Home Page
Health Articles
About Us
Feedback Form
Search
An official website of the National Unity Government
MENU
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home Page
Health Articles
About Us
Feedback Form
Search
Cosmos
744 POSTS
0 COMMENTS
သွားပိုးစားခြင်းနှင့် သွားပိုးချခြင်း
July 2, 2024
ယနေ့ချိန်ထိ တွေ့နေရသော သွားပိုးချသည့်လုပ်ရပ်သည် မှန်ကန်သောကုသမှု မဟုတ်ပါ။ သွားပိုးစားရောဂါသည် ပိုးကောင်ကိုက်ခြင်းကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ ခံတွင်းထဲရှိ သာမန်အားဖြင့်မမြင်နိုင်သောဘတ်တီးရီးယားများက အစာကြွင်းကျန်များကိုချေဖျက်ရာမှထွက်လာသော အက်စစ်ဓာတ်ကြောင့်ဖြစ်ပါသည်။ ထိုကြောင့် သွားပိုးစားရောဂါကြောင့်သွားကိုက်ဝေဒနာခံစားရပြီဆိုလျှင် တတ်ကျွမ်းနားလည်သော သွားနှင့်ခံတွင်းဆရာဝန်နှင့်သာ ပြသသင့်ပါသည်။ .. .. ❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️ 👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့...
ပိုက်ဆံတစ်ပြားမျှမကုန်တဲ့ ဦးနှောက်အားဆေး
July 1, 2024
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန်လုပ်ခြင်းဖြင့် နှလုံး၊ အဆုတ်၊ အရိုးနဲ့ကြွက်သားတွေကို ကျန်းမာသန်စွမ်းစေတယ်ဆိုတာ အများသိကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အရွယ်ရောက်သူတိုင်း အလယ်အလတ်ပြင်းထန်မှုရှိတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး (နှလုံးခုန်မြန်ပြီး ချွေးထွက်တဲ့အထိ အမြန်လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်းမျိုး) ရက်သတ္တပတ်တစ်ပတ်မှာ အနည်းဆုံး မိနစ် ၁၅၀ လုပ်သင့်တယ်လို့ အကြံပြုထားပါတယ်။ အသက် ၁၈ နှစ်အောက် လူငယ်တွေကတော့ ပြင်းထန်တဲ့...
ရာသီတုပ်ကွေး ရောဂါလက္ခဏာများ
June 30, 2024
▫️ ဖျားခြင်း▫️ ချောင်းခြောက်ဆိုးခြင်း (၂ ပတ်နှင့်အထက် ကြာနိုင်)▫️ ခေါင်းကိုက်ခြင်း▫️ ကြွက်သားနှင့် အဆစ်များ ကိုက်ခဲခြင်း▫️ နေလို့ မကောင်းခြင်း▫️ လည်ချောင်းနာခြင်းနှင့် နှာစေးခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်း၊ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ....အထက်ပါစာသား ကျန်းမာရေးဗဟုသုတလေးတွေကို လူမျိုးပေါင်းစုံဘာသာစကား (၁၁) မျိုးနဲ့လည်း ပုံလေးတွေနဲ့တကွ ဖော်ပြပေးထားပါတယ်နော်။ ကိုယ့်မိတ်ဆွေတွေ တစ်ယောက်ဖြစ်ဖြစ် နှစ်ယောက်ဖြစ်ဖြစ်...
ကလေးတွေအတွက် ကျောင်းထမင်းဘူးပြင်ဆင်သင့်ပုံ
June 29, 2024
ဒီတစ်ပတ်တော့ ကလေးတွေ ကျောင်းသွားတဲ့အခါ ထမင်းဘူးထည့်ပေးဖို့အတွက် အရာရာကိုဂရုစိုက်တတ်တဲ့ လေးမေတစ်ယောက် ဘယ်လိုစဥ်းစားပြီး အကောင်းဆုံး စီစဥ်ဆောင်ရွက်တယ်ဆိုတာလေး ပြောပြချင်လို့ပါ အိမ်ရှင်မတို့ရေ။ တကယ်တော့ ကလေးနှစ်ယောက်နဲ့ လင်ယောက်ျားရဲ့ ဝေယျာဝစ္စတွေရှိနေတော့ တစ်နေ့တစ်နေ့ မအားရ။ ဒီကြားထဲ ကလေးတွေ ထမင်းဘူးက ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ်ဆိုပြီး လိုင်းပေါ်မှာ ဂယက်တွေထတော့ လေးမေမှာ...
