MENU

Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ(November, 2022)

” Hirsutism (သို့မဟုတ်) သဘာဝက လက်ဆောင်ပေးသော ဝေဒနာ “

ရတာမလို လိုတာမရတဲ့….

အမွေးအမျှင်ထူတဲ့ အမျိုးသားတွေက အမွေးထူတာမကြိုက်ကြဘူး… ဟော… အမွေးအမျှင်သိပ်မရှိလှတဲ့အမျိုးသားတွေကျပြန်တော့လည်း ပသိုင်းမွေး၊ မုတ်ဆိတ်မွေးပေါက်ချင်လွန်းလို့ ဆေးလိမ်းဆေးသောက်လုပ်လိုက်ကြရတာ…

ဒီလိုဆိုပေမယ့် အမျိုးသမီးထုထဲမယ်တော့ မလိုအပ်တဲ့နေရာတွေမှာ အမွေးအမျှင် ထူထဲတာကို နှစ်သက် မယ့်သူမရှိလောက်ဘူး ထင်တယ်နော်….

Hirsutism ဆိုတာ အမွေးအမျှင်ထူတာကို ဆိုလိုပါတယ်။ အမျိုးသမီးတွေမှာ ကိုယ်ခန္ဓာအမွေးအမျှင်၊ မျက်နှာအမွေးအမျှင် ( မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး၊ ပသိုင်းမွေးပေါက်တဲ့နေရာတွေ ) ထူထဲတာပါ။

” ကျားဟော်မုန်း၊ မဟော်မုန်းအကြောင်း တစေ့တစောင်း “

အမျိုးသားတွေမှာရှိတဲ့ တက်စ်တိုစတီရုန်း (Testosterone) ခေါ်ဆိုတဲ့ ကျားဟော်မုန်း…. သူ့ရဲ့သဘောသဘာဝက အမျိုးသားတွေကို ယောကျာ်းအသွင်သဏ္ဍန်ပေးတယ်…အသံကြီးကြီး…ကိုယ် ကြံ့ခိုင်ဖွံ့ထွားစေတယ်။ နောက် အမွေအမျှင်​လည်းထူထဲစေပါတယ်။

ကျားဟော်မုန်းကို အဓိကအားဖြင့် အမျိုးသားတွေရဲ့ဝှေးစေ့ကနေထုတ်ပြီး ကျောက်ကပ်ပေါ်က Adrenal ဆိုတဲ့ ဂလင်းကလေးကနေလည်း အနည်းငယ်ထုတ်ပါတယ်။
( ဒါ့ကြောင့် အမျိုးသမီးတွေမှာလည်း မဟော်မုန်းအပြင် Adrenal ဂလင်းကထုတ်တဲ့ ကျားဟော်မုန်းအနည်းငယ်ကိုပါ ပိုင်ဆိုင်ပါတယ် )

မဟော်မုန်း အီစထရိုဂျင် (Oestrogen) ကတော့ အမျိုးသမီးတွေကို ကိုယ်ခန္ဓာသေးသွယ်ပျော့ပြောင်း…အသားအရေ ချောမွေ့စေပါတယ်…

မဟော်မုန်းကို အမျိုးသမိီးသားဥအိမ်ကနေ အဓိကထုတ်​ပြီး Adrenal ဂလင်းကနေလည်း အနည်းငယ်ထုတ်တယ်။
( ဒါ့ကြောင့် အမျိုးသားတွေမှာလည်း အနည်းငယ်သော မဟော်မုန်းပိုင်ဆိုင်ပါတယ် )

” သဘာဝကပေးတဲ့ အပိုလက်ဆောင် “

အမျိုးသမီးတွေမှာ အမွေးအမျှင် ထူရခြင်းအကြောင်းရင်းဟာ ကျားဟော်မုန်းများလို့ ဖြစ်တယ်။ ဘာလို့ ရှိရမယ့် ပမာဏထက်ပိုများနေရသလဲ တိတိကျကျ အဖြေမရှိလှပါ။ သဘာဝက ပေးတဲ့ မလိုချင်တဲ့ အပိုဆုကလေးပဲ ဖြစ်ရမယ်။

