MENU

” ကျောက်ကပ်သွေးသန့်စင်နေရသူများ (ကျောက်ကပ်ဆေးနေရသူများ) ဆောင်ရန်ရှောင်ရန် အစာအာဟာရများ “

” ကျောက်ကပ်သွေးသန့်စင်နေရသူများ (ကျောက်ကပ်ဆေးနေရသူများ) ဆောင်ရန်ရှောင်ရန် အစာအာဟာရများ “

ကျောက်ကပ်ဟာ ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို စွန့်ထုတ်ပေးရုံသာမက ဓာတ်ပစ္စည်းများနဲ့ အရည်များကိုလည်း ထိန်းညှိပေးပါတယ်။ ကျောက်ကပ် ပုံမှန်အလုပ်မလုပ်နိုင်တဲ့အခါ ခန္ဓာကိုယ် အတွင်းရှိ ဓာတ်ပစ္စည်းများ မညီမမျှဖြစ်လာကာ အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်ပါတယ်။

ကျောက်ကပ်တုဖြင့်သွေးသန့်စင်ခြင်းဟာ ပုံမှန်ကျောက်ကပ်ကောင်းတစ်ခု လုပ်နိုင်စွမ်းရည်ရဲ့ ၁၀-၁၅% သာရှိပါတယ် ။ ဒါကြောင့် ကျောက်ကပ်သွေးသန့်စင်နေရသောသူများဟာ အစားအသောက်ကို မဖြစ်မနေ ဆင်ခြင်သင့်ပါတယ်။ အစားအသောက်နဲ့သောက်နိုင်တဲ့ ရေပမာဏဟာ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အတွက် ကျောက်ကပ်အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(၁) အရည် ????

အရည်ဟုဆိုရာတွင် ရေ ၊ အချိုရည် ၊ ကော်ဖီ ၊ လက်ဖက်ရည် ၊ အရည်ရွှမ်းသည့် အသီးအနှံနှင့် ရေခဲ စသည်တို့ပါဝင်ပါတယ်။ ကျောက်ကပ်ဆေးနေရသူ အများစုဟာ ရေကို လျှော့သောက်သင့်ပါတယ်။ ဆီးမသွားပါက အရည်ကိုပို၍ လျှော့သောက်ရပါတယ်။ သတ်မှတ်ထားတဲ့ အရည်ပမာဏထက် ပိုသောက်မိပါက အရည်ဓာတ်များလာလို့ သွေးတိုးတာ၊ ဖောရောင်တာ၊ အဆုတ်ထဲရေဝင်ပြီး အမောဖောက်တာတို့ ဖြစ်တတ်တဲ့အပြင် နှလုံးအားနည်းလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်ဆေးနေသူများအနေနဲ့ ကိုယ်သောက်သင့်တဲ့ရေပမာဏကို ကျောက်ကပ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရေငတ်လျှင်

• ရေနှင့် ပလုတ်ကျင်းပြီးမျိုမချဘဲ ထွေးထုတ်ပါ။

• ရေခဲ အနည်းငယ် (ဒါမှမဟုတ်) ခဲထားသော အသီးအနှံကို ငုံလို့ရပါတယ်။

• ပီကယ် ၊ သကြားလုံး ၊ ပူရှိန်း စားပေးလို့ရပါတယ်။

(၂) ဆားဓာတ် ????

ကျောက်ကပ်ဆေးနေရသောသူဟာ အငန်ဓာတ်ကို လျှော့စားသင့်ပါတယ်။ အငန် အစားများရင် သွေးတိုးနိုင်တဲ့အပြင် ရေပိုငတ်တဲ့အတွက်ကြောင့် ရေပိုသောက်မိပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်လာတတ်ပါတယ်။

(၃) ပိုတက်ဆီယမ် ????