အမြွှာကိုယ်ဝန်များအကြောင်း
June 28, 2024
"အမြွှာကိုယ်ဝန်များအကြောင်း" High Risk Pregnancyအန္တရာယ်များသော ကိုယ်ဝန်များပေါ့။ သားဖွား၊ မီးယပ် ဘွဲ့လွန်ကျောင်းသားများ ကိုးကားဖတ်ရှုဖို့ ရည်ညွန်းထားတဲ့ ပြဌာန်းစာအုပ် နာမည်ပါ။ ယူသုံးမိတာ စိုးရွံ့မိပါတယ်။ ကျွန်တော်တို့ မြန်မာစကားပုံမှာလည်း ရှိပါတယ်။ယောက်ျားဖောင်စီး၊ မိန်းမမီးနေတဲ့။ ကိုယ်ဝန်ဆောင်တာနဲ့ကို အန္တရာယ်ရှိပါပြီဆိုတဲ့ သဘောပေါ့။ high risk နဲ့ low risk ပဲကွာမယ်။ no...
မိုးရာသီနှင့် ကျန်းမာရေး (၂)
June 26, 2024
မိုးများ ရွာသွန်းပြီးနောက် အစားအစာနှင့် ရေညစ်ညမ်းမှုကြောင့်ဖြစ်သော ရောဂါများ ဖြစ်ပွါးနိုင်ခြေကို ပိုမို တိုးမြင့်စေနိုင်ပါသည်။ ▪️မချက်ပြုတ်မီ (သို့မဟုတ်) မစားသုံးမီ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို သေချာစွာ ဆေးကြောပါ။▪️လက်ကို စနစ်တကျ ပုံမှန် ဆေးကြောပါ။▪️လမ်းဘေးအစားအစာများ၊ အထူးသဖြင့် လှီးဖြတ်ပြီးသား သီးနှံများကြောင့် ဖြစ်လာနိုင်သော ရောဂါဘေးအန္တရာယ်များကို သတိထားပါ။ နိုးနိုးကြားကြားရှိပါစေ။ ဘေးကင်းပါစေ။ တယ်လီကျန်းမာ...
သွေးလှူခြင်းကပေးတဲ့ ကျန်းမာရေးကောင်းကျိုးများ
June 25, 2024
ကျွန်တော်တို့ ကျန်းမာတဲ့ အရွယ်ရောက်ပြီးသူတစ်ဦးရဲ့ ခန္ဓာကိုယ်မှာ သွေး ၅-၆ လီတာခန့် ပမာဏရှိပြီး သွေးထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား စတဲ့ သွေးဆဲလ်များ၊ သွေးရည်ကြည် စတာတွေ ပါဝင်ပါတယ်။ သွေးဟာ ကိုယ်ခန္ဓာအတွင်း အောက်ဆီဂျင်ဓာတ်နဲ့ အစာအာဟာရပစ္စည်းတွေကို လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီ သယ်ယူပို့ဆောင်ပေးဖို့၊...
ကြိုတင်ကာကွယ် အသည်းရောင်အသားဝါ (ဘီ) ပိုး အန္တရာယ်
June 23, 2024
အသည်းရောင်အသားဝါ (ဘီ) ပိုးဟာ သွေးနဲ့ ကိုယ်ခန္ဓာအရည်များမှတစ်ဆင့် အဓိကကူးစက်တတ်သောရောဂါဖြစ်ပြီး အသည်းကင်ဆာဖြစ်ပွားမှု အများဆုံးဖြစ်စေတဲ့ ရောဂါပိုးတစ်ခုပါ။ ဒါကြောင့်လည်း အသည်းရောင်အသားဝါ (ဘီ) ပိုး ကာကွယ်ဆေးကို အသည်းကင်ဆာ ကာကွယ်ဆေးရယ်လို့တောင် ဆိုကြပါတယ်။ အသည်းရောင်အသားဝါ (ဘီ) ပိုး ကူးစက်မှုအများစုဟာ မည်သည့်ရောဂါလက္ခဏာမှ မပြတတ်ဘဲ ဖြစ်လေ့ရှိတာမို့ ဆေးစစ်ကြည့်ခြင်းကသာ...
1
...
28
29
30
...
93
Page 29 of 93