MENU

ရာသီထိန်ခြင်း Amenorrhea (February, 2023)

ရာသီထိန်ခြင်း (Amenorrhea)

ရာသီထိန်တယ်ဆိုတာကတော့ ယေဘုယျအားဖြင့်ပြောပြရရင် ပျိုမေတို့ လစဉ်ပုံမှန်လာနေတဲ့ ရာသီစက်ဝန်းလေးက ၆ လ နဲ့ အထက် ရပ်တန့်သွားတဲ့ ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။

???? ရာသီထိန်တာကို အမျိုးအစား ခွဲခြားရရင်
– အသက် ၁၅နှစ်အရွယ်ထိ ရာသီမလာဘဲ ထိန်နေတာ (Primary amenorrhea)
– ပုံမှန် ရာသီသွေးဆင်းတဲ့ အမျိုးသမီးတစ်ယောက်မှာ ကိုယ်ဝန်ရှိနေတာကြောင့်၊ နို့တိုက်ခြင်းကြောင့် (ဒါမှမဟုတ်) သွေးဆုံးကိုင်ခြင်းကြောင့် မဟုတ်ဘဲ ၆လထက်ပိုပြီး ရာသီထိန်နေတာ (Secondary amenorrhea)
‌- ရောဂါအခံ တစ်ခုခုရှိခြင်းကြောင့် ရာသီထိန်တာ (Pathological amenorrhea)
– ရာသီသွေးဆင်းပေမယ့် သွေးဆင်းတဲ့လမ်းကြောင်း ပိတ်နေတဲ့အတွက် သွေးဆင်းတာကို မသိရတာ (False amenorrhea) အစရှိသဖြင့် ခွဲခြားနိုင်ပါတယ်။

???? ဘာကြောင့် ရာသီထိန်ရသလဲ?

– ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်နေချိန် (ဒါမှမဟုတ်) သွေးဆုံးကိုင်ချိန်ဖြစ်နေတာ
– ကိုယ်ဝန်တားဆေး(ဒါမှမဟုတ်) ဟော်မုန်းဆေးတွေ သောက်သုံးနေရတာ
– ကင်ဆာဆေး၊ သွေးပေါင်ကျဆေး၊ ဓာတ်မတည့်တာကို ကုသတဲ့ဆေးတွေ သောက်သုံးနေရတာ
– ပိန်လွန်းတာ၊ အဝလွန်တာ
– အားကစား အလွန်အကျွံလုပ်တာ
– စိတ်ဖိစီးမှု များတာ
– သားဥအိမ် ရေအိတ်တည်တဲ့ရောဂါ( PCOS) ရှိနေတာ
– သိုင်းရွိုက်ဟော်မုန်းများတာ
– Pituitaryလို့ခေါ်တဲ့ ဂလင်းမှာ အကျိတ်ဖြစ်တာ
– အရွယ်မတိုင်ခင် ရာသီထိန်တာ
– သားအိမ်မှာ အနာဖြစ်တာ
– မွေးရာပါ မျိုးပွားအင်္ဂါတွေမပါတာ
– အမျိုးသမီး လိင်အင်္ဂါ ဖွဲ့စည်းမှုပုံမမှန်တာ တို့ကြောင့် ဖြစ်ပါတယ်။

???? ရာသီထိန်တဲ့ အမျိုးသမီးတွေမှာ ဘာကြောင့်ရာသီထိန်ရလဲဆိုတဲ့အကြောင်းရင်းပေါ် မူတည်ပြီး တခြားသော လက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။
– ရင်သားကနေ နို့လိုအနှစ်တွေ စီးထွက်ခြင်း
– ဆံပင်ကျွတ်ခြင်း
– ခေါင်းကိုက်ခြင်း
– အမြင်အာရုံချို့ယွင်းခြင်း
– မျက်နှာအမွှေးတွေများလာခြင်း
– ဆီးစပ်ကိုက်ခဲခြင်း
– ဝက်ခြံပေါက်ခြင်း အစရှိတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

???? ဘယ်လိုအမျိုးသမီးတွေမှာ ရာသီထိန်ဖို့ အခွင့်‌အရေးပိုများလဲ?
– မျိုးရိုးလိုက်တာ( မိသားစုထဲမှာ ရာသီထိန်တဲ့ မိသားစုဝင် အမျိုးသမီးတစ်ယောက် ရှိနေတာ)
– ခံတွင်းပျက်တာ (ဒါမှမဟုတ် ) ထပ်ကာထပ်ကာစားပြီး ဝမှာကြောက်လို့ လက်ထိုးအန်တတ်တဲ့ bulimia ရောဂါရှိနေတာ
– ပြင်းထန်တဲ့ လေ့ကျင့်ခန်း အားကစားတွေလုပ်ရင် ရာသီထိန်နိုင်ဖို့ အခွင့်အရေးများပါတယ်။

???? ရာသီထိန်တာကြောင့် ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်လဲ?
– သားသမီးမရနိုင်တာ
– စိတ်ဖိစီးမှုများတာ
– အရိုးပါး၊ အရိုးပွ‌ရောဂါနဲ့ နှလုံးသွေးကြောရောဂါတွေ ဖြစ်ပွားလာတာ
– ဆီးစပ်နာကျင်ကိုက်ခဲတာ အစရှိတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် ရာသီထိန်တာကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ကိုယ်လက်လေ့ကျင့်ခန်း၊ အားကစားတွေ အပြင်းအထန်လုပ်တာကို ရှောင်ပါ။ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ ညီညွတ်မျှတစွာ စားသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ ကောင်းကောင်း အနားယူပါ။ ပုံမှန် ရာသီသွေးပေါ်နေကျ အမျိုးသမီးတွေမှာ ၃လနှင့်အထက် ရာသီထိန်နေခဲ့ရင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များနဲ့ ဆွေးနွေးပြသဖို့ အကြံပြုပါရစေ။

*****
ဒီလောက်ဆို ရာသီထိန်တာနဲ့ ပတ်သက်လို့ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ သိရှိပြီးဖြစ်တယ်လို့ ထင်ပါတယ်။ ပျိုမေတို့အနေနဲ့လည်း အထက်မှာပြောပြခဲ့တဲ့နည်းလမ်းလေးတွေ လိုက်နာရင်း ကျန်းမာတဲ့ ရာသီစက်ဝန်းနေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Reference – https: //www .mayoclinic. org/diseases-conditions/amenorrhea/symptoms-causes/syc-20369299#:~:text=Amenorrhea%20(uh%2Dmen%2Do,a%20period%20by%20age%2015.
❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
* ပိတ်ရက်မရှိပါ *
( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ#amenorrhea
#ရာသီထိန်ခြင်

Ministry of Health,

National Unity Government.

Published on: 15 February 2023
Last Updated: 15 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...