Home Page
Health Articles
About Us
Feedback Form
Search
An official website of the National Unity Government
MENU
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home Page
Health Articles
About Us
Feedback Form
Search
See our latest stories
written by our lovely staff members
အဲဒီဘဝတွေဆီ…
November 22, 2024
ကျွန်တော် လက်ထောက်ဆရာဝန်ဖြစ်ခါစက ကြုံခဲ့ရတဲ့ လူနာအမျိုးသမီးတစ်ယောက်အကြောင်းကို ပြောပြမယ်နော်။ ဟိုးလွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကပေါ့။ ရေကူးသင်ပေးတာများ လွယ်လွန်းလို့။ ရေထဲကန်ချလိုက်ရုံပေါ့ ဆိုသလိုပေါ့ဗျာ။ ညနေလေးနာရီကျော်ရင် ခုတင် ၁၀၀ ဆန့် နယ်မြို့ခရိုင်မြို့ဆေးရုံတစ်ခုမှာ အရေးပေါ်တာဝန်ကျ လက်ထောက်ဆရာဝန် တစ်ယောက်ပဲကျန်တယ်။ ဆရာဝန်အင်အားကလည်း အထူးကုဆရာဝန်ကြီးတွေပါ ရှိရှိသမျှအကုန်ပေါင်းမှ ဆယ်ယောက်ဝန်းကျင်ပဲကိုးဗျ။ ကုသဆောင်ကလည်း လေးခုပဲရှိတယ်။ ဆေးပညာဖျားနာကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊...
စိတ်ပင်ပန်းမှုတွေ ပြေပျောက်စေဖို့
November 20, 2024
လူတွေအတော်အများက စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုဒဏ်တွေကို ခံဖူးကြမှာပါ 💔 အထူးသဖြင့် အခုလိုကာလကြီးမှာ အစစအရာရာကြောင့် အခက်အခဲအမျိုးမျိုးကြုံတွေ့ပြီး စိတ်ပင်ပန်းနေကြရမှာပဲ။ တစ်ခါတလေပင်ပန်းတာက ဖြစ်လေ့ရှိပေမယ့် ဆက်တိုက်ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်စေလာနိုင်ပါတယ်။ ဒါကြောင့်မို့ စိတ်ပင်ပန်းလာတဲ့အခါ စိတ်ပင်ပန်းမှုကို ပြေပျောက်စေဖို့ အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။…… (၁) ပင်ပန်းလာပြီဆို လက်ရှိအလုပ်ကို ရပ်လိုက်ပြီး...
သွေးကြောတွေရောင်စေတဲ့ ကာဝါဆာကီရောဂါ Kawasaki Disease
November 19, 2024
"သွေးကြောတွေရောင်စေတဲ့ Kawasaki Disease" ကာဝါဆာကီ (Kawasaki) ရောဂါကို ဆိုရှယ်မီဒီယာတွေမှာ မြင်ဖူးကြားဖူးလိုက်တော့ ရောဂါအသစ်လားဆိုပြီး ကျွန်မကို မိတ်ဆွေတချို့က လာမေးကြပါတယ်။ သူက ရောဂါအသစ်မဟုတ်ပါဘူးနော်။ Kawasaki ရောဂါဆိုတာ ကလေးတွေမှာ အဖြစ်များပြီး အထူးသဖြင့် (၅) နှစ်အောက်ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ သူဟာ အဓိကအားဖြင့် အလယ်အလတ်သွေးကြောတွေရဲ့ နံရံတွေကိုရောင်ရမ်းစေပြီး နှလုံးကိုထိခိုက်စေတဲ့ရောဂါပါ။.... Kawasaki...
အဝလွန်ခြင်းမှ ကာကွယ်ရန် (နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်)
November 17, 2024
အဝလွန်ခြင်းမှ ကာကွယ်ရန် ကိုယ်လက်လှုပ်ရှားပါ။ ▪️ လူကြီးများသည် တစ်ပတ်လျှင် အနည်းဆုံး မိနစ် (၁၅၀)▪️ ကလေးများသည် တစ်ရက်လျှင် အနည်းဆုံး မိနစ် (၆၀) တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း...
