MENU

“ အာရုံကြောအားနည်းခြင်း (Peripheral Neuropathy)”

“ အာရုံကြောအားနည်းခြင်း (Peripheral Neuropathy)”

အာရုံကြောအားနည်းခြင်းဆိုတာ အာရုံကြောအဖွဲ့အစည်း ပျက်စီးခြင်းကြောင့်ဖြစ်ပြီး အထူးသဖြင့် ဦးနှောက်နဲ့ အာရုံကြောမကြီးဆီကနေ သတင်းအချက်အလက်တွေကို တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီကို ပို့ပေးတဲ့ အာရုံကြောတွေပျက်စီးတာကိုခေါ်ပါတယ်။

.

????အာရုံကြောအားနည်းစေတဲ့အကြောင်းအရင်းများမှာ

၁။ ဆီးချိုသွေးချိုကြောင့်ဖြစ်တာ (အဖြစ်အများဆုံး)

၂။ ကျောက်ကပ်မကောင်းတာ

၃။ ဟော်မုန်းဓာတ်မညီမျှတာ

၄။ မျိုးရိုးလိုက်တာ

၅။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့်ဖြစ်တာ

၆။ အာရုံကြောတွေ ချို့ယွင်းလို့ဖြစ်တာ စသဖြင့် ဖြစ်နိုင်ပါတယ်။

.

???? အာရုံကြောအားနည်းခြင်းအမျိုးအစားတွေကတော့………

အမျိုးအစားပေါင်း ၁၀၀ ကျော်လောက်ရှိပေမဲ့ အဓိက ၄ မျိုးခွဲထားပါတယ်။

၁။ ကြွက်သားနဲ့ ကိုယ်ခန္ဓာလှုပ်ရှားတာကို ထိန်းချုပ်ပေးတဲ့ အာရုံကြောစနစ် ထိခိုက်ပျက်စီးတာကို motor neuropathy လို့ခေါ်ပြီး…..လက်ချောင်းလေးတွေ မလှုပ်ရှားနိုင်တော့တာ၊ စကားမပြောနိုင်တော့တာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

၂။ အထိအတွေ့ ၊ ပူတာ အေးတာနဲ့ နာကျင်တာ စတဲ့ အာရုံခံစနစ်ကို ထိန်းချုပ်ပေးနိုင်သော အာရုံကြောတွေ ပျက်စီးတာကို sensory neuropathy လို့ခေါ်ပါတယ်။

၃။ အသက်ရှူတာ ၊ နှလုံးခုန်တာတွေကို အလိုအလျောက်လုပ်ဆောင်ပေးတဲ့ အာရုံကြောစနစ်ထိခိုက်ပျက်စီးတာကို autonomic neuropathy လို့ခေါ်ပြီး ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

၄။ အာရုံကြောအားနည်းခြင်းအမျိုးအစား ၁ မျိုးထက်ပိုပြီး တွေ့ရရင် combination neuropathies လို့ ခေါ်ပါတယ်။

.

???? အာရုံကြောအားနည်းရင် အဖြစ်များတဲ့လက္ခဏာတွေကတော့….

* ကြွက်သားများအားနည်းခြင်း

* ကြွက်တက်ခြင်း

* ကြွက်သားများ ဆတ်ခနဲလှုပ်ခြင်း

* အရေပြား၊ ဆံပင်နဲ့လက်သည်းတွေ ပြောင်းလဲခြင်း

* ခြေလက်များ ထုံခြင်း

* ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ အာရုံခံနိုင်စွမ်းမကောင်းတော့ခြင်း

* ဟန်ချက်မညီတော့ခြင်း

* ညအိပ်မပျော်ခြင်း

* နာကျင်မှုကို မသိတော့ခြင်း

* ချွေးထွက်လွန်ခြင်း

* မူးဝေသတိလစ်ခြင်း

* ဝမ်းသွားမှု ပုံစံမမှန်တော့ခြင်း

* အစာမျိုချရခက်ခြင်း

* အသက်ရှူရခက်ခြင်း

* နှလုံးခုန်နှုန်းမမှန်တော့ခြင်း စသည်တို့ ဖြစ်ပါတယ်။

.

** ရောဂါလက္ခဏာပြင်းထန်မှုဟာ ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် အမျိုးအစားနဲ့ အာရုံကြောအားနည်းတဲ့အပေါ် မူတည်ပါတယ် **

.

???? လိုအပ်တဲ့ဆေးကုသမှုတွေကတော့…..

အာရုံကြောအားနည်းတဲ့လက္ခဏာတွေ ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်တာ၊ ကြွက်သားတွေစစ်ဆေးတာ၊ အာရုံကြောစစ်ဆေးတာနဲ့ ဦးနှောက်အရည်ကြည်စစ်ဆေးတာ (Spinal fluid tests) တွေလုပ်ရပါမယ်။ ပိုတိကျသေချာဖို့အတွက်ကတော့ ကွန်ပြူတာဓာတ်မှန်ရိုက်တာ(CT scan) ၊ ဦးခေါင်းသံလိုက်ဓာတ်မှန်ရိုက်တာ (MRI scan) နဲ့ အာရုံကြောတစ်သျှူးစ စစ်ဆေးတာ (biopsy) စတာတွေ လုပ်ရပါမယ်။

.

