MENU

အဆုတ်ကင်ဆာ (Lung cancer)

အဆုတ်ကင်ဆာ (Lung cancer)

အဆုတ်ကင်ဆာအကြောင်း….

အဆုတ်ကင်ဆာကို အင်္ဂလိပ်လို Lung cancer လို့ခေါ်သလို နောက်တစ်မျိုး bronchial carcinoma လို့လည်း ခေါ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ကင်ဆာအားလုံးထဲမှာမှ အသေအပျောက်အများဆုံးက အဆုတ်ကင်ဆာကြောင့် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံမှာဆိုရင် ကင်ဆာကြောင့် သေဆုံးမှုများရဲ့ ၂၅ ရာခိုင်နှုန်းဟာ အဆုတ်ကင်ဆာကြောင့်ဖြစ်ပြီး အမျိုးသမီးထုကြီးမှာ ဖြစ်တဲ့နှုန်းက တစ်စတစ်စ တက်လာပါတယ်။

အသက်အရွယ်အားဖြင့် ၄၇ နှစ် နောက်ပိုင်းမှာ ရောဂါလက္ခဏာတွေ စဖြစ်တတ်ပါတယ်။ ပျမ်းမျှအားဖြင့် အသက် ၆၇ နှစ်လောက်မှာ အဆုတ်ကင်ဆာဖြစ်တာ များတာကိုတွေ့ရပါတယ်။

အဆုတ်ကင်ဆာရဲ့ ၉၀ ရာခိုင်နှုန်းက ဆေးလိပ်သောက်လို့ ဖြစ်တာပါ။ ဆေးလိပ်သောက်လို့ ပျက်စီးသွားတဲ့ လေပြွန်မှာရှိတဲ့ ဆဲလ်တွေဟာ ကြွက်နို့လို အကျိတ်ပုံစံပြောင်းသွားပြီး တဖြည်းဖြည်းနဲ့ ကင်ဆာအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

.

.

အဆုတ်ကင်ဆာ အမျိုးအစားတွေက….

အဆုတ်မှာစဖြစ်တဲ့ အဆုတ်ကင်ဆာရှိသလို ခန္တာကိုယ်ရဲ့ တခြားနေရာမှာအစပျိုးတဲ့ ကင်ဆာကနေ အဆုတ်ကို ပြန့်လာတဲ့ အဆုတ်ကင်ဆာလည်း ရှိပါတယ်။

အဆုတ်ကင်ဆာအများကြီးထဲမှာမှ အဓိက ၂ မျိုးခွဲလို့ရပါတယ်

(၁) အဖြစ်အများဆုံး Non Small Cell Carcinoma အမျိုးအစားထဲမှာမှ လေပြွန်တွေမှာဖြစ်တတ်တဲ့ အဆုတ်ကင်ဆာ( Squamous cell carcinoma) ကတော့ ရလာဒ်အကောင်းဆုံးပါ။ အဖြစ်အများဆုံး ကတော့ (adenocarcinoma) ဆိုတဲ့ အမျိုးအစားပါ။

(၂) အဆုတ်ကင်ဆာတွေရဲ့ ၁၅ ရခိုင်နှုန်းလောက်က Small-Cell Carcinoma ဆိုတဲ့ အမျိုးအစားပါ။ အဖြစ်နည်းပေမယ့် ကင်ဆာဆဲလ်တွေ ပွားနှုန်းမြန်ပြီး အသက်အန္တရာယ်အရှိဆုံး အဆုတ်ကင်ဆာမျိုးဖြစ်ပါတယ် ။

အဆုတ်ကင်ဆာနောက်တစ်မျိုးကတော့ သေစေနိုင်တဲ့ (mesothelioma) ဖြစ်ပြီး ကျောက်ဂွမ်းမျှင်တွေကို ရှူသွင်းမိလို့ ဖြစ်တာပါ။ အဆုတ်ရဲ့ အပြင်ဘက်မျက်နှာပြင် (pleura) ကနေ စဖြစ်တတ်ပါတယ်။

.

.

အဆုတ်ကင်ဆာရဲ့ ရောဂါလက္ခဏာအနေနဲ့….

တချို့ အဆုတ်ကင်ဆာတွေဟာ ရောဂါလက္ခဏာမပြတတ်ပါဘူး။

ဒါပေမယ့် ပထမဆုံးရောဂါလက္ခဏာမှာ ချောင်းဆိုးခြင်း ဖြစ်ပါတယ်။ ပုံမှန်ဆေးလိပ်သောက်တဲ့ သူတွေဟာ တဖြည်းဖြည်းနဲ့ ချောင်းပိုဆိုးလာတတ် ပါတယ်။

အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေကတော့..