Hirsutism ဟာ မျိုးရိုးလည်းလိုက်လေ့ရှိသလို အချို့သော လူမျိုးစုအမျိုးသမီးတွေမှာလည်း အဖြစ်များတတ်တာမျိုးရှိပြန်တယ်။ (ဥပမာ Australian အမျိုးသမီးထုရဲ့ ၁၀ ရာခိုင်နှုန်းမှာ ဖြစ်တတ်ပြီး အာရှသူတွေမှာဖြစ်တာတော့ ရှားလှပါတယ်တဲ့)

နောက် သားဥရေအိတ်တည်ရောဂါ (Polycystic ovarian syndrome) နဲ့လည်း ဆက်စပ်တွဲဖက်ဖြစ်လေ့ရှိတယ်။

ရှားရှားပါးပါး သားဥအိမ်/ Adrenal ဂလင်း စတာတွေမှာ ကင်ဆာအကျိတ်ဖြစ်/ ရေအိတ်တည်တဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်တတ်​သေးတယ်။

ကိုယ်ဝန်တား သောက်ဆေး၊ အတက်ရောဂါမှာသုံးတဲ့ဆေးတွေကြောင့်လည်း ဖြစ်စေတတ်တယ်။

ဘသာဝရဲ့အပိုဆုကလေးကို မယူလိုတဲ့အခါ ပုံမှန် နဲ့ မူမမှန်တာ ခွဲခြားသိတတ်ပါစေ

ချိုင်း၊ လက်ဖျံ ၊ ဆီးခုံအောက်ခြေ၊ နို့သီးခေါင်းတစ်ဝိုက်နေရာတွေဟာ အမျိုးသမီးတွေအတွက် ပုံမှန်အမွေးအမျှင်ရှိတတ်တဲ့နေရာတွေဖြစ်လို့ ဒီနေရာတွေမှာ အမွေးအမျှင်ထူထဲလာတဲ့အခါ သိပ်အလေးထားအာရုံစိုက်ရမယ့် အခြေအနေတစ်ခုမဟုတ်ပါဘူး။

ဒီလိုမှမဟုတ်ဘဲ မျက်နှာ ၊ ရင်ဘက် ၊ နောက်ကျော ၊ ပေါင် စတဲ့နေရာတွေမှာ အမွေးအမျှင်ထူထပ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး ညွှန်ကြားတဲ့အတိုင်းလိုက်နာဖို့ လိုပါလိမ့်မယ်။

” အသိမှားကလေးတစ်ခု “

ငယ်ငယ်က “ အမွေးရိတ်ရင် အမွေးတွေ ပိုပြီးထပ်ပေါက်လာတတ်တယ်” လို့ အိမ်ကလူကြီးတွေ သတိပေးခဲ့တာ ကြားဖူးခဲ့ကြမယ်ထင်တယ်။ တကယ်တော့ အမွေးရိတ်လို့ အမွေးပိုပေါက်တယ်ဆိုပြီး အခိုင်အမာဆိုနိုင်တဲ့ ဆေးပညာအထောက်အထားမရှိသေးပါဘူး….

အမွေးကို နှုတ်ပစ်တဲ့အခါမှာတော့ အမွေးထွက်ဖို့ hair growth ကို အားပေးသလိုတော့ ဖြစ်စေတတ်ပါတယ်။

ဒါ့ကြောင့် နှုတ်ခမ်းတစ်ဝိုက်၊ မေးစေ့တစ်ဝိုက်က အမွေးတွေကို နှုတ်တာကိုရှောင်ပါ။

လေဆာသုံးပြီး အမွေးရှင်းလင်းတာကလည်း နည်းလမ်းတစ်ခုပါပဲ

လိုအပ်ရင် ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ဆေး လိမ်းဆေး အသုံးပြုကုသမှုခံယူနိုင်ပါတယ်။

????Reference:
????John Murtagh’s Patient Education, Sixth Edition: Hirsutism pg-84

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်
*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ
( နေ့စဉ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine
#teleconsultation#တယ်လီကျန်းမာ
#hirsutism#အမျိုးသမီးများတွင်အမွေးအမျှင်ထူထဲခြင်း

Ministry of Health,

National Unity Government.

