကြောင်းရင်းကို အတိအကျ - [သတိထားစရာ သွေးလေးဖက်နာ Rheumatoid Arthritis ( August, 2022 )](https://www.telekyanmar.org/rheumatoid-arthritis-august-2022/) - " သတိထားစရာ သွေးလေးဘက်နာ " အဆစ်အမြစ်ရောင်ရောဂါအမျိုးမျိုးရှိတဲ့အထဲမှာ အရွယ်ရောက်ပြီးသူတွေကို ဒုက္ခအပေးဆုံး လေးဘက်နာရောဂါတစ်မျိုးကတော့ သွေးလေးဘက်နာ ( Rheumatoid Arthritis ) ဖြစ်ပါတယ်။ ✳️ သွေးလေးဘက်နာ ဆိုတာ ဘာလဲ ? - လူသားတွေရဲ့ခန္ဓာကိုယ်မှာ ပြင်ပရောဂါပိုးမွှားတွေကို ကာကွယ်ပေးတဲ့ခုခံအားစနစ်ရှိပါတယ်။- အဲဒီ့ခုခံအားဟာ တစ်ခါတစ်လေ မျက်စိလည်ပြီး ရောဂါပိုးကိုမတိုက်ပဲ ကိုယ့်ခန္ဓာကိုယ်ကိုပြန်တိုက်တာမျိုး ရှိတတ်ပါတယ် ။- ဒီအခါ ခုခံအားစနစ်ကထွက်လာတဲ့ဓာတ်က အရိုးအဆစ်တွေကို တိုက်ခိုက်တဲ့အခါ “သွေးလေးဘက်နာ” ဖြစ်ပွားရပါတယ်။- ခုခံအားစနစ်ဟာ အဆစ်အမြစ်တွေသာမက တခြားကိုယ်တွင်းအစိတ်အပိုင်းတွေကိုပါ တိုက်ခိုက်တဲ့အတွက် သွေးလေးဘက်နာလူနာတွေဟာ တခြားဝေဒနာလက္ခဏာတွေကိုပါ တွဲပြီးခံစားရနိုင်ပါတယ်။ ✳️ ဘယ်သူတွေက သွေးလေးဘက်နာ ဖြစ်နိုင်ချေရှိလဲ ? - အသက် ၃၀ မှ ၅၀ ကြား ကျား၊ - [အင်ပျဉ်ထခြင်း Urticaria ( August, 2022 )](https://www.telekyanmar.org/urticaria-august-2022/) - အင်ပျဉ်ထခြင်း ( Urticaria ) အင်ပျဉ်ထခြင်းဟာ လူတိုင်း အသက်အရွယ် အချိန်အခါမရွေး ကြုံတွေ့ရတတ်တဲ့ ဓာတ်မတည့် ယားနာတစ်မျိုး ဖြစ်ပါတယ်။ အရေပြားမှာ အနီအပိမ့်တွေ အပျဉ်လိုက်ထပြီး ယားယံတတ်တာမို့ စိတ်ကိုပါ အတော်လေး ကသိကအောက် ဒုက္ခပေးတတ်ပါတယ်။ အင်ပျဉ်ကွက်တွေဟာ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့ ခြေဖဝါး လက်ဖဝါးပါမကျန် ပေါ်တတ်ပြီး ခန္ဓာကိုယ်တစ်နေရာကနေ နောက်တစ်နေရာကို အလွယ်တကူ ပျံ့နှံ့တတ်ပါတယ်။ အကွက်ချင်းဆက်ပြီး အကွက်ကြီးကြီးလည်း ဖြစ်လာတတ်တယ်။ ပုံသဏ္ဍာန်လည်းပြောင်းနိုင်ပြီး ပုံမှန်အားဖြင့် မိနစ်ပိုင်း (သို့) နာရီပိုင်း အတွင်းမှာ ပြန်ပျောက်သွားတတ်ပါတယ်။ ❓ဘယ်သူတွေမှာ ဖြစ်တတ်လဲ အပေါ်မှာ ဆိုပြီးတဲ့အတိုင်း အသက်အရွယ်မရွေး ဘယ်သူမှာမဆို ကြုံနိုင်ပါတယ်။ Allergen လို့ခေါ်တဲ့ ကိုယ်နဲ့ဓာတ်မတည့်တဲ့အရာနဲ့ ထိတွေ့မိရင် ဖြစ်တာပါ။ တချို့ကလည်း မွေးကတည်းက စဖြစ်တယ်။ - [ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီး လွဲမှားသောအယူအဆများ Misconceptions about Diabetes ( August, 2022 )](https://www.telekyanmar.org/misconceptions-about-diabetes-august-2022/) - ဆီးချိုသွေးချိုနဲ့ ပတ်သက်ပြီး လွဲမှားသောအယူအဆများ ( Misconceptions about Diabetes ) သွေးချိုဆီးချိုရောဂါဟာ လူနာကို မသန်စွမ်းဖြစ်စေနိုင်ပြီး ဆေးကုသစရိတ်လည်းကြီးမားတဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ သွေးချို ဆီးချိုရောဂါဟာ အယူအဆမှားရင် လုပ်ဆောင်ချက်လည်း မှားနိုင်တာမို့ အယူအဆ အမှန်ကိုသိရှိဖို့လိုပါတယ် ။ ❎ အမှား (၁) - သွေးချို ဆီးချိုရောဂါဟာ ကာကွယ်၍မရပါ။ ● သုသေတနပြုချက်များအရ သွေးချို ဆီးချိုရောဂါကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။● သွေးချိုဆီးချိုရောဂါဟာ မကူးစက်တတ်တဲ့ရောဂါအစုအဝေးအောက်မှာ ပါဝင်ပါတယ်။ ဒါကြောင့်လူတွေက ကာကွယ်ဖို့မလို ၊ တားဆီးနိုင်ခြင်းမရှိလို့ မှားယွင်းတဲ့အယူအဆတွေ ဖြစ်လာတတ်ပါတယ်။● ဆီးချိုသွေးချိုရောဂါဟာ ဘဝနေထိုင်မှုပုံစံသာမက အစားအသောက်​နဲ့လည်း ဆက်စပ်ဖြစ်ပေါ်လာတတ်ပါတယ်။● ဒါကြောင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူ့မှုဘဝနေထိုင်မှုကြောင့်ဖြစ်ပေါ်လာတဲ့ သွေးချိုဆီးချိုရောဂါကို ကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ❎ - [ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်း Allergic Rhinitis ( August, 2022)](https://www.telekyanmar.org/allergic-rhinitis-august-2022/) - "ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်း" ရာသီဥတုလေး အေးလာပြီဆို နှာရည်က တရှုံ့ရှုံ့နဲ့ နှာခေါင်းတွေပိတ်လိုက် နှာချေလိုက်နဲ့ လူကလည်း ထိုင်းထိုင်းမှိုင်းမှိုင်း နေလို့မကောင်း...အပြင်ထွက်ရလို့ ဖုန်တောထဲရောက်သွားရင် နှာခေါင်းတွေယားပြီး နှာက ခဏခဏချေရပြန်ပြီ။ အိမ်မွေးတိရစ္ဆာန်ဆို မွေးလို့ကိုမရဘူး။ အနားကပ်လိုက်တာနဲ့ နှာခေါင်းက ယားသလိုလို နှာချေချင်သလိုလို စန်းစန်းတင့်တွေ ဖြစ်လာ... ဒါမျိုးတွေ ကြုံနေရပြီဆိုရင်တော့... Allergic rhinitis နောက်တစ်နည်း Hay Fever လို့ခေါ်တဲ့ ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းခြင်းကြောင့် ဖြစ်ဖို့များနေပါပြီ။ ❓Allergic rhinitis ဆိုတာဘာလဲ အဓိကကတော့ နှာခေါင်းထဲက အမြှေးပါးလေးတွေက ရှူရှိုက်လိုက်တဲ့ အမှုန်အမွှားတွေကို ဓာတ်မတည့်ဘဲ တုံ့ပြန်ခြင်းကြောင့် နှာခေါင်းရောင်ရမ်းတာ ဖြစ်ပါတယ်။ Allergic rhinitis ကို အမျိုးအစား ၂မျိုး ခွဲခြားထားပါတယ်။ (၁) Seasonal rhinitis - [စိုးရိမ်ပူပန်တတ်တဲ့စိတ် ANXIETY ( August, 2022)](https://www.telekyanmar.org/anxiety-august-2022/) - ANXIETY ( စိုးရိမ်ပူပန်တတ်တဲ့စိတ် ) စိုးရိမ်ပူပန်ခြင်းဆိုတာ❓ စိုးရိမ်ပူပန်ခြင်းဆိုတာကြောက်စိတ်နှင့်အတူဖြစ်ပေါ်လာတဲ့ စိတ်မသက်မသာဖြစ်စေတဲ့ ခံစားချက်တစ်ခု (သို့မဟုတ်)ဘေးအန္တရာယ်တစ်ခုခုနဲ့ရင်ဆိုင်ရတဲ့အခါ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့နေ့စဉ်ဘဝမှာ စိုးရိမ်ပူပန်မှုက အနည်းနဲ့အများရှိတတ်လေ့ရှိပါတယ်။လူတွေမှာ ဖိအားတွေကြောင့် စိုးရိမ်ပူပန်တတ်တာ ပုံမှန် reaction ဆိုပေမယ့် တစ်ချို့သူတွေမှာ စိုးရိမ်ပူပန်မှုလွန်ကဲခြင်းနှင့် ရင်ဆိုင်ရပြီး ကိုယ့်ရဲ့တစ်နေ့တာ လုပ်ငန်းဆောင်တာတွေပါ ထိခိုက်လာနိုင်ပါတယ်။♦️နောက်ဆက်တွဲအနေနဲ့ စိုးရိမ်မှုလွန်ကဲရောဂါ (Anxiety disorder)၊ ကြောက်စိတ်လွှမ်းမိုးခြင်း (panic attack)၊အသက်ရှူမြန်ခြင်း(hyperventilation) တွေပါခံစားရလာနိုင်ပါတယ်။ Anxiety ရဲ့လက္ခဏာတွေက❓ စိုးရိမ်ပူပန်မှုလွန်ကဲလာတဲ့အခါစိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။ ❗ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ -ပင်ပန်းနွမ်းနယ်ခြင်း (fatigue)-ခေါင်းကိုက်ခြင်း၊ကြွက်သားများတောင့်တင်းခြင်း-နှလုံးခုန်မြန်ခြင်း၊အသက်ရှုမြန်ခြင်း-ခြေ လက်များထုံကျဉ်၍အသားထဲမှ ဆူးစူးသလိုခံစားရခြင်း၊ချွေးထွက်ခြင်း-အိပ်မပျော်ခြင်း၊အိပ်မက်ဆိုးများမက်ခြင်း-ခံတွင်းခြောက်၍လည်ပင်း၌တစ်စို့စို့ခံစားရခြင်း-ရင်ဘတ်အောင့်ခြင်း ❗စိတ်ပိုင်းဆိုင်ရာလက္ခဏာများ -စိတ်ထိခိုက်လွယ်ခြင်း-အတွေးလွန်၍ စိုးရိမ်ပူပန်မှုလွန်ကဲလာခြင်း-စိုးရိမ်ပူပန်ခြင်းမှတစ်ဆင့်ကြောက်စိတ်လွန်ကဲလာခြင်း-ဒေါသထွက်လွယ်ခြင်း၊အာရုံစူးစိုက်မှုလျော့နည်းခြင်း Anxiety ဘာကြောင့်ဖြစ်ရသလဲ❓ စိုးရိမ်ပူပန်မှု အမျိုးအစား များစွာရှိသလို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေလည်းများစွာရှိပါတယ်။ -မျိုးရိုးလိုက်ခြင်း-စိတ်ဖိစီးစရာဖြစ်ရပ်များကြုံခြင်း(ဥပမာ.လုပ်ငန်းခွင်ပြောင်းခြင်း၊မိမိချစ်ခင်သူဆုံးရှုံးရခြင်း၊တစ်ဦးနှင့်တစ်ဦးဆက်ဆံရေး အဆင်မပြေခြင်း) -ကျန်းမာရေးအခြေအနေကြောင့် စိုးရိမ်ပူပန်ခြင်း/နာတာရှည်ရောဂါခံစားရ၍ စိုးရိမ်သောကများနေခြင်း(အထူးသဖြင့် - [ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infection ( September, 2022)](https://www.telekyanmar.org/urinary-tract-infection-september-2022/) - ဆီးလမ်းကြောင်းပိုးဝင်ခြင်း( Urinary Tract Infection) ဒီတစ်ခါတော့ ပုံစံလေးပြောင်းရင်း လိုတိုရှင်းနဲ့ ဗဟုသုတမျှဝေလိုက်ပါတယ်...( နောက်ဆုံးပုံလေးကတော့ ချစ်တဲ့သူအားလုံးအတွက်ပါ ???? ) Ministry of Health, National Unity Government. - [Common Cold (အအေးမိဝေဒနာ) (September, 2022)](https://www.telekyanmar.org/common-cold-september-2022/) - မိုးတွင်းနဲ့ ဆောင်းရာသီရောက်ပြီဆိုရင် နှာစေးချင်သလိုလို လည်ချောင်းနာချင်သလိုလို ဖြစ်လာပြီ။ ဟိုနားတဆစ်ဆစ် ဒီနားတဆစ်ဆစ်နဲ့ နေလို့ထိုင်လို့ကလည်း မကောင်းဘူး... ဒါဆိုရင်တော့ အအေးမိတဲ့လက္ခဏာတွေ ခံစားနေရတာ သေချာနေပါပြီ ဒီလို လက္ခဏာတွေဟာ လူတိုင်းကြုံရလေ့ရှိတာမို့ အအေးမိတဲ့အကြောင်းကို အားလုံးအနေနဲ့ သိထားသင့်ပါတယ် အအေးမိရောဂါအကြောင်းလေးကို ဆက်လေ့လာကြည့်ရအောင်ပါနော် ဘာကြောင့် အအေးမိတာလဲ ? အသက်ရှူလမ်းကြောင်းရဲ့ အပေါ်ပိုင်း( upper respiratory tract)မှာ ရောဂါပိုးကူးစက်ခံရတဲ့အတွက်ကြောင့် အအေးမိလက္ခဏာတွေ ခံစားရပါတယ်။ အဓိကကတော့ နှာခေါင်းနဲ့ လည်ချောင်းမှာ ရောဂါပိုးဝင်တာ ဖြစ်ပါတယ်။ ရောဂါပိုး ဆိုတာမှာ...အသက်ရှူလမ်းကြောင်းထဲကို ဝင်နိုင်တဲ့ ဘယ်virusကြောင့်မဆို ဖြစ်နိုင်ပါတယ်။ အအေးမိခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ? • နှာစေးမယ် ၊ နှပ်ရည်ကျမယ်• လည်ချောင်းနာမယ်• နှာချေမယ်• မျက်လုံးနာမယ်၊ အောင့်မယ်• နေလို့ထိုင်လို့ - [အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း Cirrhosis of Liver (October,2022)](https://www.telekyanmar.org/cirrhosis-of-liver/) - အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း (Cirrhosis of liver) (အသည်းအကြောင်း သိကောင်းစရာ-၃) အသည်းနဲ့ ပတ်သက်ပြီး အသည်းကင်ဆာအကြောင်း၊ အသည်းကင်ဆာရဲ့ အဓိက‌အကြောင်းရင်းဖြစ်တဲ့ အသည်းရောင် အသားဝါ ဘီပိုး၊စီပိုးတို့အကြောင်း တစေ့တစောင်းရေးသားတင်ပြပြီး ဖြစ်ပါတယ်။ ဒီတခါမှာတော့ သူတို့နှစ်ခု အခြေအနေကြားထဲက ရောဂါအခြေအနေတစ်ခုဖြစ်တဲ့ အသည်းခြောက်ခြင်း (သို့) အသည်းကြွပ်ခြင်း (Cirrhosis of liver)အကြောင်းကို အတန်ငယ် ဆွေးနွေးတင်ပြလိုပါတယ်။ ❓အသည်းခြောက်ခြင်း/အသည်းကြွပ်ခြင်း (Cirrhosis of liver- COL) ဆိုတာ ဘာဖြစ်တာပါလဲ?ဘယ်လိုဖြစ်သွားတာပါလဲ အသည်းခြောက်ခြင်းဆိုတာ အသည်းရောင်ခြင်း ( မြန်မာနိုင်ငံမှာတော့ ဘီပိုး၊ စီပိုးကြောင့်၊ အနောက်နိုင်ငံတွေမှာတော့ အသည်း အဆီဖုံးခြင်းကြောင့်) နဲ့ အရက်သေစာသောက်စားခြင်းတို့ကြောင့် အသည်းကအမာရွတ်တွေနဲ့ ကျုံ့သွားတာကို ခေါ်တာပါ။ အသည်းကို ထိခိုက်စေတဲ့ ပိုးတွေ၊ အရက်တွေနဲ့ - [လုပ်ငန်းခွင် ထိခိုက်မှု အန္တရာယ် Occupational Hazard (February, 2023)](https://www.telekyanmar.org/occupational-hazard-february-2023/) - လူတိုင်းဖတ်သင့်သောOccupational Hazard လုပ်ငန်းခွင် ထိခိုက်မှု အန္တရာယ်အကြောင်းလေးပါ... မြန်မာပြည် လို နေရာမှာ Occupational Hazards (OH) ကို တာဝန်ခံမှု နည်းပါးတာကြောင့် ကိုယ်တိုင် ကိုယ့်ဘာသာ သတိထားပြီး အန္တရာယ်နည်းအောင်နေသင့်ပါတယ်… OH ဆိုတာ မိမိ လုပ်ငန်းခွင်အတွင်း ပုံမှန်မဟုတ်သော .... လုပ်ငန်းခွင်ကြောင့် ထိခိုက်မှု မှန်သမျှ သတ်မှတ်ပါတယ် ကျွန်မက အရေးပေါ် ခန်း ဆရာဝန်အနေနဲ့ တာဝန် ၁နှစ်နီးပါး ထမ်းဆောင်ချိန် ... လုပ်ငန်း အန္တရာယ်နဲ့ ပတ်သက်ပြီး နေ့တိုင်းလိုလာကြရပါတယ် မီးကြိုးပြင်ရင် ဓာတ်လိုက်ပြီး အမြင့်ပေါ်က ပြုတ်ကျပြီး ဒဏ်ရာရတာမျိုး.... ရေခဲစက်မှာ အလုပ်သမား ခြေချော်ပြီးရေခဲစက်ထဲဝင်ပြီး သေဆုံးတာမျိုးဆို တွေ့ခဲ့ရတာ ...ကိုယ်တိုင်လည်း အလောင်း စစ်ဆေး ခွဲစိတ်ခဲ့ရတာမို့.... OH - [တုပ်ကွေးကာကွယ်ဆေး Flu Vaccine(August,2023)](https://www.telekyanmar.org/flu-vaccineaugust2023/) - မိုးရာသီရောက်ပြီဆိုတာနဲ့ တုပ်ကွေးရာသီ စပြီဆိုတာ အားလုံး သိထားကြမှာပါ။ ဒါပေမယ့် တော်တော်များများ မေ့နေကြတာတစ်ခုက တုပ်ကွေးရောဂါဆိုတာ ကာကွယ်လို့ရတယ်၊ ကြိုတင်ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ရောဂါမဖြစ်အောင်၊ ဆေးရုံတက်ရတဲ့အထိ မပြင်းထန်အောင် ခုခံကာကွယ်လို့ရတယ်ဆိုတဲ့ အချက်ပါပဲ။ ဒါကြောင့် တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မေးခွန်းတချို့ကို အောက်မှာ ဖြေပေးထားပါတယ်။ .. .. ◼️တုပ်ကွေးကာကွယ်ဆေးဆိုတာ ဘာလဲ Influenza virus ကြောင့်ဖြစ်တဲ့ တုပ်ကွေးရောဂါကို ကာကွယ်ပေးတဲ့ဆေး ဖြစ်ပါတယ်။ .. .. ◼️ကာကွယ်ဆေးကို ဘယ်လိုအရွယ်တွေ ထိုးသင့်သလဲ အသက်ခြောက်လအထက် မည်သူမဆို ထိုးလို့ရပါတယ်။ အသက်ငါးနှစ်အောက် ကလေးငယ်တွေနဲ့ အသက် ခြောက်ဆယ့်ငါးနှစ်အထက် လူကြီးတွေအနေနဲ့က အဓိက ပိုထိုးသင့်ပါတယ်။ ရုံးတက်၊ ကျောင်းတက်နေသူတွေအဖို့လည်း အလုပ်အကိုင်မပျက်၊ ခွင့်ရက်ရှည် မယူရလေအောင် ကာကွယ်ဆေး ကြိုတင်ထိုးထားသင့်ပါတယ်။ - [သားအိမ်သွေးလုံးရောဂါ (သို့) သားအိမ်နံရံအတွင်းရှိ နံရံဆဲလ်များ ပွားနေသောရောဂါ Endometriosis (August,2023)](https://www.telekyanmar.org/endometriosis-august2023/) - "သားအိမ်သွေးလုံးရောဂါ (သို့) သားအိမ်နံရံအတွင်းရှိ နံရံဆဲလ်များ ပွားနေသောရောဂါ (Endometriosis)" အမျိုးသမီး အယောက် ၁၀၀ မှာ ၁၀ ယောက် (သို့) ကမ္ဘာပေါ်က အမျိုးသမီး သန်း ၁၉၀ ဟာ သွေးလုံးရောဂါ (ခေါ်) Endometriosis ကို ခံစားရတတ်ပါတယ်။ ဒါဆို အမေးများတဲ့ မေးခွန်းလေးတွေက.... ???? Endometriosis ဆိုတာ ဘာလဲ Endometriosis ဆိုတာဟာ သားအိမ်နံရံအတွင်းသားမှာရှိတတ်တဲ့ ပုံမှန်တစ်သျူးဆဲလ်တွေဟာ သားအိမ်အပြင်ဘက်ရှိ သားဥအိမ်၊ သားဥပြွန်နဲ့ တင်ပါးဆုံနားရှိ အင်္ဂါတွေအထိပါ ပျံ့လာပြီး (အများအားဖြင့်) အမျိုးသမီးတွေရဲ့ ဆီးစပ်နေရာကို နာကျင်ကိုက်ခဲစေတတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ???? ဘယ်လို ရောဂါလက္ခဏာပြတတ်လဲ • ရာသီလာချိန် (သို့) လာခါနီးအချိန်တွေမှာ ဆီးစပ်၊ ခါး၊ ဗိုက် - ["ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး" Children and Cough Relief (August,2023)](https://www.telekyanmar.org/cough-relieve-august2023/) - "ကလေးသူငယ်များနဲ့ ချောင်းဆိုးပျောက်ဆေး" ???? ကလေးသူငယ်များနဲ့ ချောင်းဆိုးခြင်း အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဗိုင်းရပ်စ်တွေနဲ့ ထိတွေ့မှုနည်းနေသေးတဲ့အတွက် ကလေးများဟာ တစ်နှစ်ကို နှာစေးချောင်းဆိုး ၆ ကြိမ်ကနေ ၁၂ ကြိမ်လောက်အထိ ဖြစ်တတ်ကြပါတယ်။ တစ်ခါဖြစ်ရင်လည်း ၅ ရက်/တစ်ပတ်ကနေ နှစ်ပတ်လောက်အထိ ကြာနိုင်ပါတယ်။ အများစုက ဗိုင်းရပ်စ်ကြောင့်ဖြစ်ကြပြီး ဆေးသောက်စရာမလိုဘဲ ၅ ရက်/တစ်ပတ်လောက်မှာ အလိုလို ဖြည်းဖြည်းချင်း သက်သာပျောက်ကင်းသွားတတ်ပါတယ်။ တကယ်လို့ နှာရည်ကျတာ၊ နှာခေါင်းပိတ်တာ၊ ချောင်းဆိုးပြီး မအိပ်နိုင်တာ၊ ကိုယ်ပူတာတို့ ဖြစ်လာရင်တော့ မိမိအိမ်မှာပဲ အောက်ပါအတိုင်း ကုသလို့ရပါတယ်။ .. .. ???? နှာစေးချောင်းဆိုးဖြစ်ရင် အိမ်မှာဘယ်လို ကုသမလဲ (၁) အရည်များများတိုက်ပါ၊ နွေးနွေးထွေးထွေးနေပါ။ (၂) နှာရည်တွေစေးပျစ်နေရင် နှာခေါင်းပိတ်သက်သာအောင် Saline နှာခေါင်းအစက်ချဆေး ထည့်ပေးလို့ရပါတယ်။ - [မိမိတို့ရဲ့ စိတ်အခြေအနေကို စောစောသိဖို့ မေးခွန်းလေးတွေဖြေပြီး အမှတ်တွေပေါင်းလို့ ဆန်းစစ်ကြည့်လိုက်ပါ Mental Health Test(August,2023)](https://www.telekyanmar.org/mental-health-testaugust2023/) - ဘ၀မှာ‌ နေမပျော်ဘူး၊ ဘ၀က အဓိပ္ပါယ်မရှိဘူး၊ ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့ ယူဆနေရပါလား... အသက်ရှူမ၀၊ ကတုန်ကယင်ဖြစ်ပြီး စိုးရိမ်စိတ်တွေ ကြီးစိုးနေသလို ခံစားနေရပြီလား... စိတ်အနှောင့်အယှက်ဖြစ်လွယ်၊ ရတက်မအေးနိုင်ဘဲ စိတ်ပေါ့ပေါ့ပါးပါးနေဖို့ ခက်ခဲနေတာ သတိထားမိနေလား... ... ... ဒီခေတ်ဒီအခါမှာ လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ကျန်းမာရေး အားနည်းလာကြပါတယ်။ စိုးရိမ်စိတ်များခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်း စသဖြင့် အဆင့်ဆင့်ခံစားလာကြရပြီး မိမိတို့ရဲ့ စိတ်အခြေအနေတွေကို မသုံးသပ်၊ မဆန်းစစ်ဘဲထားရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုခံစားနေရလို့လည်း မကြောက်ပါနဲ့၊ စိတ်မပျက်ပါနဲ့... စောစောစီးစီး သတိထားမိတဲ့အခါ လိုအပ်သလို မိမိတို့ရဲ့ရင်းနှီးချစ်ခင်ရသူ (သို့) တိုင်ပင်ဖော်ဆွေးနွေးဖက် (သို့) စိတ်ကျန်းမာရေးဆရာဝန်များနဲ့ မျှဝေဆွေးနွေးလိုက်ရင် သက်သာလျော့ပါးနိုင်သလို၊ အချို့တွေသာ ဆေးသောက်ဖို့လိုအပ်တာ ဖြစ်ပါတယ်။ ... ... ဒါကြောင့်.. မိမိတို့ရဲ့ - [ကလေးငယ်တွေအတွက် တစ်ကိုယ်ရေသန့်ရှင်း​ရေး Personal Hygiene for Children(August,2023)](https://www.telekyanmar.org/personal-hygiene-for-childrenaugust2023/) - (ငယ်စဥ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုမူနေထိုင်တတ်ဖို့ရယ်၊ ကလေးငယ်တွေကို ပုံလေးတွေပြပြီး အလွယ်တကူ ဖတ်ပြနိုင်ဖို့ရယ်အတွက် ယခုပိုစ့်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော် ????) မင်္ဂလာပါ သားသား မီးမီးတို့​ရေ... အန်တီက တယ်လီကျန်းမာက က​လေးအထူးကုဆရာဝန်ပါ။ တယ်လီကျန်းမာရဲ့ စာတွေကို ဖတ်ထဲသူတွေထဲမှာ လူကြီး​တွေတင်မက ပရိသတ်ပိစိ​လေး​​​တွေလည်း ရှိမယ်လို့ ထင်ပါတယ်နော်။ ဒါ့​ကြောင့် အန်တီက သားသားတို့ မီးမီးတို့ဆီ စာ​ရေးလိုက်တာပါ။ သားတို့သမီးတို့အတွက် ကျန်းမာ​ရေးဗဟုသုတ​လေး​တွေ ​ပြောပြချင်လို့ပါ။ သားတို့သမီးတို့ သန့်သန့်ရှင်းရှင်း​နေမှ ​ရောဂါပိုး​တွေမဝင်ဘဲ ကျန်းမာကြမှာဆို​တော့ အရင်ဆုံး တစ်ကိုယ်ရေသန့်ရှင်း​ရေးအ​ကြောင်း ​ပြောကြရ​အောင်နော်။ အခု အန်တီ​ပြောပြမယ့်ထဲမှာ သိပြီးသား၊ လုပ်​နေပြီးသားတွေလည်း ပါရင်ပါမှာ​ပေါ့​... ကဲ အရင်ဆုံး လက်​ဆေးတာနဲ့ စကြရ​အောင်။ ဘယ်အချိန်​တွေမှာ လက်​ဆေးရမလဲဆိုတာ အရင်ဆုံးပြောပြမယ်နော်.... • အစားမစားခင် • အိမ်သာကအထွက် - [ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း School Anxiety, School Refusal, School Avoidance or School Phobia (August,2023)](https://www.telekyanmar.org/school-anxiety-school-refusal-school-avoidance-or-school-phobia-august2023/) - ကျောင်းကြောက်ခြင်း၊ ကျောင်းသွားရန်ငြင်းဆန်ခြင်း ကျောင်းသား/ကျောင်းသူတစ်ယောက်က တစ်စုံတစ်ခုကို စိုးရိမ်ကြောက်ရွံ့ပြီး ကျောင်းသွားဖို့ အကြောက်အကန်ငြင်းဆန်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပြီး စာမသင်ချင်လို့၊ ကျောင်းမှာမပျော်လို့ ကျောင်းပြေးတာမျိုးနဲ့မတူပါ။ ကျောင်းနေအရွယ် ကလေး (၁ - ၅ %) လောက်မှာ ဒီလိုပြဿနာမျိုးရှိနိုင်ပြီး အသက် ၅၊ ၆၊ ၁၀ နဲ့ ၁၁ နှစ်အရွယ်တွေမှာ ပိုအဖြစ်များပါတယ်။ ကျောင်းစထားခါစ မိဘနဲ့ စခွဲရတဲ့အခါ၊ ကျောင်းအသစ်ပြောင်းရတဲ့အခါ ကလေးတွေဟာ ကျောင်းကိုကြောက်တာ၊ ကျောင်းသွားဖို့ငြင်းဆန်တာက သဘာဝဖြစ်ပေမယ့် ရက်အနည်းငယ်အကြာမှာ ကျောင်းပတ်ဝန်းကျင်မှာ ပျော်လာပြီး ကြောက်စိတ် ပျောက်ကင်းသွားပါတယ်။ ဒါပေမယ့် တချို့ကလေးတွေမှာတော့ သာမန်ထက်ပိုပြီး စိတ်ခံစားရကာ ကြောက်စိတ်မပျောက်ကင်းနိုင် ဖြစ်ရပါတယ်။ တချို့ကလေးကြီးတွေကတော့ ကျောင်းမှာ အနိုင်ကျင့်ခံရတာ၊ ဆရာကဆိုးလို့ ကြောက်တာ၊ သင်ခန်းစာတွေကို နားမလည်လို့၊ စာမလိုက်နိုင်လို့ - [ကလေးမီးဖွားပြီးခါစ အမျိုးသမီးများ ဆီးမထိန်းနိုင်ခြင်း ပြဿနာ (August,2023)](https://www.telekyanmar.org/urinary-incontinence-in-women-after-childbirth-august2023/) - "ကလေးမီးဖွားပြီးခါစ အမျိုးသမီးများ ဆီးမထိန်းနိုင်ခြင်း ပြဿနာ" ဒီပြဿနာဟာ ကမ္ဘာပေါ်က ကလေးမီးဖွားပြီး အမျိုးသမီး (၃) ယောက်မှာ (၁) ယောက် တွေ့ကြုံ ခံစားကြရတဲ့ ပြဿနာပါ။ မိမိ တစ်ဦးတစ်ယောက်ထဲမှ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆီးမထိန်းနိုင်တာမျိုး မဟုတ်ပါဘူးနော်။ .. ????ကလေးမွေးပြီး ဘာလို့ ဆီးမထိန်းနိုင်ရတာလဲ ကိုယ်ဝန်ဆောင်ချိန် ထွက်လာတဲ့ ဟော်မုန်းတွေရယ်၊ ကလေးမီးဖွားခြင်းကြောင့် တင်ပါးဆုံကြွက်သားတွေအားနည်းတာရယ် ပေါင်းပြီး ဆီးမထိန်းနိုင်ခြင်း ဖြစ်တာပါ။ အမျိုးသမီးတချို့မှာ ကလေးမီးဖွားပြီးနောက် အပြင်မှာ သွားလာနေရင်း ချောင်းဆိုး၊ နှာချေ၊ ရယ်မိရင် ဆီးအနည်းငယ်ထွက်ကျတာမျိုး ဖြစ်တတ်သလို၊ တချို့ကတော့ ဆီးအကုန်မထိန်းနိုင်ဘဲ ထွက်ကျတတ်ပါတယ်။ .. ????ဘယ်လို အမျိုးသမီးတွေမှာ အဖြစ်များလဲ - ကိုယ်ဝန်ဆောင်ချိန် ဆီးလမ်းကြောင်း (သို့) ဝမ်းလမ်းကြောင်း ပြဿနာရှိသူ - - [အချိန်မတိုင်မီ အချင်းကွာခြင်းပြဿနာ Abruptio Placenta (October,2023)Abruptio Placenta](https://www.telekyanmar.org/abruptio-placenta-october2023abruptio-placenta/) - ‘‘ကိုယ်ဝန်ဆောင်မေမေများ သတိပြုစရာ အချိန်မတိုင်မီ အချင်းကွာခြင်းပြဿနာ’’ ဒီနေ့မှာတော့ မမွေးခင် သွေးဆင်းခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ အချင်းစောကွာခြင်း (Abruptio placenta) အကြောင်းကို ရှင်းပြသွားပါမယ်။ ???? ကိုယ်ဝန်ဆောင်စဉ်အချိန် သန္ဓေသားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရနဲ့ အောက်ဆီဂျင်ကို အချင်း (placenta) မှတစ်ဆင့် ထောက်ပံ့ပေးပါတယ်။ ပုံမှန်အားဖြင့် အချင်းဟာ သားအိမ်နံရံမှာ ကပ်လျက်တည်ရှိပြီး သန္ဓေသားကို ချက်ကြိုးနဲ့ ဆက်သွယ်ထားပါတယ်။ အချိန်မတိုင်မီ အချင်းကွာခြင်းမှာ အချင်းဟာ သားအိမ်နံရံနဲ့ တွယ်ကပ်မှုမရှိတော့ဘဲ အကြောင်းတစ်ခုခုကြောင့် စောစီး၍ လုံးဝ (သို့မဟုတ်) တစ်ဝက်တပျက် ကွာကျလာတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၁% မှာသာ ဖြစ်လေ့ရှိပြီး အချင်းကွာခြင်းကြောင့် မိခင်ရော ကလေးပါ အသက်အန္တရာယ်ရှိနိုင်တာမို့ အရေးပေါ်ကုသမှု လိုအပ်ပါတယ်။ လက္ခဏာတွေအနေနဲ့ကတော့ ကိုယ်ဝန်အပတ် ၂၀ ကျော်နောက်ပိုင်း သွေးဆင်းခြင်းနှင့် - [သွေးဝမ်းသွားခြင်း Dysentery (October,2023)](https://www.telekyanmar.org/dysentery-october2023/) - Bloody diarrhea, Dysentery (သွေးဝမ်းသွားခြင်း) Dysentery (သွေးဝမ်းသွားခြင်း) ဘာကြောင့်ဖြစ်လဲဆိုရင် ခန္ဓာကိုယ်ထဲကို ပြင်ပကနေ ပိုးတွေဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့် မသန့်ရှင်းတဲ့၊ ရောဂါပိုးပါနေတဲ့ အစားအစာနဲ့ ရေတို့ကို ‌စားသုံးမိခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ အကျိုးဆက်အနေနဲ့ အူလမ်းကြောင်းတစ်လျှောက် ပိုးဝင်ပြီး သွေးဝမ်းသွားခြင်းကို ဖြစ်စေတာပါ။ .. .. Types (အမျိုးအစား) အဓိကအားဖြင့် နှစ်မျိုးခွဲလို့ ရပါတယ်။ ၁။ Bacillary dysentery Shigella လို့ခေါ်တဲ့ bacteria ကြောင့်ဖြစ်တဲ့ သွေးဝမ်းသွားခြင်းပါ။ . ၂။ Amoebiasis or Amoebic Dysentery Entamoeba histolytica လို့ခေါ်တဲ့ amoeba ကြောင့်ဖြစ်တာပါ။ ဒီနိုင်ငံမှာ အဖြစ်များဆုံးပုံစံပါ။ ပြင်းထန်တဲ့ အခြေအနေတွေမှာဆို အသက်အန္တရာယ်ဆုံးရှုံးမှုအထိ ဖြစ်နိုင်ပါတယ်။ အမျိုးအစား ၂ - [ပဲနို့နှင့် ကျန်းမာရေးအကျိုးကျေးဇူးများSoymilk & Health (October,2023)](https://www.telekyanmar.org/soymilk-health-october2023/) - ကယ်လ်လိုရီ နည်းနည်း၊ ပရိုတင်းများများ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့နို့က ဘာနို့ဖြစ်မလဲ ? ???? ပဲပိစပ်ကနေရတဲ့ ပဲနို့ပဲဖြစ်ပါတယ်။ တိရစ္ဆာန်နို့ (နွားနို့၊ ဆိတ်နို့) အပြင် နို့ထွက်ပစ္စည်းတွေနဲ့ မတည့်သူတွေအတွက်ပါ အစားထိုးသောက်လို့ရတဲ့ နို့ဖြစ်ပါတယ်။ ???? သန့်ရှင်းလတ်ဆတ်တဲ့ ပဲနို့ကို ပဲပိစပ်၊ သကြား၊ ရေ ပါဝင်ပစ္စည်း ၃ မျိုးနဲ့ အလွယ်တကူ အိမ်မှာကျိုသောက်လို့ ရပါတယ်။ ???? ပဲနို့ ၁ ခွက် (240 ml) မှာ * ကယ်လ်လိုရီ ၁၀၀ * ကာဗွန်ဟိုက်ဒရိတ် ၄ ဂရမ် (g) * ပရိုတင်းဓာတ် ၇ ဂရမ် (g) * အဆီဓာတ် ၄ ဂရမ် - [သွေးဆိပ်တက်ခြင်းအကြောင်း Septicemia (October,2023)](https://www.telekyanmar.org/septicemia-october2023/) - သွေးဆိပ်တက်ခြင်းအကြောင်း သွေးဆိပ်တက်ခြင်း (Septicemia) ဆိုတာဟာ သွေးထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ အလွန်ပျံ့နှံ့နေတဲ့ အခြေအနေကို ခေါ်တာပါ။ ခန္ဓာကိုယ်ရဲ့ ဘယ်အင်္ဂါအစိတ်အပိုင်းကနေမဆို ပျံ့နှံ့လာတဲ့ ပိုးတွေဟာ သွေးထဲကိုရောက်လာရင် သွေးဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ များသောအားဖြင့် အဆုတ်၊ ဆီးလမ်းကြောင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ကျောက်ကပ် စတဲ့နေရာတွေမှာ ပိုးဝင်တဲ့အခါ အကျိုးဆက်အနေနဲ့ သွေးဆိပ်တက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ‌ ပြတ်ရှဒဏ်ရာတွေကတစ်ဆင့်လည်း သွေးဆိပ်တက်ခြင်းကို ဖြစ်လာနိုင်စေသေးပါတယ်။ နောက်ထပ်တစ်ခုကတော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာ တွေ့ရတတ်တဲ့ ခွဲစိတ်မှုခံယူရင်းက‌နေ ဖြစ်တတ်တဲ့ သွေးထဲပိုးဝင်ခြင်းပါပဲ။ အဆိပ်ဆိုတဲ့ စကားလုံးအတိုင်းပဲ သွေးဆိပ်တက်ခြင်းဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်ဒုက္ခပေးနိုင်ပါတယ်။ မကုသဘဲထားရင် sepsis လို့ခေါ်တဲ့ ပိုးကြောင့် သွေးဆိပ်တက်တဲ့ အန္တရာယ်ကို ရင်ဆိုင်ကြရမှာပါ။ ဒီအခြေအနေကိုရောက်ရင် ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကြောင့် သွေးထဲမှာ သွေးခဲတွေ (blood clots) - [ရာသီတုပ်ကွေးရောဂါ Seasonal Influenza (Video)](https://www.telekyanmar.org/ရာသီတုပ်ကွေးရောဂါ-videooctober2023/) - ရာသီတုပ်ကွေးရောဂါ ခုလိုရာသီအကူးအပြောင်းကာလတွေမှာ လူတဦးနဲ့တဦးကူးစက်လွယ်တဲ့ ရာသီတုပ်ကွေးရောဂါဖြစ်ပွားလေ့ရှိပြီး အချို့သောလူတွေမှာ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေနဲ့ နောက်ဆက်တွဲရောဂါပြဿနာတွေ ခံစားရလေ့ရှိပါတယ်။ ဒီ videoလေးမှာတော့ ရာသီတုပ်ကွေးရောဂါ ဘာကြောင့်ဖြစ်သလဲ၊ ဘယ်လိုကူးစက်သလဲ၊ ရောဂါလက္ခဏာတွေ၊ ဘယ်သူတွေက ရာသီတုပ်ကွေးကိုပိုမိုသတိထားသင့်သလဲ၊ ရောဂါကာကွယ်ရေးနည်းလမ်းများစတဲ့အချက်တွေကို ပြည်သူများသိရှိပြီး လိုက်နာဆောင်ရွက်ကြနိုင်စေဖို့ ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါကြောင်း... Ministry of Health, National Unity Government. - [မျက်စိစွန်တဲ့အကြောင်း Stye & Chalazion (October,2023)](https://www.telekyanmar.org/stye-chalazion-october2023/) - မျက်စိစွန်တဲ့ အကြောင်းလေး ပြောပြမယ်။ ကြီးမှ ဝက်သက်ပေါက်တယ်လို့ ပြောကြသလို မျက်စိစွန်ရင် လူပါစွံတော့မယ်ဆိုလား။ မျက်စိစွန်တာ ၂ မျိုး ရှိပါတယ်။ ၁။ Stye မျက်စိအပြင်စွန် ၂။ Chalazion မျက်စိအတွင်းစွန် မျက်စိအပြင်စွန်ထက် မျက်စိအတွင်းစွန်က ပိုအဖြစ်များပါတယ်။ မျက်စိအပြင်စွန်က မျက်တောင်မွှေးအရင်းကို ပိုးဝင်တာကြောင့် ဖြစ်ပါတယ်။ အဖြစ်များတာက မျက်စိအတွင်းစွန်ပါ။ ပြောပြမယ်နော်။ မျက်ခမ်းမှာ မျက်ရည်အဆီထွက်တဲ့ အပေါက်လေးတွေ ရှိပါတယ်။ အဲဒီအပေါက်လေး ပိတ်သွားရင် မျက်ရည်အဆီတွေက မထွက်နိုင်တော့ဘဲ ရောင်ပြီး ဖောင်းလာတာပါ။ မျက်ခွံတစ်ခုမှာ အဲဒီလိုအပေါက်လေးတွေက ၂၀ လောက် ရှိပါတယ်။ အပေါက်လေးတစ်ခုပိတ်ရင် အဖုတစ်ခုဖြစ်ပါတယ်။ အဖု ၄-၅ ခု လည်း ရှေ့ဆင့်နောက်ဆင့် ဖြစ်တတ်ပါတယ်။ . * ပြုလုပ်ရန်များ ဖြစ်တာနဲ့ - [လိင်ဆက်ဆံစဉ် နာကျင်ခြင်း Dyspareunia (October,2023)](https://www.telekyanmar.org/dyspareunia-october2023/) - လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia) Dyspareunia ဆိုတာ လိင်ဆက်ဆံစဉ်အတွင်း လိင်အင်္ဂါဧရိယာ (သို့မဟုတ်) တင်ပါးဆုံတွင်း နာကျင်မှုခံစားရတာအတွက် အသုံးအနှုန်းဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်တတ်ပြီး လိင်မဆက်ဆံမီ၊ လိင်ဆက်ဆံနေစဉ်နဲ့ လိင်ဆက်ဆံပြီးနောက်မှာ ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံစဉ် နာကျင်ခြင်းဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းများစွာရှိသော်လည်း ကုသနိုင်ပါတယ်။ .. .. ????ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ လိင်ဆက်ဆံစဉ် နာကျင်ခြင်း (Dyspareunia) ကို ဖြစ်စေတဲ့ အကြောင်းအရာများစွာ ရှိပါတယ်။ တချို့အမျိုးသမီးတွေအတွက်တော့ ဒါဟာ ရုပ်ပိုင်းဆိုင်ရာပြဿနာရဲ့ လက္ခဏာတစ်ခုဖြစ်ပြီး အခြားအမျိုးသမီးတွေအတွက်တော့ စိတ်ခံစားမှုဆိုင်ရာအကြောင်းအရင်းတွေကြောင့် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအကြောင်းရင်းတွေကတော့… - သွေးဆုံးပြီးချိန်၊ ကလေးမီးဖွားပြီးချိန်အပါအဝင် နို့တိုက်ခြင်းနဲ့ အချို့ဆေးဝါးတွေ သောက်သုံးနေရခြင်းတို့ကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း - အရေပြားရောဂါတွေဖြစ်တဲ့ အနာဖြစ်တာ၊ အက်ကွဲတာ၊ - [လေထုညစ်ညမ်းမှုအန္တရာယ်နှင့် သင့်ကျန်းမာရေး Air Pollution & Health (Video) (January,2024)](https://www.telekyanmar.org/air-pollution-health-video-january2024/) - ဒီနေ့ကမ္ဘာကြီးမှာ လေထုညစ်ညမ်းမှုဟာ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတဲ့ ပတ်၀န်းကျင်ဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီ "လေထုညစ်ညမ်းမှုအန္တရာယ်နှင့် သင့်ကျန်းမာရေး" ဆိုတဲ့ ဗီဒီယိုလေးမှာတော့ ပြင်ပပတ်၀န်းကျင် လေထုညစ်ညမ်းမှု၊ အိမ်တွင်း လေထုညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့... • ဘာကြောင့် လေထုညစ်ညမ်းမှုတွေ ဖြစ်တယ် • လေထုညစ်ညမ်းမှုကြောင့် ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်တယ် • ဘယ်လိုလူတွေမှာ ပိုမိုထိခိုက်ခံစားရတယ် • ဘယ်လို သတိပြုကာကွယ်နိုင်တယ်... စတဲ့ စိတ်ဝင်စားဖွယ် အချက်အလက်တွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. - [သည်းခြေအိတ် ကျောက်တည်ခြင်း Gallstone](https://www.telekyanmar.org/gall-stones/) - သည်းခြေအိတ် ကျောက်တည်ခြင်း (၁)သည်းခြေအိတ်ထဲကျောက်ရှိရင် ဘယ်လို လက္ခဏာ ပြနိုင်လဲ/ ဘယ်လိုသိနိုင်မလဲ ? သည်းခြေကျောက်ရှိတဲ့လူတွေရဲ့ ၉၀ရာခိုင်နှုန်းက ဘာမှမခံစားရပါဘူး။၁၀ရာခိုင်နှုန်းလောက်ကပဲ အဆီစားများရင် ကောက်ညှင်းစားရင် အစာမကြေဖြစ်မယ်၊ ညာဘက်၀မ်းဗိုက် အပေါ်ခြမ်း အောင့်မယ်။ ဒါတွေခံစားရနိုင်ပါတယ်။ တချို့ဆို သည်းခြေအိတ်ပါရောင်ရင် ဖျားတာ အန်တာပါ ဖြစ်နိုင်ပါတယ်။ သည်းခြေအိတ်ထဲ ကျောက် ရှိ/မရှိ အာထရာဆောင်းရိုက်ကြည့်ပြီး သိရှိနိုင်ပါတယ်။ (၂)၉၀ရာခိုင်နှုန်းက ဘာမှ မခံစားရဘူးဆိုရင် ဘာမှ မလုပ်ပဲထားလို့မရဘူးလား ? လတ်တလောမှာ ဘာဝေဒနာမှ မခံစားရပေမယ့် ၊ ရေရှည်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် စနစ်တကျကုသမှုခံယူသင့်ပါတယ်။ (၃)သည်းခြေအိတ်မှာ ကျောက်ရှိရင် ကျောက်ပျော်ဆေး သောက်လို့ရလား? ဘာဆေးသောက်ရမလဲ? အနောက်နိုင်ငံတွေမှာတော့ သည်းခြေကျောက်ဟာ အဆီများလို့ဖြစ်တဲ့ကျောက်ပါ။ အဆီကြောင့် ဖြစ်တဲ့ကျောက်ဟာ ဆေးသောက်ရုံဖြင့် ပျောက်နိုင်ပါတယ်။ ဒီနိုင်ငံမှာကတော့ - [လိပ်ခေါင်းရောဂါအကြောင်း အမေးအဖြေကဏ္ဍ (၆-၁-၂၀၂၂)](https://www.telekyanmar.org/questions-answers-about-pile/) - လိပ်ခေါင်းရောဂါအကြောင်း အမေးအဖြေကဏ္ဍ ???? မင်္ဂလာပါ ဆရာမရှင့်... ဆေးခန်းပြပြီး မေးမြန်းဆွေးနွေးချင်တာလေး ရှိလို့ပါ။ ????ဟုတ်ကဲ့....ပြောပါ ညီမလေး။ ???? ပြောရမှာလည်း ရှက်ပါတယ် ဆရာမရယ် ၊ သမီးမှာ လိပ်ခေါင်းဖြစ်ချင်တာလား မသိဘူး.... စအိုနားမှာ အဖုလေးတွေစမ်းမိနေလို့.... ????စအိုမှာ အသီးတံလေးတွေပေါ်နေတာကို ပြောတာလား ညီမ? ???? ဟုတ်...ဆရာမ။ သတိထားမိနေတာတော့ ကြာပါပြီ ၊ ဆေးခန်းပြရမှာရှက်တာနဲ့ မပြဖြစ်လို့ပါ။ ????ဪ ဒါကရှက်စရာမဟုတ်ပါဘူးကွယ်။ ရောဂါကို စောစောသိပြီး မြန်မြန်ကုတော့ ပိုကောင်းတာပေါ့....ဒါနဲ့ အဲ့ဟာလေးက ၀မ်းသွားမှထွက်လာပြီး သူ့အလိုလို ပြန်၀င်သွားလား? (ဒုတိယအဆင့်)ဒါမှမဟုတ် လက်နဲ့ထည့်မှ ၀င်တာလား? (တတိယအဆင့်)ပြန်မ၀င်တော့ပဲ တောက်လျှောက်ထွက်နေတာလား ညီမ? (စတုတ္ထအဆင့်) ???? လက်နဲ့ထည့်မှ ပြန်၀င်တယ်ဆရာမ။ ????ဒါဆို ညီမဟာက လိပ်ခေါင်း တတိယအဆင့်တောင် - [ရင်သားရောဂါ အဖြေရှာ Breast Diseases](https://www.telekyanmar.org/breast-diseases/) - ရင်သားရောဂါ အဖြေရှာ================= အမျိုးသမီးတွေ အရွယ်ရောက်လာတာနဲ့အမျှ သတိထားမိ၊ စိုးရိမ်မိတတ်ကြတဲ့ရောဂါကတော့ ရင်သားနဲ့ပတ်သက်တဲ့ ရောဂါပါပဲ အဲဒါကြောင့် ရင်သားရောဂါနဲ့ပတ်သတ်တဲ့ အထူးကုဆရာဝန်ကြီးဆီ မေးမြန်းကြည့်တဲ့အခါမှာတော့............ ဟုတ်ပါတယ်...အမျိုးသမီးအများစုဟာ ရင်သားနဲ့ပတ်သတ်ပြီး အောက်မှာ ဖော်ပြထားတာတွေကို သတိထားမိပြီး လာရောက်ဆွေးနွေးကြတာ များပါတယ် ၁။ ရင်သား ကိုက်တာ/နာတာ၂။ ရင်သားမှာ အလုံး/အကျိတ်စမ်းမိတာ၃။ ချိုင်းမှာ အလုံး/အကျိတ် စမ်းမိတာ၄။ နို့သီးခေါင်းကနေ အရည်ထွက်တာ၅။ ကလေးအမေတွေ နို့တင်းတာ နို့ချောင်းပိတ်တာ ပြည်တည်တာ....ဒါတွေများပါတယ် အချို့တွေကျတော့လည်း (၁) ရှက်လို့ဆိုပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ မတိုင်ပင်ပဲ အနာအကြီးကြီးဖြစ်မှ ၊ အလုံးက ရင်သားတခုလုံး အပြည့်ဖြစ်မှ နာပြီး ကိုက်ပြီး လာပြတယ် (၂) ဆေးမြီးတိုတွေလိမ်း/ စုပ်တွေထိုးပြီး အနာတွေနဲ့ အနံ့တွေထွက် သွေးတွေထွက်ပြီးမှ ရောက်လာတတ်ကြတာမျိုးလည်း ရှိပါတယ် - [Hand, Foot, and Mouth Disease (HFMD) (January 2022)](https://www.telekyanmar.org/hand-foot-and-mouth-disease-hfmd-january-2022/) - Hand, Foot, and Mouth Disease (HFMD) ဆိုတာ တကယ်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပါ။ တစ်ခါတလေတော့ လူကြီးပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အများအားဖြင့် ပါးစပ်တစ်ဝိုက်၊ နှုတ်ခမ်းအတွင်းနံရံတွေနဲ့ လက်ဖဝါးခြေဖဝါးတွေမှာ အနီစက်တွေ၊ အရည်ဖုလေးတွေ ဖြစ်တာပါ။ ခန္ဓာကိုယ်မှာ ဖြစ်တာရှားပါတယ်။ တချို့မှာတော့ တင်ပါးမှာလည်း အနီစက်၊ အရည်ကြည်ဖုတွေ ဖြစ်တတ်ပါတယ်။ ပါးစပ်ထဲမှာဖြစ်တော့ အစာစားရတာ နာလို့ အစားပျက်တတ်ပါတယ်။ အဖျားရှိနိုင်တယ်။ အာသီးရောင်နိုင်ပါတယ်။ ဘယ်လိုကူးတာလဲ ? ဗိုင်းရပ်(စ်)ပိုးတစ်မျိုးကြောင့် ဖြစ်တာပါ။ အများအားဖြင့် ရောဂါကူးစက်ခံထားရသူ နှာချေ၊ ချောင်းဆိုးလိုက်တဲ့ အရည်တွေကတစ်ဆင့် ကူးတာပါ။ အနီစက်၊ အရည်ဖုတွေက ထွက်လာတဲ့ အရည်တွေမှာလည်း ပိုးတွေပါနိုင်သလို အနီစက်တွေပျောက်သွားပြီးရင်တောင် ရောဂါရှိခဲ့သူရဲ့ ဝမ်းမှာ ပိုးက အချိန်တော်တော်ကြာ နေနိုင်ပါတယ်။ - [ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း Kidney Stones](https://www.telekyanmar.org/stones-in-kidney/) - ကျောက်ကပ် ကျောက်တည်ခြင်းအကြောင်း============================== (၁) ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ ဘယ်လိုဝေဒနာတွေ ခံစားရလေ့ရှိပါသလဲ ? ကျောက်ကပ်မှာ ကျောက်တည်တဲ့အခါ လူနာဟာ... - [ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း Urinary Tract Infections (UTI) in Children](https://www.telekyanmar.org/uti-in-children/) - ကလေးများတွင် ဖြစ်တတ်သည့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း =============================== ဆီးလမ်းကြောင်းပိုး၀င်ခြင်းဆိုတာ ဆီးလမ်းကြောင်းမှာပါ၀င်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပို့ပြွန်၊ ဆီးအိမ်နဲ့ ဆီးစွန့်လမ်းကြောင်းတစ်ခုခုမှာ ပိုး၀င်တာကို ခေါ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပေမယ့် သုံးနှစ်အောက်ကလေးတွေ၊ အထူးသဖြင့် တစ်ခါသုံးကလေးသေးခံ(diaper) သုံးတဲ့ မိန်းကလေးတွေမှာ အဖြစ်များပါတယ်။ - [မျက်သားတက်ခြင်း Pterygium](https://www.telekyanmar.org/pterygium/) - မျက်သားတက်ခြင်း ============== မျက်သားတက်တယ်ဆိုတာ အများအားဖြင့် မျက်လုံးရဲ့အဖြူရောင်နေရာမှာ တြိဂံပုံစံ (နောက်ထပ်)အဖြူဖတ်လေး ကပ်ပြီး ၊ နေရတာ ခိုးလိုးခုလုဖြစ်နေတတ်ပါတယ်။ တခါတလေ သွေးကြောမျှင်လေးတွေ မြင်နေရနိုင်ပါတယ်။ အများအားဖြင့် နာလေ့မရှိပါဘူး။ အကယ်၍ ရောင်ယမ်းလာမယ်ဆိုရင်တော့ နာလာတာ၊ နီရဲလာတာမျိုးဖြစ်တတ်ပါတယ်။ မျက်စိရဲ့ အမဲရောင်နေရာအထိ မျက်သားတက်လာရင်တော့ ကြည့်ရတာ အဆင်မပြေဖြစ်လာတတ်ပါတယ်။ ဘယ်သူတွေ ဖြစ်လဲ။ ဘာလို့ဖြစ်တာလဲ ? နေဒဏ်၊ လေဒဏ်တွေ၊ ဖုန်မှုန့်တွေကို ကြာရှည်ခံရလို့ဖြစ်တာပါ။ ကင်ဆာမဟုတ်သလို ကူးလဲမကူးတတ်ပါဘူး။ ပူပြင်းခြောက်သွေ့ တဲ့ မြန်မာပြည် အလယ်ပိုင်းမှာ နေတဲ့သူတွေ၊ နေရောင်အောက်မှာ အလုပ်လုပ်ကြတဲ့သူတွေ၊ ဆိုင်ကယ်စီးတဲ့သူတွေ၊ ဖုန်၊ အမှုန်များတဲ့ ပတ်ဝန်းကျင်မှာ၊ မီးခိုးငွေ့၊ ဆီငွေ့တွေနဲ့ နာရီပေါင်းများစွာကြော်လှော်ချက်ပြုတ်ရတဲ့လုပ်ငန်းခွင်ကသူတွေ၊ လေအရမ်းထန်တဲ့ နေရာမှာ နေထိုင်၊ အလုပ်လုပ်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အသက်အရွယ်အရဆိုရရင်တော့ - [ကလေးပါးစပ်တွင်းက မှက်ခရု Childhood Oral Candidiasis](https://www.telekyanmar.org/oral-trush-in-children/) - "ကလေးပါးစပ်တွင်းက မှက်ခရု" မှက်ခရုကတော့ Candida လို့ခေါ်တဲ့ Yeast မှိုတစ်မျိုးကြောင့်ဖြစ်တာပါ။ အဖြူဖတ်လေးကို ဖယ်လိုက်ရင် သွေးထွက်တတ်ပါတယ်။ အဖြူဖတ်တွေရဲ့ အောက်ခြေမှာ ရောင်နေတတ်တာကြောင့် (တစ်ခါတစ်ရံ) လျာ/ခံတွင်း နာကျင်ခြင်း၊ မအီမသာဖြစ်ခြင်၊း အစားအသောက်ပျက်ခြင်း၊ နို့ မစို့နိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်ပုံ Candida က လူတို့၏ အရေပြား၊ အစာအိမ်အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းနှင့် မျိုးပွားလမ်းကြောင်းများတွင် ရောဂါလက္ခဏာမပြဘဲ သဘာဝအတိုင်းရှိနေတတ်ပါတယ်။ အောက်ပါအခြေအနေတွေမှာ ရောဂါကူးစက်နိုင်ပါတယ်။ တစ်လအောက်ကလေးများတွင် အဖြစ်များပြီး မီးဖွားချိန်တွင် အမေ၏ မွေးလမ်းကြောင်းတွင် Candida မှိုရှိနေလျှင် ကလေးသို့ ကူးတတ်ပါတယ်။ မသန့်ရှင်းသော အရုပ်၊ ချိုလိမ်များ ပါးစပ်ထဲထည့်ခြင်းကြောင့်လည်း ကူးနိုင်ပါတယ်။ နို့တိုက်မိခင်၏ နို့သီးခေါင်းတွင် ဖြစ်ပွားနေသော Candida မှိုမှ ကလေးငယ်၏ ပါးစပ်တွင်းသို့ လည်းကောင်း၊ - [(မိန်းမကိုယ် မှိုစွဲခြင်း) Vaginal Thrush ( January 2022)](https://www.telekyanmar.org/vaginal-thrush-january-2022/) - မိန်းမကိုယ် ယားယံခြင်း (မိန်းမကိုယ် မှိုစွဲခြင်း) မိန်းမကိုယ် ယားယံခြင်းဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တခုဖြစ်တဲ့ မိန်းမကိုယ် မှိုစွဲခြင်းအကြောင်းရှင်းပြပါမယ်။ သူ့တချို့လူနာတွေမှာရဲ့ထူးခြားချက်ကတော့ မိန်းမကိုယ်က မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွားယားယံတာပါ။ မခံနိုင်လွန်းလို့ လက်သည်းနဲ့ ကုတ်ရင်း အရေပြားနေရာတွေပေါက်ပြဲ၊ ဆီးသွားဖို့တောင်ခက်ခဲတာမျိုးအထိတွေ့ဖူးပါတယ်။ - [ပခုံးခဲ၊ ပခုံးကပ် ရောဂါ Frozen Shoulder (January 2022)](https://www.telekyanmar.org/frozen-shoulder-january-2022/) - ပခုံးခဲ၊ ပခုံးကပ် ရောဂါ အထက်ပါရောဂါသည် ပြင်ပလူနာအဖြစ် ပြသခံယူရသော အဖြစ်များသည့်ရောဂါ တစ်ခုဖြစ်ပါသည်။ လူနာများအနေဖြင့် အရိုးအထူးကုဆရာဝန်၊ ပြန်လည်သန်စွမ်းရေးဆရာဝန်၊ အဆစ်အမြစ်သမားတော်၊ အထွေထွေရောဂါကုဆရာဝန် စသည်တို့ထံတွင် ပြသကုသမှုခံယူလေ့ရှိပါသည်။ သို့ဖြစ်ရာ ပခုံးခဲရောဂါ သဘာဝနှင့် စပ်လျဉ်း၍ သိသင့် သတိပြုအပ်သော အချက်များကို တင်ပြအပ်ပါသည်။ ရောဂါသဘာဝ ပခုံးခဲရောဂါသည် ပခုံးပတ်လည်ရှိ အရွတ်ကလေးများစတင်ရောင်ရမ်းရာမှ ပခုံးဆစ်တစ်ခုလုံး၏ ပတ်ပတ်လည် အဆစ်အိတ်တစ်ခုလုံး နာတာရှည်ရောင်ရမ်းခြင်း (chronic inflammation) ဖြစ်ကာ အမျှင်ဆဲလ်များ အဆမတန်ပွားများ၍ နာကျင်ကိုက်ခဲခြင်းအား ဖြစ်ပေါ်စေပါသည်။ ပခုံးခဲစေတတ်သော အခြေခံအကြောင်းရင်း ပခုံးဆစ်အား သာမန်ထိခိုက်မှုနှင့် ပြင်းထန်ထိခိုက်မှုဖြစ်ထားသူများ (အရိုးကျိုးခြင်း စသည်)၊ ဆီးချိုရောဂါသည်များ၊ အာရုံကြောရောဂါသည်များ၊ အဆစ်ရောင်ရောဂါသည်၊ လေဖြတ်ဝေဒနာသည်များတို့တွင် ပိုမိုတွေ့ရလေ့ရှိပါသည်။ မည်သည့်အကြောင်းရင်းမျှ မရှိသော်လည်း ပခုံးခဲကပ်ခြင်းကို တွေ့ရတတ်ပါသေးသည်။ သို့ဖြစ်ပါ၍ - [ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ( February, 2022 )](https://www.telekyanmar.org/diarrhoea-disease/) - တစ်ချိန်က တစ်ကမ္ဘာလုံးကို ကပ်ရောဂါကြီးအနေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ Shigella dysenteriae ၊ Vibrio cholerae နဲ့ Escherichia coli လို့ခေါ်တဲ့ရောဂါပိုးတွေကြောင့် အများဆုံးဖြစ်တတ်ပါတယ်။ အဓိကအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။ အခုချိန်ထိလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ သေဆုံးမှုအများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းကတော့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားသောက်မိတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာမရှိတာတွေကြောင့် ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေ တိရစ္ဆာန်တွေကနေတစ်ဆင့်လည်း ထပ်မံကူးစက်နိုင်ပါတယ် ⁃ ဘယ်လိုဆိုရင် ဝမ်းပျက်ဝမ်းလျှောလို့ သတ်မှတ်မလဲ ? ဝမ်းပျော့ပျော့ ဒါမှမဟုတ် အရည်ချည်းပဲ တစ်နေ့ကို သုံးကြိမ်နဲ့အထက် သွားနေရင် ဝမ်းပျက်ဝမ်းလျှောရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ ဝမ်းထဲမှာသွေးပါလာတာ ၊ ဗိုက်အောင့်တာ ၊ ဗိုက်ရစ်နာတာ ၊ ဖျားတာတွေနဲ့ပါ တွဲလာရင်တော့ ဝမ်းကိုက်ရောဂါလို့ သတ်မှတ်ပါတယ်။ - [အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း Hepatitis B Virus & Hepatitis C Virus ( February 2022 )](https://www.telekyanmar.org/hepatitis-b-virus-hepatitis-c-virus/) - အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးအကြောင်း ပြီးခဲ့တဲ့တစ်ခေါက် အသည်းရောဂါအကြောင်း သိကောင်းစရာ အပိုင်း(၁)မှာ ပေါများလာနေတဲ့ အန္တရာယ်အများဆုံးဖြစ်တဲ့ အသည်းကင်ဆာ အကြောင်း တစေ့တစောင်း ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီတစ်ခါကတော့ အသည်းရောင် အသားဝါ ဘီပိုး စီပိုး အကြောင်း အနည်းငယ်ဆွေးနွေးလိုပါတယ်။ မြန်မာနိုင်ငံမှာ အသည်းကင်ဆာနဲ့ အသည်းခြောက်ရောဂါဖြစ်စေတဲ့အကြောင်းရင်း ၆၀~၇၀%က ဘီပိုး (Hepatitis B Virus) (သို့) စီပိုး( Hepatitis C Virus)ကြောင့် ဖြစ်တာပါ။ အသည်းကင်ဆာ(Hepatocellular carcinoma) နဲ့ အသည်းခြောက်ရောဂါ( Cirrhosis of Liver) ဖြစ်ပွားမှုကို လျော့ချနိုင်ဖို့အတွက် အသည်းရောင်အသားဝါ ဘီပိုး စီပိုးအကြောင်းကို အကြမ်းဖျင်းနားလည်ပြီး အသည်းကို စနစ်တကျဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့်သိသင့်တဲ့ ဗဟုသုတလေးတွေကို မျှဝေလိုက်ပါတယ်။ အခုဆွေးနွေးချက်တွေဟာ - [အစာအိမ်ရောင်ခြင်း Gastritis ( February 2022 )](https://www.telekyanmar.org/gastritis/) - အစာအိမ်ရောင်ခြင်း စားလိုက်တဲ့အစာတွေကို ခြေဖျက်ဖို့အတွက် အစာအိမ်နံရံကနေ အက်ဆစ်တစ်မျိုးထုတ်ပေးပါတယ်။ အက်ဆစ်က အစာအိမ်နံရံကို ပြန်ပြီးမစားသွားအောင် အစာအိမ်အတွင်းနံရံကို အလွှာပါးလေးနဲ့ သဘာ၀တရားကြီးကဖုံးအုပ်ပေးထားပါတယ်။ အစာအိမ်ရောင်တယ်ဆိုတာ အဲဒီ့ အတွင်းနံရံ အလွှာပါးလေး ရောင်တာကိုခေါ်ပါတယ်။ တချို့မှာ ရုတ်တရက်ဖြစ်တတ်ပြီး၊ တချို့မှာတော့ နာတာရှည်ရောဂါပုံစံမျိုးဖြစ်တတ်ပါတယ်။ ရောဂါအခြေအနေဆိုးရွားပြင်းထန်ရင်တော့ အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်တာ၊ အဆိုးဆုံးအနေနဲ့ကတော့ အစာအိမ်နံရံပေါက်တာမျိုးအထိဖြစ်နိုင်ပြီး အချိန်မှီမကုရင် သွေးဆိပ်တက်ပြီး အသက်အန္တရာယ်အထိရှိနိုင်ပါတယ်။ - [ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း Minor Head Injuries in Children ( February 2022 )](https://www.telekyanmar.org/minor-head-injuries-in-children/) - ကလေးတွေမှာ ဦးခေါင်းအနည်းငယ်ထိခိုက်ဒဏ်ရာရခြင်း တစ်ခါတလေ ကလေးတွေဆော့ကစားရင်းဖြစ်စေ မတော်တဆဖြစ်စေ ခေါင်းကိုထိခိုက်မှုဖြစ်တဲ့အခါ မိဘအုပ်ထိန်းသူတွေအနေနဲ့ ဆေးရုံပို့ရမှာလား၊ ဦးနှောက်ထိပြီး ဉာဏ်ရည်များနိမ့်သွားတော့မှာလား၊ အသက်အန္တရာယ်များရှိလား စသဖြင့် စိုးရိမ်ပူပန်မှုများစွာ ဖြစ်စေပါတယ်။ - [ရာသီလာချိန်ကိုက်ခဲခြင်း Dysmenorrhea ( March, 2022 )](https://www.telekyanmar.org/dysmenorrhea-march-2022/) - ရာသီလာချိန်ကိုက်ခဲခြင်း ရာသီလာချိန်ကိုက်ခဲတာဟာ ရောဂါအခံမရှိဘဲ ဖြစ်နိုင်သလို သားအိမ်အတွင်း အလုံးရှိတာမျိုး၊ သားအိမ်တွင်း ပိုးဝင်တာမျိုးကြောင့်လဲဖြစ်တတ်ပါတယ်။ ????ရောဂါအခံမရှိဘဲ ဘာကြောင့် ကိုက်ခဲရတာလဲ? Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို သားအိမ်ရဲ့ အတွင်းနံရံက လိုအပ်တာထက်ပိုပြီး ထုတ်တာများလို့ပါ။ အဲဒီ့ဟော်မုန်းရဲ့လုပ်ဆောင်ချက်တစ်မျိုးက သားအိမ်ကြွက်သားတွေကိုညှစ်တာမျိုးဖြစ်စေလို့ပါ။ ????ရောဂါလက္ခဏာများတစ်ယောက်နဲ့တစ်ယောက် ခံစားရတာခြင်း မတူနိုင်ပါဘူး။ တချို့တွေမှာ ဗိုက်အောက်ပိုင်း ဆီးစပ်လောက်မှာပဲ ကိုက်ခဲတာဖြစ်ပြီး တချို့တွေမှာတော့ ခါးကိုက်တာမျိုး၊ ဆုပ်ဆွဲထားသလိုမျိုးပါ ခံစားရတတ်ပါတယ်။ ပိုပြီးဆိုးဆိုးရွားရွားခံစားရတဲ့သူတွေမှာတော့ ခြေထောက်တွေ၊ ပေါင်တွေပါကိုက်ခဲတာ၊ နာကျင်လွန်းလို့ ပျို့၊ အန်တာမျိုးအထိဖြစ်နိုင်ပါတယ်။ ရာသီစက်ဝန်းပထမရက်မှာ အများအားဖြင့်ဖြစ်တတ်ပြီး တချို့တွေမှာ ရာသီမလာမီ ၁၂ နာရီလောက်ထဲက ကြိုပြီးခံစားရတတ်ပါတယ်။ ကိုက်ခဲမှုက ၂၄ နာရီလောက်ကြာတတ်ပြီး ၂ရက်/ ၃ ရက် လောက်အထိကြာတာမျိုးလဲ ဖြစ်တတ်ပါတယ်။ ????အန္တရာယ်ရှိလား ? အများအားဖြင့် - [ရာသီသွေးအဆင်းများခြင်း Menorrhagia ( March, 2022 )](https://www.telekyanmar.org/menorrhagia-march-2022/) - ရာသီသွေးအဆင်းများခြင်း ( March, 2022 ) ဘာကြောင့်ဖြစ်တာလဲ ? ????Dysfunctional Uterine Bleeding အများအားဖြင့် ဖြစ်ရတဲ့အကြောင်းရင်း မသိပါဘူး။ သားအိမ်၊ သားဥအိမ်စစ်ဆေးမှုတွေမှာလဲ ပုံမှန်ပဲ အဖြေထွက်ပါတယ်။ Dysfunctional Uterine Bleeding လို့ခေါ်ပါတယ်။ ရာသီသွေးပေါ်ကာစအရွယ်နဲ့ သွေးဆုံးခါနီးအသက်အရွယ်တွေမှာ ပိုပြီးဖြစ်တတ်ပါတယ်။ သားအိမ်အတွင်းနံရံကနေ ပုံမှန်ထုတ်ပေးလေ့ရှိတဲ့ Prostaglandins (ပရော်စတာဂလန်ဒင်)လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို လိုအပ်တာထက်ပိုပြီး ထုတ်တာများနေတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ ????အခြား ရာသီသွေးဆင်းများရသည့်အကြောင်းအရင်းတွေကတော့ -သားအိမ်တွင်းအလုံးရှိခြင်း -သုံးလခံ တားဆေးထိုးထားသူများ -သားအိမ်တွင်း ကိုယ်ဝန်တားပစ္စည်းထည့်ထားသူများ -သွေးကျဲရောဂါရှိသူများ -သွေးကျဲဆေးသောက်နေရသူများ -ကိုယ်ဝန်ပျက်ကျလျှင်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်နေလျှင် -လိင်ဆက်ရာမှတစ်ဆင့်ကူးစက်တတ်သောရောဂါများ အပါအဝင် သားအိမ်တွင်းပိုင်း ပြဿနာရှိနေသူတွေ -သားအိမ်နံရံကင်ဆာရောဂါရှိသူတွေ ဘယ်လိုသိနိုင်မလဲ ? ဆရာဝန်က ပုံမှန်စမ်းသပ်စစ်ဆေးမှုတွေအပြင် လိုအပ်လျှင် အောက်ပါစစ်ဆေးမှုများလဲပြုလုပ်နိုင်ပါတယ်။ - [ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ Shaken Baby Syndrome ( March, 2022 )](https://www.telekyanmar.org/shaken-baby-syndrome-march-2022/) - ???? Shaken Baby Syndrome သို့မဟုတ် ကြမ်းကြမ်းတမ်းတမ်း ခါယမ်းခြင်းကြောင့် ကလေးများတွင် ဖြစ်နိုင်သည့် အန္တရာယ်များ ???? ၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့ မတိုင်ခင်အထိ အသက် (၂) နှစ်ခွဲအရွယ် Austin လေးဟာ သာမန်ကလေးတွေလိုပဲ လမ်းလျှောက်တယ်၊ ကစားရတာကြိုက်တယ်၊ တီတီတာတာလေးတွေ ပြောတတ်တယ်၊ ကာတွန်းကားကြည့်ရတာ ကြိုက်တယ်။ သူဟာ အမြဲတမ်းပျော်ရွှင်တက်ကြွနေတဲ့ ကလေးလေးတစ်ယောက်ပေါ့။ ၂၀၀၀ ခုနှစ် ဒီဇင်ဘာ (၇) ရက်နေ့မှာတော့ Austin လေးဟာ ဦးနှောက်အာရုံကြောဆေးရုံကြီးတစ်ခုရဲ့ အထူးကြပ်မတ်ခန်းထဲမှာ ရောက်ရှိနေပါပြီ။ သူဟာ သတိလည်းမရတော့ပါဘူး။ သူ့ဦးခေါင်းခွံ မာမာသေးသေးလေးထဲက သူ့ဦးနှောက်သေးသေးလေးဟာ အဆမတန် ရောင်ရမ်းဖောင်းကားလာပြီး အောက်ဆီဂျင်တွေ၊ သွေးတွေ မပို့နိုင်အောင် ဖိထားလိုက်ပါတယ်။ အသက်ရှင်ဖို့ ရာခိုင်နှုန်းအရမ်းနည်းပါးတယ်လို့ - [အပူဒဏ်ကို ကာကွယ်ကြစို့ Heat Stroke ( March, 2022 )](https://www.telekyanmar.org/heat-stroke-march-2022/) - ????