MENU

အမျိုးသမီး လစဉ်သုံးဓမ္မတာခွက်အကြောင်း ဆောင်ရန် ရှောင်ရန်များ Menstrual Cup (March, 2023)

” အမျိုးသမီး လစဉ်သုံးဓမ္မတာခွက်အကြောင်း ဆောင်ရန် ရှောင်ရန်များ…. “

အမျိုးသမီး လစဉ်သုံးဓမ္မတာခွက်ဆိုတာ Menstrual Cup ကိုပြောတာပါ။

သူ့နာမည်အတိုင်းပဲ ရာသီသွေးဆင်းတဲ့အချိန် Pad တွေ မခံကြတော့ပဲ Menstrual cup ခွက်ကို အစားထိုး အသုံးပြုတာပါ။
.

1️⃣ Menstrual Cup ဆိုတာ ဘာလဲ ❓

Menstrual Cup ဟာ ပျော့ပျောင်းတဲ့ silicone တို့လို အသားနဲ့ ပြုလုပ်ထားပြီး မိန်းမကိုယ်ထဲထည့် သားအိမ်ခေါင်းအဝနား ခံထားပေးတဲ့ ပစ္စည်းပါ။ သားအိမ်ခေါင်းကနေ တစ်ဆင့် ဆင်းလာမယ့် ရာသီသွေးကို ခွက်နဲ့ ခံပေးထားတာမျိုးပါ။

သူအားသာချက်က အသုံးပြုတဲ့ ပစ္စည်အမျိုးအစားပေါ်မူတည်ပြီး ၆ လကနေ ၁၀ နှစ်ထိ အသုံးပြုလို့ ရနိုင်ပါတယ်။ ရာသီလာချိန် အားကစားလုပ်တာမျိုး ရေကူးတာမျိုးအထိပါ ပုံမှန်တိုင်း နေထိုင်လို့ရပါတယ်။ နောက်ပြီး Eco friendly ဖြစ်တယ်၊ ပလတ်စတစ်အသုံးပြုခြင်းကို လျှော့ချနိုင်တယ်၊ တစ်ခုကို အကြာကြီးသုံးလို့ရတော့ ဘက်ဂျက်လဲ save ဖြစ်ပါတယ်။
..
..

2️⃣ MC ခွက်ပုံစံ ဘယ်လိုရွေးချယ်ရမလဲ ❓

မိမိအသက်/ သားအိမ်ခေါင်း အရှည် အမြင့်/ ရာသီသွေးဆင်းတဲ့ ပမာဏ/ ပုံမှန်သဘာဝနည်းအတိုင်း ကလေးမွေးဖူးခြင်း အပေါ်မူတည်ပြီး … Size Small/ Regular ဆိုပြီး ရွေးချယ်လို့ရပါတယ်
..
..

3️⃣ MC ခွက်ကို ဘယ်လိုထည့်ရမလဲ ❓

MC ခွက် မထည့်ခင် လက်ကိုစင်ကြယ်စွာဆေးပြီး…

ချောဆီ (lubricant) သုံးပေးပြီး ခွက်အဝ အသားကို C ပုံစံကွေးလိုက်ပါ …

စိတ်လျှော့ အသက်ပုံမှန်ရူပြီး …

မိန်းမကိုယ်ထဲ တစ်ဝက်ကျော်ဝင်ပြီဆို ခွက်ကို အတည့်ပုံစံ သားအိမ်ခေါင်းအောက်နား ထားပေးပါ…

MC ခွက် မိန်းမကိုယ်ထဲထည့်ပြီးပြီးဆို အနေအထား ပုံစံမကျဘူးထင်ရင် ခုန်တာ လမ်းလျှောက်တာလုပ်ပေးပါ….
..
..