–အမြဲ ချောင်းဆိုးနေတာ

–သလိပ်မှာ သွေးပါတာ

–ရင်ကျပ်တာ၊ မောတာ

–ရင်ဘတ်အောင့်တာ

–အသက်ရှူတဲ့အခါ အသံတရွှီရွှီ မြည်တာ တွေ ဖြစ်တတ်ပါတယ်။

ယေဘုယျ ရောဂါလက္ခဏာများ

–စားချင်တာ မရှိတာ

–နေလို့မကောင်းတာ

–ဝိတ်ကျတာ

တခြား ရောဂါလက္ခဏာများ

–အသံဝင်တာ၊ အသံအက်ကွဲတာ

–ကင်ဆာတခြားနေရာပြန့်ပီး ဖြစ်စေတဲ့ ရောဂါလက္ခဏာတေ (metastases)

.

.

အဆုတ်ကင်ဆာလို့ ဘယ်အခါ ပြောမလဲ ?

အဆုတ်ကင်ဆာလို့ သတ်မှတ်ဖို့အတွက်

– အရင်ဆုံး ရင်ဘတ်ဓာတ်မှန် ရိုက်ရပါတယ် (Chest X-ray)။

– ကွန်ပျူတာဓာတ်မှန်ကတော့ ရောဂါနေရာ အတိအကျ နေရာဖော်ပြပေးပါတယ်

– သလိပ်စစ်ရပါတယ် (အဏုကြည့်မှန်ပြောင်းကို သုံးရပြီး ကင်ဆာဆဲလ်တွေ မြင်နိုင်ပါတယ်)

– ကွေးညွတ်လို့ရပြီး ထိပ်မှာ ကင်မရာတပ်ဆင်ထားတဲ့ ပြွန်ပုံစံ ကိရိယာကို အသုံးပြုပြီး လေပြွန်များနဲ့ အဆုတ်တစ်ရှူးတွေရဲ့ အခြေအနေကို လေ့လာနိုင်ပါတယ်။

–အပ်တစ်ချောင်းကို ရင်ဘတ်မှ စိုက်ပြီး အဆုတ်တစ်ရှူးနမူနာကို ရယူလေ့လည်းရှိပါတယ်။

တခြားသော အထူးစမ်းသပ်မှုများအနေနဲ့

– ကင်ဆာအကျိတ်ရဲ့ ပုံရိပ်တွေကို ရယူဖို့ PET scan ကို သုံးနိုင်ပါတယ်။

– အဆုတ်ကင်ဆာမှာ ပြန်ရည်ကျိတ်တွေရဲ့အဆင့်သတ်မှတ်တဲ့အခါ mediastinoscopy လို့ခေါ်တဲ့ စမ်းသပ်မှုကို သုံးပါတယ်။

– အဆုတ်ကင်ဆာ အစောပိုင်းအဆင့်တွေနဲ့ လေပြွန်မှ အပြောင်းအလဲ၊ ဒဏ်ရာတွေကို fluorescence bronchoscopy နည်းလမ်းနဲ့ ရှာဖွေလို့ရပါတယ်။

– ရင်ဘတ်နံရံမှာ အပေါက်လေးဖောက်ပြီး ရင်ဘတ်အတွင်းမှ ရောဂါများကို ရှာဖွေကုသလို့ရပါတယ်။

.

.

အဆုတ်ကင်ဆာ ကုသနည်းတွေကတော့…

ဆေးလိပ်သောက်တတ်တယ်ဆိုရင်တော့ ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။ ဒါဟာ ကင်ဆာရဲ့ ကြီးထွားမှုကို နှေးကွေးစေပါတယ်။

ဆေးကုသ နည်းလမ်းတွေကတော့

– ခွဲစိတ်တာ

– ကင်ဆာဆေး (chemotherapy ) တွေသွင်းတာ

– ဓာတ်ရောင်ခြည်ကုထုံး (radiotherapy)

– အပေါ်က ကုသမှုတွေ ပေါင်းပြီး ကုသတာ (multimodality therapy) တွေ ရှိပါတယ်။

ကင်ဆာအမျိုးအစား ၊ ပြန့်နှံ့နေတဲ့အတိုင်းအတာနဲ့ အဆင့် သတ်မှတ်တဲ့ပေါ်မူတည်ပြီး ကုသပုံ ကုသနည်းတွေ ကွာသွားပါတယ်။

လူနာအခြေအနကို ကြည့်ပြီး ကင်ဆာဟာ အဆုတ်မှာပဲ ရှိသေးပြီး မပြန့်သေးရင် ၊ လူနာအတွက် အကျိုးဖြစ်ထွန်းမယ်ဆိုရင် ခွဲစိတ်လေ့ရှိပါတယ်။ ခွဲစိတ်မှုပြီးရင် ကင်ဆာဆေးသွင်းတာတွေ လုပ်ရပါတယ်။