နွေရောက်ပြီမို့ ... အပူဒဏ်ကို ကာကွယ်ကြစို့???? နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။ အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။ အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။ ???? ရာသီဥတု ပူပြင်းရင် ဘာတွေဖြစ်မလဲ ? လူ့ခန္ဓာကိုယ်ဟာ သတ်မှတ်အပူချိန်တစ်ခုမှာပဲ ရှင်သန်နိုင်တာမို့ ခန္ဓာကိုယ်အတွင်း အပူဓာတ် အရမ်းများလာတဲ့အခါ ဒီအပူကို ပြန်လည် စွန့်ထုတ်ရပါတယ်။ အဓိကအားဖြင့် ချွေးကတစ်ဆင့် အပူကို ပြန်လည်စွန့်ထုတ်ရပါတယ်။ အပြင်မှာ ရာသီဥတု အရမ်းပူပြင်းတဲ့အခါ အပူဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာပါတယ်။ ဒီအခါမှာ ခန္ဓာကိုယ်ဟာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေကိုချဲ့ထွင်ပြီး သွေးလည်ပတ်မှုအားကောင်းအောင် - [ချော့မရအောင် ငိုတဲ့ကလေးကို လုပ်ပေးရမယ့် အချက် ၃ ချက် Soothing A Crying Baby ( March, 2022 )](https://www.telekyanmar.org/soothing-a-crying-baby-march-2022/) - ???? ချော့မရအောင် ငိုတဲ့ကလေးကို လုပ်ပေးရမယ့် အချက် ၃ ချက် ???? တချို့ကလေးတွေဟာ တခြားကလေးတွေထက် ပိုပြီးငိုလွန်းတာမျိုး/ ချော့ဖို့လိုအပ်တာမျိုးရှိပါတယ်။ တကယ်တော့ ကလေးတစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ၊ ပတ်ဝန်းကျင် အခြေအနေတွေကို တုန့်ပြန်ပုံခြင်းမတူကြလို့ပါ (ဥပမာတခုအနေနဲ့ပြောရရင် တချို့လူတွေက စကားကို တိုးတိုးပြောတတ်ပေမယ့် တချို့က ကျယ်ကျယ်ပြောတတ်တယ်၊ တချို့အချင်းချင်းစိတ်ဆိုးစိတ်ကောက်ကြရင် ချော့လို့လွယ်ပေမယ့် တချို့က ချော့ရခက်ပါတယ်။ ဒီသဘောမျိုးပါပဲ။ တချို့ကလေးတွေက အေးတယ်၊ တချို့ကလေးလေးတွေက အရမ်းငိုတယ်) ဒါပေမယ့် ကလေးလေးတွေ ငိုတိုင်းလည်း ဂျီကျချင်လို့ငိုတာ မဟုတ်ပြန်ပါဘူး။ အထူးသဖြင့် စကားမပြောတတ်သေးတဲ့ ကလေးလေးတွေမှာ သူတို့ရဲ့ အဆင်မပြေမှုတွေ၊ ခံစားချက်တွေကို ဖေဖေမေမေတို့နဲ့ ပြောပြနိုင်ဖို့ ငိုခြင်းကသာ သူတို့အတွက် တစ်ခုတည်းသော ဆက်သွယ်ရေးလမ်းကြောင်းပါ။ အတွေ့အကြုံမရှိသေးတဲ့ သားဦးမိဘတွေ၊ ဘေးမှာ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးမယ့်သူမရှိတဲ့ - [Anal Fissure (စအိုကွဲနာ)(March, 2022)](https://www.telekyanmar.org/anal-fissure/) - စအိုကွဲနာဆိုတာ စအိုဝအရေပြားလေးကွဲပြီး ဝမ်းသွားရင် အရမ်းနာတဲ့ ပြဿနာပါ။ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ???? ရောဂါလက္ခဏာများ ဝမ်းသွားတဲ့အချိန် အရေပြားကို ဆွဲဖြဲလိုက်သလို နာပါတယ်၊ သွေးနည်းနည်းထွက်နိုင်ပါတယ် (အတွင်းခံဘောင်းဘီမှာ သွေးနည်းနည်းပေနေတာမျိုး၊ အိမ်သာသုံးစက္ကူမှာ သွေးပေလာတာမျိုး မြင်ရနိုင်ပါတယ်) ကြမ်းမာမာပေါ်မှာထိုင်ရင် စအိုနေရာမှာ သရိုးသရီနဲ့ ထိုင်ရအဆင်မပြေဖြစ်နိုင်ပါတယ် မိနစ်ပိုင်းကနေ နာရီပိုင်းလောက်အထိ နာတဲ့အချိန် ကြာနိုင်ပါတယ် ❓ ဘာကြောင့်ဖြစ်တာလဲ ဝမ်းမာမာသွားတဲ့အခါ စအိုဝအရေပြားပါးပါးလေးကို ခွဲလိုက်သလိုဖြစ်ပြီး ကွဲကြောင်းလေး စပေါ်လာပါတယ်။ ဝမ်းသွားတိုင်း စမြင်းတုံးတွေက ပထမကွဲထားတဲ့နေရာကို ပွတ်ဆွဲသွားသလိုဖြစ်ရာကနေ နာတာဖြစ်ပါတယ်။ ❓ ဘယ်သူတွေမှာ ဖြစ်တတ်လဲ ဝမ်းချုပ်တတ်သူတွေ ပုံမှန်မွေးလမ်းကြောင်းကနေ ကလေးများများမွေးထားတဲ့သူတွေ Crohn’s disease လို့ခေါ်တဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိသူတွေ ???? - [ပန်းသေပန်းညှိုးရောဂါ Erectile Dysfunction/ Impotency( May, 2022 )](https://www.telekyanmar.org/erectile-dysfunction-impotency/) - ပန်းသေပန်းညှိုးမဖြစ်စေဖို့ ❓ပန်းသေပန်းညှိုးရောဂါဆိုတာဘာလဲ ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction/ Impotence) ဆိုတာ အမျိုးသားတစ်ဦးတစ်နေနဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုလုပ်နိုင်လောက်အောင် လုံလောက်တဲ့ လိင်တံထောင်မတ်နိုင်စွမ်းမရှိတာ/ ဆက်ဆံနေစဥ်တစ်လျှောက်လည်း ဆက်လက်မထောင်မတ်နေနိုင်တာကို ခေါ်ပါတယ်။ အမျိုးသားတွေဟာ သူတို့ဘဝသက်တမ်းမှာ တစ်ခါတရံတော့ ယာယီအနေနဲ့ လိင်တံမထောင်မတ်နိုင်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါဟာ ရောဂါတစ်ခုခုကြောင့်မဟုတ်ဘဲ စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ် ခဏတာဖြစ်တတ်တာမို့လို့ အမြဲတစေ လိင်တံမထောင်မတ်နိုင်တဲ့ Erectile Dysfunction လို့ မခေါ်ဆိုနိုင်ပါဘူး။ ❓ဘယ်လောက်အဖြစ်များသလဲ အသက် (၄၅)နှစ်ရောက်ရင် အမျိုးသား (၁၀)ယောက်မှာ (၃)ယောက်၊ အသက် (၇၀)အရောက်မှာတော့ အမျိုးသား (၃)ယောက်မှာ (၂)ယောက်ထိ ဖြစ်လာတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။အသက်ကြီးလာလေ ပန်းညှိုးပန်းသေ ဖြစ်ဖို့ ရာခိုင်နှုန်းပိုများလာလေပါပဲခင်ဗျာ။ ❓ပန်းသေပန်းညှိုး ဘာလို့ဖြစ်ရတာလဲ ဒီမှာ နှစ်ပိုင်းခွဲပြောပါမယ်.. (၁) ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိနေလို့/ - [နှလုံးအားနည်းခြင်းရောဂါအကြောင်း Heart Failure ( May, 2022 )](https://www.telekyanmar.org/heart-failure-may-2022/) - နှလုံးအားနည်းခြင်းရောဂါအကြောင်း ( Heart Failure ) နှလုံးဟာ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုစနစ်ရဲ့ အဓိကအင်္ဂါဖြစ်ပါတယ်။ နှလုံးအားနည်းသွားပြီဆိုရင်တော့ သွေးလည်ပတ်မှုစနစ်ချို့ယွင်းပြီး နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်ပေါ်စေမှာမို့ "နှလုံးအားနည်းခြင်းရောဂါ"အကြောင်း သိသင့်သိထိုက်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်..... ❓ဘာကြောင့်ဖြစ်ရတာလဲ အဓိကကတော့...(၁) နှလုံးညှစ်အား မကောင်းတာရယ်(၂) နှလုံးသွေးဝင်ခန်းကကြွက်သားတွေတောင့်တင်းပြီး သွေးပြန်ကြောမှပြန်လာတဲ့ သွေးတွေကို ကောင်းကောင်းလက်မခံနိုင်တာရယ်ကြောင့် နှလုံးအားနည်းရောဂါကို ဖြစ်စေနိုင်ပါတယ်။ ❓ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ နှလုံးအားနည်းတဲ့ လက္ခဏာတွေကတော့ (၁) မောခြင်း ၊ အသက်ရှူကြပ်ခြင်း ၊ ပက်လက်လှဲအိပ်လျင် အသက်ရှူပိုကြပ်ခြင်း (၂) ပင်ပန်းနွမ်းနယ်ပြီး အားမရှိခြင်း ၊ အမောမခံနိုင်ခြင်း (၃) ရင်တုန်ခြင်း ၊ မူးလဲမလို မိုက်ခနဲဖြစ်ခြင်း (၄) ခြေလက်များ ဖောရောင်ခြင်း ၊ အိပ်ရာထဲ လဲနေသူများတွင် မြှီးညှောင့်ရိုးအနီးတစ်ဝိုက်နှင့် ဝမ်းဗိုက် ဖောရောင်ခြင်းတို့ - [ဆီးကျိတ်ကြီးခြင်း Benign Prostatic Hyperplasia ( May, 2022 )](https://www.telekyanmar.org/benign-prostatic-hyperplasia/) - သတိထားပါ ဆီးကျိတ်ပြဿနာ ???? အဖေဒီတလော ညဘက်ခဏခဏ ဆီးထထသွားနေတယ်နော်။ ဟုတ်လားအဖေ? ဆီးချိုရှိရင် အဲ့လိုဖြစ်တတ်တယ် ကြားဖူးတယ် ၊ ဆီးချိုသွားစစ်ကြည့်ရအောင်လေ ????‍???? အေးသမီး...တစ်ကယ်တော့ အဖေဖြစ်နေတာ တော်တော်တောင်ကြာနေပြီ။ အဲဒါကြောင့် ဟိုရက်ကပဲ သမီးအမေနဲ့ ဆေးခန်းမှာ နှစ်ယောက်လုံး မနက်အစော အစာမစားခင် ဆီးချိုသွားဖောက်ထားသေးတယ်။ ကောင်းတယ်လို့ပြောတယ်။ အဖေကလည်း ညဘက်ဆီးခဏခဏသွားတဲ့ကိစ္စ ဆရာဝန်ကို မပြောလိုက်မိဘူး ???? ဒါဆို သမီး သူငယ်ချင်းဆရာ၀န်နဲ့ သွားတိုင်ပင်ရအောင်နော် အဖေ - [Gout (အဆစ်ရောင်ဂေါက်ရောဂါ) ( May, 2022 )](https://www.telekyanmar.org/gout-may-2022/) - လူတွေပြောပြောနေကြတဲ့ ဂေါက်ရောဂါ (Gout) ရောဂါဆိုတာဘာလဲ? Gout ရောဂါဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခြေဆစ်၊ လက်ဆစ်တွေနဲ့ တခြားအရိုးအဆစ်ကြီးကြီးမားမားတွေ (ဥပမာအားဖြင့် တံတောင်ဆစ်နဲ့ ဒူးဆစ်တွေ)မှာ Uric Acid Crystals လို့ခေါ်တဲ့ ပုံဆောင်ခဲလေးတွေကတစ်စထက်တစ်စ စုပုံလာပြီးတဲ့နောက်မှာ အဲ့ဒီအရိုးအဆစ်လေးတွေကရောင်ရမ်းလာပြီးတော့အရိုးအဆစ်လေးတွေနာကျင်လာတဲ့ရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ပုံမှန်မှာတော့ ခန္ဓာကိုယ်ထဲကနေ Purine လို့ခေါ်တဲ့ Protein ဓာတ်တစ်မျိုးကို ကျောက်ကပ်ကနေတစ်ဆင့် စွန့်ထုတ်ရပါတယ်။ အဲ့ဒီ Purine လို့ခေါ်တဲ့ Protein ကို အကြောင်းကြောင်းကြောင့် ကျောက်ကပ်ကနေမစွန့်ထုတ်နိုင်တဲ့အခါ၊ ဒါမှမဟုတ် ကျောက်ကပ်ကနေစွန့်ထုတ်နိုင်တဲ့ပမာဏထက် ခန္ဓာကိုယ်မှာများပြားလွန်းနေတဲ့အခါမှာ အဲ့ဒီ Purine Protein က Uric Acid ဖွဲ့စည်းတည်ဆောက်တဲ့နေရာမှာ ဓာတ်ကူပစ္စည်းအနေနဲ့ကူညီဆောင်ရွက်ပေးလိုက်တဲ့အတွက် Uric Acid ကများသထက်များလာပါတော့တယ်။ ???? Gout ရောဂါလက္ခဏာတွေကဘာတွေလဲ? Uric Acid Crystal ပုံဆောင်ခဲလေးတွေက - [မိခင်လောင်းတို့အတွက် ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး Antenatal Care ( May, 2022 )](https://www.telekyanmar.org/antenatal-care-may-2022/) - မိခင်လောင်းတို့အတွက် ကိုယ်ဝန်ဆောင်ကာလ ကျန်းမာရေး ????ကိုယ်ဝန်ဆောင်ကာလဟာ မိခင်လောင်းတစ်ဦးရဲ့ဘဝမှာ အပြောင်းအလဲတွေစတင်တဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဘဝရဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ဒီ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ မိခင်လောင်းတို့ရဲ့ အပြုအမူ၊ အစားအသောက်၊ အနေအထိုင် တစ်ခုချင်းစီက မွေးဖွားလာမယ့် ရင်သွေးငယ်လေးအပေါ်ရော ကိုယ်တိုင်အတွက်ပါ အကောင်းအဆိုး ကြီးမားတဲ့သက်ရောက်မှုတွေ ရှိတဲ့အတွက်ကြောင့် ဒီ ကိုးလတာ ကိုယ်ဝန်ဆောင်ကာလဟာ (အထူး) အရေးကြီးလှပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလနဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တာလေးတွေ မျှဝေပေးလိုက်ပါတယ်... ❓ ကိုယ်ဝန်ဆောင်ကာလမှာ ဘာတွေစားရမလဲ? အစားအသောက်ရှောင်ဖို့လိုလားကိုယ်ဝန်ဆောင်ကာလဟာ မိမိအပြင် သန္ဓေသားလေးပါ တိုးလာတဲ့အတွက် အာဟာရပြည့်ပြည့်ဝဝ မျှမျှတတ စားသောက်ဖို့အထူးလိုအပ်ပါတယ်။ သို့ပေမယ့် နှစ်ယောက်စာ ပိုစားစရာတော့မလိုအပ်ဘဲ မျှတတဲ့အာဟာရဖြစ်ရပါမယ်။ ✔️ အာဟာရပြည့်ဝမျှတတဲ့ Balanced Diet ဖြစ်အောင် ???? ထမင်း၊ ဂျုံ၊ ပေါင်မုန့်၊ အာလူး စတဲ့ - [ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း Varicose Vein ( May, 2022 )](https://www.telekyanmar.org/varicose-vein-may-2022/) - ခြေထောက်သွေးကြောထုံးရောဂါ အကြောင်း ( Varicose Vein ) ???? ခြေထောက်မှာ ဘာလို့ သွေးကြောထုံးတာလဲ ? ခန္ဓာကိုယ်အောက်ပိုင်း ခြေထောက်ကသွေးတွေဟာ ‌နှလုံးဆီပြန်သွားဖို့ ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားတွေက ညှစ်ပို့ပေးသလို၊ သွေးတွေ အောက်ပြန်မကျစေဖို့/မအိုင်စေဖို့ကိုလည်း သွေးပြန်ကြောအတွင်းမှာ အဆို့ရှင် (one way valve)လေးတွေခံပြီးလည်း တားပေးထားပါတယ်။ အဲဒီ့အဆို့ရှင်လေးတွေ မသန်မာတော့ရင် (သို့) မလုံတော့ရင် သွေးတွေ အောက်ပြန်စီးကျပြီး ၊ ခြေထောက်မှာ သွေးတွေအိုင်လာကာ ခြေထောက်သွေးကြောထုံးရောဂါ ၊ တစ်နည်းအားဖြင့် သွေးကြောဖောင်းရောဂါ/ ခြေထောက်သွေးကျရောဂါ ဖြစ်နိုင်ပါတယ်။ ???? ဘယ်လိုလူတွေမှာ အဖြစ်များလဲ ? အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုအဖြစ်များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်ဖို့ ရာခိုင်နှုန်းများလာတတ်ပါတယ်။ ဒါပေမယ့် အသက် (၁၈)နှစ်အရွယ်ကတည်းကလည်း စတင်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့်... ဝသောသူများ ကိုယ်ဝန်ဆောင်မိခင်များ - [ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ် Chickenpox ( May, 2022 )](https://www.telekyanmar.org/chickenpox-may-2022/) - ကလေးများမှာ သတိပြုဖွယ် ရေကျောက်အန္တရာယ် ရေကျောက်ကတော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားမှာ အဖုအပိမ့်အနီကွက်တွေထတဲ့ ရောဂါပဲဖြစ်ပါတယ်။ ရောဂါက ပျော့ပြီး သူ့ဘာသာသူပျောက်ကင်းတဲ့ ရောဂါလို့ဆိုပေမယ့် မွေးကင်းစကလေးတွေ၊ ကိုယ်ခံအားကျနေတဲ့လူနာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ လူကြီးတွေမှာ ဖြစ်ခဲ့မယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် ဖျားနာမှုကို ဖြစ်စေနိုင်ပါတယ်။ ❓ဘာကြောင့် ရေကျောက်ပေါက်တာလဲ • Varicella zoster လို့ခေါ်တဲ့ virusပိုးတစ်မျိုးကြောင့် ဖြစ်ပြီးတော့ ၄င်းက ရေယုန်ရောဂါနဲ့ မျိုးရင်းတူတူပါပဲ။ ❓ဘယ်လို ရောဂါလက္ခဏာတွေနဲ့ လာလေ့ရှိလဲ အသက် ၅နှစ်ကနေ ၁၀နှစ်အရွယ်ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ • ပုံမှန်အားဖြင့်တော့ ကလေးတွေက အရမ်းနေမကောင်းဖျားနာလေ့ မရှိကြပါဘူး။ ဒါပေမဲ့ ပင်ပန်းနွမ်းနယ်နေတတ်ပြီး အဖျားငွေ့ငွေ့လေး ရှိတတ်ကြပါတယ်။ လူကြီးတွေမှာဆိုရင်တော့ တုပ်ကွေးလို လက္ခဏာတွေနဲ့ လာလေ့ရှိပါတယ်။ • (၃)ရက်- (၁)ပတ်လောက်ထိ - [ဝမှာကြောက်သူတွေသုံးသင့်တဲ့ ကိုယ်ဝန်တားနည်းများ Contraception ( May, 2022 )](https://www.telekyanmar.org/contraception-may-2022/) - ဝမှာကြောက်သူတွေသုံးသင့်တဲ့ ကိုယ်ဝန်တားနည်းများ ကိုယ်ဝန်တားနည်းတစ်ခုခုသုံးတော့မယ်ဆိုရင် လူအများစုမေးတတ်တာက “ဝ လာမှာလား”ဆိုတဲ့မေးခွန်းပါ..... တကယ်တမ်းတော့ ကိုယ်ဝန်တားတိုင်း မဝပါဘူး။ အထူးသဖြင့် ဟော်မုန်းမပါတဲ့ ကိုယ်ဝန်တားနည်းတွေက လုံးဝကို မဝစေပါဘူး။ ဟော်မုန်းပါတဲ့ သုံးလခံထိုးဆေး၊ ဆေးကဒ်၊ လက်မောင်းထဲထည့်တဲ့နည်း သုံးတဲ့သူတွေမှာတော့ အနည်းနဲ့အများ ဝ လာနိုင်ခြေရှိပါတယ်။ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစတိုဂျင် နဲ့ ပရော်ဂျက်စတုန်းလို့ခေါ်တဲ့ဟော်မုန်းတွေကို အခြေခံပြီး ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားနည်းတွေကို ထုတ်ထားတာပါ။ ဥပမာအားဖြင့် တားဆေးကဒ်မှာဆိုရင် ဟော်မုန်းနှစ်မျိုးလုံးပါတဲ့ကဒ်ရှိသလို တမျိုးပဲပါတဲ့ကဒ်ရှိပါတယ်။ ဟော်မုန်းတွေက အစားစားချင်စိတ်ကိုလှုံဆော်ပေးတာ၊ ခန္ဓာကိုယ်ကနေရေဓါတ်ကို ပိုပြီးဆွဲယူတာစတဲ့ အာနိသင်တွေရှိတဲ့အတွက် အစာစားချင်စိတ်ဖြစ်တိုင်းစားနေမယ်၊ ကိုယ်လက်လှုပ်ရှားမှုနည်းမယ်ဆိုရင်တော့ ဝလာနိုင်ပါတယ်။ ကိုယ်ဝန်တားနည်းတွေသုံးတာမဟုတ်ဘဲ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီထက်အများကြီးပိုစားဖြစ်ရင်လဲ ဝလာနိုင်ပါတယ်။ ကိုယ်ဝန်တားပြီး ဝတယ်ဆိုတာ ဟော်မုန်းအာနိသင်ထက် ကိုယ့်ရဲ့ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုပေါ် ပိုပြီးမူတည်ပါတယ်။ ဟော်မုန်းမပါတဲ့ ကိုယ်ဝန်တားနည်းတွေပဲသုံးချင်တယ်ဆိုရင်တော့ - [သတိပြုပါဆီးချိုရောဂါ ( May, 2022 )](https://www.telekyanmar.org/diabetes-mellitus-may-2022/) - ဆီးချိုအကြာင်း ကိုယ် ဘယ်လောက်ထိသိပြီလဲ ???? ဆီးချိုရောဂါဆိုတာလူတိုင်းရင်းနှီးပြီးသား၊ ကြားဖူးပြီးသား ဖြစ်ပေမယ့် မိမိတို့ကိုယ်တိုင် မဖြစ်အောင်ကာကွယ်နိုင်ဖို့၊ ထိန်းနိုင်ဖို့က အရေးကြီးဆုံးဖြစ်တာကြောင့် ဆီးချိုအကြောင်း သိထားသင့်သည်များကို အကြမ်းဖျင်းလေးပြောလိုက်ပါတယ်။ ✔️အရင်ဆုံးဆီးချိုက(၂)မျိုးရှိပါတယ်တဲ့???? Type 1-ပထမအမျိုးအစားကတော့ မုန့်ချိုအိတ် (ခေါ်) ပန်ကရိယက အင်ဆူလင် ဟော်မုန်း ကိုမထုတ်ပေးနိုင်လို့ပါ။ Type 2 -ဒုတိယအမျိုးအစားကတော့ ပန်ကရိယ ကထုတ်ပေးလိုက်တဲ့ အင်ဆူလင်ဟော်မုန်းကို မိမိတို့ကိုယ်ခန္တာက တုံ့ပြန်မှုအားနည်းသွားလို့ပါ။သူတို့၂ခုကို ဖြစ်စေတဲ့အကြာင်းရင်းကမတူသလို ကုသမှုလည်းမတူပါဘူးတဲ့။ ဒီ၂မျိုးပဲလားဆိုရင်တော့...တခြားပန်ကရိယရောင်တာ၊ ဟော်မုန်းရောဂါများ၊တချို့သောဆေးများကြောင့်လည်း ဆီးချိုတက်နိုင်ပါသေးတယ်။ ❓ဒါဆိုအကြမ်းဖျင်း ဘယ်လိုခွဲကြမှာလဲ???? Type 1- ပထမတစ်ခုက အသက်ငယ်ငယ် ပိန်တဲ့သူတွေမှာဖြစ်လေ့ရှိပြီး မျိုးရိုးမှာဆီးချိုမရှိတတ်ကြပါဘူး။ Type 2- ဒုတိယတစ်ခုကတော့ အသက်ကြီးကြီး ဝတဲ့သူတွေမှာဖြစ်လေ့ရှိပြီး မျိုးရိုးလိုက်ကြပါတယ်။ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊ အဆီများသော အချိုများသောအစာ အစားများတာ၊ သွေးတွင်းအဆီများတာ၊ သွေးတိုးရှိသူတွေမှာပိုဖြစ်တတ်ပါတယ်။ - [ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ( May, 2022 )](https://www.telekyanmar.org/dm-test-control-methods/) - ဆီးချိုကို စနစ်တကျဘယ်လိုတိုင်းကြမလဲနှင့် ဆီးချို ဘယ်လိုထိန်းကြမလဲ ဆီးချိုဆိုတာ အရှင်းပျောက်ကင်းသွားမှာမဟုတ်တဲ့အတွက်• ဆီးချိုရှိပြီဆိုလိုက်တာနဲ့ ဆီးချိုတိုင်းတဲ့စက်လေးဆောင်ထားသင့်ပါတယ်။• ဆီးချိုကို ပုံမှန်တိုင်းရမယ့်အပြင် အရမ်းတက်သွားတာ ကျသွားတာမျိုးကို အမြန်သိလိုက်မှသာ အသက်အန္တရာယ်ကိုကာကွယ်နိုင်မှာပါ။ ❓ဒါဆိုဆီးချိုကို ဘယ်လိုတိုင်းကြမလဲ ✔️အိမ်မှာပဲ ဆီးချိုကို အစာ သို့မဟုတ် သောက်ဆေးနဲ့ ပုံမှန်ထိန်းထားနိုင်ရင်တော့တစ်ပတ် ကို (၃) ရက်ဖောက်ပေးပါ။- တစ်ရက်ကို မနက်အစားမစားမီ- နောက်တစ်ရက်ကို နေ့လည်စာ စားပြီး၂နာရီ- နောက်တစ်ရက်ကို ညစာစားပြီး ၂နာရီ ဖောက်ပြီး✔️စာအုပ်တစ်အုပ်ထဲမှာ နေ့စွဲ ၊ ဖောက်တဲ့အချိန် ၊ ဘယ်လောက်ဂဏန်းရလဲမှတ်ထားပေးပါ။ဆေးခန်းသွားပြရင်လည်း စာအုပ်ယူဆောင်သွားပါ။(၇၀အောက်ကျသွားတာ၊၂၀၀ အထက်တက်လာရင်တော့ ဆေးရုံဆေးခန်းကိုသွားပေးပါ)✔️ဆီးချိုတက်နေတဲ့အချိန်၊ အင်ဆူလင်ထိုးရတဲ့သူများဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်းဖောက်စစ်သင့်ပါတယ်။✔️ဆီးချိုပုံမှန်ထိန်းထားနိုင်လား သိချင်ရင်တော့ Hb A1c ဖောက်စစ်ခြင်းဟာ လွန်ခဲ့တဲ့ (၃)လ အတွင်းဆီးချိုထိန်းထားနိုင်ရဲ့လား သိနိုင်ပါတယ်။ ❓ဆီးချိုမဖြစ်အောင်ဘယ်လိုနေထိုင်ကြမလဲ၊ဖြစ်ပြီးရင်ကောဘယ်လိုထိန်းကြမလဲ ???? (၁) - [မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း Foreign Bodies in Eye ( May, 2022 )](https://www.telekyanmar.org/foreign-bodies-in-eye-may-2022/) - မျက်စိထဲ အမှုန်၀င်ခြင်း သို့ အရာ၀တ္ထု၀င်ခြင်း "မျက်စိထဲ ဖုန်၀င်သွားလို့" "မျက်စိထဲခဲချွန်၀င်သွားလို့" "ရန်ဖြစ်ရင်း သူငယ်ချင်းက မျက်လုံးကို ခဲတံနဲ့ထိုးလိုက်လို့" စတဲ့ ငယ်ငယ်ကတည်းက မစိမ်းတဲ့ကြားနေကျစကားများနဲ့ပတ်သက်ပြီး ဆောင်ရန်၊ရှောင်ရန်နဲ့ အရေးပေါ်ပြုလုပ်ပေးစရာလေးတွေကို ဆွေးနွေးပြောပြသွားမှာ ဖြစ်ပါတယ်။ ❓ဘာတွေ၀င်နိုင်ပါသလဲ မျက်စိထဲကတော့ ပေါင်းစုံ၀င်နိုင်ပါတယ်။ ဖုန်၊သံစ၊ သစ်စ၊ မှန်စ အမှုန်ကနေအစ မျိုးစုံ ၀င်နိုင်ပါတယ်။ ❓ဘယ်နေရာတွေ ၀င်လေ့ရှိပါသလဲ မျက်စိထဲ ၀င်တယ်ဆိုတဲ့နေရာမှာ ဝင်တဲ့နေရာပေါ်မူတည်ပြီး အရေးကြီးမှုနဲ့ နောက်ဆက်တွဲ အန္တရာယ်တွေ ကွာပါတယ်။(၁) မျက်ဆံ (မျက်စိရဲ့ အမည်းဝိုင်း) ပေါ်ကပ်တွယ်ခြင်း (corneal foreign body)(၂) ဘေးက မျက်သားအဖြူပေါ် ကပ်နေခြင်း အထူးသဖြင့် (အပေါ်/အောက်)မျက်ခွံအောက်တွင်းကပ်နေခြင်း (conjunctival foreign body)(၃) မျက်စိအတွင်းသို့ စိုက်၀င်ခြင်း (intraocular foreign - [အသက်ကြီးသူများတွင် ဖြစ်တတ်သော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး Osteoarthritis ( May, 2022 )](https://www.telekyanmar.org/osteoarthritis-may-2022/) - အသက်ကြီးသူများတွင် ဖြစ်တတ်သော ဒူးနာခြင်း ( Osteoarthritis ) အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး (osteoarthritis)ကို အသက်အရွယ်မရွေးခံစားရပေမယ့် ၊ အသက်အရွယ်ကြီးရင့်သူတွေမှာတော့ တော်ရုံမပျောက်ကင်းဘဲ စွဲစွဲမြဲမြဲ ဒုက္ခပေးနေတတ်တဲ့အိမ်မက်ဆိုး တစ်ခုဖြစ်နေတတ်ပါတယ်။ အဓိကကတော့ အသက်ကြီးလာတာနဲ့အမျှ အဆစ်တွေအပေါ် ဒဏ်တွေသက်ရောက်ပြီး ဖြစ်ပေါ်လာခြင်းပါ။ ဒီလိုအဆစ်ရောင်ခြင်း (Degenerative joint disorder )ကို ပျက်စီးယိုယွင်းလာသော အဆစ် မူမမှန်ခြင်းလိုလဲခေါ်ကြပါသေးတယ်။ ❓ဘာကြောင့်ဖြစ်တာလဲ အသက်အရွယ်ရလာတဲ့အခါမှာ ဒူးဆစ်အတွင်းမှာရှိတဲ့ အရိုးတွေ (ပေါင်ရိုးနဲ့ခြေသလုံးရိုး)ပေါ်မှာဖုံးအုပ်ထားတဲ့ အရိုးနုတွေ ဒဏ်ဖြစ်ပြီး တဖြည်းဖြည်းပါးကာ အရိုး အချင်းချင်း ပွတ်တိုက်မိလာပါတယ်။ အဲဒီ့အခါ ဒူး အကွေးအဆန့် အထိုင်အထ ခက်လာပြီး ၊ တစ်ခါတရံ ရောင်ရမ်းနာကျင်ပြီး မလှုပ်မရှားနိုင်ထိဖြစ်နေတတ်ပါတယ်။ ဒူးလှုပ်ရှားစေဖို့ ဆောင်ရွက်ပေးရတဲ့ ကြွက်သားတွေလည်း အားနည်းလာတတ်ပါတယ်။ အဓိက အကြောင်းအရာဟာ အသက်ကြီးလာလို့ - [သိကောင်းစရာ 'ပွေး' ယားနာ DERMATOPHYTOSIS (TINEA/RINGWORM) ( May, 2022 )](https://www.telekyanmar.org/dermatophytosis-tinea-ringworm-may-2022/) - သိကောင်းစရာ 'ပွေး' ယားနာ ပွေးဟာ ဦးရေပြား၊ ကိုယ်အရေပြားအနှံ့ နဲ့ လက်သည်းခြေသည်းတွေမှာဖြစ်ပွားတဲ့ အရေပြားယားနာတစ်မျိုးပါ။ အရေပြားပေါ်က ဝိုင်းဝိုင်းစက်စက် ပွေးကွက်လေးတွေဟာ ကျွန်တော်တို့နဲ့ မစိမ်းလှတာမို့လို့ 'ပွေး' အကြောင်းသိကောင်းစရာတွေ၊ ဘယ်လိုကုသရမလဲ နဲ့ ပွေးမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ စတာတွေကို ဆက်လက်ဖတ်ရှုရအောင်နော် ❓ 'ပွေး' ဘာလို့ဖြစ် ပွေးဟာ Keratin လို့ခေါ်တဲ့ပရိုတင်းတစ်မျိုးနဲ့တည်ဆောက်ထားတဲ့အရေပြားအပေါ်ယံလွှာတွေဖြစ်တဲ့ ဦးရေပြား၊ အရေပြားနဲ့ လက်သည်းခြေသည်းတွေမှာဖြစ်တဲ့ အရေပြားမှိုစွဲရောဂါတစ်မျိုးပါ။ Trichophyton/ Epidermophyton/ Microsporum စတဲ့အရေပြားမှိုတွေက အင်ဇိုင်းတွေထုတ်ပြီး အရေပြားပေါ်က Keratin ပရိုတင်းကို ပြိုကွဲစေပြီး အာဟာရအဖြစ် စားသုံးကာ ဦးရေပြား၊ အရေပြား၊ လက်သည်းခြေသည်းတွေမှာ အဆမတန်ပွားများလာပါတယ်။ ဒီဖြစ်စဥ်မှာ ထွက်ပေါ်လာတဲ့ဓါတ်ပစ္စည်းတွေဟာ လူ့အရေပြားကို ဓာတ်မတည့်မှုဖြစ်စေပြီး ၊ ခန္ဓာကိုယ်က တုံ့ပြန်မှုအနေနဲ့ ယားယံတဲ့ပွေးကွက်တွေ ဖြစ်လာရပါတော့တယ်။ - [ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း Apthous Ulcer ( May, 2022 )](https://www.telekyanmar.org/apthous-ulcer-may-2022/) - ခံတွင်းမှာပေါက်လေ့ရှိတဲ့ အပူနာအကြောင်း ( Apthous Ulcer ) ပါးစပ်ထဲမှာ ခဏခဏပေါက်လေ့ရှိတဲ့ aphthous ulcer ကိုတော့ မြန်မာလို ခံတွင်းပူနာလို့ အလွယ်မှတ်နိုင်ပါတယ်။ ပါးစပ်အတွင်းထဲ နေရာစုံမှာ ပေါက်‌လေ့ရှိပြီး တော်တော်လေးခံရခက်လောက်အောင်ကို နာကျင်တတ်ပါတယ်။ အများအားဖြင့်တော့ အောက်နှုတ်ခမ်းအတွင်းပိုင်းနဲ့ သွားဖုံးတို့မှာပေါက်လေ့ရှိတတ်ပါတယ်။ အထူးသဖြင့် အစားအသောက်တွေ စားတဲ့အချိန်ဆို အနာကို အစာနဲ့ ထိတိုက်မှုဖြစ်ပြီး ဆိုးဆိုးရွားရွား နာကျင်တတ်ပါတယ်။ ဒီလို ခံတွင်းနာတွေက ရေယုန်လည်းမဟုတ်သလို ကင်ဆာကိုလည်း မဖြစ်စေနိုင်တဲ့အတွက်ကြောင့် အထူးစိုးရိမ်စရာ မလိုအပ်ပါဘူးနော်။ Aphthous ulcerရဲ့ ပုံစံက ဘာနဲ့တူလဲ ? • အနာကတော့ ၂-၃ မီလီမီတာလောက်ပဲရှိတဲ့ အနာသေးလေးတွေပဲ ဖြစ်ပါတယ်။ ဘဲဥပုံ ၊ အဝိုင်းပုံ စသည်ဖြင့် ပုံစံမျိုးစုံ ရှိတတ်ပြီးတော့ အရောင်ကတော့ - [သတိထားစရာ မျောက်ကျောက်ရောဂါ ( May, 2022 )](https://www.telekyanmar.org/monkeypox-may-2022/) - Monkey Pox ဆိုတဲ့ရောဂါတစ်မျိုး ကူးစက်ပြန့်ပွားနေ တစ်ကမ္ဘာလုံး ကိုဗစ်လှိုင်းတွေဖြစ်ပြီးနောက်...ယခုရက်ပိုင်းအတွင်း ဥရောပ ၊ အမေရိကနဲ့ သြစတြေးလျတို့မှာ Monkey poxဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ပြန့်ပွားနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHOက ထုတ်ပြန်သတိပေးလိုက်ပါတယ်။ သာမန်အားဖြင့် အာဖရိကနိုင်ငံအများစုမှာသာဖြစ်ပွားလေ့ရှိတဲ့ Monkey poxရောဂါဗိုင်းရပ်စ်ပိုးဟာ မထင်မှတ်ဘဲ အခုလို အအေးပိုင်းဒေသတွေမှာပါ ရုတ်တရက်တွေ့ရှိလာတာ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားသူ လူနာအများစုဟာ ခရီးသွားရာဇဝင်လည်းမရှိပဲ အလိုလိုကူးစက်ခံခဲ့ရတာကြောင့် အံ့သြထိတ်လန့်ဖွယ် ဖြစ်နေကြတာပါ။ Monkey poxရောဂါဟာ ရေကျောက်ရောဂါနဲ့ဆင်တူပြီး ကူးစက်ခံခဲ့ရရင်...- ဖျားမယ်- ခန္ဓာကိုယ်အနှံ့ အနီစက်တွေ၊ အဖုအပိန့်တွေထွက်မယ်- ညောင်းညာကိုက်ခဲမယ်- ခေါင်းကိုက်မယ်- အကြိတ်တွေထွက်မယ်- ရုတ်တရက် အားနည်းသွားတာမျိုးတွေ တွေ့ကြုံခံစားရနိုင်ပါတယ်။ ကူးစက်နိုင်ခြေနည်းလမ်းတွေကတော့- ရောဂါပိုးရှိသူနဲ့ အနီးကပ်အတူနေခဲ့တာ- နှာချေ ချောင်းဆိုးတာ- ပိုးရှိသူအသုံးပြုခဲ့တဲ့ပစ္စည်းတွေကတစ်ဆင့် ကူးစက်နိုင်တယ်လို့ WHOက ကြေငြာထားပါတယ်။ - [ကူးစက်လွယ် 'ဝဲ' ရောဂါ Scabies ( May, 2022 )](https://www.telekyanmar.org/scabies-may-2022/) - ကူးစက်လွယ် 'ဝဲ' ရောဂါ ( Scabies ) 'ဝဲ' ဆိုတာ ကျွန်တော်တို့အားလုံးကြားဖူးတဲ့ မစိမ်းလှတဲ့ အရေပြားရောဂါတစ်ခုပါ။ ကုတ်ရဖဲ့ရ အလှုပ်ရှုပ်လှတဲ့ 'ဝဲ' အရေပြားရောဂါအကြောင်း သိကောင်းစရာတွေ၊ ကိုယ်တိုင်နဲ့ မိမိချစ်ရသူတွေမှာ ဖြစ်ပွားလာခဲ့ရင် ဘယ်လိုကုသရမလဲ နဲ့ 'ဝဲ' မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ် ❓ဝဲ ဘာလို့ဖြစ် ဝဲ (Scabies) ဟာ Sarcoptes scabiei လို့ခေါ်ဆိုတဲ့ ဝဲပိုး (Mite) ကောင်လေး ကြောင့်ဖြစ်ရတာပါ။ အင်မတန်သေးငယ်လွန်းလို့ သာမန်မျက်စိနဲ့မမြင်နိုင်ဘဲ အဏုကြည့်မှန်ပြောင်းအောက်မှာ ကြည့်ပါမှ မြင်ရတဲ့ ဒီဝဲပိုးကောင်ငယ်လေးတွေဟာ လူ့ခန္ဓာကိုယ်အရေပြားနေရာအနှံ့တွားသွားပြီး တွင်း(Burrows) တွေတူးဆွတယ်။ မျိုးပွားတယ်။ ဝဲပိုးအမတွေဟာ ဥဥချတယ်။ ဒီလိုနဲ့ ဝဲပိုးအကောင်ငယ်တွေ ထပ်ထပ်ပွားများလာပြီး ဝဲပိုး/ ဝဲပိုးဥ တွေကနေ - ['ညှင်း' အကြောင်းသိကောင်းစရာ PITYRIASIS VERSICOLOR (TINEA VERSICOLOR) ( May, 2022 )](https://www.telekyanmar.org/pityriasis-versicolor-tinea-versicolor/) - 'ညှင်း' အကြောင်းသိကောင်းစရာPITYRIASIS VERSICOLOR (TINEA VERSICOLOR) 'ညှင်း' ဆိုတာ ကျွန်တော်တို့နဲ့ မစိမ်းလှတဲ့ အရေပြားရောဂါတစ်ခုပါ။ မြင်ဖူးလို့ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်ဖူးလို့ပဲဖြစ်စေ အရေပြားပေါ်မှာ ဖြူဖျော့တဲ့ အဖြူကွက်၊ အဖြူစက် သေးသေးကြီးကြီး မြင်ရရင်ကို 'ညှင်း' ဖြစ်မယ်လို့ အကြမ်းအားဖြင့် သိနေ၊ ရင်းနှီးနေတော့ 'ညှင်း' ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိုကုသရမယ်၊ ဘယ်လိုကြိုတင်ကာကွယ်ရမလဲ စတာတွေကို ဆက်လက်ဖတ်ရှုရအောင်နော်???? ❓'ညှင်း'ဘာလို့ဖြစ် 'ညှင်း' ဟာ Malassezia ဆိုတဲ့ Commensal Yeast အရေပြားမှိုတစ်မျိုး ကြောင့် ဖြစ်ပွားတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့အရေပြားပေါ်မှာ ဒီမှိုလေးတွေဟာ သဘာဝအတိုင်းရှိနေပြီး အရေပြားကို အန္တရာယ်ဖြစ်စေမယ့် ရောဂါပိုးတွေ ဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။ သို့ပေမယ့် ဒီမှိုတွေ အရေပြားပေါ်မှာ အဆမတန်ပွားများလာတဲ့အခြေအနေမျိုးမှာတော့ အရေပြားကိုစတင်ထိခိုက်စေတော့တယ်။ ပုံမှန်အသားအရောင်ညိုရင့်စေတဲ့ဖြစ်စဥ် (Melanogenesis) - [ခရုသင်း/သမင်ဖြူ အကြောင်း သိကောင်းစရာ Vitiligo ( June, 2022 )](https://www.telekyanmar.org/vitiligo-june-2022/) - “ခရုသင်း/သမင်ဖြူ အကြောင်း သိကောင်းစရာ (Vitiligo)” ခရုသင်း/ သမင်ဖြူ (Vitiligo) ဆိုတာ မကူးစက်တတ်တဲ့ အရေပြားရောဂါတစ်ခုပါ။ အမြင်အားဖြင့် ခန္ဓာကိုယ် အရေပြားပေါ်မှာ အဖြူအကွက်တွေ ဖြစ်ပေါ်လာတယ်ထင်ရပေမယ့် အမှန်က ဒီအကွက်လိုက် အကွက်လိုက် ဖြူနေတဲ့ အဆိုပါ ခရုသင်းကွက်နေရာလေးတွေဟာ ပုံမှန်ရှိရမယ့် အသားအရောင် ရောင်ခြယ် ဆုံးရှုံးနေတဲ့ နေရာလေးတွေသာဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာမှာ ဒီလိုအရေပြားအခြေအနေရှိကြပါတယ်။ အသားအရောင်မရွေး၊ ကျား/မ မ‌ရွေး၊ လူမျိုးမရွေး ဖြစ်နိုင်ပါတယ်။ အသက်နှစ်ဆယ်ပတ်လည် မတိုင်ခင်လောက်မှာ စတင်တတ်ကြပြီး ခရုသင်းကွက်လေးတွေ အလျင်းပျောက်ကင်းသွားတယ်ဆိုတာ အင်မတန်ရှားပါတယ်။ ဘဝတစ်သက်တာ ရေရှည်ဆက်ရှိနေတတ်တယ်။ ❓ခရုသင်း ဘာလို့ဖြစ်တာလဲ? ????ကျွန်တော်တို့ ပုံမှန်အသားအရောင်၊ ဆံပင်အရောင် ရစေဖို့ လိုအပ်တဲ့ Melanin ဆိုတဲ့ ရောင်ခြယ်တစ်မျိုးကို ထုတ်လုပ်ပေးရတဲ့ Melanocyte ဆိုတဲ့ - [ငါးမျက်စိရောဂါအကြောင်း သိကောင်းစရာ Molluscum Contagiosum ( June,2022 )](https://www.telekyanmar.org/molluscum-contagiosum-june2022/) - ငါးမျက်စိရောဂါအကြောင်း သိကောင်းစရာ ငါးမျက်စိဆိုတာ အဖြစ်များပြီး ကူးစက်တတ်တဲ့ အရေပြားအဖုအလုံးကလေးတွေပါ။ ကလေးတွေရော လူကြီးတွေမှာပါ ဖြစ်နိုင်တဲ့ ဒီ ငါးမျက်စိလေးတွေအကြောင်း သိကောင်းစရာ ဗဟုသုတတွေကို ဆက်လက် ဖတ်ရှု လိုက်ရအောင်။ ❓ငါးမျက်စိဘာလို့ဖြစ်? ????ငါးမျက်စိ (Molluscum Contagiosum) ဟာ Poxvirus လို့ခေါ်ဆိုတဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ရပါတယ်။ ဒီဗိုင်းရပ်စ်ပိုးလေးတွေဟာ အရေပြား ထိခိုက်/ စုတ်ပြဲ/ ပြတ်ရှရာလေးကနေတောင် အရေပြားအတွင်းကို ဝင်ရောက်ပွားများပြီး ငါးမျက်စိဖြစ်ပွားစေတတ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ငါးမျက်စိဟာ အဖြစ်များတဲ့ အရေပြားအနာကလေးတွေဖြစ်ပါတယ်။ လူကြီးလူငယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၁၅ နှစ် အောက်ကလေးငယ်တွေ နဲ့ ကျောင်းနေအရွယ်ကလေးတွေမှာ အဓိက အဖြစ်များဆုံးဖြစ်တတ်ပါတယ်။ ❓ငါးမျက်စိ ဘယ်လိုကူးစက်သလဲ? ငါးမျက်စိရှိသူရဲ့ အရေပြားပေါ်က ငါးမျက်စိလေးတွေနဲ့ ထိမိ/ ကိုင်မိရင်ကူးတတ်ပါတယ်။ ငါးမျက်စိရှိသူနဲ့ အဝတ်အစား၊ - [စကားထစ်တဲ့ကလေး ( June, 2022 )](https://www.telekyanmar.org/စကားထစ်တဲ့ကလေး-june-2022/) - စကားထစ်တဲ့ကလေး အယောက် ၁၀၀ မှာ ၂၅ ယောက်လောက်က အသက်ကြီးတဲ့အထိ အကျင့်ပါသွား နိုင်ပါတယ်။ စောစောသိပြီး စောစော ပြုပြင်ပေးနိုင်ရင် အများစုက ပြန်ကောင်းသွားနိုင်ပါတယ်။ နုနယ်တဲ့ကလေးတစ်ယောက်ဘဝမှာ စကားထစ်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေကတစ်ဆင့် ကြီးတဲ့အထိ လူတောမတိုးဝံ့တဲ့ဘဝမျိုး မဖြစ်ရအောင် ကူညီဖေးမပေးနိုင်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရဲ့ ပတ်ဝန်းကျင်မှာအချိန်အများဆုံး ရှိမယ့်သူတွေဖြစ်တဲ့ မိဘ၊ ဆရာ၊ ဆရာမတွေအတွက် ဒီ post ကို ရည်ရွယ်ပြီး ရေးသားတာဖြစ်ပါတယ်။ ❓စကားထစ်ရခြင်းကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ စကားထစ်တာကို အကြမ်းအားဖြင်း ၃ မျိုးခွဲခြားလို့ရပါတယ်။ ????ဖွံ့ဖြိုးမှုနဲ့ပတ်သတ်ပြီးဖြစ်ပေါ်တဲ့ စကားထစ်ခြင်း ဒီအမျိူးအစားကတော့ အဖြစ်အများဆုံးပါ။ ကလေးပြောချင်တာ၊ ဖြစ်ချင်တာတွေကို စကားလုံးအနေနဲ့ ဖွင့်ဟပြောနိုင်ဖို့ သူ့ဦးနှောက်ထဲမှာ အလုပ်လုပ်တာက အနည်းငယ်နောက်ကျသွားတဲ့အတွက် စကားထစ် - [လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ Genital Wart/ Anal Wart( June, 2022 )](https://www.telekyanmar.org/genital-wart-anal-wart-june-2022/) - လိင်အင်္ဂါကြွက်နို့ အကြောင်းသိကောင်းစရာ (Genital Wart/ Anal Wart) လိင်အင်္ဂါကြွက်နို့ဟာ Human papillomavirus (HPV ဗိုင်းရပ်စ်) ကြောင့်ဖြစ်ရတဲ့ အရေပြားရောဂါ တစ်ခုဖြစ်ပြီး အဖြစ်များတဲ့ လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ❓လိင်အင်္ဂါကြွက်နို့ ဘာလို့ဖြစ်တာလဲ? ????Human Papillomavirus (HPV ဗိုင်းရပ်စ်) အမျိုးကွဲပေါင်း ရာနဲ့ချီ ရှိတဲ့အနက် တချို့သော HPV ဗိုင်းရပ်စ် မျိုးကွဲတွေဟာ လိင်အင်္ဂါကြွက်နို့ (Genital Wart) နဲ့ စအိုတွင်ပေါက်သောကြွက်နို့ (Anal Wart) တွေကိုဖြစ်စေပါတယ်။ ဒါဟာ ခန္ဓာကိုယ်ခြေလက်တွေမှာပေါက်တဲ့ ကြွက်နို့တွေကို ဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်တွေနဲ့ အမျိုးအစားမတူသလို၊ ကူးစက်ပုံလည်းကွဲပြားပြီး စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ❓ကူးစက်စေတဲ့နည်းလမ်းတွေကဘာတွေလဲ? လိင်အင်္ဂါကြွက်နို့ဟာ လိင်ကတစ်ဆင့် အဓိကကူးစက်တတ်ပါတယ်။ စအိုနဲ့လိင်ဆက်ဆံတာ၊ - [မုန့်ချိုအိတ်ရောင်ခြင်း Acute and Chronic Pancreatitis ( June 2022 )](https://www.telekyanmar.org/acute-and-chronic-pancreatitis-june-2022-nug-moh/) - မုန့်ချိုအိတ်ရောင်ခြင်း ( Acute and Chronic Pancreatitis ) ❓မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုလူတွေမှာ အဖြစ်များပါသလဲ • အသက် ၄၀ကျော်ပြီး ကိုယ်ခန္ဓာ၀ဖြိုးကာ သည်း‌ခြေအိတ်မှာကျောက်ရှိတဲ့ အမျိုးသမီးတွေနဲ့ • အရက်ကို စွဲစွဲမြဲမြဲသောက်လေ့ရှိတဲ့ အသက်ငယ်ငယ်အမျိုးသားတွေမှာ အဖြစ်များပါတယ်။ ❓မုန့်ချိုအိတ်ရောင်ခြင်းက ဘယ်လိုအခြေအနေတွေမှာ ပိုဖြစ်နိုင်ပါသလဲ - အဆီစားတာများရင် - အရက်ကိုခါတိုင်းထက် ပိုပြီး အလွန်အကျွံသောက်မိရင် မုန့်ချိုအိတ်ရောင်နိုင်ခြေ ပိုများပါတယ်။ ❓မုန့်ချိုအိတ်ရောင်ခြင်းကြောင့်ဘာတွေခံစားရတတ်သလဲ • ကျောအောင့်တာ၊ ခါးနာတာ၊ ရင်ညွန့်/ချက်အပေါ်နား နာတာတွေ ခံစားရတတ်ပါတယ်။ • ဆိုးဝါးတဲ့အခြေအနေမျိုးမှာဆိုရင် သွေးလန့် တာမျိုး (shock) ပါဖြစ်နိုင်ပါတယ်။ ❓မုန့်ချိုအိတ်ရောင်ခြင်းက အရေးကြီးတဲ့ရောဂါတစ်ခုလား - မုန့်ချိုအိတ်ရောင်ခြင်းကို ခံစားရတဲ့ ၈၀% လောက်က ထိုးဆေး/သောက်ဆေးတွေနဲ့ သက်သာနိုင်ပြီး ၂၀% - [အတွင်းတိမ် Cataract ( July, 2022 )](https://www.telekyanmar.org/cataract-moh-nug-july-2022/) - အတွင်းတိမ် ( Cataract ) ဒီနေ့တော့ မျက်စိရောဂါတွေထဲမှာ အတွေ့များတဲ့ အတွင်းတိမ် (cataract) အကြောင်းနဲ့ ပတ်သက်ပြီး လေ့လာကြရအောင်ပါနော်... ဘာကြောင့် အတွင်းတိမ်ကို cataractလို့ခေါ်ကြတာလဲ? • Cataract ရဲ့ အဓိပ္ပာယ် အစစ်အမှန်ကတော့ မတ်စောက်တဲ့နေရာတစ်နေရာကနေ စီးဆင်းနေတဲ့ ရေတံခွန်ကို ဆိုလိုပါတယ်။ အလားတူပဲ အတွင်းတိမ်ကလည်း မိုးရွာတဲ့အချိန် ရေတွေစီးကျနေတဲ့ ပြတင်းပေါက်ကို မြင်ရသလိုပဲ ဝိုးတဝါးပဲ မြင်ရတဲ့ အတွက်ကြောင့် cataract လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ အတွင်းတိမ်ဆိုတာ ဘာလဲ? • မျက်လုံးရဲ့ ကြည်လင်နေတဲ့ မှန်ဘီလူး ခေါ် မျက်တွင်းမှန်လေးမှာ ဖြစ်ပေါ်လာတဲ့ မကြည်လင်တဲ့ တိမ်ခဲလေးလို အဖတ်လေးတွေကို အတွင်းတိမ်လို့ ခေါ်ပါတယ်။• လူတွေရဲ့ မျက်လုံးမှာရှိတဲ့ မျက်တွင်းမှန်လေးကတော့ မှန်လိုပဲ - [အူမကြီးကင်ဆာ Colorectal Carcinoma (July, 2022)](https://www.telekyanmar.org/colorectal-carcinoma-moh-nug-july-2022/) - အူမကြီးကင်ဆာ အီအီးပါတဲ့အခါ စအိုကနေ ပါလို့မရဘဲ ၊ ဗိုက်မှာ အပေါက်ဖောက်ပြီး အဲ့ဒီ့အပေါက်ကနေတစ်ဆင့် မစင်တွေကို စွန့်ထုတ်နေရတဲ့လူနာတွေကို တွေ့ဖူးကြပါသလား ? အကြောင်းတစ်ခုခုကြောင့် အူပိတ်ပြီး ၊ ခွဲစိတ်ကုသပြီး ပြန်ဆက်ပေးဖို့လည်း မလွယ်တဲ့အခြေအနေတစ်ချို့မှာ အခုလိုပဲ ဗိုက်မှာအပေါက်ဖောက်ပြီး အူတွေကို ယာယီ (သို့) အမြဲတမ်းဖွင့်ထားရတာမျိုး ရှိတတ်ပါတယ်။ အူပိတ်စေတဲ့အကြောင်းခြင်းရာ အများကြီးရှိတဲ့အနက် အူမကြီးကင်ဆာဟာ တစ်ခုအပါအဝင်ဖြစ်သလို....အခုနောက်ပိုင်း အဖြစ်များလာတဲ့ရောဂါတွေထဲမှာ အူမကြီးကင်ဆာလည်း တစ်ခုအပါအဝင်ပေါ့။ ဒါ့ကြောင့် သတိဆိုတာ ပိုတယ်မရှိရလေအောင် အူမကြီးကင်ဆာအကြောင်း အခြေခံသိသင့်တာလေးတွေနဲ့ ဘယ်လိုကာကွယ်ကြမယ်ဆိုတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ❓အူမကြီးကင်ဆာကို ဘယ်လိုတွေ ခံစားရရင် သတိထားရမလဲ? - ၀မ်းချုပ်တယ်။ ၀မ်းနှုတ်ဆေးကို ပုံမှန်ထက် တိုးစားလာရတယ် ( ဥပမာ- တစ်နေ့ ၂ပြားကနေ ၄-၅ပြားတိုးစားရတယ် (သို့) တစ်ပါတ်နှစ်ကြိမ်စားရာကနေ - [သည်းခြေလမ်းကြောင်းကျောက်တည်ခြင်း Common Bile Duct Stone(CBD Stone) ( July, 2022 )](https://www.telekyanmar.org/common-bile-duct-stone-july-2022/) - သည်းခြေလမ်းကြောင်းကျောက်တည်ခြင်း မြန်မာနိုင်ငံရဲ့လူနေမှုပုံစံပတ်၀န်းကျင်နဲ့ စားသောက်မှုပုံစံတွေအရ သည်းခြေလမ်းကြောင်းကျောက်တည်တဲ့ရောဂါဟာ အဖြစ်များပါတယ်။ တစ်ကမ္ဘာလုံးမှာတော့ သည်းခြေလမ်းကြောင်းကျောက်တည်ခြင်းဟာ ၊ သည်းခြေအိတ်ထဲမှာရှိနေတဲ့ကျောက်က သည်းခြေလမ်းကြောင်းထဲကို ပြုတ်ကျခြင်းကြောင့်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီဖြစ်စဉ်အပြင် (လူ‌နေမှုပုံစံပတ်၀န်းကျင်နဲ့ စားသောက်မှုပုံစံအရ) သန်ကောင် များကြောင့် သည်းခြေလမ်းကြောင်းထဲမှာပဲ စတင်ကျောက်တည်လာတဲ့ဖြစ်စဉ်တွေ တွေ့ရပါတယ်။ ❓သည်းခြေလမ်းကြောင်းထဲမှာ ကျောက်ရှိရင် ဘယ်လိုသိနိုင်မလဲ - ချက်အပေါ်ပိုင်း ၊ ဗိုက်ရဲ့ညာဘက်ခြမ်း (သို့) ရင်ညွန့်နားမှာ နာတတ်ပါတယ်။- ချမ်းတုန်ဖျားတတ်ပါတယ်။- မျက်လုံးဝါ/အသားဝါတာ (သို့) ဆီးဝါ/ယားတာ (သို့) ၀မ်းအရောင်ဖျော့တာ ဖြစ်တတ်ပါတယ်။ အပေါ်အချက် (၃)ချက်ထဲက (၂)ချက်ရှိရင် သံသယရှိသင့်ပါတယ်။ ဒီရောဂါဟာ ဖြစ်လိုက်ပျောက်လိုက်နဲ့ ခဏခဏ ဖြစ်တတ်ပါတယ်။ ❓သည်းခြေလမ်းကြောင်းကျောက်တည်တာဖြစ်ရင် သောက်ဆေးနဲ့ပျောက်လား (သို့) ခွဲရမှာလား - သောက်ဆေးနဲ့မပျောက်ပါဘူး။- အနောက်နိုင်ငံက သည်းခြေလမ်းကြောင်းကျောက်တွေကိုတော့ အစာအိမ်မှန်ပြောင်းလိုမျိုး - ["သားအိမ် အသားလုံးတည်ခြင်း"???????????????????????????????? (???????????????????????????????????? ???????? ????????????????????)( July, 2022)](https://www.telekyanmar.org/𝐅𝐢𝐛𝐫𝐨𝐢𝐝𝐬-𝒍𝒆𝒊𝒐𝒎𝒚𝒐𝒎/) - အမျိုးသမီးတို့ သတိပြုဖို့ "သားအိမ်အလုံးတည်ခြင်း" ???????????????????????????????? (???????????????????????????????????? ???????? ????????????????????) အကြောင်း.... ဘွားဘွား၊ ဒေါ်ဒေါ်၊ မမ၊ ညီမလေးတို့အားလုံး သတိပြုသင့်တဲ့ Uterine Fibroids "သားအိမ်အလုံးတည်ခြင်း" အကြောင်းကို တယ်လီကျန်းမာက မျှဝေပေးလိုပါတယ်။ "သားအိမ်အလုံးတည်ခြင်း" ဆိုတာ အမျိုးသမီးများရဲ့ သားအိမ်မှာ ချောမွေ့တဲ့အသားပိုအလုံး တွေ့ရှိရခြင်းကို ခေါ်ပါတယ်။ သားအိမ်အလုံးဟာ ပဲစေ့အရွယ်ကစလို့ အရွယ်အစားအမျိုးမျိုး တွေ့ရတတ်ပါတယ်။ သားအိမ်အတွင်းပိုင်း၊ သားအိမ်နံရံပေါ်၊ သားအိမ်နံရံရဲ့အပြင်ဘက် စတဲ့နေရာတွေမှာ အလုံး တည်တတ်ပါတယ်။ ❓သားအိမ်မှာ အလုံးတည်ရတဲ့အကြောင်းအရင်းတွေက ဘာတွေလဲ • သားအိမ်ထဲမှာ ဘာလို့ဒီလိုအလုံးတည်ရသလဲဆိုတဲ့အဖြေ အတိအကျမရှိပါဘူး။ • ဒါပေမယ့် သွေးဆုံးချိန်မှာ သားအိမ်အလုံးတွေ ကျုံ့သွားတာ၊ ထပ်မံမကြီးထွား‌တော့တာတို့ကို တွေ့ရတဲ့အတွက် Sex Hormones တွေ (အထူးသဖြင့် Oestrogen - [ဝှေးစေ့ကင်ဆာ Testicular Cancer ( July,2022 )](https://www.telekyanmar.org/testicular-cancer-july2022/) - “ဝှေးစေ့ကင်ဆာ အဖြေရှာ ၊ မရှက်ကြောက်ဘဲ ဆွေးနွေးတိုင်ပင်ပါ " Testicular Cancer ++++++++++++++++++++++++++++++++++++ • ဝှေးစေ့ (Testes) ဆိုတာကတော့ အမျိုးသားတို့ရဲ့ လိင်အင်္ဂါ (Penis) နားမှာရှိပြီး ကပ်ပယ်အိတ် (scrotum) ကဖုံးအုပ်ပေးထားတဲ့ ဘဲဥပုံသဏ္ဍာန် အင်္ဂါနှစ်ခုကို ဆိုလိုပါတယ်။ ဝှေးစေ့မှာ ဖြစ်တဲ့ ကင်ဆာကို ဝှေးစေ့ကင်ဆာ (Testicular Cancer) လို့ခေါ်တာပါ။• အဖြစ်များတဲ့ကင်ဆာအမျိုးအစား မဟုတ်ဘဲ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ အန္တရာယ်ရှိတဲ့ အကျိတ်အမျိုးမျိုးထဲမှာမှ ၁-၂% လောက်သာ ဝှေးစေ့ကင်ဆာဖြစ်နိုင်ပါတယ်။• ငယ်ရွယ်သန်စွမ်းတဲ့ အမျိုးသားတွေမှာ အဖြစ်များပြီး ၁၅-၄၅ နှစ်ဝန်းကျင် အမျိုးသားတွေမှာတော့ ပြင်းထန်တဲ့ရောဂါအခြေအနေကို တွေ့ရတတ်ပါတယ်။ ဝှေးစေ့ကင်ဆာ ဘယ်နှစ်မျိုးရှိတာလဲ? • ဝှေးစေ့ကင်ဆာ (၂)မျိုးရှိပါတယ်။- အသက် ၂၅-၅၀ ဝန်းကျင်အမျိုးသားတွေမှာ - [ရေတိမ် Glaucoma ( July, 2022 )](https://www.telekyanmar.org/glaucoma-july-2022/) - ရေတိမ် (Glaucoma) မျက်စိရောဂါတွေထဲမှာ အတွင်းတိမ်အကြောင်းလည်း သိသင့်သလောက် သိရှိပြီးပြီဆိုတော့ ဒီနေ့မှာတော့ မသိမဖြစ်တဲ့ ရေတိမ်ရောဂါအကြောင်းလည်း ပြောပြဆွေးနွေးပေးသွားပါ့မယ်။ ❓ရေတိမ်ဆိုတာ ဘာလဲ?• ရေတိမ်ဆိုတာကတော့ တော်တော်များများ ဖြစ်လေ့ရှိကြတဲ့ မျက်စိရောဂါတွေထဲက တစ်မျိုးဖြစ်ပြီး အန္တရာယ်ရှိတဲ့ ရောဂါတစ်မျိုးလို့ဆိုလည်း မမှားပါဘူး။ မျက်လုံးအတွင်းမှာရှိတဲ့ ဖိအားမြင့်တက်တာကြောင့် သေးငယ်ပါးလွှာတဲ့ သွေးကြောအသေးလေးတွေနဲ့ အာရုံကြောမျှင်လေးတွေကို ထိခိုက်ပျက်စီးစေကာ ရေတိမ်ဆိုပြီး ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ❓ဘာလို့ မျက်လုံးတွင်းဖိအား များလာတာလဲ?• အဓိကကတော့ aqueous humor လို့ခေါ်တဲ့ အရည်တွေ လိုတာထက် ပိုစုပုံလာလို့ပဲဖြစ်ပါတယ်။ ပုံမှန်ဆို ထိုအရည်လေးတွေက မျက်ဆံနဲ့ မျက်ကြည်လွှာထောင့်ကနေ သက်ဆိုင်ရာ တစ်သျှူးလေးတွေကို ဖြတ်သန်းပြီး မျက်လုံးအတွင်း ပုံမှန်အတိုင်း စီးဆင်းနေတာပါ။ ဒါပေမဲ့ အရည်တွေကို လိုတာထက် ပိုထုတ်တာ ဒါမှမဟုတ် စီးဆင်းတဲ့လမ်းကြောင်းပိတ်ဆို့တဲ့ - [ဒေါင်းစင်ဒရုန်းရောဂါ Down Syndrome ( July, 2022 )](https://www.telekyanmar.org/down-syndrome-july-2022/) - ဒေါင်းစင်ဒရုန်း (Down syndrome) ဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး အရပ်ထဲ မကြာခဏကြားဖူးကြမှာပါ။ ဒီရောဂါက အဖြစ်များတဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဒေါင်းစင်ဒရုန်းရောဂါဟာ ဘာကြောင့်ဖြစ်တာလဲ ဘယ်သူတွေမှာ ဖြစ်တာလဲဆိုတာတွေကို ဗဟုသုတ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ ❓Down Syndrome ဆိုတာ ဘာလဲ • ပုံမှန်ဆိုရင် လူတစ်ယောက်မှာ အဖေနဲ့ အမေဆီကနေ chromosomeလို့ခေါ်တဲ့ မျိုးရိုဗီဇသယ်အမျှင်လေးတွေ (၂၃)စုံ စုစုပေါင်းအားဖြင့်ဖြင့် (၄၆)ခု လက်ခံရရှိပါတယ်။• ဒါပေမယ့် Down Syndromeဖြစ်တဲ့ ကလးတွေမှာဆိုရင်တော့ (၂၁)စုံမြောက် chromosome အတွဲမှာ chromosome အမျှင်အမျှင် (၂)ခုရှိရမယ့်အစား တစ်ခုပိုနေပြီး chromosome ၃ခုဖြစ်သွားပါတော့တယ်။ ဒါကြောင့် ဒီကလေးတွေမှာ သာမာန်လူတွေလို chromosome အရေအတွက်က (၄၆)ခုမဟုတ်ဘဲ (၄၇)ခု - [သားဥအိမ်ရေအိတ်တည်ခြင်း PCOS (Polycystic Ovarian Syndrome) ( July, 2022 )](https://www.telekyanmar.org/polycystic-ovarian-syndrome/) - အမျိုးသမီးများအတွက် သတိပြုစရာ သားဥအိမ်ရေအိတ်တည်ခြင်း PCOS ရောဂါဆိုတာ ဘာလဲ? • PCOSဆိုတာကတော့ polycystic ovarian syndrome လို့ခေါ်တဲ့ သားဥအိမ်ရေအိတ်တည်တဲ့ ရောဂါကို ဆိုလိုပါတယ်။• PCOS မှာဆိုရင်တော့ ရေအိတ်တည်တာ တစ်မျိုးတည်းမဟုတ်ဘဲ hyperandrogenism လို့ခေါ်တဲ့ ကျားဟော်မုန်းတွေပါ များနေတဲ့အတွက်ကြောင့် သူနဲ့သက်ဆိုင်တဲ့ ရောဂါလက္ခဏာတွေကိုပါ ခံစားရတတ်ပါတယ်။ PCOS က ဘယ်လောက် အဖြစ်များလဲ? • အရွယ် ရောက်ပြီး အမျိုးသမီးတွေရဲ့ ၅-၁၀%လောက်မှာ တွေ့ရတတ်ပါတယ်။• ဒါ့အပြင် အမျိုးသမီးတွေရဲ့ ၂၅%လောက်ဟာဆိုရင် Ultrasound ရိုက်တဲ့အခါ သားဥအိမ်ရေအိတ်တည်နေတာကို တွေ့ရပါတယ်။• ဒါပေမဲ့ သားဥအိမ်ရေအိတ်တည်တိုင်းတော့ PCOSလို့ မသတ်မှတ်နိုင်ပါဘူး။ hyperandrogenism ရဲ့ လက္ခဏာများပါ ခံစားရတော့မှ PCOS လို့ ခေါ်ဆိုနိုင်ပါတယ်။ PCOS - [“ဆီးချိုခြေထောက်နာရောဂါ” Diabetes Foot ( July, 2022 )](https://www.telekyanmar.org/diabetes-foot-july-2022/) - သင့်မှာ ဆီးချိုရောဂါရှိတယ်ဆို “ဆီးချိုခြေထောက်နာရောဂါ” မဖြစ်စေရန် ယနေ့မှစ၍ ကာကွယ်ပါ ဆီးချိုရောဂါဟာ ခြေထောက်အာရုံကြောများကို ထိခိုက်ပျက်စီးစေပြီး အပူ၊ အအေး၊ အထိအတွေ့၊နာကျင်မှု ခံစားနိုင်စွမ်းကို လျော့နည်းစေပါတယ်။ ရောဂါပိုးဝင်၍ဖြစ်စေ၊ အခြားအကြောင်းရင်းကြောင့်ဖြစ်စေ ဒဏ်ရာအနာတရဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် နောက်ဆက်တွဲအနေနဲ့ • ခြေဖဝါးမှာ အသားမာတက်ခြင်း/အသားမာအစိုင်အခဲဖြစ်လာခြင်း• ခြေသည်း ပိုးဝင်ပြီး ရောင်ရမ်းပြည်တည်နာဖြစ်ခြင်း• ခြေသည်း ဆွေးမြေ့ပြီး မရှည်လာတော့ခြင်း• သေးငယ်သော ထိခိုက်ရှနာမှ ဒဏ်ရာကြီးမားလာခြင်း စတဲ့ ရောဂါပြဿနာအစုံကို ကြုံတွေ့ခံစားရနိုင်ပါတယ်။ အဓိကပြဿနာက‌တော့ ဆီးချိုဟာ ခြေထောက်သွေးလှည့်ပတ်မှုကို ဟန့်တားနှောင့်နှေးစေတာကြောင့် ဒဏ်ရာတစ်ခါဖြစ်ပြီးရင် ပြန်လည်‌ပျောက်ကင်းရန် ကြာခြင်း (သို့) မပျောက်ကင်းတော့ပဲ ခြေထောက်အစိတ်အပိုင်းကို ဖြတ်ထုတ်လိုက်ရခြင်းတွေ ဖြစ်စေပါတယ်။ ဒါဆို ဘယ်လိုကာကွယ်ကြမလဲ? • ဆေးလိပ်ဖြတ်ပါ။• သွေးတွင်းသကြားဓာတ်ကို အမြဲပုံမှန်ဖြစ်အောင် ထိန်းပါ။• မိမိခြေထောက်ကို နေ့စဉ်စစ်ဆေးပါ။ - [အံဆုံးကပေးတဲ့ ဝေဒနာများ ( July, 2022 )](https://www.telekyanmar.org/wisdom-tooth-problem-july-2022/) - " အံဆုံးကပေးတဲ့ ဝေဒနာများ " “ အံဆုံးပေါက်နေလို့ နာလိုက်တာ၊ ဘာမှတောင်မစားနိုင်ဘူး” လို့ ညည်းညူသံတွေကို ကြားဖူးပါသလား? အံဆုံးသွားဆိုတာ ဘယ်နေရာက သွား ကိုခေါ်တာလဲ၊ဘယ်အရွယ်မှာပေါက်တတ်လဲ၊ အန္တရာယ်ရှိပြီး နှုတ်ပစ်ဖို့လိုလား...အစရှိတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။ အံဆုံး (Wisdom tooth) ဆိုတဲ့ နာမည်အတိုင်း အံသွားတွေရဲ့ နောက်ဆုံးမှာ ဆယ်ကျော်သက်၊ နှစ်ဆယ်ကျော်သက် အရွယ်လောက်မှ ပေါက်လေ့ရှိပါတယ်။ အချို့လူတွေမှာ အပေါ်နှစ်ချောင်း၊ အောက်နှစ်ချောင်း လေးဖက်လေးလံ ပေါက်တတ်သလို တချို့မှာလည်း အောက်နှစ်ဖက်ပဲပေါက်တာမျိုးရှိပါတယ်။ အံဆုံးသွား ပေါက်တော့မယ်ဆိုရင်• သွားဖုံးရောင်တာ• သွားဖုံးတင်းပြီး နာကျင်တာ• မေးရိုး နာကျင်တာ• ပါးစပ်ကို ကျယ်ကျယ်မဟနိုင်တာ• အစားကောင်းကောင်းမဝါးနိုင်တာတွေ ဖြစ်နိုင်ပါတယ်။ အံဆုံးသွားက သွားဖုံးအပြင်ကို ထိုးထွက်လာတာဖြစ်တဲ့အတွက် ဒီလိုနာကျင်မှု လက္ခဏာများကို ခံစားရတာဖြစ်ပြီး သွားတစ်ချောင်းလုံး - [အချိန်မတန်သေးဘဲ ကလေးမလိုချင်သူများအတွက် ကိုယ်၀န်တားနည်း/တားဆေးများ Contraception ( August, 2022 )](https://www.telekyanmar.org/contraception-august-2022/) - " အချိန်မတန်သေးပဲ ကလေးမလိုချင်ရင် " အမျိုးသမီး အမျိုးသား အတူနေပြီး အချိန်မတန်သေးဘဲ ကလေးမလိုချင်သူများအတွက် ကိုယ်၀န်တားနည်း/တားဆေးများကို သေချာ သိထားသင့်ပါတယ်။ ကိုယ်၀န်မရဖို့ ကူညီ‌ပေးနိုင်တဲ့ နည်းလမ်းတွေ အများကြီးထဲကမှ အသေချာဆုံးနည်းကတော့ "အတူမနေရင် ကိုယ်၀န်မရတာ သေချာပါတယ်"တဲ့။ လူတစ်ယောက်ဟာ ကိုယ်၀န်တားနည်းကို အသုံးမပြုဘူးဆိုရင် တစ်ကြိမ်တည်း အတူနေရင်တောင် ကိုယ်၀န်ရနိုင်ပါတယ်။ ဒီခေတ်မှာ အသုံးအများဆုံးနည်းကတော့ ၁။ "အရေးပေါ်တားဆေးလုံး သောက်တာပါပဲ" အမှန်တော့ အရေးပေါ်တားဆေးကို ရည်ရွယ်ထားတာက -အကာအကွယ်မပါပဲ အတူနေမိရင်၊ ကွန်ဒုံးပေါက်သွားရင် (သို့) လက်ညှိုးကဒ်သောက်ဖို့ ရက်လွတ်သွားရင် စတဲ့အခြေအနေတွေမှာ အရေးပေါ်သုံးဖို့ ရည်ရွယ်တာပါ။ အရေးပေါ်သုံးဆေးဖြစ်လို့ ဟော်မုန်းပမာဏ အများကြီးပါတာမို့ အရေးပေါ်တားဆေးလုံးကို ပုံမှန် လက်ညှိုးကဒ်လိုမျိုး စွဲမသောက်သင့်ပါ (ဥပမာ - အတူနေလိုက် သောက်လိုက်) အရေးပေါ်တားဆေးကို - [အသားထူအရေပြားရောဂါ Psoriasis ( August, 2022 )](https://www.telekyanmar.org/psoriasis-august-2022/) - အသားထူအရေပြားရောဂါ ( Psoriasis ) ခန္ဓာကိုယ်မှာ ရောဂါတစ်ခုရယ်လို့ ဖြစ်လာပြီဆိုရင် လူအနည်းနဲ့အများ stress ဖြစ်ကြတာ ဓမ္မတာပါပဲ။ ရောဂါတွေထဲကမှ အရေပြားရောဂါဖြစ်ရင်တော့ confidence မရှိ ၊ စိတ်က ပိုပြီးထိလွယ်ရှလွယ် ဖြစ်တတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အရေပြားအသားအရေဟာ လူတွေမြင်နေနိုင်တဲ့အစိတ်အပိုင်း ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ အရေပြားရောဂါတွေထဲကတွေထဲက psoriasis လို့ခေါ်တဲ့ အသားထူရောဂါအကြောင်းနဲ့ ပတ်သက်ပြီး ဆောင်ရန်၊‌ရှောင်ရန်၊ သိမှတ်ဖွယ်တွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ Psoriasis ကို အရပ်ထဲမှာတော့ အသားထူရောဂါ၊ တချို့ကတော့ အထပ်တရာအရေပြားလို့ ခေါ်ကြပါတယ်။ အဲ့ဒီရောဂါက သူ့ရဲ့ နာမည်အတိုင်းပဲ အရေပြားကနေ အနာထူထူကြီးတွေ အထပ်လိုက် ပေါက်နေလို့ပဲ ဖြစ်ပါတယ်။ ဒါဆို အောက်မှာဆက်ပြီး psoriasis ရောဂါအကြောင်း ဆက်လေ့လာကြမယ်နော် သူဟာ - [ဘာကြောင့်လေဖြတ်ရတယ် Stroke (Part 1) ( August, 2022 )](https://www.telekyanmar.org/stroke-august-2022/) - ဒီနေ့မှာတော့ တယ်လီကျန်းမာကို ပူးပေါင်းကူညီပေးနေကြတဲ့ အကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင်များ ရေးသားပေးပို့ထားတဲ့ လေဖြတ်ခြင်း အပိုင်း(၁)အကြောင်းလေး တင်ပြပေးပါရစေနော်... အခုအပိုင်း (၁)မှာတော့ ဘာကြောင့်လေဖြတ်ရတယ်ဆိုတဲ့ အခြေခံအကြောင်းရင်းလေးတွေနဲ့ ရောဂါလက္ခဏာတွေကို အဓိကဖော်ပြပေးသွားမှာဖြစ်ပြီး...