MENU

” သွေးကျိတ် (သို့မဟုတ်) ပြန်ရည်ကြောအကျတ်များ ကြီးလာခြင်း (Lymph Gland Enlargement ) “

” သွေးကျိတ် (သို့မဟုတ်) ပြန်ရည်ကြောအကျိတ်များ ကြီးလာခြင်း (Lymph Gland Enlargement ) “

ပြန်ရည်ဂလင်း (lymph gland) (သို့မဟုတ်) ပြန်ရည်ကြောအကျိတ် (lymph node) တွေဟာ ခန္ဓာကိုယ်အနှံ့အပြားမှာ အတွဲလိုက်၊ အုပ်စုလိုက် ရှိတတ်ပါတယ်။ ပြန်ရည်ဂလင်းတွေကို သားငံရည်ပြန်ပြွန်ကြော(Lymphatic Channel) တွေနဲ့ ချိတ်ဆက်ထားပြီး ဒီအဖွဲ့အစည်းကို ပြန်ရည်စုဖွဲ့စနစ် ( Lymphatic system) လို့ ခေါ်ပါတယ်။ ဒီ ဂလင်းတွေဟာ ပုံမှန်အားဖြင့် စားတော်ပဲ အရွယ်လောက်ပဲရှိပြီး ရောင်ရမ်းလာတဲ့အခါမှသာ သတိထားမိကြပါတယ်။ လည်ပင်း၊ပေါင်ခြံနဲ့ ဂျိုင်းတွေမှာ အများဆုံး ရောင်ရမ်းတတ်ပါတယ်။

.

.

❓သားငံရည် (lymph) ဆိုတာ ဘာလဲ

သားငံရည်ဆိုတာ ရေ ၊ ဆားဓာတ် ၊ သွေးဖြူဥ (lymphocyte)တွေနဲ့ အဓိကဖွဲ့စည်းထားပြီး ခန္ဓာကိုယ်ရှိဆဲလ်တွေကို သန့်စင်ပေးတဲ့ အဝါဖျော့ရောင်အရည် တစ်မျိုးဖြစ်ပါတယ်။ သားငံရည်ရဲ့ အဓိကလုပ်ငန်းတာဝန်ကတော့ သွေးဖြူဥ ( lymphocytes)အတွက်လိုအပ်တဲ့ အောက်စီဂျင်နဲ့ အာဟာရဓာတ်တွေကို သယ်ဆောင်ပေးဖို့ပါပဲ။

သားငံရည်ပြန်ပြွန်ကြော (Lymphatic Channel)တွေကတစ်ဆင့် သွေးထဲသို့ သွားရာလမ်းတစ်လျှောက်မှာ ပြန်ရည်ကြောအကျိတ်တွေနဲ့ သရက်ရွက်ကို ဖြတ်သွားရပါတယ်။

ပြန်ရည်စုဖွဲ့စနစ် ( Lymphatic system)ဟာ သွေးကြောများနဲ့အတူ ခန္ဓာကိုယ်ကို ကာကွယ်ပြီး အာဟာရဓာတ်များ ဖြည့်တင်းပေးပါတယ်။

.

.

❓ပြန်ရည်စုဖွဲ့စနစ် ( Lymphatic system)က ခန္ဓာကိုယ်အတွက် ဘာတွေ လုပ်ပေးလဲ

အဓိကကတော့ ကိုယ်ခံအားကို ဖြည့်တင်းပေးပြီး ရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။

သွေးဖြူဥ (Lymphocyte)တွေဟာ အမှိုက်ရှင်းသလိုမျိုး ဘက်တီးရီးယား ၊ ဗိုင်းရပ်စ် ၊ တခြားရောဂါပိုးမွှားတွေနဲ့ အမှုန်အမွှားတွေကို တိုက်ခိုက်ဖယ်ရှားပေးပါတယ်။

ပြန်ရည်စုဖွဲ့စနစ်ထဲရောက်လာတဲ့ ရောဂါပိုးတွေကို ပြန်ရည်ဂလင်းတွေက တားဆီးပေးပြီး ရောဂါမပြန့်အောင် ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် ရလာဒ်အနေနဲ့ ပြန်ရည်ဂလင်းတွေဟာ ရောဂါပိုးတွေကြောင့် ပိုးဝင်ပြီး ရောင်ရမ်းလာပြီး အရွယ်အစားကြီးလာတတ်ပါတယ်။

.

