MENU

လောင်းကစားနှင့် စိတ်ကျန်းမာရေး “ Gambling disorder” (May 2023)

“ လောင်းကစားနှင့် စိတ်ကျန်းမာရေး (Gambling disorder)”

အခုလို မတည်ငြိမ်တဲ့ကာလမှာ အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် လောင်းကစားနဲ့ ပက်သက်တဲ့ ဂိမ်းအမျိုးစားပေါင်းများစွာဟာ လူတွေရဲ့ လက်တစ်ကမ်းအကွာမှာ ရောက်ရှိလာတာနဲ့အမျှ လောင်းကစားကြောင့် လူမှုရေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလည်း တိုးမြင့်လာပါတယ်။

“လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက်” ဆိုတဲ့ စကားကို လက်ကိုင်ရင်း နောက်ဆုံးမှာ မိသားစုလိုက် ဘဝပျက်တာတွေနဲ့ အဆုံးစီရင်ဖို့ကြိုးစားတဲ့ ဖြစ်ရပ်တွေလည်း ခပ်စိပ်စိပ် ကြားမိကြမှာပါ။

..

..

❗️Gambling disorder ဆိုတာ လောင်းကစားစွဲလမ်းတဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပါတယ်။

???? လောင်းကစားစွဲလမ်းတယ်ဆိုတာ…

⦿ လောင်းကစားဆော့တာကို အချိန်အတော်ကြာ စွဲလမ်းလာပြီး မိမိကိုယ့်ကို ထိန်းချုပ်ဖို့ ခက်ခဲလာမယ်။

⦿ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ဂရုမစိုက်ဘဲ လောင်းကစားပဲလုပ်ချင်နေတယ်။

⦿ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက လောင်းကစားလုပ်တာနဲ့ ပက်သက်ပြီး စိုးရိမ်တဲ့လက္ခဏာတွေ ပြလာမယ်။

⦿ ကိုယ်တိုင်က နေ့စဉ်လုပ်ငန်းဆောင်တာတွေထက် လောင်းကစားကပဲ အရေးကြီးဆုံးလို့ ခံစားနေရတာမျိုးကို ဆိုလိုပါတယ်။

..

..

???? လောင်းကစားအမျိုးမျိုး…

လောင်းကစားလို့ဆိုရင် ဘောလုံးပွဲလောင်းတာ၊ ဖဲရိုက်တာ၊ ၂ လုံး/၃ လုံး ထီထိုးတာတင်မက အခုဆိုရင် ဖုန်းနဲ့ အလွယ်တကူဆော့လို့ရပြီး ပရိုဂရမ်ဆွဲထားတဲ့ အွန်လိုင်းဂိမ်း၊ စလော့ (slot) ဂိမ်းတွေကြောင့် ဘဝပျက်နေသူတွေ ပိုများလာပါတယ်။

..

..

???? လောင်းကစားစွဲလမ်းစေနိုင်တဲ့ အကြောင်းအရင်းတွေက?

???? ‘အတုမြင် အတတ်သင်’ သဘောနဲ့ လောင်းကစားလုပ်တတ်တဲ့ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေရှိတာ

???? ငွေကြေးအခက်အခဲရှိသူ၊ လုပ်ငန်းခွင် ဖိအားများနေသူ၊ လောင်းကစားလုပ်ရလွယ်တဲ့ အနေအထားရှိသူ

???? အခြားစွဲလမ်းမှု ရောဂါတစ်ခုခုရှိနေသူ (ဆေးစွဲတာ၊ အရက်စွဲတာ)

???? တစ်ကြိမ်တစ်ခါ အနိုင်ရခြင်းက စိတ်လှုပ်ရှားစေပြီး ဆုလာဘ်တစ်ခုရသလို ခံစားရစေတဲ့ dopamine ဟော်မုန်းရဲ့ ဦးနှောက်ကို လှုံ့ဆော်တာ

???? စိတ်ထိခိုက်စရာရှိသူ၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ နေမကောင်းသူတွေမှာ စွဲလမ်းနိုင်ခြေများပါတယ်။

..

..

