MENU

ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင် ဘယ်လိုကစားနည်း ကစားမလဲ Cardio vs Weights for weight loss (February, 2023)

ကိုယ်အလေးချိန် မြန်မြန်ကျချင်ရင် ဘယ်လိုကစားနည်း ကစားမလဲ ?

Cardio Vs Weight Lifting မှာ ဘယ်တစ်ခုက ပိုပြီး မြန်မြန် ကိုယ်အလေးချိန်ကျစေလဲ၊ ဘယ်ဟာကပိုကောင်းတာလဲ ?

ဒီမေးခွန်းလေးတွေ မဖြေခင် Cardio နဲ့ Weight Lifting ရဲ့အကြောင်းလေး အရင်မိတ်ဆက်ပါရစေ။

Cardio Exercise ဆိုတာ နှလုံးခုန်နှုန်းကို မြန်စေပြီး အလေးအပင် မဖို့/သုံးဖို့ မလိုတဲ့ ကြိုးခုန်တာ၊ ပြေးတာ စတဲ့ ကစားနည်းတွေကို ပြောတာပါ။

Weight Lifting ဆိုတာကတော့ အလေးတုံးကို အသုံးပြုပြီး ခန္ဓာကိုယ်ကြွက်သားအားနဲ့ ကစားရတဲ့ လေ့ကျင့်ခန်းမျိုးပါ။
.

???? ဘယ်သူက ပိုမြန်မြန် ဝိတ်ကျစေသလဲ တစ်ခွန်းထဲမေးရင် အဖြေကတော့ (လေ့လာချက်တွေအရ) Cardio Exercise ပါ။

Cardio Exercise နဲ့ Weight Lifting exercise အချိန်တူတူယှဉ်ကစားရင် Cardio က ကယ်လိုရီအသုံးပြုရမှု ပိုများတာကြောင့် ကိုယ်အလေးချိန်ကျတာ ပိုမြန်တယ် ဆိုပါတယ်။
.

???? ဘယ်ဟာပိုကောင်းလဲ မေးရင်တော့ (၂) မျိုးစလုံးပေါင်းလုပ်တာက ပိုကောင်းပါတယ်။

ပိုပြီး သန်စွမ်းကျစ်လစ်ချင်တယ် ဆိုတဲ့သူတွေ၊ ကြွက်သားကြီးထွားချင်တယ် ဆိုတဲ့သူတွေ ဆိုရင်တော့ Cardio နဲ့ Weight lifting ကို တစ်လှည့်စီ လုပ်သင့်ပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်ရဲ့ အားကစားနည်းပြနဲ့ တိုင်ပင်ပြီး သေချာဆော့ကစားသင့်ပါတယ်။
..
..

????‍♀️ Cardio Exercise အကြောင်းလေး ဆက်ပြောကြရအောင်ပါ

❤️ နေ့စဉ် လူတိုင်းလုပ်နိုင်တဲ့ Cardio Exercise တွေကတော့…..

– ရေကူးတာ
– ကြိုးခုန်တာ
– လမ်းလျှောက်တာ
– ပြေးတာ
– စက်ဘီးစီးတာ စတာမျိုးတွေ ဖြစ်ပါတယ်။

❤️ Cardio Exercise တွေထဲမှာမှ … လေ့ကျင့်ခန်းတစ်ခုကို အချိန်အနည်းငယ်အကြာ ပြင်းပြင်းထန်ထန်လုပ်ပြီး အနားယူချိန်မှာ (လုံးဝကြီးအနားယူတာ မဟုတ်ဘဲ) ပေါ့ပေါ့ပါးပါးလေး ဆက်လုပ်နေတာ၊ ပြီးရင် နောက်တစ်ခါ ခပ်ပြင်းပြင်းလေး ပြန်ကစားတာ စတဲ့ High Intensity Interval Training (HIIT) ကစားနည်းကတော့ ပုံမှန် Cardio ကစားခြင်းထက် (၃၀) ရာခိုင်နှုန်း ပိုပြီးမြန်မြန်ဝိတ်ကျစေသလို ပုံမှန်ထက်လည်း အမောပိုခံနိုင်လာပါတယ်။