ပိုတက်ဆီယမ်ဓာတ်များရင် နှလုံးခုန် မမှန်တာ ၊ နှလုံးအားနည်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်များတဲ့ အစားအစာတွေဖြစ်တဲ့ ထောပတ်သီး၊ ငှက်ပျောသီး၊ အုန်းသီး၊ အသီးခြောက်များ၊ သရက်သီး၊ လိမ္မော်သီး၊ မာလကာသီး၊ ဒူးရင်းသီး၊ ပိန္နဲသီး၊ ဖရုံသီး၊ ဂေါ်ဖီအစိမ်း၊ မုန်လာဥ အစိမ်း၊ အာလူး၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကန်စွန်းဥရွက်၊ မှို၊ မျှစ်၊ ချောကလပ်၊ကော်ဖီ၊ မြေပဲ၊ ကမာ၊ကင်းမွန်၊ ဓာတ်ဆားရည်၊ ပဲနို့ စတာတွေကို ရှောင်ရှားသင့်ပါတယ်။

(၄) ဖော့စ်ဖရက်စ် ????

ဖော့စ်ဖရက်စ်ဓာတ်ပစ္စည်းများရင် အရိုးပျော့ခြင်း၊ သွေးကြောကျဉ်းခြင်းတို့ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်ဆေးနေရသူတစ်ယောက်အနေနဲ့ ဖော့စ်ဖရက်စ်များတဲ့ အစားအစာတွေဖြစ်တဲ့ ပေါင်မုန့်အညို၊ မြေပဲ၊ ပီဇာ၊ ထောပတ်၊ နို့နှင့်နို့ထွက် ပစ္စည်း၊ ချောကလက်၊ အခွံမာ အစေ့ ၊ အသင့်စားသုံးနိုင်သော ကြာရှည်ခံ အစားအစာများ၊ ပုဇွန်ခြောက်၊ ငါးခြောက်၊ ငါးပိ စတာတွေကို ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး အစာနှင့်တွဲ၍ ဆေးသောက်သုံးနိုင်ပါတယ်။

(၅) ပရိုတိန်း (ခ) အသားဓာတ် ✅

လူ့ခန္ဓာကိုယ် သန်မာစေဖို့ ကြွက်သားတည်ဆောက်ရာတွင်သာမက ခုခံအားကောင်းဖို့အတွက်လည်း အသားဓာတ် လိုအပ်ပါတယ်။ ကျောက်ကပ်သွေးသန့်စင်နေသူများ ( အထူးသဖြင့် ဝမ်းဗိုက်မှ သွေးသန့်စင်နေရသူများ) မှာ အသားဓာတ် ပိုလိုအပ်တာမို့ ပရိုတိန်းဓာတ်များတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ် ။

(၆) ဗီတာမင် ✅

ကျောက်ကပ်ဆေးတဲ့အခါ သွေးထဲမှာရှိတဲ့ မကောင်းတဲ့ အညစ်အကြေးတွေသာမက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်တွေပါ စွန့်ထုတ်တဲ့ထဲ ရောပါသွား ကြပါတယ်။ ဒါ့ကြောင့် ကျောက်ကပ်သွေးသန့်စင်နေရသောသူတွေအနေနဲ့ ရေတွင်ပျော်ဝင်သော ဗီတာမင် များ ( ဗီတာမင် B1,B6, B12 , Folic acid, Vitamin C) တို့ကို ပြန်လည်ဖြည့်စွက် စားသုံးပေးသင့်ပါတယ်။

နောက်ဆုံးအနေနဲ့ နာတာရှည် ကျောက်ကပ်မကောင်းတော့တဲ့သူတွေနဲ့ ကျောက်ကပ်ဆေးနေရတဲ့သူတွေ အနေနဲ့ အသက်ကိုဉာဏ်စောင့်ဆိုသကဲ့သို့ ဆောင်သင့်တာဆောင် ရှောင်သင့်တာရှောင်ပြီး ကျန်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Reference ????

• Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp. ( page 298 )

• https://www. niddk.nih .gov/health-information/kidney-disease/kidney-failure/hemodialysis/eating-nutrition#protein

• https:// nepro .com/nutrition-and-dialysis?gclid=EAIaIQobChMIvpme6ers-wIV5JJbCh12bwUTEAAYAiAAEgJzw_D_BwE&gclsrc=aw.ds

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#foodfordialysis

Ministry of Health,

National Unity Government.

Published on: 30 December 2022
Last Updated: 30 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...