MENU

See our latest stories

written by our lovely staff members

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

နှလုံးအားနည်းခြင်းအကြောင်း

‎လူအများစု အပြောများကြတဲ့ နှလုံးအားနည်းတယ်ဆိုတာဟာ ဘာကိုဆိုလိုမှန်း အတိအကျ သိပါသလား။ တကယ်တော့ ‎နှလုံးအားနည်းတယ်ဆိုတာဟာ ‌ရောဂါတစ်ခုအတွက် တိကျတဲ့ဆိုလိုရင်း မဟုတ်ပါဘူး။…‎… ဒီအကြောင်းကို မပြောခင်မှာ အရင်ဆုံး နှလုံးရဲ့အခြေခံအချက်တွေကို သိထားသင့်ပါတယ်။‎‎နှလုံးဟာ လူအများစုရဲ့ ဘယ်ဖက်ရင်ဘတ်ထဲမှာ တည်ရှိ‌နေပြီး လက်သီးဆုပ်ခန့် အရွယ်အစား ရှိပါတယ်။ သူ့ကို နှလုံးကြွက်သားတွေနဲ့ တည်‌ဆောက်ထားပြီး အပေါ်ယံမှာ...

ပိုလီယိုအကြောသေရောဂါ လက္ခဏာများ(ဇန်နဝါရီ၊ ၂၀၂၆)

ပိုလီယိုအကြောသေရောဂါ လက္ခဏာများ ဖျားခြင်း ကြွက်သားနာကျင်ခြင်း အစာစားချင်စိတ်မရှိခြင်း မအီမသာဖြစ်ခြင်း ကြွက်သားကိုက်ခဲခြင်း ခြေလက်များ ထုံကျဉ်ခြင်း ခြေ/လက်/ခြေရောလက်ပါ ပျော့ခွေခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာနအမျိုးသားညီညွတ်ရေးအစိုးရ Ref: PAHO and WHO....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ် မြင်ရသိရအောင်လည်း ပြန်လည်မျှဝေပေးကြပါဦးလို မေတ္တာရပ်ခံပါရစေ…🙏 (ဗမာ၊ ကချင်၊ ကယား၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ စကောကရင်၊...

ညဘက်အလင်းရောင်ထိတွေ့မှုနှင့် နှလုံးကျန်းမာရေး

‎နှလုံးနဲ့ သွေးကြောကျန်းမာရေးအတွက်လို့ ပြောလိုက်ရင် အစားအသောက် ချင့်ချိန်စားသုံးရမယ်၊ ဆေးလိပ် ဖြတ်ရမယ်၊ လေ့ကျင့်ခန်း မှန်မှန်လုပ်ရမယ်၊ ကောင်းမွန်စွာ အိပ်စက်အနားယူဖို့ လိုမယ်၊ သွေးတိုးရှိနေရင် ဆေးပုံမှန်သောက်ပြီး ထိန်းညှိနေဖို့ အရေးကြီးမယ်ဆိုတာတွေဟာ ခဏခဏကြားဖူးနေကျ အကြောင်းအရာတွေ ဖြစ်မယ်ထင်ပါတယ်။‎ဒါပေမယ့် ‎၂၀၂၅ အောက်တိုဘာလက ထွက်ရှိထားတဲ့ သုတေသန စာတမ်းတစ်ခုမှာတော့...

ရင်ကွဲနာကျခြင်း Broken Heart Syndrome

"ရင်ကွဲနာကျခြင်း" Broken Heart Syndrome ဆိုတဲ့လက္ခဏာစုကို ရင်ကွဲနာကျခြင်းလို့ပဲ မြန်မာမှုပြုလိုက်ချင်ပါတယ်။ အသည်းကွဲရောဂါ၊ နှလုံးကွဲရောဂါလို့တော့ မြန်မာမှုမပြုတော့ပါဘူး။ သင်တို့ရော ရင်ကွဲနာကျဖူးကြလား။……. ရင်ကွဲနာကျခြင်း (Broken Heart Syndrome) ဆိုတာဟာ စိတ်ထိရှခံစားစရာ၊ စိတ်ဖိစီးစရာ အခြေအနေတွေကြောင့် နှလုံးမှာဖြစ်ပေါ်လာတဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကိုယ်ကျန်းမာရေးချို့ယွင်းမှု သို့မဟုတ် ခွဲစိတ်မှုတွေက...

သွေးတိုးမှ သွေးကျဆေး သောက်ရမှာမဟုတ်ပါ

မေး။ သွေးတိုးကျဆေးကို သွေးပေါင်တက်မှ သို့ ခေါင်းမူးမှသောက်နေတာက မှန်ကန်လား။ ဖြေ။ သွေးတိုးဆိုတာက ဆေးခန်းမှာသွေးပေါင်ချိန်လို့ အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ အထက်များနေတဲ့ အခြေအနေကို ခေါ်ပါတယ်။ ဒါပေမယ့် သွေးပေါင်တက်နေတာနဲ့တွဲဖက်အခြေအနေတွေပေါ်မူတည်ပြီး သွေးတိုးကျဆေး တိုက်/မတိုက်၊ တိုက်ရင်ဘယ်လိုဆေးမျိုးက စတိုက်မလဲဆိုတာတွေ ကွဲပြားပါတယ်။ သွေးပေါင်တစ်ခုတည်းကို ကြည့်တာမဟုတ်ဘဲ နောက်ဆယ်နှစ်မှာ...

အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ရင်ဘတ်အောင့်ခြင်း Precordial Catch Syndrome

တစ်ခါလေ ကျွန်တော်တို့ရင်ဘတ်မှာ အကြောင်းအရင်းမရှိဘဲ ရုတ်တရက် စူးခနဲ ဓားနဲ့ထိုးသလို ခံစားရတတ်တယ်မို့လား။ အထူးသဖြင့် နှလုံးရှိတဲ့ ဘယ်ဘက်မှာပေါ့။ ဒီလို အကြောင်းအရင်းမရှိဘဲ ရုတ်တရက် ရင်ဘတ်အောင့်တတ်တာကို ဆေးပညာအရ Precordial Catch Syndrome လို့ ခေါ်ပါတယ်။ (အောက်မှာ PCS လို့ ဆက်သုံးပါရစေ) Precordium ဆိုတဲ့...

ပန်းနာရင်ကျပ်နှင့် ရှူဆေး

မေး။ ပန်းနာရင်ကျပ် ရောဂါသည်တွေမှာ ဂေါက်ဘူး (ရှူဆေး) သုံးတာဟာ တော်တော်ဆိုးတဲ့ အခြေအနေ (သို့) နောက်ဆုံးအဆင့်လို့ သတ်မှတ်တာလား။ ဖြေ။ အရင်ဆုံး ပန်းနာရင်ကျပ်ရောဂါလို့ သေချာသတ်မှတ်နိုင်ဖို့အတွက် ရောဂါရာဇဝင်မေးမြန်းတာ၊ လူကိုစမ်းသပ်တာအပြင် လိုအပ်ပါက ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ခြင်းတို့ကို ဆောင်ရွက်ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါဆိုတာ သေချာပြီးရင်တော့ ကုသတဲ့အခါ အကြမ်းဖျင်းအားဖြင့် အဆင့်...