ဗိုက်တာမင် ဘီ-ဝမ်း (Vit B1)ချို့တဲ့မှု အကြောင်း
November 17, 2024
ယခုရက်ပိုင်း နယ်ဘက်ကပြည်သူတွေရော၊ ရဲဘော်တွေပါ ဗိုက်တာမင် ဘီ-ဝမ်း ချို့တဲ့မှုတွေ ပြန်လည်ဖြစ်ပေါ်လာတာကြောင့် Vit B1 ချို့တဲ့မှုအကြောင်းကို မိဘပြည်သူများသိရှိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။.... ▪️Thiamin လို့ ခေါ်တဲ့ Vitamin B1 ဟာ ရေမှာပျော်ဝင်တဲ့ ဗိုက်တာမင် ဘီ အုပ်စုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ရဲ့ကစီဓာတ်ကို ဖြိုခွဲပြီး...
စောစောဗိုက်လာအပ်စေချင်
November 15, 2024
ဒီနေ့ အရေးပေါ်ခွဲစိတ်မှုနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ခွဲစိတ်မှု နှစ်မျိုးလုံးလုပ်ခဲ့ရတယ်။ အရေးပေါ်ကတော့ အားလုံးသိတဲ့အတိုင်း ရုတ်ချည်းဝရုန်းသုန်းကားနဲ့ ဟော့ဟော့ဒိုင်းဒိုင်းပေါ့။ ကြိုတင်ပြင်ဆင်ထားတဲ့ခွဲစိတ်မှု (Elective operation) ကတော့ ရောဂါအကြီးအသေးနဲ့မဆိုင်၊ သူ့ဟာသူ ကြီးချင်ကြီး သေးချင်သေး ကြိုတင်ပြင်ဆင်ဖို့ အချိန်ရှိတာပေါ့။ သိစေချင်တာက ဒီလိုဗျ။ ဥပမာ အေးအေးငြိမ်း၊ အိအိငြိမ်း ရင်ချင်းဆက်အမွှာကို တစ်ယောက်ချင်းစီဖြစ်သွားဖို့ ခွဲစိတ်ပေးရမယ်။ ခွဲစိတ်မှုက...
ရေခဲရေ သို့မဟုတ် ရေခဲတွေ ထည့်ပြီး ရေစိမ်ခြင်း၊ ရေချိုးခြင်း Ice Bath or Cold Water Immersion (CWI)
November 14, 2024
🧊 အရင်တစ်ခေါက်က ရေနွေးငွေ့နဲ့ ရေချိုးတဲ့အကြောင်း ပြောပြီးပြီမို့ အခုတစ်ခါတော့ Ice Bath အကြောင်းလေး ထပ်မံတင်ပြလိုက်ပါတယ်နော်။ 🔹Ice Bath ဆိုတာ ဘာလဲ Ice Bath or Cold Water Immersion (CWI) ဆိုတာ သူ့ရဲ့နာမည်အတိုင်းပဲ ရေခဲရေ သို့မဟုတ် ရေခဲတွေ...
Serotonin ဟော်မုန်းပမာဏ အလွန်များခြင်းကြောင့် ဖြစ်ပေါ်သောရောဂါ Serotonin Syndrome
November 13, 2024
Happy hormone လို့ လူအများသိကြတဲ့ ဟော်မုန်းတွေထဲက serotonin ဟော်မုန်းလေးကိုတော့ လူအများကြားဖူးကြမယ် ထင်ပါတယ်။ social media တွေမှာဆိုရင် လူငယ်တော်တော်များများက တစ်စုံတစ်ယောက်ကြောင့်၊ တစ်စုံတစ်ခုကြောင့် ပျော်ရွှင်ရတယ်ဆို “You are my serotonin booster” ဆိုပြီး တင်စားသုံးစွဲကြတာကိုလည်း တော်တော်များများ...
1
...
29
30
31
...
156
Page 30 of 156