MENU

‘ရာသီစာ သရက်သီးရဲ့ ကျန်းမာရေး အနှစ်သာရများ’ Health Benefits of Mango (March, 2023)

‘ရာသီစာ သရက်သီးရဲ့ ကျန်းမာရေး အနှစ်သာရများ’

“အသီးမှာ သရက်” ဆိုတဲ့ ဂုဏ်ပုဒ်အတိုင်း အရောင်၊အဆင်း၊ အနံ့၊ အရသာနဲ့ ပြည့်စုံပြီး မြန်မာလူမျိုးတို့အကြိုက် ‘ရာသီစာ သရက်သီး’ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပြောပြပေးပါမယ်။

???? ပုံမှန်အရွယ်အစား သရက်သီးတစ်လုံးမှာ –

* ကယ်လ်လိုရီ 202 (Kcal)
* ကာဗိုဟိုက်ဒရိတ် 50 ဂရမ် (g)
* ပရိုတင်းဓာတ် 3 ဂရမ် (g)
* အမျှင်ဓာတ် 5 ဂရမ် (g)
* ဖောလစ်ဓာတ် (folate)
* ဗီတာမင် A
* ဗီတာမင် B
* ဗီတာမင် C
* ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်
* beta-carotene (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)… အစရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။
..
..

???? ရာသီစာသရက်သီး စားပေးမယ်ဆိုရင် –

➤ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

သရက်သီးမှာ ရောဂါပိုးတိုက်ထုတ်ရာမှာ အရေးပါတဲ့ ဗီတာမင်စီနဲ့ ဗီတာမင်အေဓာတ် ကြွယ်ဝတာမို့ ကိုယ်ခံအားကောင်းစေရုံသာမက ပြင်ပရောဂါတွေဝင်ရောက်လာခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။
.

➤ ကင်ဆာရောဂါ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ လုံလောက်စွာပါဝင်တဲ့ သရက်သီးက ဆဲလ်တွေ ဓာတ်တိုးပျက်စီးခြင်းမှ ကာကွယ်ပေးတာမို့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး အသက်ကြီးလာချိန် ဖြစ်တတ်တဲ့ ဆီးချိုရောဂါ၊ ကင်ဆာနဲ့ အခြားနာတာရှည်ရောဂါတွေ ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။
.

➤ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

“ဝမ်းတစ်လုံးကောင်း ခေါင်းမခဲ” ဆိုသလို သရက်သီးမှာပါဝင်တဲ့ amylase က အစာခြေစနစ်ကို ပံ့ပိုးပေးပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်ကြွယ်ဝမှုကလည်း အူနံရံတွေကို ကျန်းမာစေကာ ဝမ်းမှန်စေပါတယ်။
.

➤ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

သရက်သီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေက သွေးကြောတွေရဲ့ လုပ်ငန်းဆောင်တာ (function) ကို ပုံမှန်လည်ပတ်စေတာမို့ သွေးလည်ပတ်မှုကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။
.

➤ မျက်လုံးလေးတွေ အားရှိဖို့ စားပေးသင့်တဲ့ အသီးဖြစ်ပါတယ်။

မျက်လုံးအတွက် မရှိမဖြစ် အာဟာရဓာတ်ဖြစ်တဲ့ ဗီတာမင်အေ ကြွယ်ဝတာမို့ ဗီတာမင်အေ ချို့တဲ့ပြီး မျက်လုံးခြောက်တာ၊ ကြက်မျက်သင့်တာ စတဲ့လက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
.

➤ သန္ဓေသားဖွံ့ဖြိုးမှုကို အထောက်အကူပေးတယ်။

???? DNA ဆဲလ်ပွားခြင်းနဲ့ သွေးနီဥထုတ်ရာမှာ အရေးပါတဲ့ ဖောလစ်ဓာတ် (folate) နဲ့ ကော့ပါး (copper) ပါဝင်တာမို့ သရက်သီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် စားပေးသင့်တဲ့ အသီးဖြစ်ပါတယ်။
..
..

???? သတိထားဖို့လိုတဲ့အချက်တွေကတော့…

???? အမှည့်လွန် သရက်သီး အလွန်အကျွံစားရာကနေ ဝမ်းပျက်ဝမ်းလျှောနဲ့ ဗိုက်နာတာ ဖြစ်နိုင်လို့ လတ်ဆတ်ပြီး သဘာဝအတိုင်းမှည့်တဲ့ သရက်သီးကိုပဲ သင့်တင့်တဲ့ပမာဏသာ စားသုံးသင့်ပါတယ်။

???? အချိုလွန်ကဲတဲ့ သရက်သီးဟာ သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်တာကြောင့် ဆီးချိုလူနာတွေအတွက် ဂရုစိုက်သင့်ပါတယ်။
.

