ဆေးလိပ်သောက်ပြီးရင် အိမ်သာထဲ ဘာလို့ပြေးရတာလဲ။
ယောကျ်ားလေးအိမ်သာအများစုမှာ ဆေးလိပ်နံ့နဲ့ ဆေးလိပ်တိုတွေကို သတိထားမိဖူးကြမယ်ထင်ပါတယ်။ ဒါဟာ ဆေးလိပ်သောက်ရင်းနဲ့ အိမ်သာတက်သူတွေရှိတယ်ဆိုတာကို သက်သေပြနေတာပါ။
” ဆေးလိပ်က တစ်လိပ်မကုန်သေးဘူး။ ဗိုက်နာလာလို့ အိမ်သာထဲ ပြေးရတဲ့ကိစ္စ” ကို တကယ်လည်း ဆေးလိပ်သောက်သူတွေ ကိုယ်တွေ့ကြုံဖူးကြမှာပေါ့။ ဒါဟာ ဆေးလိပ်မှာပါတဲ့ နီကိုတင်းက အူလမ်းကြောင်းမှာရှိတဲ့ အာရုံကြောစနစ်ကို လှုံဆော်လို့ဖြစ်ရတာပါ။ ဒီအခါမှာ အူရဲ့လှုပ်ရှားမှုကို မြန်ဆန်သွားစေတာကြောင့်အိမ်သာအမြန်တက်ချင်စိတ် ဖြစ်လာတာပါနော်။
ဒါပေမယ့် ဝမ်းချုပ်တတ်သူတွေအတွက် ဆေးလိပ် ဒါမှမဟုတ် နီကိုတင်းပါတဲ့ အရာတွေဟာ ကုထုံးမဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းကြောင့် တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း မလိုအပ်ဘဲ လှုံ့ဆော်မှုဖြစ်စေပါတယ်။ အူလမ်းကြောင်းမှာဆိုရင်လည်း အချဉ်ရည် ပြန်တက်တာ၊ ကင်ဆာဖြစ်ဖို့ အားပေးနိုင်တာနဲ့ သွေးကြောထိခိုက်စေတာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်မို့ နှစ်သစ်မှာ ဆေးလိပ်ကို လျှော့သောက်စေချင်ပါတယ်။ တတ်နိုင်ရင် ဆေးလိပ်ပြတ်အောင်လည်း တဖြည်းဖြည်းနဲ့ ကြိုးစားကြမယ်။ နောက်ဆုံး မဖြတ်နိုင်သေးရင်တောင် မိမိကြောင့် ထိခိုက်လွယ်တဲ့သူတွေ (ကိုယ်ဝန်ဆောင်၊ ကလေးငယ် စတဲ့သူတွေ) မှာ တစ်ဆင့်ခံ အငွေ့ရှူရတာ (Passive smoker) ဖြစ်စေနိုင်တာကြောင့် ကိုယ့်အတွက်နဲ့ တခြားသူကျန်းမာရေး ထိခိုက်ရတာမျိုး မဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါရစေ…။
Ref : 📖
https:// www. goodrx. com / conditions/ smoking-cessation/ does-nicotine-make-you-poop?srsltid=AfmBOoowKJkseL6kUPD1P5k7khWrhB-emE46FuDeiWjzYrrnYsTgznA7
..
..
❤️NUG, MOH တယ်လီကျန်းမာ၊ လူတိုင်းအတွက်ပါ ❤️
👉တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှတစ်ဆင့် အခမဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
*** ပိတ်ရက်မရှိပါ ***
ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)
…
…
👉 စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးရင်ဖွင့်လိုသူများအတွက်….
မိမိကိုယ်ကိုသေကြောင်းကြံစည်မှု လုံးဝမရှိစေရ
Zero Suicide Hotline သို့ ဆက်သွယ်ရန်
(မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီ
ညနေ (၆) နာရီမှ ည (၁၀) နာရီအတွင်း)
*** မိနစ်ပိုင်းအတွင်း စာမပြန်ပါက “ /start” ဆိုသည်ကို ထပ်မံနှိပ်ပေးရန် လိုအပ်ပါသည် ***
Ministry of Health,
National Unity Government.


