MENU

See our latest stories

written by our lovely staff members

ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ဝေနေယျဒုက္ခများ (အပိုင်း ၂)

ကိုယ်ဝန်လရင့်လာရင် လိပ်ခေါင်း ပေါ်လာတတ်ပါတယ်။ ရှိပြီးသားဆိုရင်လည်း ပိုဆိုးလာတတ်ပါတယ်။ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ရတာပေါ့ဗျာ။ မခွဲမဖြစ်ဆိုရင်တော့လည်း ကိုယ်ဝန်ကြီးနဲ့ ခွဲရတာပေါ့။ သိပ်မဆိုးရင်တော့ ဆေးဝါး၊ အစားအသောက်နဲ့ထိန်း၊ မွေးပြီးရင် သက်သာသွားမယ်ပေါ့။…… ဒါနဲ့ဆက်စပ်ပြီးပြောရရင် ခန္ဓာကိုယ်မှာ ကြွက်သားသုံးမျိုးရှိတယ်ဗျ။ ၁။ Gym ဆော့ရင် ကိတ်တဲ့ကြွက်သား (skeletal muscle)၂။ ကိုယ်တွင်းကလီစာ နံရံကြွက်သားတွေ (သားအိမ်၊...

ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်တတ်သော ဝေနေယျဒုက္ခများ (အပိုင်း ၁)

ရှိတော့ရှိတယ် ရှားတယ်ဆိုတဲ့ ကိုယ်ဝန်နဲ့ပတ်သက်တဲ့ ပြဿနာအကြီးကြီးတွေအကြောင်းပဲ ပြောပြနေမိတော့ ကြောက်သွားကြလားဗျ။ ကြောက်ဖို့ပြောပြတာ မဟုတ်ပါဘူးနော်။ ကြုံလာခဲ့ရင် နည်းမှန်လမ်းမှန် ဖြေရှင်းနိုင်ဖို့ သိထားရအောင်လို့ ပြောပြတာပါ။ ဒီတစ်ခါတော့ ကိုယ်ဝန်တိုင်းနီးပါး ကြုံတွေ့ရမယ့် အပရိက ဒုက္ခသေးသေးလေးတွေအကြောင်း ပြောပြပါမယ်။ ဗမာစကားပုံတောင် ရှိတယ်မလား။ ကိုယ်ဝန်ရှိတာကို မပေါ့မပါးဖြစ်နေပြီ၊ ကိုယ်လေးလက်ဝန်ဖြစ်နေပြီလို့ ပြောကြတယ်လေ။...

သတင်းဆိုး Breaking The Bad News

"သတင်းဆိုး" ကျွန်တော်တို့ဆရာဝန်တွေ ကိုယ်တိုင်ကလည်း မပြောချင်၊ လူနာကိုလည်း နားမထောင်‌စေချင်သော သတင်းစကား‌ပေါ့ဗျာ။ သို့သော်လည်း မပြောမပြီး၊ မတီးမမြည်ဆိုသလို ဆိုရေးရှိက ဆိုအပ်လှ၏ဆိုပြီး လူနာအား ဖွင့်ဆိုရှင်းပြရခြင်းတစ်ခု။ Breaking the bad news လို့ ဆေးစာအုပ်တွေထဲမှာ ရေးကြတယ်။ ကျွန်တော်တို့ဆရာဝန်တွေ ရှောင်လွှဲလို့ မရနိုင်တဲ့ အလုပ်တစ်ခုပေါ့။ ဆေးပညာဘာသာရပ်တိုင်းမှာ...

ရာသီလာချိန် ဗိုက်အောင့်ခြင်း၊ ကိုက်ခဲခြင်း Menstrual Cramps

အမျိုးသမီးတော်တော်များများက ရာသီလာချိန် ဗိုက်အောင့်တာ၊ ခါးအောက်ပိုင်း အထူးသဖြင့်ဆီးခုံံနားကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေ ဗိုက်အောင့်တာအပြင် ပျို့ချင်အန်ချင်တာပါ တွဲဖြစ်တတ်ပါတယ်။ ရာသီမလာခင်တစ်ရက်အလို (သို့) ရာသီစလာတဲ့နေ့မျိုးမှာ ဖြစ်တတ်ပြီး ၂ ရက် ၃ ရက်အကြာမှာသက်သာလာတတ်ပါတယ်။ တချို့သူတွေမှာတော့ နေ့စဥ်လှုပ်ရှားမှုများ ထိခိုက်သည်အထိ နာကျင်ကိုက်ခဲတတ်ပါတယ်။. ❓ဘာကြောင့် ဗိုက်အောင့်၊ ကိုက်ခဲရတာလဲ။ (၁)...

