MENU

အပြုံးကလေးပြန်လှအောင် (သို့) မေးရိုးဆစ်လွဲခြင်း (Temporomandibular joint dysfunction)

အပြုံးကလေးပြန်လှအောင် (သို့) မေးရိုးဆစ်လွဲခြင်း (Temporomandibular joint dysfunction)

ဒီနေ့လည်း စိတ်ဝင်စားစရာ အထူးအဆန်း “မေးရိုးဆစ်လွဲခြင်း” အကြောင်းကလေး တင်ဆက်ပေးလိုက်ပါတယ်….

– မေးရိုးဆစ်ကလေး အကြောင်း တစေ့တစောင်း

မေးရိုးကို ဆေးပညာအခေါ်အရ Mandible လို့ခေါ်တယ်။

မေးရိုးကလေးဟာ နားရွက်နှစ်ဖက်ရှေ့နားမှာရှိတဲ့ ဦးခေါင်းခွံအခြေ (Skull Base) မှာ အံဝင်ဂွင်ကျ တည်ရှိနေပြီး သူ့ကိုအသုံးပြုရတဲ့အခြေအနေတွေ (ဥပမာ- အစားအသောက်စား၊ စကားပြော၊ ပြုံးရယ် စတာတွေလုပ်တဲ့အခါ) မှာ fitting ကျကျ အလိုက်သင့် လှုပ်ရှားပေးရတယ်..လှုပ်ရှားမှုတွေပြုရတဲ့အခါ ဒီမေးရိုးဆစ်ကလေးဟာ အခရာပေါ့… သူလွဲသွားလို့/ သူ့နေရာကနေ ဘေးချော်သွားလို့မရဘူး…

– ဘာတွေက မေးလွဲစေ

မေးရိုးဆစ်ကလေးဟာ အဓိက သွားနှင့်ခံတွင်းဆိုင်ရာပြဿနာတွေကြောင့် လွဲတတ်တယ်။ ဒီလိုဆိုပေမယ့် လူအများစုမှာတော့ အကြောင်းအရင်း တိတိပပ မရှိလှဘဲ လွဲတတ်ပါတယ်တဲ့…

– မေးရိုးဆစ်ကလေးလွဲတဲ့အခါ

​​မေးရိုးလွဲတဲ့အခါ အဓိက နာကျင်မှုခံစားရမှာ… အထူးသဖြင့် အစားအသောက်စားသောက်တဲ့အခါလို မေးရိုးသုံးရတဲ့အခြေအနေတွေမှာနာနေမယ်… နောက် မေးရိုးလှုပ်ရှားမှုပြုတိုင်း တကျစ်ကျစ် တခြစ်ခြစ် အသံကလေးထွက်နေတတ်မယ်။

မေးရိုးအနေအထားလွဲတာဟာ စိတ်ကသိကအောက်ဖြစ်စရာ အခြေအနေပေမယ့် သူ့ကို ပုံမှန်ပြန်ဖြစ်အောင် ကုသမှုခံယူလို့ ရပါတယ်။

– မေးရိုးကလေးကို တတ်နိုင်သလောက်အနားပေး

စားသောက်တဲ့အခါ ပါးစပ်ကို အကျယ်ကြီးမဟပါနဲ့ (ဒီမှာ ကိုယ့်လက်မ အထူထက်တောင် ပိုမဟမိဖို့ ဆိုတယ်)

အစားအသောက်တွေကို အတုံးသေးသေးလေးတွေ ပြုလုပ် ​လှီးဖြတ်စား…

ဝါးတဲ့အခါ ရှေ့သွားအသုံးပြုမဝါးပါနဲ့။

ကြာကြာဝါးရမယ့် အစာ​တွေ၊ အစာမာတွေရှောင် (ဥပမာ- ပီကေ၊ ပေါင်မုန့်မာမာတွေ၊ ဟင်းသီးဟင်းရွက်အစိမ်းတွေ)

