See our latest stories

written by our lovely staff members

သဘာဝကပေးသော အာဟာရများ (Phytonutrients)

အပင်တွေကနေရရှိတဲ့ အာဟာရဓာတ်တွေဟာ ယနေ့ခေတ်ကြုံတွေ့နေရတဲ့ stress တွေ၊ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အကူအညီတွေပါပဲ။ အပင်ကရတဲ့ အာဟာရဓာတ်တွေကို phytonutrients လို့ ခေါ်ပါတယ်။ Phyto ဆိုတာ အပင်တွေလို့ အဓိပ္ပာယ်ရပြီး Nutrients ဆိုတာတော့ အာဟာရဓာတ်တွေပေါ့။ လူသားမျိုးနွယ် တည်တံ့ရှေ့ဆက်နိုင်ခဲ့တာလည်း သဘာဝရဲ့ အရင်းအမြစ်တွေကို ထုတ်ယူရှာဖွေ...

ကင်ဆာနှင့်သကြား

"ကင်ဆာနှင့်သကြား"(ကိုယ်တွင်းဇီ၀ဖြစ်စဥ်အကြားက ရှာဖွေတွေ့ရှိမှုတစ်ခု၏ ရာစုနှစ်တစ်ခုအကြာ) Warburg Effect ဆိုတာ ၁၉၂၅ လောက်က Otto Warburg ဆိုတဲ့ ဂျာမန်သိပ္ပံပညာရှင်ရဲ့ ဘွဲ့လွန်စာတမ်းမှ ရှာဖွေတွေ့ရှိမှုကို အရင်းခံပြီး နာမည်ပေးခဲ့တာပါ။ ဒီတွေ့ရှိမှုအရ ကင်ဆာဆဲလ်တွေဟာ ပုံမှန်ကျန်းမာတဲ့ ဆဲလ်လေးတွေလို ဂလူးကို့စ်နဲ့ အာဟာရထုတ်ယူတဲ့လမ်းကြောင်းချင်း မတူပါဘူး။ ကင်ဆာဆဲလ်တွေဟာ အောက်ဆီဂျင်ကောင်းကောင်းရှိနေရင်တောင် ဂလူးကို့စ်ကို...

နွေရာသီပူပူမှာ ဘယ်လို အစားအသောက်တွေ ရွေးစားကြမလဲ

နွေရာသီပူပူမှာ ဘယ်လို အစားအသောက်တွေ ရွေးစားကြမလဲ 🤔 ရာသီဥတုပူလာတော့ အစားအသောက် ပျက်လာကြတယ်။ ဆောင်းတွင်းတုန်းကလို တစ်ချိန်လုံး ဗိုက်ဆာတာမျိုး မဖြစ်ကြတော့ဘူး။ အစာအိမ်အနာ ရှိတဲ့သူတွေတောင် အစာမစားပေမယ့်လည်း အနာမဖြစ်ဘဲ သက်သာနေကြတယ်။ စားလိုက်ပြီးရင်လည်း တအားပူ၊ အိပ်ငိုက်လာနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်ပါရော။ ဒီလိုမျိုး ဖြစ်နေသူတွေအတွက် နွေရာသီနဲ့ကိုက်ညီမယ့်ယ့် အစားအသောက်ပုံစံလေးတွေ...

ဗိုက်ပြည့်သွားပေမယ့် ဆက်စားမိနေတုန်းလား

ဗိုက်ပြည့်သွားပေမယ့် ဆက်စားမိနေတုန်းလား။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ထမင်းဝိုင်းမှာ မိသားစုစုံစုံလင်လင်နဲ့ မြိန်ယှက်စွာ စားသောက်ရတာကို နှစ်သက်ကြပါတယ်။ တစ်ခါတလေ ဟင်းကောင်းတာကြောင့်ဖြစ်စေ၊ စကားပြောကောင်းတာကြောင့်ဖြစ်စေ ဗိုက်ပြည့်နေပြီဆိုတာ သိပေမယ့်လည်း ဆက်ပြီး စားမိနေတတ်ကြပါတယ်။ ဒီလို ဗိုက်ပြည့်နေပေမယ့် ဆက်စားမိနေခြင်း (Overeating) ဟာ ခန္ဓာကိုယ်ကို လေးလံထိုင်းမှိုင်းစေရုံတင်မကဘဲ ရေရှည်မှာ အစာခြေစနစ် ပြဿနာတွေနဲ့...

‎ကော်ဖီနဲ့ ကျန်းမာရေး‎

မနက်မိုးလင်းတာနဲ့ မျက်စိနှစ်လုံးပွင့်ဖို့ ကော်ဖီခွက်လေးကို အားကိုးနေရတဲ့သူတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲ။ ကျွန်တော်လည်း အပါအဝင်ပေါ့။ တစ်ခုခု လိုနေသလို ဖြစ်နေရာကနေ ကော်ဖီနံ့လေး ရလိုက်မှပဲ "အာ… ငါ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိလိုက်တာပါလား" ဆိုပြီး စိတ်ချမ်းသာမှုအပေါင်း ခညောင်းလာကြတာမျိုးလေ။ ကော်ဖီဆိုတာ တချို့အတွက်တော့ မရှိမဖြစ် အဖော်မွန်လေး...

အူလမ်းကြောင်းရဲ့ အစောင့်အရှောက် ပိုးကောင်လေးများနှင့် အမျှင်ဓာတ်အကျိုးကျေးဇူး

‎အူလမ်းကြောင်းရဲ့ မရှိမဖြစ် ပိုးကောင်လေးတွေအကြောင်းကို တီးမိခေါက်မိကြမယ် ထင်ပါတယ်။‎‎တကယ်တော့ ကျွန်မတို့ရဲ့ အူလမ်းကြောင်းဟာ ပေ ၃၀ ရှည်ပါတယ်တဲ့။ ခံတွင်းကစလို့ စအိုထိရှိတဲ့ အစာခြေဖျက် စုပ်ယူတဲ့ လမ်းကြောင်းတစ်လျှောက်မှာ အစာအိမ်၊ အူ၊ အသည်းစတာတွေလို ကလီစာတွေပါတဲ့အပြင် အူလမ်းကြောင်းနံရံတစ်ဝိုက်မှာ ရှိနေတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဘက်တီးရီးယားလေးတွေဟာ...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎

‎‎အမေ့လျော့ခံ သူရဲကောင်းလေး ဇင့် (Zinc)‎‎ဇင့်ဓာတ် (Zinc) ဆိုတဲ့ သွပ်ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိစ္စအဝဝမှာ ဇာတ်ပို့အဖြစ် လုပ်ဆောင်ပေးတဲ့ သူရဲကောင်းတစ်ယောက်ပါ။ နေမကောင်းဖြစ်ရင် ဗီတာမင် စီ (vitamin C) ကိုသောက်ဖို့ သတိရကြပေမယ့် ဇင့်ဓာတ်ဟာ နာလန်ထစလူနာတွေအတွက် မရှိမဖြစ်ပါ။ တချို့တွေမှာဆို ငယ်ငယ်တုန်းက လက်သည်းပန်းကုံးလေးတွေ...