MENU

သွေးလေးဘက်နာရောဂါ ရှိတဲ့သူတွေအတွက် အစာအာဟာရ Food For Rheumatoid Arthritis (February, 2023)

သွေးလေးဘက်နာ (Rheumatoid Arthritis) ရောဂါ ရှိတဲ့သူတွေအတွက် အစာအာဟာရ

သွေးလေးဖက်နာရောဂါရှိတဲ့သူတွေဟာ အထူးသဖြင့် အရိုးအဆစ်တွေမှာ
– နာတာ
– ရောင်ရမ်းပြီး ဖောင်းနေတာ
– ဖိလိုက်ရင် မခံမရပ်နိုင်အောင်နာကျင်တာ … စတဲ့ ရောဂါလက္ခဏာတွေပြတတ်ပါတယ်။

✔️ သွေးလေးဖက်နာရောဂါ (ခေါ်) အဆစ်ရောင်ရောဂါရှိသူများအတွက် သီးသန့်အစာအာဟာရ (Rheumatoid Arthritis Diet) ရယ်လို့ မရှိပါဘူး။
ဒါပေမယ့် ခန္ဓာကိုယ်ရောင်ရမ်းတာကို သက်သာစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပါက အဆစ်ရောင်တာ၊ နာတာတွေကိုသက်သာစေနိုင်ပါတယ်။

✔️အဆစ်ရောင်ရောဂါရှိတဲ့သူတွေမှာ Mediterranean စတိုင်လ် အစားအသောက်ပုံစံကို (၂) လလောက်စားတဲ့အခါ အဆစ်နာတာတွေနဲ့ မနက်ပိုင်း ကိုယ်လက်တောင့်တင်းတာတွေ သက်သာလာတာတွေ့ရတယ်လို့ သုတေသန တွေ့ရှိချက်တွေက ဆိုပါတယ်။

???? Mediterranean စတိုင်လ် အစားအသောက်ပုံစံဆိုတာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီတွေ (ဥပမာ – ငါးကြီးဆီ)၊ အမျှင်ဓာတ်များတဲ့အသီးအနှံတွေ၊ အရွက်တွေ၊ အစေ့အဆန်တွေကို အဓိကအခြေခံထားပြီး အဆီနည်းတဲ့ အသား၊ ငါး တွေကို ရွေးချယ်စားသုံးတဲ့ အစားအသောက်ပုံစံဖြစ်ပါတယ်။

✔️အဆစ်ရောင်ရောဂါရှိသူတွေအနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပြီး လိုအပ်ပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးတာ၊ ဖြည့်စွက်အားဆေးသောက်တာမျိုးလည်း လုပ်လို့ရပါတယ်။
..
..

????ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲ ?

၁။ Omega-3 fatty acids ပါတဲ့အစားအစာ

အဆစ်ရောင်တာနဲ့ မနက်ခင်းပိုင်းတောင့်တင်းနာကျင်တာတွေကို သက်သာစေပါတယ်။ Omega-3 မှာ အကိုက်အခဲပျောက်ဆေးလိုမျိုး သဘာဝဓာတ်ပစ္စည်းတွေ ပါဝင်တာကြောင့် ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး နှလုံးရောဂါဖြစ်စေနိုင်တဲ့ မကောင်းတဲ့သွေးတွင်းကိုလက်စ်ထရော (LDL) နဲ့ triglycerides တွေကိုနည်းစေပါတယ်။ အဆစ်ရောင်ရောဂါရှိသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေလည်း များတာကြောင့် Omega-3 ကို စားသုံးပေးသင့်ပါတယ်။
.

၂။ ပဲအမျိုးမျိုး

အမျှင်ဓာတ် များစွာပါဝင်ပြီး ရောင်ရမ်းတာကိုဖြစ်စေတဲ့ဓာတ်တစ်မျိုး (C-reactive protein) ကို နည်းစေပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝတာကြောင့် အရိုးအဆစ်တစ်ဝိုက်က ကြွက်သားတွေကို သန်မာစေတဲ့အပြင် နှလုံးကျန်းမာရေးနဲ့ ကိုယ်ခံအားအတွက်လည်း ကောင်းစေပါတယ်။
.

