MENU

Body Odor “ ကိုယ်နံ့ကလေးဆိုးတဲ့အခါ” ( November, 2022)

ကိုယ့်ကိုယ်ကထွက်တဲ့ ကိုယ်နံ့ဆိုးတဲ့အခါ ကိုယ်တိုင်စိတ်ရှုပ်ရတဲ့အပြင် လူအများကြား အခြားသူတွေကို အနံ့ဆိုးကြောင့် အားနာရတာ၊ ရှက်စရာလို့တွေးနေမိတတ်တာ၊ နောက် စိတ်မလုံခြုံဘဲ တစ်ချိန်လုံး ဒီအပေါ်ပဲစိတ်ရောက် အလုပ်မတွင်ဘဲ စိတ်နောက်စရာပါ။

ကိုယ်နံ့ဆိုးစေတဲ့ အကြောင်းတရားတွေကတော့

– တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းလို့

– စနစ်တကျသန့်ရှင်းရေးမလုပ်မိလို့

– ချွေးထွက်များလို့
( ချွေးထွက်များတဲ့အခါ အ​​ရေပြားပေါ်က ဘတ်တီးရီးယားပိုးမွှားတွေ ပွားများ​ပြီး အနံဆိုးထွက်​စေပါတယ်။ အထူးသဖြင့် ချိုင်း၊ ပေါင်ခြံလိုနေရာတွေပေါ့ )

– ဒါမှမဟုတ် ရောဂါအခံတွေကြောင့် အနံဆိုးထွက်စေတတ်ပါသေးတယ်
( ဥပမာ- မိန်းမကိုယ်ပိုးဝင်ရောင်းရမ်းရောဂါ၊ ကျောက်ကပ်ပျက်စီးရောဂါ (Kidney failure) အသည်းရောဂါများ စသည်… )

– မှတ်သားစရာ တစ်ခုက ဆေးခြောက် (Marijuana) သောက်ရင်လည်း ကိုယ်နံ့ဆိုးစေပါတယ်….

ကိုယ်နံ့ဆိုးထွက်တာလျော့အောင် ဘာလုပ်ရမလဲ ?

ရေချိုးတဲ့အခါ ကိုယ်အရေပြားကို ဆပ်ပြာအသုံးပြု သေချာပွတ်တိုက် သန့်စင်ပေးပါ။ အထူးသဖြင့် အနံဆိုးထွက်တတ်တဲ့ ချိုင်း၊ ပေါင်ခြံ၊ ခြေဖဝါးလိုနေရာတွေကို ဂရုပြုသန့်ရှင်းရေးလုပ်ပေးပါ

မနက်တစ်ခါ ညတစ်ခါ ရေချိုးသန့်စင်ပေးနိုင်ရင်အကောင်းဆုံးပဲ…. အကြောင်းရင်းကတော့ ဒီအချိန်တွေမှာ ကိုယ့်အရေပြားပေါ်က ချွေးထုတ်ဂလင်းတွေနဲ့ အနံ့ဆိုးထွက်စေတဲ့ ဘတ်တီးရီးယားတွေ နိုးကြား active ဖြစ်ကြတာကြောင့်လို့ ဆိုပါတယ်။

ပုံမှန်ဆပ်ပြာနဲ့မှ မရရင် ပိုးသေဆေးပါတဲ့ Antibacterial soap တွေအသုံးပြုပါ။

Ready made အဝတ်အထည်တွေအစား ကိုယ်နဲ့ သင့်တော်မယ့်၊ ရာသီဥတုနဲ့လိုက်လျောညီထွေဖြစ်စေမယ့် လေဝင်လေထွက်ကောင်းစေတဲ့ ချည်ထည်၊ သိုးမွေးထည်တွေကို ရွေးချယ်ဝတ်ဆင်ပါ။

အဝတ်ပုံမှန်လျှော်ပါ
အတွင်းဝတ်တွေကို နေ့စဥ်လဲပါ
ကိုယ့်အဝတ်အစားကလေးတွေကို သန့်ရှင်းခြောက်သွေ့နေပါစေ…

ကိုယ်နဲ့သင့်တော်ကိုက်ညီမယ့် အနံ့အသက်ပျောက်ဆေး၊ ချွေးနံ့ပျောက်ဆေးရွေးချယ်အသုံးပြုပါ။

ကိုယ်နံ့ဆိုးစေတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငါး၊ ကညွန့် စတာတွေစားတာ လျှော့ပါ

ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေက ချွေးထွက် များစေတတ်လို့ လက်ဖက်ရည်၊ ကော်ဖီ၊ ကိုလာ စတာတွေလျှော့ပါ

