MENU

ခြေနံ့ဆိုးခြင်း Smelly feet: Bromodosis (January, 2023)

ခြေနံ့ဆိုးခြင်း (Smelly feet Bromodosis)

ခြေထောက်အနံ့ဆိုးထွက်တာဟာ လူတော်တော်များများ ကြုံဖူးကြပါတယ်။ စိုစွတ်တဲ့မိုးရာသီနဲ့ ဆောင်းရာသီတို့မှာ အဖြစ်များတဲ့ ခြေနံ့ဆိုးတာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလျော့ကျစေပြီး စိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
.

???? ဘယ်အခါမှာ ခြေထောက်အနံ့ဆိုးတာ ပိုဖြစ်တတ်သလဲ ?

ခြေဆီထွက်တယ်လို့ လူတွေအသိများကြပေမယ့် ခြေနံ့ဆိုးတာရဲ့ တရားခံအကြောင်းရင်းကတော့ ခြေထောက်ကထွက်တဲ့ ချွေးနဲ့အတူ ဘတ်တီးရီးယားပိုးမွှားတွေ ပွားများလာလို့ပဲဖြစ်ပါတယ်။

ဘတ်တီးရီးယားပိုးတွေက ချွေးကို ဖြိုခွဲစားသုံးပြီး ရှာလကာရည် ( Acetic acid (Vinegar)) နဲ့ ဆင်တူတဲ့ အက်စစ်ဓာတ်တစ်မျိုး (Propionic acid) ကိုထုတ်တာကြောင့် ​ချဥ်စုပ်စုပ်နံ့ရတာဖြစ်ပါတယ်။
.

???? ဘယ်သူတွေမှာ ခြေနံ့ဆိုးတာ အဖြစ်များသလဲ ?

????ချွေးပိုထွက်၊ ခြေဆီပိုထွက်လွယ်ကြသူတွေ

????ဟော်မုန်းပြောင်းလဲချိန်

ဆယ်ကျော်သက်အရွယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ရာသီသွေးဆုံးချိန်အမျိုးသမီးတွေမှာ သူတို့ခန္ဓာကိုယ်ကနေ ချွေးပိုထွက်အောင်လှုံ့ဆော်တဲ့ ဟော်မုန်းတွေထုတ်လို့ ချွေးထွက်ပိုများပြီး ခြေနံ့ဆိုးထွက်စေဖို့ ပိုအားပေးတယ်။
.

???? တစ်နေ့လုံး ​မတ်တပ်ရပ်အလုပ်လုပ်ရသူတွေ

???? ခြေထောက်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတဲ့သူတွေ

???? အဝလွန်သူတွေ

????စိတ်ကျရောဂါအတွက် ဆေးသောက်သုံးနေရသူတွေ

???? ခြေအိတ်၊ ဖိနပ်တွေက်ို မှန်မှန်လဲကျင့်မရှိသူတွေမှာ ချွေးပိုထွက်လွယ်ပြီး ခြေနံ့ဆိုးပိုထွက်တတ်ကြပါတယ်။

????ကိုယ်က ခြေထောက်ရေတစိုစိုဖြစ်နေစေတဲ့ အလုပ်လုပ်ရသူဖြစ်ရင်၊ တစ်နေ့လုံး အလုပ်ခွင်မှာ ဝတ်စုံပြည့်နဲ့ ခြေအိတ်မချွတ်တမ်း အလုပ်လုပ်ရသူဖြစ်ရင် ခြေနံ့ဆိုးထွက်ဖို့ ပိုဖြစ်စေတတ်ပါတယ်။

????ချွေးထွက်စေတဲ့ အားကစားပြုလုပ်ခြင်းနဲ့ ပူပြင်းတဲ့ရာသီဥတုကလည်း ချွေးပိုထွက်၊ ခြေနံ့ဆိုးပိုထွက်စေဖို့ အားပေးပါတယ်။
.
.

???? ခြေနံ့ဆိုးတာကို သက်သာအောင် ဘာတွေလုပ်လို့ရလဲ ?

✅ ခြေထောက်သန့်ရှင်းရေး အလေးပေးပါ

တစ်ကိုယ်ရေသန့်ရှင်းရေး၊ ခြေထောက်သန့်ရှင်းရေးကို ဂရုတစိုက်ပြုလုပ်ပါ။ အနည်းဆုံး တစ်နေ့တစ်ကြိမ်တော့ ဆပ်ပြာသုံးပြီး ခြေထောက်ဆေးဖြစ်အောင် ဆေးပေးပါ။

မှိုသေဆေး၊ ဘတ်တီးရီးယားပိုးမွှားတွေသေစေတဲ့ ပိုးသေဆေးပါတဲ့ ဆပ်ပြာတွေအသုံးပြုနိုင်ပါတယ်။

ခြေထောက်ဆေးပြီးရင် ခြေထောက်ကို ​သွေ့ခြောက်အောင်ထားပါ။ အထူးသဖြင့် ခြေချောင်းကြားနေရာလေးတွေဟာ စိုစွတ်ပိုးပေါက်ပွားလွယ်လို့ သန့်ရှင်းခြောက်သွေ့အောင်ထားဖို့ ဂရုစိုက်ပါ။
.