အပိုင်း(၂)မှာတော့ လေဖြတ်ပြီးနောက် လုပ်ဆောင်ရမယ့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများကို တင်ဆက်ပေးသွားမှာပါ။ တခြားရောဂါအမျိုးမျိုးအတွက် ပြန်လည်သန်စွမ်းခြင်းဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောက်ပါ pageမှာ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးရင်း.....https://www.facebook.com/Tele-Physiotherapy-102788082130988/ ----------------------။ ။----------------------- လေဖြတ်ခြင်း အပိုင်း(၁) ( Stroke ) ????လေဖြတ်တယ်ဆိုတာဘာလဲ? လေဖြတ်တယ်ဆိုတာ ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုခုဆီကို သွေးစီးဆင်းမှုအနှောက်ယှက်ဖြစ်သွားတဲ့အခါ ၊ လျော့နည်းသွားတဲ့အခါနဲ့ သွေးစီးဆင်းမှုလုံးဝပိတ်ဆို့သွားတဲ့အခါ (ဒါမှမဟုတ်) သွေးကြောလေးတွေ ပေါက်သွားတဲ့အခါမျိုးမှာ ဖြစ်တတ်ပါတယ်။အဲ့လိုဖြစ်တဲ့အခါမှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းလေးဟာ လုံလောက်တဲ့အောက်စီဂျင်နဲ့အာဟာရတွေ မရရှိတော့ပါဘူး။ အဲ့ဒီနောက်မှာတော့ ဦးနှောက်ဆဲလ်များ စတင်သေဆုံးလာနိုင်ပါတယ် ????️လေဖြတ်ခြင်းဖြစ်စေနိုင်သောအမျိုးအစားများ 1. Ischemic stroke (သွေးကြောပိတ်လေဖြတ်ခြင်း) - [အကြောတက်ရောဂါ Fibromyalgia ( August, 2022 )](https://www.telekyanmar.org/fibromyalgia-august-2022/) - အကြောတက်ရောဂါ ( Fibromyalgia ) “ကြွက်သားတွေက ဟိုနေရာကနာ ဒီနေရာကနာနဲ့ … တခါတလေ နာလွန်းလို့ အိပ်မရဘူး … အလုပ်လည်းကောင်းကောင်း မလုပ်ရဘူး … ဝေ‌ဒနာက ပေါ်လိုက်ပျောက်လိုက်နဲ့ ဖြစ်လာတာ တစ်နှစ်ဝန်းကျင်လောက် ရှိပြီ … ဆေးခန်းပြ စမ်းသပ်ကြည့်တော့လည်း ဘာမှ ရှာမတွေ့ဘူး …”စသဖြင့် ရောဂါရာဇဝင်ကို လူနာက ပြောပြပြီး အဆစ်ရောင်ရောဂါအမျိုးမျိုး ၊ လေးဘက်နာရောဂါအမျိုးမျိုးကို သွေးစစ်ကြည့်တဲ့အခါမှာလည်း မတွေ့ရတဲ့အခါ.......နောက်ထပ် အဖြစ်များတဲ့ Fibromyalgia လို့ ခေါ်တဲ့ ရောဂါတစ်မျိုးကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ ဒီရောဂါဟာ ကြွက်သားတစ်ရှူးတွေ၊ အရွတ်တွေမှာ နာတာရှည် နာကျင်မှုဝေဒနာကို ခံစားရတာပါ။ အနည်းဆုံး သုံးလ‌ကြာတတ်ပြီး အများအားဖြင့် နှစ်ပေါက်အောင် ဖြစ်လိုက် ပြန်ကောင်းသွားလိုက်နဲ့ သံသရာလည်နေတတ်ပါတယ်။ ◼️ Fibromyalgia ကို - [အဆုတ်ထဲ ရေဝင်ခြင်း Pleural Effusion ( August, 2022 )](https://www.telekyanmar.org/pleural-effusion-aug-2022/) - အဆုတ်ထဲ ရေဝင်ခြင်း ( Pleural Effusion ) အဆုတ်ထဲရေဝင်ခြင်းကို တစ်ချို့လူတွေက အဆုတ်အသားထဲရေဝင်နေတယ်လို့ ယူဆနေကြပါတယ်။ အဲ့တော့ ရေဝင်မှာစိုးလို့ဆိုပြီး ရေမချိုးရဲ၊ ရေဝအောင် မသောက်ရဲတွေ ဖြစ်လာပါတယ်။ အဲ့အချက်က မှားနေပါတယ် ။ အဲ့တော့ အဆုတ်အတွင်းရေဝင်တယ်ဆိုတာ ဘာလဲ၊ ဘယ်လိုမျိုးလဲ ? ပထမဆုံး အဆုတ်အမြှေးပါး အကြောင်းပြောရအောင်ပါ - အဆုတ်က အသက်ရှုလိုက်တိုင်း ရင်ခေါင်းနံရံနဲ့ ပွတ်မတိုက်အောင် ရင်ခေါင်းနံရံမှာ အမြှေးပါးတစ်ခု ၊ အဆုတ်နံရံမှာ အမြှေးပါးတစ်ခု နဲ့အုပ်ထားပါတယ်။ - အဲ့တော့ အသက်ရှူရင် အဲ့ အလွှာနှစ်ခုပဲ ပွတ်တိုက်မှုရှိပါတော့တယ်၊ အလွှာနှစ်ခုကြားမှာလည်း ပွတ်တိုက်ရင် ချောနေအောင် အဆီပါးလေးထည့်ပေးထားပါတယ်။ - ပုံမှန်အားဖြင့်လည်း အမြှေးပါးနှစ်ခုကြားမှာ ချောဆီသဘောမျိုး 10ml ခန့်ရှိတဲ့ အရည်လေးတွေ - [Pre-Eclampsia(ကိုယ်ဝန်ဆိပ်တက်ခြင်း ) ( August, 2022 )](https://www.telekyanmar.org/pre-eclampsia-august-2022/) - ကိုယ်ဝန်ဆိပ်တက်ခြင်း ( Pre-Eclampsia ) ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ ဘာလဲ ? - ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ချိန် ၁၄၀/၉၀ အထက်ရှိနေခြင်း၊ ဆီးထဲ အယ်ဗျူမင်လို့ခေါ်တဲ့ အနည်အနှစ်များနေခြင်း၊ ခြေလက် ခန္ဓာကိုယ်ဖောရောင်ခြင်း ဆိုတဲ့အချက်တွေထဲမှာ ၂ ချက်လောက်ရှိရင်ကို ကိုယ်ဝန်ဆိပ်တက်နေပြီလို့ပြောနိုင်ပါတယ်။- ဒီရောဂါဟာ ကိုယ်ဝန်ကာလမှာပဲဖြစ်ပြီးတော့ ကလေးမွေးပြီးရင် ပျောက်သွားတတ်ကြပါတယ်။- မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင်မိခင်သေဆုံးရခြင်း အကြောင်းအရင်းထဲမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့သူတွေက ဘယ်သူတွေလဲ ? - ကိုယ်ဝန်ဆောင် မိခင်တိုင်း ဖြစ်နိုင်ပါတယ်။- မိခင်စုစုပေါင်းရဲ့ ၁၀-၁၅% လောက်အထိ ဖြစ်တတ်ပါတယ်။- ပိုဖြစ်နိုင်တဲ့ သူတွေကတော့ (၁) အသက်ငယ်လွန်း ကြီးလွန်းတဲ့ သားဦးကိုယ်ဝန်သည်တွေ(၂) ယခင်ကိုယ်ဝန်မှာ ကိုယ်ဝန်ဆိပ်တက်ခဲ့တဲ့ ရာဇဝင်ရှိသူတွေ(၃) သွေးတိုး၊ ဆီးချို ၊ ကျောက်ကပ်ရောဂါ အခံရှိတဲ့ ကိုယ်ဝန်သည်တွေ(၄) - [ခါးရိုးစောင်းခြင်း Scoliosis ( August, 2022 )](https://www.telekyanmar.org/scoliosis-august-2022/) - ခါးရိုးစောင်းခြင်း (Scoliosis) မိမိကိုယ်ကိုယ် ယုံကြည်မှုမရှိအောင်ဖြစ်စေတဲ့ရောဂါတွေထဲမှာ ခန္ဓာကိုယ်အနေအထား မမှန်တဲ့ရောဂါကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူကြားထဲထွက်ရင် အနေအထားမမှန်တဲ့ ခန္ဓာကိုယ်ပုံစံကြောင့် ခဏခဏရှက်ရတယ်။ စိတ်အဆင်မပြေ ခံစားရတယ်။ ဒီလိုရောဂါတွေထဲကမှ scoliosis လို့ခေါ်တဲ့ ခါးရိုးစောင်းခြင်းနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ဘာတွေလုပ်‌ဆောင်ရမယ်ဆိုတာတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Scoliosis ဆိုတာကတော့ မိမိရဲ့ခါးရိုဟာ ဘေးကို ၁၀ ဒီဂရီထက်ပိုပြီးစောင်းနေတဲ့ရောဂါကို ဆိုလိုပါတယ်။ scoliosis ဟာ ကိုယ်ခန္ဓာအထွားဆုံးအချိန်တစ်ခုဖြစ်တဲ့ ၁၁နှစ်ကနေ ၁၃နှစ်အတွင်းမှာ ဖြစ်တတ်တာကို တွေ့ရပါတယ်။ Scoliosis က ဘယ်လောက်အဖြစ်များလဲ? • လူဦးရေရဲ့ ၂-၃% လောက်မှာ ဖြစ်လေ့ရှိပါတယ်။• ၁၀% လောက်ကတော့ ဒီဂရီအနည်းငယ်ပဲ စောင်းနေတတ်ပြီး လူ ၁၀၀၀မှာ တစ်ယောက်လောက်ကတော့ ဒီဂရီအတော်လေး စောင်းနေတာကို တွေ့ရပါတယ်။• - [Basal Cell Carcinoma (သို့) အရေပြားကင်ဆာတစ်မျိုး ( August, 2022 )](https://www.telekyanmar.org/basal-cell-carcinoma-august-2022/) - Basal Cell Carcinoma (သို့) အရေပြားကင်ဆာတစ်မျိုး ◼️ ဘာကြောင့် အရေပြားကင်ဆာဖြစ်ရလဲ ?အဓိကကတော့ နေ‌ရောင်ပြင်းပြင်းနဲ့ အချိန်ကြာကြာ အထိအတွေ့များခြင်းကြောင့် အရေပြားအတွင်းပိုင်းကဆဲလ်တွေ ပျက်စီး‌ပြောင်းလဲလာတာပါပဲ။ ပြောင်းလဲရာကနေ ကင်ဆာ အလုံးအကျိတ်တည်ပြီး အဲ့သည်ကနေ အနာဖြစ်လာတယ်။ အဲ့သည့်နောက် အနာတဖြည်းဖြည်းကြီးလာပြီး ကင်ဆာဆဲလ်ပြန့်သမျှ နေရာတိုင်းမှာ တစ်ရှူးတွေ ပျက်ဆီးကုန်ပါတယ်။ ဒါပေမယ့် အဲ့လို အနာအကြီးကြီးဖြစ်လာဖို့ နှစ်အတော်ကြာ အချိန်ယူရပါတယ်။ ပြီးတော့ တခြားကင်ဆာတွေနဲ့ယှဉ်ရင် ခန္ဓာကိုယ်နေရာအနှံ့ ပျံ့နှံ့နိုင်ချေ နည်းတဲ့အတွက် အချိန်မီသတိပြုမိရင် ထိရောက်စွာ ကုသနိုင်ပါတယ်။ ဆိုရရင် အရေပြားကင်ဆာကြောင့် အသက်ဆုံးရှုံးနိုင်ချေကတော့ အလွန်နည်းပါးပါတယ်။ ◼️ ဘယ်လိုလူတွေမှာ အရေပြားကင်ဆာ ဖြစ်တတ်လဲ ?လူတိုင်းမှာ ဖြစ်နိုင်ပေမယ့် အသားဖြူ၊ အသားလတ်တဲ့ သက်လတ်ပိုင်းတွေ၊ သက်ကြီးပိုင်းတွေမှာ အတွေ့ရများပါတယ်။ အသားညို၊ အသားမည်း တဲ့ သူတွေကတော့ - [မီးဖွားပြီးနောက် စိတ်ကျရောဂါ Postnatal Depression ( August, 2022 )](https://www.telekyanmar.org/postnatal-depression-august-2022/) - “ဖေဖေ၊မေမေ မှတ်သားစရာ…မီးဖွားပြီးနောက် စိတ်ကျရောဂါ” ( Postnatal Depression ) “ယောကျ်ားဖောင်စီး…မိန်းမမီးနေ” ဆိုတဲ့ စကားပုံလိုပါပဲ ကိုယ်ဝန်ဆောင်၊ မီးနေသည် စောင့်ရှောက်မှုက အလွန်အရေးကြီးပါတယ်။ ???? ကိုယ့်ရဲ့ရင်သွေးလေးကို မွေးဖွားပြီး လူ့လောကထဲခေါ်ဆောင်ခြင်းက မင်္ဂလာရှိတဲ့အခိုက်အတန့် ဆိုပေမယ့် ကိုယ်ဝန်ရှိချိန်မှစပြီး မီးဖွားချိန်၊မွေးပြီးရင်သွေးကို ပြုစုစောင့်ရှောက်ချိန်တွေက ဖေဖေ၊မေမေ တို့ရဲ့ ဘဝမှာအပြောင်းအလဲတစ်ခုလိုဖြစ်တဲ့အတွက် စိတ်ဖိစီးမှု အနည်းနဲ့ အများရှိတတ်ကြပါတယ်။ ???? အထူးသဖြင့် မီးဖွားပြီး ဟော်မုန်းအပြောင်းအလဲများနေတဲ့ မိခင်တွေမှာ စိတ်ဖိစီးမှုများရာမှ “စိတ်ကျခြင်း” အထိခံစားရတတ်ပါတယ်။ မီးဖွားပြီး မိခင်တွေ ရင်ဆိုင်ရနိုင်တယ့် မတူကွဲပြားပြီး အရေးကြီးတဲ့ အခြေအနေ (၂) ခုရှိပါတယ်။1.postnatal blues(baby blues) - မီးဖွားပြီးနောက်စိတ်ဖိစီးခြင်း2.postnatal depression - မီးဖွားပြီးနောက် စိတ်ဓာတ်ကျခြင်း ❗‘Baby blues’ လို့ခေါ်တဲ့ စိတ်အခြေအနေတစ်ခုကို - [နှလုံးသွေးကြောပိတ်တယ်ဆိုတာ Myocardial Infarct (August, 2022)](https://www.telekyanmar.org/myocardial-infarct-august-2022/) - " နှလုံးသွေးကြောပိတ်တယ်ဆိုတာ... " နှလုံးမှာ အဓိက အရေးကြီးတဲ့ သွေးလွှတ်ကြော ၃ ချောင်းရှိပါတယ် ဒီသွေးကြောလေးတွေ ကျဉ်းတယ်၊ ပိတ်တယ်ဆိုရင် နှလုံးကြွက်သားတွေဆီ သွေး အလုံအလောက်မရောက်တော့ပါဘူး။ အဲဒီအခါမှာ နှလုံးကြွက်သားတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပဲ ပုပ်သွားနိုင်ပါတယ်။ အဲ့ဒါဆို ရုတ်တရက် အသက် အန္တရာယ် ရှိပါတယ်။ သွေးကြောကျဉ်းတဲ့၊ ပိတ်တဲ့ ပမာဏ အပေါ်မူတည်ပြီး.....လူနာအနေနဲ့ ရင်ဘတ်အောင့်မယ်... အဲ့ကနေ ဘယ်ဘက်လက်မောင်း ဘယ်ဘက်ပခုံး မေးရိုးနားအထိ အောင့်နိုင်မယ် .. ပြီးရင် ချွေးစီးတွေထွက်ပြီး မောလာတာ အသက်ရှူမဝတာ တွေအထိ ဖြစ်နိုင်ပါတယ်။ နောက်ပြီး လက္ခဏာ မပြဘဲ ရုတ်တရက် သတိလစ်ပြီး အသက် အန္တရာယ်ရှိနိုင်ပါတယ် .....စိတ်ပူရပါတယ် ❓ဘယ်လိုလူမျိုးတွေမှာ ပိုဖြစ်နိုင်လဲ - အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ်- အမျိုးသားတွေက - [ဆီးမထိန်းနိုင်တဲ့ပြဿနာ Urinary incontinence ( August, 2022 )](https://www.telekyanmar.org/urinary-incontinence-august-2022/) - ဆီးမထိန်းနိုင်တဲ့ပြဿနာ ( Urinary incontinence ) ဆီးမထိန်းနိုင်တဲ့ ပြဿနာဟာ လက်တွေ့မှာ အတော်လေးကို ကသိကအောက်နိုင်တဲ့ ပြဿနာပါ။ အထူးသဖြင့် လူကြားသူကြားထဲ နှာချေရင်း၊ ချောင်းဆိုးရင်း၊ ခွက်ထိုးခွက်လှန်ရယ်ရင်း တပါတည်း ဆီးစက်များပါ လှိမ့်ဆင်းလာတဲ့ အခါ အင်မတန်ကို ဖြေရှင်းရ ခက်ခဲပါတယ်။ ဒါမျိုးကို ‘Stress Incontinence’ လို့ ခေါ်ပါတယ်။ အထူးသဖြင့် ကလေးယူထားတဲ့ အမျိုးသမီးတွေ၊ သွေးဆုံးထားတဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ဘာကြောင့်လဲဆိုတော့ တင်ပါးဆုံကြွက်သားတွေ အားလျော့လာလို့ပါ။ အဲ့အခါ တင်ပါးဆုံကြွက်သားကနေ ထိန်းထားတဲ့ ဆီးအိမ်ကပါ ‌ထိန်းချုပ်နိုင်စွမ်း လျော့နည်းပြီး ဆီးမထိန်းနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိလာတာပါ။ နောက်တစ်မျိုးကတော့ ‘Urge Incontinence’ လို့ခေါ်တဲ့ အမြဲဆီးသွားချင်စိတ်ဖြစ်ပေါ်ပြီး ဆီးမထိန်းနိုင်ဖြစ်တာပါ။ ဒါပေမယ့် တကယ်တမ်း ဆီးသွားတဲ့အခါမှာတော့ - [မွေးကင်းစကလေး အသားဝါခြင်း Neonatal Jaundice ( August, 2022 )](https://www.telekyanmar.org/neonatal-jaundice-august-2022/) - မွေးကင်းစကလေး အသားဝါခြင်း(Neonatal Jaundice) မွေးစကလေးတွေမှာ ဖြစ်တတ်တဲ့ အသားဝါရောဂါဟာ အထူးဂရုပြုရမယ့်ရောဂါတစ်ခုဖြစ်ပြီး မေမေတို့မဖြစ်မနေသိထားသင့်တဲ့အကြောင်းတွေ၊ မိမိရင်သွေးငယ်လေးအသားဝါဖြစ်နေတာကို ဘယ်လိုသိနိုင်မလဲ၊ ဖြစ်လာခဲ့ရင် ဘာတွေဆောင်ရွက်ရမလဲ နဲ့ ဆောင်ရန်ရှောင်ရန် အချက်တွေကို ပြောပြပေးသွားပါမယ် ကလေးအသားဝါစေတဲ့ အဝါဓာတ် (သို့) Bilirubin သွေးနီဥပျက်စီးပြိုကွဲပြီး အတွင်းက ဟေမိုဂလိုဘင် (Haemoglobin) ဓာတ်ပစ္စည်းပြိုကွဲတဲ့အခါ Bilirubin ဆိုတဲ့ အဝါဓာတ်တစ်မျိုးထွက်ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် ဒီအဝါဓာတ်ကို အစာခြေလမ်းကြောင်းက ပြန်လည်စုပ်ယူပြီး ပုံမှန်ရှိရမယ့် သွေးတွင်းအဝါဓာတ်ကို ထိန်းညှိပေးထားတယ်။ သွေးတွင်းအသားဝါဓာတ် ပုံမှန်ထက် များစေတဲ့ အခြေအနေတွေမှာ​တော့ မွေးစကလေးငယ်မှာ အသားဝါရောဂါဖြစ်ရတယ်။ ဘာကြောင့် မွေးစကလေးငယ် အသားဝါဖြစ်ရသလဲ❓ ❗ကလေးငယ်က လုံလောက်တဲ့ မိခင်နို့ရည် မရရှိတဲ့အခါ ❗သွေးနီဥပြိုကွဲစေသော သွေးနှင့်ဆက်စပ်ရောဂါတွေ (ဥပမာ G6PD ချို့တဲ့ခြင်း၊ ABO Incompatibility/ - [Gastroenteritis (က​လေးငယ်များ ဝမ်း​လျှောခြင်း) ( August, 2022 )](https://www.telekyanmar.org/gastroenteritis-august-2022/) - က​လေးငယ်များ ဝမ်း​လျှောခြင်း ကိုယ့်ကလေးလေး ဝမ်းတွေလျှောနေရင် ထူပူပြီး ဘာလုပ်ရမှန်းမသိတဲ့ ဖေဖေမေမေတို့အတွက် တကယ်အကျိုးရှိစေမယ့် ပိုစ့်လေးပါနော် ???? ❓ကလေးတွေ ဝမ်း​လျှောတယ်လို့ ဘယ်အချိန်မှာ သတ်မှတ်မလဲ က​​လေးတစ်​ယောက် သူပုံမှန်သွား​နေကျဝမ်းထက် အကြိမ်​​ရေပိုများလာရင် ဒါမှမဟုတ် ပို​ပျော့လာရင် ဝမ်း​လျှောတယ်လို့ သတ်မှတ်ပါတယ်။ ❓ဘာ​ကြောင့် ဝမ်း​လျှောလဲ အများစုက​တော့ Virus​တွေ bacteria ​တွေ​ကြောင့် ဖြစ်ပါတယ်... အဲ့ဒီ Virus​တွေ Bacteria​တွေဟာ မသန့်ရှင်းတဲ့လက်၊ မသန့်ရှင်းတဲ့ အစားအစာ၊ မသန့်ရှင်းတဲ့ ပန်းကန်ခွက်​ယောက်​တွေကတစ်ဆင့် ခန္ဓာကိုယ်ထဲကိုဝင်​ရောက်ပီး ဝမ်း​လျှောဝမ်းပျက်​ဖြစ်​စေတာပါ။ ❓ဝမ်း​လျှော​နေတဲ့ အချိန်မှာ ဘာ​တွေ ​ကျွေးလို့ရလဲ ပုံမှန်​ကျွေး​နေကျ အစားအစာ​တွေကို ဆက်​ကျွေးလို့ရပါတယ်။ ​မိခင်နို့တိုက်​နေတဲ့ က​လေးကို မိခင်နို့ဆက်တိုက်ပါ။ ပူပူ​နွေး​နွေး သန့်သန့်ရှင်းရှင်း အစာ​ကြေလွယ်မယ့် အစားအ​သောက်​တွေ ​ကျွေးလို့ရပါတယ်။ အရည်များများ တိုက်​ပေးဖို့အ​ရေးကြီးပါတယ်။ ဓါတ်ဆားရည်၊ - [သတိထားစရာ ရင်သားကင်ဆာ Breast Cancer ( August, 2022 )](https://www.telekyanmar.org/breast-cancer-august-2022/) - သတိထားစရာ ရင်သားကင်ဆာ ( Breast cancer ) ရင်သားကင်ဆာဟာ အသက် ၃၀ အောက်ဆိုရင် ဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် အသက်ကြီးလာလေလေ ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အရေးများလေ ဆိုတာတော့သတိပြုစေချင်ပါတယ်။ များသောအားဖြင့် အသက် ၄၀ ကျော်တွေမှာ အတွေ့များပါတယ် ။ ရင်သားကင်ဆာအများစုက ရင်သားအတွင်းရှိ နို့ ရည်လမ်းကြောင်းမှာ စတင်ပါတယ်။ ပြီးရင် ဘေးပတ်ဝန်ကျင်ကို တဖြည်းဖြည်းနယ်ချဲ့လာတယ်။ ဒီ့ထက်ဆိုးလာရင် သွေးကနေတစ်ဆင့် ကင်ဆာဆဲလ်တွေဟာ တခြားနေရာတွေ အထိပျံ့တတ်ပါတယ် ။ အမျိုးသားတွေမှာတော့ ရင်သားကင်ဆာ အဖြစ်နည်းပါတယ် ။ ဘယ်လိုတွေခံစားရမလဲ ? များသောအားဖြင့်တော့ ရင်သားမှာ အလုံးဖြစ်နေတာကို သတိပြုမိကြပါတယ် ။ တခြားဟာတွေကတော့... - အလုံးကိုစမ်းရင် မနာဘူး။ မာမာလေးနဲ့ မျက်နှာပြင်မှာ အဖုအဖုလေးတွေလိုစမ်းမိမယ် - - [Gonorrhea(ဆင်ခြင်စရာ ဂနိုရောဂါ) ( September, 2022 )](https://www.telekyanmar.org/gonorrhea-september-2022/) - ဆင်ခြင်စရာ ဂနိုရောဂါ (Gonorrhea) ဂနိုရောဂါ / ဆီးပူညောင်းကျရောဂါရယ်လို့ ဆိုလိုက်တာနဲ့ ရှက်ကြောက်လို့ ဆေးကုသမှုခံယူဖို့ တွန့်ဆုတ်တဲ့အခါ မြန်မြန်ကုသ/ မြန်မြန်ပျောက်ကင်းရမဲ့ ရောဂါဟာ အမြစ်မပြတ်ဘဲ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ရပါတယ်။ တကယ်တော့ ဂနိုရောဂါဟာ ရှက်စရာရောဂါတစ်ခုမဟုတ်တဲ့အပြင် ရိုးရှင်းတဲ့ စစ်ဆေးကုသမှုပြုရုံနဲ့ ပျောက်ကင်းနိုင်တဲ့ လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါ/ ဂနိုရောဂါဘယ်လိုကူးစက်သလဲ❓ • Neisseria gonorrhoeae ဆိုတဲ့ ဘတ်တီးရီးယား ရောဂါပိုးကြောင့်ဖြစ်ရတယ်။ • ရောဂါပိုးရှိနေတဲ့သူနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုပြုရာကတစ်ဆင့် ကူးစက်တယ်။ လိင်ဆက်ဆံမှုလို့ဆိုရာမှာ ပါးစပ်/ စအို ဖြင့် လိင်ဆက်ဆံခြင်းပါ အကျုံးဝင်တယ်။ လိင်ဆက်ဆံမှုအမျိုးအစားပေါ်မူတည်ပြီး ဆီးလမ်းကြောင်း/ အမျိုးသား၊ အမျိုးသမီးအင်္ဂါ/ လည်ချောင်း / စအိုနေရာတွေမှာ ပိုးကူးစက် ရောင်ရမ်းမှုဖြစ်စေပါတယ်။ • ရောဂါပိုးရှိမိခင်ကနေလည်း မီးဖွားချိန်မှာ - [အူရောင်ရမ်းခြင်းရောဂါ Inflammatory Bowel Disease (September, 2022)](https://www.telekyanmar.org/inflammatory-bowel-disease-september-2022/) - အူရောင်ရမ်းခြင်းရောဂါ (Inflammatory Bowel Disease) ဆိုတာကတော့ နာတာရှည် အူလမ်းကြောင်းရောင်ရမ်းတဲ့‌ရောဂါ အထူးသဖြင့် အူသိမ်နှောင်းပိုင်းနဲ့ အူမကြီး ရောင်ရမ်းတဲ့ရောဂါကို ဆိုလိုတာဖြစ်ပါတယ်။ အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါကို Crohn’s diseaseနဲ့ ulcerative colitis (အူမကြီးရောင်ရမ်းနာ)ဆိုပြီး ၂မျိုး ခွဲခြားလို့ရပါတယ်။(တခြား အူရောင်စေတဲ့ရောဂါတွေလည်း အများကြီးရှိသေးပေမယ် အခုပိုစ့်မှာတော့ ဒီ ၂ခုကိုပဲ အဓိကပြောပြပေးသွားမှာပါ...) Crohn’s diseaseကတော့ ပါးစပ်ကနေ စအိုဝထိ အူလမ်းကြောင်းရဲ့ ဘယ်နေရာမဆို ရောင်ရမ်းနိုင်တဲ့ရောဂါဖြစ်ပြီးတော့ Ulcerative colitisကတော့ အူမကြီးရောင်ရမ်းတဲ့ရောဂါပဲ ဖြစ်ပါတယ်။ ဒီရောဂါ၂ခုစလုံးရဲ့ တူညီတဲ့လက္ခဏာတွေကတော့ ဝမ်းလျှောခြင်းဖြစ်ပြီး သွားတဲ့ဝမ်းမှာ သွေးနဲ့ အကျိအချွဲတွေ ပါတတ်တာပဲ ဖြစ်ပါတယ်။ အသက် ၁၅နှစ်ကနေ ၄၀အထိ အမျိုးသမီးရော အမျိုးသားတွေမှာပါ ဖြစ်လေ့ရှိပါတယ်။ ဘာကြောင့်ဖြစ်လဲဆိုတာ အတိအကျ မပြောနိုင်ပေမယ့် မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့် - [ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ Childhood Asthma (September,2022)](https://www.telekyanmar.org/asthma-in-children/) - ကလေးများနဲ့ ပန်းနာရင်ကျပ်ရောဂါ (Asthma) ကလေးတွေ တဟွတ်ဟွတ်နဲ့ ချောင်းဆိုနေပြီ၊ ချွဲထနေပြီ၊ ရင်ကျပ်လာပြီဆိုတာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ အချိုစားမိလို့လား၊ အအေးမိတုပ်ကွေးများလား၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာများလား၊ ဘာနဲ့များ ဓာတ်မတည့်လို့လဲ....စသဖြင့်ပေါ့နော်။ နောက်ထပ် ထည့်တွက်စရာ အခြေအနေတစ်ခုက ကလေးမှာ ပန်းနာရင်ကျပ်များ ဖြစ်နေမလားဆိုတာပါပဲ။ “ပန်းနာရင်ကျပ်” ဆိုတာ အဆုတ်ထဲက လေပြွန် (bronchus)တွေ ကျဉ်းသွားတဲ့ အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ရင်ဘတ်ကျပ်သွားတယ်...ရင်ကျပ်တယ်လို့ ခေါ်ကြတာဖြစ်နိုင်ပါတယ်။ ရင်ကျပ်ချိန်မှာ လေပြွန်နံရံက ကြွက်သားတွေကစလို့ ကျုံ့သွား၊ ကျဉ်းသွားပြီး ချွဲတွေလည်း ထွက်လာတာကြောင့် အဆုတ်မှာ လေအဝင်အထွက်ခက်သွားတတ်ပါတယ်။ အသက် (၂) နှစ်မှ (၈) နှစ်ကြား ကလေးတွေမှာ ပန်းနာရင်ကျပ်ရောဂါ အဖြစ်များပါတယ်။ ကလေး (၅) ယောက်မှာ တစ်ယောက်က ချွဲကျပ်ရင်ကျပ်တတ်ပြီး ရင်ကျပ်တဲ့ကလေးများထဲမှ - [Coeliac Disease အကြောင်းသိကောင်းစရာ (September, 2022)](https://www.telekyanmar.org/coeliac-disease-september-2022/) - Coeliac disease ဆိုတာ မျိုးရိုးလိုက်တဲ့ အူသိမ်ရောဂါတစ်မျိုးဖြစ်ပြီး အစားအသောက်မှာ ပါတဲ့ Gluten လို့ ခေါ်တဲ့ ပရိုတင်းနဲ့ ဓာတ်မတည့်တဲ့ ရောဂါတစ်မျိုးပါ။ Gluten ပရိုတင်းဟာ အူသိမ်ရဲ့ အတွင်းမျက်နှာပြင်ကို ပျက်စီးစေပြီး ပုံမှန် အူသိမ်မျက်နှာပြင်ရဲ့ ကတ္တီပါလို အမွေးနုနုကို ‌ပြင်ညီပြောင်ချောအဖြစ်သို့ ပြောင်းလဲစေပါတယ်။ အဲ့အခါမှာ အစားအသောက်ကနေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အာဟာရတွေ - ကစီဓာတ်၊ အသားဓာတ်၊ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို အူသိမ်က ပုံမှန်လို မစုပ်ယူနိုင်တော့ပဲ ရေရှည်မှာ အာဟာရဓာတ်ချို့တဲ့တဲ့ အခြေအနေကို ရောက်ကုန်ပါတယ်။ ဘာကြောင့် တချို့သူတွေမှာ သည် Gluten ပရိုတင်းနဲ့ မတည့်ပြီး Coeliac အူသိမ်ရောဂါကို ဖြစ်စေသလဲ ဆိုတာကိုတော့ အတိအကျ မသိသေးပါဘူး။ ????Gluten ရဲ့အကြောင်း - [နှာခေါင်းနဲ့ နှာခေါင်းတွင်းလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ အလုံးအကျိတ် တစ်မျိုး Nasal Polyps (September, 2022)](https://www.telekyanmar.org/nasal-polyps-september-2022/) - Nasal Polyps ဆိုတာ နှာခေါင်းနဲ့ နှာခေါင်းတွင်းလမ်းကြောင်းတလျှောက်မှာ ဖြစ်တတ်တဲ့ အလုံးအကျိတ် တစ်မျိုးပါ။ စိုးရိမ်စရာ ကင်ဆာဖြစ်စေတဲ့ အလုံးမျိုးတော့ မဟုတ်ပါ။ အများအားဖြင့် ပန်းနာရင်ကျပ်သမားတွေ၊ ဓာတ်မတည့်ရောဂါ ရှိတဲ့သူတွေ၊ မကြာခဏ အသက်ရှုလမ်းကြောင်းမှာ ရောဂါပိုးဝင်ပြီး ရောင်ရမ်းလေ့ ရှိတဲ့သူတွေမှာ Nasal Polyps အလုံးအကျိတ် ပေါ်တတ်ပါတယ်။ ပြီးတော့ အလုံးဟာ အရွယ်အစား အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ????Nasal Polyps ဘာကြောင့်ဖြစ် ? ‌ခုချိန်ထိ ရောဂါဖြစ်စဉ်ကို အတိအကျ မရှင်းပြနိုင်ကြ‌သေးပါဘူး။ ဒါပေမယ့် ဒါဟာ မကြာခဏ နှာတွင်းလမ်းကြောင်းမှာ ရောဂါပိုးဝင် ရောင်ရမ်းခြင်းနဲ့ ဆက်စပ်နေမယ်လို့တော့ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြပါတယ်။ နှာခေါင်းနဲ့ ဆိုင်းနပ်စ် အခေါင်းပေါက်တွေမှာရှိတဲ့ အမြှေးပါးတွေဟာ ကြိမ်ဖန်များစွာ ပိုးဝင်ရာကနေ ရောင်ရမ်းလာပါတယ်။ နီရဲပြီး - [Epilepsy (အတက်ရောဂါ) (September, 2022)](https://www.telekyanmar.org/epilepsy-september-2022/) - Epilepsy (အတက်ရောဂါ) ဆိုတာဘာလဲ မျက်ဖြူလန် အကြောဆွဲပြီး ထိန်းမရအောင် "တက်" နေတဲ့သူတွေကို တချို့လည်း မြင်ဖူးကြမှာပါ။ ၀က်ရူးပြန်တယ် ခေါ်ကြတာပေါ့... ၀မ်းရူးပြန်တယ်ပြောရင် အရပ်ထဲမှာ လူကြီးတွေက ခြေမချိုး ၊ လက်မချိုး ၊ ကြေးသော့နဲ့ခြေဖဝါးလှည့်....အဲ့လိုတွေ ပြောကုန်ကြတာကိုလည်း ကြားဖူး ကြပါလိမ့်မယ်။( ဒီလို ပြုလုပ်ခြင်းတွေဟာ မလိုအပ်ပါဘူး။ အန္တရာယ်ပေးနိုင်ပြီး လူနာကို နာကျင်ခံစားရစေမယ့်လုပ်ရပ်တွေဖြစ်တာကြောင့် ရှောင်ကျဥ်ရပါမယ် )...... Epilepsy အတက်ရောဂါဆိုတာဟာ ဦးနှောက်အတွင်းတစ်နေရာမှာ အာရုံကြောဆဲလ်တွေ လှုံ့ဆော်မှုမညီမျှတာကြောင့် ဖြစ်ရတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ၊ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းလောက် တက် တာကနေ...တစ်ကိုယ်လုံး တက် တဲ့အထိ အမျိုးအစားများစွာရှိပါတယ် ဦးနှောက်အမြှေးပါးရောင်လို့တက်တာ ၊ အဖျားကြီးလို့ တက်တာနဲ့ တခြားရောဂါအမျိုးမျိုးကြောင့်တက်တာ...စတာတွေနဲ့ ပုံစံကွဲပါတယ်။ ❓ဘယ်လိုလူတွေ Epilepsy (အတက်ရောဂါ)ကို ခံစားကြရသလဲ ဒီရောဂါရှိနေသူတော်တော်များများမှာတော့ - [မထူးဆန်းသော အိတ်စ်ရောဂါ (HIV/ AIDS) (October, 2022)](https://www.telekyanmar.org/hiv-aids-october-2022/) - "မထူးဆန်းသော အိတ်စ်ရောဂါ (HIV/ AIDS)" တယ်လီကျန်းမာကနေ လူထုကို ဘယ်လိုကျန်းမာရေးပညာပေးအကြာင်းအရာလေးတွေ ရေးပေးစေချင်သလဲ စစ်တမ်းကောက်တော့ HIV/AIDS ရောဂါအကြောင်းနဲ့ "Living with HIV/AIDS"... "HIV/AIDS ရောဂါနှင့် အတူယှဥ်တွဲနေထိုင်ကြသူတွေ"အတွက် ခွန်အားဖြစ်စေမယ့် စာကလေးပါ တပါတည်းရေးပေးဖို့ တောင်းဆိုကြတာဖတ်ရတော့ ဗဟုသုတရလိုတဲ့စိတ်အပြင် ကိုယ်တိုင်ခွန်အားလိုအပ်လို့ဖြစ်စေ၊ မိမိချစ်ရသူတွေအတွက်ဖြစ်စေ၊ ဝေဒနာရှင်တွေအတွက်ဖြစ်စေ ခွန်အားဖြစ်အောင် တောင်းဆိုကြတဲ့ စေတနာလေးကိုပါ ခံစားမိပြန်တယ် ....❤️ HIV/AIDS ရောဂါနှင့် အတူယှဥ်တွဲနေကြသူတွေအတွက် ????‍♂️ ????ကျွန်တော်တို့ ခုခေတ်မှာ အထူး အားပေးဖေးမရမယ့်သူတွေ/ အရာတွေရှိပါတယ်။ အဲ့ထဲမှာ HIV နဲ့ယှဥ်တွဲပြီး ကြံ့ကြံ့ခံ ပျော်ပျော်ရွှင်ရွှင်နေနေတဲ့သူတွေ အပါအဝင်ပေါ့။ နောက်တစ်ဆင့်က Support ပေးတဲ့ အဆင့်ထက်ကျော်ပြီး.....လူတိုင်းက ဒီအရာကို ပုံမှန်ပဲ၊ ဘာမှထူးခြားတာမရှိဘူး ၊ HIV ရှိနေပြီလို့ကြားလိုက်တာနဲ့ "အဲ့ဒါဘာဖြစ်လဲ - [ကာလသားရောဂါ Syphilis ( October, 2022)](https://www.telekyanmar.org/syphilis-october-2022/) - ကာလသားရောဂါ တဖြစ်လည်း Syphilis ???? ကာလသားရောဂါဆိုတာ ဘာလဲ? ကာလသားရောဂါဆိုတာ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးပါ။ သေချာကုသမှုမခံယူရင် နောက်ဆက်တွဲပြဿနာများပြီး ပြင်းထန်ပါတယ်။ ???? ဘယ်လိုကူးစက်နိုင်ပါသလဲ? Syphilis အနာနဲ့ ပုံမှန်လိင်ဆက်ဆံစဉ်/ စအိုလမ်းကြောင်းသုံးစဉ်/ပါးစပ်ကိုသုံးစဉ် (vaginal/anal/oral) ထိစပ်မိပါက ကူးနိုင်ပါတယ်။ ????ဒါတွေကြောင့်တော့ မကူးပါဘူး... - အိမ်သာကမုတ် - တံခါးလက်ကိုင် - ရေကူးကန် - ရေချိုးကန် - ရေပူကန် - အ၀တ်အစားနဲ့ တစ်ကိုယ်ရေ အသုံးအဆောင်ပစ္စည်းတွေ မျှဝေသုံးစွဲတာတွေကနေတော့ မကူးပါဘူး။ ????ကိုယ့်ကို Syphilis မကူးအောင် ဘယ်လိုကာကွယ်လို့ရမလဲ? လိင်ကြောင့်ကူးစက်တတ်တဲ့ရောဂါတွေကို ၁၀၀%ကာကွယ်ချင်ရင်တော့ ဘယ်နည်းနဲ့မှ လိင်မဆက်ဆံပါနဲ့။ တကယ်လို့ ကိုယ်က sexually activeဆိုရင်တော့ အောက်ပါဖော်ပြထားတာလေးတွေ လိုက်နာနိုင်ရင် ကူးနိုင်​ချေ လျော့ချနိုင်မှာပါ။ (၁) ကာလသားရောဂါ စစ်ဆေးပြီး - [အမျိုးသမီးများတွင်ဖြစ်တတ်သော ဆီးအိတ်ရောင်ခြင်း (October,2022)](https://www.telekyanmar.org/urinary-tract-infection-in-women/) - ဆီးအိတ်ရောင်ခြင်းဆိုတာ ဘာလဲ? ဆီးအိတ်ရောင်ခြင်းဆိုတာ အမျိုးသမီးတွေရဲ့ ဘဝ တလျှောက်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒုက္ခတစ်မျိုးပါ။ ဆီးအိတ်ရောင်ခြင်းအဖြစ်များတဲ့ အချိန်ကာလတွေကတော့ သံဝါသမှု စပြုခြင်း (ဝါ) ဟမ်းနီးမွန်းထွက်ပြီးနောက် ဆီးအိတ်ရောင်ခြင်း၊ ကိုယ်ဝန်ဆောင်စဥ်ဆီးအိတ်ရောင်ခြင်းနဲ့ သွေးဆုံးပြီးနောက် ဆီးအိတ်ရောင်ခြင်းတို့ဖြစ်ပါတယ်။ ဆီးအိတ်ရောင်ခြင်းကို ဖြစ်ပွားစေတတ်သော အကြောင်းတရားများမှာ အဘယ်နည်း? ဘတ်တီးရီးယားပိုးကြောင့် ဆီးအိတ်ရောင်ခြင်းကိုဖြစ်ပေါ်စေတတ်ပြီး အများစုဟာ E.coli လို့ခေါ်တဲ့ ပိုးအမျိုးအစားကြောင့်အဖြစ်များပါတယ်။ အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်းတိုတဲ့အတွက် အပြင်ကပိုးတွေဟာ အထက်ကိုဆန်တက်ပြီး ဆီးအိတ်ကို ပိုးရောက်ရှိကာ ရောင်ရမ်းစေပါတယ်။ ပိုးရောက်စေတဲ့ အကြောင်းတရားအများစုကတော့ သံဝါသပြုစဥ် ပိုးတွေကို အထက်သို့ပျံ့လွယ်စေတတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ဖြစ်ပွားစေတဲ့ပိုးတွေဟာ အူလမ်းကြောင်းမှ ပိုးများဖြစ်ပြီး သန့်ရှင်းမှု အားနည်းခြင်းကြောင့် စအိုဝ၊ ယောနိ နဲ့ ဆီးလမ်းကြောင်းထဲမှ တစ်ဆင့် အထက်သို့ ပျံ့နှံ့သွားခြင်းဖြစ်ပါတယ်။ တချို့သောသူတွေမှာ တစ်ခါဖြစ်ပြီး ထပ်မဖြစ်တော့ပေမယ့် - [အရက်နှင့် သင့်ကျန်းမာရေး Alcohol & Your Health (Video) (January, 2023)](https://www.telekyanmar.org/alcohol-and-your-health-video/) - အရက်နှင့် သင့်ကျန်းမာရေး (Alcohol & Your Health) အရက်ကို လုံးဝ ရှောင်ကြဉ်သင့်သူတဲ့ သူတွေ၊ အရက်ကို အလွန်အကျွံသောက်လို့ ကြုံတွေ့ရနိုင်တဲ့ ရေတိုကျန်းမာရေးပြဿနာတွေနဲ့ ရေရှည်ကျန်းမာရေးပြဿနာတွေကို ဒေါက်တာဆုတောင်းပြည့်နဲ့ ကိုဘချယ်တို့က အရိပ်စကားပြောခန်းပုံစံလေးနဲ့ သေချာလေး ရှင်းပြပေးထားပါတယ်။ Ministry of Health, National Unity Government. - [" သွေးကျိတ် (သို့မဟုတ်) ပြန်ရည်ကြောအကျတ်များ ကြီးလာခြင်း (Lymph Gland Enlargement ) "](https://www.telekyanmar.org/lymph-gland-enlargement/) - " သွေးကျိတ် (သို့မဟုတ်) ပြန်ရည်ကြောအကျိတ်များ ကြီးလာခြင်း (Lymph Gland Enlargement ) " ပြန်ရည်ဂလင်း (lymph gland) (သို့မဟုတ်) ပြန်ရည်ကြောအကျိတ် (lymph node) တွေဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ အတွဲလိုက်၊ အုပ်စုလိုက် ရှိတတ်ပါတယ်။ ပြန်ရည်ဂလင်းတွေကို သားငံရည်ပြန်ပြွန်ကြော(Lymphatic Channel) တွေနဲ့ ချိတ်ဆက်ထားပြီး ဒီအဖွဲ့အစည်းကို ပြန်ရည်စုဖွဲ့စနစ် ( Lymphatic system) လို့ ခေါ်ပါတယ်။ ဒီ ဂလင်းတွေဟာ ပုံမှန်အားဖြင့် စားတော်ပဲ အရွယ်လောက်ပဲရှိပြီး ရောင်ရမ်းလာတဲ့အခါမှသာ သတိထားမိကြပါတယ်။ လည်ပင်း၊ပေါင်ခြံနဲ့ ဂျိုင်းတွေမှာ အများဆုံး ရောင်ရမ်းတတ်ပါတယ်။ . . Published on: 5 January 2023Last Updated: 5 January - [ဗိုင်းရပ်စ် (virus) ကြောင့်ဖြစ်သော ရောဂါများ Virus Infections (February, 2023)](https://www.telekyanmar.org/virus-infections-february-2023/) - " ဗိုင်းရပ်စ် (virus) ကြောင့်ဖြစ်သော ရောဂါများ " ဗိုင်းရပ်စ် (virus) နဲ့ ဘက်တီးရီးယား (bacteria) ကို တချို့က ရောဂါပိုးတွေချင်းမို့ အတူတူပဲ မကွာဘူးလို့ထင်တတ်ကြပါတယ်။ တကယ်တော့ ၂ မျိုးလုံးဟာ သာမာန်မျက်စိနဲ့ မမြင်ရတာချင်း တူပေမယ့် ဗိုင်းရပ်စ်တွေဟာ အရွယ်အစား အများကြီး ပိုသေးပါတယ်။ ဗိုင်းရပ်စ်တွေဟာ ရိုးရိုး မိုက်ခရိုစကုပ်နဲ့ဆို မမြင်နိုင်ဘဲ အထူးမိုက်ခရိုစကုပ် (electron microscopy) နဲ့ ကြည့်မှသာ မြင်ရတဲ့ ရောဂါပိုးမွှားတွေ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားက လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးတာချင်း တူပေမယ့် သူတို့နှစ်မျိုးကြား ကွဲပြားချက်တွေလည်း တော်တော်လေးများပါတယ်။ သာမာန်အားဖြင့် ကူးစက်ရောဂါအများစုဟာ virus တွေကြောင့် ဖြစ်တတ်ပြီး ရောဂါလက္ခဏာတွေကလည်း အရမ်းပြင်းထန်လေ့ မရှိကြပါဘူး။ သာမန်ကိုက်ခဲမှုအတွက် - [ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း အနုပညာ The Art of Parenting (March, 2023)](https://www.telekyanmar.org/the-art-of-parenting-march-2023/) - “ကလေးသူငယ် ပြုစုပျိုးထောင်ခြင်း အနုပညာ” မိဘတိုင်းဟာ ကိုယ့်သားသမီးတွေကို ကောင်းကောင်းမွန်မွန်နဲ့ ပျော်ပျော်ရွှင်ရွှင် ကြီးပြင်းလာစေလိုကြပါတယ်။ ကလေးတွေကို အကောင်းဆုံး​​ဖြစ်နိုင်တဲ့ အခွင့်အလမ်းတွေကို ပေးချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေကို အမြဲပျော်ရွှင်ရမယ်လို့ ကျွန်တော်တို့ အာမ မခံနိုင်ပေမယ့် ကလေးတွေအတွက် ကျွန်တော်တို့တွေ ကြိုးစားဖြည့်ဆည်းပေးသင့်ပြီး ဖြည့်လည်းဖြည့်ဆည်းပေးနိုင်တဲ့ အခြေခံအချက်တွေ ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေက သူတို့မွေးဖွားလာဖို့အတွက် မတောင်းဆိုခဲ့ကြပါဘူး။ သူတို့လေးတွေဟာ ကမ္ဘာမြေကြီးရဲ့ လက်ဆောင်တစ်ခုဖြစ်ပြီးတော့ ဒီအထူးပုဂ္ဂိုလ်လေးတွေကို ကျွန်တော်တို့က ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနဲ့ တာဝန်ဝတ္တရားကျေအောင် ပြုစုကြရပါမယ်။ ကလေးတွေ အားလုံးက တူညီကြတာ မဟုတ်ကြောင်းနဲ့ တစ်ဦးချင်းစီမှာ သူတို့ရဲ့ ထူးခြားတဲ့ ပင်ကိုအရည်အသွေးနဲ့ လိုအပ်ချက်တွေ ကိုယ်စီရှိကြတယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားရပါမယ်။ ဒါပေမယ့့် သတိပြုရမှာကတော့ ကလေးတိုင်းမှာ အာရုံစိုက်ဖို့လိုတဲ့ တူညီတဲ့ အခြေခံလိုအပ်ချက်တွေ - [ကလေးတွေအနေနဲ့ ခွေးကိုက်မခံရအောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲ Prevention of Dog Bite and Rabies (Video) (March, 2023)](https://www.telekyanmar.org/prevention-of-dog-bite-and-rabies-video-march-2023/) - ခွေးရူးပြန်ရောဂါဟာ ခွေးကိုက်ခြင်းကတစ်ဆင့်အများဆုံးကူးစက်ပြီးတော့ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိပါတယ်။ အသက်ငယ်ရွယ်တဲ့ကလေးတွေဟာ ခွေးကိုက်ခံရမှုအများဆုံးဖြစ်ကြောင်းလည်း တွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ခွေးရူးပြန်ရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေနဲ့ ကလေးတွေအနေနဲ့ ခွေးကိုက်မခံရအောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲဆိုတဲ့ အကြံပြုချက်တွေကို ဒေါက်တာပန်ပန်က ဝေမျှပေးထားပါတယ်။ Ministry of Health, National Unity Government. - ["Azithromycin ပိုးသတ်ဆေးအကြောင်" (April 2023)](https://www.telekyanmar.org/azithromycin-april-2023/) - "အသုံးများသော Azithromycin ပိုးသတ်ဆေးအကြောင်း" Azithromycin ဆိုတာ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ပဋိဇီဝပိုးသတ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ Azithromycin ဆေးကို အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ နားပိုးဝင်ခြင်း၊ မျက်လုံးပိုးဝင်ခြင်းနဲ့ လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေ အတွက် အသုံးပြုလို့ရပါတယ်။ ဒီ Azithromycin ဆေးကို တော်တော်များများ ရင်းနှီးကြပေမယ့် ဒီဆေးသောက်မယ်ဆို ဘာတွေသတိထားရမယ်၊ ဘာတွေရှောင်ရမယ်ဆိုတာကိုတော့ မသိကြတာများပါတယ်။ ဘာတွေသတိထားရမယ်ဆိုတာ ဖတ်ကြည့်လိုက်ရအောင်။ .. .. Published on: 25 April 2023 Last updated: 25 April 2023 - [မုန်တိုင်း တိုက်ခတ်ပြီးနောက် လိုက်နာရန် ကျန်းမာရေးအချက်အလက်များ "Health Tips After Storm" (May 2023)](https://www.telekyanmar.org/hurricane-may-2023/) - ⚠️ မုန်တိုင်း တိုက်ခတ်ပြီးနောက် လိုက်နာရန် ကျန်းမာရေးအချက်အလက်များ (မေလ၊ ၂၀၂၃ ခုနှစ်) ⚠️ မုန်တိုင်းနှင့်အတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ (ဥပမာ - တိုက်ဖွိုက်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်ရောဂါ) နှင့် ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (ဥပမာ- ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါ) တို့ ဖြစ်ပွားနိုင်ခြေ များလာနိုင်ပါသည်။ ???? ရေ စိတ်ချရသော ရေအရင်းအမြစ်မှ သောက်ရေကို သောက်သုံးပါ။ ???? အစားအစာ အစားအစာကို ကျက်အောင် ချက်ပြုတ်ပါ။ စားကြွင်းစားကျန်များကို စနစ်တကျ စွန့်ပစ်ပါ။ အစားအစာများကို ဖုံးအုပ်ထားပါ။ အိမ်မွေးတိရစ္ဆာန်များ၏ ဝေးရာတွင် သိမ်းဆည်းပါ။ ???? အဝတ်အစား မိမိကိုယ်ကို ခြောက်သွေ့ပြီး နွေးထွေးအောင် ထားပါ။ ???? - [ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း "Dehydration" (May 2023)](https://www.telekyanmar.org/dehydration/) - ခန္ဓာကိုယ်အတွင်း ရေဓာတ်လျော့နည်း/ခန်းခြောက်ခြင်း (Dehydration) Dehydration ဆိုတာ ခန္ဓာကိုယ်ထဲ ထည့်သွင်းလိုက်တဲ့ အရည်ပမာဏထက် ဆုံးရှုံးသွားတဲ့/အသုံးချလိုက်တဲ့ အရည်ပမာဏက ပိုများနေပြီး၊ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့ ရေနဲ့ တခြားအရည်တွေ လုံလုံလောက်လောက် မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ . Published on: 16 May 2023 Last updated: 16 May 2023 - [အသင့်စားခေါက်ဆွဲခြောက်တွေ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်စေသလဲ Instant Noodle & Health (Video)](https://www.telekyanmar.org/instant-noodle-health/) - နေ့စဉ်ဘ၀ထဲမှာ အသင့်စားခေါက်ဆွဲခြောက်တွေကို အကြောင်းရင်းမျိုးစုံနဲ့ မကြာခဏစားဖူးကြမှာပါ။ ပြုလုပ်ရလွယ်လို့၊ မြန်မြန်စားနိုင်လို့၊ ဈေးသက်သာလို့၊ အရသာကြိုက်လို့ စသဖြင့်‌ပေါ့လေ။ ခေါက်ဆွဲခြောက်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာမဟုတ်မှန်း အကြမ်းအားဖြင့်သိကြပေမဲ့ ခေါက်ဆွဲခြောက်တွေကို ဘာတွေနဲ့လုပ်ထားလဲ၊ ရေရှည်စားတဲ့အခါ ဘယ်လိုဆိုးကျိုးတွေရှိသလဲ၊ ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်စေသလဲစတဲ့ စိတ်၀င်စားဖွယ်အချက်တွေကို ဒေါက်တာဆုတောင်းပြည့်က ပြည့်ပြည့်စုံစုံ ဝေမျှပေးထားပါတယ်။ Ministry of Health, National Unity Government. - [ငှက်ဖျားရောဂါ Malaria](https://www.telekyanmar.org/malaria/) - "ငှက်ဖျားရောဂါ (Malaria)" အခုဆိုရင် မိုးဦးကျကာလရောက်ပြီဆိုတော့ ခြင်ပေါက်ပွားမှုကလည်း ပိုမိုများပြားလာတာကြောင့် ခြင်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကိုလည်း အထူးသတိထားဖို့ လိုအပ်တဲ့ကာလ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ခြင်ကနေ ကူးစက်တတ်တဲ့ ရောဂါတစ်ခုဖြစ်တဲ့ ငှက်ဖျားရောဂါအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ အများထင်နေကြသလို ငှက်ပျောသီးစားလို့၊ စိမ့်စမ်းရေသောက်လို့ ဖြစ်ရတာ မဟုတ်ပါဘူး။ plasmodium အမည်ရှိတဲ့ ကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အဲဒီရောဂါပိုးကို သယ်ဆောင်ထားတဲ့ အနောဖလီးစ် (Anopheles) ခြင်မ ကိုက်ခံရကနေတစ်ဆင့် ကူးစက်တာဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ plasmodium vivax နဲ့ plasmodium falciparum တို့ကို အတွေ့များပါတယ်။ .. ဒါဆိုရင် ခြင်ကိုက်ရာကနေ ဘယ်လို ရောဂါကူးနိုင်သလဲဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ ခြင်(မ)တွေဟာ သူတို့သယ်ဆောင်ထားတဲ့ - [ဆီးကျိတ်ကင်ဆာ Prostate Cancer](https://www.telekyanmar.org/prostate-cancer/) - "ဆီးကျိတ်ကင်ဆာအကြောင်း သိကောင်းစရာ" ▲ ဆီးကျိတ်ကင်ဆာဆိုတာ ဘာလဲ ကင်ဆာဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေဟာ အထိန်းအချုပ်မဲ့ အဆမတန်ပွားများလာခြင်း ဖြစ်ပါတယ်။ ဆီးကျိတ်ကင်ဆာဆိုတာ ဆီးကျိတ်ဆဲလ်တွေ ပွားလာရာကနေ စပါတယ်။ ဆီးကျိတ်ဆိုတာ အမျိုးသားမျိုးပွားမှုစနစ်မှာပါတဲ့ ဂလင်းတစ်ခုဖြစ်ပြီး ဆီးအိမ်အောက်မှာ ရှိပါတယ်။ ဆီးကျိတ်ဂလင်းကနေ သုက်ရည်ရဲ့အစိတ်အပိုင်းဖြစ်တဲ့ အရည်ကိုဖြစ်စေပါတယ်။ ဆီးကျိတ်ကင်ဆာဟာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားများထဲက တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် ကင်ဆာဆဲလ်ပွားနှုန်းဟာ အလွန်နှေးပြီး ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကိုလည်း မပျံ့ဘူးဆိုရင် ဆိုးရွားတဲ့ ရောဂါလက္ခဏာတွေ မပြတတ်ပါဘူး။ တစ်ခါတစ်ရံ ရောဂါပြင်းထန်တဲ့အခါမှာတော့ ဆီးကျိတ်ကင်ဆာဟာ မြန်မြန်ပွားလာပြီး ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း ပျံ့နှံ့သွားနိုင်သလို ရောဂါလက္ခဏာတွေလည်း ပြင်းပြင်းထန်ထန် ဖြစ်တတ်ပါတယ်။ ▲ ဘာတွေကြောင့် ဆီးကျိတ်ကင်ဆာဖြစ်ရလဲ ဆီးကျိတ်ကင်ဆာ ဖြစ်စေတဲ့အကြောင်းအရင်းကိုတော့ အတိအကျမသိကြပါဘူး။ မျိုးရိုးဗီဇဆိုင်ရာ DNA ပြောင်းလဲမှုတွေကြောင့် ဖြစ်တယ်လို့ - [တိုက်ဖွိုက် (သို့) အူရောင်ငန်းဖျားရောဂါ Typhoid](https://www.telekyanmar.org/typhoid/) - တိုက်ဖွိုက် (သို့) အူရောင်ငန်းဖျားရောဂါ အခုလို မိုးရာသီမှာ တိုက်ဖွိုက်လို့ခေါ်တဲ့ အူရောင်ငန်းဖျားရောဂါဟာလည်း သတိထားဖို့ လိုအပ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အူရောင်ငန်းဖျားရောဂါဟာ Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားတာဖြစ်ပြီး အဲဒီရောဂါပိုး ပါဝင်နေတဲ့ အစားအစာတွေ၊ ရေတွေကို စားသုံး၊ သောက်သုံးမိရာကနေ ကူးစက်နိုင်ပါတယ်။ ဒီ‌ရောဂါပိုးကို သယ်ဆောင်ထားတဲ့လူက ကိုင်တွယ်တဲ့ အစားအသောက်တွေ၊ ရေတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် အခုလို ရေညစ်ညမ်းဖို့ အခွင့်အလမ်းများတဲ့ မိုးရာသီကာလမှာ အထူးသတိထားဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒီအူရောင်ငန်းဖျားရောဂါဟာ သန့်ရှင်းမှုအားနည်းတဲ့၊ သန့်ရှင်းတဲ့သောက်သုံးရေ ရရှိမှုနည်းတဲ့ နေရာဒေသ၊ နိုင်ငံတွေမှာ အဖြစ်များပါတယ်။ ကမ္ဘာနဲ့တစ်ဝှမ်းမှာတော့ ကလေးတွေမှာပိုပြီး အဖြစ်များတာကို တွေ့ရပါတယ်။ ဒါပေမယ့် ကလေးတွေမှာဖြစ်တာဟာ လူကြီးတွေမှာ ဖြစ်တာလောက်တော့ လက္ခဏာ သိပ်မပြင်းထန်တတ်ပါဘူး။ - [Gout (ဂေါက်)ရောဂါ](https://www.telekyanmar.org/gout/) - Gout ရောဂါနဲ့ uric acid တက်တယ် ဆိုတာကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ ဒီနေ့မှာတော့ Gout ရောဂါက ဘာကြောင့် ဖြစ်တာလဲဆိုတာနဲ့ ဆောင်ရန် ရှောင်ရန်တွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ???? ကဲ ဒါဆို Gout ရောဂါဆိုတာ ဘာလဲ Gout ရောဂါဆိုတာဟာ အရိုးအဆစ်ရောင်တဲ့ ရောဂါ တစ်မျိုးဖြစ်ပြီး အဆစ်တစ်ခု (သို့) နှစ်ခုသုံးခုမှာ ပျောက်လိုက် သက်သာလိုက်နဲ့ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ခါနာရင်လည်း Gout ကြောင့် နာတဲ့အနာဟာ တော်တော်ကို ခံရခက်ပါတယ်။ ခဏခဏဖြစ်လာရင်တော့ အရိုးအဆစ်ကို ထိခိုက်စေပြီး အဆစ်ပုံပျက်တာတွေမျိုး ဖြစ်လာနိုင်ပါတယ်။ ???? ဘာတွေက Gout ရောဂါကို ဖြစ်စေလဲ... Uric acid ဆိုတာ ဘာလဲ Uric - [မိန်းမကိုယ် ယားယံတာ၊ အဖြူဆင်းတာနဲ့ နောက်ဆက်တွဲ ဖြစ်လာရတဲ့ စိတ်ဒုက္ခ Vaginal Disharge](https://www.telekyanmar.org/vaginal-disharge/) - မိန်းမကိုယ် ယားယံတာ၊ အဖြူဆင်းတာနဲ့ နောက်ဆက်တွဲ ဖြစ်လာရတဲ့ စိတ်ဒုက္ခ အရင်က ကျွန်မ OG ward မှာ ပြင်ပလူနာထိုင်ရင် တစ်ရက်ကို မိန်းမကိုယ်အဖြူဆင်းလို့ လာပြကြတာက လူနာ (၁၀) ယောက်မှာ အနည်းဆုံး (၃) ယောက်လောက် ပါတတ်ပါတယ်။ အခု တယ်လီကျန်းမာမှာ လူနာကြည့်လည်း လူနာ (၈) ယောက်ကြည့် အနည်းဆုံး တစ်ယောက်နှစ်ယောက်က ဒီပြဿနာအတွက်ပဲ အမြဲလာပြတတ်ပါတယ်။ ပြောရရင် အပျိုတွေရော အိမ်ထောင်သည် အမျိုးသမီးတွေမှာပါ မိန်းမကိုယ်အဖြူဆင်းခြင်းနဲ့ ယားယံခြင်းက အင်မတန်အဖြစ်များတဲ့ ရောဂါတစ်ခုပါ... ဒီနေရာမှာ မိန်းမကိုယ်က အဖြူဆင်းတာ/အရည်ကြည်ဆင်းတာဟာ သဘာဝပဲဖြစ်ပြီး ဘာမှလုပ်ဖို့မလိုပါဘူး... အနံ့နံခြင်း ယားယံခြင်းနှင့် တွဲဖြစ်မှသာ ရောဂါတစ်ခုခုရှိနေနိုင်လို့ နားလည်တတ်ကျွမ်းသော ကျန်းမာရေးပညာရှင်များ၊ ဆရာဝန်များနှင့် ပြသဖို့ လိုအပ်ပါတယ်။ ပြဿနာက - [ဖြည့်စွက်အား‌ဆေးများကို ဘေးမဖြစ်အောင် သောက်သုံးနိုင်ဖို့ Supplement Vitamins](https://www.telekyanmar.org/supplement-vitamins/) - ဖြည့်စွက်အား‌ဆေးများကို ဘေးမဖြစ်အောင် သောက်သုံးနိုင်ဖို့ "ဆရာမ အားဆေး ‌သောက်ရမလား..." အဲ့မေးခွန်းက ကျွန်မအတွက် လူနာတွေ အမေးအများဆုံး မေးခွန်းတစ်ခုပါ။ လူအတော်များများက အားဆေးသောက်ရ၊ အားဆေးထိုးရတာကို ‌အတော် နှစ်ခြိုက်ကြပါတယ်။ "အားဆေး" ဆိုတဲ့ စကားလုံးမှာတင် စွမ်းအားတွေရှိနေတယ် ထင်ပါရဲ့။ တကယ်လည်း လက်တွေ့မှာ ကိုယ်ပြောစရာမလိုဘဲ အားဆေးတွေ အမျိုးစုံသောက်နေတဲ့သူတွေ များပါတယ်။ အခုဆို ပြည်သူလူထုကြား ဖြည့်စွက်ဆေး ခေါ် supplement vitamins များဟာ အတော် popular ဖြစ်ပါတယ်။ သောက်သုံးတဲ့ လူဦးရေဟာလည်း များပြားလို့ လာ‌နေပါတယ်။ ရွေးချယ်စရာတွေက ကိုယ့်နိုင်ငံထုတ် ဆေးတွေအပြင် ကုမ္ပဏီမျိုးစုံကနေ USA made, Germany made စသည်ဖြင့် ပုလင်းခန့်ခန့်ကြီးတွေနဲ့ ထည့်ထား၊ ကြော်ငြာအားလည်း ကောင်းတာမို့ သောက်ချင်စရာပါပဲ။ - [ဆင်တုပ်ကွေး (ချီကန်ဂန်ညာ) Chikungunya (Video)](https://www.telekyanmar.org/chikungunya/) - ဒီတစ်ခေါက်မှာလည်း မိုးရာသီမှာ အဖြစ်များပြီး ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ ဆင်တုပ်ကွေး (ချီကန်ဂန်ညာ) ရောဂါ‌အကြောင်းကို ဝေမျှပေးထားပါတယ်။ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာတွေ၊ ခြင်ကတစ်ဆင့် ကူးစက်တဲ့အတွက် ခြင်နှိမ်နှင်းရေးအကြောင်းနဲ့ ရောဂါအကြောင်း သတိပြုစရာအချက်တွေကို ဒေါက်တာဇီဗားဂိုးက ဝေမျှပေးထားပါတယ်။ Ministry of Health, National Unity Government. - [ခြေထောက်စိုနာ Trench Foot or Immersion Foot (Video)](https://www.telekyanmar.org/trench-foot-or-immersion-foot-video/) - ခုလိုမိုးများပြီး စိုစွတ်တဲ့ ရာသီဥတုမှာ စိုစွတ်တဲ့ခြေအိတ်တွေနဲ့ ဖိနပ်တွေကြောင့် ခြေထောက်စိုနာ (Trench foot or Immersion foot) ဖြစ်ပွားလေ့ရှိပါတယ်။ ဒီရောဂါဟာ မခံမရပ်နိုင်အောင်နာကျင်ပြီး နောက်ဆက်တွဲရောဂါပိုးတွေ၀င်ရောက်နိုင်တဲ့ အန္တရာယ်ရှိပေမဲ့ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။ ခြေထောက်စိုနာဘာကြောင့်ဖြစ်တယ်၊ ဘယ်လိုကာကွယ်နိုင်တယ်၊ ဘယ်လိုကုသနိုင်တယ်ဆိုတဲ့ အရေးကြီးတဲ့ အချက်တွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. - [အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း Respiratory Tract Infection (August,2023)](https://www.telekyanmar.org/respiratory-tract-infection-august2023/) - "အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းအကြောင်း သိကောင်းစရာ" ???? အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုတာ ဘာလဲ? ရက်တိုအသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းဆိုတာ ပုံမှန်အသက်ရှူခြင်းကို အနှောင့်အယှက်ဖြစ်စေတဲ့ ရောဂါပိုးဝင်ခြင်း ဖြစ်ပါတယ်။ ဒီလိုအသက်ရှူလမ်းကြောင်းပိုးဝင်တဲ့အခါ နှာခေါင်းထိပ် (sinus) ကနေ အသံကြိုး (vocal cord) အထိ ပါတတ်ပြီး တစ်ခါတလေ အသံကြိုး (vocal cords) ကစပြီး အဆုတ်ထိ ပိုးကူးစက်နိုင်ပါတယ်။ ဒီလို အသက်ရှူလမ်းကြောင်း ရောဂါပိုးကူးစက်တာဟာ အထူးသဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုစိုးရိမ်ရတတ်ပါတယ်။ .. ???? ဘယ်လို ရောဂါလက္ခဏာတွေ ခံစားရမလဲ အသက်ရှူလမ်းကြောင်းရဲ့အပေါ်ပိုင်း (သို့မဟုတ်) အသက်ရှူလမ်းကြောင်းရဲ့အောက်ပိုင်း စတဲ့ ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ခံစားရတဲ့လက္ခဏာတွေကလည်း ကွဲပြားနိုင်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့… နှာခေါင်းပိတ်ခြင်း နှာရည်ယိုခြင်း ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း - [ရာသီစက်ဝန်းနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း Cyclical Mastalgia (Augusta,2023)](https://www.telekyanmar.org/cyclical-mastalgia-augusta2023/) - ရာသီစက်ဝန်းနှင့်ဆိုင်သော ရင်သားနာကျင်ခြင်း (Cyclical Mastalgia) ရာသီလာခါနီး ဖြစ်လေ့ရှိတဲ့ ဟော်မုန်းအပြောင်းအလဲ ဖြစ်စဉ်ကြောင့် အမျိုးသမီးအများစုဟာ ရာသီစက်ဝန်းနဲ့ဆိုင်တဲ့ ရင်သားနာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ????လက္ခဏာတွေကတော့… - ရင်သားနှစ်ဖက်လုံး လေးလံနေ၍ ဆွဲထားသလို ခံစားရခြင်း - ရင်သားက တင်းပြီး နာကျင်ခြင်း၊ ဆူးစူးနေသကဲ့သို့ တဆစ်ဆစ်ခံစားရခြင်း - လက်မောင်းရင်းနှင့် ချိုင်းဘက်တွေပါ နာကျင်ကိုက်ခဲခြင်း… တို့ဖြစ်ပြီး များသောအားဖြင့် အသက် (၂၀) ကနေ (၄၀) ကြားအမျိုးသမီးတွေမှာ ပိုတွေ့ရနိုင်ပါတယ်။ ဓမ္မတာမလာခင် (၁) ပတ်အတွင်း ပိုနာကျင်တတ်ပြီး၊ နောက်ပိုင်း ပြန်သက်သာသွားလေ့ ရှိပါတယ်။ နာကျင်မှုက မခံမရပ်နိုင်ဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ .. .. ????ရောဂါအဖြေရှာဖွေမှု အနေနဲ့ • - [ကိုယ်ဝန်သန္ဓေတားနည်းများအကြောင်း Contraception (August,2023)](https://www.telekyanmar.org/contraception-august2023/) - "အရွယ်ရောက်ပြီး အမျိုးသမီး/အမျိုးသားတိုင်း သိသင့်သည့် ကိုယ်ဝန်သန္ဓေတားနည်းများအကြောင်း" ကိုယ်ဝန်သန္ဓေတားနည်း အမျိုးအစား အများကြီးရှိသလို အခုဆိုလည်း သန္ဓေတားနည်းအသစ်တွေပေါ်လာတာရှိပါတယ်။ အခု ပိုစ့်လေးမှာတော့ အသုံးအများဆုံး နည်းလမ်းတွေကို တစ်ခုချင်းဖော်ပြသွားပါမယ်နော်... ???? Barrier method (သို့) ကွန်ဒုံအသုံးပြုခြင်း အမျိုးသား၊ အမျိုးသမီး Condom ဆိုပြီး နှစ်မျိုးရှိပါတယ်။ အမျိုးသား Condom က ပိုမိုအသုံးပြုရလွယ်ပြီး လက်ရှိ အသုံးအများဆုံးနည်းလို့တောင် ပြောလို့ရပါတယ်။ ဒီနည်းလမ်းက စနစ်တကျအသုံးပြုရင် ကိုယ်ဝန်မရအောင် ကာကွယ်နိုင်သလို... လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်။ ???? နှစ်ရှည် တာရှည်ခံသော တားနည်းများ လက်မောင်းအောက် Contraceptive Implant ထည့်တာနဲ့ သားအိမ်ထဲ ပစ္စည်းထည့်တာ (IUCD) ဆိုပြီး (၂) မျိုးရှိပါတယ်။ - [သွေးလွန်တုပ်​ကွေး Dengue Fever (August,2023)](https://www.telekyanmar.org/dengue-fever-august2023/) - မိုးက​လေး​အေး​အေးနဲ့ အိပ်ရာထဲ​ကွေး​ပြီး Revo music ​က​နေ သီချင်း​လေး​တွေ နား​ထောင်​နေရတာ တကယ့်စည်းစိမ်ပဲ... "မိုး....