” ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး၊ဆိုးကျိုးများ “

” ကော်ဖီသောက်ခြင်းရဲ့ ကောင်းကျိုး၊ဆိုးကျိုးများ “

☕ ကော်ဖီချစ်သူအများစုဟာ သူတို့ရဲ့နေ့တစ်နေ့ကို ကော်ဖီမပါဘဲ ဖြတ်သန်းတယ်ဆိုတာ အလွန်ရှားပါးလှတယ်။ ကော်ဖီဆိုတာနဲ့ ကဖင်းဓာတ်ကို အသိများကြပါတယ်။ ကော်ဖီမှာ ကဖင်းဓာတ်အပြင် အရွယ်တင်နုပျိုစေတဲ့ antioxidant ဓာတ်တွေနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းရောင်ရမ်းတာကို သက်သာစေတဲ့အရာတွေလည်း ပါဝင်ပါတယ်။

ကော်ဖီရဲ့ထူးခြားချက်တစ်ခုက အမျိုးသမီးတွေမှာအဖြစ်များတဲ့ ရောဂါအချို့ကို ကာကွယ်ပေးနိုင်တဲ့အပြင် အယ်လ်ဇိုင်းမားရောဂါနဲ့ နှလုံးရောဂါအချို့ကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ကော်ဖီသောက်သုံးခြင်းရဲ့ ကောင်းကျိုးဘာတွေရှိလဲဆိုတာ ဆက်ပြီးဖတ်ကြည့်ရအောင်။

.

.

☕ ကော်ဖီချစ်သူတို့ သိထားသင့်တာကတော့ ကော်ဖီသောက်ရင် အလွန်အကျွံသောက်တာမျိုးမဟုတ်ဘဲ သင့်တော်ရုံပမာဏသောက်မှသာ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။

ကော်ဖီရဲ့ကောင်းကျိုးလေးတွေကို ပြောပြရရင် …

(၁) အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ဖြစ်ပွားနှုန်းကိုနည်းစေပြီး အသက်ပိုရှည်စေပါတယ်။ လေ့လာချက်တွေအရ နှလုံးသွေးကြောကျဉ်းရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုသွေးချိုနဲ့ ကျောက်ကပ်ရောဂါများကြောင့် သေဆုံးနှုန်းဟာ ကော်ဖီသောက်သုံးတဲ့အမျိုးသမီးအများစုမှာ ပိုနည်းတာကိုတွေ့ရပါတယ်။

(၂) သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကော်ဖီကို သင့်တော်တဲ့ပမာဏ ပုံမှန်သောက်သုံးသူတွေမှာ ဆီးချိုရောဂါအမျိုးအစား (၂ ) ( Type 2 Diabetes) ဖြစ်နိုင်ခြေကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် အချိုဓာတ်လွန်ကဲထားတဲ့ကော်ဖီတွေ မသောက်မိဖို့တော့လိုပါတယ်။

(၃) နှလုံးအားနည်းတဲ့ရောဂါများဖြစ်ခြင်းကို လျော့ကျစေပါတယ်။ နှလုံးအားနည်းပြီး သွေးလုံလောက်အောင်မညှစ်ပေးနိုင်လို့ ရုတ်တရက် နှလုံးရပ်သေဆုံးတဲ့ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါမှာ နေ့စဉ် ကော်ဖီ ၁ ခွက်/ ၂ ခွက် သောက်တဲ့သူတွေမှာဆိုရင် ဖြစ်နိုင်ခြေနည်းတယ်လို့ တွေ့ရှိရပါတယ်။

(၄) ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုစေနိုင်ပြီး ပါကစ်ဆန်ရောဂါ ( Parkinson’s disease ) ဖြစ်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။ Parkinson’s disease ဖြစ်သူတွေမှာလည်း လှုပ်ရှားမှုတိုးတက်ဖို့အတွက် အထောက်အကူပြုပါတယ်။

