MENU

အစားအစာ (မြေပဲ) နှင့် ဓာတ်မတည့်ခြင်း Peanut Allergy (March, 2023)

” အစားအစာ (မြေပဲ) နှင့် ဓာတ်မတည့်ခြင်း (Peanut Allergy) “

????ဓာတ်မတည့်ခြင်းဆိုတာ အစားအစာ အပါအဝင် အချို့အရာတွေကို ခန္ဓာကိုယ်ခုခံအားစနစ်ကနေ လွန်ကဲစွာတုံ့ပြန်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်မှ Histamine ဟုခေါ်သော ဓာတုပစ္စည်းတစ်မျိုး ထွက်လာခြင်းကြောင့် ဖြစ်ပါတယ်။

????အစားအစာ ဓာတ်မတည့်ခြင်းက အများအားဖြင့် မွေးကင်းစနဲ့ ကလေးဘဝအရွယ်မှာ စဖြစ်လေ့ရှိပြီး နို့နဲ့ အခြားနို့ထွက်ပစ္စည်း၊ ဥ (ဒါမှမဟုတ်) မြေပဲကြောင့် အဖြစ်များပါတယ်။

???? ဓာတ်မတည့်တာကို ဖြစ်စေတတ်တဲ့ အခြားအစားအစာတွေကတော့ လိမ္မော်သီး၊ ပဲပိစပ်၊ အခွံမာသီး၊ ချောကလက်၊ ငါးနဲ့ ဂျူံတို့ ပါဝင်ပါတယ်။
..
..

???? မြေပဲနှင့် ဓာတ်မတည့်ခြင်း (Peanut allergy) ဆိုတာ…..

????မြေပဲမှာပါတဲ့ ပရိုတင်းကို ခန္ဓာကိုယ်ခုခံအားစနစ်က တုံ့ပြန်မှုတစ်ခုဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန် ဖြစ်နိုင်ပါတယ်။

???? ဩစတြေးလျနိုင်ငံမှာဆိုရင် ကလေး အယောက် (၅၀) မှာ (၁) ဦးနှုန်းနဲ့ မြေပဲဓာတ်မတည့်တာကို တွေ့ရတတ်ပါတယ်။

???? မြေပဲနဲ့မတည့်တဲ့ လက္ခဏာတွေကို အများအားဖြင့် ကလေးအသက် (၃) နှစ်အတွင်းမှာ စတင် ပေါ်လာတတ်ပါတယ်။ ရင်ကျပ်ရောဂါနဲ့ နှင်းခူရောဂါရှိတဲ့ ကလေးတွေမှာ မြေပဲဓာတ်မတည့်တာဖြစ်ရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

???? အခြားအစားအစာတွေနဲ့ ဓာတ်မတည့်တဲ့သူ အများစုက ပြန်သက်သာကောင်းမွန်လာတတ်ပေမယ့် မြေပဲနဲ့ ဓာတ်မတည့်ရင်တော့ အချိန်ကြာလာတာနဲ့အမျှ ပိုပိုဆိုးလာတတ်တာကို တွေ့ရပါတယ်။

???? ဓာတ်မတည့်တာ တစ်ခါဖြစ်ဖူးတဲ့သူတွေရဲ့ (၈၀) ရာခိုင်နှုန်းခန့်မှာ ဓာတ်မတည့်တဲ့ပြဿနာက ဆက်ရှိနေတတ်ပါတယ်။
.

**********

???? ရောဂါလက္ခဏာတွေက ဘာတွေလဲ ?

မြေပဲအပေါ် တုံ့ပြန်မှုဟာ အများအားဖြင့် ထိတွေ့ပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ စတင်ပါတယ်။

စ​ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေက …..

အထူးသဖြင့် ပါးစပ်နားတစ်ဝိုက်မှာ
• ယားယံခြင်း
• ပူလောင်ခြင်းတို့ ဖြစ်ပြီး…

အခြား ဆက်ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့…..

