MENU

ဗီတာမင် ဒီ ချို့တဲ့ခြင်း (Vitamin D deficiency)

ဗီတာမင် ဒီ ချို့တဲ့ခြင်း (Vitamin D deficiency)

ဗီတာမင်ဒီ (Vitamin D) ဟာ ကယ်လ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်အတွင်း ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်ရုံသာမက ပုံမှန်အရိုးကြီးထွားမှုနဲ့ ထိန်းသိမ်းမှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ အာရုံကြောအဖွဲ့အစည်းနဲ့ ကိုယ်ခံအားစနစ်တွေမှာလည်း ဗီတာမင် ဒီ ရဲ့လုပ်ဆောင်ချက်တွေ ပါဝင်ပါသေးတယ်။

နေရောင်ခြည်ကရရှိတဲ့ ဗီတာမင် ဒီ ကို ခန္ဓာကိုယ်အရေပြားကနေ အဆင့်ဆင့်ပြောင်းလဲပေးပြီး အစာအာဟာရကရရှိတဲ့ ဗီတာမင် ဒီ ကိုတော့ အသည်းနဲ့ကျောက်ကပ်မှာရှိတဲ့ အင်ဇိုင်း (enzyme) ကနေ အဆင့်ဆင့် ပြောင်းလဲပေးပါတယ်။ နောက်ဆုံးမှာ ခန္ဓာကိုယ်အတွက်အသုံးပြုလို့ရတဲ့ ဗီတာမင် ဒီ (Active Vitamin D) ဖြစ်လာပါတယ်။

.

???? ဗီတာမင် ဒီ ချို့တဲ့တာ ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့

(၁) နေရောင်ခြည်ကောင်းစွာမရရှိတာ (ဒါမှမဟုတ်) နေရောင်ခြည်နဲ့ထိတွေ့မှုနည်းတာ

(၂) ကိုယ်စားသုံးနေတဲ့အစားအစာတွေမှာ ဗီတာမင်ဒီဓာတ် လုံလုံလောက်လောက် မပါတာ

(၃) အစာအိမ်၊ အူလမ်းကြောင်းကနေ ဗီတာမင် ဒီ ကို ကောင်းစွာ မစုပ်ယူနိုင်တာ

အစာအိမ်အူလမ်းကြောင်းဆိုင်ရာရောဂါတွေ (Cystic fibrosis ၊ Crohn’s disease and Coeliac disease) မှာ အူလမ်းကြောင်းကနေ ဗီတာမင် ဒီ စုပ်ယူတာ နည်းသွားနိုင်ပါတယ်။

(၄) အသည်း၊ ကျောက်ကပ်ရောဂါတွေကြောင့် ခန္ဓာကိုယ်အတွက် အသုံးပြုနိုင်တဲ့ ဗီတာမင် ဒီ ထုတ်လုပ်မှုလျော့နည်းလာတာ

(၅) အသားဝါရောဂါကဲ့သို့သော အရေပြားအရောင်ပြောင်းလဲတာတွေကြောင့် ဗီတာမင် ဒီ ထုတ်လုပ်နိုင်မှုလျော့ကျသွားတာ

(၆) အဝလွန်တာ

အဝလွန်တာကလည်း ဗီတာမင် ဒီ ချို့တဲ့တာနဲ့ ဆက်စပ်နေပါတယ်။

အဆီဆဲလ်တွေဟာ ဗီတာမင် ဒီ ထုတ်လုပ်တဲ့နေရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ အဝလွန်တဲ့သူတွေဟာ ဗီတာမင် ဒီ ကို ဖြည့်စွက်ဆေး (Supplement) အနေနဲ့ သောက်သုံးရတတ်ပါတယ်။

ဒါ့အပြင် ကိုယ်အလေးချိန်လျှော့ချဖို့လုပ်တဲ့ ခွဲစိတ်မှုတွေ (Weight loss surgeries) ဖြစ်တဲ့ အစာအိမ်အရွယ်အစားကို သေးငယ်စေတဲ့ ခွဲစိတ်တာနဲ့ အူသိမ်ကို ကျော်ဖြတ်တဲ့ (bypass) ခွဲစိတ်တာတွေဟာ အာဟာရဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် စုပ်ယူမှုတွေကို လျော့နည်းစေပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ ခွဲစိတ်မှုတွေ လုပ်ထားတဲ့သူတွေမှာ ဗီတာမင် ဒီ နဲ့ တခြားအာဟာရဓာတ်တွေ ချို့တဲ့မှု မဖြစ်အောင် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