၃။ ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်း (broccoli) မှာ ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ရောင်ရမ်းတာတွေကို သက်သာစေတဲ့အပြင် ကယ်လ်ဆီယမ်ဓာတ်လည်း ကြွယ်ဝတာမို့ အရိုးတွေကို သန်မာစေပါတယ်။
.

၄။ ချယ်ရီသီး

ချယ်ရီသီးတွေနဲ့ ဘယ်ရီသီးတွေမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ antioxidant ဓာတ်တစ်မျိုး (anthocyanins) ကြွယ်ဝစွာပါဝင်တာကြောင့် ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။
.

၅။ ချဉ်သောအသီးအနှံများ

ကိုယ်ခံအားကောင်းစေတဲ့ ဗိုက်တာမင်စီ ပြည့်ဝစွာပါဝင်တာကြောင့် ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေပါတယ်။
.

၆။ ငါးအမျိုးမျိုး

ငါးဒန်၊ငါးမြင်း လိုမျိုး အဆီများတဲ့ ငါးတွေစားလို့ရသလို ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ မက်ကရယ်ငါး၊ တူနာငါး စတာတွေဟာ (Omega-3) ပါဝင်တာကြောင့် တစ်ပတ်ကို (၂) ကြိမ်ခန့် စားသုံးပေးသင့်ပါတယ်။ ကြော်စားတာထက် ကင်စားတာ၊ ပေါင်းစားတာက ကျန်းမာရေးနဲ့ ပိုညီညွတ်ပါတယ်။
.

၇။ အစေ့အဆန်များ

ငါးမကြိုက်တဲ့သူအတွေအနေနဲ့ (Omega-3) ရဖို့အတွက် မြေပဲ၊ သီဟိုဠ်စေ့၊ နေကြာစေ့၊ ကွာစေ့၊ သစ်ကြားသီး၊ နှမ်းစေ့ဆီ (canola oil) နဲ့ ပဲပိစပ် စတာတွေကို စားသုံးပေးနိုင်ပါတယ်။.

၈။ ဂျင်း

ဂျင်းမှာပါဝင်တဲ့ ဓာတ်တစ်မျိုး (Gingerol compound) ဟာလည်း ကိုယ်ခန္ဓာအတွင်းရောင်ရမ်းခြင်းတွေကို သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။

၉။ လက်ဖက်ခြောက် (ခေါ်) Green tea

Antioxidant ပါဝင်တာကြောင့် ရောင်ရမ်းခြင်းကို သက်သာစေတဲ့အပြင် အရိုးနုပျက်စီးခြင်းကို နှေးစေပြီး အရိုးဆစ်ပျက်စီးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
.

၁၀။ သံလွင်ဆီ

သံလွင်ဆီမှာ အကိုက်အခဲပျောက်ဆေးနဲ့ အလားတူတဲ့ ဓာတ်ပစ္စည်းတွေ ပါဝင်တာကြောင့် အခြားဆီတွေထက် ကျန်းမာရေးနဲ့ပိုညီညွတ်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
.

၁၁။ နနွင်းမှုန့်

နနွင်းမှုန့်ကတော့ ရောင်ရမ်းနာကျင်ခြင်းတွေကို ကုသဖို့ထက် ကာကွယ်ပေးတဲ့နေရာမှာ ပိုအသုံးဝင်ပါတယ်။
.

၁၂။ ဆန်လုံးညို/ ပေါင်မုန့်ကြမ်း (Whole grains)

ဆန်လုံးညို၊ ပေါင်မုန့်ကြမ်းစတဲ့ အစားအစာတွေဟာလည်း ရောင်ရမ်းတာကိုဖြစ်စေတဲ့ဓာတ် (C-reactive protein) ကို နည်းစေပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်လည်းကြွယ်ဝလို့ အဆစ်ရောင်ရောဂါရှိသူတွေမှာ အဖြစ်များတဲ့ selenium ဓာတ်နည်းခြင်းအတွက်လည်း အထောက်အကူပြုပါတယ်။

????ဘယ်လိုအစားအစာတွေကို ရှောင်ရမလဲ ?