တကယ်လို့ ကိုယ့်ခြေထောက်က ချွေးထွက် များတတ်၊ အနံ့ဆိုးထွက်တတ်တယ်ဆို ခြေအိတ်ပုံမှန်လဲလှယ်… ဂရုပြုသန့်ရှင်းပေးပါ။

ချိုင်းအောက်က အမွှေးအမျှင်တွေကို ပုံမှန်ရိတ်ပေးပါ

နောက်ဆုံးအနေနဲ့ ချိုင်းက ချွေးထုတ်ဂလင်းတွေကို ခွဲစိတ်ဖယ်ရှားပစ်တာကလည်း နည်းလမ်းတစ်ခုပါပဲလို့ ဖော်ပြပေးရင်း

” အားလုံးပဲ ကိုယ်နံ့ဆိုးခြင်း ကင်းဝေးကြပါစေ “

Reference ????
Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.234

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

Ministry of Health,

National Unity Government.

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#ကိုယ်နံ့ဆိုး#ကိုယ်ခန္ဓာအနံ့ဆိုးထွက်ခြင်း#bodyodour

Published on: 22 November 2022
Last Updated: 22 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

ကျန်းမာတဲ့ခန္ဓာကိုယ်မှာ ကျန်းမာတဲ့စိတ်ရှိဖို့‎

‎အသက် ၄၀ ဆိုတာ ဘဝရဲ့ တစ်ဆစ်ချိုးအချိန်လို့ ပြောကြတယ်မလား။ အတွေ့အကြုံတွေလည်း ပြည့်စုံနေသလို တာဝန်ဝတ္တရားတွေကလည်း အမြင့်ဆုံး၊ အကောင်းဆုံးဆိုတဲ့ အချိန်ပေါ့။ ကိုယ့်ရဲ့ အတွေ့အကြုံတွေ၊ ဘဝအတတ်ပညာတွေ ရင့်ကျက်လာချိန်ဖြစ်သလို ခန္ဓာကိုယ်မှာလည်း အပြောင်းအလဲတွေက စတင်လာတတ်တဲ့အရွယ်လည်း ဖြစ်ပါတယ်။‎ဒီအရွယ်မှာ လူအများစု ကြုံတွေ့ရတတ်တဲ့ စိန်ခေါ်မှုတစ်ခုကတော့ ကျန်းမာရေးစိုးရိမ်စိတ်...

‎ကော်ဖီနဲ့ ကျန်းမာရေး‎

မနက်မိုးလင်းတာနဲ့ မျက်စိနှစ်လုံးပွင့်ဖို့ ကော်ဖီခွက်လေးကို အားကိုးနေရတဲ့သူတွေဟာ ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒုနဲ့ဒေးပါပဲ။ ကျွန်တော်လည်း အပါအဝင်ပေါ့။ တစ်ခုခု လိုနေသလို ဖြစ်နေရာကနေ ကော်ဖီနံ့လေး ရလိုက်မှပဲ "အာ… ငါ အသက်ရှင်နေရတာ အဓိပ္ပါယ်ရှိလိုက်တာပါလား" ဆိုပြီး စိတ်ချမ်းသာမှုအပေါင်း ခညောင်းလာကြတာမျိုးလေ။ ကော်ဖီဆိုတာ တချို့အတွက်တော့ မရှိမဖြစ် အဖော်မွန်လေး...

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV index) (မတ်လ၊ ၂၀၂၆ ခုနှစ်)

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (UV index) ဆိုသည်မှာ မည်သည့်အချိန်တွင် နေက အန္တရာယ်အရှိဆုံးဖြစ်သည်ကို ညွှန်ပြသည့် ညွှန်ကိန်းတစ်ခုဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း (၃) နှင့် အထက်ရှိပါက မိမိကိုယ်ကိုယ် နေမှ ကာကွယ်ပါ။ တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ (မတ်လ၊ ၂၀၂၆ ခုနှစ်)Ref: WHO....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း...

သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ

🩸သွေးတိုးရောဂါကို အိမ်မှာတင် ဘယ်လိုစနစ်တကျ စောင့်ကြည့်မလဲ။ "ကားတစ်စီးမှာ ဆီဒိုင်ခွက် လိုသလိုပဲ၊ သင့်ခန္ဓာကိုယ်အတွက် သွေးပေါင်ချိန်စက်ဆိုတာ အရေးကြီးတဲ့ အချက်ပြဒိုင်ခွက်ပါ" အမေရိကန် နှလုံးအသင်း (American Heart Association) ကတော့ သွေးတိုးရှိသူတိုင်း ဆေးကုသမှုတွေ ထိရောက်မှု ရှိ/မရှိ ဆရာဝန်တွေ သိနိုင်အောင် အိမ်မှာ သွေးပေါင်ချိန်တိုင်းဖို့ အကြံပြုထားပါတယ်။...