(၅) အသည်းအင်ဇိုင်းကို ပုံမှန်အတွင်းထိန်းပေးထားပြီး အသည်းကိုလည်း ကျန်းမာစေပါတယ်။

(၆) ကော်ဖီခါးခါးသောက်လေ့ရှိတဲ့သူတွေမှာဆို ဆဲလ်တွေပျက်ဆီးတာကို လျော့ကျစေပြီး ကင်ဆာနဲ့ အချို့အလုံးအကျိတ်များဖြစ်ပွားခြင်းကို လျော့နည်းစေပါတယ်။

(၇) အူမကြီးကင်ဆာဖြစ်တာကိုလည်း လျော့ကျစေပါတယ်။ ပုံမှန်အားဖြင့် အမျိုးသမီး (၂၃) ယောက်မှာ (၁) ယောက်နှုန်းဟာ အူမကြီးကင်ဆာဖြစ်နိုင်ခြေရှိပြီး ကော်ဖီသောက်သုံးတဲ့သူတွေမှာတော့ အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ၂၆% ထိလျှော့ချပေးနိုင်တယ်လို့ လေ့လာသုံးသပ်ချက်တွေမှာ တင်ပြထားတာတွေ့ရပါတယ်။

(၈) အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းကိုလည်း နည်းစေပါတယ်။ အသက် (၆၅) နှစ်နဲ့အထက် အမျိုးသမီးတွေမှာ တစ်နေ့ကို ကော်ဖီ (၂-၃) ခွက်သောက်သုံးခြင်းဟာ စိတ်ကစဉ့်ကလျားဖြစ်နှုန်း နည်းစေတာတွေ့ရပါတယ်။

(၉) တစ်နေ့ ကော်ဖီတစ်ခွက် ပုံမှန်သောက်သုံးရင် အမျိုးသမီးတွေမှာ သေဆုံးနှုန်းအများဆုံးထဲက လေးခုမြောက်ဖြစ်တဲ့ လေဖြတ်တာကို ကာကွယ်ပေးနိုင်တယ်လို့လည်းဆိုကြပါတယ်။

.

.

☕ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း တစ်နေ့ကို ကဖင်းဓာတ် ဘယ်လောက်ထိ သောက်သုံးသင့်သလဲ ?

ကဖင်းဓာတ်ကို တစ်နေ့ဘယ်လောက်ထိ သောက်သုံးသင့်သလဲဆိုတာက လမ်းညွှန်ချက် တစ်ခုနဲ့တစ်ခု ကွာခြားနိုင်ပါတယ်။

အမေရိကန်နိုင်ငံ အစားအသောက်ဆိုင်ရာလမ်းညွှန်ချက်များ ( Dietary Guidelines for Americans) အရ တစ်နေ့ကို ကော်ဖီ ၃ ခွက်မှ ၅ ခွက်ထိ သောက်သုံးနိုင်ပြီး ကဖင်းဓာတ်အားဖြင့် ၄၀၀ မီလီဂရမ်ခန့် သောက်သုံးနိုင်ပါတယ်။

ကော်ဖီအလွန်အကျွံသောက်သုံးတဲ့အခါ နှလုံးခုန်နှုန်းမြန်တာ၊ သွေးဖိအားမြင့်လာတာ၊ စိတ်လှုပ်ရှားတာနဲ့ အိပ်မပျော်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ကော်ဖီကိုသောက်သုံးသင့်ပါတယ်။

.

ကော်ဖီချစ်သူတို့ရေ…. ကော်ဖီကိုချစ်သလို ကိုယ့်ကိုယ်ကို လည်းချစ်ဖို့လိုတာမို့ တန်ဆေး လွန်ဘေးဆိုသလို ကဖင်းဓာတ်လေးကို ချင့်ချိန်သောက်ပေးကြပါနော်….

Reference: ????

https://www.hopkinsmedicine.org/…/9-reasons-why-the…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#coffee#ကော်ဖီသောက်ခြင်း၏အကျိုးများ

#ကော်ဖီ

Ministry of Health,

National Unity Government.