၁။ အနီရောင်အသားများနှင့် နို့ထွက်ပစ္စည်းများ

အနီရောင်အသား (ဝက်သား၊ အမဲသားဘဲသား) ၊ အဆီမထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာ အဆီဓာတ်များစွာပါဝင်တာကြောင့် အဆီတစ်သျူးတွေမှာ ရောင်ရမ်းခြင်းတွေကို ဖြစ်စေပါတယ်။
.

၂။ ပြောင်းဖူးဆီ

ပြောင်းဖူးဆီဟာ Omega-6 ပါဝင်တာကြောင့် အများကြီးစားမိရင် ဝိတ်တက်စေတဲ့အပြင် အရိုးဆစ်တွေကို ရောင်ရမ်းစေပါတယ်။
.

၃။အကြော်များနှင့် အသင့်စား အစားအစာများ

ဆီနှစ်ပြီးကြော်ထားတဲ့ အကြော်တွေနဲ့ အသင့်စား အစားအစာတွေမှာ မကောင်းတဲ့အဆီ (trans fat) တွေများတာကြောင့် ကိုယ်ခန္ဓာအတွင်း ရောင်ရမ်းတာကို ဖြစ်စေတဲ့အပြင် မကောင်းတဲ့ သွေးတွင်းကိုလက်စ်ထရော (LDL) ကိုတက်စေပါတယ်။
.

၄။ ဆား/ အငန်ဓာတ်

အငန်ဓာတ်များတဲ့ အစားအစာတွေက သွေးတိုးစေလို့ စတီးရွိုက်ဆေးသောက်သုံးနေရသူတွေနဲ့ အဆစ်ရောင်ရောဂါရှိသူတွေဟာလည်း အငန်ဓာတ် အများကြီးမစားသင့်ပါဘူး။ တစ်နေ့ကို ဆား (၁.၅) ဂရမ်လောက်သာ စားသုံးသင့်ပါတယ်။
.

၅။ သကြား

ခန္ဓာကိုယ်အတွင်း ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ cytokines လို့ခေါ်တဲ့ဓာတ်တွေ ထုတ်ပေးတာကြောင့် ချိုတဲ့အသီးတွေ၊ သကြားများတဲ့ အစားအစာတွေကို လျှော့စားသင့်ပါတယ်။
.

၆။ အရက်

အဆစ်ရောင်ရောဂါရှိသူအများစု သောက်သုံးရတဲ့ဆေးတွေဟာ အရက်နဲ့ မတည့်ပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ (ibuprofen နဲ့ naproxen) ဟာ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာ စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေတာကြောင့် အရက်သောက်တဲ့အခါ ရောဂါပိုဆိုးသွားနိုင်ပါတယ်။ သွေးလေးဖက်နာအတွက် ဆေးတွေ (Acetaminophen, leflunomide, methotrexate) သောက်သုံးနေတဲ့သူတွေအနေနဲ့ အရက်သောက်တဲ့အခါ အသည်းကို ပိုထိခိုက်စေပါတယ်။
.

၇။ အသားကင်များ၊ အကြော်များ

အပူချိန်ပြင်းပြင်းနဲ့ ချက်ပြုတ်ထားတဲ့ အသားတွေစားသုံးတာက ခန္ဓာကိုယ်အတွင်းရောင်ရမ်းစေနိုင်တဲ့ သွေးတွင်းဓာတ်တစ်မျိုး (AGEs) ကိုများစေတဲ့အတွက် အဆစ်ရောင်တာ၊ နာတာတွေကို ပိုဆိုးစေနိုင်ပါတယ်။

Reference : ????
https://www.webmd.com/rheumatoi…/paleo-autoimmune-protocol

https: // www. mayoclinic. org/ healthy-lifestyle/ nutrition-and-healthy-eating/ in-depth/mediterranean-diet/ art- 20047801

– Oxford American Handbook of Rheumatology 2nd Edition ( page 235 )

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#foodforRA#foods_for_RA

Ministry of Health,

National Unity Government.

