Sign in
Home
Health Articles
About Us
Feedback Form
Sign in
Welcome!
Log into your account
your username
your password
Forgot your password?
Password recovery
Recover your password
your email
Search
An official website of the National Unity Government
MENU
Telekyanmar
An official website of the National Unity Government
Facebook
Mail
Youtube
Telekyanmar
Home
Health Articles
About Us
Feedback Form
Search
Cosmos
929 POSTS
0 COMMENTS
လိုချင်တဲ့ ကလေးလေး ရသွားလို့ သားအိမ်က အငိုတိတ်သွားတဲ့အကြောင်း
October 16, 2022
မနေ့က "ကလေးလိုချင်လို့ သားအိမ်ကငိုတယ်" ဆိုတဲ့ဇာတ်လမ်းလေးကို စိတ်ဝင်တစားဖတ်ရှုပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်နော် ဒီနေ့တော့ လိုချင်တဲ့ ကလေးလေး ရသွားလို့ သားအိမ်က အငိုတိတ်သွားတဲ့အကြောင်းလေး ဆက်ပါရစေ ( ဒီအကြောင်းလေး မစခင်မှာ... မနေ့က ဇာတ်လမ်းဖော်ချင်ဇောနဲ့....မမျိုးဥလေးဟာ သားအိမ်ထဲမှာ ယောင်ပေပေနဲ့ စောင့်နေတယ်ဆိုပြီး ရေးခဲ့တာကို အမှားပြင်ပေးတဲ့ ကွန်မန့်လေးတစ်ခုအတွက် ကျေးဇူးပါနော်....အမှန်တော့...
ကလေးလိုချင်လို့ သားအိမ်ကငိုကြွေးခြင်းအကြောင်း
October 15, 2022
" ကလေးလိုချင်လို့ သားအိမ်ကငိုကြွေးခြင်းအကြောင်း ပြည့်စုံစွာဖြေဆိုပါ "တဲ့ ငါတို့ဆရာကြီးက ရိုးရိုးမမေးဘူး ဇာတ်လမ်းလေးနဲ့ လာမေးနေတယ်လို့ ပြုံးလိုက်မိတယ်။ (ဆေးတက္ကသိုလ် ဒုတိယနှစ်တုန်းကပေါ့) စာမေးပွဲမေးခွန်းရဲ့ မူရင်းကတော့ " Crying of uterus for wanting a baby " ပါ ဘာအကြောင်း ဖြေရမယ်ထင်ပါသလဲ ဆရာတို့ ???? ... ... ဟုတ်ပါတယ် အမျိုးသမီးတွေ...
ခါးရိုးဆစ် ကျီးပေါင်းတက်ခြင်း (Lumbar Spondylosis)
October 15, 2022
????အသက်အရွယ်ကြီးလာတာနဲ့အမျှ ခါးဆစ်ရိုး ပုံပျက်ယိုယွင်းခြင်း၊ ခါးဆစ်ရိုးကြားရှိ အရိုးနုပြား ယိုယွင်းပျက်စီးခြင်းတွေ ဖြစ်လာပြီး ခါးဆစ်ရိုးနှင့် တွယ်ဆက်တစ်သျှူးများကိုဒဏ်ဖြစ်စေပြီးနောက်ပိုင်းတွင် ခါးရိုးတောင့်တင်း နာကျင်တာတွေ ဖြစ်စေပါတယ်။ ချောမွေ့နေရမယ့် ခါးရိုးအနားသတ်တွေမှာ အပိုဖြစ်လာတာ၊ ခါးရိုးဆစ်၊ ခါးရိုးနုပြားတွေ ယိုယွင်းလာတာကို ခါးရိုးကျီးပေါင်းတက်ခြင်း ( lumbar spondylosis ) လို့...
ဆုံဆို့နာရောဂါအကြောင်း သိမှတ်ဖွယ်ရာ (Diphtheria)
October 6, 2022
ဒီနေ့မှာတော့ အဖြစ်များတဲ့ ရောဂါတွေထဲကမှ Diphtheriaလို့ခေါ်တဲ့ ဆုံဆို့နာရောဂါနဲ့ ပတ်သက်ပြီး လေ့လာကြည့်ရအောင်။ ဆုံဆို့နာဆိုတာကတော့ Corynebacterium diphtheriae လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့် ဖြစ်ပွားတာဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းကို ဝင်ရောက်ကူးစက်တာဖြစ်ပြီး လူတစ်ယောက်ကနေတစ်ယောက်ကို အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ? လက္ခဏာတွေကတော့ လည်ချောင်းနာတာ၊ ဖျားတာနဲ့ အရင်စလေ့...