သွားကိုက်/ ကြိတ်ကျင့်ရှိကရှောင်ပါ။

(နှုတ်ခမ်းစေ့ ပါးစပ်ပိတ်ထားတဲ့အခါမှာတောင် အပေါ်သွားအောက်သွားကို မထိစပ်စေဖို့ အကြံပြုထားတယ်)

လေရှုတဲ့အခါ ပါးစပ်မသုံးဘဲ နှုတ်ခေါင်းကသာ တစ်ချိန်လုံးရှုပါ။

​မေးရိုးအပေါ် ဖိအားသက်ရောက်စေမယ့် အိပ်နည်းမျိုး (မှောက်အိပ်တာ) ရှောင်ပြီး ပက်လက်က​လေးအိပ်စက်ပါ။

မျက်နှာကြွက်သားတွေ၊ မေးရိုးကြွက်သားတွေကို ပြေပြေလျော့လျော့ထားပါ။

– ပြဿနာပေးတဲ့ မေးရိုးဆစ်ကလေးကို အလုပ်ပေးပါ

မေးရိုးကလေး ပြန်လည်ပုံမှန်ဖြစ်စေဖို့ မေးရိုးကြွက်သားတွေ၊ အရိုးအဆစ်​ ကျုံ့/ဆန့် တဲ့ လေ့ကျင့်ခန်းအမျိုးအစားတွေ ပြုလုပ်ပေးပါ။ အစမှာခက်ခဲကောင်း ခက်ခဲနိုင်ပေမယ့် သီတင်းပတ်အနည်းငယ်ကြာ အလေ့အကျင့်ရတဲ့အခါ အဆင်ပြေသွားမှာပါ။

– သစ်သားချောင်းကလေးကိုက်ကြမယ်

ဒီမှာ “Chewing the wood” သစ်သား​ချောင်းကိုက် လေ့ကျင့်ခန်းကလေးနဲ့ မိတ်ဆက်ပေးပါမယ်…

သစ်သားပျော့ချောင်းကလေး တစ်ခု (ရေခဲချောင်းတုတ်နဲ့ အနီးစပ်ဆုံးတူလိမ့်မယ်) ကိုယူ…..တစ်ဘက်တစ်ချက်ကအံသွားနှစ်ချောင်းကို အသုံးပြုပြီးကိုက်…..ဒီအခါ မေးစေ့ကလေးက ရှေ့ကိုထွက်နေမယ့် အနေအထားမျိုးလေးပေါ့….

ဒီလိုနဲ့…. ၂ မိနစ်၊ ၃ မိနစ်လောက် စည်းချက်ကျကျ ကိုက် ကိုက်ပေးရမယ်

ဒီလိုမျိုး တစ်နေ့ သုံးကြိမ် ကိုက်ပါ မေးလွဲတဲ့ ဝေဒနာ သက်သာသွားမှာပါ

” မေးရိုးကလေး တည့်စေချင် အပြုံးကလေးပြန်လှစေချင် “

Reference ????

Murtagh,J , 2016. Murtagh’s patient education. 6th Ed. Australia:Mcgraw-Hill Australia,pp.208

Temporomandibular joint dysfunction

❤️ NUG, MOH တယ်လီကျန်းမာ ၊ လူတိုင်းအတွက်ပါ ❤️

???? တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက်( https://m.me/telehealthmm )ကို နှိပ်ပါ

( နေ့စဥ် မနက် ၈နာရီမှ ည၁၀နာရီအထိ )

#nugmoh#telehealth#telemedicine

#teleconsultation#တယ်လီကျန်းမာ

#မေးရိုးဆစ်လွဲခြင်း#temporomandibular_joint_dysfunction

Ministry of Health,

National Unity Government.

