အစားစားပြီး ချက်ချင်းသွားတိုက်သင့်ပါသလား။

တစ်ခုခုစားပြီးတဲ့အခါ ခံတွင်းထဲမှာရှိတဲ့ pH ဓာတ် အပြောင်းအလဲဖြစ်ပြီး အက်ဆစ်ဓာတ် (အချဉ်ဓာတ်) များလာပါတယ်။ အဲဒီအချဉ်ဓာတ်များတဲ့အချိန်မှာ ချက်ချင်းသွားတိုက်မယ်ဆိုရင် သွားကြွေလွှာတွေကို ပွန်းတီးစေနိုင်ပြီး ကြွေလွှာပြုန်းတီးတဲ့ပမာဏ များလာရင် သွားကျဉ်တဲ့ပြဿနာမျိုး ဖြစ်လာနိုင်ပါတယ်။

ပြောင်းလဲသွားတဲ့ pH ကို ခံတွင်းထဲက တံတွေးက သဘာ၀အလျာက် ပြန်ပြီးထိန်းညှိပေးပါတယ်။ ပုံမှန်အားဖြင့်တော့ အစာစားပြီး မိနစ် ၃၀ ခန့် (အကယ်၍ အချိန်ပေးနိုင်ပါက မိနစ် ၆၀ ခန့် ) စောင့်ပြီးမှ သွားတိုက်တာက အသင့်တော်ဆုံးအချိန်ဖြစ်ပါတယ်။

တစ်ခါတစ်ရံ အစာစားပြီး ချက်ချင်းသွားတိုက်မိတာက သိသာတဲ့ပြဿနာမျိုး မဖြစ်စေပေမယ့် အမြဲတမ်းလုပ်မိနေရင်တော့ နောက်ဆက်တွဲပြဿနာမဖြစ်မီ သွားတိုက်တဲ့အကျင့်ကို ပြောင်းလဲဖို့ တိုက်တွန်းလိုပါတယ်…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here