✅ ခြေသည်းမှန်မှန်ညှပ်ပါ။

ခြေသည်းပုံမှန်ညှပ်ပြီး ခြေသည်းများကိုသန့်ရှင်းအောင် ဂရုစိုက်ပါ။ ခြေထောက်က အသားမာတွေကို ခြေသည်းညှပ်မှာပါတဲ့ ပွတ်တိုက်တံကလေးနဲ့ ချောမွေ့အောင် ပြုလုပ်ဖယ်ရှားပေးလို့ရပါတယ်။
.

✅ ခြေအိတ်လဲလှယ်ပါ။

ရာသီဥတုအေးလို့ ခြေအိတ် နေ့ရောညရောပါ ဝတ်ကြရတဲ့အခါ အနည်းဆုံး တစ်နေ့တစ်ခါတော့ လဲလှယ်ဝတ်ပေးပါ။

အားကစားလုပ်တဲ့သူတွေအနေနဲ့ လည်း လေ့ကျင့်ခန်းလုပ်ပြီးရင် ချွေးစိုတဲ့ခြေအိတ်တွေကို ပုံမှန်လဲပေးပါ။
.

✅ ဖိနပ်ကိုလည်း ​သွေ့ခြောက်နေအောင်ထားပါ။

ဖိနပ်စိုနဲ့ အကြာကြီးနေတဲ့အခါ ​ဘတ်တီးရီးယားတွေ ပိုလို့ပေါက်ပွားစေလို့ ဖိနပ်ကို အမြဲခြောက်ခြောက်သွေ့သွေ့ထားပါ။

ဖိနပ်၊ ခြေအိတ်တွေကို လေဝင်လေထွက်ကောင်းစေမယ့် အသား၊ ဒီဇိုင်းရွေးချယ် ဝတ်ဆင်ပါ။

အဆင်ပြေရင် ဖိနပ်ကို အလဲအလှယ်လုပ်စီးပေးပါ။
.

✅ ချွေးနံ့ ပျောက်ဆေးများသုံးပါ။

ခြေထောက်ချွေးထွက်များတာကို ကာကွယ်ဖို့ ပေါင်ဒါမှုန့် ခြေထောက်ကို လိမ်းလို့ရပါတယ်။

ချွေးတိတ်ဆေးရည် (Antiperspirant spray)နဲ့ အနံ့အသက်ပျောက်ဆေးရည် (Deodorant spray) တွေ အသုံးပြုနိုင်ပါတယ်။

လက်သန့်ဆေးရည်/ အရက်ပြန် ( Ethanol spray) နဲ့ ဖျန်းပြီး ခြေထောက်ကို သန့်ပေးလို့လည်းရပါတယ်။
.

✅ ဆားခါးမှုန့်နဲ့ဆေးပါ။

ဆားခါးမှုန့် (Epsom salt) ထည့်ဖျော်ထားတဲ့​ ရေနွေးနွေးလေးထဲကို (၁၀-၂၀) မိနစ်လောက် အနံ့ဆိုးထွက်တဲ့ခြေထောက် ထည့်စိမ်ပေးပြီးနောက် ခြေထောက်ကိုခြောက်အောင်သုတ်ပါ။

ဆားခါးဟာ ဘတ်တီးရီးယားတွေ မပေါက်ပွားအောင် ထိန်းပေးနိုင်သလို အထိုက်အလျောက် အနံ့အသက်ကင်းစေတယ်လို့လည်း ဆိုပါတယ်။
.
.

???? ခြေနံ့ဆိုးထွက်တတ်တဲ့သူတွေအနေနဲ့ စိတ်မညစ်ပါနဲ့။ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းလေးတွေကို စမ်းကြည့်ပါ။ ဒါကိုမှခြေနံ့ဆိုးထွက်တာ မသက်သာသေးရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်ပေးပါ ????

ခြေနံ့ဆိုးခြင်းမှ ကင်းဝေးကြပါစေ ????

References ????
????NHS | Smelly feet
????Healthline | How to get rid of smelly feet (Bromodosis)

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#ခြေနံ့ဆိုးခြင်း#smellyfeet#bromodosis

Ministry of Health,

National Unity Government.

Published on: 30 January 2023
Last Updated: 30 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲများ (၉)

အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။ အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ...

အယူအဆအလွဲများ (၈)

အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊...

အမြည်းလေးတော့ စားပါ

ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို…...

နတ်စားခြင်း

"ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ...