MENU

အရေပြားကင်ဆာ (Skin Cancer)

အရေပြားကင်ဆာ (Skin Cancer)

???? အရေပြားကင်ဆာဖြစ်စေသော အကြောင်းရင်းတွေကတော့ ….

???? အဓိက အကြောင်းရင်းကတော့ နေရောင်ခြည်မှာရှိတဲ့ အရေပြားကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့လို့ ဖြစ်တာပါ။

????ဓါတ်ရောင်ခြည်ကုထုံးတွေကြောင့်နဲ့ အမာရွတ်တွေကနေလည်း အရေပြားကင်ဆာဖြစ်လာနိုင်ပါတယ်။

???? အချို့သော ဓာတုပစ္စည်းတွေ (ဥပမာ- arsenic၊ polycyclic hydrocarbon) တွေကြောင့်လည်း အရေပြားကင်ဆာ ဖြစ်နိုင်ပါတယ်။

???? အရေပြားကင်ဆာ အဓိက (၃) မျိုးကတော့…..

????ကုသရလွယ်ကူတဲ့ Basal Cell Carcinoma

???? အဖြစ်များဆုံးပေမယ့် အန္တရာယ်အနည်းဆုံး ဖြစ်ပါတယ်။

???? နေရောင်ခြည်အပြင် ဓာတ်ရောင်ခြည်တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

???? မျက်နှာနဲ့ လည်ပင်းမှာ ဖြစ်တာ များပါတယ်။

???? ဖြစ်တဲ့နေရာမှာပဲ လှိုက်စားပြီး တခြားနေရာတွေကို ပျံ့နှံ့လေ့မရှိတာမို့ ကုသရ လွယ်ကူပါတယ်။

???? အသက် (၅၀) ကျော် အရွယ်တွေမှာ အများဆုံး ဖြစ်တတ်ပါတယ်။

????ပျံ့နှံ့တတ်တဲ့ Squamous Cell Carcinoma

???? အန္တရာယ်ရှိတဲ့ အရေပြားကင်ဆာ အမျိုးအစားဖြစ်ပြီး နေရောင်ခြည်အပြင် အမာရွတ်တွေကနေတစ်ဆင့် ကင်ဆာပြောင်းလဲနိုင်ပါတယ်။

???? နေရောင်ခြည်အဓိက ထိတွေ့တဲ့ လက်၊ လက်ဖျံ၊ မျက်နှာနဲ့ လည်ပင်းတွေမှာ အဖြစ်များပါတယ်။

???? ဒါ့အပြင် အောက်နှုတ်ခမ်း၊ နားရွက်နဲ့ ဆံပင်ပါးတဲ့သူ (ဒါမှမဟုတ်) ဆံပင်မရှိတဲ့သူတွေရဲ့ ဦးရေခွံမှာလည်း ဖြစ်တတ်ပါတယ်။

???? ဆေးကုသမှုမခံယူဘဲ အချိန်ကြာသွားတဲ့အခါ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ ကင်ဆာ ပျံ့နှံ့သွားတတ်ပါတယ်။

???? အသက် (၆၀) ကျော် အရွယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာများတဲ့ အပြင်ထွက်အလုပ်လုပ်ရတဲ့ သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

???? အသားအရောင်အားဖြင့် အသားဖြူတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။

???? အရေပြားပေါ်မှာ ထူပြီး မာကြောတဲ့ အဖုအကျိတ် (Lump) တွေ စဖြစ်ပြီး တဖြည်းဖြည်းနဲ့ ကင်ဆာနာ ဖြစ်လာတတ်ပါတယ်။

???? ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy) ကုသမှုခံယူထားတဲ့ နေရာတွေရဲ့ အနီးတဝိုက်က အရေပြားတွေမှာလည်း Squamous Cell Carcinoma ဖြစ်တတ်ပါတယ်။

???? နေရာမရွေးဖြစ်တတ်တဲ့ Melanoma

???? ဒီကင်ဆာအမျိုးအစားကတော့ အရေပြားကင်ဆာတွေထဲ တွေ့ရအနည်းဆုံးဖြစ်ပေမယ့် အန္တရာယ်အများဆုံး အမျိုးအစားဖြစ်ပါတယ်။

???? မှဲ့ (Mole)တွေမှာ စဖြစ်တတ်လို့ မှဲ့ကင်ဆာလို့ လူသိများပါတယ်။

???? ဒါပေမယ့် မှဲ့တိုင်းကတော့ ကင်ဆာပြောင်းလေ့မရှိပါဘူး။ တစ်ချို့ မှဲ့တွေကသာ မှဲ့ကင်ဆာ (Melanoma) ဖြစ်သွားတာပါ။

???? ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို မှဲ့ကင်ဆာ စဖြစ်နိုင်ပြီး စဖြစ်တဲ့နေရာကနေ တခြားနေရာတွေကိုလည်း ပျံ့နှံ့နိုင်ပါတယ်။

???? မှဲ့ကင်ဆာ အဖြစ်ပြောင်းလဲနေလားဆိုပြီး သံသယဖြစ်နိုင်တဲ့ မှဲ့တွေကတော့…

နဂိုပုံစံကနေ ပုံစံပြောင်းလာတဲ့ မှဲ့

မှဲ့ရဲ့ အနားတွေ ညီညီညာညာ မဖြစ်တော့ဘဲ ပြောင်းလာတဲ့ မှဲ့

အရောင်မညီတာ (ဒါမှမဟုတ်) အရောင်တပြေးညီမဟုတ်တဲ့ မှဲ့

အရွယ်အစားကြီးမားလာတဲ့ မှဲ့

အနာမှဖြစ်လာတဲ့ မှဲ့ …. တို့ဖြစ်ပါတယ်။

???? အရွယ်အစားကြီးလာတာ၊ ယားလာတာ၊ သွေးထွက်တာတွေဟာ ကင်ဆာမှဲ့ရဲ့ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။

???? ဘယ်နေရာတွေကို သတိထားသင့်လဲ?

???? နေရောင်ခြည်နဲ့ထိတွေ့မှုများတဲ့ မျက်နှာ၊ နားရွက်တွေ၊ လည်ပင်း၊ ပခုံးတွေ၊ လက်မောင်းတွေနဲ့ လက် (အထူးသဖြင့် လက်အနောက်ပိုင်း) တွေကို သတိထားသင့်ပါတယ်။

???? မှဲ့ကင်ဆာ (ခေါ်) Melanoma ကတော့ ခြွင်းချက်ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။

???? ဘယ်သူတွေမှာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများလဲ?

???? အသက်ကြီးတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ (အသက်ကြီးလာတာနှင့်အမျှ အရေပြားကင်ဆာ ဖြစ်နိုင်ခြေလည်း များလာပါတယ်။)

???? ပူအိုက်သောဒေသတွေမှာနေပြီး အသားဖြူတဲ့သူတွေနဲ့ အသားလတ်တဲ့သူတွေ (White and fair-skinned) ဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေအများဆုံးရှိပါတယ်။

???? အထူးသဖြင့် တင်းတိပ်၊ မှဲ့ များတဲ့သူတွေနဲ့ အသားဖြူတဲ့သူတွေဟာ အရေပြားကင်ဆာ ဖြစ်နိုင်ခြေများပါတယ်။

???? Celtic (စကော့တလန်၊ အိုက်ယာလန်နဲ့ ဝေလ) ဖွား လူတွေမှာ အများဆုံး တွေ့ရပါတယ်။ အာဖရိက၊ အိန္ဒိယနဲ့ အာရှဖွားတွေမှာ သိပ်မတွေ့ရတတ်ပါဘူး။ သြစတေးလျသားတွေမှာလည်း အရေပြားကင်ဆာဖြစ်တာ နည်းပါတယ်။

???? အသားညိုလေလေ အရေပြားကင်ဆာ ဖြစ်နိုင်ခြေနည်းလေလေ ဖြစ်ပါတယ်။

???? မိသားစုထဲမှာ အရေပြားကင်ဆာ မျိုးရိုးရှိရင်လည်း ပိုဖြစ်နိုင်ပါတယ်။

????ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy) ကုသမှုခံယူထားတဲ့ နေရာတွေရဲ့ အနီးတဝိုက်က အရေပြားတွေမှာလည်း အရေပြားကင်ဆာ ဖြစ်တတ်ပါတယ်။

???? Sunspots (solar keratoses) တွေဟာ အရေပြားမှာဖြစ်တဲ့ ခြောက်သွေ့ပြီး ကြမ်းတမ်းတဲ့ အစက်အပြောက်တွေဖြစ်ပြီး အရေပြားကင်ဆာအဖြစ် ပြောင်းနိုင်လို့ အထူးသတိထားဖို့ လိုပါတယ်။

???? အရေပြားကင်ဆာကို ဘယ်လို ကာကွယ်နိုင်မလဲ?

???? နေအပြင်းဆုံးအချိန်တွေမှာ တိုက်ရိုက် နေရောင်ခြည်ထိ​တွေ့မှုကို ရှောင်ကြဉ်ပါ။

???? နေပူထဲ ထွက်ရတဲ့အခါ နှုတ်ခမ်းကျယ်ပြန့်တဲ့ဦးထုပ် (မျက်နှာကိုနေရောင်မထိအောင် ကာကွယ်ပေးနိုင်တဲ့ဦးထုပ်) အမြဲဆောင်းပါ။ ချောင်ချောင်ချိချိ ရှိတဲ့ တီရှပ်၊ ဘောင်းဘီတို့ကို ဝတ်ဆင်ပါ။

???? တိမ်ထူထပ်တဲ့နေ့တွေမှာ တန်ပြန်လာတဲ့ နေရောင်ခြည်နဲ့ အရေပြား ခြောက်သွေ့စေတဲ့လေကို သတိထားပါ။

???? SPF (sun protection factor) 30 နဲ့ အထက်ရှိတဲ့ နေပူခံလိမ်းဆေးတွေကို အသုံးပြုပေးပြီး ပှံမှန် အသစ်လိမ်းပေးပါ။

???? တောင်ပေါ်ဒေသတွေမှာ မိမိကိုယ်ကို နေရောင်ခြည်မှ ကာကွယ်ဖို့ လက်အရှည် (sleeves) ပါတဲ့ ရှပ်အင်္ကျီ (ဒါမှမဟုတ်) အဝတ်အစားဝတ်ပါ။

???? အရေပြားကို နေပူမလောင်ပါစေနဲ့။

???? ကလေးတွေရဲ့ အရေပြားဟာ လူကြီးတွေရဲ့ အရေပြားထက် ပိုထိခိုက်လွယ်တာမို့လို့ ကလေးတွေကို နေပူလောင်တာကနေ ကာကွယ်ပေးပါ။

???? အရေပြားကင်ဆာ ရှိ၊မရှိ ဘယ်လိုသိမလဲ ?

???? ကိုယ့်ခန္တာကိုယ် ကို ကိုယ့်ဘာသာ အမြဲစစ်ဆေးပါ။

???? ခန္ဓာကိုယ်မှာ မွေးရာပါ မှဲ့များ၊ အမှတ်များရှိလျှင် အရောင်၊ပုံစံများကို သေချာကြည့်ရှု မှတ်သားထားပါ။ ဓါတ်ပုံရိုက်ထားလျှင် ပိုကောင်းပါတယ်။

???? အရေပြားပေါ်မှာ အစက်အပြောက်တွေ၊ မှဲ့တွေ အသစ်ထွက်လာတာရှိ၊မရှိ အမြဲစစ်ဆေးပါ။

???? အသစ်ထွက်လာတဲ့မှဲ့တွေ၊ အစက်တွေရှိရင် (ဒါမှမဟုတ်) မူလရှိနေတဲ့ မှဲ့တွေ၊ အစက်တွေ၊ အမာရွတ်တွေက ပုံမမှန်တော့ဘူးလို့ သံသယရှိရင် အရေပြားဆရာဝန်နဲ့ ပြသပြီး ကုသမှုခံယူပါ။

*****

???? အရေပြားကင်ဆာဆိုတာ စောစောသိလေ ကုသရတာ ရိုးရှင်းလေ ဖြစ်ပြီး ကုသမှုရလဒ်ကောင်းနိုင်တာမို့ ကိုယ့်အရေပြားလေးတွေကို နေ့စဉ်ပုံမှန် သေချာစစ်ဆေးကြရအောင်နော် ????

Reference:

Murtagh,J ,2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.327

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

Ministry of Health,

National Unity Government.

Published on: 18 February 2023
Last Updated: 18 February 2023

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

‎မရှိသောအချစ်ကို ရှာဖွေသူများ (သို့မဟုတ်) Erotomania

‎ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ဒီလိုလူမျိုးတွေနဲ့ ဆုံဖူးကောင်း ဆုံဖူးကြပါလိမ့်မယ်။ ကိုယ်က ဘာမှမဟုတ်တဲ့ သာမန်အရပ်သူ၊ အရပ်သားတစ်ယောက် ဖြစ်ပေမယ့် တစ်ဖက်က နာမည်ကြီး ရုပ်ရှင်မင်းသားတစ်ယောက် (သို့မဟုတ်) ကိုယ့်ကုမ္ပဏီက အမြင့်ဆုံး ခေါင်းဆောင်တစ်ယောက်က ကိုယ့်ကို တိတ်တခိုး စွဲလမ်းနေတယ်လို့ တစ်ထစ်ချ ယုံကြည်နေသူမျိုးပေါ့။‎.‎‎🌴 "ဒီနေ့ ရုံးကို...

အမျိုးသမီးတွေအပေါ် အထင်အမြင်သေးခြင်းနဲ့ မုန်းတီးခြင်းဝါဒ Misogyny

‎"မင်းကလည်း မိန်းမလို မိန်းမရနဲ့ကွာ။"‎"ဒီလောက်တောင် သတ္တိမရှိရင် ထဘီဝတ်ထားပါလား။"‎‎ဒီစကားလုံးတွေကို ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ဟာသတစ်ခုလို ဒါမှမဟုတ် တစ်ဖက်လူကို အရှက်ခွဲဖို့ လက်နက်တစ်ခုလို ခဏခဏ ကြားရတတ်ပါတယ်။ ဒီလိုမျိုး အမျိုးသမီးတို့ရဲ့ ဖြစ်တည်မှုဟာ အားနည်းချက်ရဲ့ သင်္ကေတတစ်ခုလို အသုံးချခံနေရတာကို မြင်ရတာက ရင်နာစရာပါ။ ‎"မိန်းမဆိုတာ အချိန်တန်ရင် အိမ်ထဲပဲနေရမှာ"‎"မိန်းမဆိုတာ...

ခြေဖဝါးကြွက်တက်ခြင်း Foot Cramp

"ခြေဖဝါးကြွက်တက်တာကြောင့် သင့်ရဲ့နေထိုင်မှုပုံစံကို အနှောင့်အယှက်မဖြစ်ပါစေနဲ့" ဖိနပ်တွေ တအားကျပ်နေတာ၊ ရေဓာတ်ခမ်းခြောက်တာ ဒါမှမဟုတ် သွေးလည်ပတ်မှု မကောင်းတာတွေကြောင့် ကြွက်တက်တာတွေ ဖြစ်လာနိုင်ပါတယ်။ ခြေဖဝါးကြွက်တက်တာဟာ ဘယ်အချိန်မဆို သင့်ကို ရုတ်တရက် ရပ်တန့်သွားစေနိုင်ပြီး ခြေသလုံးကြွက်တက်သလိုမျိုးပဲ တော်တော်လေး နာကျင်ရပါတယ်။ ဖြစ်ရတဲ့အကြောင်းရင်းပေါ်မူတည်ပြီး ခဏခဏလည်း ပြန်ဖြစ်တတ်ပါသေးတယ်။ ကြွက်တက်တာဟာ အသက်ကြီးလာလေလေ ပိုဖြစ်ပြီး ပိုခံရခက်တယ်ဆိုပေမယ့် တကယ်တမ်းတော့...

ပလတ်စတစ်နှင့် ကျန်းမာရေး

‎အစားအစာတွေကို ဝယ်ယူတဲ့အခါ ထည့်တဲ့ဘူးတွေ၊ အထုပ်တွေက ဘယ်လိုမျိုးလဲဆိုတာကို သတိထားပြီး ကြည့်မိကြပါရဲ့လား။‎‎အရင့်အရင်ခေတ်ကတော့ ပလတ်စတစ် (Plastic) ဆိုတာ မပေါ်သေးခင်က ဖက်တို့၊ စတီးချိုင့်တို့နဲ့ ထုပ်ရတဲ့ခေတ်ပေါ့။ တိုက်ဆိုင်တာလား၊ အကြောင်းတစ်ရပ်အနေနဲ့ ဆက်စပ်လို့လားတော့မသိ။ ပလတ်စတစ်တွေပေါ်လာပြီး နောက်ပိုင်းမှာ ကင်ဆာတွေက အဖြစ်များလာကြပါရော။ ဒီတော့ မိမိရဲ့ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်သွားမယ့်...