MENU

” ကျောရိုးအဆစ်လွဲခြင်း (Spondylolisthesis) “

” ကျောရိုးအဆစ်လွဲခြင်း (Spondylolisthesis) “

ကျောရိုးဆစ်လေးတစ်ခုဟာ မူလနေရာကနေချော်ထွက်သွားတာ နေရာနည်းနည်းလွဲသွားတာကို (Spondylolisthesis) လို့ ခေါ်ပါတယ်။

ဒီလို အဆစ်ချော်ခြင်း (သို့) အဆစ်လွဲခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ အများကြီးရှိတဲ့အနက် အသက်ကြီးလို့ ဖြစ်တာဟာ အဖြစ်များပါတယ်။

ဘာလက္ခဏာမှ မပြတာ ဖြစ်နိုင်သလို ၊ ခါးနာတာနဲ့လက္ခဏာပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်စဥ်အကျဥ်းချုပ်ကတော့ ကျောရိုးဆစ်တစ်ခုဟာ ချော်ထွက်ပြီး သူ့အောက်ကျောရိုးဆစ်တစ်ခုကို သွားဖိတာပါ။ အဲ့မှာ အာရုံကြောပေါ် ဖိအားသက်ရောက်ပြီး ခါးနာတာ၊ ခြေထောက်နာတာတွေ ဖြစ်လာတာပါ။

♦ ကျောရိုးဆစ်လွဲခြင်းအမျိုးအစားများအနေနဲ့…

– မွေးရာပါ ကျောရိုးဆစ်လွဲတာ

( ကလေးတွေမှာ မမွေးခင်ထဲက ကျောရိုးဟာ ပုံမှန်မဟုတ် ဖြစ်နေတာပါ။ ပုံမမှန်တော့ ကျောရိုးဆစ်လွဲနိုင်ခြေပိုရှိပါတယ် )

– ကျီးပေါင်းကြောင့် အဆစ်လွဲတာ

( ကျီးပေါင်းကြောင့် ကျောရိုးပျက်စီးတာ၊ အရိုးကျိုး၊ အရိုးအက်တာဖြစ်ပြီး အရိုးတွေပုံသဏ္ဍာန်မမှန် ချိတ်ဆက်မှုအားနည်းလာတာကြောင့် ကျောရိုးဆစ်လွဲတာ ဖြစ်နိုင်ပါတယ် )

– အသက်အရွယ်အရ ယိုယွင်းပျက်စီးလာမှုကြောင့် ကျောရိုးဆစ်လွဲတာ

( အသက်ကြီးလာတာနဲ့အမျှ ကျောရိုးဆစ်တွေကြားထဲက အဆစ်ပြားတွေ ပါးလာပါတယ်။ အဆစ်ပြားပါးလာတာဟာ ကျောရိုးဆစ်လွဲဖို့ ပိုလွယ်ကူစေပါတယ် )

– ထိခိုက်ဒဏ်ရာကြောင့် ကျောရိုးဆစ်လွဲတာ

– ကျောရိုးခွဲစိတ်မှုပြီးနောက် ကျောရိုးဆစ်လွဲတာ

– ရောဂါကြောင့် ကျောရိုးဆစ်လွဲတာ

( အရိုးပွရောဂါ၊ အရိုးကင်ဆာ စတဲ့ရောဂါများကြောင့်လည်း ကျောရိုးဆစ်လွဲနိုင်ပါတယ် )

.

.

♦ ဘယ်သူတွေမှာ ကျောရိုးဆစ်လွဲနိုင်လဲ ?

– အားကစားသမားများ

( ငယ်ငယ်ရွယ်ရွယ် အားကစားသမားတွေနဲ့ ကျောရိုးဆန့်တာများတဲ့သူတွေမှာ ကျောရိုးဆစ်ပိုလွဲနိုင်ပါတယ်။ ဥပမာ- ဘောလုံးသမားများ၊gymကစားသူများ )

– မျိုးရိုး​ရှိသူများ

( အသက်အရွယ်ကြောင့် ယိုယွင်းပျက်ဆီးမှုဖြစ်တဲ့ ကျောရိုးဆစ်လွဲသူများဟာ မျိုးရိုး​လည်း လိုက်တတ်ပါတယ်။ အရိုးဆစ်နှစ်ခုကြား ချိတ်ပေးတဲ့အရိုးဆစ်လေးတွေပါးတာကြောင့် ပိုပြီးကျိုးလွယ်အဆစ်လွဲနိုင်ခြေ ရှိပါတယ် )

– အသက်ကြီးသူများ

( အသက်ကြီးလာတာနဲ့အမျှ အရိုးတွေက ပျက်ဆီးလာပါတယ်။ ပျက်စီးလာတာနဲ့အမျှ ကျောရိုးဆစ်တစ်ခုနဲ့တစ်ခုကြားက ချိတ်ဆက်မှုအားနည်းပြီး ကျောရိုးဆစ်လွဲစေနိုင်ပါတယ်။ အသက်၅၀ကျော်လူကြီးတွေမှာ ပိုအဖြစ်များပါတယ် )

.

