MENU

Fordyce Spots အကြောင်းသိကောင်းစရာ (December, 2022)

” ဆယ်ကျော်သက်တွေမှာ ဖြစ်တတ်တဲ့ Fordyce spots (or) Fordyce granules “

????Fordyce spots ဆိုတာ အမွှေးအမျှင်မရှိတဲ့ အရေပြားနေရာက အဆီဂလင်းလေးတွေ ကြီးလာပြီး အဖြူရောင် (သို့) အဝါရောင်အစက်အပြောက်အဖုလေးတွေ ပေါ်လာခြင်းဖြစ်ပါတယ်။ ပျိုဖော်ဝင်ချိန်နဲ့ အရွယ်ရောက်ပြီးသူတွေမှာ တွေ့ရတတ်ပြီး နှုတ်ခမ်း၊ ပါးစောင်အတွင်းနဲ့ လိင်အင်္ဂါတစ်ဝိုက်မှာ အဖြစ်များပါတယ်။ Fordyce spots လေးတွေဟာ သာမန်အဆီဂလင်းကြီးခြင်းဖြစ်ပြီး ကင်ဆာမဟုတ်ပါဘူး။

????အဲ့လို အရေပြားတစ်ဝိုက်မှာ အဖြူအစက်အပြောက်အဖုလေးတွေတွေ့တဲ့အခါ ရေယုန်လို့ထင်တတ်ကြပါတယ်။ အဲ့တော့ Fordyce spots နဲ့ Herpes (ရေယုန်) ဘယ်လို ခွဲခြားလို့ရလဲ ပြောပြပေးပါမယ်။
..

Fordyce spots က လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တဲ့ရောဂါ မဟုတ်သလို တစ်ယောက်နဲ့တစ်ယောက်လည်း မကူးစက်နိုင်ပါဘူး။ နာကျင်ခြင်းလည်း မရှိပါဘူး။ လိင်အင်္ဂါတစ်ဝိုက်ဖြစ်တဲ့ရေယုန် ( Genital Herpes )ကတော့ လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်တာဖြစ်ပြီး အရည်ကြည်ဖုလေးတွေဟာလည်း နာပါတယ်။ Herpes ကြောင့်ဖြစ်တဲ့ အဖုလေးတွေက ရောင်ရမ်းတာမျိုးရှိပြီး ထိလိုက်ရင်လည်း နာပါတယ်။

????ဘယ်သူတွေမှာ Fordyce spots ပိုဖြစ်နိုင်သလဲ။

၇၀% – ၈၀% သောအရွယ်ရောက်ပြီးသူတိုင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးအရွယ်မှာတော့ အများအားဖြင့် မတွေ့ရပါဘူး။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် Fordyce spots ဖြစ်နိုင်ခြေ ၂ ဆ ရှိတယ်လို့ ဆိုကြပါတယ်။

????Fordyce spots ဖြစ်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ကြုံတွေ့ရမလဲ။

များသောအားဖြင့် Fordyce spots လေးတွေဟာ အစုလိုက်ထွက်တတ်ပြီး အဖြူရောင်/ အဝါရောင်/ အသားရောင်/ ပန်းရောင် အစက်အပြောက်အဖုလေးတွေအနေနဲ့ တွေ့ရတတ်ပါတယ်။ အနီးနားက အရေပြားကို ဆွဲဆန့်ကြည့်လိုက်တဲ့အခါ ပိုပြီးသိသိသာသာမြင်ရပါတယ်။ Fordyce spots လေးတွေဟာ နာကျင်မှုလည်း မရှိပါဘူး။ လိင်အင်္ဂါမှာဖြစ်တဲ့ Fordyce spots လေးတွေကတော့ တခါတရံ ယားယံတတ်ပြီး ရောင်ရမ်းတာမျိုး ရှိနိုင်ပါတယ်။

????Fordyce spots လေးတွေကို ဘယ်လိုကာကွယ်ကုသကြမလဲ။

Fordyce spots လေးတွေဟာ အချိန်ကြာရင် သူ့အလိုလို ပျောက်သွားနိုင်ပါတယ်။ သတိထားရမှာက လက်နဲ့စွဲဆိတ်တာ၊ ဖဲ့တာမျိုး မလုပ်မိဖို့ပါ။ ထိုသို့လုပ်ခြင်းက အရေပြားပိုးဝင်ပြီး ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ သဘာဝနည်းလမ်းတွေဖြစ်တဲ့ Apple Cider Vinegar, Vitamin E ပါဝင်သောအဆီများ (Argan oil), အုန်းဆီ (coconut oil), နှုတ်ခမ်းအဆီစတာတွေ လိမ်းပေးခြင်းဖြင့်လည်း သက်သာအောင်လုပ်နိုင်ပါတယ်။ အချိန်ကြားတဲ့အထိ မပျောက်ဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပငိဆွေးနွေးပြီး ကုသမှုတွေခံယူနိုင်ပါတယ်။ ကုသနိုင်တဲ့နည်းတွေကတော့

* Cryotherapy (အအေးလှိုင်းဖြင့်ကုသခြင်း)

* Electrodessication (လျှပ်စစ်လှိုင်းဖြင့်ကုသခြင်း)

