MENU

“ အားဖြည့်အချိုရည်များနှင့် ကျန်းမာရေးဆိုးကျိုးများ ”

“ အားဖြည့်အချိုရည်များနှင့် ကျန်းမာရေးဆိုးကျိုးများ ”

စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေ ကုန်လွန်ပြီးလို့ တနင်္လာမနက်ခင်းတွေမှာ အလုပ်မသွားချင်ဘဲ လေးလံထိုင်းမှိုင်းနေတဲ့အခါ (ဒါမှမဟုတ်) ညဉ့်နက်တဲ့အထိ စာကြည့်ဖို့ /အလုပ်လုပ်ဖို့ လိုတဲ့အခါမျိုးတွေမှာ တက်ကြွလန်းဆန်းနေဖို့အတွက်ဆိုပြီး အားဖြည့်အချိုရည်တွေ သောက်သုံးလေ့ ရှိကြပါသလား ?

ဒီအချိုရည်တွေဟာ တကယ်ရော ကိုယ့်အတွက် ကောင်းမွန်စေပါရဲ့လား ?

ကျန်းမာရေးရှုထောင့်က ကြည့်ရင်တော့ အားဖြည့်အချိုရည်တွေဟာ ကြော်ငြာထားသလို ကိုယ့်ရဲ့လုပ်ဆောင်စွမ်းရည်တွေကို မြှင့်တင်ပေးတာထက် ခန္ဓာကိုယ်အပေါ် ဆိုးကျိုးတွေသာ ပိုဖြစ်စေကြောင်း တွေ့ရှိရပါတယ်။

..

..

????အားဖြည့်အချိုရည်တွေဟာ သင့်ရဲ့ခန္ဓာကိုယ်ပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲ ?

အားဖြည့်အချိုရည်တွေ သောက်သုံးလိုက်တဲ့အခါ အများစုက အားရှိသွားသလို ခံစားရတတ်ပါတယ်။

တကယ်ကတော့ ဒါဟာ အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ ကဖင်းဓာတ် (caffeine) နဲ့ သကြားဓာတ်တွေကြောင့် ခန္ဓာကိုယ်က ခဏတာ လန်းဆန်းသွက်လက်သွားခြင်း သက်သက်ပါပဲ။

ဒီလို လန်းဆန်းမှုရဲ့ နောက်ကွယ်မှာတော့ ကျန်းမာရေးအတွက် စိုးရိမ်စရာကောင်းတဲ့ အခြားအကျိုးသက်ရောက်မှုတွေ အများကြီး ရှိနေပါသေးတယ်….

အဲ့ဒါတွေကတော့..

* သွေးပေါင်ချိန် တက်လာတာ

* နှလုံးခုန် စည်းချက်မမှန်စေတာ

* ညဘက် အိပ်မပျော်ဖြစ်စေတာ

* ကိုယ်အလေးချိန် တိုးလာတာ

* သွားပိုးစားတာနဲ့ သွားတွေ ပျက်စီးတာ

* စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တာ

* ဆီးချို၊ သွေးချို ဖြစ်နိုင်ခြေများလာတာ

* မသောက်ရမနေနိုင်အောင် စွဲလမ်းလာတာ

* ကျောက်ကပ် ထိခိုက်နိုင်တာ စတာတွေ ဖြစ်ပါတယ်။

..

..

????ဘာကြောင့် ဒီလိုဆိုးကျိုးတွေ ဖြစ်စေနိုင်တာလဲ ?

အားဖြည့်အချိုရည်တွေမှာ လွန်ကဲစွာ ပါဝင်နေတဲ့ သကြားဓာတ်တွေဟာ သောက်သုံးသူကို ခဏတာ တက်ကြွလန်းဆန်းစေပေမယ့် ရေရှည်မှာတော့ သွားပိုးစားခြင်းနဲ့ ဆီးချိုသွေးချိုတွေ ဖြစ်စေနိုင်ပါတယ်။

များပြားစွာ ပါဝင်နေတဲ့ ကဖင်းဓာတ်တွေကလည်း သွေးပေါင်ချိန်ကို ရုတ်တရက် တက်စေပြီး နှလုံးခုန် မမှန်တာတွေ ဖြစ်နိုင်ပါတယ်။

ဗီတာမင်ဘီဓာတ်တွေ ပါဝင်တတ်တာကြောင့် အချို့လူတွေမှာ ဓာတ်မတည့်မှုတွေကို ဖြစ်စေနိုင်ပါတယ်။

စိတ်ကို လှုံ့ဆော်ပေးတဲ့ အခြားဓာတုပစ္စည်းတွေကလည်း လူကို ဂဏာမငြိမ်ဖြစ်စေတာနဲ့ ရေရှည်သောက်ရင် ဖြတ်မရအောင် စွဲစေနိုင်ပါတယ်။

..