ရွာမယ်ဆိုရင်​လေ...သည်းလိုက်စမ်းပါ့ကွယ် " ငယ်ကတည်းက သ​ဘောကျခဲ့တဲ့ မီမီဝင်း​ဖေသီချင်း​လေး။ ရွာပါ... မိုးတွင်းမှာ သူ့ဟာသူမိုးရွာတာ​က ကောင်း​ပေမယ့် ခြင်​တွေ​ပေါက်ဖွားတတ်ကြတာက​တော့ တကယ့်ပြဿနာပါ။ ​ခြင်​ကြောင့်ဖြစ်တဲ့ ​ရောဂါ​တွေထဲမှာ က​လေး​တွေကို ဒုက္ခအ​ပေးဆုံးက သွေးလွန်တုပ်​ကွေးပါ။ မြန်မာနိုင်ငံဟာ ​သွေးလွန်တုပ်​ကွေး အဖြစ်များတဲ့နိုင်ငံ​တွေထဲ ပါ​ပါတယ်။ နှစ်စဥ် ​သွေးလွန်တုပ်​ကွေး​ကြောင့် အသက်ဆုံးရှုံးရတဲ့က​လေး​တွေ ရှိ​နေဆဲဖြစ်ပြီး ​ဆေးရုံတက်ရတဲ့ က​လေး​တွေလည်း အများကြီးပါ။ ဒါ့​ကြောင့်လည်း ​သွေးလွန်တုပ်​ကွေးလို့ ကြားလိုက်ရင် မိဘ​တွေ သိပ်စိတ်ပူကြတာ​ပေါ့။ ဆရာဝန်​တွေလည်း ​သွေးလွန်တုပ်​ကွေးဆို ​ကြောက်ကြပါတယ်။ ​သွေးလွန်တုပ်​ကွေးရာသီဆို ​ဆေးရုံမှာက​လေး​တွေ အပြည့်၊ ​နာမည်အတိုင်း သွေးထွက်​သွေးယိုတတ်တဲ့အပြင် ​သွေး​ပေါင်ချိန်ကျပြီး Shock ရတတ်တာမို့ ၂ နာရီခြား ၄ နာရီခြား - [လိပ်ခေါင်းရောဂါ Haemorrhoids (August,2023)](https://www.telekyanmar.org/haemorrhoids-august2023/) - တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာ ခွဲစိတ်လူနာတွေကို ကြည့်ရှုပေးတဲ့အခါ လာပြတာအများဆုံးက လိပ်ခေါင်းပါ။ လိပ်ခေါင်းနဲ့အတူ စအိုကွဲနာ၊ ဂရင်ဂျီနာတွေလည်း အပြများပါတယ်။ ခုကတော့ လိပ်ခေါင်းအကြောင်းလေး ဆွေးနွေးပေးချင်လို့ပါ။ .. .. လိပ်ခေါင်းရောဂါက ၀မ်းချုပ်တတ်သူ၊ ၀မ်းမာ ၀မ်းညှစ်တတ်သူတွေမှာ အဖြစ်များပါတယ်။ တချို့လည်း ၀မ်းမချုပ်ဘဲ ဖြစ်တတ်ပါတယ်။ ???? နံပါတ် (၁) အနေနဲ့ကတော့…. လိပ်ခေါင်းလားဆိုတာသေချာဖို့ ဆရာ၀န်နဲ့ပြသဖို့ လိုပါတယ်။ လိပ်ခေါင်းအများစုက မနာပါဘူး။ ဒါပေမယ့် သွေးခြေဥရင်၊ အပြင်ထွက်ပြီးပြန်မ၀င်ဘဲ ရောင်ရင်တော့ လိပ်ခေါင်းလည်း နာတတ်ပါတယ်။ လိပ်ခေါင်းခံစားရပုံ အသေးစိတ်နဲ့ ကုထုံးတွေကိုတော့ အရင်ကဖော်ပြခဲ့ပြီးဖြစ်လို့ အပြာရောင်ဖြစ်နေတဲ့စာသားလေးကို နှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ???? နံပါတ် (၂) ကတော့…. ခွဲရမှာ မခွဲဖြစ်သေးရင် လတ်တလောအနေအထားကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူပြီး နောက်တစ်ခေါက် - [ဇီဝနာရီနဲ့ တစ်နေ့တာအတွင်း သွေးပေါင်ချိန်ပြောင်းလဲမှု Biological Clocks and Blood Pressure Changes (August,2023)](https://www.telekyanmar.org/biological-clocks-and-blood-pressure-changes-august2023/) - "ဇီဝနာရီနဲ့ တစ်နေ့တာအတွင်း သွေးပေါင်ချိန်ပြောင်းလဲမှု" - [အသည်းပြည်တည်နာ Liver Abscess (August,2023)](https://www.telekyanmar.org/liver-abscess-august2023/) - အသည်းပြည်တည်နာ (Liver abscess) ညာဘက်နံရိုးအောက် အောင့်တာ၊ ညာဘက်ဗိုက်အပေါ်ဘက် အောင့်တာ၊ ဖျားတာ… စတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာပြီးနောက်၊ ၀မ်းဗိုက်ကို အာထရာဆောင်း (ultrasound) ရိုက်တဲ့အခါ အသည်းမှာ တစ်ခုခုတွေ့ပြီဆို ကြောက်ကြရပါတယ်။ အသည်းကင်ဆာလား၊ အသည်းပြည်တည်နာလား၊ အသည်းမှာ ရေအိတ်တည်တာလား စသဖြင့်ပေါ့။ ဘာပဲဖြစ်ဖြစ် တချို့အရာတွေက ultrasound တစ်မျိုးတည်းနဲ့ ဆုံးဖြတ်ရခက်တာမို့ တတ်ကျွမ်းတဲ့ဆရာ၀န်နဲ့ပြသပြီး လမ်းညွှန်ကုသမှုခံယူဖို့ လိုပါတယ်။ အခု ဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ အသည်းပြည်တည်နာအကြောင်းပါ။ အသည်းမှာ ပြည်တည်နာဆိုပြီး တွေ့တာနဲ့ တတ်ကျွမ်းတဲ့ဆရာ၀န်နဲ့ပြသပြီး အမြန်ဆုံး လမ်းညွှန်ကုသမှုခံယူဖို့ လိုပါတယ်။ .. .. ????အသည်းပြည်တည်နာမှာ အဓိကအားဖြင့် (၂) မျိုးရှိပြီး ဒါတွေကတော့…. (၁) ဘက်တီးရီးယား (Bacteria) ကြောင့်ဖြစ်တဲ့အသည်းပြည်တည်နာနဲ့ (၂) ပါရာဆိုက် - [လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ဆီးပူညောင်းကျ ဂနိုရောဂါ Gonorrhea (August,2023)](https://www.telekyanmar.org/gonorrhea-august2023/) - "လိင်ဆက်ဆံခြင်းမှ ကူးစက်နိုင်သော ဆီးပူညောင်းကျရောဂါ (Gonorrhoea)" ဆီးပူညောင်းကျရောဂါ (Gonorrhea) ဆိုတာ အဖြစ်များတဲ့ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး (STI) ဖြစ်ပါတယ်။ အစောပိုင်းလက္ခဏာတွေအနေနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းနဲ့ လိင်အင်္ဂါမှ အဖြူရောင်၊ အစိမ်းရောင် (သို့မဟုတ်) အဝါရောင် အရည်ဆင်းခြင်းများ ပါဝင်ပြီး တစ်ခါတစ်ရံ ရောဂါလက္ခဏာ မပြနိုင်ပါ။ ရောဂါကူးစက်ခံရပါက အလျင်အမြန် ကုသမှုခံယူရန်လိုအပ်ပြီး၊ စောစီးစွာ ရောဂါရှာဖွေတွေ့ရှိပါက အများအားဖြင့် ထိရောက်စွာကုသနိုင်ပါတယ်။ .. .. ????ဘယ်လိုအရာတွေကြောင့် ဆီးပူညောင်းကျရောဂါ ဖြစ်ရသလဲ N. gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားဟာ ဆီးပူညောင်းကျရောဂါကို ဖြစ်စေပါတယ်။ ဒီဘတ်တီးရီးယားတွေဟာ ပူနွေးစိုစွတ်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ပေါက်ဖွားကြပြီး ခန္ဓာကိုယ်ရဲ့ mucous membrane ရှိတဲ့ လိင်အင်္ဂါ၊ ပါးစပ်၊ လည်ချောင်း၊ မျက်လုံးနဲ့ စအိုဝတို့ကနေတစ်ဆင့် - [ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ (September,2023)](https://www.telekyanmar.org/ဆီးချိုနှီးနွယ်-ကျောက်/) - "ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ" ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ကျောက်ကပ်ထိတတ်တယ်ဆိုတာ လူတိုင်းနီးပါး ကြားဖူးကြပါလိမ့်မယ်။ ဒီနေ့မှာတော့ ဆီးချိုနှီးနွယ် ကျောက်ကပ်ရောဂါ အကြောင်း သိကောင်းစရာလေးတွေနဲ့ ကာကွယ်ကုသနည်းများကို မျှဝေချင်ပါတယ်။ ကျောက်ကပ်တွေဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။ သူတို့ရဲ့ အဓိက လုပ်ငန်းဆောင်တာတွေကတော့ ခန္ဓာကိုယ်ရဲ့ ဆီးဖြစ်မယ့် အရည်တွေထဲက လိုတာတွေကို စစ်ယူပြီး ပိုနေတဲ့ ဆား၊ အညစ်အကြေးတွေနဲ့ ရေတွေကို ဆီးအဖြစ် အပြင်ကို စွန့်ထုတ်ခြင်းဖြစ်ပါတယ်။ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်နိုင်တော့ရင် ဒီလိုစစ်ထုတ်ခြင်းကို မလုပ်နိုင်တော့ဘဲ ခန္ဓာကိုယ်ထဲ မလိုတာတွေ ပိုလာတတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းနဲ့ ဆားဓာတ်တွေဟာလည်း ကျောက်ကပ်ပျက်စီးသွားရင် ဆီးထဲ အများကြီးပါသွားပြီး ဆုံးရှုံးနိုင်ပါတယ်။ ကျောက်ကပ်ဟာ ပုံမှန် လုပ်ငန်းဆောင်ရွက်နေတဲ့အချိန်မှာ albumin ဆိုတဲ့ - [ကျန်းမာရေးနဲ့မသင့်တော်တဲ့ ဆီတွေအကြောင်း Unhealthy Oil to Avoid(September,2023)](https://www.telekyanmar.org/unhealthy-oil-to-avoidaugust2023/) - ဆီဆိုတာ အစားအစာတို့ရဲ့ မပါမဖြစ် ပါ၀င်ပစ္စည်းပါ…. ဆီဆိုတိုင်းကြောက်စရာမလိုပါ…. ကျန်းမာရေးနဲ့မသင့်တော်တဲ့ဆီကို တတ်နိုင်သလောက်လျှော့စားပေးရင် နှလုံးသွေးကြောကျဥ်းတာ၊ heart attack ဖြစ်တာ၊ သွေးကြောကျဥ်းပြဿနာများ ဖြစ်နိုင်ခြေကိုပါ လျော့ကျစေမှာပါ….။ ဒါဖြင့် ရှောင်ရမယ့် ဆီတွေက ဘာတွေလဲ ???? လွယ်လွယ်ပြောရရင်တော့ အခန်းအပူချိန်မှာ အခဲအသွင်သော်လည်းကောင်း၊ မခဲတခဲသော်လည်းကောင်း ဖြစ်နေတဲ့ဆီနဲ့ အကြိမ်ကြိမ်အသုံးပြုထားတဲ့ ဆီတွေ၊ တိရစ္ဆာန်မှရတဲ့ အဆီတွေ (ငါးကြီးဆီ မပါ၀င်) ကို ရှောင်တာ/လျှော့တာ အကောင်းဆုံးပါ။ ဒါလေးပဲလားဆိုတော့ ပြောတော့သာလွယ်တာပါ... ယနေ့ခေတ်အခါမှာ အစားအစာတိုင်းက မိမိကိုယ်တိုင် လုပ်ထားတာ မဟုတ်လေတော့ ချက်ပြုတ် ထုတ်လုပ်တဲ့အချိန်မှာ ဘယ်လိုဆီမျိုးကို သုံးထားလဲဆိုတာ သိနိုင်ဖို့ရာ ခက်ခဲပါတယ်။ အိမ်မှာချက်တဲ့ဟင်းမှာတော့ အမဲဆီတို့ ၀က်ဆီတို့ကို သူ့ဆီနဲ့သူ ပြန်သုံးတာမျိုးကို ရှောင်ပေးတာ၊ ဆီစျေးတက်လာတော့ ဆီကိုလည်း တတ်နိုင်သလောက် - ["သံဓာတ်အားဆေး သောက်တော့မယ်ဆိုရင်" Iron Supplement (September,2023)](https://www.telekyanmar.org/iron-supplement-august2023/) - "သံဓာတ်အားဆေး သောက်တော့မယ်ဆိုရင်" အကြောင်းအမျိုးမျိုးကြောင့် သံဓာတ်အားဆေးသောက်နေရတယ်ဆို ဒီပိုစ့်ကို အဆုံးထိ ဖတ်ကြည့်ပါနော်…. ????သံဓာတ်ဟာ ကျွန်တော်တို့ရဲ့ နေ့စဉ် အစားအစာမှာပါဝင်လေ့ရှိပေမယ့် ကျွန်တော်တို့ရဲ့ နေထိုင်စားသောက်မှုပုံစံ အမျိုးမျိုးကြောင့်ဖြစ်စေ၊ တချို့ရောဂါ အခြေအနေတွေကြောင့်ဖြစ်စေ သံဓာတ်နည်းကာ သွေးအားနည်းရောဂါ ခံစားရလေ့ရှိပါတယ်။ ဒီအတွက် သံဓာတ်ပြန်လည်ဖြည့်စွက်ပေးတဲ့ သံဓာတ်အားဆေးကို ဆေးတောင့်၊ ဆေးပြား၊ အရည် ပုံစံအမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ သံဓာတ်အားဆေးမသောက်ခင်မှာ သောက်သင့်တဲ့ပမာဏနဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်သင့်ပါတယ်။ .. .. ???? ဘယ်အချိန်မှာသောက်သင့်သလဲ ✔️ သံဓာတ်အားဆေးကို အစာအိမ်မှာ အစာမရှိချိန် သောက်တာ အကောင်းဆုံးဖြစ်ပါတယ်။ အစာမစားခင် ၁ နာရီ (သို့) စားပြီး ၂ နာရီအကြာမှာ သောက်လို့ရပါတယ်။ ✔️ ဗီတာမင်စီက ခန္ဓာကိုယ်ကို သံဓာတ်အားဆေးစုပ်ယူမှု - [ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေအောင်ခြင်း In Vitro Fertilization (IVF) (September,2023)](https://www.telekyanmar.org/in-vitro-fertilization-ivf-august2023/) - "ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေအောင်ခြင်း (In Vitro Fertilization (IVF)" ၂၁ ရာစုနောက်ပိုင်းမှာ မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်နိုင်လာပါပြီ။ အဲဒီထဲမှာမှ ကိုယ်ဝန်မရနိုင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်နိုင်မယ့် နည်းလမ်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆွေးနွေးပေးမယ့် အကြောင်းအရာကတော့ In Vitro Fertilisation (IVF) လို့ခေါ်တဲ့ ခန္ဓာကိုယ်ပြင်ပမှာ မျိုးအောင်ပြီးမှ သန္ဓေပြန်တည်စေတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ . ???? Normal Fertilization Process IVF အကြောင်းမသွားခင် ပုံမှန် သန္ဓေအောင်ခြင်း/သန္ဓေတည်ခြင်းအကြောင်းကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသမီးရဲ့သားဥ (egg) က ၂၈ ရက်ရာသီစက်ဝန်းမှာ တစ်ခါကြွေပါတယ်။ သန္ဓေအောင်ခြင်းဖြစ်စဥ် (Fertilization) ကတော့ fallopian tube လို့ခေါ်တဲ့ သားဥပြွန်မှာ သားဥနဲ့ အမျိုးသားရဲ့ သုက်ပိုးလို့ခေါ်တဲ့ - [လည်ပင်းကျီးပေါင်း Cervical Spondylosis (September,2023)](https://www.telekyanmar.org/cervical-spondylosis-august2023/) - "လည်ပင်းကျီးပေါင်း (Cervical Spondylosis)" လူတော်တော်များများ ကြားဖူးနားဝရှိကြတဲ့ လည်ပင်းကျီးပေါင်းဆိုတာဟာ တကယ်တော့ အသက်အရွယ်အရ ဖြစ်ပေါ်လာတဲ့ အရိုးနဲ့အရွတ်အချို့ ထိခိုက်ပျက်စီးလာတဲ့ ရောဂါတစ်မျိုး (Degenerative disease) ဖြစ်ပြီး အဓိကအားဖြင့် လည်ပင်းနားတစ်ဝိုက်မှာ နာကျင်တောင့်တင်းမှုကို ခံစားရလေ့ ရှိပါတယ်။ . ???? ရောဂါဖြစ်ပေါ်လာပုံ အသက်အရွယ်ရလာတာနဲ့အမျှ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ (intervertebral disc) လို့ခေါ်တဲ့ ကူရှင်သဘောမျိုး ချပ်ပြားအဝိုင်းလေးဟာ ခြောက်သွေ့မာကျောလာပြီး အက်ကွဲမှုတချို့ ဖြစ်လာပါတယ်။ ဒါ့အပြင် အဆစ်တွေဘေးမှာရှိတဲ့ အရွတ်တွေလည်း မာကျောတောင့်တင်းလာပြီး တဖြည်းဖြည်းနဲ့ ကျောရိုးအဆစ်တွေဟာ လှုပ်ရှားမှု သိပ်ကောင်းကောင်း မလုပ်နိုင်တော့ဘဲ အရိုးတွေပါ ထိခိုက်လာတဲ့ အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ တကယ်လို့ ကျောရိုးအဆစ်တွေကြားက (intervertebral disc) ဟာ အနောက်ဘက်ကို အနည်းငယ်ကျွံထွက်ပြီး အာရုံကြောမကြီးကို သွားဖိမိတဲ့အခါ - [နာနတ်သီးရဲ့ ကျန်းမာရေးအကျိုးပြုပုံ (September,2023)](https://www.telekyanmar.org/pineapple-and-health-september-2023/) - နာနတ်သီးဟာ အရောင်၊ အဆင်း၊ အနံ့အရသာ ပြည့်စုံရုံတင်မက ဗီတာမင်၊ အင်ဇိုင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အပူပိုင်းဒေသရဲ့ သီးနှံတစ်ခု ဖြစ်ပါတယ်။ .. .. ????နာနတ်သီးစိတ် (၁) ပန်းကန်မှာ * ကယ်လ်လိုရီ ၈၃ ဂရမ် (g) * ကာဗိုဟိုက်ဒရိတ် ၂၁ ဂရမ် (g) * ပရိုတင်းဓာတ် ၁ ဂရမ် (g) * အမျှင်ဓာတ် ၂.၃ ဂရမ် (g) * ဗီတာမင် C * ဗီတာမင် B6 * မန်းဂနိ(စ်) - Manganese * ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် အစရှိတဲ့ အာဟာရဓာတ်တွေ - [ကြမ်းပိုး Bedbugs (September,2023)](https://www.telekyanmar.org/bedbugs-september2023/) - Bedbugs ကို အနီးစပ်ဆုံး မြန်မာမှုပြုပြီးဘာသာပြန်ရင်တော့ ကြမ်းပိုးလို့လည်း ခေါ်ပါတယ်။ Bedbugs တွေက တစ်ခြားအင်းဆက်တွေလို ရောဂါပိုး သယ်ဆောင်ခြင်း၊ ဖြန့်ဝေခြင်း မလုပ်နိုင်ပေမယ့် အကိုက်ခံရရင်တော့ severe reaction တွေအထိ ရနိုင်ပါတယ်။ ???? Bedbugs တွေကို ဘယ်လိုနေရာတွေမှာ အများစုတွေ့ရတတ်လဲဆိုရင် အိပ်ရာခင်း၊ မွေ့ရာကြားတွေ၊ ကြမ်းပြင်ကြားတွေ၊ စားပွဲနဲ့ ထိုင်ခုံအပေါက်ကြားတွေမှာ ကျက်စားလေ့ရှိပါတယ်။ အကိုက်ခံရပြီဆိုရင် အလွန်ယားယံပြီး တစ်ခါတစ်ရံ ရောင်ရမ်းတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ တစ်ချို့အင်းဆက်တွေ အကိုက်ခံရသလို anaphylaxis shock လောက်ထိ မရနိုင်ပေမယ့် Bedbugs ကိုက်ခံရခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ‌လက္ခဏာတွေက ဆိုးရွားနိုင်တဲ့အတွက်ကြောင့် ဂရုစိုက်သင့်ပါတယ်။ . ???? ခံစားရသော လက္ခဏာများ ၁။ ယားယံခြင်း ၂။ အင်ပျဉ်တွေထခြင်း ၃။ - [စိတ်ကျန်းမာရေး ဦးစားပေး Mental Health (September,2023)](https://www.telekyanmar.org/mental-health-september2023/) - ----------|| စိတ်ကျန်းမာရေး ဦးစားပေး ||---------- စိတ်ကျန်းမာရေးဆိုတာ ကျွန်မတို့ နေ့စဉ် တွေးတောခံစား ပြုမူနေတာ‌တွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ စိတ်ကျန်းမာရေး ထိခိုက်ခြင်းဟာ နေ့စဉ်ရှင်သန်ရာ ဘဝ၊ ပေါင်းသင်းဆက်ဆံရေးတွေသာမက ရုပ်ပိုင်းဆိုင်ရာသန်စွမ်းမှုကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုပဲ လူတွေဟာ ဘဝမှာ ရုန်းကန်ရှင်သန်ရမှုတွေ၊ ဘေးပတ်ဝန်းကျင်က အခြေအနေတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ များစွာကလည်း စိတ်ကျန်းမာရေးကို ပြန်လည်ပြီး ဆိုးရွားထိခိုက်နိုင်စွမ်း ရှိပါတယ်။ စိတ်နဲ့ ရုပ်ဟာ အပြန်အလှန် မှီခိုနေကြတာပါ။ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ လူတစ်ဦးရဲ့ဘဝ ပျော်ရွှင်မှုကို အထောက်အပံ့ပေးနိုင်ပါတယ်။ ဒီလို ဂရုစိုက်ခြင်းက ထိုသူရဲ့ဘဝလှုပ်ရှားမှု၊ ထမ်းဆောင်ရမယ့် တာဝန်များနဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကို ရရှိစေပြီး ဘဝကို ဟန်ချက်ညီစွာ ဆက်လက်လျှောက်လှမ်းနိုင်စေမှာပါ။ .. .. စိတ်ကျန်းမာရေးလို့‌ ပြောလိုက်ရင် - [နေရာလွဲနေသော အသည်းနဲ့ နှလုံးသား Dextrocardia with Situs Inversus (September,2023)](https://www.telekyanmar.org/dextrocardia-with-situs-inversus-september2023/) - နေရာလွဲနေသော အသည်းနဲ့ နှလုံးသား (Dextrocardia with situs inversus) ဓာတ်မှန်အဖြေတစ်ခုမှာ ဓာတ်မှန်ဆရာဝန်ရဲ့ မှတ်ချက်က ‘Dextrocardia due to situs inversus’ တဲ့။ ဆိုလိုတာက နှလုံးသားက ရင်ခေါင်းရဲ့ ဝဲဘက်ခြမ်းမှာ မရှိဘဲ လက်ယာဘက်ကို ရောက်နေသလို၊ အသည်းနဲ့တခြားကလီစာတွေကလည်း နေရာမှားနေတယ်လို့ ဆိုတာပါ။ ပြဿနာက အဲဒီဓာတ်မှန်ဟာ ဓာတ်မှန်အဖြေကိုဖတ်မိတဲ့ Dr. ကိုယ်တိုင်ရဲ့ ဓာတ်မှန်ဖြစ်နေတာပါပဲ၊။ ... ... Dextrocardia with situs inversus ဆိုတာဘာလဲ လူသားတို့ရဲ့ ရင်ခေါင်းနဲ့ဝမ်းဗိုက်အတွင်းရှိ ကလီစာများဟာ ဝဲ/ယာ နှစ်ဘက်မှာ သူ့နေရာနဲ့ သူတည်ရှိကြပါတယ်။ ဥပမာ။ နှလုံးထိပ်ချွန်ပိုင်း၊ သွေးလွှတ်ကြောမကြီး၊ အစာအိမ်၊ ဘေလုံး၊ သရက်ရွက်၊ မစင်အိမ်တို့က ဝဲဘက်ခြမ်းမှာရှိကြပြီး... အသည်း၊ - [ဆီးမထိန်းနိုင်ဘဲ ထွက်ကျခြင်း Stress Incontinence (September,2023)](https://www.telekyanmar.org/stress-incontinence-september2023/) - တစ်ခါတလေ အားရပါးရ ရယ်လိုက်တဲ့အချိန်တွေမှာ ဆီးမထိန်းနိုင်ဘဲ ထွက်ကျဖူးတာမျိုး ဖြစ်ဖူးကြလား။ ဒါကိုတော့ stress incontinence လို့ ခေါ်ပါတယ်။ Stress incontinence က ဘယ်အချိန်တွေမှာ ဖြစ်တတ်သလဲဆိုရင် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု လုပ်တဲ့အခါ (ဥပမာ - ချောင်းဆိုးတာ၊ ရယ်တာ၊ နှာချေတာ၊ အလေးအပင်မတဲ့အခါမျိုးတွေမှာ) ကိုယ့်ရဲ့ဆီးအိမ်ပေါ်ကို ဖိအားသက်ရောက်သွားတဲ့အတွက်ကြောင့် ဆီးထွက်ကျသွားတာ ဖြစ်ပါတယ်။ ဒီ stress incontinence ကတော့ ဆီးပေါက်ချင်စိတ်ဖြစ်တာနဲ့တပြိုင်နက် ဆီးထွက်ကျတာမျိုး (urge incontinence) နဲ့တော့ မတူပါဘူး။ Urge incontinence မှာတော့ ဆီးအိမ်ကြွက်သားတွေ ညှစ်လိုက်တဲ့အတွက်ကြောင့် သန့်စင်ခန်းထဲ‌‌ရောက်အောင်အထိတောင် အချိန်မမီလိုက်တော့ဘဲ ဆီးထွက်ကျတာမျိုး ဖြစ်ပါတယ်။ Stress incontinence ကတော့ အမျိုးသမီးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ .. .. ◻️Stress - [‘ကိုယ်ဝန်ဆောင်မေမေများ သတိပြုစရာ အချိန်မတိုင်မီ အချင်းကွာခြင်းပြဿနာ’ Abruptio Placenta (September,2023)](https://www.telekyanmar.org/abruptio-placenta-september2023/) - ‘ကိုယ်ဝန်ဆောင်မေမေများ သတိပြုစရာ အချိန်မတိုင်မီ အချင်းကွာခြင်းပြဿနာ’ ဒီနေ့မှာတော့ မမွေးခင် သွေးဆင်းခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ အချင်းစောကွာခြင်း (Abruptio placenta) အကြောင်း ရှင်းပြသွားပါမယ်။ ???? ကိုယ်ဝန်ဆောင်စဉ်အချိန် သန္ဓေသားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့အာဟာရနဲ့ အောက်ဆီဂျင်ကို အချင်း (placenta) မှတစ်ဆင့် ထောက်ပံ့ပေးပါတယ်။ ပုံမှန်အားဖြင့် အချင်းဟာ သားအိမ်နံရံ၌ ကပ်လျက်တည်ရှိပြီး သန္ဓေသားကို ချက်ကြိုးနဲ့ ဆက်သွယ်ထားပါတယ်။ အချိန်မတိုင်မီ အချင်းကွာခြင်းမှာ အချင်းဟာ သားအိမ်နံရံနဲ့ တွယ်ကပ်မှုမရှိတော့ဘဲ အကြောင်းတစ်ခုခုကြောင့် စောစီး၍ လုံးဝ (သို့မဟုတ်) တစ်ဝက်တပျက် ကွာကျလာတာဖြစ်ပါတယ်။ အချင်းကွာခြင်းကြောင့် မိခင်ရောကလေးပါ အသက်အန္တရာယ်ရှိနိုင်တာမို့ အရေးပေါ်ကုသမှု လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်အားလုံးရဲ့ ၁% မှာသာ ဖြစ်လေ့ရှိပြီး ကိုယ်ဝန်အပတ် ၂၀ ကျော်နောက်ပိုင်း သွေးဆင်းခြင်းနှင့် အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။ - [မြွေအန္တရာယ် Beaware of Snakes (September,2023) (Video)](https://www.telekyanmar.org/beaware-of-snakes-september2023-video/) - ခုလိုရာသီမှာ အဆိပ်ရှိတဲ့မြွေအန္တရာယ်ဟာ ကျေးလက်နေပြည်သူများနဲ့ စစ်ဘေးရှောင်ပြည်သူများကို ခြိမ်းခြောက်လျက်ရှိပါတယ်။ ဒီ Video မှာတော့ မြွေကိုက်မခံရအောင် ဘယ်အချက်တွေလိုက်နာရမလဲ၊ မြွေကိုက်တာနဲ့ပတ်သက်တဲ့ ယုံမှတ်မှားနေတဲ့ အယူအဆမှားတွေ၊ မြွေကိုက်ခံရတဲ့အခါ ရှေးဦးသူနာပြုစုနည်းတွေ၊ မြွေဆိပ်တက်ခြင်းရဲ့ လက္ခဏာတွေစတဲ့ စိတ်၀င်စားဖွယ်ကောင်းပြီး တစ်ချိန်ချိန်မှာ လက်တွေ့အသုံးချနိုင်တဲ့အကြောင်းအရာတွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါကြောင်း... Ministry of Health, National Unity Government. - [စောင့်ကြည့်ရမယ့် ကျန်းမာရေးစောင့်ရှောက်မှု Healthcare Trend(Telehealth) (September,2023)](https://www.telekyanmar.org/healthcare-trendtelehealth-september2023/) - ဒီနှစ်ရဲ့ Fashion Trend, Skin Care Trend, Make up Look Trend, Color Trend တွေဆိုပြီး Trend တွေရှိသလို... စောင့်ကြည့်ရမယ့် ကျန်းမာရေးစောင့်ရှောက်မှု (Health care trends to watch in 2023 ) ဆိုပြီး (၆) ချက် ရှိပါတယ်။ ဒီထဲကမှ ပထမဆုံးနေရာနဲ့ လူနာတွေနဲ့ အရင်းနှီးဆုံးပဲ ဖော်ပြပါဆို "Continued to grow telehealth service” ပါ။ Telehealth ဆိုတာ အရင်ထဲက Online or Phone ကနေ ဆေးခန်းပြတာရှိပေမယ့် ကိုဗစ်ကာလမှာ တအားခေတ်စားလာတဲ့ Trend ပါပဲ။ Telehealth က အချိန်ကုန် - [အချိုမှုန့်နဲ့ ကျန်းမာရေးရှုထောင့် Monosodium Glutamate and Health (September,2023)](https://www.telekyanmar.org/monosodium-glutamate-and-health-september2023/) - ---------|| အချိုမှုန့်နဲ့ ကျန်းမာရေးရှုထောင့် ||-------- အချိုမှုန့် ဆိုတာဘာလဲ ???? Monosodium Glutamate လို့ ခေါ်ပါတယ်။ အင်္ဂလိပ်လိုကတော့ ရှင်းပါတယ်....Sodium ၁ လုံးနဲ့ Glutamate ပါတဲ့ ဟင်းခတ်မှုန့်ပေါ့။ Glutamate က အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့အတွက် အသားတို့၊ ပဲတို့၊ အခြား အစားအစာတွေမှာလည်း ပါပါတယ်။ ခန္ဓာကိုယ်တွင်းမှာတော့ အာရုံ‌ကြော တစ်ခုနဲ့ တစ်ခုအကြားက ဆက်သွယ်ပစ္စည်း (neurotransmitter) အနေနဲ့ အသုံးပြုပါတယ်။ Glutamate ပါတဲ့အတွက် Umami အရသာကို ရစေတဲ့အပြင်၊ Sodium ကြောင့် အငန်အရသာကိုပါ ရနေတာဖြစ်ပါတယ်။ ဒီတော့ အချိုမှုန့်ကို အစားအစာထဲထည့်ရင် အရသာကို ပိုကောင်းစေတာပေါ့။ ... ... အရသာကို ပိုကောင်းစေတယ် ဆိုပေမယ့်လည်း ဆရာ၀န်နဲ့ - [ပန်းသေးပန်းညှိုးခြင်းအတွက် ကုထုံးတစ်မျိုး P-Shot treatment (September,2023)](https://www.telekyanmar.org/p-shot-treatment-september2023/) - ပန်းသေးပန်းညှိုးခြင်းအတွက် ကုထုံးတစ်မျိုး (P-Shot treatment ) P-Shot ကုထုံးဆိုတာ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်းအပြင် အခြားသောအခြေအနေများအတွက် စမ်းသပ်ကုသမှုတစ်ခု ဖြစ်ပါတယ်။ P-Shot ကုထုံးဆိုတာ သွေးရည်ကြည်ဖြစ်တဲ့ platelet-rich plasma (PRP) ကိုယူပြီး ကျားလိင်တံထဲသို့ ထိုးသွင်းခြင်းဖြစ်ပါတယ်။ အဲဒီလိုထိုးသွင်းခြင်းအားဖြင့် တစ်ရှူးများကြီးထွားလာပြီး erection ကို ပိုကောင်းစေပါတယ်။ လူသိအများဆုံးကတော့ Priapus Shot လို့ခေါ်ပါတယ်။ .. .. ◼️P-Shot ကို ဘာတွေအတွက် သုံးတာလဲ P-Shot ဆိုတာ နာတာရှည်ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ ကြွက်သားနဲ့ အဆစ်ဒဏ်ရာတွေကို ပြန်လည်ကောင်းမွန်လာအောင် အသုံးပြုတဲ့ PRP ကုထုံးကို အခြေခံပါတယ်။ P-Shot ကို အောက်ပါအခြေအနေတွေမှာလည်း ကုသမှုအနေနဲ့ သုံးနိုင်ပါတယ်။ - လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း (erectile dysfunction) - - [ကလေးမွေးဖွားပြီးနောက် စိတ်မရွှင်လန်းခြင်း Baby Blues (September,2023)](https://www.telekyanmar.org/baby-blues-september2023/) - ကလေးမွေးဖွားပြီးနောက် စိတ်မရွှင်လန်းခြင်း (Baby blues) Baby blues ဆိုတာ မီးဖွားပြီးမိခင် ၈၀ ရာခိုင်နှုန်းခန့်မှာ ခံစားရတဲ့ ဝမ်းနည်းမှု၊ စိုးရိမ်ပူပန်မှု၊ ဖိစီးမှုနဲ့ စိတ်ခံစားချက် အပြောင်းအလဲတွေများတဲ့ တိုတောင်းတဲ့အချိန်ကာလကို ဆိုလိုပါတယ်။ ပထမဦးဆုံးကလေးမွေးပြီး မိခင်အသစ် ၅ ယောက်မှာ ၄ ယောက်ဟာ ဒီလို baby blues ကာလကို ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင်မှာလည်း ဖြစ်နိုင်ခြေရှိပါတယ်။ (အကယ်လို့ သင်သာ ကလေးမွေးပြီးနောက် ဒီလိုမခံစားရဘူးဆိုရင်တော့ ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်) ကလေးမီးဖွားပြီး ရက်အနည်းငယ်အတွင်းမှာ ဒီလိုစိုးရိမ်ပူပန် ဝမ်းနည်းမှုတွေဖြစ်တဲ့ baby blues ကို ခံစားရလေ့ရှိပြီး အထူးသဖြင့် ကလေးမွေးဖွားတုန်းကလည်း ခက်ခဲခဲ့တယ်ဆိုရင် baby blues လက္ခဏာတွေကို စောစီးစွာ သတိပြုမိနိုင်ပါတယ်။ - [အစာမကြေခြင်း Indigestion (Video) (September,2023)](https://www.telekyanmar.org/indigestion-video-september2023/) - အစာမကြေခြင်းဟာ လူအတော်များများမှာဖြစ်လေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အစာမကြေတာဟာ တခါတလေမှာ စိတ်အနှောင့်အယှက်ဖြစ်တဲ့ အခြေအနေဖြစ်ပြီး အစာအိမ်ရောဂါ၊ မုန့်ချိုအိတ်ရောင်ရောဂါနဲ့ အစာအိမ်ကင်ဆာစတာတွေနဲ့လည်း ဆက်စပ်နေနိုင်တာကြောင့် မပေါ့ဆသင့်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အစာမကြေဖြစ်ခြင်းရဲ့ အကြောင်းရင်း၊ အစာမကြေခြင်းမဖြစ်အောင် လိုက်နာသင့်တဲ့ဆောင်ရန်ရှောင်ရန်အချက်တွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့လူနေမှုပုံစံတွေကို ဒေါက်တာဆုတောင်းပြည့်က မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. - [နို့တိုက်ခြင်းဖြင့် သဘာဝအတိုင်း သန္ဓေတားနည်း Lactational Amenorrhea (September,2023)](https://www.telekyanmar.org/lactational-amenorrhea-september2023/) - နို့တိုက်ခြင်းဖြင့် သဘာဝအတိုင်း သန္ဓေတားနည်း (Lactational amenorrhea) Lactational Amenorrhea Method (LAM) ကို စဉ်ဆက်မပြတ် တောက်လျှောက်နို့တိုက်ခြင်းလို့ ခေါ်ကြပါတယ်။ LAM ဟာ ကလေးမွေးဖွားပြီးနောက် ကိုယ်ဝန်မရအောင် ကာကွယ်နိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ ဘေးကင်းတာ၊ အခမဲ့ဖြစ်တာနဲ့ ထိရောက်မှုရှိတာကြောင့် LAM ကို သဘောကျကြပါတယ်။ .. .. ????နို့တိုက်နေရင်းနဲ့ ကိုယ်ဝန်ရနိုင်ခြေ ရှိလား Lactational Amenorrhea Method ဟာ ထိရောက်တဲ့ သန္ဓေတားနည်းတစ်ခုဖြစ်ပေမယ့်လည်း သတိထားရမယ့်အချက်တွေ ရှိပါတယ်။ သတိမထားမိပါက နို့တိုက်နေပေမယ့်လည်း ကိုယ်ဝန်ရနိုင်ပါတယ်။ ကလေးမွေးပြီးပြီးချင်း ခြောက်လလောက်ထိ ရာသီသွေးပြန်မလာသေးရင်သာ စဉ်ဆက်မပြတ်တောက်လျှောက်နို့တိုက်ခြင်းကို သန္ဓေတားနည်းအဖြစ် အားကိုးသင့်ပါတယ်။ ခြောက်လနောက်ပိုင်းထိ မိခင်နို့တိုက်နေချိန်မှာတော့ အခြားသန္ဓေတားနည်းတွေကို သုံးသင့်ပါတယ်။ .. .. - [လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်း Balanitis (September,2023)](https://www.telekyanmar.org/balanitis-september2023/) - Balanitis (လိင်တံထိပ်ပိုင်း ရောင်ရမ်းခြင်း) Balanitis ဆိုတာ လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းမရှိတဲ့သူတွေမှာ မကြာခဏဖြစ်တတ်တဲ့ လိင်တံထိပ်ပိုင်း (glans penis) ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ လိင်တံထိပ် အရေပြားဖြတ်တောက်ခြင်းကို Circumcision လို့ ခေါ်ပါတယ်။ Balanitis ဟာ များသောအားဖြင့် yeast လို့ ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တတ်ပေမယ့် ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ တချို့အရေပြားရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လိင်တံထိပ်ရော အရေပြားပါ ရောင်ရမ်းခဲ့ရင် Balanoposthitis လို့ ခေါ်ပြီး ဆီးချိုရောဂါရှိသူနဲ့ အရေပြားတင်းကျပ်တဲ့သူတွေမှာ ဖြစ်လေ့ရှိပါတယ်။ .. .. ????Balanitis က လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါ (STI) လား Balanitis ဟာ လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါမဟုတ်ပါ။ ဒါပေမယ့် တချို့ - [ကလေးအကြီးကြီး မီးဖွားခြင်း Fetal Macrosomia (September,2023)](https://www.telekyanmar.org/fetal-macrosomia-september2023/) - "ကလေးအကြီးကြီး မီးဖွားခြင်း (Fetal Macrosomia)" Fetal Macrosomia ဆိုတာ မွေးကင်းစကလေးတစ်ယောက်ဟာ ကိုယ်ဝန်သက်တမ်းအတိုင်း ပုံမှန်ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုကြီးနေတာမျိုးဖြစ်ပါတယ်။ Macrosomia ကလေးငယ်တွေဟာ အများအားဖြင့် ကိုယ်အလေးချိန် ၈ ပေါင်၊ ၁၃ အောင်စကျော် ရှိတတ်ပါတယ်။ ပျမ်းမျှအားဖြင့် ကလေးတွေဟာ ၅ ပေါင်၊ ၈ အောင်စ (2,500 gram) နဲ့ ၈ ပေါင်၊ ၁၃ အောင်စ (4,000 gram) ကြား ရှိတတ်ပါတယ်။ Macrosomia ကလေးတွေဟာ မွေးဖွားရာမှာ ခက်ခဲနိုင်တာကြောင့် ခွဲမွေးရနိုင်ခြေများပြီး မွေးနေစဉ်မှာလည်း ကလေးကို ထိခိုက်ဒဏ်ရာရနိုင်ခြေ များပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ စတဲ့ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ခြေပိုများပါတယ်။ .. .. ???? - [ပြောင်းသကြားရည်အကြောင်း High Fructose Corn Syrup (September,2023)](https://www.telekyanmar.org/high-fructose-corn-syrup-september2023/) - အသည်းအဆီဖုံးခြင်းနဲ့ နာတာရှည်ရောဂါများ ဖြစ်ပေါ်စေခြင်းရဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်တဲ့ အစားအစာတွေထဲက ပစ္စည်းလေးတစ်မျိုးအကြောင်းကို ဒီတစ်ပတ် ပြောပြပေးသွားမှာပါ….. သူ့နာမည်ကတော့ HFCS လို့ခေါ်တဲ့ ပြောင်းသကြားရည် ဖြစ်ပါတယ်။ . ????High Fructose Corn Syrup ဆိုတဲ့ ဖရူးတို့စ်သကြား များပြားသော ပြောင်းသကြားရည် ဒီအသုံးအနှုန်းကို တအားကြီးတော့ ရင်းနှီးကြမယ် မထင်ပါဘူး။ ဒါပေမယ့် ဆီးချို၊ အသည်းအဆီဖုံး စတာတွေရဲ့ နောက်ကွယ်က လက်မည်းကြီးမို့ သူ့အကြောင်းမသိလို့ မဖြစ်ဘူးနော်….. ဦးဆုံးအနေနဲ့ အသည်းဆိုတာကတော့ စားသမျှကို စုပ်ယူသင့်တာ စုပ်ယူ၊ ချေဖျက်သင့်တာ ချေဖျက်ပြီး ခန္ဓာကိုယ်အနှံ့ လိုအပ်သလို အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးတဲ့ သော့ချက်တစ်ခုပေါ့။ သကြားရည်ကတော့ များများစားရင် ဆီးချိုဖြစ်စေတယ်ဆိုပြီး အလွယ်သိကြတာပါပဲ…. ဒါပေမယ့် fructose များများပါတဲ့ ပြောင်းဖူးသကြားရည်က - [နေ့မစေ့မီ ရေမြွှာစောပေါက်ခြင်း Premature Rupture of Membranes (September,2023)](https://www.telekyanmar.org/premature-rupture-of-membranes-september2023/) - --------|| နေ့မစေ့မီ ရေမြွှာစောပေါက်ခြင်း ||-------- ဗိုက်မနာခင် ရေဆင်းခြင်းကို Premature Rupture of Membranes (PROM) လို့ ခေါ်ပါတယ်။ (Premature အစား Prelabour လို့လည်း သုံးနှုန်းလေ့ရှိပါတယ်) ၃၇ ပတ်နောက် နေ့စေ့လစေ့မှာလည်း ဆင်းနိုင်သလို၊ ၃၇ ပတ်မတိုင်မီ လမစေ့ခင်မှာလည်း ရေမြွှာစောပေါက်နိုင်ပါတယ်။ လမစေ့ခင် ရေမြွှာစောပေါက်တာကိုတော့ Preterm Premature Rupture of Membrane (PPROM) လို့ ခေါ်ပါတယ်။ ရေမြွှာအိတ်လေး (Amniotic sac) ဟာ ကိုယ်ဝန်စရှိပြီး ၁၂ ရက်မြောက်မှာ စတင်ဖြစ်လာပြီး ရေမြွှာရည် (Amniotic fluid) လည်း ဖြစ်လာတာပါ။ ရေမြွှာရည်ဆိုတာက သန္ဓေသားလေးအသက်ရှင်ဖို့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရေမြွှာရည်ဟာ သန္ဓေသားကို - [နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ Atrial Septal Defect (September,2023)](https://www.telekyanmar.org/atrial-septal-defect-september2023/) - နှလုံးသားလေးမှာ မွေးရာပါအပေါက် ဖြစ်နေတဲ့အခါ (Atrial Septal Defect) Atrial Septal Defect ဆိုတာ နှလုံးရဲ့အပေါ်ခန်း (atria) ကို ပိုင်းခြားထားတဲ့ နံရံ (septum) မှာ အပေါက်ပါတဲ့ မွေးရာပါချို့ယွင်းချက် ဖြစ်ပါတယ်။ အပေါက်ဟာ အရွယ်အစား ကွဲပြားနိုင်ပြီး သူ့အလိုအလျောက် ပြန်ပိတ်သွားနိုင်သလို၊ ခွဲစိတ်မှု လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ်။ Atrial septal defect ကို မွေးရာပါ နှလုံးချို့ယွင်းမှုလို့လည်း ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကလေးရဲ့နှလုံးဟာ ဖွံ့ဖြိုးနေဆဲဖြစ်ပြီး နှလုံးအပေါ်ပိုင်းအခန်း (atria) တွေကို ပိုင်းခြားထားတဲ့ နံရံတွေမှာ အပေါက်များစွာ ရှိတတ်ပါတယ်။ အဲဒီအပေါက်တွေဟာ များသောအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာပဲ (သို့မဟုတ်) မွေးပြီးပြီးချင်းမှာ ပိတ်လေ့ရှိပါတယ်။ ဒီလိုအပေါက်တွေထဲက တစ်ခုလောက်က မပိတ်ဘဲ ကျန်နေတဲ့အခါ - ["ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း" Gestational Hypertension and Preeclampsia (September,2023)](https://www.telekyanmar.org/gestational-hypertension-and-preeclampsia-september2023/) - "ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်းနှင့် ကိုယ်ဝန်ဆိပ်တက်ခြင်း" ????ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ သွေးတိုးရောဂါဆိုတာ ဘာလဲ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ချိန်များစေတဲ့ အမျိုးအစားကို အဓိကအားဖြင့် (၂) မျိုး ခွဲခြားနိုင်ပါတယ်။ (၁) Gestational hypertension ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာမှဖြစ်တဲ့ သွေးတိုးရောဂါပါ။ ကိုယ်ဝန် အပတ် ၂၀ အကြာမှာ စဖြစ်တတ်ပါတယ်။ အများအားဖြင့် ဘာရောဂါလက္ခဏာမှ မရှိတတ်ဘဲ (မိခင်ရော ကလေးရောအတွက် အန္တရာယ်မရှိဘဲ) ကလေးမွေးဖွားပြီး ၁၂ ပတ်အတွင်း ပြန်ပြီးပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ တစ်ခါတစ်ရံမှာတော့ ရောဂါလက္ခဏာ ပြင်းထန်နိုင်ပြီး ပေါင်မပြည့်ဘဲမွေးတာနဲ့ လမစေ့ဘဲမွေးတာတွေအထိ ဖြစ်စေနိုင်ပါတယ်။ Gestational hypertension ရှိတဲ့ အမျိုးသမီးအချို့ဟာ နောက်ပိုင်းမှာ ကိုယ်ဝန်ဆိပ်တက်ခြင်း (Preeclampsia) ဖြစ်လာတတ်ပါတယ်။ (၂) Chronic - [အမျိုးသမီးအများစုအတွက် Beauty Standards (September,2023)](https://www.telekyanmar.org/beauty-standards-september2023/) - Beauty Standards ဝလာလိုက်တာ၊ အသားမည်းတယ်နော်၊ ခါးကလည်းပျောက်နေပြီ စတဲ့ အလှအပဆိုင်ရာ ဝေဖန်သံတွေက နေ့စဉ်ဘဝ ကြားနေကျ အသံတွေဆိုလည်း မမှားပါဘူးနော်... အခုခေတ်မှာ Social Media ခေတ်စားလာတဲ့ အချိန် ... Models တွေရဲ့ အသားအရေ ဖြူဝင်းလှပတာ၊ ကိုယ်ခန္ဓာအချိုးအစား ကောက်ကြောင်းပေါ်တာ စတာတွေပေါ် မူတည်ပြီး ... Models တွေကလည်း သူတို့ကျော်ကြားမှုအတွက် သူတို့ ချပြသလို၊ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း Model ၊ Influencer တွေကို ခုတုံးလုပ်ပြီး သူတို့ ကုန်ပစ္စည်း ကြော်ငြာလာကြပါတယ် ။ (ဥပမာ- Gym ကစားနေကျ Fitness Model ကို ... အဆီကျ Detox juice ကြော်ငြာခိုင်းတာမျိုး… ဒါသောက်ရင် - [မိန်းကလေးတိုင်း ထိုးနှံထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV Vaccine (September,2023)](https://www.telekyanmar.org/hpv-vaccine-september2023/) - မိန်းကလေးတိုင်း ထိုးနှံထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV လို့ခေါ်တဲ့ Human papilloma virus ဟာ လိင်ဆက်ဆံခြင်းကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးပဲ ဖြစ်ပါတယ်။ အချို့ HPV ပိုးတွေဟာ လိင်အင်္ဂါကြွက်နို့တွေကို ဖြစ်စေပြီး အချို့ကတော့ ကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။ အများအားဖြင့် ခန္ဓာကိုယ်က HPV ပိုးကို ရင်ဆိုင်တွေ့တဲ့အခါ တိုက်ခိုက်ဖယ်ရှားလိုက်တတ်ပေမယ့် ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ အကြာကြီးရှိနေတဲ့အခါမှာတော့ ကင်ဆာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် HPV ကာကွယ်ဆေး ကြိုတင်ထိုးနှံထားခြင်းဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ကင်ဆာရောဂါကို ကာကွယ်ပေးစေနိုင်ပါတယ်။ ... ... ????သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးက ဘာတွေအတွက် သုံးနိုင်လဲ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV Vaccine) ဟာ လိင်အင်္ဂါကြွက်နို့နဲ့ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအများစုကို ကာကွယ်ပေးပါတယ်။ HPV ပိုးကြောင့်ဖြစ်ရတဲ့ အမျိုးသားလိင်အင်္ဂါကင်ဆာ၊ - [အချိုရည်များနှင့် ကျန်းမာ‌ရေး (September,2023)](https://www.telekyanmar.org/အချိုရည်များနှင့်-ကျန်း/) - အချိုရည်များနှင့် ကျန်းမာ‌ရေး အချိုရည်သောက်ရင် ၀မယ်၊ ဆီးချိုဖြစ်မယ်၊ ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုတာ လူတိုင်းသိကြပေမယ့် အချိုရည်တစ်ဘူး (ကိုလာ၊ စပရိုက်၊ ဆန်းကစ် စသဖြင့်) မှာ သကြားဘယ်လောက်ပါတယ် ဆိုတာကိုတော့ သောက်တဲ့သူတိုင်း သတိမမူမိတတ်ကြပါဘူး။ တကယ်တော့ ၃၀၀-၅၀၀ မီလီလီတာရှိတဲ့ အချိုရည်တစ်ဘူး (သို့) အချိုရည်တစ်ခွက်မှာ သကြားက လက်ဖက်စားဇွန်း ၁၀ ဇွန်းခန့်တောင် ပါ၀င်နေတာပါ ???? ... ... သကြားကို ဒီတိုင်းစားရင် တစ်ဇွန်းတောင် တော်တော် ချိုနေပေမယ့် အချိုရည်တွေကျ သကြား ၁၀ ဇွန်းမှန်း မသိရအောင် အချိုကဲမနေတော့ အမောပြေလေး သောက်တာတို့၊ လန်းသွားအောင် သောက်တာတို့၊ ဧည့်ခံတာတို့မှာ အချိုရည်ကို လက်စွဲသောက်သုံးတတ်ကြပါတယ်။ တကယ်တော့ အရင်ခေတ်ကလို သံပုရာသီးလေးညှစ်၊ သကြားလေး တစ်ဇွန်းနှစ်ဇွန်းလောက်နဲ့ လတ်လတ်ဆတ်ဆတ်ဖျော်တာကမှ - [အမျိုးအစား (၁) ဆီးချိုရောဂါ Type 1 Diabetes Mellitus (October,2023)](https://www.telekyanmar.org/type-1-diabetes-mellitus-october2023/) - အမျိုးအစား (၁) ဆီးချိုရောဂါ (Type 1 Diabetes Mellitus) အမျိုးအစား (၁) ဆီးချိုရောဂါဆိုတာ မုန့်ချိုအိတ် (ပန်ကရိယ) ကနေ အင်ဆူလင် လုံလုံလောက်လောက် ထုတ်မပေးနိုင်တဲ့ (သို့) လုံးဝမထုတ်တဲ့ အခြေ‌အနေကြောင့် သွေးတွင်းသကြားဓာတ် များရတဲ့‌ရောဂါပါ။ အမျိုးအစား (၁) ဆီးချိုကို အရင်က Insulin dependent diabetes mellitus လို့လည်း ခေါ်ပါတယ်။ အင်ဆူလင်ကို မှီခိုနေရတာ‌မို့ပါ။ ငယ်ရွယ်တဲ့အချိန်မှာ ပိုဖြစ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အမျိုးအစား (၂) နဲ့ ယှဉ်ရင် (၁) က ဖြစ်တာပိုနည်းပြီး ဆီးချိုရှိသူတွေရဲ့ ၅-၁၀ ရာခိုင်နှုန်းလောက်သာ ရှိပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့ နည်းလမ်းရှာမတွေ့သေးပေမယ့် ကုသလို့တော့ ရပါတယ်။ အင်ဆူလင် ထိုးဆေးထိုးခြင်း၊ - [စာသင်ခန်းထဲက စကားမပြောတဲ့ ကလေးလေး Selective Mutism (October,2023)](https://www.telekyanmar.org/selective-mutism-october2023/) - သင်သိပါသလား..... အခု အောက်တိုဘာလဟာ Selective Mutism Awareness Month ဖြစ်ပါတယ်။ ဒါကြောင့် Selective Mutism ဆိုတာ ဘာလဲ၊ ဘယ်လိုအချက်တွေကို လိုက်နာဆောင်ရွက်သင့်လဲ ဆိုတာလေးကို ပြည်သူလူထုက ပိုမိုသိရှိနားလည်ပြီး သက်ဆိုင်သူတွေကို ပိုကူညီနိုင်ဖို့အတွက် တယ်လီကျန်းမာရဲ့ အထူးကုဆရာဝန်တစ်ဦးက ဗဟုသုတ မျှဝေပေးထားပါတယ်နော်။ ဖတ်ကြည့် လေ့လာကြည့်ကြပါဦး... ???? . ----------------------။ ။--------------------- . စာသင်ခန်းထဲက စကားမပြောတဲ့ ကလေးလေး (Selective Mutism) ငယ်ငယ်ကပေါ့နော်… ကိုယ့်ဘာကိုယ် အိမ်မှာနေရင် အဆင်ပြေနေပေမယ့် လူရှေ့ရောက်ရင် စကားပြောမရ၊ မပြောနိုင်တာမျိုး မိမိကိုယ်တိုင် ကြုံဖူးပါသလား။ ဒါမှမဟုတ် ငယ်ငယ်က ဒီလို အတန်းဖော်သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေ တွေ့ဖူးပါသလား။ Selective Mutism ဆိုတာ ကလေးငယ်တစ်ယောက် - [အမျိုးအစား (၂) ဆီးချိုရောဂါကို လေ့ကျင့်ခန်းဖြင့် ထိန်းညှိခြင်း Type 2 Diabetes Mellitus & Exercise(October,2023)](https://www.telekyanmar.org/type-2-diabetes-mellitus-exerciseoctober2023/) - အမျိုးအစား (၂) ဆီးချိုရောဂါကို လေ့ကျင့်ခန်းဖြင့် ထိန်းညှိခြင်း တကယ်လို့ သင်ဟာ အမျိုးအစား (၂) ဆီးချိုရောဂါရှိနေပြီလို့ စစ်ဆေးတွေ့ရှိတဲ့အခါ စိုးရိမ်မှုတွေ၊ ကြောက်ရွံ့မှုတွေကို ခံစားရနိုင်ပါတယ်။ ရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မယ်ဆိုတာလည်း ခန့်မှန်းမရပါဘူး။အချို့သူများ ကြုံတွေ့ရမယ့် ကုသမှုများမှာ ရောဂါစရှိမှန်းသိတဲ့ လူနာများကို ဆေးစာပဲရေးပေးပြီး ဘာမှမရှင်းပြ‌တာတွေလည်း ဖြစ်နိုင်ပါတယ်။ အမှန်က ဆီးချိုရောဂါနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးပညာပေးများ သိရှိပြီး လိုက်နာဆောင်ရွက်ခြင်းများကို စောစောလုပ်လေ ရေရှည်‌အတွက် အကျိုးရှိလေပါ။ရောဂါဖြစ်စမှာ ဘာမှ ဝေဒနာမခံစားရဘူးဆိုရင်တောင် အမျိုးအစား (၂) ဆီးချိုရောဂါဟာ ချက်ချင်းသတိထားရမယ့် ပြင်းထန်တဲ့ရောဂါတစ်ခု ဖြစ်လို့ အရေးတကြီး လိုက်နာသင့်ပါတယ်။ရောဂါအစမှာ ဆရာဝန်တွေက လူနာအများစုကို ကိုယ်အလေးချိန်လျှော့ဖို့၊ ကိုယ်လက်လှုပ်ရှားမှုကို တိုးမြှင့်ဖို့ အကြံပြုတတ်ကြပါတယ်။စားနေကျ အစားအသောက်တွေကို အနည်းငယ် ပြောင်းလိုက်ရုံနဲ့တော့ ခန္ဓာကိုယ်က ပြောင်းလဲမသွားပါဘူး။ - [ကျီးကန်းပါးစပ်နာ Angular Stomatitis (October,2023)](https://www.telekyanmar.org/angular-stomatitis-october2023/) - နှုတ်ခမ်းထောင့်မှာ ဖြစ်လေ့ရှိတဲ့ ကျီးကန်းပါးစပ်ဆိုတာ… အရပ်ထဲမှာ “ကျီးကန်းပါးစပ်နာ” လို့ ခေါ်လေ့ရှိတဲ့အနာကို ဆေးပညာအရ “angular stomatitis” (သို့မဟုတ်) “angular cheilitis” လို့ ခေါ်ပါတယ်။ . ???? ကျီးကန်းပါးစပ် ဆိုတာ အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းဆုံရာ ပါးစပ်ထောင့်မှာ ကွဲအက်ပြီး နီရဲရောင်ရမ်းတာမျိုး ဖြစ်ပါတယ်။ တစ်ဖက်တည်းမှာဖြစ်နိုင်သလို တစ်ချိန်တည်းမှာ နှုတ်ခမ်းထောင့် နှစ်ဖက်လုံးမှာလည်း ဖြစ်နိုင်ပါတယ်။ ???? ဖြစ်စေတဲ့အကြောင်းရင်းကတော့- တံတွေးမှတစ်ဆင့် ပိုးပေါက်ပွားပြီး infection ဝင်တာဖြစ်ပါတယ်။ နှုတ်ခမ်းခြောက်တဲ့အခါ၊ ကွဲတဲ့အခါမျိုးမှာ အဲ့နေရာကို လျှာနဲ့သပ်တတ်လေ့ရှိကြပါတယ်။ အဲဒီအခါမှာ နှုတ်ခမ်းထောင့်မှာ တံတွေးတွေ ပိုစုလာပြီး မှိုပိုးနဲ့ ဘတ်တီးရီးယား ပေါက်ဖွားရာနေရာ ဖြစ်လာပါတော့တယ်။ အဖြစ်အများဆုံးကတော့ မှိုစွဲတာကြောင့်ဖြစ်ပြီး ဗီတာမင် B2 ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ .. - [စိတ်ကျန်းမာရေးဆိုတာ ဘာလဲ Mental Health Definition (October,2023)](https://www.telekyanmar.org/mental-health-definition-october2023/) - အခုလာမယ့် အင်္ဂါနေ့.... အောက်တိုဘာ (၁၀) ရက်နေ့ဟာ "ကမ္ဘာ့စိတ်ကျန်းမာရေးနေ့" "World Mental Health Day" ဖြစ်ပါတယ်နော် ???? ဒါကြောင့် စိတ်ကျန်းမာရေးဆိုတာ ဘာလဲ... စိတ်ကျန်းမာခြင်းကို ဘယ်လိုအနက်အဓိပ္ပာယ် ဖွင့်ဆိုထားသလဲဆိုတာလေးကို အားလုံးသိရှိရအောင် မျှဝေပေးလိုက်ပါတယ်။ ဖတ်ကြည့် လေ့လာကြည့်ပေးကြပါဦးနော် ???? . ----------------------။ ။-------------------- . စိတ်ကျန်းမာခြင်း ဆိုသည်မှာ စိတ်ရောဂါများ ကင်းဝေးရုံသာမက... ၁။ မိမိကိုယ်မိမိ ရှုမြင်သုံးသပ်ရာတွင် အထင်မသေးသကဲ့သို့ အထင်ကြီးခြင်းလည်း မရှိဘဲ ပကတိ အခြေအနေကို နှလုံးသွင်းလက်ခံနိုင်ခြင်း ၂။ မိမိ၏အမှား၊ ဟာကွက်များကို လက်ခံနိုင်စွမ်းရှိခြင်း ၃။ နေ့စဉ်ကြုံတွေ့နေရသော ကိစ္စအဝဝကို လုံလောက်သော ဝီရိယ၊ စေတနာနှင့် အေးဆေးစွာ ရင်ဆိုင်နိုင်စွမ်းရှိခြင်း ၄။ ယေဘုယျအားဖြင့် သူတစ်ပါးအပေါ်တွင် - [သွေးတွင်းသကြားဓာတ်နည်းခြင်း Hypoglycaemia (October,2023)](https://www.telekyanmar.org/hypoglycaemia-october2023/) - သွေးတွင်းသကြားဓာတ်နည်းခြင်း (Hypoglycaemia) သွေးတွင်းသကြားဓာတ်နည်းခြင်းကို Hypoglycaemia (Hypo - ဟိုက်ပို) လို့ ခေါ်ကြပါတယ်။ သွေးတွင်းသကြားဓာတ်နည်းခြင်းဟာ သင့်ကို မူးဝေကာ နေလို့မကောင်းဖြစ်စေပြီး အလုပ်လုပ်ခြင်း၊ ကားမောင်းခြင်း စတာတွေကို အနှောက်အယှက် ပေးနိုင်ပါတယ်။ ဒီပြဿနာ​ကို ဆိုးရွားစွာ မခံစားရအောင်၊ သကြားဓာတ်နည်းခြင်း မဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ လေ့လာကြည့်လိုက်ကြရအောင်.... ????သင့်မှာ သွေးတွင်းသကြားဓာတ် ဘယ်လောက်ရှိသင့်သလဲ ???? ပုံမှန်အခြေအနေတွေမှာ သင့်ခန္ဓာကိုယ်ဟာ သွေးတွင်းသကြားဓာတ်ကို ငြိမ်အောင် ထိန်းထားပါတယ်။ သွေးတွင်း သကြားဓာတ် မြင့်တက်လာရင် ခန္ဓာကိုယ်မှာ မုန့်ချိုအိတ် (ခေါ်) ပန်ကရိယကနေ အင်ဆူလင်လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထုတ်လွှတ်ပါတယ်။ ခန္ဓာကိုယ်ဆဲလ်တွေဟာ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ ဂလူးကို့စ်ကို လောင်စာအဖြစ် လိုအပ်ပါတယ်။ အင်ဆူလင်ကတော့ ဆဲလ်တွေထဲ ဂလူးကို့စ် - [ရေမြွှာရည်များနေရခြင်းအကြောင်း သိကောင်းစရာ Polyhydraminos (October,2023)](https://www.telekyanmar.org/polyhydraminos-october2023/) - ရေမြွှာရည်များနေရခြင်းအကြောင်း သိကောင်းစရာ (Polyhydraminos) ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ သားအိမ်ထဲမှာ ရေမြွှာရည်တွေ များလွန်းနေတာကို polyhydramnios လို့ခေါ်ပါတယ်။ ဒီလို ရေမြွှာရည်များလွန်းနေတာဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားစဉ်မှာ နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေတွေကို တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေဟာ အမျိုးသမီးတစ်ဦး ကလေးမွေးဖွားချိန်မတိုင်ခင်အထိ ရေမြွှာရည်ပမာဏကို ပုံမှန်စစ်ဆေးလေ့ရှိပါတယ်။ ကိုယ်ဝန် ၃၆ ပတ်ထိ သားအိမ်အတွင်းရှိ ရေမြွှာရည် ပမာဏဟာ 1 quart ခန့်စီ တဖြည်းဖြည်းတိုးလာလေ့ရှိပြီး၊ ကိုယ်ဝန် ၃၆ ပတ်နောက်မှာတော့ ရေမြွှာရည်ပမာဏဟာ တဖြည်းဖြည်းလျော့နည်းလာပါတယ်။ ... ... ???? ရေမြွှာရည်များခြင်း (Polyhydraminos) ဆိုတာ ဘာလဲ Polyhydramnios သို့မဟုတ် hydramnios ဆိုတာ သားအိမ်အတွင်းရှိ သန္ဓေသားတစ်ဝိုက်မှာ ရေမြွှာရည်တွေ များနေခြင်းကို ရည်ညွှန်းပါတယ်။ သန္ဓေသားရဲ့ ကျောက်ကပ်ဟာ ရေမြွှာရည် - [သွေးတိုးရောဂါကုသရာမှာ သုံးတဲ့ဆေးဝါးများ(October,2023)](https://www.telekyanmar.org/သွေးတိုးရောဂါကုသရာမှာ-သ/) - သွေးတိုးရောဂါကုသရာမှာ သုံးတဲ့ဆေးဝါးများအကြောင်း သွေးတိုးရောဂါဆိုတာ လူတိုင်းနဲ့မစိမ်းတဲ့ ရောဂါပဲဖြစ်ပါတယ်။ သွေးတိုးရောဂါဟာ မထိန်းသိမ်း၊ မကုသဘဲထားရင် နောက်ဆက်တွဲဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သွေးတိုးရှိပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး ဆေးပုံမှန်သောက်သုံးဖို့ လိုအပ်ပါတယ်။ သွေးတိုးရောဂါကုသရာမှာ အသုံးများတဲ့ဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ . (၁) Angiotensin converting enzyme (ACE) inhibitors များ ACE inhibitors တွေဟာ သွေးကြောတွေကို ကျဉ်းစေတဲ့ Angiotensin II လို့ခေါ်တဲ့ ဟော်မုန်းတွေထုတ်လုပ်ခြင်းကို တားဆီးပေးပါတယ်။ ကျဉ်းနေတဲ့သွေးကြောတွေကို ကျယ်လာစေခြင်းဖြင့် သွေးပေါင်ချိန်ကို လျှော့ချပေးပါတယ်။ ကိုယ်ဝန်ဆောင်တွေအနေနဲ့တော့ ACE inhibitors တွေကို သောက်သုံးဖို့ မသင့်တော်ပါဘူး။ . (၂) Angiotensin II receptor blockers (ARBs) Angiotensin - [စိတ်ကိုပြန်လည်အခြေချခြင်း (Video) (November, 2023)](https://www.telekyanmar.org/စိတ်ကိုပြန်လည်အခြေချခြ/) - စိတ်သောကရောက်နေသူတွေ၊ စိတ်လှုပ်ရှား မုန်တိုင်းထန်နေသူတွေအတွက် စိတ်ပြေလျော့သွားစေမယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်... ???? လက်တွေ့လုပ်ကြည့်တဲ့အခါ အမှန်တကယ်ပဲ စိတ်ဖိစီးမှုတွေနဲ့ စိတ်သောကတွေဟာ အနည်းနဲ့အများ သက်သာလျော့ပါးသွားတာကို သိသိသာသာ ခံစားမိသွားမှာ ဖြစ်တဲ့အတွက်ကြောင့်... အချိန် ၅ မိနစ်ပဲ ကြာမြင့်တဲ့ ဒီဗီဒီယိုလေးထဲက ဆရာမ ပြောပြထားတဲ့အတိုင်း တစ်ခေါက်နှစ်ခေါက်လောက် စမ်းသပ်လုပ်ဆောင်ကြည့်ကြပါဦးလို့ စေတနာများစွာနဲ့ တိုက်တွန်းလိုက်ပါရစေနော်... ချစ်ခြင်းများစွာဖြင့် ???? တယ်လီကျန်းမာ... လူတိုင်းအတွက်ပါ။ Ministry of Health, National Unity Government. - [ခြေ/လက်များ သွေးလုံလောက်စွာ မရရှိသဖြင့် နာကျင်မှု ခံစားရခြင်း Claudication (November,2023)](https://www.telekyanmar.org/claudication-november2023/) - ခြေ/လက်များ သွေးလုံလောက်စွာ မရရှိသဖြင့် နာကျင်မှု ခံစားရခြင်း (Claudication) Claudication ဆိုတာကတော့ လေ့ကျင့်ခန်း ပြုလုပ်နေစဥ်အတွင်းမှာ ခြေထောက် (သို့မဟုတ်) လက်မောင်းကြွက်သားတွေမှာ ခံစားရတဲ့နာကျင်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ထိုကြွက်သားတွေကို အထောက်အပံ့ပေးနေတဲ့ သွေးကြောတွေမှာ သွေးလုံလုံလောက်လောက် မစီးဆင်းတဲ့အတွက်ကြောင့်ပါ။ များသောအားဖြင့်တော့ Claudication ကို အချိန်အကြာကြီး လမ်းလျှောက်ပြီးတဲ့အချိန်တွေမှာ ခြေထောက်မှာ ခံစားရလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီနာကျင်မှုက တဆက်တည်း မဟုတ်ဘဲ သက်သာသွားတဲ့အချိန်တွေလည်း ရှိတဲ့အတွက်ကြောင့် intermittent claudication လို့လည်း ခေါ်ကြပါသေးတယ်။ လေ့ကျင့်ခန်းစလုပ်တဲ့အချိန်မှာ စနာကျင်တတ်ပြီးတော့ အနားယူလိုက်ရင် သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် ‌ဝေဒနာပိုဆိုးလာရင်တော့ နားလိုက်ရင်တောင် မသက်သာတာမျိုး ဖြစ်တတ်ပါတယ်။ Claudication ဟာ ခြေထောက်နဲ့ လက်ကြွက်သားတွေကို ထောက်ပံ့ပေးနေတဲ့ အစွန်အဖျားသွေးကြောတွေကျဥ်းတဲ့ရောဂါ - [သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာ Disseminated Intravascular Coagulation (DIC) (November,2023)](https://www.telekyanmar.org/disseminated-intravascular-coagulation-dic-november2023/) - သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာ ( DIC ) Disseminated intravascular coagulation (DIC) ဆိုတာ သွေးခဲခြင်းနှင့် သွေးထွက်ခြင်းဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ပိုးဝင်ခြင်းနဲ့ ကင်ဆာ စတဲ့ အရင်းခံကျန်းမာရေးအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။ DIC မှာ အဆင့်နှစ်ဆင့် ပါရှိပါတယ်။ ပထမအဆင့်က သွေးခဲခြင်းကိုဖြစ်စေကာ အင်္ဂါအစိတ်အပိုင်းတွေကို ပျက်စီးစေပြီး၊ ဒုတိယအဆင့်ကတော့ ထိန်းချုပ်ရခက်တဲ့ အလွန်အကျွံသွေးထွက်ခြင်းကို ဖြစ်စေပါတယ်။ ဒီလိုဖြစ်စေရတဲ့ အကြောင်းအရင်းတွေကို အရင်ကုသဖို့က အရေးကြီးပါတယ်။ .. .. ????Disseminated intravascular coagulation ဆိုတာ ဘာလဲ သွေးခဲခြင်းဖြစ်စဉ်ကို ခန္ဓာကိုယ်က မထိန်းချုပ်နိုင်တော့တဲ့အခါ DIC ဖြစ်ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် ဒဏ်ရာဖြစ်တဲ့အခါ သွေးခဲတွေက သွေးထွက်တာကို ရပ်တန့်အောင် ကူညီပေးပါတယ်။ - [အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း Swimmer’s ear (November,2023)](https://www.telekyanmar.org/swimmers-ear-november2023/) - Swimmer’s ear (အပြင်နားလမ်းကြောင်း ရောင်ရမ်းခြင်း) Swimmer’s ear ဆိုတာကတော့ အတွင်းဘက် နားစည်ကနေ အပြင်ဘက် နားအပေါက်ဝအထိ ဆက်ထားတဲ့ အပြင်နားလမ်းကြောင်းမှာ ပိုးဝင်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ နားထဲမှာ ရေဝင်နေတဲ့အခါတွေမှာ စိုစိုစွတ်စွတ်ဖြစ်နေတာကြောင့် ဘက်တီးရီးယားပေါက်ပွားဖို့ ပိုလွယ်ကူတဲ့အတွက်ကြောင့် ဖြစ်လေ့ရှိပါတယ်။ နားထဲကို လက်ချောင်းတွေ၊ ဂွမ်းစတွေနဲ့ တခြားသောအရာဝတ္ထုပစ္စည်းတွေကို ထိုးသွင်းမိတဲ့အခါတွေမှာလည်း နားမှာရှိတဲ့အမြှေးပါးလေးတွေ ထိခိုက်ပျက်စီးသွားပါတယ်။ ဒီလိုအခြေအနေတွေမှာလည်း ဖြစ်တတ်ပါတယ်။ Swimmer’s ear ကို နောက်တစ်မျိုး otitis externa လို့လည်း ခေါ်ကြပါတယ်။ ... ... ????