MENU

ကျောက်ကပ် အစားထိုးကုသခြင်း ( Renal Transplant )

ကျောက်ကပ် အစားထိုးကုသခြင်း ( Renal Transplant )

???? ကျောက်ကပ် အစားထိုး ကုသတယ် ဆိုတာ…

ကျောက်ကပ် အစားထိုး ကုသတယ်ဆိုတာ နာတာရှည် ကျောက်ကပ်ရောဂါဝေဒနာရှင်ရဲ့ ပုံမှန်အလုပ်မလုပ်တော့တဲ့ ကျောက်ကပ်ကို တခြားတစ်စုံတစ်ဦးရဲ့ ကျန်းမာတဲ့ကျောက်ကပ်နဲ့ အစားထိုး ကုသတာကို ဆိုလိုပါတယ်။

????အစားထိုးဖို့ ကျောက်ကပ်ရဲ့ လိုအပ်ချက်တွေက….

အစားထိုးရန် လိုအပ်သောကျောက်ကပ်ကို သွေးအမျိုးအစားနဲ့ မျိုးရိုးဗီဇတူတဲ့ အလှူရှင်ထံမှ ရယူနိုင်ပါတယ်။

* အလှူရှင်အနေနဲ့ ကျန်းမာသန်စွမ်းပြီး ကျောက်ကပ်ရောဂါမရှိသူ ဖြစ်ရပါမယ်။

* လတ်တလောသေဆုံးထားသော အလှူရှင်ထံမှလည်း ကျန်းမာတဲ့ကျောက်ကပ်ကို လက်ခံရယူနိုင်ပါတယ်။

???? ကျောက်ကပ် အစားထိုးကုသဖို့ ပြင်ဆင်ရမှာတွေ…

ကျောက်ကပ် အစားထိုးကုသတော့မယ်ဆိုရင်

(၁) အစားထိုးကုသတာဟာ လူနာအတွက် အသင့်တော်ဆုံးရွေးချယ်မှု ဟုတ်/မဟုတ် ကျောက်ကပ် အထူးကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

(၂) ကျောက်ကပ်လှူဒါန်းမယ့် အလှူရှင်ကို ကိုယ်တိုင်ရှာဖွေဆက်သွယ်လို့ရသလို ကျောက်ကပ်အစားထိုးကုသပေးနိုင်မယ့် ဆေးရုံ/ စင်တာတွေမှာ စာရင်းသွင်းပြီးလည်း အလှူရှင်ကို စောင့်လို့ရပါတယ်။

(၃) အလှူရှင်ရရင် လူနာရဲ့ မျိုးဗီဇ ၊ သွေးအမျိုးအစားတွေကို ကျောက်ကပ်အလှူရှင်နဲ့ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးရတဲ့အပြင် နှစ်ဦးနှစ်ဘက်လုံးအနေနဲ့ ခွဲစိတ်ကုသမှု ခံယူနိုင်စွမ်း ရှိ/မရှိ စစ်ဆေးပြီးမှသာ ကျောက်ကပ်အစားထိုးကုသတာကို စတင်လို့ရမှာဖြစ်ပါတယ်။

???? ကျောက်ကပ် အစားထိုးဖို့ ခွဲစိတ်တယ်ဆိုတာ …

အများအားဖြင့်တော့ ကျောက်ကပ်ဝေဒနာရှင်ရဲ့ ကျောက်ကပ်ကို ဖယ်မထုတ်လိုက်ဘဲ အလှူရှင်ရဲ့ ကျန်းမာတဲ့ကျောက်ကပ်ကို ထပ်ထည့်ပေးလိုက်တာဖြစ်ပါတယ်။

???? ဆေးရုံတက်ရတယ့် အကြောင်းရင်းကတော့…

လူနာရဲ့ ကိုယ်ခံအားက အစားထိုးကုသထားတဲ့ ကျောက်ကပ်ကို ပြန်မတိုက်ခိုက်အောင် ခုခံအားကျဆင်းစေတဲ့ဆေးတွေ ( Anti-rejection ) ကို ထိုးရပါတယ်။ ပုံမှန်ကတော့ ၅ ရက်ကနေ ၁ ပတ်အထိ ဆေးရုံတက်ရပြီး ထိုးဆေးကာလပြီးလို့ သောက်ဆေးပြောင်းရင် ဆေးရုံကဆင်းလို့ရပါပြီ။

???? ကျောက်ကပ် အစားထိုး ကုသပြီးရင်….