Published on: 10 January 2023
Last Updated: 10 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ဘာသာရေးနှင့် ဝိညာဉ်ရေးရာ ယုံကြည်မှုများ Spiritual Beliefs

မရေရာမှုတွေနဲ့ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ လူအများစုဟာ စိတ်၏ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ရရှိဖို့အတွက် နည်းလမ်းတစ်ခုခုကို သဘာဝအတိုင်း ရှာဖွေတတ်ကြပါတယ်။ ဒါဟာ ဘာသာရေးအရ ဝတ်ပြုဆုတောင်းတာ၊ တရားထိုင်တာ၊ နတ်ကိုးကွယ်တာ၊ သဘာဝတရားကို အားကိုးတာ ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့သူတစ်ယောက်ဆီမှာ ရင်ဖွင့်တာ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ စီးဆင်းလာတတ်တာပါ။ ဒီအရာတွေကို...

အဆုံးစီရင်ဖို တွေးတတ်ကြတာ ဘာကြောင့်လဲ

🍀အဆုံးစီရင်ဖို့ တွေးတတ်ကြတာ ဘာကြောင့်လဲ🍀 လူတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကြားရတဲ့အခါတိုင်း ကျွန်တော် အမြဲတမ်း စဥ်းစားမိတဲ့ မေးခွန်းတွေ ရှိပါတယ်။ "ဒီလူတွေ ဘာလို့ အဆုံးစီရင်တဲ့လမ်းကို ရွေးကြတာလဲ" ပေါ့။ "ကိုယ့်ကိုယ်ကိုယ် မချစ်ကြဘူးလား။ ကိုယ့်အသက်ကို မနှမျှောကြဘူးလား" လို့လည်း အခါခါတွေးမိတယ်။ တကယ်တော့ သူတို့ဟာ...

ပွဲဆူသွားတဲ့ ဆေးခြောက်ပိုစ့်လေးအတွက် ရှင်းလင်းချက်

ပြီးခဲ့တဲ့တစ်ပတ်က တယ်လီကျန်းမာရဲ့ ပိုစ့်လေးတစ်ခုအောက်မှာ အတော်လေး ပွဲဆူသွားတာကို သတိထားမိပါတယ်။ ပိုစ့်လေးကတော့ "ဝိ ဆိုတာ ချိုနဲ့လားကွဲ့" ဆိုတဲ့ ဆေးခြောက်ရဲ့ ဆိုးကျိုးတွေအကြောင်း ရှင်းပြထားတဲ့ ပညာပေးပိုစ့်လေးပါ။ ဒီပိုစ့်လေးအောက်မှာပဲ ဆေးခြောက်သုံးစွဲသူ လူငယ်တချို့က ပိုစ့်မှာရေးသားထားတဲ့ အကြောင်းအရာ အချက်အလက်တွေကို လက်မခံနိုင်တဲ့ အမြင်သဘောထား မှတ်ချက်တွေ ရေးသားကြသလို တချို့ဆို...

အိပ်စက်ခြင်းဆိုင်ရာ အလွဲ

"အိပ်စက်ခြင်းဆိုင်ရာ အလွဲ" တစ်ပတ်လုံး အလုပ်တွေ၊ စာတွေနဲ့ ပင်ပန်းထားသမျှ သောကြာနေ့ည ရောက်ပြီဆိုတာနဲ့ "ဒီတစ်ပတ်လုံး ပင်ပန်းထားသမျှ စနေ၊ တနင်္ဂနွေကျမှ အိပ်ရေးဝအောင် ပြန်အိပ်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး တွေးဖူးကြမှာပါ။ အိပ်ရေးပျက်တာတွေကို ပိတ်ရက်မှာ အချိန်အကြာကြီး အိပ်လိုက်ခြင်းဖြင့် အစားထိုးလို့ရတယ်ဆိုတာ ဆေးပညာအရ ကြီးမားတဲ့ အလွဲတစ်ခု...