..

????ဒါဆို အားဖြည့်အချိုရည်သောက်မယ့်အစား ဘာတွေလုပ်ကြမလဲ ?

အားဖြည့်အချိုရည်တွေကို အမြဲသောက်ရင် ရေရှည်မှာ ကျန်းမာရေးဆိုးကျိုးတွေ များစေပါတယ်။

ဒါ့ကြောင့် အားအင်ပြည့်ဝပြီး လန်းဆန်းတက်ကြွစေဖို့အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြားသောနည်းလမ်းတွေကို အစားထိုးလုပ်ဆောင်သင့်ပါတယ်။

* ဖန်တီးပြုလုပ်ထားတဲ့ energy boosters တွေကို မသုံးပါနဲ့‌တော့။ သဘာဝအတိုင်း လန်းဆန်းတက်ကြွအောင် လုပ်ဆောင်ကြရအောင်ပါ။

* ပြန်လည်လန်းဆန်းချင် fresh ဖြစ်ချင်ရင် အသီးအနှံလေးတွေ စားပေးလို့ရပါတယ်။ စာကျက်ရင်းငိုက်လာရင် လိမ္မော်သီးစိတ်လေးတွေစား အကြောလေးဆန့်ပြီး လေညင်းခံလိုက်ရင် အချိုရည်မလိုဘဲ ပြန်ပြီးလန်းသွားပါလိမ့်မယ်။

* ရေများများသောက်ပါ။ ရေဓာတ်ဟာ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ကိုလည်း အားအင်ပြည့်ဝစေနိုင်ပါတယ်။

* အိပ်ရေးဝအောင် အိပ်ပါ။ တစ်ခါတလေမှာ အားဖြည့်အချိုရည်တွေ၊ ဖြည့်စွက်စာတွေ စားမယ့်အစား ခဏတာ အိပ်စက်အနားယူလိုက်သင့်ပါတယ်။ ပုံမှန်အိပ်စက်တတ်တဲ့အကျင့်ကို လုပ်ပါ။ အိပ်ရေးဝပြီး အိပ်ချိန်မှန်လာတဲ့အခါ ပိုပြီးလန်းဆန်းတက်ကြွလာပါလိမ့်မယ်။

* လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကိုယ်လက်အားကစားလုပ်တဲ့အခါ စစချင်းမှာတော့ ပင်ပန်းတယ်ခံစားရနိုင်ပေမယ့် အလေ့အကျင့်ရှိသွားတဲ့အခါ ခန္ဓာကိုယ်ပေါ့ပါးလာပြီး သက်လုံကောင်းလာမှာပါ။ ခံနိုင်ရည်လည်း ပိုရှိလာပါမယ်။

* အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးပါ။ အသင့်စားအာလူးကြော်တွေ၊ ဆိုဒါတွေကို ရှောင်ပြီး လတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ကလည်း အားအင်ပြည့်ဝလာပါလိမ့်မယ်။

..

..

အားဖြည့်အချိုရည်တွေဟာ လန်းဆန်းတက်ကြွစေပေမယ့် နောက်ဆက်တွဲဆိုးကျိုးတွေက များလှပါတယ်။ ဒါ့ကြောင့် ခန္ဓာကိုယ်နဲ့ စိတ် လန်းဆန်းတက်ကြွပြီး အားအင်ပြည့်ဝနေအောင် အိပ်ရေးဝဝအိပ်ခြင်း၊ အာဟာရပြည့်ဝအောင် စားသောက်ခြင်း စတာတွေကိုသာ ပြုလုပ်သင့်ပါတယ်။

ဒီလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝနည်းလမ်းတွေကို ကျင့်သုံးနေတာတောင် သင်ဟာ အားမရှိသလို နုံးချည့်နေဦးမယ်ဆိုရင်တော့ သင့်မှာ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ပြဿနာတစ်ခုခုရှိနေတာ ဖြစ်နေနိုင်လို့ လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ မှာချင်ပါတယ်။

Reference: ????

https: // intermountainhealthcare. org/blogs/topics/live-well/2020/09/how-will-energy- drinks-impact-my-health/

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ❤️

တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် (https://m.me/telehealthmm) ကို နှိပ်ပါ

( နေ့စဉ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#အားဖြည့်အချိုရည်များ#ကျန်းမာရေးဆိုးကျိုးများ#Energy_Drinks

Ministry of Health,

National Unity Government.

Published on: 8 March 2023
Last Updated: 8 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အယူအဆအလွဲများ (၉)

အလွဲ ❌ သွေးတိုး ဒါမှမဟုတ် ဆီးချိုအတွက် ဆေးသောက်နေရင်း သွေးပေါင်ချိန်/ သွေးတွင်းသကြားဓာတ်က ပုံမှန်ဖြစ်လာပြီဆိုရင် ရောဂါပျောက်သွားပြီမို့ ဆေးကို ရပ်ပစ်လို့ရတယ်။ အမှန် ✅ သွေးတိုးနဲ့ ဆီးချိုလို နာတာရှည်ရောဂါတွေဟာ များသောအားဖြင့် လုံးဝပျောက်ကင်းသွားတာမျိုး မဟုတ်ဘဲ ဆေးမှန်မှန်သောက်ခြင်းဖြင့် ရောဂါကို ပိုပြီး မဆိုးလာအောင် ထိန်းညှိထားခြင်းသာ...

အယူအဆအလွဲများ (၈)

အလွဲ ❌ ဆီးချိုရောဂါသည် သကြားအလွန်အကျွံစားမိခြင်းကြောင့်သာ ဖြစ်သည်။ အမှန် ✅ ဆီးချိုရောဂါသည် သကြားတစ်ခုတည်းကြောင့် ဖြစ်သည်မဟုတ်ပါ။ ဆီးချိုသွေးချိုဖြစ်စေရန် အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအကြောင်းအရင်းများမှာ မျိုးရိုးဗီဇ (Gene)မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်သည်။ ခန္ဓာကိုယ်အလေးချိန်အဝလွန်ခြင်း သို့မဟုတ် ဗိုက်ပတ်လည်မှာ အဆီစုနေခြင်းသည် ရောဂါဖြစ်စေဖို့ တွန်းအားပေးသည်။ လူနေမှုပုံစံကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းသည် အင်ဆူလင် ခုခံအားကို မြင့်တက်စေသည်။. သကြားဓာတ်များသော အစားအစာများ (အချိုရည်၊...

အမြည်းလေးတော့ စားပါ

ဟိုတစ်နေ့က ကိုရင်မောင်နှင့် အငယ်ကောင် အရက်သောက်သည့်အကြောင်းတွေ ရေးတာတွေ့တော့ အရင်က အဖြစ်အပျက်လေးတစ်ခု သတိရသွားသည်။ ကြုံလို့ ပြောပြချင်ပါသည်။ “ဆရာရေ… ဆရာ… ကျွန်မနဲ့ ခဏလောက်ဖြစ်ဖြစ် လိုက်ခဲ့ပေးပါဦး။ ခဏလေးပါ။” “ဘာဖြစ်လို့လဲ မအေးရယ်။" ကျွန်တော် ဆေးခန်းမှာ လူနာတွေကြည့်နေတုန်း ထန်းသီးရောင်းသည့် မအေး အူယားဖားယား ပြေးလာခေါ်၍ မေးလိုက်ရသည်။ “ကျွန်မ အစ်ကို…...

နတ်စားခြင်း

"ဆရာရယ် …ကျွန်မသမီးလေးအတွက် နတ်ပြန်စားမှ ဖြစ်မှာပါ။ ကျွန်မတို့ကို ဆေးရုံဆင်းခွင့်ပေးပါနော်။" "ဟင်..ဘာဖြစ်လို့လဲ ..ကလေးမလေးက ဆေးထိုးနေတာ ဆေးပတ်လည်တော့မယ့်ဟာ" အသက် ၁၆ နှစ် ကလေးမလေး အသက်ရှူလမ်းကြောင်းပိုးဝင်၍ ပိုးသတ်ဆေးများ ထိုးထားသည်မှာ နက်ဖြန်ဆို ၃ ရက်ပြည့်တော့မည်။ ရင်ကျပ်အခံရှိ၍ လေပြွန်ကျယ်ဆေးများလည်း ရှူခိုင်းထားရသည်။ အိမ်တွင် ဆေးမြီးတိုများနှင့် ကုနေသည်မှာ...