( ဥပမာပေးရရင် ခပ်ရွရွလေး jogging ပြေးနေရာကနေ ရုတ်တရက် အားစိုက်ပြီး ခပ်မြန်မြန် ပြေးလိုက်တာ၊ ပြီးရင် အမောဖြေတဲ့အနေနဲ့ နှေးနှေးပြန်ပြေးတာ စသဖြင့် တစ်လှည့်စီ ကစားပေးနေတာကို ဆိုလိုပါတယ် )
.

❤️ Cardio Exercise ပုံမှန်လုပ်ခြင်းရဲ့ ကောင်းကျိုးတွေကတော့ ……

• နှလုံးကျန်းမာရေးပိုကောင်းလာပြီး အမောပိုခံလာနိုင်ခြင်း

• အဆုတ်အားကောင်းလာခြင်း

• သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာခြင်း

• သွေးပေါင်ချိန်နဲ့ကိုလက်စရော ကျစေခြင်း

• ရေရှည်ကောင်းကျိုးအနေနဲ့ ဆီးချို၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ရောဂါတို့ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

✔️Cardio Exercise ကို Weight Lifting နဲ့တွဲလုပ်ရင်တော့ ကယ်လိုရီတွေ ပိုလောင်ကျွမ်းစေပါတယ်။

✔️ဒါ့အပြင် Cardio Exercise ဟာ တစ်ခြားအကူကိရိယာတွေမလိုဘဲ လွယ်လွယ်ကူကူ လုပ်လို့ရတာကြောင့် ငွေကုန်သက်သာစေပါတယ်။

❗ရေရှည်ကစားရင် (ဒါမှမဟုတ်) ကစားတာ အချိန်ကာလတစ်ခုအထိ ကြာသွားရင်တော့ ခန္ဓာကိုယ်က ကျင့်သားရသွားလို့ အကျိုးရလဒ် သိပ်မသိသာတော့တာမျိုး ဖြစ်တတ်ပါတယ်။
.

❤️ အောက်ပါ အချက်အလက်တွေကတော့ ကိုယ်အလေးချိန် ၁၈၅ ပေါင်ရှိတဲ့ လူတစ်ယောက်အနေနဲ့ တစ်နာရီကြာ cardio လေ့ကျင့်ခန်းတွေကို ပြုလုပ်ရင် လောင်ကျွမ်းမယ့် ကယ်လိုရီတွေပဲ ဖြစ်ပါတယ်။

ပြေးရင် – ၆၀၀-၁၁၀၀ ကယ်လိုရီ

စက်ဘီးစီးရင်- ၆၅၀-၁၀၀၀ ကယ်လိုရီ

ရေကူးရင် – ၅၀၀-၈၄၀ ကယ်လိုရီ
.

❤️ အကြံပြုချက်တစ်ခုအနေနဲ့ လူတစ်ယောက်ဟာ Moderate Intensity Cardio လို့ခေါ်တဲ့ နှလုံးကို အရမ်းပြင်းထန်အောင်မလုပ်တဲ့ အားကစားနည်း (ဥပမာ – ခပ်သွက်သွက်လမ်းလျှောက်တာ၊ မြေပြင်ညီမှာ စက်ဘီးစီးတာ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တာ) တွေကို တစ်ပတ်မှာ (၁၅၀) မိနစ်နဲ့အထက် ပြုလုပ်သင့်ပြီး၊ High Intensity Cardio လို့ခေါ်တဲ့ ပိုမိုပြင်းထန်တဲ့ အားကစားနည်း (ဥပမာ ပြင်းပြင်းထန်ထန်ပြေးတာ၊ ကြိုးခုန်တာ၊ ရေကူးတာ) တွေကိုတော့ တစ်ပတ်မှာ (၇၅) မိနစ်နဲ့အထက် ပြုလုပ်သင့်ပါတယ်။

တစ်ပတ်ကို တစ်ရက် (သို့) နှစ်ရက်ခန့် လေ့ကျင့်ခန်းလုံးဝမလုပ်ဘဲ ပြည့်ပြည့်ဝဝ အနားယူဖို့လည်း လိုအပ်ပါတယ်။
..
..

****************************

????️‍♀️ Weight Lifting ဆော့ဖို့လိုလား ဆိုရင်တော့ ………..

✔️Weight Lifting ဟာ ကိုယ်ခန္ဓာကြွက်သားတွေကို တည်ဆောက်ပေးနိုင်ပါတယ်။ ကြွက်သားများတဲ့ ခန္ဓာကိုယ်က ပုံမှန်ထက် ဇီဝဖြစ်စဉ် (metabolism) ပိုမြန်စေတဲ့အတွက် ခန္ဓာကိုယ်အလေးချိန် တက်လာတာကို နှောင့်နှေးစေပါတယ်…

✔️Weight lifting exercise ကစားတဲ့ အမျိုးသားတွေမှာ ဇီဝဖြစ်ပျက်မှုနှုန်း (metabolism rate) အနေနဲ့ ပုံမှန်ထက် (၇) ရာခိုင်နှုန်းနဲ့ အမျိုးသမီးတွေမှာဆိုရင်တော့ (၄) ရာခိုင်နှုန်း ပိုမြန်စေနိုင်လို့ Weight lifting ဆက်တိုက်ကစားပေးရင် နဂိုထက် ဇီဝဖြစ်ပျက်မှုနှုန်း ပိုမြန်လာပြီး ခန္ဓာကိုယ်မှာရှိတဲ့အဆီပိုတွေ လျော့နည်းစေပါတယ်။
.

⚠️ သတိပြုစရာအနေနဲ့ Weight lifting exercises တွေကစားရင် အလေးတုံးပါတာကြောင့် နည်းစနစ်မှန်ကန်ရပါမယ်။

နည်းစနစ်မှားရင်တော့ ကြွက်သားထိခိုက်ဒဏ်ရာရတတ်လို့ လိုအပ်ရင် အားကစားနည်းပြ (ဒါမှမဟုတ်) နားလည်တတ်ကျွမ်းတဲ့သူတွေရဲ့ အကူအညီနဲ့ ကစားသင့်ပါတယ်။
.

????️‍♀️ Weight Lifting Exercise ရဲ့ ကောင်းကျိုးတွေကတော့ ..…

– ဇီဝဖြစ်ပျက်မှုနှုန်းပိုမြန်လာခြင်း

– ကြွက်သားများတည်ဆောက်ပေးခြင်း

– နောက်ကျော၊ ပေါင်၊ ခြေသလုံး ကြွက်သားများကို ပိုမို သန်မာလာစေတာကြောင့် ထိခိုက်ဒဏ်ရာဖြစ်နှုန်းများကို လျော့ကျစေခြင်း

– အိုမင်းရင့်ရော်ခြင်းကြောင့်ဖြစ်တဲ့ ကြွက်သားဆုံးရှုံးမှုများကို ကာကွယ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။
.

❗Cardio exercise နဲ့တွဲမလုပ်ဘဲ Weight Lifting Exercise တစ်မျိုးပဲ လုပ်ရင်တော့ ခန္ဓာကိုယ်အပြင်ပိုင်း ကြွက်သားပဲတက်လာပြီး နှလုံးတို့ အဆုတ်ကျန်းမာရေးတို့အတွက် ထိရောက်မှုမရှိတာ၊ အမောမခံနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

✔️ အကြံပြုချက်အနေနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားအားလုံးအတွက် Weight Lifting Exerciseတွေကို တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။

✔️ လေ့လာချက်တွေအရ Weight Lifting Exercise တွေကို တစ်ပတ် (၂) နာရီခွဲထက်ပိုပြီး သေချာကစားချိန်ရှိမှ ဝိတ်ကျစေမှာဖြစ်ပါတယ်။
..
..

*********************************

???? ကိုယ်အလေးချိန် လျှော့ချခြင်းဟာ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်နှုန်း နှေးခြင်း/မြန်ခြင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။

ဇီဝဖြစ်ပျက်နှုန်း ပိုမြန်သူတွေဟာ ကယ်လိုရီကို ပိုမိုအသုံးပြုရတာကြောင့် ကိုယ်အလေးချိန်လျှော့ချရာမှာ ပိုအထောက်အကူ ဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် မတူဘဲ ဇီဝဖြစ်ပျက်မှု မြန်စေတဲ့ အချက်တွေကတော့…

– အသက်ငယ်တဲ့သူ
(အသက်ကြီးလာရင် ဇီဝဖြစ်ပျက်မှုနှုန်း နှေးလာပါတယ်)

– ခန္ဓာကိုယ် တည်ဆောက်ပုံမှာ ကြွက်သားများတဲ့သူ

– လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် သေချာကစားတဲ့သူ

– တစ်နေ့တာ လှုပ်ရှားမှုများတဲ့သူ
(တစ်နေကုန် ရုံးမှာ/အလုပ်မှာ ထိုင်အလုပ်လုပ်ရတဲ့သူတွေထက် တစ်နေကုန် လှုပ်လှုပ်ရှားရှား အလုပ်လုပ်ရတဲ့သူ) စသူတွေဟာ ဇီဝဖြစ်ပျက်မှုနှုန်း ပိုမြန်ပါတယ်။
.

နောက်ထပ် မှတ်သားဖွယ်တစ်ခုကတော့ နဂိုကတည်းက ကိုယ်အလေးချိန်များတဲ့သူတွေဟာ အလေးချိန်လျှော့ချတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင် ပိန်တဲ့သူထက် ဝိတ်ကျတာ ပိုမြန်ပါတယ်။

ဥပမာအနေနဲ့…
** ပေါင် (၂၀၀) ရှိတဲ့သူနဲ့ ပေါင် (၁၅၀) ရှိတဲ့သူ နှစ်ယောက်ယှဉ်ပြီး ပုံစံတူ ကိုယ်အလေးချိန်လျှော့ချတဲ့ လေ့ကျင့်ခန်းတွေလုပ်ရင် ပေါင် (၂၀၀) ရှိတဲ့သူက ခန္ဓာကိုယ်အဆီကျဖို့ ပိုမြန်ပါတယ် **
..
..

**********************************

???? နောက်ဆုံးအနေနဲ့ …. ခန္ဓာကိုယ်အလေးချိန်ကို ထိထိရောက်ရောက် လျှော့ချဖို့ဆိုရင်တော့ အစားအသောက်က အဓိကနေရာမှာပါဝင်ကြောင်း မမေ့ဖို့ လိုပါတယ်။

မှန်ကန်တဲ့စားသောက်မှုပုံစံအတိုင်း စားခြင်းကသာ ရေရှည်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ ကယ်လိုရီများတဲ့အစားအစာ/ အဆီများတဲ့အစားအစာတွေကို လျော့စားသင့်ပါတယ်။

???? မှန်ကန်တဲ့စားသောက်မှုပုံစံနဲ့ ထိရောက်တဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း အတွဲဟာ ဝိတ်ချနေတဲ့သူတွေအတွက်တော့ အကောင်းဆုံးအတွဲပါပဲ……။

???? ဒီ Post လေးက ဝိတ်ချနေတဲ့သူတွေ လေ့ကျင့်ခန်း လုပ်တဲ့သူတွေအတွက်အကျိုးရှိမယ် မျှော်လင့်ပါတယ်????

Ref : ????https://www.healthline.com/…/cardio-vs-weights-for…

https://www.mindpumpmedia.com/…/pros-and-cons-of…

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#cardio_exercise#weight_lifting#endurance
#strength#ဝိတ်ချခြင်း

Ministry of Health,

National Unity Government.

