MENU

” လျှာမြေပုံ (သို့မဟုတ်) Geographic tongue “

” လျှာမြေပုံ (သို့မဟုတ်) Geographic tongue “

“ Geographic tongue” တဲ့။ တိုက်ရိုက်ဘာသာ​ပြန်ရရင် ပထဝီဝင်လျှာဆိုတော့ နည်းနည်းတော့ စဥ်းစားရကျပ်တာပေါ့။

ဟုတ်ပါတယ် သူ့နာမည်အတိုင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ နာမည်အတိုင်း လျှာပေါ်မှာ မြေပုံလို အကွက်လိုက် အကွက်လိုက် ဖြစ်နေတဲ့ရောဂါမို့ပါ။ ဒါကို လိုလိုနဲ့တိုရှင်း လျှာမြေပုံလို့ပဲ ခေါ်ကြပါတယ်။

လျှာမြေပုံဆိုတာကတော့ သာမန်လျှာရောင်ရမ်းတဲ့ ရောဂါပါ။ များသောအားဖြင့်တော့ အန္တရာယ်မရှိတတ်ပါဘူး။ ပုံမှန်ဆိုရင် လျှာပေါ်မှာ ပန်းရောင်ဖျော့ဖျော့ရှိတဲ့ အဖုလေး (အရသာဖုလေး) တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် လျှာမြေပုံမှာတော့ အဲ့ဒီအဖုလေးတွေပျောက်သွားပြီး အနားသတ်ဖြူဖြူလေးတွေနဲ့ အကွက်လိုက် အကွက်လိုက် ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအကွက်တွေက မြေပုံနဲ့တူတာကြောင့် geographic tongue (ခေါ်) လျှာမြေပုံဆိုပြီး ဖြစ်လာတာပါ။

အဲ့ဒီအကွက်တွေက တစ်နေရာမှာဖြစ်တာ သက်သာသွားပြီဆိုရင် နောက်တစ်နေရာကို ‌ရွှေ့သွားတတ်ပါတယ်။

ဒီ လျှာမြေပုံက ကြည့်လိုက်ရင် မနှစ်မြို့စရာဆိုပေမယ့် ကျန်းမာရေးအတွက် သိပ်တော့ အန္တရာယ်မရှိတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ လျှာမြေပုံကြောင့် လျှာမှာ နာနာကျင်ကျင်ခံစားရတာ၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်၊ အချို အရသာတွေကို လွန်လွန်ကဲကဲ ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

..

..

❗သတိထားစရာ လက္ခဏာတွေကတော့

– လျှာမှာ ပြောင်ချောနေတဲ့ ခပ်နီနီအကွက်တွေ ဖြစ်တတ်ပါတယ်။

– အဲ့ဒီအကွက်တွေက အရွယ်အစား၊ ပုံစံ၊ နေရာအမျိုးမျိုး ပြောင်းနေတတ်ပါတယ်။

– စပ်တဲ့၊ ချဥ်တဲ့ အစားအစာတွေ စားတဲ့အခါ နာကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာတွေ ခံစားရနိုင်ပါတယ်။

– လျှာမြေပုံဖြစ်တဲ့သူ အများစုမှာ‌တော့ ဘာလက္ခဏာမှ မရှိတတ်ပါဘူး။ ဒီလို လျှာမြေပုံဖြစ်တာက ရက်ပိုင်းပဲ ကြာတတ်သလို တစ်ခါတစ်ရံ လချီ၊ နှစ်ချီကြာတတ်တာမျိုးလည်း ရှိပါတယ်။

.

???? ဘာကြောင့် လျှာမြေပုံ ဖြစ်ရသလဲ ?

ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ တိတိကျကျ အကြောင်းရင်းတော့ မရှိပါဘူး။

ဖြစ်နိုင်တာကတော့ စိတ်ဖိစီးမှု၊ ဓာတ်မတည့်ခြင်း၊ ဟော်မုန်းမညီမျှခြင်းတို့အပြင် Psoriasis, Lichen planus အစရှိတဲ့ အရေပြားရောဂါတွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။

.

???? ဘယ်သူတွေမှာ လျှာမြေပုံဖြစ်နိုင်သလဲဆိုရင်

– မိသားစုထဲမှာ လျှာမြေပုံဖြစ်ခဲ့ဖူးသူရှိရင်

– ကိုယ်က လျှာကွဲနာ (လျှာပေါ်မှာ ခပ်နက်နက်မြောင်းလေးတွေ ဖြစ်နေတာပါ) ဖြစ်ထားဖူးရင် လျှာမြေပုံ ဖြစ်တတ်တာကို သတိထားပါ။

.

???? နောက်ဆက်တွဲအနေနဲ့ ဘာတွေ ဖြစ်တတ်သလဲ ?

လျှာမြေပုံက အန္တရာယ်မရှိတဲ့ အခြေအနေဖြစ်ပါတယ်။ ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး။ နောက်ဆက်တွဲဆိုးကျိုးတွေလည်း မရှိတတ်ပါဘူး။

ဒါပေမယ့် လျှာပေါ်မှာ မြင်နေရတဲ့ အကွက်အကွက်တွေကြောင့် လူမှုဆက်ဆံပြောဆိုတဲ့အခါ ရှက်ရွံ့စရာလို့ ခံစားရတဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

.

???? ဘယ်လို ကုသကြမလဲ ?

လျှာနာကျင်တာ ခံစားနေရတယ်ဆိုရင် အကိုက်အခဲပျောက်ဆေးတွေ သောက်လို့ရပါတယ်။

ထုံဆေးပါတဲ့ ဆေးရည်တွေနဲ့ ပါးစပ်ကို ပလုတ်ကျင်းပေးပါ။

ဗီတာမင်ဘီ ပါဝင်တဲ့ ဆေးတွေ၊ အစားအသောက်တွေ စားပေးပါ။

လျှာမြေပုံကြောင့်ဖြစ်တဲ့ နာကျင်မှုကို လျော့ပါးစေဖို့အတွက် စပ်တဲ့၊ ချဥ်တဲ့အရသာရှိတဲ့ အစားအသောက်တွေ ရှောင်ပါ။ အရက်၊ ဆေးလိပ်ရှောင်ပါ။

.

Reference – ????https://www.mayoclinic.org/…/symptoms-causes/syc-20354396

https://www.mayoclinic.org/…/diagnosis…/drc-20354401

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ#geographic_tongue#လျှာမြေပုံ

Ministry of Health,

National Unity Government.

Published on: 31 March 2023
Last Updated: 31 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...