အကြီးစားခွဲစိတ်ကုသရတာမျိုးဖြစ်တဲ့အတွက် နောက်ဆက်တွဲ ပြဿနာလေးတွေ ကြုံရတတ်ပါတယ်

ရေတိုအနေနဲ့…

– လူနာရဲ့ခုခံအားက အစားထိုးထားတဲ့ကျောက်ကပ်ကို ပြန်လည်တိုက်ခိုက်တာ (Acute Rejection ) မျိုးက အစားထိုးကုသပြီး တစ်နှစ်အတွင်းမှာ အဖြစ်အများဆုံး ပြဿနာတစ်ခု ဖြစ်ပါတယ်။ အစားထိုးကုသတာခံယူထားတဲ့ လူနာ ၃ ယောက်မှာ ၁ ယောက်လောက်ထိ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အချိန်မီ ကုသမှုခံယူပြီးကျောက်ကပ်ပျက်စီးတာကို ကာကွယ်နိုင်ပါတယ်။

– သွေးခဲဖြစ်တာ ၊ ရောဂါပိုးဝင်တာတွေကလည်း ရေတိုကာလမှာ ဖြစ်နိုင်ပါတယ်။

ရေရှည်မှာဆိုရင်လည်း…

– အလှူရှင်ရဲ့ကျောက်ကပ်ကို ပြန်မတိုက်ခိုက်အောင် ဆေးတွေ ထိုးရ/သောက်ရတဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ခံစားရတတ်ပါတယ်။ ခုခံအားချပေးတဲ့ဆေးတွေဖြစ်တာမို့ ရောဂါပိုးဝင်လွယ်ပြီး သာမာန်လူတွေထက် ပိုပြင်းထန်တတ်ပါတယ်။ ဒါ့အပြင် သွေးတိုး၊ဆီးချိုရောဂါ ဖြစ်စေနိုင်သလို ကိုယ်တွင်းအဆီဓာတ်များတာကိုလည်း ဖြစ်စေတတ်ပါတယ်။

???? ဘေးထွက်ဆိုးကျိုးကြောက်လို့ ခုခံအားကျဆင်းစေတဲ့ဆေးဝါးတွေ ( Anti-rejections ) ကို မသောက်ရင်….

ဆေးတွေကို ပုံမှန်မသောက်ရင် အစားထိုးကုသထားတဲ့ ကျောက်ကပ်ကို မိမိခုခံအားက ပြန်တိုက်ခိုက်သော ဒဏ်( Rejection ) ကြောင့် အစားထိုးကျောက်ကပ် ပျက်စီးသွားတတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ယှဉ်ရင် ကျောက်ကပ်ပျက်စီးသွားတာက ပိုဆိုးတာမို့ ဆေးပုံမှန်သောက်ဖို့ အလွန့်အလွန် အရေးကြီးပါတယ်။

????ဆောင်ရန်ရှောင်ရန်တွေက…

– ကုသမှုှုခံယူပြီး ၃ လလောက်အတွင်း အလေးအပင်တွေမတာ ၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်တာတွေ ရှောင်ရပါမယ်။ ပြီးရင်တော့ သာမန်လူတွေလို သွားလာလှုပ်ရှားလို့ ရပါတယ်

– ဆေးလိပ်ဖြတ်ရပါမယ်

– ဆရာဝန်ညွှန်ကြားထားတဲ့ သောက်ဆေးကို အစားထိုးကုသထားတဲ့ ကျောက်ကပ် အလုပ်လုပ်နေသ၍ နေ့စဥ် မပျက်မကွက် သောက်ရပါမယ်။

– ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ရက်ချိန်း ပုံမှန်ပြန်ပြတာ၊ ပုံမှန်သွေးဖောက်စစ်တာတွေ ပြုလုပ်သင့်ပါတယ်။

– အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ရပါမယ်။

???? နောက်ဆုံးပိတ်အနေနဲ့ မှာချင်တာက

ကျောက်ကပ် အစားထိုး ကုသတယ်ဆိုတာ လွယ်ကူတဲ့ကုသနည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျောက်ကပ်ရောဂါ မဖြစ်ရလေအောင် ကာကွယ်ပါ။ ကျောက်ကပ်ရောဂါလို့ သိသိချင်းဆိုရင်လည်း အချိန်နောက်မကျခင် သက်ဆိုင်ရာဆရာဝန်နဲ့ သေချာပြသ ကုသတာမျိုးလုပ်ကြပါ။

” လူသားအားလုံး ကျန်းမာ သန့်စင်သော ကျောက်ကပ်ပိုင်ရှင်လေးများ ဖြစ်ပါစေကြောင်း ဆုတောင်းလျက်…. “

Reference

https://www. nhs .uk/conditions/kidney-transplant/

https://www. mayoclinic .org/tests-procedures/kidney-transplant/about/pac-20384777

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#renaltransplant#ကျောက်ကပ်အစားထိုးခြင်း

Ministry of Health,

National Unity Government.

Published on: 30 December 2022
Last Updated: 30 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...