???? မြန်မာနိုင်ငံမှာ အနံ့၊ အရသာပေါ်မူတည်ပြီး သရက်သီးမျိုးစိတ်တွေလည်းများ၊ အမျိုးမျိုး ပြင်ဆင်ပြီး စားပုံစားနည်းလေးတွေလည်း မတူကွဲပြားကြတာမို့ ဘယ်လိုလုပ်ပြီး စားရတာကို အကြိုက်ဆုံးလဲ ဆိုတာလေးကိုလည်း ပြောပြသွားပါဦးနော်…

Reference : ????
https://www.healthline.com/nutrition/mango…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#mango#သရက်သီး

Ministry of Health,

National Unity Government.

Published on: 21 March 2023
Last Updated: 21 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စိတ်လွတ်ကိုယ်လွတ် အော်ကြမယ်

ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွေထဲမှာ မကြာခဏဆိုသလို မြင်ဖူးကြမှာပါ။ လူသူကင်းတဲ့ ကမ်းခြေ၊ တောင်ထိပ် ဒါမှမဟုတ် လယ်ကွင်းကျယ်ကြီးထဲမှာ ဇာတ်ကောင်တစ်ယောက်က မျက်နှာကိုမော့ပြီး အသံကုန် အော်ဟစ်ပစ်လိုက်တာမျိုး၊ ပြီးရင် ငိုချင်လည်း ငိုချပစ်လိုက်တာမျိုး‌ပေါ့။ ဒီလိုဇာတ်ဝင်ခန်းကို ကြည့်ပြီး "အင်း… ငါသာ ဒီလိုအော်ပစ်လိုက်ရရင် စိတ်ထဲမှာ တော်တော်ပေါ့သွားမှာပဲ" ဆိုတဲ့ ခံစားချက်မျိုး...

ရင်ကွဲနာကျခြင်း Broken Heart Syndrome

"ရင်ကွဲနာကျခြင်း" Broken Heart Syndrome ဆိုတဲ့လက္ခဏာစုကို ရင်ကွဲနာကျခြင်းလို့ပဲ မြန်မာမှုပြုလိုက်ချင်ပါတယ်။ အသည်းကွဲရောဂါ၊ နှလုံးကွဲရောဂါလို့တော့ မြန်မာမှုမပြုတော့ပါဘူး။ သင်တို့ရော ရင်ကွဲနာကျဖူးကြလား။……. ရင်ကွဲနာကျခြင်း (Broken Heart Syndrome) ဆိုတာဟာ စိတ်ထိရှခံစားစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေကြောင့် နှလုံးမှာဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကိုယ်ကျန်းမာရေးချို့ယွင်းမှု သို့မဟုတ် ခွဲစိတ်မှုတွေက...

ရင်ထဲက မောင်းတံလေးတွေ

"လူတိုင်းရဲ့ရင်ထဲမှာ မောင်းတံတစ်ခုစီတော့ ရှိကြတယ်။ အဲဒါကို ဆွဲ/မဆွဲဆိုတာက ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်တယ် " ဆိုတဲ့ စကားလေး . . . လတ်တလောကြည့်မိတဲ့ ရုပ်ရှင်ထဲက စာသားလေးပါ။ ကျွန်မအတွက် အဓိပ္ပါယ်ရှိပြီး အတွေးတွေများစေတဲ့ စကားစုလေး တစ်ခုပေါ့ ။ ကျွန်မတို့ နေ့စဉ်ဘဝမှာရော မောင်းတံလေးတွေနဲ့ ဘယ်နှစ်ကြိမ်များ...

တီတီနှင့် ဒေါက်ပီ

"တီတီနှင့် ဒေါက်ပီ" တစ်ခုသော ညနေခင်း၏ ကျေးလက်ဆေးခန်းလေးတွင် ဖြစ်သည်။ ဒေါက်ပီတစ်ယောက် လူနာတွေ တစ်ယောက်ပြီးတစ်ယောက်ကြည့်နေရင်း အသက် ၂၀ ကျော်အမျိုးသမီးငယ်တစ်ဦး မွေးကင်းစ ကလေးငယ်ကိုချီပြီး ဆေးခန်းအဝတွင်ထိုင်ကာ အထဲသို့လှမ်းလှမ်းကြည့်နေသည်ကို သတိထားမိသည်။ မျက်နှာတွင်လည်း ကလေးငယ်ကို စိုးရိမ်နေသည့် ပုံစံတွေ့ရ၏။ ဤသို့ဖြင့် သိပ်မကြာခင် ထိုကလေးချီထားသော အမျိုးသမီးငယ် အလှည့်ရောက်၍ ဆေးခန်းထဲ...