• နီမြန်းခြင်း (အထူးသဖြင့် – မျက်နှာ)
• အရေပြား ယားယံခြင်း
• အသက်ရှူကျပ်ခြင်း
• လျှာနှင့် နှုတ်ခမ်းများ ရောင်ရမ်းခြင်း
• အသက်ရှူရခက်ခဲခြင်း
• ပျို့အန်ခြင်း
• ဗိုက်နာခြင်း
• ဝမ်းလျှောခြင်း
• မူးမေ့လဲကျခြင်း
• သတိမေ့မျောခြင်းတို့ အထိ ဖြစ်နိုင်ပါတယ်။
.

**********

???? မြေပဲနဲ့ ဓာတ်မတည့်တာကို ဘယ်လို သိရှိနိုင်မလဲ ?

???? မြေပဲပါဝင်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ တုံ့ပြန်မှုလို့ သံသယရှိရာကနေ ကနဦး သိရှိနိုင်ပါတယ်။

????ဓာတ်မတည့်တာကို စစ်ဆေးတဲ့

– Food challenge test
– Skin prick test
– RAST test under medical supervision စတဲ့ စမ်းသပ်စစ်​ဆေးမှုတွေက ရောဂါရှာဖွေမှုကို အတည်ပြုဖို့ ကူညီပေးပါတယ်။
.

***********

???? မြေပဲနဲ့ ထိတွေ့နိုင်တဲ့နည်းလမ်းတွေက ဘာတွေလဲ ?

• ​မြေပဲနဲ့ ​မြေပဲပါဝင်တဲ့ ထုတ်ကုန်တွေကို စားတာ

ဥပမာ –

– ​မြေပဲဆော့ (Peanut Sauce)
– မြေပဲထောပတ် (Peanut Butter)
– မြေပဲ၊ အုတ်ဂျုံ၊ အခွံမာသီး၊ အဆန်အစေ့တွေနဲ့
– အသီးခြောက်တွေပါတဲ့ Muesli Bar/ Protein Bar (ဒါမှမဟုတ်) Energy Bar (မြန်မာနိုင်ငံမှာတော့ မြေပဲယို)

• မြေပဲနဲ့​ မြေပဲပါတဲ့ထုတ်ကုန်တွေကို စားသုံးသူနဲ့ အနီးကပ်ထိတွေ့ခြင်း

ဥပမာ –

– မိခင် နို့တိုက်တာကနေ တစ်ဆင့် (ဒါမှမဟုတ်)
– မြေပဲကို အခြေခံထားတဲ့ ဆီတွေကို အရေပြားထဲသို့ နှိပ်နယ်ခြင်းတို့ ဖြစ်ပါတယ်။
.

**********

???? မြေပဲနဲ့ဓာတ်မတည့်တဲ့သူ မြေပဲစားမိရင်…..

???? အဆိုးရွားဆုံးတုံ့ပြန်မှုကို ဖြစ်စေပါတယ်။

???? အရေပြား/ မျက်လုံးကို ထိမိတာ (ဒါမှမဟုတ်) မြေပဲပါဝင်တဲ့ အစာမှုန်ကို ရှုမိလျှင်တောင်မှ မြေပဲနဲ့ ဓာတ်မတည့်တဲ့လက္ခဏာ​​တွေ ဖြစ်စေနိုင်ပါတယ်။

???? မြေပဲနဲ့ ထိတွေ့မိတာနဲ့ ကလေးငယ်တွေမှာ (မြေပဲပမာဏ ဘယ်လောက်ပဲ နည်းနည်း) တစ်မိနစ်လောက် ပြင်းထန်တဲ့ ဓာတ်မတည့်မှု ဖြစ်နိုင်ပါတယ်။

???? မြေပဲစေ့ တစ်စေ့ရဲ့ နှစ်ထောင်ပုံ တစ်ပုံလောက် သေးငယ်ပါစေ ဓာတ်မတည့်တာကို ဖြစ်စေနိုင်ပါတယ်။
.