‼️ လောင်းကစားကြောင့် စီးပွားရေးသာမက အိမ်ထောင်ရေး၊ လူမှုရေး၊ ကိုယ်/စိတ်ကျန်းမာရေး ထိခိုက်ဆုံးရှုံးမှုတွေ ရရှိနိုင်ပါတယ်။

– မိသားစုဝင်တွေအပေါ် လိမ်ညာခြင်း၊ ဒေါသအလျောက် စိတ်လိုက်မာန်ပါလုပ်ခြင်း

– ငွေရေးကြေးရေး၊ အကြွေးတွေနဲ့ ပတ်သက်ပြီး ပြဿနာတက်ခြင်း

– ခိုးယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ ရာဇဝတ်မှုကျူးလွန်ခြင်း

– အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ကွာရှင်းပြတ်စဲမှုတွေ စတဲ့ အိမ်ထောင်ရေးပြဿနာတွေသာမက…

– စိတ်ဖိစီးမှုများတာ၊ စိတ်အတက်အကျမြန်တာ

– ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာတာ

– အအိပ်ပျက်၊ အစားအသောက်ပျက်တာ

– မူးယစ်ဆေးနဲ့ အရက်စွဲလာတာ

– မိမိကိုယ်မိမိ သေကြောင်းကြံစည်ဖို့ ကြိုးစားတာအထိ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။

ဒါ့အပြင် ……. လုပ်ငန်းခွင်မှာလည်း အာရုံထွေပြားကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေတာမျိုးဖြစ်ပြီး ပစ္စည်းဥစ္စာဆုံးရှုံးမှုသာမက လူမှုရေးရာဂုဏ်သိက္ခာတွေပါ ထိခိုက်နစ်နာနိုင်ပါတယ်။

..

..

✅ အထက်ပါ လက္ခဏာတွေ ခံစားရပြီး မိမိကိုယ်ကို လောင်းကစားစွဲလမ်းမှု ပြဿနာရှိနေတယ်လို့ သံသယရှိရင် တတ်ကျွမ်းနားလည်သူတွေထံမှ အကူအညီရယူဖို့ ကြိုးစားပါ။

???? အရေးအကြီးဆုံးအနေနဲ့ Self-help “ မိမိသာလျှင် အဓိက ကုစားနိုင်သူ” ဖြစ်တာမို့ မိမိစွဲလမ်းမှုကို ဦးစွာပထမ နားလည်လက်ခံပြီး စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူသင့်ပါတယ်။

???? Cognitive Behavioural Therapy (CBT) အတွေးနဲ့အပြုအမူကို ပြန်လည်ထိန်းညှိပေးတဲ့ ကုထုံးခံယူခြင်းဖြင့် လောင်းကစားနဲ့ပက်သက်တဲ့ နိုင်လိုစိတ်နဲ့ အတွေးအမြင်တွေ ပြောင်းလဲလာပြီး လောင်းကစားကို ရပ်တန့်ဖို့ ကြိုးစားလာပါမယ်။

???? မိသားစု၊ အိမ်ထောင်ရေးပြဿနာများ နှစ်သိမ့်ဆွေးနွေးခြင်း (family and couples therapy) နဲ့ ငွေရေးကြေးရေး ပြန်လည် ဆန်းစစ် ညှိနှိုင်းခြင်း (Family budgeting) နည်းလမ်းတွေနဲ့လည်း ဆွေးနွေးနှစ်သိမ့်မှု ခံယူသင့်ပါတယ်။

???? UK လိုမျိုး နိုင်ငံတွေမှာတော့ “လောင်းကစားသူများ အမည်ဝှက်အဖွဲ့” (Gamblers Anonymous) ဆို ပြီး အဖွဲ့တွေရှိပါတယ်။ သူတို့က ဆွေးနွေးပွဲတွေ ပုံမှန်ကျင်းပလေ့ရှိပြီး လောင်းကစားစွဲလမ်းမှုနဲ့ ပတ်သက်ပြီး အတွေ့အကြုံဖလှယ်ကာ ရပ်တန့်ဖို့ ကြိုးစားပုံ နည်းလမ်းတွေ အချင်းချင်းမျှဝေကြပါတယ်။ ဒီနည်းလမ်းက လူနာတွေအတွက် ထိရောက်မှုရှိတာကိုလည်း လေ့လာတွေ့ရှိထားပါတယ်။

✅ မိမိပတ်ဝန်းကျင်မှာ လောင်းကစားစွဲလမ်းမှုပြဿနာရှိသူတစ်ဦး ရှိနေရင် ပစ်ပယ်မထားဘဲ ရောဂါရှိသူတစ်ဦးအနေနဲ့ နားလည်ပေးပြီး လိုအပ်တဲ့ကုထုံးတွေ ရယူနိုင်ဖို့ ကူညီပေးသင့်ပါတယ်။

❌ အခုလိုကာလမှာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုတဲ့အတွေးနဲ့ အွန်လိုင်းဂိမ်းပေါင်းစုံကို ကြော်ငြာခ၊ ကော်မရှင်ခယူပြီး ကစားဖို့ မြှူဆွယ်သူတွေကိုလည်း ရှုတ်ချမိပါတယ်။

???? စွဲလမ်းမှုပြဿနာတိုင်းမှ ရုန်းထွက်နိုင်ကြပါစေ။

Reference : ????

https://www.rcpsych.ac.uk/…/proble…/gambling-disorder…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် ( https://m.me/telehealthmm ) ကို နှိပ်ပါ

( နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#Telekyanmar

#gambling#လောင်းကစား

Ministry of Health,

National Unity Government.