Published on: 23 February 2023
Last Updated: 23 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့

"စကားပြောဖို့ မတွန့်ဆုတ်ပါနဲ့အသက်တွေကို ကယ်တင်နိုင်ပါတယ်" တဲ့။ မနက်ဖြန် စက်တင်ဘာ ၁၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ကာကွယ်တားဆီးရေးနေ့ (World Suicide Prevention Day ) ဖြစ်ပါတယ်။ ဒီနေ့က ကျွန်မတို့အားလုံး လစ်လျူရှုထားလို့မရတဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတစ်ခုအကြောင်း သတိတရ ဆွေးနွေးသတိပေးကြဖို့ အကောင်းဆုံးရက်...

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ (စက်တင်ဘာလ၊ ၂၀၂၅ ခုနှစ်)

အကြားအာရုံဆုံးရှုးခြင်း၏ သတိပေးချက်လက္ခဏာများ နားထဲတွင် အဆက်မပြတ် အသံမြည်နေခြင်း အပြန်အလှန် စကားပြောနိုင်ရန် အလျင်မီအောင် ရုန်းကန်နေရခြင်း အမြင့်သံများကို ကြားရန် ခက်ခဲခြင်း ထပ်ခါထပ်ခါ ပြောပေးရန် အခြားသူများကို တောင်းဆိုနေရခြင်း အနိမ့်သံ (သာမန်အားဖြင့် တိုးလွန်းသော အသံ) များကို ကြားနေခြင်း မီဒီယာစက်များကို ပုံမှန်ထက် အသံကျယ်ကျယ် မြှင့်ပြီး အမြဲနားထောင်နေရခြင်း တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ Ref: World...

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုး (𝑯𝒖𝒎𝒂𝒏 𝑷𝒂𝒑𝒊𝒍𝒍𝒐𝒎𝒂𝒗𝒊𝒓𝒖𝒔) နှင့် ကျန်းမာရေး

𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးက ကူးစက်ခံရပြီးရင် ရောဂါပိုးအမြဲရှိနေနိုင်လား။ ဗိုင်းရပ်ပိုးက (၂) နှစ်လောက်အတွင်းမှာ အလိုအလျောက် ပျောက်ကင်းသွားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ တဝဲလည်လည်နဲ့ ရှိနေတတ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ 𝑯𝑷𝑽 ဗိုင်းရပ်စ်ပိုးဟာ လိင်မှတစ်ဆင့် ကူးစက်မှုအများဆုံး ရောဂါပိုးဖြစ်ပြီး ရောဂါစတင်သိရှိပြီဆိုရင် ဘာတွေဆက်လုပ်သင့်လဲ၊ ကျန်းမာရေးထိခိုက်နိုင်လား၊ ပျောက်ကင်းနိုင်လား အစရှိတဲ့ မေးခွန်းပေါင်းများစွာ...

ကျွန်မနှင့် ကြုံရဆုံရ ဆရာဝန်ဘဝ ✍️

ဆရာဝန် စဖြစ်ကတည်းက “ရောဂါရာဇဝင် မေးမြန်းခြင်း (History taking)” ဆိုတဲ့ အနုပညာကို တတ်မြောက်အောင် သင်ကြားခဲ့ရပါတယ်။ သူက တကယ်လည်း အနုပညာဆန်ပါတယ်။ မေးတတ်မှပါ။ မမေးတတ်ရင် လိုရာမရောက်ဘဲ လမ်းချော်သွားရော။ ဒီအထဲကမှ ကျွန်မ ဆရာဝန်ပေါက်စဘဝ စကားပြော မကျွမ်းကျင်လို့ လွဲခဲ့ရတဲ့အဖြစ်အပျက်တချို့ကို ပြန်လည်မျှဝေပေးချင်တာပါ။ အခုကတော့ လူနာတွေကလည်း...