ရောဂါလက္ခဏာတွေအနေနဲ့ကတော့ - နားအတွင်း ယားယံတာ - နားအတွင်းမှာ နီရဲနေတာ - နားရွက်ဆွဲတဲ့အခါ မသက်မသာ ခံစားရတာ - အနံ့မရှိတဲ့ အရည်ကြည်ကြည်တွေ - [သွေးခဲနှုန်း စစ်ဆေးခြင်း D-dimer Test (November,2023)](https://www.telekyanmar.org/d-dimer-test-november2023/) - သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) ဟာ သွေးခဲခြင်းဆိုင်ရာ ပြဿနာတွေကို ရှာဖွေဖော်ထုတ်ဖို့အတွက် ကူညီပေးပါတယ်။ သွေးခဲခြင်းဆိုတာ သွေးကြောတွေ ထိခိုက်ဒဏ်ရာရတဲ့အခါ သွေးအလွန်အကျွံ မဆုံးရှုံးစေဖို့ ကူညီပေးတဲ့ အရေးကြီးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့နေရာမှာ ပရိုတင်းတွေ ပေါင်းစည်းလိုက်ပြီး သွေးခဲတွေ ဖြစ်ပေါ်လာပါတယ်။ ဒဏ်ရာသက်သာသွားတဲ့အခါမှာ ခန္ဓာကိုယ်က သွေးခဲတွေကိုဖြိုခွဲဖို့ အခြားပရိုတင်းတွေ ထုတ်လုပ်ပေးပါတယ်။ ဒီပရိုတင်းအပိုင်းအစလေးတွေထဲမှာ D-dimer လည်း ပါဝင်ပါတယ်။ D-dimer ဟာ ပုံမှန်အားဖြင့်တော့ သွေးထဲမှာ မတွေ့ရတတ်ဘဲ သွေးခဲတွေပြိုကွဲပြီးနောက်မှသာ တွေ့ရတတ်ပါတယ်။ ... ... ???? D-dimer test ဆိုတာ ဘာလဲ သွေးခဲနှုန်း စစ်ဆေးခြင်း (D-dimer test) ဆိုတာ သွေးခဲတွေပြိုကွဲပြီးနောက် - [လက်ဖက်နှင့် အာဟာရ (November,2023)](https://www.telekyanmar.org/လက်ဖက်နှင့်-အာဟာရ-november2023/) - မြန်မာမှန်ရင် လက်ဖက်နဲ့ ကင်းနိုင်မယ်မထင် …. စကားပုံထဲကအတိုင်း “အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက်” ဆိုတဲ့အတိုင်း ခံစားမိကြမယ် ထင်ပါတယ်။ လက်ဖက်လို့ကြားတာနဲ့ အိမ်ကိုလည်းလွမ်းတယ်... “အလှူ့လက်ဖက်” ဆိုတဲ့ ရွာကအမျိုးတွေကိုရောပေါ့… အတူစားခဲ့ဖူးတဲ့ ပွဲတွေကိုလည်း ခဏတာပြန်ရောက်သွားသလို၊ နက်စ်တစ်ခွက်နဲ့ လက်ဖက်တစ်ပွဲနဲ့ တစ်နေကုန်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်က ဘော်ဒါတွေလည်း သတိရမိပါတယ်။ စားစရာတစ်ခုထက်ပိုတဲ့ အနှစ်သာရတွေ အများကြီးပြည့်၀နေတဲ့ လက်ဖက်ပါလားနော်… မြန်မာဆိုတဲ့ အနှစ်သာရ ပြည့်၀နေတဲ့ လက်ဖက်စားပြီး အတိတ်နေ့ရက်တွေဆီ ပြန်ပြန်သွားဖြစ်ကြမယ် ထင်ပါတယ်။ ... ... လက်ဖက်ဟာ မြန်မာမှု ရှေးရိုးအစဥ်အလာ ဖြစ်တဲ့အလျောက် နိုင်ငံတကာစာတမ်းတွေမှာ သိပ္ပံနည်းကျ လေ့လာထားတဲ့ အချက်အလက်တွေ ဆောင်းပါးတွေကို ရှာဖွေရာမှာ အခက်အခဲအနည်းငယ် ရှိိပါတယ်။ ဒါပေမယ့် အခုဆောင်းပါးမှာတော့ - [မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း Bacterial Vaginosis (November,2023)](https://www.telekyanmar.org/bacterial-vaginosis-november2023/) - မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း (Bacterial Vaginosis) Bacterial vaginosis (BV) ဆိုတာ အဖြစ်များပြီး မိန်းမကိုယ်မှာရှိတဲ့ ဘက်တီးရီးယားတွေ ဟန်ချက်မညီတော့တာကြောင့် ဖြစ်ရပါတယ်။ အများအားဖြင့် ခန္ဓာကိုယ်ဟာ ဘက်တီးရီးယား အချိုးအစားကို ဟန်ချက်ညီမျှအောင် ထိန်းသိမ်းထားပေးပေမယ့် ဟန်ချက်ပျက်သွားတဲ့အခါ အချို့ဘက်တီးရီးယားတွေဟာ ပိုများလာပြီး ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်းဟာ အလွယ်တကူ ကုသနိုင်ပြီး များသောအားဖြင့် အခြားသော ကျန်းမာရေးပြဿနာတွေ မဖြစ်စေပါဘူး။ သို့သော်လည်း လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါ (STD) ရနိုင်ခြေကိုတော့ တိုးစေနိုင်သလို ကိုယ်ဝန်ဆောင်မိခင်တွေမှာ မွေးဖွားစဉ် ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ... ... ♦️ရောဂါလက္ခဏာတွေက ဘာတွေလဲ အမေရိကန်ပြည်ထောင်စုမှာ တစ်နှစ်ကို အမျိုးသမီး ၂၁ သန်းဟာ မိန်းမကိုယ် ဘက်တီးရီးယားပိုးဝင် အဖြူဆင်းခြင်း - [ချာချာလည်မူးခြင်း Vertigo (November,2023)](https://www.telekyanmar.org/vertigo-november2023/) - မသောက်ဘဲ ချာချာလည်အောင် မူးတယ်ဆိုတာမျိုး ကြားဖူးကြသလို ဖြစ်လည်း ဖြစ်ဖူးကြမှာပါ။ ဒီလို ချာချာလည်မူးတာကို ဆေးပညာအခေါ်အဝေါ် အရဆိုရင်တော့ vertigo လို့ ခေါ်ပါတယ်။ . ????ချာချာလည်မူးခြင်း (Vertigo) ဘာကြောင့် ဖြစ်ရလဲ။ လူခန္ဓာကိုယ် လှုပ်ရှားသွားလာတဲ့အချိန်မှာ ဟန်ချက်ညီညီ လှုပ်ရှားနိုင်ဖို့ နားအတွင်းမှာရှိတဲ့ ခရုခွေလေးတွေနဲ့ အဲဒီအထဲက အရည်လေးတွေက ထိန်းညှိပေးပါတယ်။ ဒီအရည်လေးတွေ စီးဆင်းမှုမမှန်တော့ဘဲ ပိတ်မိနေလို့ဖြစ်စေ၊ အာရုံကြောရောင်ရမ်းလို့ ဖြစ်စေ၊ ဦးနှောက်ကို ထိခိုက်မိလို့ဖြစ်စေ ချာချာလည်မူးခြင်းကို ခံစားရတတ်ပါတယ်။ ... ... ????ချာချာလည်မူးခြင်းဆိုတာ ဘာလဲ၊ ဘယ်လို လက္ခဏာတွေ ခံစားရလေ့ ရှိလဲ။ မိမိရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ချာချာလည်နေသလို ခေါင်းမူးတာမျိုးကို ခံစားရပါတယ်။ ခန္ဓာကိုယ် လှုပ်ရှားတဲ့အခါမှာ ပိုဆိုးတတ်ပြီး တစ်ချို့တွေမှာဆိုရင် မူးတာနဲ့တွဲပြီး ပျို့ချင်အန်ချင်တာ၊ - [HIV ဘယ်အချိန် စစ်ရမလဲ (November,2023)](https://www.telekyanmar.org/hiv-ဘယ်အချိန်-စစ်ရမလဲ-november2023/) - ဒီဇင်ဘာလည်း နီးလာပြီ... ဒီဇင်ဘာနီးလို့ ဆောင်းအေးအေးမှာ ဆွေးဆွေးလေး ကွေးနေချင်ပေမယ့်လည်း တချို့သောဆရာဝန်တွေမှာတော့ ဇောချွေးတွေ ပျံနေဆဲပေါ့။ ဟုတ်ပါတယ်... တယ်လီရဒ် - TeleRed က ဆရာဝန်တွေ အလုပ်များလာပြီလေ။ TeleRed ဆိုတာ ဘာကြီးလဲ... ဘာလို့ အလုပ်တွေများလာလဲ မှန်းကြည့်ကြမလား။ (စဉ်းစားပြီးရင် ဆက်ဖတ်ကြည့်ရအောင်နော်) TeleRed ဆိုတာကတော့ HIV လူနာတွေကို သီးသန့်ကြည့်ရှုပေးနေတဲ့ ဆေးခန်းလေးတွေပေါ့။ ကမ္ဘာပေါ်မှာ ရောဂါအလိုက် ဘာရောဂါနေ့၊ ညာရောဂါနေ့ဆိုပြီး သတ်မှတ်ထားတာတွေ ရှိတဲ့အလျောက် ဒီဇင်ဘာလ တစ်ရက်နေ့ကတော့ ကျွန်မတို့ TeleRed ရဲ့အလှည့်... World AIDS Day ပေါ့နော်။ ... ... ဘာဖြစ်လို့ ရောဂါတွေကို တစ်နှစ်မှာ တစ်ရက် သတ်မှတ်ကြတာလဲဟင်.... ကျန်တဲ့ ရက်တွေဆို ဒီရောဂါခံစားနေရတဲ့သူတွေကို - [မယ်ဇလီဖူးသုပ်နဲ့ ဆေးပေါင်းခတဲ့ည (November,2023)](https://www.telekyanmar.org/မယ်ဇလီဖူးသုပ်နဲ့-ဆေးပေါ/) - မနက်ဖြန်ကျ တန်ဆောင်မုန်းလပြည့်နေ့ဆိုတော့... “ဆေးပေါင်းခတဲ့ည …. ဆေးပေါင်းခတဲ့ည…” ဆိုတဲ့ သီချင်းလေးတောင် နားထဲ ကြားယောင်လာပါပြီ။ တန်ဆောင်မုန်းလပြည့်တိုင်း စတုဒီသာတွေမှာ ဆေးဘက်၀င်အောင်ဆိုပြီး မယ်ဇလီဖူးသုပ်တွေ ထည့်ကျွေးကြ အိမ်နီးနားချင်းတွေလိုက်၀ေကြနဲ့ …. ရှိကြပါသေးတယ်။ မယ်ဇလီဖူးသုပ်ကို တန်ဆောင်မုန်းလပြည့် ကျီးမနိုးပွဲဓလေ့ (သူခိုးကြီးည) မှာ မျက်လုံးကျယ်အောင်ဆိုပြီး မိသားစုဆွေမျိုး အိမ်နီးနားချင်းတွေ မယ်ဇလီဖူးသုပ်ကို စုစားရင်း စကား၀ိုင်းဖွဲ့ပြောပြီး တစ်ညလုံးမအိပ်ဘဲ သူခိုးစောင့်ဖမ်းတာ အလွန်ချစ်စရာကောင်းတဲ့ ဓလေ့ပေါ့။ ဒီမယ်ဇလီဖူးသုပ်က တကယ်ပဲ ဆေးပေါင်းခသလားဆိုတာကို သိပ္ပံနည်းကျ တွေ့ရှိချက်တွေအရ ကျန်းမာရေးရှုထောင့်အရ ဒီတစ်ပတ် ဖော်ပြပေးသွားပါမယ်။ ... ... မယ်ဇလီဆိုတာ ဟိုးရှေးယခင်ထဲက အရွက်၊ အခေါက်၊ ပန်း၊ အဖူး စတဲ့အစိတ်အပိုင်းတွေကို တိုင်းရင်းဆေးအနေနဲ့ အသုံးပြုခဲ့ကြတဲ့ ရာဇ၀င်တွေလည်း ရှိပါတယ်။ နောက်ပြီး အဓိဌာန်၀င်တာတို့ - [HIV ကူးစက်ပုံနှင့် သွေးစစ်ပုံ (November,2023)](https://www.telekyanmar.org/hiv-ကူးစက်ပုံနှင့်-သွေးစစ်/) - HIV ပိုး ကူးစက်ပုံအကြောင်း သင်သိထားတာ ပြည့်ရော ပြည့်စုံရဲ့လား... ဟုတ်ရော ဟုတ်ရဲ့လား... ???? ? အသေးစိတ် ဖတ်ကြည့်လိုက်ရအောင်လေနော်.... ပထမဆုံးအနေနဲ့ အများစု တွေးထင်ထားတာတွေက ဟုတ်မယ်လို့ ထင်ပါတယ်။ အားလုံးပဲ သိထားပြီးသားဖြစ်နိုင်တဲ့... - အရေပြားချင်းထိတွေ့တာ (ဥပမာ - လက်ဆွဲနှုတ်ဆက်တာ၊ ဖက်တာ) - အိမ်သာ ရေချိုးခန်း ဘုံသုံးတာ - ထမင်းစား ပန်းကန်ခွက်ယောက် မျှဝေသုံးစွဲတာ - တစ်ဆက်တည်း တံတွေး၊ မျက်ရည်၊ ချွေးတို့ကနေ HIV ပိုးက မကူးစက်နိုင်ပါဘူးတဲ့။ - social kissing လို့ခေါ်တဲ့ ဥရောပနိုင်ငံတွေမှာ နှုတ်ဆက်အနမ်း ပေးသလိုမျိုးကနေလည်း မကူးစက်နိုင်ပါဘူး။ deep kissing ကိုမှ ၂ ဦး ၂ - [HIV နှင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါများ "HIV and STI"(November,2023)](https://www.telekyanmar.org/hiv-and-sti-november2023/) - ၂၀၂၃ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါနေ့ (World AIDS Day) အထိမ်းအမှတ် စာအရှည်ကြီးတွေရေးနေတဲ့ ဒေါက်တာမာယာ စီဒီဖိုး (CD4) နဲ့ HIV ပိုးကောင်ရေ (HIV Viral Load) အကြောင်း မပြောပြခင် ဒီနေ့တော့ ကြားဖြတ်လေး အကိုတွေ၊ မောင်တွေအတွက် စိတ်ဝင်စားစရာ အချက်လေးတစ်ခု ပြောပြချင်လို့ပါ။ သူကတော့ ကူးစက်ပုံနည်းလမ်းတွေနဲ့ ဆိုင်တယ်။ ရှေ့ရက်မှာ “ပုံမှန်လိင်ဆက်ဆံမှုရှိတဲ့ gay သို့မဟုတ် bisexual အမျိုးသားဖြစ်တယ်ဆိုရင်တော့ သုံးလကနေ ခြောက်လတစ်ကြိမ် ပုံမှန် HIV ပိုး ရှိ/မရှိ အမြဲစစ်ဆေးပေး” ဆိုတာလေးလေ။ ဘာလို့ ခပ်စိပ်စိပ်စစ်ခိုင်းရလဲဆိုတာ ကြားဖြတ်လေး ပြောပြချင်တာ။ HIV ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်နိုင်ခြေအများဆုံးဆိုတာ သိပြီးဖြစ်မယ် ထင်တယ်နော်။ လိင်ဆက်ဆံမှုနည်းလမ်းတွေ အများကြီးထဲကမှ - [ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း Transplantation (December,2023)](https://www.telekyanmar.org/transplantation-december2023/) - ကိုယ်တွင်းအင်္ဂါအစားထိုးခြင်း (Transplantation) ဆိုတာ အခုခေတ်မှာ သိပ်ပြီး မစိမ်းကြတော့ပါဘူး။ ဆေးပညာတွေ၊ နည်းပညာတွေ ခေတ်မီတိုးတက်လာတာကြောင့် အရင်က မကုနိုင်ခဲ့တဲ့ရောဂါတွေကို ကုသနိုင်လာပါပြီ။ ရောဂါကျွမ်းနေတဲ့၊ လုံး၀ အလုပ်မလုပ်နိုင်လောက်အောင် ပျက်စီးနေတဲ့ ကိုယ်တွင်းအဂႅါ (organ failure) တွေကို အစားထိုးကုသမှုတွေ ပြုလုပ်နိုင်လာပြီး လူ့သက်တမ်းတွေကို ဆွဲဆန့်နိုင်လာကြပါတယ်။ အမှန်တော့ ကိုယ်တွင်းအင်္ဂါအစားထိုးတာဟာ ကောင်းလားဆိုရင် ကောင်းတယ်လို့ ပြောလို့ရသလို မကောင်းဘူးလို့လည်း ပြောလို့ရပါတယ်။ "အစားထိုးတာဟာ ရောဂါအသစ်တစ်မျိုးကို ၀ယ်ယူလိုက်သလိုပါပဲ" လို့လည်း ပြောကြတာရှိပါတယ်။ ဒါပေမယ့် အသက်ရှင်ဖို့က အဓိကမို့ အစားထိုးတာကို ပြုလုပ်လာကြတာပါ။ အရေးကြီးတာကတော့ ကိုယ်အစားထိုးထားတဲ့၊ အလှူရှင်လှူထားတဲ့ ကိုယ်တွင်းအဂႅါအသစ်လေးကို မပျက်စီးအောင် စောင့်ရှောက်ဖို့ပါပဲ။ ခုအပိုင်းမှာတော့ အစားထိုးတာမှာ ဘယ်လိုပုံစံမျိုးတွေနဲ့ လှူနိုင်လဲ၊ ဘာတွေလိုအပ်လဲဆိုတာကို အကြမ်းဖျဉ်း ပြောပြပေးမှာပါ။ ... - [“ဘေဘီလေးတွေမှာ အဖြစ်များတဲ့ လေပြွန်ရောင်ရမ်းခြင်း” Bronchiolitis in Children (January,2024)](https://www.telekyanmar.org/bronchiolitis-in-children-january2024/) - “ဘေဘီလေးတွေမှာ အဖြစ်များတဲ့ လေပြွန်ရောင်ရမ်းခြင်း” အသက် ၁ နှစ်အောက်ကလေးတွေမှာ ဖျားတာနဲ့အတူ နှာစေး၊ ချောင်းဆိုးပြီး အသက်ရှူသံ တရွှီရွှီမြည်နေတယ်ဆိုရင် ဖြစ်နိုင်ခြေအမြင့်ဆုံးက လေပြွန်ရောင်တာပါ။ ကလေးငယ်တွေမှာ လေပြွန်ရောင်ခြင်းကို အဓိကဖြစ်စေတာကတော့ အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ် (RSV - respiratory syncytial virus) ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘတ်တီးရီးယားပိုး၊ ဖုန်မှုန့်နဲ့ ဆေးလိပ်ငွေ့တွေကြောင့်လည်း တစ်ခါတစ်ရံ လေပြွန်ရောင်တတ်ပါတယ်။ ... ... ???? လေပြွန်ရောင်တယ်ဆိုတာ ဘာလဲ....... အဆုတ်ထဲကို အောက်ဆီဂျင်ရောက်အောင် လေပြွန်က‌နေတစ်ဆင့် ပို့ဆောင်ပေးပါတယ်။ ဗိုင်းရပ်စ်ပိုး တစ်မျိုးမျိုးကြောင့် လေပြွန်တစ်လျှောက် ရောင်ရမ်းလာတဲ့အခါ လေပြွန်လမ်းကြောင်းကို ကျဉ်းသွားစေပါတယ်။ ဒီအခါမှာ အဆုတ်ထဲကို အောက်ဆီဂျင်အလုံအလောက် မရောက်တော့ဘဲ နောက်ဆက်တွဲ လက္ခဏာတွေ ဖြစ်လာပါတော့တယ်။ ... ... ???? - [ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း Rabies & Vaccine (January,2024)](https://www.telekyanmar.org/rabies-vaccine-january2024/) - ????ခွေးရူးပြန်ရောဂါနှင့် ကာကွယ်ဆေးအကြောင်း မတော်တဆ ခွေးကိုက်ခံရတာတွေဟာ အတော်လေးအဖြစ်များကြသလို တယ်လီကျန်းမာရဲ့ Messenger မှာ ဒီအကြောင်းနဲ့ဆက်စပ်ပြီး ကာကွယ်ဆေး ထိုးသင့်/မထိုးသင့်၊ ထိုးရင် ဘယ်လိုထိုးရတာလဲ ဆိုတာမျိုးတွေ အမေးများကြတဲ့အတွက် သိထားသင့်တဲ့ အခြေခံဗဟုသုတလေးတွေ စု​စည်းပေးထားလိုက်ပါတယ်။ ... ????ခွေးရူးပြန်ရောဂါဆိုတာ ဘာလဲ Rabies ခေါ် ခွေးရူးပြန်ရောဂါဟာ ခွေးရူး ဗိုင်းရပ်စ်ပိုး‌ ကြောင့်ဖြစ်ရပြီး တိရိစ္ဆာန်တွေကနေ လူကိုကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ လူမှာဖြစ်တဲ့ ခွေးရူးရောဂါရဲ့ ၉၆% ဟာ ခွေးတွေဆီက ကူးတာပါ။ ဒါပေမယ့် သွေးနွေးသတ္တဝါတွေဖြစ်တဲ့ အိမ်မွေးကြောင်၊ နွား၊ မြင်း၊ မြေခွေး၊ မျောက်တွေ၊ လင်းနို့တွေ ကိုက်မိရင် ဒါမှမဟုတ် လူ့ခန္ဓာကိုယ်မှာရှိတဲ့ ပွန်းပဲ့ဒဏ်ရာ၊ အနာနဲ့ မျက်စိတို့ကို တိရိစ္ဆာန်ရဲ့လျှာနဲ့လျက်မိရင်လည်း ကူးနိုင်ပါတယ်။ ဒါကြောင့် မိမိဝန်းကျင်မှာ သွားရည်တွေကျပြီး - [ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး Jock Itch / Tinea Cruris (October,2023)](https://www.telekyanmar.org/jock-itch-tinea-cruris-october2023/) - ပေါင်ခြံယားယံခြင်းကို ဖြစ်စေသော ရောဂါတစ်မျိုး (Jock Itch / Tinea Cruris) Jock itch ဆိုတာ ပွေးရောဂါ (ringworm) နဲ့ဆင်တဲ့ မှိုကြောင့်ဖြစ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ Jock itch မှာ ပေါင်ခြံ၊ ပေါင်ရဲ့အတွင်းပိုင်းနဲ့ တင်ပါး (butt crack) မှာ ပူလောင်ပြီး ယားယံတဲ့ အနီရောင်အစက်တွေ ဖြစ်လာတတ်ပါတယ်။ Jock itch ကို ဆေးပညာမှာ Tinea Cruris လို့လည်း ခေါ်ဆိုပြီး ဒီအရေပြားပြဿနာဟာ အားကစားသမားတွေမှာ အတွေ့ရများတဲ့အတွက် Jock (အားကစားသမား) itch (ယားယံမှု) ဆိုတဲ့ အသုံးအနှုန်း ဖြစ်လာတာပါ။ Jock itch ဖြစ်တဲ့နေရာမှာ အရေပြားခြောက်သွေ့ပြီး အက်ကွဲတာ၊ အရည်ကြည်ဖုထွက်တာတွေလည်း ဖြစ်တတ်ပါတယ်။ - [‼️ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ အထူးသတိပြုစရာ Postmenopausal Bleeding (October,2023)](https://www.telekyanmar.org/postmenopausal-bleeding-october2023/) - ‼️ သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ အထူးသတိပြုစရာပါ။ ♦️ ရာသီသွေးဆုံးခြင်းဆိုတာ သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ မဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင် (Oestrogen) နဲ့ ပရိုဂျက်စတီရုန်း (Progesterone) ဟော်မုန်းထုတ်လုပ်မှု နည်းလာတာ ဖြစ်ပါတယ်။ လစဉ် သားဥအိမ်ကထုတ်ပေးတဲ့ သားဥလေးတွေ နည်းလာပြီး ကုန်သွားတဲ့အခါမှာ သွေးဆုံးခြင်းနဲ့အတူ ခန္ဓာကိုယ်မှာ အပြောင်းအလဲများ စတင်ခံစားလာရတာပဲ ဖြစ်ပါတယ်။ ... ... ♦️ သွေးဆုံးချိန် အမျိုးသမီးတစ်ယောက် ကိုယ်ဝန် (သို့) သန္ဓေတားဆေး တစ်မျိုးမျိုးသုံးထားခြင်းမရှိဘဲ ၁ နှစ် (၁၂လ) တိတိ ရာသီသွေးမဆင်းတော့ရင် သွေးဆုံးတယ်လို့ သတ်မှတ်ပါတယ်။ အသက် ၄၅- ၅၅ နှစ်အတွင်း အမျိုးသမီးအများစု သွေးဆုံးလေ့ရှိပါတယ်။ သွေးဆုံးခြင်းဟာ သဘာဝ ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် သွေးဆုံးပြီးနောက် - [အဆုတ်လေအိတ်များ ပျက်စီးခြင်း Emphysema (October,2023)](https://www.telekyanmar.org/emphysema-october2023/) - အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ဆိုတာ အဆုတ်ရောဂါတစ်ခုဖြစ်ပြီး ဆေးလိပ်သောက်သူတွေမှာ အဖြစ်များတယ်ဆိုပေမယ့် အဆုတ်ကိုအဆိပ်အတောက်ဖြစ်စေတဲ့ တခြားပစ္စည်းတွေကို ပုံမှန်ရှူရှိုက်မိသူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အဆုတ်လေအိတ်တွေ ပျက်စီးတယ်ဆိုတာဟာ အဆုတ်အတွင်းရှိ လေအိတ်လေးတွေဖြစ်တဲ့ (alveoli) လေးတွေကို ပျက်စီးစေတာပါ။ လေအိတ်လေးတွေဟာ အားပျော့သွားပြီး နောက်ဆုံးမှာတော့ ကွဲထွက်သွားကာ အဆုတ်ရဲ့မျက်နှာပြင်ဧရိယာနဲ့ သွေးကြောထဲသို့ ရောက်ရှိနိုင်တဲ့ အောက်ဆီဂျင်ပမာဏကို လျော့နည်းစေပါတယ်။ ဒီလိုဖြစ်တဲ့အခါ အဆုတ်ရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ဆုံးရှုံးစေပြီး အထူးသဖြင့် လေ့ကျင့်ခန်းလုပ်ချိန်မှာ အသက်ရှုရခက်စေပါတယ်။ အဆုတ်လေအိတ်များ ပျက်စီးခြင်း (Emphysema) ဟာ နာတာရှည်အဆုတ်ရောင် အဆုတ်ပွရောဂါ (COPD) ရဲ့ အဖြစ်အများဆုံး အခြေအနေ ၂ ခုထဲက ၁ ခုဖြစ်ပါတယ်။ နောက်အခြေအနေတစ်ခုကတော့ နာတာရှည်လေပြွန်ရောင်ခြင်း (chronic bronchitis) ဖြစ်ပါတယ်။ အဆုတ်လေအိတ်များ ပျက်စီးခြင်း - [မိန်းမကိုယ်မှာ စွဲကပ်တဲ့ မှိုရောဂါတစ်မျိုး Vaginal Candidiasis (October,2023)](https://www.telekyanmar.org/vaginal-candidiasis-october2023/) - မိန်းမကိုယ်မှာ စွဲကပ်တဲ့ မှိုရောဂါတစ်မျိုး (Vaginal candidiasis) အမျိုးသမီးတွေမှာ မိန်းမကိုယ်ကနေ အဖြူဆင်းတာ၊ မိန်းမကိုယ်ယားယံတာ အစရှိတဲ့ လက္ခဏာတွေကို မကြာခဏ ခံစားရလေ့ရှိမှာပါ။ ဒါကတော့ မိန်းမကိုယ်မှာ စွဲကပ်တဲ့ မှိုရောဂါကြောင့်ပဲ ဖြစ်ပါတယ်။ Vaginal candidiasis လို့ခေါ်တဲ့ မိန်းမကိုယ် မှိုစွဲတဲ့ရောဂါက အမျိုးသမီး (၄) ယောက်မှာ (၃) ယောက်အထိ ဖြစ်တတ်ပါတယ်။ ဒီမိန်းမကိုယ်မှိုရောဂါဟာ လိင်ဆက်ဆံရာကနေ ကူးစက်တတ်တာလို့တော့ အမြဲတမ်းယူဆလို့ မရပါဘူး။ ဒါပေမယ့် ပထမဆုံး လိင်ဆက်ဆံတဲ့အချိန်မှာတော့ ဒီရောဂါ ဖြစ်နိုင်ပါတယ်။ Oral sex (ပါးစပ်ကနေ လိင်ဆက်ဆံတာ) ကြောင့်လည်း မိန်းမကိုယ်မှိုစွဲတာ ဖြစ်နိုင်တယ်လို့ ယူဆချက်တွေလည်း ရှိပါတယ်။ ... ... မိန်းမကိုယ် မှိုစွဲခြင်းကြောင့် ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့... - - [သားအိမ်ကျွံခြင်း Uterine Prolapse (October,2023)](https://www.telekyanmar.org/uterine-prolapse-october2023/) - သားအိမ်ကျွံခြင်း (Uterine prolapse) အမျိုးသမီးတွေမှာ တင်ပါးဆုံကွင်းကြွက်သားတွေ၊ အဲဒီကြွက်သားတွေကို ထောက်ပံ့ပေးထားတဲ့ အရွတ်တွေ အားနည်းလာတာကြောင့် သားအိမ်ကျွံတာ ဖြစ်တတ်ပါတယ်။ သားအိမ်ကျွံတယ်ဆိုတာကတော့ သားအိမ်က တစ်သျူးတွေဟာ မိန်းမကိုယ်ရဲ့ အပြင်ဘက်ကို ထွက်ကျတာကို ဆိုလိုတာ ဖြစ်ပါတယ်။ တစ်ကြိမ်နဲ့အထက် ရိုးရိုးမီးဖွားဖူးတဲ့ အမျိုးသမီးတချို့မှာ ဖြစ်တတ်လေ့ရှိပါတယ်။ ... ... ????ဘယ်လို လက္ခဏာတွေ ခံစားရမလဲ သားအိမ်ကျွံတဲ့ အမျိုးသမီးတွေမှာဆိုရင်တော့... - မိန်းမကိုယ်ကနေ တစ်ခုခု ထွက်ကျနေသလို ခံစားရတာ - တင်ပါးဆုံမှာ လေးပင်နေသလို ခံစားရတာ - ဆီးသွားတဲ့အခါတွေမှာဆိုရင် ဆီးမကုန်သလို ဆီးကျန်နေသလို ခံစားရတာ - ဝမ်းသွားတဲ့အချိန်တွေမှာ မိန်းမကိုယ်ကို ဖိထားမှ ဝမ်းသွားဖို့ အဆင်ပြေတာ - သားအိမ်ကျွံထားတဲ့အတွက်ကြောင့် ဘောလုံးတစ်လုံးပေါ် ခုထိုင်ထားသလို ခံစားရတာ - [အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ Cutaneous Larva Migrans (October,2023)](https://www.telekyanmar.org/cutaneous-larva-migrans-october2023/) - အရေပြားအောက်မှာ ရွေ့လျားသွားနေသော ယားနာ (Cutaneous Larva Migrans) အရေပြားအောက်မှာ တီကောင်သေးသေးလေးတစ်ကောင် လျှောက်သွားနေသလို အနီရောင် ကွေ့ကွေ့ကောက်ကောက် ယားနာလမ်းကြောင်းလေးတွေကို မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံက လူနာတချို့မှာ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ဖိနပ်မပါဘဲ မြေကြီးပေါ်လျှောက်သွားသူ၊ လယ်လုပ်သူ၊ ဥယျာဉ်လုပ်သူ၊ ရေစပ်နဲ့ မြစ်ကမ်းတွေမှာ ဖိနပ်မပါဘဲ လမ်းလျှောက်သူတွေမှာ အဖြစ်များပါတယ်။ အဲဒီယားနာလေးတွေက အရေပြားအောက်မှာ လျှောက်သွားနေတဲ့ သန်ချိတ်ကောင် သားလောင်းကလေးတွေကြောင့်ဖြစ်လို့ (Cutaneous Larva Migrans) လို့ ခေါ်ပါတယ်။ တကယ်တော့ အဲဒီသန်ကောင်ကလေးတွေက ကြောင်တို့ ခွေးတို့ရဲ့အူလမ်းကြောင်းမှာ ပျော်ကြသူတွေပါ။ သူတို့ရဲ့ဥတွေက ခွေး၊ ကြောင်တွေရဲ့ မစင်ထဲမှာပါလာပြီး စိုစွတ်တဲ့မြေကြီးထဲမှာ အကောင်ပေါက်ပါတယ်။ သေးငယ်တဲ့ သားလောင်းကလေးတွေဟာ သူတို့အနားရောက်လာတဲ့ သွေးနွေးသတ္တဝါရဲ့အရေပြားကို ဖောက်ပြီး အထဲကို ဝင်သွားပါတယ်။ ခွေးတို့ - [မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်း Puerperial Sepsis (October,2023)](https://www.telekyanmar.org/puerperial-sepsis-october2023/) - မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်း (Puerperial Sepsis) Puerperal sepsis ဆိုတာ မီးဖွားစဉ် သို့မဟုတ် မီးဖွားပြီးနောက် ၄၂ ရက်အတွင်းဖြစ်ပွားတဲ့ အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်း ဖြစ်ပါတယ်။ ကလေးမွေးဖွားပြီးနောက် သားအိမ်နဲ့ အနီးနားက အစိတ်အပိုင်းတွေမှာ ဘက်တီးရီးယားပိုးဝင်ခြင်း ဖြစ်ပါတယ်။ ဒီလို ပိုးဝင်ရောက်မှုဖြစ်စဥ်ဟာ ကမ္ဘာတစ်ဝှမ်း မိခင်သေဆုံးမှုရဲ့ တတိယမြောက်အဖြစ်အများဆုံး အကြောင်းရင်းလည်း ဖြစ်ပါတယ်။ .. .. ????မီးဖွားပြီးနောက် အမျိုးသမီးမျိုးပွားအင်္ဂါများအတွင်း ပိုးဝင်ခြင်း အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ ဖြစ်ပွားတဲ့နေရာပေါ်မူတည်ပြီး အမျိုးအစား ခွဲခြားထားပါတယ်။ Endometritis — သားအိမ်အတွင်းနံရံ ပိုးဝင်ခြင်းဖြစ်ပြီး အဖြစ်အများဆုံးလည်း ဖြစ်ပါတယ်။ Myometritis — သားအိမ်ကြွက်သားပိုးဝင်ခြင်း ဖြစ်ပါတယ်။ Parametritis — သားအိမ်တစ်ဝိုက်တစ်သျှူးတွေ ပိုးဝင်ခြင်း ဖြစ်ပါတယ်။ .. - [ဆီးချိုရောဂါ၏ အရေးပေါ် ကျန်းမာရေးပြဿနာများ (November,2023)](https://www.telekyanmar.org/ဆီးချိုရောဂါ၏-အရေးပေါ်-က/) - ဆီးချိုရောဂါဟာ ကျန်းမာရေးပြဿနာများစွာကို ဖြစ်စေတာ လူတိုင်းအသိပါပဲ။ နာတာရှည်ရောဂါဖြစ်တာကြောင့် ရေရှည်ကျန်းမာရေးဆိုးကျိုးများ ဖြစ်သလို အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် ဆိုးကျိုးများလည်း ဖြစ်နိုင်ပါတယ်။ ဒီအထဲကမှ ဆီးချိုကြောင့် ဖြစ်ရတဲ့ အရေးပေါ် ကျန်းမာရေးပြဿနာများကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ . ‌ဆီးချိုရဲ့ အရေးပေါ် ရေတိုကျန်းမာရေးပြဿနာများကတော့ (၁) သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း (၂) သွေးတွင်းသကြားဓာတ်များပြီး သွေးတွင်းအက်ဆစ်ဓာတ်များခြင်း (Diabetic ketoacidosis) (၃) သွေးတွင်းသကြားဓာတ်များပြီး သွေးပျစ်နှုန်းများခြင်း (Hyperosmolar hyperglycaemic state) ဒီအထဲကမှ နံပါတ်တစ်အချက်ဖြစ်တဲ့ သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းအကြောင်းက ဖော်ပြပေးပြီး ဖြစ်တာကြောင့် ကျန်တဲ့နှစ်မျိုးအကြောင်းကိုပဲ အသေးစိတ် ဆက်လက်ဖော်ပြသွားပါမယ်။ (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်းအကြောင်း အသေးစိတ် ဖတ်ရှုလိုပါက click here ကိုနှိပ်ပြီး ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်) .. .. ????သွေးတွင်းသကြားဓာတ်များပြီး - [သက်လုံကောင်းစေတဲ့ အစားအစာများ (November,2023)](https://www.telekyanmar.org/သက်လုံကောင်းစေတဲ့-အစားအ/) - အားကစားလုပ်နိုင်တယ် အမောခံနိုင်တယ်ဆိုတာ လုပ်နေကျဖြစ်ဖို့လိုသလို မိမိလုပ်တဲ့အားကစားအမျိုးအစားက ဘယ်လိုအာဟာရဓာတ်မျိုးကို ပိုအသုံးပြုလဲဆိုတာ ပါးနပ်စွာ နားလည်ထားပြီး သေချာစားသောက်ထားရင် မာရသွန်ပဲပြေးပြေး၊ ရက်ရှည် အားကစားပြိုင်တာပဲဖြစ်ဖြစ် အောင်အောင်မြင်မြင်နဲ့ ပန်းတိုင်ရောက်ဖို့ ပိုနီးစပ်စေပါတယ်။ ဒီအတွက် သက်လုံကောင်းစေတဲ့ အစားအသောက်အချို့ကတော့ . . . .. .. ၁။ ကဖင်း ကဖင်းဓာတ်က ကြွက်သားတွေရဲ့ ညောင်းညာမှုကိုသိရှိခံစားစေတဲ့အပိုင်းကို လျှောချပေးပြီး ပိုမိုတက်တက်ကြွကြွဖြစ်အောင် ဦးနှောက်ကို လှုံ့ဆော်ပါတယ်။ လေ့လာချက်တွေအရ အသိသာဆုံးကတော့ စက်ဘီးစီးအားကစားမှာ 5 mg/ kg body weight နှုန်း (ကိုယ်အလေးချိန် ၁ ကီလိုဂရမ်တိုင်းအတွက် ကဖင်း ၀.၅ မီလီဂရမ်နှုန်း) နဲ့ သောက်သုံးမယ်ဆိုရင် နင်းတဲ့နှုန်း ပိုမြန်သလို ပို၀ေး၀ေးလည်း ရောက်ပါတယ်တဲ့… ဒါပေမယ့် သောက်နေမကျတဲ့သူဆို - ["ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားများ" Types of Miscarriage (November,2023)](https://www.telekyanmar.org/types-of-miscarriage-november2023/) - "ကိုယ်ဝန်ပျက်ကျခြင်း အမျိုးအစားများ" ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ အမျိုးသမီးထုအကြား တော်တော်လေးလည်း အဖြစ်များကြပါတယ်။ ဒီလို ကိုယ်ဝန်ပျက်ကျသူတိုင်းရဲ့နောက်ကွယ်မှာ မတူညီတဲ့အကြောင်းအရင်းများစွာ ရှိနေတဲ့အပြင် ကိုယ်ဝန်သက်တမ်းအလိုက် ပျက်ကျတဲ့ပုံစံ ကွဲပြားကြသလို ခံစားရတဲ့လက္ခဏာတွေနဲ့ ကုသမှုပုံစံချင်းလည်း မတူညီနိုင်ပါဘူး။ ထူးထူးခြားခြား ကွဲပြားနေတဲ့ ကိုယ်ဝန်ပျက်ကျမှု ပုံစံအမျိုးအစားတွေ အနေနဲ့ကတော့... .... .... (၁) Chemical Pregnancy ကိုယ်ဝန်သက်တမ်း တအားကိုနုသေးတဲ့အချိန်မှာ ပျက်ကျခြင်းဖြစ်ပြီး သားဥက မျိုးအောင်သွားသော်ငြား သန္ဓေတွယ်ပြီးပြီးချင်းမှာ ကလေးနှလုံးခုန်သံတောင် မကြားလိုက်ရဘဲ ပျက်ကျခြင်းဖြစ်ပါတယ်။ အချို့တွေမှာ ကိုယ့်ကိုယ်ကိုယ် ကိုယ်ဝန်ရှိနေမှန်း မသိလိုက်ခင်မှာတင် Chemical Pregnancy ဖြစ်သွားတတ်ပါတယ်။ ထွေထွေထူးထူး လက္ခဏာမပြတတ်ဘဲ ဓမ္မတာလာချိန် (သို့) အနည်းငယ်နောက်ကျပြီးမှ သွေးဆင်းတာ၊ ပုံမှန်ထက် များများပိုဆင်းတာ‌မျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မျိုးအောင်သွားတဲ့သားဥမှာ Chromosomal Abnormalities - [သားအိမ်နှစ်ခု ဖြစ်နေခြင်း Double Uterus (November,2023)](https://www.telekyanmar.org/double-uterus-november2023/) - သားအိမ်နှစ်ခု ဖြစ်နေခြင်း Double Uterus (Uterus Didelphys) Double uterus ဆိုတာ လူတစ်ယောက်မှာ သားအိမ် နှစ်ခုရှိနေတဲ့ မွေးရာပါချို့ယွင်းမှု ဖြစ်ပါတယ်။ သားအိမ်နှစ်ခုမှာရှိတဲ့ သားအိမ်အခန်း (uterine cavity) နှစ်ခုဟာ သာမန်သားအိမ်အခန်းတွေထက် ပိုကျဉ်းမြောင်းပြီး သားအိမ်တစ်ခုစီမှာ သားပို့ပြွန် (fallopian tube) နဲ့ သားဥအိမ် (ovary) ကိုယ်စီ ရှိကြပါတယ်။ .. .. ????သားအိမ်နှစ်ခု ဘာကြောင့် ဖြစ်လဲ သန္ဓေသားဘဝမှာ Mullerian ducts လို့ခေါ်တဲ့ ပြွန်နှစ်ခု ပေါင်းစပ်ပြီး သားအိမ်ဖြစ်လာတာပါ။ ဒီပြွန်နှစ်ခု ကောင်းမွန်စွာ ပေါင်းစပ်နိုင်ခြင်း မရှိတဲ့အခါ ပြွန်တစ်ခုစီက သားအိမ်တစ်ခုဖြစ်လာပြီး၊ ရလဒ်အနေနဲ့ သားအိမ်နှစ်ခု ဖြစ်သွားရတာပါ။ တချို့သူတွေမှာတော့ မွေးလမ်းကြောင်းနှစ်ခုနဲ့ သားအိမ်ခေါင်းနှစ်ခု ရှိလာတတ်ပါတယ်။ - [မိန်းမကိုယ် ယားယံခြင်း (မိန်းမကိုယ် မှိုစွဲခြင်း) (November,2023)](https://www.telekyanmar.org/မိန်းမကိုယ်-ယားယံခြင်း/) - မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေတဲ့အကြောင်းရင်းတွေထဲက တစ်ခုဖြစ်တဲ့ မိန်းမကိုယ်မှိုစွဲခြင်းအကြောင်းရှင်းပြပါမယ်။ တချို့လူနာတွေမှာ သူ့ရဲ့ထူးခြားချက်ကတော့ မိန်းမကိုယ်က မခံနိုင်လောက်အောင် ဆိုးဆိုးရွားရွား ယားယံတာပါ။ မခံနိုင်လွန်းလို့ လက်သည်းနဲ့ကုတ်ရင်း အရေပြားနေရာတွေ ပေါက်ပြဲ၊ ဆီးသွားဖို့တောင် ခက်ခဲတာမျိုးအထိ ရှိတတ်ပါတယ်။ . ????ရောဂါလက္ခဏာများ မိန်းမကိုယ်နေရာတစ်ဝိုက်မှာ... - ယားယံတာ - ဆူးသေးသေးလေးတွေနဲ့ ထိုးသလို တဆစ်ဆစ်နဲ့ ကသိကအောက် ခံစားရတာ - ရောင်ရမ်းတာ - နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ အခြားလက္ခဏာများ အနေနဲ့... - ဒိန်ချဉ်လို ခပ်ပျစ်ပျစ် အဖြူဆင်းတာ - ဆီးပူ၊ ဆီးကျဥ်တာ - အမျိုးသားနဲ့အတူနေချိန် နာကျင်တာ (တချို့တွေမှာ မိန်းမကိုယ် အနံ့ဆိုးတာ) ဖြစ်တတ်ပါတယ်။ .. .. ????ဘာကြောင့်ဖြစ်တာလဲ Candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် - [ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ (November,2023)](https://www.telekyanmar.org/ပေါ်ပြူလာဖြစ်ချင်တဲ့-စိ/) - "ပေါ်ပြူလာဖြစ်ချင်တဲ့ စိတ်ဝေဒနာ" နေရာတကာမှာ သူပဲ ပေါ်ပြူလာဖြစ်ချင်၊ ထင်ပေါ်ချင်၊ အာရုံစိုက်ခံချင်တဲ့သူတွေကို ကြုံဖူးပါသလား။ ဒီလိုလူတွေ တွေ့ရတဲ့အခါ စိတ်ထဲ စနိုးစနောင့်ဖြစ်မိ၊ ဘဝင်မတွေ့စရာ ဖြစ်မိနိုင်ပေမဲ့ ဒီလိုအကျင့်စရိုက်ရှိသူ အချို့တွေဟာ Histrionic personality disorder (HPD) လို့ခေါ်တဲ့ စိတ်ရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်နိုင်ပါတယ်တဲ့နော်။ Historic ဆိုတာက အင်္ဂလိပ်ဆို dramatic ၊ မြန်မာလိုဆို မူရာမာယာပိုတာ အကဲပိုတာကို ဆိုလိုပါတယ်။ Histrionic personality disorder (HPD) ဆိုတာကတော့ ပြင်းပြင်းထန်ထန် စိတ်ခံစားချက် မတည်မငြိမ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် လူအများအာရုံစိုက်ခံရအောင်၊ ပေါ်ပြူလာဖြစ်အောင် အတင်းပုံသွင်းလုပ်ယူနေမိတဲ့ စိတ်ရောဂါပဲ ဖြစ်ပါတယ်။ Cluster B လို့ခေါ်တဲ့ "စရိုက်လက္ခဏာဆိုင်ရာ စိတ်ရောဂါများ" အုပ်စုမှာ ပါဝင်ပါတယ်။ ဒီရောဂါရှိသူတွေဟာ ကိုယ်တိုင်ယုံကြည်မှုမရှိတော့ဘဲ - [ဒီပါဝလီနေ့မှာ အာဟာရမျှအောင် စားကြမယ်(November,2023)](https://www.telekyanmar.org/ဒီပါဝလီနေ့မှာ-အာဟာရမျှအ/) - ဘာသာရေးအရ၊ လူမျိုးအရ နှစ်တိုင်း ဒီလိုချိန်ရောက်လာပြီဆို ရိုးရာမပျက် ဒီပါ၀လီပွဲကို ဆင်နွှဲကျင်းပနေကြ အချိန်လေးပါ။ ဟိန္ဒူဘာသာဝင်တွေ လုပ်တဲ့ပွဲဆိုပေမယ့်လည်း ခင်ရာမင်ရာ အိမ်နီးချင်းတွေ၊ သူငယ်ချင်းတွေကျွေးတဲ့ ဒီပါ၀လီမုန့်တွေကို အားလုံးစားဖူးကြမယ် ထင်ပါတယ်။ မုန့်လေးတွေက ချစ်စဖွယ်လေးနဲ့ ချိုချိုအီအီလေးတွေ ဖြစ်နေတာကြောင့် ကလေးရောလူကြီးပါ တစ်မျိုးပြီးတစ်မျိုးစီ စမ်းစားကြည့်ရတာလေးကိုက အရသာရှိနေတာ…. မုန့်အချိုတွေဆိုတော့ ဆရာ၀န်တွေရဲ့ ကျန်းမာရေး အကြံပေးချက်တွေမှာ မစားသင့်၊ ရှောင်ပါ၊ လျှော့ပါတွေနဲ့ဆိုတော့ ဒီမုန့်လှလှလေးတွေကို ကျန်းမာရေးအရ စားလို့ရလား၊ ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုစားကြမလဲဆိုတာလေးကို ဒီတစ်ပတ်အကြံပြုပေးလိုပါတယ်။ (အကယ်၍ စာမူထဲမှာ လိုအပ်ချက်ရှိနေတာ ဒါမှမဟုတ် အတိအကျမဟုတ်ဘဲ လွဲနေတာတွေရှိရင် နားလည်ပေးပြီး ပြင်ပေးစေလိုပါတယ်) ... ... ဒီပါ၀လီမုန့်တော်တော်များမှာ အချိုများတာကြောင့် ဆီးချိုရှိသူတွေဆို ဒီလိုချိန် “ဪ ငါနဲ့ မတည့်ပါဘူးလေ… ငါက - [HIV and CD4 (November,2023)](https://www.telekyanmar.org/hiv-and-cd4-november2023/) - ဒီနေ့မှာတော့ စီဒီဖိုး (CD4) အကြောင်း တကယ်ပြောပါပြီနော် ????သူ့မတိုင်ခင် ကိုယ်ခံအားစနစ်နဲ့ စရမယ်…လူတစ်ဦးတစ်ယောက်စီတိုင်းမှာရှိတဲ့ ကိုယ်ခံအား/ ခုခံအားစနစ် (immune system) ဟာဆိုရင် အနုပညာတူရိယာတွေ အများကြီးပါတဲ့ သံစုံတီးဝိုင်းကြီး (orchestra) နဲ့ တူတယ်လို့ တချို့ကတင်စားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ခံအားစနစ်မှာပါဝင်တဲ့ ပရိုတိန်းလေးတွေ၊ ဆဲလ်လေးတွေဟာ ပုံစံမျိုးစုံနဲ့ အလုပ်အသီးသီးရှိကြလို့ပါ။ သံစုံတီးဝိုင်းတစ်ခုမှာ ပါဝင်တဲ့ လေမှုတ်တူရိယာ ထရမ်းပက်၊ ထရမ်းဘုန်း၊ ကလားရိနက်၊ ဆက်ဆိုဖုန်းတွေ… ကြိုးတပ်တူရိယာတွေ ဖြစ်တဲ့ တယော၊ ဗီအိုလာ၊ ချယ်လို၊ စောင်းတွေ… အတီးအခတ်တူရိယာတွေဖြစ်တဲ့ ဗုံ၊ ဒရမ်၊ လင်ကွင်း၊ ထွိုင်အန်ဂယ်တွေ အသံစုံစုံနဲ့ ညီညီတီးနိုင်ပါမှ ဒီသံစုံတီးဝိုင်းကြီးတစ်ခုလုံးက ထွက်လာတဲ့ ဂီတသံတွေဟာလည်း သာယာနာပျော်ဖွယ် ဖြစ်နေမှာလေနော်။အဲဒီလိုပဲ ခန္ဓာကိုယ်မှာရှိတဲ့ အမျိုးအမည် များပြားတဲ့ ကိုယ်ခံအား - [ဆီးချိုနှင့် အာဟာရမှုန့်များ (December,2023)](https://www.telekyanmar.org/ဆီးချိုနှင့်-အာဟာရမှုန့/) - ဒီတစ်ပတ်မှာတော့ လူနာတွေ အမေးများကြတဲ့ ဆီးချိုနို့မှုန့်နဲ့ အခြားဆက်စပ်အကြောင်းအရာလေးတွေကို ရှင်းပြသွားပါမယ်နော်။ လူနာတချို့ မေးကြပုံက ဒီလို... ဒီနို့မှုန့်ကို လိုင်းပေါ်မှာ ကြော်ငြာတာ တွေ့တယ်ပေါ့… သူများတွေ ၀ယ်သောက်တာလည်း ကောင်းတယ်ပြောတယ်။ အသိလူရင်းတွေတောင် နို့မှုန့်သောက်ပြီး ဆီးချိုဆေးမသောက်ဘဲ ဆီးချိုကျပြီး ကောင်းသွားတာဆိုပြီး... ဆီးချိုသွေးချိုသက်သာနိုး မျှော်လင့်ချက်လေးတွေနဲ့ပေါ့။ ကဲ….. ဆီးချိုသွေးချိုဆိုတဲ့အကြောင်းကတော့ မကြားချင်မှအဆုံး သိကြပြီးသားဆိုတော့ အသေးစိတ်မပြောလိုပေမယ့် နည်းနည်းလေးတော့ ပြောလိုက်ပါရစေနော်.. ဆီးချိုသွေးချိုဆိုတာ ဇီဝဖြစ်စဥ် ပုံမှန်မဟုတ်တော့တဲ့ (metabolism abnormal ဖြစ်တဲ့) ရောဂါတွေထဲက တစ်ခုပါ။ ဆီးချိုဖြစ်တာ စားလို့တက်တာ တစ်မျိုးတည်းကြောင့်တော့ မဟုတ်ပါဘူး။ တကယ်တော့ ခန္ဓာကိုယ်မှာ အင်ဆူလင်ထုတ်တဲ့နှုန်းနဲ့ အင်ဆူလင်အလုပ်လုပ်ပုံ အားနည်းလာတာကြောင့် စားလိုက်တဲ့ ကစီဓာတ် (ကာဗိုဟိုက်ထရိတ်) တွေကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေက ကောင်းကောင်းအသုံးမချနိုင်ဖြစ်ပြီး မောလာ၊ နုံးလာ၊ - [အစားအသောက်ကို ကြောက်တဲ့ရောဂါ Cibophobia (December,2023)](https://www.telekyanmar.org/cibophobia-december2023/) - အစားအသောက်ကို ကြောက်တဲ့ရောဂါ လူတိုင်း အစားအသောက် ကြိုက်ကြတယ်ဆိုပေမယ့် အချို့သူတွေကတော့ အစားအသောက်ဆို ကြောက်ကြပါသတဲ့။ ဘယ်လိုလူတွေလဲဆိုတော့ Cibophobia လို့ခေါ်တဲ့ “အစားအသောက်ကို ကြောက်တဲ့စိတ်ရောဂါ” ခံစားနေကြရသူတွေဖြစ်ပါတယ်။ Phobia ဆိုတာ အရာဝတ္ထုတစ်ခု (သို့) အခြေအနေတစ်ခုကို မခံမရပ်နိုင်အောင် တုန်လှုပ်သွားတဲ့အထိ အသက်ရှူရခက်ပြီး အာခေါင်တွေခြောက်တဲ့အထိ ကြောက်ရွံ့နေမိတတ်တဲ့ ရောဂါဖြစ်ပါတယ်။ Cibophobia ဆိုတာကတော့ အစားအသောက် တစ်မျိုးတည်းကိုဖြစ်စေ၊ အများကြီးကိုဖြစ်စေ စားဖို့မဆိုထားနဲ့ တွေ့ရုံမြင်ရုံနဲ့တင် ထိတ်လန့်နေတဲ့ရောဂါပါ။ဝိတ်တက်မှာကြောက်လို့ အစားအသောက်မစားရဲတဲ့ “Anorexia” ရောဂါနဲ့တော့ ပုံစံချင်းမတူပါဘူးနော်။ Cibophobia ရှိသူတွေက သူတို့ကြောက်လန့်တဲ့စားစရာ၊ သောက်စရာတစ်ခုခုကို မြင်ရင်.... - သွေးပေါင်ချိန်တက်လာခြင်း - အသားတဆတ်ဆတ်တုန်လာခြင်း - နှလုံးခုန် ရင်တုန်လာခြင်း - အသက်ရှူရခက်လာခြင်း - ရင်ဘတ်အောင့်ခြင်း - ရင်ဘတ်ထဲတင်းကျပ်လာခြင်း - [ကော်ဖီမစ်နှင့် ကျန်းမာရေး Instant Coffee and Health (December,2023)](https://www.telekyanmar.org/instant-coffee-and-health-december2023/) - "ကော်ဖီမစ်စွဲနေပြီလား" သဘာဝကော်ဖီမှုန့်စစ်စစ်ထက်စာရင် ကော်ဖီမစ်ထုပ်တွေက ဈေးကွက်ထဲမှာ အတွေ့များ၊ ဈေးချိုသာတဲ့အပြင် ဖျော်သောက်ရလွယ်ကူတဲ့အတွက် ကော်ဖီချစ်သူအတော်များများ သောက်ဖြစ်ကြမယ် ထင်ပါတယ်နော်။ Instant Coffee ခေါ် ကော်မီမစ်တွေကလည်း သဘာဝကော်ဖီစေ့ကနေ ရရှိတာပါပဲ။ သဘာဝကော်ဖီအစစ်လိုပဲ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အကျိုးပြုခြင်း၊ ဦးနှောက်ကို တိုးတက်စေခြင်း၊ အသည်းကျန်းမာရေးကို အထောက်အကူပြုခြင်း၊ စိတ်ဓာတ်တက်ကြွ လန်းဆန်းစေခြင်း စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် သဘာဝကော်ဖီထက်စာရင် ကဖင်းဓာတ် တစ်ဝက်လောက်နီးပါး နည်းတဲ့အတွက် အကျိုးကျေးဇူးလည်း သူ့ထက်ပိုနည်းသွားနိုင်ပါတယ်။ ... ... ဒါဆို အကျိုးကျေးဇူးများအောင် များများသောက်လို့ရောရမလား။ ဒီလိုလည်း မရပြန်ပါဘူး။ ဘာကြောင့်လဲဆို‌တော့ ကော်ဖီစေ့ကို လှော်တဲ့အချိန်ထွက်တဲ့ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတစ်မျိုး “Acrylamide” က ကော်ဖီမစ်တွေမှာ သဘာဝကော်ဖီမှုန့်ထက် နှစ်ဆပိုပါဝင်နေလို့ပါပဲ။ Acrylamide က အာရုံကြောစနစ်ကို ထိခိုက်စေတဲ့အပြင် ကင်ဆာဖြစ်နိုင်ခြေကိုလည်း - [အသက်အန္တရာယ်ရှိနိုင်သော နှလုံးပိုးဝင်ခြင်း Infective Endocarditis (December,2023)](https://www.telekyanmar.org/infective-endocarditis-december2023/) - အသက်အန္တရာယ်ရှိနိုင်သော နှလုံးပိုးဝင်ခြင်း (Infective Endocarditis) ❤️ Infective endocarditis ဆိုတာက နှလုံးအဆို့ရှင် သို့မဟုတ် endocardium လို့ခေါ်တဲ့ နှလုံးအခန်းတွေရဲ့ အတွင်းပိုင်းမျက်နှာပြင်အလွှာမှာ ရောဂါပိုးဝင်ခြင်းဖြစ်ပါတယ်။ ဒီအခြေအနေဟာ အများအားဖြင့် ဘက်တီးရီးယားပိုးတွေ သွေးကြောကနေတစ်ဆင့် နှလုံးဆီကို ဝင်ရောက်ကူးစက်ခြင်းကြောင့် ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုးတွေဟာ သွေးကြောထဲကို ပါးစပ်၊ အရေပြား၊ အူလမ်းကြောင်း၊ အသက်ရှူလမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းကနေတစ်ဆင့် ဝင်လာနိုင်တာပါ။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာကို bacterial endocarditis လို့ခေါ်ဆိုပြီး အခြား ဗိုင်းရပ်စ် (virus)၊ မှိုနဲ့ အခြားသော အဏုဇီဝပိုးတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ရှားပါတယ်။ ... ... ❤️ နှလုံးပိုးဝင်ခြင်းဟာ ပြင်းထန်တဲ့ ရောဂါအခြေအနေတစ်ခုဖြစ်ပြီး ချက်ချင်း ဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ မကုသဘဲထားရင် ရောဂါပိုးဟာ နှလုံးအဆို့ရှင်တွေကိုပါ - [ဘီယာ၏ ဆိုးကျိုးများ (December,2023)](https://www.telekyanmar.org/ဘီယာ၏-ဆိုးကျိုးများ-december2023/) - ???? စိတ်ညစ်လို့ပဲ သောက်သောက်၊ ပျော်ဖို့ပဲ သောက်သောက်၊ မူးချင်လို့ပဲ သောက်သောက်... ဘီယာ အမြဲသောက်ဖြစ်နေပြီဆိုရင် ဒီဆောင်းပါးလေး‌ကို ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေနော်။ ???? ???? ???? ဘီယာက တကယ်တော့ နှစ်မျိုးရှိပါတယ်။ အများစုသောက်နေကျက အရက် (alcohol) ပါဝင်တဲ့ ဘီယာဆိုပေမယ့် အရက်မပါတဲ့ ဘီယာမျိုးလည်း ရှိပါတယ်။ ကစီဓာတ်ပါတဲ့ စားဖွယ်တစ်မျိုး (starch) ထဲက သကြားတွေကို အချဉ်ဖောက်ပြီး ဘီယာကို ထုတ်လုပ်ပါတယ်။ အဓိကပါဝင်ပစ္စည်းတွေက မုယောစပါး၊ ရေ၊ တစေးနဲ့ ဗျစ်ပန်းခြောက်တို့ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဘီယာမှာ အရက် (alcohol) ၄% ကနေ ၅% အထိ ပါဝင်တတ်ကြပြီး ဒီထက်များတာတွေလည်း ရှိပါတယ်။ ဘီယာက အရက်မဟုတ်ဘူးဆိုပြီး အသိမှားနေတတ်ကြသူတွေအတွက် အထက်မှာဆိုခဲ့သလို - [HIV ပိုး ကူးစက်နိုင်သော အဓိကနည်းလမ်းများ (December,2023)](https://www.telekyanmar.org/hiv-ပိုး-ကူးစက်နိုင်သော-အဓိ/) - အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်အတွင်းမှာ ကမ္ဘာနဲ့အဝှမ်း HIV ပိုးနဲ့ အတူရှင်သန်နေထိုင်သူ ၃၉ သန်းခန့် ရှိနေပြီး AIDS ရောဂါကြောင့် သေဆုံးသူမှာလည်း ၆၃၀,၀၀၀ ခန့် ရှိပါတယ်။ ၂၀၂၁ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နေရာဒေသ အတော်များများမှာ HIV နဲ့ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်ရေး လုပ်ငန်းတွေ (ကာကွယ်ခြင်း၊ ရောဂါစစ်ဆေးခြင်း၊ ဆေးကုသခြင်း) စတာတွေ အဖက်ဖက်က ချို့ယွင်းလာတဲ့အတွက် HIV ပိုး အသစ်ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်ဟာလည်း ပိုမိုများပြားလာပါတယ်။ ဒါ့ကြောင့် ခုတစ်ပတ်မှာတော့ HIV ပိုး ကူးစက်နိုင်သော အဓိကနည်းလမ်းများကို ပြည်သူလူထု သိရှိနိုင်အောင် လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ - ["ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ခြင်း (သို့မဟုတ်) ဆီးချိုနှီးနွယ် အာရုံကြောရောဂါ" (December,2023)](https://www.telekyanmar.org/ဆီးချိုရောဂါကြောင့်-အာ/) - ဆီးချိုရောဂါဟာ သင့်ရဲ့အာရုံကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေရဲ့ ထက်ဝက်ခန့်ဟာ အာရုံကြောထိခိုက်မှု ရှိတတ်ကြပြီး၊ ဒီလိုမျိုး ဆီးချိုကြောင့် အာရုံကြောထိခိုက်ခြင်းဟာ ခြေထောက်နဲ့ လက်တွေမှာသာမက ကိုယ်တွင်းအင်္ဂါတွေနဲ့ ကြွက်သားတွေမှာပါ ထိခိုက်နိုင်ပါတယ်။ ဒီအတွက် သိမှတ်ထားသင့်တဲ့ ဆီးချိုနှီးနွယ် အာရုံကြောရောဂါ အမျိုးအစားတွေကတော့... (၁) ဆီးချိုကြောင့် အစွန်အဖျား သိမှုအာရုံကြောများ ထိခိုက်ခြင်း (Symmetric peripheral neuropathy) (၂) ခန္ဓာကိုယ်ရဲ့ ပေါင်၊ တင်ပါး စတဲ့နေရာတွေက ကြွက်သားများ ထိခိုက်ခြင်း (Amyotrophy) (၃) အာရုံကြောများ တစ်ခုစီ ထိခိုက်ခြင်း (Mononeuritis multiplex) (၄) ခန္ဓာကိုယ်၏ အလိုအလျောက် ထိန်းချုပ်စနစ်ရှိသော အာရုံကြောများ ထိခိုက်ခြင်း (Diabetic autonomic neuropathy) စတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခုချင်းစီရဲ့ လက္ခဏာတွေကို - [ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်ကြောင့်ဖြစ်သော အဆုတ်ရောဂါ Asbestosis (December,2023)](https://www.telekyanmar.org/asbestosis-december2023/) - ကျောက်ဂွမ်း သို့မဟုတ် မီးခံကျောက်ကြောင့်ဖြစ်သော အဆုတ်ရောဂါ (Asbestosis) Asbestosis ဆိုတာ ကျောက်ဂွမ်းမျှင် (asbestos fibers) တွေက အဆုတ်မှာ အမာရွတ်တွေ ဖြစ်စေရာကတစ်ဆင့် ဖြစ်ပေါ်လာတဲ့ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အမာရွတ်တွေဟာ အသက်ရှုခြင်းကို အကန့်အသတ်ဖြစ်စေပြီး သွေးကြောတွေထဲကို အောက်ဆီဂျင်ဝင်ရောက်မှုကိုလည်း အနှောင့်အယှက်ပေးပါတယ်။ ဒီအဆုတ်ရောဂါကို pulmonary fibrosis နဲ့ interstitial pneumonitis လို့လည်း ခေါ်ပါတယ်။ ဒီ asbestosis လို့ခေါ်တဲ့ အဆုတ်ရောဂါဟာ ၁၉၇၀ ခုနှစ်အလယ်ပိုင်း ဖက်ဒရယ်ဥပဒေတွေ မပြဋ္ဌာန်းရသေးခင်လောက်မှာ လုပ်ငန်းခွင်အတွင်း ကျောက်ဂွမ်း (asbestos) တွေနဲ့ ထိတွေ့ရာကနေ အစပြုပါတယ်။ ဒီရောဂါဟာ ကြီးထွားဖို့ နှစ်နဲ့ချီကြာပြီး အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၂၀၃၀ ပြည့်နှစ်လောက်မှာ asbestosis ကြောင့် သေဆုံးနှုန်း - [ဆီးချိုရောဂါနှင့် ခြေထောက်ကျန်းမာရေး (December,2023)](https://www.telekyanmar.org/ဆီးချိုရောဂါနှင့်-ခြေထေ/) - သင့်မှာ ဆီးချိုရောဂါရှိလာပြီဆိုရင် မိမိကိုယ်ကို အရင်ကနဲ့မတူဘဲ ပြုပြင်စီစဉ်ရတာတွေ များစွာရှိပါတယ်။ ဆီးချိုစစ်ကြည့်ရတာ၊ ဆေးတွေ နေ့စဉ်မပြတ်သောက်ရတာ၊ လေ့ကျင့်ခန်းလုပ်ဖို့၊ မတည့်တဲ့ အစားအသောက်တွေ မစားမိဖို့၊ ရက်ချိန်းမှန်မှန်ပြဖို့ စသည်ဖြင့် စီမံရမှာတွေ များနေမှာပါ။ ဒီလို စီမံရတာတွေထဲမှာ လူအတော်များများက ခြေထောက်ကိုဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ ဒီနေ့မှာတော့ ဆီးချို‌နှီးနွယ် ခြေထောက်ရောဂါအကြောင်း သိစရာလေးတွေနဲ့ ‌ဆီးချိုဝေဒနာရှင်တွေဟာ မိမိခြေထောက်ကို နေ့စဉ် ဂရုစိုက်ဖို့လိုကြောင်း ပြောပြချင်ပါတယ်။ ... ... ဆီးချိုရောဂါရှင်တွေရဲ့ ထက်ဝက်ခန့်လောက်က အာရုံကြောထိခိုက်မှုဝေဒနာတွေ ရှိနေတတ်ပါတယ်။ အာရုံကြောထိခိုက်မှုက နေရာစုံမှာဖြစ်နိုင်ပေမယ့် ခြေထောက်အာရုံကြောတွေမှာ အဖြစ်အများဆုံးပါ။ ဒါက ဆီးချိုနှီးနွယ် ခြေထောက်ပြဿနာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ????ခြေထောက်မှာ နာကျင်မှုဝေဒနာကို မသိခြင်း ဆီးချိုရောဂါကြောင့် အာရုံကြောထိခိုက်ရင် ထုံတာ၊ နာတာ၊ ကျဉ်တာတွေ - [အိပ်ပျော်နေချိန် ဘီလူးစီး/သရဲစီးတယ် ဆိုတဲ့အကြောင်း Sleep Paralysis (December,2023)](https://www.telekyanmar.org/sleep-paralysis-december2023/) - အိပ်ပျော်နေချိန် ဘီလူးစီး/သရဲစီးတယ် ဆိုတဲ့အကြောင်း (Sleep paralysis) Sleep paralysis ကိုတော့ မြန်မာလူမျိုးတွေမှာ ဘီလူးစီးတယ်၊ သရဲစီးတယ်လို့ ‌တော်တော်များများ ယူဆသတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်က လှုပ်မရဖြစ်ပြီး အသက်ရှူကျပ်တာ ဒါမှမဟုတ် အလွန်ကြောက်စရာကောင်းတဲ့ အရာတွေကို မြင်တွေ့ရလို့ ဖြစ်ပါတယ်။ ဒါဆို ဒီလိုတွေ ဘာကြောင့်ဖြစ်ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး သိဖို့လည်း လိုအပ်တာပေါ့။ ... ... Sleep paralysis ဆိုတာ လုံးဝဥဿုံ အိပ်ပျော်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်က လှုပ်လို့မရ၊ စကားပြောလို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအခြေအနေမှာ ထင်ယောင်ထင်မှားတွေပါ မြင်ယောင်လာတတ်ပါတယ်။ ဒါကို နားလည်နိုင်ဖို့ဆို လူတွေရဲ့ အိပ်ပျော်ခြင်းဖြစ်စဥ်အဆင့်ဆင့်ကိုလည်း နားလည်ထားဖို့ လိုအပ်ပါတယ်။ လူတွေ အိပ်ပျော်တဲ့အခါမှာ NREM - [နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါတစ်မျိုး Chronic Fatigue Syndrome (December,2023)](https://www.telekyanmar.org/chronic-fatigue-syndrome-december2023/) - နာတာရှည် ပင်ပန်းနွမ်းနယ်မှု ရောဂါတစ်မျိုး (Chronic Fatigue Syndrome) Chronic Fatigue Syndrome (CFS) ဆိုတာ ခန္ဓာကိုယ်စနစ်များစွာကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Myalgic encephalomyelitis လို့လည်း ခေါ်ကြပါတယ်။ နာတာရှည် ပင်ပန်းနွမ်းနယ်မှုရောဂါဟာ သင့်ရဲ့ပုံမှန်လုပ်ဆောင်မှုတွေကိုတောင် မလုပ်ဆောင်နိုင်တဲ့အထိ ဖြစ်စေနိုင်ပြီး တစ်ခါတစ်ရံ အိပ်ရာကနေတောင် မထနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ... ... ????