အချင်း ကွာထွက်ခြင်း Abruptio Placenta

ကိုယ်ဝန်သက်တမ်း ၂၄ ပတ်ပြည့်ပြီးနောက် ကလေးမွေးမထွက်မီ မွေးလမ်းကြောင်းမှ သွေးသွန်ခြင်းရဲ့ နောက်ထပ်ကြောက်စရာကောင်းတဲ့ အကြောင်းရင်းတစ်ခုအကြောင်း… အချင်း ကွာထွက်ခြင်းAbruptio Placenta(Premature separation of the normally sited placenta)…… ပုံမှန်အတိုင်းဆိုရင် အချင်းက သားအိမ်အတွင်းနံရံရဲ့ အပေါ်ဘက်၊ အပေါ်ဘက်ရှေ့ဘက် သို့ အပေါ်ဘက်နောက်ဘက်မှာ ကပ်ရတယ်။ အမေ့ဆီက...

အချင်းရှေ့ရောက်ခြင်း၊ အချင်းက သားအိမ်အဝကို ပိတ်ထားခြင်း Placenta Praevia

"အချင်းရှေ့ရောက်ခြင်း၊ အချင်းက သားအိမ်အဝကို ပိတ်ထားခြင်း (Placenta Praevia)" ဘယ်လိုခေါ်ခေါ်ပါ… အဲဒီလိုဖြစ်ရင် ကလေးမွေးမထွက်မီ မွေးလမ်းကြောင်းက သွေးသွန်တတ်တယ်။ မိခင်ရော ကလေးရော နှစ်ယောက်စလုံးအတွက် အသက်အန္တရာယ် ရှိနိုင်တယ်။ အရေးပေါ် ခွဲစိတ်မွေးဖွားရဖို့၊ သွေးသွင်းကုသမှုခံရဖို့ ဖြစ်နိုင်ခြေများတယ်။ မပေါ့ဆကြပါနဲ့နော်။ အချင်းပုံမှန်တွယ်ကပ်တဲ့ နေရာတွေက သားအိမ်အတွင်းနံရံရဲ့အပေါ်ဘက် (Fundus) ၊...

ကိုယ်ဝန်သက်တမ်း ၂၄ ပတ်နောက်ပိုင်း ကလေးမမွေးဖွားမီ မွေးလမ်းကြောင်းမှ သွေးဆင်းခြင်းအကြောင်း Antepartum Haemorrhage

တစ်နေ့က လူနာတစ်ယောက် ရောက်လာလို့ပါ။ အသက် ၂၄ နှစ်၊ ဒုတိယကိုယ်ဝန်၊ ၃၆ ပတ်မှာ သွေးနည်းနည်းဆင်းတယ်တဲ့။ ၁၇ ပတ်မှာရိုက်ထားတဲ့ အာထရာဆောင်း (USG) ကလည်း အချင်းရှေ့ရောက်နေတယ် (Placenta Praevia) လို့ပြောထားတယ်။ ကြားထဲလည်း တစ်ခေါက်မှ လာမပြဘူး။ သွေးဆင်းဆင်းချင်းလည်း မလာဘူး။ ဗိုက်မနာလို့တဲ့။...

ဗိုက်ထဲကသန္ဓေသားမှာ ဒေါင်းရောဂါစု (Down Syndrome) ဖြစ်နိုင်ချေကို စစ်ဆေးခြင်း

အရင် ၃ ပတ်လောက်က… Dating Scan နဲ့ပတ်သက်ပြီး ဆက်လက်ဖော်ပြပါမည်လို့ ဆောင်းပါးတစ်ပုဒ်ကို အဆုံးသတ်ပြီးနောက်ပိုင်း…. ဘာကိုအရင်စရေးရမလဲ စဉ်းစားမရဖြစ်နေတုန်းမှာ FB က friend တစ်ယောက်ဆီကနေ အတွေးတစ်စရခဲ့တယ်။ သူက ကျွန်တော့်ကို မေးခွန်းတစ်ခု လှမ်းမေးတယ်။ သူက မြန်မာနိုင်ငံသူ အခုနိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နေထိုင်နေသူပါတဲ့။ အသက်လေးဆယ်နားနီးမှာ...