.

♦​​ ကျောရိုးဆစ်လွဲခြင်း လက္ခဏာများအနေနဲ့ကတော့

– ခါးနာခြင်း

– ခြေထောက်၊ ပေါင်ဆန့်ထုတ်လိုက်လျှင် နာခြင်း

– ပေါင်နောက်ကြွက်သားများ တောင့်တင်းနေခြင်း

– ကျောရိုးတစ်လျှောက် တောင့်တင်းနေခြင်း

– အကြာကြီးမတ်တပ်မရပ်နိုင်ခြင်း၊ လမ်းမလျှောက်နိုင်ခြင်း

– ကုန်းလျှင်နာခြင်း

– ခြေဖဝါးမှာထုံခြင်း၊ တဆစ်ဆစ်နှင့် စပ်ဖျဥ်းဖျဥ်းကဲ့သို့ ခံစားရခြင်း၊ အားနည်းခြင်းတို့ ဖြစ်နိုင်ပါတယ်

.

.

♦ ကျောရိုးဆစ်လွဲတိုင်း ခွဲစိတ်ရမှာလား?

ကျောရိုးဆစ်လွဲတာမှာ Low grade (မပြင်းထန်)နဲ့ High grade (ပြင်းထန်)ဆိုပြီး ရှိပါတယ်။

မပြင်းထန်တဲ့ ကျောရိုးဆစ်လွဲခြင်းအတွက် ခွဲစိတ်မှုမလိုအပ်ပါဘူး။ ဆယ်ကျော်သက်အားကစားသမားတွေနဲ့ အရိုးယိုယွင်းပျက်ဆီးမှုကြောင့် ကျောရိုးဆစ်လွဲတဲ့သူတွေမှာ low grade အမျိုးအစားကို တွေ့ရပါတယ်။

ပြင်းထန်တဲ့ ကျောရိုးဆစ်လွဲခြင်းအတွက်တော့ အရမ်းနာတဲ့သူတွေမှာ ခွဲစိတ်မှုလိုအပ်ပါတယ်။

.

.

♦ ဘာတွေ စစ်ဆေးစမ်းသပ်ရသလဲ ?

ဆရာဝန်က ရောဂါရာဇဝင်မေးတာ၊ ခန္ဓာကိုယ်လှုပ်ရှားမှုတို့ကို စမ်းသပ်တာအပြင် လိုအပ်ရင်…

– ကွန်ပြူတာဓာတ်မှန် (CT scan)

– သံလိုက်ဓာတ်မှန် (MRI)

– ရိုးရိုးဓာတ်မှန် ရိုက်တာတွေလည်း ပြုလုပ်ရနိုင်ပါတယ်။

.

.

♦မကုသပဲထားရင် ဘာတွေဖြစ်နိုင်လဲ ?

Cauda Equina syndrome (နောက်ကျောမှာရှိတဲ့နာဗ်ကြောမြစ်ဆုံဖိမိခြင်း) ဖြစ်နိုင်ပြီး အောက်ပိုင်းအကြောသေတတ်ပါတယ်။ ဆီးမနိုင်တာပါ ဖြစ်ပါတယ်။

♦ ဆေးရုံဆေးခန်း မသွားနိုင်သေးရင် အိမ်မှာဘာတွေလုပ်သင့်သလဲ ?

– အနားယူပါ

– လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့

– အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေး သောက်လို့ရပါတယ်

.

.

♦​ ကျောရိုးဆစ်မလွဲအောင် ဘယ်လိုကာကွယ်ကြမလဲ ?

– နောက်ကျောဘက် ကြွက်သားများနဲ့ ဝမ်းဗိုက်ကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

– ကိုယ်အလေးချိန်ထိန်းပါ

– အရိုးသန်မာစေအောင် အာဟာရညီညွတ်မျှတစွာ စားသောက်ပါ

References- ????

https://my.clevelandclinic.org/…/10302-spondylolisthesis-

https://www.webmd.com/…/pain-management-spondylolisthesis

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#spondylolisthesis

Ministry of Health,

National Unity Government.

Published on: 18 January 2023
Last Updated: 18 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...