ဖြစ်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ နာတာရှည် ပင်ပန်းနွမ်းနယ်မှုရောဂါ (CFS) ဖြစ်ရတဲ့ အကြောင်းရင်းကို မသိရပါဘူး။ တစ်ခုထက်မကတဲ့ အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲဆိုတော့… - လူတိုင်းဖြစ်နိုင်ပေမယ့် အသက် ၄၀ နဲ့ ၆၀ ကြားအရွယ်မှာ အဖြစ်များပါတယ်။ - အရွယ်ရောက်ပြီးအမျိုးသားတွေထက် - [HIV ပိုးနှင့် တက်တူးအပ် (December,2023)](https://www.telekyanmar.org/hiv-ပိုးနှင့်-တက်တူးအပ်-december2023/) - ????HIV ပိုးရှိသူကို တက်တူးထိုးထားတဲ့အပ်မှာ ပိုးက အချိန်ဘယ်လောက်ကြာကြာ ရှင်သန်နိုင်ပါသလဲ။နောက်လူမထိုးခင် အဲဒီအပ်ကို မီးမြှိုက်ပြီးထိုးရင်ရော ကူးနိုင်ပါသလား။ ????သွေးပေနေတဲ့အပ်က HIV ပိုးရှိနေတာဆိုရင် ကူးနိုင်ခြေရှိတယ်ပဲ ပြောရမှာပါ။ ပေနေတဲ့သွေးထဲ ပါဝင်နေတဲ့ ပိုးကောင်ရေပမာဏနဲ့ ထိတွေ့တဲ့မျက်နှာပြင်ပေါ် မူတည်ပြီး တစ်နာရီ နှစ်နာရီမှစ ၂၄ နာရီကျော်အထိ ရှင်သန်နိုင်ခြေ ကွာပါမယ်။ ကြမ်းပြင်၊ စားပွဲ အစရှိတဲ့ နေရာတွေထက်စာရင် ဆေးထိုးအပ်တွေမှာဆို ပိုပြီးကြာကြာ ရှင်သန်နိုင်ပါတယ်။ တစ်ခါသုံးအပ်ကို မမျှဝေဘဲ ထိုးမှသာ ကူးစက်နိုင်ခြေကို မရှိအောင် လျှော့နိုင်မှာပါ။ တက်တူးအပ်တွေမှာလည်း ဆေးထိုးအပ်တွေလို အရွယ်အစား၊ အခေါင်းပေါက် ပါ/မပါ မျိုးစုံရှိနိုင်တဲ့အတွက် ဘယ်လောက်ရာခိုင်နှုန်းရှိတယ်ဆိုပြီး အာမခံပြီး ပြောပြလို့မရပါဘူး။ အပေါ်မှာ ပြောထားသလို ထိုးထားမိတယ်ဆိုရင် risk ရှိနိုင်တဲ့အတွက် ၃ လအကြာမှာတစ်ခါ မဖြစ်မနေ - [အဆီထုတ်တဲ့ခွဲစိတ်မှု Liposuction (December,2023)](https://www.telekyanmar.org/liposuction-december2023/) - ဘရာဇီးမှာနေထိုင်တဲ့ လူမှုကွန်ယက်မှာ ကျော်ကြားသူ (influencer) တစ်ဦးဟာ အဆီထုတ်တဲ့ခွဲစိတ်မှု (Liposuction procedure) လုပ်ပြီးတဲ့အခါ သေဆုံးသွားခဲ့ရတဲ့သတင်းကို ဖတ်မိဖူး၊ ကြားမိဖူးလိုက်ကြတဲ့သူတွေ ရှိမှာပါ။ ဒါကြောင့်မို့ Liposuction လို့ခေါ်တဲ့ အဆီထုတ်တဲ့ ခွဲစိတ်မှုမျိုးကို ပေါ့ပေါ့လေးတွေးပြီး မလုပ်မိဖို့နဲ့ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း သိရှိနိုင်ဖို့ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ... ... ကဲ... Liposuction ဆိုတာ ဘာလဲ....... ???? Liposuction ဆိုတာ ကိုယ့်ခန္ဓာကိုယ်ရဲ့ မလိုချင်တဲ့အဆီတွေကို ထုတ်ပစ်တဲ့ခွဲစိတ်မှုမျိုး ဖြစ်ပါတယ်။ Liposuction လုပ်တဲ့အခါမှာ မေ့ဆေး ဒါမှမဟုတ် ခါးရိုးထုံဆေးသုံးပြီး အရေပြားမှာ အပေါက်သေးသေးလေးတွေဖောက်မယ်။ ပြီးရင် အဆီစုပ်မယ့်ပြွန် (Cannula) ကို ခန္ဓာကိုယ်ရဲ့ အဆီလွှာထဲကို ထည့်၊ အဆီ‌ပျော်ဆေးထိုးပြီး မလိုချင်တဲ့အဆီတွေကို စုပ်ထုတ်ပစ်တာ - [ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှု Children's Developmental Milestone (December,2023)](https://www.telekyanmar.org/childrens-developmental-milestone-december2023/) - ဒီနေ့မှာတော့ ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်မှုတွေ ဘယ်လိုရှိမယ်ဆိုတာကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုပါတယ်။ ဒီနေရာမှာ ကလေးတစ်ယောက်ရဲ့ မွေးကင်းစအရွယ်ကနေစပြီး အသက် ၅ နှစ်အထိ ဖွံ့ဖြိုးမှု‌ဖြစ်စဥ်‌တွေကို အကြမ်းဖျဉ်းအနေနဲ့သာ ဖော်ပြသွားမှာဖြစ်ပြီး၊ အရေးကြီးတာက ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုတိုင်းဟာ တစ်‌ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ ဒါကြောင့်မို့ ဖေဖေ၊ မေမေတို့အနေနဲ့ မိမိတို့ကလေးရဲ့ ဖွံ့ဖြိုးမှုကို နောက်ကျတယ်ထင်တဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုပါလိမ့်မယ်။ ဒါ့အပြင် မိမိတို့ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေ (Developmental milestones) ကို အလွယ်တကူ တွက်ကြည့်လို့ ရနိုင်တဲ့ "ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကို ခြေရာခံနိုင်သည့် ဖုန်းတွင်းသုံးကိရိယာ" (Milestone tracker applications) တွေလည်း ရှိနေပြီဖြစ်တဲ့အတွက် မေမေတို့အနေနဲ့ အလွယ်တကူ ကူးယူ (download ယူ) ပြီး ကြည့်နိုင်ပါတယ်။ ... - [အားဆေး‌အကြောင်း သိကောင်းစရာ (January,2024)](https://www.telekyanmar.org/about-supplements-january-2024/) - လူနာတွေက အားရှိအောင် အားဆေး ဘာသောက်ရမလဲ မေးကြတယ်…. အားဆေးတွေက တကယ်ရော အားရှိလား ???? အားရှိတယ်၊ အလုပ်လုပ်တယ်၊ ပြေးတယ် လွှားတယ်... ဒီလိုမျိုး လှုပ်ရှားမှုတွေအတွက် ခန္ဓာကိုယ်က ကယ်လိုရီ ဆိုတဲ့အရာကို အသုံးပြုပါတယ်။ ကယ်လိုရီတွေက ဘယ်ကရလဲဆိုတော့ ကားဆီဖြည့်သလို 92 ၊ 95 ၊ ဒီဇယ် စတာတွေလိုပဲ ပုံမှန်စားနေတဲ့ ထမင်းဟင်းတွေကနေ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်ဆိုတဲ့ အသွင်နဲ့ ရပါတယ်။ ကိုယ်တွင်း လောင်စာချက်တဲ့ ATP ဆိုတဲ့ ပစ္စည်းလေးထွက်ဖို့အထိကတော့ ကိုယ်တွင်း ဇီဝဖြစ်စဉ်အဆင့်ဆင့်ပေါ့။ ဒီဖြစ်စဉ်တွေမှာ ဗီတာမင် B အုပ်စုလို B1 တို့ B2 တို့လို ဗီတာမင်ဓာတ်လေးတွေက အင်ဂျင်ဝိုင်လိုမျိုး... စက်က ဆီကို ပိုမြန်မြန်သုံးနိုင်အောင် - [စိတ်လေ့ကျင့်ခန်း (Video) (January, 2024)](https://www.telekyanmar.org/mental-health-exercises-video-january-2024/) - ????တင်းမာနေတဲ့ကြွက်သားတွေ ပြေလျော့သွားစေဖို့ ????စိတ်ပူပန်မှုတွေ လျော့နည်းသွားစေဖို့ ????နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အပြင် ????ခေါင်းကိုက်၊ ဗိုက်နာ၊ ဝမ်းပျက်၊ ဝမ်းချုပ် စတာတွေ သက်သာစေမယ့် လေ့ကျင့်ခန်းလေးကို အချိန် (၁၅) မိနစ်ပဲပေးပြီး လိုက်လုပ်ကြည့်ရအောင်နော်... ???? ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️ ????တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။ *** ပိတ်ရက်မရှိပါ *** ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။ https://m.me/telehealthmm (နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ) Ministry of Health, National Unity Government. - [ကလေးတွေမှာ ဖြစ်တတ်တဲ့ Croup ရောဂါ (လေပြွန်ရောင်ခြင်းမှတစ်ဆင့်ဖြစ်တဲ့ ချောင်းဆိုးရောဂါ)(January, 2024)](https://www.telekyanmar.org/croup-january-2024/) - ဒီနေ့အတွက် ဆောင်းတွင်းမှာ ရောဂါပိုးဝင်ရောက်မှုကြောင့် ကလေးတွေမှာ ဖြစ်တတ်တဲ့ Croup ရောဂါ (လေပြွန်ရောင်ခြင်းမှတစ်ဆင့်ဖြစ်တဲ့ ချောင်းဆိုးရောဂါ) အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Croup မှာဆိုရင်တော့ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းမှာ ပိုးဝင်တာဖြစ်ပြီး လေပြွန်ကျဥ်းလာ၊ အသက်ရှူရ ကျပ်လာပြီး ကျယ်ကျယ်လောင်လောင် ဆူညံတဲ့ ချောင်းဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ချောင်းဆိုးခြင်းနဲ့အတူ တခြားလက္ခဏာတွေကတော့ အသံအိုးနဲ့ လေပြွန်တို့ ရောင်ရမ်းတဲ့အတွက်ကြောင့် ဖြစ်ပေါ်လာတာပါ။ ချောင်းဆိုးတဲ့အခါမှာ ရောင်ရမ်းတာမှတစ်ဆင့် ကျဥ်းနေတဲ့လေပြွန်ကို ဖိအားပေးသလို ဖြစ်နေတဲ့အတွက်ကြောင့် ရောင်နေတဲ့ အသံအိုးတွေကနေတစ်ဆင့် ထူးဆန်းကျယ်လောင်တဲ့ ဖျံအော်သံလိုမျိုး ချောင်းဆိုးသံထွက်လာတာ ဖြစ်ပါတယ်။ ... ... Croup ရဲ့ လက္ခဏာ‌တွေကတော့ • ဖျံအော်တဲ့အသံလိုမျိုး ချောင်းဆိုးတာ (ဒီလိုချောင်းဆိုးတာက ငိုတဲ့အချိန်၊ စိတ်လှုပ်ရှားတဲ့အချိန်တွေမှာ ပိုဆိုးတာတွေ့ရပါတယ်။) • ဖျားတာ • - [ဆယ်လီဖြစ်ချင်တဲ့ စိတ်ဝေဒနာ Histrionic Personality Disorder (Video) (January, 2024)](https://www.telekyanmar.org/histrionic-personality-disorder-video-january-2024/) - ဆယ်လီဖြစ်ချင်တဲ့ စိတ်ဝေဒနာ (သို့) Histrionic Personality Disorder (HPD) အနာဂတ်မှာ လူတိုင်း ၁၅ မိနစ်လောက်တော့ နာမည်ကြီးနိုင်တယ်လို့ အင်ဒီဝါးဟိုးလ်း ပြောခဲ့တဲ့စကားဟာ ခုလို လူမှုကွန်ယက်မီဒီယာတွေ ထွန်းကားတဲ့ခေတ်မှာ ပိုပြီးမှန်လာသလိုပါပဲ။ လူ့သဘာဝအလျောက် နာမည်ကြီးချင်၊ ပေါ်ပြူလာဖြစ်ချင်၊ ထင်ပေါ်ချင်ကြပေမယ့် တချို့သောသူတွေကတော့ ပေါ်ပြူလာဖြစ်ဖို့ ထင်ပေါ်ဖို့ ကြိုးစားအားထုတ်ရင်း Histrionic Personality Disorder (HPD) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုကို ရောက်နေရှာတဲ့သူတွေပါ။ ဒီစိတ်ဝေဒနာဟာ ဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲ၊ ဘယ်လိုအမူအကျင့်မျိုးကို သတိထားသင့်သလဲ၊ ဘယ်လိုစိတ်ပိုင်းဆိုင်ရာအကူအညီ ရယူသင့်လဲဆိုတဲ့ စိတ်ဝင်စားဖွယ်အချက်တွေကို ယူရီက မျှဝေပေးထားပါတယ်။ Ministry of Health, National Unity Government. - [ဝိတ်ချလျှက်နဲ့ မကျတဲ့ နည်းလမ်းမှားများ (၁) (January, 2024)](https://www.telekyanmar.org/ဝိတ်ချလျှက်နဲ့-မကျတဲ့-နည/) - ကျန်းမာရေးအတွက်ရော၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက်ရော၊ လှပစေဖို့အတွက်ရောကြောင့် ဝိတ်တက်လာတဲ့အခါ လူတိုင်း ဝိတ်ချဖို့ ကြိုးစားတတ်ကြပါတယ်… ပိန်လိုက်တာလို့ အမြဲပြောခံရတဲ့သူတွေကလွဲလို့ ဝိတ်မများတဲ့သူတွေတောင် ခေတ်စားနေမှုအရ၊ ခန္ဓာကိုယ်ပုံပန်းသွင်နဲ့ပတ်သက်ပြီး လက်ခံထားကြတဲ့ အမြင်တွေအရ လက်မောင်းတုတ်တယ် ဗိုက်ရွှဲတယ်လို့ ကိုယ့်ကိုယ်ကိုယ် မြင်တတ်ကြတာ သဘာဝပါ။ ကဲ ဘာကြောင့်ပဲဖြစ်ဖြစ် ဝိတ်ချချင်တဲ့သူတွေအတွက်ဒီတစ်ပတ်မှာ အကြံပေးလိုပါတယ်…. ဝိတ်ချတဲ့အခါ diet plan တွေ၊ လေ့ကျင့်ခန်းတွေ၊ အဆီတွေ စုပ်ထုပ်တာ၊ ခွဲစိတ်တာ စသဖြင့် နည်းမျိုးစုံရှိကြတာမို့ စာဖတ်သူတွေထဲမှာလည်း နည်းတော်တော်များများ သုံးဖူးတဲ့သူတွေရှိရင် အတွေ့အကြုံ အကျိုးအကြောင်းလေးတွေ ကောမန့်မှာ ဝင်ဆွေးနွေးပေးသွားလို့ ရပါတယ်နော်။ တအားရှည်သွားမှာမို့ ဒီနေ့ကတော့ အပိုင်း (၁) အနေနဲ့ပဲ ဖတ်ရှူပေးကြပါ ???? ... ... ပထမဆုံး မီးမောင်းထိုးပြချင်တဲ့ မှားယွင်းတဲ့ ဝိတ်ချနည်းလမ်းကတော့ - [ကိုယ်တွင်းအင်္ဂါ အစားထိုးခြင်း Transplantation (Living Donor) (January, 2024)](https://www.telekyanmar.org/transplantation-living-donor-january-2024/) - အားလုံးပဲ မင်္ဂလာပါ... ဒီနေ့မှာတော့ အသက်ရှင်စဉ်လှူဒါန်းတဲ့ အသည်းနဲ့ကျောက်ကပ်အလှူရှင်တွေ (living donor) နဲ့ပတ်သက်လို့ တစေ့‌တစောင်းပြောပြပေးမှာ ဖြစ်ပါတယ်။ မိမိတို့ရဲ့ မိဘဆွေမျိုးသားချင်းတစ်ဦးဦးမှာ ကိုယ်တွင်းအင်္ဂါအစားထိုးရုံမှတစ်ပါး အခြားသင့်တော်တဲ့ ကုထုံး မရှိတော့တဲ့အခါ... မိဘဆွေမျိုးတွေကို ကူညီလိုစိတ်အပြင် အသက်ရှည်စေလိုတဲ့စေတနာနဲ့ မိမိတို့ရဲ့ ကိုယ်တွင်းအင်္ဂါ တစ်စိတ်တစ်ပိုင်းကို လှူဒါန်းဖို့ဆုံးဖြတ်ကြလေ့ရှိပါတယ်။ ဘယ်အချိန် အစားထိုးဖို့လိုလဲ ဆိုတာကတော့ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာ၀န်ကြီးတွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ခုကတော့ အလှူရှင်ဖြစ်ချင်တဲ့ လူတစ်ယောက်အနေနဲ့ သိချင်တာ‌လေးတွေ ရှိတတ်တာမို့ မေးလေ့ရှိတဲ့ အမေးအဖြေလေးတွေကို ဖော်ပြပေးသွားပါ့မယ်။ ... ... ၁။ ဘယ်လိုလူတွေက အလှူရှင် ဖြစ်နိုင်ပါသလဲ ???? အသက် ၁၈ - ၆၀ နှစ် အတွင်း ???? ရောဂါရှိသူနှင့် ဆွေမျိုးနီးစပ်တော်သူ ???? သွေးအုပ်စု - [ဝိတ်ကျစေဖို့ - အပိုင်း (၂) (January, 2024)](https://www.telekyanmar.org/to-lose-weight-part-2-january-2024/) - ကယ်လိုရီ ကယ်လိုရီ ဝိတ်ချတဲ့သူတိုင်း အမြဲပြောဖြစ်တဲ့ ဒီစကားလုံး…. လူတစ်ယောက်က ကယ်လိုရီ ဘယ်လောက်လိုသလဲပေါ့။ ဘယ်လောက်လိုလဲ ဆိုတာကတော့ သူ့ရဲ့က်ိုယ်လက်လှုပ်ရှားမှု၊ ကိုယ်တွင်းဇီဝဖြစ်စဉ် ဒါတွေနဲ့ ဆိုင်နေတာပေါ့နော်။ တကယ်တိတိပပ သိချင်ရင်တော့ Bodpod လို့ခေါ်တဲ့ အာကာသက စက်လိုလို ဘာလိုလိုလေးထဲ အဝတ်အစားပါးပါးလေး တစ်ထပ်လောက်ဝတ်ပြီး ဝင်ထိုင်နေ... ပြီးရင် သူ့ခန္ဓာက်ိုယ်က ဘယ်လောက် လောင်စာလိုလဲဆိုတာ အဖြေထွက်ရောတဲ့…. အံ့သြစရာ။ ဒါပေမယ့် ဒါကလက်တွေ့မှာ မသုံးတဲ့နည်း။ လက်တွေ့သုံးလို့ရတဲ့ အကြမ်းဖျဥ်းနည်းကတော့ အောက်မှာ ဆက်ပြောပေးမယ်နော်... လောလောဆယ် ဘယ်သူတွေက ကယ်လိုရီ ပိုလိုအပ်နေသလဲ အရင်လေ့လာကြည့်ရအောင်ပါ။ ကယ်လိုရီ ပိုလိုအပ်တဲ့သူတွေကတော့ ရှင်းပါတယ်….. • အရပ်ရှည်တဲ့သူတွေ • ကြွက်သားထုများတဲ့သူတွေ • ကိုယ်ဝန်ဆောင် • နို့တိုက်မိခင် • ကြီးထွားမှုဖြစ်နေတဲ့ - [အနာကြီးရောဂါအကြောင်း သိကောင်းစရာ Hansen’s Disease (Leprosy)](https://www.telekyanmar.org/hansens-disease-leprosy/) - အနာကြီးရောဂါအကြောင်း သိကောင်းစရာ ✅ ဒီနေ့ ဇန်နဝါရီ ၂၈ ရက်နေ့ဟာ “ကမ္ဘာ့အနာကြီးရောဂါနေ့" ဖြစ်တဲ့အတွက် အနာကြီးရောဂါအကြောင်းကို မျှဝေပေးလိုက်ပါတယ်။ အနာကြီးရောဂါ (Hansen’s disease) ကို လက်ပရိုစီ (Leprosy) လို့ ပိုပြီးအသိများကြပါတယ်။ Mycobacterium leprae လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားဟာ လွန်စွာမှကို နှေးကွေးစွာကြီးထွားလာလေ့ရှိတာကြောင့် ကူးစက်မှုဖြစ်ပွားပြီး လက္ခဏာတွေပေါ်လာဖို့ နှစ် (၂၀) လောက်အထိ အချိန်ကြာတတ်ပါတယ်။ အနာကြီးရောဂါက နှာခေါင်းရဲ့အတွင်းမျက်နှာပြင်၊ အရေပြားနဲ့ မျက်လုံးတွေအပြင် အာရုံကြောတွေကိုပါ ထိခိုက်စေပြီး အရေပြားအောက်မှာ ဖောင်းမို့လာစေပါတယ်။ ဖြစ်ပွားတဲ့နေရာမှာ အထိအတွေ့နဲ့ နာကျင်မှုကို အာရုံခံနိုင်စွမ်းလျော့စေပြီး ထိခိုက်ရှနာနဲ့ အပူလောင်တာတွေကို အလွယ်တကူဖြစ်စေပါတယ်။ များသောအားဖြင့် ဖြစ်ပွားတဲ့အရေပြားကို အရောင်ပြောင်းစေပြီး ခြောက်သွေ့စေ၊ အလွှာလိုက်ကွာကျစေ၊ အထိအတွေ့အာရုံကို - [အမျိုးသားကနေ အမျိုးသမီးဘဝကိုပြောင်းထားတဲ့ လိင်ပြောင်းအမျိုးသမီး (Transgender) တွေဟာ ရာသီလာနိုင်လား Can Transgender Have Period? (January, 2024)](https://www.telekyanmar.org/can-transgender-have-period-january-2024/) - အမျိုးသားကနေ အမျိုးသမီးဘဝကိုပြောင်းထားတဲ့ လိင်ပြောင်းအမျိုးသမီး (Transgender) တွေဟာ ရာသီလာနိုင်လား ???? လိင်ပြောင်းအမျိုးသမီး (Transgender) တွေဟာ ပုံမှန်အမျိုးသမီးတွေလို ရာသီလာတာကို မခံစားရပါဘူး။ ရာသီလာတယ်ဆိုတာဟာ မီးယပ်ရာသီစက်ဝန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီအချိန်မှာ သားအိမ်တွင်းနံရံမှာရှိတဲ့သွေးတွေ ထွက်သွားတာဖြစ်ပါတယ်။ သားအိမ်နဲ့သားဥအိမ် မရှိသူတွေဟာ ရာသီသွေးမဆင်းပါဘူး။ ဒါပေမယ့် လိင်ပြောင်းအမျိုးသမီးတွေဟာ ဟော်မုန်းကုထုံးတွေ ယူရတတ်ပြီး ဟော်မုန်းတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ရာသီလာခါနီး ခံစားရတတ်တဲ့လက္ခဏာစု Premenstrual Syndrome (PMS) နဲ့ Premenstrual dysphoric disorder (PMDD) ဆိုတဲ့ လက္ခဏာတွေကိုတော့ ခံစားရတတ်ပါတယ်။ PMDD ဆိုတာ PMS နဲ့ ဆင်တူပြီး ရောဂါလက္ခဏာတွေကတော့ ပိုမိုပြင်းထန်နိုင်ပါတယ်။ ... ... လိင်ပြောင်းအမျိုးသမီးတွေဟာ နည်းလမ်းအမျိုးမျိုးနဲ့ လိင်ပြောင်းကုသမှု ခံယူကြပြီး အသုံးများတဲ့ - [ခံတွင်းကင်ဆာ မဖြစ်ပွားအောင် ရှောင်ကြဉ်ရမည့် အချက်များ(February, 2024)](https://www.telekyanmar.org/oral-cancer-prevention-in-ethnic-languages-february-2024/) - ဆေးလိပ်နဲ့ ကွမ်းယာဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံက လူတော်တော်များများ မကင်းနိုင်ကြတဲ့ အရာတွေဖြစ်ပါတယ်။ သူတို့မှာပါတဲ့ ကာစီနိုဂျင် (Carcinogen) လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ကင်ဆာမျိုးစုံ ဖြစ်စေနိုင်ပါတယ်။ ဒီထဲမှာမှ ခံတွင်းကင်ဆာကလည်း အပါအဝင်ပေါ့။ အထူးသဖြင့် ကွမ်းစားသူတွေ၊ ဆေးလိပ်၊ အရက် သောက်သူတွေမှာ ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ ဒါကြောင့် ခုတစ်ပတ်မှာတော့ ခံတွင်းကင်ဆာ မဖြစ်ပွားအောင် ရှောင်ကြဉ်ရမည့် အချက်များကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) - [အကိုက်အခဲပျောက်ဆေးကဲ့သို့သော ဆေးဝါးများကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း (Medication Overuse Headache - MOH)](https://www.telekyanmar.org/medication-overuse-headache-moh-february-2024/) - ဆေးဝါးများကို အလွန်အကျွံသောက်သုံးခြင်းကြောင့် ခေါင်းကိုက်ခြင်း (MOH) ဆိုတာဟာ Triptans, Ergotamines, Opiates, NSAIDs နဲ့ Paracetamol လိုမျိုး ဆေးအပြင်းတွေ သို့မဟုတ် အကိုက်အခဲပျောက်ဆေးတွေကို မကြာခဏအသုံးပြုတာကြောင့် ဖြစ်လာတတ်တဲ့ ခေါင်းကိုက်ခြင်းဖြစ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း Migraine (မိသားစုမျိုးရိုးမှာ Migraine ရှိသူ) တွေမှာ အများအားဖြင့် တစ်လကို အနည်းဆုံး (၁၅) ရက်လောက် ခေါင်းကိုက်တာကို ခံစားရလေ့ ရှိတတ်ပါတယ်။ ခေါင်းကိုက်လို့ ဆေးသောက်‌ပေမယ့် တစ်ခါတလေမှာ ခေါင်းကိုက်တာကို ပိုဖြစ်စေပြီး အဲတာကို Rebound headaches လို့ ခေါ်ပါတယ်။ ... ... ???? ဒီလို Medication overuse headache ကို ဘယ်လိုစစ်ဆေးရှာဖွေပြီး ရောဂါအတည်ပြုမလဲ.... လူတစ်‌ယောက်ဟာ အပြင်းစား အကိုက်အခဲပျောက်ဆေးတွေကို - [ဗီတာမင်ဒီ အဆိပ်သင့်ခြင်း](https://www.telekyanmar.org/ဗီတာမင်ဒီ-အဆိပ်သင့်ခြင်/) - Supplement လို့ ခေါ်တဲ့ ဖြည့်စွက်စာတွေ ခေတ်စားလာတဲ့အခါ အားဆေးတွေကို လိုတာထက်ပိုပြီး စားသုံးမှုတွေလည်း ကမ္ဘာတစ်လွှားမှာ မြင့်တက်လာပါတယ်။ ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်ဘီနဲ့ စီတို့လို အားဆေးတွေကို လိုတာထက် ပိုမိုစားသုံးမိရင် ခန္ဓာကိုယ်ထဲမှာ ပိုလာတဲ့ဗီတာမင်တွေကို ဆီးထဲကနေ စွန့်ထုတ်ပစ်လိုက်တာမို့ ပိုက်ဆံကုန်တာကလွဲပြီး ကျန်းမာရေးအတွက် ပြဿနာသိပ်မရှိပါဘူး။ ဒါပေမယ့် ရေမှာမပျော်ဝင်တဲ့ ဗီတာမင်အေ၊ ဒီ၊ အီးနဲ့ ကေတို့ကို လိုတာထက် ပိုပြီးစားသုံးရင်တော့ ပိုလာတဲ့ဗီတာမင်တွေကို စွန့်ထုတ်မပစ်နိုင်ဘဲ ခန္ဓာကိုယ်ထဲမှာ စုမိလာမှာပါ။ အတိုင်းအတာတစ်ခုထက် ပိုများလာတဲ့အခါ ဗီတာမင်အဆိပ်သင့်ခြင်း ဖြစ်လာနိုင်ပါတယ်။ ... ... ၂၁ ရာစုမှာ မြန်မာပြည်မှာသာမက ကမ္ဘာ့နိုင်ငံ‌တော်တော်များများမှာ မျက်နှာအပွင့်ဆုံး ဗီတာမင်ကတော့ ဗီတာမင်ဒီ ဖြစ်ပါတယ်။ သုတွေသနတချို့က ဗီတာမင်ဒီ ချို့တဲ့မှုတွေဟာ ထင်ထားတာထက် ပိုများနေတာကို တွေ့ရှိလာကြပါတယ်။ - [အရက်နှင့် ကျန်းမာရေး Alcohol and Health in Ethnic Language ( December, 2022)](https://www.telekyanmar.org/alcohol-and-health-in-ethnic-language-december-2022/) - ဒီတစ်ပတ်ရဲ့ တိုင်းရင်းသားဘာသာစကား ပညာပေးပို့စ့်လေးကတော့ "အရက်နှင့် ကျန်းမာရေး" ပါ။ ကချင် ၊ ကယား ၊ စကောကရင် ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်း.....စုံစုံလင်လင်လေးဖြစ်အောင် အားထုတ်ထားပါတယ်... အားလုံးကလည်း ကူညီပြီး မျှဝေပေး ၊ Share ပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်နော်... တိုင်းရင်းသားတွေ ဖတ်မိပြီး ကွန်မန့်လေးတစ်ခုလောက် ရရင်ကို ကျေနပ်ပီတိဖြစ်နေရမှာပါ Ministry of Health, National Unity Government. Published on: 18 December 2022Last Updated: 18 December 2022 - [သွေးတိုးရောဂါကာကွယ်ဖို့ Prevention of Hypertension in ethnic language (January, 2023)](https://www.telekyanmar.org/prevention-of-hypertension-in-ethnic-language-january-2023/) - " သွေးတိုးရောဂါကာကွယ်ဖို့ " အကြောင်းလေးကို ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် Published on: 23 January 2023Last Updated: 23 January 2023 - [သွားနှင့် ခံတွင်းရောဂါကာကွယ်ဖို့ Prevention of Oral Diseases in Ethnic Languages (February, 2023)](https://www.telekyanmar.org/prevention-of-oral-diseases-in-ethnic-languages-february-2023/) - သွားနှင့် ခံတွင်းရောဂါကာကွယ်ဖို့ အကြောင်းလေးကို ရေးထားတာပါ ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် Published on: 5 February 2023Last Updated: 5 February 2023 - [သင့်စိတ်ကို ကျန်းမာစေရေးအတွက် For mental health wellbeing in Ethnic Language (February, 2023)](https://www.telekyanmar.org/for-mental-health-wellbeing-in-ethnic-language-february-2023/) - သင့်စိတ်ကို ကျန်းမာစေရေးအတွက် အကြံကောင်း၊ဉာဏ်ကောင်းလေးတွေ ရေးထားတာပါ။ ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် Published on: 12 February 2023Last Updated: 12 February 2023 - [ဆီးချိုရောဂါကို ကာကွယ်နိုင်အောင် စားသောက်နေထိုင်မှုပုံစံလေးတွေ Prevent Diabetes Mellitus in Ethnic Language(February, 2023)](https://www.telekyanmar.org/prevent-diabetes-mellitus-in-ethnic-languagefebruary-2023/) - ဆီးချိုရောဂါကို ကာကွယ်နိုင်အောင် စားသောက်နေထိုင်မှုပုံစံလေးတွေကို ရေးထားတာပါ။ ( ကချင် ၊ ကယား ၊ အရှေ့ပိုးကရင် ၊ အနောက်ပိုးကရင် ၊ စကောကရင် ၊ ချင်း ၊ ဗမာ ၊ မွန် ၊ ထားဝယ် ၊ ရခိုင် ၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် Published on: 19 February 2023Last Updated: 19 February 2023 - [သင့်ဦးနှောက်ကို ကျန်းမာစေရေးအတွက် Facts for Brain Health in Ethnic Language (February, 2023)](https://www.telekyanmar.org/facts-for-brain-health-in-ethnic-language-february-2023/) - "သင့်ဦးနှောက်ကို ကျန်းမာစေရေးအတွက်..." Ministry of Health, National Unity Government. Published on: 26 February 2023Last Updated: 26 February 2023 - [စိတ်ဖိစီးမှုကို လျှော့ချနိုင်ရန် How To Reduce Stress in Ethnic Languages (March, 2023)](https://www.telekyanmar.org/how-to-reduce-stress-in-ethnic-languages-march-2023/) - "စိတ်ဖိစီးမှုကို လျှော့ချနိုင်ရန်..." Ministry of Health, National Unity Government. Published on: 12 March 2023Last Updated: 12 March 2023 - [အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန် "Protecting Yourself from the Heat" (In Ethnic Languages) (April 2023)](https://www.telekyanmar.org/protecting-yourself-from-the-heat-ethnic/) - ဒီတစ်ပတ်မှာတော့.."အပူဒဏ်အန္တရာယ်မှ ကာကွယ်ရန်..." အကြောင်းလေး ရေးပေးထားပါတယ်။.... အခုလိုရာသီဥတုမျိုးမှာ အပူချိန်ဟာ အရမ်းကိုမြင့်မားနေတတ်ပါတယ်။ အထူးသဖြင့် အညာဒေသတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့ခင်းနေအပူချိန်ဟာ ပိုမိုမြင့်မားပါတယ်။ ဒီလို မြင့်မားတဲ့ အပူဒဏ်ကြောင့် မွေးကင်းစလေးတွေ၊ ကလေးငယ်တွေ၊ အသက်ကြီးရင့်သူတွေနဲ့ ရောဂါအခံရှိသူတွေအတွက် အပူဒဏ်ကို ပိုမိုခံစားရနိုင်ပြီး အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် နိုင်ငံအနှံ့မှာရှိတဲ့ တိုင်းရင်းသားမျိုးစုံအတွက် အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ဘယ်လိုနေထိုင်ရမယ် ဘာတွေလုပ်ဆောင်ရမယ်ဆိုတဲ့ အချက်လေးတွေကို သေချာစွာရှင်းပြပေးထားပါတယ်။.... (ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ် ) Ministry of Health, National Unity Government. Published on: 16 April 2023 - [ကျန်းမာရေးကို မတိုက်ခိုက်ရ "Protect Healthcare" (In Ethnic Languages) (May 2023)](https://www.telekyanmar.org/protect-healthcare-in-ethnic-languages/) - မေတ္တာတွေနဲ့ ဖုံးလွှမ်းထားတဲ့ ကမ္ဘာကြီးမှာ တစ်ခါတလေ လောဘ၊ ဒေါသ၊ မောဟစိတ်တွေကြောင့် စစ်မက်တွေ အကျည်းတန်စွာ ဖြစ်ပေါ်လာရပါတယ်။.. ဒီတစ်ပတ်မှာတော့....“ကျန်းမာရေးကို မတိုက်ခိုက်ရ…” အကြောင်းလေးကို ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။ အလံဖြူ၊ ကြက်ခြေနီ၊ ကျန်မာရေးအဆောက်အဦး၊ ဘာသာရေးအဆောက်အဦး၊ ပညာရေးအဆောက်အဦး (စာသင်ကျောင်း) မပစ်ခတ်ရ...စတာတွေကို သိသိကြီးနဲ့ စာနာစိတ်ကင်းမဲ့စွာ မတရားတိုက်ခိုက်နေတဲ့ အာဏာသိမ်း လက်နက်ကိုင်အကြမ်းဖက်စစ်တပ်အုပ်စုကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်နေဆဲပါ။ ဒီ့အတွက်လည်း တစ်ချိန်ချိန်မှာ နိုင်ငံတကာရဲ့အရေးယူမှုဟာ ဧကန်မလွဲ ရောက်ရှိလာပါလိမ့်မယ်…။ ပညာမတတ် အာဏာရူးတွေအတွက်တော့ ဥပဒေ သတ်မှတ်ချက်စည်းကမ်းဘောင်ကို သိသိကြီးနဲ့ ကျူးလွန်နေတဲ့အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ဟာ မြေကြီးလက်ခတ်မလွဲ ရောက်ရှိလာပါလိမ့်မယ် ခင်ဗျာ။.... (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ မွန်၊ ထားဝယ်၊ ရခိုင်၊ ရှမ်းဘာသာစကားများနဲ့ - [တုပ်ကွေးရောဂါ ကာကွယ်ပါ How To Prevent Flu in Ethnic Languages](https://www.telekyanmar.org/how-to-prevent-flu-in-ethnic-languages/) - အခုလို စိုထိုင်းမှုများတဲ့ မိုးတွင်းရာသီကာလမှာ ရာသီတုပ်ကွေးနဲ့ တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများဟာ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ “တုပ်ကွေးရောဂါ ကာကွယ်ပါ” ဆိုတဲ့ အကြောင်းအရာလေးကို ဗဟုသုတအဖြစ် လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [စိတ်ကျန်းမာရေးကို ဂရုစိုက်ရန် နည်းလမ်းများ Mental Health in Ethnic Languages(August,2023)](https://www.telekyanmar.org/mental-health-in-ethnic-languagesaugust2023/) - "စိတ်ပျို ကိုယ်နု" ဆိုတဲ့ ဆိုရိုးစကားအတိုင်း လူတွေရဲ့ စိတ်ပျော်ရွှင်မှုနဲ့ စိတ်ကျန်းမာရေးဟာ တစ်နေ့တာလုပ်ဆောင်မှုတွေအပေါ်မှာ များစွာအကျိုးသက်ရောက်မှု ရှိပါတယ်။ စိတ်မကြည်လင်တဲ့အခါ၊ စိတ်မပျော်ရွှင်ကြတဲ့အခါ ဘယ်အရာကိုမဆို အကောင်းမြင်စိတ် မရှိနိုင်သလို၊ ဘာကိုပဲလုပ်လုပ် အဆင်မပြေတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ အရေးကြီးသလို၊ စိတ်ပိုင်းဆိုင်ရာမှာလည်း ကျန်းမာပျော်ရွှင်ဖို့က လူတိုင်းအတွက် အင်မတန် လိုအပ်လှပါတယ်။ ဒါ့ကြောင့် ဒီအပတ်မှာတော့ စိတ်ကျန်းမာရေးကို ဂရုစိုက်ရန် နည်းလမ်းများကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း - [How To Reduce The Risk Of Getting HIV(August,2023)](https://www.telekyanmar.org/how-to-reduce-the-risk-of-getting-hivaugust2023/) - အောက်ပါနည်းလမ်းများနဲ့ သင့်အား HIV ပိုးကူးစက်နိုင်ခြေကို လျှော့ချလို့ရပါတယ်။ ◼️ လိင်ဆက်ဆံတိုင်း အကာအကွယ် ကွန်ဒုံးသုံးခြင်း။ ◼️ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများအတွက် ပုံမှန်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက ထိရောက်သော ကုသမှုများခံယူခြင်း။ ◼️ မိမိ၏ လိင်ဆက်ဆံဖော်/ပါတနာသည် HIV ပိုးရှိသူဖြစ်ပါက ထိရောက်သောဆေးကုသမှု ခံယူနေကြောင်း သေချာစေခြင်း။ ◼️ မိမိသည် လတ်တလောတွင် HIV ပိုးကူးစက်နိုင်ခြေ များသောသူ (HIV ပိုးရှိသူ၏ လိင်ဆက်ဆံဖော်/ပါတနာ) ဖြစ်ပါက PrEP ကာကွယ်ဆေးကို သောက်သုံးခြင်း။ သို့သော် လက်ရှိ အခြေအနေအရ PrEP ဆေးသည် လူတိုင်းလက်လှမ်းမမီသေးသောကြောင့် အခြားအကာအကွယ် နည်းလမ်းများကိုလည်း အထူးဂရုပြု လိုက်နာခြင်း။ ◼️ HIV ပိုးနှင့် ထိတွေ့မိခဲ့သည်ဟု သံသယရှိသည်နှင့်တပြိုင်နက် တတ်ကျွမ်းသည့် - [ငှက်ဖျားရောဂါ လက္ခဏာများ Malaria Symptoms in Ethnic Languages (September,2023)](https://www.telekyanmar.org/malaria-symptoms-in-ethnic-languages-august2023/) - ဒီအပတ်မှာတော့ အဖြစ်များသော ငှက်ဖျားရောဂါ လက္ခဏာများကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ငှက်ဖျားရောဂါအဖြစ်များသော ဒေသတွင် နေထိုင်သူဖြစ်ပြီး ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ အားနည်းခြင်း၊ တုပ်ကွေးကဲ့သို့ အခြားရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဝန်ထမ်း သို့မဟုတ် တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းနှင့် တိုင်ပင်ကုသသင့်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [စိတ်ဖိစီးမှုကို လျှော့ချရန် နည်းလမ်းများ How To Reduce Stress (September,2023)](https://www.telekyanmar.org/how-to-reduce-stress-september2023/) - လူတိုင်းလူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာ အနည်းနဲ့အများ ရှိတတ်ကြပါတယ်။ မိမိရဲ့ အလုပ်မှာပဲဖြစ်ဖြစ်၊ နေထိုင်ရာ ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် စိတ်ဖိစီးမှုတွေကတော့ ရှိကြစမြဲပါ။ စိတ်ဖိစီးမှုတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း မနည်းလှတဲ့အတွက် ဒီလိုခံစားချက်တွေကို လျှော့ချနိုင်မှ ဖြစ်မှာပါ။ ဒါ့ကြောင့် ဒီအပတ်မှာတော့ စိတ်ဖိစီးမှုကို လျှော့ချရန် နည်းလမ်းများကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [အားလုံးအတွက်ကျန်းမာရေး Health For All (September,2023)](https://www.telekyanmar.org/health-for-all-september2023/) - "အားလုံးအတွက်ကျန်းမာရေး (Health For All)" ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ခွဲခြားဆက်ဆံခြင်း၊ လူမျိုးရေး ခွဲခြားခြင်းနှင့် တန်းတူညီမျှမှု မရှိခြင်းတို့အတွက် နေရာမရှိပါ။ ဒီအကြောင်းအရာကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးထားပါတယ်။ ကိုယ့်မိတ်ဆွေတွေထဲက တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ ဖော်ပြပေးထားပါတယ်) (ပုံလေးတွေကလည်း အဲ့အစဉ်အတိုင်းပါပဲနော်... ????) Ministry of Health, National Unity Government. - [အတက်ရောဂါအကြောင်း Epilepsy in Ethnic Languages (October,2023)](https://www.telekyanmar.org/epilepsy-in-ethnic-languages-october2023/) - ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတစ်ခုဖြစ်တဲ့ အတက်ရောဂါ (Epilepsy) အကြောင်း အခြေခံသိမှတ်ဖွယ်ရာတချို့ကို လူမျိုးပေါင်းစုံ (၁၁) ဘာသာနဲ့ ဖော်ပြပေးထားပါတယ်နော် ???? ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊ ချင်း၊ ထားဝယ်၊ မွန်၊ ရခိုင်၊ ရှမ်း ဘာသာစကားများနဲ့ စုံစုံလင်လင် အစဉ်လိုက် ဖော်ပြပေးထားတာပါ။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေ...???? Ministry of Health, National Unity Government. - [သားအိမ်ခေါင်းကင်ဆာရောဂါကို မဖြစ်ခင် ဘယ်လိုကြိုတင်ကာကွယ်မလဲ How to Prevent Cervical Cancer in Ethnic Languages (February, 2024)](https://www.telekyanmar.org/how-to-prevent-cervical-cancer-in-ethnic-languages-february-2024/) - သားအိမ်ခေါင်းကင်ဆာဆိုတာ Human Papilloma Virus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုး အမျိုးသမီးလိင်အင်္ဂါအဖွဲ့အစည်းအတွင်း ကြာရှည်စွာ တည်ရှိနေခြင်းကနေ ဖြစ်ပေါ်စေပါတယ်။ ဒီကင်ဆာရောဂါဟာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့်လည်း ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ အဖြစ်အများဆုံး ကင်ဆာရောဂါတွေထဲ ပါဝင်နေဆဲပါ။ စောစောသိရင် ပျောက်ကင်းအောင် ကုသနိုင်ပေမယ့် နောက်ကျမှသိရင်တော့ အသက်အန္တရာယ်ရှိစေနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခုတစ်ပတ်မှာတော့ သားအိမ်ခေါင်းကင်ဆာရောဂါကို မဖြစ်ခင် ဘယ်လိုကြိုတင်ကာကွယ်မလဲ၊ ဖြစ်လာခဲ့ရင် သက်သာအောင် ဘယ်လိုကုသမှုတွေ ခံယူကုသရလဲ ဆိုတာတွေကို လွယ်ကူစွာသိရှိနိုင်ဖို့ "သားအိမ်ခေါင်းကင်ဆာ အမြစ်ဖြတ်ကြ" ဆိုတဲ့ အကြောင်းအရာလေးကို လူမျိုးပေါင်းစုံ (၁၀) ဘာသာနဲ့ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို့ မေတ္တာရပ်ခံပါရစေနော်...???? (ဗမာ၊ ကချင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ - [သွေးဆုံးကိုင်ခြင်း ???????????????????????????????????? (June,2022)](https://www.telekyanmar.org/𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲-june2022/) - ဣတထိယတို့နဲ့ သွေးဆုံးကိုင်ခြင်း ဒီတစ်ခေါက်မျှဝေလိုတဲ့အကြောင်းအရာကတော့ အမျိုးသမီးတိုင်း သိထားသင့်တဲ့ Menopause "သွေးဆုံးကိုင်ခြင်း" ပဲဖြစ်ပါတယ်။ အမျိုးသားများလည်း မိမိရဲ့မိခင်၊ ချစ်သူ၊ ဇနီး၊ မိသားစုဝင်အမျိုးသမီးများကို စောင့်ရှောက်နိုင်ဖို့ သိထားသင့်ပါတယ်နော်။ ????အမျိုးသမီးတွေ အပျိုဖော်ဝင်ချိန်မှစပြီး လစဉ်ကြုံတွေ့နေကျ ဓမ္မတာလာခြင်း (ရာသီလာခြင်း) ရပ်တန့်သွားချိန်ကို Menopause လို့ခေါ်ပါတယ်။ မြန်မာလိုတော့ သွေးဆုံးတယ်၊ သွေးဆုံးကိုင်ချိန် ရောက်ပြီလို့ ပြောကြပါတယ်။????သွေးဆုံးကိုင်ချိန်ဆိုတာ နောက်ဆုံးဓမ္မတာလာခြင်းမတိုင်မီ ( နောက်ဆုံးရဲ့ရှေ့က ပုံမှန်ဓမ္မတာလာပြီးနောက် ) ကာလကိုဆိုလိုပြီး အကြမ်းအားဖြင့် လမှ နှစ်ချီပြီး ကြာတတ်ပါတယ်။????ပျမ်းမျှအားဖြင့် အမျိုးသမီးများ အသက် ၄၅-၅၅ နှစ်ကြားမှာ သွေးဆုံးတတ်ကြပါတယ်။ ❓ဘာကြောင့် သွေးဆုံးချိန် ရောက်လာလဲ သားဥအိမ်မှာ မ မျိုးဥများ (ova) ထပ်မရှိတော့ဘဲ oestrogen နဲ့ progestogen လို့ခေါ်တဲ့ - [ရာသီလာခါနီး အပြောင်းအလဲဖြစ်စဉ်များ Premenstrual Syndrome ( July, 2022 )](https://www.telekyanmar.org/premenstrual-syndrome-july-2022/) - ရာသီလာခါနီး အပြောင်းအလဲဖြစ်စဉ်များ “ဒီနေ့ ဘာလုပ်လုပ် စိတ်မကြည်ဘူး။ စိတ်ဆတ်နေတယ်။ အလုပ်လုပ်တာလည်း အာရုံမစူးစိုက်နိုင်ဘူး။ အချိုတွေပဲ စားချင်နေတယ်။ ငိုပဲငိုချင်နေတယ်။” အမျိုးသမီးတွေအနေနဲ့ တစ်လမှာတစ်ခါလောက်တော့ ဒါမျိုး လက္ခဏာတွေ ကြုံဖူးကြမှာပေါ့။ ဒါတွေက ဘယ်အချိန်မှာ ဖြစ်တတ်လဲဆိုတာ ဗေဒင်မေးစရာတောင် မလိုပါဘူး။ သေချာပေါက် ဓမ္မတာမလာခင်ရက်တွေပဲပေါ့။ ဒါကို PMS လို့ခေါ်ကြတာကို တော်တော်များများလည်း ကြားဖူးကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ်။ ဒီနေ့မှာတော့ PMS (Premenstrual Syndrome)လို့ခေါ်တဲ့ ရာသီမလာခင် ခံစားရတတ်တဲ့ လက္ခဏာတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ PMS ဆိုတာဘာလဲ? • PMS ဆိုတာကတော့ Premenstrual Syndrome ကိုခေါ်ဆိုတာ ဖြစ်ပြီးတော့ အမျိုးသမီးတွေမှာ ဓမ္မာတာမလာခင် ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ - [သားဥအိမ် ရေအိတ်ရောဂါအကြောင်းသိကောင်းစရာ Ovarian Cysts (October, 2022)](https://www.telekyanmar.org/သားဥအိမ်-ရေအိတ်ရောဂါအကြ/) - သားဥအိမ် ရေအိတ်ရောဂါအကြောင်းသိကောင်းစရာ(Ovarian Cysts) သားဥအိမ်ဆိုတာ ဘာလဲ ? အမျိုးသမီးတစ်ယောက်ဘဝမှာ ဘယ်လောက်အရေးပါသလဲ ? သားဥအိမ်ဆိုတာဟာ အမျိုးသမီးတွေရဲ့ မျိုးဆက် (မျိုးဥ)ကို လစဥ် ထုတ်လုပ်ပေးတဲ့ ကိုယ်တွင်းအင်္ဂါအမျိုးအစားဖြစ်ပါတယ်။ သားဥအိမ် ဘယ်ညာဆိုပီး (၂)ဘက်ပါသလို သူရဲ့ လုပ်ငန်းဆောင်တာကလည်း အရွယ်ရောက်ပီးအမျိုးသမီး ဘဝကနေ သွေးဆုံးချိန်ထိ တစ်လတစ်ခါ မျိုးဥကြွေပေးခြင်းအမှုကို ထမ်းဆောင်ပါတယ်။ မျိုးဥကြွေခြင်းနဲ့အတူ ဟော်မှုန်းများလည်း ထုတ်ပေးပါသေးတယ်။ သားဥအိမ်မှာဖြစ်တဲ့ ရေအိတ်ဆိုတာဘာလဲ? ကင်ဆာလား? အလုံအကြိတ်ပဲလား? သားဥအိမ် ရေအိတ်အကြောင်း အခုပြောမှာကတော့ တစ်လုံးထဲရှိတဲ့ ရေအိတ်ကိုပြောခြင်းပါ။ သေးသေး လုံးလုံး ပုတီးစေ့လေးလို (၂)လုံးထက်အများကြီးရှိနေခြင်းကိုမဆိုလိုပါ။ ဖြစ်တတ်သော သားဥအိမ် အရည်လုံး အမျိုးအစားများမှာ (၁) Functional Cysts ( သားဥအိမ်မှာပုံမှန်လုပ်ငန်းလုပ်ဆောင်ပီးနောက်ကျန်ရစ်သော အလုံး)နဲ့ (၂) အခြားသောအရည်အိတ်များ - [ကိုယ်ဝန်ပျက်ကျခြင်း Miscarriage (November, 2022)](https://www.telekyanmar.org/miscarriage-november-2022/) - ကိုယ်ဝန်ပျက်ကျခြင်း ( Miscarriage ) ▪️ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်မှာ ဒီလိုဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်က ဘာလို့ငါ့မှာ ဖြစ်ရတာလဲဆိုပြီး တွေးမိတတ်ကြပါတယ်။ သင်သိထားသင့်တာကတော့ သင်ကအမှားတစ်ခုခုလုပ်လို့ ဖြစ်တာမဟုတ်တာမို့ ဝမ်းနည်းနေတာ၊ အပြစ်ရှိတယ်ခံစားရတာမျိုး မဖြစ်ပါနဲ့။ ▪️ကိုယ်ဝန်ပျက်ကျခြင်းဆိုတာ ဘာလဲ ? ကိုယ်ဝန်သက်တမ်း အပတ် ၂၀ မတိုင်ခင် အလိုအလျောက် သန္ဓေသားထွက်ကျခြင်းကို ကိုယ်ဝန်ပျက်ကျခြင်းလို့ခေါ်ပါတယ်။ ကိုယ်ဝန်အပတ် ၂၀ ကျော်သွားရင်တော့ ကလေးအသေမွေးခြင်းလို့ ခေါ်ပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့အခါမှာ သန္ဓေသားရော တခြားကိုယ်ဝန်အစိတ်အပိုင်းတွေရော ထွက်လာတာဖြစ်နိုင်သလို အချို့အစိတ်အပိုင်းတွေ ကျန်ခဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ▪️ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ပတ်သက်ပြီး ထူးခြားတဲ့အချက်အလက်တွေကတော့…. * ကိုယ်ဝန်ဆောင် ၄ ဦးမှာ ၁ ဦးဟာ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ * အချို့ဟာ ကိုယ်ဝန်ရှိပြီးပြီးချင်း ပျက်ကျတတ်လို့ သတိမထားမိဘဲ ဓမ္မတာစက်ဝန်း မမှန်တာလို့ပဲ - [Pregnancy and Folic Acid ( ကိုယ်ဝန်ဆောင်နှင့် ဖောလစ်အက်ဆစ်) (November, 2022)](https://www.telekyanmar.org/pregnancy-and-folic-acid/) - " ကိုယ်ဝန်ဆောင်နှင့် Folic acid " ကျန်းမာတဲ့ကလေးလေးရှိခြင်းက သင်ကိုယ်တိုင်ကလည်း ကျန်းမာရေးကောင်းမွန်တယ်လို့ ဆိုလိုပါတယ်။ အဲ့တော့ သင့်ရင်သွေးလေးမှာ မွေးရာပါချို့ယွင်းခြင်းတွေ မဖြစ်အောင်ကာကွယ်ဖို့ အရေးကြီးဆုံးအချက်ကတော့ လုံလောက်တဲ့ဖောလစ်အက်ဆစ်ပမာဏကို ကိုယ်ဝန်ဆောင်ဖို့ဆုံးဖြတ်လိုက်ချိန်မှစ၍ ကိုယ်ဝန်ဆောင်ချိန်တစ်လျှောက်လုံး နေ့စဉ်ပုံမှန်သောက်သုံးဖို့ပါပဲ။ အရင်ဆုံး ဖောလစ်အက်ဆစ် (Folic acid) ဆိုတာဘာလဲ ပြောပြပါမယ်။ Folic acid ဟာ ဗီတာမင် ဘီ အုပ်စုဝင် ဖြစ်ပါတယ်။ အတိအကျပြောရရင်တော့ ဗီတာမင် B9 ပါ။ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်နဲ့ ပဲတောင့်ရှည်လို အစိမ်းရင့်ရောင်အသီးအရွက်များနဲ့ အစေ့အဆန်တွေမှာ Folic acid ဓာတ် အများဆုံးပါဝင်ပါတယ်။ Folic acidသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ ? အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ဆောင်ဖို့ဆုံးဖြတ်လိုက်ပြီဆိုရင် Folic acid ဓာတ် 400 - [သားအိမ်ကျွံခြင်း သို့ သားအိမ်ကျခြင်းအကြောင်း Uterine Prolapse (February, 2023)](https://www.telekyanmar.org/uterine-prolapse-february-2023/) - သားအိမ်ကျွံခြင်း သို့ သားအိမ်ကျခြင်း အကြောင်း သိကောင်းစရာများ (Uterine Prolapse) "သားအိမ်" ဆိုတာ ရာသီဓမ္မတာလာတာ၊ ကိုယ်ဝန်ဆောင်တာ၊ ရင်သွေးလေးကိုမွေးဖွားတာ စတဲ့ အမျိုးသမီးတွေရဲ့ ဇီဝကမ္မဖြစ်စဥ်တွေအတွက် အင်မတန် အရေးပါလှတဲ့ ‘မ’မျိုးပွားအင်္ဂါတစ်ခုဖြစ်ပါတယ်။ ဟိုအရင်ချိန်ကဆိုရင် လူမည်းအမျိုးသမီး (Black women) တွေဟာ သားအိမ်ကို မိန်းမသားဘဝရဲ့ တန်ဖိုးထားစရာ သင်္ကေတတစ်ရပ်အဖြစ်တောင် စွဲမှတ်ယူကြတယ်လို့ ဆိုပါတယ်။ သားအိမ်နဲ့ ပတ်သက်ပြီး အမျိုးသမီးရောဂါအများအပြားဖြစ်နိုင်တဲ့အထဲက အဖြစ်အများဆုံး တစ်ခုကတော့ "သားအိမ်ကျွံတာ" ဖြစ်ပါတယ်။ သားအိမ် (Uterus) ဟာ အမျိုးသမီးတွေရဲ့ တင်ပဆုံအရိုးကွင်း အတွင်းထဲမှာ ရှိပြီး ကြွက်သားတွေ၊ အရွတ်တွေ၊တစ်ရှူးတွေက သားအိမ်ကို နေရာတကျ ဖြစ်နေအောင် ထိန်းပေးထားရပါတယ်။ ဒီလို သားအိမ်ကို မြဲမြံအောင် ထိန်းထားပေးတဲ့ ကြွက်သား၊ အရွတ်၊ - [ရေမြွှာရည်နည်းခြင်း Oligohydramnios (February, 2023)](https://www.telekyanmar.org/oligohydramnios-february-2023/) - ရေမြွှာရည်နည်းခြင်း (Oligohydramnios) ရေမြွှာရည်ဆိုတာက သန္ဓေသားလေးအသက်ရှင်ဖို့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရေမြွှာရည်ဟာ သန္ဓေသားကို ကာကွယ်ပေးတဲ့အပြင် ကြွက်သား၊ ခြေလက်အင်္ဂါများ၊ အဆုတ်နဲ့ အစာခြေစနစ်တွေ ဖွံ့ဖြိုးဖို့အတွက်လည်း အထောက်အကူပေးပါတယ်။ ကိုယ်ဝန်စရှိပြီး (၁၂) ရက်မြောက်မှာ ရေမြွှာအိတ် (Amniotic sac) စတင်ဖြစ်လာပြီး ရေမြွှာရည် (Amniotic fluid) လည်းဖြစ်လာပါတယ်။ အစပိုင်းမှာတော့ မိခင်ဆီကရတဲ့ရေနဲ့ ရေမြွှာရည်ဖြစ်လာပြီး ကိုယ်ဝန် (၂၀) ပတ်လောက်မှာတော့ သန္ဓေသားရဲ့ဆီးပါ ရောပါလာပါတယ်။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သန္ဓေသားကလည်းကြီးထွားလာပြီး သားအိမ်ထဲလွတ်လပ်စွာလှုပ်ရှားနိုင်ဖို့အတွက် ရေမြွှာရည်ကို လိုအပ်ပါတယ်။ ကိုယ်ဝန်ဒုတိယသုံးလပတ်မှာ သန္ဓေသားဟာ စတင်အသက်ရှူလာနိုင်ပြီး အသက်ရှူရင်း ရေမြွှာရည်တွေကိုလည်း မြိုချမိတတ်ပါတယ်။ အချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ရေမြွှာရည်နည်းလွန်းတာ၊ များလွန်းတာစတဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ ရေမြွှာရည်နည်းတာကို ဆေးပညာအရ "Oligohydramnios" လို့ခေါ်ပြီး ရေမြွှာရည်များတာကိုတော့ - [ရာသီထိန်ခြင်း Amenorrhea (February, 2023)](https://www.telekyanmar.org/amenorrhea-february-2023/) - ရာသီထိန်ခြင်း (Amenorrhea) ရာသီထိန်တယ်ဆိုတာကတော့ ယေဘုယျအားဖြင့်ပြောပြရရင် ပျိုမေတို့ လစဉ်ပုံမှန်လာနေတဲ့ ရာသီစက်ဝန်းလေးက ၆ လ နဲ့ အထက် ရပ်တန့်သွားတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ Published on: 15 February 2023Last Updated: 15 February 2023 - [အမျိုးသမီး လစဉ်သုံးဓမ္မတာခွက်အကြောင်း ဆောင်ရန် ရှောင်ရန်များ Menstrual Cup (March, 2023)](https://www.telekyanmar.org/menstrual-cup-march-2023/) - " အမျိုးသမီး လစဉ်သုံးဓမ္မတာခွက်အကြောင်း ဆောင်ရန် ရှောင်ရန်များ…. " အမျိုးသမီး လစဉ်သုံးဓမ္မတာခွက်ဆိုတာ Menstrual Cup ကိုပြောတာပါ။ သူ့နာမည်အတိုင်းပဲ ရာသီသွေးဆင်းတဲ့အချိန် Pad တွေ မခံကြတော့ပဲ Menstrual cup ခွက်ကို အစားထိုး အသုံးပြုတာပါ။. Published on: 2 March 2023Last Updated: 2 March 2023 - [သားအိမ် အသားလုံးတည်ခြင်းအကြောင်း Uterine fibroid (March, 2023)](https://www.telekyanmar.org/uterine-fibroid-march-2023/) - " သားအိမ် အသားလုံးတည်ခြင်းအကြောင်း (Uterine fibroid) " Published on: 5 March 2023Last Updated: 5 March 2023 - [ရင်သားအဆီကျိတ် "Fibrocystic Breast" (April 2023)](https://www.telekyanmar.org/fibrocystic-breast/) - ရင်သားအဆီကျိတ် (Fibrocystic breast) Fibrocystic breast ဆိုတာက ကင်ဆာမဟုတ်ဘဲ ရင်သားမှာ အဆီအလုံးအကျိတ်လေးတွေ ပေါ်လာခြင်း ဖြစ်ပါတယ်။ ဒီလိုရင်သားမှာ အလုံးအကျိတ်ဖြစ်တိုင်း ကြောက်စရာတော့မလိုပါဘူး။ Fibrocystic breast အမျိုးအစားဆိုရင် သိပ်စိုးရိမ်စရာမရှိပါဘူး။ အမျိုးသမီးတွေရဲ့တစ်ဝက်လောက်မှာ ဒီ Fibrocystic breast disease ဖြစ်နိုင်ခြေ ရှိတယ်လို့လည်း ဆိုကြပါတယ်။ အများစုကတော့ ရင်သားမှာ အလုံးအကျိတ်စမ်းမိတာကလွဲပြီး အခြားသောလက္ခဏာတွေတော့ မရှိတတ်ကြပါဘူး။ . Published on: 7 April 2023 Last updated: 7 April 2023 - [သားအိမ်အနေအထား နောက်သို့လန်နေခြင်း "Retroverted Uterus (April 2023)"](https://www.telekyanmar.org/retroverted-uterus-april-2023/) - "သားအိမ်အနေအထား နောက်သို့လန်နေခြင်း (Retroverted Uterus)" Retroverted uterus ဆိုတာ သားအိမ်က ပုံမှန်ရှိသင့်တဲ့အနေအထားအတိုင်း သားအိမ်အဝ (cervix) နားမှာ အရှေ့ဘက်ကို ကွေးနေတာမျိုးမဟုတ်ဘဲ၊ အနောက်ဘက်ကို ပြန်ကွေးနေတာမျိုး ဖြစ်ပါတယ်။ Retroverted uterus လိုပဲ သားအိမ်က အရှေ့ဘက်ကို ပုံမှန်ထက် ပိုကွေးနေတဲ့ Anteverted uterus ဆိုတာလည်း ရှိပါတယ်။ ဒီိနှစ်မျိုးလုံးဟာ "tilted uterus (စောင်းနေတဲ့သားအိမ်)" ဆိုတဲ့ အမျိုးအစားထဲ ပါပါတယ်။ . Published on: 12 April 2023 Last updated: 12 April 2023 - [အမျိုးသမီးများ သားဥကြွေချိန် နာကျင်ခြင်း "Mittelschmerz Pain" (April 2023)](https://www.telekyanmar.org/mittelschmerz-pain-april-2023/) - “အမျိုးသမီးများ သားဥကြွေချိန် နာကျင်ခြင်း (Mittelschmerz pain)” အမျိုးသမီးတွေတိုင်းမှာ ရာသီစက်ဝန်းနဲ့ ပတ်သက်ပြီး နာနာကျင်ကျင် ခံစားရတဲ့ အချိန် (၂) ချိန် ရှိပါတယ်။ တစ်ချိန်ကတော့ အများသိကြတဲ့အတိုင်း ဓမ္မတာလာတဲ့အချိန် ခံစားရတာဖြစ်ပြီး နောက်တစ်ချိန်ကတော့ ရာသီမတိုင်ခင် (၁၄) ရက် (အတိအကျပြောရရင် သားဥကြွေတဲ့အချိန်) မှာ ခံစားရတဲ့ နာကျင်မှုပဲ ဖြစ်ပါတယ်။ ဒါကိုတော့ ဆေးပညာအခေါ်အဝေါ်အရ Mittelschmerz pain လို့ ခေါ်ပါတယ်။ သူကတော့ ဂျာမန်စကားက ဆင်းသက်လာတာဖြစ်ပြီး Middle pain လို့ အဓိပ္ပာယ်ရပါတယ်။ ဝမ်းဗိုက်အောက်ပိုင်း ဆီးစပ်ရဲ့ တစ်ဘက်မှာပဲ နာကျင်လေ့ရှိပြီး ရာသီစက်ဝန်းရဲ့ ကြားကာလ (တစ်နည်းပြောရရင်) နောက်ထပ်ရာသီလာချိန်မတိုင်ခင် (၁၄) ရက်ခန့်အလိုမှာ နာကျင်တတ်တာ ဖြစ်ပါတယ်။ Mittelschmerz pain - [Women's Health and White Discharge (Part-2) (April 2023)](https://www.telekyanmar.org/white-discharge-part-2/) - အမျိုးသမီးတွေအနေနဲ့ အဖြူဆင်းခြင်းကို တွေ့ ကြုံခံစားရလေ့ရှိပေမယ့်လည်း တစ်ခါတရံမှာ မှိုရောဂါကြောင့်လည်း အဖြူဆင်းတတ်ပါတယ်။ မှိုရောဂါကြောင့်ဖြစ်တဲ့ အဖြူဆင်းခြင်းရဲ့ သတိပြုရမယ့် လက္ခဏာတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ နေထိုင်မှုပြောင်းလဲခြင်းဆိုင်ရာ အကြံပြုချက်တွေကို သားဖွားမီးယပ်အထူးကု ဒေါက်တာကြယ်စင်က ရှင်းလင်းစွာဝေမျှထားပါတယ်။ အပိုင်း(၁)ကို မကြည့်ရသေးရင်လည်း ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ (Watch Video Part-1) Ministry of Health, National Unity Government. Published on: 21 April 2023 Last updated: 21 April 2023 - [ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်လို့ရလား? Pregnant Women & Exercises](https://www.telekyanmar.org/pregnant-women-exercises/) - ကိုယ်ဝန်ဆောင်ချိန် လေ့ကျင့်ခန်းလုပ်လို့ရလား? ကိုယ်ဝန်ကြီးနဲ့ Gym မှာအပြင်းအထန်လေ့ကျင့်နေကြတဲ့ Video တွေ၊ ပုံရိပ်တွေကို ခုနောက်ပိုင်း အတော်များများ မြင်တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ အများစုနားလည်လက်ခံထားကြတာက ကိုယ်ဝန်ရှိနေရင် မလှုပ်ရှားရဘူး၊ အထဲက ကလေးမထိခိုက်အောင် ငြိမ်ငြိမ်လေးနေရမယ်ဆိုတာပါပဲ။ ကိုယ်ဝန်ဆောင်တွေ တကယ်ပဲလေ့ကျင့်ခန်း မလုပ်ရဘူးလား? ကျန်းမာတဲ့ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ ပုံမှန်အတိုင်းပဲ ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်နိုင်ပါတယ်။ နှလုံးခုန်နှုန်းမြန်စေ၊ ချွေးထွက်စေတဲ့ Moderate - Intensity (အတန်အသင့်ကနေ ပြင်းထန်တဲ့) လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒီထဲမှာ ဥပမာပေးရရင် ခပ်သွက်သွက်လမ်းလျှောက်တာ၊ ပေါင်းသင်မြက်နုတ်လို ဥယျာဉ်အလုပ်တွေလုပ်တာ၊ ခြေလက်တွေကိုလှုပ်ရှားပြီး အေရိုးဗစ်ကျင့်တာတွေပါဝင်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို တစ်ပတ်မှာ အနည်းဆုံး မိနစ် (၁၅၀) လောက်တောင် လုပ်ပေးသင့်ပါတယ်။ စောမွေးတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ အလေးချိန်ကျဆင်းတာမျိုး လုံးဝမဖြစ်စေပါဘူး။ နောက်ထပ်ဘာတွေလုပ်နိုင်လဲဆိုရင် (၁) ရေကူးတာနဲ့ - [မိန်းမကိုယ် ရောင်ရမ်းခြင်း Vulvitis](https://www.telekyanmar.org/vulvitis/) - “မိန်းမကိုယ် ရောင်ရမ်းခြင်း (Vulvitis)” ???? Vulvitis ဆိုတာ ဘာလဲ Vulvitis ဆိုတာ အမျိုးသမီးအင်္ဂါ (vulva) ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ Vulva လို့ပြောရင် မွေးလမ်းကြောင်း (vagina) ကို ဝန်းရံထားတဲ့ အရေပြားနဲ့အတူ မိန်းမကိုယ်ရဲ့ အပြင်နှုတ်ခမ်း (labia majora) ၊ အတွင်းနှုတ်ခမ်း (labia minora) နဲ့ မိန်းမအင်္ဂါအစေ့ (clitoris) တို့ ပါဝင်ပါတယ်။ ရောဂါပိုးကူးစက်တဲ့အခါ၊ ဓာတ်မတည့်တဲ့အခါနဲ့ ဒဏ်ရာရတဲ့အခါတွေမှာ မိန်းမကိုယ် ရောင်ရမ်းတတ်ပါတယ်။ Vulva သည် ခန္ဓာကိုယ်ရဲ့ ပူနွေးစိုစွတ်တဲ့အပိုင်း ဖြစ်ပြီး ရောဂါပိုးကူးစက်ခံရဖို့ လွယ်ကူပါတယ်။ ???? Vulvitis နဲ့ Vaginitis နဲ့ ဘာကွာလဲ Vulvitis ရော Vaginitis ရောဟာ - [ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း Oral Sex (November,2023)](https://www.telekyanmar.org/oral-sex-november2023/) - ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း လိင်ပိုင်းဆိုင်ရာ တက်ကြွမှုရှိတဲ့ လူငယ်အများစုဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း (Oral Sex) ကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုအကာကွယ်မဲ့ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဟာ အချို့သောရောဂါပိုး ကူးစက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ . ????ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းဆိုတာ ဘာလဲ။ ဘယ်လိုအမျိုးအစားတွေ ရှိလဲ။ ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်း (Oral Sex) ဆိုတာ ပါးစပ်၊ နှုတ်ခမ်းနဲ့ လျှာ စတာတွေကိုသုံးပြီး မိမိ partner ရဲ့ မျိုးပွားအင်္ဂါနဲ့ စအိုဝ စတာတွေကို လိင်စိတ်တက်ကြွအောင် လှုံ့ဆော်ပေးတာဖြစ်ပါတယ်။ Oral sex ကို အမျိုးအစား ခွဲခြားထားတာတွေ ရှိပါတယ်။ အဲဒါတွေကတော့ … * Fellatio — ပါးစပ်နှင့် အမျိုးသားအင်္ဂါလိင်တံကို ထိတွေ့ဆက်ဆံခြင်း * Cunnilingus - [ရာသီသွေးအဆင်းနည်းခြင်း Oligomenorrhoea (December,2023)](https://www.telekyanmar.org/oligomenorrhoea-december2023/) - ရာသီသွေးအဆင်းနည်းခြင်း (Oligomenorrhoea) အမျိုးသမီးတွေရဲ့ နေ့စဥ်ဘဝကျန်းမာရေးမှာ ရာသီစက်ဝန်းကလည်း အရေးကြီးတဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတိုင်းအနေနဲ့ မိမိရဲ့ကျန်းမာရေးအတွက် လစဥ်လတိုင်း မိမိရဲ့ဓမ္မတာကို ဂရုစိုက်နေဖို့ အရေးကြီးပါတယ်။ ဒီနေ့မှာတော့ ဓမ္မတာပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ရာသီသွေးအဆင်းနည်းခြင်းအကြောင်းကို ပြောပြသွားမှာပါ။ ... ... အမျိုးသမီးတွေမှာ ပုံမှန်ဆိုရင် (၂၈) ရက်ကြာတစ်ခါ ရာသီစက်ဝန်း လည်လေ့ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ခါနဲ့တစ်ခါအကြား (၂၁) ရက်ကနေ (၃၅) ရက်ထိကြာတတ်ပြီး ဒီလောက်ကာလအပိုင်းအခြားကို ပုံမှန်လို့ သတ်မှတ်နိုင်ပါတယ်။ ရာသီသွေး အဆင်းနည်းရင်တော့ ရာသီစက်ဝန်းတစ်ခုနဲ့တစ်ခုကြား ကာလအပိုင်းအခြားဟာ ကမောက်ကမ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံမှာ ‌ရှေ့လ ဓမ္မတာလာပြီး နောက်ထပ် (၃၅) ရက်ကျော် ကြာတဲ့အထိ ရာသီသွေးမဆင်းဘဲ ရှိတတ်ပါတယ်။ တစ်လတစ်ခါ မှန်မှန် ဓမ္မတာလာရမယ့်အစား - [မိန်းမကိုယ်သန့်စင်ဆေးရည် Feminine Wash (January,2024)](https://www.telekyanmar.org/feminine-wash-january2024/) - မိန်းမကိုယ်သန့်စင်ဆေးရည် (Feminine Wash) က အမျိုးသမီးတွေအတွက် တကယ်လိုအပ်ရဲ့လား❓❓❓ လူမှုကွန်ယက် (Social media) မှာ ဩဇာလွှမ်းမိုးသူ ဒါမှမဟုတ် ထင်ပေါ်‌ကျော်ကြားသူ (Influencers) တွေအပြင် တချို့ဆရာဝန်တွေကိုယ်တိုင်တောင် မိန်းမကိုယ်သန့်စင်ဆေးရည်ဟာ သုံးသင့်ကြောင်း၊ ပိုကောင်းကြောင်းပြောနေတော့ တကယ်ရော လိုအပ်ရဲ့လားဆိုတာ မေးစရာဖြစ်လာပါတယ်....... အရင်ဆုံး မိန်းမကိုယ်သန့်စင်ဆေးရည် (Feminine wash) ဆိုတာ ကြော်ငြာတွေထဲမှာပြောသလို ... "သင့်ရဲ့မျက်နှာအတွက် မျက်နှာသစ်ဆေး လိုအပ်သလို၊ သင့်ရဲ့ ဆံကေသာအတွက် ခေါင်းလျှော်ရည်လိုအပ်သလို၊ မိန်းမကိုယ်နဲ့ အတွင်းပိုင်းအတွက် မိန်းမကိုယ်သန့်စင်ဆေးရည် (Feminine wash) ဟာ လိုအပ်ပါတယ်" ဆိုပြီး ကြော်ငြာတော့ တကယ်လိုအပ်ရဲ့လား ....... ❌❌❌ အဖြေကတော့ လုံးဝ မလိုအပ်ပါ (No ပါ) ❌❌❌ ... ... - [ရင်သားဆီလီကွန်ထည့်ခြင်း Silicone Breast Implants (January,2024)](https://www.telekyanmar.org/silicone-breast-implants-january2024/) - ရင်သားဆီလီကွန်ထည့်ခြင်း အခုနောက်ပိုင်း အင်မတန်ကိုမှ ခေတ်စားလာတဲ့ ရင်သားကြီးထွားအောင် ခွဲစိတ်ပြုပြင်ခြင်းကို Breast Augmentation (Augmentation mammoplasty) လို့ ခေါ်ပါတယ်။ ရင်သားတစ်သျူး (သို့) ရင်ဘတ်ကြွက်သားရဲ့အောက်မှာ Breast Implants လို့ခေါ်တဲ့ အစားထိုးပစ္စည်းတစ်ခုခုကိုထည့်ပြီး ရင်သားကြီးအောင် ခွဲစိတ်ကုသကြပါတယ်။ ဘယ်လိုပစ္စည်းလဲဆိုရင် ဆီလီကွန်ကိုယ်ထည်ထဲမှာ ဆီလီကွန်ဂျယ်လ် (သို့) အရည်တစ်မျိုး (Saline) ကို ထည့်ထားတဲ့ပစ္စည်းပဲ ဖြစ်ပါတယ်။ ဟိုးအရင်ကတော့ ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသမီးတွေမှာ ယုံကြည်မှုပြန်ရှိလာစေဖို့ ရင်သားဆီလီကွန်ကို ထည့်ပေးလေ့ရှိကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကျန်းမာတဲ့အမျိုး‌သမီးတွေကပါ ကိုယ့်ရဲ့ ရင်သားအရွယ်အစားကို စိတ်ကြိုက်ပုံဖော်နိုင်စေဖို့ ပြုလုပ်လာကြပါတယ်။ စစ်တမ်းတွေအရ ရင်သားဆီလီကွန် ထည့်ကြသူအများစုဟာ . . . - အသက်အရွယ်ကြောင့်ဖြစ်စေ၊ မီးဖွားလိုက်တာကြောင့်ဖြစ်စေ၊ ကိုယ်အလေးချိန် ကျသွားလို့ဖြစ်‌စေ ရင်သားသေးငယ်သွားတဲ့အတွက် - [ပုံမှန်မဟုတ်သော မိန်းမကိုယ်သွေးဆင်းခြင်း Dysfunctional Uterine Bleeding (January, 2024)](https://www.telekyanmar.org/dysfunctional-uterine-bleeding-january-2024/) - ပုံမှန်မဟုတ်သော မိန်းမကိုယ်သွေးဆင်းခြင်း (Dysfunctional Uterine Bleeding) ပုံမှန်မဟုတ်သော သွေးဆင်းခြင်း (DUB) ဆိုတာ ပုံမှန်ရာသီလာတာနဲ့မတူဘဲ သွေးဆင်းတဲ့ရက်၊ သွေးဆင်းတဲ့ ပမာဏပုံစံတွေ ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ DUB ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်တွေက DUB ကို ရာသီမမှန်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်းလို့ ခေါ်ကြပါတယ်။ အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံခန့်လောက်က ပုံမှန်မဟုတ်တဲ့ သွေးဆင်းခြင်း (DUB) ကို တွေ့ကြုံခံစားဖူးတယ်လို့ ဆိုပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ပျိုဖော်စဝင်ချိန်နဲ့ ရာသီသွေးဆုံးချိန်တွေမှာ ပိုဖြစ်တတ်ပါတယ်။ အများအားဖြင့် DUB ဟာ ပြင်းထန်တဲ့ ရောဂါလက္ခဏာ မဟုတ်ပါဘူး။ အချို့ကိစ္စတွေမှာတော့ သိသာတဲ့သွေးဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။ ... ... ???? ရောဂါလက္ခဏာတွေက ဘာတွေလဲ • - [ဘောင်းဘီထဲ အီးထွက်ကျတတ်တဲ့ကလေး Encopresis (March, 2022)](https://www.telekyanmar.org/encopresis-ဘောင်းဘီထဲ-အီးထွက်ကျတ/) - ???? ဘောင်းဘီထဲ အီးထွက်ကျတတ်တဲ့ကလေး (Encopresis) ???? အပြင်သွားခါနီး ရေချိုးအဝတ်အစားလဲပြီးချိန်/ မိတ်ဆွေသူငယ်ချင်းတွေနဲ့ စားသောက်နေတဲ့အချိန် “အီးပါချလိုက်ပြီ” ဆိုပြီး ကိုယ့်ကလေးက မျက်နှာငယ်လေးနဲ့ လာပြောတာကို ကြုံဖူးကြပါမှာပါ။ အီးပါ၊ရှူးပေါက်ချင်ရင် ပြောပြတတ်အောင် သင်ပေးထားရက်နဲ့ ဘောင်းဘီထဲ အီးအီးပါချလိုက်တာက ဖေဖေ၊ မေမေတို့အတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေမှာပါ။ တကယ်တော့ ကလေးလေးတွေ ကိုယ်တိုင်လည်း သူတို့ရဲ့ ခံစားချက်ကို ပြောမပြတတ်လို့ပါ။ သူတို့ကိုယ်တိုင်လည်း ဒီလိုကိစ္စမျိုးအတွက် စိတ်ရှုပ်ကြပါတယ်။ ဒီပြဿနာကို အင်္ဂလိပ်လို “ Encopresis” လို့ခေါ်ပါတယ်။ ❓ Encopresis ဆိုတာဘာလဲ ဝမ်းထိန်းထားလို့မရဘဲ ထွက်ကျတာပါ။ ( တစ်ခါတလေ ကလေးထိန်းတွေ၊ အဖေအမေတွေရဲ့ စိတ်ထဲ ဒီကလေးလေး ဉာဏ်မကောင်းဘူး၊ တမင်ပါချတာလို့ ထင်တတ်ပါတယ်။ ရိုက်နှက်ဆုံးမတာမျိုး လုပ်တတ်ပါတယ်။ - [အော်တစ်ဇင် ကလေးငယ်များ Autism Spectrum Disorder( July, 2022)](https://www.telekyanmar.org/autism-july-2022/) - အော်တစ်ဇင် ကလေးငယ်များ အားလုံးပဲ မိမိပတ်ဝန်းကျင်မှာ အော်တဇင်လို့ ပြောပြောနေတဲ့ ရောဂါတစ်ခုအကြောင်းကို ကြားဖူးကြမယ်ထင်ပါတယ်။ ဒီနေ့မှာတော့ တော်တော်များများ အမေးများနေကြတဲ့ autism spectrum disorder လေးအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Autism Spectrum disorder (ASD) ဆိုတာ ဘာလဲ? • ASD ဆိုတာကတော့ ဖွံ့ဖြိုးမှုနဲ့သက်ဆိုင်တဲ့ ရောဂါတစ်ခုဖြစ်ပြီး အသက် (၃)နှစ်လောက်မှာ စဖြစ်တာကို တွေ့ရပါတယ်။ Autism ကြောင့် လူတွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် သူတို့လေးတွေက ကိုယ်စိတ်ဝင်စားတဲ့ အရာတွေကိုပဲ ထပ်ခါတလဲလဲ လုပ်နေတတ်ကြပါတယ်။ Autism လေးတွေမှာ အဓိကအားဖြင့်တော့ အချက် (၃)ချက်တွေ့ရပါတယ်။ အဲ့ဒါတွေကတော့- လူမှုဆက်ဆံရေးမှာ ပုံမှန်မဟုတ်ခြင်း- လူတွေနဲ့ ပြောဆိုဆက်သွယ်ဖို့ရာ ခက်ခဲခြင်း- - [မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး နှင့် ဆောင်ရန်ရှောင်ရန်များ Benefits of Breast Feeding ( July, 2022)](https://www.telekyanmar.org/benefits-of-breast-feeding-july-2022/) - မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူး နှင့် ဆောင်ရန်ရှောင်ရန်များ ( July, 2022 ) လူသားတစ်ဦးအတွက် မိခင်ဝမ်းမှထွက်ပြီး ပထမဦးဆုံးစားသုံးရသောအရာမှာ မိခင်နို့ပင်ဖြစ်ပေသည်။ မိခင်နို့ရည်သည် ကလေးဘဝကျန်းမာရေး အတွက်အတွက်သာမက ၊ ကလေးအရွယ်ရောက်ချိန်အထိ ကျန်းမာရေးအတွက်အရေးကြီးပါသည်။ Published on: 26 July 2022Last Updated: 26 July 2022 - [သေးခံကြောင့်ဖြစ်တဲ့ အနီစက်များ Nappy rash (February, 2023)](https://www.telekyanmar.org/nappy-rash-february-2023/) - သေးခံကြောင့်ဖြစ်တဲ့ အနီစက်များ ( Nappy rash) သေးခံ (Diaper) ဝတ်တဲ့ ကလေးတွေမှာ အရေပြားရောင်ရမ်းပြီး အနီစက်လို အစက်အပြောက် တွေကြောင့် မေမေတို့ စိတ်ညစ်ရဖူးပါသလား? အဲ့တာကို Nappy rash လို့ ခေါ်ပါတယ်။ဒီလိုအစက်တွေက ကလေးငယ်ရဲ့ လိင်အင်္ဂါ၊ တင်ပါး၊ ပေါင်ခြံတို့လို သေးခံ (Diaper)နဲ့ ထိတွေ့ထားရတဲ့ အရေပြားနေရာတွေမှာ အဖြစ်များတာကို တွေ့ရပါတယ်။ Published on: 10 February 2023Last Updated: 10 February 2023 - [ဂေါက်ရောဂါသည်များအတွက် အစားအသောက်နှင့် အာဟာရ (Nutrition for Gout Patients)](https://www.telekyanmar.org/nutrition-for-gout-patients-january-2023/) - " အဆစ်အမြစ်ရောင် ဂေါက်ရောဂါသည်များအတွက် အစားအသောက်နှင့် အာဟာရ " ဂေါက်ရောဂါဆိုတာ မစိမ်းဘူးလို့တော့ ထင်ပါတယ်။ ဂေါက်တောက်တောက်ဖြစ်တဲ့ ရောဂါနဲ့တော့ မမှားနဲ့ပေါ့နော်.... အဆစ်တွေလည်း ကျိုးမတတ် နာကိုက်ရသေး၊ စိတ်မနှံ့သူလို့လည်း အထင်ခံရသေးရင်တော့ လူနာခမျာ အတော်သနားစရာ ကောင်းသွားမှာ.... ဂေါက်ရောဂါအကြောင်း အသေးစိတ်ရေးထားပေးတာကိုတော့ အရင်ကတင်ဖူးတဲ့ပို့စ်မှာ ဖတ်ကြည့်လို့ရပါတယ်။ ( ရှာနေရမှာစိုးလို့ ကောမန့်မှာ လင့်ချပေးထားပါတယ် ) ကဲ ပထမဆုံးအနေနဲ့ .... ဘာတွေမတည့်ဖူးလဲ။ ဘာရှောင်ရမလဲကနေ စလိုက်ရအောင်ပါ .. ရှောင်ရန်ကို ၂ပိုင်းခွဲပြောပါမယ်။ ပထမတစ်ပိုင်းက အဆစ်ရောင်ပြီး ဝေဒနာအရမ်းဆိုးဝါးနေတဲ့အချိန်နဲ့ ဒုတိယတစ်ပိုင်းက အမြဲတမ်းအတွက် ဆင်ခြင်သင့်တာလေးတွေ ဆိုပြီးပါ။ . ပထမတစ်ပိုင်းဖြစ်တဲ့ အရမ်းနာကျင်ကိုက်ခဲရောင်နေတဲ့အချိန်မှာဆိုရင် ၁။ ရှောင်ရမှာကတော့ ပြူရင်း (purine) များတဲ့ အစားအစာတွေ ရှောင်ရပါမယ် - [အားကစာလုပ်ရင်း ထိခိုက်ဒဏ်ရာရခြင်း (Sport Injuries)](https://www.telekyanmar.org/sport-injuries-january-2023/) - အားကစားလုပ်တာ၊ ကျန်းမာရေးလိုက်စားတာတွေက ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုပါ။ တစ်ခါတစ်ရံမှာတော့ လေ့ကျင့်ခန်းလုပ်ရင်း၊ အားကစားလုပ်ရင်းနဲ့တခြားကိုယ်လက်လှုပ်ရှားရတာတဲ့ကစားနည်းတွေကစားရင်း ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ဒဏ်ရာက ခဏပဲဖြစ်တာရှိသလို ရေရှည်ကုသမှုလိုတဲ့ဒဏ်ရာအထိ ဖြစ်နိုင်ပါတယ်။ . ♦️ဘယ်သူတွေမှာ အားကစားလုပ်ရင်း ဒဏ်ရာပိုရနိုင်သလဲ ? ကိုယ်လက်လှုပ်ရှားရင် ဒဏ်ရာရတာက လူတော်တော်များများမှာ အဖြစ်များပါတယ်။ အများဆုံးဖြစ်တတ်တဲ့သူတွေကတော့ - ခန္ဓာကိုယ်အလေးချိန်များသူတွေ - အားကစားလုပ်နေစဉ် အကာအကွယ်ပစ္စည်းတွေ သေချာမဝတ်သူတွေ (ဥပမာ-စကိတ်စီးသူတွေ) - သွေးပူလေ့ကျင့်ခန်း မလုပ်မိသူတွေ - ဘောလုံး၊ လက်ဝှေ့ကဲ့သို့ အချင်းချင်း တိုက်မိ ခိုက်မိနိုင်သော အားကစားလုပ်သူတွေ - ခုန်တာ၊ ပြေးတာတွေ လုပ်ရများ​တဲ့ အားကစားသမားတွေ (ဥပမာ-ပြေးခုန်ပစ်) - မျက်နှာပြင် ညီညာမှုမရှိတဲ့နေရာတွေမှာ အားကစားလုပ်သူတွေ - လုပ်နေကျ အလေ့အကျင့်မရှိဘဲ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်စလုပ်တာ - မတော်တဲ့ဖိနပ် ဝတ်ပြီးအားကစားလုပ်မိတာ…. စတာတို့ - [ဝက်ခြံ (Acne)](https://www.telekyanmar.org/acne-january-2023/) - ဝက်ခြံပေါက်တာဟာ ဟော်မုန်းအပြောင်းအလဲစဖြစ်တဲ့ ဆယ်ကျော်သက်အရွယ်မှာ အဖြစ်များပါတယ်။ လူပျို၊ အပျိုဖော်ဝင်ချိန်မှာ ကျားဟော်မုန်း (Androgen) များလာတာနဲ့ ဆက်စပ်ပါတယ်။ ယောက်ျားလေးတွေမှာ အသက် (၁၃) နှစ်ကနေ (၁၈) နှစ်အတွင်းအရွယ်မှာ ဝက်ခြံစထွက်တတ်ပြီး အသက် (၁၈-၁၉) နှစ် အရွယ်လေးတွေမှာ ပိုပေါက်တတ်ပါတယ်။ မိန်းကလေးတွေမှာတော့ အသက် (၁၄) နှစ် ပတ်ချာလည် ရာသီသွေးစပေါ်ချိန်ဟာ ဝက်ခြံအထွက်အများဆုံးအချိန်ပါ။ ဝက်ခြံပေါက်တတ်တဲ့ မျိုးရိုးရှိရင် ကိုယ်တိုင်လည်း ဝက်ခြံထွက်ဖို့ရာ ရာခိုင်နှုန်းများပါတယ်။ . ???? ဝက်ခြံဘာလို့ဖြစ်ရတာလဲ ? အရေပြားရဲ့ အဆီထုတ်ဂလင်းတွေမှာ အဆီတွေ၊ ဖုန်မှုန့်တွေ၊ ဆဲလ်သေတွေနဲ့ ပိတ်ဆို့သွားတဲ့အခါ အရေပြားမှာကပ်တွယ်နေတဲ့ ဘက်တီးရီးယားပိုးတွေဟာ ပွားများပေါက်ပွားလာပြီး ဝက်ခြံပေါက်လာပါတယ်။ ဒါ့အပြင် ဘတ်တီးရီးယားပိုးတွေက ထုတ်တဲ့ ဓာတုဓာတ်ပစ္စည်းတွေကြောင့် မျက်နှာအရေပြားကို ရောင်ရမ်းစေပြီး ဝက်ခြံကိုပိုဆိုးစေပါတယ်။ - [အမျိုးသမီးလစဥ်သုံးပစ္စည်းနှင့် အရေပြားရောင်ရမ်းခြင်း](https://www.telekyanmar.org/menstrual-pad-rash-january-2023/) - " အမျိုးသမီးလစဉ်သုံးပစ္စည်း(pad)ကြောင့် အရေပြားရောင်ရမ်းခြင်း " ????‍♀️ ဓမ္မတာလာချိန်မှာ အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ် နာကျင်ကိုက်ခဲတာတွေ၊ ဟော်မုန်းအတက်အကျအလိုက် စိတ်ခံစားချက်အပြောင်းအလဲတွေ ခံစားရလေ့ရှိပါတယ်။ တစ်ချို့အမျိုးသမီးတွေမှာတော့ လစဉ်သုံးပစ္စည်း (pad)နဲ့ ဓာတ်မတည့်ခြင်း၊ အရေပြားပွန်းခြင်းတို့ကြောင့် ပိုပြီးစိတ်ရှုပ်ရပြန်ပါတယ်။ . . ???? Pad rash ဆိုတာ ? လစဉ်သုံးပစ္စည်း (pad)သုံးစွဲရာမှ မိန်းမကိုယ်တစ်ဝိုက် အရေပြားရောင်ရမ်းလာခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် လစဉ်သုံးပစ္စည်းမှာပါဝင်တဲ့ အရာဝတ္ထုတွေနဲ့ ဓာတ်မတည့်ရာမှ တုံ့ပြန်မှုတစ်ခုဖြစ်ပါတယ်။ အဖြစ်အများဆုံး လက္ခဏာတွေကတော့... • ယားယံခြင်း • အရေပြား ခြောက်သွေ့ပြီး နီရဲရောင်ရမ်းခြင်း • အဖုအပိန့်နှင့် အရည်ကြည်ဖုများပေါက်ခြင်း • အချိန်ကြာကုတ်ဖဲ့ရာမှ အရေပြားထူလာခြင်း၊အနာဖြစ်ခြင်း • လက်သည်းမှတစ်ဆင့်ပိုးဝင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ . . - [မသန်စွမ်းသူများကို လူမှုနယ်ပယ်အတွင်း ပါဝင်လာအောင် ပြုလုပ်ရာတွင် တားဆီးနေသော အဟန့်အတားများ Disability Barriers to Inclusion](https://www.telekyanmar.org/disability-barriers-to-inclusion-february-2024/) - ဒီတစ်ပတ်မှာတော့ မသန်စွမ်းသူတွေကို လူမှုနယ်ပယ်အတွင်း ပါဝင်လာအောင် ပြုလုပ်ရာမှာ တားဆီးနေတဲ့ အဟန့်အတားတွေ (Disability barriers to inclusion) အကြောင်းကို ပြောပြချင်ပါတယ်။ ဒီနေရာမှာ အရင်တစ်ခေါက်က ရေးထားတာလေးတွေကို နည်းနည်းလောက် ပြန်‌ကောက်ပါရစေ။ မသန်စွမ်းသူ‌ (People with disabilities - PWD) တွေကို ကာကွယ်ပေးဖို့ ရေးဆွဲခဲ့တဲ့ သာတူညီမျှအက်ဥပဒေ Equality Act 2010 အရ "လူတစ်ယောက်မှာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းတာ‌တွေရှိနေပြီး အဲဒါက ပုံမှန်နိစ္စဓူဝလုပ်ငန်းတွေကို မလုပ်နိုင်လောက်အောင် အချိန်ကြာကြာနဲ့ သိသိသာသာ သက်ရောက်နေစေမယ်ဆိုရင် အဲဒါကို မသန်စွမ်းခြင်း (Disability) လို့ မှတ်ယူရမယ်" ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ မသန်စွမ်းသူတွေကို လူမှုနယ်ပယ်အတွင်းမှာ ပုံမှန်အတိုင်း ပါဝင်‌လာအောင်ပြုလုပ်ခြင်းကို Social - [ဆေးရုံတွေမှာ ကူးစက်တတ်တဲ့ ရောဂါပိုးတွေအကြောင်း Nosocomial Infections](https://www.telekyanmar.org/nosocomial-infections-january-2023/) - ကူးစက်ရောဂါပိုးအများစုဟာ လူအများအကြား ပြင်ပပတ်ဝန်းကျင်မှာ ကူးစက်ကြပါတယ်။ ဒါပေမယ့် ဆေးရုံတွေမှာ ကုသမှုခံယူနေရင်း ကူးစက်ခံရတတ်တဲ့ ရောဂါပိုးတွေလည်းရှိနေပါတယ်... ဒါတွေကို Nosocomial infections လို့ ခေါ်ပါတယ်။ တစ်နည်းအားဖြင့် Healthcare-Associated Infections လို့လည်း သုံးနှုန်းကြပါတယ်။ ရောဂါပိုးဟာ ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် (သို့) မှိုပိုး အမျိုးမျိုး ဖြစ်နိုင်ပြီး တချိူ့ရောဂါပိုးတွေဟာ ဆေးဝါးတွေကို ခံနိုင်ရည်ရှိနေတဲ့ ပိုးအမျိုးအစားတွေ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် nosocomial infectionဟာ သေနှုန်းမြင့်သော ပိုးဝင်ခြင်းတစ်ခုဖြစ်ပြီး မဖြစ်အောင် ကာကွယ်ဖို့ အရေးကြီးလှပါတယ်။ . . ???? ဘယ်ကနေတစ်ဆင့် ရောဂါပိုး ဝင်နိုင်သလဲ ? များသောအားဖြင့် လူနာ​များရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ပိုးမွှားများမှတစ်ဆင့် ဖြစ်နိုင်ပါတယ်။ ပွင့်နေတဲ့အနာ ၊ ပိုးရှိတဲ့ဆီးနဲ့ မစင်မှတစ်ဆင့်လည်း - [မေးခိုင်ပိုးဝင်ခြင်း ( Tetanus )](https://www.telekyanmar.org/tetanus-january-2023/) - ????မေးခိုင်ရောဂါ ဆိုတာဘာလဲ ? မေးခိုင်ရောဂါဆိုတာ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ ဒီရောဂါပိုးဟာ ဒဏ်ရာရရှိတဲ့ နေရာကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်လာပါတယ်။ ဒီ့နောက် ပိုမိုပွားများလာပြီး အဆိပ်တစ်မျိုးကို ထုတ်ပါတယ်။ ဒီအဆိပ်ဟာ ကြွက်သားလှုပ်ရှားမှုကိုထိန်းချုပ်တဲ့ ပင်မအာရုံကြောထိရောက်သွားပြီး ကြွက်သားတွေ နာကျင်စွာတောင့်တင်းစေခြင်း၊ အသက်ရှုရခက်ခဲစေခြင်း စတဲ့ဝေဒနာတွေကို ခံစားရစေပါတယ်။ . . ???? ရောဂါပိုး ဘယ်လိုဝင်လဲ ? ရောဂါပိုးဟာ မြေကြီး၊ ဖုန်ထူတဲ့နေရာတွေနဲ့ အချို့သောအရာဝတ္ထုပစ္စည်းတွေမှာ ရှိနေနိုင်ပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ တစ်ခုခုနဲ့ထိခိုက်မိပြီး ဒဏ်ရာရသွားတဲ့အခါ ဒီဒဏ်ရာထဲကို ပိုးဝင်နိုင်ပါတယ် ။ ဥပမာ- မြေပြင်ပေါ်သို့ချော်လဲပြီး ပေါက်ပြဲဒဏ်ရာရခြင်း၊ သံစူးခြင်း . . ???? ဘယ်လိုလက္ခဏာတွေပြမလဲ ? ပိုး​ဝင်ပြီးနောက် ရောဂါအစပျိုးချိန်ဟာ ၂ - [လှုံ့ဆော်မဲ့ အာရုံများ ပေါ်ပေါက်လာခြင်း (Hallucination)](https://www.telekyanmar.org/hallucination-january-2023/) - ♦️လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ်ဆိုတာ.... လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တယ်ဆိုတာ တကယ်မရှိဘဲ ရှိတယ်ထင်နေတာလို့ ဆိုရပါမယ်။ တကယ်မရှိဘဲ မြင်နေရတာ ၊ အနံ့တွေရတာနဲ့ အထိအတွေ့တွေ ခံစားမိတာအထိ လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာတွေရှိပါတယ်။ . . ♦️လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်ဖို့ အဖြစ်များတာကတော့ • စိတ်ကစဥ့်ကလျားရောဂါ (Schizophrenia) ရှိသူတွေရဲ့ (၇၀) ရာခိုင်နှုန်းက အမြင်နဲ့ဆိုင်တဲ့ လှုံ့ဆော်မဲ့ အာရုံတွေ ပေါ်ပေါက်တတ်ပြီး (၆၀) ကနေ (၉၀) ရာခိုင်နှုန်းကတော့ အသံတွေကြားရတတ်ပါတယ်။ • ပါကင်ဆန်ရောဂါ (Parkinson’s disease) ရှိသူရဲ့ တစ်ဝက်လောက်က အမြင်နဲ့ပတ်သတ်ပြီး လှုံ့ဆော်မဲ့ အာရုံပေါ်ပေါက်တာတွေ ရှိတတ်ပါတယ်။ • အယ်လ်ဇိုင်းမားရောဂါ (Alzheimer's disease) နဲ့ အခြားသတိမေ့ရောဂါ (Dementia) တွေမှာဆိုရင်လည်း ရောဂါကျွမ်းလေလေ လှုံ့ဆော်မဲ့ - [ကလေးတစ်ယောက် သွက်သွက်လက်လက် ရှိ/မရှိဆိုတာ သူ့ရဲ့မိခင်အပေါ် များစွာမူတည်ပါတယ် Active Mother & Child (January, 2024)](https://www.telekyanmar.org/active-mother-child-january-2024/) - ????‍♀️ကလေးတစ်ယောက် သွက်သွက်လက်လက် ရှိ/မရှိဆိုတာ သူ့ရဲ့မိခင်အပေါ် များစွာမူတည်ပါတယ်။ အင်္ဂလန်နိုင်ငံက လေးနှစ်အရွယ်ကလေးငယ် (၅၅၄) ယောက်နဲ့ သူတို့ရဲ့မိခင်တွေကို လေ့လာစမ်းသပ်ခဲ့တဲ့ တွေ့ရှိချက်အရ… မိခင်ဖြစ်သူ ပြုလုပ်ခဲ့တဲ့ ကိုယ်လက်လှုပ်ရှားမှု ပမာဏရဲ့ (၁၀) % ဝန်းကျင်ဟာ ကလေးရဲ့ကိုယ်လက်လှုပ်ရှားမှုပြုတဲ့ ပမာဏဖြစ်ပါတယ်တဲ့။ ဥပမာ- မိခင်က တစ်နေ့ကိုတစ်နာရီလောက် လှုပ်လှုပ်ရှားရှားနေရင် ကလေးက ဆယ်မိနစ်ခန့် လှုပ်လှုပ်ရှားရှားလိုက်နေပါတယ်။ ပင်ကိုယ်သဘာဝအားဖြင့် ကလေးငယ်တွေက ဆော့ကစားရုံကလွဲလို့ သွက်သွက်လက်လက် သိပ်မလှုပ်ရှားတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ အနီးကပ်ဆုံးအတုယူစရာက မိဘတွေဖြစ်တာကြောင့် မိခင်က သွက်သွက်လက်လက်နေရင် ကလေးကပါ သွက်သွက်လက်လက်ရှိတတ်ပါတယ်။ မိခင်ဖြစ်လာတဲ့အခါ အိမ်ရှင်မပီသအောင် အိမ်အလုပ်တွေက တစ်ဖက်၊ ကလေးဝေယျာဝစ္စက တစ်ဖက်နဲ့ ကိုယ်လက်လှုပ်ရှားပြုလုပ်ဖို့ အချိန်သိပ်မရတတ်ကြပါဘူး။ တချို့ အပြင်စီးပွားရေး၊ ရုံးအလုပ် လုပ်ကြတဲ့မိခင်တွေဆို ပိုဆိုးပါသေးတယ်။ ရုံးထိုင်၊ - [Measles (Video) (January, 2024)](https://www.telekyanmar.org/measles-video-january-2024/) - ၀က်သက်​ရောဂါ (Measles) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာ မနက်ဖြန်ဆိုရင် ၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဒီ ၃ နှစ်အတွင်းပြည်သူလူထုအ​နေနဲ့ ဒုက္ခမျိုးစုံကို တစ်​နေ့မပြတ် ခံစားကြရပါတယ်။ စစ်တပ်အာဏာသိမ်းခြင်း​ကြောင့် အသက် ၅ နှစ်​အောက် က​လေးငယ်များစွာဟာ ကာကွယ်​ဆေးထိုးနှံနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါ​ကြောင့် ကာကွယ်​ဆေးထိုးနှံတိုက်​ကျွေးပြီး ကာကွယ်နိုင်တဲ့​ရောဂါ​တွေကို မကာကွယ်နိုင်တဲ့အပြင် အချို့​သော​ရောဂါ​တွေဟာ ကပ်ရောဂါအသွင် ကူးစက်နိုင်တဲ့အန္တရာယ်ရှိတာ​ တွေ့ရပါတယ်။ ဒီ​ရောဂါ​တွေထဲမှာ ကူးစက်ပျံ့ပွားလွယ်တဲ့ ၀က်သက်​ရောဂါနဲ့ပတ်သက်ပြီး ​ရောဂါဘာ​ကြောင့်ဖြစ်တယ်၊ ဘယ်လိုကူးစက်တယ်၊ ဘယ်လို​ရောဂါလက္ခဏာ​တွေ ပြတတ်တယ်၊ ​နောက်ဆက်တွဲ ဘယ်လို​ရောဂါ​တွေဖြစ်နိုင်တယ်၊ ဘယ်လိုကာကွယ်နိုင်တယ် စတဲ့ အ​ရေးကြီးတဲ့အချက်​တွေကို ​မေကံ​ကောင်းက ​ဝေမျှ​ပေးထားပါတယ်။ Ministry of Health, National Unity Government. - [IBS (Irritable Bowel Syndrome) ရှိတဲ့သူတွေအတွက် အစားအသောက် FODMAP](https://www.telekyanmar.org/irritable-bowel-syndrome-fodmap/) - IBS (Irritable Bowel Syndrome) ရှိတဲ့သူတွေအတွက် FODMAP ကိုရှောင်ပါလို့ ပြီးခဲ့တဲ့အပတ်က အကြမ်းဖျဥ်းပြောခဲ့တာ မှတ်မိကြမယ်လို့ ထင်ပါတယ်။ FODMAP ဆိုတာ foods high in Fermentable Oligosaccharides, Disaccharides, Monosaccharides And Polyols ကို ဆိုလိုတာပါ။ ဒီတော့ ဘယ်အစားအသောက်တွေက ဒါတွေပါဝင်နေလဲ သိထားဖို့လိုလာပါပြီ။ .. .. FODMAP များတဲ့ အစားအစာတွေက…. အသီးအနှံ (ကညွတ််၊ ပန်းမုန်လာ၊ မှို​) တွေ၊ ပျားရည်၊ သကာရည် ၊ နွားနို့၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျုံ၊ (oat) အုတ်၊ ဘာလီ၊ ပဲအမျိုးမျိုးတို့ပါ။ ကဲ…အားလုံး အကြိုက်တွေချည်း ရှောင်ရမလို ဖြစ်နေပြီလို့တော့ မထင်စေချင်ပါဘူး။ အူရောင်လွယ်၊ - [သန့်ရှင်းသော သောက်သုံးရေကို ရှာဖွေခြင်း How to Find Water in the Wild ( January 2022)](https://www.telekyanmar.org/how-to-find-water-in-the-wild-january-2022/) - သန့်ရှင်းသော သောက်သုံးရေကို ရှာဖွေခြင်း =================== ???? နိဒါန်း လူ့ခန္ဓာကိုယ် အသက်ရှင်ရပ်တည်ရန်အတွက် ရေသည် မရှိမဖြစ် အရေးပါလှပါသည်။ ခန္ဓာကိုယ်၏ သုံးပုံနှစ်ပုံခန့်ကို ရေဓာတ်ဖြင့်ဖွဲ့စည်းထားသည်ဟု အကြမ်းဖျင်း မှတ်ယူနိုင်သည်။ ရေဓာတ်ခမ်းခြောက်ခဲ့လျှင် သက်ရှိဆဲလ်များ ကျုံ့ဝင်သွားပြီး ၊ သွေးလည်ပတ်မှုရပ်ဆိုင်းကာ ကိုယ်တွင်းကလီစာများထံသို့ အောက်စီဂျင်ပေးပို့နိုင်တော့မည်မဟုတ်သောကြောင့် ရှင်သန်ရန်မဖြစ်နိုင်တော့ချေ။ ရေဓာတ်ခမ်းခြောက်မှုသည် နောက်ဆုံးရေသောက်အပြီး (၆) နာရီကြာလျှင် စတင်ပါသည်။ တစ်ရက်ခန့် ရေမသောက်ဘဲနေရပါက ခန္ဓာကိုယ်ကို ဆိုးရွားစွာထိခိုက်စေပြီး (၃) ရက်ခန့် ရေမသောက်ရပါက အသက်ဆုံးရှုံးနိုင်ပါသည်။ မိမိခန္ဓာကိုယ် ကျန်းမာစေရန် နေ့စဥ် ရေ (၂) လီတာနီးပါး ပုံမှန်သောက်သုံးရန် လိုအပ်သလို သောက်သုံးသည့်ရေမှာလည်း သန့်ရှင်းရန်လိုအပ်လှပါသည်။ မြစ်ချောင်း၊ အင်းအိုင်များမှ ရေများသည် အမြင်အားဖြင့် သန်ရှင်းသည်ဟုထင်ရစေကာမူ ၊ အမှန်အားဖြင့် ဘက်တီးရီးယားနှင့် - [ကလေးတွေမှာ အဖြစ်များတဲ့ infantile beriberi လို့ခေါ်တဲ့ ဗီတာမင် B1 ချို့တဲ့တဲ့ ရောဂါအကြောင်း (November, 2022)](https://www.telekyanmar.org/infantile-beriberi-november-2022/) - မွေးကင်းစကလေးငယ်တွေဘဝမှာ လိုအပ်တဲ့အာဟာရတွေ တစ်နည်းအားဖြင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပြည့်ဝနေဖို့ အလွန်အရေးကြီးလှပါတယ်။ ဒီနေ့မှာတော့ မွေးကင်းစကလေးတွေမှာ အဖြစ်များတဲ့ infantile beriberi လို့ခေါ်တဲ့ ဗီတာမင် B1ချို့တဲ့တဲ့ ရောဂါအကြောင်းကို ဖော်ပြလိုပါတယ်။ Infantile Beriberi ရောဂါဟာ မြန်မာနိုင်ငံက မွေးကင်းစ နို့စို့အရွယ်ကလေးတွေမှာ တော်တော့်ကို အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဓိကကတော့ ကလေးကိုနို့တိုက်တဲ့ မိခင်ရဲ့ အစားရှောင်လွန်းတဲ့ ပြဿနာကြောင့်ပဲ ဖြစ်ပါတယ်။ ဗီတာမင် B1 က ဘာတွေလုပ်ဆောင်လဲ? Thiamine လို့ခေါ်တဲ့ ဗီတာမင် B1က ခန္ဓာကိုယ်ရဲ့ ကစီဓာတ်ကို ဖြိုခွဲပြီး ဆဲလ်တွေကနေ စွမ်းအင်ထုတ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပြီး နှလုံး၊ ဦးနှောက်နဲ့ အာရုံကြောစနစ်တွေ ကောင်းစွာလည်ပတ်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။ အဲ့ဒီအတွက် မွေးကင်းစကလေးတိုင်းမှာ - [How to quit smoking "ဆေးလိပ် ဘယ်လို ဖြတ်ရမလဲ" (November, 2022)](https://www.telekyanmar.org/how-to-quit-smoking/) - ကမ္ဘာပေါ်မှာ နှစ်စဉ်နှစ်တိုင်း ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးသူ လူဦးရေ (၈)သန်းလောက် ရှိပါတယ်။ အဲ့ဒီထဲကမှ (၇)သန်းလောက်ကတော့ ကိုယ်တိုင်ကိုယ်တိုင်ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးတာဖြစ်ပြီး (၁.၂)သန်းလောက်ကတော့ ကိုယ်တိုင်သောက်သုံးတာကြောင့် မဟုတ်ဘဲ second-hand smokeကြောင့် သေဆုံးတာ ဖြစ်ပါတယ်။ second-hand smokeဆိုတာကတော့ ဆေးလိပ်ငွေ့ကို နှစ်ရှည်လများ ကာလတော်တော်ကြာ ရှူရှိုက်မိတာကို ဆိုလိုပါတယ်။ အထူးသဖြင့် ဆေးလိပ်စွဲသောက်တတ်တဲ့သူတွေနဲ့ အနီးကပ်နေထိုင်ရသူ၊ မိသားစုဝင်တွေ ဖြစ်တာများပါတယ်။ ကိုယ်တိုင်မသောက်သုံးတာတောင် ဒီလိုကာလအကြာကြီး ဆေးလိပ်ငွေ့တွေကို ရှူနေရတဲ့အခါ သူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် အဆုတ်ကို ထိခိုက်ပြီး သေဆုံးတာပဲ ဖြစ်ပါတယ်။ Published on: 11 November 2022Last Updated: 11 November 2022 - [ဗီတာမင်အေ ချို့တဲ့ခြင်း Vitamin A Deficiency (November, 2022)](https://www.telekyanmar.org/vitamin-a-deficiency-november-2022/) - " ဗီတာမင်အေ ချို့တဲ့ခြင်း " ◽Vitamin A ဟာ ခန္ဓာကိုယ်လုပ်ငန်းဆောင်တာများအတွက် အလွန်အရေးကြီးတဲ့ အဆီတွင်ပျော်ဝင်နိုင်သောဗီတာမင်အမျိုးအစားတစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာသောအမြင်အာရုံ၊ ကောင်းမွန်သော ကိုယ်ခံစွမ်းအား၊ မျိုးပွါးခြင်းနှင့် နုပျိုကျန်းမာသော အသားအရေတို့အတွက် Vitamin A ဟာ အရေးကြီးတဲ့ကဏ္ဍက ပါဝင်ပါတယ်။ ◽အစားအစာများမှာ တွေ့ရတဲ့ Vitamin A အုပ်စု ၂ မျိုး ရှိပါတယ်။ Retinol လို့ခေါ်တဲ့ preformed Vitamin A ကို အသား၊ ငါး၊ ဥအမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့ရပါတယ်။ နောက်ထပ် Provitamin A ကတော့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို စားသုံးပြီးနောက်မှ ခန္ဓာကိုယ်က ကယ်ရိုတီးနွိုက် (carotenoids) ကနေ Vitamin A အဖြစ်သို့ - [စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများအကြောင်း NSAIDs ( December, 2022)](https://www.telekyanmar.org/nsaids-december-2022/) - စတီးရွိုက်မပါသော အကိုက်အခဲပျောက်ဆေးများအကြောင်း ( NSAIDs ) မြန်မာနိုင်ငံမှာက အကိုက်အခဲပျောက်ဆေးနဲ့ အရောင်ကျဆေးတွေဟာ ဆရာဝန်ညွှန်ကြားချက်မပါလည်း လွယ်လွယ်ကူကူဝယ်လို့ ရနေတာဆိုတော့ လူအများဟာ ဒီလိုဆေးတွေရဲ့ ကြောက်စရာကောင်းတဲ့ဘေးထွက်ဆိုးကျိုးတွေကို မသိကြပါဘူး။ ဆေးတွေဟာ ရောဂါလက္ခဏာတွေကို ခဏတာသက်သာစေနိုင်ပေမယ့် ရေရှည်စွဲသောက်ရင် ဘေးထွက်ဆိုးကျိုးအရမ်းများပါတယ်။ ဒါကြောင့် NSAIDs အကြောင်းကို ဗဟုသုတအနေနဲ့ ပြောပြပေးလိုက်ပါတယ်။.. Published on: 8 December 2022Last Updated: 8 December 2022 - [ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင် ဘယ်လိုကစားနည်း ကစားမလဲ Cardio vs Weights for weight loss (February, 2023)](https://www.telekyanmar.org/cardio-vs-weights-for-weight-loss-february-2023/) - ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင် ဘယ်လိုကစားနည်း ကစားမလဲ ? Cardio Vs Weight Lifting မှာ ဘယ်တစ်ခုက ပိုပြီး မြန်မြန် ကိုယ်အလေးချိန်ကျစေလဲ၊ ဘယ်ဟာကပိုကောင်းတာလဲ ? ဒီမေးခွန်းလေးတွေ မဖြေခင် Cardio နဲ့ Weight Lifting ရဲ့အကြောင်းလေး အရင်မိတ်ဆက်ပါရစေ။ Cardio Exercise ဆိုတာ နှလုံးခုန်နှုန်းကို မြန်စေပြီး အလေးအပင် မဖို့/သုံးဖို့ မလိုတဲ့ ကြိုးခုန်တာ၊ ပြေးတာ စတဲ့ ကစားနည်းတွေကို ပြောတာပါ။ Weight Lifting ဆိုတာကတော့ အလေးတုံးကို အသုံးပြုပြီး ခန္ဓာကိုယ်ကြွက်သားအားနဲ့ ကစားရတဲ့ လေ့ကျင့်ခန်းမျိုးပါ။. Published on: 23 February 2023Last Updated: 23 February 2023 - [“ သေးငယ်တဲ့ ချီယာစေ့လေးတွေရဲ့ ကျန်းမာရေးအကျိုးပြုပုံ ” Health Benefits of Chia Seeds (March, 2023)](https://www.telekyanmar.org/health-benefits-of-chia-seeds-march-2023/) - “ သေးငယ်တဲ့ ချီယာစေ့လေးတွေရဲ့ ကျန်းမာရေးအကျိုးပြုပုံ ” Chia seeds ဆိုတာ မက္ကဆီကိုမှာ အဓိကပေါက်တဲ့ Salvia hispanica L. ဆိုတဲ့ အပင်ကရတဲ့ အစေ့လေးတွေ ဖြစ်ပါတယ်။ ချီယာစေ့မှာ အမျှင်ဓာတ်၊ အသားဓာတ်၊ ခန္ဓာကိုယ်အကျိုးပြု အဆီဓာတ် omega-3, omega-6၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants)စတဲ့ ခန္ဓာကိုယ်အကျိုးပြုတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝတာမို့ အာဟာရပညာရှင်တွေက “စူပါအစားအစာ (super food)” လို့တောင် တင်စားကြပါတယ်။ ဒါဆို ချီယာစေ့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေနဲ့ သိထားသင့်တဲ့ သတိထားစရာ အချက်လေးတွေကို ဆက်ဖတ်ကြည့်ပါနော်….... Published on: 13 March 2023Last Updated: 13 March 2023 - [စတီးရွိုက် (steriod) ဆေးများအကြောင်း Corticosteroids (March, 2023)](https://www.telekyanmar.org/corticosteroids-march-2023/) - " လူအများအကျွမ်းတဝင်ရှိသော စတီးရွိုက် (steriod) ဆေးများအကြောင်း " စတီးရွိုက်ဆေးတွေ (Corticosteroids) ကို အရောင်ကျဆေးအနေနဲ့ အသုံးများပြီး အဆစ်မြစ်ရောင်ရောဂါများနဲ့ လေးဘက်နာရောဂါတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးရတဲ့ဆေးတွေအဖြစ် အသိများပါတယ်။ Published on: 16 March 2023Last Updated: 16 March 2023 - [အစားအစာ (မြေပဲ) နှင့် ဓာတ်မတည့်ခြင်း Peanut Allergy (March, 2023)](https://www.telekyanmar.org/16861-2/) - " အစားအစာ (မြေပဲ) နှင့် ဓာတ်မတည့်ခြင်း (Peanut Allergy) " Published on: 17 March 2023Last Updated: 17 March 2023 - [Vaping ရှူတာ အန္တရာယ် ရှိနိုင်လား (March, 2023)](https://www.telekyanmar.org/vaping-march-2023/) - Vaping ရှူတာ အန္တရာယ် ရှိနိုင်လား ? Vaping ဆိုတာ e-cigarette နဲ့ vape pen အစရှိတဲ့ လက်ကိုင်ကိရိယာတစ်မျိုးထဲ ဓာတုရည် (e-liquid) ကို ထည့်ပြီး အပူပေးကာ ရလာတဲ့ အငွေ့ကို ရှူရှိုက်တာ ဖြစ်ပါတယ်။ စီးကရက်/ဆေးလိပ် သောက်တာနဲ့ ဆင်ပေမယ့် vaping မှာတော့ ဆေးရွက်ကြီး (tobacco) ကို မီးရှို့တဲ့အစား e-liquid အငွေ့ကို ရှူသွင်းတာ ဖြစ်ပါတယ်။.... Published on: 20 March 2023Last Updated: 20 March 2023 - [အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း Medication overuse headache (March, 2023)](https://www.telekyanmar.org/medication-overuse-headache-march-2023/) - အကိုက်အခဲပျောက်ဆေး အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Medication overuse headache) ကျန်းမာခြင်းဟာ လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာရေးကို ဂရုစိုက်ဖို့က အင်မတန် အရေးကြီးပါတယ်။ ဒါပေမယ့် “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားအတိုင်း မိမိဂရုစိုက်တာဟာ လွန်လွန်ကျွံကျွံမဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုတာထက်ပိုပြီး ဆေးတွေကို ပိုသုံးခဲ့ရင် ရှိရင်းစွဲရောဂါဟာ မပျောက်ဘဲ ပိုတိုးလာနိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်သုံးခြင်းကြောင့် ဖြစ်တတ်တဲ့ ခေါင်းကိုက်ရောဂါ (medication overuse headache) ဟာ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့သူတွေမှာ ခေါင်းကိုက်ပျောက်ဆေးတွေကို ကာလရှည်ကြာစွဲသောက်တဲ့အတွက် ဘေးထွက်ဆိုးကျိုး (side effect) အနေနဲ့ ခံစားရတာ ဖြစ်ပါတယ်။ Published on: 19 March 2023Last Updated: 19 March 2023 - [‘ရာသီစာ သရက်သီးရဲ့ ကျန်းမာရေး အနှစ်သာရများ’ Health Benefits of Mango (March, 2023)](https://www.telekyanmar.org/health-benefits-of-mango-march-2023/) - ‘ရာသီစာ သရက်သီးရဲ့ ကျန်းမာရေး အနှစ်သာရများ’ “အသီးမှာ သရက်” ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း အရောင်၊အဆင်း၊ အနံ့၊ အရသာနဲ့ ပြည့်စုံပြီး မြန်မာလူမျိုးတို့အကြိုက် ‘ရာသီစာ သရက်သီး’ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးပါမယ်။ Published on: 21 March 2023Last Updated: 21 March 2023 - ["ခဲဆိပ်သင့်ခြင်း ( lead poisoning)"](https://www.telekyanmar.org/ခဲဆိပ်သင့်ခြင်း-lead-poisoning/) - "ခဲဆိပ်သင့်ခြင်း ( lead poisoning)" အခုလို စက်ရုံ၊ အလုပ်ရုံတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ စက်ရုံ၊ အလုပ်ရုံတွေတွေရဲ့ ထုတ်ကုန်တွေ၊ ဘေးထွက်ပစ္စည်းတွေကြောင့် ကျန်းမာရေးထိခိုက်မှုတွေကို အနည်းနဲ့အများ ခံစားရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ လုပ်ငန်းခွင်ကြောင့် ကျန်းမာရေးထိခိုက်မှုတွေထဲက အန္တရာယ်ရှိတဲ့ ခဲဆိပ်သင့်ခြင်းအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Published on: 31 March 2023Last Updated: 31 March 2023 - [အစားအစာတွေနဲ့ ဖြည့်စွက်အားဆေးတွေမှာပါတဲ့ (ကောင်းကျိုးပေးတဲ့) ဘက်တီးရီးယားတွေ"Probiotics and Prebiotics" (April 2023)](https://www.telekyanmar.org/probiotics-and-prebiotics/) - Probiotics နဲ့ Prebiotics ဆိုတာ ဘာတွေလဲ? လွယ်လွယ်ပြောရရင် Probiotic ဆိုတာ ခန္ဓာကိုယ်အတွက် အထောက်အကူပြုတဲ့ (ကောင်းကျိုးပေးတဲ့) ဘက်တီးရီးယားတွေဖြစ်ပြီး၊ Prebiotic ဆိုတာကတော့ ဒီဘက်တီးရီးယားတွေအတွက် စားသုံးဖို့ အစားအစာဖြစ်ပါတယ်။ ဒီ (၂) မျိုးလုံးက ကျန်းမာရေးအတွက် အရေးပါပါတယ်။ ဒါပေမယ့် အခန်းကဏ္ဍတွေတော့ ကွဲပြားပါတယ်။ . Probiotics Probiotics ဟာ တချို့သော အစားအစာတွေနဲ့ ဖြည့်စွက်အားဆေးတွေမှာပါတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ Probiotics တွေက ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိပါတယ်။ . Prebiotics လူသားတွေ ခြေဖျက်နိုင်စွမ်းမရှိတဲ့ ကာဘိုဟိုက်ဒြိတ် (အထူးသဖြင့် fiber) ကနေ Prebiotic ကို ရရှိပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကို ဆေးပညာစကားအရ - [“ဗီတာမင်ဆေးများ လိုတာထက် ပိုသောက်မိတဲ့အခါ” Vitamins Overdose ( April, 2023)](https://www.telekyanmar.org/vitamins-overdose-april-2023/) - “ဗီတာမင်ဆေးများ လိုတာထက် ပိုသောက်မိတဲ့အခါ” ဗီတာမင်ဆေးတွေကို ပုံမှန်သောက်သုံးခြင်းဟာ ကမ္ဘာတစ်ဝှမ်းလုံးကလူတွေရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေထဲက တစ်ခုအပါအဝင်ပါပဲ။ သောက်သုံးဖို့ သင့်တော်တဲ့ပမာဏကို အညွှန်းစာနဲ့ဖော်ပြထားတတ်ကြပေမယ့် လူတွေက လိုအပ်တာထက် ပိုသောက်တတ်ကြပါတယ်။ အဲဒီလို ဗီတာမင်တွေ ပိုသောက်သုံးခြင်းက ကျန်းမာရေးကို ပိုကောင်းစေနိုင်တယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် တကယ်ကတော့ "တန်ဆေးလွန်ဘေး " ဆိုသလို ဗီတာမင်တွေ အများကြီးသောက်သုံးခြင်းဟာ အန္တရာယ်ရှိတတ်ပါတယ်။ အခုပို့စ်မှာတော့ ဗီတာမင်တွေ အလွန်အကျွံသောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေကို ပြောပြပေးသွားမှာပါ။.... ဗီတာမင်မှာ အမျိုးအစား (၂) မျိုးရှိပါတယ်။ (၁) အဆီမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်များ(၂) ရေမှာပျော်ဝင်နိုင်တဲ့ ဗီတာမင်များပဲ ဖြစ်ပါတယ်။ Published on: 21 April 2023 Last updated: 21 April 2023 - [Omega-3 ငါးကြီးဆီ/ Fish Oil](https://www.telekyanmar.org/omega-3-fish-oil/) - Omega-3 ငါးကြီးဆီတွေက ဖော့ပြားကိုလောင်စေတယ်၊ ပေါက်သွားစေတယ်ဆိုပြီး ပိုစ့်တွေတက်လာတော့ အတု/အစစ် ရှိတာလား စိတ်ပူနေသူများအတွက်… Omega -3 ငါးကြီးဆီမှာ Non polarity ဆိုတဲ့ ဂုဏ်သတ္ထိရှိပါတယ်။ Non polarity ဆီ (ဥပမာ – ငါးကြီးဆီ/ သံလွင်ဆီ/ Canola ဆီ) တွေဟာ Non polarity ဖြစ်တဲ့ ဖော့ (Styrofoam) နဲ့ ထိတဲ့အခါ လောင်စေပြီး အပေါက်ဖြစ်သွားတာပါ။ ငါးကြီးဆီတွေရဲ့ ဖွဲ့စည်းပုံကလည်း Brand အလိုက်ကွာခြားမှုရှိပါတယ်။ Ethyl ester များများပါတဲ့ Omega 3 ဆိုရင်တော့ (ဖော့မှာ polystyrene ပါတာကြောင့်) တခြားငါးကြီးဆီထက် ပိုပြီး မြန်မြန်လောင်ကျွမ်းစေပါတယ်။ *** ဒါပေမယ့် လူခန္ဓာကိုယ်မှာ Polystyrene မပါတာကြောင့် - [သတ္ထုဓာတ်ကြွယ်ဝပြီး ရေဓာတ်ပြည့်ဝစေတဲ့ဖျော်ရည်များ Electrolyte-Rich Drinks](https://www.telekyanmar.org/electrolyte-rich-drinks/) - သတ္ထုဓာတ်ကြွယ်ဝပြီး ရေဓာတ်ပြည့်ဝစေတဲ့ဖျော်ရည်များ မိုးက အုံ့တုံ့တုံ့နဲ့ ပူအိုက်အိုက်ကြီး ဖြစ်နေပြီလား... ပူပြင်းစိုစွတ်တဲ့ မြန်မာနိုင်ငံမှာ နေထိုင်ရတဲ့အခါ ကျွန်ုပ်တို့ဟာ ရေဓာတ်ပမာဏကို ဦးစားပေးဖို့က အရေးကြီးလာပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်းနဲ့ ကြွက်တက်ခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ရိုးရိုးရေဟာ ရေငတ်ပြေစေတယ်ဆိုပေမယ့်လည်း အလွန်ပူပြင်းစိုစွတ်တဲ့နေ့တွေနဲ့ အချို့သောအခြေအနေတွေမှာ ခန္ဓာကိုယ်ရဲ့သတ္ထုဓာတ် (electrolyte) တွေ ပြန်လည်ဖြည့်တင်းဖို့ဟာလည်း ထပ်တူအရေးကြီးပါတယ်။ ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်းပေးပြီး မရှိမဖြစ်လိုအပ်တဲ့ electrolyte တွေကိုလည်း ပြန်လည်ဖြည့်တင်းပေးတဲ့ လန်းဆန်းစေပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အချိုရည်များစွာ ရှိပါတယ်။ … … ????ခန္ဓာကိုယ်မှာရှိတဲ့ electrolyte တွေဆိုတာ ဘာလဲ Electrolytes ဆိုတာဟာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှ အရည်များအပါအဝင် အခြားသောအရည်များတွင် ပျော်ဝင်တဲ့အခါ လျှပ်စစ်အား သယ်ဆောင်ပေးတဲ့ - [ကိုယ်ခံအားကောင်းအောင် ဆေးထိုးဆေးသောက် ဘယ်လိုလုပ်ရမလဲ Immune Supplement (October,2023)](https://www.telekyanmar.org/immune-supplement-october2023/) - ဒီတစ်လော ဆေးခန်းကို လာလာမေးကြတာက ကိုယ်ခံအားကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာပါပဲ။ ကိုယ်ခံအားကောင်းချင်လို့၊ နေရတာ အားမရှိလို့၊ နုံးနေလို့ ဆိုပြီး ဆေးထိုးဆေးသောက် ဖြည့်စွက်စာမျိုးစုံအပြင် အကြောအားဆေးသွင်းတာတွေက ပုံမှန်အတိုင်းဆိုလည်း အပြင်ဆေးခန််းတွေမှာ လာလုပ်တတ်ကြပါတယ်။ တကယ်ပဲ ကိုယ်ခံအား တက်/မတက် ကိုတော့ ဆက်လက်ဖတ်ရှူပေးပါနော်…. ... ... အကြောဆေး အမျိုးမျိုး…… အလုံးကြီး​ကြီး ဆေးပုလင်းကို ရောင်စုံဆေး လေးတွေအရောနဲ့ ချိတ်ပြီးရင် လန်းသွားတယ်လို့တော့ ပြောကြတာပဲ … တကယ်တော့ အာဟာရတန်ဖိုးအနေနဲ့တော့ အကြောဆေး ပုလင်းကြီးတစ်လုံးက အချိုရည်တစ်ခွက်သာသာလောက်ပဲ အာဟာရဓာတ် (ကယ်လိုရီ) ပါတာပါ။ အူလမ်းကြောင်း ပုံမှန်အလုပ်လုပ်နေသူအဖို့တော့ ပုလင်းကြီးနဲ့ အချိုရည်က ဘာမှကိုသိပ်မကွာလို့၊ တကယ်ပဲ လန်းဆန်းစေတယ် အားရှိစေတယ် နေမကောင်းမှုကို ကြိုကာပေးတယ်ဆိုတာက placebo လို့ခေါ်တဲ့ ဆေးကြောင့် သက်သာတယ်လို့ - [စားသုံးတဲ့ဆီတွေ ချက်ပြုတ်တဲ့ဆီတွေထဲမှာ ကျန်းမာရေးအတွက် ဘယ်တစ်ခုက အကောင်းဆုံးလဲ Edible Oil and Health (December,2023)](https://www.telekyanmar.org/edible-oil-and-health-december2023/) - စားသုံးတဲ့ဆီတွေ ချက်ပြုတ်တဲ့ဆီတွေထဲမှာ ကျန်းမာရေးအတွက် ဘယ်တစ်ခုက အကောင်းဆုံးလဲဆိုတာ တွေးမိကြပါရဲ့လား…???? ဆီကို ဘာလို့ မကျန်းမာစေတဲ့အရာလို့ လူသိများတာလဲ….???? ... ... ဆီက ကျန်းမာရေးထိခိုက်တယ်... ဆီကြော်တွေလျှော့စားဆိုတာ ကြားဖူးကြမှာပါ။ တကယ်တော့ ဒီစကားက မှန်သလို မမှန်သလိုနဲ့ စာကြောင်းအဓိပ္ပာယ် မပြည့်စုံပါဘူး။ ဆီတွေမှာ အမျိုးမျိုးရှိပါတယ်…. - မပြည့်၀ဆီ - ပြည့်၀ဆီ - ပြန်ကြော်ဆီ စသဖြင့်ပါ။ မပြည့်၀ဆီ တွေဆိုတာက hydrogen နဲ့ carbon ကြားထဲမှာ ချိတ်ဆက်မှု bond မပြည့်၀သေးတာပါ။ ခန္ဓာကိုယ်တွက်အတော့ မပြည့်၀ဆီတွေက ကောင်းတဲ့ ဆီတွေဖြစ်လို့ စားရန်သင့်တော်တယ်လို့ အလွယ်မှတ်လို့ရပါတယ်။ မပြည့်၀ဆီတွေမှာ MUFA နဲ့ PUFA ဆိုပြီး ၂ မျိုး အလွယ်တကူ ခွဲလို့ရပါတယ်။ - [ပျားရည်၏ ကျန်းမာရေးကောင်းကျိုးများHoney & Health (January,2024)](https://www.telekyanmar.org/honey-health-january2024/) - ဓားသွားထက် ပျားရည်စက်လို ခုံမင်နေတယ်…♫♪♪ ????ဒီနေ့မှာတော့ ဓားသွားထက်က ပျားရည်စက်လေးက ဘာလို့ ခုံမင်စရာကောင်းနေလဲဆိုတာ ပြောပြသွားပါမယ်။ ... ... ????ပျားကောင်လေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ ရလာတဲ့ ပျားရည် (၁) ဇွန်းမှာ... * ကယ်လ်လိုရီ (၆၁) ယူနစ် * ကာဗိုဟိုက်ဒရိတ် (၁၇) ဂရမ် * ကော့ပါး (၁%) * သတ္တုဓာတ်နဲ့ * ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ... ... ????ပျားရည်ရဲ့ အာနိသင်များ ⦿ ဓာတ်တိုးဆန့်ကျင်တဲ့ အာနိသင်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ Flavonoids/ phenolic acids စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေ ပါဝင်နှုန်းမြင့်မားတဲ့အတွက် ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းကနေ ကာကွယ်ပေးပြီး ကင်ဆာနဲ့ တခြားနာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို - [အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ Restless Legs Syndrome (RLS) ( February 2022)](https://www.telekyanmar.org/restless-legs-syndrome-rls-february-2022/) - အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာ ဖြစ်တာဘာကြောင့်လဲ ? တချို့လူတွေ ခံစားဖူးကြပါမယ်။ အိပ်တော့မယ်ဆိုမှ ခြေထောက်ကြီးဆာတာတာဖြစ်၊ ခြေထောက်ကို မလှုပ်ရရင်မနေနိုင်၊ နာတာလည်းမဟုတ်၊ ကိုက်တာလည်း မဟုတ်၊ ရောင်ရမ်းတာလည်းမရှိ၊ တခြားလူကို ဘယ်လိုရှင်းပြရမယ်မှန်းလည်းမသိ။ အဲဒါမျိုးဖြစ်တာကို Restless legs syndrome (RLS)လို့ခေါ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ ? ဖြစ်ရတဲ့ အကြောင်းအရင်းကို ခုချိန်ထိ တိတိကျကျ ရှင်းလင်းချက်မရှိသေးပါဘူး။ တချို့လေ့လာမှုတွေအရ ဦးနှောက်က Dopamin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး အထွက်နည်းလို့ဆိုပေမယ့် တချို့လေ့လာမှုတွေကတော့ အဲဒါနဲ့လည်းမဆိုင်ဘူးလို့ဆိုပါတယ်။ လူနာတွေအတွက် ခံစားရခက်ပြီး သူများကို ​ပြောပြရခက်တဲ့ရောဂါဖြစ်သလို ဆရာဝန်တွေအတွက်လည်း ဖြစ်စဉ်ကိုရှင်းပြဖို့ ခုချိန်ထိ ပဟေဠိဖြစ်နေတုန်းပါပဲ။ ရောဂါလက္ခဏာများ သူ့ရဲ့ထူးခြားတဲ့ လက္ခဏာကတော့ အိပ်တော့မယ့်၊ နားတော့မယ့် အချိန်မှ ခြေထောက်ကို မလှုပ်ရရင်မနေနိုင်လောက်​အောင် ဆာတာတာ၊ ညောင်းတောင်းတောင်းဖြစ်တာပါပဲ။ လှုပ်ရှားလိုက်ရင်ခဏတစ်ဖြုတ် - [စာလေ့လာမှုခက်ခဲခြင်း Dyslexia ( April, 2022 )](https://www.telekyanmar.org/dyslexia/) - Dyslexia (စာလေ့လာမှုခက်ခဲခြင်း ) ဖေဖေ မေမေတို့ရဲ့ သားသမီးရတနာလေးတွေ စာပေလေ့လာမှုမှာ ခက်ခဲနေတာမျိုးရှိသလားဆိုတာကို ဆန်းစစ်ကြည့်ပြီးပြီလား❓ ကလေးတွေ ကျောင်းမှာစာလေ့လာရတာအဆင်ပြေရဲ့လား၊ အိမ်စာတွေလုပ်နိုင်ရဲ့လား၊ စာလိုက်နိုင်ရဲ့လားဆိုတာဟာ မိဘတိုင်း စိတ်ပူရတဲ့ကိစ္စဖြစ်ပါတယ်။ Dyslexia (စာလေ့လာမှုခက်ခဲခြင်း) ဆိုတာဟာ စာဖတ်ခြင်း၊ စာရေးသားခြင်း နဲ့ စာလုံးပေါင်းခြင်းတို့မှာ အခက်အခဲရှိနေခြင်းဖြစ်ပါတယ်။ ဥပမာအားဖြင့်​ Book , Cat , Dog စတဲ့အခြေခံစာလုံးတွေကို ပုံမှန်ကလေးတွေက လွယ်လွယ်ကူကူလေ့လာနိုင်ပေမယ့်၊ Dyslexia ကလေးတွေကတော့ အလွယ်တကူလေ့လာနိုင်ဖို့ ခက်ခဲနေမှာပါ။ ကလေးငယ်ရဲ့အိမ်စာစာအုပ်မှာ day စကားလုံးကို bay လို့ရေးတာ ၊ The ကို Teh လို့ရေးတာ ၊ was ကို saw လို့ရေးတာ အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။ စကားနဲ့ပြောတဲ့အရာတွေကို နားလည်ပေမယ့် - [ဆံပင်ကျွတ်ခြင်းအကြောင်း Hair Loss or Alopecia( June, 2022 )](https://www.telekyanmar.org/𝐇𝐚𝐢𝐫-𝐋𝐨𝐬𝐬-𝐨𝐫-𝒂𝒍𝒐𝒑𝒆𝒄/) - "ဆံပင်ကျွတ်ခြင်းအကြောင်း ပြောပြမယ် ၊ ခင်ပျိုမေတို့နားထောင်ကွယ်" "ဆံပင်တွေ အရမ်းကျွတ်တာပဲ" ဆိုပြီး ခင်ပျိုမေတော်တော်များများ ညည်းညူဖူးကြမှာပါ။ ဒါဆို ဘာကြောင့် ဆံပင်ကျွတ်ရတယ်၊ ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတာတွေကို ဗဟုသုတအလို့ငှာ မျှဝေပေးသွားမယ်နော်။ ခင်ပျိုမေတို့ရဲ့ဆံပင်တွေဟာ သဘာဝအရ ကျွတ်လိုက်၊ အသစ်ပြန်ပေါက်လိုက်...စတဲ့သဘောတရားရှိတာကိုတော့ ဦးစွာနားလည်ထားရပါမယ်။ တစ်ရက်ကို ဆံချည်မျှင်(၅၀)ကနေ (၁၀၀)အထိဟာ ပုံမှန်ကျွတ်လေ့ရှိပြီး ဆံချည်တစ်မျှင်တိုင်းဟာ ၃ - ၅ နှစ်အတွင်း ကျွတ်လိုက်၊ အသစ်ပြန်ပေါက်လိုက် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ခေါင်းအုံး၊ အိပ်ရာခင်းပေါ်မှာ ကျွတ်နေတဲ့ ဆံစတွေများလာတာ၊ ခေါင်းလျှော်တိုင်း အထွေးလိုက်ကျွတ်တာ၊ သိသိသာသာ ဆံပင်အုံပါးလာတာ စတာတွေကတော့ ပုံမှန်မဟုတ်တဲ့ ဆံပင်ကျွတ်ခြင်းပါပဲ။ ဘာကြောင့် ဆံပင်တွေ ကျွတ်ရတယ်...????