4️⃣ MC ခွက် ဘယ်ချိန်ထုတ်ရမလဲ❓

သူက ၆ နာရီမှ ၁၂ နာရီထိ ထည့်ထားလို့ရပါတယ်။

ရာသီသွေးဆင်းတတ်တဲ့ ပမာဏပေါ် မူတည်ပြီး သတိထားကြည့်ရပါမယ်။

ခွက်ထဲ သွေးပြည့်ရင်တော့ ထုတ်ဆေးပေးရပါမယ်။

MC ခွက် ပြန်ထုတ်မယ်ဆိုလည်း လက်ကိုသေချာဆေးပြီး လက်မနဲ့ လက်ညိုးက ခွက်အောက်ခြေ အမြှီးကနေ ခွက်အောက်ကို ဖိပြီး ပြန်ထုတ်ပြီး ခွက်ထဲက သွေးကို သေချာ သွန်ပေးပါ။
..
..

5️⃣ သန့်ရှင်းနည်းနှင့် သိမ်းဆည်းနည်း

ခွက်ကို ရေနွေးနွေးလေးရယ် ဆပ်ပြာအပျော့စားရယ် နဲ့ သေချာဆေးပေးပြီး MC ခွက်ထည့်တဲ့ ဘူးထဲ သေချာသိမ်းထားလို့ရပါတယ်။

ရာသီပြီးသွားရင်တော့ ခွက်ကို သေချာဆေးပြီး ခြောက်သွေ့တဲ့နေရာမှာသိမ်းပါနော်…
..
..

6️⃣ MC cup အားနည်းချက်တွေက ဘာရှိလဲ ❓

MC cup က ပုံမှန် ၃ နှစ်လောက်သုံးလို့ရတော့ တခြား နည်းထက် budget save ဖြစ်ပေမယ့် အရွယ်အစားရယ် ပုံစံရယ် မှားရင် ….

– ရာသီသွေး ယိုစိမ့်တာမျိုး …

– မိန်းမကိုယ်ထဲ တင်းကြပ်နေတာ (ဒါမှမဟုတ်) နေရတာအဆင်မပြေတာမျိုး..

– MC cup က မိန်းမကိုယ်မှာ ဓာတ်မတည့်ဘဲ allergy ဖြစ်တာမျိုး …

– ထုတ်ရသွင်းရခက်ပြီး နောက်ထပ် မသုံးရဲတာမျိုး ဖြစ်တတ်ပါတယ်

** MC ကြောင့် သားအိမ်ခေါင်းထိခိုက်တာတော့ ခုထိ တိကျတဲ့ အထောက်အထားမရှိလို့ မထိခိုက်ဘူးဘဲပြောပါရစေ **
..
..

❤️ ကျွန်မကိုယ်တိုင် သုံးစွဲသူအနေနဲ့ရော ဆရာဝန်အမြင်ဘက်က ပြောရမယ်ဆို…‼️

– MC သုံးမယ်ဆို တစ်ကိုယ်ရည် သန့်ရှင်းရေး သေချာလုပ်နိုင်မှသုံးပါ။ MC သိမ်းဆည်ထားသိုတာ အရေးကြီးပါတယ်။

— MC က အမျိုးသမီးတယောက် သုံးထားပြီးတာကို နောက်တစ်ယောက် ပေးသုံးတာမျိုး လုံးဝ (လုံးဝ) မရပါဘူး။

– သူများ MC စမ်းသုံးကြည့်တာ လုံးဝမလုပ်ရပါဘူး။

– တချို့ အမျိုးသမီးတွေ MC ထည့်တဲ့အခါ စိုးရိမ်စိတ်များပြီး အကြောက်လွန်နေရင် အရမ်းနာတာ အဆင်မပြေတာ ဖြစ်တတ်တာမို့….စိတ်လျော့ထားပေးပါ။

– Privacy သေချာရတဲ့နေရာမှာ ကိုယ်အတွက် အဆင်ပြေဆုံး position နဲ့ထည့်ပေးရင် အဆင်ပြေတာများပါတယ်။
.