*** အာရုံကြောအားနည်းခြင်းရောဂါဟာ အရှင်းပျောက်ကင်းအောင် ကုသလို့မရပေမယ့် ရောဂါလက္ခဏာတွေ ပိုမဆိုးလာအောင်၊ သက်သာအောင် ကုသနိုင်ပါတယ်။ နာကျင်မှုသက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ နှလုံးခုန်မှန်စေတဲ့ဆေးတွေ၊ လေဖြတ်တာကို ကာကွယ်ပေးတဲ့ဆေးတွေနဲ့ စိတ်ကျရောဂါကို သက်သာစေတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီ သောက်သုံးနိုင်ပါတယ်။ ထုံဆေး (Lidocaine) ထိုးတာမျိုးနဲ့ အကိုက်အခဲသက်သာစေတဲ့ လက်မောင်းကပ်ခွာ (patches) ကပ်တာမျိုးကိုလည်း နာကျင်မှုသက်သာစေဖို့ သုံးနိုင်ပါတယ်။ လိုအပ်တဲ့အခါ ခွဲစိတ်မှုလုပ်ရနိုင်ပါတယ် ***

.

???? အာရုံကြောအားနည်းခြင်းမဖြစ်အောင် ဘယ်လိုနေထိုင်ကြမလဲ ?

၁။ အရက်၊ ဆေးလိပ်သောက်ခြင်းကိုရှောင်ပါ။

၂။ ဗီတာမင်ဓာတ်ပြည့်ဝအောင် စားသောက်နေထိုင်ပါ။

၃။ အာဟာရပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်များစားပါ။

၄။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

၅။ နှလုံး၊ ကျောက်ကပ်၊ ဆီးချိုသွေးချိုစတဲ့ နာတာရှည်ရောဂါများရှိလျှင် ဆရာဝန်နဲ့ သေချာပြသပြီး စနစ်တကျကုသမှုခံယူပါ။

၆။ အထူးသဖြင့် ဆီးချို​ရောဂါရှိတဲ့သူတွေမှာ အနာဖြစ်ရင် နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်ရလေအောင် သေချာဂရုစိုက်ဆေးထည့်ပေးရပါမယ်။

၇။ ကြွက်သားအားနည်းခြင်းကို သက်သာစေဖို့အတွက် အထိန်းကိရိယာများကိုလည်း အသုံးပြုနိုင်ပါတယ်။

Reference: ????

https://www.hopkinsmedicine.org/…/peripheral-neuropathy

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#peripherial_neuropathy

#အာရုံကြောအားနည်းခြင်း

Ministry of Health,

National Unity Government.

Published on: 17 January 2023
Last Updated: 17 January 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error)

လူတစ်ယောက်ကို အကဲဖြတ်မိတဲ့အခါ ကျွန်မတို့ ဘာတွေ မှားတတ်ကြသလဲ (Fundamental Attribution Error) ကျွန်မတို့ လူမှုပတ်ဝန်းကျင်မှာ နေ့စဉ် ကြုံတွေ့နေရတဲ့ နားလည်မှုလွဲတာတွေ၊ စိတ်ဝမ်းကွဲရတာတွေရဲ့ အဓိက တရားခံဟာ Fundamental Attribution Error (FAE) လို့ခေါ်တဲ့ အခြေခံကျတဲ့ အတွေးအမှားတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကို...

အေသုံးလုံးနှင့် စူပါဆန်းဒေး

"အေသုံးလုံးနှင့် စူပါဆန်းဒေး" တစ်နေ့သော တနင်္ဂနွေနေ့တစ်ရက် ရုံးပိတ်ရက်ပေါ့လေ။ နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက် မနက်စောစော ဆေးရုံမှာ Ward Round ဖို့ ထွက်လာခဲ့တယ်။ ဆေးရုံရောက်တော့ ပြီးခဲ့တဲ့ရက်တွေက ခွဲထားတဲ့ လူနာလေးတွေ၊ ခွဲဖို့စောင့်နေတဲ့ လူနာတွေ ကြည့်နေစဥ် အရေးပေါ်မှ ဖုန်းလာပါလေရော။ "အေသုံးလုံးပါ ဆရာ. . . လူနာ အရေးပေါ်ခန်းထဲမှာပါ။...

ခန္ဓာကိုယ်ထဲသို မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆)

ခန္ဓာကိုယ်ထဲသို့ မေးခိုင်ပိုး ဝင်ရောက်နိုင်သည့် အဖြစ်များသော နည်းလမ်းများ (ဇန်နဝါရီ၊ ၂၀၂၆) ▪️ထိုးသွင်းဒဏ်ရာများ (လက်သည်း သို့မဟုတ် အပ်ကဲ့သို့သော အရာဝတ္ထု တစ်ခုခုကြောင့် ဖြစ်သော ဒဏ်ရာများ သို့မဟုတ် တိရစ္ဆာန်ကိုက်ခြင်း)▪️အညစ်အကြေး၊ ဝမ်း သို့မဟုတ် တံတွေးတို့ဖြင့် ပေကျံနေသော ဒဏ်ရာများ▪️တစ်ရှူးသေများပါရှိသော ဒဏ်ရာများ (ဥပမာ- မီးလောင်ဒဏ်ရာ၊...

သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း

❗️သေဆုံးနှုန်း ၄၀% ကျော်ရှိပြီး လတ်တလော အိန္ဒိယမှာ ဖြစ်ပွားနေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း Nipah ဗိုင်းရပ်စ်ဆိုတာ တိရိစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သော (zoonotic) ဗိုင်းရပ်စ်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးစားလင်းနို့ အမျိုးအစားတွေဖြစ်တဲ့ (fruit bats/ flying foxes) တွေဟာ ဒီဗိုင်းရပ်စ်ရဲ့...