Published on: 26 February 2023
Last Updated: 26 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎မရှိသောအချစ်ကို ရှာဖွေသူများ (သို့မဟုတ်) Erotomania

‎ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေနဲ့ ဆုံဖူးကောင်း ဆုံဖူးကြပါလိမ့်မယ်။ ကိုယ်က ဘာမှမဟုတ်တဲ့ သာမန်အရပ်သူ၊ အရပ်သားတစ်ယောက် ဖြစ်ပေမယ့် တစ်ဖက်က နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက် (သို့မဟုတ်) ကိုယ့်ကုမ္ပဏီက အမြင့်ဆုံး ခေါင်းဆောင်တစ်ယောက်က ကိုယ့်ကို တိတ်တခိုး စွဲလမ်းနေတယ်လို့ တစ်ထစ်ချ ယုံကြည်နေသူမျိုးပေါ့။‎.‎‎🌴 "ဒီနေ့ ရုံးကို...

အမျိုးသမီးတွေအပေါ် အထင်အမြင်သေးခြင်းနဲ့ မုန်းတီးခြင်းဝါဒ Misogyny

‎"မင်းကလည်း မိန်းမလို မိန်းမရနဲ့ကွာ။"‎"ဒီလောက်တောင် သတ္တိမရှိရင် ထဘီဝတ်ထားပါလား။"‎‎ဒီစကားလုံးတွေကို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ဟာသတစ်ခုလို ဒါမှမဟုတ် တစ်ဖက်လူကို အရှက်ခွဲဖို့ လက်နက်တစ်ခုလို ခဏခဏ ကြားရတတ်ပါတယ်။ ဒီလိုမျိုး အမျိုးသမီးတို့ရဲ့ ဖြစ်တည်မှုဟာ အားနည်းချက်ရဲ့ သင်္ကေတတစ်ခုလို အသုံးချခံနေရတာကို မြင်ရတာက ရင်နာစရာပါ။ ‎"မိန်းမဆိုတာ အချိန်တန်ရင် အိမ်ထဲပဲနေရမှာ"‎"မိန်းမဆိုတာ...

ခြေဖဝါးကြွက်တက်ခြင်း Foot Cramp

"ခြေဖဝါးကြွက်တက်တာကြောင့် သင့်ရဲ့နေထိုင်မှုပုံစံကို အနှောင့်အယှက်မဖြစ်ပါစေနဲ့" ဖိနပ်တွေ တအားကျပ်နေတာ၊ ရေဓာတ်ခမ်းခြောက်တာ ဒါမှမဟုတ် သွေးလည်ပတ်မှု မကောင်းတာတွေကြောင့် ကြွက်တက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ခြေဖဝါးကြွက်တက်တာဟာ ဘယ်အချိန်မဆို သင့်ကို ရုတ်တရက် ရပ်တန့်သွားစေနိုင်ပြီး ခြေသလုံးကြွက်တက်သလိုမျိုးပဲ တော်တော်လေး နာကျင်ရပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ခဏခဏလည်း ပြန်ဖြစ်တတ်ပါသေးတယ်။ ကြွက်တက်တာဟာ အသက်ကြီးလာလေလေ ပိုဖြစ်ပြီး ပိုခံရခက်တယ်ဆိုပေမယ့် တကယ်တမ်းတော့...

ပလတ်စတစ်နှင့် ကျန်းမာရေး

‎အစားအစာတွေကို ဝယ်ယူတဲ့အခါ ထည့်တဲ့ဘူးတွေ၊ အထုပ်တွေက ဘယ်လိုမျိုးလဲဆိုတာကို သတိထားပြီး ကြည့်မိကြပါရဲ့လား။‎‎အရင့်အရင်ခေတ်ကတော့ ပလတ်စတစ် (Plastic) ဆိုတာ မပေါ်သေးခင်က ဖက်တို့၊ စတီးချိုင့်တို့နဲ့ ထုပ်ရတဲ့ခေတ်ပေါ့။ တိုက်ဆိုင်တာလား၊ အကြောင်းတစ်ရပ်အနေနဲ့ ဆက်စပ်လို့လားတော့မသိ။ ပလတ်စတစ်တွေပေါ်လာပြီး နောက်ပိုင်းမှာ ကင်ဆာတွေက အဖြစ်များလာကြပါရော။ ဒီတော့ မိမိရဲ့ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်သွားမယ့်...