MENU

ရေမြွှာရည်နည်းခြင်း Oligohydramnios (February, 2023)

ရေမြွှာရည်နည်းခြင်း (Oligohydramnios)

ရေမြွှာရည်ဆိုတာက သန္ဓေသားလေးအသက်ရှင်ဖို့အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရေမြွှာရည်ဟာ သန္ဓေသားကို ကာကွယ်ပေးတဲ့အပြင် ကြွက်သား၊ ခြေလက်အင်္ဂါများ၊ အဆုတ်နဲ့ အစာခြေစနစ်တွေ ဖွံ့ဖြိုးဖို့အတွက်လည်း အထောက်အကူပေးပါတယ်။

ကိုယ်ဝန်စရှိပြီး (၁၂) ရက်မြောက်မှာ ရေမြွှာအိတ် (Amniotic sac) စတင်ဖြစ်လာပြီး ရေမြွှာရည် (Amniotic fluid) လည်းဖြစ်လာပါတယ်။ အစပိုင်းမှာတော့ မိခင်ဆီကရတဲ့ရေနဲ့ ရေမြွှာရည်ဖြစ်လာပြီး ကိုယ်ဝန် (၂၀) ပတ်လောက်မှာတော့ သန္ဓေသားရဲ့ဆီးပါ ရောပါလာပါတယ်။

ကိုယ်ဝန်ရင့်လာတာနဲ့အမျှ သန္ဓေသားကလည်းကြီးထွားလာပြီး သားအိမ်ထဲလွတ်လပ်စွာလှုပ်ရှားနိုင်ဖို့အတွက် ရေမြွှာရည်ကို လိုအပ်ပါတယ်။

ကိုယ်ဝန်ဒုတိယသုံးလပတ်မှာ သန္ဓေသားဟာ စတင်အသက်ရှူလာနိုင်ပြီး အသက်ရှူရင်း ရေမြွှာရည်တွေကိုလည်း မြိုချမိတတ်ပါတယ်။

အချို့ကိုယ်ဝန်ဆောင်မိခင်တွေမှာတော့ ရေမြွှာရည်နည်းလွန်းတာ၊ များလွန်းတာစတဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ ရေမြွှာရည်နည်းတာကို ဆေးပညာအရ “ Oligohydramnios” လို့ခေါ်ပြီး ရေမြွှာရည်များတာကိုတော့ “ Polyhydramnios” လို့ခေါ်ပါတယ်။

???? ဘယ်လိုအခြေအနေမျိုးကို ရေမြွှာရည်နည်းခြင်း (Oligohydramnios) လို့ ခေါ်သလဲ?

????ဆရာဝန်က တိုင်းတာကြည့်တဲ့အခါ ရေမြွှာရည်အတိုင်းအတာပမာဏ (Amniotic fluid index level) က (၅) စင်တီမီတာထက်နည်းရင်

????သားအိမ်ထဲ အနက်ဆုံးနေရာကတိုင်းကြည့်တဲ့အခါ ရေမြွှာရည်က (၂) စင်တီမီတာ ထက်နည်းနေရင်

????ကိုယ်ဝန် (၃၂-၃၆) ပတ်အတွင်းမှာ ရေမြွှာရည်ပမာဏက (၅၀၀) မီလီလီတာ ထက်နည်းနေရင်…..
ရေမြွှာရည်နည်းတယ်လို့ ဆိုနိုင်ပါတယ်။

ကိုယ်ဝန်သည်အယောက် (၁၀၀)မှာ (၈) ယောက် လောက်က ရေမြွှာရည်ပမာဏနည်းတတ်ပြီး
၎င်း (၈) ယောက်မှာ (၄) ယောက် လောက်ကတော့ ရေမြွှာရည်နည်းလွန်းတဲ့အခြေအနေ (Oligohydramnios) အဆင့်ထိရောက်တတ်ပါတယ်။

ဒီလိုရေမြွှာရည်နည်းတာဟာ ကိုယ်ဝန် နောက်ဆုံးသုံးလမှာ ပိုအဖြစ်များပါတယ်။ ကိုယ်ဝန် (၄၁) ပတ်ထက်ကျော်ပြီး နောက်ကျမှမွေးတဲ့သူတွေရဲ့ (၁၂) ရာခိုင်နှုန်းခန့်မှာ ရေမြွှာရည်နည်းတာ ပိုဖြစ်နိုင်ပါတယ်။

???? ဘယ်လိုအကြောင်းအရာတွေက ရေမြွှာရည်နည်းစေနိုင်သလဲ?