Published on: 8 May 2023

Last updated: 8 May 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ

‎ဦးနှောက် Error တက်ခြင်း (သို့) ခဏခဏမေ့တတ်တဲ့ပြဿနာ‎‎ဖြစ်စဥ် (၁) - မနက်ခင်းမှာ ကော်ဖီသောက်ဖို့ မီးဖိုချောင်ကို ဝင်လိုက်တယ်။ တံခါးဝရောက်တော့မှ "ငါ ဘာလာလုပ်တာပါလိမ့်" ဆိုပြီး ဖြစ်သွားတယ်။ ကော်ဖီခွက်က လက်ထဲမှာရှိနေတယ်။ ရေနွေးအိုးကိုလည်း မြင်‌နေရတယ်။ ဒါပေမယ့် ဦးနှောက်က ဘာလုပ်ရမှန်း မသိတော့ဘူး။‎‎ဖြစ်စဥ်...

အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎

‎‎အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎‎ဇင့်ဓာတ် (Zinc) ဆိုတဲ့ သွပ်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိစ္စအဝဝမှာ ဇာတ်ပို့အဖြစ် လုပ်ဆောင်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ။ နေမကောင်းဖြစ်ရင် ဗီတာမင် စီ (vitamin C) ကိုသောက်ဖို့ သတိရကြပေမယ့် ဇင့်ဓာတ်ဟာ နာလန်ထစလူနာတွေအတွက် မရှိမဖြစ်ပါ။ တချို့တွေမှာဆို ငယ်ငယ်တုန်းက လက်သည်းပန်းကုံးလေးတွေ...

Endorphins သိုမဟုတ် နာကျင်မှုတွေကြားက အပြုံးပန်းတစ်ပွင့်‎

ကျွန်တော့်မိတ်ဆွေတစ်ယောက်ရဲ့ သူအသည်းကွဲတုန်းကအကြောင်းကို ပြန်ပြီးဖောက်သည်ချပြပါရစေ။‎‎အရင်က သူဟာ အားကစားဆို ဝေးရော။ လမ်းလျှောက်တာလေးလောက်ကိုတောင် မလုပ်ချင်တဲ့သူပါ။ ဒါပေမယ့် အသည်းကွဲပြီးနောက်ပိုင်း နေမရထိုင်မရ ဖြစ်နေရှာတာနဲ့ "စိတ်ထွက်ပေါက်အဖြစ် Gym လေးသွားဆော့ကြည့်ပါလား" လို့ ကျွန်တော်က အကြံပေးလိုက်ပါတယ်။‎‎အစပိုင်းမှာတော့ သူက ညည်းပါတယ်။ "တစ်ကိုယ်လုံး ကိုက်ခဲနေတာပဲ။ မသွားချင်တော့ဘူး" လို့...

‎မှီခိုလွန်းသော စရိုက် (Dependent Personality Trait)

လူသားတစ်ဦး၏ စိတ်နေစရိုက် ဖွံ့ဖြိုးမှုတွင် ကလေးဘဝသည် အရေးအကြီးဆုံး အုတ်မြစ်ဖြစ်ပါသည်။ ထိုအုတ်မြစ်ကို ချစ်ခြင်းမေတ္တာ၊ နွေးထွေးနားလည်မှု၊ ဂရုစိုက်ကြင်နာမှုတို့ဖြင့် တည်ဆောက်ရမည်ဖြစ်သော်လည်း တစ်ခါတစ်ရံတွင် မိဘများ၏ "အလိုလိုက်မှု လွန်ကဲခြင်း" နှင့် "အကာအကွယ်‌ပေးမှု လွန်ကဲခြင်း" ကြောင့် ကလေး၏ ကိုယ်ပိုင်ရပ်တည် ရှင်သန်နိုင်စွမ်းကို သိသိသာသာ ထိခိုက်စေတတ်ပါသည်။‎‎အရွယ်ရောက်ပြီးသော်လည်း...