မေး။ ၀မ်းချုပ်တဲ့အခါ သွားကိုက်တာ၊ သွားဖုံးရောင်တာ ဖြစ်တတ်တယ်ဆိုတာ မှန်ပါသလား။

ဖြေ။ အရှေ့တိုင်းရင်းဆေးပညာမှာတော့ ၀မ်းချုပ်တဲ့အခါ ခန္ဓာကိုယ်မှာ အပူဓာတ်မမျှတတဲ့အတွက် အပူကန်ပြီး သွားနာတာ သွားဖုံးနာတာဖြစ်တယ်လို့ယူဆကြပါတယ်။ ဒီလို ရိုးရာဆေးပညာတွေအရ ၀မ်းချုပ်တာနဲ့ သွားနှင့်ခံတွင်းပြဿနာတွေမှာ ဆက်စပ်မှုရှိသလို Oral-Gut Axis လို့ခေါ်တဲ့ ခံတွင်းနဲ့၀မ်း ဆက်စပ်မှုကိုလေ့လာတဲ့ သုတေဿနတွေမှာလည်း ၀မ်းမကောင်းတာနဲ့ သွားနှင့်ခံတွင်းကြားမှာ အပြန်အလှန်သက်‌ရောက်မှုရှိတာကို တွေ့ရပါတယ်။

ဒါပေမယ့် ၀မ်းချုပ်တာက သွားကိုက်တာ၊ သွားဖုံးနာ/ရောင်တာကို တိုက်ရိုက်ဖြစ်စေတာ မဟုတ်ပါဘူး။

၀မ်းချုပ်တဲ့အခါ အူလမ်းကြောင်းတစ်လျှောက် အကျိုးပြုဘက်တီးရီးယားတွေရဲ့အရေအတွက်၊ ဘက်တီးရီးယားအမျိုးအစား၊ သူ‌တို့ကထုတ်လိုက်တဲ့ ဓာတ်ပစ္စည်း‌တွေ အပြောင်းအလဲ‌ ဖြစ်ပါတယ်။ အဲဒီအခါမှာ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ ရောင်ရမ်းနိုင်ခြေ အနည်းငယ်မြင့်တက်လာပါတယ်။ သွားနှင့်ခံတွင်းမှာ‌တော့ ပင်ကိုယ်ရှိပြီးသား သွားရောဂါ၊ သွားဖုံးရောဂါက ၀မ်းချုပ်တဲ့အခါ လက္ခဏာပြလာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အရင်ဖြစ်ဖူးတဲ့လက္ခဏာမျိုးဖြစ်ပေမယ့် ကိုယ်သတိမထားမိတဲ့ ခံတွင်းပြဿနာက ၀မ်းချုပ်ခါမှ ပထမဆုံးလက္ခဏာပြတာမျိုးနဲ့ တိုက်ဆိုင်တာလည်း ဖြစ်တတ်ပါတယ်။

ခံတွင်းအစိတ်အပိုင်းတွေမှာ နဂိုအခံ ဘာရောဂါပြဿနာမှ မရှိနေရင်တော့ ၀မ်းချုပ်တာတစ်ခုတည်းကြောင့် နာတာ၊ ကိုက်တာ၊ ရောင်တာ မဖြစ်နိုင်ပါဘူး။ ၀မ်းချုပ်လို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ် ခံတွင်းပြဿနာတစ်ခုခု ကြုံလာတဲ့အခါ သေချာစွာကုသမှသာ ထပ်မဖြစ်ရအောင် ကာကွယ်နိုင်မှာပါ…။

..

..

❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️

👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

*** ပိတ်ရက်မရှိပါ ***

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။

https://m.me/telehealthmm

(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….

မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ

Zero Suicide Hotline သို့ ဆက်သွယ်ရန်

(၁) https://t.me/zeroscbot

(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ

ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)

*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***

Ministry of Health,

National Unity Government.

LEAVE A REPLY

Please enter your comment!
Please enter your name here