* သန္ဓေသားမှာချို့ယွင်းတာ (Birth defects)

သန္ဓေသားမှာ ဆီးလမ်းကြောင်းဆိုင်ရာ (ဒါမှမဟုတ်) ကျောက်ကပ်ဆိုင်ရာစတဲ့ မွေးရာပါချို့ယွင်းချက်တွေရှိနေတဲ့အခါ ဆီးထွက်နည်းပြီး ရေမြွှာရည်နည်းရပါတယ်။

* အချင်းမှာပြဿနာရှိတာ (Placental problems)

အမေရဲ့အချင်းဟာ သန္ဓေသားဆီ လုံလောက်တဲ့ သွေးနဲ့ အာဟာရကို မထောက်ပံ့နိုင်ရင်လည်း ရေမြွှာရည်နည်းနိုင်ပါတယ်။

* ရေမြွှာရည်ယိုစိမ့်တာ (ဒါမှမဟုတ်) ရေမြွှာရည်အမြှေးပါးပေါက်တာ (Leaking or rupture of membranes)

ရေမြွှာရည်က ရုတ်တရက်ပေါက်ထွက်တာ ဖြစ်နိုင်သလို နည်းနည်းချင်းဆင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ အချိန်မတိုင်ခင် ရေမြွှာရည်အမြှေးပါးစောပေါက်တာ (Premature Rupture of Membranes (PROM) ကလည်း ရေမြွှာရည်နည်းတာကို ဖြစ်စေတဲ့အကြောင်းအရင်းတစ်ခုထဲ ပါပါတယ်။

* မွေးရက်ကျော်လွန်နေတဲ့ကိုယ်ဝန်တွေမှာ (Post date pregnancy)

ကိုယ်ဝန် (၄၂) ပတ်ထက်နောက်ကျ/ရက်လွန်ပြီးမှ မွေးတဲ့အခါ ရေမြွှာရည်နည်းနိုင်ခြေများပြီး အချင်းရဲ့ လုပ်ဆောင်နှုန်းလည်း ကျသွားပါတယ်။

* မိခင်မှာ ရောဂါအခံတွေရှိတာ (Maternal complications)

ဒါကတော့ အမေဘက်က ရောဂါနဲ့အခြားအကြောင်းအရာတွေကြောင့် ရေမြွှာရည်နည်းရခြင်းဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်မှာ ရေဓာတ်မပြည့်ဝတာ၊ နဂိုသွေးတိုးရောဂါရှိတာ၊ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးတာ၊ ဆီးချိုရှိတာနဲ့ အချိန်ကြာအောက်ဆီဂျင်လုံလောက်စွာမရတာ….. စတာတွေကြောင့် ရေမြွှာရည်နည်းတတ်ပါတယ်။
.

*****

???? ရေမြွှာရည်နည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေဖြစ်နိုင်သလဲ ?

ရေမြွှာရည်နည်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ကိုယ်ဝန် ဘယ်နှပတ်မှာ စနည်းလည်းပေါ် မူတည်ပါတယ်။ ကိုယ်ဝန်ပထမတစ်ဝက်အတွင်းမှာဖြစ်ခဲ့ရင် ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေဖြစ်နိုင်သလို ကိုယ်ဝန်ပျက်ကျဖို့နဲ့ ကလေးအသေမွေးနိုင်ခြေလည်း များပါတယ်။ ကိုယ်ဝန်ဒုတိယတစ်ဝက်အတွင်းမှာဖြစ်ခဲ့ရင်တော့ ကလေးဖွံ့ဖြိုးမှုနည်းတာ၊ ကလေးစောမွေးတာ၊ ချက်ကြိုးဖိခံရတာ၊ ရေမြွှာရည်နောက်တာနဲ့ ဗိုက်ခွဲမွေးရတာတွေ ဖြစ်နိုင်ပါတယ်။
.

*****

???? ရေမြွှာရည်နည်းတာကို ဘယ်လိုကုသနိုင်သလဲ ?

ကိုယ်ဝန်လ နုသေးရင်တော့ ဆရာဝန်ရဲ့လမ်းညွှန် မှုတွေအတိုင်း စောင့်ကြည့်စမ်းသပ်စစ်ဆေးတာတွေ လုပ်ရပါမယ်။ ကိုယ်ဝန်လရင့်တာနဲ့ မွေးခါနီးဆိုရင်တော့ ကလေးကို ပုံမှန် မွေးဖွားရက်ထက် စောမွေးဖို့ ဆရာဝန်က ပြောကောင်းပြောလာနိုင်ပါတယ်။ အခြားကုသနည်းတွေကတော့ မီးဖွားနေစဉ် သားအိမ်မှတစ်ဆင့် အရည်များ ပြန်ဖြည့်ပေးခြင်း (Amnioinfusion)၊ မမွေးဖွားခင် သားအိမ်မှတစ်ဆင့် အရည်များ ပြန်ဖြည့်ပေးခြင်း (Injection of fluid prior to delivery through amniocentesis)နဲ့ အမေကို ရေဓာတ်ပြန်ပြည့်ဝအောင် ရေများများသောက်ခိုင်းတာ၊ အကြောဆေးသွင်းတာစတာတွေ လုပ်ဆောင်နိုင်ပါတယ်။
.

*****

???? ရေမြွှာရည် နည်းတယ်၊များတယ် ဆိုတာ သားဖွားမီးယပ်ဆရာဝန်က တိုင်းတာကြည့်ပြီးမှ ဆုံးဖြတ်ပေးနိုင်တာမို့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကိုယ်ဝန်ကိုပုံမှန်ပြပေးဖို့ မမေ့ကြနဲ့နော် …. ????

Reference : ????

https:// americanpregnancy. org/ healthy-pregnancy/pregnancy-complications/oligohydramnios/

❤️ NUG, MOH…တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️
#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ

Ministry of Health,

National Unity Government.

Published on: 5 February 2023
Last Updated: 5 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...