.

❓ပြန်ရည်အကျိတ်တွေ ရောင်ရမ်းနေတာကို ဘယ်လို သိနိုင်မလဲ

များသောအားဖြင့် ပြန်ရည်အကျိတ်တွေကို သတိမထားမိတတ်ကြပါဘူး။ အထူးသဖြင့် လည်ပင်းနဲ့ ပေါင်ခြံမှာရှိတဲ့ ပြန်ရည်အကြိတ်တွေကို တစ်ခါတစ်ရံမှာ အရေပြားအောက်မှာ စမ်းမိတတ်ပါတယ်။ ဘယ်လိုပဲပြောပြော ပြန်ရည်အကျိတ်တွေ ရောင်ပြီးကြီးလာတဲ့အခါမှာတော့ သိသိသာသာ စမ်းလို့မိပါတယ်။

ဘက်တီးရီးယားကြောင့် ရောင်ရင် ပြန်ရည်ကြောအကျိတ်တွေက နာပါတယ်။ (လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါဖြစ်ရင် ပေါင်ခြံမှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေ ရောင်လာပြီး နာလာပါတယ်။)

ကင်ဆာလိုရောဂါမျိုးတွေမှာတော့ ဂလင်းတွေဟာ ချောချောမွေ့မွေ့နဲ့ ရာဘာလိုဖြစ်နေပြီး နာကျင်တာမျိုး မရှိပါဘူး။ ရင်ဘတ် ၊ ဝမ်းဗိုက်နဲ့ တင်ပါးဆုံအထဲမှာရှိတဲ့ အကျိတ်တွေကို မမြင်နိုင်သလို စမ်းလို့လဲ မရပါဘူး။

.

.

❓ဘာတွေကြောင့် ပြန်ရည်အကျိတ်တွေ ရောင်လာရတာလဲ

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကြောင့် အများဆုံး ရောင်ရမ်းတတ်ပါတယ်။ ရောဂါဖြစ်နေတဲ့နေရာအနီးအနားမှာရှိတဲ့ ပြန်ရည်ကျိတ်တွေဟာ ရောဂါပိုးတွေကို တိုက်ခိုက်ရတဲ့အတွက် အလျင်အမြန် ရောင်ရမ်းပြီး ကြီးလာတတ်ပါတယ်။ ရောဂါသက်သာလာတဲ့အခါ ပုံမှန်အရွယ်ပြန်ရောက်သွားပါတယ်။

ဥပမာအားဖြင့်…

– လည်ချောင်းမှာရောဂါပိုးဝင်တာနဲ့ အာသီးရောင်တာတွေကြောင့် လည်ပင်းမှာရှိတဲ့ ပြန်ရည်ဂလင်း (lymph gland)တွေ ကြီးလာတတ်ပါတယ်။

– လက်နဲ့ လက်မောင်းတွေမှာ အရေပြားရောဂါပိုးဝင်ရင် ဂျိုင်းမှာရှိတဲ့ ပြန်ရည်ဂလင်းတွေ ကြီးလာပါတယ်။

– ခြေထောက်နဲ့ လိင်အင်္ဂါမှာ ရောဂါပိုးဖြစ်တဲ့အခါ ပေါင်ခြံက ပြန်ရည်အကျိတ်တွေ ​ရောင်ရမ်းလာတတ်ပါတယ်။

–အကျိတ်ရောင် အဖျား (glandular fever) ဖြစ်ရင်တော့ တစ်ကိုယ်လုံးမှာရှိတဲ့ အကျိတ်တွေ ရောင်ရမ်းပြီး ကြီးလာတတ်ပါတယ်။

– တွေ့ရနည်းတတ်ပေမယ့် ကင်ဆာရောဂါတချို့မှာလည်း ပြန်ရည်အကျိတ်တွေကြီးလာတာကို တွေ့ရတတ်ပါတယ်။ အထူးသဖြင့် ပြန်ရည်ကြောစနစ်နဲ့ သွေးကြောစနစ်တွေမှာဖြစ်တတ်တဲ့ သွေးကင်ဆာနဲ့ သွေးကျိတ်ကင်ဆာ ( Leukemia နဲ့ lymphoma)လိုရောဂါမျိုးတွေမှာလည်း အကြိတ်တွေရောင်လာတတ်ပါတယ်။