သားအိမ်ထုတ်ထားတဲ့ အမျိုးသမီးတွေအတွက် သိကောင်းစရာများ
September 21, 2022
သားအိမ်ထုတ်ထားတဲ့အမျိုးသမီးတွေအကြောင်း မပြောခင် အရင်ဆုံးအနေနဲ့...သားအိမ်မထုတ်ခင် စပ်ကြားအခြေအနေလေးက စချင်ပါတယ် ( အမျိုးသမီးရောဂါတစ်မျိုးမျိုးကြောင့် ) သားအိမ် ထုတ်ဖို့လိုအပ်ကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်က ရှင်းလင်းပြောပြတဲ့အခါ လူနာနဲ့လူနာရှင်တို့က သေချာစွာ မှတ်သားရပါမယ်။ ခွဲစိတ်ချိန်က ဆေးရုံမှတ်တမ်းစာအုပ်ကို မပျောက်ပျက်အောင်ထိန်းသိမ်းထားဖို့လိုသလို မိမိရဲ့ရောဂါအကြောင်း ၊ ဆေးကုသခံယူခဲ့မှုများအကြောင်းကိုလည်း (Medicine/Surgery) အကြမ်းဖျင်းနားလည်သဘောပေါက်ပြီး နောင်တစ်ချိန် လိုအပ်လာချိန်မှာ တိတိကျကျ...
အာရုံကြောအားနည်းတဲ့အကြောင်း (September, 2022)
September 11, 2022
" အာရုံကြောအားနည်းတဲ့အကြောင်းလေး ရေးပေးပါ "ဆိုတော့ ဘယ်ကစပြီး ဘယ်လို ရေးရမယ်မှန်းလည်းမသိ...အစလည်း ရှာမရ ဖြစ်နေပါတယ် ဒါ့ကြောင့် စကားလုံး အသုံးအနှုန်းကနေပဲ အရင်စပြီး ရေးလိုက်ပါတော့တယ် ... ... အားနည်းတယ် ဆိုတဲ့အသုံးအနှုန်းပါ "အား" ဆိုတဲ့အသုံးအနှုန်းဟာ ဒီနေရာမှာ Force , Power , Energy ကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း ဦးစွာပြောပါရစေ ခန္ဓာကိုယ်မှာ...
အိပ်ရာနာ (Pressure Sores) ( September, 2022 )
September 5, 2022
ခွဲစိတ်ပြီးလူနာတွေ၊ ဆေးရုံမှာ အကြာကြီးလဲလျောင်းနေရတဲ့လူနာတွေ၊ အသက်အရွယ်ကြီးပြီး နာတာရှည်ရောဂါအခံရှိတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အိပ်ရာနာဆိုတာ ဘယ်လိုအနာမျိုးလဲ၊ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲနဲ့ ဖြစ်လာရင် ဘယ်လိုကုသနိုင်သလဲ စတာတွေကို ပြောပြပေးသွားပါမယ်နော် အိပ်ရာနာ ဘာလို့ဖြစ် ❓ ပုံမှန်အားဖြင့် အရိုးနဲ့ကပ်လျက်ရှိနေတဲ့ အရေပြားနေရာလေးတွေ (တံတောင်ချိုး၊ ခါးနှင့်ကျောရိုးတစ်လျှောက်၊ တင်ပဆုံ၊ ခြေချင်းဝတ်၊ ခြေဖနောင့် စတဲ့နေရာတွေ)...
ခွဲစိတ်မှုတခုကို သဘောတူ လက်ခံတော့မယ်ဆိုရင်…..
July 12, 2022
ဟာသကာတွန်းလေးတစ်ခုမှာပေါ့ ဆရာဝန်ကို တခြားလူတစ်ယောက်က မေးနေပါတယ်... " ဆရာတို့နေမကောင်းရင်ကျ ဘယ်သူကဆေးထိုးပေးတာလဲ ၊ ကိုယ့်ဟာကို ထိုးတာလား " ဆရာဝန်က ပြန်ဖြေပါတယ်... " ရူးနေတာလား...ဘာကိစ္စ ကိုယ့်အသားကိုအပ်ကြီးနဲ့အထိုးခံရမှာတုန်း...ကြောက်စရာကြီး " တဲ့ ???? ... ... ဟုတ်ပါတယ် ဆရာဝန်၊ ဆရာမတွေလည်း ဆေးထိုးခံရမှာ ကြောက်တတ်ကြပါတယ်။ ( တချို့တွေ ကာကွယ်ဆေးထိုးခံရချိန် မျက်နှာကြီးတွေရှုံ့မဲ့နေတာ မြင်ဖူးကြမလားတော့...
1
...
115
116
117
Page 116 of 117