Published on: 21 November 2022
Last Updated: 21 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်

‎တစ်ယောက်တည်း စကားပြောတတ်တဲ့အကျင့်က စိတ်ရောဂါလား…။‎‎"ဟင်… ဒီဟာက ဘယ်မှာထားမိလိုက်တာလဲ"‎"ကဲ… အခု ဒီဖိုင်ကို အရင်ပို့မယ်၊ ပြီးရင် ဟိုဘက်ကို ဖုန်းဆက်မယ်"‎"အေး… ငါလုပ်နိုင်တယ်၊ စိတ်မပူနဲ့"‎‎တစ်ယောက်တည်းရှိနေချိန် ဒါမှမဟုတ် အလုပ်လုပ်နေချိန်မှာ အပေါ်မှာ ရေးပြထားသလိုမျိုး ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ရေရွတ်နေမိတယ်။ အဲဒီအခါမှာ "ငါ့စိတ်က ပုံမှန်များ မဟုတ်တော့တာလား"...

လေ့ကျင့်ခန်း အညွှန်း Exercise Prescription

‎ဆေးစာရွက်ပေါ်မှာ ဆေးနာမည် မဟုတ်ဘဲ "တစ်ပတ် ၅ ရက်၊ တစ်ရက်ကို ၃၀ မိနစ် လမ်းလျှောက်ပါ" လို့ ရေးထားတာကို မြင်ဖူးကြပါရဲ့လား။‎‎တကယ်ရှိပါတယ်။ အဲဒါကို “ဆေးညွှန်း” မဟုတ်ဘဲ Exercise Prescription (လေ့ကျင့်ခန်း အညွှန်း) လို့ ခေါ်ပါတယ်။‎‎အရာရာ မလုံခြုံတဲ့၊ ခုလို...

‎အမူအယာ တုပမိခြင်း (သို့မဟုတ်) Echopraxia

‎လူသားတစ်ဦး၏ လှုပ်ရှားမှုများနှင့် အမူအရာများသည် ပုံမှန်အားဖြင့် မိမိ၏ စိတ်ဆန္ဒနှင့် ဦးနှောက်၏ အမိန့်ပေးမှုပေါ်တွင် အခြေခံပါသည်။ သို့သော် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် မိမိ၏ အလိုကို မလိုက်ဘဲ ရှေ့တွင် မြင်တွေ့နေရသောသူ၏ လှုပ်ရှားမှုများကို အလိုအလျောက် လိုက်လံတုပမိပြီး ချက်ချင်းလုပ်ဆောင်တတ်ပါသည်။ ဤကဲ့သို့ ထိန်းချုပ်မရသော...

စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ OCD

‎"ငါက OCD (စိတ်စွဲလမ်းလွန်ခြင်းနှင့် မလုပ်ရမနေနိုင်သောဝေဒနာ) ဖြစ်နေပြီလား"‎‎အိပ်ရာဝင်ခါနီးမှ "မီးပိတ်ခဲ့ရဲ့လား"၊ "တံခါးသော့ခတ်ခဲ့ရဲ့လား" ဆိုပြီး ပြန်စစ်မိတာမျိုး၊ လှေကားတက်တဲ့အခါ တစ်ထစ်ချင်း ရေတွက်နေမိတာမျိုး၊ အခန်းထဲက ပစ္စည်းတစ်ခုခု နေရာမကျနေရင် သည်းမခံနိုင်ဘဲ ပြန်စီမိနေတာမျိုးတွေ ဖြစ်ဖူးကြတယ်မလား။ ဒါတွေဟာ လူတိုင်းနီးပါး ကြုံဖူးတဲ့ သာမန်အလေ့အထပါပဲ။‎ဒါပေမယ့် ဒီလိုအလေ့အကျင့်ဖြစ်ဖူးရုံနဲ့ "ငါတော့...