Published on: 24 November 2022
Last Updated: 24 November 2022

ဆက်စပ်ရာ ကျန်းမာရေးဆောင်းပါးများ

အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)

‎🏡 အိမ်လေးတစ်လုံးနဲ့ တူတဲ့သူ (A Person Like a Home)‎‎လူ့ဘဝဆိုတာ ခရီးရှည်ကြီးတစ်ခုပါ။ ဒီခရီးလမ်းမှာ ကျွန်တော်တို့အားလုံးဟာ ခရီးသွားတွေသာ ဖြစ်ကြပါတယ်။ နေပူကျဲကျဲ လမ်းမတွေထက်မှာ လျှောက်လှမ်းရတဲ့အခါရှိသလို မိုးသည်းထန်စွာ ရွာသွန်းတဲ့ မုန်တိုင်းတွေကြား ဖြတ်သန်းရတဲ့ အခါတွေလည်း ရှိပါတယ်။‎ဒီလို ပင်ပန်းနွမ်းနယ်လာတဲ့အခါ လူတိုင်း...

အချဉ်ဖောက်ထားသောအစားအစာများ

‎အစားအစာတွေကို တစ်ခေတ်ဆန်းသစ်စေတဲ့ နည်းလမ်းအမျိုးမျိုးရှိတဲ့အနက် တစ်မျိုးကတော့ အချဉ်ဖောက်ထားတာလို့ဆိုရင် မမှားပါဘူး။ ‎သူတို့ရဲ့ အရသာဟာ ချိုချဉ်ငန်ခါးလို သာမန်အရသာမျိုးမဟုတ်ဘဲ တစ်မျိုးလေး ထူးဆန်းနေတတ်ပါတယ်။‎ဒီလိုအချဥ်ဖောက်ထားတာတွေက ‎ကျန်းမာရေးအတွက်လည်း အကျိုးပြုနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အူလမ်းကြောင်းထဲမှာ အကျိုးပြုပိုးကောင်လေးတွေကို များပြား၊ ပွားများလာစေပြီး အူလမ်းကြောင်းရဲ့ကိုယ်ခံအားကို ကောင်းစေလို့ပါ။ အဲဒီကနေတစ်ဆင့် တစ်ကိုယ်လုံးရဲ့ ကိုယ်ခံအားကိုလည်း...

Dr Harry နှင့် လည်ပင်းသွေးကြောဒဏ်ရာ

Helloကျွန်တော် Dr Harry ပါ။ တိုက်ပွဲတွေက ဆက်တိုက်ဖြစ်ပြီး ခွဲခန်းမှာ ရဲဘော်တွေ ရော၊ စစ်ရှောင်တွေရော လက်မလည်အောင် ရှုပ်ရှက်ခတ်နေတာနဲ့ စာရေးဖို့ကို ဘယ်လိုမှအာရုံစိုက်လို့မရ ဖြစ်နေတာနဲ့ မရေးဖြစ်တာ ကြာသွားပြန်ပြီ။ လူနာမျိုးစုံ၊ ဒဏ်ရာမျိုးစုံ၊ အဖြစ်အပျက်မျိုးစုံနဲ့ စာရေးမယ်ဆို ရေးစရာတွေက အများကြီးပေမယ့် အချိန်လေးရတုန်း အိပ်ချင်တာနဲ့၊ ပင်ပန်းတာနဲ့၊...

ပြောင်းလဲခြင်းကို အလှပဆုံး လက်ခံတတ်ဖို့‎

‎ကျွန်မတို့ဟာ မိခင်ရဲ့ဝမ်းကနေ မွေးဖွားလာချိန်ကစပြီး ဒီကနေ့အထိ ပြောင်းလဲခြင်းများစွာကို ဖြတ်သန်းခဲ့ကြရပါတယ်။ တချို့သော ပြောင်းလဲမှုတွေက သိမ်မွေ့လွန်းတာကြောင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ သဘာဝကျကျ ဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။ ‎ဥပမာ - ကလေးဘဝကနေ လူငယ်ဘဝကို ကူးပြောင်းတာမျိုး၊ ကျောင်းသားဘဝကနေ လုပ်ငန်းခွင်ထဲ ရောက်သွားတာမျိုးတွေပေါ့။ ဒီလို အဆင့်ဆင့်ပြောင်းလဲတာတွေက တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတာမို့...