ကင်ဆာပြန့်တာ အရမ်းမြန်တဲ့ အဆုတ်ကင်ဆာမျိုးမှာ တော့ ခွဲစိတ်ဖို့ မလွယ်ပါဘူး။ ၈၀ ရာခိုင်နှုန်းလောက်က ကင်ဆာဖြစ်မှန်းသိတဲ့အခါမှာ ရောဂါပြန့်ပြီးသားဖြစ်တတ်ပါတယ်။ ကင်ဆာဆေးသွင်းကုလို့ရပေမယ့် အများဆုံး ၂ နှစ်ခန့်သာ အသက်ပိုရှည်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ ရောဂါလက္ခဏာသက်သာ စေတဲ့ ကုသမှု ( Palliative care) တွေပဲ ပေးလေ့ရှိပါတယ်။ ဓာတ်ရောင်ခြည်ကုထုံး Radiotherapy ကလည်း ရောဂါထပ်မပြန့်ဖို့နဲ့ ရောဂါသက်သာစေဖို့ အတွက်သုံးတာ ဖြစ်ပါတယ်။

Reference:

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.301

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ၏ messengerသို့ ဆက်သွယ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

Published on: 31 December 2022
Last Updated: 31 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲ (၂၁)

အလွဲ ❌ အမျိုးသမီးတစ်ဦး ရာသီသွေးဆင်းနေချိန်တွင် အတူနေပါက ကိုယ်ဝန်လုံးဝမရနိုင်ဟု ထင်မြင်ယူဆခြင်း။ အမှန် ✅ ရာသီလာနေစဉ် အတူနေပါက ကိုယ်ဝန်ရရှိနိုင်ခြေသည် နည်းပါးသော်လည်း လုံးဝမရှိဟု မဆိုနိုင်ပါ။ ဤအချိန်တွင်လည်း ကိုယ်ဝန်ရသွားနိုင်ခြေ ရှိပါသည်။ အကြောင်းမှာ . . . (၁) မျိုးဥကြိုထွက်ခြင်းမျိုးဥထွက်ခြင်း (Ovulation) သည် ဓမ္မတာစက်ဝန်း၏...

သကြားအစားထိုးရန် ပျားရည်သုံးစွဲသင့်ပါသလား

သကြားဖြတ်တဲ့အကြောင်း ရေးပြီးသကာလမှာ အများစုက မေးကြတယ်။ ပျားရည်ထည့်သောက်တယ် ရလား၊ ထန်းလျက်ပြောင်းစားတာ အဆင်ပြေသလား စသဖြင့် မေးခွန်းတွေကို အမေးများတာ တွေ့ရပါတယ်။ ဒီဆောင်းပါးကနေ ပျားရည်နဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြချင်ပါတယ်။ ပျားရည်ဟာ ပျားလေးတွေ ပန်းဝတ်ရည်စုဆောင်းရာကနေ သဘာဝအတိုင်းရရှိလာတဲ့ သကြားဖြစ်ကာ လူသားတို့အနေနဲ့ အဆင်သင့် စားသုံးနိုင်တဲ့ အချိုဓာတ်ပေးတဲ့အရာ...

ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း

💔 ရင်ဆိုင်နေရတဲ့ ပြဿနာတိုင်းရဲ့ အသံတိတ်အကြောင်းရင်း "လိုချင်တဲ့အရာ" လို့ ပြောလိုက်ရင် ပုံမှန်အားဖြင့် ကျွန်မတို့ဟာ လက်ထဲမှာ ကိုင်တွယ်လို့ရတဲ့၊ မျက်စိနဲ့ မြင်ရတဲ့ ဒြပ်ပစ္စည်းတွေပဲ အရင်ဆုံး ပြေးမြင်မိတတ်ကြပါတယ်။ တကယ်တော့ ကျွန်မတို့ရဲ့ စိတ်နှလုံးသားထဲမှာ အများစု တောင်းဆိုနေတာကတော့ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက် (Emotional Needs) တွေပါပဲ။ ဒီလိုအပ်ချက်လေးတွေဟာ...

ရေချိုးမှားခြင်း

မေး။ ရေချိုးမှားခြင်းသည် ဦးနှောက်သွေးကြောပြတ်ခြင်း (လေဖြတ်ခြင်း) ကို တိုက်ရိုက်ဖြစ်စေနိုင်ပါသလား။ ဖြေ။ လူတို့၏ ဦးနှောက်ရှိအစိတ်အပိုင်းတွင် ခန္ဓာကိုယ်အစိတ်အပိုင်း၏ လှုပ်ရှားမှုများကို ထိန်းချုပ်သောနေရာများ အသီးသီးရှိကြသည်။ ထိုနေရာများ ပုံမှန်အလုပ်လုပ်ရန်အတွက် သွေးထောက်ပံ့မှု လိုအပ်သည်။ ဦးနှောက်အတွင်းရှိ သွေးကြောများပိတ်ခြင်း သို့ သွေးကြောများပေါက်ထွက်ခြင်းကြောင့် ထိုအစိတ်အပိုင်းများသို့ သွေးထောက်ပံ့မှု ပြတ်လပ်သွားသည့်အခါ ယင်းနေရာများ...