(၇) ဗီတာမင် ဒီ စုပ်ယူတာကို လျော့နည်းစေတဲ့ ဆေးတွေသောက်နေရတာ

ဝမ်းနုတ်ဆေး၊ စတီးရိုက် (steroid)၊ သွေးတွင်းအဆီ လျှော့ချပေးတဲ့ ဆေးတွေ၊ အတက်ရောဂါမှာသုံးတဲ့ ဆေးတစ်ချို့၊ တီဘီရောဂါကုတဲ့ ဆေးတစ်မျိုး နဲ့ အဆီကျဆေးတွေကို ရေရှည်စွဲသောက်နေတဲ့သူတွေမှာ ဗီတာမင် ဒီ ချို့တဲ့တာမျိုး ဖြစ်တတ်ပါတယ်။

**********

ပုံမှန်အားဖြင့်တော့ အသက် (၆၅) နှစ်နဲ့အထက် အသက်ကြီးလာတဲ့ လူကြီးတွေ၊ အသားညိုတဲ့သူတွေ (အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသ) နဲ့ အဝတ်အစားကို ခန္ဓာကိုယ်အပြည့် ဝတ်ဆင်တဲ့သူတွေမှာ ဗီတာမင် ဒီ ချို့တဲ့တာ အများဆုံး ဖြစ်နိုင်ပါတယ်။

**********

???? ဗီတာမင် ဒီ ချို့တဲ့ရင်….

(၁) မောပန်းနွမ်းနယ်တာ

(၂) အရိုးများ နာကျင်တာ

(၃) ကြွက်သားတွေ အားနည်းတာ၊ နာကျင်တာ

(၄) စိတ်ပုံမှန်မဟုတ်တော့တာနဲ့ စိတ်ဓာတ်ကျတာ စတဲ့ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။

** တစ်ခါတစ်ရံမှာ ရောဂါလက္ခဏာတွေ မရှိဘဲလည်း ဗီတာမင် ဒီ ချို့တဲ့တာမျိုး ဖြစ်နိုင်ပါတယ် **

*********

???? ဗီတာမင် ဒီ ချို့တဲ့တာရဲ့ နောက်ဆက်တွဲ အနေနဲ့ကတော့…

(၁) ကလေးတွေမှာဆိုရင်တော့ ဗီတာမင် ဒီ ချို့တဲ့ရင် ကလေး အရိုးပျော့ရောဂါ (rickets) ဖြစ်တတ်ပြီး အရိုးအဆစ် ကြီးထွားမှုပုံစံ မမှန်တာ (ဥပမာ – ခြေထောက်တွေ ကွေးသွားတာ) ဖြစ်တတ်ပါတယ်။

ဒီလိုအခါမှာ အမြန်ဆုံး ကုသဖို့ လိုပါတယ်။ မကုသဘဲထားရင် ရေရှည်မှာ အရိုးတွေပျက်စီးပြီး ပုံမှန်ကြီးထွားနိုင်ခြင်းမရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။

ရောဂါအရမ်း ပြင်းထန်တဲ့အခါ အတက်ရောဂါနဲ့ နှလုံးပျက်စီးပြီး သေဆုံးတဲ့အထိ ဖြစ်နိုင်တာမို့ အထူးဂရုပြုသင့်ပါတယ်။

.

(၂) လူကြီးတွေမှာ အရိုးပျော့တာ (osteomalacia)နဲ့ အရိုးပွတာ (osteoporosis)

အရိုးပွတာက အမျိုးသမီးတွေမှာ အဖြစ်များပြီး အရိုးပျော့တာ / အရိုးပွတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ကတော့ အရိုးကျိုးတာထိဖြစ်နိုင်ပါတယ်။

.

၃) သွေးတွင်း ကယ်လ်ဆီယမ် ( Calcium ) နဲ့ ဖော့စဖိတ် ( Phosphate) ပမာဏနည်းတာ (hypocalcemia) တွေ ဖြစ်လာတတ်ပါတယ်။

***********

???? ဗီတာမင် ဒီ ချို့တဲ့တာကို သိရဖို့ဆိုရင်…

သွေးတွင်း ဗီတာမင် ဒီ ဓာတ်ကို တိုင်းတာစစ်ဆေးဖို့လိုပါတယ်။ ပုံမှန်အားဖြင့်တော့ ဗီတာမင် ဒီ ကို စစ်ဆေးလေ့မရှိပါဘူး။ ဒါပေမယ့် ဗီတာမင် ဒီ ချို့တဲ့တဲ့ လက္ခဏာတွေ (ဒါမှမဟုတ်) ဗီတာမင် ဒီ ချို့တဲ့စေတဲ့ ရောဂါအခံတွေရှိနေရင်တော့ ဗီတာမင် ဒီ ကို စစ်လေ့ရှိပါတယ်။

************

???? ဗီတာမင် ဒီ ချို့တဲ့ရင် ဘယ်လိုကုသရမလဲ ?

• ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာတွေ စားတာ

• နေရောင်ခြည်ဓာတ်ကို ပိုမိုရယူတာနဲ့

• လိုအပ်လျှင် သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပြီး ဗီတာမင် ဒီ ဖြည့်စွက်အားဆေးတွေ သောက်တာတို့ လုပ်လို့ရပါတယ်။

***********

???? ဗီတာမင် ဒီ ချို့တဲ့တာကို ဘယ်လို ကာကွယ်မလဲ ?

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ် ဆိုတဲ့အတိုင်း ဗီတာမင် ဒီ မချို့တဲ့အောင် အကောင်းဆုံးကာကွယ်နည်းလမ်းတွေကတော့…

– ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ငါးအမျိုးမျိုး (ဆော်လမွန်ငါး၊ တူနာငါး၊ မက်ကရယ်ငါး၊ ငါးသေတ္တာ)၊ မှို၊ ကြက်ဥအနှစ်၊ ငါးကြီးဆီ၊ နို့နှင့် နို့ထွက်ပစ္စည်းတွေနဲ့ လိမ္မော်ရည် စတာတွေကို စားသောက်ပေးပါ။

– နေရောင်ခြည်မှ ဗီတာမင် ဒီ ဓာတ်ကို လုံလောက်စွာ ရယူပါ။ ဒါပေမယ့် နေပူခံလိမ်းဆေး (sun cream) မလိမ်းဘဲ နေပူထဲ အကြာကြီး မနေသင့်ပါဘူး။ အရေပြားကင်ဆာ ဖြစ်နိုင်ခြေများစေပါတယ်။

( နေ့စဥ်လိုအပ်တဲ့ ဗီတာမင် ဒီ ပမာဏဟာ အသက်အရွယ်ပေါ် မူတည်ပြီး ကွာခြားမှု ရှိနိုင်ပါတယ်။ )

*********

ဗီတာမင် ဒီ ချို့တဲ့တာဟာ ကာကွယ်လို့ရသလို ကုသလို့လည်းရတာမို့ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်ရလေအောင် ဗီတာမင် ဒီ ဓာတ် ပြည့်ဝအောင် စားသောက် နေထိုင်ကြရအောင်နော် ….

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

Reference: ????

https://my. http://clevelandclinic.org/…/15050-vitamin-d-vitamin-d…

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#vitamind#Vit_D_deficiency

#ဗီတာမင်ဒီချို့တဲ့ခြင်း

Ministry of Health,

National Unity Government.

Published on: 24 January 2023
Last Updated: 24 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း Hypoglycemia

လူအတော်အများများက ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ် တက်တာကိုပဲ သတိပြုကြပြီး ကုသကြတာကို တွေ့ရပါတယ်။ သွေးတွင်းသကြားဓာတ်က လိုတာထက် ပိုကျသွားရင်လည်း ရောဂါလက္ခဏာတွေ ခံစားတတ်တာမို့ ဒီအကြောင်းကို သေချာသိရှိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။…… ▫️Hypoglycemia (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း) ဆိုတာက နာမည်အတိုင်းပါပဲ… ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ Glucose (ဂလူးကို့စ်) က...

ခါးနာခြင်း Back Pain

အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။ ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။ ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် . . . ခါးနာခြင်းက ၂...

ကျောဘက်ဝက်ခြံပေါက်ခြင်း Back Acne

ကျောဘက်ဝက်ခြံထွက်ခြင်းဆိုတာ ကျောပေါ်မှာဖြစ်တဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအပေါက်လေးတွေ (အပေါက်ငယ်လေးတွေ) က အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ချွေးတွေနဲ့ ဆီဘမ်လို့ခေါ်တဲ့ အဆီရည်တစ်မျိုးနဲ့ ပိတ်ဆို့သွားတဲ့အခါဖြစ်တတ်ပါတယ်။. ❓ဘာကြောင့် ကျောဘက်ဝက်ခြံ ပေါက်ရတာလဲ။ သင့်ခန္ဓာကိုယ်က အဆီကို အလွန်အကျွံထုတ်လုပ်တာ ဒါမှမဟုတ် အရေပြားကို သေချာမသန့်စင်ဘူးဆိုရင် အပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ - ✅...

ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများ (ဧပြီ၊ ၂၀၂၅)

ဦးနှောက်နှင့် အာရုံကြောမကြီး ဘေးပတ်လည်ရှိ အသားစများ ရောင်ရမ်းခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းဟု ခေါ်ဆိုပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း ပျိုခြင်း အန်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