Tampons က အသုံးပြုနည်း မမှန်ရင် (ဒါမှမဟုတ်) တစ်ခုထဲကို အသုံးပြုချိန်ကြာသွားရင် ရောဂါပိုး (Toxic shock syndrome) ဝင်တတ်တယ်ဆိုပြီး သိပ်မကြိုက်ကြတော့ပါဘူး။

MC ကတော့ ခုချိန်ထိ ငွေကုန်သက်သာပြီး Safe အဖြစ်ဆုံးနည်းလေးပါ။

နောက်ဆုံးအနေနဲ့တော့ MC သုံးတာဟာ စာအနေနဲ့ဖတ်ရင် ခက်သလိုထင်ရပေမယ့် သုံးစွဲတတ်သွားရင် အလွန်အဆင်ပြေတဲ့ နည်းလေးပါနော်လို့ ပြောလိုက်ပါရစေ…

Dr.Cool
Telekyanmar

Ref : ????
https :// www. healthline. com/health/womens-health/menstrual-cup

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#အမျိုးသမီးလစဉ်သုံးဓမ္မတာခွက်
#Menstrual Cup 

Ministry of Health,

National Unity Government.

Published on: 2 March 2023
Last Updated: 2 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲ (၂၁)

အလွဲ ❌ အမျိုးသမီးတစ်ဦး ရာသီသွေးဆင်းနေချိန်တွင် အတူနေပါက ကိုယ်ဝန်လုံးဝမရနိုင်ဟု ထင်မြင်ယူဆခြင်း။ အမှန် ✅ ရာသီလာနေစဉ် အတူနေပါက ကိုယ်ဝန်ရရှိနိုင်ခြေသည် နည်းပါးသော်လည်း လုံးဝမရှိဟု မဆိုနိုင်ပါ။ ဤအချိန်တွင်လည်း ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါသည်။ အကြောင်းမှာ . . . (၁) မျိုးဥကြိုထွက်ခြင်းမျိုးဥထွက်ခြင်း (Ovulation) သည် ဓမ္မတာစက်ဝန်း၏...

သကြားအစားထိုးရန် ပျားရည်သုံးစွဲသင့်ပါသလား

သကြားဖြတ်တဲ့အကြောင်း ရေးပြီးသကာလမှာ အများစုက မေးကြတယ်။ ပျားရည်ထည့်သောက်တယ် ရလား၊ ထန်းလျက်ပြောင်းစားတာ အဆင်ပြေသလား စသဖြင့် မေးခွန်းတွေကို အမေးများတာ တွေ့ရပါတယ်။ ဒီဆောင်းပါးကနေ ပျားရည်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြချင်ပါတယ်။ ပျားရည်ဟာ ပျားလေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ သဘာဝအတိုင်းရရှိလာတဲ့ သကြားဖြစ်ကာ လူသားတို့အနေနဲ့ အဆင်သင့် စားသုံးနိုင်တဲ့ အချိုဓာတ်ပေးတဲ့အရာ...

ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း

💔 ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း "လိုချင်တဲ့အရာ" လို့ ပြောလိုက်ရင် ပုံမှန်အားဖြင့် ကျွန်မတို့ဟာ လက်ထဲမှာ ကိုင်တွယ်လို့ရတဲ့၊ မျက်စိနဲ့ မြင်ရတဲ့ ဒြပ်ပစ္စည်းတွေပဲ အရင်ဆုံး ပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ စိတ်နှလုံးသားထဲမှာ အများစု တောင်းဆိုနေတာကတော့ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက် (Emotional Needs) တွေပါပဲ။ ဒီလိုအပ်ချက်လေးတွေဟာ...

ရေချိုးမှားခြင်း

မေး။ ရေချိုးမှားခြင်းသည် ဦးနှောက်သွေးကြောပြတ်ခြင်း (လေဖြတ်ခြင်း) ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသလား။ ဖြေ။ လူတို့၏ ဦးနှောက်ရှိအစိတ်အပိုင်းတွင် ခန္ဓာကိုယ်အစိတ်အပိုင်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်သောနေရာများ အသီးသီးရှိကြသည်။ ထိုနေရာများ ပုံမှန်အလုပ်လုပ်ရန်အတွက် သွေးထောက်ပံ့မှု လိုအပ်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောများပိတ်ခြင်း သို့ သွေးကြောများပေါက်ထွက်ခြင်းကြောင့် ထိုအစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှု ပြတ်လပ်သွားသည့်အခါ ယင်းနေရာများ...