MENU

Impetigo “ အနာစက်လေး မကူးရလေအောင်” ( November, 2022)

အနာစက်လေး မကူးရလေအောင် (Impetigo)

တယ်လီကျန်းမာကနေ အရေပြားရောဂါတွေအကြောင်း တင်ဆက်လာတာ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ စသည် စသည် အများအပြားပါပဲ… တင်လိုက်တိုင်းလည်း တယ်လီကျန်းမာပရိတ်သတ်က အားပေးကြမ်းလှတယ်။ အောက်မှာ ဘယ်အရေပြားရောဂါအကြောင်းလေး တင်ပေးပါဦးဆိုပြီး ထပ်တောင်းဆိုကြတယ် ❤

ဒီနေ့မှာတော့ အနာစက် အကြောင်းတင်ဆက်လိုက်ပါတယ်

အနာစက်ဆိုတဲ့ အနာကွက်ကလေးတွေ

အနာစက် ခေါ်တဲ့ အနာလေးတွေဟာ ကနဦးမှာ အရေကြည်ဖု ခပ်စုစု အကွက်ငယ်ကလေးတွေအဖြစ်နဲ့ စတင်မယ်။ နောက် အဖုလေးတွေ ပေါက်သွားပြီး ရဲရဲ စိုတိုတို အရေပြားကလေးကျန်နေခဲ့မယ်။ နောက်ဆုံး ဝါဝါအဖက်ဖက် အနာခြောက်တွေ ကပ်နေသလို ပုံစံအဖြစ်နဲ့ အလျင်အမြန် ပျံ့နှံ့ပွားများတယ်။ တခါတရံ ယားယံလေ့ရှိတယ်။ အနာတွေက မနာကျင်ပေမယ့် အလွန်ကူးစက်ပျံနှံ့လွယ်ပါတယ်။

ကလေးတွေကို သူခင်တွယ်

လူကြီး၊ လူငယ်မရွေး ပေါက်နိုင်ပေမယ့် တစ်နှစ်အောက်အရွယ် ကလေး​တွေ၊ ကျောင်းနေစအရွယ်ကလေးငယ်လေးတွေမှာ ပိုအဖြစ်များလှတယ်။

အနာစက်ရဲ့ ပစ်မှတ်နေရာတွေ

မျက်နှာ၊ ပါးစပ်တစ်ဝိုက်၊ နှာခေါင်းတစ်ဝိုက် နေရာတွေဟာ သူ အဓိကပေါက်လေ့ရှိတဲ့နေရာတွေ… နောက် တင်ပါးတစ်ဝိုက်၊ ခြေတွေ လက်တွေ စသည်ဖြင့် ကိုယ်ခန္ဓာ​​နေရာအနှံ့ ပေါက်နိုင်တယ်။

အနာစက်ဖြစ်စေတဲ့ အကြောင်းတရားတွေ

Staphylococcus aureus, Streptococcus ဆိုတဲ့ ဘတ်တီးရီးယားပိုးတွေဟာ အနာစက်ဖြစ်စေတဲ့ တရားခံတွေ…

ထိခိုက်လွယ်/ Sensitive ဖြစ်တဲ့အရေပြားပိုင်ရှင်တွေမှာ ပိုဖြစ်စေတယ်။

တစ်ကိုယ်​ေရသန့်ရှင်းရေးအားနည်းတဲ့အခါ၊ အာဟာရပြည့်ဝစွာမရရှိတဲ့အခါ၊ ကိုယ်ခံအားစနစ်အားနည်းတဲ့အခါ အနာစက်ဖြစ်ဖို့ ပိုလို့ အားပေးတယ်။

ပူနွေးစိုစွတ်တဲ့ရာသီဥတု၊ လူနေသိပ်သည်းထူထပ်မှု စတာတွေကလည်း အနာစက်ပိုဖြစ်အောင် ပံ့ပိုးပေးတဲ့အခြေအနေတွေဖြစ်တယ်။

အနာစက် မဖြစ်ရအောင် ဒါတွေဆောင်/ ဒါတွေရှောင်

မြန်မြန်ကု

မြန်မြန်ပျံ့လွယ်လို့ မြန်မြန်ကုသမှုခံယူရမယ်။ ကျောင်းနေအရွယ်ကလေးတွေမှာဖြစ်ရင် အလုံးစုံပျောက်ကင်းပါမှ ကျောင်းပြန်ပို့ပါ။

သီးသန့်သုံး

အတူနေမိသားစု၊ ထိတွေ့နေရတဲ့ ချစ်ရသူတွေဆီ မကူးရအောင် ဆပ်ပြာ၊ ပဝါတဘတ်၊ မျက်နှာသုတ်တွေကို မျှဝေသုံးတာမျိုး ရှောင်ပါ။

မဆွနဲ့

လက်သည်းခြေသည်းညှပ်… အနာကိုဆိတ်တာ/ ဆွတာရှောင်..

လိုအပ်ရင် အနာကို တိပ်ကလေးနဲ့ ကပ်ထားပေး။

လက်ဆေးတဲ့ အကျင့်ကောင်းလေး ပျိုးထောင်

အနာကိုင်တွယ်ပြီးဖြစ်စေ၊ ဆေးလိမ်းပြီးဖြစ်စေ၊ လိုအပ်တဲ့အချိန်တိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာဆေးကြောပါ။ ကိုယ်တိုင်ရော ၊ အတူနေတစ်မိသားစုလုံးပါ ဆပ်ပြာအသုံးပြု လက်ဆေးကျင့်ကလေး ပျိုးထောင်ပါ။

ဂရုပြုစရာကလေးတစ်ခု

အနာစက်ဟာ ပြဿနာကြီးကြီးမားမားပေးလေ့မရှိပေမယ့် ​မွေးကင်းစ ကလေးငယ်လေးတွေမှာ ဖြစ်ရင်တော့ ဆိုး​စေတတ်လို့ သတိထားရမယ် မေမေတို့ရေ…

Streptococcuss ဆိုတဲ့ ဘတ်တီးရီးယား​​ကြောင့်ဖြစ်ရင်တာ့

ကျောက်ကပ်ထိကောင်းထိနိုင်​သေးတယ်။

မပေါ့နဲ့နော်။

အနာစက်ကလေး ပျောက်ကင်းအောင်

ဆရာဝန်နဲ့ပြ၊ ညွှန်ကြားတဲ့ဆေးလိမ်း

သန့်သန့်လေးနေ၊ သန့်သန့်လေးထား

တစ်ကိုယ်ရေသန့်ရှင်းရေးအလေးထား… တစ်နေ့သုံးကြိမ် ဆပ်ပြာသုံး အနာတွေကို သန့်ရှင်းပေး… ဆားရည်နွေးနွေးလေးသုံးပြီး အနာဖေးခြောက်တွေကို အသာအယာခွာပေးနိုင်တယ်။

အနာစက်ကလေးဟာ သိပ်ကူးလွယ်တယ်

တယ်လီကျန်းမာ ပရိတ်သတ်ဂရုစိုက်ကွယ်

????Reference:
????John Murtagh’s Patient Education, Sixth Edition: Impetigo pg-41

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#impetigo#အနာစက်

Ministry of Health,

National Unity Government.

Published on: 22 November 2022
Last Updated: 22 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...