* Laser skin resurfacing (လေဆာဖြင့်ကုသခြင်း)

* Micro-punch surgery (အပ်စိုက်ကုသခြင်း)

* Topical treatments (Retinoids ပါသော လိမ်းဆေးများလိမ်းခြင်း) တို့ဖြစ်ပါတယ်။

Fordyce spots တွေ မဖြစ်အောင် ကာကွယ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အသားရေကို ဂရုစိုက်ထိန်းသိမ်းရပါမယ်။ နေ့စဉ်ရေနွေးနွေးနဲ့ဆေးကြောတာ၊ ရေဓာတ်ပြည့်ဝအောင် moisturizer သုံးတာမျိုး လုပ်ပေးရပါမယ်။

Reference: ????
https://my.clevelandclinic.org/…/24140-fordyce-spots

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#fordycespot#fordyce

Ministry of Health,

National Unity Government.

Published on: 9 December 2022
Last Updated: 9 December 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

နို့တိုက်မိခင်များ အဖြစ်များဆုံး နို့တိုက်နေချိန် ရင်သားတင်းမာမှုအကြောင်း Breast Engorgement, BE

မေမေများအားလုံး မင်္ဂလာပါရှင့် 🙏🏻 ဩဂုတ်လ ပထမအပတ်ဟာဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ပျော်ရွှင်ဖွယ် မိခင်နို့တိုက်ကျွေးသည့်ရက်သတ္တပတ် (Happy Breastfeeding Week) ဖြစ်ပါတယ်ရှင်။ ဒါကြောင့် နို့တိုက်မိခင်တွေများ အဖြစ်များဆုံး နို့တိုက်နေချိန် ရင်သားတင်းမာမှု (Breast Engorgement, BE) အကြောင်းလေးကို ပြောပြပေးမှာဖြစ်ပါတယ်။ ရင်သားတင်းမာခြင်းဟာဆိုရင် မေမေတို့ မိမိနို့ရည်ကို ပုံမှန်မဖယ်ပေးတာကြောင့် မိမိရဲ့ရင်သားမှာ...

လည်ပင်းတစ်စို့စို့ဖြစ်ခြင်း Globus Sensation

လည်ပင်းထဲမှာ အစာစားပြီးရင် တစ်ခုခုကပ်နေသလို၊ တစ်စို့စို့ကြီးဖြစ်နေသလို နေရခက်တာမျိုး ကြုံဖူးကြပါသလား။ ဒါကို Globus sensation လို့ ခေါ်ပါတယ်။ ဒီဝေဒနာဟာ Functional esophageal disorders လို့ခေါ်တဲ့ အစာရေမျိုပြွန် လုပ်ဆောင်မှုမမှန်လို့ ဖြစ်ရတဲ့ ရောဂါများထဲက တစ်ခုပဲဖြစ်ပါတယ်။ လူတော်တော်များများက ဒီလက္ခဏာကို . . . လည်ပင်းထဲ တစ်ခုခုကပ်နေတာ တစ်စို့စို့ဖြစ်တာ လည်ပင်းထဲ...

ကိုယ်ဝန်ဆောင်ချိန် ဆီးချိုဖြစ်ခြင်း Gestational Diabetes

ကိုယ်ဝန်ဆောင်ဆီးချို (Gestational diabetes) ဆိုတာကတော့ ကိုယ်ဝန်ဆောင်ချိန်မှာမှ ဖြစ်တတ်တဲ့ ဆီးချိုရောဂါ အမျိုးအစားတစ်ခုပါ။ သွေးထဲက သကြားဓာတ်တွေ တအားမြင့်တက်လာပြီး ဖြစ်တာပါ။ ကိုယ်ဝန်ဆောင်ဆီးချိုဟာ များသောအားဖြင့် ကိုယ်ဝန်သက်တမ်း ၂၄ ပတ်နဲ့ ၂၈ ပတ်ကြားမှာ စတင်ဖြစ်ပွားလေ့ရှိပါတယ်။…… ❓ဘာလို့ ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်တာလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကနေထွက်လာတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်မှာရှိတဲ့...

ဝမ်းနည်းစရာအဆုံးသတ်ကို ရွေးချယ်ဖို့ စဥ်းစားမိနေသူကို နွေးထွေးမှုနဲ့ လက်ကမ်းကူညီကြရအောင်

🖤 ဝမ်းနည်းစရာအဆုံးသတ်ကို ရွေးချယ်ဖို့ စဥ်းစားမိနေသူကို နွေးထွေးမှုနဲ့ လက်ကမ်းကူညီကြရအောင် ❤️__ သူတို့ဆီက စကားသံတွေ၊ နာကျင်မှုတွေကို နှလုံးသားနဲ့ နားမထောင်မိကြဘဲ . . . "သူရဲဘောကြောင်တာပဲ"၊ "စိတ်ဓာတ်ပျော့ညံ့လို့"၊ "အဖန် ၅၀၀ ငါးကမ္ဘာကိုမ‌ကြောက်ဘူးလား" စသဖြင့် လက်ညှိုးထိုးကြတဲ့အခါ… ဒါဟာ စိတ်ပိုင်းဆိုင်ရာ အကူအညီ လိုအပ်နေသူအပေါ် ကျွန်မတို့...