**********

???? ဘာအန္တရာယ်တွေ ရှိနိုင်လဲ ?

???? ပြင်းထန်တဲ့ ဓာတ်မတည့်မှုကြောင့် သွေးလန့်ခြင်း (anaphylatic shock) (ဒါမှမဟုတ်) သတိလစ်လဲကျပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ခြေရှိပါတယ်။

???? ကလေးငယ်တွေမှာ ရုတ်တရက် မျက်နှာတစ်ဝိုက်မှာ ရောင်ကိုင်းလာတာ၊ မျက်နှာအရောင်ဖျော့လာတာ (ဒါမှမဟုတ်) ပြာနှမ်းလာတာနဲ့ ခန္ဓာကိုယ်ပျော့ဖတ်သွားတာတွေ ဖြစ်နိုင်ပါတယ်။

???? ဒီလိုအချိန်မျိုးမှာ အသက်ကယ်ဆေး (adrenaline) ထိုးနိုင်ဖို့အတွက် အရေးပေါ်ဆေးကုသမှု ခံယူရန် လိုအပ်ပါတယ်။ ဆေးရုံကား (ဒါမှမဟုတ်) ဆရာဝန် ခေါ်ရပါမယ်။

ရင်ကျပ်ရောဂါအခံနဲ့ မြေပဲဓာတ်မတည့်ခြင်း ပေါင်းစပ်မှုက အတော်လေးကို အန္တရာယ်များပါတယ်။
.

**********

???? မြေပဲက အခြားအခွံမာအသီးတွေနဲ့ အပြန်အလှန် တုံ့ပြန်မှုရှိကြလား ?

မြေပဲနဲ့ဓာတ်မတည့်တဲ့ ကလေးတွေဟာ သစ်ကြားသီး၊ သစ်အယ်သီး၊ သီဟိုဠ်စေ့၊ almond ကဲ့သို့သော အခြားအခွံမာသီးတွေနဲ့လည်း ဓာတ်မတည့်တာမျိုး ဖြစ်လာနိုင်ပါတယ်။
.

**********

???? ဘာတွေ လုပ်ဆောင်နိုင်မလဲ ?

???? မြေပဲနဲ့ ဓာတ်မတည့်တဲ့သူတွေဟာ မြေပဲပါဝင်တဲ့ အစားအစာတွေကို စားတာ (ဒါမှမဟုတ်) ထိတွေ့တာကနေ ရှောင်ကြဉ်ဖို့ အလွန်အရေးကြီးပါတယ်။

????ကိုယ်ဝယ်မယ့် စားမယ့်အစားအစာမှာ မြေပဲပါ/မပါ သိနိုင်ဖို့အတွက် ပါဝင်ပစ္စည်းဖော်ပြချက် (Food labels) အားလုံးကို ဖတ်ပါ။

???? အိမ်မှာမဟုတ်ဘဲ အပြင်ထွက်စားတဲ့အခါ စားသောက်ဆိုင်မှာ ပါဝင်ပစ္စည်းနဲ့ ပြင်ဆင်မှုနည်းလမ်းတွေကို မြေပဲပါဝင်မှု ရှိ/မရှိ မေးမြန်းပါ။ မြေပဲမတည့်ကြောင်း ကြိုတင်ပြောပါ။

???? ဓာတ်မတည့်ရင် အရေးပေါ်ကုသရန်ဆေးပါဝင်တဲ့ ဆေးအိတ် (Emergency anaphylaxis kit- Adrenaline EpiPen or Anapen) ကို အိမ်မှာ (သို့မဟုတ်) အပြင်သို့ယူသွားရန် အမြဲ အသင့်ဆောင်ထားပါ။

????ဓာတ်မတည့်မှုရောဂါရာဇဝင် (Allergic (atopic) disorders) ရှိတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်ဆောင်စဥ်နဲ့ နို့တိုက်နေချိန်မှာ မြေပဲထုတ်ကုန်တွေကို စားသုံးတာကနေ ရှောင်ကြဉ်ဖို့ အကြံပေးလိုပါတယ်။

???? ကလေးအသက် (၆) လ ပြည့်တဲ့အထိ မိခင်နို့တိုက်ကျွေးခြင်းက မြေပဲနဲ့ ဓာတ်မတည့်တာကနေ ကာကွယ်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

Reference: ????
Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.48

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#peanut_allergy#food_allergy

Ministry of Health,

National Unity Government.