✔️မျိုးရိုးလိုက်တာ၊ စိတ်ဖိစီးမှုများတာ၊ ဖျားနာတာနဲ့ သောက်သုံးနေရတဲ့ဆေးဝါးတချို့ကြောင့် ဆံပင်ကျွတ်စေပါတယ်။ ဆံပင်ကျွတ်ခြင်း အမျိုးမျိုးရှိပါတယ်????1️⃣ ???????????????????????????????????????????????? ???????????????????????????????? - ["ခွေးရူးပြန်ခြင်း" ???????????????????????? ???????????????????? ( June, 2022 )](https://www.telekyanmar.org/𝐑𝐚𝐛𝐢𝐞𝐬-𝐕𝐢𝐫𝐮𝐬-moh-nug-june-2022/) - "ခွေးရူးပြန်ခြင်း" ???????????????????????? ???????????????????? ခွေးရူးပြန်ရောဂါဟာ Rabid (ခွေးရူးရောဂါ စွဲကပ်နေသော) တိရစ္ဆာန်တို့မှ တစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပါတယ်။ မြန်မာပြည်သူများနှင့်လည်း မစိမ်းဘူးထင်ပါတယ်နော်။ ဘယ်တိရစ္ဆာန်တွေကနေ အများဆုံးကူးတတ်လဲ❓ ခွေးရူးပြန်ဆိုတိုင်း ခွေးကနေပဲ ကူးစက်တတ်တယ်လို့ အထင်မှားတတ်ကြပါတယ်။ လင်းဆွဲ၊ကြွက်၊ ကြောင်၊ ယုန်၊ မြင်း၊ မျောက် နဲ့ အခြားတိရစ္ဆာန်တွေမှလည်း ခွေးရူးပြန်ရောဂါပိုး ကူးစက်နိုင်ကြောင်း သိထားဖို့ လိုပါတယ်။ လူတွေဆီ ဘယ်လိုကူးလဲ❓ ခွေးရူးပြန်နေတဲ့ တိရစ္ဆာန်ရဲ့ တံတွေး၊ သွားရည်တို့မှ ကူးပါတယ်။ အဓိကအားဖြင့် ကိုက်ခဲလိုက်ချိန်မှာ ကူးတတ်ပြီး မိမိခန္ဓာကိုယ်က ထိခိုက်ရှနာဒဏ်ရာတစ်ခုခုကို အထက်ပါ တံတွေး၊သွားရည်နဲ့ ထိမိရင်လည်း ကူးနိုင်ပါတယ်။ ခွေးရူးရောဂါပိုးသာ ကူးစက်ခံရမယ်ဆိုရင်❓ ခွေးရူးရောဂါပိုးက အကိုက်ခံရတဲ့နေရာက ကြွက်သားတွေဆီမှ အာရုံကြောများကတဆင့် ဦးနှောက်ထဲကို ရောက်ရှိသွားပါမယ်။ ထိုအချိန်မှာ - [အိပ်မပျော်တဲ့ရောဂါ Insomnia(July,2022)](https://www.telekyanmar.org/insomnia/) - အိပ်မပျော်တဲ့ရောဂါ (insomnia) ဆိုတာဟာ အိပ်စက်ခြင်းမူမမှန်တဲ့ ရောဂါတစ်မျိုးပါ။ အိပ်ဖို့ခက်မယ်၊ အချိန်မဟုတ်ကြီးနိုးပြီး ပြန်အိပ်ဖို့ ခက်မယ်။ အိပ်ချိန်မလုံလောက်တဲ့အတွက် နိုးလာတဲ့အချိန်မှာ ပင်ပန်းတယ်လို့ ခံစားရနိုင်ပါတယ်။ အိပ်မပျော်တဲ့ရောဂါက ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ စွမ်းအင်အပြင် ကျန်းမာရေး၊ အလုပ်လုပ်ဆောင်နိုင်စွမ်းနဲ့ လူနေမှုဘ၀ကိုပါ တဖြည်းဖြည်းဆုတ်ယုတ်လာစေနိုင်ပါတယ်။ လူတစ်ယောက်အတွက် လုံလောက်တဲ့ အိပ်စက်အနားယူချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပေမယ့် အရွယ်ရောက်ပြီးသားလူအများစုအတွက်ကတော့ တစ်ညကို (၇) နာရီက‌နေ (၈) နာရီ လောက်အိပ်ရင် လုံလောက်ပါတယ်။ တစ်ချိန်ချိန်မှာတော့ လူအများဟာ စိတ်ဖိစီးမှု (သို့) စိတ်ထိခိုက်စရာအဖြစ်အပျက်တွေကြောင့် ခဏတာအိပ်စက်မရခြင်းကို ရက်အနည်းငယ် (သို့ ) တစ်ပါတ်လောက်ခံစားရနိုင်ပါတယ်။ အချို့တွေမှာတော့ လနဲ့ချီ ခံစားရနိုင်ပါတယ်။ နာတာရှည်အိပ်မပျော်တဲ့ရောဂါလို့ပြောဖို့ဆိုရင်တော့ အနည်းဆုံး (၃)လ လောက် ခံစားရရင် သတ်မှတ်ပါတယ်။ ❓အိပ်မပျော်ရင် ဘာတွေ - [လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း Social phobia ( September, 2022 )](https://www.telekyanmar.org/social-phobia-september-2022/) - Social phobia (လူအများနဲ့ ပြောဆိုဆက်ဆံဖို့ ကြောက်ရွံ့ခြင်း) သင်ဟာ လူကြောက်တတ်သူ တစ်ယောက်လား❓ Social phobia ဆိုတာ❔ ကျွန်တော်တို့ လူသားတွေအတွက် ဟောပြောပွဲ၊တွေ့ဆုံပွဲစတဲ့ အခမ်းအနားတွေမှာ စိတ်လှုပ်ရှားပြီး ကြောက်ရွံ့တယ်ခံစားရတာ ပုံမှန်အခြေအနေတစ်ခုပါ။ ဒါပေမယ့် Social phobia( social anxiety disorder) ရှိတဲ့သူတွေမှာဆိုရင်တော့ နေ့စဉ် လူမှုဆက်ဆံရေးမှာ တခြားသူတွေက သူတို့ကို စောင့်ကြည့်အကဲဖြတ်ကာ အဆိုးမြင်နေတယ်လို့ ယူဆပြီး ကိုယ့်ကိုယ်ကိုယ် စိတ်မလုံခြုံမှုတွေ၊ကြောက်စိတ်တွေခံစားလာရတာဖြစ်ပါတယ်။ ဘယ်လောက်အဖြစ်များသလဲ❔ ???? Social phobia က စိုးရိမ်ပူပန်ခြင်း အမျိုးအစားခွဲတွေထဲမှာ အဖြစ်များဆုံးပါ။ လူသား ၇ဦးမှာ ၁ဦးဟာ ဘဝရဲ့တစ်ချိန်ချိန်မှာ ဒီကြောက်ရွံ့ခြင်းကိုရင်ဆိုင်ရနိုင်တယ်လို့ လေ့လာတွေ့ရှိပါတယ်။ ???? Social phobia ရှိသူအများစုဟာ ဆယ်ကျော်သက်အရွယ်ကနေ စတင်ဖြစ်လေ့ရှိပါတယ်။ ဘယ်လိုအခြေအနေမှာ - [ဒေါသကိုင်တွယ်ဖြေရှင်း နည်းလမ်းများ Anger Management ( October, 2022)](https://www.telekyanmar.org/anger-management-october-2022/) - ကျွဲမြီးကလေး မတိုစေချင် (Anger Management) ခုလိုချိန်ခါမှာ တယ်လီကျန်းမာ စာဖတ်ပရိတ်သတ်ကို “Anger Management” “ဒေါသကိုင်တွယ်ဖြေရှင်း နည်းလမ်းများ” အကြောင်း တင်ဆက်ရတာ အင်မတန် အားနာမိပါတယ်.... ဟိုတစ်နေ့ကတောင် facebook ကနေ ကာတွန်းရုပ်ပြောင်ကလေးတစ်ခု ဖတ်လိုက်ပြီး သဘောကျမိသေး.... “ဟဲ့ နင် အရင်လို မဆဲတော့ပါလား” “မဆဲဆို ဆဲစရာ ဆဲနည်း ကုန်သွားပြီကိုး” တဲ့လေ ဒါလည်းဟုတ်တာပဲ.... ကျွန်တော်တို့မှာ နိုင်ငံရေး၊ စားဝတ်နေရေး၊ ရပ်တန့်ထားရတဲ့အိပ်မက်တွေကိုယ်စီ၊ စကားနဲ့ဖော်ပြမရတဲ့ဆုံးရှုံးမှုတွေ... အားလုံးဟာ ဒေါသထွက်စရာ အကြောင်းတရားတွေချည်း.... စာရေးသူငယ်ငယ်က ဘေးအိမ်က ဒေါသတကြီးငိုတတ်တဲ့ ကလေးမလေးကို သူ့အမေက “ခုမျိုချ၊ အဲ့ ဒေါသတွေကို ခုမျိုချ” ဆိုပြီး တုတ်တစ်ချောင်းနဲ့ အငိုတိတ်အောင် လုပ်ခိုင်းသလို ဒေါသတွေကို မျိုချပစ်လို့ ရရင်ကောင်းသားနော်.... - [Bruxism (သွားကြိတ်တတ်တဲ့သူများအတွက် သိကောင်းစရာ) (October, 2022)](https://www.telekyanmar.org/bruxism-october-2022/) - အိပ်နေတုန်း ဒါမှမဟုတ် နိုးနေတဲ့အချိန် သွားကြိတ်တတ်တဲ့အကျင့်ရှိကြလား? ကိုယ်ကိုယ်တိုင် မကြိတ်ရင်တောင်မှ သူများကြိတ်တဲ့ အသံကိုနားထောင်ဖူးရင်တောင် တော်တော် စိတ်အနှောင့်အယှက်ဖြစ်ရတယ်မလား။ ခုတောင် နားထဲ ကြားနေကြပြီ ဟုတ်? Bruxismဆိုတာကတော့ အိပ်နေတဲ့အချိန်ဖြစ်စေ နိုးနေတဲ့အချိန်ဖြစ်စေ သွားကြိတ်တတ်တဲ့ အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ (အများအားဖြင့်‌တော့ အိပ်နေတဲ့အချိန်မှာ သွားပိုကြိတ်တတ်ကြတာကို တွေ့ရပါတယ်။) Bruxismက ဘယ်လောက်ထိ အဖြစ်များလေ့ရှိကြလဲ? တော်တော့်ကို အဖြစ်များပါတယ်။ ခန့်မှန်းခြေအရတော့ ကမ္ဘာ့လူဦးရေရဲ့ တဝက်လောက်က သွားကြိတ်လေ့ရှိကြပြီး အဲ့ဒီထဲက ၅%လောက်ကတော့ ညတိုင်း ပုံမှန်သွားကြိတ်လေ့ရှိကြတဲ့သူတွေ ဖြစ်ပါတယ်။ ညအိပ်ချိန် သွားကြိတ်တတ်တဲ့သူအများစုမှာဆိုရင်တော့ ‌အိပ်နေတုန်း‌ဟောက်တတ်တာအပြင် ခဏအသက်ရှူရပ်တဲ့ ရောဂါတွေပါ တွဲပြီးခံစားရနိုင်တာ တွေ့ရပါတယ်။ အဲ့ဒီလို သွားကြိတ်တတ်တာကြောင့်... ဘေးလူကို တော်တော် အနှောင့်အယှက်ဖြစ်စေပါတယ်။ ကာယကံရှင်ကတော့ သတိမပြုမိပေမယ့် အိမ်ကမိသားစုတွေအတွက်တော့ အဲ့ဒီသွားကြိတ်တဲ့အသံက နားမခံနိုင်အောင် - [စိတ်ကြွရူးသွပ်ဆေး တစ်မျိုး ECSTASY ( the love drug) (November, 2022)](https://www.telekyanmar.org/ecstasy-the-love-drug-november-2022/) - ECSTASY ( the love drug) Ecstasy ဆိုတာဘာလဲ? Ecstasy ဟာ ဥပဒေအရပိတ်ပင်ထား​တဲ့ Amphetamine မျိုးနွယ်ဝင် စိတ်ကြွရူးသွပ်ဆေး တစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို အရှိန်မြှင့်ချင်လို့ သုံးကြတာပါ။ သူ့မှာပါတဲ့ အဓိက ဓာတုပစ္စည်းကတော့ Methylenedioxymethamphetamine (MDMA ) ဖြစ်ပါတယ်။ MDMA ကို စားချင်စိတ်လျှော့ချပေးတဲ့ဆေး ( Appetite Suppressant ) အနေနဲ့ ဖော်စပ်ခဲ့တာပါ။ Ecstasy ဟာ ယနေ့ခေတ် လူငယ်များအတွက် အန္တရာယ်အရှိဆုံး ဆေးဝါးများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Ecstasy ကို ဗန်းစကားအနေနဲ့ the love drug (သို့) MDMA လို့လည်း ခေါ်ကြပါတယ်။ များသောအားဖြင့် သောက်ဆေးအနေနဲ့ သောက်ကြပြီး - [ကလေးတွေမှာ မဆင်မခြင် ပြုမူတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ အလွန်အမင်း တက်ကြွနေတာတွေ အဓိက ဖြစ်တတ်တဲ့ Attention Deficit Hyperactivity Disorder (ADHD) (March, 2023)](https://www.telekyanmar.org/attention-deficit-hyperactivity-disorder-adhd-march-2023/) - Attention Deficit Hyperactivity Disorder (ADHD) ADHD ဆိုတာ ကလေးတွေရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှု စနစ်တကျမဖြစ်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ADHD ကလေးတွေမှာ မဆင်မခြင် ပြုမူတာ၊ အာရုံစူးစိုက်မှု အားနည်းတာနဲ့ အလွန်အမင်း တက်ကြွနေတာတွေ အဓိက ဖြစ်တတ်ပါတယ်။ ကလေး အယောက် ၂၀၊ ၃၀ လောက်မှာ တစ်ယောက်ဖြစ်တတ်ပြီး ယောကျ်ားလေးတွေက မိန်းကလေးတွေထက် ၆ ဆလောက် ပိုဖြစ်ပါတယ်။ ကလေးဘဝ အစောပိုင်းမှာ စဖြစ်လေ့ရှိပြီး အသက် ၇ နှစ် နောက်ပိုင်း ဖြစ်လေ့မရှိတော့ပါ။.... Published on: 3 March 2023Last Updated: 3 March 2023 - [သူတစ်ပါးအား စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်ခြင်း Emotional Manipulation (March, 2023)](https://www.telekyanmar.org/emotional-manipulation-march-2023/) - "သူတစ်ပါးအား စိတ်ပိုင်းဆိုင်ရာ ကြိုးကိုင်ခြယ်လှယ်ခြင်း (Emotional Manipulation) Emotional manipulation ဆိုတာ မရိုးသားတဲ့နည်းလမ်း၊ ကိုယ်ကျိုးရှာအမြတ်ထုတ်တဲ့နည်းလမ်းနဲ့ တစ်ပါးသူအပေါ် လွှမ်းမိုးမှုရယူခြင်း ဖြစ်ပါတယ်။ ဒီလို emotional manipulator တွေဟာ ကောင်းမွန်တဲ့ဆက်ဆံရေးတွေမှာလို အပြန်အလှန် အပေးအယူမျှမျှနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းမျိုးမရှိဘဲ တစ်ပါးသူကို အသုံးချထိန်းချုပ်ပြီး တစ်ခါတစ်ရံ မတရားဖိနှိပ်တတ်ပါသေးတယ်။ လူတိုင်း အားလုံးနီးပါးဟာ စိတ်အခြေအနေမကောင်းတဲ့အခါမျိုး၊ မကောင်းတဲ့အကျင့်တွေ ပြန်လုပ်မိတဲ့အခါမျိုးမှာ မထင်မှတ်ဘဲ တစ်ပါးသူအပေါ် လွှမ်းမိုးမိတာမျိုး (manipulation) လုပ်မိတတ်ကြပါတယ်။ အဲ့အချိန်မျိုးမှာ သတိထားမိလိုက်တဲ့အခါ၊ တစ်ယောက်တစ်ယောက်က ပြောပြလိုက်တဲ့အခါ manipulation အပြုအမူတွေကို ရပ်တန့်ပြီး ပြင်ဆင်လိုက်တတ်ကြပါတယ်။ အချို့သောသူတွေမှာတော့ အလွယ်တကူပြင်လို့မရဘဲ စိတ်ပိုင်းဆိုင်ရာကုသမှုတွေပါ လိုအပ်နိုင်ပါတယ်။ ဒီလို emotional manipulation ကို အကျင့်တစ်ခုလို ခဏခဏလုပ်တတ်တဲ့သူတွေကို Machiavellian - [အမျိုးသားတွေရော သွေးဆုံးနိုင်သလား "Male Menopause or Andropause" (April 2023)](https://www.telekyanmar.org/male-menopause-andropause/) - အမျိုးသားတွေရော သွေးဆုံးနိုင်သလား (Male menopause or Andropause) အမျိုးသမီးတွေ အသက်အရွယ်ကြီးလာတဲ့အခါ သွေးဆုံးတာကိုတော့ လူတိုင်းသိကြပေမယ့် အမျိုးသားတွေ သွေးဆုံးတယ်ဆိုတာကိုတော့ ကြားဖူးသူ ရှားပါလိမ့်မယ်။ တကယ်တော့ အမျိုးသားတွေလည်း သွေးဆုံးတတ်ပါတယ်။ အဲ့ဒါကို Male menopause or Andropause လို့ ခေါ်ကြပါတယ်။ Published on: 4 April 2023 Last Updated: 4 April 2023 - [နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး "Chronic Fatigue Syndrome (CFS)/ Myalgic Encephalomyelitis" (April 2023)](https://www.telekyanmar.org/chronic-fatigue-syndrome-cfs/) - "နာတာရှည် ပင်ပန်းနွမ်းနယ်ပြီး ညောင်းကိုက်နေတတ်တဲ့ ရောဂါတစ်မျိုး (သို့) Chronic Fatigue Syndrome (CFS) / Myalgic Encephalomyelitis" CFS ဆိုတာ ရက်ရှည် ပင်ပန်းနွမ်းနယ်တဲ့ (ဒါမှမဟုတ်) အားအင်ကုန်ခမ်းသွားတဲ့ ခံစားချက် ဖြစ်ပြီး ဆက်တိုက်ဖြစ်နိုင်သလို၊ (၆) လကျော်ထိ ပြန်ပြန်ဖြစ်နေတတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အရှင်းဆုံးပြောရရင် အကြောင်းပြချက်မရှိဘဲ ပင်ပန်းနွမ်းနယ်နေတာပါ။ CFS မှာ လူကနုံးပြီး မလှုပ်ချင်ဖြစ်နေတာမို့ သွားလာလှုပ်ရှားမှုတွေဟာ အနည်းဆုံး (၅၀) ရာခိုင်နှုန်းအထိ လျော့နည်းသွားတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေ၊ စိတ်ရောဂါလက္ခဏာတွေလည်း မရှိတတ်ပါဘူး။ .. .. Published on: 9 April 2023 Last updated: 9 April 2023 - [စိတ်ဒဏ်ရာတွေကိုဖြေလျော့ဖို့ နည်းလမ်းလေးတစ်ခု "Emotional Freedom Techniques (Tapping)" (April 2023)](https://www.telekyanmar.org/emotional-freedom-techniques-tapping-april-2023/) - "Emotional Freedom Techniques (Tapping)" နွေနေပူပူမှာ နေ့စဉ်ကြုံတွေ့ ရုန်းကန်နေရတဲ့ အခက်အခဲတွေ၊ မြင်ရ ကြားခဲ့ရတဲ့ ဝမ်းနည်းဖွယ်သတင်းတွေနဲ့ စိတ်ရောလူရော ပင်ပန်းနေကြတာမျိုး ဖြစ်နေပါသလားရှင်..... တယ်လီကျန်းမာပရိတ်သတ်တွေအတွက် စိတ်ဒဏ်ရာတွေကိုဖြေလျော့ဖို့ နည်းလမ်းလေးတစ်ခုကို ပြောပြ‌ချင်ပါတယ်။ .. .. လူတစ်ယောက်စီဟာ သူ့ရဲ့စိတ်ဖိစီးမှုကို ခံနိုင်ရည်အင်အားရှိတာချင်း မတူညီတတ်ကြပါဘူး။ တချို့က စိတ်ခံစားမှု လွယ်တတ်ကြသလို တချို့ကလည်း လောကဓံကို အံတုနိုင်လောက်အောင် ကြံ့ခိုင်ကြပါတယ်။ ဘယ်‌လိုပဲ ကြံ့ခိုင်ပါစေ ကိုယ့်မှာရှိလာတဲ့ ခံစားချက်တွေနဲ့ စိတ်ဖိစီးမှုတွေကို ကြာရှည်စွာ လစ်လျူရှုထားရင်ပဲဖြစ်ဖြစ်၊ ခံစားချက်တွေကို ရှင်းထုတ်မပစ်ဘဲ စုထားရင်ပဲဖြစ်ဖြစ် ရင်ထဲမှာ အစိုင်အခဲတွေ ဖြစ်လာမှာပါ။ ဒီလို negative emotions တွေက ကိုယ့်ရဲ့ ကိုယ်၊ စိတ်၊ နှလုံးကို ပိတ်ဆို့မှု block တွေ - [အမှောင်ကိုကြောက်ရခြင်း အကြောင်းအရင်းများ "Nyctophobia" (April 2023)](https://www.telekyanmar.org/nyctophobia/) - “အမှောင်ကိုကြောက်ရခြင်း အကြောင်းအရင်းများ (Nyctophobia)" လူတွေဟာ အတော်များများကို ကြောက်တတ်ကြပါတယ်။ အချို့ကြောက်စိတ်တွေက ကျိုးကြောင်းလက်ခံနိုင်လောက်တာတွေဆိုပေမယ့် အချို့ဟာတွေကတော့ မဟုတ်ပါဘူး။ တစ်စုံတစ်ခုကို မထိန်းချုပ်နိုင်လောက်အောင် ကြောက်တာမျိုးကို Phobia လို့ခေါ်ပါတယ်။ အဲ့ထဲမှာမှ အဖြစ်များတာကတော့ အမှောင်ကိုကြောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို အမှောင်ကိုကြောက်ခြင်းက သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ အချို့က အမှောင်ထဲမှာ ကိုယ့်အနီးအနားမှာ ဘာရှိနေလဲဆိုတာ မမြင်ရတာ၊ ဘာအန္တရာယ်တွေရှိနေနိုင်လဲဆိုတာ မမြင်ရတာကြောင့် အမှောင်ကိုကြောက်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်အမှောင်ကို အလွန်အမင်းကြောက်လန့်တာကိုတော့ Nyctophobia လို့ခေါ်ပါတယ်။ နေ့စဉ်ဘဝကိုပါ အနှောင့်အယှက်ဖြစ်စေတဲ့အထိ အမှောင်ကိုကြောက်ရွံ့ကြခြင်း ဖြစ်ပါတယ်။ .. .. Published on: 23 April 2023 Last updated: 23 April 2023 - [လောင်းကစားနှင့် စိတ်ကျန်းမာရေး "Gambling disorder" (May 2023)](https://www.telekyanmar.org/gambling-disorder-may-2023/) - "လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)" အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပက်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။ “လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့ စကားကို လက်ကိုင်ရင်း နောက်ဆုံးမှာ မိသားစုလိုက် ဘဝပျက်တာတွေနဲ့ အဆုံးစီရင်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်တွေလည်း ခပ်စိပ်စိပ် ကြားမိကြမှာပါ။ .. .. Published on: 8 May 2023 Last updated: 8 May 2023 ## Pages - [Home](https://www.telekyanmar.org/) - [vc_row tdc_css=”eyJhbGwiOnsiYmFja2dyb3VuZC1jb2xvciI6IiNlZDFiMjYiLCJiYWNrZ3JvdW5kLXBvc2l0aW9uIjoiY2VudGVyIGNlbnRlciIsImRpc3BsYXkiOiIifX0=” flex_layout=”block” full_width=”stretch_row” content_align_vertical=”content-vert-bottom” row_divider_bottom=”” flex_horiz_align=”flex-start”][vc_column flex_grow=”default” flex_layout=”block”] NUG MOH တယ်လီကျန်းမာ လူတိုင်းအတွက်ပါ [/td_block_text_with_title][vc_single_image tdc_css=”eyJhbGwiOnsiZGlzcGxheSI6IiJ9fQ==” media_size_image_height=”263″ media_size_image_width=”300″ image=”17475″ size=”contain” height=”300″] ပြည်သူ့ကျန်းမာရေးအတွက် ပြည်သူ့အစိုးရထံမှ ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ [/td_block_text_with_title][tdm_block_button button_text=”ဆေးခန်းပြရန်” button_size=”tdm-btn-lg” content_align_horizontal=”content-horiz-center” button_display=”” tds_button1-background_color=”eyJ0eXBlIjoiZ3JhZGllbnQiLCJjb2xvcjEiOiIjZjdhMDA5IiwiY29sb3IyIjoiI2Y2NzY3ZiIsIm1peGVkQ29sb3JzIjpbXSwiZGVncmVlIjoiLTYwIiwiY3NzIjoiYmFja2dyb3VuZDogLXdlYmtpdC1saW5lYXItZ3JhZGllbnQoLTYwZGVnLCNmNjc2N2YsI2Y3YTAwOSk7YmFja2dyb3VuZDogbGluZWFyLWdyYWRpZW50KC02MGRlZywjZjY3NjdmLCNmN2EwMDkpOyIsImNzc1BhcmFtcyI6Ii02MGRlZywjZjY3NjdmLCNmN2EwMDkifQ==” tds_button=”tds_button3″ tds_button3-shadow_offset_vertical=”8″ tds_button3-background_color=”eyJ0eXBlIjoiZ3JhZGllbnQiLCJjb2xvcjEiOiIjZjdhMDA5IiwiY29sb3IyIjoiI2Y2NzY3ZiIsIm1peGVkQ29sb3JzIjpbXSwiZGVncmVlIjoiLTYwIiwiY3NzIjoiYmFja2dyb3VuZDogLXdlYmtpdC1saW5lYXItZ3JhZGllbnQoLTYwZGVnLCNmNjc2N2YsI2Y3YTAwOSk7YmFja2dyb3VuZDogbGluZWFyLWdyYWRpZW50KC02MGRlZywjZjY3NjdmLCNmN2EwMDkpOyIsImNzc1BhcmFtcyI6Ii02MGRlZywjZjY3NjdmLCNmN2EwMDkifQ==” tds_button3-text_color=”#ffffff” tdc_css=”eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9LCJsYW5kc2NhcGUiOnsibWFyZ2luLXRvcCI6IjMwIiwiZGlzcGxheSI6IiJ9LCJsYW5kc2NhcGVfbWF4X3dpZHRoIjoxMTQwLCJsYW5kc2NhcGVfbWluX3dpZHRoIjoxMDE5LCJwb3J0cmFpdCI6eyJtYXJnaW4tdG9wIjoiMzAiLCJkaXNwbGF5IjoiIn0sInBvcnRyYWl0X21heF93aWR0aCI6MTAxOCwicG9ydHJhaXRfbWluX3dpZHRoIjo3NjgsInBob25lIjp7Im1hcmdpbi10b3AiOiI0MCIsImRpc3BsYXkiOiIifSwicGhvbmVfbWF4X3dpZHRoIjo3Njd9″ tds_button3-background_hover_color=”eyJ0eXBlIjoiZ3JhZGllbnQiLCJjb2xvcjEiOiIjZjc5YzAwIiwiY29sb3IyIjoiI2Y0NTU2MCIsIm1peGVkQ29sb3JzIjpbXSwiZGVncmVlIjoiLTYwIiwiY3NzIjoiYmFja2dyb3VuZDogLXdlYmtpdC1saW5lYXItZ3JhZGllbnQoLTYwZGVnLCNmNDU1NjAsI2Y3OWMwMCk7YmFja2dyb3VuZDogbGluZWFyLWdyYWRpZW50KC02MGRlZywjZjQ1NTYwLCNmNzljMDApOyIsImNzc1BhcmFtcyI6Ii02MGRlZywjZjQ1NTYwLCNmNzljMDAifQ==” button_icon_size=”14″ button_url=”https://m.me/telehealthmm” tds_button3-border_radius=”8″][vc_empty_space][/vc_column][/vc_row][vc_row full_width=”stretch_row_1400 td-stretch-content” flex_layout=”block” tdc_css=”eyJhbGwiOnsiYmFja2dyb3VuZC1jb2xvciI6InJnYmEoMjM3LDIzNywyMzcsMC44KSIsImRpc3BsYXkiOiIifX0=” svg_height_top=”eyJwaG9uZSI6IjIifQ==” flex_vert_align=”flex-start”][vc_column width=”1/2″ tdc_css=”eyJhbGwiOnsiZGlzcGxheSI6IiJ9fQ==”][vc_empty_space][vc_single_image media_size_image_height=”300″ media_size_image_width=”300″ image=”113″ height=”eyJhbGwiOiI1MDAiLCJwaG9uZSI6IjMwMCJ9″ tdc_css=”eyJhbGwiOnsiZGlzcGxheSI6IiJ9fQ==” alignment=”top” size=”contain” url_rel=””][/vc_column][vc_column width=”1/2″ - [Reports](https://www.telekyanmar.org/reports/) - [ကျန်းမာရေးအသိပညာများ](https://www.telekyanmar.org/health-education/) - [ပင်မစာမျက်နှာ](https://www.telekyanmar.org/home-2/) - [vc_row tdc_css=”eyJhbGwiOnsiYmFja2dyb3VuZC1jb2xvciI6IiNlZDFiMjYiLCJiYWNrZ3JvdW5kLXBvc2l0aW9uIjoiY2VudGVyIGNlbnRlciIsImRpc3BsYXkiOiIifX0=” flex_layout=”block” full_width=”stretch_row” content_align_vertical=”content-vert-bottom” row_divider_bottom=”” flex_horiz_align=”flex-start”][vc_column flex_grow=”default” flex_layout=”block”] NUG MOH တယ်လီကျန်းမာ လူတိုင်းအတွက်ပါ [/td_block_text_with_title][vc_single_image tdc_css=”eyJhbGwiOnsiZGlzcGxheSI6IiJ9fQ==” media_size_image_height=”263″ media_size_image_width=”300″ image=”17475″ size=”contain” height=”300″] ပြည်သူ့ကျန်းမာရေးအတွက် ပြည်သူ့အစိုးရထံမှ ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ [/td_block_text_with_title][tdm_block_button button_text=”ဆေးခန်းပြရန်” button_size=”tdm-btn-lg” content_align_horizontal=”content-horiz-center” button_display=”” tds_button1-background_color=”eyJ0eXBlIjoiZ3JhZGllbnQiLCJjb2xvcjEiOiIjZjdhMDA5IiwiY29sb3IyIjoiI2Y2NzY3ZiIsIm1peGVkQ29sb3JzIjpbXSwiZGVncmVlIjoiLTYwIiwiY3NzIjoiYmFja2dyb3VuZDogLXdlYmtpdC1saW5lYXItZ3JhZGllbnQoLTYwZGVnLCNmNjc2N2YsI2Y3YTAwOSk7YmFja2dyb3VuZDogbGluZWFyLWdyYWRpZW50KC02MGRlZywjZjY3NjdmLCNmN2EwMDkpOyIsImNzc1BhcmFtcyI6Ii02MGRlZywjZjY3NjdmLCNmN2EwMDkifQ==” tds_button=”tds_button3″ tds_button3-shadow_offset_vertical=”8″ tds_button3-background_color=”eyJ0eXBlIjoiZ3JhZGllbnQiLCJjb2xvcjEiOiIjZjdhMDA5IiwiY29sb3IyIjoiI2Y2NzY3ZiIsIm1peGVkQ29sb3JzIjpbXSwiZGVncmVlIjoiLTYwIiwiY3NzIjoiYmFja2dyb3VuZDogLXdlYmtpdC1saW5lYXItZ3JhZGllbnQoLTYwZGVnLCNmNjc2N2YsI2Y3YTAwOSk7YmFja2dyb3VuZDogbGluZWFyLWdyYWRpZW50KC02MGRlZywjZjY3NjdmLCNmN2EwMDkpOyIsImNzc1BhcmFtcyI6Ii02MGRlZywjZjY3NjdmLCNmN2EwMDkifQ==” tds_button3-text_color=”#ffffff” tdc_css=”eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9LCJsYW5kc2NhcGUiOnsibWFyZ2luLXRvcCI6IjMwIiwiZGlzcGxheSI6IiJ9LCJsYW5kc2NhcGVfbWF4X3dpZHRoIjoxMTQwLCJsYW5kc2NhcGVfbWluX3dpZHRoIjoxMDE5LCJwb3J0cmFpdCI6eyJtYXJnaW4tdG9wIjoiMzAiLCJkaXNwbGF5IjoiIn0sInBvcnRyYWl0X21heF93aWR0aCI6MTAxOCwicG9ydHJhaXRfbWluX3dpZHRoIjo3NjgsInBob25lIjp7Im1hcmdpbi10b3AiOiI0MCIsImRpc3BsYXkiOiIifSwicGhvbmVfbWF4X3dpZHRoIjo3Njd9″ tds_button3-background_hover_color=”eyJ0eXBlIjoiZ3JhZGllbnQiLCJjb2xvcjEiOiIjZjc5YzAwIiwiY29sb3IyIjoiI2Y0NTU2MCIsIm1peGVkQ29sb3JzIjpbXSwiZGVncmVlIjoiLTYwIiwiY3NzIjoiYmFja2dyb3VuZDogLXdlYmtpdC1saW5lYXItZ3JhZGllbnQoLTYwZGVnLCNmNDU1NjAsI2Y3OWMwMCk7YmFja2dyb3VuZDogbGluZWFyLWdyYWRpZW50KC02MGRlZywjZjQ1NTYwLCNmNzljMDApOyIsImNzc1BhcmFtcyI6Ii02MGRlZywjZjQ1NTYwLCNmNzljMDAifQ==” button_icon_size=”14″ button_url=”https://m.me/telehealthmm” tds_button3-border_radius=”8″][vc_empty_space][/vc_column][/vc_row][vc_row full_width=”stretch_row_1400 td-stretch-content” flex_layout=”block” tdc_css=”eyJhbGwiOnsiYmFja2dyb3VuZC1jb2xvciI6InJnYmEoMjM3LDIzNywyMzcsMC44KSIsImRpc3BsYXkiOiIifX0=” svg_height_top=”eyJwaG9uZSI6IjIifQ==” flex_vert_align=”flex-start” content_align_vertical=”content-vert-center”][vc_column width=”1/2″ tdc_css=”eyJhbGwiOnsiZGlzcGxheSI6IiJ9fQ==”][vc_empty_space][vc_single_image media_size_image_height=”300″ media_size_image_width=”300″ image=”113″ height=”eyJhbGwiOiI1MDAiLCJwaG9uZSI6IjMwMCJ9″ tdc_css=”eyJhbGwiOnsiZGlzcGxheSI6IiJ9fQ==” alignment=”top” size=”contain” url_rel=””][/vc_column][vc_column - [တယ်လီကျန်းမာ အဖွဲ့အစည်း](https://www.telekyanmar.org/about-us-2/) - [vc_row][vc_column][vc_empty_space][tdm_block_column_title title_size=”tdm-title-sm” tds_title1-f_title_font_family=”epilogue-2_global” tds_title1-f_title_font_weight=”800″ tds_title1-f_title_font_size=”eyJhbGwiOiIyOCIsInBvcnRyYWl0IjoiMjAiLCJsYW5kc2NhcGUiOiIyNCIsInBob25lIjoiMjQifQ==” tds_title1-title_color=”#595959″ tdc_css=”eyJhbGwiOnsiei1pbmRleCI6IjEiLCJkaXNwbGF5IjoiIn0sImxhbmRzY2FwZSI6eyJkaXNwbGF5IjoiIn0sImxhbmRzY2FwZV9tYXhfd2lkdGgiOjExNDAsImxhbmRzY2FwZV9taW5fd2lkdGgiOjEwMTksInBvcnRyYWl0Ijp7ImRpc3BsYXkiOiIifSwicG9ydHJhaXRfbWF4X3dpZHRoIjoxMDE4LCJwb3J0cmFpdF9taW5fd2lkdGgiOjc2OCwicGhvbmUiOnsiZGlzcGxheSI6IiJ9LCJwaG9uZV9tYXhfd2lkdGgiOjc2N30=” content_align_horizontal=”content-horiz-center” tds_title1-f_title_font_spacing=”-1″ tds_title1-f_title_font_line_height=”1.1″ tds_title=”tds_title2″ title_tag=”h3″ title_text=”JUUxJTgwJTkwJUUxJTgwJTlBJUUxJTgwJUJBJUUxJTgwJTlDJUUxJTgwJUFFJUUxJTgwJTgwJUUxJTgwJUJCJUUxJTgwJTk0JUUxJTgwJUJBJUUxJTgwJUI4JUUxJTgwJTk5JUUxJTgwJUFDJTIwJUUxJTgwJUExJUUxJTgwJTk2JUUxJTgwJUJEJUUxJTgwJUIyJUUxJTgwJUI3JUUxJTgwJUExJUUxJTgwJTg1JUUxJTgwJThBJUUxJTgwJUJBJUUxJTgwJUI4″ tds_title2-f_title_font_size=”28″ tds_title2-f_title_font_line_height=”1.1″ tds_title2-f_title_font_weight=”600″ tds_title2-f_title_font_spacing=”-1″ tds_title2-title_color=”#595959″ tds_title2-line_color=”#ed1b26″ tds_title2-hover_line_width=”280″] တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းက ကြိုဆိုပါသည်။ တယ်လီကျန်းမာသည် ကျန်းမာရေး၀န်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုသရေးအဖွဲ့ အစည်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစနစ်ကို အထောက်အပံ့ပေးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ မြန်မာပြည်သူလူထုအား အကောင်းမွန်ဆုံး ကျန်းမာရေး၀န်ဆောင်မှုများ ပေးနိုင်ရန်၊ ဖက်ဒရယ် ကျန်းမာရေးစနစ် ပိုမိုကျယ်ပြန့်စွာ အားကောင်းစေရန်နှင့် ကျန်းမာရေးအသိပညာ မြင့်မားစေရန်တို့သည် ကျွန်ုပ်တို့၏ မျှော်ရည်ချက်ဖြစ်ပါသည်။ မိမိတို့အဖွဲ့အစည်းသည် ကျန်းမာရေးစောင့်ရှောက်မှုကို အကောင်းမွန်ဆုံးပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးစားလျက် ရှိပါသည်။ မိိမိတို့အဖွဲ့အစည်းသည် ပြည်တွင်း အနယ်နယ်အရပ်ရပ်နှင့် နိုင်ငံတကာမှ မြန်မာပြည်ဖွား အရည်အချင်းပြည့်၀သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် - [Contact Us - Media Inquiries](https://www.telekyanmar.org/contact-us-media-inquiries/) - [Work With Us](https://www.telekyanmar.org/work-with-us/) - [အကြံပြုချက်ပေးပို့ရန်](https://www.telekyanmar.org/feedback/) - [About Us](https://www.telekyanmar.org/about-us/) - [vc_row][vc_column][vc_empty_space][tdm_block_column_title title_size=”tdm-title-sm” tds_title1-f_title_font_family=”epilogue-2_global” tds_title1-f_title_font_weight=”800″ tds_title1-f_title_font_size=”eyJhbGwiOiIyOCIsInBvcnRyYWl0IjoiMjAiLCJsYW5kc2NhcGUiOiIyNCIsInBob25lIjoiMjQifQ==” tds_title1-title_color=”#595959″ tdc_css=”eyJhbGwiOnsiei1pbmRleCI6IjEiLCJkaXNwbGF5IjoiIn0sImxhbmRzY2FwZSI6eyJkaXNwbGF5IjoiIn0sImxhbmRzY2FwZV9tYXhfd2lkdGgiOjExNDAsImxhbmRzY2FwZV9taW5fd2lkdGgiOjEwMTksInBvcnRyYWl0Ijp7ImRpc3BsYXkiOiIifSwicG9ydHJhaXRfbWF4X3dpZHRoIjoxMDE4LCJwb3J0cmFpdF9taW5fd2lkdGgiOjc2OCwicGhvbmUiOnsiZGlzcGxheSI6IiJ9LCJwaG9uZV9tYXhfd2lkdGgiOjc2N30=” content_align_horizontal=”content-horiz-center” tds_title1-f_title_font_spacing=”-1″ tds_title1-f_title_font_line_height=”1.1″ tds_title=”tds_title2″ title_tag=”h3″ title_text=”JUUxJTgwJTkwJUUxJTgwJTlBJUUxJTgwJUJBJUUxJTgwJTlDJUUxJTgwJUFFJUUxJTgwJTgwJUUxJTgwJUJCJUUxJTgwJTk0JUUxJTgwJUJBJUUxJTgwJUI4JUUxJTgwJTk5JUUxJTgwJUFDJTIwJUUxJTgwJUExJUUxJTgwJTk2JUUxJTgwJUJEJUUxJTgwJUIyJUUxJTgwJUI3JUUxJTgwJUExJUUxJTgwJTg1JUUxJTgwJThBJUUxJTgwJUJBJUUxJTgwJUI4″ tds_title2-f_title_font_size=”28″ tds_title2-f_title_font_line_height=”1.1″ tds_title2-f_title_font_weight=”600″ tds_title2-f_title_font_spacing=”-1″ tds_title2-title_color=”#595959″ tds_title2-line_color=”#ed1b26″ tds_title2-hover_line_width=”280″] တယ်လီကျန်းမာ အွန်လိုင်းဆေးခန်းက ကြိုဆိုပါသည်။ တယ်လီကျန်းမာသည် ကျန်းမာရေး၀န်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုသရေးအဖွဲ့ အစည်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးစနစ်ကို အထောက်အပံ့ပေးနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ မြန်မာပြည်သူလူထုအား အကောင်းမွန်ဆုံး ကျန်းမာရေး၀န်ဆောင်မှုများ ပေးနိုင်ရန်၊ ဖက်ဒရယ် ကျန်းမာရေးစနစ် ပိုမိုကျယ်ပြန့်စွာ အားကောင်းစေရန်နှင့် ကျန်းမာရေးအသိပညာ မြင့်မားစေရန်တို့သည် ကျွန်ုပ်တို့၏ မျှော်ရည်ချက်ဖြစ်ပါသည်။ မိမိတို့အဖွဲ့အစည်းသည် ကျန်းမာရေးစောင့်ရှောက်မှုကို အကောင်းမွန်ဆုံးပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးစားလျက် ရှိပါသည်။ မိိမိတို့အဖွဲ့အစည်းသည် ပြည်တွင်း အနယ်နယ်အရပ်ရပ်နှင့် နိုင်ငံတကာမှ မြန်မာပြည်ဖွား အရည်အချင်းပြည့်၀သော ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့် - [ကလေးသူငယ်ကျန်းမာရေး](https://www.telekyanmar.org/health-education/children-health/) - [ကူးစက်ရောဂါများအကြောင်း](https://www.telekyanmar.org/health-education/infection/) - [အားလုံးဖတ်ရှုရန်](https://www.telekyanmar.org/health-education/see-all/) - [အာဟာရနှင့် သက်ဆိုင်သော ကျန်းမာရေးဗဟုသုတများ](https://www.telekyanmar.org/health-education/nutrition/) - [ဟော်မုန်းနှင့်သက်ဆိုင်သောရောဂါပြဿနာများ](https://www.telekyanmar.org/health-education/endocrine/) - [သွေးရောဂါ ပြဿနာများ](https://www.telekyanmar.org/health-education/hematology/) - [အရိုး၊ အဆစ်၊ ကြွက်သား၊ အရွတ်တို့နှင့်သက်ဆိုင်သော ရောဂါပြဿနာများ](https://www.telekyanmar.org/health-education/musculoskeletal/) - [အစာအိမ်၊ အူလမ်းကြောင်း၊ အသည်း၊ သည်းခြေ၊ မုန့်ချိုအိတ်နှင့်ဆိုင်သော ရောဂါပြဿနာများ](https://www.telekyanmar.org/health-education/gi-and-hepatic/) - [ဆီးနှင့်ကျောက်ကပ်ဆိုင်ရာရောဂါပြဿနာများ](https://www.telekyanmar.org/health-education/renal/) - [နှလုံး၊ အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာ ရောဂါပြဿနာများ](https://www.telekyanmar.org/health-education/cardiovascular-and-pulmonary/) - [မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါပြဿနာများ](https://www.telekyanmar.org/health-education/eent-and-dental-health/) - [ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါပြဿနာများ](https://www.telekyanmar.org/health-education/neurology/) - [လူမျိုးပေါင်းစုံ ဘာသာစကား ကျန်းမာရေးဗဟုသုတများ](https://www.telekyanmar.org/health-education/multi-lang-articles/) - [အရေပြားနှင့် ခြေသည်းလက်သည်း](https://www.telekyanmar.org/health-education/skin/) - [အမျိုးသမီးကျန်းမာရေး](https://www.telekyanmar.org/health-education/women-health/) - [စိတ်ကျန်းမာရေး](https://www.telekyanmar.org/health-education/mental-health/) - [အရေပြားနှင့်သက်ဆိုင်သောရောဂါပြဿနာများ](https://www.telekyanmar.org/health-education/dermatology/) - [ဦးခေါင်းနှင့် လည်ပင်းဆိုင်ရာ](https://www.telekyanmar.org/health-education/head-and-neck/) - [ရင်ခေါင်းဆိုင်ရာ](https://www.telekyanmar.org/health-education/thorax/) - [ခြေ လက်နှင့် အရိုးအဆစ်](https://www.telekyanmar.org/health-education/limbs/) - [၀မ်းဗိုက်ပိုင်းဆိုင်ရာ](https://www.telekyanmar.org/health-education/abdomen/) ## Categories - [Uncategorized](https://www.telekyanmar.org/category/uncategorized/) - [Blog](https://www.telekyanmar.org/category/blog/) - [Featured](https://www.telekyanmar.org/category/featured/) - [Health Education](https://www.telekyanmar.org/category/health-education/) - [Children Health](https://www.telekyanmar.org/category/health-education/children-health-en/) - [Mental Health](https://www.telekyanmar.org/category/health-education/mental-health-en/) - [Research](https://www.telekyanmar.org/category/health-education/research/) - [ရသစာစုများ](https://www.telekyanmar.org/category/health-education/ရသစာစုများ/) - [Telehealth News](https://www.telekyanmar.org/category/telehealth-news/) - [News](https://www.telekyanmar.org/category/news/) - [About Diseases](https://www.telekyanmar.org/category/about-diseases/) - [Introducing Our Clinics](https://www.telekyanmar.org/category/introducing-our-clinics/) - [Other Information](https://www.telekyanmar.org/category/other-information/) - [Introducing Our Specialists](https://www.telekyanmar.org/category/introducing-our-specialists/) - [Monkeypox](https://www.telekyanmar.org/category/monkeypox/) - [Tele-Health](https://www.telekyanmar.org/category/telehealth/) - [Skin](https://www.telekyanmar.org/category/health-education/skin-en/) - [Head and Neck](https://www.telekyanmar.org/category/health-education/head-and-neck-en/) - [Thorax](https://www.telekyanmar.org/category/health-education/thorax-en/) - [Abdomen](https://www.telekyanmar.org/category/health-education/abdomen-en/) - [Limbs](https://www.telekyanmar.org/category/health-education/limbs-my-en/) - [Women Health](https://www.telekyanmar.org/category/health-education/women-health-en/) - [Eye](https://www.telekyanmar.org/category/health-education/head-and-neck-en/eye/) - [ENT](https://www.telekyanmar.org/category/health-education/head-and-neck-en/ent/) - [Neurology](https://www.telekyanmar.org/category/health-education/head-and-neck-en/neurology/) - [Oral Health](https://www.telekyanmar.org/category/health-education/head-and-neck-en/oral-health/) - [Hypertension & Cardiovascular](https://www.telekyanmar.org/category/health-education/thorax-en/hypertension-cardiovascular/) - [Respiratory](https://www.telekyanmar.org/category/health-education/thorax-en/respiratory/) - [Diabetes & Obesity & Hormone](https://www.telekyanmar.org/category/health-education/abdomen-en/diabetes-obesity-hormone/) - [Food & Nutrition](https://www.telekyanmar.org/category/health-education/abdomen-en/food-nutrition/) - [Gestrointestinal](https://www.telekyanmar.org/category/health-education/abdomen-en/gestrointestinal/) - [Liver, Pancreas & Gall Bladder](https://www.telekyanmar.org/category/health-education/abdomen-en/liver-pancreas-gall-bladder/) - [Kidney & Urinary Tract](https://www.telekyanmar.org/category/health-education/abdomen-en/kidney-urinary-tract/) - [Bone & Joint](https://www.telekyanmar.org/category/health-education/limbs-my-en/bone-joint/) - [Rheumatology](https://www.telekyanmar.org/category/health-education/limbs-my-en/rheumatology/) - [Blood Disorder](https://www.telekyanmar.org/category/health-education/limbs-my-en/blood-disorder/) - [Children](https://www.telekyanmar.org/category/health-education/children-health-en/children/) - [Vaccine](https://www.telekyanmar.org/category/health-education/children-health-en/vaccine/) - [Reproductive Health](https://www.telekyanmar.org/category/health-education/women-health-en/reproductive-health-en/) - [Adolescent Health](https://www.telekyanmar.org/category/health-education/women-health-en/adolescent-health/) - [Others](https://www.telekyanmar.org/category/health-education/others/) - [Infection & Infestations](https://www.telekyanmar.org/category/health-education/others/infection-infestations/) - [Man Health](https://www.telekyanmar.org/category/health-education/others/man-health/) - [Cancer](https://www.telekyanmar.org/category/health-education/others/cancer/) - [Weather Related, Environmental Health and Disaster Management](https://www.telekyanmar.org/category/health-education/others/weather-related-environmental-health-and-disaster-management/) - [Neurology diseases and conditions](https://www.telekyanmar.org/category/health-education/neurology-en/) - [EENT & Dental Health](https://www.telekyanmar.org/category/health-education/eent-and-dental-health/) - [Cardiovascular and Pulmonary diseases](https://www.telekyanmar.org/category/health-education/cardiovascular-and-pulmonary/) - [GI and Hepatic diseases](https://www.telekyanmar.org/category/health-education/gi-and-hepatic/) - [Renal diseases](https://www.telekyanmar.org/category/health-education/renal/) - [Musculoskeletal disease](https://www.telekyanmar.org/category/health-education/musculoskeletal/) - [Hematological diseases and conditions](https://www.telekyanmar.org/category/health-education/hematology/) - [Endocrine diseases](https://www.telekyanmar.org/category/health-education/endocrine/) - [Nutrition](https://www.telekyanmar.org/category/health-education/nutrition/) - [Infections](https://www.telekyanmar.org/category/health-education/infection/) - [Health Articles in Multiple Languages](https://www.telekyanmar.org/category/health-education/multi-lang-articles/) ## Tags - [Eye](https://www.telekyanmar.org/tag/eye/) - [Oral Health](https://www.telekyanmar.org/tag/oral-health/) - [Hypertension & Cardiovascular](https://www.telekyanmar.org/tag/hypertension-cardiovascular/) - [Respiratory](https://www.telekyanmar.org/tag/respiratory/) - [Diabetes](https://www.telekyanmar.org/tag/diabetes/) - [Obesity](https://www.telekyanmar.org/tag/obesity/) - [Women Health](https://www.telekyanmar.org/tag/women-health/) - [Mental Health](https://www.telekyanmar.org/tag/mental-health/) - [Cancer](https://www.telekyanmar.org/tag/cancer/) - [cholera](https://www.telekyanmar.org/tag/cholera-2/) - [Cocaine](https://www.telekyanmar.org/tag/cocaine/) - [Fistula](https://www.telekyanmar.org/tag/fistula/) - [Electrolytes](https://www.telekyanmar.org/tag/electrolytes/) - [retinopathy](https://www.telekyanmar.org/tag/retinopathy/) - [tonsilitis](https://www.telekyanmar.org/tag/tonsilitis/) - [hangover](https://www.telekyanmar.org/tag/hangover/) - [dialysis](https://www.telekyanmar.org/tag/dialysis/) - [smoking](https://www.telekyanmar.org/tag/smoking/) - [bruxism](https://www.telekyanmar.org/tag/bruxism/) - [anger](https://www.telekyanmar.org/tag/anger/) - [CoQ10](https://www.telekyanmar.org/tag/coq10/) - [hypercoagulability](https://www.telekyanmar.org/tag/hypercoagulability/) - [cannabis](https://www.telekyanmar.org/tag/cannabis/) - [weed](https://www.telekyanmar.org/tag/weed/) - [marijuana](https://www.telekyanmar.org/tag/marijuana/) - [BPH](https://www.telekyanmar.org/tag/bph/) - [amphetamine](https://www.telekyanmar.org/tag/amphetamine/) - [ice](https://www.telekyanmar.org/tag/ice/) - [ascities](https://www.telekyanmar.org/tag/ascities/) - [headache](https://www.telekyanmar.org/tag/headache/) - [statins](https://www.telekyanmar.org/tag/statins/) - [fever](https://www.telekyanmar.org/tag/fever/) - [transplant](https://www.telekyanmar.org/tag/transplant/) - [lung](https://www.telekyanmar.org/tag/lung/) - [lipoma](https://www.telekyanmar.org/tag/lipoma/) - [melatonin](https://www.telekyanmar.org/tag/melatonin/) - [onychomycosis](https://www.telekyanmar.org/tag/onychomycosis/) - [lymphoma](https://www.telekyanmar.org/tag/lymphoma/) - [peptic](https://www.telekyanmar.org/tag/peptic/) - [ulcer](https://www.telekyanmar.org/tag/ulcer/) - [umblical](https://www.telekyanmar.org/tag/umblical/) - [hernia](https://www.telekyanmar.org/tag/hernia/) - [heartburn](https://www.telekyanmar.org/tag/heartburn/) - [abortion](https://www.telekyanmar.org/tag/abortion/) - [OCD](https://www.telekyanmar.org/tag/ocd/) - [delusion](https://www.telekyanmar.org/tag/delusion/) - [winterillness](https://www.telekyanmar.org/tag/winterillness/) - [flu](https://www.telekyanmar.org/tag/flu/) - [illnesses](https://www.telekyanmar.org/tag/illnesses/) - [Bronchitis](https://www.telekyanmar.org/tag/bronchitis/) - [CommonCold](https://www.telekyanmar.org/tag/commoncold/) - [AcuteBronchitis](https://www.telekyanmar.org/tag/acutebronchitis/) - [ChronicBronchitis](https://www.telekyanmar.org/tag/chronicbronchitis/) - [Pneumonia](https://www.telekyanmar.org/tag/pneumonia/) - [WhoopingCough](https://www.telekyanmar.org/tag/whoopingcough/) - [couvade](https://www.telekyanmar.org/tag/couvade/) - [osteomyelitis](https://www.telekyanmar.org/tag/osteomyelitis/) - [virus](https://www.telekyanmar.org/tag/virus/) - [infection](https://www.telekyanmar.org/tag/infection/) - [aftermath](https://www.telekyanmar.org/tag/aftermath/) - [healthtips](https://www.telekyanmar.org/tag/healthtips/) - [typhoon](https://www.telekyanmar.org/tag/typhoon/) - [hurricane](https://www.telekyanmar.org/tag/hurricane/) - [cyclone](https://www.telekyanmar.org/tag/cyclone/) - [storm](https://www.telekyanmar.org/tag/storm/) - [telehealth](https://www.telekyanmar.org/tag/telehealth/) - [telekyanmar](https://www.telekyanmar.org/tag/telekyanmar/) - [alcohol](https://www.telekyanmar.org/tag/alcohol/) - [apathy](https://www.telekyanmar.org/tag/apathy/) - [chickenpox](https://www.telekyanmar.org/tag/chickenpox/) - [heroin](https://www.telekyanmar.org/tag/heroin/) - [gynaecomastia](https://www.telekyanmar.org/tag/gynaecomastia/) - [cramp](https://www.telekyanmar.org/tag/cramp/) - [syncope](https://www.telekyanmar.org/tag/syncope/) - [fainting](https://www.telekyanmar.org/tag/fainting/) - [fatty liver](https://www.telekyanmar.org/tag/fatty-liver/) - [hallucination](https://www.telekyanmar.org/tag/hallucination/) - [tetanus](https://www.telekyanmar.org/tag/tetanus/) - [nosocomial infections](https://www.telekyanmar.org/tag/nosocomial-infections/) - [pad rash](https://www.telekyanmar.org/tag/pad-rash/) - [acne](https://www.telekyanmar.org/tag/acne/) - [sport injury](https://www.telekyanmar.org/tag/sport-injury/) - [gout](https://www.telekyanmar.org/tag/gout/) - [Bladder cancer](https://www.telekyanmar.org/tag/bladder-cancer/) - [Eye health](https://www.telekyanmar.org/tag/eye-health/) - [Squint](https://www.telekyanmar.org/tag/squint/) - [Strabismus](https://www.telekyanmar.org/tag/strabismus/) - [hiatus hernia](https://www.telekyanmar.org/tag/hiatus-hernia/) - [vasectomy](https://www.telekyanmar.org/tag/vasectomy/) - [tuberculosis TB](https://www.telekyanmar.org/tag/tuberculosis-tb/) - [tuberculosis](https://www.telekyanmar.org/tag/tuberculosis/) - [TB](https://www.telekyanmar.org/tag/tb/) - [rash](https://www.telekyanmar.org/tag/rash/) - [heat rash](https://www.telekyanmar.org/tag/heat-rash/) - [pregnancy care](https://www.telekyanmar.org/tag/pregnancy-care/) - [hyperemesis gravidarum](https://www.telekyanmar.org/tag/hyperemesis-gravidarum/) - [rickets](https://www.telekyanmar.org/tag/rickets/) - [Schistosomiasis](https://www.telekyanmar.org/tag/schistosomiasis/) - [color blindness](https://www.telekyanmar.org/tag/color-blindness/) - [Man Health](https://www.telekyanmar.org/tag/man-health/) - [carcinoma gallbladder](https://www.telekyanmar.org/tag/carcinoma-gallbladder/) - [Paraphimosis](https://www.telekyanmar.org/tag/paraphimosis/) - [Blepharitis](https://www.telekyanmar.org/tag/blepharitis/) - [atopic eczema](https://www.telekyanmar.org/tag/atopic-eczema/) - [tinnitus](https://www.telekyanmar.org/tag/tinnitus/) - [nail fungus](https://www.telekyanmar.org/tag/nail-fungus/) - [leptospirosis](https://www.telekyanmar.org/tag/leptospirosis/) - [Stomach cancer](https://www.telekyanmar.org/tag/stomach-cancer/) - [LGBTQ+](https://www.telekyanmar.org/tag/lgbtq/) - [LGBTQ+ related health problems](https://www.telekyanmar.org/tag/lgbtq-related-health-problems/) - [BMI](https://www.telekyanmar.org/tag/bmi/) - [collagen](https://www.telekyanmar.org/tag/collagen/) - [osteoporosis](https://www.telekyanmar.org/tag/osteoporosis/) - [osteosarcoma](https://www.telekyanmar.org/tag/osteosarcoma/) - [asthma](https://www.telekyanmar.org/tag/asthma/) - [infertility](https://www.telekyanmar.org/tag/infertility/) - [scrub typhus](https://www.telekyanmar.org/tag/scrub-typhus/) - [nasal nycle](https://www.telekyanmar.org/tag/nasal-nycle/) - [dengue fever](https://www.telekyanmar.org/tag/dengue-fever/) - [TLKM Physical Activity](https://www.telekyanmar.org/tag/tlkm-physical-activity/) - [stroke](https://www.telekyanmar.org/tag/stroke/) - [health tips 2025](https://www.telekyanmar.org/tag/health-tips-2025/)