ဥပမာအားဖြင့်

– ရင်သားကင်ဆာဟာ ဂျိုင်းမှာရှိတဲ့ ပြန်ရည်ဂလင်းတွေဆီ

– လည်ပင်းကင်ဆာက လည်ပင်းမှာရှိ ပြန်ရည်ဂလင်းတွေဆီနဲ့

– သွေးကျိတ်ကင်ဆာကြောင့် ဆိုရင်တော့ တစ်ကိုယ်လုံးမှာရှိတဲ့ ပြန်ရည်ဂလင်းတွေကို ကြီးလာစေပါတယ်။

.

.

????ကလေးများတွင် လည်ပင်းမှ ပြန်ရည်ကြောအကျိတ်များ ရောင်ရမ်းခြင်း

များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ချောင်းရောင်ရမ်းတာနဲ့ အာသီးရောင်တာကြောင့် ဖြစ်တတ်ပါတယ်။

တချို့လူတွေမှာ ရောဂါတွေ ဖြစ်လိုက် သက်သာလိုက် ဖြစ်တတ်ပြီး လည်ပင်းက ပြန်ရည်ကြောအကျိတ်တွေလည်း ကြီးလာလိုက် ပြန်ကောင်းသွားလိုက် ဖြစ်တတ်ပါတယ်။ ရောင်ရမ်းနေတဲ့ ပြန်ရည်ကြောအကျိတ်တွေ ပုံမှန်လို ပြန်ကောင်းဖို့ဆိုရင် တစ်ပတ်လောက် ကြာတတ်ပါတယ်။ အများစုမှာတော့ စိုးရိမ်စရာ မရှိပါဘူး။

.

.

❓ပြန်ရည်ကြောအကျိတ်ကို စမ်းမိရင် သင့်အနေနဲ့ ဘာလုပ်သင့်သလဲ

ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။ အများစုမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး သွားရောဂါတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ မထင်ရှားရင် (ဒါမှမဟုတ်) ရက်သတ္တပတ် တစ်ပတ်ကျော်ကြာလို့ မသက်သာရင် ဆရာဝန်က ပြန်ရည်ကြောအကျိတ်ကို ထုတ်ယူပြီး အသားစ (biopsy)ကို အဏုကြည့်မှန်ပြောင်းနဲ့ စစ်ဆေးကြည့်ပါလိမ့်မယ်။ ရလာဒ်တွေက များသောအားဖြင့် ပုံမှန်ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ (အထူးသဖြင့် သက်ကြီးပိုင်း) ပြန်ရည်ကြောစုဖွဲ့စနစ် (lymphatic system) သို့မဟုတ် ခန္တာကိုယ်ရဲ့ တခြားတစ်နေရာမှာ ကင်ဆာ ဖြစ်နေတတ်ပါတယ်။ သွေးကြိတ်ကင်ဆာ ( lymphoma) နဲ့ သွေးကင်ဆာ/ သွေးဖြူဥကင်ဆာ (leukemia) ဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ကင်ဆာဖြစ်နေတဲ့ ဂလင်းတွေဟာ များသောအားဖြင့် ပိုမာပြီး ပိုကြီးပါတယ်။

.

.

❗️နောက်ဆုံးအနေနဲ့ မှာချင်တာကတော့

ကိုယ့်ခန္ဓာကိုယ်ကို တုန်နေအောင်ချစ်ပါ

ပေါင်ခြံ ၊ ဂျိုင်း ၊ လည်ပင်း စတဲ့ စမ်းရလွယ်ကူတဲ့နေရာတွေကို အမြဲစစ်ဆေးပါ

အကျိတ်လေးတွေ စမ်းမိပါက ဆရာဝန်နဲ့ ဆွေးနွေးပြသကာ ကုသမှုခံယူပါ။

Reference: ????

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.302

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#lymphglandenlargement#lymph#gland

#ပြန်ရည်ကျိတ်ကြီးလာခြင်း#ပြန်ရည်ကျိတ်

Ministry of Health,

National Unity Government.

Published on: 5 January 2023
Last Updated: 5 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...