Published on: 17 March 2023
Last Updated: 17 March 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း Hypoglycemia

လူအတော်အများများက ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ် တက်တာကိုပဲ သတိပြုကြပြီး ကုသကြတာကို တွေ့ရပါတယ်။ သွေးတွင်းသကြားဓာတ်က လိုတာထက် ပိုကျသွားရင်လည်း ရောဂါလက္ခဏာတွေ ခံစားတတ်တာမို့ ဒီအကြောင်းကို သေချာသိရှိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။…… ▫️Hypoglycemia (သွေးတွင်းသကြားဓာတ် ကျဆင်းခြင်း) ဆိုတာက နာမည်အတိုင်းပါပဲ… ခန္ဓာကိုယ်ရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ထဲက တစ်ခုဖြစ်တဲ့ Glucose (ဂလူးကို့စ်) က...

ခါးနာခြင်း Back Pain

အခုနောက်ပိုင်း ကျွန်မဆီ လူနာသက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအများစု လာပြရင် ခါးနာတဲ့လူနာလာပြတာ များလာပါတယ်။ ခါးနာတဲ့ လူနာအများစုဟာလည်း ဆရာပေါင်းစုံ၊ ဓာတ်မှန်ပေါင်းစုံ ရိုက်ထားပြီး မသက်သာလို့ လာပြတဲ့သူလည်း အတော်များလာပါတယ်။ ဒီနေရာမှာ တချို့ကလည်း ခါးနာတာ လူတိုင်းဖြစ်နေတာပါဆိုပြီး မိမိဘာသာ အကိုက်ခဲပျောက်ဆေးသောက်နေတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် . . . ခါးနာခြင်းက ၂...

ကျောဘက်ဝက်ခြံပေါက်ခြင်း Back Acne

ကျောဘက်ဝက်ခြံထွက်ခြင်းဆိုတာ ကျောပေါ်မှာဖြစ်တဲ့ ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအပေါက်လေးတွေ (အပေါက်ငယ်လေးတွေ) က အညစ်အကြေးတွေ၊ ဆဲလ်သေတွေ၊ ချွေးတွေနဲ့ ဆီဘမ်လို့ခေါ်တဲ့ အဆီရည်တစ်မျိုးနဲ့ ပိတ်ဆို့သွားတဲ့အခါဖြစ်တတ်ပါတယ်။. ❓ဘာကြောင့် ကျောဘက်ဝက်ခြံ ပေါက်ရတာလဲ။ သင့်ခန္ဓာကိုယ်က အဆီကို အလွန်အကျွံထုတ်လုပ်တာ ဒါမှမဟုတ် အရေပြားကို သေချာမသန့်စင်ဘူးဆိုရင် အပေါက်တွေ ပိတ်ဆို့နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ - ✅...

ဦးနှောက်အမြှေးရောင်ရောဂါ၏ လက္ခဏာများ (ဧပြီ၊ ၂၀၂၅)

ဦးနှောက်နှင့် အာရုံကြောမကြီး ဘေးပတ်လည်ရှိ အသားစများ ရောင်ရမ်းခြင်းကို ဦးနှောက်အမြှေးရောင်ခြင်းဟု ခေါ်ဆိုပါသည်။ အဖြစ်များသော ရောဂါလက္ခဏာများမှာ လည်ပင်းတောင့်တင်းခြင်း ဖျားခြင်း ခေါင်းကိုက်ခြင်း ပျိုခြင်း အန်ခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